Warm Love (Completed)

Oleh Butterfly_614

27.6K 3.3K 348

"ကို..ကို" "အင်း ကိုကိုလေ၊ Hyunလေးရဲ့ ကိုကို" "ကို..ကို" "အင္း ကိုကိုေလ၊ Hyunေလးရဲ႕ ကိုကို" Lebih Banyak

Warm Love-1
Warm Love-2
Warm Love-3
Warm Love-4
Warm Love-5
Warm Love-6
Warm Love-7
Warm Love-8
Warm Love-9
Warm Love-10
Warm Love-11
Warm Love-12
Warm Love-13
Warm Love-14
Warm Love-15
Warm Love-16
Warm Love-17
Warm Love-18
Warm Love-19
Warm Love-20
Warm Love-21
Warm Love-22
Warm Love-23
Warm Love-24
Warm Love-25
Warm Love-27
Warm Love-28
Warm Love-29
Warm Love-30
Warm Love-31
Warm Love-32
Warm Love-final
Warm Love-extra
Warm Love-extra
Warm Love-extra(final)
Thank You🫶🏻

Warm Love-26

711 76 5
Oleh Butterfly_614

(Unicode)

W group ကရှယ်ယာဝင်မည့်ကိစ္စအား အဖေ့ကိုပြောပြလိုက်တော့ အဖေကလက်ခံသည်။အကြောင်းအရင်းကတော့ W group ရဲ့လက်ရှိဥက္ကဌဟာ အရင်ဥက္ကဌမဟုတ်တာကြောင့်ဟုပြောသည်။အစကတည်းက အဖေ့သဘောအတိုင်းဟုသာ Chanyeol သတ်မှတ်ထားတာမို့ W group ဟာ PB group မှာရှယ်ယာဝင်ဖြစ်လာခဲ့ပါသည်။

"အတန်းထဲသွားတော့မှာလား Hyunလေး"

Chanyeol မေးလိုက်တော့ ခေါင်းလေးတဆတ်ဆတ်ညိမ့်ပြသည်။မာဖလာကြားထဲမှာမြုပ်နေတဲ့ မျက်နှာဖြူအုအုလေးကသေးသေးသွယ်သွယ်။ငွေမင်ရောင်ဆံပင်ပျော့ပျော့လေးတွေကို တစ်ချက်ဆွဲဖွလိုက်ပြီး

"ဟုတ်ပြီဗျာ၊ စာတွေသေချာလိုက်လုပ်နော် ကလေးလေး"

"ဟုတ်ကဲ့"

"လာပါဦး၊ ပါးလေးနမ်းချင်လို့"

ပုခုံးလေးနှစ်ဖက်ကနေဆွဲပြီးအနားခေါ်လိုက်တော့ ပြုံးပြုံးလေးဖြင့်ပြောလာသည်က "နှဖူးရော" တဲ့လေ။

"ရွှတ်! ရွှတ်! ပြွတ်စ်!"

သူလေးအလိုကျရော ကိုယ့်အလိုကျပါ နှဖူးလေးနဲ့ပါးလေးတွေကိုတစ်လှည့်စီအလှည့်ကျနမ်းလိုက်ပြီး နောက်ဆုံးပိတ်ကိုတော့ နှုတ်ခမ်းပါးလေးမှာအဆုံးသတ်လိုက်သည်။

"ကဲ ကျေနပ်ပြီလား"

"အွန်! ကိုကိုရင်နမ်းတာလေ"

"ဟားဟားဟား"

Chanyeol သဘောတကျရယ်လိုက်မိသည်။သူလေးဆိုလိုချင်တာက အရင်နမ်းချင်တာ Chanyeol မို့လို့ ကျေနပ်တာမကျေနပ်တာက Chanyeol နဲ့ပဲဆိုင်ပါတယ်ပေါ့လေ။

"ဟုတ်ပါတယ်ဗျာ၊ ကိုကိုကအရင် နမ်းချင်လို့ကို နမ်းတာပါ၊ နမ်းခွင့်ရလို့လည်း အရမ်းအရမ်းကျေနပ်ရပါတယ်ဗျာ"

"ခစ်ခစ်!"

Chanyeol ရဲ့စကားကို သဘောတကျရယ်နေပုံလေးကအသည်းယားစဖွယ်။

"ကဲ သွားတော့ အချစ်ဆုံးလေး"

"ဟုတ် ကိုကို ဘိုင့်ရီ!"

"ဟုတ်ပါပြီဗျာ"

တစ်ဖက်အခန်းထဲကို လုံးတုံးတုံးဖြင့်ဝင်သွားတဲ့ကလေးလေး မြင်ကွင်းထဲကပျောက်သွားတော့မှ Chanyeol လည်းကိုယ့်အခန်းထဲကိုဝင်ခဲ့လိုက်သည်။

ထိုအချိန်ကျမှပဲ laptop ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေတဲ့ Chanyeol ရဲ့အခန်းရှေ့ကအတွင်းရေးမှူးမလေးတစ်ယောက် သက်ပြင်းအသာချရပါသည်။သူမ ဒီနေရာမှာရှိနေတာ ဥက္ကဌတို့စုံတွဲမရောက်လာခင်ကတည်းကပင်။

:

"ဒီနေ့ အတန်းသားတို့က ကိုယ့်မိသားစုအကြောင်းကို စာရေးပြီးဖော်ပြရပါမယ်၊ စာမျက်နှာတစ်မျက်နှာတော့ပြည့်အောင်ရေးပေးရမယ်၊ ဖြည်းဖြည်းနဲ့မှန်မှန်လေးရေးလို့ရတယ်နော်၊ ဆရာမကအချိန်အများကြီးပေးထားမှာ၊ ဟုတ်ပြီလား ကျောင်းသား Baekhyun"

"ဟုတ်ကဲ့၊ Hyunက ကိုကို့အကြောင်းရေးရမှာလားဟင်"

"Baekhyun တို့အိမ်မှာရှိတဲ့လူတွေအကြောင်း အကုန်ရေးလို့ရတယ်လေ၊ အခု Baekhyun နဲ့အတူတူနေနေတဲ့လူတွေက Baekhyun ရဲ့မိသားစုတွေပေါ့"

"အဲ့ဒါဆို ဦးလေးPark ရော ဦးဦးနဲ့ဒေါ်ဒေါ်တို့အကြောင်းရောပါရေးရမှာပေါ့နော်"

"အင်းအင်း ဟုတ်တယ်"

"ဟုတ်ကဲ့"

Baekhyun ကခေါင်းလေးတညိမ့်ညိမ့်ဖြင့် စာအုပ်ထုတ်ကာစာစရေးဖို့ပြင်လေသည်။သို့ပေမယ့် ဘယ်လိုအစချီရမှန်းမသိတာမို့ ဆရာမကိုကြည့်လိုက်ပြီး

"Hyunက ဘယ်လို့စရေးရမှာလဲ ဆရာမ"

"အရင်ဆုံး ကိုယ့်ကိုယ်ကိုဘယ်သူဆိုတာရေး နောက်ပြီးရင် ကိုယ်ဘယ်သူနဲ့နေတယ်ဆိုတာကိုရေး အဲ့ဒီလူတွေနဲ့ကိုယ်ကဘယ်လိုတော်စပ်တယ်ဆိုတာကိုပါထည့်ပြီးရေး ပြီးတာနဲ့ အဲ့ဒီလူတွေဘာလုပ်တယ် Baekhyun အပေါ်ဘယ်လိုဂရုတစိုက်ရှိကြတယ်ဆိုတာကိုပါထည့်ရေး ဟုတ်ပြီလား"

ဆရာမရဲ့စကားအဆုံး Baekhyun ကမျက်နှာလေးမဲ့ကာ ခေါင်းကုပ်သွားသည်။

"ဆရာမ"

"ဟေ"

"Hyunနားလည်သလိုပဲရေးလိုက်တော့မယ်နော်"

"အေးပါ အေးပါ ရေးရေး"

ထိုသို့ဖြင့် Baekhyun ကမိသားစုအကြောင်းစာပိုဒ်ရေးနေတဲ့အချိန် သူ့အတန်းဖော်တွေကတော့ သူတို့တက္ကသိုလ်ကပေးလိုက်တဲ့စာတွေကို တိုးတိုးတိတ်တိတ်လုပ်နေကြပါသည်။

:

"ဒုဥက္ကဌ Park လက်ခံတယ်ဆိုတဲ့သတင်းကြားရတာ အရမ်းဝမ်းသာတာပဲရှင်"

ထိုအမျိုးသမီးရဲ့စကားကို Chanyeol ပြုံးရုံသာပြုံးပြီးခေါင်းညိမ့်လိုက်သည်။

"ဒါဆိုလေ ရှယ်ယာဝင်ဖြစ်သွားတဲ့အထိမ်းအမှတ်အနေနဲ့ ကျွန်မနဲ့အတူ ဆိုင်တစ်ဆိုင်မှာလိုက်ထိုင်ပါလားဟင်၊ ကော်ဖီလေးဘာလေးသောက်ရတာပေါ့"

Chanyeol နာရီကိုကြည့်လိုက်တော့ ၁၀နာရီစွန်းစွန်းသာရှိနေသေးသည်။ထမင်းစားချိန်က အဝေးကြီးလိုသေးတာကြောင့်ရော ထိုအမျိုးသမီးရဲ့ဖိတ်ခေါ်မှုကလည်းဖြစ်သင့်တာကြောင့်ပါ Chanyeol လက်ခံလိုက်ပါသည်။

"ကောင်းပါပြီ၊ အနီးအနားကဆိုင်ပဲသွားကြတာပေါ့"

:

မိသားစုအကြောင်းရေးတာ တစ်ဝက်လောက်ပြီးသွားတော့ Baekhyun ကိုယ့်စာကိုယ်ပြန်ဖတ်ကြည့်လိုက်သည်။သူရေးထားတဲ့စာက ပြီးပြည့်စုံတယ်လို့တော့ သူ့ကိုယ်သူထင်ပါသည်။သို့ပေမယ့် နောက်ဘာဆက်ပြီးရေးရမလဲကိုမသိတော့။

"ဆရာမ"

"အင်း ပြောလေ ကျောင်းသား"

"ကိုကို့အလုပ်ကလေ ဥက္ကဌက ဘာလုပ်တာလဲ၊ စာရွက်တွေကို လက်မှတ်ထိုးတာလားဟင်"

ဆရာမကပြုံးလိုက်ပြီး

"အဲ့လိုမဟုတ်ဘူးကွဲ့၊ ဥက္ကဌက တိုက်ကြီးတွေကိုဆောက်တာ၊ Baekhyun လမ်းသွားရင်မြင်ရတဲ့ အထပ်မြင့်တိုက်ကြီးတွေလေ၊ အဲ့လိုတိုက်မျိုးတွေကို ဥက္ကဌကဆောက်တာ"

"ဟင် ကိုကိုကတိုက်ကြီးတွေဆောက်တာလား၊ ဘယ်လိုဆောက်တာလဲ၊ တစ်ယောက်တည်းဆောက်တာလား"

"မဟုတ်ဘူး Baekhyun ရဲ့၊ ဥက္ကဌက လူအများကြီးကိုပိုက်ဆံပေးပြီးတော့ အဲ့ဒီလူတွေကိုဆောက်ခိုင်းတာ၊ ဥက္ကဌက ဘာလုပ်ရမယ်ဆိုတာကိုပဲ ညွှန်ကြားပေးတာ ပြောပြပေးပါ"

ဒီတစ်ခါလည်း Baekhyun ခေါင်းလေးကုပ်သွားရပြန်သည်။

"ဒါဆို Hyun နားလည်သလိုပဲရေးလိုက်မယ်နော် ဆရာမ"

"အင်းအင်း ရတယ် ရေး"

"ဟုတ်ကဲ့၊ ဒါမဲ့ ခုတော့ Hyunကို အိမ်သာသွားခွင့်ပြုပါ ဆရာမ"

မတ်တပ်လေးရပ်ကာ လက်ညှိုးလေးထောင်ပြီး Baekhyun ပြောတော့ ဆရာမကခေါင်းညိမ့်သည်။

"သွား သွား၊ တစ်ယောက်တည်းဖြစ်ရဲ့လား"

"ဟုတ်ကဲ့"

အပေါ့သွားချင်လာတာကြောင့် Baekhyun အိမ်သာရှိရာဆီကိုသွက်သွက်လေးထွက်ခဲ့သည်။အခုဆိုရင် Baekhyun ကတစ်ရက်တာမှာမဖြစ်မနေလုပ်ရမယ့်အလုပ်တွေကိုလည်း တစ်ယောက်တည်းလုပ်တတ်နေပြီဖြစ်သည်။သို့ပေမယ့် သူ့ကိုကိုနဲ့ရှိနေရင်တော့ သူ့ကိုကိုကသာအစအဆုံးအကုန်လိုက်လုပ်ပေးပါသည်။သူ့ကိုကိုအနားမှာရှိနေရင် Baekhyun ကအမြဲတမ်းကလေးလေးပင်။

"ဟင် ကိုကို"

Baekhyun အိမ်သာရှိရာဆီကိုသွားနေတုန်း အနောက်ကိုအမှတ်မထင်လှည့်ကြည့်လိုက်တော့ ရုံးခန်းထဲကနေ ကိုကိုက မိန်းမကြီးတစ်ယောက်နှင့်အတူ ထွက်လာပြီး ဓာတ်လှေကားဘက်လျှောက်သွားတာကိုတွေ့လိုက်ရသည်။

"ကိုကို!"

Baekhyun အော်ခေါ်လိုက်ပေမယ့် သူ့ကိုကိုကမကြားဘဲ ဓာတ်လှေကားထဲဝင်သွားကာ ဓာတ်လှေကားတံခါးလည်းပိတ်သွားလေပြီ။

"ဟင့်အင်း! ကိုကို!"

ထိုအခိုက် Baekhyun ရဲ့အတွေးထဲချက်ချင်းရောက်လာတဲ့အရာက မိန်းမကြီးဟာ သူ့ကိုကိုကိုဆွဲခေါ်သွားတာဟူ၍ပင်။

"ကိုကို!"

"အယ် Baekhyun"

သူမခုံအရှေ့ကနေ လှစ်ခနဲပြေးသွားတဲ့ Baekhyun ကိုအတွင်းရေးမှူးမလေးမြင်လိုက်ရသည်။ကပြာကယာပုံစံလေးနှင့်မို့ အနောက်ကနေလိုက်ကြည့်တော့ Baekhyun ကမပွင့်တော့တဲ့ဓာတ်လှေကားကိုအကြိမ်ကြိမ်ထုရိုက်နေပြီးနောက် လှေကားရှိရာဘက်ကိုပြေးလေသည်။

"Baekhyun! Baekhyun! ဘယ်လဲ!"

ဒေါက်မြင့်ဖိနပ်နဲ့မို့ သူမရဲ့ခြေလှမ်းတွေကမသွက်တဲ့အခါ Baekhyun ကတော့လှေကားကနေတောက်လျှောက်ပြေးဆင်းသွားပြီဖြစ်သည်။

"ခဏနေပါဦး! Baekhyun!"

နောက်ဆုံးတော့ ကြံရာမရတဲ့အဆုံး သူမလည်းဖိနပ်ချွတ်ပြီးပြေးလိုက်ရလေပြီ။ဒါတောင် ဒူးအနားထိရောက်နေတဲ့စကပ်ကတုတ်နေသေးသည်။

:

"အယ် မိုးရွာနေတာပဲ"

ဆောင်းတွင်းကြီးကို မိုးတွေကဝုန်းဒိုင်းကျဲရွာနေသည်။ထို့ကြောင့် Chanyeol အပြင်မထွက်ချင်တော့ပေမယ့်လည်း တစ်ဖက်အမျိုးသမီးကဘာမှပြောမလာတဲ့အခါ လုံခြုံရေးဝန်ထမ်းထုတ်ပေးထားတဲ့ကားပေါ်ကိုတက်လိုက်ရသည်။ဒီကားက Chanyeol ရဲ့ကားမဟုတ်ဘဲ ကုမ္ပဏီကနေတစ်ဆင့်အပြင်သွားတဲ့အခါမျိုးမှာသာသုံးတဲ့ကားဖြစ်သည်။

"Chanyeol ရဲ့ကားနဲ့ပဲလိုက်ခဲ့မယ်နော်၊ အပြန်ကျမှပဲ ကျွန်မရဲ့ကားကိုဝင်ယူလိုက်မယ်လေ"

Chanyeol ခေါင်းသာညိမ့်လိုက်သည်။ဒီကားကသူ့ကားမဟုတ်တာကြောင့် ဘယ်သူမဆို ဘယ်နေရာကနေမဆို လိုက်လို့ရပါသည်။သူ့ကားသာဆိုရင်တော့ ထိုအမျိုးသမီးကို သူမကားနဲ့သာသပ်သပ်သွားဖို့ပြောဖြစ်မှာပင်။

Chanyeol ဆီကခွင့်ပြုချက်ရတာနဲ့ အမျိုးသမီးကခပ်ပြုံးပြုံးဖြင့်ကားပေါ်တက်လာသည်။သူမတက်ပြီးတာနဲ့ Chanyeol လည်းကားမောင်းထွက်လိုက်ပါသည်။အချိန်တွေကြာနေလို့မဖြစ်ပါ။

"ကိုကို! သွားနဲ့! အီးးဟီးး"

သူ့ကိုကိုက မိန်းမကြီးနှင့်အတူ ကားမောင်းပြီးထွက်သွားတာကိုမြင်လိုက်တဲ့အခါ Baekhyun အော်ငိုတော့သည်။မိုးတွေကလည်းရွာနေတာမို့ ဆက်ပြီးပြေးလိုက်ဖို့ကိုတွန့်ဆုတ်နေရသည်။သို့ပေမယ့်လည်း သူမှမတားနိုင်ရင် သူ့ကိုကိုက မိန်းမကြီးအနောက်ကိုပါသွားတော့မှာမို့ Baekhyun လည်းမိုးရေထဲပြေးထွက်လိုက်ပါသည်။

"အီးးဟီးး ကိုကို! လိုက်သွားနဲ့!"

မိုးတွေကသည်းကြီးမည်းကြီးရွာနေတာမို့ ဘာကိုမှရှင်းရှင်းလင်းလင်းမမြင်ရတဲ့အခါ သူ့ကိုကိုမောင်းသွားတဲ့ကားဟုထင်ရတဲ့ကားအနောက်ကို Baekhyun ပြေးလိုက်သည်။သို့သော် ကားကမြန်နေတဲ့အခါ အစအနပျောက်သွားခဲ့သည်။

Baekhyun ရောက်တဲ့နေရာမှာရပ်ပြီး ပတ်ဝန်းကျင်ကိုဟိုဒီကြည့်ကာ အော်ငိုနေပါသည်။ထို့နောက် ချက်ချင်းဆိုသလို လမ်းဘေးနားမှာထိုင်ချလိုက်သည်။သူရှက်သွားတာပင်။အစကတည်းကအပေါ့သွားချင်နေတဲ့အရှိန်ကြောင့် အပေါ့သွားလိုက်မိသည်။မိုးရေတွေနဲ့ရောနေတဲ့အခါ ဘယ်သူမှသတိထားမိလိမ့်မည်မဟုတ်ပေမယ့် သူ့အကြောင်းသူသိတဲ့ Baekhyun ကတော့နေရာမှာတင် ကျုံ့ကျုံ့လေးထိုင်နေပါသည်။

"Baekhyun! Baekhyun!"

ထိုအချိန်မှာပဲ Baekhyun ရဲ့အနားကို အတွင်းရေးမှူးမလေးနှင့်အတူ ကုမ္ပဏီရဲ့ဝန်ထမ်းအချို့က ထီးတွေကိုင်ပြီးရောက်လာကြသည်။သို့ပေမယ့်လည်း Baekhyun ကတော့ကွေးကွေးလေးထိုင်နေပြီး ဘယ်သူ့ကိုမှစကားမပြောပါပေ။

:

Ring Ring Ring!

ကားမောင်းနေစဉ် ဖုန်းမြည်လာသံကြောင့်ကြည့်လိုက်တော့ unknown number ဖြစ်နေသည်။သို့ပေမယ့်လည်း Chanyeol လက်ခံလိုက်သည်။

"ဟဲလို Park Chanyeol ပြောနေပါတယ်"

"ဥက္ကဌ"

"အတွင်းရေးမှူး လီ လား"

"ဟုတ်တယ်ရှင့်၊ ဒီမှာလေ..."

"ဖုန်းက တခြားနံပါတ်ကြီးနော်"

"အာ ဟုတ်တယ်ရှင့်၊ ကျွန်မဖုန်း အပေါ်မှာကျန်ခဲ့လို့၊ ဥက္ကဌ ဒီမှာလေ Baekhyun..."

ကျွီ!!

"အမလေး!"

ရုတ်တရပ်ဘရိတ်အုပ်လိုက်ခြင်းကြောင့် ဘေးနားကအမျိုးသမီးလန့်သွားတာကို ဂရုမစိုက်နိုင်ပါဘဲ Chanyeol ကားကိုအလျင်အမြန်ပဲ လမ်းကြောင်းပြန်လှည့်လိုက်ပါသည်။

:

"Hyunလေး! Hyunလေး!"

ကားရပ်ရပ်ချင်းကားပေါ်ကဆင်းပြီး လူအုံနေတဲ့နေရာကို Chanyeol ပြေးသည်။သည်းကြီးမည်းကြီးမရွာတော့ပေမယ့် တဖြောက်ဖြောက်ကျဆင်းနေတဲ့မိုးရေစက်တွေကြောင့် Chanyeol ရဲ့တစ်ကိုယ်လုံးလည်းစိုသွားလေပြီ။

"Hyunလေး!"

Chanyeol ကိုလည်းမြင်ရော Hyunလေးကို ထီးဝိုင်းဆောင်းပေးထားတဲ့ လူအုပ်ကလမ်းဖယ်ပေးကြသည်။အကုန်လုံးကလည်း ကုမ္ပဏီမှဝန်ထမ်းတွေဖြစ်ကြသည်။Chanyeol ရဲ့အသံကိုကြားတော့ Hyunလေးကဆတ်ခနဲဆိုမော့ကြည့်လာသည်။တစ်ကိုယ်လုံးရွှဲရွှဲစိုနေပြီး နှုတ်ခမ်းပါးလေးတုန်ယင်နေပုံက Chanyeol ရဲ့ရင်ကို အစိတ်စိတ်အမွှာမွှာဖြစ်စေပါသည်။

"ကိုကို..."

"ကိုကို့ ကလေးလေးရယ်!"

ချက်ချင်းပဲဒူးထောက်ချလိုက်ပြီး ကွေးကွေးလေးထိုင်နေသူလေးကို ရင်ခွင်ကျယ်ကြီးထဲထည့်ကာ Chanyeol ပွေ့ပိုက်လိုက်သည်။အနွေးထည်အင်္ကျီထူထူမှာစိုရွှဲနေတဲ့ရေတွေက ညှစ်ချလို့တောင်ရလောက်ပါသည်။အခုအချိန်မှာ Hyunလေး နွေးထွေးဖို့ကသာအဓိကမို့ တခြားဘာအကြောင်းအရင်းကိုမှမမေးသေးဘဲ Hyunလေးကိုပွေ့ချီပြီး ကုမ္ပဏီထဲကိုသာပြန်ခေါ်ခဲ့လိုက်သည်။

ဥက္ကဌတို့စုံတွဲထွက်သွားတော့မှ ဝန်ထမ်းတွေလည်းအနောက်ကနေထီးလိုက်ဆောင်းပေးကြပြီး ကိုယ့်နေရာကိုယ်ပြန်ကြပါသည်။

.................................................................................

"ဟပ်ချိုး!"

နှာတချေချေဖြစ်နေတဲ့ကလေးလေးကို Chanyeol ရင်ခွင်ထဲမှာ တင်းတင်းကျပ်ကျပ်ထွေးပိုက်ထားသည်။ထို့အပြင် နှစ်ယောက်လုံးရဲ့ကိုယ်ပေါ်ကိုလည်းစောင်ထူထူဖြင့်လွှမ်းခြုံထားလိုက်သည်။Chanyeol ကခုတင်ခေါင်းရင်းကိုကျောမှီကာခြေဆင်းထိုင်နေပြီး သူ့ကလေးလေးကတော့သူ့ပေါင်ပေါ်မှာဘေးတစောင်းထိုင်ကာ ရင်ခွင်ကျယ်ကိုခေါင်းမှီထားပါသည်။

ရေတွေစိုရွှဲနေတဲ့ Hyunလေးကို ရုံးခန်းထဲမှာရှိတဲ့အဝတ်အစားအပိုတွေလဲပေးပြီးတာနဲ့ Chanyeol အိမ်ပြန်လာခဲ့တာဖြစ်သည်။အိမ်ရဲ့အိပ်ခန်းလောက် နွေးထွေးတဲ့နေရာမရှိနိုင်ပါ။Hyunလေးကကျောင်းနေ့တစ်ဝက်နားလိုက်ရသလို Chanyeol လည်းကုမ္ပဏီမှနေ့တစ်ဝက်ဖြင့်ပြန်လာခဲ့တာပင်။အိမ်ပြန်ရောက်ရောက်ချင်း နေ့လည်စာစားပြီးသွားကြတာနဲ့ နှစ်ယောက်သားအခန်းထဲမှာလာခွေနေကြတာဖြစ်သည်။

"အေးနေသေးလား ကလေးလေး"

"ဟုတ်..ရွှတ်!"

Hyunလေးက နှာရည်တွေလည်းယိုနေပြီဖြစ်သည်။Chanyeol တွက်ထားတဲ့အတိုင်းပဲ Hyunလေးဖျားချေပြီ။ခုတင်ဘေးစားပွဲပေါ်ကဖုန်းကိုလက်တစ်ဖက်ဖြင့်ယူလိုက်ပြီး အသိမိတ်ဆွေဆရာဝင်တစ်ယောက်အား Chanyeol ဖုန်းခေါ်လိုက်သည်။

"ဟဲလို Suho Hyung"

"..............."

"ဟုတ်တယ် Hyung၊ ကျွန်တော်ဆရာဝန်ပင့်ချင်လို့ပါ"

"................"

"ကျွန်တော့် အမျိုးသားပါ၊ ညနေပိုင်းလောက်အဆင်ပြေမလား Hyung၊ အခုတောင် ကလေးကကိုယ်ငွေ့လေးရှိနေလို့"

"................"

"ဒါဆို ဒါပဲနော် Hyung"

"ကိုကို ဘယ်သူလဲ"

ဖုန်းချလိုက်ပြီးတာနဲ့ Hyunလေးက ခေါင်းလေးမော့ကြည့်ပြီးတန်းမေးလာသည်။

"ဒေါက်တာခေါ်လိုက်တာ၊ Hyunလေးနေမကောင်းတာကိုပြမလို့လေ"

"Hyunက ခုခေါင်းနာနေတာ"

ခေါင်းမူးနေတာကိုပြောချင်တာဖြစ်ပါလိမ့်မည်။ရင်ခွင်ထဲကကိုယ်လုံးလေးကို Chanyeol ပိုတိုးလို့ပွေ့ဖက်လိုက်ပြီး ခေါင်းလုံးလုံးလေးအားတစ်ဝကြီးနမ်းရှိုက်လိုက်သည်။

"ရွှတ်! ခဏနေရင် ပျောက်သွားမှာနော်၊ အခု မျက်လုံးလေးမှိတ်ပြီး ကိုကို့ရင်ခွင်ထဲကိုမှီထား"

"ဟုတ်ကဲ့"

"အဲ့ဒါဆို နားနားနေနေနေပြီး ကိုကိုမေးတာကိုဖြေနော်"

"အွန်း!"

"ဘာလို့ စာသင်ခန်းထဲမရှိဘဲ မိုးရေထဲမှာရောက်နေတာလဲ ကလေးလေး"

"ကိုကို Hyunကလေ...."

Chanyeol မေးလိုက်တာနဲ့ ရင်ခွင်ထဲကနေအသံတိုးတိုးလေးထွက်လာပြီး သူလေးဖြစ်သမျှကိုစီကာပတ်ကုံးပြောပြပါတော့သည်။နောက်ဆုံးသိလိုက်ရတာကတော့ ကလေးလေးကိုဒီလိုဖြစ်စေတဲ့တရားခံက Chanyeol ကိုယ်တိုင်ဆိုတာကိုပင်။ရင်နာလိုက်ရတဲ့ဖြစ်ခြင်း။

"Hyunက ရူးရူးပေါက်ချမိလိုက်တာ အဟင့်!"

Chanyeol ရဲ့ကလေးလေးက အသိဥာဏ်ကြွယ်လာတာနှင့်အမျှ ရှက်လည်းရှက်တတ်လာပါသေးသည်။သို့ပေမယ့် Chanyeol နဲ့ဆိုရင်တော့ အမြဲတမ်းပွင့်ပွင့်လင်းလင်းပင်။

"မိုးတွေလည်းရွာနေတာဆိုတော့ ဘယ်သူမှမသိပါဘူး Hyunလေးရဲ့၊ မရှက်နဲ့တော့ နော်"

"ဟုတ်.."

"ကလေးလေးရယ် အဲ့ဒီအမျိုးသမီးက ကိုကိုနဲ့အလုပ်အတူတူလုပ်တဲ့လူပါ၊ ကိုကို့ကို ဘယ်မှဆွဲခေါ်မသွားဘူး တကယ်လို့ သူဆွဲခေါ်ရင်လည်း ကိုကိုကမလိုက်ပါဘူး၊ ကိုကိုက သူ့ထက်အားသန်တယ်၊ သူကိုကို့ကိုဆွဲခေါ်လို့မရဘူးနော်၊ Hyunလေး ဘာမှစိတ်ပူမနေနဲ့"

"တကယ်လားဟင်.."

"တကယ်ပေါ့ ကလေးလေးရဲ့၊ ကိုကို့ကို မင်းတစ်ယောက်ကလွဲပြီး ဘယ်သူမှဆွဲခေါ်လို့မရပါဘူး Hyunလေးရယ်၊ ကိုကိုပြောတာသေချာမှတ်ထားနော်၊ ဟုတ်ပြီလား ကလေးလေး"

"ဟုတ်ကဲ့!"

အခုမှပဲ တစ်ဦးတည်းသောအသည်းအသက်လေးရဲ့အသံက ခပ်သွက်သွက်လေးပြန်ဖြစ်သွားတော့သည်။Chanyeol သက်ပြင်းချလိုက်မိပြီး ရင်ခွင်ထဲကလူသားလေးကိုသာ နင့်နင့်နဲနဲဖက်ထားလိုက်ပါသည်။

:

"အအေးပက်သွားတာပါ၊ လိုရမယ်ရဆေးတစ်လုံးထိုးပေးခဲ့မယ်နော်"

"ကိုကို.."

ဆေးထိုးမယ်ဆိုတဲ့အသံကြောင့် Chanyeol ကိုမျက်နှာငယ်လေးဖြင့်ကြည့်လာသည်။သို့ပေမယ့်လည်း အဖျားတာရှည်သွားရင် Hyunလေးခံစားနေရမှာစိုးတာကြောင့် ခဏတာနာကျင်မယ့်နည်းကိုသာရွေးလိုက်ရသည်။

"ဘယ်နေရာကိုထိုးမှာလဲ Hyung"

"တင်ပါးကို"

Hyunလေးအနားကို Chanyeol သွားပြီးဘောင်းဘီလေးကိုအသာဆွဲချပေးလိုက်တော့ ကလေးလေးကမျက်လုံးစုံမှိတ်ထားသည်။

"ပုရွက်ဆိတ်ကိုက်သလောက်ပဲနာမှာပါ Baekhyun ရဲ့"

Suho Hyung ကဆေးထိုးအပ်ပြင်နေရင်း ခပ်ပြုံးပြုံးဖြင့်ပြောလေတော့ Hyunလေးပြန်ပြောသည်က

"ပုရွက်ဆိတ်ကိုက်တာလည်း ရမ်းနာတာပဲလေ"

ထိုအခါ Suho Hyung ကခပ်ဟဟရယ်ရင်းဖြင့် ဆေးထိုးပေးပါသည်။

"အာ့!"

တုန့်ခနဲဖြစ်သွားတဲ့ကိုယ်လုံးလေးနှင့်အတူ ထွက်လာတဲ့အသံသဲ့သဲ့လေး။ဆေးထိုးပြီးသွားနဲ့ တင်ပါးအိအိလေးကို Chanyeol သေသေချာချာလေးချေပေးနေလိုက်သည်။

"ဆေးကိုသုံးရက်စာပေးခဲ့မယ်နော်၊ သုံးရက်နေလို့မှမသက်သာသေးရင် Hyungနောက်တစ်ခေါက်ထပ်လာခဲ့မယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် Hyung"

"ရပါတယ်ကွာ၊ ကလေးကိုသာ ဂရုစိုက်"

စကားတပြောပြောဖြင့် Hyung ကဆေးတွေသုံးရက်စာစပ်လိုက်ပြီး Chanyeol ကိုကမ်းပေးသည်။

"ဟုတ်ကဲ့ Hyung"

"သား Baekhyunလေး သက်သာရဲ့လား"

ထိုအချိန် အမေးစကားနှင့်အတူ အခန်းထဲကို အဖေဝင်လာသည်။

"သက်သာတယ် အဖေ၊ အခုပဲ ဆေးထိုးပြီးတာ"

"ဦးလေး"

"အေး Suho၊ မတွေ့ရတာတောင်ကြာပြီ၊ အလုပ်အကိုင်အဆင်ပြေတယ်မလား"

"ပြေတယ် ဦးလေး၊ မတွေ့ရတာကြာဆို ဦးလေးက ကျန်းမာရေးကောင်းတာကိုးဗျ၊ ကျွန်တော်ကတော့ မတွေ့ရတာဘဲကောင်းတယ်လို့ မှတ်တယ်ဗျာ"

"အေးကွာ၊ ဒေါက်တာကြီးပြောတာလည်း ဟုတ်သလိုလိုရှိသား"

အဖေရော Suho Hyung ရောကအပြုံးတွေဖြင့် အချင်းချင်းစကားပြောနေကြတဲ့အချိန် Chanyeol ကတော့ဆေးချေပေးလို့ကောင်းနေတုန်းပင်။Suho Hyung ကအသားဖြူဖြူ ရုပ်ချောချောဖြင့် အတော်လေးလည်း သဘောကောင်းသည်။ဆရာဝန်ထဲမှာဆိုရင်တော့ ရုပ်မြင်လိုက်တာနဲ့ ရောဂါတစ်ဝက်ကျော်ကျော်လောက်သက်သာသွားစေမယ့် ဆရာဝန်မျိုးပင်။Chanyeol နဲ့က အရမ်းကြီးလည်းအကျွမ်းတဝင်ရင်းနှီးတာမျိုးမဟုတ်ပေမယ့် Suho Hyung ရဲ့အဖေက ကုမ္ပဏီမှရှယ်ယာဝင်တစ်ဦးဆိုတော့ မိတ်ဆွေသဘောခင်မင်ကြပါသည်။အိမ်ကလူတွေကျန်းမာရေးသေးသေးမွှားမွှားတစ်ခုခုဖြစ်တိုင်းလည်း Hyung ကိုသာခေါ်နေကြပင်။

"ကဲ ဒါဆို ကျွန်တော်ပြန်လိုက်ဦးမယ်ဗျာ"

"ညနေစာစားပြီးမှပြန်ပါလား ငါ့တူရ"

"မစားတော့ဘူး ဦးလေး၊ ကျွန်တော် ဒီကအပြန် လူနာသွားကြည့်ရဦးမှာမို့လို့ပါ"

"အေးပါ အေးပါ၊ ကဲ လာ ဦးလေး အိမ်ရှေ့ထိလိုက်ပို့မယ်၊ မင်းညီကတော့ မြင်တဲ့အတိုင်းပဲ သူ့ကလေးအနားကခွါလို့မရသေးဘူး"

"ရပါတယ်ဗျာ၊ Hyung ပြန်ပြီနော် Chanyeol"

"ဟုတ်ကဲ့ Hyung၊ ကောင်းကောင်းသွားပါဗျ"

"Baekhyun ရောပဲ၊ Hyung ပြန်ပြီနော်၊ နေကောင်းအောင်နေ ကြားလား"

"ဟုတ်ကဲ့၊ ကောင်းကောင်းသွားပါဗျ"

Hyunလေးက Chanyeol နှုတ်ဆက်သလိုလိုက်နှုတ်ဆက်ပြီးတာနဲ့ မျက်နှာလေးကိုချက်ချင်းပဲလွှဲလိုက်သည်။သူလေးကိုဆေးထိုးထားလို့ Hyung ကိုသိပ်ပြီးကျေနပ်ပုံမရပါ။Suho Hyung ကတော့ခပ်ပြုံးပြုံးဖြင့် အဖေ့အနောက်ကနေလိုက်သွားပါသည်။

"နာနေသေးလား Hyunလေး"

"နည်းနည်းပဲ၊ ကိုကိုက Hyunကိုဆေးထိုးခိုင်းတာ"

နှုတ်ခမ်းလေးစူကာ မျက်မှောင်လေးကြုံ့ကြည့်ပြီးပြောလာသည်။သူလေးမကျေနပ်တဲ့အထဲ Chanyeol ပါပါတယ်ထင်ပါသည်။

"ဪ Hyunလေးရယ်၊ ကိုကိုက Hyunလေးမြန်မြန်နေကောင်းအောင်ပါ၊ မဟုတ်ရင် ခေါင်းအကြာကြီးနာနေလိမ့်မယ်"

"ဟင့်! ခေါင်းနာတယ်"

Chanyeol ပြောလိုက်မှ ခေါင်းမူးနေတာကို သူလေးသတိရသွားလေပြီ။

"အင်းအင်း ကိုကိုရှိတယ်နော်၊ ကိုကိုနှိပ်ပေးမှာပေါ့၊ ခေါင်းနာနေတာသက်သာအောင် လုပ်ပေးမယ်နော်"

"ဟင့်!"

Hyunလေးရဲ့ဘေးနားမှာ Chanyeol ဘေးတစောင်းဝင်လှဲလိုက်ပြီး ကိုယ်ငွေ့နွေးနွေးရှိနေတဲ့ကိုယ်လုံးလေးကို ရင်ခွင်ထဲထည့်ဖက်လိုက်ကာ လက်တစ်ဖက်ကတော့ ခေါင်းလုံးလုံးလေးကိုဖွဖွနှိပ်နယ်ပေးနေလိုက်သည်။အဖျားရှိန်ကြောင့် တအင်းအင်းညည်းညူနေတဲ့ကလေးလေးက Chanyeol ရဲ့ခါးကိုလက်ကလေးတစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ်ဖက်ထားပြီး ရင်ခွင်ထဲမှာမျက်လုံးလေးမှိတ်ကာ မှိန်းနေလေပါသည်။

:

"အွန့်! ဝေါ့!"

"ကလေးလေးရယ်"

ညကြီးမင်းကြီးအိပ်နေရာမှနိုးလာပြီး ခေါင်းမူးတယ်ဆိုကာ ညနေကစားထားသမျှတွေပြန်အန်ထုတ်နေတဲ့ Hyunလေးကြောင့် Chanyeol မျက်စိမျက်နှာပျက်နေရလေပြီ။ဖြစ်နိုင်ရင် Hyunလေးခံစားနေရသမျှဝေသနာတွေကို အခုချက်ချင်းပဲ Chanyeol လွှဲပြောင်းယူလိုက်ချင်ပါသည်။

"ရလား Hyunလေး၊ အန်ချင်သေးလား"

"ဟင့်! ကိုကို အီးးဟီးး"

"အင်းပါ ကလေးရယ်၊ ပျောက်သွားမှာနော်၊ မနက်ကျရင်သက်သာသွားတော့မှာပါ"

"အီးးဟီးး"

"အင်းပါ အင်းပါကွယ်၊ ကိုကိုဖက်ထားပေးမှာပေါ့၊ လာ လာ ရေလေးအရင်သောက်ပြီး အာလုတ်ကျင်းလိုက်"

Hyunလေးက ပြောတဲ့အတိုင်းအာလုတ်ကျင်းပြီးတာနဲ့ Chanyeol ရဲ့ရင်ခွင်ထဲကိုကုပ်တွယ်တက်လာသည်။

"အင်းအင်း ကိုကို ချီမယ်နော်"

ကလေးလေးကို ရင်ချင်းဆိုင်ပင့်ချီလိုက်ပြီး အိပ်ရာဆီပြန်လာခဲ့လိုက်သည်။လည်တိုင်ကိုခပ်တင်းတင်းဖက်ထားတဲ့ကလေးလေးက မလွှတ်ပေးတော့ Chanyeol အိပ်ရာပေါ်မှာပက်လက်လှဲလိုက်ပြီး Hyunလေးကိုသူ့ကိုယ်ပေါ်မှာတင်ထားလိုက်သည်။ထို့နောက် နှစ်ယောက်လုံးရဲ့ကိုယ်ပေါ်ကိုစောင်ထူထူဆွဲခြုံထားလိုက်သည်။ကလေးလေးရဲ့ကိုယ်အပူချိန်ကိုစမ်းကြည့်လိုက်တော့ အပူချိန်မများလို့တော်ပါသေးသည်။

"ကို..ကို"

"အင်း ကိုကိုရှိတယ်၊ ကိုကိုရှိတယ်နော်၊ Hyunလေးဗိုက်ဆာလား တစ်ခုခုစားမလား"

"ဟင့်! အိပ်မှာ"

"အင်းပါ အင်းပါ အဲ့ဒါဆိုလည်းအိပ်မယ်နော်၊ ကိုကိုနဲ့အတူတူအိပ်ကြမယ်၊ ကိုကို့အပေါ်မှာအိပ်"

"ဟုတ်..ခေါင်းနာတာ ဟင့်!"

"သက်သာသွားအောင် ကိုကိုနှိပ်ပေးမယ်နော်"

လက်တစ်ဖက်က ရင်ဘက်ပေါ်မှာမှောက်အိပ်နေတဲ့ Hyunလေးကိုထွေးပွေ့ထားပြီး ကျန်လက်တစ်ဖက်ကလက်ချောင်းတွေဖြင့် ခေါင်းလေးကိုအသာဖိနှိပ်ပေးနေလိုက်တော့ ခဏအကြာမှာပဲ ညည်းသံလေးတွေသာထွက်ပြီး အိပ်ပျော်သွားလေပြီ။

ထိုနေ့ညက Chanyeol တစ်ညလုံးအိပ်မပျော်နိုင်ပါ။သူ့ကလေးလေးကိုသက်သာစေချင်တဲ့စိတ်ကြောင့်ပဲ ခေါင်းလေးကိုဖိနှိပ်ပေးနေတာအား ခဏလေးတောင်မရပ်တန့်ဖြစ်ခဲ့ပါပေ။

.................................................................................

(ဆက်ရန်)
(၁၄.၇.၂၀၂၃)

Stream ကြပါဦးနော် Cream Soda ကို🫶🏻EXO-Ls တွေကအများကြီးတော်ကြပါတယ် ဖိုက်တင်း!!!!🤍IDOLCHAMP မှာလည်း voteကြပါဦး🫶🏻


(Zawgyi)

W group ကရွယ္ယာဝင္မည့္ကိစၥအား အေဖ့ကိုေျပာျပလိုက္ေတာ့ အေဖကလက္ခံသည္။အေၾကာင္းအရင္းကေတာ့ W group ရဲ့လက္ရွိဥကၠဌဟာ အရင္ဥကၠဌမဟုတ္တာေၾကာင့္ဟုေျပာသည္။အစကတည္းက အေဖ့သေဘာအတိုင္းဟုသာ Chanyeol သတ္မွတ္ထားတာမို႔ W group ဟာ PB group မွာရွယ္ယာဝင္ျဖစ္လာခဲ့ပါသည္။

"အတန္းထဲသြားေတာ့မွာလား Hyunေလး"

Chanyeol ေမးလိုက္ေတာ့ ေခါင္းေလးတဆတ္ဆတ္ညိမ့္ျပသည္။မာဖလာၾကားထဲမွာျမဳပ္ေနတဲ့ မ်က္ႏွာျဖဴအုအုေလးကေသးေသးသြယ္သြယ္။ေငြမင္ေရာင္ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြကို တစ္ခ်က္ဆြဲဖြလိုက္ၿပီး

"ဟုတ္ၿပီဗ်ာ၊ စာေတြေသခ်ာလိုက္လုပ္ေနာ္ ကေလးေလး"

"ဟုတ္ကဲ့"

"လာပါဦး၊ ပါးေလးနမ္းခ်င္လို႔"

ပုခုံးေလးႏွစ္ဖက္ကေနဆြဲၿပီးအနားေခၚလိုက္ေတာ့ ျပဳံးျပဳံးေလးျဖင့္ေျပာလာသည္က "ႏွဖူးေရာ" တဲ့ေလ။

"ရႊတ္! ရႊတ္! ႁပြတ္စ္!"

သူေလးအလိုက်ေရာ ကိုယ့္အလိုက်ပါ ႏွဖူးေလးနဲ႔ပါးေလးေတြကိုတစ္လွည့္စီအလွည့္က်နမ္းလိုက္ၿပီး ေနာက္ဆုံးပိတ္ကိုေတာ့ ႏွုတ္ခမ္းပါးေလးမွာအဆုံးသတ္လိုက္သည္။

"ကဲ ေက်နပ္ၿပီလား"

"အြန္! ကိုကိုရင္နမ္းတာေလ"

"ဟားဟားဟား"

Chanyeol သေဘာတက်ရယ္လိုက္မိသည္။သူေလးဆိုလိုခ်င္တာက အရင္နမ္းခ်င္တာ Chanyeol မို႔လို႔ ေက်နပ္တာမေက်နပ္တာက Chanyeol နဲ႔ပဲဆိုင္ပါတယ္ေပါ့ေလ။

"ဟုတ္ပါတယ္ဗ်ာ၊ ကိုကိုကအရင္ နမ္းခ်င္လို႔ကို နမ္းတာပါ၊ နမ္းခြင့္ရလို႔လည္း အရမ္းအရမ္းေက်နပ္ရပါတယ္ဗ်ာ"

"ခစ္ခစ္!"

Chanyeol ရဲ့စကားကို သေဘာတက်ရယ္ေနပုံေလးကအသည္းယားစဖြယ္။

"ကဲ သြားေတာ့ အခ်စ္ဆုံးေလး"

"ဟုတ္ ကိုကို ဘိုင့္ရီ!"

"ဟုတ္ပါၿပီဗ်ာ"

တစ္ဖက္အခန္းထဲကို လုံးတုံးတုံးျဖင့္ဝင္သြားတဲ့ကေလးေလး ျမင္ကြင္းထဲကေပ်ာက္သြားေတာ့မွ Chanyeol လည္းကိုယ့္အခန္းထဲကိုဝင္ခဲ့လိုက္သည္။

ထိုအခ်ိန္က်မွပဲ laptop ကိုမ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနတဲ့ Chanyeol ရဲ့အခန္းေရွ႕ကအတြင္းေရးမွူးမေလးတစ္ေယာက္ သက္ျပင္းအသာခ်ရပါသည္။သူမ ဒီေနရာမွာရွိေနတာ ဥကၠဌတို႔စုံတြဲမေရာက္လာခင္ကတည္းကပင္။

:

"ဒီေန႔ အတန္းသားတို႔က ကိုယ့္မိသားစုအေၾကာင္းကို စာေရးၿပီးေဖာ္ျပရပါမယ္၊ စာမ်က္ႏွာတစ္မ်က္ႏွာေတာ့ျပည့္ေအာင္ေရးေပးရမယ္၊ ျဖည္းျဖည္းနဲ႔မွန္မွန္ေလးေရးလို႔ရတယ္ေနာ္၊ ဆရာမကအခ်ိန္အမ်ားႀကီးေပးထားမွာ၊ ဟုတ္ၿပီလား ေက်ာင္းသား Baekhyun"

"ဟုတ္ကဲ့၊ Hyunက ကိုကို႔အေၾကာင္းေရးရမွာလားဟင္"

"Baekhyun တို႔အိမ္မွာရွိတဲ့လူေတြအေၾကာင္း အကုန္ေရးလို႔ရတယ္ေလ၊ အခု Baekhyun နဲ႔အတူတူေနေနတဲ့လူေတြက Baekhyun ရဲ့မိသားစုေတြေပါ့"

"အဲ့ဒါဆို ဦးေလးPark ေရာ ဦးဦးနဲ႔ေဒၚေဒၚတို႔အေၾကာင္းေရာပါေရးရမွာေပါ့ေနာ္"

"အင္းအင္း ဟုတ္တယ္"

"ဟုတ္ကဲ့"

Baekhyun ကေခါင္းေလးတညိမ့္ညိမ့္ျဖင့္ စာအုပ္ထုတ္ကာစာစေရးဖို႔ျပင္ေလသည္။သို႔ေပမယ့္ ဘယ္လိုအစခ်ီရမွန္းမသိတာမို႔ ဆရာမကိုၾကည့္လိုက္ၿပီး

"Hyunက ဘယ္လို႔စေရးရမွာလဲ ဆရာမ"

"အရင္ဆုံး ကိုယ့္ကိုယ္ကိုဘယ္သူဆိုတာေရး ေနာက္ၿပီးရင္ ကိုယ္ဘယ္သူနဲ႔ေနတယ္ဆိုတာကိုေရး အဲ့ဒီလူေတြနဲ႔ကိုယ္ကဘယ္လိုေတာ္စပ္တယ္ဆိုတာကိုပါထည့္ၿပီးေရး ၿပီးတာနဲ႔ အဲ့ဒီလူေတြဘာလုပ္တယ္ Baekhyun အေပၚဘယ္လိုဂ႐ုတစိုက္ရွိၾကတယ္ဆိုတာကိုပါထည့္ေရး ဟုတ္ၿပီလား"

ဆရာမရဲ့စကားအဆုံး Baekhyun ကမ်က္ႏွာေလးမဲ့ကာ ေခါင္းကုပ္သြားသည္။

"ဆရာမ"

"ေဟ"

"Hyunနားလည္သလိုပဲေရးလိုက္ေတာ့မယ္ေနာ္"

"ေအးပါ ေအးပါ ေရးေရး"

ထိုသို႔ျဖင့္ Baekhyun ကမိသားစုအေၾကာင္းစာပိုဒ္ေရးေနတဲ့အခ်ိန္ သူ႔အတန္းေဖာ္ေတြကေတာ့ သူတို႔တကၠသိုလ္ကေပးလိုက္တဲ့စာေတြကို တိုးတိုးတိတ္တိတ္လုပ္ေနၾကပါသည္။

:

"ဒုဥကၠဌ Park လက္ခံတယ္ဆိုတဲ့သတင္းၾကားရတာ အရမ္းဝမ္းသာတာပဲရွင္"

ထိုအမ်ိဳးသမီးရဲ့စကားကို Chanyeol ျပဳံး႐ုံသာျပဳံးၿပီးေခါင္းညိမ့္လိုက္သည္။

"ဒါဆိုေလ ရွယ္ယာဝင္ျဖစ္သြားတဲ့အထိမ္းအမွတ္အေနနဲ႔ ကၽြန္မနဲ႔အတူ ဆိုင္တစ္ဆိုင္မွာလိုက္ထိုင္ပါလားဟင္၊ ေကာ္ဖီေလးဘာေလးေသာက္ရတာေပါ့"

Chanyeol နာရီကိုၾကည့္လိုက္ေတာ့ ၁၀နာရီစြန္းစြန္းသာရွိေနေသးသည္။ထမင္းစားခ်ိန္က အေဝးႀကီးလိုေသးတာေၾကာင့္ေရာ ထိုအမ်ိဳးသမီးရဲ့ဖိတ္ေခၚမွုကလည္းျဖစ္သင့္တာေၾကာင့္ပါ Chanyeol လက္ခံလိုက္ပါသည္။

"ေကာင္းပါၿပီ၊ အနီးအနားကဆိုင္ပဲသြားၾကတာေပါ့"

:

မိသားစုအေၾကာင္းေရးတာ တစ္ဝက္ေလာက္ၿပီးသြားေတာ့ Baekhyun ကိုယ့္စာကိုယ္ျပန္ဖတ္ၾကည့္လိုက္သည္။သူေရးထားတဲ့စာက ၿပီးျပည့္စုံတယ္လို႔ေတာ့ သူ႔ကိုယ္သူထင္ပါသည္။သို႔ေပမယ့္ ေနာက္ဘာဆက္ၿပီးေရးရမလဲကိုမသိေတာ့။

"ဆရာမ"

"အင္း ေျပာေလ ေက်ာင္းသား"

"ကိုကို႔အလုပ္ကေလ ဥကၠဌက ဘာလုပ္တာလဲ၊ စာရြက္ေတြကို လက္မွတ္ထိုးတာလားဟင္"

ဆရာမကျပဳံးလိုက္ၿပီး

"အဲ့လိုမဟုတ္ဘူးကြဲ႕၊ ဥကၠဌက တိုက္ႀကီးေတြကိုေဆာက္တာ၊ Baekhyun လမ္းသြားရင္ျမင္ရတဲ့ အထပ္ျမင့္တိုက္ႀကီးေတြေလ၊ အဲ့လိုတိုက္မ်ိဳးေတြကို ဥကၠဌကေဆာက္တာ"

"ဟင္ ကိုကိုကတိုက္ႀကီးေတြေဆာက္တာလား၊ ဘယ္လိုေဆာက္တာလဲ၊ တစ္ေယာက္တည္းေဆာက္တာလား"

"မဟုတ္ဘူး Baekhyun ရဲ့၊ ဥကၠဌက လူအမ်ားႀကီးကိုပိုက္ဆံေပးၿပီးေတာ့ အဲ့ဒီလူေတြကိုေဆာက္ခိုင္းတာ၊ ဥကၠဌက ဘာလုပ္ရမယ္ဆိုတာကိုပဲ ညႊန္ၾကားေပးတာ ေျပာျပေပးပါ"

ဒီတစ္ခါလည္း Baekhyun ေခါင္းေလးကုပ္သြားရျပန္သည္။

"ဒါဆို Hyun နားလည္သလိုပဲေရးလိုက္မယ္ေနာ္ ဆရာမ"

"အင္းအင္း ရတယ္ ေရး"

"ဟုတ္ကဲ့၊ ဒါမဲ့ ခုေတာ့ Hyunကို အိမ္သာသြားခြင့္ျပဳပါ ဆရာမ"

မတ္တပ္ေလးရပ္ကာ လက္ညႇိုးေလးေထာင္ၿပီး Baekhyun ေျပာေတာ့ ဆရာမကေခါင္းညိမ့္သည္။

"သြား သြား၊ တစ္ေယာက္တည္းျဖစ္ရဲ့လား"

"ဟုတ္ကဲ့"

အေပါ့သြားခ်င္လာတာေၾကာင့္ Baekhyun အိမ္သာရွိရာဆီကိုသြက္သြက္ေလးထြက္ခဲ့သည္။အခုဆိုရင္ Baekhyun ကတစ္ရက္တာမွာမျဖစ္မေနလုပ္ရမယ့္အလုပ္ေတြကိုလည္း တစ္ေယာက္တည္းလုပ္တတ္ေနၿပီျဖစ္သည္။သို႔ေပမယ့္ သူ႔ကိုကိုနဲ႔ရွိေနရင္ေတာ့ သူ႔ကိုကိုကသာအစအဆုံးအကုန္လိုက္လုပ္ေပးပါသည္။သူ႔ကိုကိုအနားမွာရွိေနရင္ Baekhyun ကအျမဲတမ္းကေလးေလးပင္။

"ဟင္ ကိုကို"

Baekhyun အိမ္သာရွိရာဆီကိုသြားေနတုန္း အေနာက္ကိုအမွတ္မထင္လွည့္ၾကည့္လိုက္ေတာ့ ႐ုံးခန္းထဲကေန ကိုကိုက မိန္းမႀကီးတစ္ေယာက္ႏွင့္အတူ ထြက္လာၿပီး ဓာတ္ေလွကားဘက္ေလၽွာက္သြားတာကိုေတြ႕လိုက္ရသည္။

"ကိုကို!"

Baekhyun ေအာ္ေခၚလိုက္ေပမယ့္ သူ႔ကိုကိုကမၾကားဘဲ ဓာတ္ေလွကားထဲဝင္သြားကာ ဓာတ္ေလွကားတံခါးလည္းပိတ္သြားေလၿပီ။

"ဟင့္အင္း! ကိုကို!"

ထိုအခိုက္ Baekhyun ရဲ့အေတြးထဲခ်က္ခ်င္းေရာက္လာတဲ့အရာက မိန္းမႀကီးဟာ သူ႔ကိုကိုကိုဆြဲေခၚသြားတာဟူ၍ပင္။

"ကိုကို!"

"အယ္ Baekhyun"

သူမခုံအေရွ႕ကေန လွစ္ခနဲေျပးသြားတဲ့ Baekhyun ကိုအတြင္းေရးမွူးမေလးျမင္လိုက္ရသည္။ကျပာကယာပုံစံေလးႏွင့္မို႔ အေနာက္ကေနလိုက္ၾကည့္ေတာ့ Baekhyun ကမပြင့္ေတာ့တဲ့ဓာတ္ေလွကားကိုအႀကိမ္ႀကိမ္ထုရိုက္ေနၿပီးေနာက္ ေလွကားရွိရာဘက္ကိုေျပးေလသည္။

"Baekhyun! Baekhyun! ဘယ္လဲ!"

ေဒါက္ျမင့္ဖိနပ္နဲ႔မို႔ သူမရဲ့ေျခလွမ္းေတြကမသြက္တဲ့အခါ Baekhyun ကေတာ့ေလွကားကေနေတာက္ေလၽွာက္ေျပးဆင္းသြားၿပီျဖစ္သည္။

"ခဏေနပါဦး! Baekhyun!"

ေနာက္ဆုံးေတာ့ ႀကံရာမရတဲ့အဆုံး သူမလည္းဖိနပ္ခၽြတ္ၿပီးေျပးလိုက္ရေလၿပီ။ဒါေတာင္ ဒူးအနားထိေရာက္ေနတဲ့စကပ္ကတုတ္ေနေသးသည္။

:

"အယ္ မိုးရြာေနတာပဲ"

ေဆာင္းတြင္းႀကီးကို မိုးေတြကဝုန္းဒိုင္းက်ဲရြာေနသည္။ထို႔ေၾကာင့္ Chanyeol အျပင္မထြက္ခ်င္ေတာ့ေပမယ့္လည္း တစ္ဖက္အမ်ိဳးသမီးကဘာမွေျပာမလာတဲ့အခါ လုံျခဳံေရးဝန္ထမ္းထုတ္ေပးထားတဲ့ကားေပၚကိုတက္လိုက္ရသည္။ဒီကားက Chanyeol ရဲ့ကားမဟုတ္ဘဲ ကုမၸဏီကေနတစ္ဆင့္အျပင္သြားတဲ့အခါမ်ိဳးမွာသာသုံးတဲ့ကားျဖစ္သည္။

"Chanyeol ရဲ့ကားနဲ႔ပဲလိုက္ခဲ့မယ္ေနာ္၊ အျပန္က်မွပဲ ကၽြန္မရဲ့ကားကိုဝင္ယူလိုက္မယ္ေလ"

Chanyeol ေခါင္းသာညိမ့္လိုက္သည္။ဒီကားကသူ႔ကားမဟုတ္တာေၾကာင့္ ဘယ္သူမဆို ဘယ္ေနရာကေနမဆို လိုက္လို႔ရပါသည္။သူ႔ကားသာဆိုရင္ေတာ့ ထိုအမ်ိဳးသမီးကို သူမကားနဲ႔သာသပ္သပ္သြားဖို႔ေျပာျဖစ္မွာပင္။

Chanyeol ဆီကခြင့္ျပဳခ်က္ရတာနဲ႔ အမ်ိဳးသမီးကခပ္ျပဳံးျပဳံးျဖင့္ကားေပၚတက္လာသည္။သူမတက္ၿပီးတာနဲ႔ Chanyeol လည္းကားေမာင္းထြက္လိုက္ပါသည္။အခ်ိန္ေတြၾကာေနလို႔မျဖစ္ပါ။

"ကိုကို! သြားနဲ႔! အီးးဟီးး"

သူ႔ကိုကိုက မိန္းမႀကီးႏွင့္အတူ ကားေမာင္းၿပီးထြက္သြားတာကိုျမင္လိုက္တဲ့အခါ Baekhyun ေအာ္ငိုေတာ့သည္။မိုးေတြကလည္းရြာေနတာမို႔ ဆက္ၿပီးေျပးလိုက္ဖို႔ကိုတြန့္ဆုတ္ေနရသည္။သို႔ေပမယ့္လည္း သူမွမတားနိုင္ရင္ သူ႔ကိုကိုက မိန္းမႀကီးအေနာက္ကိုပါသြားေတာ့မွာမို႔ Baekhyun လည္းမိုးေရထဲေျပးထြက္လိုက္ပါသည္။

"အီးးဟီးး ကိုကို! လိုက္သြားနဲ႔!"

မိုးေတြကသည္းႀကီးမည္းႀကီးရြာေနတာမို႔ ဘာကိုမွရွင္းရွင္းလင္းလင္းမျမင္ရတဲ့အခါ သူ႔ကိုကိုေမာင္းသြားတဲ့ကားဟုထင္ရတဲ့ကားအေနာက္ကို Baekhyun ေျပးလိုက္သည္။သို႔ေသာ္ ကားကျမန္ေနတဲ့အခါ အစအနေပ်ာက္သြားခဲ့သည္။

Baekhyun ေရာက္တဲ့ေနရာမွာရပ္ၿပီး ပတ္ဝန္းက်င္ကိုဟိုဒီၾကည့္ကာ ေအာ္ငိုေနပါသည္။ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို လမ္းေဘးနားမွာထိုင္ခ်လိုက္သည္။သူရွက္သြားတာပင္။အစကတည္းကအေပါ့သြားခ်င္ေနတဲ့အရွိန္ေၾကာင့္ အေပါ့သြားလိုက္မိသည္။မိုးေရေတြနဲ႔ေရာေနတဲ့အခါ ဘယ္သူမွသတိထားမိလိမ့္မည္မဟုတ္ေပမယ့္ သူ႔အေၾကာင္းသူသိတဲ့ Baekhyun ကေတာ့ေနရာမွာတင္ က်ဳံ႕က်ဳံ႕ေလးထိုင္ေနပါသည္။

"Baekhyun! Baekhyun!"

ထိုအခ်ိန္မွာပဲ Baekhyun ရဲ့အနားကို အတြင္းေရးမွူးမေလးႏွင့္အတူ ကုမၸဏီရဲ့ဝန္ထမ္းအခ်ိဳ႕က ထီးေတြကိုင္ၿပီးေရာက္လာၾကသည္။သို႔ေပမယ့္လည္း Baekhyun ကေတာ့ေကြးေကြးေလးထိုင္ေနၿပီး ဘယ္သူ႔ကိုမွစကားမေျပာပါေပ။

:

Ring Ring Ring!

ကားေမာင္းေနစဥ္ ဖုန္းျမည္လာသံေၾကာင့္ၾကည့္လိုက္ေတာ့ unknown number ျဖစ္ေနသည္။သို႔ေပမယ့္လည္း Chanyeol လက္ခံလိုက္သည္။

"ဟဲလို Park Chanyeol ေျပာေနပါတယ္"

"ဥကၠဌ"

"အတြင္းေရးမွူး လီ လား"

"ဟုတ္တယ္ရွင့္၊ ဒီမွာေလ..."

"ဖုန္းက တျခားနံပါတ္ႀကီးေနာ္"

"အာ ဟုတ္တယ္ရွင့္၊ ကၽြန္မဖုန္း အေပၚမွာက်န္ခဲ့လို႔၊ ဥကၠဌ ဒီမွာေလ Baekhyun..."

ကၽြီ!!

"အမေလး!"

႐ုတ္တရပ္ဘရိတ္အုပ္လိုက္ျခင္းေၾကာင့္ ေဘးနားကအမ်ိဳးသမီးလန့္သြားတာကို ဂ႐ုမစိုက္နိုင္ပါဘဲ Chanyeol ကားကိုအလ်င္အျမန္ပဲ လမ္းေၾကာင္းျပန္လွည့္လိုက္ပါသည္။

:

"Hyunေလး! Hyunေလး!"

ကားရပ္ရပ္ခ်င္းကားေပၚကဆင္းၿပီး လူအုံေနတဲ့ေနရာကို Chanyeol ေျပးသည္။သည္းႀကီးမည္းႀကီးမရြာေတာ့ေပမယ့္ တေျဖာက္ေျဖာက္က်ဆင္းေနတဲ့မိုးေရစက္ေတြေၾကာင့္ Chanyeol ရဲ့တစ္ကိုယ္လုံးလည္းစိုသြားေလၿပီ။

"Hyunေလး!"

Chanyeol ကိုလည္းျမင္ေရာ Hyunေလးကို ထီးဝိုင္းေဆာင္းေပးထားတဲ့ လူအုပ္ကလမ္းဖယ္ေပးၾကသည္။အကုန္လုံးကလည္း ကုမၸဏီမွဝန္ထမ္းေတြျဖစ္ၾကသည္။Chanyeol ရဲ့အသံကိုၾကားေတာ့ Hyunေလးကဆတ္ခနဲဆိုေမာ့ၾကည့္လာသည္။တစ္ကိုယ္လုံးရႊဲရႊဲစိုေနၿပီး ႏွုတ္ခမ္းပါးေလးတုန္ယင္ေနပုံက Chanyeol ရဲ့ရင္ကို အစိတ္စိတ္အမႊာမႊာျဖစ္ေစပါသည္။

"ကိုကို..."

"ကိုကို႔ ကေလးေလးရယ္!"

ခ်က္ခ်င္းပဲဒူးေထာက္ခ်လိုက္ၿပီး ေကြးေကြးေလးထိုင္ေနသူေလးကို ရင္ခြင္က်ယ္ႀကီးထဲထည့္ကာ Chanyeol ေပြ႕ပိုက္လိုက္သည္။အေႏြးထည္အကၤ်ီထူထူမွာစိုရႊဲေနတဲ့ေရေတြက ညႇစ္ခ်လို႔ေတာင္ရေလာက္ပါသည္။အခုအခ်ိန္မွာ Hyunေလး ေႏြးေထြးဖို႔ကသာအဓိကမို႔ တျခားဘာအေၾကာင္းအရင္းကိုမွမေမးေသးဘဲ Hyunေလးကိုေပြ႕ခ်ီၿပီး ကုမၸဏီထဲကိုသာျပန္ေခၚခဲ့လိုက္သည္။

ဥကၠဌတို႔စုံတြဲထြက္သြားေတာ့မွ ဝန္ထမ္းေတြလည္းအေနာက္ကေနထီးလိုက္ေဆာင္းေပးၾကၿပီး ကိုယ့္ေနရာကိုယ္ျပန္ၾကပါသည္။

.................................................................................

"ဟပ္ခ်ိဳး!"

ႏွာတေခ်ေခ်ျဖစ္ေနတဲ့ကေလးေလးကို Chanyeol ရင္ခြင္ထဲမွာ တင္းတင္းက်ပ္က်ပ္ေထြးပိုက္ထားသည္။ထို႔အျပင္ ႏွစ္ေယာက္လုံးရဲ့ကိုယ္ေပၚကိုလည္းေစာင္ထူထူျဖင့္လႊမ္းျခဳံထားလိုက္သည္။Chanyeol ကခုတင္ေခါင္းရင္းကိုေက်ာမွီကာေျခဆင္းထိုင္ေနၿပီး သူ႔ကေလးေလးကေတာ့သူ႔ေပါင္ေပၚမွာေဘးတေစာင္းထိုင္ကာ ရင္ခြင္က်ယ္ကိုေခါင္းမွီထားပါသည္။

ေရေတြစိုရႊဲေနတဲ့ Hyunေလးကို ႐ုံးခန္းထဲမွာရွိတဲ့အဝတ္အစားအပိုေတြလဲေပးၿပီးတာနဲ႔ Chanyeol အိမ္ျပန္လာခဲ့တာျဖစ္သည္။အိမ္ရဲ့အိပ္ခန္းေလာက္ ေႏြးေထြးတဲ့ေနရာမရွိနိုင္ပါ။Hyunေလးကေက်ာင္းေန႔တစ္ဝက္နားလိုက္ရသလို Chanyeol လည္းကုမၸဏီမွေန႔တစ္ဝက္ျဖင့္ျပန္လာခဲ့တာပင္။အိမ္ျပန္ေရာက္ေရာက္ခ်င္း ေန႔လည္စာစားၿပီးသြားၾကတာနဲ႔ ႏွစ္ေယာက္သားအခန္းထဲမွာလာေခြေနၾကတာျဖစ္သည္။

"ေအးေနေသးလား ကေလးေလး"

"ဟုတ္..ရႊတ္!"

Hyunေလးက ႏွာရည္ေတြလည္းယိုေနၿပီျဖစ္သည္။Chanyeol တြက္ထားတဲ့အတိုင္းပဲ Hyunေလးဖ်ားေခ်ၿပီ။ခုတင္ေဘးစားပြဲေပၚကဖုန္းကိုလက္တစ္ဖက္ျဖင့္ယူလိုက္ၿပီး အသိမိတ္ေဆြဆရာဝင္တစ္ေယာက္အား Chanyeol ဖုန္းေခၚလိုက္သည္။

"ဟဲလို Suho Hyung"

"..............."

"ဟုတ္တယ္ Hyung၊ ကၽြန္ေတာ္ဆရာဝန္ပင့္ခ်င္လို႔ပါ"

"................"

"ကၽြန္ေတာ့္ အမ်ိဳးသားပါ၊ ညေနပိုင္းေလာက္အဆင္ေျပမလား Hyung၊ အခုေတာင္ ကေလးကကိုယ္ေငြ႕ေလးရွိေနလို႔"

"................"

"ဒါဆို ဒါပဲေနာ္ Hyung"

"ကိုကို ဘယ္သူလဲ"

ဖုန္းခ်လိုက္ၿပီးတာနဲ႔ Hyunေလးက ေခါင္းေလးေမာ့ၾကည့္ၿပီးတန္းေမးလာသည္။

"ေဒါက္တာေခၚလိုက္တာ၊ Hyunေလးေနမေကာင္းတာကိုျပမလို႔ေလ"

"Hyunက ခုေခါင္းနာေနတာ"

ေခါင္းမူးေနတာကိုေျပာခ်င္တာျဖစ္ပါလိမ့္မည္။ရင္ခြင္ထဲကကိုယ္လုံးေလးကို Chanyeol ပိုတိုးလို႔ေပြ႕ဖက္လိုက္ၿပီး ေခါင္းလုံးလုံးေလးအားတစ္ဝႀကီးနမ္းရွိုက္လိုက္သည္။

"ရႊတ္! ခဏေနရင္ ေပ်ာက္သြားမွာေနာ္၊ အခု မ်က္လုံးေလးမွိတ္ၿပီး ကိုကို႔ရင္ခြင္ထဲကိုမွီထား"

"ဟုတ္ကဲ့"

"အဲ့ဒါဆို နားနားေနေနေနၿပီး ကိုကိုေမးတာကိုေျဖေနာ္"

"အြန္း!"

"ဘာလို႔ စာသင္ခန္းထဲမရွိဘဲ မိုးေရထဲမွာေရာက္ေနတာလဲ ကေလးေလး"

"ကိုကို Hyunကေလ...."

Chanyeol ေမးလိုက္တာနဲ႔ ရင္ခြင္ထဲကေနအသံတိုးတိုးေလးထြက္လာၿပီး သူေလးျဖစ္သမၽွကိုစီကာပတ္ကုံးေျပာျပပါေတာ့သည္။ေနာက္ဆုံးသိလိုက္ရတာကေတာ့ ကေလးေလးကိုဒီလိုျဖစ္ေစတဲ့တရားခံက Chanyeol ကိုယ္တိုင္ဆိုတာကိုပင္။ရင္နာလိုက္ရတဲ့ျဖစ္ျခင္း။

"Hyunက ႐ူး႐ူးေပါက္ခ်မိလိုက္တာ အဟင့္!"

Chanyeol ရဲ့ကေလးေလးက အသိဥာဏ္ႂကြယ္လာတာႏွင့္အမၽွ ရွက္လည္းရွက္တတ္လာပါေသးသည္။သို႔ေပမယ့္ Chanyeol နဲ႔ဆိုရင္ေတာ့ အျမဲတမ္းပြင့္ပြင့္လင္းလင္းပင္။

"မိုးေတြလည္းရြာေနတာဆိုေတာ့ ဘယ္သူမွမသိပါဘူး Hyunေလးရဲ့၊ မရွက္နဲ႔ေတာ့ ေနာ္"

"ဟုတ္.."

"ကေလးေလးရယ္ အဲ့ဒီအမ်ိဳးသမီးက ကိုကိုနဲ႔အလုပ္အတူတူလုပ္တဲ့လူပါ၊ ကိုကို႔ကို ဘယ္မွဆြဲေခၚမသြားဘူး တကယ္လို႔ သူဆြဲေခၚရင္လည္း ကိုကိုကမလိုက္ပါဘူး၊ ကိုကိုက သူ႔ထက္အားသန္တယ္၊ သူကိုကို႔ကိုဆြဲေခၚလို႔မရဘူးေနာ္၊ Hyunေလး ဘာမွစိတ္ပူမေနနဲ႔"

"တကယ္လားဟင္.."

"တကယ္ေပါ့ ကေလးေလးရဲ့၊ ကိုကို႔ကို မင္းတစ္ေယာက္ကလြဲၿပီး ဘယ္သူမွဆြဲေခၚလို႔မရပါဘူး Hyunေလးရယ္၊ ကိုကိုေျပာတာေသခ်ာမွတ္ထားေနာ္၊ ဟုတ္ၿပီလား ကေလးေလး"

"ဟုတ္ကဲ့!"

အခုမွပဲ တစ္ဦးတည္းေသာအသည္းအသက္ေလးရဲ့အသံက ခပ္သြက္သြက္ေလးျပန္ျဖစ္သြားေတာ့သည္။Chanyeol သက္ျပင္းခ်လိုက္မိၿပီး ရင္ခြင္ထဲကလူသားေလးကိုသာ နင့္နင့္နဲနဲဖက္ထားလိုက္ပါသည္။

:

"အေအးပက္သြားတာပါ၊ လိုရမယ္ရေဆးတစ္လုံးထိုးေပးခဲ့မယ္ေနာ္"

"ကိုကို.."

ေဆးထိုးမယ္ဆိုတဲ့အသံေၾကာင့္ Chanyeol ကိုမ်က္ႏွာငယ္ေလးျဖင့္ၾကည့္လာသည္။သို႔ေပမယ့္လည္း အဖ်ားတာရွည္သြားရင္ Hyunေလးခံစားေနရမွာစိုးတာေၾကာင့္ ခဏတာနာက်င္မယ့္နည္းကိုသာေရြးလိုက္ရသည္။

"ဘယ္ေနရာကိုထိုးမွာလဲ Hyung"

"တင္ပါးကို"

Hyunေလးအနားကို Chanyeol သြားၿပီးေဘာင္းဘီေလးကိုအသာဆြဲခ်ေပးလိုက္ေတာ့ ကေလးေလးကမ်က္လုံးစုံမွိတ္ထားသည္။

"ပုရြက္ဆိတ္ကိုက္သေလာက္ပဲနာမွာပါ Baekhyun ရဲ့"

Suho Hyung ကေဆးထိုးအပ္ျပင္ေနရင္း ခပ္ျပဳံးျပဳံးျဖင့္ေျပာေလေတာ့ Hyunေလးျပန္ေျပာသည္က

"ပုရြက္ဆိတ္ကိုက္တာလည္း ရမ္းနာတာပဲေလ"

ထိုအခါ Suho Hyung ကခပ္ဟဟရယ္ရင္းျဖင့္ ေဆးထိုးေပးပါသည္။

"အာ့!"

တုန့္ခနဲျဖစ္သြားတဲ့ကိုယ္လုံးေလးႏွင့္အတူ ထြက္လာတဲ့အသံသဲ့သဲ့ေလး။ေဆးထိုးၿပီးသြားနဲ႔ တင္ပါးအိအိေလးကို Chanyeol ေသေသခ်ာခ်ာေလးေခ်ေပးေနလိုက္သည္။

"ေဆးကိုသုံးရက္စာေပးခဲ့မယ္ေနာ္၊ သုံးရက္ေနလို႔မွမသက္သာေသးရင္ Hyungေနာက္တစ္ေခါက္ထပ္လာခဲ့မယ္"

"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ Hyung"

"ရပါတယ္ကြာ၊ ကေလးကိုသာ ဂ႐ုစိုက္"

စကားတေျပာေျပာျဖင့္ Hyung ကေဆးေတြသုံးရက္စာစပ္လိုက္ၿပီး Chanyeol ကိုကမ္းေပးသည္။

"ဟုတ္ကဲ့ Hyung"

"သား Baekhyunေလး သက္သာရဲ့လား"

ထိုအခ်ိန္ အေမးစကားႏွင့္အတူ အခန္းထဲကို အေဖဝင္လာသည္။

"သက္သာတယ္ အေဖ၊ အခုပဲ ေဆးထိုးၿပီးတာ"

"ဦးေလး"

"ေအး Suho၊ မေတြ႕ရတာေတာင္ၾကာၿပီ၊ အလုပ္အကိုင္အဆင္ေျပတယ္မလား"

"ေျပတယ္ ဦးေလး၊ မေတြ႕ရတာၾကာဆို ဦးေလးက က်န္းမာေရးေကာင္းတာကိုးဗ်၊ ကၽြန္ေတာ္ကေတာ့ မေတြ႕ရတာဘဲေကာင္းတယ္လို႔ မွတ္တယ္ဗ်ာ"

"ေအးကြာ၊ ေဒါက္တာႀကီးေျပာတာလည္း ဟုတ္သလိုလိုရွိသား"

အေဖေရာ Suho Hyung ေရာကအျပဳံးေတြျဖင့္ အခ်င္းခ်င္းစကားေျပာေနၾကတဲ့အခ်ိန္ Chanyeol ကေတာ့ေဆးေခ်ေပးလို႔ေကာင္းေနတုန္းပင္။Suho Hyung ကအသားျဖဴျဖဴ ႐ုပ္ေခ်ာေခ်ာျဖင့္ အေတာ္ေလးလည္း သေဘာေကာင္းသည္။ဆရာဝန္ထဲမွာဆိုရင္ေတာ့ ႐ုပ္ျမင္လိုက္တာနဲ႔ ေရာဂါတစ္ဝက္ေက်ာ္ေက်ာ္ေလာက္သက္သာသြားေစမယ့္ ဆရာဝန္မ်ိဳးပင္။Chanyeol နဲ႔က အရမ္းႀကီးလည္းအကၽြမ္းတဝင္ရင္းႏွီးတာမ်ိဳးမဟုတ္ေပမယ့္ Suho Hyung ရဲ့အေဖက ကုမၸဏီမွရွယ္ယာဝင္တစ္ဦးဆိုေတာ့ မိတ္ေဆြသေဘာခင္မင္ၾကပါသည္။အိမ္ကလူေတြက်န္းမာေရးေသးေသးမႊားမႊားတစ္ခုခုျဖစ္တိုင္းလည္း Hyung ကိုသာေခၚေနၾကပင္။

"ကဲ ဒါဆို ကၽြန္ေတာ္ျပန္လိုက္ဦးမယ္ဗ်ာ"

"ညေနစာစားၿပီးမွျပန္ပါလား ငါ့တူရ"

"မစားေတာ့ဘူး ဦးေလး၊ ကၽြန္ေတာ္ ဒီကအျပန္ လူနာသြားၾကည့္ရဦးမွာမို႔လို႔ပါ"

"ေအးပါ ေအးပါ၊ ကဲ လာ ဦးေလး အိမ္ေရွ႕ထိလိုက္ပို႔မယ္၊ မင္းညီကေတာ့ ျမင္တဲ့အတိုင္းပဲ သူ႔ကေလးအနားကခြါလို႔မရေသးဘူး"

"ရပါတယ္ဗ်ာ၊ Hyung ျပန္ၿပီေနာ္ Chanyeol"

"ဟုတ္ကဲ့ Hyung၊ ေကာင္းေကာင္းသြားပါဗ်"

"Baekhyun ေရာပဲ၊ Hyung ျပန္ၿပီေနာ္၊ ေနေကာင္းေအာင္ေန ၾကားလား"

"ဟုတ္ကဲ့၊ ေကာင္းေကာင္းသြားပါဗ်"

Hyunေလးက Chanyeol ႏွုတ္ဆက္သလိုလိုက္ႏွုတ္ဆက္ၿပီးတာနဲ႔ မ်က္ႏွာေလးကိုခ်က္ခ်င္းပဲလႊဲလိုက္သည္။သူေလးကိုေဆးထိုးထားလို႔ Hyung ကိုသိပ္ၿပီးေက်နပ္ပုံမရပါ။Suho Hyung ကေတာ့ခပ္ျပဳံးျပဳံးျဖင့္ အေဖ့အေနာက္ကေနလိုက္သြားပါသည္။

"နာေနေသးလား Hyunေလး"

"နည္းနည္းပဲ၊ ကိုကိုက Hyunကိုေဆးထိုးခိုင္းတာ"

ႏွုတ္ခမ္းေလးစူကာ မ်က္ေမွာင္ေလးၾကဳံ႕ၾကည့္ၿပီးေျပာလာသည္။သူေလးမေက်နပ္တဲ့အထဲ Chanyeol ပါပါတယ္ထင္ပါသည္။

"ဪ Hyunေလးရယ္၊ ကိုကိုက Hyunေလးျမန္ျမန္ေနေကာင္းေအာင္ပါ၊ မဟုတ္ရင္ ေခါင္းအၾကာႀကီးနာေနလိမ့္မယ္"

"ဟင့္! ေခါင္းနာတယ္"

Chanyeol ေျပာလိုက္မွ ေခါင္းမူးေနတာကို သူေလးသတိရသြားေလၿပီ။

"အင္းအင္း ကိုကိုရွိတယ္ေနာ္၊ ကိုကိုႏွိပ္ေပးမွာေပါ့၊ ေခါင္းနာေနတာသက္သာေအာင္ လုပ္ေပးမယ္ေနာ္"

"ဟင့္!"

Hyunေလးရဲ့ေဘးနားမွာ Chanyeol ေဘးတေစာင္းဝင္လွဲလိုက္ၿပီး ကိုယ္ေငြ႕ေႏြးေႏြးရွိေနတဲ့ကိုယ္လုံးေလးကို ရင္ခြင္ထဲထည့္ဖက္လိုက္ကာ လက္တစ္ဖက္ကေတာ့ ေခါင္းလုံးလုံးေလးကိုဖြဖြႏွိပ္နယ္ေပးေနလိုက္သည္။အဖ်ားရွိန္ေၾကာင့္ တအင္းအင္းညည္းညဴေနတဲ့ကေလးေလးက Chanyeol ရဲ့ခါးကိုလက္ကေလးတစ္ဖက္ျဖင့္ တင္းတင္းက်ပ္က်ပ္ဖက္ထားၿပီး ရင္ခြင္ထဲမွာမ်က္လုံးေလးမွိတ္ကာ မွိန္းေနေလပါသည္။

:

"အြန့္! ေဝါ့!"

"ကေလးေလးရယ္"

ညႀကီးမင္းႀကီးအိပ္ေနရာမွနိုးလာၿပီး ေခါင္းမူးတယ္ဆိုကာ ညေနကစားထားသမၽွေတြျပန္အန္ထုတ္ေနတဲ့ Hyunေလးေၾကာင့္ Chanyeol မ်က္စိမ်က္ႏွာပ်က္ေနရေလၿပီ။ျဖစ္နိုင္ရင္ Hyunေလးခံစားေနရသမၽွေဝသနာေတြကို အခုခ်က္ခ်င္းပဲ Chanyeol လႊဲေျပာင္းယူလိုက္ခ်င္ပါသည္။

"ရလား Hyunေလး၊ အန္ခ်င္ေသးလား"

"ဟင့္! ကိုကို အီးးဟီးး"

"အင္းပါ ကေလးရယ္၊ ေပ်ာက္သြားမွာေနာ္၊ မနက္က်ရင္သက္သာသြားေတာ့မွာပါ"

"အီးးဟီးး"

"အင္းပါ အင္းပါကြယ္၊ ကိုကိုဖက္ထားေပးမွာေပါ့၊ လာ လာ ေရေလးအရင္ေသာက္ၿပီး အာလုတ္က်င္းလိုက္"

Hyunေလးက ေျပာတဲ့အတိုင္းအာလုတ္က်င္းၿပီးတာနဲ႔ Chanyeol ရဲ့ရင္ခြင္ထဲကိုကုပ္တြယ္တက္လာသည္။

"အင္းအင္း ကိုကို ခ်ီမယ္ေနာ္"

ကေလးေလးကို ရင္ခ်င္းဆိုင္ပင့္ခ်ီလိုက္ၿပီး အိပ္ရာဆီျပန္လာခဲ့လိုက္သည္။လည္တိုင္ကိုခပ္တင္းတင္းဖက္ထားတဲ့ကေလးေလးက မလႊတ္ေပးေတာ့ Chanyeol အိပ္ရာေပၚမွာပက္လက္လွဲလိုက္ၿပီး Hyunေလးကိုသူ႔ကိုယ္ေပၚမွာတင္ထားလိုက္သည္။ထို႔ေနာက္ ႏွစ္ေယာက္လုံးရဲ့ကိုယ္ေပၚကိုေစာင္ထူထူဆြဲျခဳံထားလိုက္သည္။ကေလးေလးရဲ့ကိုယ္အပူခ်ိန္ကိုစမ္းၾကည့္လိုက္ေတာ့ အပူခ်ိန္မမ်ားလို႔ေတာ္ပါေသးသည္။

"ကို..ကို"

"အင္း ကိုကိုရွိတယ္၊ ကိုကိုရွိတယ္ေနာ္၊ Hyunေလးဗိုက္ဆာလား တစ္ခုခုစားမလား"

"ဟင့္! အိပ္မွာ"

"အင္းပါ အင္းပါ အဲ့ဒါဆိုလည္းအိပ္မယ္ေနာ္၊ ကိုကိုနဲ႔အတူတူအိပ္ၾကမယ္၊ ကိုကို႔အေပၚမွာအိပ္"

"ဟုတ္..ေခါင္းနာတာ ဟင့္!"

"သက္သာသြားေအာင္ ကိုကိုႏွိပ္ေပးမယ္ေနာ္"

လက္တစ္ဖက္က ရင္ဘက္ေပၚမွာေမွာက္အိပ္ေနတဲ့ Hyunေလးကိုေထြးေပြ႕ထားၿပီး က်န္လက္တစ္ဖက္ကလက္ေခ်ာင္းေတြျဖင့္ ေခါင္းေလးကိုအသာဖိႏွိပ္ေပးေနလိုက္ေတာ့ ခဏအၾကာမွာပဲ ညည္းသံေလးေတြသာထြက္ၿပီး အိပ္ေပ်ာ္သြားေလၿပီ။

ထိုေန႔ညက Chanyeol တစ္ညလုံးအိပ္မေပ်ာ္နိုင္ပါ။သူ႔ကေလးေလးကိုသက္သာေစခ်င္တဲ့စိတ္ေၾကာင့္ပဲ ေခါင္းေလးကိုဖိႏွိပ္ေပးေနတာအား ခဏေလးေတာင္မရပ္တန့္ျဖစ္ခဲ့ပါေပ။

.................................................................................

(ဆက္ရန္)
(၁၄.၇.၂၀၂၃)

Stream ၾကပါဦးေနာ္ Cream Soda ကို🫶🏻EXO-Ls ေတြကအမ်ားႀကီးေတာ္ၾကပါတယ္ ဖိုက္တင္း!!!!🤍 IDOCHAMP မွာလည္း Vote ၾကပါဦးေနာ္🫶🏻

Lanjutkan Membaca

Kamu Akan Menyukai Ini

302K 33.3K 44
Bl fiction own creation Author by Yawnathan start date ( 27. jul. 20) ယောကျာ်းလေးတစ်ရောက်ဖြစ်ပင်မဲ့သေသွားတဲ့အမနေရာမှာအစားထိုကာ တိုင်းပြည်ရဲ့အိမ်ရှေ့...
57.5K 15.1K 53
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
446 54 7
စာအုပ်တစ်အုပ်ထုတ်ဖို့ပြင်နေတဲ့ online စာရေးဆရာလေး ဝေလွန်းအိမ် တစ်ယောက်၊ စာအုပ်ထုတ်ဖို့ လုပ်နေတုန်းမှာ စာအုပ်ပါ exတွေရဲ့ နာမည်ကို ခွင့်ပြုချက်မရဘဲ သုံ...
269K 17.5K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...