1970 ခုနှစ်မှလှပသောအရံဇာတ်ကေ...

By Doh_Clover

159K 17.3K 108

စဆုံး 1500 ကျပ် More

Description
Chapter 1
Chapter 2
Paid GP
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Paid
1st Anniversary
1st
Chapter 11
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Promotion
Chapter 23
Chapter 24 - 1
Chapter 24 - 2
Chapter 26 -1
Chapter 25
Chapter 26-2
Chapter 27
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
promotion
Chapter 30
Chapter 30-2
Chapter 31
Chapter 32
Chapter 33
Chapter 34-1
Chapter 34-2
Chapter 35-1
Chapter 35-2
Chapter 36
Chapter 37
Chapter 37.2
Chapter 38
Chapter 39
Promotion
Noti
Chapter 40
Chapter 41.1
Chapter 41.2
Chapter 42
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52.1
Chapter 52.2
Chapter 53
Chapter 54
Chapter 54.2
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 58.2
Chapter 59
Chapter 60
Chapter 60.2
Chapter 61
Chapter 62
Chapter 62.2
Chapter 63
Chapter 64
Chapter 64.2
Chapter 65
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68.1
Chapter 68.2
Chapter 69
Chapter 70.1
Chapter 70.2
price

Chapter 12

2K 272 1
By Doh_Clover

အပိုင်း - ၁၂


အပ်ချုက်သမား အဖိုး ဆောင်းလည်း ခြောက်သွေ့နေသည့် စပျစ်ခွံများကို ကြည့်ကာ အေစက်နေသော လေသံဖြင့် ...
"ဘယ်ကောင်က ငါ့စပျစ်သီးတွေ ခိုးသွားရတာလဲ"
လို့ မေးလိုက်သည်။

သူ့ရဲ့ခြံဝန်းဟာ ကျယ်ဝန်းတဲ့အပြင် စပျစ်ပင်ကလည်း သူအိပ်သည့် အိမ်နဲ့ အနည်းငယ် လှမ်းပါသည်။ ဒါ့ကြောင့် ညဘက် အချိန်အခါမျိုးမှာတစ်ယောက်ယောက်က ခြံတံတိုင်းကို ကျော်ခွလျက် သူ့စပျစ်ပင်မှ စပျစ်သီးများကို ခိုးယူသွားတာ ဖြစ်နိုင်ပေ၏။

သူ့ခြံထဲက စပျစ်ပင်မှာ စပျစ်သီး အများကြီး မရှိပေမယ့် ရေတွက်လို့တော့ မ‌ရပေ။ ဒါ့ကြောင့် တစ်ခိုင် နှစ်ခိုင်လောက် ပျောက်နေတာကို သူ သတိမထားမိတာ ဖြစ်လိမ့်မည်။

ရွာလူကြီး ဝမ်လည်း အဖိုး ဆောင်းကို ကြည့်ကာ
"ဒါဆိုရင် ဦး‌လေး ခြံထဲက စပျစ်သီးတွေ ပျောက်တာကို မသိသေးဘူးပေါ့"

အဖိုး ဆောင်းလည်း ဒေါသတကြီးဖြင့်
"ငါ သိနေမှတော့ အဲ့ လိပ်မသား ငါ့ လက်ထဲက လွတ်မယ် ထင်နေလား"

ရွာလူကြီး ဝမ်လည်း လည်ချောင်းကို ရှင်းလျက်
"အဟမ်း၊ အတွင်းသတင်းတွေ အရ ဦးလေး ဆောင်း ခြံထဲက စပျစ်သီးတွေကို ခိုယူသွားတဲ့သူက ဖန်းယန် ကျေးရွာက ရွာလူကြီး ယွမ်ကျီကောင်းရဲ့မြေးမ ယွမ်ရိပါ။ ကျွန်တော်တို့ သူမကိုလည်း သွားရောက် မေးမြန်းကြ ... ..."

"နေဦး"
ရွာလူကြီး ဝမ်ရဲ့စကား မဆုံးခင်မှာ အဖိုး‌ ဆောင်းကသူ့ရဲ့လက်ကို မြှောက်ကာ အမြန် ရပ်ခိုင်းလိုက်သည်။

ဒါ့ကြောင့် ရွာလူကြီး ဝမ်လည်း သူ့ရဲ့စကားကို ရပ်ထားလိုက်၏။ အဖိုး ဆောင်က ရွာလူကြီး ဝမ်အားမျက်မှောင်ကြုတ်ကြည့်ကာ
"ငါ့ခြံထဲက စပျစ်သီးတွေကို ခိုးသွားတာက ဘယ်သူလို့ ပြောလိုက်တယ်။ ပြန်ပြောလိုက်စမ်း"

ရွာလူကြီး ဝမ်လည်း အသက်ပြင်းပြင်း ရှုလိုက်ပြီးအသံ ခပ်ကျယ်ကျယ်ဖြင့်
"ဖန်းယန် ကျေးရွာက ရွာလူကြီး ယွမ်ကျီကောင်းရဲ့မြေမ‌ ယွမ်ရိပါ"

"ပေါက်ကရတွေ"
အဖိုး ဆောင်က ထိုသို့ ပြောပြီးနောက် ဒေါသတကြီးဖြင့် သူ့ရှေ့က စားပွဲလေးအား ဆောင့်ကန်လိုက်သည်။ ဒါ့ကြောင့် ရွာလူကြီး ဝမ်ရော၊ သူ့နောက်က ရွာသားများပါ လန့်ဖြန့်သွားကြ၏။

ယွမ်ရိလည်း ရွာလူကြီ ဝမ်၏ စကားကြောင့် ဆွံ့အသွားရသည်။ သူမဟာ အစက ဘေးကနေ အသာလေး ထိုင်ကြည်နေခဲ့တာပါ။ နောက်မှ စကားဝိုင်းအတွင်းမှ သူခိုးဟာ သူမ ဖြစ်နေလိမ့်မယ်လို့ထင်မှတ် မထားခဲ့တာကြောင့်ကြက်သေသေသွားတော့၏။

ဒါ့ကြောင့် သူမလည်း ခံတွင်း ရှင်းလိုက်ပြီး
ရွာလူကြီး ဝမ်ကို ကြည့်ကာ ...
"အဟမ်း၊ ဖန်းယန် ကျေးရွာက ရွာလူကြီး ယွမ်ကျီကောင်းရဲ့မြေးမ ယွမ်ရိဆိုတာ ကျွန်မပါ ရှင့်"
လို့ ဝင်ပြောလိုက်ရတော့သည်။

'ဟမ်'
ရွာလူကြီး ဝမ်လည်း ယွမ်ရိအား အံ့အားတကြီး လှည့်ကြည့်ကာ သူ့ရဲ့မျက်လုံးထဲမှာလည်း မေးခွန်တွေ ဖြစ်ပေါ်နေတော့သည်။
'ဘာတွေဖြစ်ကုန်တာလဲ။ သူခိုးက ဘယ်လိုလုပ် ဦးလေး ဆောင် အိမ်ကို ရောက်နေရတာလဲ။ မဟုတ်မှ ထပ်ပြီးတော့ ခိုးယူဖို့ ကြံစည်နေတာများလား'

အဖိုးဆောင်းကလည်း ဒေါသတကြီးဖြင့်
"သူမက ငါ့ဆီမှာ ပညာလာသင်တဲ့သူကွ။ မနေ့တုန်းက သူမကို ငါက စပျစ်သီး အနည်းငယ်ပေးလိုက်တာလေ။ အဲ့တာကို မဟုတ်က၊ ဟုတ်က ဘယ်သူကများ မင်းကို သတင်းအမှားတွေ လာပြီးတော့ ပေးလိုက်တာတုန်း"

ရွာသူကြီး ဝမ် ဘာမျှ မပြောခင်မှာ ယွမ်ရိက
"အဲ့တာ၊ သမီးရဲ့ ဒုတိယ ဦးလေးရဲ့ ဇနီး ဆန်းရှောင်ဟိုင် မလား"

ဟုတ်မှန်နေ၍ ရွာလူကြီး ဝမ်လည်း နှုတ်ဆိတ်နေခဲ့သည်။

ယွမ်ရိလည်း ဒေါသတွေ ထွက်လွန်းတာမို့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စားပွဲကို ထုချလိုက်သည်။ ထိုနောက် သူမရဲ့လွယ်အိတ်ကို ကောက်လွယ်လိုက်ကာ အပြင်ကို ထွက်သွားတော့သည်။

ခြေလှမ်း အနည်းငယ် လှမ်းပြီးတဲ့နောက်မှာ သူမက နောက်ပြန်လှည့်၍ ရွာလူကြီး ဝမ်အား အေးစက်နေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
"အမှန်တရားကို တွေ့ချင်ရင် သမီးနဲ့ လိုက်ခဲ့ပါ။ သမီးက တကယ် မခိုးခဲ့တာမို့ ဒီလိုမျိုး စွပ်စွပ်စွဲစွဲ လာလုပ်တာကို သည်းခံနေမှာ မဟုတ်ဘူး"

ရွာလူကြီး ဝမ်လည်း အမှန်တရားကို သိချင်ပါသည်။ ဒါပေမယ့် ဆန်းရှောင်ဟိုင်နဲ့လည်း နောက်တစ်ကြိမ် မျက်နှာချင်း မဆိုင်လိုပေ။ အကယ်၍ သူကသာ ဤပြဿနာအား လေးလေးနက်နက် တွေးတောခဲ့ပါက အခုလိုမျိုး ပြဿနာ ကြီးထွားလာမှာ မဟုတ်။

ယွမ်ရိလည်း ရွာလူကြီး ဝမ်၏ မျက်နှာပေါ်မှ တွေဝေမှု အချို့ကို မြင်လိုက်ရတာကြောင့်
"ရွာလူကြီး ဝမ်၊ အကယ်၍ ဒီနေ့ ကိစ္စကိုတိုးတိုးတိတ်တိတ်လေး ဖြေရှင်းလိုက်ဆိုရင် ရွာလူကြီးက သမီး စပျစ်သီး ခိုးတဲ့ ကိစ္စကို အဖိုး ယွမ်ရဲ့မျက်နှာကြောင့် ကူညီ‌ပြီး ဖုံးကွယ်ထားတယ်လို့ဆန်းရှောင်ဟိုင်က ထင်သွားလိမ့်မယ်နော်။ ပြီးတော့ သူမက ဒီ‌အကြောင်းတွေကို ဖန်းမင်းတောင်တခွင် သတင်းဖြန့်ရင် ရွာသူကြီးပဲ ထိခိုက်မှာ"

သူမ စကားကြောင့် ရွာလူကြီး ဝမ်ရဲ့ မျက်နှာကတင်းမာသွားပြီး
"သူ မလုပ်ရဲပါဘူး"
လို့ ပြန်တုံ့ပြန်လိုက်သည်။

ယွမ်ရိလည်း သူမရဲ့လွယ်အိတ်ကြိုးအား တင်းတင်ဆုပ်ဆုပ်ကိုင်ရင်းဖြင့်
"ဘာလို့ မလုပ်ရဲရမှာလဲ။ အခုကိစ္စလည်း ကြည့်ပါလား။ သမီး စပျစ်သီး ခိုးတာ၊ မခိုးတာထက် သူမက သူမရဲ့ထင်မြင်ချက်သက်သက်ကို သုံးပြီးတော့ ချောက်ချသွားတာလေ။ အဲ့တော့ သူမက သမီး ပြောခဲ့သလို သတင်းတွေ မဖြန့်ဘူး၊ ဖြန့်မယ် ဆိုတာကို ရွာသူကြီး သိမှာတဲ့လား"

ရွာလူကြီး ဝမ်လည်း ယွမ်ရိ စကားကြောင့် တွေးတွေးတောတော ဖြစ်သွားတော့သည်။ထို့နောက် မတ်တပ်ထရပ်လိုက်ကာ
"အတူတူ သွားကြ‌တာပေါ့"

ယွမ်ရိလည်း ရွာလူကြီး ဝမ်ကို ဦးဆောင်လျက် ဖန်းယန် ကျေးရွာရဲ့လယ်ကွင်တွေဘက်ကို ထွက်လာခဲ့တော့သည်။ ဖန်းမင်တောင်ပေါ်မှ ကျေးရွာတွေမှအမှီပြု နေထိုင်ကြသည့် သူတွေအတွက် အလုပ်အကိုင်းက ရှားပါးလွန်းလှ၏။ သူတို့အတွက် တောင်ပေါ်မှာ သတ္တုတူး‌ခြင်း ဖြစ်စေ၊ တိရိစ္ဆာန်များကို မွေးမြူ ထိန်းကျောင်းတာမျိုး‌ ဖြစ်စေ၊လယ်ယာခင်းထဲမှာ အလုပ်လုပ်တာ ဖြစ်စေ၊လုပ်ကိုင် စားသောက်ကြရ၏။

ဒါ့ကြောင့် ဆန်းရှောင်ဟိုင်ဟာ အခြားသောအမျိုးသမီး တစ်စုနဲ့အတူ ပြောင်းခင်းထဲမှာ အလုပ်လုပ်နေခဲ့၏။

ပြောင်းရိုတွေက ရှည်လျားလွန်းကာ ပြောင်းပင်တွေကြား လူတွေ ပျောက်နေ၍ ယွမ်ရိလည်း အသံကျယ်ကျယ်ဖြင့် ကြိမ်ဖန်များစွာ အော်ဟစ်လိုက်သည်။
"ဆန်းရှောင်ဟိုင်၊ ဆန်းရှောင်းဟိုင်"

အချိန် ခဏကြာပြီးသည့်နောက် ပြောင်းခင်းကြာမှနေကာဦးထုပ် ဆောင်းလျက် တိုးထွက်လာသည့်ဆန်းရှောင်ဟိုင်ကို သူမ မြင်လိုက်ရ၏။

သူမကလည်း သူတို့ကို မြင်လိုက်ရကာ သူတို့ အနီးကို လှမ်းလားတော့သည်။ အနားကိုရောက်တာနဲ့ သူမ ဆောင်းထားသည့် ဦးထုပ်ကို ချွတ်လျက်
"ဘာကိစ္စလဲ"
လို့ မေးလိုက်၏။

ယွမ်ရိလည်း ဆန်းရှောင်ဟိုင်အား မီးဝင်းဝင်း တောက်နေသည့် မျက်ဝင်းများဖြင့် ကြည့်လိုက်သည်။ ထို့နောက် စက္ကူလုံး တစ်ခုအား သူမ ခြေရင်း ပစ်ချလိုက်သည်။ အောက်ကျသွားတာနဲ့စက္ကူစဟာ ပြေလျော့သွားကာ စပျစ်သီး အစေ့နဲ့အခွံများ ပွစာကြဲသွားတော့သည်။

သူမက ဆန်းရှောင်ဟိုင်အား
"ဒါကို ဘာလို့ လုပ်ရတာလဲ"

ဆန်းရှောင်ဟိုင်နဲ့ သူမတို့ရဲ့ ရုတ်ရုတ်သဲသဲအခြေအနေကြောင့် ပြောင်းခင်းထဲမှ အခြားသော အမျိုးသမီးများလည်း အလျှိုအလျှို ထွက်လာကာ စပ်စုကြတော့သည်။

မြေပြင်ပေါ်မှ စပျစ်ခွံများကို မြင်တော့ ဆန်းရှောင်ဟိုင်က
"မင်း တစ်ခုခုကို ခိုးခဲ့ရင် ခိုးတယ်လို့ ဝန်ခံလိုက်တာက ပိုကောင်းတယ်နော်"
လို့ စေတနာပါပါ ဆုံးမနေဟန်ဖြင့် ပြောလိုက်သည်။

ယွမ်ရိလည်း သူမကို စိုက်ကြည့်ရင်း
"ခိုးတယ် ဟုတ်လား။ ရှင့်ကို ဘယ်သူ ပြောတာလဲ။ဒါတွေက ရွှေစရဖူ ရွာက အပ်ချုပ်ဆရာ အဖိုးကိုယ်တိုင် ကျွန်မကို ပေးလိုက်တဲ့ဟာတွေ"

ပြောင်းခင်းထဲမှာ အမျိုးသမီးတွေ ပိုပြီး များလာကာ ထင်ရာ မြင်ရာများကို တစ်ယောက်‌ တစ်ပေါက် ပြောကြတော့သည်။

ယွမ်ရိရဲ့စကားကြောင့် ဆန်းရှောင်ဟိုင်က သူ့မရဲ့ပေါင်ကို လက်ဖြင့် ပုတ်ကာ ရယ်မောလိုက်၏။
ထို့နောက် အမျိုးသမီး တစ်စုဘက်ကို လှည့်ကာ
"ဒီမယ်၊ ဟာသတွေ လာမပြောစမ်းပါနဲ့အေ။အပ်ချုပ်တဲ့ အဖိုး ဆောင် ဘယ်လောက် ကပ်စီးကုတ် တွန့်တိုပြီး လက်ပေါက်ကပ်လည်းဆိုတာဖန်းမင်တောင်မှာ‌ နေတဲ့ သူတိုင်း သိတယ်။ ဒီတော့ နင့်ကို စပျစ်သီးတွေ ပေးလိုက်တယ် ဆိုတာကြီးက ဖြစ်နိုင်ပါ့မလား"

သူမ တပ်ကူ ခေါ်တဲ့ ဗျူဟာက အလုပ် ဖြစ်တယ်လို့ဆိုရပါမည်။ အမျိုးသမီး အများစုက ခေါင်းတခါခါဖြင့်
"မဖြစ်နိုင်ဘူး"
လို့ ပြောကြတော့သည်။

ရွာလူကြီး ဝမ်လည်း လည်ချောင်း ရှင်းလျက် သူတို့စကားဝိုင်းထဲ ဝင်လာတော့သည်။
"ဒီကလေးမက အမှန်အတိုင်း ပြောတာပါကွာ။ ဘာလို့လည်းဆိုတော့ ငါ ကိုယ်တိုင်လည်း အခု ဦးလေး ဆောင်းတို့ အိမ်ကနေ စစ်ဆေးပြီးမှ ထွက်လာခဲ့တာ မို့လို့ပါ။ သူမက ဦးလေး ဆောင်းဆီမှာ အပ်ချုပ်သင်နေတာ အမှန်ဖြစ်ပြီး မနေ့ညက စပျစ်သီးတွေလည်း သူမ စားရအောင် ဦးလေး ဆောင်း ခူးပေးလိုက်တဲ့ဟာတွေဆိုတာ ငါ အာမခံပါတယ် ကွာ"

ဒါကိုကြားတော့ ဆန်းရှောင်ဟိုင် အနည်းကယ်မျက်နှာပျက်သွားသည်။ ဒါပေမယ့် သူမက ခေါင်းငုံ့မခံပဲ ...
"ရွာသူကြီး ဝမ်၊ သူမရဲ့အပြစ်ကို ဖုံးကွယ်ပေးစရာ မလိုပါဘူး ရှင်။ ကျွန်မက သူမရဲ့အဒေါ်ပါ ရှင့်။ အခုချိန်သူ့မရဲ့အပြစ်တွေကို ဖုံးကွယ်ပေးတယ်ထား၊နောင်တစ်ချိန် အပြစ်ကြီးလေးတာတွေ ကျူးလွန်လာခဲ့ရင်ရော၊ ရွာသူကြီးအနေနဲ့ အကုန် လိုက်ဖုံးပေးဖို့က မဖြစ်နိုင်ဘူးလေ။ ဒီတော့ သူမကို ကာကွယ်မပေးပါနဲ့တော့"

ဒါ‌ကို‌ ကြားတော့ ရွာသူကြီး ဝမ်လည်း ယွမ်ရိအား  အံ့အားသင့်စွာဖြင့် ကြည့်မိလိုက်တော့သည်။
'ဒီကလေးမ ခန့်မှန်းထားတဲ့ အတိုင်းပါဘဲလား။ ဒီခွေးမကတော့ ကြမ်းပိုးကို လိပ်ဖြစ်အောင် အတော်ပြော‌နိုင်တာပဲ။ တော်သေးတာက အခုချိန်မှာထိပ်တိုက်ရှင်းလိုက်လေလို့။ မဟုတ်လို့ကတော့ ငါ့ရဲ့နာမည်လေး ဘာမှ သုံးစားလို့ရတော့မှာ မဟုတ်ဘူး'

ဆန်းရှောင်ဟိုင်ရဲ့စကားကြောင့် အနီးအနားကအမျိုးသမီးများဟာ ရွာသူကြီး ဝမ်အား သံသယမျက်လုံးများဖြင့် ကြည့်ကြတော့သည်။

ရွာသူကြီး ဝမ်လည်း ဆန်းရှောင်ဟိုင်အား ကြည့်လျက် ဒေါသထွက်စွာဖြင့်
"ဒီမယ်၊ မင်း ပါးစပ်ထဲရှိတာကို လျှောက်မပြောနဲ့။ရွှေသရဖူ ရွာမှာ တစ်ချက် သွားစုံးစမ်းကြည့်၊ ငါဆိုတဲ့ သူက ဘယ်သူ့အပေါ်မှာမှ မမျှမတ လုပ်ခဲ့တာ မရှိဘူးကွ။ အကုန်လုံးအပေါ်မှာ တရားမျှတစွာပဲ လုပ်ကိုင်ခဲ့တာ။ မင်းရဲ့စကားလုံးတွေက ငါ့အပေါ်အများကြီး ထိခိုက်စေတယ်"
လို့ အော်ပြောလိုက်၏။

ဆန်းရှောင်ဟိုင်ကလည်း လုံးဝ အကြောမခံပဲ ...
"ကျွန်မကို လာမအော်နဲ့နော်။ ဒီမယ်၊ အပ်ချုပ်တဲ့ အဖိုး ဆောင်း ဘယ်လောက် ကပ်သီးကပ်ဖဲ့နိုင်ကြောင်း ဖန်းမင်းတောင်မှာ နေတဲ့သူ အကုန်သိတယ်။ သူက ဘယ်လိုလုပ်ပြီး သူ့ခြံထဲက အသီးတွေ ပေးတယ်ဆိုတာ ဖြစ်နိုင်မလဲ။ ဟုတ်တယ် မလား"
လို့ ပြောကာ သူမ နောက်မှ အမျိုးသမီးများအား တပ်ကူခေါ်တော့သည်။

ထိုအမျိုးသမီးများထဲက တစ်ယောက်ကလည်း
"ဟုတ်တာပေါ့။ တကယ်လို့ ရှင်းတို့ ပြောတဲ့အတိုင်းသေချာတယ်ဆိုရင် အဖိုး ဆောင်ကို ခေါ်လာခဲ့လေ။သူ ကိုယ်တိုင် ပြောရင်တော့ တစ်မျိုးပေါ့"

ဒါကို ကြားတော့ ရွာလူကြီး ဝမ်လည်း ဒေါသ‌ထွက်နေသော လေသံဖြင့် ...
"အဖိုး ဆောင်က အသက်အရွယ် ရနေပြီ။ သူ့ အနေနဲ့ တောင်ပေါ် လမ်းလို ကြမ်းတဲ့အပြင် အနည်းငယ် ဝေးတဲ့ ခရီးကို ထွက်ချင်မှာ မဟုတ်ဘူး"

ဆန်းရှောင်ဟိုင်က ထိုစကားကြောင့် လှောင်ပြောင်ရင်း ယွမ်ရိကို လက်ညိုးထိုးကာ ...
"ရှင်က အရေးမပါတာတွေ ပြောနေတာပဲ။ ကျွန်မရှင်းရှင်းလေး ပြောမယ်။ အဖိုး ဆောင်း ကိုယ်တိုင်သက်သေခံပေးတာ မရှိရင် ဒီကောင်မက သူခိုးမပဲ။ ဒီတော့ သူခိုးမကို အပြစ်ပေးမှ ကျွန်မတို့လည်း ကျေနပ်ကြမှာ။ သူမမှာ အပြစ်မရှိဘူးဆိုရင် အဖိုး ဆောင်ကို သွားခေါ်ပြီး သက်သေပြလေ"

ယွမ်ရိလည်း သူမအား လက်ညိုး တထိုးထိုးဖြင့် သူခိုးမချည်း ခေါ်နေသည့် ဆန်းရှောင်ဟိုင်ကြောင့် ဒေါသတွေ ပိုထွက်လာကာ ...
"ကောင်ပြီလေ။ ရှင် စောင့်နေ၊ ကျွန်မ အဖိုးကို အခုချက်ချင်း သွားခေါ်လာခဲ့မယ်"
လို့ ပြောကာ‌ ထိုနေရာကနေ ထွက်ခွာဖို့ ပြင်လိုက်သည်။

သူမ, မထွက်ခွာခင်မှာ သူမ နောက်ကနေ အဖိုး ဆောင်ရဲ့ အသံ ထွက်ပေါ်လာတော့သည်။
"ငါ့ကို လာခေါ်စရာ မလိုတော့ပါဘူး။ ငါ ဒီနေရာမှာ ရောက်နေပြီ"

ယွမ်ရိလည်း နောက်ကို လှည့်ကြည့်လိုက်တဲ့အခါ ပင်ပင်နွမ်း‌နယ်နေပေမယ့် ဒေါသရိပ် အနည်းငယ် သမ်းနေသည့် အဖိုးအိုကို တွေ့လိုက်ရတော့သည်။လူတွေ အားလုံးလည်း နောက်ကို လှည့်ကြည်လိုက်ကြ၏။

အဖိုး ဆောင်ဟာ သစ်သားတုတ်ကောက် တစ်ချောင်းကို အားပြု၍ တစ်လှမ်းချင်း လှမ်းလာတော့သည်။

အဖိုး ဆောင်ကို မြင်တော့ အမျိုးသမီး တစ်စုလည်းကျွတ်စီ ကျွတ်စီဖြင့် တွတ်ထိုးကြတော့သည်။
"ဟဲ့၊ ကြည့်စမ်း။ အပ်ချုပ်တတ်တဲ့ အဖိုး ဆောင် ရောက်လာပြီ"

"အိုး၊ သူက တကယ့်ကို ရွှေသရဖူ ရွာက အဖိုး ဆောင်းပဲ"

"ပြောကြတာတော့ အဖိုး ဆောင်က ရွှေသရဖူ ရွာကနေ အပြင်ကို ထွက်လေ့ သိပ်မရှိတဲ့အပြင် လူတွေနဲ့လည်း အဆက်အဆံ သိပ်မလုပ်ဘူးတဲ့။ ဒါဆိုရင် သူက ဒီကို ဘာလို့ ရောက်လာတာလဲ"

"မဟုတ်မှ ရွှေသရဖူ ရွာလူကြီး ဝမ် ပြောတဲ့အတိုင်းယွမ်ရိက သူ့ရဲ့တပည့်မို့လို့များလား"

"မဖြစ်နိုင်ပါဘူးဟယ်။ ဘာဖြစ်ဖြစ် စပျစ်သီး ခိုတဲ့ကိစ္စက အဖြစ်မှန်ကို ဖော်ထုတ်နိုင်တော့မှာဘဲ"

"အေး၊ ဟုတ်တယ်။ ငါတို့ ဘေး‌ကနေ တိတ်တိတ်လေး ကြည့်နေရအောင်"

ထိုအမျိုးသမီးများရဲ့စကားများကြောင့် ဆန်းရှောင်ဟိုင်ရဲ့ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ ဒါပေမယ့် အဖိုး ဆောင်းက ယွမ်ရိအား စပျစ်သီးခိုးသည့်အတွက် အပြစ်လာပေးခြင်း ဖြစ်နိုင်တယ်လို့ ကိုယ့်စိတ်ထင်ရာ တွေးရင်း စိတ်ချော့လိုက်၏။

ယွမ်ရိကတော့ အဖိုး ဆောင်းကို မြင်တာနဲ့ အခြားသူများကို ဂရုမစိုက်တော့ပေ။ သူမက အဖိုး ဆောင်းအား သွားတွဲပေးလိုက်ရင်း ...
"အဖိုး၊ ဘာလို့ ဒီကို တစ်ယောက်တည်း လာရတာလဲ။ မတော်လို့ တစ်ခုခု ဖြစ်သွားမှဖြင့်"

အဖိုး ဆောင်းလည်း အသက်ပြင်းပြင်း ရှူလိုက်ပြီး
"မင်းက ငါ့ဆီကနေ အပ်ချုပ်ပညာ လာသင်တဲ့ ငါ့ တပည့်။ ဒီတော့ မင်းကို ဘယ်သူမှ အနိုင်းမကျင့်စေရဘူး"

ထိုသို့ ပြောပြီးနောက် လူအုပ်ထဲ ကြည့်လိုက်ကာ
"ဆန်းရှောင်ဟိုင်ဆိုတာ ဘယ်သူလဲ"

"... ... ... ..."

ကြည့်ရှုနေကြသည့် အမျိုးသမီးတွေနဲ့‌ ဆန်းရှောင်ဟိုင်တို့ အံ့အားသင့်ကုန်ကြသည်။
'ဘာလဲဟ။ အဖိုး ဆောင်းက ယွမ်ရိကို တကယ်ကြီး အပ်ချုပ်ပညာ သင်ကြားပေးနေတာလား။ ဒီတော့စပျစ်သီးကလည်း ယွမ်ရိ ခိုးတာ ဟုတ်ချင်မှ ဟုတ်တော့မှာပေါ့'

ဆန်းရှောင်ဟိုင်ကတော့ ဒေါသတွေ ထွက်နေသည့်အဖိုး ဆောင်ကို ကြည့်ရင်း သူမရဲ့မျက်နှာပေါ်မှာ မိုးပြိုချင်သလို ဖြစ်နေသည်။
'ဘာတွေဖြစ်ကုန်တာလဲ။ ဘယ်လိုလုပ်ပြီး ဟိုကောင်မလေးက အဖိုး ဆောင်းဆီကနေအပ်ချုပ်ပညာ သင်ကြားနိုင်လိုက်ရတာလဲ။ ဒါကြီးက လုံးဝမှ မဖြစ်နိုင်တာ။ အရှေ့ အရပ်က နေဝန်းကြီး အနောက် အရပ်ကနေ ထွက်မှ ဖြစ်နိုင်မယ့်ဟာကြီးလေ'

အကုန် တိတ်ဆိတ်နေကာ ဘယ်သူမှ အသံမထွက်တာမို့ အဖိုးဆောင်လည်း ဒေါသတကြီး ထပ်မေးလိုက်သည်။
"ဆန်းရှောင်ဟိုင်ဆိုတာ ဘယ်သူလဲ"

ဆန်းရှောင်ဟိုင်ဟာ သူမရဲ့မိတ်ဆွေတွေ ရှေ့မှာအရှက်ကွဲတော့မှာမို့ သူမရဲ့နေကာဦးထုပ်ကြီးကိုကျစ်ကျစ်အောင် ဆုပ်ကိုင်ထားမိလိုက်၏။ အခုချိန်မှာ သူမ စိတ်ထဲ ပြောင်းခင်းအတွင်း ဝင်ပြေးချင်စိတ်သာ ရှိနေတော့သည်။

ဆန်းရှောင်ဟိုင်က သူမကိုယ်သူမ ဝန်ခံခြင်း မရှိတာမို့ ယွမ်ရိလည်း သူမအား လက်ညိုး ထိုးပြလိုက်ပြီး
"အဖိုး၊ အဲ့တာ သမီးရဲ့ဒုတိယ ဒေါ်လေး ဆန်းရှောင်ဟိုင်ဘဲ"

"ဒုတိယ အဒေါ် ဟုတ်လား"
အဖိုးအိုဟာ ဆန်းရှောင်ဟိုင်အား သေသေချာချာကြည့်ပြီးနောက်
"ထွီ"

တံတွေး ထွေးပြီးနောက် ဆန်းရှောင်ဟိုင်အား
"ယွမ်ရိက ငါ့ တပည့်ပဲ။ မနေ့က သူမ စားဖို့ ငါ့ခြံကစပျစ်သီး နည်းနည်း ထည့်ပေးလိုက်တယ်လေ။ အဲ့လောက်ဆို ဒီကိစ္စ ရှင်းပြီလား။ မင်း ဘာထပ်ပြောချင်သေးလဲ"

ဆန်းရှောင်ဟိုင် အနေနဲ့ ဘာမျှ ပြန်ပြောနိုင်ခြင်း မရှိချေ။ လူများစွာရဲ့အကြည့်အောက်မှ သူမမျက်နှာ ဖြက်ရိုက်ခံလိုက်ရသလို ခံစားရကာ နီရဲလာ၏။

ထို့နောက် သူမရဲ့ နေကာဦးထုပ်ကို ဆောင်းကာ
"ကျွန်မ အလုပ်တွေ ရှိသေးတယ်"
လို့ ပြောပြီး ပြောင်းခင်းအတွင်း ဝင်ပြေးဖို့ ပြင်လိုက်သည်။

ထိုအချိန်မှာပဲ ရွာလူကြီး ဝမ် ဘေးမှ ရွာသားအချို့က ဆန်းရှောင်ဟိုင်အား တားဆီးလိုက်ကြသည်။ ပြီးနောက် သူမအား ရွာလူကြီး ဝမ် ရှေ့ကို ပြန်ခေါ်သွားတော့သည်။

ဆန်းရှောင်ဟိုင်လည်း သူမကို ဖမ်းထားသည့်ရွာသားများ လက်ကနေ လွတ်အောင် ရုန်တော့သည်။
"လွှတ်ကြနော်။ ရှင်တို့ ဘာလုပ်ကြမလို့လဲ။ ဒီမှာ လူတွေ အများကြီး ရှိနေတာနော်"

သူမကို ဖမ်းထားသည့် လူက
"ကိစ္စတွေမှ ရှင်းရှင်းလင်းလင်း မပြီးသေးတာ။ ဒီတော့ မင်း သွားလို့ မရသေးဘူးလေ"

ဆန်းရှောင်ဟိုင်က ရုန်းကန်နေရင်းဖြင့်ပင်
"ဘာ မပြီးသေးဘူးလဲ။ ရှောင်ရိ စပျစ်သီး မခိုးခဲ့ဘူးဆိုတာ ပေါ်သွားပြီ မဟုတ်ဘူးလား။ ပြီးတော့ ကျွန်မကလည်း ကျွန်မ တူမကို စိုးရိမ်လို့ လုပ်မိလုပ်ရာလေး လုပ်လိုက်မိတာပါရှင်"

ရွာလူကြီး ဝမ်လည်း လူကြီးလူကောင်း တစ်ယောက်ရဲ့ ဟန်ပန် အမူအရာမျိုးဖြင့် ဆန်းရှောင်ဟိုင်အား
"အင်း၊ နားလည်မှု လွဲသွားတာဆိုရင်လည်း ထားလိုက်ပါတော့။ ဒါပေမယ့် ဒီကိစ္စမှာ နင့်တူမ ယွမ်ရိက အဓိက ခံစားခဲ့ရတာ ဖြစ်လို့ သူမကိုတော့လျော်ကြေးပေးဆောင်မှ တော်ကာကျမယ်"

ထိုစကားကြောင့် ဆန်းရှောင်ဟိုင်တစ်ယောက် အံ့အားသင့် သွားတော့သည်။
"ရှင်။ သူမကို ဘာလို့ လျော်ကြေးပေးရမှာလဲ။ ကျွန်မက သူမရဲ့ဒေါ်လေးပါ။ ကျွန်မဘာသာ သူမကို ရိုက်ရိုက် နှက်နှက် လုပ်ရင်တောင် လျော်ကြေးပေးစရာ မလိုတာ၊ အခုလို ကိစ္စလောက်ကတော့ ... ဟမ့် ...ပျင်းတောင် ပျင်းသေးတယ်"

ရွာလူကြီး ဝမ်လည်း တစ်ခုခု ပြောမလို့ ပြင်လိုက်သည်။ ထိုအချိန်မှာ လူအုပ်ထဲကနေ လူ သုံးယောက် ထိုးထွက်လာကာ စကားဝိုင်းကို ဖျက်လိုက်၏။

ထိုလူသုံးယောက်ကတော့ ယွမ်ရိ၏ အဖိုးနဲ့ အဖွား ဖြစ်သူ ယွမ်ကျီကောင်း၊ လျူရှင်းဟွာနဲ့ ယွမ်ရိ၏ ဝမ်းကွဲညီမ ယွမ်ကျဲတို့ ဖြစ်၏။

လျူရှင်းဟွာက ထိုနေရာကို ရောက်တာနဲ့ ဆန်းရှောင်ဟိုင်ထံကို တန်းသွားကာ အံကို တင်းတင်းကြိတ်လျက် ပါးရိုက်ချလိုက်တော့သည်။

'ဖျောင်း'
ဆန်းရှောင်ဟိုင်၏ မျက်နှာဟာ ချက်ချင်း နီရဲဖောင်းကားသွားတော့၏။

အခြေအနေက ရုတ်ချည်းဖြစ်ပျက်သွား၍ အကုန်လုံးလည်း ကြောင်ကြည့်နေမိကြတော့သည်။

Zawgyi

အပိုင္း - ၁၂


အပ္ခ်ဳက္သမား အဖိုး ေဆာင္းလည္း ေျခာက္ေသြ႕ေနသည့္ စပ်စ္ခြံမ်ားကို ၾကည့္ကာ ေအစက္ေနေသာ ေလသံျဖင့္ ...
"ဘယ္ေကာင္က ငါ့စပ်စ္သီးေတြ ခိုးသြားရတာလဲ"
လို႔ ေမးလိုက္သည္။

သူ႕ရဲ႕ၿခံဝန္းဟာ က်ယ္ဝန္းတဲ့အျပင္ စပ်စ္ပင္ကလည္း သူအိပ္သည့္ အိမ္နဲ႕ အနည္းငယ္ လွမ္းပါသည္။ ဒါ့ေၾကာင့္ ညဘက္ အခ်ိန္အခါမ်ိဳးမွာတစ္ေယာက္ေယာက္က ၿခံတံတိုင္းကို ေက်ာ္ခြလ်က္ သူ႕စပ်စ္ပင္မွ စပ်စ္သီးမ်ားကို ခိုးယူသြားတာ ျဖစ္နိုင္ေပ၏။

သူ႕ၿခံထဲက စပ်စ္ပင္မွာ စပ်စ္သီး အမ်ားႀကီး မရွိေပမယ့္ ေရတြက္လို႔ေတာ့ မ‌ရေပ။ ဒါ့ေၾကာင့္ တစ္ခိုင္ ႏွစ္ခိုင္ေလာက္ ေပ်ာက္ေနတာကို သူ သတိမထားမိတာ ျဖစ္လိမ့္မည္။

႐ြာလူႀကီး ဝမ္လည္း အဖိုး ေဆာင္းကို ၾကည့္ကာ
"ဒါဆိုရင္ ဦး‌ေလး ၿခံထဲက စပ်စ္သီးေတြ ေပ်ာက္တာကို မသိေသးဘူးေပါ့"

အဖိုး ေဆာင္းလည္း ေဒါသတႀကီးျဖင့္
"ငါ သိေနမွေတာ့ အဲ့ လိပ္မသား ငါ့ လက္ထဲက လြတ္မယ္ ထင္ေနလား"

႐ြာလူႀကီး ဝမ္လည္း လည္ေခ်ာင္းကို ရွင္းလ်က္
"အဟမ္း၊ အတြင္းသတင္းေတြ အရ ဦးေလး ေဆာင္း ၿခံထဲက စပ်စ္သီးေတြကို ခိုယူသြားတဲ့သူက ဖန္းယန္ ေက်း႐ြာက ႐ြာလူႀကီး ယြမ္က်ီေကာင္းရဲ႕ေျမးမ ယြမ္ရိပါ။ ကြၽန္ေတာ္တို႔ သူမကိုလည္း သြားေရာက္ ေမးျမန္းၾက ... ..."

"ေနဦး"
႐ြာလူႀကီး ဝမ္ရဲ႕စကား မဆုံးခင္မွာ အဖိုး‌ ေဆာင္းကသူ႕ရဲ႕လက္ကို ျမႇောက္ကာ အျမန္ ရပ္ခိုင္းလိုက္သည္။

ဒါ့ေၾကာင့္ ႐ြာလူႀကီး ဝမ္လည္း သူ႕ရဲ႕စကားကို ရပ္ထားလိုက္၏။ အဖိုး ေဆာင္က ႐ြာလူႀကီး ဝမ္အားမ်က္ေမွာင္ၾကဳတ္ၾကည့္ကာ
"ငါ့ၿခံထဲက စပ်စ္သီးေတြကို ခိုးသြားတာက ဘယ္သူလို႔ ေျပာလိုက္တယ္။ ျပန္ေျပာလိုက္စမ္း"

႐ြာလူႀကီး ဝမ္လည္း အသက္ျပင္းျပင္း ရႈလိုက္ၿပီးအသံ ခပ္က်ယ္က်ယ္ျဖင့္
"ဖန္းယန္ ေက်း႐ြာက ႐ြာလူႀကီး ယြမ္က်ီေကာင္းရဲ႕ေျမမ‌ ယြမ္ရိပါ"

"ေပါက္ကရေတြ"
အဖိုး ေဆာင္က ထိုသို႔ ေျပာၿပီးေနာက္ ေဒါသတႀကီးျဖင့္ သူ႕ေရွ႕က စားပြဲေလးအား ေဆာင့္ကန္လိုက္သည္။ ဒါ့ေၾကာင့္ ႐ြာလူႀကီး ဝမ္ေရာ၊ သူ႕ေနာက္က ႐ြာသားမ်ားပါ လန႔္ျဖန႔္သြားၾက၏။

ယြမ္ရိလည္း ႐ြာလူႀကီ ဝမ္၏ စကားေၾကာင့္ ဆြံ႕အသြားရသည္။ သူမဟာ အစက ေဘးကေန အသာေလး ထိုင္ၾကည္ေနခဲ့တာပါ။ ေနာက္မွ စကားဝိုင္းအတြင္းမွ သူခိုးဟာ သူမ ျဖစ္ေနလိမ့္မယ္လို႔ထင္မွတ္ မထားခဲ့တာေၾကာင့္ၾကက္ေသေသသြားေတာ့၏။

ဒါ့ေၾကာင့္ သူမလည္း ခံတြင္း ရွင္းလိုက္ၿပီး
႐ြာလူႀကီး ဝမ္ကို ၾကည့္ကာ ...
"အဟမ္း၊ ဖန္းယန္ ေက်း႐ြာက ႐ြာလူႀကီး ယြမ္က်ီေကာင္းရဲ႕ေျမးမ ယြမ္ရိဆိုတာ ကြၽန္မပါ ရွင့္"
လို႔ ဝင္ေျပာလိုက္ရေတာ့သည္။

'ဟမ္'
႐ြာလူႀကီး ဝမ္လည္း ယြမ္ရိအား အံ့အားတႀကီး လွည့္ၾကည့္ကာ သူ႕ရဲ႕မ်က္လုံးထဲမွာလည္း ေမးခြန္ေတြ ျဖစ္ေပၚေနေတာ့သည္။
'ဘာေတြျဖစ္ကုန္တာလဲ။ သူခိုးက ဘယ္လိုလုပ္ ဦးေလး ေဆာင္ အိမ္ကို ေရာက္ေနရတာလဲ။ မဟုတ္မွ ထပ္ၿပီးေတာ့ ခိုးယူဖို႔ ႀကံစည္ေနတာမ်ားလား'

အဖိုးေဆာင္းကလည္း ေဒါသတႀကီးျဖင့္
"သူမက ငါ့ဆီမွာ ပညာလာသင္တဲ့သူကြ။ မေန႕တုန္းက သူမကို ငါက စပ်စ္သီး အနည္းငယ္ေပးလိုက္တာေလ။ အဲ့တာကို မဟုတ္က၊ ဟုတ္က ဘယ္သူကမ်ား မင္းကို သတင္းအမွားေတြ လာၿပီးေတာ့ ေပးလိုက္တာတုန္း"

႐ြာသူႀကီး ဝမ္ ဘာမွ် မေျပာခင္မွာ ယြမ္ရိက
"အဲ့တာ၊ သမီးရဲ႕ ဒုတိယ ဦးေလးရဲ႕ ဇနီး ဆန္းေရွာင္ဟိုင္ မလား"

ဟုတ္မွန္ေန၍ ႐ြာလူႀကီး ဝမ္လည္း ႏႈတ္ဆိတ္ေနခဲ့သည္။

ယြမ္ရိလည္း ေဒါသေတြ ထြက္လြန္းတာမို႔ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ကာ စားပြဲကို ထုခ်လိဳက္သည္။ ထိုေနာက္ သူမရဲ႕လြယ္အိတ္ကို ေကာက္လြယ္လိုက္ကာ အျပင္ကို ထြက္သြားေတာ့သည္။

ေျခလွမ္း အနည္းငယ္ လွမ္းၿပီးတဲ့ေနာက္မွာ သူမက ေနာက္ျပန္လွည့္၍ ႐ြာလူႀကီး ဝမ္အား ေအးစက္ေနသည့္ ေလသံျဖင့္ ျပန္ေျပာလိုက္သည္။
"အမွန္တရားကို ေတြ႕ခ်င္ရင္ သမီးနဲ႕ လိုက္ခဲ့ပါ။ သမီးက တကယ္ မခိုးခဲ့တာမို႔ ဒီလိုမ်ိဳး စြပ္စြပ္စြဲစြဲ လာလုပ္တာကို သည္းခံေနမွာ မဟုတ္ဘူး"

႐ြာလူႀကီး ဝမ္လည္း အမွန္တရားကို သိခ်င္ပါသည္။ ဒါေပမယ့္ ဆန္းေရွာင္ဟိုင္နဲ႕လည္း ေနာက္တစ္ႀကိမ္ မ်က္ႏွာခ်င္း မဆိုင္လိုေပ။ အကယ္၍ သူကသာ ဤျပႆနာအား ေလးေလးနက္နက္ ေတြးေတာခဲ့ပါက အခုလိုမ်ိဳး ျပႆနာ ႀကီးထြားလာမွာ မဟုတ္။

ယြမ္ရိလည္း ႐ြာလူႀကီး ဝမ္၏ မ်က္ႏွာေပၚမွ ေတြေဝမႈ အခ်ိဳ႕ကို ျမင္လိုက္ရတာေၾကာင့္
"႐ြာလူႀကီး ဝမ္၊ အကယ္၍ ဒီေန႕ ကိစၥကိုတိုးတိုးတိတ္တိတ္ေလး ေျဖရွင္းလိုက္ဆိုရင္ ႐ြာလူႀကီးက သမီး စပ်စ္သီး ခိုးတဲ့ ကိစၥကို အဖိုး ယြမ္ရဲ႕မ်က္ႏွာေၾကာင့္ ကူညီ‌ၿပီး ဖုံးကြယ္ထားတယ္လို႔ဆန္းေရွာင္ဟိုင္က ထင္သြားလိမ့္မယ္ေနာ္။ ၿပီးေတာ့ သူမက ဒီ‌အေၾကာင္းေတြကို ဖန္းမင္းေတာင္တခြင္ သတင္းျဖန႔္ရင္ ႐ြာသူႀကီးပဲ ထိခိုက္မွာ"

သူမ စကားေၾကာင့္ ႐ြာလူႀကီး ဝမ္ရဲ႕ မ်က္ႏွာကတင္းမာသြားၿပီး
"သူ မလုပ္ရဲပါဘူး"
လို႔ ျပန္တုံ႕ျပန္လိုက္သည္။

ယြမ္ရိလည္း သူမရဲ႕လြယ္အိတ္ႀကိဳးအား တင္းတင္ဆုပ္ဆုပ္ကိုင္ရင္းျဖင့္
"ဘာလို႔ မလုပ္ရဲရမွာလဲ။ အခုကိစၥလည္း ၾကည့္ပါလား။ သမီး စပ်စ္သီး ခိုးတာ၊ မခိုးတာထက္ သူမက သူမရဲ႕ထင္ျမင္ခ်က္သက္သက္ကို သုံးၿပီးေတာ့ ေခ်ာက္ခ်သြားတာေလ။ အဲ့ေတာ့ သူမက သမီး ေျပာခဲ့သလို သတင္းေတြ မျဖန႔္ဘူး၊ ျဖန႔္မယ္ ဆိုတာကို ႐ြာသူႀကီး သိမွာတဲ့လား"

႐ြာလူႀကီး ဝမ္လည္း ယြမ္ရိ စကားေၾကာင့္ ေတြးေတြးေတာေတာ ျဖစ္သြားေတာ့သည္။ထို႔ေနာက္ မတ္တပ္ထရပ္လိုက္ကာ
"အတူတူ သြားၾက‌တာေပါ့"

ယြမ္ရိလည္း ႐ြာလူႀကီး ဝမ္ကို ဦးေဆာင္လ်က္ ဖန္းယန္ ေက်း႐ြာရဲ႕လယ္ကြင္ေတြဘက္ကို ထြက္လာခဲ့ေတာ့သည္။ ဖန္းမင္ေတာင္ေပၚမွ ေက်း႐ြာေတြမွအမွီျပဳ ေနထိုင္ၾကသည့္ သူေတြအတြက္ အလုပ္အကိုင္းက ရွားပါးလြန္းလွ၏။ သူတို႔အတြက္ ေတာင္ေပၚမွာ သတၱဳတူး‌ျခင္း ျဖစ္ေစ၊ တိရိစာၦန္မ်ားကို ေမြးျမဴ ထိန္းေက်ာင္းတာမ်ိဳး‌ ျဖစ္ေစ၊လယ္ယာခင္းထဲမွာ အလုပ္လုပ္တာ ျဖစ္ေစ၊လုပ္ကိုင္ စားေသာက္ၾကရ၏။

ဒါ့ေၾကာင့္ ဆန္းေရွာင္ဟိုင္ဟာ အျခားေသာအမ်ိဳးသမီး တစ္စုနဲ႕အတူ ေျပာင္းခင္းထဲမွာ အလုပ္လုပ္ေနခဲ့၏။

ေျပာင္းရိုေတြက ရွည္လ်ားလြန္းကာ ေျပာင္းပင္ေတြၾကား လူေတြ ေပ်ာက္ေန၍ ယြမ္ရိလည္း အသံက်ယ္က်ယ္ျဖင့္ ႀကိမ္ဖန္မ်ားစြာ ေအာ္ဟစ္လိုက္သည္။
"ဆန္းေရွာင္ဟိုင္၊ ဆန္းေရွာင္းဟိုင္"

အခ်ိန္ ခဏၾကာၿပီးသည့္ေနာက္ ေျပာင္းခင္းၾကာမွေနကာဦးထုပ္ ေဆာင္းလ်က္ တိုးထြက္လာသည့္ဆန္းေရွာင္ဟိုင္ကို သူမ ျမင္လိုက္ရ၏။

သူမကလည္း သူတို႔ကို ျမင္လိုက္ရကာ သူတို႔ အနီးကို လွမ္းလားေတာ့သည္။ အနားကိုေရာက္တာနဲ႕ သူမ ေဆာင္းထားသည့္ ဦးထုပ္ကို ခြၽတ္လ်က္
"ဘာကိစၥလဲ"
လို႔ ေမးလိုက္၏။

ယြမ္ရိလည္း ဆန္းေရွာင္ဟိုင္အား မီးဝင္းဝင္း ေတာက္ေနသည့္ မ်က္ဝင္းမ်ားျဖင့္ ၾကည့္လိုက္သည္။ ထို႔ေနာက္ စကၠဴလုံး တစ္ခုအား သူမ ေျခရင္း ပစ္ခ်လိဳက္သည္။ ေအာက္က်သြားတာနဲ႕စကၠဴစဟာ ေျပေလ်ာ့သြားကာ စပ်စ္သီး အေစ့နဲ႕အခြံမ်ား ပြစာႀကဲသြားေတာ့သည္။

သူမက ဆန္းေရွာင္ဟိုင္အား
"ဒါကို ဘာလို႔ လုပ္ရတာလဲ"

ဆန္းေရွာင္ဟိုင္နဲ႕ သူမတို႔ရဲ႕ ႐ုတ္႐ုတ္သဲသဲအေျခအေနေၾကာင့္ ေျပာင္းခင္းထဲမွ အျခားေသာ အမ်ိဳးသမီးမ်ားလည္း အလွ်ိုအလွ်ို ထြက္လာကာ စပ္စုၾကေတာ့သည္။

ေျမျပင္ေပၚမွ စပ်စ္ခြံမ်ားကို ျမင္ေတာ့ ဆန္းေရွာင္ဟိုင္က
"မင္း တစ္ခုခုကို ခိုးခဲ့ရင္ ခိုးတယ္လို႔ ဝန္ခံလိုက္တာက ပိုေကာင္းတယ္ေနာ္"
လို႔ ေစတနာပါပါ ဆုံးမေနဟန္ျဖင့္ ေျပာလိုက္သည္။

ယြမ္ရိလည္း သူမကို စိုက္ၾကည့္ရင္း
"ခိုးတယ္ ဟုတ္လား။ ရွင့္ကို ဘယ္သူ ေျပာတာလဲ။ဒါေတြက ေ႐ႊစရဖူ ႐ြာက အပ္ခ်ဳပ္ဆရာ အဖိုးကိုယ္တိုင္ ကြၽန္မကို ေပးလိုက္တဲ့ဟာေတြ"

ေျပာင္းခင္းထဲမွာ အမ်ိဳးသမီးေတြ ပိုၿပီး မ်ားလာကာ ထင္ရာ ျမင္ရာမ်ားကို တစ္ေယာက္‌ တစ္ေပါက္ ေျပာၾကေတာ့သည္။

ယြမ္ရိရဲ႕စကားေၾကာင့္ ဆန္းေရွာင္ဟိုင္က သူ႕မရဲ႕ေပါင္ကို လက္ျဖင့္ ပုတ္ကာ ရယ္ေမာလိုက္၏။
ထို႔ေနာက္ အမ်ိဳးသမီး တစ္စုဘက္ကို လွည့္ကာ
"ဒီမယ္၊ ဟာသေတြ လာမေျပာစမ္းပါနဲ႕ေအ။အပ္ခ်ဳပ္တဲ့ အဖိုး ေဆာင္ ဘယ္ေလာက္ ကပ္စီးကုတ္ တြန႔္တိုၿပီး လက္ေပါက္ကပ္လည္းဆိုတာဖန္းမင္ေတာင္မွာ‌ ေနတဲ့ သူတိုင္း သိတယ္။ ဒီေတာ့ နင့္ကို စပ်စ္သီးေတြ ေပးလိုက္တယ္ ဆိုတာႀကီးက ျဖစ္နိုင္ပါ့မလား"

သူမ တပ္ကူ ေခၚတဲ့ ဗ်ဴဟာက အလုပ္ ျဖစ္တယ္လို႔ဆိုရပါမည္။ အမ်ိဳးသမီး အမ်ားစုက ေခါင္းတခါခါျဖင့္
"မျဖစ္နိုင္ဘူး"
လို႔ ေျပာၾကေတာ့သည္။

႐ြာလူႀကီး ဝမ္လည္း လည္ေခ်ာင္း ရွင္းလ်က္ သူတို႔စကားဝိုင္းထဲ ဝင္လာေတာ့သည္။
"ဒီကေလးမက အမွန္အတိုင္း ေျပာတာပါကြာ။ ဘာလို႔လည္းဆိုေတာ့ ငါ ကိုယ္တိုင္လည္း အခု ဦးေလး ေဆာင္းတို႔ အိမ္ကေန စစ္ေဆးၿပီးမွ ထြက္လာခဲ့တာ မို႔လို႔ပါ။ သူမက ဦးေလး ေဆာင္းဆီမွာ အပ္ခ်ဳပ္သင္ေနတာ အမွန္ျဖစ္ၿပီး မေန႕ညက စပ်စ္သီးေတြလည္း သူမ စားရေအာင္ ဦးေလး ေဆာင္း ခူးေပးလိုက္တဲ့ဟာေတြဆိုတာ ငါ အာမခံပါတယ္ ကြာ"

ဒါကိုၾကားေတာ့ ဆန္းေရွာင္ဟိုင္ အနည္းကယ္မ်က္ႏွာပ်က္သြားသည္။ ဒါေပမယ့္ သူမက ေခါင္းငုံ႕မခံပဲ ...
"႐ြာသူႀကီး ဝမ္၊ သူမရဲ႕အျပစ္ကို ဖုံးကြယ္ေပးစရာ မလိုပါဘူး ရွင္။ ကြၽန္မက သူမရဲ႕အေဒၚပါ ရွင့္။ အခုခ်ိန္သူ႕မရဲ႕အျပစ္ေတြကို ဖုံးကြယ္ေပးတယ္ထား၊ေနာင္တစ္ခ်ိန္ အျပစ္ႀကီးေလးတာေတြ က်ဴးလြန္လာခဲ့ရင္ေရာ၊ ႐ြာသူႀကီးအေနနဲ႕ အကုန္ လိုက္ဖုံးေပးဖို႔က မျဖစ္နိုင္ဘူးေလ။ ဒီေတာ့ သူမကို ကာကြယ္မေပးပါနဲ႕ေတာ့"

ဒါ‌ကို‌ ၾကားေတာ့ ႐ြာသူႀကီး ဝမ္လည္း ယြမ္ရိအား  အံ့အားသင့္စြာျဖင့္ ၾကည့္မိလိုက္ေတာ့သည္။
'ဒီကေလးမ ခန႔္မွန္းထားတဲ့ အတိုင္းပါဘဲလား။ ဒီေခြးမကေတာ့ ၾကမ္းပိုးကို လိပ္ျဖစ္ေအာင္ အေတာ္ေျပာ‌နိုင္တာပဲ။ ေတာ္ေသးတာက အခုခ်ိန္မွာထိပ္တိုက္ရွင္းလိုက္ေလလို႔။ မဟုတ္လို႔ကေတာ့ ငါ့ရဲ႕နာမည္ေလး ဘာမွ သုံးစားလို႔ရေတာ့မွာ မဟုတ္ဘူး'

ဆန္းေရွာင္ဟိုင္ရဲ႕စကားေၾကာင့္ အနီးအနားကအမ်ိဳးသမီးမ်ားဟာ ႐ြာသူႀကီး ဝမ္အား သံသယမ်က္လုံးမ်ားျဖင့္ ၾကည့္ၾကေတာ့သည္။

႐ြာသူႀကီး ဝမ္လည္း ဆန္းေရွာင္ဟိုင္အား ၾကည့္လ်က္ ေဒါသထြက္စြာျဖင့္
"ဒီမယ္၊ မင္း ပါးစပ္ထဲရွိတာကို ေလွ်ာက္မေျပာနဲ႕။ေ႐ႊသရဖူ ႐ြာမွာ တစ္ခ်က္ သြားစုံးစမ္းၾကည့္၊ ငါဆိုတဲ့ သူက ဘယ္သူ႕အေပၚမွာမွ မမွ်မတ လုပ္ခဲ့တာ မရွိဘူးကြ။ အကုန္လုံးအေပၚမွာ တရားမွ်တစြာပဲ လုပ္ကိုင္ခဲ့တာ။ မင္းရဲ႕စကားလုံးေတြက ငါ့အေပၚအမ်ားႀကီး ထိခိုက္ေစတယ္"
လို႔ ေအာ္ေျပာလိုက္၏။

ဆန္းေရွာင္ဟိုင္ကလည္း လုံးဝ အေၾကာမခံပဲ ...
"ကြၽန္မကို လာမေအာ္နဲ႕ေနာ္။ ဒီမယ္၊ အပ္ခ်ဳပ္တဲ့ အဖိုး ေဆာင္း ဘယ္ေလာက္ ကပ္သီးကပ္ဖဲ့နိုင္ေၾကာင္း ဖန္းမင္းေတာင္မွာ ေနတဲ့သူ အကုန္သိတယ္။ သူက ဘယ္လိုလုပ္ၿပီး သူ႕ၿခံထဲက အသီးေတြ ေပးတယ္ဆိုတာ ျဖစ္နိုင္မလဲ။ ဟုတ္တယ္ မလား"
လို႔ ေျပာကာ သူမ ေနာက္မွ အမ်ိဳးသမီးမ်ားအား တပ္ကူေခၚေတာ့သည္။

ထိုအမ်ိဳးသမီးမ်ားထဲက တစ္ေယာက္ကလည္း
"ဟုတ္တာေပါ့။ တကယ္လို႔ ရွင္းတို႔ ေျပာတဲ့အတိုင္းေသခ်ာတယ္ဆိုရင္ အဖိုး ေဆာင္ကို ေခၚလာခဲ့ေလ။သူ ကိုယ္တိုင္ ေျပာရင္ေတာ့ တစ္မ်ိဳးေပါ့"

ဒါကို ၾကားေတာ့ ႐ြာလူႀကီး ဝမ္လည္း ေဒါသ‌ထြက္ေနေသာ ေလသံျဖင့္ ...
"အဖိုး ေဆာင္က အသက္အ႐ြယ္ ရေနၿပီ။ သူ႕ အေနနဲ႕ ေတာင္ေပၚ လမ္းလို ၾကမ္းတဲ့အျပင္ အနည္းငယ္ ေဝးတဲ့ ခရီးကို ထြက္ခ်င္မွာ မဟုတ္ဘူး"

ဆန္းေရွာင္ဟိုင္က ထိုစကားေၾကာင့္ ေလွာင္ေျပာင္ရင္း ယြမ္ရိကို လက္ညိုးထိုးကာ ...
"ရွင္က အေရးမပါတာေတြ ေျပာေနတာပဲ။ ကြၽန္မရွင္းရွင္းေလး ေျပာမယ္။ အဖိုး ေဆာင္း ကိုယ္တိုင္သက္ေသခံေပးတာ မရွိရင္ ဒီေကာင္မက သူခိုးမပဲ။ ဒီေတာ့ သူခိုးမကို အျပစ္ေပးမွ ကြၽန္မတို႔လည္း ေက်နပ္ၾကမွာ။ သူမမွာ အျပစ္မရွိဘူးဆိုရင္ အဖိုး ေဆာင္ကို သြားေခၚၿပီး သက္ေသျပေလ"

ယြမ္ရိလည္း သူမအား လက္ညိုး တထိုးထိုးျဖင့္ သူခိုးမခ်ည္း ေခၚေနသည့္ ဆန္းေရွာင္ဟိုင္ေၾကာင့္ ေဒါသေတြ ပိုထြက္လာကာ ...
"ေကာင္ၿပီေလ။ ရွင္ ေစာင့္ေန၊ ကြၽန္မ အဖိုးကို အခုခ်က္ခ်င္း သြားေခၚလာခဲ့မယ္"
လို႔ ေျပာကာ‌ ထိုေနရာကေန ထြက္ခြာဖို႔ ျပင္လိုက္သည္။

သူမ, မထြက္ခြာခင္မွာ သူမ ေနာက္ကေန အဖိုး ေဆာင္ရဲ႕ အသံ ထြက္ေပၚလာေတာ့သည္။
"ငါ့ကို လာေခၚစရာ မလိုေတာ့ပါဘူး။ ငါ ဒီေနရာမွာ ေရာက္ေနၿပီ"

ယြမ္ရိလည္း ေနာက္ကို လွည့္ၾကည့္လိုက္တဲ့အခါ ပင္ပင္ႏြမ္း‌နယ္ေနေပမယ့္ ေဒါသရိပ္ အနည္းငယ္ သမ္းေနသည့္ အဖိုးအိုကို ေတြ႕လိုက္ရေတာ့သည္။လူေတြ အားလုံးလည္း ေနာက္ကို လွည့္ၾကည္လိုက္ၾက၏။

အဖိုး ေဆာင္ဟာ သစ္သားတုတ္ေကာက္ တစ္ေခ်ာင္းကို အားျပဳ၍ တစ္လွမ္းခ်င္း လွမ္းလာေတာ့သည္။

အဖိုး ေဆာင္ကို ျမင္ေတာ့ အမ်ိဳးသမီး တစ္စုလည္းကြၽတ္စီ ကြၽတ္စီျဖင့္ တြတ္ထိုးၾကေတာ့သည္။
"ဟဲ့၊ ၾကည့္စမ္း။ အပ္ခ်ဳပ္တတ္တဲ့ အဖိုး ေဆာင္ ေရာက္လာၿပီ"

"အိုး၊ သူက တကယ့္ကို ေ႐ႊသရဖူ ႐ြာက အဖိုး ေဆာင္းပဲ"

"ေျပာၾကတာေတာ့ အဖိုး ေဆာင္က ေ႐ႊသရဖူ ႐ြာကေန အျပင္ကို ထြက္ေလ့ သိပ္မရွိတဲ့အျပင္ လူေတြနဲ႕လည္း အဆက္အဆံ သိပ္မလုပ္ဘူးတဲ့။ ဒါဆိုရင္ သူက ဒီကို ဘာလို႔ ေရာက္လာတာလဲ"

"မဟုတ္မွ ေ႐ႊသရဖူ ႐ြာလူႀကီး ဝမ္ ေျပာတဲ့အတိုင္းယြမ္ရိက သူ႕ရဲ႕တပည့္မို႔လို႔မ်ားလား"

"မျဖစ္နိုင္ပါဘူးဟယ္။ ဘာျဖစ္ျဖစ္ စပ်စ္သီး ခိုတဲ့ကိစၥက အျဖစ္မွန္ကို ေဖာ္ထုတ္နိုင္ေတာ့မွာဘဲ"

"ေအး၊ ဟုတ္တယ္။ ငါတို႔ ေဘး‌ကေန တိတ္တိတ္ေလး ၾကည့္ေနရေအာင္"

ထိုအမ်ိဳးသမီးမ်ားရဲ႕စကားမ်ားေၾကာင့္ ဆန္းေရွာင္ဟိုင္ရဲ႕ မ်က္ႏွာ အနည္းငယ္ ပ်က္ယြင္းသြားခဲ့သည္။ ဒါေပမယ့္ အဖိုး ေဆာင္းက ယြမ္ရိအား စပ်စ္သီးခိုးသည့္အတြက္ အျပစ္လာေပးျခင္း ျဖစ္နိုင္တယ္လို႔ ကိုယ့္စိတ္ထင္ရာ ေတြးရင္း စိတ္ေခ်ာ့လိုက္၏။

ယြမ္ရိကေတာ့ အဖိုး ေဆာင္းကို ျမင္တာနဲ႕ အျခားသူမ်ားကို ဂ႐ုမစိုက္ေတာ့ေပ။ သူမက အဖိုး ေဆာင္းအား သြားတြဲေပးလိုက္ရင္း ...
"အဖိုး၊ ဘာလို႔ ဒီကို တစ္ေယာက္တည္း လာရတာလဲ။ မေတာ္လို႔ တစ္ခုခု ျဖစ္သြားမွျဖင့္"

အဖိုး ေဆာင္းလည္း အသက္ျပင္းျပင္း ရႉလိုက္ၿပီး
"မင္းက ငါ့ဆီကေန အပ္ခ်ဳပ္ပညာ လာသင္တဲ့ ငါ့ တပည့္။ ဒီေတာ့ မင္းကို ဘယ္သူမွ အနိုင္းမက်င့္ေစရဘူး"

ထိုသို႔ ေျပာၿပီးေနာက္ လူအုပ္ထဲ ၾကည့္လိုက္ကာ
"ဆန္းေရွာင္ဟိုင္ဆိုတာ ဘယ္သူလဲ"

"... ... ... ..."

ၾကည့္ရႈေနၾကသည့္ အမ်ိဳးသမီးေတြနဲ႕‌ ဆန္းေရွာင္ဟိုင္တို႔ အံ့အားသင့္ကုန္ၾကသည္။
'ဘာလဲဟ။ အဖိုး ေဆာင္းက ယြမ္ရိကို တကယ္ႀကီး အပ္ခ်ဳပ္ပညာ သင္ၾကားေပးေနတာလား။ ဒီေတာ့စပ်စ္သီးကလည္း ယြမ္ရိ ခိုးတာ ဟုတ္ခ်င္မွ ဟုတ္ေတာ့မွာေပါ့'

ဆန္းေရွာင္ဟိုင္ကေတာ့ ေဒါသေတြ ထြက္ေနသည့္အဖိုး ေဆာင္ကို ၾကည့္ရင္း သူမရဲ႕မ်က္ႏွာေပၚမွာ မိုးၿပိဳခ်င္သလို ျဖစ္ေနသည္။
'ဘာေတြျဖစ္ကုန္တာလဲ။ ဘယ္လိုလုပ္ၿပီး ဟိုေကာင္မေလးက အဖိုး ေဆာင္းဆီကေနအပ္ခ်ဳပ္ပညာ သင္ၾကားနိုင္လိုက္ရတာလဲ။ ဒါႀကီးက လုံးဝမွ မျဖစ္နိုင္တာ။ အေရွ႕ အရပ္က ေနဝန္းႀကီး အေနာက္ အရပ္ကေန ထြက္မွ ျဖစ္နိုင္မယ့္ဟာႀကီးေလ'

အကုန္ တိတ္ဆိတ္ေနကာ ဘယ္သူမွ အသံမထြက္တာမို႔ အဖိုးေဆာင္လည္း ေဒါသတႀကီး ထပ္ေမးလိုက္သည္။
"ဆန္းေရွာင္ဟိုင္ဆိုတာ ဘယ္သူလဲ"

ဆန္းေရွာင္ဟိုင္ဟာ သူမရဲ႕မိတ္ေဆြေတြ ေရွ႕မွာအရွက္ကြဲေတာ့မွာမို႔ သူမရဲ႕ေနကာဦးထုပ္ႀကီးကိုက်စ္က်စ္ေအာင္ ဆုပ္ကိုင္ထားမိလိုက္၏။ အခုခ်ိန္မွာ သူမ စိတ္ထဲ ေျပာင္းခင္းအတြင္း ဝင္ေျပးခ်င္စိတ္သာ ရွိေနေတာ့သည္။

ဆန္းေရွာင္ဟိုင္က သူမကိုယ္သူမ ဝန္ခံျခင္း မရွိတာမို႔ ယြမ္ရိလည္း သူမအား လက္ညိုး ထိုးျပလိုက္ၿပီး
"အဖိုး၊ အဲ့တာ သမီးရဲ႕ဒုတိယ ေဒၚေလး ဆန္းေရွာင္ဟိုင္ဘဲ"

"ဒုတိယ အေဒၚ ဟုတ္လား"
အဖိုးအိုဟာ ဆန္းေရွာင္ဟိုင္အား ေသေသခ်ာခ်ာၾကည့္ၿပီးေနာက္
"ထြီ"

တံေတြး ေထြးၿပီးေနာက္ ဆန္းေရွာင္ဟိုင္အား
"ယြမ္ရိက ငါ့ တပည့္ပဲ။ မေန႕က သူမ စားဖို႔ ငါ့ၿခံကစပ်စ္သီး နည္းနည္း ထည့္ေပးလိုက္တယ္ေလ။ အဲ့ေလာက္ဆို ဒီကိစၥ ရွင္းၿပီလား။ မင္း ဘာထပ္ေျပာခ်င္ေသးလဲ"

ဆန္းေရွာင္ဟိုင္ အေနနဲ႕ ဘာမွ် ျပန္ေျပာနိုင္ျခင္း မရွိေခ်။ လူမ်ားစြာရဲ႕အၾကည့္ေအာက္မွ သူမမ်က္ႏွာ ျဖက္ရိုက္ခံလိုက္ရသလို ခံစားရကာ နီရဲလာ၏။

ထို႔ေနာက္ သူမရဲ႕ ေနကာဦးထုပ္ကို ေဆာင္းကာ
"ကြၽန္မ အလုပ္ေတြ ရွိေသးတယ္"
လို႔ ေျပာၿပီး ေျပာင္းခင္းအတြင္း ဝင္ေျပးဖို႔ ျပင္လိုက္သည္။

ထိုအခ်ိန္မွာပဲ ႐ြာလူႀကီး ဝမ္ ေဘးမွ ႐ြာသားအခ်ိဳ႕က ဆန္းေရွာင္ဟိုင္အား တားဆီးလိုက္ၾကသည္။ ၿပီးေနာက္ သူမအား ႐ြာလူႀကီး ဝမ္ ေရွ႕ကို ျပန္ေခၚသြားေတာ့သည္။

ဆန္းေရွာင္ဟိုင္လည္း သူမကို ဖမ္းထားသည့္႐ြာသားမ်ား လက္ကေန လြတ္ေအာင္ ႐ုန္ေတာ့သည္။
"လႊတ္ၾကေနာ္။ ရွင္တို႔ ဘာလုပ္ၾကမလို႔လဲ။ ဒီမွာ လူေတြ အမ်ားႀကီး ရွိေနတာေနာ္"

သူမကို ဖမ္းထားသည့္ လူက
"ကိစၥေတြမွ ရွင္းရွင္းလင္းလင္း မၿပီးေသးတာ။ ဒီေတာ့ မင္း သြားလို႔ မရေသးဘူးေလ"

ဆန္းေရွာင္ဟိုင္က ႐ုန္းကန္ေနရင္းျဖင့္ပင္
"ဘာ မၿပီးေသးဘူးလဲ။ ေရွာင္ရိ စပ်စ္သီး မခိုးခဲ့ဘူးဆိုတာ ေပၚသြားၿပီ မဟုတ္ဘူးလား။ ၿပီးေတာ့ ကြၽန္မကလည္း ကြၽန္မ တူမကို စိုးရိမ္လို႔ လုပ္မိလုပ္ရာေလး လုပ္လိုက္မိတာပါရွင္"

႐ြာလူႀကီး ဝမ္လည္း လူႀကီးလူေကာင္း တစ္ေယာက္ရဲ႕ ဟန္ပန္ အမူအရာမ်ိဳးျဖင့္ ဆန္းေရွာင္ဟိုင္အား
"အင္း၊ နားလည္မႈ လြဲသြားတာဆိုရင္လည္း ထားလိုက္ပါေတာ့။ ဒါေပမယ့္ ဒီကိစၥမွာ နင့္တူမ ယြမ္ရိက အဓိက ခံစားခဲ့ရတာ ျဖစ္လို႔ သူမကိုေတာ့ေလ်ာ္ေၾကးေပးေဆာင္မွ ေတာ္ကာက်မယ္"

ထိုစကားေၾကာင့္ ဆန္းေရွာင္ဟိုင္တစ္ေယာက္ အံ့အားသင့္ သြားေတာ့သည္။
"ရွင္။ သူမကို ဘာလို႔ ေလ်ာ္ေၾကးေပးရမွာလဲ။ ကြၽန္မက သူမရဲ႕ေဒၚေလးပါ။ ကြၽန္မဘာသာ သူမကို ရိုက္ရိုက္ ႏွက္ႏွက္ လုပ္ရင္ေတာင္ ေလ်ာ္ေၾကးေပးစရာ မလိုတာ၊ အခုလို ကိစၥေလာက္ကေတာ့ ... ဟမ့္ ...ပ်င္းေတာင္ ပ်င္းေသးတယ္"

႐ြာလူႀကီး ဝမ္လည္း တစ္ခုခု ေျပာမလို႔ ျပင္လိုက္သည္။ ထိုအခ်ိန္မွာ လူအုပ္ထဲကေန လူ သုံးေယာက္ ထိုးထြက္လာကာ စကားဝိုင္းကို ဖ်က္လိုက္၏။

ထိုလူသုံးေယာက္ကေတာ့ ယြမ္ရိ၏ အဖိုးနဲ႕ အဖြား ျဖစ္သူ ယြမ္က်ီေကာင္း၊ လ်ဴရွင္းဟြာနဲ႕ ယြမ္ရိ၏ ဝမ္းကြဲညီမ ယြမ္က်ဲတို႔ ျဖစ္၏။

လ်ဴရွင္းဟြာက ထိုေနရာကို ေရာက္တာနဲ႕ ဆန္းေရွာင္ဟိုင္ထံကို တန္းသြားကာ အံကို တင္းတင္းႀကိတ္လ်က္ ပါးရိုက္ခ်လိဳက္ေတာ့သည္။

'ေဖ်ာင္း'
ဆန္းေရွာင္ဟိုင္၏ မ်က္ႏွာဟာ ခ်က္ခ်င္း နီရဲေဖာင္းကားသြားေတာ့၏။

အေျခအေနက ႐ုတ္ခ်ည္းျဖစ္ပ်က္သြား၍ အကုန္လုံးလည္း ေၾကာင္ၾကည့္ေနမိၾကေတာ့သည္။

Continue Reading

You'll Also Like

1.3M 59.2K 28
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
269K 18.6K 200
#Villain's Mother - Description ရွမ်ရှ တစ်ယောက် အိပ်ယာထချိန်တွင် သူမ တစ်ညလုံးမအိပ်မနေဖတ်ခဲ့သော ဝတ္ထုတစ်ပုဒ်ထဲသို့ ကူးပြောင်းသွားပြီး ဗီလိန်ဇာတ်ကောင်၏...
60.9K 2K 37
Type - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်...
348K 55.6K 65
Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transmigration Cannon Fodder's Record of Count...