တိတ်ဆိတ်စွာနဲ့ထိုင်နေကြတဲ့ အိမ်ကလေးထဲမှာမည်သည်အသံမှမကြားရပေ။ဖန်ခွက်အကြည်နဲ့အပြည့်ဖြည့်ထားပေးတဲ့ရေအေးအေးတခွက်ကို ဂျီမင် ကကိုကိုနဲ့မေမေကြီး၏အရှေ့ကိုအသာယာလေးချပေးလိုက်သည်။ကိုကိုကတော့သူလုပ်သမျှကိုမျက်တောင်မခတ်စမ်းလိုက်ကြည့်နေပြီး အကြည့်ချင်းဆုံရင်လည်း မှိုင်းညိုနေတဲ့မျက်ဝန်းဝိုင်းဝိုင်းလေးဖြင့်အသနားခံနေပြန်သည်။
သူလည်းကိုကို့ကိုလွမ်းနေတာလေ။ဒါပေမယ့် အပြေးသွားပြီးထွေးပွေ့ထားဖို့အထိ သူမဝံ့ရဲပေ။ဘာကိုတွန့်ဆုတ်နေတာလဲလို့မေးရင်လည်း အဖြေတိကျမရှိဘူး။သေချာတာကတော့ သူကိုကို့ကိုချစ်နေသေးတယ်ဆိုတာဘဲ။
*မေမေကြီးတို့ကိုမလွမ်းဘူးလား ဂျီမင်လေး....*
*မင် လွမ်းပါတယ် မေမေကြီး..*
*ဒါနဲ့များ ဘာလို့အဆက်သွယ်မလုပ်တာလဲ သားငယ်လေးရယ်..*
ပထဆုံးအကြိမ်မေမေကြီးဆီက သားငယ်လေးလို့ခေါ်တာကြားဖူးတာဘဲ။သူဝမ်းသာလွန်းလို့မျက်ရည်ဝဲမိသည်။နွေးထွေးတဲ့လေသံနဲ ဂရုဏာသက်တဲ့အကြည့်တို့ကသူ့အေပါ်မေတ္တာဓာတ်တွေရှိနေသေးတယ်ဆိုတာ ခံစားမိသည် ။
ဂျီမင် မျက်တောင်လေးကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပေါင်ပေါ်တင်ထားတဲ့လက်သီးလေးကိုတင်းနေအောင်ဆုတ်ထားလိုက်သည် ။မေမေကြီးက ပြုံးပြရင်းလက်နှစ်ဖက်ကိုဆန့်တန်းပေးလာတဲ့အခါ ဂျီမင် ဟန်မဆောင်နိုင်တော့ဘဲ ရင်ခွင်ထဲကိုပြေးဝင်သွားတော့သည်။ပြီးနောက် သိုလှောင်ထားတဲ့မျက်ရည်တွေကို ထိန်းထားမနေတော့ဘဲသွန်ချလိုက်တော့ မေမေကြီးကသူ့ကျောပြင်ကိုပွတ်သတ်ပေးလာသည်
ကိုကို ကလည်းသူ့ဆံပင်ကိုအသာလေးဆွဲဖွလာသည်။
*အများကြီးပင်ပန်းနေတယ်မလား ဟင်..*
*ဟုတ်..*
*မေမေကြီးတို့ရှိတယ်လေ ဂျီမင်လေးရယ် ၊သားငယ် နဲ့တစ်သက်လုံးအတူတူနေသွားမှာမို့ ထပ်ပြီးထွက်မပြေးပါနဲ့တော့လား .*
*ဒါပေမယ့်..*
*ပြီးခဲ့တာတွေကိုအစပြန်မဖော်တော့ဘဲလက်ရှိအချိန်လေးမှာပျော်ပျော်နေသွားရအောင်လေ...*
*မေမေကြီးလည်းအသက်ကြီးပြီ သားငယ်ရဲ့။နောက်ဆုံးထွက်သက်မတိုင်ခင် သားငယ်နဲ့ကိုကို့ကို လက်တွဲစေချင်တယ်...*
ဂျီမင်ရင်ခွင်ထဲကနေ အလန့်တကြားဖြင့်မော့ကြည့်လိုက်သည်။သူနဲ့ကိုကို့အကြောင်းကို မေမေကြီးကဘယ်လိုလုပ်ပြီးသိသွားရတာလဲ။ကိုကို ပြောပြလိုက်တာလား။
ပါးပြင်ပေါ်ကမျက်ရည်တွေကို လက်ဖောင်းဖောင်းလေးဖြင့် ကပျာကရာသုတ်လိုက်ပြီးကိုကို့ကိုတလှည့် မေမေကြီးတလှည့်နဲ့ပြူးပြီးကြည့်နေသည် ။ထိုအခါ ကိုကိုကသူ့လက်နှစ်ဖက်ကိုဆွဲယူကာ လက်ဖမိုးကို အနမ်းပေးလာသည်။ဂျီမင် ရှက်လွန်းလို့ အငွေ့ပျံချင်သွားသည်။မေမေကြီးကတော့ သူ့ကိုအပြုံးလေးနဲ့ခေါင်းငြိမ့်ပြသည်။
*ကိုကို ပြောပြလိုက်တာ..ဖေဖေလည်းသိတယ်.*
*ဟင်...!*
*အင်း..ဖေဖေမသေခင်မှာသွားတယ်မဟုတ်လား။ကိုကိုနဲ့ဘဲနေပါလို့လေ..*
*ကလေးငယ်က ဖေဖေ့ကိုမချစ်ဘူးလား..*
*မင် ဖေဖေကြီးကိုချစ်ပါတယ်..*
*ဒါဆို ဖေဖေ့စကားနားထောင်ပြီး ကိုကိုနဲ့ဘဲ နေတော့နော်...*
နှုတ်ခမ်းသားကိုတတိတိကိုက်ကာ စဉ်းစားဟန်ပြုနေတဲ့ဂျီမင်ကို ဂျောင်ဂုက မျက်ဝန်းတောက်တောက်လေးဖြင့်ကြည့်နေလိုက်သည်
ကလေးငယ် တွေဝေနေတယ်ဆိုတာသိလို့ ဖေဖေနဲ့အကျပ်ကိုင်လိုက်တာ။မဟုတ်ရင် သူ့ကိုအကြောင်းပြချက်ပေးပြီးထွက်ပြေးအုန်းမှာလေ။ဒီတခါတော့ သူအပိုင်သိမ်းရလိမ့်မယ်။နောက်တခါဆို သူရင်ကွဲသေပြီဘဲ။
အခုတောင်မတွေ့ရတဲ့လအတွင်းမှာ ဘယ်လောက်ထိ စိတ်ထိခိုက်ရသလဲဆိုတာ သူအသိဆုံးဘဲ။အိပ်မရတဲ့ညတွေမှာ ကလေးငယ်ရဲ့ပုံတူပန်းချီကားလေးကိုကြည့်ပြီးအလွမ်းဖြေခဲ့ရတာ။တခါတလေ အိမ်ငယ်လေးဆီသွားပြီး ကလေးငယ်ရဲ့ကိုယ်သင်းရနံ့နဲ့ အတူပျော်ခဲ့ရတဲ့ ပုံ့ရိပ်တွေကိုပြန်မြင်ယောင်ရင်း အသံတိတ်မျက်ရည်ကျခဲ့ရတဲ့ နေ့တွေကမနည်းဘူးလေ။
*ဟင်..!ဘာတွေစဉ်းစားနေပြန်ပြီလဲ ကလေးငယ်..*
*ကိုကိုနဲ့နေရတာ ဒီလောက်တောင်ခက်ခဲရသလား..*
*ကိုကို့ကိုချစ်တယ်ဆို.!ဘာလို့အတူမနေချင်ရတာလဲ ..*
*မေမေကလည်းသဘောတူတယ်တဲ့ ..ကလေးငယ်ခေါင်းငြိမ့်လိုက်တာနဲ့ ကိုကို့ကိုကလေးငယ်ပိုင်ပြီလေ ...*
*ကိုကိုက,ကလေးငယ်အပိုင်ဆိုပြီး အခုကျမလိုချင်တော့ဘူးလား ...*
အပ်ရှရှအသံနဲ့အတူ တုန်ရီလာတဲ့ကိုကို့လက်တွေက သူ့ကိုတင်းကျပ်စွာနဲ့ဆုတ်ကိုင်ထားသည်။ကြည်တောက်နေတဲ့ ကိုကို့မျက်ဝန်းလေးက သူ့ကိုအားမလိုအားမရဖြစ်နေသည်။သူ ကိုယ်တိုင်ကလည်း ဘာလို့ရှေ့ဆက်ဖိူ့မရဲလဲဆိုတာ အဖြေရှာလို့မရသေးဘူး။
ကိုကို့ကိုချစ်တယ်၊အပိုင်လိုချင်တယ်၊တသက်လုံးအတူနေသွားချင်တယ်၊ဒါပေမယ့် တကယ်တမ်း ရလာတော့လည်းသူမလိုချင်ပြန်ဘူး။ဘာကိုကြောက်လို့ကြောက်နေမှန်းလဲမသိဘူး။အတေွးများပြီး မကြာခင်ရူးတော့မယ်နဲ့တူတယ်။
*ကိုကို မေးနေတယ်လေ...*
*မင့်ကိုအချိန်ပေးပါ ကိုကို..*
*ကလေးငယ်ကို အချိန်တွေပေးထားပြီးပြီလေ။ဘယ်ထိ ထပ်ပေးရအုန်းမှာလဲ .*
*မင့်ကိုစောင့်ကြည့်နေတာလား ကိုကို..*
*တယောက်ထဲလွှတ်ထားရအောင် ကိုကိုကအရူးမှမဟုတ်တာ..*
*ဘာလို့လဲ.!*
*ဘာကိုလဲ..!*
*မင့်ကိုဘာလိူ့တယောက်ထဲပေးမနေရတာလဲလို့..!*
*စိတ်မချလို့လေ။စိတ်ပူလို့...ကလေးငယ်ဘယ်ဆီရောက်ရောက် ကိုကိုလာနိုင်တယ်ဆိုတာ သိထား..*
*ကိုကို..!*
*အတွေးမများနဲ့ကလေးငယ်....ကိုကိုလည်းထပ်ပြီးမခံစားနိုင်တော့ဘူး။ပိတ်လှောင်ထားတဲ့ ကလေးငယ်ရဲ့ အတွင်းစိတ်ကိုဖွင့်ချလိုက်ပါတော့လား.*
*ဘာလို့တေယာက်ထဲ မြိုသိပ်ထားရတာလဲ..ကိုကိုက,ကလေးငယ်အတွက် အသုံးမဝင်တော့ဘူးလား...*
*ဟုတ်လား...*
တယောက်တခွန်းစကားများရာကနေ ဆူညံ့လာတဲ့ စကားဝိုင်းလေးထဲ ဂျောင်ဂု မေမေကတော့ ဘာမှဝင်မပြောဘဲ ရှောင်ထွက်သွားပေးလိုက်သည်။ကလေးနှစ်ယောက် ကချစ်နေပါလျက်နဲ့ အတွေးများနေတာလေ။သူတိူ့အချင်းချင်းဘဲ ဖြေရှင်းကြပါစေ။သူ(မ)လည်းအနားယူဖို့လိုအပ်တယ်။
အံကိုတင်းကြိတ်ကာ အသက်ကိုပြင်းပြင်းရှုထုတ်နေတဲ့ဂျောင်ဂုက ထိုင်ခုံကနေထလာပြီး ဂျီမင်အနားကိုသွားလိုက်သည်။ချော့ပြောလို့မရရင် ကြမ်းပြောမှရမယ်။သူ ဒေါသထွက်ရင် ကလေးငယ်က ကြောက်တက်တယ်။
*ဘာလို့ငိုနေတာလဲ ကိုကိုမေးတာဖြေပါ..*
*ကိုကို့ကိုမလိုအပ်တော့ဘူးလား။ကိုကို့ဆီကနေ ထပ်ပြီးထွက်ပြေးချင်သေးလား...*
ပုခုံးနှစ်ဖက်ကိုလှုပ်ရမ်းကာဂျောင်ဂုက မေးပေမယ့် ဂျီမင်ကတော့ငိုမြဲတိုင်းငိုနေသည်။သူ စိတ်မရှည်တော့ဘူး ။တခုခုလုပ်မှရတော့မယ်နဲ့တူတယ်။ ပြန်မပြောနားမထောင်လုပ်နေတဲ့ ကလေးငယ်ကို အပြစ်ပေးရမယ်။
*ဂျီမင်..!*
*မင့်ကိုမအော်နဲ့...*
*မအော်စေချင်ရင် ဖြေလေ..!*
*မဖြေဘူး.!*
*ဂျွန်ဂျီမင်.!ကိုကို စိတ်မတိုချင်ဘူးနော်..!*
ပါးနှစ်ဖက်ကိုဖျစ်ညှစ်ကာ အံကြိတ်သံနဲ့ခေါ်လိုက်တော့ အလန့်တကြားနဲ့မော့ကြည့်လာတဲ့ကလေးငယ်။နှာထိပ်ရဲရဲလေးနဲ့ ပါးဖောင်းဖောင်းလေးကို အသည်းယားစွာနဲ့ဘဲ ဖိကပ်နမ်းပေးလိုက်သည်။
နောက်တခါဆို နှုတ်ခမ်းဖူးဖူးလေးကိုအပြစ်ပေးရမယ်။
ဂျီမင်ကတော့သူ့ကိုနှုတ်ခမ်းလေးထော်ကာ မျက်စောင်းလေးဝံ့ပြလာသည်။
*ဘယ်သူကဂျွန်ဂျီမင် လဲ..*
*ဟောဒီက ,ကလေးဆိုးလေးပေါ့..*
*မဟုတ်ပါဘူးနော် .မင်က ပတ်ခ်ဂျီမင်ဘဲ...*
*ကိုကိုနဲ့ယူပြီးရင် ဂျွန်ဂျီမင် လုပ်ရမှာ..*
*ဘယ်သူကယူမယ်ပြောလို့လဲ..*
*တကယ်မယူဘူးပေါ့..*
*အင်း..*
*ကောင်းပြီလေ ကလေးငယ်ကအလိုမရှိမှတော့ ကိုကိုလည်းပြန်ရတာပေါ့...*
လေသံပျော့လာတဲ့ဂျီမင်က ဂျောင်ဂုအပေါ်အနိုင်ယူချင်စိတ်နဲ့ဆိုးချင်တဲ့စိတ်ကြောင့် မသိချင်ယောင်ဆောင်ကာ စကားကိုကွေ့ပတ်ဖြေနေလိုက်သည်။ကိုကို ပြောသလိုပါဘဲ။သူ့စိတ်ကိုဖွင့်ဟပေးလိုက်တော့မယ်။
ပြီးခဲ့တာတွေကို တွေးမနေတော့ဘဲ ကိုကိုနဲ့အတူဘဝသစ်ကိုထူေထာင်တော့မယ်ဆိုပြီး တွေးနေတုန်း ရုတ်တရက် ထပြန်ဖို့လုပ်နေတဲ့ ကိုကို့ကြောင့် သူရင်ထိတ်သွားတယ်။သူ့ကိုလှည့်မကြည့်ဘဲ ရုပ်တည်ကြီးနဲ့ အထုတ်တွေဆွဲကာ အိမ်ပေါ်ကဆင်းနေတဲ့ ကိုကိုက တကယ်ဘဲသူ့ကိုစိတ်ဆိုးသွားတာလား။ဒါမှမဟုတ် သူ့ကိုစိတ်ကုန်သွားတာလား။
ပိုချစ်တဲ့သူကပိုရှုံးရတယ်ဆိုတဲ့အတိုင်း သူကကိုကို့ကိုအရမ်းချစ်ရတာမို့ မာနကိုခဝါချကာ ပြတ်ခါနီးသံယောဇဉ်အမျှင်တန်းလေးကို ပြန်ပြီးဆက်လိုက်ေတာ့မယ်။ကိုကို့ကသူ့ဘဝဆိုတာ ဒီအချိန်ခဏေလးမှာ နားလည်လိုက်ပါပြီ။သူ တယောက်ထဲမရပ်တည်ချင်တော့ဘူး။ကိုကို့ရဲ့အရိပ်ကသူ့ကိုလုံခြုံ၊နွေးထွေးမှုပေးလို့ လက်မလွှတ်တော့ပါဘူး။
*ကိုကို....*
*..*
*မသွားပါနဲ့...*
*ဘာပြောတာ .*
*မင့်အနားကထွက်မသွားပါနဲ့လို့..*
ဂျောင်ဂုရဲ့ကျောပြင်ကျယ်ကို ပြေးဖတ်လိုက်ပြီးလက်သေးသေးလေးနဲ့တင်းနေအောင်ဖတ်ထားတဲ့ဂျီမင်က ညှင်းသဲ့သဲ့လေသံလေးနဲ့ပြောလာတော့ ဂျောင်ဂု နှုတ်ခမ်းပါးလေး ပြုံးယောင်သန်းလာတယ်။သူ့အကွက်ထဲရောက်လာပြီလေ။ကလေးငယ်ရဲ့အားနည်ချက်ကိုသိထားတော့ နည်းနည်းတော့ ဒရမ်မာခင်းရတာပေါ့။
သူ့ခါးထက်ကလက်ဖောင်းဖောင်းလေးကိုငုံ့ကြည့်ရင်း ဂျောင်ဂု ရယ်ချင်စိတ်ကိုထိန်းထားလိုက်သည်။ကလေးဆိုးလေးဆီက တခါလောက်တော့ အချော့ခံချင်သေးတယ်။
*ကိုကို...*
*......*
*ကိုကို လို့..မင် ခေါ်နေတယ်လေ ..*
သူ့ကိုလျစ်လျုရှုကာ မလှုပ်မယှက်ရပ်နေတဲ့ ကိုကို့ကြောင့် နှုတ်ခမ်းဆူချင်သွားသည်။ချစ်လို့အလျော့ပေးတာကို အနိုင်ယူချင်သေးတယ်
အကြီးဆိုပြီးအလျော့ပေးမယ်မရှိဘူး။ဂျီမင် စိတ်ထဲရေရွတ်သံတွေကို ဂျောင်ဂုကကြားရသည့်အလား ဟက်ခနဲပင်ရယ်ချလိုက်သည်
*ကိုကို..!*
*အား..နားအူလိုက်တာ ကလေးရာ ဖြေးဖြေးအော်ပါ...*
*ဘာလို့လဲ ဘာလို့မျက်ရည်ကဝဲပြန်တာလဲ..*
*ကိုကိုမှမင့်ကိုပြန်မထူးတာ..။မင့်အနားမှာဘဲနေတော့နော်.. *
*မင် နှင်မထုတ်တော့ဘူး။ကိုကိုနဲ့ဘဲ အတူနေတော့မယ် ...*
*မင့်ကိုစိတ်မဆိုးပါနဲ့...ကိုကို့ကိုချစ်တယ်လေ နော်...*
*ဟာ~~~~အတက်လေးကွာ..။ကိုကို့ကိုတော်ရုံဘဲပြုစားပါ ကလေးရယ်။ကြာရင် ဆေးမမှီလောက်အောင်ရူးသွားလိမ့်မယ် သိလား .*
*ဒါတော့ ကိုကို ပိုသွားပီ..*
*လိုတောင်လိုနေသေးတယ်....*
*လာပါအုန်း ..ကိုကို့ကလေးလေးကိုဖတ်ထားချင်လို့ ...*
*ချစ်တယ် ကိုကို...*
*ပိုချစ်တယ် ကလေးငယ်..*
လခြမ်းကွေးသဏ္ဌန်မျက်ဝန်းကျဉ်းလေးကအသနားခံလိုက်တော့ နဂိုထဲကပျော့ချင်နေတဲ့ ဂျောင်ဂု စိတ်တွေကဘယ်ကြာကြာခံပါ့မလဲ။ချက်ချင်းကို အရည်ပျော်ကျလာတော့တာဘဲ။
ထပ် စ,ရင်ငိုတော့မယ်ဆိုတာသိလို့ ရင်ခွင်ထဲဝင်လာဖို့ လက်နှစ်ဖက်ကိုဆန့်တန်းကာခေါ်လိုက်တော့ အင့် ခနဲနေအောင်ဖတ်တွယ်လာသည်။ပိတုန်းရောင်ဆံနွယ်လေးကို မျက်လုံးမှိတ်ကာ နမ်းရှိုက်လိုက်တော့ မွှေးပျံ့တဲ့ရနံ့လေးက သူ့စိတ်ကိုကြည်လင်စေသည်။
ကလေးငယ်ရဲ့ကိုယ်သင်းရနံ့လေးကသူများနဲ့မတူဘဲ အကြည်ဓာတ်လေးဖြစ်နေသည်။
*တည့်သွားတော့လည်း မေမေ့ကိုတောင်မေ့နေခဲ့တာဘဲ...*
* ဟီး....မေမေကြီး.!*
*ဘယ်လိုလဲ ကိုကိုနဲ့အဆင်ပြေသွားပီလား..*
*ဟုတ်..*
*ဒါဆိုလည်း တခုခုစားရအောင်လေ မေမေကြီး ဗိုက်ဆာနေပြီ နောက်မှအလွမ်းဆက်သယ်တော့နော်...*
*မေမေကြီးကလည်း.~~~*
အိပ်ခန်းထဲကထွက်လာတဲ့ဂျောင်ဂုအမေက အိမ်ပေါက်ဝမှာနှစ်ယောက်ထဲတကမ္ဘာတည်နေတဲ့သားနှစ်ယောက်ကိုကြည့်ပြီးခေါင်းရမ်းလိုက်သည်။
ကလေးတွေရဲ့သဘောဆန္ဒကိုဘဲဦးစားပေးတော့မယ်လေ ။အစကတော့ စိတ်ထဲဘဝင်မကျဘူးပေါ့။သားတယောက်ထဲမို့ မ်ျုးဆက်မပြတ်ချင်တာနဲ့ အရာရှိကြီးသမီးနဲ့လက်ထပ်ပွဲလုပ်ပေးချင်ပေမယ့် ဂရေ့စ် ဘက်ကငြင်းဆန်လာတော့ သူ(မ)အံ့ဩသင့်သွားသည်။သားလိုယောကျာ်းမျိုးကိုဘာလို့ငြင်း ရက်တာလဲပေါ့။
နောက်တော့မှဘဲ ဇာတ်ရည်လည်ပြီးအကြောင်းစုံသိလာတော့သည်။ချွေးမလိုချင်ပြီး မြေးမြစ်တွေနဲ့နေချင်တာတော့ အမှန်ဘဲ။ဒါပေမယ့် ကံတရားကသူ(မ)ဘက်မပါဘူးလေ။အဲတော့ လက်ခံပေးရုံအပြင် ဘာတက်နိုင်မှာလဲ။နောက်ပြီး ဂျီမင်ကလည်းသူ(မ)လက်ထဲမှာဘဲကြီးပျင်းလာတဲ့ကလေးဘဲေလ။အကျင့်စရိုက်ကောင်းပြီး စိတ်ထားလှသူမို့ အပြစ်တော့ဆိုစရာမရှိပေ။ဖူးစာရေးနတ်က အစကတည်းကရေးဆွဲထားတာဆိုတော့ ခွဲခွာနေလည်းထူးလာမှာမှမဟုတ်တာ
________
*ပန်းချီဆရာလေးရဲ့ အမေကမျိုးရိုးကြီးထဲကထင်တယ် ဝတ်ထားတဲ့့ပိုးထည်ကအတော်ဈေးကြီးမယ့်ပုံဘဲ..*
*အေးဟယ် ပြည်မကြီးကလာတာဆိုတော့ ရာထူးကြီးတဲ့သူတွေဘဲနေမှာပေါ့..*
*ဒါနဲ့များ ပန်းချီဆရာလေးကဘာလို့တကောင်ကြွက်လို့ပြောရတာလဲ မသိဘူးနော်..*
*အကြောင်းရှိလို့နေမှာပေါ့..*
ဈေးတန်းထဲကိုဝင်သွားလိုက်တာနဲ့ တယောက်တမျိူးစီမှတ်ချက်ပေးနေတဲ့အသံတွေက ဂျီမင်နားထဲတိုက်ရိုက်ကြားနေရတယ်။အုပ်စုဖွဲ့ပြီး အားရပါးရပြောနေလိုက်တာများ သူလာတာတောင်မသိရှာဘူး။
လူတယောက်ရဲ့အကြောင်းကိုထိုသူမသိအောင်နောက်ကွယ်မှာပြောတယ်ဆိုတာ အတင်းဖျင်း ဘဲလေ။ကိုယ်နဲ့မဆိုင်ရင် ဘာမှမပြောတာအကောင်းဆုံးမလား။လူတိုင်းမှာ သူ့အကြောင်းပြချက်နဲ့သူရှိပြီးသား။ဒါကို လိုက်ကြည့်ပြီးဝေဖန်နေရင်တော့ စိတ်ဓာတ်ညံ့ဖျင်းတဲ့သူဖြစ်သွားလိမ့်မယ်။
*ဒါလေး ဘယ်လိုရောင်းလဲ...*
*ပန်းချီဆရာလေး..!*
*အင်း.။ဘာေတွများေပြာေနလို့ မင့်ကိုတွေ့တာနဲ့ လန့်သွားရတာလဲ *
*ဟို...ဘာမှမပြောပါဘူးပန်းချီဆရာလေးရဲ့..*
*ဟုတ်ပါပြီ...*
*ပန်းချီဆရာလေးတယောက်ထဲလား ဟင်..*
*အင်းလေ ခါတိုင်းလည်း မင် တယောက်ထဲဈေးလာဝယ်နေကို အထူးဆန်းလုပ်လို့...*
*အဲ..~~~*
ဂျီမင်ကပြုံးစစနဲ့ဘာမှမသိသလိုလုပ်ရင်းဟင်းရွက်တချို့ကိုဝယ်ယူလိုက်သည်။သူ့အကြောင်းကိုပြောထားတဲ့ဈေးသည်တွေကတော့ တယောက်မျက်နှာတယောက်ကြည့်ကာ ထိန့်လန့်နေကြသည်။ပုံမှန်ထက်ပိုပြီး တည်ငြိမ်နေလို့လည်းပါမယ်ထင်၏။အရင်တုန်းကလို ရွံ့နောက်နောက်စကားတွေမပြောတော့ဘူး။
သူလည်းဂရုမပြုတော့ဘဲ ဝယ်စရာရှိတာဝယ်ပြီးပြန်ခဲ့တော့သည်။တယောက်ထဲသမားဆိုတော့ ဟင်းချက်စရာတွေအများကြီးဝယ်ထားလေ့မရှိဘူးလေ။နောက်ပြီး အိမ်နီးချင်းတွေကလည်း ပို့ပေးနေတော့ ချက်စားဖြစ်တာနည်းတယ်
အခုတော့မေမေကြီးတို့ပါရှိနေပြီလေ။နွေးထွေးတဲ့မိသားစုထမင်းဝိုင်းလေးကိုလက်ဆုံစားရတော့မယ်။အတွေးနဲ့အတူ သူ့ခြေလှမ်းတွေကလည်းတက်ကြွနေခဲ့တယ်။
*ကိုကို...!*
*ဘာလုပ်နေတာလဲ ..*
*ကလေးငယ်ပြန်လာပြီလား..*
*ပေး ပေး ကိုကိုသယ်မယ်...*
*မင့်ကိုလာစောင့်နေတာလား..*
*ဟုတ်တယ် ကလေးငယ်မှ ကိုကို့ကိုမခေါ်သွားတာ....*
အိမ်မရောက်ခင်လမ်းခွဆုံလေးမှာငုတ်တုတ်ထိုင်နေတဲ့ ကိုကိုက ဟိုကြည့်ဒီကြည့်နဲ့ လမ်းပျောက်နေတဲ့ ကလေးလိုဘဲ။သူ့ကိုတွေ့တာနဲ့ အပြေးလာပြီးလက်ထဲကအထုတ်တွေကို ကူသယ်ပေးလာတယ်။
ဂျီမင်ရယ်ချင်မိတယ်။ဈေးတန်းကိုမခေါ်သွားလို့ စိတ်ဆိုးနေတယ်တဲ့လေ။သူကလည်းတမင်ကိုမခေါ်သွားတာ။ဟိုရောက်ရင် ကိုကို့ကို အားလုံးကလိုက်ငေးနေကြမှာ။မကြိုက်ပါဘူး..။ကိုကို့ကိုသူဘဲကြည့်မယ်..။သဝန်တိုတာလားဆိုရင် ဟုတ်တယ်လို့ဝန်ခံရမယ်။
*မွ.!စိတ်မဆိုးနဲ့..*
*ဒါနဲ့ရမယ်များထင်နေတာလား...*
*အိမ်ရောက်မှထပ်ပေးမယ်..*
*မရဘူး ဒီမှာဘဲ...*
*ကိုကို မရစ်နဲ့ကွာ..မခေါ်ဘဲနေလိုက်မှာ နော်...*
*စ,တာ..အိမ်ရောက်မှပေးတော့..*
ဂျောင်ဂု ပါးပြင်လေးကိုခြေဖျားလေးထောက်ပြီး အသံမြည်သည်အထိ ဂျိီမင်ကအနမ်းပေးလိုက်တော့ သဘောမကျရှာတဲ့ ဂျောင်ဂုကပြုံးဖြီးလို့ပေါ့။လမ်းအလည်မှာ ချစ်ကြည်နူးနေကြတဲ့ စုံတွဲလေးက လုပ်ချင်တာလုပ်ပြီးမှ ဘေးပတ်ဝန်းကျင်ကိုသတိရသည်။တော်သေးတာပေါ့ လူအသွားအလာရှင်းလို့။
အချစ်ရှိတဲ့နေ့ရက်တိုင်းကလှပနေတော့ ဘေးလူတွေကိုအာရုံမရတော့ဘူးလေ။အဓိက,ကသူတို့ေတွချစ်နေဖို့ဘဲ။
*ဒီမှာက ဂဏန်း၊ပုစွန် အရမ်းပေါတာမေမေကြီးရဲ့....*
*မင်ဆိုစားတောင်မစားချင်တော့ဘူး သိလား.*
*သားငယ်ကတယောက်ထဲချက်စားတယ်ပေါ့...*
*ဘယ်ကသာ ဘေးအိမ်တွေကချက်ပြီးပို့ပေးတာ ဟီး..!*
*အဆိုးလေးဘဲ ဟမ်.!*
*ဟွန့်.!မင် မဆိုးပါဘူးနော်။သူတို့ကချစ်လို့ဆိုပြီးစေတနာနဲ့လာပို့ကျတာ..အဲတော့ မင်ကလည်းစေတနာကိုအသိမှတ်ပြုတဲ့အနေနဲ့ စားပေးရတာပေါ့...*
*ဟုတ်တယ်မလား မေမေကြီး...*
*ဒါပေါ့ သားငယ်လေးပြောတာမှန်တယ်...*
စကားသံတွေစည်ညံနေတဲ့ ညစာစားဝိုင်းလေးက ရယ်သံတွေနဲ့ပြည့်နှက်နေသည် ။အရသာရှိတဲ့ ဟင်းအမယ်များစွာကို မေမေကြီးကအပင်ပန်းခံပြီးချက်ကျွေးရှာသည်။
ဂျီမင်က ထမင်းကိုတမြုံမြုံဝါးရင်း သူနဲ့မေမေ့ကို အကြောင်းစုံပြောပြလာသည်။မေမေကလည်းကလေးငယ်ပြောသမျှကို ခေါင်းငြိမ့်ကာထောက်ခံပေးသည်
အပေး ယူတည့်နေတာကြောင့် သူတောင်ကြားဝင်စရာမလိုတော့ဘူး။
ချစ်စရာကောင်းတဲ့ကလေးငယ်ကလည်း ပါးလေးဖောင်းကားသည်အထိ စားနေလိုက်တာခေါင်းတောင်မဖော်နိုင်ရှာဘူး။
*ကိုကို့ကိုမေးအုန်းမယ်....*
*အင်း..ကလေးငယ်ကဘာသိချင်လို့လဲ....*
ညစာစားပြီးတော့ မေမေကြီးကအနားယူတော့မယ်ဆိုပြီးအခန်းထဲကိုဝင်သွားတော့သည်။အိမ်မှာကအိပ်ခန်းနှစ်ခန်းရှိသည် ။မီးဖိုနဲ့ထမင်းစားခန်းကိုတွဲထားပြီး အိပ်ခန်းအရှေ့မှာဘဲ မကျဉ်းမကျယ်တဲ့ဧည့်ခန်းအသေးစားလေးရှိသည်။
မေမေကြီးကိုတခန်းပေးပြီးသူနဲ့ကိုကိုကတခန်းနေကြမှာပေါ့။ခြံထဲကိုဆင်းကာ သစ်သားတုံးလေးပေါ်မှာကိုကိုနဲ့အတူထိုင်နေကြသည်။လမင်းကြီးကလည်းထိန်ထိန်ဖြာလင်းနေသည်။မီးအိမ်လေးတွေထွန်းညှိထားတဲ့ အိမ်နီးချင်းတွေကလည်း အစောကြီးအနားယူပုံရသည်။တိတ်ဆိတ်လို့နေသည်။
ဂျီမင်ကဂျောင်ဂုရဲ့ရင်ခွင်ထဲကိုခေါင်းတိုးဝင်ကာ လက်ချင်းယှက်သွယ်ပြီး လေချိုလေးဖြင့်မေးလိုက်သည်။သူ့အနားကိုဘယ်သူ့ကိုလွှတ်ပြီးစုံစမ်းခိုင်းတာလဲဆိုတာသိချင်မိတယ်။
*မင့် ဒီမှာရှိနေတာကိုဘယ်လိုလုပ်ပြီးသိတာလဲ...*
*ကိုကိုပြောပြီးပြီလေ ကလေးငယ်ဘယ်အရပ်ကိုရောက်ရောက် ကိုကိုလာနိုင်တယ်လို့..*
*ကိုကိုလည်း မင်သိချင်လို့ပြောပြပါဆို..*
*လူလွှတ်ထားတာမလား။ဘယ်သူလဲ...*
*ဘာလို့သိချင်နေတာလဲ..လူလွှတ်ထားတယ်ဆိုတာကလည်း ကလေးငယ်ကိုစောင့်ရှောက်ခိုင်းတဲ့သဘောပါဘဲ..*
*ကိုကို့မျက်စိကွယ်ရာမှာ ကလေးငယ်တေယာက်ထဲဘယ်လိုလုပ်ပြီးစိတ်ချထားနိုင်မှာလဲ.....*
*ကျန်ခဲ့တဲ့နေ့တွေက ကိုကို့အတွက်တော့ငရဲလိုဘဲ ကလေးငယ်..*
*ထပ်ပြီးမဝေးပါရစေနဲ့တော့ နော်..*
ကိုကိုက ကြေကွဲစို့နစ်တဲ့အသံလေးနဲ့ပြောလာတော့ ဂျီမင်စကားမှားသွားပြီဆိုတာသိလိုက်တယ်။ဘယ်လိုကြောင့်ဘဲဖြစ်ဖြစ် ကိုကိုကသူ့အတွက်လုပ်ပေးတာလေ။ကိုကို့ကိုယုံကြည်သင့်တယ်။
လရောင်လွှမ်းခြုံထားတဲ့ခြံလေးထဲ ချစ်ရည်ရွှမ်းလဲ့နေတဲ့မျက်ဝန်းေတွနဲ့ တယောက်မျက်နှာတယောက်ကြည့်နေကြသည် ။ဂျီမင်က ကိုကို့ပါးပြင်လေးကိုလက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီး နဖူးပြေပြေလေးကိုအနမ်းပေးလိုက်သည်။
*မင် တောင်းပန်ပါတယ် ကိုကို..*
*ကလေးငယ်လည်းနာကျင်ရတာဘဲမဟုတ်လား.....*
*အင်း...ကိုကို့ကိုနေ့တိုင်းရူးမတက်လွမ်းနေတာ..*
*ဒါနဲ့များ ဘာလို့ကိုကို့ကိုညာရတာလဲ.*
*ကိုကို့ဆီပြန်မလာရဲလို့...*
ဂျီမင်ကခေါင်းကိုငုံ့ကာလေသံဖျော့ဖျော့ဖြင့်ပြောလိုက်တော့ ဂျောင်ဂုကခေါင်းကိုမော့စေလိုက်သည်။သူ့လက်ချောင်းလေးနဲ့ ကလေးငယ်ရဲ့မေးဖျားကိုအသာပင့်တင်ကာ ပါးဖောင်းဖောင်းကိုအသာပွတ်သပ်လိုက်သည်။
*ကလေးငယ်အနားကို ,ကိုကိုကအရောက်လာပြီမို့ ရှေ့ဆက်ပျော်ပျော်နေသွားရအောင် နော်..*
*ချစ်တယ် ကိုကို...ဘယ်တော့မှမခွဲတော့ဘူး....*
*ကတိလား..*
*ကတိ...*
လက်သန်းချင်းချိတ်တာ ရယ်သွမ်းရင်းပြောလိုက်ပြီး ချိုမြိန်တဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်အောင်ဖန်တီးလိုက်တော့သည် ။ဝမ်းနည်းပူဆွေးခဲ့ရတဲ့ နေ့ရက်တွေကိုမေ့ပစ်ပြီး ပျော်စရာနေ့ရက်တွေအဖြစ်အသက်ဝင်စေမည် ။
ဂျီမင်ကဂျောင်ဂုလည်တိုင်ကိုသိုင်းဖတ်လိုက်ပြီး လည်ပင်းသားကိုတရှုံရှုံဖြင့်နမ်းရှိုက်တော့ ဂျောင်ဂုဆီကရယ်သံလွင်လွင်လေးထွက်လာတော့သည်။
*ချွဲနေတာလား ကလေးငယ်...*
*အင်း....*
*ချစ်စရာကောင်းလိုက်တာ ဘယ်သူ့ကောင်လေးပါလိမ့်....*
*ကိုကိုဂျောင်ဂုရဲ့ကောင်လေး..*
*အဟား..!!အတက်လေးကွာ...*
တီတီတာတာတွေပြောရင်း ညအချိန်ကိုကုန်ဆုံးစေသည်။မတွေ့ရတဲ့ ရက်တွေအတွက်အတိုးချပြီးချစ်ပြနေလိုက်ကြတာ လမင်းကြီးလည်းရှက်လို့ဆိုပြီး တိမ်လွှာကြားထဲပုန်းလျှိုးသွားတော့သည်။သို့ပေမယ့် အချစ်ငှက်စုံတွဲလေးကတော့ နမ်းရင်း၊နမ်းရင်း နဲ့ဘဲ မိုးလင်းသွားတော့သည်။
--------
ဘုရားကျောင်းတခုမှ လိင်တူစုံတွဲတစ်တွဲလက်ထပ်လိုက်တယ်ဆိုတဲ့ သတင်းက အမြင်မကျယ်တဲ့မြို့ငယ်လေးထဲဟိုးလေးတကျော်ကျော်ဖြစ်သွားတော့သည်။တမြို့လုံးနည်းပါးကလူတွေအားလုံး ရှုံချကြတာပေါ့။သဘာဝကိုဆန့်ကျင်တာ ဆိုတဲ့အတွေးတခုထဲနဲ့ လူအများပါးစပ်ဖျားမှာ ၇ရက်၊၇လီ အပ်ကြောင်းထပ်အောင်ပြောခံရသည်။
ဒါပေမယ့် ခေါင်းမော့ရင်ကော့ကာ ချစ်ရတဲ့ကလေးငယ်ရဲ့လက်ကိုဆွဲပြီး ရဲရဲလျှောက်နေတဲ့ ဂျောင်ဂု ကတော့ဘေးပတ်ဝန်းကျင်ကိူအာရုံထဲမထည့်ပေ။အချိန်တန်လို့ ပါးစပ်ညောင်းရင်တိတ်သွားလိမ့်မယ်။သူတို့ကိုစိတ်ထဲထားနေရင် ကိုယ်ဘဲ ပင်ပန်းရတယ်မဟုတ်လား။
ဘယ်သူမှသဘောတူဖို့မလိုပါဘူး။ကလေးငယ်ရှိနေရင်ပြီးပြည့်စုံပြီမို့ ကြားစကားတွေကိုနားမယောင်ဘဲ ကြမ်းတမ်းတဲ့အချစ်ခရီးလမ်းကိုဖြတ်ကျော်ခဲ့သည်။မေမေနဲ့အသင်းအုပ်ဆရာကြီးသာရှိတဲ့သူနဲ့ကလေးငယ်ရဲ့ တရားဝင်ထိမ်းမြားလက်ထပ်ခြင်းက အေးအေးချမ်းချမ်းဘဲပြီးသွားခဲ့သည်။
*ကျေးဇူးတင်ပါတယ် မေမေ။သားနဲ့ကလေးငယ်ကိုသဘောတူပေးလို့....*
*သားတို့ပျော်ရင် မေမေလည်းပျော်တယ်လေ။ရှေ့လျှောက် အဆင်ပြေပြေနေကြနော် ..ရန်ဖြစ် စကားများတာမျိုး မလုပ်နဲ့ ကြားလား..*
*ဟုတ်ကဲ့ မေမေကြီး...*
*အခု သားငယ်လေးက လူလွတ်မဟုတ်တော့လို့ ကိုကို့အပေါ်အရမ်းမဆိုးရဘူး နော်။ကိုကို့စကားနားထောင်ရမယ်...*
*ကိုကို ကအနိုင်ကျင့်ရင်ရော...*
*မေမေကြီးရိုက်ပေးမှာပေါ့...*
*ဟုတ်ကဲ့...*
*မေမေကြီးကြည့်ရတာတော့ သားငယ်ကဘဲ ကိုကို့ကိုနိုင်နေသလားလို့....*
*မဟုတ်...မဟုတ်ပါဘူးနော်...*
*မင် အနိုင်မယူဘူးမလား ကိုကို....*
*ဟုတ်တာပေါ့ ကလေးငယ်ကကိုကို့ကိုအနိုင်မယူပါဘူး။အရှုံးဘဲမပေးတာ..*
*ဟာ..!ကိုကို နော်..*
ကြီးကျယ်ခမ်းနားခြင်းမဟုတ်ဘဲ ချစ်ခြင်းမေတ္တာတခုထဲနဲ့ ဘဝတခုကိုထူထောင်လိုက်ကြသည်။အချစ်စစ်နဲ့ချစ်ခဲ့တော့လည်း အဆုံးသတ်မှာပေါင်းဖတ်ရတာပေါ့။အနိမ့်မြင့်၊အတက်ကျ၊ရှိတဲ့ဘဝတွေမို့ ကြုံလာရတဲ့ပြဿနာကို ကြုံသလိုဖြေရှင်းရင်း နောက်ဆုံးပန်းတိုင်ရောက်အောက်လျှောက်လှမ်းရတယ်။
အချစ်ဆိုတာကလည်းဒီလိုပါဘဲ။ရန်ဖြစ်ရင်း၊ပြန်ချစ်ရင်းနဲ့ နောက်ဆုံးအသက်တွေကြီးသွားတဲ့အထိ သစ္စာမပျက်ဘဲလက်တွဲမဖြုတ်စတမ်း အေးအတူ၊ပူအမျှ နေသွားမှစွယ်တော်ရွက်လိုနှစ်လွှာပေါင်းမှ တရွက်ဖြစ်လာမှာပေါ့
*ဘာလို့နှုတ်ခမ်းကြီးဆူနေတာလဲ....*
*...*
*ဟိတ်..!ကိုကိုမေးနေတယ်လေ..*
*လာမခေါ်နဲ့ ..!*
*ဟောဗျာ.!ဒါကဘာဖြစ်သွားရတာလဲ။ကိုကိုလည်းဘာမှမလုပ်ဘဲနဲ့...*
*လုပ်တယ်လေ.!*
*ဘယ်မှာလုပ်လို့လဲ ညမှမရောက်သေးတာ..*
*ကိုကို!!.*
အခန်းထဲကိုခြေဆောင့်ပြီးဝင်သွားတဲ့ ဂျီမင်ကကုတင်ပေါ်မှာ ခြေချိတ်ထိုင်ရင်း မျက်နှာကိုပြတင်းဆီလွှဲထားလိုက်သည်။နှုတ်ခမ်းကိုမဲ့ကာ မျက်စောင်းလေးဝံ့ပြရင်း ဂျောင်ဂုကိုအော်ပြောလိုက်တော့ အကြောင်းရင်းမသိတဲ့ ဂျောင်ဂုခမျာ မျက်လုံးပြူးသွားရသည်။အကောင်းကြီးကနေ ဘယ်လိုဖြစ်သွားရတာလဲ။
*ကလေးငယ်...*
*ကိုကို့ကလေးပေါက်စလေး...*
*အူကြူးကြူးလေး ရေ..ခေါ်နေတာကိုအဖတ်လုပ်ပါအုန်းကွာ..!*
*စိတ်ဆိုးရင်ရုပ်ဆိုးတယ်နော်..။ကြက်ပေါက်နဲ့တူလာပြီ..*
*ကိုကို..!*
သူ့ပုခုံးပေါ်မေးတင်ကာ လိုက်စနေတဲ့ကိုကို့ကြောင့် သူပိုပြီးစိတ်ဆိုးချင်လာသည်။မေမေကြီးအရှေ့မှာ ကာဆီးပြီးပြောပေးမယ်ရှိဘူး။မသိရင် သူကဘဲ အနိုင်ကျင့်နေသလိုနဲ့။
သူကတမင်ဆိုးတာမဟုတ်ပါဘူးနော် ။ကိုကိုကအလိုလိုက်ထားတာကို အဲတော့သူကလည်းဆိုးပေးရတာပေါ့။သူ့အပြစ်မဟုတ်ဘူး ကိုကို့အပြစ်..။
*အင့်ဟာ.!အင့်ဟာ.!စ ချင်အုန်း..*
*ကလေးငယ်ကရက်စက်လိုက်တာ ကိုကိုကချစ်လို့ စတာကို..ရိုက်ရက်တယ်...*
*အပိုတွေပြောမနေနဲ့..!ကိုကို့ကိုကျေနပ်တာမဟုတ်ဘူး..*
*ပြောပါအုန်း ဘာတွေမကျေမနပ်ဖြစ်နေတာ..*
*ကိုယ့်အကြောင်းကိုသိပေါ့.....*
*ကိုကိုမသိလို့ ကလေးငယ်ကိုမေးတာလေ...*
*မသိရင်လည်းမသိသလိုနေတော့.!ဒီည မင်နဲ့လာမအိပ်နဲ့!.*
*အဲလိုတော့မလုပ်ပါနဲ့ ကလေးငယ်ရယ်။အပြစ်လုပ်ထားရင်လည်း ကိုကိုတောင်းပန်ပါတယ် နော်..*
*အပြင်တော့ထွက်မအိပ်ပါရစေနဲ့...*
*မသိဘူး....*
*ကလေးရာ ကိုကို့ကိုမရက်စက်နဲ့လေ....*
ချစ်ချစ်ခင်ခင်ရှိနေတဲ့ကြင်စဦးစုံတွဲလေးက အခန်းကျဉ်းလေးထဲ တီးတိုးစကားများနေကြသည်။ဘာကိုအလိုမကျဖြစ်သွားလဲမသိတဲ့ ကလေးငယ်ေကြာင့် ဂျောင်ဂုသည်လည်း ခေါင်းကုတ်နေရသည်။
ဒီညကအရေးကြီးတယ်လေ။လက်လွှတ်ခံလို့မဖြစ်ဘူး။ကလေးငယ်နဲ့အတူအပြာလွှမ်းတဲ့ညကိုအတူတူဖြတ်သန်းရမှာမို့ ရင်ခုန်နေတဲ့ကြားကနေစကားများတဲ့ဘက်ကိုဦးတည်သွားတော့ သူ့မှာဆက်တငင်ငင် ဖြစ်နေတာပေါ့။မရရအောင်တော့ ချော့ရမှာဘဲ...။
ကလေးငယ်ကိုတရားဝင်ပိုင်ဆိုင်ရပြီဆိုတော့ အချစ်ပင်လယ်ထဲကို လက်ပစ်ကူးချင်တာပေါ့။
*ကိုကို့ကိုမချစ်ဘူးလား...ဟင်..*
*မချစ်ဘူး..!*
*အဆိုးလေးကတော့ အပြစ်ပေးခံချင်နေပြီနဲ့တူတယ်...*
*ပေးပေါ့ ကြောက်ရမှာလား..!*
*တကယ်နော် နောက်မှမငိုနဲ့...*
*မငိုဘူး.!*
*ကောင်းပြီလေ..ကြည့်ရသေးတာပေါ့....*
အခွင့်ရေးကိုစောင့်နေတဲ့ ဂျောင်ဂုက ဂျီမင်ရဲ့အနှောင့်သွားမလွတ်တဲ့ စကားကြောင့်ချက်ချင်းဘဲကုတင်ပေါ်ကိုဆွဲချလိုက်တော့သည်။ရုတ်တရက်လန့်သွားတဲ့ ကလေးငယ်ကတော့ သူ့ကိုမျက်တောင်လေးပုတ်ခတ်ကာ စိုက်ကြည့်နေသည်။
ဂျောင်ဂုနှုတ်ခမ်းပါးလေးကွေးညွှတ်သည်အထိပြုံးလိုက်သည်။ကေလးငယ်ရဲ့ကြောက်နေတဲ့ပုံစံကိုကြည့်ပြီးအသည်းယားမိတော့ ပါးဖောင်းဖောင်းလေးကို လက်နဲ့ဖျစ်ညှစ်ကာဆူထွက်လာတဲ့နှုတ်ခမ်းဖူးဖူးလေးကို ထိကပ်ရုံမျှအနမ်းပေးလိုက်သည်။
*ချစ်တယ် ကလေးငယ်..*
*မင်လည်းကိုကို့ကိုချစ်တယ်....*
*ကလေးငယ်က ကိုကိုအပိုင်...*
*ကိုကိုကလည်း မင့်အပိုင်ဘဲ....*
ရင်ခုန်စရာကောင်းတဲ့ ညချမ်းလေးမှာကိုကို့ရဲ့ညှင်းသွဲ့သွဲ့လေသံလေးက ကြက်သီးထစေသည်။သူ့အပေါ်ကနေအုပ်မိုးထားတဲ့ ကိုကိုရဲ့မျက်ဝန်းတွေကသူ့ကိုဆွဲဆောင်နေသည်။မီးအလင်းရောင်ဖျော့တော့သာရှိတဲ့ အခန်းလေးထဲ အသက်ရှုသံနှစ်ခုက ကျယ်လောင်စွာထွက်ပေါ်လာသည်။
ဂျီမင်ကလက်နှစ်ဖက်ကိုယှက်ကာ ရင်ဘက်ပေါ်တင်ထားတော့ ကိုကိုကဖယ်ရှားလာသည်။ပြီးနောက် သူ့မျက်နှာအစိတ်ပိုင်းတခုခြင်းစီကို အနမ်းဖွဖွလေးပေးလာသည် ။
*မျက်လုံးဖွင့်ထား ကလေးငယ်...*
*ကိုကို..*
*ဟင်..ကိုကိုနဲ့အတူစီးမြောခံစားပေးမယ်မဟုတ်လား....*
*ဟုတ်..*
ကိုကိုကသူ့နားရွက်ဖျားလေးကို သွားဖြင့်ကိုက်ရင်း ငုံထွေးလိုက်တော့ လျင်မြန်လာတဲ့ရင်ခုန်သံကအမြင့်ကနေ ပြုတ်ကျလာတဲ့ခံစားချက်အတိုင်းဘဲ။ရင်ထဲတလှပ်လှပ်နဲ့ ဖြစ်လာပြီး လက်ဖျားလေးတွေသည်လည်းအေးစက်လာသည်။
*ကို.ကို..*
*ကြောက်နေတာလား...*
*နည်းနည်း...*
*ကိုကို့ကိုကြည့်...ဘာမှမဖြစ်ဘူးနော် .*
*စိတ်ကိုလျော့ထားပြီး ကိုကိုခေါ်ရာနောက်ကိုလိုက်ခဲ့ပေး....*
သူခေါင်းငြိမ့်မိသလားတောင်မသိတော့ဘူး ၊အတင့်ရဲလွန်းတဲ့ ကိုကို့လက်တွေကြား လွင့်စင်သွားတဲ့ သူ့အဝတ်စားတွေက ကုတင်အောက်မှာပျံ့ကြဲကုန်သည်။ေခြချောင်းလေးကို အတင်းကုတ်တွယ်ထားတော့ အေးစက်တဲ့ကိုကိုလက်က သူ့ပေါင်ကိုလာကိုင်သည်။
ဂျီမင်ကိုယ်လေးတုန်တက်သွားပြီး အိပ်ယာခင်းကို ပိုပြီးတင်းအောင်ဆုတ်ကိုင်လိုက်သည်။ဒီအခြေနေကြီးက သူ့ကိုရှက်သွေးဖြာစေသည်။
*လှတယ် ကလေးငယ်...*
*ကိုကို.!ရှက်ပါတယ်ဆို ဘာတွေပြောနေတာလဲ..!*
*အတူတူနေပြီးရင်ရှက်စရာမလိုတော့ဘူး.*
*ကိုကိုနော် မင် ငိုချင်လာပြီ...*
မျက်နှာတခုလုံးနီရဲတက်လာတဲ့ ကလေးငယ်ေကြာင့် ဂျောင်ဂုလည်းထပ် မစတော့ပေ။တကယ်ငိုသွားရင် သူခရီးဆက်လို့ရမှာမဟုတ်တော့ဘူး။ဒါပေမယ့် ကလေးငယ်ကအမှန်တကယ်ကိုလှတယ်။
ဖြူဖွေးနေတဲ့ရင်ဘက်နဲ့ ဗိုက်သားချပ်ချပ်လေးကို သူ့လက်ချောင်းလေးနဲ့ တို့ထိလိုက်တော့ ကလေးငယ်ကိုယ်လေးက တွန့်တွန့်လူးလာသည်။သူ့လက်မောင်းကို ဆုတ်ကိုင်ကာ အရည်လဲ့နေတဲ့ မျက်ဝန်းလေးနဲ့ကြည့်လာပုံက ပါပီလေးနဲ့တူသည်။
ညကျေးငှက်တွေ တေးသီနေတဲ့အချိန်ခါလေးမှာ လရောင်မရှိတဲ့အခန်းလေးကို လေနုအေးတွေဝင်လာစေဖို့ ပြတင်းပေါက်ကိုဖွင့်လှစ်လိုက်သည် ။ပြီးနောက် အချိန်ဆွဲမနေတော့ဘဲ အချစ်ပယ်လယ်ထဲ မမောနိုင်မပန်းနိုင်နဲ့ ချွေးစက်တို့စီးကျကာ လှုပ်ရှားရုန်းကန်တော့သည်။
တချက်တချက်ကြားရတဲ့ ညည်းသံတိုးတိုးလေးကို ငှက်ကလေးတွေက ကြူးရင့်ပြီးဖုံးကွယ်ပေးသည်။အချိန်ခါကောင်းကို မနှောင့်ယှက်စေချင်ဘူးလေ။
အချိန်တွေတရွေ့ရွေ့ကုန်လွန်လာတော့ အချစ်နွံထဲနစ်မွန်းနေတဲ့ ဂျောင်ဂုတို့လည်း လှုပ်ရှားမှုကိုရပ်တန့်လိုက်သည်။မောဟိုက်နေတဲ့ရင်အစုံနဲ့ မျက်လုံးမထဖွင့်ဘဲ သူ့ရင်ခွင်ထဲကိုတိုးဝင်လာတဲ့ ကလေးငယ်သည်လည်း အတော်လေးမောပန်းနေခဲ့ပြီ။
*ချစ်တယ် ကလေးငယ်...။အနားယူလိုက်အုန်းနော်.....*
*အင်း..*
အသံတောင်မထွက်နိုင်ရှာတော့တဲ့ ဂျီမင်က ကိုက်ခဲလာတဲ့ ခန္ဓာကိုယ်ကြောင့် ငြိမ်ငြိမ်လေးဘဲ အိပ်စက်လိုက်တော့သည်။
ကိုကိုကတော့သက်လုံအလွန်ကောင်းသည်။ခဏခဏတောင်းဆိုနေလို့ သူအသက်ထွက်မတက်ဘဲ ။ဒါပေမယ့် ရပ်တန့်ဖို့လည်း မတားမြစ်ပေ။ကိုကိုပေးတဲ့ အချစ်တေွကိုေကျေကျနပ်နပ်ကြီးခံယူနေလိုက်သည်။
______
၂၂.၇.၂၃
Kelly
Thankful my readers 🤍
______
Zawgyi
*ဟုတ်..*
*ဒါပေမယ့်..*
*ဟင်...!*
*ကိုကို မေးနေတယ်လေ...*
*ဘာလို့လဲ.!*
*ဘာကိုလဲ..!*
*မင့်ကိုဘာလို့တယောက်ထဲပေးမနေရတာလဲလို့..!*
*ကိုကို..!*
*ဘာလို့တယောက်ထဲ မြိုသိပ်ထားရတာလဲ..ကိုကိုက,ကလေးငယ်အတွက် အသုံးမဝင်တော့ဘူးလား...*
*ဟုတ်လား...*
*ဂျီမင်..!*
*မင့်ကိုမအော်နဲ့...*
*မအော်စေချင်ရင် ဖြေလေ..!*
*မဖြေဘူး.!*
*ဘယ်သူကဂျွန်ဂျီမင် လဲ..*
*တကယ်မယူဘူးပေါ့..*
*အင်း..*
*ကိုကို....*
*..*
*မသွားပါနဲ့...*
*ဘာပြောတာ .*
*ကိုကို...*
*......*
*ကိုကို..!*
*လိုတောင်လိုနေသေးတယ်....*
*ချစ်တယ် ကိုကို...*
*ပိုချစ်တယ် ကလေးငယ်..*
* ဟီး....မေမေကြီး.!*
*ဟုတ်..*
*မေမေကြီးကလည်း.~~~*
________
*ပန်းချီဆရာလေးရဲ့ အမေကမျိုးရိုးကြီးထဲကထင်တယ် ဝတ်ထားတဲ့ပိုးထည်ကအတော်ဈေးကြီးမယ့်ပုံဘဲ..*
*ဒါလေး ဘယ်လိုရောင်းလဲ...*
*ပန်းချီဆရာလေး..!*
*အင်း.။ဘာတွေများပြောနေလို့ မင့်ကိုတွေ့တာနဲ့ လန့်သွားရတာလဲ *
*ဟုတ်ပါပြီ...*
*အဲ..~~~*
*ကိုကို...!*
*ဘာလုပ်နေတာလဲ ..*
*ကလေးငယ်ပြန်လာပြီလား..*
*ပေး ပေး ကိုကိုသယ်မယ်...*
*မွ.!စိတ်မဆိုးနဲ့..*
*မရဘူး ဒီမှာဘဲ...*
*အဆိုးလေးဘဲ ဟမ်.!*
*ဟုတ်တယ်မလား မေမေကြီး...*
*လူလွှတ်ထားတာမလား။ဘယ်သူလဲ...*
*ကိုကို့မျက်စိကွယ်ရာမှာ ကလေးငယ်တယောက်ထဲဘယ်လိုလုပ်ပြီးစိတ်ချထားနိုင်မှာလဲ.....*
*ကတိလား..*
*ကတိ...*
*ချွဲနေတာလား ကလေးငယ်...*
*အင်း....*
*အဟား..!!အတက်လေးကွာ...*
--------
*ဟုတ်ကဲ့ မေမေကြီး...*
*ဟုတ်ကဲ့...*
*မဟုတ်...မဟုတ်ပါဘူးနော်...*
*ဟာ..!ကိုကို နော်..*
*...*
*လာမခေါ်နဲ့ ..!*
*လုပ်တယ်လေ.!*
*ကိုကို!!.*
*ကလေးငယ်...*
*ကိုကို..!*
*မသိဘူး....*
*မချစ်ဘူး..!*
*မငိုဘူး.!*
*ချစ်တယ် ကလေးငယ်..*
*ကိုကို..*
*ဟုတ်..*
*ကို.ကို..*
*ကြောက်နေတာလား...*
*နည်းနည်း...*
*လှတယ် ကလေးငယ်...*
*အင်း..*
______
၂၂.၇.၂၃
Kelly
Thankful my readers 🤍