"ရော့..ခများအတွက်"
"အင်း..ကျေးဇူး"
မယူလည်းအတင်းပေးမှာမို့ အသာတကြည်သာယူလိုက်သည်။
"စိတ်ဆိုးနေတာလား "
"ဟင့်အင်း"
နှစ်ယောက်လုံးတိတ်စိတ်နေကြသည်။ မင်းမုန်းရဲ အလင်းသစ်မှုး ပခုံးလေးအား အသာလေးဆွဲညှစ်လိုက်သည်။
"ပြန်ချစ်ပေးပါ"
"အကို အစကတည်းက ပြောပြီးသားပဲလေ..မဖြစ်နိုင်ပါဘူးလို့"
"မဖြစ်နိုင်ဘူးဆိုတာ မချစ်နိုင်ဘူးလို့ပြောတာမှမဟုတ်တာ...မောင့်ကိုချစ်တယ်မှလား"
မပြောပါနဲ့ ထပ်ပြီးငါ့ကို မင်းအပေါ်ယိမ်းယိုင်လာအောင်မလုပ်ပါနဲ့တော့လား!
အလင်းသစ်မှူး မင်းမုန်းရဲလက်အား ပုတ်ချလိုက်သည်။
"ငါ မင်းကို..မချစ်ဘူး"
စိတ်တင်းကာ ပြောလိုက်ပေမယ့် အလင်းသစ်မှုး အသံလေးက အဖျားခတ်တုန်ယင်သွားသည်။
"အဟက် ညာတယ်...ခများညာနေတာ"
"ငါ...ငါမင်းကို ညာစရာအကြောင်းမရှိဘူး"
"ကျစ်...ခများရာ ဘာလို့လဲ"
"ငါတို့ ဘယ်လိုမှ မဖြစ်နိုင်တာမို့ ရှေ့ဆက်မတိုးပါနဲ့တော်ကောင်လေး ငါ့အသက်အရွယ် ငါ့သိက္ခာ အဲ့တာတွေကို မင်းငဲ့ကွက်ပေးပါ ပြီးတော့ငါ့အမေက ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်ဘူး"
"နားမလည်ဘူး.. ကျုပ်နားမလည်ဘူး သိလည်းမသိဘူး ခများကိုချစ်တာပဲသိတယ်..."
"......."
"ပြီးတော့ ကျုပ်လိုကောင်က ဘာမှဂရုစိုက်မနေဘူး...ခများတစ်ယောက်ထဲကိုပဲဂရုစိုက်လို့ အခုလိုတွေလုပ်နေတာ ...ခများအပေါ်ပြုမူခဲ့သလို ဘယ်ကောင် ဘယ်ကောင်မကိုမှ မလုပ်ခဲ့ဘူးသိလား ခများကိုချစ်လွန်းလို့ ခများပြန်ချစ်တာကိုခံချင်လွန်းလို့ ဒီလောက်စောင့်ပေးပြီးစိတ်ရှည်နေတာ အရင်ကလိုစိတ်နဲ့ဆို ချုပ်လိုး ပြီးနေပြီ"
"မင်း...အွန့်"
အလင်းသစ်မှူးအား အတင်းဖိကပ်နမ်းလိုက်သောသူကြောင့် လက်ထဲက မုန့်ထုပ်များ လွှတ်ကျသွားသည်။
နမ်းနေရင်နဲ့ ကားရှေ့ပေါ်သို့ တွန်းလှဲကာ အပေါ်ကနေ အုပ်မိုးနမ်းနေသည်။မင်းမုန်းရဲကားက ကားပါကင်ရဲ့ ထောင့်စွန်းနားမို့ လူသိပ်မလာပေမယ့် အခုလိုဖြစ်ချင်တိုင်းဖြစ်နေတာကိုတော့ အလင်းသစ်မှူး ရှက်မိသည်။
"အွန့်..ဖယ်....အွန့် ပြွတ် "
အလင်းသစ်မှုး အတင်းရုန်းမှဖယ်ပေးလာသည်။
ဖြန်း!
"ခများ..."
"မဟုတ်..."
အလင်းသစ်မှူး လက်အားကြောင်ကြည့်နေမိသည်။
ဘာလို့ရိုက်လိုက်ရတာလဲ...ဘာလို့ရိုက်လိုက်မိတာလဲ!....
အရိုက်ခံရသူက တဖက်လူဖြစ်ပေမယ့် အလင်းသစ်မှူး မျက်ရည်တို့ဝေ့သီလာရသည်။ လက်တို့ကလည်းတုန်ရိနေပြီး မင်းမုန်းရဲအား မော့ကြည့်မိတော့ တောက်တစ်ချက်ခေါက်ကာ လှည့်ထွက်သွားသည်။
ဟင့်အင်း!မသွားပါနဲ့!...
မ...မရည်ရွယ်ပါဘူး!...
အဲ့လိုကြီးမကြည့်ပါနဲ့!...
ပြန်လှည့်လာပေးပါ!...
မှားပါတယ် သူကိုလှည့်ကြည့်ပေးပါ!...
အလင်းသစ်မှူး စိတ်ထဲမှပြောနေပေမယ့် တုန်ရီနေသော နှုတ်ခမ်းတို့က ထိုစကားများထွက်မလာခဲ့ပါ။
ထွက်သွားသော ကျောပြင်လေးကလည်း လှည့်မလာခဲ့ပါ။
.........
မင်းမုန်းရဲ ကားကိုထားခဲ့ကာ ထွက်လာတာမို့ ဆေးရုံဘေးနာက အအေးဆိုင်ဝင်ထိုင်ကာ နိုင်မင်းကိုဖုန်းခေါ်ကာ သူ့ဆိုင်ကယ်ကိုလာပို့ခိုင်းလိုက်သည်။
အအေးမှာထားပေမယ့်လည်း သောက်ချင်စိတ်မရှိတာမို့ ထားထားလိုက်သည်။
"တော်တော် အကြောတင်းတဲ့လူ... "
ပါးတစ်ဖက်အားကိုင်ကာ ပြောလိုက်သည်။ ဒေါသက ဘာလို့မှန်းမသိထွက်နေသည်။ ပါးအရိုက်ခံလိုက်ရလို့လား..အငြင်းခံလိုက်ရလို့လားတော့ မသိပေ။ သေချာကတော့စိတ်ကြည်မနေပါ။
ခနအကြာနိုင်မင်းက ဆိုင်ကယ်နှစ်စီးနဲ့ရောက်လာသည်။ သူဆိုင်ကယ်ကို နိုင်မင်းကစီးလာကာ သူအားဆိုင်ကယ်ပေးကာ နောက်ထပ်တစ်စီးနဲ့ ကောင်လေးမောင်သောဆိုင်ကယ်ပေါ် တပ်လိုက်သွားသည်။
မင်းမုန်းရဲလဲ အအေးဖိုးရှင်းထားခဲ့ကာ ဆိုင်ကယ်မောင်းကာထွက်လာခဲ့သည်။
အရှိန်ကုန်တင်ကာ မောင်းလာတဲ့ မင်းမုန်းရဲဆိုင်ကယ်သံက တလမ်းလုံးအား ဆူးညံနေသည်။ လီဗာကို သာကုန်တင်လိုက်ပီး သေချာအသံထွက်အောင်မောင်းနေ တာမို့ ဆိုင်ကယ်သံကပိုပြီးတောင်ဆူနေသေးသည်။
........
"ဟိုလေ ညီလေး ဒီဆိုင်မှာသီချင်းဆိုတဲ့ မင်းမုန်းရဲ ရှိလားမသိဘူးဗျ"
"အော်..ဟုတ်ကဲ့ သူအခုတလောဆိုင်ကိုမလာဘူးဗျ"
"ဟို ဘာဖြစ်လို့လဲဟင် နေမကောင်းလို့လား"
"ဟာ စွန်ရဲတို့ ဘယ်တုန်းကမှဆိုင်ကိုပုံမှန်မလာဘူး...သူလာချင်တဲ့အချိန်လာတယ် ဒါမှမဟုတ် သူဌေးက ခေါ်တဲ့နေ့လာတယ်"
"စွန်ရဲ?"
"သြော်...စွန်ရဲဆိုတာ မင်းမုန်းရဲ ကိုပြောတာပဲလေ"
"အော် ကျေးဇူးပါနော်...ခွင့်ပြုပါအုန်း"
"ဟုတ်ကဲ့ဗျ"
အလင်းသစ်မှူး ထိုစားသောက်ဆိုင်ကနေစိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်လာခဲ့လိုက်သည်။
"ဟင်း! "
သက်ပြင်းအရှည်ကြီးချကာ ကားပေါ်ပြန်တက်လာခဲ့လိုက်သည်။
တစ်လပြည့်တော့မှာဖြစ်သည် မင်းမုန်းရဲသူ့ကို ဆက်သွယ်မလာတာ။ ဖုန်းဆက်တော့လည်းမရသလို လိုင်းလည်းမတက်။ မင်းမုန်းရဲသွားတက်တဲ့ club တွေ barတွေကိုလည်းရောက်ခဲ့သည်။ နမည်ပြောရုံဖြင့် သူ့အားလူတိုင်းသိကြသည်မို့ အခုရက်ပိုင်း မလာဖြစ်ဘူးလို့သိခဲ့ရသည်။
ဒီရက်တွေထဲ အလင်းသစ်မှူး ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့မိသည်။ ဦးနောက်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နှလုံးသားရဲ့အလိုကို လိုက်ဖို့။ မင်းမုန်းရဲအား သူအနားမှာမရှိတော့မှ အလင်းသစ်မှူး ပိုသိလာခဲ့သည်။
သူမင်းမုန်းရဲအား.ချစ်သည်။ အစကတည်းကချစ်တာဖြစ်သည်။ မြင်မြင်ချင်းကို ချစ်မိသွားတာဖြစ်သည်။ ဒါပေမယ့် ရင်ဆိုင်ရမယ့်အရာတွေကို သူတွေးကြောက်ခဲ့သည်။ တစ်သက်လုံး နေသားကျလာတဲ့ ပုံစံခွပ်ထဲကနေ ပြောင်းလဲဖို့တွေးပူခဲ့သည်။ အချစ်ကို မိုက်ရူးရဲစွာ ချစ်ဖို့ကိုသူ့အသက်က ဆယ်ကျော်သက်မဟုတ်ဘူးလို့ အတန်တန်သတိပေးကာ ငြင်းဆန်ခဲ့သည်။ ဒါပေမယ့် သူဟာ သုံးဆယ်ကျော်မှ အချစ်ကို ခံစားဖူးသောသူ...ပထမဆုံရင်ခုန်ခဲ့ရတာဟာလည်း ထိုလူသားပေမို့ သူဆက်ပြီးကိုယ့်ကို မလိမ်ညာချင်တော့ပါ။
"မောင့်ကို ချစ်တာကိုဝန်ခံတော့မှာပေါ့ ပြန်ပေါ်လာပေးပါမောင်ရယ်...ငါလေမောင့်ကိုအရမ်းချစ်ပါတယ်"
.......
လိုအပ်ချက်များစွာနဲ့ Millie 💜
"ေရာ့..ခမ်ားအတြက္"
"အင္း..ေက်းဇူး"
မယူလည္းအတင္းေပးမွာမို႔ အသာတၾကည္သာယူလိုက္သည္။
"စိတ္ဆိုးေနတာလား "
"ဟင့္အင္း"
ႏွစ္ေယာက္လုံးတိတ္စိတ္ေနၾကသည္။ မင္းမုန္းရဲ အလင္းသစ္မႈး ပခုံးေလးအား အသာေလးဆြဲညွစ္လိုက္သည္။
"ျပန္ခ်စ္ေပးပါ"
"အကို အစကတည္းကေျပာၿပီးသားပဲေလ..မျဖစ္နိုင္ပါဘူးလို႔"
"မျဖစ္နိုင္ဘူးဆိုတာ မခ်စ္နိုင္ဘူးလို႔ေျပာတာမွမဟုတ္တာ...ေမာင္ကိုခ်စ္တယ္မွလား"
မေျပာပါနဲ႕ ထပ္ၿပီးငါ့ကို မင္းအေပၚယိမ္းယိုင္လာေအာင္မလုပ္ပါနဲ႕ေတာ့လား!
အလင္းသစ္မႈး မင္းမုန္းရဲလက္အား ပုတ္ခ်လိဳက္သည္။
"ငါ မင္းကိုမခ်စ္ဘူး"
စိတ္တင္းကာ ေျပာလိုက္ေပမယ့္ အလင္းသစ္မႈး အသံေလးက အဖ်ားခတ္တုန္ယင္သြားသည္။
"အဟက္ ညာတယ္...ခမ်ားညာေနတာ"
"ငါ...ငါမင္းကိုညာစရာအေၾကာင္းမရွိဘူး"
"က်စ္...ခမ်ားရာ ဘာလို႔လဲ"
"ငါတို႔ ဘလိုမွမျဖစ္နိုင္တာမို႔ ေရွ႕ဆက္မတိုးပါနဲ႕ေတာ္ေကာင္ေလး ငါ့အသက္အ႐ြယ္ ငါ့သိကၡာ အဲ့တာေတြကို မင္းငဲ့ကြက္ေပးပါ ၿပီးေတာ့ငါ့အေမကဘလိုမွ လက္ခံနိုင္မွာမဟုတ္ဘူး"
"နားမလည္ က်ဳပ္နားမလည္ သိလည္းမသိဘူး ခမ်ားကိုခ်စ္တာပဲသိတယ္..."
"......."
"ၿပီးေတာ့ က်ဳပ္လိုေကာင္က ဘာမွဂ႐ုစိုက္မေနဘူး...ခမ်ားတစ္ေယာက္ထဲကိုပဲဂ႐ုစိုက္လို႔ အခုလိုေတြလုပ္ေနတာ ...ခမ်ားအေပၚျပဳမူခဲ့သလို ဘယ္ေကာင္ဘယ္ေကာင္မကိုမွ မလုပ္ခဲ့ဘူးသိလား ခမ်ားကိုခ်စ္လြန္းလို႔ ခမ်ားျပန္ခ်စ္တာကိုခံခ်င္လြန္းလို႔ ဒီေလာက္ေစာင့္ေပးၿပီးစိတ္ရွည္ေနတာ အရင္ကလိုစိတ္နဲ႕ဆို ခ်ဳပ္လိုးၿပီးေနၿပီ"
"မင္း...အြန့္"
အလင္းသစ္မႈး အားအတင္းဖိကပ္နမ္းလိုက္ေသာသူေၾကာင့္ လက္ထဲကမုန့္ထုပ္မ်ား လႊတ္က်သြားသည္။
နမ္းေနရင္နဲ႕ ကားေရွ႕ေပၚသို႔ တြန္းလွဲကာ အေပၚကေန အုပ္မိုးနမ္းေနသည္။မင္းမုန္းရဲကားက ကားပါကင္ရဲ႕ ေထာင့္စြန္းနားမို႔ လူသိပ္မလာေပမယ့္ အခုလိုျဖစ္ခ်င္တိုင္းျဖစ္ေနတာကိုေတာ့ အလင္းသစ္မႈး ရွက္မိသည္။
"အြန့္..ဖယ္....အြန့္ ႁပြတ္ "
အလင္းသစ္မႈး အတင္း႐ုန္းမွဖယ္ေပးလာသည္။
ျဖန္း!
"ခမ်ား..."
"မဟုတ္..."
အလင္းသစ္မႈး လက္အားေၾကာင္ၾကည့္ေနမိသည္။
ဘာလို႔ရိုက္လိုက္ရတာလဲ...ဘာလို႔ရိုက္လိုက္မိတာလဲ....
အရိုက္ခံရသူက တဖက္လူျဖစ္ေပမယ့္ အလင္းသစ္မႈး မ်က္ရည္တို႔ေဝ့သီလာရသည္။ သူ႕အားစူးစိုက္ၾကည့္ေနေသလက္တို႔ကလည္းတုန္ရိေနၿပီး မင္းမုန္းရဲအား ေမာ့ၾကည့္မိေတာ့ ေတာက္တစ္ခ်က္ေခါက္ကာ လွည့္ထြက္သြားသည္။
ဟင့္အင္း!မသြားပါနဲ႕...
မ...မရည္႐ြယ္ပါဘူး...
အဲ့လိုႀကီးမၾကည့္ပါနဲ႕...
ျပန္လွည့္လာေပးပါ...
မွားပါတယ္ သူကိုလွည့္ၾကည့္ေပးပါ...
အလင္းသစ္မႈး စိတ္ထဲမွေျပာေနေပမယ့္ တုန္ရီေနေသာ ႏႈတ္ခမ္းတို႔က ထိုစကားမ်ားထြက္မလာခဲ့ပါ။
ထြက္သြားေသာ ေက်ာျပင္ေလးကလည္းလွည့္မလာခဲ့ပါ။
.........
မင္းမုန္းရဲ ကားကိုထားခဲ့ကာထြက္လာတာမို႔ ေဆး႐ုံေဘးနာကအေအးဆိုင္ဝင္ထိုင္ကာ နိုင္မင္းကိုဖုန္းေခၚကာ သူ႕ဆိုင္ကယ္ကိုလာပို႔ခိုင္းလိုက္သည္။
အေအးမွာခါးေပမယ့္လည္း ေသာက္ခ်င္စိတ္မရွိတာမို႔ ထားထားလိုက္သည္။
"ေတာ္ေတာ္ အေၾကာတင္းတဲ့လူ... "
ပါးတစ္ဖက္အားကိုင္ကာေျပာလိုက္သည္။ ေဒါသကဘာလို႔မွန္းမသိထြက္ေနသည္။ ပါးအရိုက္ခံလိုက္ဂလို႔လား..အျငင္းခံလိုက္ရလို႔လားေတာ့ မသိေပ။ ေသခ်ာကေတာ့စိတ္ၾကည္မေနပါ။
ခနအၾကာနိုင္မင္းက ဆိုင္ကယ္ႏွစ္စီးနဲ႕ေရာက္လာသည္။ သူဆိုင္ကယ္ကို နိုင္မင္းကစီးလာကာ သူအားဆိုင္ကယ္ေပးကာ ေနာက္ထပ္တစ္စီးေကာင္ေလးေမာင္ေသာဆိုင္ကယ္ေပၚ တပ္လိုက္သြားသည္။
မင္းမုန္းရဲလဲ အေအးဖိုးရွင္းထားခဲ့ကာ ဆိုင္ကယ္ေမာင္းကာထြက္လာခဲ့သည္။
အရွိန္ကုန္တင္ကာေမာင္းလာတဲ့ မင္းမုန္းရဲဆိုင္ကယ္သံက တလမ္းလုံးအား ဆူးညံေနသည္။ လီဗာကို အသာတင္လိုက္ ကာေသခ်ာအသံထြက္ေအာင္ေမာင္းေမတာမို႔ညဆိုင္ကယ္သံကပိုၿပီးေတာင္ဆူေနေသးသည္။
........
"ဟိုေလ ညီေလး ဒီဆိုင္မွာသီခ်င္းဆိုတဲ့ မင္းမုန္းရဲရွိလားမသိဘူးဗ်"
"ေအာ္..ဟုတ္ကဲ့ သူအခုတေလာဆိုင္ကိုမလာဘူးဗ်"
"ဟို ဘာျဖစ္လို႔လဲဟင္ ေနမေကာင္းလို႔လား"
"ဟာ စြန္ရဲတို႔ ဘယ္တုန္းကမွဆိုင္ကိုပုံမွန္မလာဘူး...သူလာခ်င္တဲ့အခ်ိန္လာတယ္ ဒါမွမဟုတ္ သူေဌးက ေခၚတဲ့ေန႕လာတယ္"
"စြန္ရဲ?"
"ေၾသာ္...စြန္ရဲဆိုတာ မင္းမုန္းရဲ ကိုေျပာတာပဲေလ"
"ေအာ္ ေက်းဇူးပါေနာ္...ခြင့္ျပဳပါအုန္း"
"ဟုတ္ကဲ့ဗ်"
အလင္းသစ္မႈး ထိုစားေသာက္ဆိုင္ကေနစိတ္ပ်က္လက္ပ်က္နဲ႕ျပန္ထြက္လာခဲ့လိုက္သည္။
"ဟင္း! "
သက္ျပင္အရွည္ႀကီးခ်ကာ ကားေပၚျပန္တက္လာခဲ့လိုက္သည္။
တစ္လျပည့္ေတာ့မွာျဖစ္သည္ မင္းမုန္းရဲသူ႕ကို ဆက္သြယ္မလာတာ။ ဖုန္းဆက္ေတာ့လည္းမရသလို လိုင္းလည္းမတက္။ မင္းမုန္းရဲသြားတက္တဲ့ club ေတြ barေတြကိုလည္းေရာက္ခဲ့သည္။ နမည္ေျပာ႐ုံျဖင့္ သူ႕အားလူတိုင္းသိၾကသည္မို႔ အခုရက္ပိုင္း မလာျဖစ္ဘူးလို႔သိခဲ့ရသည္။
ဒီရက္ေတြထဲ အလင္းသစ္မႈး ဆုံးျဖတ္ခ်က္တစ္ခုကိုခ်ခဲ့မိသည္။ ဦးေနာက္က ရဲ႕ဆန့္က်င္ဘက္ျဖစ္တဲ့ ႏွလုံးသားရဲ႕အလိုကို လိုက္ဖို႔။ မင္းမုန္းရဲအား သူအနားမွာမရွိေတာ့မွ အလင္းသစ္မႈး ပိုသိလာခဲ့သည္။
သူမင္းမုန္းရဲအားခ်စ္သည္။ အစကတည္းကခ်စ္တာျဖစ္သည္။ ျမင္ျမင္ခ်င္းကိုခ်စ္မိသြားတာျဖစ္သည္။ ဒါေပမယ့္ ရင္ဆိုင္ရမယ့္အရာေတြကို သူေတြးေၾကာက္ခဲ့သည္။ တသက္လုံး ေနသားက်လာတဲ့ ပုံစံကြပ္ထဲကေန ေျပာင္းလဲဖို႔ေတြးပူခဲ့သည္။ အခ်စ္ကိုမိုက္႐ူးရဲစြာ ခ်စ္ဖို႔ကိုညသူ႕အသက္ကဆယ္ေက်ာ္သက္မဟုတ္ဘူးလို႔ အတန္တန္သတိေပးကာ ျငင္းဆန္ခဲ့သည္။ ဒါေပမယ့္ သူဟာ သုံးဆယ္ေက်ာ္မွအခ်စ္ကိုခံစားဖူးေသာသူ...ပထမဆုံရင္ခုန္ခဲ့ရတာဟာလည္း ထိုလူသားေပမို႔ သူဆက္ၿပီးကိုယ့္ကိုမလိမ္ညာခ်င္ေတာ့ပါ။
"ေမာင့္ကို ခ်စ္တာကိုဝန္ခံေတာ့မွာေပါ့ ျပန္ေပၚလာေပးပါေမာင္ရယ္...ငါေလေမာင့္ကိုအရမ္းခ်စ္ပါတယ္"
.......
လိုအပ္ခ်က္မ်ားစြာနဲ႕ Millie