(Unicode)
မူးလဲတဲ့ရက်အပြီး နောက်ထပ်ခုနစ်ရက်လောက်အထိ Chanyeol ကိုအဖေက အိမ်မှာပဲအနားယူခိုင်းသည်။Chanyeol အနားယူနေတဲ့အတောအတွင်း အဖေကကုမ္ပဏီကိုသွားပေးမည်ဟုပြောသည်။Dojin နှင့် Minjun ကလည်းရှယ်ယာဝင်တွေအနေဖြင့် ပရောဂျက်ကိစ္စတွေကို အဖေနှင့်အတူ တတ်နိုင်သလောက်ကူလုပ်ပေးကြမယ်လို့ Chanyeol ကိုပြောလာကြသည်။
Chanyeol ငြင်းချင်ပေမယ့်လည်း သူ့ကိုအနားယူခိုင်းနေကြတဲ့လူတွေက စိတ်အားထက်သန်နေကြတဲ့အခါ အများနှင့်တစ်ယောက်မို့သူပဲရှုံးရသည်။ထိုထဲမှာ စိတ်အားအထက်သန်ဆုံးကတော့ သူ့အမျိုးသားလေးပဲဖြစ်ပါသည်။သူလေးပြောသည်က
"ကိုကိုက အားနည်းနေတာ၊ အနားယူရမယ်နော်၊ ကိုကိုနားတဲ့အချိန် Hyunကစောင့်ရှောက်ရမှာဆိုတော့ ကျောင်းမတက်ဘူးလေ၊ ကိုကိုသက်သာမှ Hyunလည်းကျောင်းတတ်မယ်၊ နော် အဲ့လိုလုပ်ကြမယ်"
သူလေးရဲ့စိတ်ရင်းအမှန်က Chanyeol ကိုစောင့်ရှောက်ချင်တာလား ဒါမှမဟုတ် ကျောင်းမတက်ချင်တာလား ဒါမှမဟုတ် နှစ်ခုလုံးပဲလားဆိုတာကတော့ အတတ်ကလေး သူ့ဘာသာသူပဲသိပါလိမ့်မည်။
Hyunလေးက တစ်ခုခုသင်ရင်အတတ်မြန်သလောက် စာဆိုရင်တော့ပျင်းတတ်သည်။စာလုပ်ရပြီဆိုလျှင် စာကလွဲလို့ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေသမျှအရာအားလုံးကို သူလေးစိတ်ဝင်စားပါသည်။ဥပမာ-သူ့ဘာသာရွေ့နေတဲ့နာရီစက္ကန့်လက်တံကို တစ် နှစ် သုံး လေး လိုက်ရေနေတာမျိုးပေါ့။
အခုဆိုရင် Hyunလေးရဲ့ဆံပင်တွေက သူလေးအလိုကျ ငွေမင်ရောင်တွေဖြစ်သွားလေပြီ။ဆေးရုံရောက်ပြီးတဲ့နောက်နေ့ နှစ်ရက်အကြာမှာပဲ Chanyeol ကိုယ်တိုင် ဆိုင်ကောင်းကောင်းမှာလိုက်ဆိုးပေးလိုက်တာဖြစ်သည်။ငွေမင်ရောင်ဆိုးပြီးကတည်းက သူလေးဘာသာသူလေး ရေခဲမင်းသားဆိုတာကိုလည်းပါးစပ်ဖျားကမချတော့ပါ။
Hyunလေးက ရေခဲမင်းသားဖြစ်ချင်ပေမယ့် Chanyeol ကတော့ပါပီပေါက်လေးလို့ပဲတင်စားထားသည်။ငွေမင်ရောင်နှင့် Hyunလေးက အရမ်းလိုက်ဖက်လွန်းတာမို့ ဆေးဆိုးပြီးချင်းတုန်းကဆို Chanyeol မှာအကြည့်မလွှဲနိုင်။တစ်နေကုန်လုံး တစိမ့်စိမ့်ထိုင်ကြည့်နေချင်စိတ်တွေပါဖြစ်လာရသည်။အခုဆိုရင် Hyunလေး ရင်ခွင်ထဲတိုးဝင်နေတိုင်း အပေါ်စီးကနေကြည့်ရတဲ့ Chanyeol အဖို့တော့ ပါပီပေါက်လေးကိုပွေ့ဖက်ထားရသလိုပင်။အသည်းယားဖို့ကောင်းလွန်းလို့ ဖျစ်ညှစ်မိတာလည်းခဏခဏပဲ။
Chanyeol ကချစ်လို့ Hyunလေးကချစ်ဖို့ကောင်းနေတာမျိုးမဟုတ်ဘဲ Hyunလေးရဲ့အရှိတိုင်းဖြစ်တည်မှုလေးကိုက ချစ်ဖို့ကောင်းနေတာမို့ ပိုပြီးအသည်းနင့်ရပါသည်။
............ချစ်တယ်၊ ကိုကို့အပိုင်လေးကို ငုံထားချင်လောက်အောင် ချစ်ရပါတယ်.........
"အဲ့ဒါက ငါးအလီဆိုကြည့်လေ Hyunလေးရဲ့"
"အွန်! ငါးတစ်လီ ငါး ငါးနှစ်လီ ငါးနဲ့ငါးနဲ့ပေါင်း တစ်ဆယ် ငါးသုံးလီက ငါးကိုသုံးခါပေါင်းတော့ ရှစ်! မဟုတ်ဘူး ဆယ့်ရှစ်! မဟုတ်ဘူးနော်"
အလီဆိုနေတာမရတော့ Chanyeol ကိုလည်း မဟုတ်ကြောင်း အဖော်လာညှိနေသေးသည်။အခုအချိန်မှာတော့ စာသင်နေရတဲ့ရေခဲမင်းသားလေးက ပါပီပေါက်တောင်မှရိုးရိုးပါပီပေါက်မဟုတ်တော့ဘဲ ရေထဲကျထားတဲ့ပါပီပေါက်လေးလိုဖြစ်နေလေပြီ။မျက်နှာလေးကရှုံ့မဲ့နေပြီး တစ်ချက်တစ်ချက်လည်း ဆိုဖာခုံမှာထိုင်နေတဲ့ Chanyeol အားမော့ကြည့်ကာ မျက်နှာငယ်လေးလုပ်ပြသေးသည်။Chanyeol ကတော့စာနှင့်ပတ်သတ်တာမို့ မသိချင်ယောင်သာဆောင်ထားလိုက်သည်။
"သိပြီး ငါးသုံးလီ ဆယ့်ငါး"
Chanyeol စာဖတ်နေရင်းမှပြုံးမိသည်။
"ကိုကို"
"ဗျာ"
"Hyunတစ်ခုလောက်ပြောချင်လို့"
စာအုပ်ကနေအကြည့်ခွါပြီး တစ်ယောက်ထိုင်ဂွမ်းကပ်အခင်းလေးပေါ်မှာထိုင်နေသူလေးအား Chanyeol ကြည့်လိုက်ရင်း
"ပြောလေ ကလေးလေးရဲ့၊ အများကြီးပြောလည်းရတယ်"
"ကိုကို ခုခြေနေကိုနားမလည်ဘူးနဲ့တူတယ်"
"ဟင်"
"ကိုကို နားထောင်နော်၊ ကိုကိုက နေမကောင်းဘူးလေ၊ Hyunကကိုကို့ကိုစောင့်ရှောက်ရမှာ ကိုကိုကနားရမှာ"
"အင်း ဆက်ပြောပါဦး"
"အဲ့ဒါ...အဲ့ဒါ ကိုကိုက ခုတင်မှာလှဲနေပြီး Hyunကပြုစုရမှာ၊ ဆေးလည်းတိုက်ရမှာ၊ ခုလို စာမသင်ရဘူးလေ"
မျက်လုံးလေးဝိုင်းပြီး နှုတ်ခမ်းလေးတထော်ထော်ဖြင့် အားတက်သရောပြောနေတဲ့စကားတွေရဲ့ဆိုလိုရင်းကို နောက်ဆုံးတော့ Chanyeol နားလည်သွားပြီဖြစ်သည်။Chanyeol ရယ်လိုက်မိတာ ဟက်ဟက်ပက်ပက်ပင်။
"ဟားဟား ဟုတ်လား စာမသင်ရဘူးလား"
"အွန်း! မသင်ရဘူး"
အဆစ်အနေနဲ့ခေါင်းလေးပါခါပြသေးသည်။
"Hyunလေးရာ ကိုကိုအသည်းယားလာပြီ၊ လာခဲ့ ပေါင်ပေါ်ကို"
စကားဆုံးတာနဲ့ လက်ထဲကခဲတံလေးပစ်ချပြီး အလောတကြီးဖြင့် Chanyeol ရဲ့ပေါင်ပေါ်မှာ ဘေးတစောင်းလေးတက်ထိုင်သည်။ထို့နောက် ရင်ခွင်ထဲကိုခေါင်းလေးမှီလာသည်။ကိုယ်လုံးနွေးအိလေးကို လက်နှစ်ဖက်ဖြင့်ပြန်လည်သိုင်းဖက်ပြီး ရင်ခွင်ထဲမှာမြုပ်စေလိုက်ပါသည်။
"စာမသင်ချင်တဲ့ ကလေးလေးကို ဘာလုပ်ရင်ကောင်းမလဲ ဟင်"
"ကိုကို"
"ဗျာ"
"Hyunကစာမသင်ချင်တာမဟုတ်ဘူး၊ စာတွေက Hyunသင်တာကို ငြိမ်မခံတာ"
"................"
Chanyeol မှာမျက်လုံးအပြူးသား။
"ဟောဗျာ ကိုကို့ကို ပြောပါဦး သူတို့က ဘယ်လိုငြိမ်မခံတာလဲ"
"သူတို့က Hyunဦးနှောက်ထဲမှာငြိမ်ငြိမ်မနေဘူး၊ အပြင်ပြန်ထွက်သွားတာ၊ Hyunကပြန်လိုက်မသင်ချင်တော့ဘူးလေ၊ တစ်ခါပဲသင်ချင်တာပေါ့ နော့် ကိုကို"
Chanyeol ဘာပြန်ပြောရမှန်းမသိအောင်ငြိမ်သက်လျှက် တိတ်ဆိတ်သွားရတော့သည်။
...........မပြောခဲ့ဘူးလား၊ Hyunလေးက လူလည်အတတ်လေးပါဆို..........
:
"ကိုကိုကလည်း Hyunကဒါကိုရွှေ့ချင်တာပါဆို"
"အဲ့ဒါရွှေ့လိုက်ရင် ပိုဝေးသွားမှာပေါ့"
"ဟုတ်လို့လား"
"အင်း"
အခု ကိုကိုနှင့်သူ့ကလေးလေးတို့ နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီးဆွေးနွေးနေကြတဲ့အကြောင်းအရာကတော့ tablet ပေါ်က အရုပ်ဆက်တဲ့ဂိမ်းပဲဖြစ်သည်။ဖုန်းကိုအကျယ်တဝင့်သုံးတတ်လာတဲ့ Hyunလေးက အရုပ်ဆက်တာတောင် အရင်လိုစက္ကူကတ်တွေဖြင့်မဟုတ်တော့ပါ။
"အခု ဒါကိုရွှေ့ရင်ရောဟင်"
"ရတယ် ရွှေ့လိုက်"
"ကိုကို Hyunကို ခဏပေး"
အားမလိုအားမရဖြစ်လာပုံရတဲ့ Hyunလေးက Chanyeol ရဲ့လက်ထဲက tablet ကိုယူပြီးသူလေးပေါင်ပေါ်ပြောင်းတင်လိုက်သည်။
"ဒါကိုရွှေ့ ဒါကိုရွှေ့ ဒါကိုလည်းရွှေ့"
လက်ညှိုးသေးသေးလေးကိုရွေ့လျားပြီး အရုပ်လိုက်ဆက်နေသူလေးကို Chanyeol ပြုံးရင်းငေးကြည့်မိသည်။ဂိမ်းဆော့နေရလို့ပျော်နေပုံလေးကို ကြည့်ကြပါဦး။ပြုံးနေတာများပါးလေးတွေကိုဖောင်းလို့။
"Hyunလေး"
"ဗျာ"
"ကိုကိုတစ်ခုလောက်ပြောချင်လို့"
Tablet ကနေအကြည့်မလွှဲဘဲခေါင်းလေးညိမ့်ပြပြီး
"ဟုတ်ကဲ့"
"Hyunလေး အခုအခြေအနေကို နားမလည်ဘူးနဲ့တူတယ်"
"ဟင်"
ထိုတော့မှ Chanyeol ကိုမျက်လုံးလေးဝိုင်းပြီးမော့ကြည့်လာသည်။
"Hyunလေးနားထောင်နော်၊ ကိုကိုက နေမကောင်းဘူးလေ၊ Hyunလေးက ကိုကို့ကိုစောင့်ရှောက်ရမှာ ကိုကိုကနားရမှာ"
မျက်လုံးလေးပေကလပ်လုပ်နေသူလေးကိုကြည့်ပြီး Chanyeol ပြုံးရယ်ချင်နေတဲ့စိတ်ကိုထိန်းချုပ်ထားလိုက်ရင်း
"အခုလိုဂိမ်းဆော့နေတာက အနားယူနေတာတော့မဟုတ်သေးဘူးထင်တယ်နော်"
အတတ်ကလေးမျက်နှာလွှဲသွားပြီး ဖြေရှင်းဖို့စကားတွေစဉ်းစားနေပုံက အသည်းယားစရာ။လူလည်လေးကို Chanyeol လူလည်ပြန်ကျကြည့်သည်။ဘာပြန်ပြောလိမ့်မလဲ။
"မဟုတ်သေးဘူးလေ ကိုကိုရဲ့"
အစချီလာပုံလေးက အထင်ကြီးလောက်စရာ။
"အင်း ပြောပါဦး၊ ဘာမဟုတ်တာလဲ"
"ဂိမ်းဆိုတာက ဆော့ရတာက ပျော်ဖို့ကောင်းတယ်လေ"
"အင်း"
"အဲ့ဒါကြောင့် ပျော်ပြီးတော့ ကိုကိုနေကောင်းသွားမှာ"
"ဪ....ဒါပေမယ့် စဉ်းစားရတော့ ကိုကိုခေါင်းရှုပ်တယ်လေ"
"မဟုတ်ဘူးလေ ကိုကိုရဲ့၊ အဲ့ဒါက သူက စဉ်းစားတော့ ဦးနှောက်ကောင်းမှာ၊ Hyunကဦးနှောက်ကောင်းတယ် ဂိမ်းဆော့တာ"
တကယ်ကိုလက်သင့်ခံချင်လောက်စရာ ဖြေရှင်းချက်ကလေးတွေပင်။သို့ပေမယ့်လည်း သူလေးရဲ့မှတ်သားလောက်စရာစကားတွေကို Chanyeol ကြားချင်သေးသည်။
"အဲ့လိုပြောကြေးဆို စာစဉ်းစားရတာလည်း ဦးနှောက်ကောင်းစေတာပေါ့၊ အဲ့ဒါကို ဘာလို့ စာကျတော့မသင်ဘဲ ဂိမ်းဆော့တာလဲ"
"ကိုကိုကလည်းမတူဘူးလေ၊ စာကစဉ်းစားရတာမပျော်ဘူး၊ ဂိမ်းကပျော်တယ် ဟီးး"
"အောဟော အဲ့လိုပေါ့လေ"
"ဟီးး ခစ်ခစ်"
တကယ်ကို ဘယ်လိုချစ်ချစ် ချစ်လို့မဝနိုင်တဲ့ လူလည်အတတ်ကလေးပါ။
.................................................................................
Chanyeol အိမ်မှာအနားယူနေတဲ့ငါးရက်မြောက်နေ့ညနေပိုင်းမှာ အဖေနှင့်အတူ Dojin နှင့် Minjun တို့နှစ်ယောက် အိမ်ကိုသတင်းမေးရောက်လာကြသည်။
အဖေ့ကားအနောက်မှာ သူတို့နှစ်ယောက်က ကားတစ်ယောက်တစ်စီးစီဖြင့် လိုက်ပါလာကြသည်။နှစ်ယောက်က Chanyeol အတွက်လည်း အားရှိစေမယ့်မုန့်နှင့်အသီးအနှံတွေမျိုးစုံဝယ်လာပါသေးသည်။
ထိုမုန့်ထုပ်တွေကို စိတ်ဝင်တစားဖြင့်လိုက်ကြည့်နေတာကတော့ Chanyeol ရဲ့အမျိုးသားလေးဖြစ်သည်။Minjun ကထိုအရာကိုသတိထားမိသွားပြီး Baekhyun ကိုပြုံးကြည့်လိုက်ကာ
"Baekhyun အတွက်ရောပါတယ်၊ မင်းကိုကိုနဲ့အတူတူစားနော်"
"ကိုကိုက ဝယ်ကျွေးတာ"
ဆိုလိုတဲ့သဘောက မင်းဝယ်လာတာမစားရလည်း ကိုကိုကအများကြီးဝယ်ကျွေးပါတယ်ပေါ့လေ။Minjun ကတော့ခေါင်းအသာခါရင်းရယ်ပါသည်။
"အဲ့လိုမပြောရဘူးလေ Hyunလေးရဲ့၊ သူငယ်ချင်းကစေတနာနဲ့ဝယ်လာတဲ့ဟာကို၊ ကျေးဇူးပါလို့ပြောလိုက်နော်"
ထိုအခါမှ Hyunလေးက နှုတ်ခမ်းလေးကိုအသာသပ်လိုက်ပြီး ကျေးဇူးဟုခပ်တိုးတိုးပြောသည်။
"Chanyeol သက်သာတယ်မလား"
မေးလာတဲ့ Dojin ကိုခေါင်းအသာညိမ့်ပြလိုက်ပြီး
"သက်သာတယ် Dojin၊ အလုပ်ပြန်သွားရင်တောင် သွားလို့ရနေပါပြီ"
"အလုပ်ကတော့မသွားနဲ့ဦး၊ တစ်ပတ်နားဖို့ပြောထားတယ်လေ"
ထိုစကားက ရေချိုးသန့်စင်ပြီး ဧည့်ခန်းထဲကိုဝင်လာသည့် အဖေပြောလိုက်တာဖြစ်သည်။အဖေက ထိပ်ဆုံးကဆိုဖာခုံမှာဝင်ထိုင်လိုက်ပြီး Chanyeol ကိုသေချာကြည့်သည်။
"မျက်နှာတော့အရင်လိုပြန်ပြည့်လာပါတယ်၊ ဒါပေမယ့်နားဦး"
"ဟုတ်ကဲ့ပါ အဖေ"
ထိုသို့ လက်ခံရလွယ်တဲ့အဖေ့ရဲ့စကားတွေကို Chanyeol အမြဲတမ်းနားထောင်ပါသည်။
"Jay နဲ့ Minjun တို့ထမင်းစားပြီးမှပြန်ကြနော်၊ ခုနက အဒေါ်ကြီးကိုအကုန်ပြင်ခိုင်းပြီးသွားပြီ"
"မဟုတ်တာ အန်ကယ်ရယ်"
"ကျွန်တော်ရောပဲ၊ အိမ်ကနီးနီးလေးပဲဟာ ပြန်လိုက်ပါ့မယ်"
"မဟုတ်တာ နှစ်ယောက်စလုံးထမင်းစားပြီးမှပြန်ကြပါ၊ ဒီနေ့ဟင်းကောင်းတွေချက်ထားတယ်၊ ကျွေးချင်လို့စားသွားကြနော်"
Chanyeol ရဲ့တောင်းဆိုချက်အဆုံး Dojin နှင့် Minjun တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးနောက် ခေါင်းညိမ့်လက်ခံလိုက်ကြတော့သည်။
ညစာထမင်းဝိုင်းက ဧည့်သည်နှစ်ယောက်တိုးလာတော့ အရင်ကထက်လူစည်နေပါသည်။
"ငါ့တူတို့များများထည့်စားကြနော်၊ အားနာစရာမရှိဘူး"
"ဟုတ်ကဲ့ အန်ကယ်"
"ဟုတ်ကဲ့ပါ ဦးလေး"
ဒုဥက္ကဌ Park၊ Dojin နှင့် Minjun တို့က ညစာကိုအေးအေးလူလူစားနေကြတဲ့အချိန် တစ်ဖက်မှာတော့
"ကိုကို အာ..."
"Hyunလေးစားပါ၊ ကိုကိုခွန့်ကျွးမယ်လေ"
"ဟင့်အင်း ကိုကိုက များကြီးစားရမှာ၊ Hyunကနောက်မှ စားမှာ"
"လာ လာ အတူတူစားမယ် အာ...."
"ကိုကို အရင်စားလေ"
"လုပ်ပါဗျာ Hyunလေးအရင်စား"
"ဟုတ်ကဲ့.."
ထမင်းကို ကိုကိုအရင်စား Hyunလေးအရင်စားဖြင့် အဝေမတည့်နေတဲ့နှစ်ယောက်က နောက်ဆုံးတော့လည်း တစ်ယောက်တစ်ခေါက်စီအလှည့်ကျခွန့်ကျွေးရင်း ငြိမ်းချမ်းရေးရသွားကြတော့သည်။
သားဖြစ်သူနှင့်သားမက်တို့ရဲ့ကဲသဲမှုကြောင့် ဒုဥက္ကဌ Park ကတော့မနိုင်သလိုခေါင်းခါရင်းလစ်လျူရှုထားပြီး Dojin နှင့် Minjun တို့ကလည်း မမြင်ချင် မကြားချင်ယောင်ဆောင်ကာ ထမင်းကိုသာအာရုံစိုက်စားနေကြသည်။
ထိုသို့ဖြင့် နှစ်ယောက်အတူရှိနေရင် Chanyeol ကပတ်ဝန်းကျင်ကိုမေ့သွားတတ်ပြီး Baekhyun ကလည်းသူ့ကိုကိုသာ တစ်ကမ္ဘာတည်နေလေပါသည်။
.................................................................................
ခြေထောက်လက်ထောက်ဆေးကာ သန့်ရှင်းရေးလုပ်လိုက်ကြပြီးနောက် နှစ်ယောက်သားအိပ်ရာဝင်ရန်ပြင်လိုက်ကြသည်။
"ကိုကို ဆေးသောက်ဦး"
"ကျေးဇူးပါ ကိုကို့ဒေါက်တာလေး"
Hyunလေးယူပေးတဲ့ဆေးနှင့်ရေကိုသောက်ပြီးပြန်ပေးလိုက်တော့ ရေခွက်ကိုနေရာတကျပြန်ထားပြီးမှ Chanyeol ရဲ့အနားကိုပြန်ရောက်လာသည်။
"ပြွတ်စ်! ကိုကို့Hyunလေး ကောင်းကောင်းအိပ်ပါဗျာ"
"ပြွတ်စ်! ကိုကို Hyunကို အိမ်မက်မက်"
"အဟွန်း! အမိန့်တော်အတိုင်းပါဗျာ"
အိမ်ရာဝင်အနမ်းအပြန်အလှန်ပေးပြီးသွားတာနဲ့ ဂွမ်းစောင်ထူထူကိုနှစ်ယောက်လုံးအပေါ်လွှမ်းခြုံလိုက်ကာ Hyunလေးကိုရင်ခွင်ထဲထည့်ဖက်ထားလိုက်ပြီး အိပ်စက်အနားယူလိုက်ကြတော့သည်။အခုလို အေးချမ်းတဲ့ရာသီမှာ ကိုယ်လုံးနွေးအိလေးကိုပွေ့ဖက်ပြီးအိပ်စက်ရတာဟာ Chanyeol အတွက်တော့တကယ့်ကို ဆုလာဘ်ကြီးပင်။
:
"ဖေဖေ..."
မှေးခနဲအိပ်ပျော်သွားတဲ့အချိန်မှာ ခေါ်သံလိုလိုကြားလိုက်ရပေမယ့် Chanyeol အလုံးစုံမနိုးနိုင်သေးပါ။
"ဖေဖေ လာချင်တယ် ဟင့် စောင့်ဦး"
"အင်းးးး..."
"ဖေဖေ!"
ခပ်ကျယ်ကျယ်ခေါ်သံကြားမှပဲ Chanyeol ဆတ်ခနဲနိုးသွားပြီး
"ဟင် ဟင် ဘာဖြစ်တာလဲ! ကလေးလေး ဘာဖြစ်လို့လဲ"
"ဟင့်! ဟင့်!"
ရင်ခွင်ထဲက Hyunလေးကို ကပြာကယာကြည့်လိုက်တော့ မျက်လုံးလေးစုံမှိတ်လျှက် ရှိုက်ငိုနေတာမို့ Chanyeol ရဲ့ရင်တွေပူသွားရသည်။
"Hyunလေး! ကလေးလေး ဘာဖြစ်တာလဲ၊ အိမ်မက်ဆိုးမက်တာလား၊ Hyunလေး ကိုကိုရှိတယ်လေ ကလေးလေး"
"ဟင့်! ကိုကို"
Chanyeol ရဲ့အသံကြောင့်ထင် Hyunလေးကမျက်လုံးလေးဖွင့်ကာနိုးလာပြီး အုပ်မိုးကြည့်နေတဲ့ Chanyeol ကိုလည်းမြင်ရော ဝမ်းနည်းတကြီးငိုပါတော့သည်။
"အီးးးဟီးးး ကိုကို! ကိုကို!"
"အင်း အင်း ကိုကိုရှိတယ်! ကိုကိုရှိတယ်လေ ကလေးလေးရဲ့၊ ကိုကိုရှိတယ်နော်၊ မငိုရဘူး Hyunလေး မငိုရဘူးလေ"
ရှိုက်ကြီးတငင်ငိုနေသူလေးကို ခပ်တင်းတင်းပွေ့ဖက်ထားပြီး မိနစ်တော်တော်ကြာ Chanyeol ချော့မြူလိုက်ရပါသည်။
အချိန်ကြာတော့မှ Hyunလေးဆီကနေ ရှိုက်သံလေးသာထွက်တော့သည်။ထို့ကြောင့် အကြောင်းအရင်းကို Chanyeol မေးရပါတော့မည်။
"Hyunလေး အရမ်းကြီးဝမ်းမနည်းတော့ဘူးမလား၊ တိတ်တော့နော် ကလေးလေး"
"ဟင့်! အင့်!"
"ပြောပါဦး ကိုကို့ကို၊ ဘာလို့ ငိုတာလဲ၊ ဟင် အိမ်မက်ဆိုးမက်လို့လား ဟုတ်လား ကလေးလေး"
Hyunလေးကိုပက်လက်လှန်စေလိုက်ပြီး Chanyeol ကတော့ ဘေးနားမှာခေါင်းကိုလက်ထောက်ကာလှဲရင်း နေရာယူလိုက်သည်။မော့ကြည့်လာတဲ့ Hyunလေးရဲ့မျက်ဝန်းတွေက အရည်တလဲ့လဲ့ဖြင့်။
"ကိုကို့ကို ပြောပြလေ နော်"
"ဟင့်! Hyunက အိမ်မက်မက်တာ"
"ဘာအိမ်မက်တွေတုန်း ကလေးရဲ့"
"Hyunက ပင်လယ်ကြီးဆီသွားတာ၊ ဦးလေးကြီးက ရှေ့ကသွားတာ၊ Hyunကလိုက်တာ၊ သူက မစောင့်ဘူး၊ Hyunကပြေးလိုက်တာမမှီဘူး၊ Hyunခေါ်တာလှည့်ကြည့်ဘူး၊ အဲ့တုန်းက ကိုကိုက Hyunနားမှာ မရှိဘူး"
"..............."
"အဲ့မှာ Hyunကဝမ်းနည်းပြီး ငိုချင်သွားတာ"
"Hyunလေးရယ်.."
Chanyeol သိလိုက်ပါပြီ။Hyunလေးက သူလေးရဲ့ဖေဖေကိုအိမ်မက်မက်တာပင်။ဘယ်သူမှန်းမမှတ်မိတော့ ဦးလေးကြီးတဲ့လေ။
"နောက်ဆို ဝမ်းနည်းစရာအိမ်မက်တွေ မမက်တော့ဘူးနော် ကိုကို့ကလေးလေး"
Hyunလေးရဲ့နှဖူးပြင်ကို Chanyeol အတော်ကြာနမ်းရှိုက်လိုက်ပြီး ဝမ်းနည်းစရာအိမ်မက်တွေကနေ ကင်းလွတ်အောင်တောင်းဆုခြွေပေးလိုက်သည်။
"ကိုကို"
"ဗျာ"
"Hyunပင်လယ်ဆီသွားချင်တယ်၊ လိုက်ပို့ပါလားဟင်"
"အင်း အင်း ကိုကိုလိုက်ပို့မယ်နော်၊ ကိုကိုလိုက်ပို့ပေးမယ်၊ နွေဦးရောက်ရင်လိုက်ပို့ပေးမယ်"
"နွေဦးက ရောက်တော့မှာလား"
"လနည်းနည်းဆိုရောက်ပြီကလေးရဲ့၊ အခုကအရမ်းချမ်းတဲ့ကာလမို့ ပင်လယ်ကမဖြစ်ဘူးလေ နော်"
"ဟုတ်ကဲ့"
"အင်း လိမ္မာတယ် ကိုကို့Hyunလေးက"
"ပင်လယ်ရောက်ရင် Hyunကရေဆော့မှာ ကိုကိုနဲ့တူတူဆော့မယ်"
"ဆော့ပါဗျာ ဆော့ပါ"
မျက်နှာလေးကပြန်လန်းသွားပြီမို့ Chanyeol ရဲ့စိတ်နှလုံးလည်းအေးချမ်းသွားရသည်။
ထိုနေ့ညက တော်ရုံနဲ့ပြန်မအိပ်တော့တဲ့ တစ်ဦးတည်းသောအမျိုးသားလေးကို Chanyeol ပုံပြင်လေးပုဒ်လောက်အထိပြောပြလိုက်ရပါသည်။
............ကိုကို့ရဲ့စိတ်နှလုံးတင်မကဘဲ ကိုကို့ရဲ့ဝင်သက်ထွက်သက်တိုင်းကိုလည်း Hyunလေးပိုင်ပါတယ်..........
.................................................................................
(ဆက်ရန်)
(၈.၇.၂၀၂၃)
၁၁.၇.၂၀၂၃ ကျမှပြန်တွေ့ကြပါမယ်နော်😍 ၁၀ရက်နေ့မှာထွက်မယ့် Cream Soda ကိုလည်း အများကြီး support ပေးကြဖို့မမေ့ကြနဲ့ဦးနော်🫶🏻
(Zawgyi)
မူးလဲတဲ့ရက္အၿပီး ေနာက္ထပ္ခုနစ္ရက္ေလာက္အထိ Chanyeol ကိုအေဖက အိမ္မွာပဲအနားယူခိုင္းသည္။Chanyeol အနားယူေနတဲ့အေတာအတြင္း အေဖကကုမၸဏီကိုသြားေပးမည္ဟုေျပာသည္။Dojin ႏွင့္ Minjun ကလည္းရွယ္ယာဝင္ေတြအေနျဖင့္ ပေရာဂ်က္ကိစၥေတြကို အေဖႏွင့္အတူ တတ္နိုင္သေလာက္ကူလုပ္ေပးၾကမယ္လို႔ Chanyeol ကိုေျပာလာၾကသည္။
Chanyeol ျငင္းခ်င္ေပမယ့္လည္း သူ႔ကိုအနားယူခိုင္းေနၾကတဲ့လူေတြက စိတ္အားထက္သန္ေနၾကတဲ့အခါ အမ်ားႏွင့္တစ္ေယာက္မို႔သူပဲရွုံးရသည္။ထိုထဲမွာ စိတ္အားအထက္သန္ဆုံးကေတာ့ သူ႔အမ်ိဳးသားေလးပဲျဖစ္ပါသည္။သူေလးေျပာသည္က
"ကိုကိုက အားနည္းေနတာ၊ အနားယူရမယ္ေနာ္၊ ကိုကိုနားတဲ့အခ်ိန္ Hyunကေစာင့္ေရွာက္ရမွာဆိုေတာ့ ေက်ာင္းမတက္ဘူးေလ၊ ကိုကိုသက္သာမွ Hyunလည္းေက်ာင္းတတ္မယ္၊ ေနာ္ အဲ့လိုလုပ္ၾကမယ္"
သူေလးရဲ့စိတ္ရင္းအမွန္က Chanyeol ကိုေစာင့္ေရွာက္ခ်င္တာလား ဒါမွမဟုတ္ ေက်ာင္းမတက္ခ်င္တာလား ဒါမွမဟုတ္ ႏွစ္ခုလုံးပဲလားဆိုတာကေတာ့ အတတ္ကေလး သူ႔ဘာသာသူပဲသိပါလိမ့္မည္။
Hyunေလးက တစ္ခုခုသင္ရင္အတတ္ျမန္သေလာက္ စာဆိုရင္ေတာ့ပ်င္းတတ္သည္။စာလုပ္ရၿပီဆိုလၽွင္ စာကလြဲလို႔ ပတ္ဝန္းက်င္မွာျဖစ္ပ်က္ေနသမၽွအရာအားလုံးကို သူေလးစိတ္ဝင္စားပါသည္။ဥပမာ-သူ႔ဘာသာေရြ႕ေနတဲ့နာရီစကၠန့္လက္တံကို တစ္ ႏွစ္ သုံး ေလး လိုက္ေရေနတာမ်ိဳးေပါ့။
အခုဆိုရင္ Hyunေလးရဲ့ဆံပင္ေတြက သူေလးအလိုက် ေငြမင္ေရာင္ေတြျဖစ္သြားေလၿပီ။ေဆး႐ုံေရာက္ၿပီးတဲ့ေနာက္ေန႔ ႏွစ္ရက္အၾကာမွာပဲ Chanyeol ကိုယ္တိုင္ ဆိုင္ေကာင္းေကာင္းမွာလိုက္ဆိုးေပးလိုက္တာျဖစ္သည္။ေငြမင္ေရာင္ဆိုးၿပီးကတည္းက သူေလးဘာသာသူေလး ေရခဲမင္းသားဆိုတာကိုလည္းပါးစပ္ဖ်ားကမခ်ေတာ့ပါ။
Hyunေလးက ေရခဲမင္းသားျဖစ္ခ်င္ေပမယ့္ Chanyeol ကေတာ့ပါပီေပါက္ေလးလို႔ပဲတင္စားထားသည္။ေငြမင္ေရာင္ႏွင့္ Hyunေလးက အရမ္းလိုက္ဖက္လြန္းတာမို႔ ေဆးဆိုးၿပီးခ်င္းတုန္းကဆို Chanyeol မွာအၾကည့္မလႊဲနိုင္။တစ္ေနကုန္လုံး တစိမ့္စိမ့္ထိုင္ၾကည့္ေနခ်င္စိတ္ေတြပါျဖစ္လာရသည္။အခုဆိုရင္ Hyunေလး ရင္ခြင္ထဲတိုးဝင္ေနတိုင္း အေပၚစီးကေနၾကည့္ရတဲ့ Chanyeol အဖို႔ေတာ့ ပါပီေပါက္ေလးကိုေပြ႕ဖက္ထားရသလိုပင္။အသည္းယားဖို႔ေကာင္းလြန္းလို႔ ဖ်စ္ညႇစ္မိတာလည္းခဏခဏပဲ။
Chanyeol ကခ်စ္လို႔ Hyunေလးကခ်စ္ဖို႔ေကာင္းေနတာမ်ိဳးမဟုတ္ဘဲ Hyunေလးရဲ့အရွိတိုင္းျဖစ္တည္မွုေလးကိုက ခ်စ္ဖို႔ေကာင္းေနတာမို႔ ပိုၿပီးအသည္းနင့္ရပါသည္။
............ခ်စ္တယ္၊ ကိုကို႔အပိုင္ေလးကို ငုံထားခ်င္ေလာက္ေအာင္ ခ်စ္ရပါတယ္.........
"အဲ့ဒါက ငါးအလီဆိုၾကည့္ေလ Hyunေလးရဲ့"
"အြန္! ငါးတစ္လီ ငါး ငါးႏွစ္လီ ငါးနဲ႔ငါးနဲ႔ေပါင္း တစ္ဆယ္ ငါးသုံးလီက ငါးကိုသုံးခါေပါင္းေတာ့ ရွစ္! မဟုတ္ဘူး ဆယ့္ရွစ္! မဟုတ္ဘူးေနာ္"
အလီဆိုေနတာမရေတာ့ Chanyeol ကိုလည္း မဟုတ္ေၾကာင္း အေဖာ္လာညႇိေနေသးသည္။အခုအခ်ိန္မွာေတာ့ စာသင္ေနရတဲ့ေရခဲမင္းသားေလးက ပါပီေပါက္ေတာင္မွရိုးရိုးပါပီေပါက္မဟုတ္ေတာ့ဘဲ ေရထဲက်ထားတဲ့ပါပီေပါက္ေလးလိုျဖစ္ေနေလၿပီ။မ်က္ႏွာေလးကရွုံ႔မဲ့ေနၿပီး တစ္ခ်က္တစ္ခ်က္လည္း ဆိုဖာခုံမွာထိုင္ေနတဲ့ Chanyeol အားေမာ့ၾကည့္ကာ မ်က္ႏွာငယ္ေလးလုပ္ျပေသးသည္။Chanyeol ကေတာ့စာႏွင့္ပတ္သတ္တာမို႔ မသိခ်င္ေယာင္သာေဆာင္ထားလိုက္သည္။
"သိၿပီး ငါးသုံးလီ ဆယ့္ငါး"
Chanyeol စာဖတ္ေနရင္းမွျပဳံးမိသည္။
"ကိုကို"
"ဗ်ာ"
"Hyunတစ္ခုေလာက္ေျပာခ်င္လို႔"
စာအုပ္ကေနအၾကည့္ခြါၿပီး တစ္ေယာက္ထိုင္ဂြမ္းကပ္အခင္းေလးေပၚမွာထိုင္ေနသူေလးအား Chanyeol ၾကည့္လိုက္ရင္း
"ေျပာေလ ကေလးေလးရဲ့၊ အမ်ားႀကီးေျပာလည္းရတယ္"
"ကိုကို ခုေျခေနကိုနားမလည္ဘူးနဲ႔တူတယ္"
"ဟင္"
"ကိုကို နားေထာင္ေနာ္၊ ကိုကိုက ေနမေကာင္းဘူးေလ၊ Hyunကကိုကို႔ကိုေစာင့္ေရွာက္ရမွာ ကိုကိုကနားရမွာ"
"အင္း ဆက္ေျပာပါဦး"
"အဲ့ဒါ...အဲ့ဒါ ကိုကိုက ခုတင္မွာလွဲေနၿပီး Hyunကျပဳစုရမွာ၊ ေဆးလည္းတိုက္ရမွာ၊ ခုလို စာမသင္ရဘူးေလ"
မ်က္လုံးေလးဝိုင္းၿပီး ႏွုတ္ခမ္းေလးတေထာ္ေထာ္ျဖင့္ အားတက္သေရာေျပာေနတဲ့စကားေတြရဲ့ဆိုလိုရင္းကို ေနာက္ဆုံးေတာ့ Chanyeol နားလည္သြားၿပီျဖစ္သည္။Chanyeol ရယ္လိုက္မိတာ ဟက္ဟက္ပက္ပက္ပင္။
"ဟားဟား ဟုတ္လား စာမသင္ရဘူးလား"
"အြန္း! မသင္ရဘူး"
အဆစ္အေနနဲ႔ေခါင္းေလးပါခါျပေသးသည္။
"Hyunေလးရာ ကိုကိုအသည္းယားလာၿပီ၊ လာခဲ့ ေပါင္ေပၚကို"
စကားဆုံးတာနဲ႔ လက္ထဲကခဲတံေလးပစ္ခ်ၿပီး အေလာတႀကီးျဖင့္ Chanyeol ရဲ့ေပါင္ေပၚမွာ ေဘးတေစာင္းေလးတက္ထိုင္သည္။ထို႔ေနာက္ ရင္ခြင္ထဲကိုေခါင္းေလးမွီလာသည္။ကိုယ္လုံးေႏြးအိေလးကို လက္ႏွစ္ဖက္ျဖင့္ျပန္လည္သိုင္းဖက္ၿပီး ရင္ခြင္ထဲမွာျမဳပ္ေစလိုက္ပါသည္။
"စာမသင္ခ်င္တဲ့ ကေလးေလးကို ဘာလုပ္ရင္ေကာင္းမလဲ ဟင္"
"ကိုကို"
"ဗ်ာ"
"Hyunကစာမသင္ခ်င္တာမဟုတ္ဘူး၊ စာေတြက Hyunသင္တာကို ၿငိမ္မခံတာ"
"................"
Chanyeol မွာမ်က္လုံးအျပဴးသား။
"ေဟာဗ်ာ ကိုကို႔ကို ေျပာပါဦး သူတို႔က ဘယ္လိုၿငိမ္မခံတာလဲ"
"သူတို႔က Hyunဦးေႏွာက္ထဲမွာၿငိမ္ၿငိမ္မေနဘူး၊ အျပင္ျပန္ထြက္သြားတာ၊ Hyunကျပန္လိုက္မသင္ခ်င္ေတာ့ဘူးေလ၊ တစ္ခါပဲသင္ခ်င္တာေပါ့ ေနာ့္ ကိုကို"
Chanyeol ဘာျပန္ေျပာရမွန္းမသိေအာင္ၿငိမ္သက္လၽွက္ တိတ္ဆိတ္သြားရေတာ့သည္။
...........မေျပာခဲ့ဘူးလား၊ Hyunေလးက လူလည္အတတ္ေလးပါဆို..........
:
"ကိုကိုကလည္း Hyunကဒါကိုေရႊ႕ခ်င္တာပါဆို"
"အဲ့ဒါေရႊ႕လိုက္ရင္ ပိုေဝးသြားမွာေပါ့"
"ဟုတ္လို႔လား"
"အင္း"
အခု ကိုကိုႏွင့္သူ႔ကေလးေလးတို႔ ႏွစ္ေယာက္သား ေခါင္းခ်င္းဆိုင္ၿပီးေဆြးေႏြးေနၾကတဲ့အေၾကာင္းအရာကေတာ့ tablet ေပၚက အ႐ုပ္ဆက္တဲ့ဂိမ္းပဲျဖစ္သည္။ဖုန္းကိုအက်ယ္တဝင့္သုံးတတ္လာတဲ့ Hyunေလးက အ႐ုပ္ဆက္တာေတာင္ အရင္လိုစကၠဴကတ္ေတြျဖင့္မဟုတ္ေတာ့ပါ။
"အခု ဒါကိုေရႊ႕ရင္ေရာဟင္"
"ရတယ္ ေရႊ႕လိုက္"
"ကိုကို Hyunကို ခဏေပး"
အားမလိုအားမရျဖစ္လာပုံရတဲ့ Hyunေလးက Chanyeol ရဲ့လက္ထဲက tablet ကိုယူၿပီးသူေလးေပါင္ေပၚေျပာင္းတင္လိုက္သည္။
"ဒါကိုေရႊ႕ ဒါကိုေရႊ႕ ဒါကိုလည္းေရႊ႕"
လက္ညႇိုးေသးေသးေလးကိုေရြ႕လ်ားၿပီး အ႐ုပ္လိုက္ဆက္ေနသူေလးကို Chanyeol ျပဳံးရင္းေငးၾကည့္မိသည္။ဂိမ္းေဆာ့ေနရလို႔ေပ်ာ္ေနပုံေလးကို ၾကည့္ၾကပါဦး။ျပဳံးေနတာမ်ားပါးေလးေတြကိုေဖာင္းလို႔။
"Hyunေလး"
"ဗ်ာ"
"ကိုကိုတစ္ခုေလာက္ေျပာခ်င္လို႔"
Tablet ကေနအၾကည့္မလႊဲဘဲေခါင္းေလးညိမ့္ျပၿပီး
"ဟုတ္ကဲ့"
"Hyunေလး အခုအေျခအေနကို နားမလည္ဘူးနဲ႔တူတယ္"
"ဟင္"
ထိုေတာ့မွ Chanyeol ကိုမ်က္လုံးေလးဝိုင္းၿပီးေမာ့ၾကည့္လာသည္။
"Hyunေလးနားေထာင္ေနာ္၊ ကိုကိုက ေနမေကာင္းဘူးေလ၊ Hyunေလးက ကိုကို႔ကိုေစာင့္ေရွာက္ရမွာ ကိုကိုကနားရမွာ"
မ်က္လုံးေလးေပကလပ္လုပ္ေနသူေလးကိုၾကည့္ၿပီး Chanyeol ျပဳံးရယ္ခ်င္ေနတဲ့စိတ္ကိုထိန္းခ်ဳပ္ထားလိုက္ရင္း
"အခုလိုဂိမ္းေဆာ့ေနတာက အနားယူေနတာေတာ့မဟုတ္ေသးဘူးထင္တယ္ေနာ္"
အတတ္ကေလးမ်က္ႏွာလႊဲသြားၿပီး ေျဖရွင္းဖို႔စကားေတြစဥ္းစားေနပုံက အသည္းယားစရာ။လူလည္ေလးကို Chanyeol လူလည္ျပန္က်ၾကည့္သည္။ဘာျပန္ေျပာလိမ့္မလဲ။
"မဟုတ္ေသးဘူးေလ ကိုကိုရဲ့"
အစခ်ီလာပုံေလးက အထင္ႀကီးေလာက္စရာ။
"အင္း ေျပာပါဦး၊ ဘာမဟုတ္တာလဲ"
"ဂိမ္းဆိုတာက ေဆာ့ရတာက ေပ်ာ္ဖို႔ေကာင္းတယ္ေလ"
"အင္း"
"အဲ့ဒါေၾကာင့္ ေပ်ာ္ၿပီးေတာ့ ကိုကိုေနေကာင္းသြားမွာ"
"ဪ....ဒါေပမယ့္ စဥ္းစားရေတာ့ ကိုကိုေခါင္းရွုပ္တယ္ေလ"
"မဟုတ္ဘူးေလ ကိုကိုရဲ့၊ အဲ့ဒါက သူက စဥ္းစားေတာ့ ဦးေႏွာက္ေကာင္းမွာ၊ Hyunကဦးေႏွာက္ေကာင္းတယ္ ဂိမ္းေဆာ့တာ"
တကယ္ကိုလက္သင့္ခံခ်င္ေလာက္စရာ ေျဖရွင္းခ်က္ကေလးေတြပင္။သို႔ေပမယ့္လည္း သူေလးရဲ့မွတ္သားေလာက္စရာစကားေတြကို Chanyeol ၾကားခ်င္ေသးသည္။
"အဲ့လိုေျပာေၾကးဆို စာစဥ္းစားရတာလည္း ဦးေႏွာက္ေကာင္းေစတာေပါ့၊ အဲ့ဒါကို ဘာလို႔ စာက်ေတာ့မသင္ဘဲ ဂိမ္းေဆာ့တာလဲ"
"ကိုကိုကလည္းမတူဘူးေလ၊ စာကစဥ္းစားရတာမေပ်ာ္ဘူး၊ ဂိမ္းကေပ်ာ္တယ္ ဟီးး"
"ေအာေဟာ အဲ့လိုေပါ့ေလ"
"ဟီးး ခစ္ခစ္"
တကယ္ကို ဘယ္လိုခ်စ္ခ်စ္ ခ်စ္လို႔မဝနိုင္တဲ့ လူလည္အတတ္ကေလးပါ။
.................................................................................
Chanyeol အိမ္မွာအနားယူေနတဲ့ငါးရက္ေျမာက္ေန႔ညေနပိုင္းမွာ အေဖႏွင့္အတူ Dojin ႏွင့္ Minjun တို႔ႏွစ္ေယာက္ အိမ္ကိုသတင္းေမးေရာက္လာၾကသည္။
အေဖ့ကားအေနာက္မွာ သူတို႔ႏွစ္ေယာက္က ကားတစ္ေယာက္တစ္စီးစီျဖင့္ လိုက္ပါလာၾကသည္။ႏွစ္ေယာက္က Chanyeol အတြက္လည္း အားရွိေစမယ့္မုန့္ႏွင့္အသီးအႏွံေတြမ်ိဳးစုံဝယ္လာပါေသးသည္။
ထိုမုန့္ထုပ္ေတြကို စိတ္ဝင္တစားျဖင့္လိုက္ၾကည့္ေနတာကေတာ့ Chanyeol ရဲ့အမ်ိဳးသားေလးျဖစ္သည္။Minjun ကထိုအရာကိုသတိထားမိသြားၿပီး Baekhyun ကိုျပဳံးၾကည့္လိုက္ကာ
"Baekhyun အတြက္ေရာပါတယ္၊ မင္းကိုကိုနဲ႔အတူတူစားေနာ္"
"ကိုကိုက ဝယ္ေကၽြးတာ"
ဆိုလိုတဲ့သေဘာက မင္းဝယ္လာတာမစားရလည္း ကိုကိုကအမ်ားႀကီးဝယ္ေကၽြးပါတယ္ေပါ့ေလ။Minjun ကေတာ့ေခါင္းအသာခါရင္းရယ္ပါသည္။
"အဲ့လိုမေျပာရဘူးေလ Hyunေလးရဲ့၊ သူငယ္ခ်င္းကေစတနာနဲ႔ဝယ္လာတဲ့ဟာကို၊ ေက်းဇူးပါလို႔ေျပာလိုက္ေနာ္"
ထိုအခါမွ Hyunေလးက ႏွုတ္ခမ္းေလးကိုအသာသပ္လိုက္ၿပီး ေက်းဇူးဟုခပ္တိုးတိုးေျပာသည္။
"Chanyeol သက္သာတယ္မလား"
ေမးလာတဲ့ Dojin ကိုေခါင္းအသာညိမ့္ျပလိုက္ၿပီး
"သက္သာတယ္ Dojin၊ အလုပ္ျပန္သြားရင္ေတာင္ သြားလို႔ရေနပါၿပီ"
"အလုပ္ကေတာ့မသြားနဲ႔ဦး၊ တစ္ပတ္နားဖို႔ေျပာထားတယ္ေလ"
ထိုစကားက ေရခ်ိဳးသန့္စင္ၿပီး ဧည့္ခန္းထဲကိုဝင္လာသည့္ အေဖေျပာလိုက္တာျဖစ္သည္။အေဖက ထိပ္ဆုံးကဆိုဖာခုံမွာဝင္ထိုင္လိုက္ၿပီး Chanyeol ကိုေသခ်ာၾကည့္သည္။
"မ်က္ႏွာေတာ့အရင္လိုျပန္ျပည့္လာပါတယ္၊ ဒါေပမယ့္နားဦး"
"ဟုတ္ကဲ့ပါ အေဖ"
ထိုသို႔ လက္ခံရလြယ္တဲ့အေဖ့ရဲ့စကားေတြကို Chanyeol အျမဲတမ္းနားေထာင္ပါသည္။
"Jay နဲ႔ Minjun တို႔ထမင္းစားၿပီးမွျပန္ၾကေနာ္၊ ခုနက အေဒၚႀကီးကိုအကုန္ျပင္ခိုင္းၿပီးသြားၿပီ"
"မဟုတ္တာ အန္ကယ္ရယ္"
"ကၽြန္ေတာ္ေရာပဲ၊ အိမ္ကနီးနီးေလးပဲဟာ ျပန္လိုက္ပါ့မယ္"
"မဟုတ္တာ ႏွစ္ေယာက္စလုံးထမင္းစားၿပီးမွျပန္ၾကပါ၊ ဒီေန႔ဟင္းေကာင္းေတြခ်က္ထားတယ္၊ ေကၽြးခ်င္လို႔စားသြားၾကေနာ္"
Chanyeol ရဲ့ေတာင္းဆိုခ်က္အဆုံး Dojin ႏွင့္ Minjun တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကၿပီးေနာက္ ေခါင္းညိမ့္လက္ခံလိုက္ၾကေတာ့သည္။
ညစာထမင္းဝိုင္းက ဧည့္သည္ႏွစ္ေယာက္တိုးလာေတာ့ အရင္ကထက္လူစည္ေနပါသည္။
"ငါ့တူတို႔မ်ားမ်ားထည့္စားၾကေနာ္၊ အားနာစရာမရွိဘူး"
"ဟုတ္ကဲ့ အန္ကယ္"
"ဟုတ္ကဲ့ပါ ဦးေလး"
ဒုဥကၠဌ Park၊ Dojin ႏွင့္ Minjun တို႔က ညစာကိုေအးေအးလူလူစားေနၾကတဲ့အခ်ိန္ တစ္ဖက္မွာေတာ့
"ကိုကို အာ..."
"Hyunေလးစားပါ၊ ကိုကိုခြန့္ကၽြးမယ္ေလ"
"ဟင့္အင္း ကိုကိုက မ်ားႀကီးစားရမွာ၊ Hyunကေနာက္မွ စားမွာ"
"လာ လာ အတူတူစားမယ္ အာ...."
"ကိုကို အရင္စားေလ"
"လုပ္ပါဗ်ာ Hyunေလးအရင္စား"
"ဟုတ္ကဲ့.."
ထမင္းကို ကိုကိုအရင္စား Hyunေလးအရင္စားျဖင့္ အေဝမတည့္ေနတဲ့ႏွစ္ေယာက္က ေနာက္ဆုံးေတာ့လည္း တစ္ေယာက္တစ္ေခါက္စီအလွည့္က်ခြန့္ေကၽြးရင္း ၿငိမ္းခ်မ္းေရးရသြားၾကေတာ့သည္။
သားျဖစ္သူႏွင့္သားမက္တို႔ရဲ့ကဲသဲမွုေၾကာင့္ ဒုဥကၠဌ Park ကေတာ့မနိုင္သလိုေခါင္းခါရင္းလစ္လ်ဴရွုထားၿပီး Dojin ႏွင့္ Minjun တို႔ကလည္း မျမင္ခ်င္ မၾကားခ်င္ေယာင္ေဆာင္ကာ ထမင္းကိုသာအာ႐ုံစိုက္စားေနၾကသည္။
ထိုသို႔ျဖင့္ ႏွစ္ေယာက္အတူရွိေနရင္ Chanyeol ကပတ္ဝန္းက်င္ကိုေမ့သြားတတ္ၿပီး Baekhyun ကလည္းသူ႔ကိုကိုသာ တစ္ကမၻာတည္ေနေလပါသည္။
.................................................................................
ေျခေထာက္လက္ေထာက္ေဆးကာ သန့္ရွင္းေရးလုပ္လိုက္ၾကၿပီးေနာက္ ႏွစ္ေယာက္သားအိပ္ရာဝင္ရန္ျပင္လိုက္ၾကသည္။
"ကိုကို ေဆးေသာက္ဦး"
"ေက်းဇူးပါ ကိုကို႔ေဒါက္တာေလး"
Hyunေလးယူေပးတဲ့ေဆးႏွင့္ေရကိုေသာက္ၿပီးျပန္ေပးလိုက္ေတာ့ ေရခြက္ကိုေနရာတက်ျပန္ထားၿပီးမွ Chanyeol ရဲ့အနားကိုျပန္ေရာက္လာသည္။
"ႁပြတ္စ္! ကိုကို႔Hyunေလး ေကာင္းေကာင္းအိပ္ပါဗ်ာ"
"ႁပြတ္စ္! ကိုကို Hyunကို အိမ္မက္မက္"
"အဟြန္း! အမိန့္ေတာ္အတိုင္းပါဗ်ာ"
အိမ္ရာဝင္အနမ္းအျပန္အလွန္ေပးၿပီးသြားတာနဲ႔ ဂြမ္းေစာင္ထူထူကိုႏွစ္ေယာက္လုံးအေပၚလႊမ္းျခဳံလိုက္ကာ Hyunေလးကိုရင္ခြင္ထဲထည့္ဖက္ထားလိုက္ၿပီး အိပ္စက္အနားယူလိုက္ၾကေတာ့သည္။အခုလို ေအးခ်မ္းတဲ့ရာသီမွာ ကိုယ္လုံးေႏြးအိေလးကိုေပြ႕ဖက္ၿပီးအိပ္စက္ရတာဟာ Chanyeol အတြက္ေတာ့တကယ့္ကို ဆုလာဘ္ႀကီးပင္။
:
"ေဖေဖ..."
ေမွးခနဲအိပ္ေပ်ာ္သြားတဲ့အခ်ိန္မွာ ေခၚသံလိုလိုၾကားလိုက္ရေပမယ့္ Chanyeol အလုံးစုံမနိုးနိုင္ေသးပါ။
"ေဖေဖ လာခ်င္တယ္ ဟင့္ ေစာင့္ဦး"
"အင္းးးး..."
"ေဖေဖ!"
ခပ္က်ယ္က်ယ္ေခၚသံၾကားမွပဲ Chanyeol ဆတ္ခနဲနိုးသြားၿပီး
"ဟင္ ဟင္ ဘာျဖစ္တာလဲ! ကေလးေလး ဘာျဖစ္လို႔လဲ"
"ဟင့္! ဟင့္!"
ရင္ခြင္ထဲက Hyunေလးကို ကျပာကယာၾကည့္လိုက္ေတာ့ မ်က္လုံးေလးစုံမွိတ္လၽွက္ ရွိုက္ငိုေနတာမို႔ Chanyeol ရဲ့ရင္ေတြပူသြားရသည္။
"Hyunေလး! ကေလးေလး ဘာျဖစ္တာလဲ၊ အိမ္မက္ဆိုးမက္တာလား၊ Hyunေလး ကိုကိုရွိတယ္ေလ ကေလးေလး"
"ဟင့္! ကိုကို"
Chanyeol ရဲ့အသံေၾကာင့္ထင္ Hyunေလးကမ်က္လုံးေလးဖြင့္ကာနိုးလာၿပီး အုပ္မိုးၾကည့္ေနတဲ့ Chanyeol ကိုလည္းျမင္ေရာ ဝမ္းနည္းတႀကီးငိုပါေတာ့သည္။
"အီးးးဟီးးး ကိုကို! ကိုကို!"
"အင္း အင္း ကိုကိုရွိတယ္! ကိုကိုရွိတယ္ေလ ကေလးေလးရဲ့၊ ကိုကိုရွိတယ္ေနာ္၊ မငိုရဘူး Hyunေလး မငိုရဘူးေလ"
ရွိုက္ႀကီးတငင္ငိုေနသူေလးကို ခပ္တင္းတင္းေပြ႕ဖက္ထားၿပီး မိနစ္ေတာ္ေတာ္ၾကာ Chanyeol ေခ်ာ့ျမဴလိုက္ရပါသည္။
အခ်ိန္ၾကာေတာ့မွ Hyunေလးဆီကေန ရွိုက္သံေလးသာထြက္ေတာ့သည္။ထို႔ေၾကာင့္ အေၾကာင္းအရင္းကို Chanyeol ေမးရပါေတာ့မည္။
"Hyunေလး အရမ္းႀကီးဝမ္းမနည္းေတာ့ဘူးမလား၊ တိတ္ေတာ့ေနာ္ ကေလးေလး"
"ဟင့္! အင့္!"
"ေျပာပါဦး ကိုကို႔ကို၊ ဘာလို႔ ငိုတာလဲ၊ ဟင္ အိမ္မက္ဆိုးမက္လို႔လား ဟုတ္လား ကေလးေလး"
Hyunေလးကိုပက္လက္လွန္ေစလိုက္ၿပီး Chanyeol ကေတာ့ ေဘးနားမွာေခါင္းကိုလက္ေထာက္ကာလွဲရင္း ေနရာယူလိုက္သည္။ေမာ့ၾကည့္လာတဲ့ Hyunေလးရဲ့မ်က္ဝန္းေတြက အရည္တလဲ့လဲ့ျဖင့္။
"ကိုကို႔ကို ေျပာျပေလ ေနာ္"
"ဟင့္! Hyunက အိမ္မက္မက္တာ"
"ဘာအိမ္မက္ေတြတုန္း ကေလးရဲ့"
"Hyunက ပင္လယ္ႀကီးဆီသြားတာ၊ ဦးေလးႀကီးက ေရွ႕ကသြားတာ၊ Hyunကလိုက္တာ၊ သူက မေစာင့္ဘူး၊ Hyunကေျပးလိုက္တာမမွီဘူး၊ Hyunေခၚတာလွည့္ၾကည့္ဘူး၊ အဲ့တုန္းက ကိုကိုက Hyunနားမွာ မရွိဘူး"
"..............."
"အဲ့မွာ Hyunကဝမ္းနည္းၿပီး ငိုခ်င္သြားတာ"
"Hyunေလးရယ္.."
Chanyeol သိလိုက္ပါၿပီ။Hyunေလးက သူေလးရဲ့ေဖေဖကိုအိမ္မက္မက္တာပင္။ဘယ္သူမွန္းမမွတ္မိေတာ့ ဦးေလးႀကီးတဲ့ေလ။
"ေနာက္ဆို ဝမ္းနည္းစရာအိမ္မက္ေတြ မမက္ေတာ့ဘူးေနာ္ ကိုကို႔ကေလးေလး"
Hyunေလးရဲ့ႏွဖူးျပင္ကို Chanyeol အေတာ္ၾကာနမ္းရွိုက္လိုက္ၿပီး ဝမ္းနည္းစရာအိမ္မက္ေတြကေန ကင္းလြတ္ေအာင္ေတာင္းဆုေႁခြေပးလိုက္သည္။
"ကိုကို"
"ဗ်ာ"
"Hyunပင္လယ္ဆီသြားခ်င္တယ္၊ လိုက္ပို႔ပါလားဟင္"
"အင္း အင္း ကိုကိုလိုက္ပို႔မယ္ေနာ္၊ ကိုကိုလိုက္ပို႔ေပးမယ္၊ ေႏြဦးေရာက္ရင္လိုက္ပို႔ေပးမယ္"
"ေႏြဦးက ေရာက္ေတာ့မွာလား"
"လနည္းနည္းဆိုေရာက္ၿပီကေလးရဲ့၊ အခုကအရမ္းခ်မ္းတဲ့ကာလမို႔ ပင္လယ္ကမျဖစ္ဘူးေလ ေနာ္"
"ဟုတ္ကဲ့"
"အင္း လိမၼာတယ္ ကိုကို႔Hyunေလးက"
"ပင္လယ္ေရာက္ရင္ Hyunကေရေဆာ့မွာ ကိုကိုနဲ႔တူတူေဆာ့မယ္"
"ေဆာ့ပါဗ်ာ ေဆာ့ပါ"
မ်က္ႏွာေလးကျပန္လန္းသြားၿပီမို႔ Chanyeol ရဲ့စိတ္ႏွလုံးလည္းေအးခ်မ္းသြားရသည္။
ထိုေန႔ညက ေတာ္႐ုံနဲ႔ျပန္မအိပ္ေတာ့တဲ့ တစ္ဦးတည္းေသာအမ်ိဳးသားေလးကို Chanyeol ပုံျပင္ေလးပုဒ္ေလာက္အထိေျပာျပလိုက္ရပါသည္။
............ကိုကို႔ရဲ့စိတ္ႏွလုံးတင္မကဘဲ ကိုကို႔ရဲ့ဝင္သက္ထြက္သက္တိုင္းကိုလည္း Hyunေလးပိုင္ပါတယ္..........
.................................................................................
(ဆက္ရန္)
(၈.၇.၂၀၂၃)
၁၁.၇.၂၀၂၃ က်မွျပန္ေတြ႕ၾကပါမယ္ေနာ္😍 ၁၀ရက္ေန႔မွာထြက္မယ့္ Cream Soda ကိုလည္း အမ်ားႀကီး support ေပးၾကဖို႔မေမ့ၾကနဲ႔ဦးေနာ္🫶🏻