Sean's Adorer (Complete)
By peonywang18
97K 6.3K 570
ZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး... More
SA°1°
SA°2°
SA°3°
SA°4°
SA°5°
SA°6°
SA°7°
SA°8°
SA°9°
SA°10°
SA°11°
SA°12°
SA°13°
SA°14°
SA°15°
SA°16°
SA°17°
SA°18°
SA°19°
SA°20°
SA°21°
SA°22°
SA°23°
SA°25°
SA°26°
SA°27°
SA°28°
SA°29°
SA°30°
SA°31°
SA°32°
SA°33°
SA°34°
Epilogue
SA°24°
2K 158 33
By peonywang18
ကျဲနဲ့ လူးဝစ်သည် အရင်ထပြန်သွားသည်။သူတို့ထွက်သွားတော့ စောစောက ငိုနေတဲ့သူဟာ သူမဟုတ်သလိုပင် ဘန်သည်ပျော်ရွှင်လာဟန်။ မွေးနေ့ပွဲသာဆိုတယ် စားစရာဘာမှမရှိ။
"ကောကော သောက်မလား..."
"ဆေးလိပ်လား? ကောမသောက်တတ်ဘူး..."
"ဘယ်ကသာ ဒါက နိဗ္ဗာန်ဘုံလေ...တစ်ချက်ဖွာလိုက်တာနဲ့ ြဖစ်ချင်တာြဖစ်လို့ရတယ်"
ဘန်အပြောကြောင့် ထိုအရာသည် သာမန်ဆေးလိပ်မဟုတ်...
မူးယစ်ဆေးဝါးရောထားသော ဆေးလိပ်သာဖြစ်နိုင်သည်။
"ဒါက မကောင်းဘူး ဘန်...မင်းမသုံးသင့်ဘူး"
"ဒါကကောင်းတယ်!!..."
သူ့အာ ထအော်သော ဘန်သည် မူမမှန်ပေ...
"ဒါဆို ကောပြန်တော့မယ်..."
တံခါးပေါက်စီ လှည့်မိတော့ နှာခေါင်းထဲဝင်လာတဲ့ အနံ့တစ်ခုနဲ့အတူ သူ့ခန္ဓာကိုယ်ကလည်း ခွေကနဲပင်...
"ခေါ်သွားလိုက်..."
ဟူး...မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကြားမှာ မြင်ယောင်မိတဲ့ပုံရိပ်တွေ ဆေးလိပ်က သိပ်ကောင်းတာကောကောရ...ကောကအနုနည်း မကြိုက်မှတော့ အကြမ်းနည်းကစားကျတာပေါ့...
"တူ..တူ..."
ကိုကိုက မခေါ်စဖူး ဖုန်းခေါ်လို့ပါလား...ဟက်...ဟက်...ကိုကိုကောင်လေးက မကြာခင် ပျောက်ကွယ်သွားတော့မှာ..
.
.
.
သူ သတိရလာသော မှောင်မဲနေတဲ့ ဂိုဒေါင်ပျက်တစ်ခုထဲမှာ...တံခါးအဝတွင် လူထွားကြီး သုံးလေးယောက်က စောင့်ကြည့်နေတယ်။ မေ့ဆေးအရှိန်ကြောင့် ခေါင်းကမူးနောက်နောက်...
"နိုးပြီလား ကောကော"
"ဘန်..."
"အို...ဟုတ်ကဲ့ပါဗျာ.."
အပြုံးတို့သည် ကြောက်ဖို့ကောင်းသည်...မျက်ဝန်းတို့သည် နီရဲနေသည်။ အကြည့်တို့သည်မူမမှန်ပေ။
"မသိချင်ဘူးလား? ဘာလို့ အခုလို လုပ်ရတာလဲဆိုတာကိုလေ..."
သူက နှုတ်ဆိတ်နေပေမဲ့...ပြောချင်နေရှာတဲ့ဘန်သည် သူ့ဇာတ်ကြောင်းကိုပြောလာခဲ့သည်ယာ
"မသိချင်လည်း ပြောပြမှာ။ ကိုကိုကလေ ငယ်ငယ်က ကျွန်တော့်ကို အရုပ်လည်းပေးတယ်။ ကစားစရာအသစ်တွေလည်း ဝယ်ပေးတယ်။ မမ ရန်ကနေလည်း ကာကွယ်ပေးတယ်...အင်း...ပြောရရင် မမ ရန်ကနေ ဘန်က ကိုကို...ကိုကာကွယ်ပေးနေတာ...ငယ်ငယ်က မမက စုန်းမကြီး ဘန်က မင်းသားလေး.."
အိမ်က စာရွက်စာတန်းတွေကို ဖျက်စီးတာလဲသူ...ကြီးကြီးမြကို ကြွတ်ဆေးခပ်တိုက်တာလဲသူ၊ အရုပ်တွေကို လုတာလည်းသူပဲ...တရားခံကတော့ မမပေါ့။ဒါတောင် dadကဖုံးကွယ်ထားတာပဲ...
"Dadကလည်း မမကိုလူဆိုးမကြီးထင်အောင် ဘန်ကအကွက်ချခဲ့ရတာ။ မမကလည်း သနားပါတယ် ရှေ့တင်မှာသန်မာသလောက် နောက်ကွယ်ကျရင် ချောင်ထဲကုတ်ပြီး ငိုနေတာ...ဟက်...ကြီးလာတော့ ဘန်ဆေးသုံးရတာ မမကြောင့်လို့ပြောလိုက်တယ်။ Dadကလည်း ယုံတယ် မမက သူမလုပ်ကြောင်းမရှင်းပြတော့ဘူး။ဘာလို့ဆို ဘယ်သူမှ သူ့ကိုမယုံလို့လေ..ဘန်တော်တယ်မှတ်လား...ကောကော"
သူဘယ်လောက်အကွက်ချချ dadက သူ့သမီးအရင်းကိုမစွန့်ပစ်ဘူး။ သူ့သမီးကိုချစ်နေတာပဲ...မရဘူး ဒါတွေက ငါ့ဟာတွေကြီးပဲ..မုန်းတယ် မုန်းတယ်!!!
"...."
ဘန်ဟာ တကယ့် အရှုးတစ်ယောက်ပင်။ ဖြူစင်သောကလေးမျက်နှာ နောက်ကွယ်တွင် ဆိုက်ကိုဆန်တဲ့ အစစ်အမှန်ကို ယခုချပြနေလေရဲ့..
"ဘန်ရော မမကောက dadရဲ့ သားသမီးပဲကို ဘာလို့ဘန်က ကိုကိုနဲ့စေ့စပ်လို့မရတာလဲ...ယောကျာ်းဖြစ်လို့တဲ့လား??ဘန်မှာ ဆံပင်ရှည်လည်းရှိတယ်...ခန္ဓာကိုယ်ကလည်း ကောကောထက်တောင် သေးသွယ်သေးတယ်။ ဘာလို့ ဘန်မဖြစ်ရတာလဲ!! ဆေးဘာလို့ သုံးလဲသိလား...အငွေ့တွေကြားမှာ ကိုကိုကချစ်တယ်တဲ့...ဘန်ကိုနမ်းတယ်။ ဘန်နဲ့အတူတူနေတယ် ဘာလို့စွန့်လွှတ်ရမှာလေ..."
"မင်း ရှုးနေတာ...ဉီးကို မင်းတကယ်မချစ်ဘူး"
"ချစ်တယ်  ချစ်တယ်!!! လူးဝစ်ကိုအကျပ်ကိုင်လို့ ဆေးခတ်ခိုင်းတာကျွန်တော်ပဲ...ဆေးမိတာတောင် ဘာလို့ ခင်ဗျားစီ ပြန်လာရတာလဲ??ကိုကိုလိုလူက ဘာလို့ ဆေးဒဏ်ခံစားရတာလေ။ဉီးကခင်ဗျားလို ပိုးမွှားတစ်ကောင်ရဲ့မျိုးရိုးကို ယူချင်ရတာလဲ။ ခင်ဗျားသာ မရှိရင် ကိုကိုက ကျွန်တော့်ကို မြင်လာမှာ..."
"ဉီးက မင်းကို သူ့ညီလေးလိုပဲသဘောထားတာ..."
ဉီးတော့နာကငြျရမှာပဲ ညီလိုသဘောထားတဲ့ကလေးက ဉီးကိုချစ်ပြီး ဉီးကိုလိမ်ညာခဲ့တာတဲ့...
"မဟုတ်ဘူး!!! ကျွန်တော့်ကို ကြည့်...ဘာပြစ်ချက်ရှိလဲ ခင်ဗျားထက်ငယ်တယ်။ငွေကြေားလည်းရှိတယ်။ ကိုကိုအတွက် ပိုခံပေးနိုင်တယ်။ ကိုကိုအတွက် သာယာမှုပေးနိုင်တယ်..."
ဘန် လက်မခံနိုင် သူက ကိုကိုအတွက် လိုသလိုပြောင်းပေးနိုင်သည်။ ကိုကိုသာ ကလေးလိုချင်တယ်ဆို သူက မိန်းမဘဝအထိပြောင်းနိုင်သည်။ သူ့ကိုကြိုက်သလို ကိုကို စားသုံးနိုင်သည်...ဘာလို့...ဒီကောင်ကိုရွေးရတာလဲ။
"ဉီးရဲ့ အချစ်က မင်းလို ရမက်မပါဘူး...မင်းက ဉီးနဲ့မတန်ဘူး!!"
"အား!!!မဟုတ်ဘူး ခင်ဗျား လိမ်နေတာ...ဖောင်း.."
"အ့..."
ဘေးနားရှိ တုတ်နဲ့လွှဲရိုက်ချလိုက်တော့ သွေးတွေက ရဲကနဲ...အနီရောင်တွေကလှတယ်။ ကောကောက အနီရောင်နဲ့ ပိုလိုက်တယ်။
"ဟားဟား....နာလားဟင်...ကျွတ်...ကျွတ်...သနားပါတယ်။ ဘန်ကလေ ကောကော ကိုအခုလိုမလုပ်ချင်ပါဘူး။အခု လက်လေးတောင်နာသွားတယ်..ခဏအိပ်လိုက်နော်...နိုးလာရင် သွားရတော့မယ်...ကိုကို့စီကိုတော့မဟုတ်ဘူး သေမင်းစီကို...ဟားဟား...."
.
.
.
Baeကိုဖုန်းဆက်တာမကိုင်သည့်အပြင် အခု စက်သွယ်မှု ဧရိယာပြင်ပတဲ့လား။ထို့ကြောင့် private jetဖြင့်တရုတ်အာချက်ချင်းပြန်လာခဲ့သည်။သူက ဝန်ကြီးရှောင်ကို စောင့်ကြည့်ခိုင်းထားတာ။ အခု ဘန်ကတဲ့လား...
ဘာလို့ သူယုံကြည်ထားတာကို မာရီရာ ရှင်းပြမှုကို အရင်ထဲက နားထောင်ခဲ့သင့်တာ...အခုတော့...တောက်....သူ့ကြောင့်...သူ့အမှားတွေကြောင့်ပဲ..
"Sean သတင်းရပြီ မြို့ပြင်က ဂိုဒေါင်မှာတဲ့..."
လူးဝစ်ရဲ့ သတင်းပေးမှုကြောင့် သူ့မှာအလျင်အမြန် ကားပေါ်တက်ကာ အရှိန်အပြင်ဆုံးဖြင့် သွားနေသည်။မနေ့ကတစ်နေ့လုံး ဘာသတင်းအစအနမှမရပေမဲ့  Bae တစ်ခုခုထိခိုက်တာနဲ့ ဘန်မင်းကို ငါညှာမှာ မဟုတ်ဘူး...
>>>>
"အ့...ဟင်း..."
"နိုးပြီလား သွားရအောင်..."
မလှုပ်နိုင်တဲ့ သူ့ကို တွဲခေါ်သွားတဲ့ လူမိုက်တွေ။ နဖူးပြင်ထက်တွင် ခြောက်ကပ်နေသော သွေးစီးကြောင်းနှင့်အတူ မျက်လုံးသည်လည်း ကောင်းကောင်းမဖွင့်...ဉီး ကျွန်တော်မတောင့်ခံနိုင်လောက်တော့ဘူး...နာတယ်...အိပ်ချင်တယ်...မြန်မြန်လာပါတော့။
"ကောကောကို ဘန်က ရှုခင်းကောင်းကောင်းရွေးပေးတာနော်...ကြည့်စမ်း မနက်ခင်းနေရောင်နဲ့ သစ်တောက စိမ်းစိုနေတာနော်..ကြိုက်လားဟင်"
ထိုအရာတို့သည် ချောက်နက်ထဲကျသွားရင် ပျောက်ကွယ်သွားမှာ ဖြစ်ပေမဲ့ ဘန်က ရှုခင်းကောင်းကောင်းရှာထားတာနော့်..
"ငါသေရင် ဉီးကမင်းကိုချစ်မလာတဲ့အပြင် မုန်းပြီးရွံရှာသွားမှာ..."
"စောက်ပါးစပ် ပိတ်ထား!!!ချစ်မှာ ကိုကိုကချစ်မှာ.."
"Bae!!!"
ကိုကိုက ရောက်လာတယ်။ ဘာလို့လဲ သူသေတာကိုလာကြည့်တာလား? ဒါပြီးရင် ဘန်တို့လက်ထပ်ကြရအောင်...ဘန်ကလေ ကိုကိုခြေကိုကိုလက်...ကိုကိုသဘော။ ကိုကိုကြိုက်တဲ့ ကိုရီးယားထမင်းသုတ်ကိုလဲ မကျွေးဘဲမနေဘူး...မချုပ်ချယ်ဘူး...ကျွန်တော့် မျိုးရိုးထဲ ဝင်ဖို့ကိုလည်း အချိန်မဆွဲဘူး။
"ကိုကို...ဘန်စီလာတာလား..."
ကိုကိုအပြင် လူးဝစ်ရယ်၊ မမရယ်...နောက်မှာ dadလည်း ပါတာပဲ...လူစုံစုံလင်လင်ဆိုတော့ ပျော်စရာကြီး...
"ဘန်...မင်း...တောက်!!!ငါကတော့ မင်းကို ညီတစ်ယောက်လို သဘောထားတာ...တောက်!!!"
Baeနဖူးပြင်က သွေးစီးကြောင်းကြောင့် သူ့မှာ ဘန်ကိုသတ်ပစ်ချင်စိတ်သာကြီးစိုးနေသည်။ ဘာလို့လဲ သူကာကွယ်နိုင်မယ် ထင်ထားတာ အခုတော့...ထိခိုက်စေခဲ့တာပဲ...
"သူမရှိရင် ကိုကိုက ဘန်ကိုချစ်မှာ။ မမ မရှိတော့ dadက ဘန်ကိုပိုဂရုစိုက်သလိုပဲလေ..သူက သေရမှာ ဘန်က ရအောင်သတ်မှာ.."
"Baeကို ထိတာနဲ့ မင်းကို ငါမသတ်ဘူးမထင်နဲ့"
ဘန်က ဘာလို့လူဆိုးဖြစ်ရတာလဲ...ကိုကိုက အပြုံးချိုချိုလေးနဲ့ အရုပ်တွေပေးတယ်။ ဘန်ကို ဂရုစိုက်ပေးတယ်လေ...ဒါမဟုတ် သနားလို့လား..မရဘူးနော် ကိုကိုက ဘန်ကိုချစ်နေရမှာ...
ဝမ်ကောကော ခင်ဗျား သေလိုက်တော့!!!
"ဒိုင်း!!! ဒိုင်း..."
သေနတ်ပစ်သံ အဆုံးလဲကျသွားသော ခန္ဓာကိုယ်ငယ်လေးဟာ...
"Bae!!!"
A/N:စာဖတ်သူတို့ မပြောမှီ  june ကိုယ်တိုင် ပြောပါရစေ တန်းလန်းကြီး😅😅
21/7/2023
9:00pm
•••••••••••••
Zawgyi
"ကောကော သောက်မလား..."
"ဘယ်ကသာ ဒါက နိဗ္ဗာန်ဘုံလေ...တစ်ချက်ဖွာလိုက်တာနဲ့ ဖြစ်ချင်တာဖြစ်လို့ရတယ်"
"ဒါကကောင်းတယ်!!..."
"ဒါဆို ကောပြန်တော့မယ်..."
"ခေါ်သွားလိုက်..."
"တူ..တူ..."
.
.
.
"နိုးပြီလား ကောကော"
"ဘန်..."
"အို...ဟုတ်ကဲ့ပါဗျာ.."
"...."
ဉီးတော့နာကငျြရမှာပဲ ညီလိုသဘောထားတဲ့ကလေးက ဉီးကိုချစ်ပြီး ဉီးကိုလိမ်ညာခဲ့တာတဲ့...
"အ့..."
.
.
.
>>>>
"အ့...ဟင်း..."
"Bae!!!"
"ကိုကို...ဘန်စီလာတာလား..."
"ဒိုင်း!!! ဒိုင်း..."
"Bae!!!"
21/7/2023
9:00pm
Continue Reading
You'll Also Like
10.4K 317 10
The Justice League thinks that Batman organized the Flying Grayson's death and is blackmailing Dick with the circus's safety in order to make him his...
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
636K 39K 103
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
217K 1.6K 18
This is a story about you and draco but its an 18+ story, if you know what i mean.. its wild, So it will have sexual content its geting dirty so rea...