ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (...

By SumiHikaru

4.8K 427 117

ယွင်လင်၊ လုချွမ်း မူရင်းစာရေးသူ - ချင်းယွင်တန့်(သန့်) More

(၀)
(၁) Public Beta
(၂) Public Beta
(၃) လွင့်မျောတိမ်လွှာစခန်း
(၄) လွင့်မျောတိမ်လွှာစခန်း
(၅) S အဆင့်စွမ်းရည်
(၆) S အဆင့်စွမ်းရည်
(၇) လှုပ်ရှားမှုပြုလုပ်ခြင်း
(၈) လှုပ်ရှားမှုပြုလုပ်ခြင်း
(၉) ညရောက်ရှိလာခြင်း
(၁၀) ညရောက်ရှိလာခြင်း
(၁၂) ညရောက်ရှိလာခြင်း
(၁၃) စူပါမားကတ်
(၁၄) စူပါမားကတ်

(၁၁) ညရောက်ရှိလာခြင်း

214 26 9
By SumiHikaru

Unicode

အချို့လူများက စောင့်ကြည့်ချင်ရုံသာဖြစ်သော်လည်း လူလေးယောက်လောက် ယွင်လင့်ထံ လျှောက်သွားသည်ကို မြင်သောအခါ ချက်ချင်း စိုးရိမ်ပူပန်လာကြသည်။ သူမက သူမ၏ ကြေးနီပြားများ အားလုံးကို အသုံးပြုလိုက်ပြီး သူတို့ဆီကနေ မဝယ်နိုင်တော့ရင် ဘယ်လိုလုပ်ရမလဲ။

လီနင်ပိတ်များကို ဆက်၍ ထိန်းသိမ်းထားလည်း သူတို့အတွက် အသုံးမဝင်ပေ။ ထို့ကြောင့် ကြေးနီပြားနှင့် လဲလှယ်ပစ်လိုက်ခြင်းက ပိုကောင်းပေသည်။ အနည်းဆုံး မနက်ဖြန်၌ သူတို့က ယာယီနေထိုင်သူ အဆင့်အတန်းကို ဝယ်ယူနိုင်မည် ဖြစ်သည်။

ထိုသို့တွေးပြီးနောက် သူတို့က ရှေ့သို့ တိုးလာပြီး သူတို့၏ လီနင်ပိတ်ကို ရောင်းချရန် စိတ်အားထက်သန်နေကြသည်။

ယွင်လင်က ဘယ်သူလာလာ မငြင်းဆန်ဘဲ အကုန်လုံးကို ဝယ်ယူခဲ့သည်။ သူမက အလွန် ချမ်းသာသည့်အတွက် လူအများသည် သူမက တရားမဝင်သည့် လုပ်ရပ်များ လုပ်နေသလား သိချင်နေကြပေသည်။

ယွင်လင်က ဝယ်ယူနေရင်း သူမစိတ်ထဲတွင် ကွာခြားချက်များကို တွက်ချက်နေသည်။


ထိုအချိန်၌ သုံးယောက်ပါသည့် အဖွဲ့တစ်ဖွဲ့က သူ့မရှေ့ကို လျှောက်လာခဲ့သည်။ ခေါင်းဆောင်ဖြစ်သူက နက်ရှိုင်းသည့်အသံနှင့် ပြောလိုက်သည်။ "လီနင်ပိတ်ငါးစနဲ့ မင်း သိုလှောင်ရုံထဲကို ဘယ်လိုဝင်လဲဆိုတဲ့ နည်းလမ်းနဲ့ အလဲအလှယ်လုပ်မယ်။"


ယွင်လင်က သူမ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ခေါင်းကို ဖြေးညင်းစွာ မော့ကြည့်လိုက်သည်။


"မင်း လိမ်ရင်တော့ ဟင်း..ဟင်း.." သူ့အသင်းဖော်များက ခြိမ်းခြောက်မှုအပြည့်နှင့် သူတို့၏ ဓားမြှောင်များကို ဆွဲထုတ်လိုက်သည်။


"ငါ နင်တို့ကို ပြောပြလို့ရတယ်။ ဒါပေမယ့် နင်တို့ ငါ့လို လိုက်လုပ်လို့ မရနိုင်ဘူး။" ယွင်လင်က ပြောလိုက်သည်။

ခေါင်းဆောင်က လီနင်ပိတ်ငါးစကို ပစ်ပေးရင်း ပြောလိုက်သည်။ "အမှန်အတိုင်းသာပြောစမ်းပါ။ ကျန်တာ ငါတို့ဘာသာ ဆုံးဖြတ်မယ်။"


ယွင်လင်က ပြောလိုက်သည်။ "စခန်းကို အရင်ဆုံး ရှာတွေ့ပြီး ကံကောင်းစွာနဲ့ စနစ်ကပေးတဲ့ တာဝန်ကို ပြီးမြောက်ခဲ့တာကြောင့် ဝင်ထွက်ခွင့်ရဖို့ အရည်အချင်းပြည့်မီပြီး ကိုယ်ပိုင် သိုလှောင်ရုံအဖြစ် နေရာလွတ်ကို ပိုင်ဆိုင်ခဲ့တာ။ ဒီအဖြေကို ကျေနပ်ရဲ့လား။"


ထိုသုံးယောက်က အချင်းချင်း တီးတိုးပြောဆိုနေကြပြီးနောက် စကားတစ်ခွန်းမှမဆိုဘဲ ထွက်သွားခဲ့သည်။

ဝေ့ချင်က သံသယဖြစ်နေသည်။ "အဲဒါက အမှန်ပဲလား။"


ယွင်လင်က ပြောလိုက်သည်။ "အမှန်ပဲ။"


Beta အတောအတွင်း တစ်စုံတစ်ယောက်က ကိုယ်ပိုင်သိုလှောင်ရုံကို ထိုနည်းလမ်းဖြင့် ရရှိနိုင်ပေသည်။

"ငါ ဘယ်လိုလုပ်ရင် ဒီလို ကံကောင်းမှုမျိုး ရလာနိုင်မှာလဲ။" ဝေ့ချင်က သက်ပြင်းချလိုက်သည်။

**

စားသောက်ပြီးနောက် ယွင်လင်က သိုလှောင်ရုံအတွင်း ပုန်းနေခဲ့ပြီး ပစ္စည်းစာရင်းကို စစ်နေခဲ့သည်။

အကုန်တွက်ချက်ပြီးနောက် သူမတွင် ကြေးနီပြား ၁၃၅ ပြား၊ ပိုးချည်မျှင်လုံး ခုနစ်လုံးနှင့် လီနင်ပိတ် နှစ်ဆယ့်တစ်စ ရှိနေကြောင်း သိလိုက်ပေသည်။

ယွင်လင်က အနည်းငယ် စိတ်ညစ်နေခဲ့သည်။ "ရိုးရှင်းတဲ့ ပတ်တီးလိပ်လေးလုပ်ဖို့ကို လီနင်ငါးစနဲ့ ပိုးချည်မျှင် တစ်လုံး လိုအပ်တယ်။ လီနင်ကျောပိုးအိတ် လုပ်ဖို့အတွက် လီနင်အစနှစ်ဆယ်နဲ့ ပိုးချည်မျှင်ငါးလုံး လိုအပ်တယ်တဲ့။"


"ပထမတစ်ခုက ငါးစက္ကန့်နေတိုင်း HP 20 ပြန်ရနိုင်တယ်။ ကျောပိုးအိတ်ရဲ့ အရည်အသွေးက သာမန်ပေမယ့် အကန့်လေးခုရှိပြီး အကန့်တစ်ခုစီမှာ တူညီတဲ့ပစ္စည်း ကိုးဆယ့်ကိုးခုစီ ထည့်ထားနိုင်တယ်။ အဲဒါက သယ်ယူဖို့ ပေါ့ပါးတဲ့ အလေးချိန်ရှိ​ပြီး အသုံးအဆောင်ပစ္စည်း ကဏ္ဍထဲ နေရာယူသွားမှာ မဟုတ်ဘူး။"

"ကုန်ကြမ်းပစ္စည်းမလုံလောက်ဘူး။ ငါ နှစ်ခုထဲက တစ်ခုပဲ ရွေးချယ်ပြီး ပြုလုပ်လို့ရမယ်။ ဘယ်ဟာကို ရွေးရမလဲ....။"


ခက်ခက်ခဲခဲ စဥ်းစားပြီးနောက် ယွင်လင်က လီနင်ကျောပိုးအိတ်ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။


သူမက ရှည်လျားသည့် အပ်တစ်ချောင်းထုတ်ယူလိုက်ပြီး ရှည်လျားသည့် ပိုးချည်မျှင်ဖြင့် အပ်ပေါက်ထိုးလိုက်သည်။ သူမက ကျွမ်းကျင်လှသည့် စွမ်းရည်နှင့် အလျင်အမြန် ချုပ်လုပ်နေသည်။ သူမပြီးသွားသည့်အခါ သူမက 'ကျွမ်းကျင်အပ်ချုပ်စွမ်းရည်' ကို အသုံးပြုခဲ့လေသည်။


အဖြူရောင်အလင်းတန်း တစ်ချက် လင်းလက်သွားပြီး လီနင်ကျောပိုးအိတ်ကို ပြုလုပ်ပြီးစီးသွားခဲ့၏။


စနစ်က အသိပေးလာ၏။ [ကစားသမားက ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းကို ပထမဆုံး အောင်မြင်စွာ ပြုလုပ်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။ ဆုလာဘ်အဖြစ် XP 50 မှတ်နဲ့ ကြေးနီပြား ၁၀၀ ရရှိပါတယ်။]

[ကစားသူကို ဂုဏ်ပြုပါတယ်။ သင်အဆင့်တက်သွားပါပြီ။]


[Attribute အမှတ် သုံးမှတ် ရရှိပါတယ်။ ဆန္ဒရှိသလို နေရာချထားနိုင်ပါတယ်။]


သူမ၏ ကိုယ်ပိုင် Attribute ဝင်းဒိုး ထွက်ပေါ်လာသည်။


[အမည် - ယွင်လင်]

[Level - 1]

[XP - 17/200]

[HP - 240/240 (စကေးလ်ဘောနပ်စ် 200)]

[MP: 60/60]

[Attributes: ခွန်အား 3 (2), လျင်မြန်သွက်လက်မှု 4 (1), ခံနိုင်ရည်(သက်လုံ) 4, ပါးနပ်မှု 6, ဝိညာဥ်စွမ်းအား 6]

မှတ်စု။ ။ ကွင်းစကွင်းပိတ်အတွင်းမှ အမှတ်များမှာ အသုံးအဆောင်ပစ္စည်း ဘောနပ်စ်အမှတ် ဖြစ်ပါတယ်။

ယွင်လင်က သူမ၏ ယခင်က ဂိမ်းဆော့သည့် စတိုင်လ်ကို ထိန်းသိမ်းထားကာ Attribute အမှတ်များ အားလုံးကို 'ခံနိုင်ရည်'သို့ ပေါင်းထည့်လိုက်သည်။


ထို့ကြောင့် ပြောင်းလဲသွားသည့် အခြေအနေမှာ -

[HP: 270/270 (ဘောနပ်စ်အမှတ် 200)]

[MP: 60/60]

[Attributes: ခွန်အား 3 (2), လျင်မြန်သွက်လက်မှု 4 (1), ခံနိုင်ရည်(သက်လုံ) 7, ပါးနပ်မှု 6, ဝိညာဥ်စွမ်းအား 6]

အသုံးအဆောင်ပစ္စည်း ပထမဆုံးပြုလုပ်ပြီးစီးမှုတွင် အပိုဆုလာဘ်များ ရရှိလာခြင်းကြောင့် ယွင်လင်က ပျော်ရွှင်နေသည်။ ကံကောင်းစွာနှင့် သူမက 'ရိုးရှင်းသည့်ပတ်တီးလိပ်' ကို မရွေးချယ်ခဲ့ပေ။ ၎င်းက ပြန်လည်ကုစားရေးပစ္စည်းသာဖြစ်ပြီး အသုံးအဆောင်ပစ္စည်းအဖြစ် မမှတ်ယူနိုင်ချေ။

***

ထိုညက အိပ်ရေးပျက်သည့် ညတစ်ညဖြစ်ခဲ့သည်။ လူပေါင်းများစွာသည် ကျီလန့်စာစားဖြစ်နေကြပြီး ကောင်းမွန်စွာ မအိပ်စက်နိုင်ကြပေ။


အပြောင်းအလဲက ရုတ်တရက်ကြီး ဖြစ်ပွားလာခြင်း ဖြစ်သည်။


အလုပ်မှာ၊ ကျောင်းမှာ၊ စားသောက်ရင်း၊ လမ်းလျှောက်ရင်းနှင့် မွန်းစတားများက ရုတ်တရက်ကြီး ဗြုန်းခနဲ သူတို့ရှေ့တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပြန်တိုက်ခိုက်ခြင်း၊ ပြေးလွှားခြင်း၊ ပုန်းကွယ်နေခြင်းတို့က သူတို့၏ အသက်ကို ထိန်းသိမ်းနိုင်ရုံမျှသာ လုပ်နိုင်ခဲ့သည်။

သို့သော် နောက်ထပ်ဘာတွေဖြစ်လာလိမ့်မလဲ။ လူပေါင်းများစွာ သေဆုံးသွားပြီ ဖြစ်သည်။


သူတို့၏ မိသားစုဝင်များရော ဘယ်လိုအခြေအနေ ရှိနေမလဲ။


သူတို့ မိတ်ဆွေ သူငယ်ချင်းတွေရော ဘယ်လိုဖြစ်နေပြီလဲ။


သူတို့က စားသောက်စရာများကို မည်သည့်နေရာကနေ ရနိုင်မည်နည်း။


သူတို့က တစ်ခုခုရလာပြီး တစ်နေရာရာမှာ ထည့်ထားလျှင် အခိုးခံရလိမ့်မည်လား။


သူတို့က ကိစ္စပေါင်းများစွာကို စိုးရိမ်ပူပန်နေကြပေသည်။


လူအများကြီးက မီးပုံဘေးတွင် ဝိုင်းဖွဲ့ထိုင်နေရင်း အိပ်မပျော်ခဲ့ကြပေ။


သူတို့က မနက်ဖြန်မနက်စောစောထကာ လုပ်ရန်လိုအပ်သည့် ကိစ္စများစွာရှိသည်ကို သိသော်လည်း သူတို့၏ အတွေးများက ရှုပ်ယှက်ခတ်နေပြီး အိပ်၍ မပျော်နိုင်ကြပေ။

သူတို့က မှိုင်တွေနေကြစဥ် စူးရှကျယ်လောင်သည့် အော်သံတစ်ခုက စခန်းအပြင်ဘက်မှ ထွက်ပေါ်လာသည်။ "ကယ်ကြပါ!!"


ညက တိတ်ဆိတ်နေပြီး အသံက အဝေးကြီးထိ ရောက်နိုင်ပေသည်။


ငိုက်မြည်းနေသည့် အချို့ကစားသမားများက ထိုစူးရှလှသည့် အော်သံကြောင့် နိုးလာခဲ့ကြသည်။ "ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ။ မွန်းစတားစစ်တပ်ကြီး ရောက်လာလို့လား။"


"ကယ်ကြပါ!!" အကူအညီတောင်းသည့် အော်သံကို နောက်တစ်ခါ ထပ်ကြားလိုက်ကြရသည်။ နင့်နင့်သည်းသည်း အော်ဟစ်သံမှနေ၍ ထိုလူက ကြီးမားလှသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိနိုင်ပေသည်။

ယာယီနေထိုင်သူများက အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ကြသည့်အခါ စခန်းအပြင်ဘက်၌ အမှောင်ထုကိုသာ မြင်ကြရပေသည်။

တစ်ယောက်က ခပ်တိုးတိုးပြောလိုက်သည်။ "ငါတို့က ကူညီချင်ရင်တောင် သူတို့ကို ရှာမတွေ့နိုင်ဘူး။ ဘယ်လိုကူညီရမလဲ။'


သူတို့ မတုန့်ပြန်နိုင်ခင် အကူအညီတောင်းသံက တ​ဖြေးဖြေး အားနည်း၍ သွားပေသည်။ "ကူညီကြပါ.... ကယ်... ကြ... ပါ.....ဦး......."

အသံက တဖြေးဖြေးတိုးတိမ်သွားခဲ့ပြီးနောက် စခန်းဝန်းကျင်က တစ်ဖန်ပြန်၍ တည်ငြိမ်သွားပေသည်။


ယာယီနေထိုင်သူများက အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့ ကျောရိုးထဲမှ အေးစက်မှုတို့ စိမ့်တက်လာသည်ကို ခံစားလိုက်ရသည်။


နေ့အချိန်တွင် လမ်းပေါ်၌ မွန်းစတားများစွာ ရှိနေသည်။ ညအချိန်၌ လမ်းမများက ရှင်းလင်းနေ၏။ အချို့လူများက အခြေအနေကို သေချာမသိဘဲ အမှောင်ထုက သူတို့၏ လှုပ်ရှားမှုများကို ဖုံးကွယ်ပေးမည်ဟု တွေးထင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က ညရောက်တော့မှသာ ထွက်လာခဲ့ကြခြင်း ဖြစ်၏။


အခြားလူများသာမကဘဲ ဤအဖွဲ့ထဲရှိ အချို့လူများသည်လည်း ညဘက်တွင် အပြင်သို့ထွက်ရန် စီစဥ်ထားကြခြင်း ဖြစ်သည်။


အကယ်၍ တစ်စုံတစ်ယောက်က သူတို့ကိုသာ သတိမပေးခဲ့လျှင်......


"ကံကောင်းစွာနဲ့ ယွင်လင်က ငါတို့ကို သတိပေးခဲ့လို့သာပေါ့...။" ဝေ့ချင်သည် အစောပိုင်းက အဖြစ်ကြောင့် အကြောက်တရားတို့ဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

ထိုမိန်းကလေး နာမည်က ယွင်လင် ဟု ခေါ်သည်လား။ ကစားသမားများက ကျေးဇူးတင်မှုအပြည့်နှင့် ထိုအမည်ကို တိတ်တိတ်ကလေး မှတ်သားထားလိုက်ကြတော့သည်။

*****

Zawgyi

အခ်ိဳ႕လူမ်ားက ေစာင့္ၾကည့္ခ်င္႐ုံသာျဖစ္ေသာ္လည္း လူေလးေယာက္ေလာက္ ယြင္လင့္ထံ ေလွ်ာက္သြားသည္ကို ျမင္ေသာအခါ ခ်က္ခ်င္း စိုးရိမ္ပူပန္လာၾကသည္။ သူမက သူမ၏ ေၾကးနီျပားမ်ား အားလုံးကို အသုံးျပဳလိုက္ၿပီး သူတို႔ဆီကေန မဝယ္ႏိုင္ေတာ့ရင္ ဘယ္လိုလုပ္ရမလဲ။

လီနင္ပိတ္မ်ားကို ဆက္၍ ထိန္းသိမ္းထားလည္း သူတို႔အတြက္ အသုံးမဝင္ေပ။ ထို႔ေၾကာင့္ ေၾကးနီျပားႏွင့္ လဲလွယ္ပစ္လိုက္ျခင္းက ပိုေကာင္းေပသည္။ အနည္းဆုံး မနက္ျဖန္၌ သူတို႔က ယာယီေနထိုင္သူ အဆင့္အတန္းကို ဝယ္ယူႏိုင္မည္ ျဖစ္သည္။

ထိုသို႔ေတြးၿပီးေနာက္ သူတို႔က ေ႐ွ႕သို႔ တိုးလာၿပီး သူတို႔၏ လီနင္ပိတ္ကို ေရာင္းခ်ရန္ စိတ္အားထက္သန္ေနၾကသည္။

ယြင္လင္က ဘယ္သူလာလာ မျငင္းဆန္ဘဲ အကုန္လုံးကို ဝယ္ယူခဲ့သည္။ သူမက အလြန္ ခ်မ္းသာသည့္အတြက္ လူအမ်ားသည္ သူမက တရားမဝင္သည့္ လုပ္ရပ္မ်ား လုပ္ေနသလား သိခ်င္ေနၾကေပသည္။

ယြင္လင္က ဝယ္ယူေနရင္း သူမစိတ္ထဲတြင္ ကြာျခားခ်က္မ်ားကို တြက္ခ်က္ေနသည္။

ထိုအခ်ိန္၌ သုံးေယာက္ပါသည့္ အဖြဲ႕တစ္ဖြဲ႕က သူ႕မေ႐ွ႕ကို ေလွ်ာက္လာခဲ့သည္။ ေခါင္းေဆာင္ျဖစ္သူက နက္႐ိႈင္းသည့္အသံႏွင့္ ေျပာလိုက္သည္။ "လီနင္ပိတ္ငါးစနဲ႔ မင္း သိုေလွာင္႐ုံထဲကို ဘယ္လိုဝင္လဲဆိုတဲ့ နည္းလမ္းနဲ႔ အလဲအလွယ္လုပ္မယ္။"

ယြင္လင္က သူမ၏ လႈပ္႐ွားမႈမ်ားကို ရပ္တန္႔လိုက္ၿပီး ေခါင္းကို ေျဖးညင္းစြာ ေမာ့ၾကည့္လိုက္သည္။

"မင္း လိမ္ရင္ေတာ့ ဟင္း..ဟင္း.." သူ႕အသင္းေဖာ္မ်ားက ၿခိမ္းေျခာက္မႈအျပည့္ႏွင့္ သူတို႔၏ ဓားေျမႇာင္မ်ားကို ဆြဲထုတ္လိုက္သည္။

"ငါ နင္တို႔ကို ေျပာျပလို႔ရတယ္။ ဒါေပမယ့္ နင္တို႔ ငါ့လို လိုက္လုပ္လို႔ မရႏိုင္ဘူး။" ယြင္လင္က ေျပာလိုက္သည္။

ေခါင္းေဆာင္က လီနင္ပိတ္ငါးစကို ပစ္ေပးရင္း ေျပာလိုက္သည္။ "အမွန္အတိုင္းသာေျပာစမ္းပါ။ က်န္တာ ငါတို႔ဘာသာ ဆုံးျဖတ္မယ္။"

ယြင္လင္က ေျပာလိုက္သည္။ "စခန္းကို အရင္ဆုံး ႐ွာေတြ႕ၿပီး ကံေကာင္းစြာနဲ႔ စနစ္ကေပးတဲ့ တာဝန္ကို ၿပီးေျမာက္ခဲ့တာေၾကာင့္ ဝင္ထြက္ခြင့္ရဖို႔ အရည္အခ်င္းျပည့္မီၿပီး ကိုယ္ပိုင္ သိုေလွာင္႐ုံအျဖစ္ ေနရာလြတ္ကို ပိုင္ဆိုင္ခဲ့တာ။ ဒီအေျဖကို ေက်နပ္ရဲ႕လား။"

ထိုသုံးေယာက္က အခ်င္းခ်င္း တီးတိုးေျပာဆိုေနၾကၿပီးေနာက္ စကားတစ္ခြန္းမွမဆိုဘဲ ထြက္သြားခဲ့သည္။

ေဝ့ခ်င္က သံသယျဖစ္ေနသည္။ "အဲဒါက အမွန္ပဲလား။"

ယြင္လင္က ေျပာလိုက္သည္။ "အမွန္ပဲ။"

Beta အေတာအတြင္း တစ္စုံတစ္ေယာက္က ကိုယ္ပိုင္သိုေလွာင္႐ုံကို ထိုနည္းလမ္းျဖင့္ ရ႐ွိႏိုင္ေပသည္။

"ငါ ဘယ္လိုလုပ္ရင္ ဒီလို ကံေကာင္းမႈမ်ိဳး ရလာႏိုင္မွာလဲ။" ေဝ့ခ်င္က သက္ျပင္းခ်လိုက္သည္။

**

စားေသာက္ၿပီးေနာက္ ယြင္လင္က သိုေလွာင္႐ုံအတြင္း ပုန္းေနခဲ့ၿပီး ပစၥည္းစာရင္းကို စစ္ေနခဲ့သည္။

အကုန္တြက္ခ်က္ၿပီးေနာက္ သူမတြင္ ေၾကးနီျပား ၁၃၅ ျပား၊ ပိုးခ်ည္မွ်င္လုံး ခုနစ္လုံးႏွင့္ လီနင္ပိတ္ ႏွစ္ဆယ့္တစ္စ ႐ွိေနေၾကာင္း သိလိုက္ေပသည္။

ယြင္လင္က အနည္းငယ္ စိတ္ညစ္ေနခဲ့သည္။ "႐ိုး႐ွင္းတဲ့ ပတ္တီးလိပ္ေလးလုပ္ဖို႔ကို လီနင္ငါးစနဲ႔ ပိုးခ်ည္မွ်င္ တစ္လုံး လိုအပ္တယ္။ လီနင္ေက်ာပိုးအိတ္ လုပ္ဖို႔အတြက္ လီနင္အစႏွစ္ဆယ္နဲ႔ ပိုးခ်ည္မွ်င္ငါးလုံး လိုအပ္တယ္တဲ့။"

"ပထမတစ္ခုက ငါးစကၠန္႔ေနတိုင္း HP 20 ျပန္ရႏိုင္တယ္။ ေက်ာပိုးအိတ္ရဲ႕ အရည္အေသြးက သာမန္ေပမယ့္ အကန္႔ေလးခု႐ွိၿပီး အကန္႔တစ္ခုစီမွာ တူညီတဲ့ပစၥည္း ကိုးဆယ့္ကိုးခုစီ ထည့္ထားႏိုင္တယ္။ အဲဒါက သယ္ယူဖို႔ ေပါ့ပါးတဲ့ အေလးခ်ိန္႐ွိ​ၿပီး အသုံးအေဆာင္ပစၥည္း က႑ထဲ ေနရာယူသြားမွာ မဟုတ္ဘူး။"

"ကုန္ၾကမ္းပစၥည္းမလုံေလာက္ဘူး။ ငါ ႏွစ္ခုထဲက တစ္ခုပဲ ေ႐ြးခ်ယ္ၿပီး ျပဳလုပ္လို႔ရမယ္။ ဘယ္ဟာကို ေ႐ြးရမလဲ....။"

ခက္ခက္ခဲခဲ စဥ္းစားၿပီးေနာက္ ယြင္လင္က လီနင္ေက်ာပိုးအိတ္ျပဳလုပ္ရန္ ဆုံးျဖတ္လိုက္သည္။

သူမက ႐ွည္လ်ားသည့္ အပ္တစ္ေခ်ာင္းထုတ္ယူလိုက္ၿပီး ႐ွည္လ်ားသည့္ ပိုးခ်ည္မွ်င္ျဖင့္ အပ္ေပါက္ထိုးလိုက္သည္။ သူမက ကြၽမ္းက်င္လွသည့္ စြမ္းရည္ႏွင့္ အလ်င္အျမန္ ခ်ဳပ္လုပ္ေနသည္။ သူမၿပီးသြားသည့္အခါ သူမက 'ကြၽမ္းက်င္အပ္ခ်ဳပ္စြမ္းရည္' ကို အသုံးျပဳခဲ့ေလသည္။

အျဖဴေရာင္အလင္းတန္း တစ္ခ်က္ လင္းလက္သြားၿပီး လီနင္ေက်ာပိုးအိတ္ကို ျပဳလုပ္ၿပီးစီးသြားခဲ့၏။

စနစ္က အသိေပးလာ၏။ [ကစားသမားက ကိုယ္ပိုင္အသုံးအေဆာင္ပစၥည္းကို ပထမဆုံး ေအာင္ျမင္စြာ ျပဳလုပ္ႏိုင္တဲ့အတြက္ ဂုဏ္ျပဳပါတယ္။ ဆုလာဘ္အျဖစ္ XP 50 မွတ္နဲ႔ ေၾကးနီျပား ၁၀၀ ရ႐ွိပါတယ္။]

[ကစားသူကို ဂုဏ္ျပဳပါတယ္။ သင္အဆင့္တက္သြားပါၿပီ။]

[Attribute အမွတ္ သုံးမွတ္ ရ႐ွိပါတယ္။ ဆႏၵ႐ွိသလို ေနရာခ်ထားႏိုင္ပါတယ္။]

သူမ၏ ကိုယ္ပိုင္ Attribute ဝင္းဒိုး ထြက္ေပၚလာသည္။

[အမည္ - ယြင္လင္]

[Level - 1]

[XP - 17/200]

[HP - 240/240 (စေကးလ္ေဘာနပ္စ္ 200)]

[MP: 60/60]

[Attributes: ခြန္အား 3 (2), လ်င္ျမန္သြက္လက္မႈ 4 (1), ခံႏိုင္ရည္(သက္လုံ) 4, ပါးနပ္မႈ 6, ဝိညာဥ္စြမ္းအား 6]

မွတ္စု။ ။ ကြင္းစကြင္းပိတ္အတြင္းမွ အမွတ္မ်ားမွာ အသုံးအေဆာင္ပစၥည္း ေဘာနပ္စ္အမွတ္ ျဖစ္ပါတယ္။

ယြင္လင္က သူမ၏ ယခင္က ဂိမ္းေဆာ့သည့္ စတိုင္လ္ကို ထိန္းသိမ္းထားကာ Attribute အမွတ္မ်ား အားလုံးကို 'ခံႏိုင္ရည္'သို႔ ေပါင္းထည့္လိုက္သည္။

ထို႔ေၾကာင့္ ေျပာင္းလဲသြားသည့္ အေျခအေနမွာ -

[HP: 270/270 (ေဘာနပ္စ္အမွတ္ 200)]

[MP: 60/60]

[Attributes: ခြန္အား 3 (2), လ်င္ျမန္သြက္လက္မႈ 4 (1), ခံႏိုင္ရည္(သက္လုံ) 7, ပါးနပ္မႈ 6, ဝိညာဥ္စြမ္းအား 6]

အသုံးအေဆာင္ပစၥည္း ပထမဆုံးျပဳလုပ္ၿပီးစီးမႈတြင္ အပိုဆုလာဘ္မ်ား ရ႐ွိလာျခင္းေၾကာင့္ ယြင္လင္က ေပ်ာ္႐ႊင္ေနသည္။ ကံေကာင္းစြာႏွင့္ သူမက '႐ိုး႐ွင္းသည့္ပတ္တီးလိပ္' ကို မေ႐ြးခ်ယ္ခဲ့ေပ။ ၎က ျပန္လည္ကုစားေရးပစၥည္းသာျဖစ္ၿပီး အသုံးအေဆာင္ပစၥည္းအျဖစ္ မမွတ္ယူႏိုင္ေခ်။

***

ထိုညက အိပ္ေရးပ်က္သည့္ ညတစ္ညျဖစ္ခဲ့သည္။ လူေပါင္းမ်ားစြာသည္ က်ီလန္႔စာစားျဖစ္ေနၾကၿပီး ေကာင္းမြန္စြာ မအိပ္စက္ႏိုင္ၾကေပ။

အေျပာင္းအလဲက ႐ုတ္တရက္ႀကီး ျဖစ္ပြားလာျခင္း ျဖစ္သည္။

အလုပ္မွာ၊ ေက်ာင္းမွာ၊ စားေသာက္ရင္း၊ လမ္းေလွ်ာက္ရင္းႏွင့္ မြန္းစတားမ်ားက ႐ုတ္တရက္ႀကီး ျဗဳန္းခနဲ သူတို႔ေ႐ွ႕တြင္ ထြက္ေပၚလာျခင္း ျဖစ္သည္။ ျပန္တိုက္ခိုက္ျခင္း၊ ေျပးလႊားျခင္း၊ ပုန္းကြယ္ေနျခင္းတို႔က သူတို႔၏ အသက္ကို ထိန္းသိမ္းႏိုင္႐ုံမွ်သာ လုပ္ႏိုင္ခဲ့သည္။

သို႔ေသာ္ ေနာက္ထပ္ဘာေတြျဖစ္လာလိမ့္မလဲ။ လူေပါင္းမ်ားစြာ ေသဆုံးသြားၿပီ ျဖစ္သည္။

သူတို႔၏ မိသားစုဝင္မ်ားေရာ ဘယ္လိုအေျခအေန ႐ွိေနမလဲ။

သူတို႔ မိတ္ေဆြ သူငယ္ခ်င္းေတြေရာ ဘယ္လိုျဖစ္ေနၿပီလဲ။

သူတို႔က စားေသာက္စရာမ်ားကို မည္သည့္ေနရာကေန ရႏိုင္မည္နည္း။

သူတို႔က တစ္ခုခုရလာၿပီး တစ္ေနရာရာမွာ ထည့္ထားလွ်င္ အခိုးခံရလိမ့္မည္လား။

သူတို႔က ကိစၥေပါင္းမ်ားစြာကို စိုးရိမ္ပူပန္ေနၾကေပသည္။

လူအမ်ားႀကီးက မီးပုံေဘးတြင္ ဝိုင္းဖြဲ႕ထိုင္ေနရင္း အိပ္မေပ်ာ္ခဲ့ၾကေပ။

သူတို႔က မနက္ျဖန္မနက္ေစာေစာထကာ လုပ္ရန္လိုအပ္သည့္ ကိစၥမ်ားစြာ႐ွိသည္ကို သိေသာ္လည္း သူတို႔၏ အေတြးမ်ားက ႐ႈပ္ယွက္ခတ္ေနၿပီး အိပ္၍ မေပ်ာ္ႏိုင္ၾကေပ။

သူတို႔က မိႈင္ေတြေနၾကစဥ္ စူး႐ွက်ယ္ေလာင္သည့္ ေအာ္သံတစ္ခုက စခန္းအျပင္ဘက္မွ ထြက္ေပၚလာသည္။ "ကယ္ၾကပါ!!"

ညက တိတ္ဆိတ္ေနၿပီး အသံက အေဝးႀကီးထိ ေရာက္ႏိုင္ေပသည္။

ငိုက္ျမည္းေနသည့္ အခ်ိဳ႕ကစားသမားမ်ားက ထိုစူး႐ွလွသည့္ ေအာ္သံေၾကာင့္ ႏိုးလာခဲ့ၾကသည္။ "ဘာျဖစ္တာလဲ။ ဘာျဖစ္တာလဲ။ မြန္းစတားစစ္တပ္ႀကီး ေရာက္လာလို႔လား။"

"ကယ္ၾကပါ!!" အကူအညီေတာင္းသည့္ ေအာ္သံကို ေနာက္တစ္ခါ ထပ္ၾကားလိုက္ၾကရသည္။ နင့္နင့္သည္းသည္း ေအာ္ဟစ္သံမွေန၍ ထိုလူက ႀကီးမားလွသည့္ အႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိ႐ွိႏိုင္ေပသည္။

ယာယီေနထိုင္သူမ်ားက အသံလာရာဘက္သို႔ လွမ္းၾကည့္လိုက္ၾကသည့္အခါ စခန္းအျပင္ဘက္၌ အေမွာင္ထုကိုသာ ျမင္ၾကရေပသည္။

တစ္ေယာက္က ခပ္တိုးတိုးေျပာလိုက္သည္။ "ငါတို႔က ကူညီခ်င္ရင္ေတာင္ သူတို႔ကို ႐ွာမေတြ႕ႏိုင္ဘူး။ ဘယ္လိုကူညီရမလဲ။'

သူတို႔ မတုန္႔ျပန္ႏိုင္ခင္ အကူအညီေတာင္းသံက တ​ေျဖးေျဖး အားနည္း၍ သြားေပသည္။ "ကူညီၾကပါ.... ကယ္... ၾက... ပါ.....ဦး......."

အသံက တေျဖးေျဖးတိုးတိမ္သြားခဲ့ၿပီးေနာက္ စခန္းဝန္းက်င္က တစ္ဖန္ျပန္၍ တည္ၿငိမ္သြားေပသည္။

ယာယီေနထိုင္သူမ်ားက အခ်င္းခ်င္း ၾကည့္လိုက္ၾကၿပီး သူတို႔ ေက်ာ႐ိုးထဲမွ ေအးစက္မႈတို႔ စိမ့္တက္လာသည္ကို ခံစားလိုက္ရသည္။

ေန႔အခ်ိန္တြင္ လမ္းေပၚ၌ မြန္းစတားမ်ားစြာ ႐ွိေနသည္။ ညအခ်ိန္၌ လမ္းမမ်ားက ႐ွင္းလင္းေန၏။ အခ်ိဳ႕လူမ်ားက အေျခအေနကို ေသခ်ာမသိဘဲ အေမွာင္ထုက သူတို႔၏ လႈပ္႐ွားမႈမ်ားကို ဖုံးကြယ္ေပးမည္ဟု ေတြးထင္ခဲ့ၾကသည္။ ထို႔ေၾကာင့္ သူတို႔က ညေရာက္ေတာ့မွသာ ထြက္လာခဲ့ၾကျခင္း ျဖစ္၏။

အျခားလူမ်ားသာမကဘဲ ဤအဖြဲ႕ထဲ႐ွိ အခ်ိဳ႕လူမ်ားသည္လည္း ညဘက္တြင္ အျပင္သို႔ထြက္ရန္ စီစဥ္ထားၾကျခင္း ျဖစ္သည္။

အကယ္၍ တစ္စုံတစ္ေယာက္က သူတို႔ကိုသာ သတိမေပးခဲ့လွ်င္......

"ကံေကာင္းစြာနဲ႔ ယြင္လင္က ငါတို႔ကို သတိေပးခဲ့လို႔သာေပါ့...။" ေဝ့ခ်င္သည္ အေစာပိုင္းက အျဖစ္ေၾကာင့္ အေၾကာက္တရားတို႔ျဖင့္ ျပည့္ႏွက္ေနဆဲ ျဖစ္သည္။

ထိုမိန္းကေလး နာမည္က ယြင္လင္ ဟု ေခၚသည္လား။ ကစားသမားမ်ားက ေက်းဇူးတင္မႈအျပည့္ႏွင့္ ထိုအမည္ကို တိတ္တိတ္ကေလး မွတ္သားထားလိုက္ၾကေတာ့သည္။

*****

Continue Reading

You'll Also Like

651K 71.8K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
3.6M 538K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
918K 68.5K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ႕တာဝန္ကဇာတ္လိုက္ကိုကယ္တင္ေပးရမွာပါ" "ငါကဘာလို႔လဲ!" Start Date -27.7.2022 End Date...