မကြိုက်သင့်သောတီချယ်🫀

By homi_08

118K 5.4K 225

"တီချယ်ကကိုယ့်အတွက်မကြိုက်‌သင့်သောတီချယ်ပဲ ဘာလို့မကြိုက်သင့်တာလဲဆိုရင်ချစ်သင့်သောတီချယ်ဖြစ်နေလို့လေ" More

မကြိုက်သင့်သော တီချယ်🫀 P-1
မကြိုက်သင့်သောတီချယ်🫀P-2
မကြိုက်သင့်သောတီချယ်🫀 P-3
မကြိုက်သင့်သောတီချယ်🫀 P-4
မကြိုက်သင့်သောတီချယ်🫀 P-5
မကြိုက်သင့်သောတီချယ်🫀 P-6
မကြိုက်သင့်သောတီချယ်🫀 P-7
မကြိုက်သင့်သောတီချယ်🫀 P-8
မကြိုက်သင့်သောတီချယ်🫀 P-9
မကြိုက်သင့်သောတီချယ်🫀 P-10
မကြိုက်သင့်သောတီချယ်🫀 P-11
မကြိုက်သင့်သောတီချယ်🫀 P-12
မကြိုက်သင့်သောတီချယ်🫀 P-13
မကြိုက်သင့်သောတီချယ်🫀 P-14
မကြိုက်သင့်သောတီချယ်🫀 P-15
မကြိုက်သင့်သောတီချယ်🫀 P-17
မကြိုက်သင့်သောတီချယ်🫀 P-18
မကြိုက်သင့်သောတီချယ်🫀 P-19
မကြိုက်သင့်သောတီချယ်🫀 P-20
မကြိုက်သင့်သောတီချယ်🫀 P-21
မကြိုက်သင့်သောတီချယ်🫀 P-22
မကြိုက်သင့်သောတီချယ်🫀 P_23
မကြိုက်သင့်သောတီချယ်🫀 P-24
မကြိုက်သင့်သောတီချယ်🫀 P-25
မကြိုက်သင့်သောတီချယ်🫀 P-26
မကြိုက်သင့်သောတီချယ်🫀 P-27
မကြိုက်သင့်သောတီချယ်🫀 P-28
မကြိုက်သင့်သောတီချယ်🫀 P-29
မကြိုက်သင့်သောတီချယ်🫀 P-30
မကြိုက်သင့်သောတီချယ်🫀 P-31
မကြိုက်သင့်သောတီချယ်🫀 P-32 End

မကြိုက်သင့်သောတီချယ်🫀 P-16

3.2K 151 2
By homi_08

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၁၆)



တီချယ်ပြန်သွားပြီကတည်းက သွားဖြီးနေတာ အခြားသူတွေမြင်ရင်အရူးလို့တောင်ထင်နိုင်သည်။ "တီချယ်ရဲ့အရှက်သည်းနေတဲ့အမူအရာကိုပြန်တွေးမိရင် တကယ်သဘောကျမိတယ်။ မှဲ့လေးတွေများတဲ့မျက်နှာလေးက နီရဲသွားပြီ မျက်နှာလေးကိုအခြားတစ်ဖက်လွှဲသွားတတ်တာက သိပ်ချစ်ဖို့ကောင်းတယ်။ ဒါပေမဲ့ သ၀န်လည်းတိုမိတယ် တီချယ်ရဲ့အရှက်သည်းနေတဲ့အပြုအမူတွေကို ကိုယ်ထက်ဘယ်သူကအရင်မြင်ခဲ့မလဲ.... သေချာပေါက် ဟိုလူကြီးပဲဖြစ်ရမယ်!" ။
နွေးခဗျာ ပျော်သွားလိုက် ဒေါသသထွက်လိုက်နဲ့ စိတ်မမှန်တော့ဘူးလို့ပြော‌ရင်တောင် ငြင်းနိုင်မည်မထင်။

မိဘတွေကိုပြန်ရောက်ပြီဖြစ်ကြောင်းပြောပြီးအခန်းထဲကို၀င်သွားလိုက်တော့သည်။ ငယ်စဉ်းစားမိသည်။ ကလေးငယ်တစ်ယောက်ကိုတွဲရင် ဖြစ်လာနိုင်မည့်အကြောင်းတွေ...ဝေဖန်ခံရမည့်သူမတို့အချစ် ပတ်၀န်းကျင်ရဲ့ဝေဖန်ပြောဆိုမှုတွေကို ငယ် ရင်မဆိုင်နိုင်ပါ။
ဆက်မတွေးချင်တော့တာနဲ့ရေချိုးခန်းထဲ၀င်ကာ ‌ကိုယ်လက်သန့်စင်လိုက်တော့သည်။

ည၉နာရီ‌ရောက်တော့ချစ်သူငယ်လေးကစာပို့လာပါသည်။

"တီချယ်"

"ရှင်"

"ပလစ်တယ်"

"ဟယ် ဘယ်မှာပလစ်လို့လဲ"

"ကိုယ်ကို စာမပို့ဘူးလေ ကိုယ်ကစောင့်နေတာကိုး"

"ကျွန်မကဘဲစာအရင်ပို့နေရင် သိက္ခာကျတာပေါ့ ကလေးငယ်ကအရင်ပို့တော့ရော ဘာဖြစ်မှာမို့လဲ"

"မသိဘူး "

"သိရမယ်"

"ကိုယ်သိတာဆိုလို့ တီချယ်ကိုချစ်ဖို့ပဲသိတာ"

"ဒီလို့အပြောကြွယ်ပုံနဲ့ဆိုရင် ရည်းစားများမှာသေချာတယ်"

"မများပါဘူး အပြောသာကြွယ်တာလူကမရှုပ်တတ်ဘူး"

"'ဘူး' နဲ့ဘဲပြောသွားပေမဲ့ ယုံချင်စရာမကောင်းနေ"

"နှာဘူးမလို့ ဘူးနဲ့ဘဲအဆုံးသတ်တာပါ တီချယ်ရယ်"


"ပေါ်ပြီ ပြောစမ်းပါဦး ဘယ်လို့တွေနှာဘူးထလဲဆိုတာ"


"တီချယ်ကိုမြင်တိုင်း မျက်တောင်ခတ်ဖို့မေ့အောင်အထိကြည့်မိတယ် တီချယ်ရဲ့အပြုံးတွေကိုမြင်တိုင်း ရင်ထဲမှာလိပ်ပြာတွေပျံနေသလို့ပဲဖြစ်နေတယ် တီချယ်ကိုနမ်းရတိုင်း ထပ်နမ်းချင်လာတယ် တီချယ်ကိုကြိုက်တယ် တီချယ်ကိုသဘောကျတယ် တီချယ်ကိုချစ်တယ် ကိုယ်ကတီချယ်ကိုဘဲနှာဘူးထတာပါ"


"ကျွန်မကို နှာဘူးထတာကျတော့ 'တယ်'တွေဘဲအဆုံးသတ်သွားတာပဲနော်"


"တီချယ်နဲ့ပက်သတ်လာရင် အမုန်းစကားနဲ့ဆိုင်တာတွေကိုဘဲ'ဘူး'နဲ့အဆုံးသတ်မယ့်မိန်းကလေးပါ"


"အဲလို့အပြောကြွယ်တယ့်မိန်းကလေးကိုပိုင်ဆိုင်ရတာ သိပ်ကံကောင်းတာပဲရှင်~"


"တီချယ်ကကံကောင်းတာထက်ကံထူးသွားတာရုံပါ"

"ဟုတ်ပါပြီ အချစ်အကြောင်းတွေတော်တော့ ‌ဆရာမကြီးကို မင်းအကပြိုင်ပွဲမပါဘူးဆိုတဲ့အကြောင်းကိုဘယ်လို့ဆင်ခြင်ပေးသင့်လည်းကူစဉ်းစားပေးဦး"


"ဘာလို့လဲ  ဒီတိုင်းမပါဘူးပြောလို့မရဘူးလား"


"ဟင့်အင်း မရဘူး ဆရာမကြီးက မင်းကိုအရမ်းပါ၀င်စေချင်တာ မင်းသာပါရင် အခြားကလေးတွေလည်းပါလောက်မယ်အထင်ကလေးငယ်ကိုခေါ်ခိုင်းခဲ့တာ ကလေးငယ်က ပါလို့မဖြစ်ဘူးဆိုတာပြောလည်း ဆရာမကြီးက အတင်းတွန်းအားပေးပြီပါခိုင်းမှာ
ဆရာမကြီး အတင်းကျပ်မလုပ်အောင် ဆင်‌ခြင်ပေးမှာဖြစ်မယ်"


"အော်..အဲလို့ကိုး အကယ်၍တီချယ်ကို ကိုယ်ကိုပါ၀င်အောင်မဆွဲဆောင်နိုင်ဘူးလားလို့ ပြောလာခဲ့ရင် ကိုယ်ကိုပြောပါ ကိုယ်ဆရာမကြီးရှင်းပြပေးမယ်"


"ကလေးငယ်က ကျွန်မကိုကာကွယ်ပေးမယ့်သူရဲကောင်းလေးလား"

"ဒါပေါ့ တီချယ်တစ်‌ယောက်ဘဲကိုကာကွယ်ပေးမယ့်သူရဲကောင်း"

"သူရဲကောင်းလေးက ဘယ်လို့ဆင်ခြင်ပေးသင့်လဲဆိုတာ ကူစဉ်းစားပေးပါဦးရှင့်"


"လွယ်ပါတယ် မေတ္တာနွေးကအပင်ပန်းမခံနိုင်ကြောင်းနဲ့ အခုတလောအလုပ်တွေအရမ်းရှုပ်နေ‌တာလို့ပြောလိုက်ပြီဆင်‌ခြင်ပေးပါလိုက်ပါဗျ"


"ဗျလို့မသုံးပါနဲ့ဆို"

"သုံးမှာပါပဲကွာ"

"မချစ်ဘူးလား"

"ချစ်တယ်"

"ချစ်ရင်မသုံးနဲ့"

"ချစ်လို့သုံးတာ"

"ဟာ..တော်ပြီ အိပ်တော့မယ် မင်းလည်းအိပ်တော့ good night "


"Good night ကလေးငယ်ရဲ့အချစ်‌လေး"

ငယ် ဆက်ပြီပြောနေလျှင် ဒီကလေးမရဲ့အပြောတွေအောက်မှာအရည်ပျော်ရုံကလွဲပြီဘာမှဆက်‌ဖြစ်လာမည်မထင်ပါ။ထို့ကြောင့်အိပ်တော့မယ်ဟုဆိုပြီက‌လေးအကွက်တွေသုံးလိုက်ကာ လစ်ထွက်လာခြင်းပင်ဖြစ်သည်။

နွေးကတော့ ကောင်းကောင်းကြီးသိ၏ တီချယ်သည်အိပ်ချင်လို့မဟုတ်ဘဲနဲ့ ကိုယ်စကားတွေကိုမခံနိုင်တော့လို့လစ်ထွက်သွားခြင်းဆိုသည်ကိုသိလေ၏


____



"Sunday မနက်ခင်းမှာ ချစ်ရသူရဲ့ morning ပါဆိုတဲ့စာလေးကိုမြင်ရတာဘယ်လောက်ကောင်းလိုက်မလဲ ဒါပေမဲ့ ကလေးစုတ်က အခုအချိန်ထိမနိုးသေးတာလား စာလာမပို့တာလား မသိ"
မနက်၈နာရီမှနိုးလာတဲ့တီချယ်ကတော့ ယခုအချိန်အထိ အိပ်စက်နေတဲ့ကလေးငယ်ကို စိတ်ထဲကနေ ကြိမ်းဝါးနေလေတော့သည်။
မျက်နှာသစ်ဖို့ ထလိုက်ချိန် ဖုန်းscreenပေါ်က ကလေးငယ်ရဲ့ "morning တီချယ်"ဆိုတဲ့စာလေးကိုမြင်ရတော့ ငယ်ပြုံးမိသည်။ သူမကြိမ်းဝါးလိုက်လို့ စာလာပို့တာလားတော့မသိပေမဲ့ ချက်ချင်း "morning ကလေးငယ်" လို့စာပြန်မိသည်။ စာပြန်ပြီသည့်နှင့်မျက်နှာသစ်ဖို့ရေချိုးခန်းထဲ၀င်သွားတော့သည်။


ကလေးစုတ်ဟူပြောခံထားရသူ နွေးကတော့ အိပ်ရာကနိုးတာနှင့်ဖုန်းကိုယူကာ သူရဲ့အချစ်တော်လေးကို "morning တီချယ်" ဟုပို့လိုက်လေသည်။ ငယ်စီက "morning ကလေးငယ်"လို့ စာကို like လေးပေးကာ ကိုယ်လက်သန့်စင်ဖို့ရေချိုးခန်းထဲကို၀င်သွားသည်။


နှစ်ယောက်လုံးကိုယ်စီလုပ်စရာအလုပ်တွေကိုလုပ်ကြသည်။ တစ်ယောက်နဲ့တစ်ယောက်လွမ်းနေပေမဲ့ စာတော့မပို့ဖြစ်ကြပါ။ လုပ်စရာအလုပ်တွေအကုန်ပြီမှသာ စာပို့မည်ဟုတွေးထားကြသူနှစ်ယောက်။
ညနေဘက်ရောက်မှသာ ကလေးငယ်ကစာပို့လာတော့သည်။


"အချစ်လေး"


"အချစ်လေးလို့ လူဘယ်နှယောက်ကိုခေါ်ခဲ့ဖူးလဲ"

"များလွန်းလို့မသိတော့ဘူး"


"လူအများကြီးကိုခေါ်ခဲ့တဲ့နာမည်ကို ကျွန်မကိုလာခေါ်နေတာလား"


"ဟော အခုမှတွေ့ရတာကို တွေ့တွေ့ချင်းရစ်တော့ရတာပဲ"


"ရစ်တာမဟုတ်ဘူး မေးနေတာ"


"အချစ်လေးဆိုတဲ့နာမ်စားကို လူအများကြီးကိုခေါ်ခဲ့ပေမဲ့ ချစ်သူကိုခေါ်တာကတော့ပထမဆုံးပါ"


"ချစ်သူကိုပထမဆုံး‌ ခေါ်တာဆိုတော့ ရည်းစားကိုတော့သုံးခဲ့ဖူးတယ်ပေါ့"



"မေတ္တာနွေးက ကိုယ်ရဲ့ပိုင်ရှင်ကို ချစ်သူလို့သုံးတာ အခုအချိန်အထိ တီချယ်ဘဲရှိသေးတာ ဂု‌ဏ်ယူသင့်တာကို တီချယ်က ရစ်နေတယ် ဟွန့်"

"အခုအချိန်အထိဆိုတော့ အရင်တုန်းက ရည်းစားထားဖူးတယ်ဆိုတဲ့သဘောလား"

"အဲဒါတော့ အဲဒါပေါ့"


"အော်...အင်းပါ မင်းက တို့ရစ်တာမခံနိုင်ဘူးဆိုတော့လည်း လိုင်းဆင်းပြီ"


"တီချယ် လိုင်းမဆင်းနဲ့ဦးလေ"

"တီချယ်"

"ကလေးငယ်ရဲ့တီချယ်"

"အန်တီအရွယ်တီချယ်"


"မေတ္တာနွေးရဲ့ပိုင်ရှင်ရေ ပြန်တက်လာခဲ့ပါတော့လို့"


နွေးဘယ်လောက်စာပို့ပို့လိုင်းတက်မလာတော့တဲ့ ငယ်။
ငယ်ကတော့ စိတ်ဆိုးသွားပါပြီ ရည်းစားထားဖူးခဲ့သည်တယ်လား ငယ်ခဗျာ သူတောင်ရည်းစားတစ်ခါမှ မထားဖူးလို့ အားငယ်သွားရရှာပါပြီ။ ပလေးတတ်တဲ့ ကလေးတစ်ယောက်ဆိုရင် ငယ်တစ်ယောက် ကြေကွဲအန်တီဖြစ်မည်အဖြစ်ကိုတွေးရင် ရင်လေးမိတော့သည်။


"ငါစကားမှားသွားပြီလား ရည်းစားထားဖူးတာဘာဆန်းလို့တုန်း သူကြတော့ရော မထားဖူးလို့လား တကယ်လည်းမထားခဲ့ဖူးရင်ရော..စိတ်ရှုပ်လာပြီဟာ"

သူကိုသူဘဲအပြစ်တင်ရမလို့လို့ စိတ်ဆိုးသွားတဲ့တီချယ်ဘဲအပြစ်တင်ရမလို့လို့နဲ့ ‌တီချယ်စီကအရစ်ခံလိုက်ရသူနွေး။

_______


ဆောရီးပါဗျ ကိုယ်မကြာခင်စာမေးပွဲဖြေစရာရှိနေတာကြောင့် upတာနောက်ကျသွားပါတယ် စာတိုသွားရင်လည်း တောင်းပန်ပါတယ်ဗျ

Continue Reading

You'll Also Like

2.7M 156K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.4M 34.4K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3.6M 290K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
4.5M 285K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...