246: Vol 17: 3

2.3K 451 5
                                    

Unicode

ရှောင်လီက ဝမ်ဟွိုင်ရဲ့နောက်ထပ်စကားကိုစောင့်နေရင်း ခေါင်းငုံ့ကာ သူ့ရင်ဘက်မှာကန့်လန့်ဖြတ်နေတဲ့ လုံခြုံရေးခါးပတ်ကို ကလိနေတယ်။

ကားက ညာဘက်ကို ကွေ့လိုက်တယ်။ အဆောက်အဦးမြင့်တွေက နည်းပါးလာပြီး လမ်းတလျှောက်မှာ လမ်းဘေးစျေးဆိုင်တွေနဲ့ အစားထိုးလာတယ်။ သူတို့တွေက ကြီးမားတဲ့စျေးကိုဖြတ်လာတယ်ဆိုတာ ရှောင်လီ သတိထားမိတယ်။ ဒီစျေးထဲမှာတောင်မှ အမိုးအောက်မှာရှိတဲ့ဟင်းဟီးဟင်းရွက်တွေကို ကာကွယ်နေတဲ့ ဆိုင်ရှင်တွေက အပြင်ဘက်ကို စိတ်မကောင်းစွာ ကြည့်နေကြတယ်။

ဝမ်ဟွိုင်က ရှောင်လီကို စိတ်မပျက်ပါဘူး။ သူက လက်တစ်ဖက်နဲ့ စတီယာရင်ဘီးကို ကိုင်ပြီး နောက်လက်တစ်ဖက်နဲ့ ဖုန်းမှာရှိတဲ့ အသံဖိုင်ကို ဖွင့်လိုက်တယ်။

"Zizizizi, wuu, ziziziz, wu, zizi."

အသံက အမြင့်ဆုံးကို ဖွင့်ထားပေမယ့် တခြားအသံက အရမ်းကျယ်နေတာမို့လို့ ငိုသံကို သိပ်မကြားရသလောက်ပဲ။ ရှောင်လီက တခဏလောက် တိတ်ဆိတ်သွားတယ်။
"ဒါက ပုစဉ်းရင်ကွဲအသံလား?"

"မဟုတ်ဘူး" ဝမ်ဟွိုင်က ပြန်ဖြေတယ်။
"ဒါက ငါ အသံသွင်းထားတဲ့ ငိုသံ။ အသံသွင်းထားတာက ငါ့နားထဲမှာ ကြားရတဲ့အသံနဲ့ လုံးဝကွဲပြားခြားနားတယ်။ အသံက ငါ့နားစည်ကိုဖောက်ပြီး ဦးနှောက်ထဲ ဝင်သွားသလိုမျိုး"

ရှောင်လီက ရေရွတ်တယ်။ "ငိုကြွေးနေတဲ့မိန်းမရဲ့ငိုသံကရော?"

"သူမ ဘယ်လိုငိုလဲ ငါမသိဘူး..." ဝမ်ဟွိုင်က နင်သွားတယ်။

"ဒါဆို ငါ သူမကို ခေါ်ပြီး သူမငိုသံကို မင်းနားထောင်ကြည့်ဖို့ ငိုခိုင်းလိုက်ရမလား? မင်း နှိုင်းယှဉ်ကြည့်လို့ ရတာပေါ့"

ဝမ်ဟွိုင်, "......."

နှိုင်းယှဉ်မှုရဲ့အဓိကအချက်က ဘာများလဲ? ငိုကြွေးနေတဲ့အမကို အရှက်ရစေဖို့လား? သူမက လုပ်ဖော်ကိုင်ဘက်တစ်ဦးဖြစ်ကြောင်း ဖိုရမ်မှာပြောထားပေမယ့် Moriarty က ငိုကြွေးနေတဲ့မိန်းမအတွက် လုပ်ပိုင်ခွင့်အတိုင်းအတာတော့ ထားသင့်ပါတယ်! ပြီးတော့ နှိုင်းယှဉ်ကြည့်ပြီး ဘာလုပ်ရမှာလဲ? သရဲကမ္ဘာမှာ အငိုပြိုင်ပွဲ ကျင်းပမလို့လား? နိုင်တဲ့တစ်ယောက်က အကောင်းဆုံးငိုနိုင်သူဆု ရမှာလား?"

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now