244: Vol17: 1

2.7K 500 14
                                    

Unicode

ရှောင်လီက ရှန်ချန်ကျီးရဲ့မျက်နှာကို ထိဖို့ လက်လှမ်းလိုက်တော့ တစ်ဖက်လူရဲ့ တိုက်ရိုက်ဖမ်းဆီးပြီး အနမ်းပေးခြင်းကို ခံလိုက်ရတယ်။

ရှန်ချန်ကျီးရဲ့နှလုံးသားထဲကရန်လိုမှုတွေဟာ သူ့ချစ်သူရဲ့အိမ်ထဲက 'မီးလုံး'ပုံတွေဆိုတဲ့စကားကြောင့် အံ့ဩဖွယ်ကောင်းစွာပဲ နည်းနည်းပြေလျော့သွားတယ်။ ရှန်ချန်ကျီးက သွယ်လျှတဲ့လက်ချောင်းလေးကို ကိုက်လိုက်ပြီး အသံနိမ့်နိမ့်နဲ့ မေးလိုက်တယ်။
"မိတ်ဆွေနဲ့ ချစ်သူကြားက ကွဲပြားခြားနားမှုက ဘာလဲ?"

ရှောင်လီက ခဏလောက်စဉ်းစားနေပုံရပြီး တစ်ဖက်လူရဲ့မေး​စေ့ကိုဆွဲကာ သူ့ခေါင်းကိုမော့ပြီး အနမ်းပေးလိုက်တယ်။
"မိတ်ဆွေတွေကိုဆိုရင် ငါ အဲ့လိုမလုပ်ဘူး"

ရှောင်လီ့မျက်တောင်ပေါ်က လိပ်ပြာလေးဟာ သူ့နှုတ်ခမ်းဆီပျံလာပြီးနားသလို စိုစွတ်တဲ့ထိတွေ့မှုတစ်ခုကို သူ့နှုတ်ခမ်းမှာ ခံစားလိုက်ရတယ်။

ရှန်ချန်ကျီးက သူ့နှလုံးသားတစ်ခုလုံးကို ခပ်ကြမ်းကြမ်းဆွဲခံလိုက်ရသလို ခံစားလိုက်ရတယ်။ သူက ရှောင်လီ့ကို ချစ်ခင်မြတ်နိုးစွာနဲ့ စိုက်ကြည့်လိုက်တယ်။ ဒီကမ္ဘာပေါ်မှာ ဒီလိုလူသားလေးတစ်ယောက်က ဘာလို့ ရှိနေရတာလဲ? ရှောင်လီက သူ့ကို သိမ်းပိုက်စိုးမိုးဖို့ မွေးဖွားလာသလိုပါပဲ။

တိတွေ့မှုတိုင်းက သူ့ကိုတုန်ယင်လှိုက်မောစေပြီး လှုပ်ရှားမှုတစ်ခု သို့မဟုတ် အကြည့်တစ်ချက်လေးက သူ့ကိုဝေဒနာသက်သာစေတယ်။ သူက ဒီလူသားလေးကို မတွေ့ရတဲ့အချိန်တိုင်းမှာ ဖက်ထားချင်နေမိတယ်။ သူ ရှောင်လီ့ကို တကယ်ဖက်လို့ရခဲ့ရင်တော့ ပိုပြီး လိုချင်လာပြန်တယ်။ သူတို့နှစ်ယောက်ထဲပဲရှိတဲ့နေရာမှာ ညတိုင်း အိပ်ရာထဲမှာတူတူနေနိုင်ဖို့ မစောင့်နိုင်တော့ပါဘူး။ ရှန်ချန်ကျီးက အဲ့လိုယောက်ရက်ခတ်ပြီးတတ်ကြွတဲ့စိတ်ခံစားချက်မျိုး တစ်ခါမှမခံစားခဲ့ရဖူးပေမယ့် ဒါဟာ အချစ်ဆိုတာကို သူသိပါတယ်။

လူငယ်လေးရဲ့မျက်လုံးတွေက အရမ်းကို ပူလောင်လွန်းနေတယ်။ ရှောင်လီက သူ့ကိုနမ်းပြီး နောက်ဆုတ်ဖို့လုပ်လိုက်တော့ ရှန်ချန်ကျီးက လက်လှမ်းပြီး တစ်ဖက်လူရဲ့ခေါင်းအနောက်ဘက်ကိုကိုင်ကာ အနမ်းတွေကို နက်ရှိုင်းစေလိုက်တယ်။ သူက လျှာဖျားလေးကို စုပ်ယူရစ်ပတ်လိုက်တယ်။ အချိန်အတော်ကြီးကြာပြီးနောက်မှ ရှန်ချန်ကျီးက ရှောင်လီ့ကို လွှတ်ပေးလိုက်တော့တယ်။

ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ် (Book-2)Where stories live. Discover now