ယုန်လေး က သားပေါက်လေးကို ပျို...

By Kyiphyuswe

31.4K 4.1K 61

ယုန်လေး က သားပေါက် လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး! (BL translation) Little rabbit, he can't afford to ra... More

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2.2)
အပိုင်း (2.3)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (3.3)
အပိုင်း (4.1)
အပိုင်း (4.2)
အပိုင်း (4.3)
အပိုင်း (5.1)
အပိုင်း (5.2)
အပိုင်း (5.3)
အပိုင်း (6.1)
အပိုင်း (6.2)
အပိုင်း (6.3)
အပိုင်း (7.2)
အပိုင်း (7.3)
အပိုင်း (8.1)
အပိုင်း (8.2)
အပိုင်း (8.3)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.1)
အပိုင်း ( 10.2)
အပိုင်း (11.1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း (12.2)
အပိုင်း (13.1)
အပိုင်း (13.2)
အပိုင်း (14.1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15.2)
အပိုင်း (16.1)
အပိုင်း (16. 2)

အပိုင်း (7.1)

671 100 0
By Kyiphyuswe

(7.1) အနက်ရောင် ရှပ်အင်္ကျီ

နန်ဟွေး ရဲ့ အမူအရာ က ပိုပြီးတော့ သိသိသာသာ ကြီးကို ဆိုးရွားလာတာ ကိုတွေ့ လိုက် ရချိန်မှာ တော့ ခုန်းယင် က သူမရဲ့ နောက်ပြောင် မှု က အဆုံးသတ် သင့်နေ ပြီ ဆိုတာကို သိလိုက် လေတယ်။ သူမ က ချောင်းဟန့် လိုက်ပြီး တော့မှ အလေးအနက် နဲ့ ပြောလိုက်လေတယ်။

'' ငါက အခုလေး တင် မင်းကို စနောက် လိုက်တာ ပါ။ ဒါကို လုံးဝ အတည်ယူ မနေပါနဲ့။ လုံးဝ အလွယ်ကူဆုံး နည်းလမ်း ကတော့ တစ်ဖက်လူ ရဲ့ အငွေ့အသက်တွေ ကို ရှာဖွေ တာပဲပေါ့။ ပိုပြီးတော့ မင်း နားလည်အောင် ရှင်းရှင်း လင်းလင်း ပြောပြ ရမယ် ဆိုရင် အဲ့တာ က တစ်ယောက် ဖက်လူရဲ့ အငွေ့အသက်တွေ ကို မင်းရဲ့ ကိုယ်က ခံစား နိုင်စေမယ့် နည်းလမ်း တစ်ခုကို ရှာဖွေတာပဲ။ ငါအကြံ ပြုချင် တာ ကတော့ တစ်ဖက်လူ ရဲ့ အဝတ်အစား လို ဟာမျိုးကို မင်း ရအောင် ယူသင့်တယ်။ အဲ့တာ က တစ်ဖက် လူ ရဲ့ အငွေ့အသက်တွေ ကို ရရှိနိုင်ဖို့ အတွက် အရိုးရှင်းဆုံး နဲ့ အလွယ်ကူ အထိရောက်ဆုံး နည်းလမ်းပဲ! ''

ထို အကြံဉာဏ် ကိုကြား ရတာ အတော်လေး ခက်ခဲ မယ့်ဟန် ပေါ်နေ ပေမယ့်လည်း ဒဏ္ဏာရီလာ အနမ်းပေး ရမှာ ထက်စာ ရင်တော့ အဝတ်အစားလေး ရယူ တာ က ပိုပြီးတော့ လွယ်ကူ မယ့် နည်းလမ်း ပဲ ဖြစ်လေတယ်။

'' သူ့ရဲ့အဝတ် အစားကို ရလာ ရင်ကော ဘယ်လို လုပ်ရ မလဲ? ''

နန်ဟွေး က မေးလိုက် လေတယ်။

'' အဲ့ အဝတ်အစား ကို ဝတ်ထား ရမှာပေါ့။ ဒါပေမယ့် အဲ့တာ က အရမ်း ကောင်းတဲ့ နည်းလမ်းတော့ မဟုတ်ဘူး ရယ်။ ထို အဝတ်က အဲ့လူရဲ့ အခန်းထဲ မှာ အချိန်အကြာကြီး ထားခံ ရတဲ့ အဝတ် ဖြစ်ရမယ်။ အဲ့ အဝတ် ပေါ်မှာ တစ်ဖက်လူရဲ့ အငွေ့အသက် တွေ ပိုပြီး ကျန်ခဲ့ လေလေ အောင်မြင် နိုင်မယ့် အခွင့်အရေး တွေက များပြား လာလေလေ ပဲလေ။ ''

''  အဲ့တာ ကြောင့် မင်းရဲ့ နားရွက်တွေ နဲ့ အမြှီး က တစ်ခဏ တော့ ယာယီ သိမ်းထား လို့ ရသွားမယ်။ ဒါပေမယ့် အဲ့တာတွေ က ဘယ်အချိန်မှာ ရုတ်တရက်ကြီး ပြန်ပြီး ထွက်ပေါ် လာမှု မရှိပါဘူး လို့ အာမ မခံ နိုင်ဘူးလေ ''

ခုန်းယင် က ဆက်ပြီးတော့ သတ္တိ ပေးလိုက် လေတယ်။

''ပြီးတော့ ငါ့ရဲ့ ခန့်မှန်းချက် အရ ဆိုရင်တော့ ဒီကလေး က လူသား တွေ လိုမျိုး ဖွံ့ဖြိုး တိုးတက်စရာ မလိုအပ်ဘူး။ နောက်ပြီး မင်းရဲ့ ကိုယ်က အမျိုးသား ပါတနာရဲ့ အငွေ့အသက်တွေ နဲ့ ပွေ့ဖက် ခြင်းကို သာမန်ထက် ပိုပြီး လိုအပ် လာတဲ့ အခြေအနေ မျိုး ရောက်လာ ရင် မင်း ဘယ်လို လုပ်ကြ မလဲ? ''

နန်ဟွေး က အံကို တင်းတင်း ကြိတ်ထား လေတယ်။ ရိုးရိုး သားသား ပဲ ပြောရရင် သူက ဒီလောက် အထိ အများကြီး တွေးတောင် မတွေးဘူးဘူး။

ဒါပေမယ့် ခုန်းယင် ပြောလိုက်တဲ့ အမှန်တရား တိုင်း က မကြာခင်မှာ ပဲ သူရင်ဆိုင် ကြုံတွေ့ ရတော့ မှာပဲလေ။

ပြဿနာ များတဲ့ ကိစ္စ ရပ်တွေ က တစ်ခု ပြီး တစ်ခု ကျရောက် လာတာ ကိုတွေ့ တဲ့ အချိန်မှာတော့ နန်ဟွေး က အဲ့အကြောင်း ကို တွေးနေတာ ကို ရပ်တန့် လိုက်သင့် နေပြီ လို့ သူတွေး မိ​လေတယ်။

'' ဘယ်လိုပဲ ဖြစ်ဖြစ်လေ အဲ့တာ က အရမ်းကြီး မားတဲ့ ပြဿနာ တစ်ရပ်တော့ မဟုတ်ဘူး ရယ်။ ဒီလို ဆက်ဆံရေး သန်မာတဲ့ တုံ့ပြန်ချက်မျိုး က တစ်ကြိမ် လောက်ပဲ ဖြစ်တက် တာပါ။ အဝတ်ရဲ့ အငွေ့အသက်တွေ ကို သုံးပြီး လို့တောင်မှ မင်း အဆင် မပြေ သေးရင် နောက်ဆုံး အနေနဲ့ ငါက ပြင်ပ က ရတနာ တွေကို အသုံးပြုပြီးတော့ မင်းကို ကူညီပေး လို့ရပါတယ်။ ဒါပေမယ့် အဲ့တာတွေက အမျိုးသား ပါတနာ ရဲ့ ပွေ့ဖက် ထောက်ပံ့ မှုလောက် တော့ ဘယ်ကောင်း လိမ့်မလဲ ''

ခုန်းယင် ရဲ့ စကားတွေ ကို ကြားလိုက် ရတဲ့ အခါ မှပဲ နန်ဟွေး က အတော်လေး စိတ်သက်သာရာ ရသွား တော့ လေတယ်။ ပြီးတော့ အကြိမ်အနည်း ငယ် လောက် တုံ့ဆိုင်း ကာ မေးလိုက် လေတယ်။

'' ဒေါက်တာ ခုန်း ၊ ကျွန်တော် ကိုယ်ဝန် ဆောင်နေ တုံး အလုပ် လုပ်လို့ ရလား ဟင်? ''

ခုန်းယင် က ခပ်ပါးပါးလေး အံ့သြ သွား ပြီးတော့ မှ မေးလိုက် လေတယ်။

'' မင်းက အလုပ်လုပ် ချင် သေးတာ လား?  အဲ့တာ က ​မဖြစ်နိုင် ဘူးနော်။ မင်းရဲ့ လက်ရှိ ရုပ်ပိုင်း ဆိုင်ရာ အရ မင်း က ပြင်းထန် တဲ့ ကိုယ်လက် လှုပ်ရှားမှု မလုပ်သရွေ့ ဘာပြဿနာ မှ တက် လာမှာ မဟုတ်ဘူး နော်။ ဒါပေမယ့် မင်း က ရှာတွေ့ မခံ ချင်ရင်တော့ လူတွေ ကြားထဲကို မင်းအနေနဲ့ အကြိမ်ရေ အများကြီး ထွက်လို့ မရ နိုင်ဘူးနော်။ အဆုံးမှာတော့ ကွာ ဒီကလေး ကြီးထွား ဖွံ့ဖြိုး ဖို့ကို အချိန် ဘယ်လောက် ယူရ မလဲ ဆိုတာကို ငါမသိဘူးလေ။ တကယ်လို့ တစ်စုံတစ်ယောက်  ကသာ မင်းရဲ့ ပုံပန်း သွင်းပြင် က မူမမှန်တာ ကို ရှာတွေ့ သွားလို့ ရှိရင်တော့ ဖြေရှင်း ဖို့က အတော်လေး ကို ခက်ခဲ သွားမှာလေ ''

'' ဒီ လက္ခဏာ ရပ်တွေက ဘယ်အချိန်ကျ မှ ပျောက်သွား နိုင်မှာလဲ ဟင်? ''

'' အဲ့တာက နောက်ပိုင်း စစ်ဆေးချက် တွေ ပေါ်မှာ ပဲ မူတည်တယ်လေ။ လူသားတွေ အတွက် ကိုယ်ဝန် တည်ငြိမ်မှု အစောပိုင်း ကာလ ကို သုံးလ ကနေ ပြီးတော့ လေးလ အထိ သတ်မှတ်လေ့ ရှိတယ်။ မင်းရဲ့ ကိစ္စမှာတော့ ဆေးစစ်ချက် တွေရဲ့ ဖော်ပြ ချက် အရ ကိုယ်ဝန်အစောပိုင်း က နှစ် လောက် ဖြစ်နိုင်တယ် ''

နှစ်လ လား။

ထို အချိန် က အရမ်း တိုတဲ့ အတွက် အကြောင့် နန်ဟွေး က စိတ်သက်သာရာ ရ စွာနဲ့ ပဲ သက်ပြင်း ချ လိုက် လေတယ်။

သူက အခုချိန်မှာ နိုင်ငံသား စီစစ်ရေး ကဒ်ပြား တောင် မရ သေးဘူးလေ။ လူသား တွေရဲ့ လောက မှာ အလုပ် တစ်ခု လိုချင် ရင်တော့ အနည်းဆုံး ဘွဲ့တစ်ခု ရမှသာ ဖြစ်နိုင်မယ် လေ။

မြေခွေးလေး ရဲ့ မေမေ ဝမ်မို လို လွပ်လပ်တဲ့ အလုပ်အကိုင် မျိုး ဒါမှမဟုတ် ခုန်းယင် လို ဆရာဝန် ဖြစ်လာ တာ မျိုးတွေက သားရဲငယ်လေး တွေ အတွက် တကယ်ကို မလွယ်ကူ ပါပေ။

အသွင်ပြောင်း သားရဲငယ်လေး တွေ အများစု က မြေခွေးလေး လိုမျိုး လူလောက ရဲ့ လိုအပ်ချက် နိမ့်တဲ့ ဧရိယာ တွေမှာ ပဲ အလုပ် လုပ်နိုင် ကြတယ်လေ။

ကြည့်ရတာ တော့ ဒီအချိန်မှာ သူ အလုပ် ရှာရင်တောင် မှ သူ့လို အရည်အချင်း မျိုးနဲ့ ခက်ခဲတဲ့ အလုပ်တွေ ပဲ လုပ်ရ လောက်တယ်လေ။

ဆေးရုံကနေ ပြီးတော့ လမ်းလျောက် ထွက်လာ ကြ တဲ့နောက် ဝမ်ဟန် က နန်ဟွေး ရဲ့ ခေါင်းလေး ကို ပုတ်ပေး လိုက် လေတယ်။

'' မင်း အလုပ် တစ်ခု ရှာဖို့ အတွက် အရမ်းကြီး လည်း စိုးရိမ်မနေ ပါနဲ့။ ငါ စုထားတဲ့ ငွေတွေက ငါတို့ နှစ်ယောက် တစ်ခဏတော့ အသက်ရှင် နေထိုင်ဖို့ အတွက် က လုံလောက် ပါတယ်ကွ။ တကယ်လို့ အဲ့တာ က သာ အလုပ်မဖြစ် သေးဘူး ဆိုရင် ငါ့အမေ ကို အကူအညီ တောင်းလိုက် မယ်လေ။ ဟုတ် ပြီလား ''

'' မြေခွေးလေး မင်း က ငါ့အပေါ် ကို အရမ်း ကောင်းမွန်တယ် ဆိုတာ ကို ငါသိ ပါတယ်။ ဒါပေမယ့် ငါတောင်း ပန်ပါတယ်''

နန်ဟွေး က သူ့ခေါင်းလေး ကို ငုံ့ထားကာ သူ့ရဲ့ ခြေချောင်း လေးကို ကြည့် နေခဲ့ လေတယ်။

'' ကောင်းပြီလေ။ ငါ့ကို တော့ မင်း ကတိ တစ်ခု ပေးရမယ်။ နောက်ပိုင်း မှာ မင်းကိုယ်မင်း ပင်ပန်း ရအောင် မလုပ်ရ ဘူး။ အဲ့တာက မင်းကိုယ်တိုင် ကိုရော ကလေးရော အတွက် ငါပြောတာ ​နော်''

နန်ဟွေး ရဲ့ အတွေးတွေ ကို ဝမ်ဟန် နားလည်တဲ့ အတွက် ​ကြောင့် သူ့ကို အတင်း တွန်းအား မပေး လိုပါပေ။

'' အခုတော့ ငါတို့တွေ အစားကောင်း တစ်နပ် အရင်ဆုံး သွားစား ကြစို့! ''

ဝမ်ဟန် က နန်ဟွေး ကို စိတ်အား ထက်သန်စွာ နဲ့ ဆွဲလိုက် လေတယ်။

'' မင်း အတွက် သားပေါက်လေး ရလာတာ ကို ငါ ဂုဏ်ပြု ပါတယ်ကွာ ''

နန်ဟွေး က နီရဲ နာကျင်နေတဲ့ မျက်ရည်တွေ အပြည့် မျက်ဝန်း တွေကို သုတ်ပစ် လိုက် ပြီးတော့ ခေါင်းကို အား ပါပါ နဲ့ ငြိမ့် လိုက် တော့ လေတယ်။

နန်ဟွေး ရဲ့ သူ့ကိုယ်သူ မထိန်းချုပ် နိုင်ခြင်း တွေက တစ်ကိုယ်လုံး ဆီကို ပျံနှံ့ သွားပြီး အလွန်အကျွံ စားမိတာ ကြောင့် ထိုင်ခုံ နောက်မှီကို အချိန် အကြာကြီး မှီထား ရ လေတယ်။

ဝမ်ဟန် က ကွန်ပလိန်း တက်လိုက် လေတယ်။

'' မင်းက ဘာလို့ ဒီလောက် တောင် အများကြီး စားရ တာလဲ ကွ။ ဒီလို သာဆို ညစာ စားပွဲ ပါတီကို မင်းကို ခေါ်သွား ရမလား ဒါမှ မဟုတ် မခေါ် ရ ဘူးလား ဆိုတာ ကို ပြန်စဥ်းစား ရတော့မယ် ကွ! ''

နန်ဟွေး က မျက်လုံး လှိမ့်လိုက် ပြီးတော့ ယုံကြည်ချက် တွေ ပြည့်ဝ စွာနဲ့ ပြောလိုက် လေတယ်။

'' ငါက အခု ကလေး ရှိနေ ပြီ ဖြစ်တဲ့ လူ တစ်ယောက်လေ။ ဒါကြောင့် သေချာပေါက် အရင်က ထက် အများကြီး ပိုစား ရတော့ မှာပေါ့ ''

အစားကြီးတာ ကြောင့် သူ့ကို လာပြီးတော့ အပြစ်တင် လို့ မရပါဘူး နော်။

ဒီ ဟော့ပေါ့ လို့ ခေါ်တဲ့ ပူပူစပ်စပ်လေး တွေကို တစ်ခါလောက် စားကြည့်တာ နဲ့ အရမ်းတွေ အရသာ ရှိလွန်းလို့ သူက စားတာကို မထိန်းချုပ်လိုက် နိုင်တာ ပါနော်။

ပြီးတော့ နောက်ဆုံးမှာလည်း သကြားညို ဆန်ကိတ် ချိုချိုလေး တွေကလည်း သူ့ရဲ့ ဗိုက်ထဲကို ကျရောက် သွားတဲ့ အချိန်မှာမှ ဗိုက်ပြည့် ပြီလို့ သူခံစား ရတာ ပါနော်။

လူသား တွေရဲ့ အစားအစာ တီထွင် ဖန်တီး နိုင်စွမ်း တွေက အရမ်းကို ကောင်းမွန်တာ ပဲ။ သူတို့လို တိရိစ္ဆာန် သေးသေးလေး တွေက အမှီလိုက်ဖို့ ဆိုရင် နှစ်ထောင်ပေါင်း များစွာတောင် ကြာနိုင် တယ်။

ဝမ်ဟန် ခမျာ သူ့သူငယ်ချင်း ရဲ့ စိတ်ကြီးဝင် မှုကို ကြည့်လိုက် ပြီးတော့ ကူကယ်ရာ မဲ့စွာနဲ့ ပဲ သူ့ရဲ့ ဗိုက်လေးကို ကူပြီး နှိပ်နယ် ပေးလိုက် လေတယ်။

''  နောက်ဆို မင်း သေချာ ဆင်ခြင် ပြီးမှ စားသင့်တယ်။ တကယ်လို့ မင်းက မကောင်းတာ စားမိရင် မင်းပဲ ဆိုးဆိုးဝါးဝါး ခံစား ရမှာလေ ''

နန်ဟွေး တစ်ယောက် သူပြောတဲ့ စကားကို ပဲ နားထောင် သွားတာလား ဒါမှမဟုတ် တကယ်ပဲ ပြည့်သွားတာ လားတော့ ဝမ်ဟန် မသိပေ။ ဒါပေမယ့် တူ ကို လှမ်းကိုင် ​ချင်နေတဲ့ လက်လေး ပြန်ရုတ် သွားတာ ကိုတော့ တွေ့လိုက် ရလေတယ်။

တစ်ဖက်လူ ရဲ့ အဝတ်အစား ရဖို့ ဆိုရင် နန်ဟွေး က ဝမ်ဟန်ကို ပဲ အကူအညီ တောင်းရမှာ ပဲ ဖြစ်လေတယ်။

အဆုံးမှာတော့ ဝမ်ဟန် က ကျင်းထန် လာနေ ကြ ဖြစ်တဲ့ ဟော်တည် မှာ အလုပ်လုပ် တဲ့ သူလေ။ ဒါကြောင့် မလို့ အခြေအနေ တွေက အတော်လေး ကို အဆင်ပြေ သင့်တော် တယ်လို့ ပြောလို့ ရ လေတယ်။

ဟော်တည် ရဲ့ VIP ကာစတန်မာ တစ်ယောက် အနေနဲ့ ကျင်းထန် မှာ ကိုယ်ပိုင် အထူးအခွင့် အရေးတွေ သေချာပေါက် ရတာက သဘာဝ ပဲ ဖြစ်လေတယ်။

ဥပမာ အားဖြင့် သူက တစ်ဆယ့် နှစ်ထပ် မြောက်ကို အပိုင်စား ရထား တာ မျိုးပေါ့။ ထပ်ပြီး ဥပမာ ပြရရင် အဲ့ တစ်ဆယ့် နှစ်ထပ်မှာ သူ့အတွက် အခန်း သီးသန့် တစ်ခန်းပဲ ရှိတာ မျိုးပေါ့လေ။

ဒီလိုမျိုး အထူးအခွင့်အရေး ရထားတဲ့ သူ ဖြစ်လို့ သူ့အဝတ်တွေကို မ မယ့် နှစ်ယောက် သားရဲ့ အစီအစဉ် က မဟာ့မဟာ ကို အဆင်ပြေ လွန်း နေ တယ်လေ။

............................................................

Continue Reading

You'll Also Like

1.3M 61.4K 29
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
2.2K 252 4
Author - 不知海 Name - 人鱼尚不知海 One shot - {Completed} Just a fan translation. I don't own anything and all credit to original author.
171K 24.4K 108
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
9.3M 649K 82
[ BOOK 1 OF AZITERA: YTHER'S QUEEN ] Consumed by avarice, the four human kingdoms-the Infernal Empire, the Kingdom of Caelum, the Kingdom of Treterra...