//Unicode//
အခန်း - ၆၁ (အဲ့ဒါ သား!)
သား!!?
စုလင်း ထိုစကားကြောင့် အံ့အားသင့်သွားသည်။
ကလေးတွေ အပြုံလိုက် ပျိုးထောင်နေရသလို ခံစားရတယ်လို့ သူ အမြဲပြောမိတာက ထင်ယောင်ထင်မှားဖြစ်မိရုံတင်ပဲ မဟုတ်ဘူးပေါ့။ ရှန်းမိုယွီက သူ့ကို အဖေတစ်ယောက်လို့ တကယ် မှတ်ယူနေခဲ့တာလား?
စုလင်း ခဏလောက်တွေးကြည့်လိုက်တော့ ဖြစ်နိုင်ချေက တော်တော်မြင့်သည်။ ရှန်းမိုယွီသည် တောင်ပေါ်မှ ထွက်ကတည်းက သူ့နောက်လိုက်ကာ သူနဲ့လည်း အလွန်ရင်းနှီးလှသည်မှာ ကျိုးနွံ့လုနီးပါးပင်။ သို့ပေမယ့်လည်း ခုကတော့ မှားနေသဖြင့် သူအမှန်ပြင်ပေးရမည်။
"မဟုတ်ဘူးလေ မင်းက ငါ့သား မဟုတ်ဘူး။ ငါက လူသားလေ မင်းက..."
သူစကားမဆုံးခင်မှာပင် အစက သူ့ကိုပွတ်သပ်နေသော အမြစ်များက နောက်ပြန်ကွေးသွားပြီး သူ့နဖူးကို လာ ရိုက်သည်။ အမြစ်များက မတ်မတ်ရပ်ရင်း လှုပ်ယမ်းနေကြသည်မှာ မကျေနပ်မှုများစွာဖြင့်။
"ငါက မင်းရဲ့ အဖေကွ!"
စုလင်း ထိုစကား ၄လုံးကို ကြောင်ကြည့်ပြီး ကြက်သေသေနေမိသည်။ ခဏ အကြာမှ အတွေးတစ်ခု သူ့စိတ်ထဲ ဖြတ်ပြေးသွားသည်။
ဪ ရှန်းမိုယွီရဲ့ သဒ္ဒါရေးပုံက သိပ်မမှန်တာ ဖြစ်ရင်ဖြစ်မှာ
ဒါပေမယ့်လည်း ရှန်းမိုယွီရဲ့ အမူအရာကိုကြည့်လိုက်တော့ သူပြောချင်တာ အတိအကျက ဒီစာလုံးပဲဖြစ်ပြီး နာမ်စားတွေတောင်မှ အစီစဥ်တကျ မှန်ကန်စွာ သုံးထားကြောင်း နားလည်လိုက်ရသည်။
"မဟုတ်ဘူးလေ။ မင်း နားလည်မှု လွဲနေတာလား? ငါက လူ။ စိတ်ဝိညာဥ်ပင် မဟုတ်ဘူးလေ"
"မင်းက သား!!!"
ရှန်းမိုယွီက ငိုယိုနေသည့် အမူအရာတစ်ခု သူ့စိတ်ထဲ ပို့လာသည်။
စုလင်း ငိုရမလား ရယ်ရမလားကို မသိတော့ပေ။ ထို့နောက် သူ့စိတ်ထဲ ပုံရိပ်တစ်ချို့ တဖြတ်ဖြတ် ပြေးသွားသည်။ သူ မသိလိုက်ဘာသာ လည်ပင်းအနောက်ကို ထိလိုက်မိပြီး
"ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အရာက မင်းရဲ့ အစေ့ပေါ့?"
ရှန်းမိုယွီရဲ အမြစ်တွေ အားလုံး အတူတကွ ခေါင်းငြိမ့်ကြပြီး စုလင်းလက်ကောက်ဝတ်ကို ချစ်ခင်မြတ်နိုးစွာ ပွတ်သပ်သည်။
"ငါနဲ့ အနံ့ အတူတူပဲ"
စုလင်းက ရနံ့ကို အလွန်ခံစားလွယ်သူ ဖြစ်သည်။ ထို့ကြောင့် သူ့Pheromoneနံ့မှလွဲ၍ သူ့ခန္ဓာကိုယ်မှာ တစ်ခြားရနံ့ မရှိသည်ကို သူသိသည်။ သို့သော် ရှန်းမိုယွီရဲ့ စကားအရဆိုလျှင် သူဟာ တစ်နည်းနည်းနဲ့ ရှန်းမိုယွီ အစေ့ရဲ့ သက်ရောက်မှုကို ခံနေရခြင်း ဖြစ်နိုင်သည်။ ထို့ပြင် သူ့ခန္ဓာကိုယ်သည် လူသားတို့ သတိမထားနိုင်သည့် စိတ်ဝိညာဥ်ပင်များသာ ခံစားနိုင်သည့် ပြောင်းလဲမှု တစ်ခုရှိနေတာဖြစ်မည်ဟု စုလင်း ခန့်မှန်းမိသည်။ ဒါကြောင့်သာ သူဟာ စိတ်ဝိညာဥ်ပင်တွေနဲ့ စပ်နွှယ်မှု မြင့်မားတာ ဖြစ်ပေမည်။ စုလင်း ရှန်းမိုယွီကို ရှုပ်ထွေးနေသော အမူအရာနဲ့ ကြည့်လိုက်သည်။ အခုတော့ အခြေအနေက ရှန်းမိုယွီ သူ့အပေါ် သိပ်ကောင်းပေးနေတာ သူ့သားအဖြစ်မှတ်ယူနေလို့ ဟူသော အခြေအနေကို ပြောင်းသွားလေသည်။
ရှန်းမိုယွီက သူ့လက်ကောက်ဝတ်ကို အသာရစ်ပတ်လာပြီး စကားလုံး၂လုံး သူ့စိတ်ထဲ ပေါ်လာသည်။
"ပါ့ပါ လို့ခေါ်"
ထို့နောက် အမြစ်တစ်ခုက လုံမော့ထန်ကို ညွှန်ပြကာ
"ဦးဦးလို့ခေါ်"
စုလင်း"......"
လူတွေက သူ့ကို အရူးလို့ ခေါ်တော့မှာပဲ
စုလင်း အတန်ငယ်ကြာသည်အထိ ဆွံ့အနေသောကြောင့် ရှန်းမိုယွီက ငိုနေသည့်အမူအယာတစ်ခု ထပ်ပို့လာပြီး တစ်ချိန်တည်းမှာ သူ့သူငယ်ချင်းပေါက်စလေးကို ငိုပြီးပြောသည်။
"ငါ့သားက ငါ့ကို ပါ့ပါလို့လည်းမခေါ်သလို မင်းကိုလည်း ဦးလေးလို့မခေါ်ဘူး။ သူကြီးပြင်းလာတဲ့တစ်လျှောက် သူ့အနားမှာ ရှိမပေးနိုင်ခဲ့လိုများ သူငါ့ကိုအပြစ်တင်နေတာလား?"
လုံမော့ထန်: "မင်း အရူးလိုငိုနေတာ ရပ်စမ်း ပြီးတော့ မင်း ညဘက် ဒရာမာဇာတ်လမ်းတွဲတွေ ထပ်ကြည့်ခွင့်မရှိတော့ဘူး"
စုလင်း ထိုပျော့ပျောင်းသော အမြစ်များကို ကြည့်ရင်း သူ့လက်ကို ဆန့်ကာ ညင်သာစွာ ဖျစ်ညှစ်လိုက်ပြီး
"မင်းကို ရှောင်ရှန်း၊ လုံမော့ထန်ကို ရှောင်ထန် လို့ခေါ်ရင်ကော ဘယ်လိုလဲ ပိုရင်းနှီးသလို ခံစားရတယ်မလား?"
စိတ်ဝိညာဥ်ပင်တွေကို အဖေနဲ့ ဦးလေးလို့ ခေါ်ရတာက ထူးဆန်းလွန်းသည်။
အမြစ်များက ခေါင်းထောင်လာပြီး သူ့ရှေ့တွင် ရပ်နေကာ ခေါင်းလည်းမညိမ့်သလို ငြင်းလည်းမငြင်းဘဲ အသေအကြေ စဥ်းစားနေသည်နှယ်။
လုံမော့ထန်က သူ့ပွင့်ချပ်တွေမှ ခွဲထွက်လာပြီး စုလင်း လက်ကောက်ဝတ်မှာ ရစ်ပတ်သည်။ ထို့နောက် စုလင်း စိတ်ထဲမှာ စကားလုံးသုံးလုံးပေါ်လာခဲ့သည်။
"ဦးလေးလုံ လို့ခေါ်"
လုံမော့ထန်က သူ့အရွက်တွေကို အသုံးပြုပြီး ကွန်ပျူတာကိုဖွင့်ကာ သုံးဖက်မြင်မျက်နှာပြင်ကို စုလင်းဘက် လှည့်ဖွင့်လိုက်သည်။
စိတ်ဝင်တစားကြည့်နေသည့် လင်းမန်က စုလင်းလက်မောင်းကိုဆွဲကာ
"ဝိုး လူတွေအများကြီးပဲ လုံမော့ထန်အကြောင်းပြောနေကြတာ ကြည့်စမ်း ဟားဟား တစ်ချို့ဆို သူ့ကို ဖေဖေကြီးလို့တောင် ခေါ်နေကြတယ်"
စုလင်း သုံးဖက်မြင် မျက်နှာပြင်ကိုကြည့်လိုက်ရာ မျက်နှာပြင်တွင် လုံမော့ထန်က သူနဲ့ လင်းမန်ကိုကယ်တင်ခဲ့သည့်မြင်ကွင်းကို ပြန်လည် ပြသနေတာဖြစ်ပြီး မှတ်ချက်တွေအများကြီးက မျက်နှာပြင်အပြည့် ဖုံးလုနီးပါးပင်။ လုံမော့ထန်က ဗီဒီယိုကြည့်တာထက် မှတ်ချက်တွေဖတ်နေတာဖြစ်လောက်မည်ဟု စုလင်း သံသယရှိမိသည်။
"အရမ်းမိုက်တာပဲ ဖေဖေစိတ်ဝိညာဥ်ပင်ကြီးရေ အရွက်လေးတစ်ရွက်လောက်ပေးပါ့လားဟင် ခုကစပြီးလေ တို့ကတော့ ဖေဖေကြီးရဲ့ သစ္စာရှိဖန်ပဲကွ"
"တစ်ယောက်ယောက်များ ငါဖေဖေစိတ်ဝိညာဥ်ပင်ရဲ့ နာမည်ကို သိကြလားမသိ?"
ဗီဒီယိုက ရှန်းမိုယွီ အဆိပ်တွေ ဖြန်းလိုက်လို့ ကားရဲ့ရှေ့တစ်ပိုင်းလုံး အရည်ပျော်သွားတဲ့အပိုင်းကို ရောက်လာသည်။ ရုတ်တရက် မှတ်ချက်တွေက ဦးတည်ရာ ပြောင်းသွားတော့သည်။
"အားး! ငါ့ဖေဖေရှန်းမိုယွီက ချောလိုက် မိုက်လိုက်တာ"
"အရမ်းသန်မာတာပဲ ဖေဖေ ရှန်းမိယွီရေ အာကာသထဲက အနက်ရောင်အမှုန်တွေကို ရှင်းပေးနိုင်တဲ့ အဆိပ်အတောက် အရည်တွေက မျှော်လင့်ထားသလိုပဲကွာ!"
စုလင်းရဲ့ နှုတ်ခမ်းများ တွန့်လိမ်သွားရသည်။
အွန်း စိတ်ဝိညာဥ်ပင်တွေကို အဖေလို့ခေါ်တာ သာမာန်ပဲ ဖြစ်နိုင်သည်။ သက်ရှိတိုင်း လုံလောက်အောင် အံ့မခန်း တော်ရင် အဖေလို့အခေါ်ခံရဖို့ အရည်ချင်းပြည့်မီပုံရသည်။ စုလင်း ရုတ်တရက် တွေးမိသွားသည်က ရှန်းမိုယွီကို ပါ့ပါးလို့ခေါိရင်လည်း အဆင်ပြေလောက်သည်ဟု။
အမြစ်များက သုံးဖက်မြင် မျက်နှာပြင်ဘက်ကို အနံ့ဆိုးများ ထုတ်လွှတ်လိုက်ပြီး စုလင်းကို ချစ်ခင်လှသော အမူအရာ လုပ်ပြသည်။
"ငါ့မှာ သားဆိုလို့ မင်းတစ်ယောက်ပဲရှိတယ် သူတို့မဟုတ်ဘူး!"
လင်းမန်က နှာခေါင်းကို ပိတ်ပြီး ခြေတစ်လှမ်းနောက်ဆုတ်သွားသည်။
"ဘာဖြစ်တာလဲ? သူက သူ့ကို သူများတွေအဖေလို့ ခေါ်တာ မကြိုက်ဘူးလား?"
စုလင်း ကို့ရို့ကားယားနိုင်စွာ အမ်းဟု ရေရွတ်လိုက်ပြီး အမြစ်များကို အသာညှစ်ရင်း အနည်းငယ် ခံစားသွားရသည်။ 'အဖေ'ဟူသော စကားလုံးသည် သူ့အတွက်တော့ အထူး အဓိပ္ပါယ်ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် ထို အဖေဟူသော အခန်းကဏ္ဍကို တာဝန်ယူထားသူမှာ သူ့ဘဝတွင် တစ်ခါ ပေါ်မလာခဲ့ဖူးသောကြောင့်ပင်။ သူ အဖေဆိုတာကို တစ်ချိန်လုံး တောင့်တခဲ့ဖူးပေမယ့် ကြာလာတော့ သူ ဆုတောင်းခြင်းတွေ ရပ်သွားခဲ့တော့သည်။ သူ planet belle ကို ကူးပြောင်းလာပြီးတဲ့နောက်မှာလည်း အဖေစုဆိုတာ ရှိလာပေမယ့် ထိုလူကလည်း နာမည်ခံမျှသာ။ သူ ထိုအဖေစုကို ဘယ်တုန်းကမှ အဖေလို့ မသတ်မှတ်ခဲ့ပေ။
ရှန်းမိုယွီက ဆက်ဆိုလာသည်။
"ငါ မင်းကို ထောက်ပံ့ဖို့ ငွေရှာမယ်။ ငါ မင်းငယ်ငယ်တုန်းက သေချာ ပစ်ထားခဲ့တာ မဟုတ်ပါဘူး။ ငါ မင်းကို တစ်ချိန်လုံး လိုက်ရှာနေခဲ့တာပါ"
ထိုစာလုံးများကို ဖတ်ပြီးသည့်နောက် စုလင်းက
" မင်းရဲ့ မျိုးစေ့တွေက ရဖို့ ခက်တာလား?"
ရှန်းမိုယွီက ပုံရိပ်တစ်ချို့ မျှဝေလာသည်။ ရုပ်ပုံများသည် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားနေသည်မှာ ရုပ်ရှင်တစ်ခုကို အမြန်ကျော်ထားသကဲ့သို့ပင်။ ရုပ်ရှင်ထဲတွင် ရာသီများ အကြိမ်များစွာ ပြောင်းလဲခဲ့ပြီး နောက်ဆုံးတွင် ရှန်းမိုယွီရဲ့ပန်းပွင့်ဖူးအတွင်းမှ အစေ့တစ်ခု ထွက်ပေါ်လာသည်။ ထိုနောက် ရှန်းမိုယွီသည် ထိုအစေ့ကြီးထွားရန်အတွက် အာဟာရများကို စတင် စုဆောင်းသည်။ သူက အာဟာရများကို စုပ်ယူလိုက်ပြီးနောက် သူ့ရဲ့ဝတ်ဆံဖိုကနေ အာဟာရဓါတ်များကို ငွေ့ရည်ပြန်ဖွဲ့စေသည်။ ထိုအရာက ရှန်းမိုယွီ အနက်ရောင်အရည်များကို ထုတ်လွှတ်သည့်ပုံစံနှင့် ဆင်တူသော်လည်း အာဟာရဓါတ်များက အမှုန်ခဲလေးများဖြစ်ကာ အစေ့နှင့်ပိုဆင်တူသည်။ အာဟာရကျွေးခြင်းက အဆီအနှစ်ပုံစံဖြစ်သောကြောင့် အာဟာရ စုဆောင်းမှုလုပ်ငန်းစဉ်သည် အလွန်ရှည်လျားလှပေသည်။ နောက်ပိုင်းတွင် ရှန်းမိုယွီသည် အာဟာရများကို စုဆောင်းနေချိန်တွင် ဆူးနီဘောလုံးအပင်နဲ့ တစ်ခြား စိတ်ဝိညာဥ်ပင်၂ပင်နဲ့ တွေ့ခဲ့သည်။ သူက ထိုအပင်များကို စားဖို့လုပ်ရာ ထိုအပင်တွေက အဆိပ်တွေကို ထုတ်လွှတ်ကာ ပြန်တိုက်ဖို့ ကြိုးစားကြသည်။ ထိုအချိန်မှာပဲ မေမေချင် ပေါ်လာခဲ့သည်။ ရှန်းမိုယွီ ထို စိတ်ဝိညာဥ်ပင်များကို လက်လျော့လိုက်ပြီး ထွက်သွားခဲ့သော်လည်း သူက မတော်တဆ သူ့အစေ့နဲ့ အာဟာရအမှုန်များကို ကျန်ရစ်ခဲ့သည်။ သူပြန်လာရှာချိန်တွင် မေမေချင်နဲ့ ထိုအပင်၃ပင်က ပျောက်သွားလေပြီ။ ထိုချိန်မှစ၍ သူ့ရဲ့ မျိုးစေ့ကို ရှာဖွေသည့် ခရီးစဥ်ကြီး စတင်ခဲ့တော့သည်။
စုလင်း လက်ကောက်ဝတ်ပေါ်ရှိ ရှန်းမိုယွီရဲ့အမြစ်ကို ပွတ်သပ်ရင်း စိတ်မကောင်းဖြစ်မိရသည်။ သူက သူ့အစေ့လေးအပေါ်မှာ စွမ်းအင်တွေအများကြီး အကုန်ခံထားရသည်။ မြင်သာလှစွာပင် သူက သူ့သားအပေါ် အလွန်မျှော်လင့်ထားရှာပေသည်။ ရှန်းမိုယွီက သူ့ကို သားအဖြစ် ဆက်ဆံတာလည်း သိပ်တော့မဆိုးလှပေ။ အနည်းဆုံးတော့ ရှန်းမိုယွီ စိတ်ဓါတ်ကျတာ၊ ဝမ်းနည်းရတာ မဖြစ်တော့။ ပြီးတော့ ရှန်းမိုယွီက စုလင်းမှာ သူ့အစေ့လို အနံ့ရှိတယ်လို့ ပြောဖူးပေသည်။
စုလင်း ပြုံးရင်း မေးလိုက်သည်။
"မင်းသဘောကျတယ်ဆိုလည်း မင်းကို ပါ့ပါရှန်းလို့ခေါ်ပြီး လုံမော့ထန်ကို ဦးလေးလုံလို့ခေါ်ရင်ကော?"
ရှန်းမိုယွီရဲ့အမြစ်များ ပျော်ရွှင်စွာ တွန့်လိမ်သွားပြီး လုံမော့ထန်ရဲ့ အရွက်များလည်း အနည်းငယ် တောက်ပသွားရပြီး စုလင်းရဲ့ လက်နောက်ကို အရွက်များဖြင့် ပွတ်သပ်လာသည်။ ထို့နောက် အရွက်များက ပွင့်ချပ်များဆီ ပြန်သွားပြီး ကွန်ပျူတာကို ဆက်ဆော့တော့သည်။
လင်းမန်တစ်ယောက်သာ ကြောင်သွားရပြီး
"သူက အဖေလို့အခေါ်ခံရတာ မကြိုက်ဘူးထင်နေတာလေ"
စုလင်း: "အဲဒီထဲ ငါ မပါဘူးလေ။"
လင်းမန် အမြစ်များကို စိုက်ကြည့်ကာ ရေရွတ်ကြည့်သည်။
"ပါ့ပါရှန်း..."
အမြစ်တစ်ချောင်းက သူ့နဖူးကို ချက်ချင်း ရိုက်လိုက်
ပြီး "ဦးလေး" ဟု ရေးပြလာသည်။
ရှန်းမိုယွီသည် စိတ်နှင့် စကားလုံးများ ပေးပို့ချိန်က အလွန်အသုံးမဝင်ခဲ့သော်လည်း ယခုအခါ တိုက်ရိုက်ဆက်သွယ်မှုမှာ အဆင်ပြေလွန်းကြောင်း သိလာရသည်။
လင်းမန်က စုလင်းကို စိုက်ကြည့်ပြီး
"သူ...သူကစာ ရေးတတ်တယ်?!"
စုလင်းက ကွန်ပြူတာကို လက်ညှိုးထိုးပြပြီး
"အင်း၊ သူတို့ သိပ်မကြာခင်ကမှ စာရေးနည်းကို သင်ယူခဲ့တာလေ"
"အံ့သြစရာပဲ!"
လင်းမန်က မနာလိုလှစွာ ပြောပြလာသည်။
"ငါအရင်က Aအဆင့် စိတ်ဝိညာဥ်ပင်တွေနဲ့ ဆက်ဆံဖူးတယ်။ သူတို့က စိတ်ခံစားမှုနဲ့ ရိုးရှင်းတဲ့ပုံတွေကိုပဲ အဓိက မျှဝေတာ"
စကားပြောနေတုန်း ကုလီဟန် ဝင်လာပြီး
"ထမင်းစားချိန် ရောက်ပြီ"
သူတို့လေးဦးသား ထမင်းစားခဲ့ကြပြီးနောက် ရှောင်းရွိက လင်းမန်နဲ့ အတူပြန်သွားခဲ့သည်။ စုလင်း စိတ်ဝိညာဥ်ပင်ခန်းဆီ ပြန်သွားခဲ့သည်။ မတိုင်ခင်က သူ့မှာ မေးစရာရှိနေသော်လည်း လင်းမန်ရှိနေတာကြောင့် မမေးဖြစ်ခဲ့ပေ။
"ပါ့ပါရှန်း ပါ့ပါက မီးကြောက်တာလား?"
အမြစ်များက ခေါင်းညိတ်သည်။
မေမေချင် ပေါ်လာသည့် မြင်ကွင်းတွင် စုလင်း Planet Belleအနေနှင့်ဆို ထူးဆန်းနေသည့်အရာတစ်ခုကို မြင်လိုက်ရသည်။ သူမ ဓါတ်မီးလို အလင်းရောင်ပေးသည့် ကိရိယာအစား မီးတိုင်ကို ကိုင်ထားခဲ့သည်။ ရှန်းမိုယွီကလည်း အခင်းဖြစ်ပွားရာနေရာကနေ ချက်ချင်းထွက်သွားခဲ့တာ ဖြစ်သည်။ မေမေချင်က ရှန်းမိုယွီအတွက် ခြိမ်းခြောက်မှုတစ်ခုမဖြစ်နိုင်တာကြောင့် သူ့ရဲ့အမြန် ထွက်ပြေးမှုက မီးနဲ့ပတ်သတ်မည်ဟု စုလင်းခန့်မှန်းခဲ့တာ ဖြစ်သည်။ ဤသည်မှာ အိုမီဂါတစ်ယောက်ဖြစ်သည့် မေမေချင် တောထဲသို့ တစ်ယောက်တည်း ဝင်ရဲသည့် အကြောင်းရင်း ဖြစ်နိုင်ပေသည်။ သူမသည် သစ်တောကို ကောင်းစွာ သိနားလည်ထားပုံရသည်။
"ပါ့ပါ မီးကြောက်တယ်ဆိုတာ လူဘယ်နှစ်ယောက်လောက်သိလဲ"
ရှန်းမိုယွီ: "အများကြီးမဟုတ်ဘူး၊ ငါတို့ အကြောင်းသိတဲ့လူက နည်းနည်းပဲရှိတာ"
စုလင်း - "ကျွန်တော် အဲဒါကို လျှို့ဝှက်ထားမယ်၊ ပါ့ပါလည်း ဘယ်သူမှ မသိစေနဲ့။"
အမြစ်က ခေါင်းညိတ်သည်။
စုလင်း ထိုအခန်းမှာ ခဏမျှနေခဲ့ပြီးနောက် အပင်နှစ်ပင် စုပြီး ကွန်ပြူတာကစားတာကိုမြင်တော့မှ ထွက်လာခဲ့သည်။ စုလင်း နေ့ခင်းတစ်ရေးအိပ်ရန် သူ့အခန်းထဲသို့ လျှောက်သွားစဥ် သိပ္ပံပရိုဂရမ်မှ ဒါရိုက်တာဝမ် ထံမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။
"မစ္စတာစု၊ ဘယ်အချိန်လောက် အားမလဲ မသိဘူး။ ဒီနေ့ဆို ရှန်းမိုယွီအပေါ် အာရုံစိုက်မှုက အမြင့်ဆုံးကို ရောက်နေပြီ။ ဖြစ်နိုင်ရင် မင်းတို့ရဲ့ပွဲကို အမြန်ဆုံး စီစဥ်ပေးချင်လို့ပါ"
စုလင်း: "ကျွန်တော် မနက်ဖြန်ဆိုရင် အားပါပြီ။ ဒါပေမယ့် တစ်ခုတော့ အရင် ကြိုပြောပါရစေ။ သာမာန် သိပ္ပံဆိုင်ရာ အကြောင်းအရာခေါင်းစဥ်က အဆင်ပြေပါတယ် ဒါပေမယ့် အမဲလိုက်တာကို တိုက်ရိုက်ထုတ်လွှင့်တာမျိုးတော့ မရဘူး"
"ကျွန်တော် အသင်းကို ဆက်သွယ်ပြီး သက်ဆိုင်ရာ သင့်တော်တဲ့ အချက်အလက်တွေ ရထားပါတယ်။ နောက်ပြီး အစီအစဉ်ရဲ့ လုပ်ငန်းစဉ်ကိုလည်း ချိန်ညှိထားပြီး အသေးစိတ် အချက်အလက်တွေကို အခုပဲ ပို့ပေးပါ့မယ်။ တစ်ခြား ပြဿနာမရှိရင် မနက်ဖြန် အစမ်းလေ့ကျင့်ဖို့ လာပေးလို့ရမလား? သဘက်ခါမှ တိုက်ရိုက် ထုတ်လွှင့်ပေးမှာပါ။"
စုလင်း ခဏစဉ်းစားပြီး "ကောင်းပါပြီ"
ထို့နောက် စုလင်း ကုလီဟန်နှင့်အတူ အချက်အလက်တွေ ဖတ်ရန် ဧည့်ခန်းသို့ သွားခဲ့သည်။ ကုလီဟန်က အကြံပြုသည်။
"တက်နိုင်သမျှ ကင်မရာထဲ မပါအောင် ရှောင်နေနော်"
စုလင်း ဒီနေ့ မတော်တဆမှုအကြောင်း တွေးပြီး အမ်းဟု သဘောတူလိုက်ပြီး
"ဟုတ် ကျွန်တော် ပါ့ပါရှန်းရဲ့ အမြစ်တွေကို နောက်ကွယ်ကနေ လွှတ်ခိုင်းထားလိုက်မယ်"
"ပါ့ပါရှန်း?"
ကုလီဟန်ရဲ့ မေးခွန်းကို ကြားတော့ စုလင်း အနည်းငယ် ရှက်သွားရသည်။ သူက အသာ ချောင်းဟန့်လိုက်ပြီး ရှန်းမိုယွီနဲ့ သူ့ကြားက ဆက်နွယ်မှုအကြောင်း ပြောပြလိုက်သည်။ စုလင်း ကိုယ်တိုင်တောင်မှ သတိမထားမိဘဲ မျက်ဝန်းထဲ အပြုံးတွေပြည့်နေခဲ့သည်။
"တကယ်တော့ ကျွန်တော့် ဒီအသက်အရွယ်နဲ့ဆို ဒီဆက်နွယ်မှုမှာ ကျွန်တော်က ပို အကျိုးမြတ်ရတာပါ"
ကုလီဟန် စုလင်းရဲ့လည်ပင်းနောက်ဘက်တွင် သူ၏လက်ဖဝါးကိုတင်လိုက်ပြီး
"သာမန်အချိန်တွေမှာ ထူးခြားတဲ့ခံစားချက်တွေရှိသေးလား"
စုလင်း လည်ပင်းကို မသိစိတ်အရ ကျုံ့လိုက်မိပြီး
"ခင်ဗျားကို အဲ့နားလေးမှာ ကိုက်စေချင်တာဆိုရင်ကော ဒါက ထူးထူးခြားခြားလို့ ထည့်တွက်ရမှာလား?"
ကုလီဟန်ရဲ့ လက်ချောင်းများ အနည်းငယ် တောင့်တင်းသွားရပြီး မျက်လုံးများ နက်မှောင်သွားကာ
"မင်း ထပ်ပြီး ရတော့မှ မဟုတ်ဘူး"
စုလင်းက နဖူးကို ပွတ်ပြီး
"ခင်ဗျားပြောတာ မှန်တယ်။ မနေ့ညက လှုပ်ရှားမှုတွေကြောင့် အပြင် ဒီနေ့ ရေကူးသေးတာဆို ကျွန်တော့်မှာ အားအင်တွေ မကျန်တော့ဘူး"
စုလင်းက ထပြီး ဧည့်ခန်းဆီသို့ လှမ်းသွားကာ
"နေ့ခင်း တစ်ရေးတစ်မောအိပ်တာတော့ ခွဲအိပ်တာက ပိုကောင်းမယ်"
ကုလီဟန် စုလင်းလက်ကို မြဲမြဲ ကိုင်ထားမိရပြီး သူ့Omegaလေးနဲ့ ခွဲခွာရဖို့ရာ ဆန္ဒရှိမနေပေ။ ထို့ကြောင့် သူက ဆိုသည်။
ကိုယ့်မှာ အကြံတစ်ခုရှိတယ်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue fressia 🦋
Jue လတ်တလော chinese classတက်နေတာသိကြမှာ ခုပြန်ဖတ်ကြည့်တော့ မှားနေတဲ့ နာမည်လေးတွေတစ်ချို့ရှိတယ် ဥပမာ ရှန်းမိုယွီက ရှန်းမော့ယွီ၊ ကုလီဟန်က ကုလီဟိန်ပေါ့ အဲ့ဒါလေးတွေပြင်သင့်လား? Jueတော့မပြင်ချင်ဘူး နှုတ်ကျိုးနေပြီမို့လို့
ပြီးတော့ ရှန်းမိုယွီကို နာမည်ခေါ်ရင် ပါ့ပါရှန်း စကားပြောရင် အဖေလို့ ထည့်ရမလား ခုရေးထားသလို ပါ့ပါပဲ ထည့်ရမလဲ အကြံပြုပေးပါဦး😁
Update က အနည်းဆုံး တစ်ပတ် ၁ပိုင်းတော့ ရအောင်သွားတာပေါ့နော် mentကလည်း လူတိုင်း အကုန် ဖတ်ဖြစ်တယ်နော် real life မှာ ဖိအားတွေအရမ်းများနေတဲ့ကာလမလို့ အပြောအဆိုအမှားပါခဲ့ရင် ခွင့်လွှတ်ပေးကြပါနော်🙏
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
//Zawgyi//
အခန္း - ၆၁ (အဲ့ဒါ သား!)
သား!!?
စုလင္း ထိုစကားေၾကာင့္ အံ့အားသင့္သြားသည္။
ကေလးေတြ အၿပဳံလိုက္ ပ်ိဳးေထာင္ေနရသလို ခံစားရတယ္လို႔ သူ အၿမဲေျပာမိတာက ထင္ေယာင္ထင္မွားျဖစ္မိ႐ုံတင္ပဲ မဟုတ္ဘူးေပါ့။ ရွန္းမိုယြီက သူ႔ကို အေဖတစ္ေယာက္လို႔ တကယ္ မွတ္ယူေနခဲ့တာလား?
စုလင္း ခဏေလာက္ေတြးၾကည့္လိုက္ေတာ့ ျဖစ္ႏိုင္ေခ်က ေတာ္ေတာ္ျမင့္သည္။ ရွန္းမိုယြီသည္ ေတာင္ေပၚမွ ထြက္ကတည္းက သူ႔ေနာက္လိုက္ကာ သူနဲ႔လည္း အလြန္ရင္းႏွီးလွသည္မွာ က်ိဳးႏြံ႕လုနီးပါးပင္။ သို႔ေပမယ့္လည္း ခုကေတာ့ မွားေနသျဖင့္ သူအမွန္ျပင္ေပးရမည္။
"မဟုတ္ဘူးေလ မင္းက ငါ့သား မဟုတ္ဘူး။ ငါက လူသားေလ မင္းက..."
သူစကားမဆုံးခင္မွာပင္ အစက သူ႔ကိုပြတ္သပ္ေနေသာ အျမစ္မ်ားက ေနာက္ျပန္ေကြးသြားၿပီး သူ႔နဖူးကို လာ ႐ိုက္သည္။ အျမစ္မ်ားက မတ္မတ္ရပ္ရင္း လႈပ္ယမ္းေနၾကသည္မွာ မေက်နပ္မႈမ်ားစြာျဖင့္။
"ငါက မင္းရဲ႕ အေဖကြ!"
စုလင္း ထိုစကား ၄လုံးကို ေၾကာင္ၾကည့္ၿပီး ၾကက္ေသေသေနမိသည္။ ခဏ အၾကာမွ အေတြးတစ္ခု သူ႔စိတ္ထဲ ျဖတ္ေျပးသြားသည္။
ဪ ရွန္းမိုယြီရဲ႕ သဒၵါေရးပုံက သိပ္မမွန္တာ ျဖစ္ရင္ျဖစ္မွာ
ဒါေပမယ့္လည္း ရွန္းမိုယြီရဲ႕ အမူအရာကိုၾကည့္လိုက္ေတာ့ သူေျပာခ်င္တာ အတိအက်က ဒီစာလုံးပဲျဖစ္ၿပီး နာမ္စားေတြေတာင္မွ အစီစဥ္တက် မွန္ကန္စြာ သုံးထားေၾကာင္း နားလည္လိုက္ရသည္။
"မဟုတ္ဘူးေလ။ မင္း နားလည္မႈ လြဲေနတာလား? ငါက လူ။ စိတ္ဝိညာဥ္ပင္ မဟုတ္ဘူးေလ"
"မင္းက သား!!!"
ရွန္းမိုယြီက ငိုယိုေနသည့္ အမူအရာတစ္ခု သူ႔စိတ္ထဲ ပို႔လာသည္။
စုလင္း ငိုရမလား ရယ္ရမလားကို မသိေတာ့ေပ။ ထို႔ေနာက္ သူ႔စိတ္ထဲ ပုံရိပ္တစ္ခ်ိဳ႕ တျဖတ္ျဖတ္ ေျပးသြားသည္။ သူ မသိလိုက္ဘာသာ လည္ပင္းအေနာက္ကို ထိလိုက္မိၿပီး
"ငါ့ခႏၶာကိုယ္ထဲမွာ ရွိတဲ့ အရာက မင္းရဲ႕ အေစ့ေပါ့?"
ရွန္းမိုယြီရဲ အျမစ္ေတြ အားလုံး အတူတကြ ေခါင္းၿငိမ့္ၾကၿပီး စုလင္းလက္ေကာက္ဝတ္ကို ခ်စ္ခင္ျမတ္ႏိုးစြာ ပြတ္သပ္သည္။
"ငါနဲ႔ အနံ႔ အတူတူပဲ"
စုလင္းက ရနံ႔ကို အလြန္ခံစားလြယ္သူ ျဖစ္သည္။ ထို႔ေၾကာင့္ သူ႔Pheromoneနံ႔မွလြဲ၍ သူ႔ခႏၶာကိုယ္မွာ တစ္ျခားရနံ႔ မရွိသည္ကို သူသိသည္။ သို႔ေသာ္ ရွန္းမိုယြီရဲ႕ စကားအရဆိုလွ်င္ သူဟာ တစ္နည္းနည္းနဲ႔ ရွန္းမိုယြီ အေစ့ရဲ႕ သက္ေရာက္မႈကို ခံေနရျခင္း ျဖစ္ႏိုင္သည္။ ထို႔ျပင္ သူ႔ခႏၶာကိုယ္သည္ လူသားတို႔ သတိမထားႏိုင္သည့္ စိတ္ဝိညာဥ္ပင္မ်ားသာ ခံစားႏိုင္သည့္ ေျပာင္းလဲမႈ တစ္ခုရွိေနတာျဖစ္မည္ဟု စုလင္း ခန္႔မွန္းမိသည္။ ဒါေၾကာင့္သာ သူဟာ စိတ္ဝိညာဥ္ပင္ေတြနဲ႔ စပ္ႏႊယ္မႈ ျမင့္မားတာ ျဖစ္ေပမည္။ စုလင္း ရွန္းမိုယြီကို ရႈပ္ေထြးေနေသာ အမူအရာနဲ႔ ၾကည့္လိုက္သည္။ အခုေတာ့ အေျခအေနက ရွန္းမိုယြီ သူ႔အေပၚ သိပ္ေကာင္းေပးေနတာ သူ႔သားအျဖစ္မွတ္ယူေနလို႔ ဟူေသာ အေျခအေနကို ေျပာင္းသြားေလသည္။
ရွန္းမိုယြီက သူ႔လက္ေကာက္ဝတ္ကို အသာရစ္ပတ္လာၿပီး စကားလုံး၂လုံး သူ႔စိတ္ထဲ ေပၚလာသည္။
"ပါ့ပါ လို႔ေခၚ"
ထို႔ေနာက္ အျမစ္တစ္ခုက လုံေမာ့ထန္ကို ၫႊန္ျပကာ
"ဦးဦးလို႔ေခၚ"
စုလင္း"......"
လူေတြက သူ႔ကို အ႐ူးလို႔ ေခၚေတာ့မွာပဲ
စုလင္း အတန္ငယ္ၾကာသည္အထိ ဆြံ႕အေနေသာေၾကာင့္ ရွန္းမိုယြီက ငိုေနသည့္အမူအယာတစ္ခု ထပ္ပို႔လာၿပီး တစ္ခ်ိန္တည္းမွာ သူ႔သူငယ္ခ်င္းေပါက္စေလးကို ငိုၿပီးေျပာသည္။
"ငါ့သားက ငါ့ကို ပါ့ပါလို႔လည္းမေခၚသလို မင္းကိုလည္း ဦးေလးလို႔မေခၚဘူး။ သူႀကီးျပင္းလာတဲ့တစ္ေလွ်ာက္ သူ႔အနားမွာ ရွိမေပးႏိုင္ခဲ့လိုမ်ား သူငါ့ကိုအျပစ္တင္ေနတာလား?"
လုံေမာ့ထန္: "မင္း အ႐ူးလိုငိုေနတာ ရပ္စမ္း ၿပီးေတာ့ မင္း ညဘက္ ဒရာမာဇာတ္လမ္းတြဲေတြ ထပ္ၾကည့္ခြင့္မရွိေတာ့ဘူး"
စုလင္း ထိုေပ်ာ့ေပ်ာင္းေသာ အျမစ္မ်ားကို ၾကည့္ရင္း သူ႔လက္ကို ဆန္႔ကာ ညင္သာစြာ ဖ်စ္ညႇစ္လိုက္ၿပီး
"မင္းကို ေရွာင္ရွန္း၊ လုံေမာ့ထန္ကို ေရွာင္ထန္ လို႔ေခၚရင္ေကာ ဘယ္လိုလဲ ပိုရင္းႏွီးသလို ခံစားရတယ္မလား?"
စိတ္ဝိညာဥ္ပင္ေတြကို အေဖနဲ႔ ဦးေလးလို႔ ေခၚရတာက ထူးဆန္းလြန္းသည္။
အျမစ္မ်ားက ေခါင္းေထာင္လာၿပီး သူ႔ေရွ႕တြင္ ရပ္ေနကာ ေခါင္းလည္းမညိမ့္သလို ျငင္းလည္းမျငင္းဘဲ အေသအေၾက စဥ္းစားေနသည္ႏွယ္။
လုံေမာ့ထန္က သူ႔ပြင့္ခ်ပ္ေတြမွ ခြဲထြက္လာၿပီး စုလင္း လက္ေကာက္ဝတ္မွာ ရစ္ပတ္သည္။ ထို႔ေနာက္ စုလင္း စိတ္ထဲမွာ စကားလုံးသုံးလုံးေပၚလာခဲ့သည္။
"ဦးေလးလုံ လို႔ေခၚ"
လုံေမာ့ထန္က သူ႔အ႐ြက္ေတြကို အသုံးျပဳၿပီး ကြန္ပ်ဴတာကိုဖြင့္ကာ သုံးဖက္ျမင္မ်က္ႏွာျပင္ကို စုလင္းဘက္ လွည့္ဖြင့္လိုက္သည္။
စိတ္ဝင္တစားၾကည့္ေနသည့္ လင္းမန္က စုလင္းလက္ေမာင္းကိုဆြဲကာ
"ဝိုး လူေတြအမ်ားႀကီးပဲ လုံေမာ့ထန္အေၾကာင္းေျပာေနၾကတာ ၾကည့္စမ္း ဟားဟား တစ္ခ်ိဳ႕ဆို သူ႔ကို ေဖေဖႀကီးလို႔ေတာင္ ေခၚေနၾကတယ္"
စုလင္း သုံးဖက္ျမင္ မ်က္ႏွာျပင္ကိုၾကည့္လိုက္ရာ မ်က္ႏွာျပင္တြင္ လုံေမာ့ထန္က သူနဲ႔ လင္းမန္ကိုကယ္တင္ခဲ့သည့္ျမင္ကြင္းကို ျပန္လည္ ျပသေနတာျဖစ္ၿပီး မွတ္ခ်က္ေတြအမ်ားႀကီးက မ်က္ႏွာျပင္အျပည့္ ဖုံးလုနီးပါးပင္။ လုံေမာ့ထန္က ဗီဒီယိုၾကည့္တာထက္ မွတ္ခ်က္ေတြဖတ္ေနတာျဖစ္ေလာက္မည္ဟု စုလင္း သံသယရွိမိသည္။
"အရမ္းမိုက္တာပဲ ေဖေဖစိတ္ဝိညာဥ္ပင္ႀကီးေရ အ႐ြက္ေလးတစ္႐ြက္ေလာက္ေပးပါ့လားဟင္ ခုကစၿပီးေလ တို႔ကေတာ့ ေဖေဖႀကီးရဲ႕ သစၥာရွိဖန္ပဲကြ"
"တစ္ေယာက္ေယာက္မ်ား ငါေဖေဖစိတ္ဝိညာဥ္ပင္ရဲ႕ နာမည္ကို သိၾကလားမသိ?"
ဗီဒီယိုက ရွန္းမိုယြီ အဆိပ္ေတြ ျဖန္းလိုက္လို႔ ကားရဲ႕ေရွ႕တစ္ပိုင္းလုံး အရည္ေပ်ာ္သြားတဲ့အပိုင္းကို ေရာက္လာသည္။ ႐ုတ္တရက္ မွတ္ခ်က္ေတြက ဦးတည္ရာ ေျပာင္းသြားေတာ့သည္။
"အားး! ငါ့ေဖေဖရွန္းမိုယြီက ေခ်ာလိုက္ မိုက္လိုက္တာ"
"အရမ္းသန္မာတာပဲ ေဖေဖ ရွန္းမိယြီေရ အာကာသထဲက အနက္ေရာင္အမႈန္ေတြကို ရွင္းေပးႏိုင္တဲ့ အဆိပ္အေတာက္ အရည္ေတြက ေမွ်ာ္လင့္ထားသလိုပဲကြာ!"
စုလင္းရဲ႕ ႏႈတ္ခမ္းမ်ား တြန္႔လိမ္သြားရသည္။
အြန္း စိတ္ဝိညာဥ္ပင္ေတြကို အေဖလို႔ေခၚတာ သာမာန္ပဲ ျဖစ္ႏိုင္သည္။ သက္ရွိတိုင္း လုံေလာက္ေအာင္ အံ့မခန္း ေတာ္ရင္ အေဖလို႔အေခၚခံရဖို႔ အရည္ခ်င္းျပည့္မီပုံရသည္။ စုလင္း ႐ုတ္တရက္ ေတြးမိသြားသည္က ရွန္းမိုယြီကို ပါ့ပါးလို႔ေခါိရင္လည္း အဆင္ေျပေလာက္သည္ဟု။
အျမစ္မ်ားက သုံးဖက္ျမင္ မ်က္ႏွာျပင္ဘက္ကို အနံ႔ဆိုးမ်ား ထုတ္လႊတ္လိုက္ၿပီး စုလင္းကို ခ်စ္ခင္လွေသာ အမူအရာ လုပ္ျပသည္။
"ငါ့မွာ သားဆိုလို႔ မင္းတစ္ေယာက္ပဲရွိတယ္ သူတို႔မဟုတ္ဘူး!"
လင္းမန္က ႏွာေခါင္းကို ပိတ္ၿပီး ေျခတစ္လွမ္းေနာက္ဆုတ္သြားသည္။
"ဘာျဖစ္တာလဲ? သူက သူ႔ကို သူမ်ားေတြအေဖလို႔ ေခၚတာ မႀကိဳက္ဘူးလား?"
စုလင္း ကို႔႐ို႕ကားယားႏိုင္စြာ အမ္းဟု ေရ႐ြတ္လိုက္ၿပီး အျမစ္မ်ားကို အသာညႇစ္ရင္း အနည္းငယ္ ခံစားသြားရသည္။ 'အေဖ'ဟူေသာ စကားလုံးသည္ သူ႔အတြက္ေတာ့ အထူး အဓိပၸါယ္ရွိေပသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထို အေဖဟူေသာ အခန္းက႑ကို တာဝန္ယူထားသူမွာ သူ႔ဘဝတြင္ တစ္ခါ ေပၚမလာခဲ့ဖူးေသာေၾကာင့္ပင္။ သူ အေဖဆိုတာကို တစ္ခ်ိန္လုံး ေတာင့္တခဲ့ဖူးေပမယ့္ ၾကာလာေတာ့ သူ ဆုေတာင္းျခင္းေတြ ရပ္သြားခဲ့ေတာ့သည္။ သူ planet belle ကို ကူးေျပာင္းလာၿပီးတဲ့ေနာက္မွာလည္း အေဖစုဆိုတာ ရွိလာေပမယ့္ ထိုလူကလည္း နာမည္ခံမွ်သာ။ သူ ထိုအေဖစုကို ဘယ္တုန္းကမွ အေဖလို႔ မသတ္မွတ္ခဲ့ေပ။
ရွန္းမိုယြီက ဆက္ဆိုလာသည္။
"ငါ မင္းကို ေထာက္ပံ့ဖို႔ ေငြရွာမယ္။ ငါ မင္းငယ္ငယ္တုန္းက ေသခ်ာ ပစ္ထားခဲ့တာ မဟုတ္ပါဘူး။ ငါ မင္းကို တစ္ခ်ိန္လုံး လိုက္ရွာေနခဲ့တာပါ"
ထိုစာလုံးမ်ားကို ဖတ္ၿပီးသည့္ေနာက္ စုလင္းက
" မင္းရဲ႕ မ်ိဳးေစ့ေတြက ရဖို႔ ခက္တာလား?"
ရွန္းမိုယြီက ပုံရိပ္တစ္ခ်ိဳ႕ မွ်ေဝလာသည္။ ႐ုပ္ပုံမ်ားသည္ ေရွ႕သို႔ လ်င္ျမန္စြာ ေ႐ြ႕လ်ားေနသည္မွာ ႐ုပ္ရွင္တစ္ခုကို အျမန္ေက်ာ္ထားသကဲ့သို႔ပင္။ ႐ုပ္ရွင္ထဲတြင္ ရာသီမ်ား အႀကိမ္မ်ားစြာ ေျပာင္းလဲခဲ့ၿပီး ေနာက္ဆုံးတြင္ ရွန္းမိုယြီရဲ႕ပန္းပြင့္ဖူးအတြင္းမွ အေစ့တစ္ခု ထြက္ေပၚလာသည္။ ထိုေနာက္ ရွန္းမိုယြီသည္ ထိုအေစ့ႀကီးထြားရန္အတြက္ အာဟာရမ်ားကို စတင္ စုေဆာင္းသည္။ သူက အာဟာရမ်ားကို စုပ္ယူလိုက္ၿပီးေနာက္ သူ႔ရဲ႕ဝတ္ဆံဖိုကေန အာဟာရဓါတ္မ်ားကို ေငြ႕ရည္ျပန္ဖြဲ႕ေစသည္။ ထိုအရာက ရွန္းမိုယြီ အနက္ေရာင္အရည္မ်ားကို ထုတ္လႊတ္သည့္ပုံစံႏွင့္ ဆင္တူေသာ္လည္း အာဟာရဓါတ္မ်ားက အမႈန္ခဲေလးမ်ားျဖစ္ကာ အေစ့ႏွင့္ပိုဆင္တူသည္။ အာဟာရေကြၽးျခင္းက အဆီအႏွစ္ပုံစံျဖစ္ေသာေၾကာင့္ အာဟာရ စုေဆာင္းမႈလုပ္ငန္းစဥ္သည္ အလြန္ရွည္လ်ားလွေပသည္။ ေနာက္ပိုင္းတြင္ ရွန္းမိုယြီသည္ အာဟာရမ်ားကို စုေဆာင္းေနခ်ိန္တြင္ ဆူးနီေဘာလုံးအပင္နဲ႔ တစ္ျခား စိတ္ဝိညာဥ္ပင္၂ပင္နဲ႔ ေတြ႕ခဲ့သည္။ သူက ထိုအပင္မ်ားကို စားဖို႔လုပ္ရာ ထိုအပင္ေတြက အဆိပ္ေတြကို ထုတ္လႊတ္ကာ ျပန္တိုက္ဖို႔ ႀကိဳးစားၾကသည္။ ထိုအခ်ိန္မွာပဲ ေမေမခ်င္ ေပၚလာခဲ့သည္။ ရွန္းမိုယြီ ထို စိတ္ဝိညာဥ္ပင္မ်ားကို လက္ေလ်ာ့လိုက္ၿပီး ထြက္သြားခဲ့ေသာ္လည္း သူက မေတာ္တဆ သူ႔အေစ့နဲ႔ အာဟာရအမႈန္မ်ားကို က်န္ရစ္ခဲ့သည္။ သူျပန္လာရွာခ်ိန္တြင္ ေမေမခ်င္နဲ႔ ထိုအပင္၃ပင္က ေပ်ာက္သြားေလၿပီ။ ထိုခ်ိန္မွစ၍ သူ႔ရဲ႕ မ်ိဳးေစ့ကို ရွာေဖြသည့္ ခရီးစဥ္ႀကီး စတင္ခဲ့ေတာ့သည္။
စုလင္း လက္ေကာက္ဝတ္ေပၚရွိ ရွန္းမိုယြီရဲ႕အျမစ္ကို ပြတ္သပ္ရင္း စိတ္မေကာင္းျဖစ္မိရသည္။ သူက သူ႔အေစ့ေလးအေပၚမွာ စြမ္းအင္ေတြအမ်ားႀကီး အကုန္ခံထားရသည္။ ျမင္သာလွစြာပင္ သူက သူ႔သားအေပၚ အလြန္ေမွ်ာ္လင့္ထားရွာေပသည္။ ရွန္းမိုယြီက သူ႔ကို သားအျဖစ္ ဆက္ဆံတာလည္း သိပ္ေတာ့မဆိုးလွေပ။ အနည္းဆုံးေတာ့ ရွန္းမိုယြီ စိတ္ဓါတ္က်တာ၊ ဝမ္းနည္းရတာ မျဖစ္ေတာ့။ ၿပီးေတာ့ ရွန္းမိုယြီက စုလင္းမွာ သူ႔အေစ့လို အနံ႔ရွိတယ္လို႔ ေျပာဖူးေပသည္။
စုလင္း ၿပဳံးရင္း ေမးလိုက္သည္။
"မင္းသေဘာက်တယ္ဆိုလည္း မင္းကို ပါ့ပါရွန္းလို႔ေခၚၿပီး လုံေမာ့ထန္ကို ဦးေလးလုံလို႔ေခၚရင္ေကာ?"
ရွန္းမိုယြီရဲ႕အျမစ္မ်ား ေပ်ာ္႐ႊင္စြာ တြန္႔လိမ္သြားၿပီး လုံေမာ့ထန္ရဲ႕ အ႐ြက္မ်ားလည္း အနည္းငယ္ ေတာက္ပသြားရၿပီး စုလင္းရဲ႕ လက္ေနာက္ကို အ႐ြက္မ်ားျဖင့္ ပြတ္သပ္လာသည္။ ထို႔ေနာက္ အ႐ြက္မ်ားက ပြင့္ခ်ပ္မ်ားဆီ ျပန္သြားၿပီး ကြန္ပ်ဴတာကို ဆက္ေဆာ့ေတာ့သည္။
လင္းမန္တစ္ေယာက္သာ ေၾကာင္သြားရၿပီး
"သူက အေဖလို႔အေခၚခံရတာ မႀကိဳက္ဘူးထင္ေနတာေလ"
စုလင္း: "အဲဒီထဲ ငါ မပါဘူးေလ။"
လင္းမန္ အျမစ္မ်ားကို စိုက္ၾကည့္ကာ ေရ႐ြတ္ၾကည့္သည္။
"ပါ့ပါရွန္း..."
အျမစ္တစ္ေခ်ာင္းက သူ႔နဖူးကို ခ်က္ခ်င္း ႐ိုက္လိုက္
ၿပီး "ဦးေလး" ဟု ေရးျပလာသည္။
ရွန္းမိုယြီသည္ စိတ္ႏွင့္ စကားလုံးမ်ား ေပးပို႔ခ်ိန္က အလြန္အသုံးမဝင္ခဲ့ေသာ္လည္း ယခုအခါ တိုက္႐ိုက္ဆက္သြယ္မႈမွာ အဆင္ေျပလြန္းေၾကာင္း သိလာရသည္။
လင္းမန္က စုလင္းကို စိုက္ၾကည့္ၿပီး
"သူ...သူကစာ ေရးတတ္တယ္?!"
စုလင္းက ကြန္ျပဴတာကို လက္ညႇိဳးထိုးျပၿပီး
"အင္း၊ သူတို႔ သိပ္မၾကာခင္ကမွ စာေရးနည္းကို သင္ယူခဲ့တာေလ"
"အံ့ၾသစရာပဲ!"
လင္းမန္က မနာလိုလွစြာ ေျပာျပလာသည္။
"ငါအရင္က Aအဆင့္ စိတ္ဝိညာဥ္ပင္ေတြနဲ႔ ဆက္ဆံဖူးတယ္။ သူတို႔က စိတ္ခံစားမႈနဲ႔ ႐ိုးရွင္းတဲ့ပုံေတြကိုပဲ အဓိက မွ်ေဝတာ"
စကားေျပာေနတုန္း ကုလီဟန္ ဝင္လာၿပီး
"ထမင္းစားခ်ိန္ ေရာက္ၿပီ"
သူတို႔ေလးဦးသား ထမင္းစားခဲ့ၾကၿပီးေနာက္ ေရွာင္း႐ြိက လင္းမန္နဲ႔ အတူျပန္သြားခဲ့သည္။ စုလင္း စိတ္ဝိညာဥ္ပင္ခန္းဆီ ျပန္သြားခဲ့သည္။ မတိုင္ခင္က သူ႔မွာ ေမးစရာရွိေနေသာ္လည္း လင္းမန္ရွိေနတာေၾကာင့္ မေမးျဖစ္ခဲ့ေပ။
"ပါ့ပါရွန္း ပါ့ပါက မီးေၾကာက္တာလား?"
အျမစ္မ်ားက ေခါင္းညိတ္သည္။
ေမေမခ်င္ ေပၚလာသည့္ ျမင္ကြင္းတြင္ စုလင္း Planet Belleအေနႏွင့္ဆို ထူးဆန္းေနသည့္အရာတစ္ခုကို ျမင္လိုက္ရသည္။ သူမ ဓါတ္မီးလို အလင္းေရာင္ေပးသည့္ ကိရိယာအစား မီးတိုင္ကို ကိုင္ထားခဲ့သည္။ ရွန္းမိုယြီကလည္း အခင္းျဖစ္ပြားရာေနရာကေန ခ်က္ခ်င္းထြက္သြားခဲ့တာ ျဖစ္သည္။ ေမေမခ်င္က ရွန္းမိုယြီအတြက္ ၿခိမ္းေျခာက္မႈတစ္ခုမျဖစ္ႏိုင္တာေၾကာင့္ သူ႔ရဲ႕အျမန္ ထြက္ေျပးမႈက မီးနဲ႔ပတ္သတ္မည္ဟု စုလင္းခန္႔မွန္းခဲ့တာ ျဖစ္သည္။ ဤသည္မွာ အိုမီဂါတစ္ေယာက္ျဖစ္သည့္ ေမေမခ်င္ ေတာထဲသို႔ တစ္ေယာက္တည္း ဝင္ရဲသည့္ အေၾကာင္းရင္း ျဖစ္ႏိုင္ေပသည္။ သူမသည္ သစ္ေတာကို ေကာင္းစြာ သိနားလည္ထားပုံရသည္။
"ပါ့ပါ မီးေၾကာက္တယ္ဆိုတာ လူဘယ္ႏွစ္ေယာက္ေလာက္သိလဲ"
ရွန္းမိုယြီ: "အမ်ားႀကီးမဟုတ္ဘူး၊ ငါတို႔ အေၾကာင္းသိတဲ့လူက နည္းနည္းပဲရွိတာ"
စုလင္း - "ကြၽန္ေတာ္ အဲဒါကို လွ်ိဳ႕ဝွက္ထားမယ္၊ ပါ့ပါလည္း ဘယ္သူမွ မသိေစနဲ႔။"
အျမစ္က ေခါင္းညိတ္သည္။
စုလင္း ထိုအခန္းမွာ ခဏမွ်ေနခဲ့ၿပီးေနာက္ အပင္ႏွစ္ပင္ စုၿပီး ကြန္ျပဴတာကစားတာကိုျမင္ေတာ့မွ ထြက္လာခဲ့သည္။ စုလင္း ေန႔ခင္းတစ္ေရးအိပ္ရန္ သူ႔အခန္းထဲသို႔ ေလွ်ာက္သြားစဥ္ သိပၸံပ႐ိုဂရမ္မွ ဒါ႐ိုက္တာဝမ္ ထံမွ မက္ေဆ့ခ်္ကို လက္ခံရရွိခဲ့သည္။
"မစၥတာစု၊ ဘယ္အခ်ိန္ေလာက္ အားမလဲ မသိဘူး။ ဒီေန႔ဆို ရွန္းမိုယြီအေပၚ အာ႐ုံစိုက္မႈက အျမင့္ဆုံးကို ေရာက္ေနၿပီ။ ျဖစ္ႏိုင္ရင္ မင္းတို႔ရဲ႕ပြဲကို အျမန္ဆုံး စီစဥ္ေပးခ်င္လို႔ပါ"
စုလင္း: "ကြၽန္ေတာ္ မနက္ျဖန္ဆိုရင္ အားပါၿပီ။ ဒါေပမယ့္ တစ္ခုေတာ့ အရင္ ႀကိဳေျပာပါရေစ။ သာမာန္ သိပၸံဆိုင္ရာ အေၾကာင္းအရာေခါင္းစဥ္က အဆင္ေျပပါတယ္ ဒါေပမယ့္ အမဲလိုက္တာကို တိုက္႐ိုက္ထုတ္လႊင့္တာမ်ိဳးေတာ့ မရဘူး"
"ကြၽန္ေတာ္ အသင္းကို ဆက္သြယ္ၿပီး သက္ဆိုင္ရာ သင့္ေတာ္တဲ့ အခ်က္အလက္ေတြ ရထားပါတယ္။ ေနာက္ၿပီး အစီအစဥ္ရဲ႕ လုပ္ငန္းစဥ္ကိုလည္း ခ်ိန္ညႇိထားၿပီး အေသးစိတ္ အခ်က္အလက္ေတြကို အခုပဲ ပို႔ေပးပါ့မယ္။ တစ္ျခား ျပႆနာမရွိရင္ မနက္ျဖန္ အစမ္းေလ့က်င့္ဖို႔ လာေပးလို႔ရမလား? သဘက္ခါမွ တိုက္႐ိုက္ ထုတ္လႊင့္ေပးမွာပါ။"
စုလင္း ခဏစဥ္းစားၿပီး "ေကာင္းပါၿပီ"
ထို႔ေနာက္ စုလင္း ကုလီဟန္ႏွင့္အတူ အခ်က္အလက္ေတြ ဖတ္ရန္ ဧည့္ခန္းသို႔ သြားခဲ့သည္။ ကုလီဟန္က အႀကံျပဳသည္။
"တက္ႏိုင္သမွ် ကင္မရာထဲ မပါေအာင္ ေရွာင္ေနေနာ္"
စုလင္း ဒီေန႔ မေတာ္တဆမႈအေၾကာင္း ေတြးၿပီး အမ္းဟု သေဘာတူလိုက္ၿပီး
"ဟုတ္ ကြၽန္ေတာ္ ပါ့ပါရွန္းရဲ႕ အျမစ္ေတြကို ေနာက္ကြယ္ကေန လႊတ္ခိုင္းထားလိုက္မယ္"
"ပါ့ပါရွန္း?"
ကုလီဟန္ရဲ႕ ေမးခြန္းကို ၾကားေတာ့ စုလင္း အနည္းငယ္ ရွက္သြားရသည္။ သူက အသာ ေခ်ာင္းဟန္႔လိုက္ၿပီး ရွန္းမိုယြီနဲ႔ သူ႔ၾကားက ဆက္ႏြယ္မႈအေၾကာင္း ေျပာျပလိုက္သည္။ စုလင္း ကိုယ္တိုင္ေတာင္မွ သတိမထားမိဘဲ မ်က္ဝန္းထဲ အၿပဳံးေတြျပည့္ေနခဲ့သည္။
"တကယ္ေတာ့ ကြၽန္ေတာ့္ ဒီအသက္အ႐ြယ္နဲ႔ဆို ဒီဆက္ႏြယ္မႈမွာ ကြၽန္ေတာ္က ပို အက်ိဳးျမတ္ရတာပါ"
ကုလီဟန္ စုလင္းရဲ႕လည္ပင္းေနာက္ဘက္တြင္ သူ၏လက္ဖဝါးကိုတင္လိုက္ၿပီး
"သာမန္အခ်ိန္ေတြမွာ ထူးျခားတဲ့ခံစားခ်က္ေတြရွိေသးလား"
စုလင္း လည္ပင္းကို မသိစိတ္အရ က်ဳံ႔လိုက္မိၿပီး
"ခင္ဗ်ားကို အဲ့နားေလးမွာ ကိုက္ေစခ်င္တာဆိုရင္ေကာ ဒါက ထူးထူးျခားျခားလို႔ ထည့္တြက္ရမွာလား?"
ကုလီဟန္ရဲ႕ လက္ေခ်ာင္းမ်ား အနည္းငယ္ ေတာင့္တင္းသြားရၿပီး မ်က္လုံးမ်ား နက္ေမွာင္သြားကာ
"မင္း ထပ္ၿပီး ရေတာ့မွ မဟုတ္ဘူး"
စုလင္းက နဖူးကို ပြတ္ၿပီး
"ခင္ဗ်ားေျပာတာ မွန္တယ္။ မေန႔ညက လႈပ္ရွားမႈေတြေၾကာင့္ အျပင္ ဒီေန႔ ေရကူးေသးတာဆို ကြၽန္ေတာ့္မွာ အားအင္ေတြ မက်န္ေတာ့ဘူး"
စုလင္းက ထၿပီး ဧည့္ခန္းဆီသို႔ လွမ္းသြားကာ
"ေန႔ခင္း တစ္ေရးတစ္ေမာအိပ္တာေတာ့ ခြဲအိပ္တာက ပိုေကာင္းမယ္"
ကုလီဟန္ စုလင္းလက္ကို ၿမဲၿမဲ ကိုင္ထားမိရၿပီး သူ႔Omegaေလးနဲ႔ ခြဲခြာရဖို႔ရာ ဆႏၵရွိမေနေပ။ ထို႔ေၾကာင့္ သူက ဆိုသည္။
ကိုယ့္မွာ အႀကံတစ္ခုရွိတယ္"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue fressia 🦋
Jue လတ္တေလာ chinese classတက္ေနတာသိၾကမွာ ခုျပန္ဖတ္ၾကည့္ေတာ့ မွားေနတဲ့ နာမည္ေလးေတြတစ္ခ်ိဳ႕ရွိတယ္ ဥပမာ ရွန္းမိုယြီက ရွန္းေမာ့ယြီ၊ ကုလီဟန္က ကုလီဟိန္ေပါ့ အဲ့ဒါေလးေတြျပင္သင့္လား? Jueေတာ့မျပင္ခ်င္ဘူး ႏႈတ္က်ိဳးေနၿပီမို႔လို႔
ၿပီးေတာ့ ရွန္းမိုယြီကို နာမည္ေခၚရင္ ပါ့ပါရွန္း စကားေျပာရင္ အေဖလို႔ ထည့္ရမလား ခုေရးထားသလို ပါ့ပါပဲ ထည့္ရမလဲ အႀကံျပဳေပးပါဦး😁
Update က အနည္းဆုံး တစ္ပတ္ ၁ပိုင္းေတာ့ ရေအာင္သြားတာေပါ့ေနာ္ mentကလည္း လူတိုင္း အကုန္ ဖတ္ျဖစ္တယ္ေနာ္ real life မွာ ဖိအားေတြအရမ္းမ်ားေနတဲ့ကာလမလို႔ အေျပာအဆိုအမွားပါခဲ့ရင္ ခြင့္လႊတ္ေပးၾကပါေနာ္🙏
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~