မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၁၃)
"ကိုကို...နွေးကိုထားမသွားပါနဲ့နော် ပြန်လာခဲ့ပါနော် ကိုကို!!!" ညသန်းခေါင်ကျော်မှာချွေးသံတရဲရဲနဲ့နိုးထလာတဲ့နွေး။ဖြူဖွေးနုဖက်နေတဲ့ပါးပြင်မှာလည်း မျက်ရည်စတွေနဲ့...ရပ်တန့်လို့မရဘဲတရှိုက်ရှိုက်နဲ့ ငိုနေမိသည်။ နွေးသည့်ထိုအိပ်မက်ဆိုးကို၁လမှာ ၃ရက်လောက်မက်လေ့ရှိသည်။ အိပ်မက် မက်သည့်နေ့တွေမှာဆိုတစ်ညလုံးအိပ်မပျော်နိုင်တော့ဘဲ ငိုနေမိသည့်အခါတွေလည်းမနည်းပါ။အဲလို့ ငိုနေရင်ပင်ပန်းလာမှာသာအိပ်ပျော်သွားတတ်သည်။ မနက်နိုးရင်တော့ မျက်လုံးတွေအစ်နေတော့မည်ကိုမြင်ယောင်နေမိသည်။
"သမီး မျက်နှာလည်းမကောင်းပါလား မဟုတ်မှလွဲ၍ ညက...."
"အင်း ဟုတ်တယ်... သမီး မျက်နှာသစ်လိုက်အုံးမယ်"
"အော် ဒါနဲ့ သမီးပါးပါးက ရေချိုးပြီရင်ပြင်ဆင်ထားတဲ့ ၁၀နာရီကြရင် မားမားတို့အပြင်သွားမို့"
"ဟုတ်ကဲ့"
ဒီနေ့သည်စနေနေ့ဖြစ်၍ကျောင်းပိတ်သောကြောင့် မိသားစုနဲ့အပြင်သွားလည်ချင်ပင်ဖြစ်သည်။ နွေး ရေချိုးပြီပြင်စရာရှိတာပြင်ပြီ ထွက်လာခဲ့သည်။ နွေးသည် မိတ်ကပ်လိမ်းရသည့်ကိုမကြိုက်ပါ။
ဒါကြောင့်Suncreamကိုသာလိမ်းပြီထွက်လာခဲ့တော့သည်။ ဘာမှမလိမ်းထားရင်တောင်လှသူမို့ ထူးထူးခြားခြားလိမ်းစရာမလိုနေပါ။(မိတ်ကပ်ဖို့သက်သာတာပေါ့)။နွေးတို့ အိမ်မှာလိုတာတွေ၀ယ်ပြီးစားသောက်ဆိုင်တစ်ခုမှာ၀င်စားကြတယ်။ဒါပေမဲ့ နွေးသည် စားမ၀င်ပါ ညကအိပ်မက်အကြောင်းတွေးရင် စိတ်ရှုပ်လာကာဆက်မစားနိုင်တော့ပါ။ မိဘတွေကတော့ နွေးအခြေအနေကိုရိပ်မိ၍မေးကြသည်။
"သမီး စားမ၀င်ဘူးလား မားမား ဘာထပ်မှာပေးရမလဲ"
"ရပါပြီ သမီးဗိုက်မဆာသေးလို့ပါ"
"အင်းပါ အိပ်မက်အကြောင်းမတွေးနဲ့နော်"
"ဟုတ်ကဲ့ပါ"
"နွေး..."
နွေးနှင့်သိပ်မဝေးသည့်နေရာကနေ လှမ်းခေါ်လိုက်သည့် လူတစ်ယောက်။ထိုအသံသည် နွေးအရမ်းရင်းနှီးသည့် အသံပင်ဖြစ်သည်။ မြတ်နိုးရသူ၏အသံဆိုသည်ကို ချက်ချင်းပင်သိလိုက်ရသည်။
"တီချယ် "
"ဆရာမက ဒီကလေးမကနွေးနဲ့တူတယ်ဆိုပြီ ကြည့်နေတာ သေချာကြည့်လိုက်တော့နွေးဖြစ်နေတာ"
"သမီးကတော့ တီချယ်ခေါ်မှကြားတာ တီချယ်သာမခေါ်ရင် အခုလို့တွေ့ရမှာမဟုတ်ဘူး"
လူတွေရှေ့မို့ 'ကလေးငယ်' 'ကိုယ်' တွေကိုသုံးလို့မသင့်တာကြောင့် ယဉ်ကျေးသည့် အပြောမဆိုနဲ့သာပြောဆိုနေကြခြင်းပင်ဖြစ်သည်။
"သမီး ဦးကိုမှတ်မိလား"
"ဟုတ် တီချယ်နဲ့စေ့စပ်ထားသူမလား"
"ဦးကိုမှတ်မိသားပဲ"
"ဟုတ်"
တီချယ်ဘေးမှာ တီချယ်နဲ့စေ့စပ်ထားသူဦးထိန်လင်းအောင်ဆိုသည့်လူရှိနေလေသည်။ အခုမှသေချာကြည့်မိတာက ဦးထိန်လင်းအောင်သည် အသားဖြူပြီ အရပ်အမောင်းကလည်း ၆ပေလောက်ရှိမည်။ ရုပ်ရည်ကတော့ အပြစ်ပြောစရာပင်မရှိဘဲ ချောမောလှသည်။ သူ့လို့လူမျိုးကိုမချစ်သည့် တီချယ်ကိုအံ့ဩမိသွားသည်။ ကိုယ်သာဆိုရင် ထိုလူကြီးနှင့် တစ်ခါထဲ လက်ထပ်မိမှာအမှန်ပင်။ ဒါပေမဲ့ ဦးထိန်လင်းအောင်ကို အမြင်ကပ်မိသည်။ အကြောင်းအရင်းကိုပြောပါဆိုရင် တီချယ်နဲ့စေ့စပ်ထားသူဖြစ်လို့ဟုဆိုမိမည်ဖြစ်သည်။
"အော်...ဒါနဲ့ သမီးကို ဆရာမပြောစရာရှိတယ် ပြောမယ် ပြောမယ်နဲ့မေ့နေတာ"
"ဘာများလဲ တီချယ်"
"ဟိုတစ်ပတ်က ဆရာမကြီးက တီချယ်ကိုခေါ်ပြီပြောတယ် သမီးကို အကပြိုင်ပွဲမှာ၀င်ပြိုင်စေချင်တယ်တဲ့ သမီးသာပါ၀င်ရင် အခြားကလေးတွေပါ...."
ငယ်စကားပင်မဆုံးသေးပါ အကပြိုင်ပွဲဆိုသည့် စကားကိုကြားတာနှင့် မျက်နှာပျက်ကာ ခုနကအထိ သွေးရောင်ရှိနေသည့် မျက်နှာသည် ရုတ်တရက် ဖြူဖျော့လာသည်။ ဆက်နားမထောင်ချင်တော့တာနဲ့ ထမယ်အလုပ် နွေးသည် မူးလဲချင်သယောင် ဖြစ်သွားသည်မို့ နွေးကို ငယ် ထိန်းပေးလိုက်ရသည်။ နွေးခန္ဓာကိုယ်သေးသေးလေးသည် တီချယ်ရဲ့ ရင်ခွင်ထဲက အလိုလိုရောက်သွားတော့သည်။
"နွေး..နေမကောင်းဘူးလား ဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ပါဘူး ဒီတိုင်းပါ"
"တီချယ်တပည့်က အကပြိုင်ပွဲဆိုတာပက်သက်ပြီ ပြောလို့မရဘူး သူမှာ..."
"ပါးပါး! တော်ပြီ... စားလို့ပြီးပြီမလား သမီးတို့ပြန်ရအောင်..တီချယ်ခွင့်ပြုပါအုံး"
ငယ်ရင်ခွင်ထဲက ထွက်ကာ ယိုင်ကျတော့မယ် ခြေလှမ်းတွေကိုအတတ်နိုင်ဆုံးထိန်းလျှောက်ပြီး ကားပေါ်သို့အမြန်တက်သွားသည့် ထိုကလေးကို ငယ်နားမလည်တော့ပါ။ နွေးမိဘတွေကို "တီချယ်ခွင့်ပြုပါအုံးနော်"ဆိုပြီ သွားလေပြီရဲ့။ ငယ်ကတော့ ထားခဲ့ခံရသူပမာ ထိုနေရာလေးမှာမလှုပ်မရပ်နဲ့ သူတို့ထွက်သွားသည့်အထိ ကြည့်နေမိတော့သည်။ ဘေးနားက ထိန်လင်းအောင်က ခေါ်မှသာ အသိပြန်၀င်လာတော့သည်။
ကားပေါ်ကနွေးကတော့ တီချယ်နှင့်ထိုလူကြီးဘာလို့အတူရှိနေကြတာလဲဆိုပြီ တွေးရင်စိတ်အိုက်လာပါတော့သည်။ ညကလည်း ကောင်းကောင်းမအိပ်ရ၊ မနက်ကျပြန်တော့လည်း ကိုယ်ချစ်တဲ့သူဘေးမှာ အခြားတစ်ယောက်ရှိနေတာကိုမြင်ရတော့ နွေးခဗျာ ဒေါသစိတ် ၀မ်းနည်းစိတ်တို့သာကြီးစိုးနေလေ၏
အိမ်ပြန်ရောက်တော့လည်း ဒေါသအရှိန်ကမသေသေးပါ။ ဖြစ်နိုင်ရင်တွေ့သမျှလူတိုင်းကိုအော်ဟစ်ပြီဒေါသပုံချလိုက်ချင်ပေမဲ့ မလုပ်နိုင်ခဲ့ပါ။ကိုယ်ဒေါသက သူတို့ကြောင့်ဖြစ်တာမဟုတ်ပါဘူးဆိုပြီတော့သာ ငြိမ်နေလိုက်တော့သည်။" တီချယ်က သူကိုမချစ်ဘူးလည်းပြောသေးတယ် ဘာလို့အတူတူရှိနေတာလဲ...ကိုကိုရာ ဒီလို့အချိန်တွေ ကိုကို ရင်ဖွင့်ချင်မိတယ် သိလား" ဟုပြောပြီ အခန်းထောင့်တစ်နေရာမှာ အားမရှိသည့်ပုံစံဖြစ်နေသည့်နွေးကထိုင်ကာ အသံတိတ်ငိုနေမိသည်။ နွေးသည် လူအများရှေ့ငိုရသည်ကိုမုန်းသည်။ကိုယ်အားနည်းနေတဲ့အချိန်ကို ကိုယ်တစ်ယောက်ထဲကိုဘဲပေးသိချင်သည်။ အချိန်တော်ကြာငိုပြီနောက် ကုတင်ပေါ်တက်ကာ ပင်ပန်းစွာနှင့် အိပ်စက်အနားယူလိုက်သည်။ နွေးနိုးလာတော့ နေတောင်၀င်တော့မည်။ဖုန်းကိုဖွင့်ကြည့်လိုက်တော့ တီချယ်က စာပို့ထားသည်
"နွေး အဆင်ပြေရဲ့လား" တဲ့ တီချယ်မို့မေးရက်တယ် အဆင်ပြေနေတဲ့ရုပ်များပေါက်နေလားမသိ။ နွေးလည်း စိတ်ကို လျော့ပြီ "ပြေပါတယ် ဘာမှမဖြစ်ပါဘူး" ဟုဆိုပြီ စာပြန်လိုက်သည်။
ခဏကြာတော့ တီချယ်ကစာထပ်ပို့လာသည်။
"ဟို..ဆရာမအကပြိုင်ပွဲအကြောင်းပြောမိလို့တောင်းပန်ပါတယ်နော်"
"ရပါတယ် မလိုပါဘူး ဒါပေမဲ့ သမီး အကပြိုင်ပွဲကိုလုံး၀ ၀င်မပြိုင်ဘူး တီချယ်"
"အင်းပါ သမီး မပြိုင်ချင်ရင် ဆရာမကနပြောတော့ပါဘူး"
"ဟုတ်ကဲ့ ဒါဆို သမီးလိုင်းဆင်းပြီနော်"
"အင်း"
ငယ်ကတော့ နွေးရဲ့အပြုအမူတွေနဲ့အပြောအဆိုတွေကိုနားမလည်နိုင်ပါ။ နွေးသည် ပုံမှန်ဆို သူဘက်အရင်လိုင်းဆင်းဖို့မပြောတက်ပါ ပြီတော့ ဒီနေ့ဖြစ်သွားတဲ့ အပြုအမူကလည်းက ဘာကြောင့်လဲ။ အကပြိုင်ပွဲနဲ့ပက်သက်ပြီလာလို့ပြောမရတာလဲ။ ငယ်ခေါင်းထဲမှာ အဖြေရှာမရတဲ့မေးခွန်းတွေနဲ့သာပြည့်နေတော့သည်။
နွေးရေချိုးပြီ အ၀တ်လဲဖို့ ဗီဒိုကိုဖွင့်လိုက်တော့ ဗီဒိုထဲကနေ ကျလာသည့် ဟောင်းနွမ်းနေသော ကောင်လေးတစ်ယောက်ဓာတ်ပုံကိုတွေ့လိုက်ရသည်။ နွေးသည် ထိုပုံ အမြတ်တနိုးကောက်ကာ ဗီဒိုထဲသို့ပြန်ထွက်လိုက်သည်။ ထိုနောက်တီးတိုးစွာဖြင့်ရေရွတ်လိုက်၏"ကိုကို ဘာလို့ နွေးကိုထားခဲ့ရတာလဲဟင်"။ နွေး ဆိုပြီ ကိုယ်ကို သုံးသည့် နာမ်စားကို ကိုကိုဆိုသည့်လူအရှေ့မှာသာ သုံးသူနွေး။
ညစာစားဖို့ထွက်လာတော့ နွေးတစ်ယောက်ထိပ်လန့်သွားရတော့သည်။ အဲဒါကတော့ တီချယ်မာနငယ်က ကိုယ်အိမ်ရောက်နေလေသည်တဲ့လား။ တီချယ် ကျောင်း၀တ်စုံနဲ့မဟုတ်ဘဲအခုလို့အပြင်အ၀တ်အစားနဲ့တွေ့ရတော့လည်း တီချယ်ကသိပ်လှနေလေရဲ့။ ပါတိတ်အနီလေးကို၀တ်ထားတာ ဘယ်လောက်ကျက်သရေရှိပြီလှလည်းဆိုတာ စကားနဲ့ပင်ဖော်မပြတက်တော့ပါ။ ကိုယ်သဘောကျရတဲ့ အပြုံးလေးတွေနဲ့ တီချယ်က ပြုံးပြလေသည်။ ကျရှုံးပြီသား နှလုံးသားကို ထပ်ကျရှုံးအောင်လုပ်ဖို့ကြံနေသလားပဲ။ ထိုအခါနွေးအရာတစ်ခုကို သေချာသိသွားခဲ့တော့သည် နွေးအချစ်စစ်ချစ်နေတာက တီချယ်ကိုး။
_____
အခုမှစရေးတာမို့ လိုအပ်တာရှိရင် ခွင့်လွှတ်ပေးကြပါရှင့် ဟိုမီရဲ့ အရေးသားက မကောင်းတာမျိုးတွေလည်းများနိုင်တာမို့ ဝေဖန်ပေးကြပါ🍓