ဉီးသည် မနေ့ညက အမေရိကရှိ ကုမ္ပဏီခွဲတစ်ခုကို သွားရသည်။ ဉီးတို့ကုမ္ပဏီ၏ ငွေကိုင်မန်နေဂျာသည် ရှယ်ယာတွေကို ခိုးရောင်းလိုက်သည့် ကိစ္စဖြစ်သည်။ သူ့ကို လိုက်ဖို့ခေါ်ပေမဲ့ သူက အပိုလူသာ ဖြစ်စေမည့်အတွက် သူ မလိုက်လိုကြောင်း ပြောလိုက်သည်။ သူ့သဘောထားကို အမြဲအလေးထားသည့် ဉီးသည် ယခုလည်း ထိုအတိုင်းပင် baeသဘောတဲ့...
ဒီနေ့တော့ သူလည်း အရင်ကထက် အလုပ်တစ်ခုပိုနေသည်။ အပိုအလုပ်ကတော့ ဉီး၏ အဖေနှင့် ချိန်းထားခြင်းဖြစ်သည်။ ဒီအကြောင်းကိုလည်း ဉီးအာ အသိမပေးထားခဲ့ပေ။ချိန်းထားသော နေရာသည် ကော်ဖီဆိုင်တစ်ခုဖြစ်ပေမဲ့...ဝန်ကြီးရှောင်သည် အပေါ်ထပ် တစ်ထပ်လုံးကိုအပြတ်ငှားထားသည့်ပုံပင်။
"ရောက်နေတာကြာပြီလားဗျာ့"
သူကတော့ အချိန်အထိအကျရောက်ပေမဲ့ စောရောက်နေသော ဝန်ကြီးကြောင့် အမေးစကားပြုလိုက်ပေမဲ့...
"ဘယ်လောက်ပေးရမလဲ??"
"ဘာကိုလဲဗျာ့?"
"Seanနဲ့ မပတ်သတ်နဲ့...ဘာလိုချင်လဲ ငွေလား...ရာထူးလား..."
ကြည့်ရတာ လူကြီးမို့လို့ သူကယဉ်ကျေးပေးပေမဲ့ ထိုသူကတော့?...အင်းလေ...သားအရင်းအပေါ်တောင် လုပ်ရက်တဲ့ထိုလူက သူစိမ်းဆိုတဲ့ သူ့ဆိုပိုဆိုးမှာပေါ့။
"ကျွန်တော်...ဉီးနဲ့လက်တွဲတာဟာ ငွေကြေးကြောင့်မဟုတ်ပါဘူး။ ပြီးတော့ ဉီးကိုလည်း အဆုံးထိလက်တွဲထားမှာ...လမ်းခွဲဖို့ဆိုတာ ဘယ်သူတားတားဖြစ်မှာ မဟုတ်ဘူး..."
"Seanနဲ့ တွဲခဲ့တဲ့လူတိုင်းဟာ မိန်းကလေးတွေပဲ...ဒါတောင်ထိပ်တန်းအိမ်တော်တွေကပဲနော်။ မင်းကတော့ ထူးခြားလို့ ခဏပျော်မွေ့နေရုံပဲ။ပွဲလည်တင့်မဲ့ မိန်းမတစ်ယောက်၊ ချစ်စရာကောင်းတဲ့ သားသမီးတစ်ယောက်....ဒါတွေက မင်းမလုပ်ပေးနိုင်ဘူးလေ"
ဉီးသိလား ကျွန်တော်ကလေ ဉီးအတွက်ဆို သန်မာတဲ့လူသားတစ်ယောက်ဖြစ်ချင်တာ။ ဝန်ကြီးရှောင်၏ အပြောကို သူကတော့ခပ်အေးအေးနှင့်သာ တုန့်ပြန်လိုက်သည်။
"မိန်းမတစ်ယောက်?ဟင်း...အချစ်မပါတဲ့ အိမ်ထောင်ရေးကိုလား?? သားသမီးတဲ့လား? ဝန်ကြီးရှောင်အတွက် ဖခင်မေတ္တာက ဘာလဲဆိုတာပြန်သင်ယူသင့်တယ်လို့ ကျွန်တော်ထင်မိတယ်။ ဉီးက ဝန်ကြီးအကြောင်းတွေ ကျွန်တော်ကိုပြောပြဖူးပါတယ်...မိဘတိုင်းက သားသမီးကိုချစ်တယ်ဆိုတဲ့ ကျွန်တော်အမြင်ကို ဝန်ကြီးကပြောင်းလဲစေခဲ့တာပဲ။ ကျွန်တော်စကားက ရိုင်းစေမိရင် အားနာပါတယ်။ ခွင့်ပြုပါအုန်း"
တောက်!Seanက တကယ်ပဲ ဒီကောင်လေးကို ရွေးချယ်ခဲ့တာလား။နောက်ခံမရှိ၊ငွေကြေးမရှိတဲ့ဒီကောင်လေးကို... သူ့ရဲ့ဆိုးရွားလောက်တဲ့ အတိတ်ကိုပြောပြနိုင်သည်အထိလေ။ ဟက်...ဒီကောင်လေးက မင်းလက်ကသွေးစွန်းမှန်း သိသွားရင် လူသတ်သမားကို လက်တွဲမဖြုတ်ဘူးဆိုတာ ငါမယုံဘူး။ မင်းကို တကယ့်ချစ်တဲ့သူကို ရှာတွေ့ပေးမဲ့လည်း အဲ့လူက မကြာခင် ပျောက်ကွယ်သွားရမှာလေ...
.
.
.
ကျွန်တော်ဆိုတဲ့ ဖယောင်းချပ်လေးကို...
ဉီးအတွက်ဆို လိုသလိုပုံသွင်းနိုင်တယ်...
အများအမြင်မှာတော့...
ကျွန်တော်ဟာ သန်မာတဲ့သံထည်တစ်ခုပဲ...
>>>>
ထမင်းစားနေတုန်း video callခေါ်လာသည့် ဉီးကြောင့် သူ့မှာအလျင်အမြန်ဖုန်းကိုင်လိုက်ရသည်။
"Bae...အခုမှ နေ့လယ်စာ စားတာလား...ကျစ်..နောက်ကျနေပြီဟာကို"
အလုပ်ခွင်ထဲတွင် ရှိနေသောဉီးသည် ဝတ်နေကျ suitအပြာလေးနဲ့ပင်။ အမေရိကနှင့် တရုတ်သည် အချိန်ဘယ်လောက်ကွာလည်း သူမသိပေမဲ့...ဒီမှာတော့ နေ့လယ် သုံးနာရီထိုးနေပြီဖြစ်သည်။ မျက်ခုံးတို့ကို တွန့်ချိုးထားသော ဉီးသည် သူ့အာစိတ်ဆိုးနေကြောင်း ဖော်ပြနေလေရဲ့..
"မနက်စာ စားတာများသွားလို့ပါ ဉီးရဲ့။ အခုတောင် ဗိုက်သိပ်မစားေသးဘူး...နောက်မဖြစ်စေရဘူးနော်။ ဒါနဲ့ အလုပ်အဆင်ပြေရဲ့လား..."
"အင်း...မန်နေဂျာကို ရဲလက်အပ်ထားတယ်။ မနက်ဖြန်ပြန်လာမှာ...ဒီနေ့တောင် ချက်ချင်းပြန်လာချင်တာ လွမ်းနေပြီး..."
"ဟီး...ဉီးက ကလေးလေးလား? ကျွန်တော်လည်း လွမ်းတာပေါ့။ မြန်မြန်ပြန်လာခဲ့ တရုတ်ကနွေက နှုတ်ခမ်းခြောက်စေတယ်။နှုတ်ခမ်းအဆီတွေက မကောင်းဘူး.."
Baeကလေ ဟက်...ချာတိတ်ကကွာ သူ့ကိုချက်ချင်းပြန်လာချင်အောင်လုပ်နေတာ...အဲ့ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို သူပြန်လာရင် အစိုဓာတ်ပြည့်အောင် ဖြည့်ပေးရမှာပေါ့။
အာ...ရှက်လိုက်တာ...ဝမ်ရိပေါ် မင်းပါးစပ်က ဘာတွေထွက်နေတာလဲ။ သူ့မှာ ပြောပြီးပြီးချင်း ဖုန်းချလိုက်လို့ပေါ့...အိ...မျက်နှာပူစရာ..
.
.
.
"ရိစန်း..jewel ဆိုင်ကောင်းကောင်းလေး သိလား.."
"ဟုတ်ကဲ့...ရှေ့နှစ်လမ်းကျော်မှာ နာမည်ကြီးဆိုင်ရှိပါတယ်။ Bossသွားမလို့လား..."
ကြည်ရတာ bossက သူ့ကောင်လေးကို လက်ထပ်ခွင့်တောင်းမည် ထင်ပါရဲ့..
"အင်း...ကိုယ့်ကို bossလို့မခေါ်ပါနဲ့။ Seanလို့ပဲခေါ်ပေါ့ နောက်ဆိုမိသားစုဝင်တွေဖြစ်ကြတော့မှာပဲကို..."
"ဗျာ့!...ဟုတ်ကဲ့ boss...အဲ့...sean"
Baeညီkonနဲ့ယူမဲ့ ရိစန်းကလည်း တချိန်ချိန်မှာ baeမိသားစုဝင်ဖြစ်လာမှာလေ။ Baeမိသားစုက သူ့မိသားစုပဲလေ...
>>>
"ဝမ်ကောကော..."
"Bam ဘယ်ကိုလာတာလဲ?"
"ကောကောစီလာတာ ကျွန်တော်နဲ့အတူ barသွားရအောင် အဖော်မရှိလို့ လိုက်ခဲ့ပါလားဟင်...နော်.."
ကလေးတစ်ယောက်လို လာချွဲနေသော bam...
"Bar ကိုလား?"
"အွန်း...ကျွန်တော့် သူငယ်ချင်းမွေးနေ့လေ...နော်...ကောကော လိုက်ခဲ့ပါလား"
Barကိုတော့ သူ မသွားချင်ပေ။ သို့သော် ဘန်ကိုလည်းပဲ စိတ်မချပေ...
"ဒါဆို ကော konတို့အဖွဲ့ကိုပါ ခေါ်လိုက်မယ်လေ"
"မရဘူး!!! မမက ကောကောကိုပဲဖိတ်တာ"
သူ့အာ အတင်းအော်ပြီမှနောက်ဆက်တွဲစကားကို ပြောလာသော ဘန်...
"အင်းအင်း...ကော အဝတ်အစားလဲလိုက်အုန်းမယ်။ ဘယ်barလဲ??"
"Sky of the dark..."
သူ့အာ ပြုံးပြုံးလေးပြောလာသော ဘန်။ အဝတ်လဲရင်းနေရင်းနဲ့ ဉီးအာ message ပို့၍ ဘန်နဲ့အတူ barသွားမည်ဖြစ်ကြောင်း အသိပေးလိုက်သည်။ ဉီးသည် လိုင်းပေါ်တွင်မရှိသောကြောင့် seenမပြ ကြည့်ရတာ အလုပ်လုပ်နေသည်ထင်၏။
.
.
.
"ကောကော ဒါကျွန်တော့် မမ မာရီရာ..သူက လူးဝစ်"
"တွေ့ရတာ ဝမ်းသာပါတယ်ဗျာ့"
Bar၏ လမ်းတစ်လျှောက်တွင် အနီရောင်မီးလုံးများကို စီခြယ်ထားသည်...ထို့အပြင် အခန်းတွင်လည်း အမှောင်ထုအတိုင်းပင်...
"Seanရဲ့ ကောင်လေးကို မြင်ဖူးချင်နေတာ...တွေ့တော့လည်း တကယ့်အချောလေးပဲ"
"မဟုတ်တာ...ကျဲမာရီရာက အချောဆုံးပါ"
ယောကျာ်းလေးဖြစ်တဲ့သူ့ကို အပြင်သူက ချောတယ်လို့ပြောတာ လက်မခံနိုင်ပေ...
"မမကို သားက ကျေးဇူးတင်ရအုန်းမှာ..."
"ဘာကိုလဲ..."
"မမရဲ့ လက်ဆောင် နှင်းဆီနက်ကို ကောကောက ကြိုက်တယ်တဲ့.."
တောက်!!ကြာပန်းဖြူလိုကောင် ငါ့ကိုကျလူမိုက်ဇာတ်သွင်းနေတယ်ပေါ့...
"ငါ...မပေးဖူးဘူး!"
"မမ မပေးလို့ သားကပေးရမှာလား??ကောကောက ဘာမှမပြောတော့ သားကသဘောကျတယ်ထင်နေတာ။ သေချာရှာကြည့်မိမှ...အဲ့တာကြီးက လက်ဆောင်ပေးလို့မကောင်းဘူးတဲ့"
မျက်ရည်လေး ဝဲတဲဝဲတဲနဲ့ ဝမ်ရိပေါ်လက်ကို တွဲထားတဲ့ကောင်...အဆိပ်ပြင်းတဲ့ မြွေပွေးကောင်။ ငယ်ငယ်တုန်းကအတိုင်း သူမကိုလူမိုက်ဇာတ်သွင်းနေတာ..
"တောက်!!နင်...လွှတ်စမ်း လူးဝစ်!!"
ဘယ်သူပေးတာမှန်း သေချာမသိသော ထိုနှင်းဆီနက်...ကျဲက ဒေါသထွက်နေပြီး ဘန်ကငိုနေတယ်။ တခြားသူသာဆို ကျဲအမှားလို့ထင်ပေမဲ့ သူကတော့ကျဲမျက်ဝန်းထဲတွင် ခံပြင်းမှုများကို မြင်သည်။ဒါဟာ အစစ်အမှန်လား? ဟန်ဆောင်မှုတွေလား?
လူတွေဟာ ဟန်ဆောင်ကောင်းလွန်းတယ်။ဖုံးကွယ်ထားတဲ့ ဆိုးရွားမှုဟာ တစ်ချိန်ချိန်မှာပေါ်လာစမြဲပါ~~
20/7/2023
9:00pm
••••••••••••
Zawgyi
ဉီးသည္ မေန႔ညက ေအမရိက႐ြိ ကုမၸဏီခြဲတစ္ခုကို သြားရသည္။ ဉီးတို႔ကုမၸဏီ၏ ေငြကိုင္မန္ေနဂ်ာသည္ ရွယ္ယာေတြကို ခိုးေရာင္းလိုက္သည့္ ကိစၥျဖစ္သည္။ သူ႔ကို လိုက္ဖို႔ေခၚေပမဲ့ သူက အပိုလူသာ ျဖစ္ေစမည့္အတြက္ သူ မလိုက္လိုေၾကာင္း ေျပာလိုက္သည္။ သူ႔သေဘာထားကို အၿမဲအေလးထားသည့္ ဉီးသည္ ယခုလည္း ထိုအတိုင္းပင္ baeေသဘာတဲ့...
ဒီေန႔ေတာ့ သူလည္း အရင္ကထက္ အလုပ္တစ္ခုပိုေနသည္။ အပိုအလုေပၠတာ့ ဉီး၏ အေဖႏွင့္ ခ်ိန္းထားျခင္းျဖစ္သည္။ ဒီအေၾကာင္းကိုလည္း ဉီးအာ အသိမေပးထားခဲ့ေပ။ခ်ိန္းထားေသာ ေနရာသည္ ေကာ္ဖီဆိုင္တစ္ခုျဖစ္ေပမဲ့...ဝန္ႀကီးေရွာင္သည္ အေပၚထပ္ တစ္ထပ္လုံးကိုအျပတ္ငွားထားသည့္ပုံပင္။
"ေရာက္ေနတာၾကာၿပီလားဗ်ာ့"
သူေကတာ့ အခ်ိန္အထိအက်ေရာက္ေပမဲ့ ေစာေရာက္ေနေသာ ဝန္ႀကီးေၾကာင့္ အေမးစကားျပဳလိုက္ေပမဲ့...
"ဘယ္ေလာက္ေပးရမလဲ??"
"ဘာကိုလဲဗ္ာ့?"
"Seanနဲ႔ မပတ္သတ္နဲ႔...ဘာလိုခ်င္လဲ ေငြလား...ရာထူးလား..."
ၾကည့္ရတာ လူႀကီးမို႔လို႔ သူကယဥ္ေက်းေပးေပမဲ့ ထိုသူေကတာ့?...အင္းေလ...သားအရင္းအေပၚေတာင္ လုပ္ရက္တဲ့ထိုလူက သူစိမ္းဆိုတဲ့ သူ႔ဆိုပိုဆိုးမွာေပါ့။
"ကြၽန္ေတာ္...ဉီးနဲ႔လက္တြဲတာဟာ ေငြေၾကးေၾကာင့္မဟုတ္ပါဘူး။ ၿပီးေတာ့ ဉီးကိုလည္း အဆုံးထိလၾကၱဲထားမြာ...လမ္းခြဲဖို႔ဆိုတာ ဘယ္သူတားတားျဖစ္မွာ မဟုတၻဴး..."
"Seanနဲ႔ တြဲခဲ့တဲ့လူတိုင္းဟာ မိန္းကေလးေတြပဲ...ဒါေတာင္ထိပ္တန္းအိမ္ေတာ္ေတြကပဲေနာ္။ မင္းကေတာ့ ထူးျခားလို႔ ခဏေပ်ာ္ေမြ႕ေန႐ုံပဲ။ပြဲလည္တင့္မဲ့ မိန္းမတစ္ေယာက္၊ ခ်စ္စရာေကာင္းတဲ့ သားသမီးတစ္ေယာက္....ဒါေတြက မင္းမလုပ္ေပးႏိုင္ဘူးေလ"
ဉီးသိလား ကြၽန္ေတာ္ကေလ ဉီးအၾတက္ဆို သန္မာတဲ့လူသားတစ္ေယာက္ျဖစ္ခ်င္တာ။ ဝန္ႀကီးေရွာင္၏ အေျပာကို သူကေတာ့ခပ္ေအးေအးႏွင့္သာ တုန္႔ျပန္လိုက္သည္။
"မိန္းမတစ္ေယာက္?ဟင္း...အခ္စၼပါတဲ့ အိမ္ေထာင္ေရးကိုလား?? သားသမီးတဲ့လား? ဝန္ႀကီးေရွာင္အတြက္ ဖခင္ေမတၱာက ဘာလဲဆိုတာျပန္သင္ယူသင့္တယ္လို႔ ကြၽန္ေတာ္ထင္မိတယ္။ ဉီးက ဝန္ႀကီးအေၾကာင္းေတြ ကြၽန္ေတာ္ကိုေျပာျပဖူးပါတယ္...မိဘတိုင္းက သားသမီးကိုခ္စၱယ္ဆိုတဲ့ ကြၽန္ေတာ္အျမင္ကို ဝန္ႀကီးကေျပာင္းလဲေစခဲ့တာပဲ။ ကြၽန္ေတာ္စကားက ႐ိုင္းေစမိရင္ အားနာပါတယ္။ ခြင့္ျပဳပါအုန္း"
ေတာက္!Seanက တကယ္ပဲ ဒီေကာင္ေလးကို ေ႐ြးခ်ယ္ခဲ့တာလား။ေနာက္ခံမရွိ၊ေငြေၾကးမရွိတဲ့ဒီေကာင္ေလးကို... သူ႔ရဲ႕ဆိုး႐ြားေလာက္တဲ့ အတိတ္ကိုေျပာျပႏိုင္သည္အထိေလ။ ဟက္...ဒီေကာင္ေလးက မင္းလက္ကေသြးစြန္းမွန္း သိသြားရင္ လူသတ္သမားကို လက္တြဲမျဖဳတ္ဘူးဆိုတာ ငါမယုံဘူး။ မင္းကို တကယ့္ခ်စ္တဲ့သူကို ရွာေတြ႕ေပးမဲ့လည္း အဲ့လူက မၾကာခင္ ေပ်ာက္ကြယ္သြားရမွာေလ...
.
.
.
ကြၽန္ေတာ္ဆိုတဲ့ ဖေယာင္းခ်ပ္ေလးကို...
ဉီးအၾတက္ဆို လိုသလိုပုံသြင္းႏိုင္တယ္...
အမ်ားအျမင္မွာေတာ့...
ကြၽန္ေတာ္ဟာ သန္မာတဲ့သံထည္တစ္ခုပဲ...
>>>>
ထမင္းစားေနတုန္း video callေခၚလာသည့္ ဉီးေၾကာင့္ သူ႔မွာအလ်င္အျမန္ဖုန္းကိုင္လိုက္ရသည္။
"Bae...အခုမြ ေန႔လယ္စာ စားတာလား...က်စ္..ေနာက္က်ေနၿပီဟာကို"
အလုပ္ခြင္ထဲတြင္ ရွိေနေသာဉီးသည္ ဝတ္ေနက် suitအျပာေလးနဲ႔ပင္။ အေမရိကႏွင့္ တ႐ုတ္သည္ အခ်ိန္ဘယ္ေလာက္ကြာလည္း သူမသိေပမဲ့...ဒီမွာေတာ့ ေန႔လယ္ သုံးနာရီထိုးေနၿပီျဖစ္သည္။ မ်က္ခုံးတို႔ကို တြန္႔ခ်ိဳးထားေသာ ဉီးသည္ သူ႔အာစိတ္ဆိုးေနေၾကာင္း ေဖာ္ျပေနေလရဲ႕..
"မနကၥာ စားတာမ်ားသြားလို႔ပါ ဉီးရဲ႕။ အခုေတာင္ ဗိုက္သိပ္မစားေသးဘူး...ေနာက္မျဖစ္ေစရဘူးေနာ္။ ဒါနဲ႔ အလုပ္အဆင္ေျပရဲ႕လား..."
"အင္း...မန္ေနဂ်ာကို ရဲလက္အပ္ထားတယ္။ မနက္ျဖန္ျပန္လာမွာ...ဒီေန႔ေတာင္ ခ်က္ခ်င္းျပန္လာခ်င္တာ လြမ္းေနၿပီး..."
"ဟီး...ဉီးက ကေလးေလးလား? ကြၽန္ေတာ္လည္း လြမ္းတာေပါ့။ ျမန္ျမန္ျပန္လာခဲ့ တ႐ုတ္ကေႏြက ႏႈတ္ခမ္းေျခာက္ေစတယ္။ႏႈတ္ခမ္းအဆီေတြက မေကာင္းဘူး.."
Baeေကလ ဟက္...ခ္ာတိတၠၾကာ သူ႔ကိုခ်က္ခ်င္းျပန္လာခ်င္ေအာင္လုပ္ေနတာ...အဲ့ေျခာက္ေသြ႕ေနတဲ့ ႏႈတ္ခမ္းကို သူျပန္လာရင္ အစိုဓာတ္ျပည့္ေအာင္ ျဖည့္ေပးရမွာေပါ့။
အာ...႐ြကႅိုကၱာ...ဝမ္ရိေပၚ မင္းပါးစပ္က ဘာေတြထြက္ေနတာလဲ။ သူ႔မွာ ေျပာၿပီးၿပီးခ်င္း ဖုန္းခ်လိုက္လို႔ေပါ့...အိ...မ်က္ႏွာပူစရာ..
.
.
.
"ရိစန္း..jewel ဆိုင္ေကာင္းေကာင္းေလး သိလား.."
"ဟုတ္ကဲ့...ေရွ႕ႏွစ္လမ္းေက်ာ္မွာ နာမည္ႀကီးဆိုင္ရွိပါတယ္။ Bossသြားမလို႔လား..."
ၾကည္ရတာ bossက သူ႔ေကာင္ေလးကို လက္ထပ္ခြင့္ေတာင္းမည္ ထင္ပါရဲ႕..
"အင္း...ကိုယ့္ကို bossလို႔မေခၚပါနဲ႔။ Seanလို႔ပဲေခၚေပါ့ ေနာက္ဆိုမိသားစုဝင္ေတြျဖစ္ၾကေတာ့မွာပဲကို..."
"ဗ္ာ့!...ဟုတ္ကဲ့ boss...အဲ့...sean"
Baeညီkonနဲ႔ယူမဲ့ ရိစန္းကလည္း တခ်ိန္ခ်ိန္မွာ baeမိသားစုဝင္ျဖစ္လာမွာေလ။ Baeမိသားစုက သူ႔မိသားစုပဲေလ...
>>>
"ဝမ္ေကာေကာ..."
"Bam ဘယၠိုလာတာလဲ?"
"ေကာေကာစီလာတာ ကြၽန္ေတာ္နဲ႔အတူ barသြားရေအာင္ အေဖာ္မရွိလို႔ လိုက္ခဲ့ပါလားဟင္...ေနာ္.."
ကေလးတစ္ေယာက္လို လာခြၽဲေနေသာ bam...
"Bar ကိုလား?"
"အြန္း...ကြၽန္ေတာ့္ သူငယ္ခ်င္းေမြးေန႔ေလ...ေနာ္...ေကာေကာ လိုက္ခဲ့ပါလား"
Barကိုေတာ့ သူ မသြားခ်င္ေပ။ သို႔ေသာ္ ဘန္ကိုလည္းပဲ စိတ္မခ်ေပ...
"ဒါဆို ေကာ konတို႔အဖြဲ႕ကိုပါ ေခၚလိုက္မယ္ေလ"
"မရဘူး!!! မမက ေကာေကာကိုပဲဖိတ္တာ"
သူ႔အာ အတင္းေအာ္ၿပီမွေနာက္ဆက္တြဲစကားကို ေျပာလာေသာ ဘန္...
"အင္းအင္း...ေကာ အဝတ္အစားလဲလိုက္အုန္းမယ္။ ဘယ္barလဲ??"
"Sky of the dark..."
သူ႔အာ ၿပဳံးၿပဳံးေလးေျပာလာေသာ ဘန္။ အဝတ္လဲရင္းေနရင္းနဲ႔ ဉီးအာ message ပို႔၍ ဘန္နဲ႔အတူ barသြားမည္ျဖစ္ေၾကာင္း အသိေပးလိုက္သည္။ ဉီးသည္ လိုင္းေပၚတြင္မရွိေသာေၾကာင့္ seenမ်ပ ၾကည့္ရတာ အလုပ္လုပ္ေနသည္ထင္၏။
.
.
.
"ေကာေကာ ဒါကြၽန္ေတာ့္ မမ မာရီရာ..သူက လူးဝစ္"
"ေတြ႕ရတာ ဝမ္းသာပါတယ္ဗ်ာ့"
Bar၏ လမ္းတစ္ေလွ်ာက္တြင္ အနီေရာင္မီးလုံးမ်ားကို စီျခယ္ထားသည္...ထို႔အျပင္ အခန္းတြင္လည္း အေမွာင္ထုအတိုင္းပင္...
"Seanရဲ႕ ေကာင္ေလးကို ျမင္ဖူးခ်င္ေနတာ...ေတြ႕ေတာ့လည္း တကယ့္အေခ်ာေလးပဲ"
"မဟုတၱာ...က်ဲမာရီရာက ေအခ္ာဆုံးပါ"
ေယာက်ာ္းေလးျဖစ္တဲ့သူ႔ကို အျပင္သူက ေခ်ာတယ္လို႔ေျပာတာ လက္မခံႏိုင္ေပ...
"မမကို သားက ေက်းဇူးတင္ရအုန္းမွာ..."
"ဘာကိုလဲ..."
"မမရဲ႕ လက္ေဆာင္ ႏွင္းဆီနက္ကို ေကာေကာက ႀကိဳက္တယ္တဲ့.."
ေတာက္!!ၾကာပန္းျဖဴလိုေကာင္ ငါ့ကိုက်လူမိုက္ဇာတ္သြင္းေနတယ္ေပါ့...
"ငါ...ေမပးဖူးဘူး!"
"မမ မေပးလို႔ သားေကပးရမြာလား??ေကာေကာက ဘာမွမေျပာေတာ့ သားကသေဘာက်တယ္ထင္ေနတာ။ ေသခ်ာရွာၾကည့္မိမွ...အဲ့တာႀကီးက လက္ေဆာင္ေပးလို႔မေကာင္းဘူးတဲ့"
မ်က္ရည္ေလး ဝဲတဲဝဲတဲနဲ႔ ဝမ္ရိေပၚလက္ကို တြဲထားတဲ့ေကာင္...အဆိပ္ျပင္းတဲ့ ေႁမြေပြးေကာင္။ ငယ္ငယ္တုန္းကအတိုင္း သူမကိုလူမိုက္ဇာတ္သြင္းေနတာ..
"ေတာက္!!နင္...လႊတ္စမ္း လူးဝစ္!!"
ဘယ္သူေပးတာမွန္း ေသခ်ာမသိေသာ ထိုႏွင္းဆီနက္...က်ဲက ေဒါသထြက္ေနၿပီး ဘန္ကငိုေနတယ္။ တ်ခားသူသာဆို က်ဲအမွားလို႔ထင္ေပမဲ့ သူကေတာ့က်ဲမ်က္ဝန္းထဲတြင္ ခံျပင္းမႈမ်ားကို ျမင္သည္။ဒါဟာ အစစ္အမွန္လား? ဟန္ေဆာင္မႈေတြလား?
လူေတြဟာ ဟန္ေဆာင္ေကာင္းလြန္းတယ္။ဖုံးကြယ္ထားတဲ့ ဆိုး႐ြားမႈဟာ တစ္ခ်ိန္ခ်ိန္မွာေပၚလာစၿမဲပါ~~
20/7/2023
9:00pm