ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (...

By SumiHikaru

5.8K 432 118

ယွင်လင်၊ လုချွမ်း မူရင်းစာရေးသူ - ချင်းယွင်တန့်(သန့်) More

(၀)
(၁) Public Beta
(၂) Public Beta
(၃) လွင့်မျောတိမ်လွှာစခန်း
(၄) လွင့်မျောတိမ်လွှာစခန်း
(၅) S အဆင့်စွမ်းရည်
(၆) S အဆင့်စွမ်းရည်
(၇) လှုပ်ရှားမှုပြုလုပ်ခြင်း
(၈) လှုပ်ရှားမှုပြုလုပ်ခြင်း
(၉) ညရောက်ရှိလာခြင်း
(၁၀) ညရောက်ရှိလာခြင်း
(၁၁) ညရောက်ရှိလာခြင်း
(၁၂) ညရောက်ရှိလာခြင်း
(၁၄) စူပါမားကတ်

(၁၃) စူပါမားကတ်

210 17 0
By SumiHikaru

Unicode

သူမက ကြေးနီပြားများကို ကောက်ယူလိုက်ပြီးသည့်အခါ ကားရှိရာဘက်သို့ ကြည့်လို​က်ပြီး ကားနောက်ဘက်ခြမ်း၌ ကြီးမားသည့် အရွယ်အစားရှိ ခရီးဆောင်အိတ်နှစ်လုံးကို မြင်လိုက်ရသည်။


သူမက ၎င်းကို ဖွင့်လိုက်၏။ တစ်အိတ်တွင် အဝတ်အစားများ၊ ဖိသိပ်ဘီစကစ်* ဆယ်ထုပ်၊ ရေရှစ်ပုလင်း၊ အသားဘူး ငါးသေတ္တာ ပါဝင်သည်။ အခြားတစ်အိတ်တွင် ရွက်ဖျင်တဲတစ်ခု၊ အိပ်ရာအိတ်တစ်ခု* နှင့် စခန်းချမီးအလင်းတို့ ရှိသည်။

ယွင်လင်က သူ ကားမောင်းလာသည်မှာ မထူးဆန်းဟု တွေးလိုက်မိသည်။ သူ့တွင် ပစ္စည်းများစွာရှိပြီး အရာအားလုံးကို သယ်ယူရန် မဖြစ်နိုင်ပေ။ ကားမောင်းလာခြင်းမှာ သူက အရာအားလုံးကို သယ်ဆောင်လာနိုင်သည်ဟု ဆိုလိုပေသည်။


သို့သော် သူက မွန်းစတားတစ်ကောင်၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး မတော်တဆ သူ့အသက် ဆုံးရှုံးခဲ့ရသည်။


ဖိသိပ်ဘီစကစ်များ၊ ရေပုလင်းများနှင့် အသားတို့က ထိပင်မထိရသေးပေ။ သူမက အဝတ်အစားများကို လွှင့်ပစ်လိုက်ပြီး အခြားအိတ်ထဲမှ ရွက်ဖျင်တဲကို ယူလိုက်၏။ ထို့ပြင် ယွင်လင်က အိပ်ရာအိတ်နှင့် အခြားသော လိုအပ်နိုင်သည့် ပစ္စည်းများကို အိတ်တစ်အိတ်ထဲတွင် စုပေါင်းကာ ထည့်လိုက်သည်။

သပ်သပ်ရပ်ရပ် ထုပ်ပိုးပြီးနောက် သူမက လီနင်ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။ ယွင်လင်က လမ်းလျှောက်ကြည့်လိုက်သည့်အခါ ကျောပိုးအိတ်ထဲမှ ပစ္စည်းများ၏ မည်သည့်အလေးချိန်ကိုမှ မခံစားရသည့်အတွက် စိတ်ကျေနပ်သွားခဲ့သည်။ "ထင်ထားသလိုပဲ အရမ်းအဆင်ပြေတယ်။"

သူမက အဝေးသို့ ကြည့်လိုက်သည်။ ထိုနေရာ၌ အခြားသူများ မရှိခဲ့ပေ။ ၎င်းက ဗလာဖြစ်နေသည့် မြို့တစ်မြို့ကဲ့သို့ အလွန် တိတ်ဆိတ်နေခဲ့၏။ သူမက တွေးလိုက်ပြီး စူပါမားကတ်သို့ အရင်သွားကြည့်ရန် စီစဥ်လိုက်သည်။

လမ်းထက်တွင် မြင်ကွင်းက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ အဆောက်အဦးများကို နွယ်ပင်များဖြင့် ဖုံးလွှမ်းထားခဲ့ပြီး ​ကားများက ဂျွမ်းထိုးမှောက်ခုံဖြစ်သည်က ဖြစ်ကာ အပျက်အစီးများအဖြစ် စုပုံနေသည်လည်း ရှိ၏။ လမ်းတလျှောက်ရှိ ဆိုင်တံခါးများက ပွင့်ဟနေပြီး မွှေနှောက်ရှာဖွေခံထားရသည့်ပုံ ပေါ်ပေသည်။

အဆိုးဆုံးမှာ မုန့်ဖုတ်ဆိုင်များဖြစ်သည်။

ယွင်လင်သည် တစ်ကြိမ်က ထိုဆိုင်များကို ပစ်မှတ်ထားခဲ့ဖူး၏။ သို့သော် ပထမဆုံးနေ့၏ အချိန်က အကန့်အသတ်ရှိပြီး သူမတွင် လုပ်စရာအလုပ်များစွာ ရှိလေရာ အချိန်မီ လှုပ်ရှားနိုင်ခြင်းမရှိခဲ့ပေ။ သူမ ယခု ဖြတ်သွားသည့်အခါ ပန်းကန်များက ပျက်စီးနေခဲ့ပြီး ကုန်ကြမ်းပစ္စည်းများကလည်း လုယက်ယူငင်ခံထားရသည်ကို မြင်လိုက်ရကာ ဗလာနတ္ထိဖြစ်နေသည့် နွားနို့သေတ္တာအချို့က မြေပြင်ပေါ်၌ ပြန့်ကျဲနေသည်။


သူမက အတွင်းအပြင်ကို ကြည့်လိုက်သည်။ အသုံးဝင်သည့်အရာဟူ၍ မည်သည်မှ မကျန်ရှိခဲ့ပေ။


ယွင်လင်က ခေါင်းကို ခါယမ်းလိုက်ရင်း ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

**

အချို့လူများတွင် အစားအသောက်သိုလှောင်တတ်သည့် အကျင့်မျိုးရှိပြီး သူတို့၏ အိမ်များထဲတွင် ဆန်များ၊ ပန်းများ၊ဆီ၊ အေးခဲအသားများနှင့် မုန်ညင်းဂေါ်ဖီများကို သိုလှောင်ထားကြသည်။


အချို့လူများက လတ်ဆတ်သော အစားအသောက်များကို စားသောက်ရသည်အား ကြိုက်နှစ်သက်ကာ စူပါမားကတ်မှ လတ်ဆတ်သော အစားအစာများကို တစ်နေ့ချင်း ဝယ်စားတတ်ကြသည်။


ဖန့်ရွှီက ထိုကဲ့သို့သော လူများထဲမှ တစ်ယောက် ဖြစ်သည်။


သူက အိမ်တွင် အစားအသောက်များစွာ သိုလှောင်ထားရန် မလိုအပ်ဟု အမြဲတမ်း တွေးထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူနေသော ရပ်ကွက်၏ ဘေး၌ စူပါမားကဆ်တစ်ခုရှိသည်။ထိုနေရာသို့ ငါးမိနစ်ခန့်သွားလျှင် ရောက်နိုင်ပြီး သူက စားချင်တာမှန်သမျှကို ဝယ်ယူနိုင်ပေသည်။


သို့သော် အပြောင်းအလဲများ ဖြစ်လာသည့်အခါ အခြားလူများက သူတို့၏ တံခါးများကို တင်းတင်းကြပ်ကြပ်ပိတ်ကာ အိမ်အတွင်း၌ ပုန်းနေရင်း စစ်တပ်မှ လာရောက်ကယ်ဆယ်မည်အား စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ကြသည်။ သို့သော် သူက သူ၏ အစားအသောက်များ အားလုံးကို စားသောက်ခဲ့ပြီးဖြစ်ရာ အသက်အန္တရာယ်ကို စွန့်စား၍ အပြင်ထွက်လာခဲ့ရပေသည်။


သူက အိမ်တွင် အစားအသောက်များကို ပိုမိုသိုလှောင်ထားမိပါက အခုချိန်၌ အပြင်သို့ ထွက်လာလိမ့်မည်မဟုတ်ပေ။ ဖန့်ရွှီက အကြီးအကျယ် နောင်တရနေခဲ့သော်လည်း သူ့နောင်တက သူ၏ အစာအိမ်ကို မဖြည့်ပေးနိုင်ခဲ့ချေ။


အကူအညီမဲ့စွာနှင့် သူက အဝတ်ထူထူဝတ်ကာ ဘေ့စ်ဘောတုတ်ကို ကိုင်ပြီး ပလတ်စတစ်အိတ်များအား ယူဆောင်ကာ အိမ်မှ ထွက်လာခဲ့သည်။

မွန်းစတားများ ပေါ်လာသည်က တစ်ရက်ပင် အပြည့်အဝမရှိသေးသော်လည်း လောကတစ်ခွင်လုံးက ပြောင်းလဲသွားပုံရလေသည်။


လျှောက်လမ်းတလျှောက်တွင် ရေညှိပင်များက ရှင်းမပြနိုင်လောက်အောင် ကြီးထွားနေပြီး မွန်းစတားများက ကော်ရစ်ဒါများတွင် လျှောက်သွားနေခဲ့၏။


ဖန့်ရွှီက အသက်ရှူအောင့်ကာ ထောင့်တွင် ပုန်းကွယ်လိုက်သည်။

မွန်းစတားက အဝေးသို့ လျှောက်သွားသည့်အခါ သူက အောက်ထပ်သို့ ခိုးကြောင်ခိုးဝှက်ဆင်းလာခဲ့ပြီး တိုက်ခိုက်ရဲခဲ့ခြင်းမရှိပေ။ သူက ရဲဆေးတင်ရန်အတွက် ဘေ့စ်ဘောတုတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။


ဖန့်ရွှီက စူပါမားကတ်သို့ သွားနေရင်း ဤတစ်ကြိမ်၌ အစားအသောက်ရှာဖွေရန် ထွက်လာခြင်းဖြစ်ကြောင်း သူ့ကိုယ်သူ အထပ်ထပ်အခါခါ သတိပေးနေခဲ့သည်။ သူက အစားအသောက်ရှာတွေ့သွားသည့်အခါ ချက်ချင်းပြန်လာလိမ့်မည်ဖြစ်ပြီး အခြားအရာများကို မသက်ဆိုင်သလို ချန်ရစ်ထားခဲ့မည်ဖြစ်သည်။


အပြင်လောကက အလွန် အန္တရာယ်များလှသည်။ သူ့အိမ်ကသာလျှင် လုံခြုံပေသည်။


သူ့အိမ်တွင် ရေနှင့် လျှပ်စစ်မီးရှိပြီး သဘာဝဓာတ်ငွေ့ကိုလည်း အသုံးပြုနိုင်သည်။ သူက အစားအသောက် လုံလုံလောက်လောက်ရှိလျှင် ဆယ်ရက်မှ နှစ်ပတ်လောက်အထိ ရှင်သန်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းမိပေသည်။


ထို့နောက်တွင် စစ်တပ်က မည်မျှ အသုံးမကျသည်ဖြစ်စေ မွန်းစတားများကို ရှင်းလင်းပစ်ပြီး ဖြစ်သင့်ပေသည်။


သူက စိတ်ပိုင်းဖြတ်ပြီးနောက် ခြေလှမ်း အရှိန်ကို မြှင့်လိုက်သည်။ ဖန့်ရွှီတွင် အစီအစဥ်ကောင်းတစ်ခုရှိသော်လည်း သူ စူပါမားကတ်အတွင်း ဝင်လာသောအခါ တစ်စုံတစ်ယောက်က သူ၏ ခါးထက်သို့ ဓားဖြင့်ထောက်လိုက်သည်။


ထိုလူက စကားတစ်ခွန်းမှမပြောဘဲ သူ့ခန္ဓာကိုယ်၌ စတင်ရှာဖွေတော့သည်။ အဆုံးတွင် သူက ရေရွတ်လိုက်၏။ "ဆင်းရဲချက်!"


ဖန့်ရွှီက ထိတ်လန့်မှုနှင့် ဒေါသထွက်မှုတို့ကို တပြိုင်တည်း ခံစားလိုက်ရသည်။ သူက စောဒကတက်ချင်သော်လည်း တစ်ဖက်လူက စင်တစ်ခုကို မှီရပ်ရင်း ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "ငါတို့ အကူအညီအတွက် လူအင်အားလိုအပ်နေတယ်။ မင်း ငါတို့နဲ့ ပူးပေါင်းချင်လား။"

ဖန့်ရွှီက 'ငါက အစားအသောက်ရှာဖို့ပဲ လာခဲ့တာ။ ပြီးရင် အိမ်ထဲမှာ ပြန်သွားပြီး ပုန်းနေဖို့ စဥ်းစားထားတာ' ဟု တွေးလိုက်သည်။ ထို့ကြောင့် သူက ငြင်းပယ်လိုက်၏။


နောက်တစ်စက္ကန့်တွင် သူ့ဝမ်းဗိုက်သို့ ဓားမြှောင်တစ်လက် ဝင်ရောက်လာပြီး ထိုလှုပ်ရှားမှုက လျင်မြန်ကာ ရက်စက်လှသည်။


"မင်း လုပ်ရဲလား?!" ဖန့်ရွှီက သတိလက်လွတ်ဖြစ်သွားခဲ့သည်။ သူ့မျက်လုံးများထဲ၌ မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားခဲ့၏။


ဓားမြှောင်ပြန်ထွက်လာသည့်အခါ သွေးတို့လည်း ပန်းထွက်လာပေသည်။ ထိုလူက သူ့မျက်နှာထက် စင်လာသည့် သွေးတို့ကို သုတ်ရင်း ​အေးစက်စွာ ပြောလိုက်သည်။ "မင်းက ညှတာထောက်ထားမှုကို ရရှိဖို့ ကျရှုံးသွားပြီ။"

ဖန့်ရွှီက မြေပြင်သို့ လဲကျသွားပြီး မျက်လုံးများ ပွင့်လျက်သားနှင့် သေဆုံးသွားခဲ့သည်။

"အစ်ကိုမုန့်" သန်မာသည့် လူတစ်စုက စူပါမားကတ်အပြင်သို့ လျှောက်ထွက်လာသည်။ လူတစ်ယောက်ချင်းစီက အသင့်စားခေါက်ဆွဲခြောက်များ၊ ရေ၊ ဘီစကစ်များ၊ ချောကလက်၊ ပေါင်မုန့်နှင့် နွားနို့ဘူးများဖြင့် ပြည့်နေသည့် တွန်းလှည်းကို တွန်းလာခဲ့သည်။ "အစ်ကိုယွီနဲ့ အစ်မယန်တို့က အထဲမှာ ရှိနေတုန်းပဲ။ သူတို့က သိုလှောင်ရုံတစ်ခု ရှာတွေ့ခဲ့တယ်လို့ ပြောတယ်။"

"လူ ဒီလောက်နည်းနည်းလေးနဲ့ ငါတို့က စင်ပေါ်က ပစ္စည်းတွေ အားလုံးကိုတောင် မသယ်နိုင်ဘူး။ ဘာလို့ သိုလှောင်ရုံကို သွားတာလဲ။" အစ်ကိုမုန့်ဟု ခေါ်သည့်သူက အလွန် မကျေမနပ်ဖြစ်သွားသည်။

အခြားလူများ၏ ပါးစပ်က လှုပ်လှုပ်ရွရွ ဖြစ်သွားသော်လည်း အဖြေမပေးရဲကြပေ။

"ပိုကောင်းတဲ့ ပစ္စည်းတွေ ရှိလာမှာကို မင်း စိတ်မရှိလောက်ပါဘူး။" ပိန်ပါးပါးနှင့် သက်လတ်ပိုင်းလူတစ်ယောက် လျှောက်ထွက်လာပြီး အပြုံးနှင့် ပြောလိုက်သည်။

ထိုလူက သူတို့ပြောနေသော 'အစ်ကိုယွီ' ဆိုသည့်သူ ဖြစ်လေသည်။

သူ၏ ဘေးရှိ လှပသော အမျိုးသမီးမှာ အစ်မယန် ဖြစ်သည်။ ထိုအချိန်၌ သူမက ရေမွှေးကို သူမ၏ လက်ကောက်ဝတ်၌ ဆွတ်ကာ အနံ့ခံကြည့်လိုက်ပြီး စိတ်ကျေနပ်သွားသည့် အမူအရာမျိုး ထုတ်ပြလာသည်။ "ငါတို့ လိုချင်တာအားလုံးနီးပါး ရခဲ့ပြီ။ သွားကြစို့။"

အစ်ကိုမုန့်က သူ့ကိုယ်သူတောင် မသိလိုက်ဘဲ ကြောက်လန့်မှုတချို့ ပြသလာ၏။ သူက မောက်မာသည့် အမူအရာနှင့် နှာမှုတ်လိုက်သော်လည်း မည်သည့်စကားမှ မဆိုခဲ့ပေ။

ဆယ့်ငါးယောက်သော လူစုက အပြင်ဘက်သို့ ထွက်ခွာသွားခဲ့သည်။

သူတို့၏ ပုံရိပ်များ မြင်ကွင်းမှ ပျောက်သွားသည့်အခါ အဖွဲ့သုံးဖွဲ့က ထောင့်ဘက်မှ လျှောက်ထွက်လာခဲ့သည်။ သူတို့အားလုံးက စူပါမားကတ်အတွင်းသို့ ဝင်ရောက်ချင်နေကြသည်။

သူတို့က တစ်ဖက်အဖွဲ့၏ တည်ရှိမှုကို အချင်းချင်း သတိပြုမိကြသောအခါ စိုးရိမ်ပူပန်စွာနှင့် သတိအပြည့်ကပ်သွားကြ၏။


*************

ဖိသိပ်ဘီစကစ်

အိပ်ရာအိတ်


********

Zawgyi

သူမက ေၾကးနီျပားမ်ားကို ေကာက္ယူလိုက္ၿပီးသည့္အခါ ကားရွိရာဘက္သို႔ ၾကည့္လို​က္ၿပီး ကားေနာက္ဘက္ျခမ္း၌ ႀကီးမားသည့္ အ႐ြယ္အစားရွိ ခရီးေဆာင္အိတ္ႏွစ္လုံးကို ျမင္လိုက္ရသည္။

သူမက ၎ကို ဖြင့္လိုက္၏။ တစ္အိတ္တြင္ အဝတ္အစားမ်ား၊ ဖိသိပ္ဘီစကစ္* ဆယ္ထုပ္၊ ေရရွစ္ပုလင္း၊ အသားဘူး ငါးေသတၱာ ပါဝင္သည္။ အျခားတစ္အိတ္တြင္ ႐ြက္ဖ်င္တဲတစ္ခု၊ အိပ္ရာအိတ္တစ္ခု* ႏွင့္ စခန္းခ်မီးအလင္းတို႔ ရွိသည္။

ယြင္လင္က သူ ကားေမာင္းလာသည္မွာ မထူးဆန္းဟု ေတြးလိုက္မိသည္။ သူ႔တြင္ ပစၥည္းမ်ားစြာရွိၿပီး အရာအားလုံးကို သယ္ယူရန္ မျဖစ္ႏိုင္ေပ။ ကားေမာင္းလာျခင္းမွာ သူက အရာအားလုံးကို သယ္ေဆာင္လာႏိုင္သည္ဟု ဆိုလိုေပသည္။

သို႔ေသာ္ သူက မြန္းစတားတစ္ေကာင္၏ ၿခဳံခိုတိုက္ခိုက္ျခင္းကို ခံလိုက္ရၿပီး မေတာ္တဆ သူ႔အသက္ ဆုံးရႈံးခဲ့ရသည္။

ဖိသိပ္ဘီစကစ္မ်ား၊ ေရပုလင္းမ်ားႏွင့္ အသားတို႔က ထိပင္မထိရေသးေပ။ သူမက အဝတ္အစားမ်ားကို လႊင့္ပစ္လိုက္ၿပီး အျခားအိတ္ထဲမွ ႐ြက္ဖ်င္တဲကို ယူလိုက္၏။ ထို႔ျပင္ ယြင္လင္က အိပ္ရာအိတ္ႏွင့္ အျခားေသာ လိုအပ္ႏိုင္သည့္ ပစၥည္းမ်ားကို အိတ္တစ္အိတ္ထဲတြင္ စုေပါင္းကာ ထည့္လိုက္သည္။

သပ္သပ္ရပ္ရပ္ ထုပ္ပိုးၿပီးေနာက္ သူမက လီနင္ေက်ာပိုးအိတ္ထဲသို႔ ထည့္လိုက္သည္။ ယြင္လင္က လမ္းေလွ်ာက္ၾကည့္လိုက္သည့္အခါ ေက်ာပိုးအိတ္ထဲမွ ပစၥည္းမ်ား၏ မည္သည့္အေလးခ်ိန္ကိုမွ မခံစားရသည့္အတြက္ စိတ္ေက်နပ္သြားခဲ့သည္။ "ထင္ထားသလိုပဲ အရမ္းအဆင္ေျပတယ္။"

သူမက အေဝးသို႔ ၾကည့္လိုက္သည္။ ထိုေနရာ၌ အျခားသူမ်ား မရွိခဲ့ေပ။ ၎က ဗလာျဖစ္ေနသည့္ ၿမိဳ႕တစ္ၿမိဳ႕ကဲ့သို႔ အလြန္ တိတ္ဆိတ္ေနခဲ့၏။ သူမက ေတြးလိုက္ၿပီး စူပါမားကတ္သို႔ အရင္သြားၾကည့္ရန္ စီစဥ္လိုက္သည္။

လမ္းထက္တြင္ ျမင္ကြင္းက အႀကီးအက်ယ္ ေျပာင္းလဲသြားခဲ့သည္။ အေဆာက္အဦးမ်ားကို ႏြယ္ပင္မ်ားျဖင့္ ဖုံးလႊမ္းထားခဲ့ၿပီး ​ကားမ်ားက ဂြၽမ္းထိုးေမွာက္ခုံျဖစ္သည္က ျဖစ္ကာ အပ်က္အစီးမ်ားအျဖစ္ စုပုံေနသည္လည္း ရွိ၏။ လမ္းတေလွ်ာက္ရွိ ဆိုင္တံခါးမ်ားက ပြင့္ဟေနၿပီး ေမႊေႏွာက္ရွာေဖြခံထားရသည့္ပုံ ေပၚေပသည္။

အဆိုးဆုံးမွာ မုန္႔ဖုတ္ဆိုင္မ်ားျဖစ္သည္။

ယြင္လင္သည္ တစ္ႀကိမ္က ထိုဆိုင္မ်ားကို ပစ္မွတ္ထားခဲ့ဖူး၏။ သို႔ေသာ္ ပထမဆုံးေန႔၏ အခ်ိန္က အကန္႔အသတ္ရွိၿပီး သူမတြင္ လုပ္စရာအလုပ္မ်ားစြာ ရွိေလရာ အခ်ိန္မီ လႈပ္ရွားႏိုင္ျခင္းမရွိခဲ့ေပ။ သူမ ယခု ျဖတ္သြားသည့္အခါ ပန္းကန္မ်ားက ပ်က္စီးေနခဲ့ၿပီး ကုန္ၾကမ္းပစၥည္းမ်ားကလည္း လုယက္ယူငင္ခံထားရသည္ကို ျမင္လိုက္ရကာ ဗလာနတၳိျဖစ္ေနသည့္ ႏြားႏို႔ေသတၱာအခ်ိဳ႕က ေျမျပင္ေပၚ၌ ျပန္႔က်ဲေနသည္။

သူမက အတြင္းအျပင္ကို ၾကည့္လိုက္သည္။ အသုံးဝင္သည့္အရာဟူ၍ မည္သည္မွ မက်န္ရွိခဲ့ေပ။

ယြင္လင္က ေခါင္းကို ခါယမ္းလိုက္ရင္း ေရွ႕သို႔ ဆက္ေလွ်ာက္သြားခဲ့သည္။

**

အခ်ိဳ႕လူမ်ားတြင္ အစားအေသာက္သိုေလွာင္တတ္သည့္ အက်င့္မ်ိဳးရွိၿပီး သူတို႔၏ အိမ္မ်ားထဲတြင္ ဆန္မ်ား၊ ပန္းမ်ား၊ဆီ၊ ေအးခဲအသားမ်ားႏွင့္ မုန္ညင္းေဂၚဖီမ်ားကို သိုေလွာင္ထားၾကသည္။

အခ်ိဳ႕လူမ်ားက လတ္ဆတ္ေသာ အစားအေသာက္မ်ားကို စားေသာက္ရသည္အား ႀကိဳက္ႏွစ္သက္ကာ စူပါမားကတ္မွ လတ္ဆတ္ေသာ အစားအစာမ်ားကို တစ္ေန႔ခ်င္း ဝယ္စားတတ္ၾကသည္။

ဖန္႔႐ႊီက ထိုကဲ့သို႔ေသာ လူမ်ားထဲမွ တစ္ေယာက္ ျဖစ္သည္။

သူက အိမ္တြင္ အစားအေသာက္မ်ားစြာ သိုေလွာင္ထားရန္ မလိုအပ္ဟု အၿမဲတမ္း ေတြးထားခဲ့သည္။ မည္သို႔ပင္ျဖစ္ေစ သူေနေသာ ရပ္ကြက္၏ ေဘး၌ စူပါမားကဆ္တစ္ခုရွိသည္။ထိုေနရာသို႔ ငါးမိနစ္ခန္႔သြားလွ်င္ ေရာက္ႏိုင္ၿပီး သူက စားခ်င္တာမွန္သမွ်ကို ဝယ္ယူႏိုင္ေပသည္။

သို႔ေသာ္ အေျပာင္းအလဲမ်ား ျဖစ္လာသည့္အခါ အျခားလူမ်ားက သူတို႔၏ တံခါးမ်ားကို တင္းတင္းၾကပ္ၾကပ္ပိတ္ကာ အိမ္အတြင္း၌ ပုန္းေနရင္း စစ္တပ္မွ လာေရာက္ကယ္ဆယ္မည္အား စိတ္ရွည္လက္ရွည္ ေစာင့္ဆိုင္းေနခဲ့ၾကသည္။ သို႔ေသာ္ သူက သူ၏ အစားအေသာက္မ်ား အားလုံးကို စားေသာက္ခဲ့ၿပီးျဖစ္ရာ အသက္အႏၲရာယ္ကို စြန္႔စား၍ အျပင္ထြက္လာခဲ့ရေပသည္။

သူက အိမ္တြင္ အစားအေသာက္မ်ားကို ပိုမိုသိုေလွာင္ထားမိပါက အခုခ်ိန္၌ အျပင္သို႔ ထြက္လာလိမ့္မည္မဟုတ္ေပ။ ဖန္႔႐ႊီက အႀကီးအက်ယ္ ေနာင္တရေနခဲ့ေသာ္လည္း သူ႔ေနာင္တက သူ၏ အစာအိမ္ကို မျဖည့္ေပးႏိုင္ခဲ့ေခ်။

အကူအညီမဲ့စြာႏွင့္ သူက အဝတ္ထူထူဝတ္ကာ ေဘ့စ္ေဘာတုတ္ကို ကိုင္ၿပီး ပလတ္စတစ္အိတ္မ်ားအား ယူေဆာင္ကာ အိမ္မွ ထြက္လာခဲ့သည္။

မြန္းစတားမ်ား ေပၚလာသည္က တစ္ရက္ပင္ အျပည့္အဝမရွိေသးေသာ္လည္း ေလာကတစ္ခြင္လုံးက ေျပာင္းလဲသြားပုံရေလသည္။

ေလွ်ာက္လမ္းတေလွ်ာက္တြင္ ေရညႇိပင္မ်ားက ရွင္းမျပႏိုင္ေလာက္ေအာင္ ႀကီးထြားေနၿပီး မြန္းစတားမ်ားက ေကာ္ရစ္ဒါမ်ားတြင္ ေလွ်ာက္သြားေနခဲ့၏။

ဖန္႔႐ႊီက အသက္ရွဴေအာင့္ကာ ေထာင့္တြင္ ပုန္းကြယ္လိုက္သည္။

မြန္းစတားက အေဝးသို႔ ေလွ်ာက္သြားသည့္အခါ သူက ေအာက္ထပ္သို႔ ခိုးေၾကာင္ခိုးဝွက္ဆင္းလာခဲ့ၿပီး တိုက္ခိုက္ရဲခဲ့ျခင္းမရွိေပ။ သူက ရဲေဆးတင္ရန္အတြက္ ေဘ့စ္ေဘာတုတ္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္၏။

ဖန္႔႐ႊီက စူပါမားကတ္သို႔ သြားေနရင္း ဤတစ္ႀကိမ္၌ အစားအေသာက္ရွာေဖြရန္ ထြက္လာျခင္းျဖစ္ေၾကာင္း သူ႔ကိုယ္သူ အထပ္ထပ္အခါခါ သတိေပးေနခဲ့သည္။ သူက အစားအေသာက္ရွာေတြ႕သြားသည့္အခါ ခ်က္ခ်င္းျပန္လာလိမ့္မည္ျဖစ္ၿပီး အျခားအရာမ်ားကို မသက္ဆိုင္သလို ခ်န္ရစ္ထားခဲ့မည္ျဖစ္သည္။

အျပင္ေလာကက အလြန္ အႏၲရာယ္မ်ားလွသည္။ သူ႔အိမ္ကသာလွ်င္ လုံၿခဳံေပသည္။

သူ႔အိမ္တြင္ ေရႏွင့္ လွ်ပ္စစ္မီးရွိၿပီး သဘာဝဓာတ္ေငြ႕ကိုလည္း အသုံးျပဳႏိုင္သည္။ သူက အစားအေသာက္ လုံလုံေလာက္ေလာက္ရွိလွ်င္ ဆယ္ရက္မွ ႏွစ္ပတ္ေလာက္အထိ ရွင္သန္ႏိုင္မည္ျဖစ္ေၾကာင္း ခန္႔မွန္းမိေပသည္။

ထို႔ေနာက္တြင္ စစ္တပ္က မည္မွ် အသုံးမက်သည္ျဖစ္ေစ မြန္းစတားမ်ားကို ရွင္းလင္းပစ္ၿပီး ျဖစ္သင့္ေပသည္။

သူက စိတ္ပိုင္းျဖတ္ၿပီးေနာက္ ေျခလွမ္း အရွိန္ကို ျမႇင့္လိုက္သည္။ ဖန္႔႐ႊီတြင္ အစီအစဥ္ေကာင္းတစ္ခုရွိေသာ္လည္း သူ စူပါမားကတ္အတြင္း ဝင္လာေသာအခါ တစ္စုံတစ္ေယာက္က သူ၏ ခါးထက္သို႔ ဓားျဖင့္ေထာက္လိုက္သည္။

ထိုလူက စကားတစ္ခြန္းမွမေျပာဘဲ သူ႔ခႏၶာကိုယ္၌ စတင္ရွာေဖြေတာ့သည္။ အဆုံးတြင္ သူက ေရ႐ြတ္လိုက္၏။ "ဆင္းရဲခ်က္!"

ဖန္႔႐ႊီက ထိတ္လန္႔မႈႏွင့္ ေဒါသထြက္မႈတို႔ကို တၿပိဳင္တည္း ခံစားလိုက္ရသည္။ သူက ေစာဒကတက္ခ်င္ေသာ္လည္း တစ္ဖက္လူက စင္တစ္ခုကို မွီရပ္ရင္း ေျပာလိုက္သည္ကို ၾကားလိုက္ရ၏။ "ငါတို႔ အကူအညီအတြက္ လူအင္အားလိုအပ္ေနတယ္။ မင္း ငါတို႔နဲ႔ ပူးေပါင္းခ်င္လား။"

ဖန္႔႐ႊီက 'ငါက အစားအေသာက္ရွာဖို႔ပဲ လာခဲ့တာ။ ၿပီးရင္ အိမ္ထဲမွာ ျပန္သြားၿပီး ပုန္းေနဖို႔ စဥ္းစားထားတာ' ဟု ေတြးလိုက္သည္။ ထို႔ေၾကာင့္ သူက ျငင္းပယ္လိုက္၏။

ေနာက္တစ္စကၠန္႔တြင္ သူ႔ဝမ္းဗိုက္သို႔ ဓားေျမႇာင္တစ္လက္ ဝင္ေရာက္လာၿပီး ထိုလႈပ္ရွားမႈက လ်င္ျမန္ကာ ရက္စက္လွသည္။

"မင္း လုပ္ရဲလား?!" ဖန္႔႐ႊီက သတိလက္လြတ္ျဖစ္သြားခဲ့သည္။ သူ႔မ်က္လုံးမ်ားထဲ၌ မယုံၾကည္ႏိုင္မႈတို႔ ျပည့္ႏွက္သြားခဲ့၏။

ဓားေျမႇာင္ျပန္ထြက္လာသည့္အခါ ေသြးတို႔လည္း ပန္းထြက္လာေပသည္။ ထိုလူက သူ႔မ်က္ႏွာထက္ စင္လာသည့္ ေသြးတို႔ကို သုတ္ရင္း ​ေအးစက္စြာ ေျပာလိုက္သည္။ "မင္းက ညႇတာေထာက္ထားမႈကို ရရွိဖို႔ က်ရႈံးသြားၿပီ။"

ဖန္႔႐ႊီက ေျမျပင္သို႔ လဲက်သြားၿပီး မ်က္လုံးမ်ား ပြင့္လ်က္သားႏွင့္ ေသဆုံးသြားခဲ့သည္။

"အစ္ကိုမုန္႔" သန္မာသည့္ လူတစ္စုက စူပါမားကတ္အျပင္သို႔ ေလွ်ာက္ထြက္လာသည္။ လူတစ္ေယာက္ခ်င္းစီက အသင့္စားေခါက္ဆြဲေျခာက္မ်ား၊ ေရ၊ ဘီစကစ္မ်ား၊ ေခ်ာကလက္၊ ေပါင္မုန္႔ႏွင့္ ႏြားႏို႔ဘူးမ်ားျဖင့္ ျပည့္ေနသည့္ တြန္းလွည္းကို တြန္းလာခဲ့သည္။ "အစ္ကိုယြီနဲ႔ အစ္မယန္တို႔က အထဲမွာ ရွိေနတုန္းပဲ။ သူတို႔က သိုေလွာင္႐ုံတစ္ခု ရွာေတြ႕ခဲ့တယ္လို႔ ေျပာတယ္။"

"လူ ဒီေလာက္နည္းနည္းေလးနဲ႔ ငါတို႔က စင္ေပၚက ပစၥည္းေတြ အားလုံးကိုေတာင္ မသယ္ႏိုင္ဘူး။ ဘာလို႔ သိုေလွာင္႐ုံကို သြားတာလဲ။" အစ္ကိုမုန္႔ဟု ေခၚသည့္သူက အလြန္ မေက်မနပ္ျဖစ္သြားသည္။

အျခားလူမ်ား၏ ပါးစပ္က လႈပ္လႈပ္႐ြ႐ြ ျဖစ္သြားေသာ္လည္း အေျဖမေပးရဲၾကေပ။

"ပိုေကာင္းတဲ့ ပစၥည္းေတြ ရွိလာမွာကို မင္း စိတ္မရွိေလာက္ပါဘူး။" ပိန္ပါးပါးႏွင့္ သက္လတ္ပိုင္းလူတစ္ေယာက္ ေလွ်ာက္ထြက္လာၿပီး အၿပဳံးႏွင့္ ေျပာလိုက္သည္။

ထိုလူက သူတို႔ေျပာေနေသာ 'အစ္ကိုယြီ' ဆိုသည့္သူ ျဖစ္ေလသည္။

သူ၏ ေဘးရွိ လွပေသာ အမ်ိဳးသမီးမွာ အစ္မယန္ ျဖစ္သည္။ ထိုအခ်ိန္၌ သူမက ေရေမႊးကို သူမ၏ လက္ေကာက္ဝတ္၌ ဆြတ္ကာ အနံ႔ခံၾကည့္လိုက္ၿပီး စိတ္ေက်နပ္သြားသည့္ အမူအရာမ်ိဳး ထုတ္ျပလာသည္။ "ငါတို႔ လိုခ်င္တာအားလုံးနီးပါး ရခဲ့ၿပီ။ သြားၾကစို႔။"

အစ္ကိုမုန္႔က သူ႔ကိုယ္သူေတာင္ မသိလိုက္ဘဲ ေၾကာက္လန္႔မႈတခ်ိဳ႕ ျပသလာ၏။ သူက ေမာက္မာသည့္ အမူအရာႏွင့္ ႏွာမႈတ္လိုက္ေသာ္လည္း မည္သည့္စကားမွ မဆိုခဲ့ေပ။

ဆယ့္ငါးေယာက္ေသာ လူစုက အျပင္ဘက္သို႔ ထြက္ခြာသြားခဲ့သည္။

သူတို႔၏ ပုံရိပ္မ်ား ျမင္ကြင္းမွ ေပ်ာက္သြားသည့္အခါ အဖြဲ႕သုံးဖြဲ႕က ေထာင့္ဘက္မွ ေလွ်ာက္ထြက္လာခဲ့သည္။ သူတို႔အားလုံးက စူပါမားကတ္အတြင္းသို႔ ဝင္ေရာက္ခ်င္ေနၾကသည္။

သူတို႔က တစ္ဖက္အဖြဲ႕၏ တည္ရွိမႈကို အခ်င္းခ်င္း သတိျပဳမိၾကေသာအခါ စိုးရိမ္ပူပန္စြာႏွင့္ သတိအျပည့္ကပ္သြားၾက၏။

**********

ဖိသိပ္ဘီစကစ္


အိပ္ရာအိတ္





Continue Reading

You'll Also Like

385K 41.6K 102
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
1.3M 151K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
15.5K 1.5K 24
ကြာပန်းဖြူလေးများမှ ဘာသာပြန်ဆိုသည်။
3.5M 257K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023