Dear Ko Ko ( Complete)

Galing kay sunray9597

32.1K 2.1K 1.6K

မောင်သာ ကိုကို ကို သစ္စာဖောက်ခဲ့ရင်..ကိုကို နာကျင်အောင်လုပ်မိခဲ့ရင်..မောင့်တစ်ဘဝလုံး အထီးကျန်ဆန်ပြီး နာကျင်မှ... Higit pa

Dear Ko Ko (Intro )
Part -1
Part -2
Part -3
Part -4 ⚠️
Part -5
Part -6
Part -7
Part -8
Part-9
Part -10
Part -11
Part -12
Part -13
Part -14
Part -15
Part -16
Part -17
Part -18
Part -19
Part -20
Part -22
Part -23
Part -24
Part -25
Part -26
Part -27
Part -28
Part -29
Part -30
Part -31
Part -32
Part -33
Part 34
Part -35 ( Final-1)
Part -36 ( Final -2 ) Main Final
Dear Ko Ko's Reasons Of Creation

Part -21

561 48 45
Galing kay sunray9597


# Unicode #

" သားထယ်..ကားကိုဂရုစိုက်မောင်းနော်..."

"ဟုတ်ကဲ့မာမီ.."

" ဘွားမြေးလေး...ပျော်ပျော်လည်ခဲ့နော်..မွ! ! တစ်နေ့လုံးလွှမ်းနေရတော့မှာဘဲ...မွ!.. "

ချယ်ယောင်းက နူးနူးရဲ့ပါးဖောင်းဖောင်းလေးကို နမ်းပြီး ဂျောင်ဂုလက်ထဲထည့်ပေးလိုက်သည်။

" မာမီ...ဒယ်ဒီ...သွားပြီနော်.."

ထယ်ယောင်းက ဂျောင်ဂုနဲ့ သမီးလေးကို ကားတံခါးဖွင့်ပြီးထိုင်ခိုင်းလိုက်ကာ မာမီတို့ကိုနှုတ်ဆက်ပြီး.. drive seat နေရာသွားထိုင်ပြီးကားမောင်းကာ ထွက်သွားလိုက်၏။

သမီးလေးအတွက် ကားစီးရင်ထိုင်ရသည့် ထိုင်ခုံဝယ်ပေးထားသော်လည်း ကိုကိုက သမီးလေးကို ပွေ့ပြီးထိုင်နေတာကြောင့် ထယ်ယောင်းလည်း ဘာမှမပြောတော့ပေ....ခဏကြာတော့ နူးနူးလေးက ကိုကို့ရဲ့ရင်ခွင်ထဲမှာပင်အိပ်ပျော်သွားပြီ...

တိရိစ္ဆာန်ဥယျာဉ်က အတော်ဝေးတာမို့ လေးဆယ့်ငါးမိနစ်လောက်မောင်းရသည်။ ကိုကိုကတော့ ရင်ခွင်ထဲက သမီးလေးအေးနေမှာစိုးလို့ စောင်‌ပါးလေးထုတ်ကာခြုံပေးထားပြီး..ပတ်ဝန်းကျင်ကိုကြည့်ကာ စူးစမ်းနေ၏။ထယ်ယောင်းလည်း ကားကိုသာဂရုစိုက်နေလိုက်သည်။


တိရိစ္ဆာန်ဥယျာဉ်ရောက်တော့...ထယ်ယောင်း ကားပါကင်ထိုးပြီး ကားပေါ်က ဆင်းကာ ကိုကိုတို့ ဘက်သွားပြီး ကားတံခါးဖွင့်ပေးလိုက်သည်။နူးနူးလေး တစ်လမ်းလုံးအိပ်လာတော့ အိပ်ရေးဝပြီး..နိုးနေပြီ...ကိကို့လက်ထဲက နူးနူးလေးကို ထယ်ယောင်းက ယူပြီးချီလိုက်တော့ ကိုကိုက ကားနောက်ခန်းထဲက နူးနူးလေးရဲ့ အသုံးဆောင်ပစ္စည်းလေးတွေ ထည့်ထားတဲ့အိတ်ကို လက်တစ်ဖက်က ကိုင်ကာ..ကျန်တစ်ဖက်က ထယ်ယောင်းရဲ့ လက်မောင်းတစ်ဖက်ကို ချိတ်ပြီး တိရိစ္ဆာန်ဥယျာဉ်ထဲဝင်သွားကြ၏။

အဝင်ဝမှာ ဝင်ခွင့်လက်မှတ် လူကြီးနှစ်စောင်ကိုဖြတ်လိုက်သည်။နူးနူးလေးက လသားလေးမို့ လက်မှတ်ဖြတ်စရာမလိုပေ...

ရုံးပိတ်ရက်မို့ တိရိစ္ဆာန်ဥယျာဉ်မှာ လာလည်တဲ့လုတွေများနေ၏။ တစ်ခါမှ လူများများနဲ့ မနေဖူးတဲ့ နူးနူးလေးက ပင်ကိုမျက်လုံးဝိုင်းလေးတွေနဲ့ စူးစမ်းပြီးလိုက်ကြည့်နေသည်။

ထယ်ယောင်းက အဝင်ဝနဲ့ နည်းနည်းလှမ်းတဲ့နေရာမှာရှိတဲ့ ရေမြင်းတွေထားတဲ့နေရာကို အရင်ဝင်လိုက်သည်။ ကိုကိုကလည်း သူ့ရဲ့လက်မောင်းကိုကိုင်ကာ ‌ထပ်ကြပ်မကွာလိုက်လာ၏။

" နူးနူးလေးရေ..ကြည့်ပါအုံး!.. ရေမြင်းကြီးတွေ.. သမီးသဘောကျလား..ပြောပါအုံးကွ.."

ရေမြင်းအကြီးကြီးတွေမြင်တော့ သမီးငယ်က လက်ကလေးတွေတထိုးထိုးနဲ့ ရေမြင်းကို ကြည့်နေသည်။ မျက်လုံးလေးတွေလည်း ဝိုင်းကာ နှုတ်ခမ်းပိစိလေးတွေလည်း ဟပြီး တအံ့တဩ..ကိုကို့ကိုကြည့်လိုက်တော့လည်း...သမီးလေးနည်းတူပင်...အမူအရာတွေချွတ်ဆွတ်တူနေတဲ့ သားအဖနှစ်ယောက်ကြောင့် ထယ်ယောင်းပြုံးပြီးကြည့်မိသည်။

" ဟုတ်ပါပြီ..ဒယ်ဒီ..ကြည့်နေပါတယ် သမီး‌ရဲ့.."

ထယ်ယောင်းက ကိုကို့ကိုငေးနေတာတွေ့တဲ့သမီးငယ်က ထယ်ယောင်းရဲ့ပါးကို ပုတ်ကာ ရေမြင်းတွေကို လက်ညှိုးထိုးပြနေ၏။ပြီးတော့သူ့ပါးပါးကိုလဲ လှမ်းပြီး ပုတ်ကာ ရေမြင်းကိုပြနေသည်။ကိုကိုက သမီးလေးကိုပြုံးပြီး ပါးပြင်လေးကို အနမ်းချွေလိုက်၏။

" သမီး ရေမြင်းကြီးကို အစာကျွေးကြမယ်.."

ထယ်ယောင်းက ကန်စွန်းရွက်နှစ်စည်းဝယ်က ကိုကို့လက်ထဲတစ်စီးထည့်ပေးပြီး သူနဲ့ နူးနူးလေးက တစ်စီးယူလိုက်သည်။နူးနူးလေးလက်ပိစိလေးကို ထယ်ယောင်းက အပေါ်ကနေအုပ်ပြီး ကန်စွန်းရွက်ကိုကိုင်ကာ ရေမြင်းပါးစပ်ထဲပစ်ချလိုက်သည်။ ရေမြင်းကြီးက နှစ်ကောင်ရှိပြီး အရွယ်အစားက ဆင်တစ်ကောင်ထက်တောင်ကြီးသေးသည်။ပါးစပ်အကျယ်ကြီးဟကာ အစားတောင်းနေတာကြောင့် သူတို့လည်း ကန်စွန်းရွက်တွေကို ပစ်ပစ်ပြီးထည့်ပေးနေကြ၏။သမီးလေးက တိရိစ္ဆာန်လေးတွေကို ချစ်တတ်တဲ့သူမို့ မကြောက်ဘဲ သဘောတွေကျနေသည်။

ရေမြင်းကို အစာကျွေးလို့ပြီးတော့ မျောက်ကလေးတွေရှိတဲ့နေရာကိုသွးလိုက်ကြသည်။မျောက်တွေက လှောင်အိမ်‌ထဲက သစ်ပင်လေးတွေပေါ်မှာ..ခုန်လိုက်..ထိုင်လိုက်..အတက်အဆင်းပြုလိုက်နဲ့ဆော့နေကြသည်။ အငြိမ်မနေတဲ့အကောင်လေးတွေမို့ သမီးငယ်က အထူးအဆန်းကြည့်နေသည်။

" ဟော....တွေ့လားနူးနူး...မျောက်ကလေးတွေ...အစာကျွေးမလားသမီး.."

ထယ်ယောင်းက မေးလည်းမေး ဘေးက အစာရောင်းတဲ့ဆိုင်မှာ ငှက်ပျောသီးတစ်ဖီးသွားဝယ်လိုက်၏။

သမီးငယ်လက်ထဲတစ်လုံးတည့်ပေးပြီး...သူကတစ်လုံးယူကာ ကျန်တာကို ကိုကို့ကိုပေးလိုက်သည် ။

သူနဲ့ကိုကိုက မျောက်ကလေးတွေကို အစာကျွေးနေပေမဲ့ သူ့ကိုယ်ပေါ်က သမီးက ထူးထူးဆန်းဆန်းငြိမ်နေတာမို့ကြည့်လိုက်တော့..သူပေးတဲ့ငှက်ပျော်သီးကို မျောက်မကျွေးဘဲ အခွံမခွာဘဲ အလုံးလိုက်ကိုကိုက်နေ၏။ငှက်ပျော်သီးမှာ သွားရာသေးသေးလေးတွေထင်နေပြီး..သမီးပ သွားရာလေးတွေကနေ စုပ်ကာ တပြွတ်စ်ပြွတ်စ်နဲ့ အရသာခံနေသည်။နှုတ်ခမ်းပိစိလေးတွေက တလှုပ်လှုပ်နဲ့ ကိုက်လိုက် အရသာခံလိုက်နဲ့ တကယ့်လူကြီးလေးအတိုင်း...

" သမီးရယ်..အဲ့တာက မျောက်လေးတွေကိုကျွေးဖို့လေ..နူးနူးစားလို့မရဘူး.."

ထယ်ယောင်းက သမီးကိုက်နေတဲ့ ငှက်ပျောသီးကို ယူကာ ပြောလိုက်တော့ မျက်ရည်ဝဲဝဲလေးနဲ့ လက်ဝါးလေးဖြန့်ကာ ပြန်တောင်းနေ၏။

ကိုကိုကတော့ သူတို့သားအဖနှစ်ယောက်အခြေနေကို ကြည့်နေသည်။

" နူးနူး....မ‌စားရဘူးနော်...လိမ္မာပါတယ် ဒယ်ဒီ့သမီးက.."

နောက်ဆုံးတော့ ကင်မ်ဟာနူးတို့က လိုချင်တာ မရသဖြင့် မျက်လုံးဝိုင်းကြီးတွေကနေ မျက်ရည်ဥတွေလိမ့်ဆင်းလာသည်။

သားသမီးမျက်ရည်ကျရင် မိဘတွေက မကြည့်ရက်တာမို့ ငှက်ပျောသီးကို သေချာအခွံ့ခွာပေးလိုက်ပြီး သမီးငယ်ရဲ့လက်ထဲထည့်ပေးလိုက်တော့မှ မျက်နှာလေးပြုံးရွှင်လာ၏။

" ကြည့်!..အမျိုးမျိုးတတ်နိုင်တယ်နော် ကင်မ်ဟာနူး...ပြောပါအုံး သမီးက မျောက်ပေါက်လေးလား..ဟမ်!.. ‌မျောက်ပေါက်လေးရေ.."

ထယ်ယောင်းက ငှက်ပျောသီးကို တမြုံ့မြုံနဲ့ဝါးနေတဲ့ နူးနူးလေးရဲ့ပါးဖောင်းဖောင်းလေးကိုနမ်းကာ ပြောလိုက်တော့ နူးနူးလေးက ရယ်ပြနေ၏။မျောက်တွေကို လက်ညှိုးထိုးလိုက်..ငှက်ပျောသီးစားလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ ကင်မ်ဟာနူး....

~

~

~

နေ့လည်ရောက်‌‌တော့ တိရိစ္ဆာန်ဥယျာဉ်မှာရှိတဲ့ ပန်းခြံလေးမှာ ဖျာခင်းပြီး နေ့လည်စာစားဖို့ကိုကိုက အိမ်က ဒေါ်ကြီးဂျူးပြင်ပေးလိုက်တဲ့ အစာအစားတွေကို ပြင်ဆင်နေသည်။ထယ်ယောင်းနဲ့ နူးနူးလေးကတော့ ပန်းခြံကအရုပ်ရောင်းတဲ့ဆိုင်မှာ ဆပ်ပြာပူးဖောင်းသေနတ်ကိုဝယ်ကာ သားအဖနှစ်ယောက်ဆော့နေကြသည်။


" ပူးဖောင်တွေလာပြီနော်..ဖမ်းမယ်..နူးနူးရေ...ဟုတ်ပြီကွ.."

ထယ်ယောင်းက ‌သေနတ်မောင်းလေးကို နှိပ်လိုက်တာနဲ့ ပူဖောင်းလေးတွေထွက်လာတာကို နူးနူးလေးက လိုက်ဖမ်းနေသည်။ဖင်လေးကြွကြွပြီးဖမ်းကာ သူ့ရဲ့လက်သေးသေးလေးတွေနဲ့ထိလိုက်တာနဲ့ပေါက်သွားတဲ့ ပူဖောင်းလေးတွေကို သဘောကျနေတဲ့နူးနူးလေး...



မြက်ခင်းစိမ်းစိမ်းလေးပေါ်မှာ ထိုင်နေတဲ့ သမီးငယ်နူးနူးက အရုပ်လေးတစ်ရုပ်လေးချထားသလိုပင်။ ခရမ်းရောင်ဂါဝန်ဖောင်စဖောင်းလေးနဲ့ ဖြူဖွေးဥနေတဲ့အသားရည်..ကြည်လင်တဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့သမီးငယ်က မြင်သူတိုင်းနှစ်ခါပြန်ကြည့်ရလောက်အောင် ချစ်ဖို့ကောင်းလှသည်။

" အာ!.. ပူဖောင်း ထပ်လုပ်ပေးရမှာလား..လုပ်ပေးမယ်နော်.."

သမီးငယ်အကြောင်းတွေးနေတုန်း ပူဖောင်းလေးတွေပျောက်သွားတာမို့ သမီးလေးက သူ့ရဲ့လက်တုတ်တုတ်လေးတွေနဲ့ ထယ်ယောင်းရဲ့ ပေါက်ကိုပုတ်ပြီး သူ့လက်ထဲက ဆပ်ပြာသေနတ်ကို လက်ညှိုးထိုးပြတာကြောင့် ဆပ်ပြာထွက်အောင် ခလုတ်နှိပ်ပေးလိုက်သည်။


လက်ပိစိလေးတွေ မိုးပေါ်မြှောက်ကာ ဖင်လေးကြွကြွပြီးခုန်၍ ပူဖောင်းလေးတွေကို လက်နဲ့ဖမ်းနေတဲ့သမီးငယ်..သူဖမ်းလို့ပေါက်သွားရင် နှာခေါင်းလေးရှုံ့ပြီး မျက်လုံးလေးမှိတ်ကာ ရယ်နေ၏။အဲ့အကျင့်လေးကလည်း သေချာပေါက် သူ့ပါးပါးနဲ့တူတာပင်...


*~.ထမင်းစားတော့မလား.~*

သမီး‌နဲ့ဆော့နေတုန်း ကိုကိုကစာရေးပြီးမေးလာတာကြောင့် ခေါင်းခါပြလိုက်သည်။

" ကိုကိုရောဆာပြီလား.."

သူမေးတော့ ခေါင်းပြတဲ့ကိုကို...ပြီးတော့ ငမီးလေးကို ချီလိုက်၏။

သမီးက သူ့ပါးပါးချီလိုက်တာကြောင့် အပေါ်တက်နေတဲ့ပူဖောင်းတွေကိုမှီသွားပြီး လက်ကလေးတွေနဲ့လိုက်ဖမ်းနေသည်။မျက်နှာလေးမော့ပြီး အပေါ်ကိုကြည့်ကာ လိုက်ဖမ်းနေတဲ့သမီးငယ်...ထယ်ယောင်းလည်း ပူဖောင်းတွေကို အဆက်မပြတ်ထွက်လာအောင်နှိပ်ပေးလိုက်၏။

ပူဖောင်းတွေကြားမှာ ရပ်ပြီးဖမ်းနေတဲ့ကိုကိုရာ သမီးငယ်ရောပါ ပြံးရွှင်နေကြသည်။ခဏနေတော့ နေပူလာသဖြင့် အပင်အောက်မှာခင်းထားတဲ့ သူတို့ရဲ့ဖျာလေးဆီမှာသွားထိုင်ကြသည်။ကိုကိုက သမီးလေးကိုကိုဖြည့်စွက်စာကျွေးနေပြီး သူက ပန်းကန်တစ်ချပ်နဲ့စားစရာတွေထည့်ကာ သူစားလိုက် ကိုကိုခွံ့လိုက် နဲ့အလုပ်ရှုပ်နေသည်။

တစ်ခါမှအပြင်မထွက်ဘူးတဲ့နူးနူးလေးက အပြင်ထွက်ရတော့ မြူးထူးပြီးအဆော့လွန်ထားတော့ ဖြည့်စွက်စာစားပြီးတာနဲ့ ကိုကို့ရင်ခွင်ထဲမှာ မျက်လုံးလေးတွေမှေးနေပြီ...

*~.တော်ပြီမောင်...ကိုကို နူးနူးလေးကိုသိပ်လိုက်အုံးမယ်...မောင်ဆက်စားနှင့်နော်.~*

ထယ်ယောင်းက စာဖတ်ပြီး ခေါင်းငြိမ့်ကာ ဆက်စားနေတော့ ဂျောင်ဂုက သမီးရဲ့ခေါင်းလေးကို ပခုံးပေါ်တင်ပြီး ချီကာ လက်ဖစ်ဖက်ဖြင့် ကျောပြင်လေးကို ဖွဖွလေးပုတ်ကာပြီး ချောသိပ်နေလိုက်သည်။သမီးလေးအိပ်ပျော်သွားတော့ ဖျာပေါ်မှာ စောင်အပါးလေးခင်းပြီး မွေ့ခေါင်းအုံးလေးချကာ သိပ်လိုက်ပြီး စောင်ခြုံပေးလိုက်သည်။နေ့လယ်ခင်းမို့ ပန်းခြံလေးက လူရှင်းနေပြီး...တိတ်ဆိတ်တာမို့ သမီးလေးအိပ်တဲ့နေရာမှ အနှောက်အယှက်မဖြစ်...

မောင်ကိုကြည့်တော့ စားသောက်ပြီးသွားသည်မို့ သိမ်းစရာရှိတာသိမ်းလိုက်သည်။မောင်ကလည်း သူ့ကို အတူကူသိမ်းပေး၏။

အားလုံးသိမ်းဆည်းပြီးတော့ သူနဲ့ အတူ မောင်က လာထိုင်သည်။

*~.မောင်..ဒီနေ့ သမီးလေးက အရမ်းပျော်နေတာ...အကောင်လေးတွေကြည့်ပြီး သူသိပ်သဘောကျနေတာ...နောက်အားလပ်ရက်တွေလည်း သမီးလေးကို မရောက်ဘူးတဲ့နေရာတွေလိုက်ပို့ပေးရအောင် မောင်.~*

*~.ပို့ပေးမှာပေါ့ ကိုကို..ဒါနဲ့ ကိုကိုရောပျော်လား.~*

*~.ပျော်တာပေါ့မောင်ရဲ့..မင်းနဲ့အတူနေရတိုင်း ငါပျော်တယ်..အခု သမီးလေးပါ ရှိတော့ ပိုပြီးတောင်ပျော်တယ်...ငါစိတ်ကူးယဉ်ခဲ့တဲ့ မိသားစုလေးအ အခုလိုမျိုးလေးလေ..မောင်...~*

"မောင်လဲတူတူဘဲ ကိုကို.."

ထယ်ယောင်း ကိုကို့စာကိုဖတ်ပြီး ပြောလိုက်တော့ ကိုကိုက သူ့ကို မျက်လုံးလှလှလေးတွေနဲ့ မော့ကြည့်လာသည်။ထိုအခိုက်မှာ ညှို့အားပြင်းတဲ့ မျက်ဝန်းညိုတွေနဲ့ ဆွဲအားပြင်းတဲ့မျက်ဝန်းနက်တို့ အကြည့်ချင်းဆုံကြသည်။

ထယ်ယောင်း ကိုကို့ရဲ့ အရည်ရွှန်းလက်နေတဲ့ မျက်လုံးလေးတွေကို ဖိကပ်နမ်းလိုက်သည်။

* မောင် ကိုကို့ကို အရမ်းချစ်တယ်..ထာဝရထက်ပိုပြီးတော့ ချစ်တယ်... အရာအားလုံးထက်ပိုပြီးမြတ်နိုးတယ် ကိုကို..*

မောင့်ရဲ့ နှုတ်ခမ်းထူထူ‌နဲ့ဖိကပ်ခံထားရတဲ့ မျက်လုံးလေးတွေကို အသာမှိတ်ကာ မောင့်ရဲ့ အနမ်းကို ကျေကျေနပ်နပ်ခံယူနေမိ၏။

* ငါလည်းမောင့်ကို ချစ်တယ်...အရာအားလုံးထက်ပုံအပ်ပြီးတော့ မောင့်ကို ဘဲ ချစ်ပြီး ယုံကြည်တာမို့..မောင်က ငါ့ကို နားလည်ပြီးဘက်ခံပေးရမယ်နော်..ချစ်တယ်မောင်..အချစ်က မောင်နဲ့စပြီး မောင်နဲ့ အဆုံးသတ်တယ်..*

««ဒါဆို...အမုန်းကရော..ဘယ်သူနဲ့စပြီး ဘယ်သူနဲ့အဆုံးသတ်မလဲဆိုတာ...ကံကြမ္မာက လွှဲပြီး ဘယ်သူမှ မသိနိုင်...»»

~

~

~

‌ အချိန်တွေလည်ပတ်နေတာ..မြန်လွန်းလှသည်။ နေ့ပြီးတော့လ လကုန်တော့ နှစ်..ရာသီစက်ဝန်း‌တွေ‌ပြောင်းလာတာနဲ့အမျှ သူတို့မိသားစုလေးက သံယောဇဉ်တွေခိုင်မြဲလာသည်။


နူးနူးလေးလည်း အခုဆိုတစ်နှစ်နဲ့ ခြောက်လရှိပြီ...တဖြေးဖြေးနဲ့အနေအေးလာတဲ့ သမီးငယ်က မျက်နှာလေးတော့ပြုံးချိုနေတတ်သည်။

တဖြေးဖြေးပီပြင်လာတဲ့ရုပ်သွင်းလေးက ဂျောင်ဂုအသေးစားလေးလို့ထင်မှတ်ရလောက်အောင် လှရက်လွန်းသည်။လိုချင်တာရှိရင် မျက်ဝန်းဝိုင်းကြီးတွေနဲ့မော့ကြည့်လာတဲ့ သမီးငယ်က သူ့ပါးပါးလို ပင်....

ထယ်ယောင်းဦးစီးလုပ်ကိုင်တဲ့ လုပ်ငန်းတွေကလည်း ‌ပိုပြီးအောင်မြင်လာ၏။သူတို့မိသားစုလေးကလည်း တစ်နေ့ထက်တစ်နေ့ပျော်စရာကောင်းလှသည်။

အဲ့မနေ့မတိုင်ခင်ထိပေါ့...

ထယ်ယောင်း ဒီနေ့ရုံးမသွားဘဲ အိမ်မှာဘဲ အလုပ်လုပ်နေ၏။ဒယ်ဒီနဲ့မာမီလည်း အခုနှစ်ပိုင်းမှာ ကျန်းမာရေးမကောင်းလို့ဆေးရုံခဏခဏသွားပြနေရသည်။အခုလည်း ဆေးရုံသွားတာကြောင့် အိမ်မှာ အလုပ်သမားတွေနဲ့ သူတို့သာရှိ၏။

သူ့ရဲ့အလုပ်ခန်းထဲမှာဘဲ..ကိုကိုရော သမီးလေးပါရောက်နေကြသည်။ သူက လက်တော့ပ်စ်နဲ့ ဒီဇိုင်းဆွဲနေပြီး...ကိုကိုက ချည်ထိုးနေသည်။နူးနူးလေးက အရုပ်တွေနဲ့ဆော့နေ၏။

" ဖောင်း!!! "


" အူဝဲ.... အူဝဲ.... ဝဲ... "

ရုတ်တရပ် ပေါက်ကွဲသံကြားလိုက်ရတာမို့ ထယ်ယောင်းတောင်လန့်သွား၏။ကလေးငိုသံတောင်ထွက်လာသည်။ အမြန်ပင် အောက်ထပ်ဆင်းလိုက်တော့ အလုပ်သမားတွေလည်း ရုတ်ရုတ်သည်းသည်းဖြစ်နေကြသည်။

" ဘာဖြစ်ကြတာလဲ..အသံကျယ်ကြီးဘဲ..ဘေးအိမ်က ကလေးတောင်လန့်ငိုတယ်.."


" ဟို..ဂတ်စ်အိုး ပေါက်တာပါ သားထယ် ဒေါ်ကြီးဂျူးတို့အချိန်မှီသိလို့ မီးငြိမ်းနိုင်လိုက်တယ် အားမပြင်းဘူးသား ဂတ်စ်က ကုန်ခါနီးမလို့...."

" ဟုတ်လား..နောက်ဆို ဂတ်စ်အိုးသုံးမယ်ဆိုသတိထား..အချိန်မှီမသိရင် မီးလောင်နိုင်တယ်..ဘာမှကြီးကြီးမားမားမဖြစ်တာတော်သေးတယ်.."

" ဒေါ်ကြီး ဂရုစိုက်ဖို့ပြောလိုက်ပါ့မယ်.."

" အူဝဲ.... အူဝဲ.... ဝဲ.... ဝဲ...."

ထယ်ယောင်းလည်း ဘာမှဆက်မပြောတော့ဘဲ အပေါ်ထပ်သာ ထပ်လာလိုက်သည်။အခုချိန်ထိ ဘေးအိမ်ကကလေးငိုသံကမတိတ်သေး...ထယ်ယောင်းတို့ခြံနဲ့ အတော်လှမ်းတဲ့အိမ်ပေမဲ့ ပေါက်ကွဲသံကကျယ်တာမို့ လသားအရွယ်ကလေးတစ်ယောက်အနေနဲ့ လန့်ငိုမယ်ဆို ငိုချင်စရာ..

* အဲ့ကလေးတောင်ငိုတယ် ဆို..နူးနူးလေးကရော....နူးနူး..*

ထယ်ယောက်း အခုမှ နူးနူးလေးအခြေနေကို သတိထားမိသွားသည်။ငိုသံတစ်ချက်မှ ထွက်မလာတာကြောင့် စိုးရိမ်စိတ်‌တွေကြီးစိုးလာ၏။

" ဒုန်း!!! "

စိုးရိမ်စိတ်နဲ့ အလုပ်ခန်းတံခါးကို ခပ်ကြမ်းကြမ်းဖွင့်လိုက်ပေမဲ့ ကိုကိုရောနူးနူးပါလှည့်ကကြည့်မလာ..ကိုကိုက မကြားတဲ့သူမို့ လှည့်မကြည့်ပေမဲ့ နူးနူးလေးကရော..ဘာကြောင့်လှည့်မကြည့်တာလဲ...

မွေးတဲ့အချိန်ကနေစပြီး..အဲ..အဲ..ဆိုတဲ့ အသံလေးသာထွက်တဲ့ သမီးငယ် ..အခု တစ်နှစ်ခြောက်လရှိပြီ..စကားလုံးဝမပြောသေး..မာမီတို့ကိုမေးရင် နှစ်နှစ်လောက်ဆိုပြောမှာပါဆိုပြီး ဖြောင်းဖျတတ်တာကြောင့် သူလည်း အဟုတ်ထင်မှတ်ခဲ့တာ..ရယ်ပြီဆိုရင်လည်း အသံလေးမထွက်ဘဲ...အရမ်းအရယ်လွန်မှ အဲ..ဆိုတဲ့တစ်ချက်လောက်သာထွက်တတ်တဲ့ သမီးငယ်...တကယ်ကြီးဘဲ..သူ့ပါးပါးနဲ့သွားတူနေတာလား..

ထယ်ယောင်း အတွေးတွေနဲ့ ကမ္ဘာပျက်မတတ်ခံစားနေရသည်။ကျလုဆဲဆဲမျက်ရည်တွေကို အံကြိတ်တင်းခံကာ အားတင်းလိုက်သည်။

" ခုနက တံခါးဖွင့်သံက တိုးလို့နေမယ်..ငါ့..ငါ့သမီးလေးက ဘာကြောင့် အဲ့လိုဖြစ်မှာလဲ...ငါ..ငါ..စမ်းသပ်ကြည့်မယ်.."

တုန်ခါချင်နေတဲ့အသံကို ထိန်းကာ...ချက်ချင်းဘဲ သူ့အလုပ်စားပွဲပေါ်မှာရှိတဲ့ နွားနို့ ခွက်ကို အောက်ခံထားတဲ့ လင်ပန်းကိုယူကာ နံရံကို ပစ်ပေါက်လိုက်သည်။

" ဒုန်း!... ခလွမ်!....ခလွမ်!.. "

သမီးကိုကြည့်လိုက်တော့ အရုပ်လေးနဲ့ အဆော့မပျက်..ကိုကို့ကို ကြည့်လိုက်တော့လည်း ချည်ထိုးမပျက်..သူထင်တာတွေမှန်နေပြီလား...

သူ့ရင်တွေနာလိုက်တာ ..ဘာကြောင့်လဲ..ဘာကြောင့်..သမီးလေးမှလဲ...ဘာကြောင့်လဲ.!!!....


" မဟုတ်ဘူး...ထပ်စမ်းရမယ်...အသံကတိုးနေသေးလို့.."

အခုထိလက်မခံချင်သေးတဲ့သူက မျှော်လင့်ချက်လေးနဲ့ ဆက်လုပ်နေမိသည်။ချစ်ရသူရော သမီးလေးပါအခုလိုဆို သူရူးမတတ်ဖြစ်လိမ့်မယ်..


" အုန်း!... ဘုန်း!... ဘုန်း!!."

" ဝုန်း!!."


အနားမှာရှိတဲ့စာအုပ်အထူကြီးတွေ ထိုင်ခုံနဲ့ မီးအိမ်တွေကို ပစ်ချကြည့်တော့ လုံးဝ လက်ကလေးတောင်တွန့်မသွားတဲ့ သမီးငယ်ကို ကြည့်ပြီး ထယ်ယောင်း ဒူးထောက်လဲကျသွားသည်။

" သွား!...သွားပါပြီ!...ဒယ် . ဒယ်ဒီ အကြောက်ဆုံး အရာတွေ ဖြစ်လာပြီ သမီးရယ်.."


အမှန်ဆိုရင်တောင် လက်မခံနိုင်တဲ့သူ့ နှလုံသားကြောင့် နာကျင်နေရပြီ..

"သ..သမီး..နူးနူး...!!!."

ထယ်ယောင်း အသံကုန်အော်ခေါ်လိုက်သော်လည်း လုံးဝလှည့်မကြည့်တဲ့ သမီးငယ်...


ဒယ်ဒီ့သမီးငယ်ရယ်..ရုပ်ရည်တင်မဟုတ်ဘဲ အရာအားလုံး သမီးငယ် ပါးပါးကို သွားတူနေတာလားကွယ်..ဒယ်ဒီ ရင်တွေကွဲပါပြီ...ဒယ်ဒီ အများကြီးမျှော်လင့်ထားတာလေ...ဒယ်ဒီ့ နူးနူးလေး ပါးစပ်ကနေ..ဒယ်ဒီလို့ခေါ်လာမဲ့နေ့..ရယ်သံခိုးခိုးခစ်ခစ်လေးတွေ ထွက်လာမဲ့နေ့ စကားတီတီတာတာလေးတွေပြောပြီး ချွဲလာမဲ့နေ့..အဲ့နေ့ကို ဒယ်ဒီ မျှော်နေတာလေ...အခုတော့..ဒယ်ဒီ..ဘာဆက်လုပ်ရမလဲ သမီးငယ်ရယ်...

«« မင်း ရဲ့ င အက မွေးရာပါ..ကုလို့မရဘူး..ကလေးတွေကလည်း သူလိုမျိုး မျိုးရိုးလိုက်ပြီး င အတွေ ဖြစ်လာမှာ... »»


နားထဲမှာ အရင်က လီဟွန်းဂျယ်ပြောခဲ့တဲ့စကားတွေကြားယောင်လာသည်။


" အားးးး!! မဟုတ်ဘူး!!!...နူးနူးလေးက အဲ့လိုမဟုတ်ဘူး..!! အားး မဟုတ်ဘူးလို့!.."


ထယ်ယောင်း နားနှစ်ဖက်ကို အုပ်ကာ အော်ဟစ်ငြင်းဆန်နေမိ၏။


ရင်ဘတ်ကြီးထဲက တအားနာတာ ..ကိုယ့်သွေးသားတစ်ယောက်က အခုလိုဖြစ်နေတော့ ထယ်ယောင်း ဘယ်လိုမှဖြေသိမ့်လို့မရ...



ထယ်ယောင်းသောင်းကျန်းတဲ့အသံတွေကြောင့်အလုပ်သမားတွေနဲ့ ဒေါ်ကြီးဂျူးလည်း အပေါ်ထပ်တက်လာတော့ အလုပ်ခန်းတံခါးက ပွင့်နေတာကြောင့် အထဲကအခြေနေကို မြင်လိုက်ရပြီး အရာအားလုံး နားလည်လိုက်ပြီ...ကံကြမ္မာက ရက်စက်လိုက်ပြီထင်တယ်..အရုပ်ကြိုးပျက်ပုံစံနဲ့ငိုယိုနေတဲ့ထယ်ယောင်းနဲ့ ထယ်ယောင်းကို တောင်းပန်တဲ့မျက်ဝန်းလေးတွေနဲ့ ကြည့်နေတဲ့ဂျောင်ဂု..ဝုန်းဒိုင်းကြဲကာ ပွတ်လောရိုက်နေတာတောင် အပူအပင်ကင်းကင်း အရုပ်လေးတွေနဲ့ဆော့နေတဲ့ နူးနူး...




ဂျောင်ဂု ချည်ထိုးရင်း မျက်လုံးထောင်ကနေ မောင့်ကိုကြည့်မိတော့ စာအုပ်တွေ ထိုင်ခုံတွေကို ကိုင်ပေါက်နေတဲ့မောင်..သမီးသမီးလေးကိုကြည့်ပြီး မယုံနိုင်တဲ့အမူအရာတွေနဲ့ ငိုနေတဲ့ မောင့်ပုံစံကို ကြည့်ပြီး ဂျောင်ဂု နားလည်လိုက်ပြီ...



သွေးမရှိတော့သလို ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ကြမ်းပြင်ပေါ်ဒူးထောက်ပြီး လဲကျသွားတဲ့မောင့်ကိုမြင်ပြီး ဂျောင်ဂု ရင်ထဲကအောင့်တက်လာသည်။



* သ..သမီးလေးလည်း...ငါ့ .ငါ့လိုဘဲလား..မောင်..ငါ..ငါတောင်းပန်ပါတယ်...*

ထယ်ယောင်းလည်း ကိုကိုကိုကြည့်လိုက်တော့ သူ့ကိုကြည့်ပြီး မျက်ရည်တွေဝဲနေတာကိုတွေ့ရသည်။

~

~

~




Good night ပါသဲငယ်လေးတို့ 😘💜💜💜💜💜💜💜

Thanks for votes, feedback and comment.

I Love my readers forever ❤️

I PURPLE YOUR 💜





______________________________________








# Zawgyi #

" သားထယ္..ကားကိုဂ႐ုစိုက္ေမာင္းေနာ္..."

"ဟုတ္ကဲ့မာမီ.."

" ဘြားေျမးေလး...ေပ်ာ္ေပ်ာ္လည္ခဲ့ေနာ္..မြ! ! တစ္ေန႕လုံးလႊမ္းေနရေတာ့မွာဘဲ...မြ!.. "

ခ်ယ္ေယာင္းက ႏူးႏူးရဲ႕ပါးေဖာင္းေဖာင္းေလးကို နမ္းၿပီး ေဂ်ာင္ဂုလက္ထဲထည့္ေပးလိုက္သည္။

" မာမီ...ဒယ္ဒီ...သြားၿပီေနာ္.."

ထယ္ေယာင္းက ေဂ်ာင္ဂုနဲ႕ သမီးေလးကို ကားတံခါးဖြင့္ၿပီးထိုင္ခိုင္းလိုက္ကာ မာမီတို႔ကိုႏႈတ္ဆက္ၿပီး.. drive seat ေနရာသြားထိုင္ၿပီးကားေမာင္းကာ ထြက္သြားလိုက္၏။

သမီးေလးအတြက္ ကားစီးရင္ထိုင္ရသည့္ ထိုင္ခုံဝယ္ေပးထားေသာ္လည္း ကိုကိုက သမီးေလးကို ေပြ႕ၿပီးထိုင္ေနတာေၾကာင့္ ထယ္ေယာင္းလည္း ဘာမွမေျပာေတာ့ေပ....ခဏၾကာေတာ့ ႏူးႏူးေလးက ကိုကို႔ရဲ႕ရင္ခြင္ထဲမွာပင္အိပ္ေပ်ာ္သြားၿပီ...

တိရိစ္ဆာန္ဥယ်ာဥ္က အေတာ္ေဝးတာမို႔ ေလးဆယ့္ငါးမိနစ္ေလာက္ေမာင္းရသည္။ ကိုကိုကေတာ့ ရင္ခြင္ထဲက သမီးေလးေအးေနမွာစိုးလို႔ ေစာင္‌ပါးေလးထုတ္ကာၿခဳံေပးထားၿပီး..ပတ္ဝန္းက်င္ကိုၾကည့္ကာ စူးစမ္းေန၏။ထယ္ေယာင္းလည္း ကားကိုသာဂ႐ုစိုက္ေနလိုက္သည္။


တိရိစ္ဆာန္ဥယ်ာဥ္ေရာက္ေတာ့...ထယ္ေယာင္း ကားပါကင္ထိုးၿပီး ကားေပၚက ဆင္းကာ ကိုကိုတို႔ ဘက္သြားၿပီး ကားတံခါးဖြင့္ေပးလိုက္သည္။ႏူးႏူးေလး တစ္လမ္းလုံးအိပ္လာေတာ့ အိပ္ေရးဝၿပီး..နိုးေနၿပီ...ကိကို႔လက္ထဲက ႏူးႏူးေလးကို ထယ္ေယာင္းက ယူၿပီးခ်ီလိုက္ေတာ့ ကိုကိုက ကားေနာက္ခန္းထဲက ႏူးႏူးေလးရဲ႕ အသုံးေဆာင္ပစၥည္းေလးေတြ ထည့္ထားတဲ့အိတ္ကို လက္တစ္ဖက္က ကိုင္ကာ..က်န္တစ္ဖက္က ထယ္ေယာင္းရဲ႕ လက္ေမာင္းတစ္ဖက္ကို ခ်ိတ္ၿပီး တိရိစ္ဆာန္ဥယ်ာဥ္ထဲဝင္သြားၾက၏။

အဝင္ဝမွာ ဝင္ခြင့္လက္မွတ္ လူႀကီးႏွစ္ေစာင္ကိုျဖတ္လိုက္သည္။ႏူးႏူးေလးက လသားေလးမို႔ လက္မွတ္ျဖတ္စရာမလိုေပ...

႐ုံးပိတ္ရက္မို႔ တိရိစ္ဆာန္ဥယ်ာဥ္မွာ လာလည္တဲ့လုေတြမ်ားေန၏။ တစ္ခါမွ လူမ်ားမ်ားနဲ႕ မေနဖူးတဲ့ ႏူးႏူးေလးက ပင္ကိုမ်က္လုံးဝိုင္းေလးေတြနဲ႕ စူးစမ္းၿပီးလိုက္ၾကည့္ေနသည္။

ထယ္ေယာင္းက အဝင္ဝနဲ႕ နည္းနည္းလွမ္းတဲ့ေနရာမွာရွိတဲ့ ေရျမင္းေတြထားတဲ့ေနရာကို အရင္ဝင္လိုက္သည္။ ကိုကိုကလည္း သူ႕ရဲ႕လက္ေမာင္းကိုကိုင္ကာ ‌ထပ္ၾကပ္မကြာလိုက္လာ၏။

" ႏူးႏူးေလးေရ..ၾကည့္ပါအုံး!.. ေရျမင္းႀကီးေတြ.. သမီးသေဘာက်လား..ေျပာပါအုံးကြ.."

ေရျမင္းအႀကီးႀကီးေတြျမင္ေတာ့ သမီးငယ္က လက္ကေလးေတြတထိုးထိုးနဲ႕ ေရျမင္းကို ၾကည့္ေနသည္။ မ်က္လုံးေလးေတြလည္း ဝိုင္းကာ ႏႈတ္ခမ္းပိစိေလးေတြလည္း ဟၿပီး တအံ့တဩ..ကိုကို႔ကိုၾကည့္လိုက္ေတာ့လည္း...သမီးေလးနည္းတူပင္...အမူအရာေတြခြၽတ္ဆြတ္တူေနတဲ့ သားအဖႏွစ္ေယာက္ေၾကာင့္ ထယ္ေယာင္းၿပဳံးၿပီးၾကည့္မိသည္။

" ဟုတ္ပါၿပီ..ဒယ္ဒီ..ၾကည့္ေနပါတယ္ သမီး‌ရဲ႕.."

ထယ္ေယာင္းက ကိုကို႔ကိုေငးေနတာေတြ႕တဲ့သမီးငယ္က ထယ္ေယာင္းရဲ႕ပါးကို ပုတ္ကာ ေရျမင္းေတြကို လက္ညွိုးထိုးျပေန၏။ၿပီးေတာ့သူ႕ပါးပါးကိုလဲ လွမ္းၿပီး ပုတ္ကာ ေရျမင္းကိုျပေနသည္။ကိုကိုက သမီးေလးကိုၿပဳံးၿပီး ပါးျပင္ေလးကို အနမ္းေခြၽလိုက္၏။

" သမီး ေရျမင္းႀကီးကို အစာေကြၽးၾကမယ္.."

ထယ္ေယာင္းက ကန္စြန္း႐ြက္ႏွစ္စည္းဝယ္က ကိုကို႔လက္ထဲတစ္စီးထည့္ေပးၿပီး သူနဲ႕ ႏူးႏူးေလးက တစ္စီးယူလိုက္သည္။ႏူးႏူးေလးလက္ပိစိေလးကို ထယ္ေယာင္းက အေပၚကေနအုပ္ၿပီး ကန္စြန္း႐ြက္ကိုကိုင္ကာ ေရျမင္းပါးစပ္ထဲပစ္ခ်လိဳက္သည္။ ေရျမင္းႀကီးက ႏွစ္ေကာင္ရွိၿပီး အ႐ြယ္အစားက ဆင္တစ္ေကာင္ထက္ေတာင္ႀကီးေသးသည္။ပါးစပ္အက်ယ္ႀကီးဟကာ အစားေတာင္းေနတာေၾကာင့္ သူတို႔လည္း ကန္စြန္း႐ြက္ေတြကို ပစ္ပစ္ၿပီးထည့္ေပးေနၾက၏။သမီးေလးက တိရိစ္ဆာန္ေလးေတြကို ခ်စ္တတ္တဲ့သူမို႔ မေၾကာက္ဘဲ သေဘာေတြက်ေနသည္။

ေရျမင္းကို အစာေကြၽးလို႔ၿပီးေတာ့ ေမ်ာက္ကေလးေတြရွိတဲ့ေနရာကိုသြးလိုက္ၾကသည္။ေမ်ာက္ေတြက ေလွာင္အိမ္‌ထဲက သစ္ပင္ေလးေတြေပၚမွာ..ခုန္လိုက္..ထိုင္လိုက္..အတက္အဆင္းျပဳလိုက္နဲ႕ေဆာ့ေနၾကသည္။ အၿငိမ္မေနတဲ့အေကာင္ေလးေတြမို႔ သမီးငယ္က အထူးအဆန္းၾကည့္ေနသည္။

" ေဟာ....ေတြ႕လားႏူးႏူး...ေမ်ာက္ကေလးေတြ...အစာေကြၽးမလားသမီး.."

ထယ္ေယာင္းက ေမးလည္းေမး ေဘးက အစာေရာင္းတဲ့ဆိုင္မွာ ငွက္ေပ်ာသီးတစ္ဖီးသြားဝယ္လိုက္၏။

သမီးငယ္လက္ထဲတစ္လုံးတည့္ေပးၿပီး...သူကတစ္လုံးယူကာ က်န္တာကို ကိုကို႔ကိုေပးလိုက္သည္ ။

သူနဲ႕ကိုကိုက ေမ်ာက္ကေလးေတြကို အစာေကြၽးေနေပမဲ့ သူ႕ကိုယ္ေပၚက သမီးက ထူးထူးဆန္းဆန္းၿငိမ္ေနတာမို႔ၾကည့္လိုက္ေတာ့..သူေပးတဲ့ငွက္ေပ်ာ္သီးကို ေမ်ာက္မေကြၽးဘဲ အခြံမခြာဘဲ အလုံးလိုက္ကိုကိုက္ေန၏။ငွက္ေပ်ာ္သီးမွာ သြားရာေသးေသးေလးေတြထင္ေနၿပီး..သမီးပ သြားရာေလးေတြကေန စုပ္ကာ တႁပြတ္စ္ႁပြတ္စ္နဲ႕ အရသာခံေနသည္။ႏႈတ္ခမ္းပိစိေလးေတြက တလႈပ္လႈပ္နဲ႕ ကိုက္လိုက္ အရသာခံလိုက္နဲ႕ တကယ့္လူႀကီးေလးအတိုင္း...

" သမီးရယ္..အဲ့တာက ေမ်ာက္ေလးေတြကိုေကြၽးဖို႔ေလ..ႏူးႏူးစားလို႔မရဘူး.."

ထယ္ေယာင္းက သမီးကိုက္ေနတဲ့ ငွက္ေပ်ာသီးကို ယူကာ ေျပာလိုက္ေတာ့ မ်က္ရည္ဝဲဝဲေလးနဲ႕ လက္ဝါးေလးျဖန့္ကာ ျပန္ေတာင္းေန၏။

ကိုကိုကေတာ့ သူတို႔သားအဖႏွစ္ေယာက္အေျခေနကို ၾကည့္ေနသည္။

" ႏူးႏူး....မ‌စားရဘူးေနာ္...လိမၼာပါတယ္ ဒယ္ဒီ့သမီးက.."

ေနာက္ဆုံးေတာ့ ကင္မ္ဟာႏူးတို႔က လိုခ်င္တာ မရသျဖင့္ မ်က္လုံးဝိုင္းႀကီးေတြကေန မ်က္ရည္ဥေတြလိမ့္ဆင္းလာသည္။

သားသမီးမ်က္ရည္က်ရင္ မိဘေတြက မၾကည့္ရက္တာမို႔ ငွက္ေပ်ာသီးကို ေသခ်ာအခြံ႕ခြာေပးလိုက္ၿပီး သမီးငယ္ရဲ႕လက္ထဲထည့္ေပးလိုက္ေတာ့မွ မ်က္ႏွာေလးၿပဳံး႐ႊင္လာ၏။

" ၾကည့္!..အမ်ိဳးမ်ိဳးတတ္နိုင္တယ္ေနာ္ ကင္မ္ဟာႏူး...ေျပာပါအုံး သမီးက ေမ်ာက္ေပါက္ေလးလား..ဟမ္!.. ‌ေမ်ာက္ေပါက္ေလးေရ.."

ထယ္ေယာင္းက ငွက္ေပ်ာသီးကို တၿမဳံ႕ၿမဳံနဲ႕ဝါးေနတဲ့ ႏူးႏူးေလးရဲ႕ပါးေဖာင္းေဖာင္းေလးကိုနမ္းကာ ေျပာလိုက္ေတာ့ ႏူးႏူးေလးက ရယ္ျပေန၏။ေမ်ာက္ေတြကို လက္ညွိုးထိုးလိုက္..ငွက္ေပ်ာသီးစားလိုက္နဲ႕ အလုပ္ရႈပ္ေနတဲ့ ကင္မ္ဟာႏူး....

~

~

~

ေန႕လည္ေရာက္‌‌ေတာ့ တိရိစ္ဆာန္ဥယ်ာဥ္မွာရွိတဲ့ ပန္းၿခံေလးမွာ ဖ်ာခင္းၿပီး ေန႕လည္စာစားဖို႔ကိုကိုက အိမ္က ေဒၚႀကီးဂ်ဴးျပင္ေပးလိုက္တဲ့ အစာအစားေတြကို ျပင္ဆင္ေနသည္။ထယ္ေယာင္းနဲ႕ ႏူးႏူးေလးကေတာ့ ပန္းၿခံကအ႐ုပ္ေရာင္းတဲ့ဆိုင္မွာ ဆပ္ျပာပူးေဖာင္းေသနတ္ကိုဝယ္ကာ သားအဖႏွစ္ေယာက္ေဆာ့ေနၾကသည္။


" ပူးေဖာင္ေတြလာၿပီေနာ္..ဖမ္းမယ္..ႏူးႏူးေရ...ဟုတ္ၿပီကြ.."

ထယ္ေယာင္းက ‌ေသနတ္ေမာင္းေလးကို ႏွိပ္လိုက္တာနဲ႕ ပူေဖာင္းေလးေတြထြက္လာတာကို ႏူးႏူးေလးက လိုက္ဖမ္းေနသည္။ဖင္ေလးႂကြႂကြၿပီးဖမ္းကာ သူ႕ရဲ႕လက္ေသးေသးေလးေတြနဲ႕ထိလိုက္တာနဲ႕ေပါက္သြားတဲ့ ပူေဖာင္းေလးေတြကို သေဘာက်ေနတဲ့ႏူးႏူးေလး...



ျမက္ခင္းစိမ္းစိမ္းေလးေပၚမွာ ထိုင္ေနတဲ့ သမီးငယ္ႏူးႏူးက အ႐ုပ္ေလးတစ္႐ုပ္ေလးခ်ထားသလိုပင္။ ခရမ္းေရာင္ဂါဝန္ေဖာင္စေဖာင္းေလးနဲ႕ ျဖဴေဖြးဥေနတဲ့အသားရည္..ၾကည္လင္တဲ့မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႕သမီးငယ္က ျမင္သူတိုင္းႏွစ္ခါျပန္ၾကည့္ရေလာက္ေအာင္ ခ်စ္ဖို႔ေကာင္းလွသည္။

" အာ!.. ပူေဖာင္း ထပ္လုပ္ေပးရမွာလား..လုပ္ေပးမယ္ေနာ္.."

သမီးငယ္အေၾကာင္းေတြးေနတုန္း ပူေဖာင္းေလးေတြေပ်ာက္သြားတာမို႔ သမီးေလးက သူ႕ရဲ႕လက္တုတ္တုတ္ေလးေတြနဲ႕ ထယ္ေယာင္းရဲ႕ ေပါက္ကိုပုတ္ၿပီး သူ႕လက္ထဲက ဆပ္ျပာေသနတ္ကို လက္ညွိုးထိုးျပတာေၾကာင့္ ဆပ္ျပာထြက္ေအာင္ ခလုတ္ႏွိပ္ေပးလိုက္သည္။


လက္ပိစိေလးေတြ မိုးေပၚျမႇောက္ကာ ဖင္ေလးႂကြႂကြၿပီးခုန္၍ ပူေဖာင္းေလးေတြကို လက္နဲ႕ဖမ္းေနတဲ့သမီးငယ္..သူဖမ္းလို႔ေပါက္သြားရင္ ႏွာေခါင္းေလးရႈံ႕ၿပီး မ်က္လုံးေလးမွိတ္ကာ ရယ္ေန၏။အဲ့အက်င့္ေလးကလည္း ေသခ်ာေပါက္ သူ႕ပါးပါးနဲ႕တူတာပင္...


*~.ထမင္းစားေတာ့မလား.~*

သမီး‌နဲ႕ေဆာ့ေနတုန္း ကိုကိုကစာေရးၿပီးေမးလာတာေၾကာင့္ ေခါင္းခါျပလိုက္သည္။

" ကိုကိုေရာဆာၿပီလား.."

သူေမးေတာ့ ေခါင္းျပတဲ့ကိုကို...ၿပီးေတာ့ ငမီးေလးကို ခ်ီလိုက္၏။

သမီးက သူ႕ပါးပါးခ်ီလိုက္တာေၾကာင့္ အေပၚတက္ေနတဲ့ပူေဖာင္းေတြကိုမွီသြားၿပီး လက္ကေလးေတြနဲ႕လိုက္ဖမ္းေနသည္။မ်က္ႏွာေလးေမာ့ၿပီး အေပၚကိုၾကည့္ကာ လိုက္ဖမ္းေနတဲ့သမီးငယ္...ထယ္ေယာင္းလည္း ပူေဖာင္းေတြကို အဆက္မျပတ္ထြက္လာေအာင္ႏွိပ္ေပးလိုက္၏။

ပူေဖာင္းေတြၾကားမွာ ရပ္ၿပီးဖမ္းေနတဲ့ကိုကိုရာ သမီးငယ္ေရာပါ ၿပံး႐ႊင္ေနၾကသည္။ခဏေနေတာ့ ေနပူလာသျဖင့္ အပင္ေအာက္မွာခင္းထားတဲ့ သူတို႔ရဲ႕ဖ်ာေလးဆီမွာသြားထိုင္ၾကသည္။ကိုကိုက သမီးေလးကိုကိုျဖည့္စြက္စာေကြၽးေနၿပီး သူက ပန္းကန္တစ္ခ်ပ္နဲ႕စားစရာေတြထည့္ကာ သူစားလိုက္ ကိုကိုခြံ႕လိုက္ နဲ႕အလုပ္ရႈပ္ေနသည္။

တစ္ခါမွအျပင္မထြက္ဘူးတဲ့ႏူးႏူးေလးက အျပင္ထြက္ရေတာ့ ျမဴးထူးၿပီးအေဆာ့လြန္ထားေတာ့ ျဖည့္စြက္စာစားၿပီးတာနဲ႕ ကိုကို႔ရင္ခြင္ထဲမွာ မ်က္လုံးေလးေတြေမွးေနၿပီ...

*~.ေတာ္ၿပီေမာင္...ကိုကို ႏူးႏူးေလးကိုသိပ္လိုက္အုံးမယ္...ေမာင္ဆက္စားႏွင့္ေနာ္.~*

ထယ္ေယာင္းက စာဖတ္ၿပီး ေခါင္းၿငိမ့္ကာ ဆက္စားေနေတာ့ ေဂ်ာင္ဂုက သမီးရဲ႕ေခါင္းေလးကို ပခုံးေပၚတင္ၿပီး ခ်ီကာ လက္ဖစ္ဖက္ျဖင့္ ေက်ာျပင္ေလးကို ဖြဖြေလးပုတ္ကာၿပီး ေခ်ာသိပ္ေနလိုက္သည္။သမီးေလးအိပ္ေပ်ာ္သြားေတာ့ ဖ်ာေပၚမွာ ေစာင္အပါးေလးခင္းၿပီး ေမြ႕ေခါင္းအုံးေလးခ်ကာ သိပ္လိုက္ၿပီး ေစာင္ၿခဳံေပးလိုက္သည္။ေန႕လယ္ခင္းမို႔ ပန္းၿခံေလးက လူရွင္းေနၿပီး...တိတ္ဆိတ္တာမို႔ သမီးေလးအိပ္တဲ့ေနရာမွ အႏွောက္အယွက္မျဖစ္...

ေမာင္ကိုၾကည့္ေတာ့ စားေသာက္ၿပီးသြားသည္မို႔ သိမ္းစရာရွိတာသိမ္းလိုက္သည္။ေမာင္ကလည္း သူ႕ကို အတူကူသိမ္းေပး၏။

အားလုံးသိမ္းဆည္းၿပီးေတာ့ သူနဲ႕ အတူ ေမာင္က လာထိုင္သည္။

*~.ေမာင္..ဒီေန႕ သမီးေလးက အရမ္းေပ်ာ္ေနတာ...အေကာင္ေလးေတြၾကည့္ၿပီး သူသိပ္သေဘာက်ေနတာ...ေနာက္အားလပ္ရက္ေတြလည္း သမီးေလးကို မေရာက္ဘူးတဲ့ေနရာေတြလိုက္ပို႔ေပးရေအာင္ ေမာင္.~*

*~.ပို႔ေပးမွာေပါ့ ကိုကို..ဒါနဲ႕ ကိုကိုေရာေပ်ာ္လား.~*

*~.ေပ်ာ္တာေပါ့ေမာင္ရဲ႕..မင္းနဲ႕အတူေနရတိုင္း ငါေပ်ာ္တယ္..အခု သမီးေလးပါ ရွိေတာ့ ပိုၿပီးေတာင္ေပ်ာ္တယ္...ငါစိတ္ကူးယဥ္ခဲ့တဲ့ မိသားစုေလးအ အခုလိုမ်ိဳးေလးေလ..ေမာင္...~*

"ေမာင္လဲတူတူဘဲ ကိုကို.."

ထယ္ေယာင္း ကိုကို႔စာကိုဖတ္ၿပီး ေျပာလိုက္ေတာ့ ကိုကိုက သူ႕ကို မ်က္လုံးလွလွေလးေတြနဲ႕ ေမာ့ၾကည့္လာသည္။ထိုအခိုက္မွာ ညွို႔အားျပင္းတဲ့ မ်က္ဝန္းညိုေတြနဲ႕ ဆြဲအားျပင္းတဲ့မ်က္ဝန္းနက္တို႔ အၾကည့္ခ်င္းဆုံၾကသည္။

ထယ္ေယာင္း ကိုကို႔ရဲ႕ အရည္႐ႊန္းလက္ေနတဲ့ မ်က္လုံးေလးေတြကို ဖိကပ္နမ္းလိုက္သည္။

* ေမာင္ ကိုကို႔ကို အရမ္းခ်စ္တယ္..ထာဝရထက္ပိုၿပီးေတာ့ ခ်စ္တယ္... အရာအားလုံးထက္ပိုၿပီးျမတ္နိုးတယ္ ကိုကို..*

ေမာင့္ရဲ႕ ႏႈတ္ခမ္းထူထူ‌နဲ႕ဖိကပ္ခံထားရတဲ့ မ်က္လုံးေလးေတြကို အသာမွိတ္ကာ ေမာင့္ရဲ႕ အနမ္းကို ေက်ေက်နပ္နပ္ခံယူေနမိ၏။

* ငါလည္းေမာင့္ကို ခ်စ္တယ္...အရာအားလုံးထက္ပုံအပ္ၿပီးေတာ့ ေမာင့္ကို ဘဲ ခ်စ္ၿပီး ယုံၾကည္တာမို႔..ေမာင္က ငါ့ကို နားလည္ၿပီးဘက္ခံေပးရမယ္ေနာ္..ခ်စ္တယ္ေမာင္..အခ်စ္က ေမာင္နဲ႕စၿပီး ေမာင္နဲ႕ အဆုံးသတ္တယ္..*

««ဒါဆို...အမုန္းကေရာ..ဘယ္သူနဲ႕စၿပီး ဘယ္သူနဲ႕အဆုံးသတ္မလဲဆိုတာ...ကံၾကမၼာက လႊဲၿပီး ဘယ္သူမွ မသိနိုင္...»»

~

~

~

‌ အခ်ိန္ေတြလည္ပတ္ေနတာ..ျမန္လြန္းလွသည္။ ေန႕ၿပီးေတာ့လ လကုန္ေတာ့ ႏွစ္..ရာသီစက္ဝန္း‌ေတြ‌ေျပာင္းလာတာနဲ႕အမွ် သူတို႔မိသားစုေလးက သံေယာဇဥ္ေတြခိုင္ၿမဲလာသည္။


ႏူးႏူးေလးလည္း အခုဆိုတစ္ႏွစ္နဲ႕ ေျခာက္လရွိၿပီ...တေျဖးေျဖးနဲ႕အေနေအးလာတဲ့ သမီးငယ္က မ်က္ႏွာေလးေတာ့ၿပဳံးခ်ိဳေနတတ္သည္။

တေျဖးေျဖးပီျပင္လာတဲ့႐ုပ္သြင္းေလးက ေဂ်ာင္ဂုအေသးစားေလးလို႔ထင္မွတ္ရေလာက္ေအာင္ လွရက္လြန္းသည္။လိုခ်င္တာရွိရင္ မ်က္ဝန္းဝိုင္းႀကီးေတြနဲ႕ေမာ့ၾကည့္လာတဲ့ သမီးငယ္က သူ႕ပါးပါးလို ပင္....

ထယ္ေယာင္းဦးစီးလုပ္ကိုင္တဲ့ လုပ္ငန္းေတြကလည္း ‌ပိုၿပီးေအာင္ျမင္လာ၏။သူတို႔မိသားစုေလးကလည္း တစ္ေန႕ထက္တစ္ေန႕ေပ်ာ္စရာေကာင္းလွသည္။

အဲ့မေန႕မတိုင္ခင္ထိေပါ့...

ထယ္ေယာင္း ဒီေန႕႐ုံးမသြားဘဲ အိမ္မွာဘဲ အလုပ္လုပ္ေန၏။ဒယ္ဒီနဲ႕မာမီလည္း အခုႏွစ္ပိုင္းမွာ က်န္းမာေရးမေကာင္းလို႔ေဆး႐ုံခဏခဏသြားျပေနရသည္။အခုလည္း ေဆး႐ုံသြားတာေၾကာင့္ အိမ္မွာ အလုပ္သမားေတြနဲ႕ သူတို႔သာရွိ၏။

သူ႕ရဲ႕အလုပ္ခန္းထဲမွာဘဲ..ကိုကိုေရာ သမီးေလးပါေရာက္ေနၾကသည္။ သူက လက္ေတာ့ပ္စ္နဲ႕ ဒီဇိုင္းဆြဲေနၿပီး...ကိုကိုက ခ်ည္ထိုးေနသည္။ႏူးႏူးေလးက အ႐ုပ္ေတြနဲ႕ေဆာ့ေန၏။

" ေဖာင္း!!! "


" အူဝဲ.... အူဝဲ.... ဝဲ... "

႐ုတ္တရပ္ ေပါက္ကြဲသံၾကားလိုက္ရတာမို႔ ထယ္ေယာင္းေတာင္လန႔္သြား၏။ကေလးငိုသံေတာင္ထြက္လာသည္။ အျမန္ပင္ ေအာက္ထပ္ဆင္းလိုက္ေတာ့ အလုပ္သမားေတြလည္း ႐ုတ္႐ုတ္သည္းသည္းျဖစ္ေနၾကသည္။

" ဘာျဖစ္ၾကတာလဲ..အသံက်ယ္ႀကီးဘဲ..ေဘးအိမ္က ကေလးေတာင္လန႔္ငိုတယ္.."


" ဟို..ဂတ္စ္အိုး ေပါက္တာပါ သားထယ္ ေဒၚႀကီးဂ်ဴးတို႔အခ်ိန္မွီသိလို႔ မီးၿငိမ္းနိုင္လိုက္တယ္ အားမျပင္းဘူးသား ဂတ္စ္က ကုန္ခါနီးမလို႔...."

" ဟုတ္လား..ေနာက္ဆို ဂတ္စ္အိုးသုံးမယ္ဆိုသတိထား..အခ်ိန္မွီမသိရင္ မီးေလာင္နိုင္တယ္..ဘာမွႀကီးႀကီးမားမားမျဖစ္တာေတာ္ေသးတယ္.."

" ေဒၚႀကီး ဂ႐ုစိုက္ဖို႔ေျပာလိုက္ပါ့မယ္.."

" အူဝဲ.... အူဝဲ.... ဝဲ.... ဝဲ...."

ထယ္ေယာင္းလည္း ဘာမွဆက္မေျပာေတာ့ဘဲ အေပၚထပ္သာ ထပ္လာလိုက္သည္။အခုခ်ိန္ထိ ေဘးအိမ္ကကေလးငိုသံကမတိတ္ေသး...ထယ္ေယာင္းတို႔ၿခံနဲ႕ အေတာ္လွမ္းတဲ့အိမ္ေပမဲ့ ေပါက္ကြဲသံကက်ယ္တာမို႔ လသားအ႐ြယ္ကေလးတစ္ေယာက္အေနနဲ႕ လန႔္ငိုမယ္ဆို ငိုခ်င္စရာ..

* အဲ့ကေလးေတာင္ငိုတယ္ ဆို..ႏူးႏူးေလးကေရာ....ႏူးႏူး..*

ထယ္ေယာက္း အခုမွ ႏူးႏူးေလးအေျခေနကို သတိထားမိသြားသည္။ငိုသံတစ္ခ်က္မွ ထြက္မလာတာေၾကာင့္ စိုးရိမ္စိတ္‌ေတြႀကီးစိုးလာ၏။

" ဒုန္း!!! "

စိုးရိမ္စိတ္နဲ႕ အလုပ္ခန္းတံခါးကို ခပ္ၾကမ္းၾကမ္းဖြင့္လိုက္ေပမဲ့ ကိုကိုေရာႏူးႏူးပါလွည့္ကၾကည့္မလာ..ကိုကိုက မၾကားတဲ့သူမို႔ လွည့္မၾကည့္ေပမဲ့ ႏူးႏူးေလးကေရာ..ဘာေၾကာင့္လွည့္မၾကည့္တာလဲ...

ေမြးတဲ့အခ်ိန္ကေနစၿပီး..အဲ..အဲ..ဆိုတဲ့ အသံေလးသာထြက္တဲ့ သမီးငယ္ ..အခု တစ္ႏွစ္ေျခာက္လရွိၿပီ..စကားလုံးဝမေျပာေသး..မာမီတို႔ကိုေမးရင္ ႏွစ္ႏွစ္ေလာက္ဆိုေျပာမွာပါဆိုၿပီး ေျဖာင္းဖ်တတ္တာေၾကာင့္ သူလည္း အဟုတ္ထင္မွတ္ခဲ့တာ..ရယ္ၿပီဆိုရင္လည္း အသံေလးမထြက္ဘဲ...အရမ္းအရယ္လြန္မွ အဲ..ဆိုတဲ့တစ္ခ်က္ေလာက္သာထြက္တတ္တဲ့ သမီးငယ္...တကယ္ႀကီးဘဲ..သူ႕ပါးပါးနဲ႕သြားတူေနတာလား..

ထယ္ေယာင္း အေတြးေတြနဲ႕ ကမၻာပ်က္မတတ္ခံစားေနရသည္။က်လဳဆဲဆဲမ်က္ရည္ေတြကို အံႀကိတ္တင္းခံကာ အားတင္းလိုက္သည္။

" ခုနက တံခါးဖြင့္သံက တိုးလို႔ေနမယ္..ငါ့..ငါ့သမီးေလးက ဘာေၾကာင့္ အဲ့လိုျဖစ္မွာလဲ...ငါ..ငါ..စမ္းသပ္ၾကည့္မယ္.."

တုန္ခါခ်င္ေနတဲ့အသံကို ထိန္းကာ...ခ်က္ခ်င္းဘဲ သူ႕အလုပ္စားပြဲေပၚမွာရွိတဲ့ ႏြားနို႔ ခြက္ကို ေအာက္ခံထားတဲ့ လင္ပန္းကိုယူကာ နံရံကို ပစ္ေပါက္လိုက္သည္။

" ဒုန္း!... ခလြမ္!....ခလြမ္!.. "

သမီးကိုၾကည့္လိုက္ေတာ့ အ႐ုပ္ေလးနဲ႕ အေဆာ့မပ်က္..ကိုကို႔ကို ၾကည့္လိုက္ေတာ့လည္း ခ်ည္ထိုးမပ်က္..သူထင္တာေတြမွန္ေနၿပီလား...

သူ႕ရင္ေတြနာလိုက္တာ ..ဘာေၾကာင့္လဲ..ဘာေၾကာင့္..သမီးေလးမွလဲ...ဘာေၾကာင့္လဲ.!!!....


" မဟုတ္ဘူး...ထပ္စမ္းရမယ္...အသံကတိုးေနေသးလို႔.."

အခုထိလက္မခံခ်င္ေသးတဲ့သူက ေမွ်ာ္လင့္ခ်က္ေလးနဲ႕ ဆက္လုပ္ေနမိသည္။ခ်စ္ရသူေရာ သမီးေလးပါအခုလိုဆို သူ႐ူးမတတ္ျဖစ္လိမ့္မယ္..


" အုန္း!... ဘုန္း!... ဘုန္း!!."

" ဝုန္း!!."


အနားမွာရွိတဲ့စာအုပ္အထူႀကီးေတြ ထိုင္ခုံနဲ႕ မီးအိမ္ေတြကို ပစ္ခ်ၾကည့္ေတာ့ လုံးဝ လက္ကေလးေတာင္တြန႔္မသြားတဲ့ သမီးငယ္ကို ၾကည့္ၿပီး ထယ္ေယာင္း ဒူးေထာက္လဲက်သြားသည္။

" သြား!...သြားပါၿပီ!...ဒယ္ . ဒယ္ဒီ အေၾကာက္ဆုံး အရာေတြ ျဖစ္လာၿပီ သမီးရယ္.."


အမွန္ဆိုရင္ေတာင္ လက္မခံနိုင္တဲ့သူ႕ ႏွလုံသားေၾကာင့္ နာက်င္ေနရၿပီ..

"သ..သမီး..ႏူးႏူး...!!!."

ထယ္ေယာင္း အသံကုန္ေအာ္ေခၚလိုက္ေသာ္လည္း လုံးဝလွည့္မၾကည့္တဲ့ သမီးငယ္...


ဒယ္ဒီ့သမီးငယ္ရယ္..႐ုပ္ရည္တင္မဟုတ္ဘဲ အရာအားလုံး သမီးငယ္ ပါးပါးကို သြားတူေနတာလားကြယ္..ဒယ္ဒီ ရင္ေတြကြဲပါၿပီ...ဒယ္ဒီ အမ်ားႀကီးေမွ်ာ္လင့္ထားတာေလ...ဒယ္ဒီ့ ႏူးႏူးေလး ပါးစပ္ကေန..ဒယ္ဒီလို႔ေခၚလာမဲ့ေန႕..ရယ္သံခိုးခိုးခစ္ခစ္ေလးေတြ ထြက္လာမဲ့ေန႕ စကားတီတီတာတာေလးေတြေျပာၿပီး ခြၽဲလာမဲ့ေန႕..အဲ့ေန႕ကို ဒယ္ဒီ ေမွ်ာ္ေနတာေလ...အခုေတာ့..ဒယ္ဒီ..ဘာဆက္လုပ္ရမလဲ သမီးငယ္ရယ္...

«« မင္း ရဲ႕ င အက ေမြးရာပါ..ကုလို႔မရဘူး..ကေလးေတြကလည္း သူလိုမ်ိဳး မ်ိဳးရိုးလိုက္ၿပီး င အေတြ ျဖစ္လာမွာ... »»


နားထဲမွာ အရင္က လီဟြန္းဂ်ယ္ေျပာခဲ့တဲ့စကားေတြၾကားေယာင္လာသည္။


" အားးးး!! မဟုတ္ဘူး!!!...ႏူးႏူးေလးက အဲ့လိုမဟုတ္ဘူး..!! အားး မဟုတ္ဘူးလို႔!.."


ထယ္ေယာင္း နားႏွစ္ဖက္ကို အုပ္ကာ ေအာ္ဟစ္ျငင္းဆန္ေနမိ၏။


ရင္ဘတ္ႀကီးထဲက တအားနာတာ ..ကိုယ့္ေသြးသားတစ္ေယာက္က အခုလိုျဖစ္ေနေတာ့ ထယ္ေယာင္း ဘယ္လိုမွေျဖသိမ့္လို႔မရ...



ထယ္ေယာင္းေသာင္းက်န္းတဲ့အသံေတြေၾကာင့္အလုပ္သမားေတြနဲ႕ ေဒၚႀကီးဂ်ဴးလည္း အေပၚထပ္တက္လာေတာ့ အလုပ္ခန္းတံခါးက ပြင့္ေနတာေၾကာင့္ အထဲကအေျခေနကို ျမင္လိုက္ရၿပီး အရာအားလုံး နားလည္လိုက္ၿပီ...ကံၾကမၼာက ရက္စက္လိုက္ၿပီထင္တယ္..အ႐ုပ္ႀကိဳးပ်က္ပုံစံနဲ႕ငိုယိုေနတဲ့ထယ္ေယာင္းနဲ႕ ထယ္ေယာင္းကို ေတာင္းပန္တဲ့မ်က္ဝန္းေလးေတြနဲ႕ ၾကည့္ေနတဲ့ေဂ်ာင္ဂု..ဝုန္းဒိုင္းႀကဲကာ ပြတ္ေလာရိုက္ေနတာေတာင္ အပူအပင္ကင္းကင္း အ႐ုပ္ေလးေတြနဲ႕ေဆာ့ေနတဲ့ ႏူးႏူး...




ေဂ်ာင္ဂု ခ်ည္ထိုးရင္း မ်က္လုံးေထာင္ကေန ေမာင့္ကိုၾကည့္မိေတာ့ စာအုပ္ေတြ ထိုင္ခုံေတြကို ကိုင္ေပါက္ေနတဲ့ေမာင္..သမီးသမီးေလးကိုၾကည့္ၿပီး မယုံနိုင္တဲ့အမူအရာေတြနဲ႕ ငိုေနတဲ့ ေမာင့္ပုံစံကို ၾကည့္ၿပီး ေဂ်ာင္ဂု နားလည္လိုက္ၿပီ...



ေသြးမရွိေတာ့သလို ျဖဴေဖ်ာ့ေနတဲ့ မ်က္ႏွာနဲ႕ ၾကမ္းျပင္ေပၚဒူးေထာက္ၿပီး လဲက်သြားတဲ့ေမာင့္ကိုျမင္ၿပီး ေဂ်ာင္ဂု ရင္ထဲကေအာင့္တက္လာသည္။



* သ..သမီးေလးလည္း...ငါ့ .ငါ့လိုဘဲလား..ေမာင္..ငါ..ငါေတာင္းပန္ပါတယ္...*

ထယ္ေယာင္းလည္း ကိုကိုကိုၾကည့္လိုက္ေတာ့ သူ႕ကိုၾကည့္ၿပီး မ်က္ရည္ေတြဝဲေနတာကိုေတြ႕ရသည္။

~

~

~




Good night ပါသဲငယ္ေလးတို႔ 😘💜💜💜💜💜💜💜

Thanks for votes, feedback and comment.

I Love my readers forever ❤️

I PURPLE YOUR 💜

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

357K 21.8K 37
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
Ice Cold Galing kay m

General Fiction

2.2M 83.5K 49
[boyxboy] Wren Ridley is always two steps ahead of everyone, or so he thinks. His life seems out of his control when he starts having feelings for so...
48.4K 2.5K 24
မင်းကို ပထမ တစ်ခါဆုံးရှုံးပြီးသွားပြီ နောက်တစ်ခါတော့ ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး #Jungkook အင်းငါက မောင...