ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (...

By SumiHikaru

4.8K 427 117

ယွင်လင်၊ လုချွမ်း မူရင်းစာရေးသူ - ချင်းယွင်တန့်(သန့်) More

(၀)
(၁) Public Beta
(၂) Public Beta
(၃) လွင့်မျောတိမ်လွှာစခန်း
(၄) လွင့်မျောတိမ်လွှာစခန်း
(၅) S အဆင့်စွမ်းရည်
(၆) S အဆင့်စွမ်းရည်
(၇) လှုပ်ရှားမှုပြုလုပ်ခြင်း
(၉) ညရောက်ရှိလာခြင်း
(၁၀) ညရောက်ရှိလာခြင်း
(၁၁) ညရောက်ရှိလာခြင်း
(၁၂) ညရောက်ရှိလာခြင်း
(၁၃) စူပါမားကတ်
(၁၄) စူပါမားကတ်

(၈) လှုပ်ရှားမှုပြုလုပ်ခြင်း

155 26 0
By SumiHikaru

Unicode

ယခုအချိန်၌ သူသည် လူများက အစားအစာကို စျေးကြီးကြီးနှင့် ရောင်းချခြင်းအား မကြောက်ရွံ့ဘဲ စျေးမည်မျှပေးပေး မရောင်းချပေးမည်ကိုသာ ကြောက်ရွံ့ပေသည်။

ဝေ့ချင်က ပိုးချည်မျှင်၊ လီနင်ပိတ်နှင့် ကြေးနီပြားတို့ကို လှမ်းပေးလိုက်သည်။ ယွင်လင်က အိတ်ထဲမှ မဖောက်ရသေးသည့် ရေတစ်ဘူးနှင့် ချောကလက်ဘီစကစ် တစ်အိတ်ကို ထုတ်ယူလိုက်သည်။


ဝေ့ချင်က ၎င်းတို့ကို လှမ်းယူလိုက်ပြီး ရေတစ်ဝက်ခန့် သောက်လိုက်ပြီးနောက် ဘီစကစ်တို့ကို ထုတ်ယူလိုက်သည်။ သူက ချက်ချင်း နေလို့ကောင်းသွားသလို ခံစားလိုက်ရသည်။


"ညီမ​လေး ဒါတွေကို ဘယ်ကရခဲ့တာလဲ။ ပြောပြပေးလို့ရမလား။" သူက သိချင်စိတ်ဖြင့် မေးလိုက်၏။


ယွင်လင်က ပြန်ဖြေလိုက်သည်။ "ငါက ဒီနားလေးမှာ နေတာ။ ဒါတွေကို အိမ်ကနေ ယူလာခဲ့တာလေ။"


ဝေ့ချင်သည် ထိုအဖြေအတွင်းမှ ထူးဆန်းမှုကို ရှာတွေ့လိုက်၏။ "မွန်းစတားတွေ အများကြီး ထွက်လာနေတာ။ ဘာလို့အိမ်ထဲမှာပဲ ပုန်းမနေရတာလဲ။"


"သိုလှောင်ထားတဲ့ အစားအသောက်က မလုံလောက်ဘူး။ ငါ အစားအသောက်ရှာဖို့ ထွက်လာတာ။" ယွင်လင်က ပြောလိုက်သည်။ "ပြီးတော့ လက်ရှိအခြေအနေအရ အိမ်တွေက မလုံခြုံဘူး။ ဒါပေမယ့် ငါသာ စခန်းထဲမှာ ပုန်းနေရင် မွန်းစတားတွေ ဝင်လာမှာ မဟုတ်ဘူး။"

အဲဒါဆို ဂိမ်းထဲမှာ စခန်းတွေက လုံခြုံရေးဇုန်တွေများလား။ ဝေ့ချင်က တွေးပြီးနောက် တက်ကြွလာသည်။


"နင်ကရော။ နင်က​ ဘယ်လိုဖြစ်ပြီး ဒီနေရာရောက်လာတာလဲ။" ယွင်လင်က မေးလိုက်သည်။


"မပြောချင်တော့ပါဘူး။" ဝေ့ချင်က အကူအညီမဲ့နေသည့် အမူအရာနှင့် ရှိနေခဲ့သည်။ "ဒီမနက်မှာ အင်တာဗျူးတစ်ခုရှိခဲ့လို့ အချိန် အများကြီး နှောင့်နှေးသွားတာ။ ငါ နေ့လယ်စားချင်ပေမယ့် မစားရသေးခင်မှာ မွန်းစတားအုပ်စုနဲ့ တွေ့တော့တာပဲ။"

သူက တစ်ချိန်လုံး ပြေးလွှားနေရပြီး အနားယူချိန်ပင် မရှိလုနီးပါးဖြစ်ခဲ့ရသည်။


"အခု ဘာဆက်လုပ်မှာလဲ။" ယွင်လင်က မေးလိုက်၏။


"စဥ်းစားရဦးမှာပေါ့။" ဝေ့ချင်၏ မျက်နှာက မဲ့ကျသွားသည်။ "မနက်ဖြန်လောက်ဆို အဆာလွန်ပြီး သေသွားတာမျိုးလည်း ဖြစ်နိုင်တာပဲ။"


ယွင်လင်က ပြောလိုက်သည်။ "ငါ ဒီစခန်းထဲမှာ အချိန်တော်တော်ကြာအောင် နေဖို့ စီစဥ်ထားတယ်။ နင့်မှာ ချပေးတဲ့ပစ္စည်းတွေ အပိုရှိသေးရင် ငါနဲ့ အလဲအလှယ်လုပ်လို့ရတယ်။"


ဝေ့ချင်က ထိုစကားကို ကြားသည့်အခါ မေးလိုက်သည်။ "လီနင်ပိတ်တွေနဲ့ ပိုးချည်တွေက ဘာအတွက်သုံးတာလဲ။"


ယွင်လင်က ဝေဝေဝါးဝါး ပြောလိုက်၏။ "သေချာမသိဘူး။ လက်တွေ့စမ်းသပ်ကြည့်ရဦးမယ်။"


ဝေ့ချင်က ခေတ္တမျှ တွေဝေနေပြီးနောက် သဘောတူလိုက်သည်။ "ငါ့မှာလည်း သွားစရာရှိမနေမှတော့ ဒီမှာ နေလိုက်တာလည်း မဆိုးပါဘူး။"

လုံခြုံရေးဇုန်အတွင်း အနည်းဆုံး ညဘက်ကို ကောင်းမွန်စွာ အိပ်စက်နိုင်မည် ဖြစ်သည်။


အနည်းငယ်ကြာအောင် အနားယူပြီးနောက် ယွင်လင်က ထရပ်လိုက်သည်။ "ငါ အပြင်သွားလိုက်ဦးမယ်။"


"ငါ့ကိုပါ အတူလိုက်ခဲ့စေချင်လား။" ဝေ့ချင်ကလည်း ထရပ်လိုက်သည်။


"မလိုဘူး။" ယွင်လင်က လက်ခါပြလိုက်၏။ "ငါ တစ်ယောက်တည်း အသားကျနေပြီ။"


တစ်ဖက်လူက ဆုံးဖြတ်ပြီးပြီဖြစ်ရာ ဝေ့ချင်က ဆက်၍ မတိုက်တွန်းတော့ပေ။


သို့သော် စိတ်ထဲတွင်တော့ သူက မနေနိုင်ဘဲ ညည်းညူလိုက်မိသည်။ မိန်းကလေး ငယ်ငယ်လေးက တစ်ယောက်တည်း လှုပ်ရှားရဲလောက်အောင် သတ္တိကောင်းလှပေသည်။ သူမက ​မောက်မာလွန်းသဖြင့် အကြောက်တရားမရှိသည်လား။ စွမ်းဆောင်ရည်ရှိလွန်းသဖြင့် သတ္တိရှိနေသည်လား သူ မသိတော့ပေ။


တခဏမျှ တွေးပြီးနောက် သူက ဘာသဲလွန်စမှ မရှိသည့်အတွက် ဒေါသထွက်လာပြီး ကျိန်ဆဲလိုက်သည်။ "အမှိုက်ဂိမ်း! တခြားကစားသမားတွေရဲ့ ID ၊ Level နဲ့ Attribute ကိုတောင် ကြည့်လို့မရနိုင်ဘူး။ အဲဒီဂိမ်းကုမ္ပဏီ အနှေးနဲ့အမြန် ဒေဝါလီခံရပါစေကွာ။"


အစားအသောက်အားလုံးကို စားသောက်ပြီးသည့်အခါ ဘာလုပ်ရမည်လဲ။


ရေအားလုံးကို သောက်ပြီးသည့်နောက် ဘယ်နေရာကနေ ထပ်ရနိုင်မလဲ။


အသက်ရှင်သန်ရန် မေးခွန်းများက သူမရှေ့တွင် ရှိနေသည်။ အခြေအနေက အရေးကြီးနေပြီဖြစ်၏။


ယွင်လင်က တွက်ချက်လိုက်သည်။ သူမ အိမ်ရှိအစားအသောက်များက လတစ်ဝက်စာ လုံလောက်ပေသည်။ သူမက အချို့ကို ဝေ့ချင်နှင့် အလဲအလှယ် လုပ်ခဲ့လျှင် ရိက္ခာကုန်ဆုံးသည့်အချိန်က ပို၍ မြန်ဆန်လိမ့်မည်။

လူအများစု တုန့်ပြန်မလာခင် ကုန်ပစ္စည်းများကို သိုလှောင်ထားနိုင်မှသာ သူမအနေနှင့် ကြာကြာရှင်သန်နိုင်မည် ဖြစ်သည်။


သူမက တွေးတောပြီး​နောက် ၂၄နာရီစတိုးများ၊ စူပါမားကတ်များ၊ စျေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ကိတ်မုန့်ဆိုင်များ၊ ဖက်ထုပ်ဆိုင်များတွင် အရင်းအမြစ်အမှတ်များ အများကြီးရှိနေနိုင်သည်ဟု သတ်မှတ်လိုက်သည်။ ထို့ကြောင့် သူမ၏ HP(အသက်မှတ်)များ ပြန်ပြည့်လာသည့်အခါ သူမက ကျောပိုးအိတ်ကို ကောက်ယူကာ ပတ်ဝန်းကျင်တွင် လျှောက်သွားရန် စတင်ခဲ့သည်။

သူမက ပထမဆုံး ၂၄ နာရီစတိုးဆိုင်သို့ ဝင်ရောက်ခဲ့သည်။


စတိုးဆိုင်လေးက သေးငယ်သော်လည်း ကုန်ပစ္စည်းများက ပြည့်စုံပေသည်။ ပေါင်မုန့်များ၊ ဘီစကစ်များ၊ အသင့်စားခေါက်ဆွဲခြောက်များ၊ နွားနို့ဘူးများ၊ ဆိုဒါဘူးများနှင့် အခြားသောက်စရာမျိုးစုံရှိပေသည်။

စခန်းမှနေ၍ ဤနေရာသို့ သုံးမိနစ်ခန့်သာ လမ်းလျှောက်ရသည်။

ယွင်လင်က တံခါးရှေ့တွင်ရပ်ကာ ကြည့်လိုက်သည်။


တံခါးများက တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားသည်။ အထဲ၌ မည်သူမှ မရှိပုံရလေသည်။ သူတို့က ဒုက္ခသည်စခန်းသို့ ခိုလှုံရန်သွားကြသည်လား သူမ မသိပေ။

"ကူညီပါ။ ငါတို့ကို ကယ်ပါဦး။"


ယွင်လင်က သူမ နောက်ထပ်ခြေလှမ်းအနေနှင့် ဘာလုပ်ရမလဲဆိုသည်ကို မတွေးရသေးခင်မှာပင် အနီးရှိ ခေါက်ဆွဲဆိုင်အတွင်းမှ ဒေါသတကြီးဟိန်းဟောက်သံနှင့် အော်ဟစ်ငိုယိုသံတို့ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။


ယွင်လင်က သူမ၏ ဝန်းဝိုင်းသောဒိုင်းကာကို တင်းတင်းဆုပ်ကိုင်ကာ သတိအပြည့်နှင့် ရွေ့လျားလိုက်သည်။


ဘန်း! အခန်းထဲတွင် မှင်စာတစ်ကောင်က တင်းပုတ်ကြီးတယမ်းယမ်းနှင့် စားပွဲကို ထုရိုက်နေသည်။


အမျိုးသားတစ်ယောက်က သူ့အရှေ့တွင် သစ်သားထိုင်ခုံကို ကိုင်ထားပြီး မွန်းစတားကို အနားကပ်လာခွင့်မပေးပေ။ သူ့နောက်တွင် ကလေးချီထားသည့် အမျိုးသမီးက အခန်းထောင့်တွင် ကွေးကွေးလေးရှိနေခဲ့သည်။


ယွင်လင် ဝင်လာသည့်အခါ သူမက ထိုသို့မြင်ကွင်းကို မြင်လိုက်ရပေသည်။


မှင်စာက သွားဖြဲကာ တင်းပုတ်ကြီးအား ထပ်ကာထပ်ကာ လွှဲရမ်းနေသည်။ သို့သော် ၎င်းက တင်းပုတ်ကို ထပ်၍ မ လိုက်သည်နှင့် ဝန်းဝိုင်းသည့်ဒိုင်းတစ်ခုက ၎င်း၏ ခေါင်းကို ရိုက်ပစ်လိုက်ရာ ၎င်းက ကြောင်အသွားပြီး မျက်လုံးများမှ ရွှေကြယ်များထွက်လာသလို ပြူးကျယ်လာ၏။


"နောက်ဆုတ်နေ။" တစ်ချိန်တည်းတွင် ယွင်လင်က မိသားစုသုံးယောက်၏ အရှေ့တွင် ရပ်လိုက်ပြီး ဝန်းဝိုင်းသည့် ဒိုင်းကို အသုံးပြုကာ မှင်စာကို အဝေးသို့ တွန်းထုတ်လိုက်သည်။


အမျိုးသားက ထိတ်လန့်သွားပြီး သူ့ဇနီးနှင့် ကလေးအနီးတွင် သွားရပ်လိုက်၏။


မှင်စာက ၎င်း၏ ခေါင်းကို ခါလိုက်ပြီးနောက် ယွင်လင်ထံသို့ ရက်စက်ကြမ်းကြုတ်စွာ ခုန်ဝင်လာသည်။

ယွင်လင်က မရှောင်ဘဲ သူမ၏ ဝန်းဝိုင်းသောဒိုင်းကာကို အသုံးပြုကာ သစ်သားတင်းပုတ်၏ တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးလိုက်သည်။

တိုက်ခိုက်မှာအား တန်ပြန်သက်ရောက်စေသည့် စွမ်းရည်က အလွန် ကောင်းမွန်သည့် စကေးလ်တစ်ခုဖြစ်သည်။

မှင်စာက ယွင်လင်ကို တိုက်ခိုက်လိုက်ပြီး နှစ်ဖက်လုံး၏ HP က လျော့ကျသွားသည်။


ယွင်လင်က မှင်စာကို တိုက်ခိုက်လိုက်သည့်အခါ မှင်စာ၏ HP က ထပ်မံ လျော့နည်းသွားသည်။


မည်သူက တိုက်ခိုက်သည်​ဖြစ်စေ ယွင်လင်၏ ရန်သူအနေနှင့် သူတို့သာ အမြဲတမ်း ထိခိုက်ဒဏ်ရာရလိမ့်မည်ဖြစ်သည်။


သိပ်မကြာခင်မှာပင် မှင်စာက ဤစက်ဆုပ်ဖွယ်နည်းလမ်းကြောင့် အသတ်ခံလိုက်ရပေသည်။


မွန်းစတားက သေဆုံးသွားခဲ့၏။ ကြေးနီပြားများနှင့် သစ်သားပစ္စည်းတို့ ကျလာခဲ့သည်။ ယွင်လင်က ကျလာသည့် ပစ္စည်းများကိုသူမ အိတ်ထဲသို့ ထည့်ပြီးနောက် မေးလိုက်သည်။ "အဆင်ပြေကြရဲ့လား။"

"ကျေးဇူး... ကျေးဇူးတင်ပါတယ်။" ကြောက်မက်ဖွယ်မြင်ကွင်းကို ပြန်တွေးပြီးနောက် အမျိုးသမီး၏ ခြေထောက်များက တုန်ယင်နေပြီး သူမက တည်ငြိမ်အောင် လုပ်နိုင်စွမ်းမရှိတော့ချေ။


"မိန်းကလေး မင်းကို ဘယ်လိုခေါ်ရမလဲ။" အမျိုးသားက မေးလိုက်သည်။


"ယွင်လင်။" ယွင်လင်က ဖြေလိုက်၏။


"ဟယ်လို.. ကျုပ်က ချန်းဟန်ပါ။ ဒါက ကျုပ်ဇနီး ချန်လင်း။" အမျိုးသားက ဂရုတစိုက်မေးလိုက်သည်။ "အပြင်မှာ ဘာတွေဖြစ်နေတာလဲလို့ ကျုပ် မေးလို့ရနိုင်မလား။"


ယွင်လင်က ရိုးရှင်းစွာ ရှင်းပြလိုက်သည်။


ချန်းဟန်က ပင့်သက်ရှိုက်လိုက်ပြီး ထိတ်လန့်အံ့သြစွာဖြင့် ကြောင်အသွားလေသည်။ "အပြင်မှာ မွန်းစတားတစ်ကောင်ထက်ပိုပြီး ရှိနေတာလား။ လမ်းတွေအားလုံးမှာလား။ အွန်လိုင်းဂိမ်းလိုမျိုး လက်နက်တွေနဲ့ စကေးလ်တွေ ရှိနေရင် မွန်းစတားတွေကို သတ်နိုင်မယ် ဟုတ်လား။"


သူက ယုံကြည်ရန် ဆန္ဒမရှိသော်လည်း တစ်ချိန်တည်းမှာပင် ဖြစ်ပျက်နေသည့် အရာအားလုံးက သူ့ကို ယုံ​ကြည်ရန် တွန်းအားပေးနေသည်။


သူက တွေဝေနေတုန်းမှာပင် မှင်စာ၏ အလောင်းက တဖြေးဖြေး ပျောက်ကွယ်သွား၏။


ဂိမ်းသဘောတရားအရ အချိန်ပြည့်သွား၍ အသစ်က ပြန်စတင်တော့မည်ဖြစ်သည်။


"အခုပဲ မွန်းလွဲလေးနာရီဖြစ်နေပြီ။ ရှင်တို့က ဘာလို့ ဘာတစ်ခုမှ မသိရသေးတာလဲ။" ယွင်လင်ကမေးလိုက်၏။


ချန်းဟန်က ရှင်းပြလိုက်သည်။ "နေ့လယ်ကတည်းက အပြင်ဘက်မှာ ဖရိုဖရဲဖြစ်နေတာ။ လူတွေကလည်း နေရာအနှံ့ ကြောက်လန့်တကြား အော်ဟစ်နေကြတယ်။ ကျုပ် ဆိုင်ကိုတောင် မဖွင့်ရဲဘဲ တံခါးသော့ခတ်ထားလိုက်ရတာ။ နောက်တော့ အပြင်ဘက်က အခြေအနေတွေ နည်းနည်းငြိမ်သက်သွားတာကို မြင်လိုက်ရတာနဲ့ အခြေအနေကောင်းသွားပြီထင်ပြီး တံခါးကို ဖွင့်လိုက်တာ......."

သို့သော် သူက အနည်းငယ်မျှ စိတ်သက်သာရာမရနိုင်သေးခင်မှာပင် မွန်းစတားက တံခါးမှဝင်လာခဲ့ခြင်း ဖြစ်လေသည်။


**********

Zawgyi

ခုအခ်ိန္၌ သူသည္ လူမ်ားက အစားအစာကို ေစ်းႀကီးႀကီးႏွင့္ ေရာင္းခ်ျခင္းအား မေၾကာက္႐ြံ႕ဘဲ ေစ်းမည္မွ်ေပးေပး မေရာင္းခ်ေပးမည္ကိုသာ ေၾကာက္႐ြံ႕ေပသည္။

ေဝ့ခ်င္က ပိုးခ်ည္မွ်င္၊ လီနင္ပိတ္ႏွင့္ ေၾကးနီျပားတို႔ကို လွမ္းေပးလိုက္သည္။ ယြင္လင္က အိတ္ထဲမွ မေဖာက္ရေသးသည့္ ေရတစ္ဘူးႏွင့္ ေခ်ာကလက္ဘီစကစ္ တစ္အိတ္ကို ထုတ္ယူလိုက္သည္။

ေဝ့ခ်င္က ၎တို႔ကို လွမ္းယူလိုက္ၿပီး ေရတစ္ဝက္ခန္႔ ေသာက္လိုက္ၿပီးေနာက္ ဘီစကစ္တို႔ကို ထုတ္ယူလိုက္သည္။ သူက ခ်က္ခ်င္း ေနလို႔ေကာင္းသြားသလို ခံစားလိုက္ရသည္။

"ညီမ​ေလး ဒါေတြကို ဘယ္ကရခဲ့တာလဲ။ ေျပာျပေပးလို႔ရမလား။" သူက သိခ်င္စိတ္ျဖင့္ ေမးလိုက္၏။

ယြင္လင္က ျပန္ေျဖလိုက္သည္။ "ငါက ဒီနားေလးမွာ ေနတာ။ ဒါေတြကို အိမ္ကေန ယူလာခဲ့တာေလ။"

ေဝ့ခ်င္သည္ ထိုအေျဖအတြင္းမွ ထူးဆန္းမႈကို ႐ွာေတြ႕လိုက္၏။ "မြန္းစတားေတြ အမ်ားႀကီး ထြက္လာေနတာ။ ဘာလို႔အိမ္ထဲမွာပဲ ပုန္းမေနရတာလဲ။"

"သိုေလွာင္ထားတဲ့ အစားအေသာက္က မလုံေလာက္ဘူး။ ငါ အစားအေသာက္႐ွာဖို႔ ထြက္လာတာ။" ယြင္လင္က ေျပာလိုက္သည္။ "ၿပီးေတာ့ လက္႐ွိအေျခအေနအရ အိမ္ေတြက မလုံျခဳံဘူး။ ဒါေပမယ့္ ငါသာ စခန္းထဲမွာ ပုန္းေနရင္ မြန္းစတားေတြ ဝင္လာမွာ မဟုတ္ဘူး။"

အဲဒါဆို ဂိမ္းထဲမွာ စခန္းေတြက လုံျခဳံေရးဇုန္ေတြမ်ားလား။ ေဝ့ခ်င္က ေတြးၿပီးေနာက္ တက္ႂကြလာသည္။

"နင္ကေရာ။ နင္က​ ဘယ္လိုျဖစ္ၿပီး ဒီေနရာေရာက္လာတာလဲ။" ယြင္လင္က ေမးလိုက္သည္။

"မေျပာခ်င္ေတာ့ပါဘူး။" ေဝ့ခ်င္က အကူအညီမဲ့ေနသည့္ အမူအရာႏွင့္ ႐ွိေနခဲ့သည္။ "ဒီမနက္မွာ အင္တာဗ်ဴးတစ္ခု႐ွိခဲ့လို႔ အခ်ိန္ အမ်ားႀကီး ေႏွာင့္ေႏွးသြားတာ။ ငါ ေန႔လယ္စားခ်င္ေပမယ့္ မစားရေသးခင္မွာ မြန္းစတားအုပ္စုနဲ႔ ေတြ႕ေတာ့တာပဲ။"

သူက တစ္ခ်ိန္လုံး ေျပးလႊားေနရၿပီး အနားယူခ်ိန္ပင္ မ႐ွိလုနီးပါးျဖစ္ခဲ့ရသည္။

"အခု ဘာဆက္လုပ္မွာလဲ။" ယြင္လင္က ေမးလိုက္၏။

"စဥ္းစားရဦးမွာေပါ့။" ေဝ့ခ်င္၏ မ်က္ႏွာက မဲ့က်သြားသည္။ "မနက္ျဖန္ေလာက္ဆို အဆာလြန္ၿပီး ေသသြားတာမ်ိဳးလည္း ျဖစ္ႏိုင္တာပဲ။"

ယြင္လင္က ေျပာလိုက္သည္။ "ငါ ဒီစခန္းထဲမွာ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ေနဖို႔ စီစဥ္ထားတယ္။ နင့္မွာ ခ်ေပးတဲ့ပစၥည္းေတြ အပို႐ွိေသးရင္ ငါနဲ႔ အလဲအလွယ္လုပ္လို႔ရတယ္။"

ေဝ့ခ်င္က ထိုစကားကို ၾကားသည့္အခါ ေမးလိုက္သည္။ "လီနင္ပိတ္ေတြနဲ႔ ပိုးခ်ည္ေတြက ဘာအတြက္သုံးတာလဲ။"

ယြင္လင္က ေဝေဝဝါးဝါး ေျပာလိုက္၏။ "ေသခ်ာမသိဘူး။ လက္ေတြ႕စမ္းသပ္ၾကည့္ရဦးမယ္။"

ေဝ့ခ်င္က ေခတၱမွ် ေတြေဝေနၿပီးေနာက္ သေဘာတူလိုက္သည္။ "ငါ့မွာလည္း သြားစရာ႐ွိမေနမွေတာ့ ဒီမွာ ေနလိုက္တာလည္း မဆိုးပါဘူး။"

လုံျခဳံေရးဇုန္အတြင္း အနည္းဆုံး ညဘက္ကို ေကာင္းမြန္စြာ အိပ္စက္ႏိုင္မည္ ျဖစ္သည္။

အနည္းငယ္ၾကာေအာင္ အနားယူၿပီးေနာက္ ယြင္လင္က ထရပ္လိုက္သည္။ "ငါ အျပင္သြားလိုက္ဦးမယ္။"

"ငါ့ကိုပါ အတူလိုက္ခဲ့ေစခ်င္လား။" ေဝ့ခ်င္ကလည္း ထရပ္လိုက္သည္။

"မလိုဘူး။" ယြင္လင္က လက္ခါျပလိုက္၏။ "ငါ တစ္ေယာက္တည္း အသားက်ေနၿပီ။"

တစ္ဖက္လူက ဆုံးျဖတ္ၿပီးၿပီျဖစ္ရာ ေဝ့ခ်င္က ဆက္၍ မတိုက္တြန္းေတာ့ေပ။

သို႔ေသာ္ စိတ္ထဲတြင္ေတာ့ သူက မေနႏိုင္ဘဲ ညည္းညဴလိုက္မိသည္။ မိန္းကေလး ငယ္ငယ္ေလးက တစ္ေယာက္တည္း လႈပ္႐ွားရဲေလာက္ေအာင္ သတၱိေကာင္းလွေပသည္။ သူမက ​ေမာက္မာလြန္းသျဖင့္ အေၾကာက္တရားမ႐ွိသည္လား။ စြမ္းေဆာင္ရည္႐ွိလြန္းသျဖင့္ သတၱိ႐ွိေနသည္လား သူ မသိေတာ့ေပ။

တခဏမွ် ေတြးၿပီးေနာက္ သူက ဘာသဲလြန္စမွ မ႐ွိသည့္အတြက္ ေဒါသထြက္လာၿပီး က်ိန္ဆဲလိုက္သည္။ "အမိႈက္ဂိမ္း! တျခားကစားသမားေတြရဲ႕ ID ၊ Level နဲ႔ Attribute ကိုေတာင္ ၾကည့္လို႔မရႏိုင္ဘူး။ အဲဒီဂိမ္းကုမၸဏီ အေႏွးနဲ႔အျမန္ ေဒဝါလီခံရပါေစကြာ။"

အစားအေသာက္အားလုံးကို စားေသာက္ၿပီးသည့္အခါ ဘာလုပ္ရမည္လဲ။

ေရအားလုံးကို ေသာက္ၿပီးသည့္ေနာက္ ဘယ္ေနရာကေန ထပ္ရႏိုင္မလဲ။

အသက္႐ွင္သန္ရန္ ေမးခြန္းမ်ားက သူမေ႐ွ႕တြင္ ႐ွိေနသည္။ အေျခအေနက အေရးႀကီးေနၿပီျဖစ္၏။

ယြင္လင္က တြက္ခ်က္လိုက္သည္။ သူမ အိမ္႐ွိအစားအေသာက္မ်ားက လတစ္ဝက္စာ လုံေလာက္ေပသည္။ သူမက အခ်ိဳ႕ကို ေဝ့ခ်င္ႏွင့္ အလဲအလွယ္ လုပ္ခဲ့လွ်င္ ရိကၡာကုန္ဆုံးသည့္အခ်ိန္က ပို၍ ျမန္ဆန္လိမ့္မည္။

လူအမ်ားစု တုန္႔ျပန္မလာခင္ ကုန္ပစၥည္းမ်ားကို သိုေလွာင္ထားႏိုင္မွသာ သူမအေနႏွင့္ ၾကာၾကာ႐ွင္သန္ႏိုင္မည္ ျဖစ္သည္။

သူမက ေတြးေတာၿပီး​ေနာက္ ၂၄နာရီစတိုးမ်ား၊ စူပါမားကတ္မ်ား၊ ေစ်းဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ား၊ ကိတ္မုန္႔ဆိုင္မ်ား၊ ဖက္ထုပ္ဆိုင္မ်ားတြင္ အရင္းအျမစ္အမွတ္မ်ား အမ်ားႀကီး႐ွိေနႏိုင္သည္ဟု သတ္မွတ္လိုက္သည္။ ထို႔ေၾကာင့္ သူမ၏ HP(အသက္မွတ္)မ်ား ျပန္ျပည့္လာသည့္အခါ သူမက ေက်ာပိုးအိတ္ကို ေကာက္ယူကာ ပတ္ဝန္းက်င္တြင္ ေလွ်ာက္သြားရန္ စတင္ခဲ့သည္။

သူမက ပထမဆုံး ၂၄ နာရီစတိုးဆိုင္သို႔ ဝင္ေရာက္ခဲ့သည္။

စတိုးဆိုင္ေလးက ေသးငယ္ေသာ္လည္း ကုန္ပစၥည္းမ်ားက ျပည့္စုံေပသည္။ ေပါင္မုန္႔မ်ား၊ ဘီစကစ္မ်ား၊ အသင့္စားေခါက္ဆြဲေျခာက္မ်ား၊ ႏြားႏို႔ဘူးမ်ား၊ ဆိုဒါဘူးမ်ားႏွင့္ အျခားေသာက္စရာမ်ိဳးစုံ႐ွိေပသည္။

စခန္းမွေန၍ ဤေနရာသို႔ သုံးမိနစ္ခန္႔သာ လမ္းေလွ်ာက္ရသည္။

ယြင္လင္က တံခါးေ႐ွ႕တြင္ရပ္ကာ ၾကည့္လိုက္သည္။

တံခါးမ်ားက တင္းတင္းက်ပ္က်ပ္ ပိတ္ဆို႔ထားသည္။ အထဲ၌ မည္သူမွ မ႐ွိပုံရေလသည္။ သူတို႔က ဒုကၡသည္စခန္းသို႔ ခိုလႈံရန္သြားၾကသည္လား သူမ မသိေပ။

"ကူညီပါ။ ငါတို႔ကို ကယ္ပါဦး။"

ယြင္လင္က သူမ ေနာက္ထပ္ေျခလွမ္းအေနႏွင့္ ဘာလုပ္ရမလဲဆိုသည္ကို မေတြးရေသးခင္မွာပင္ အနီး႐ွိ ေခါက္ဆြဲဆိုင္အတြင္းမွ ေဒါသတႀကီးဟိန္းေဟာက္သံႏွင့္ ေအာ္ဟစ္ငိုယိုသံတို႔ ထြက္ေပၚလာသည္ကို ၾကားလိုက္ရသည္။

ယြင္လင္က သူမ၏ ဝန္းဝိုင္းေသာဒိုင္းကာကို တင္းတင္းဆုပ္ကိုင္ကာ သတိအျပည့္ႏွင့္ ေ႐ြ႕လ်ားလိုက္သည္။

ဘန္း! အခန္းထဲတြင္ မွင္စာတစ္ေကာင္က တင္းပုတ္ႀကီးတယမ္းယမ္းႏွင့္ စားပြဲကို ထု႐ိုက္ေနသည္။

အမ်ိဳးသားတစ္ေယာက္က သူ႕အေ႐ွ႕တြင္ သစ္သားထိုင္ခုံကို ကိုင္ထားၿပီး မြန္းစတားကို အနားကပ္လာခြင့္မေပးေပ။ သူ႕ေနာက္တြင္ ကေလးခ်ီထားသည့္ အမ်ိဳးသမီးက အခန္းေထာင့္တြင္ ေကြးေကြးေလး႐ွိေနခဲ့သည္။

ယြင္လင္ ဝင္လာသည့္အခါ သူမက ထိုသို႔ျမင္ကြင္းကို ျမင္လိုက္ရေပသည္။

မွင္စာက သြားၿဖဲကာ တင္းပုတ္ႀကီးအား ထပ္ကာထပ္ကာ လႊဲရမ္းေနသည္။ သို႔ေသာ္ ၎က တင္းပုတ္ကို ထပ္၍ မ လိုက္သည္ႏွင့္ ဝန္းဝိုင္းသည့္ဒိုင္းတစ္ခုက ၎၏ ေခါင္းကို ႐ိုက္ပစ္လိုက္ရာ ၎က ေၾကာင္အသြားၿပီး မ်က္လုံးမ်ားမွ ေ႐ႊၾကယ္မ်ားထြက္လာသလို ျပဴးက်ယ္လာ၏။

"ေနာက္ဆုတ္ေန။" တစ္ခ်ိန္တည္းတြင္ ယြင္လင္က မိသားစုသုံးေယာက္၏ အေ႐ွ႕တြင္ ရပ္လိုက္ၿပီး ဝန္းဝိုင္းသည့္ ဒိုင္းကို အသုံးျပဳကာ မွင္စာကို အေဝးသို႔ တြန္းထုတ္လိုက္သည္။

အမ်ိဳးသားက ထိတ္လန္႔သြားၿပီး သူ႕ဇနီးႏွင့္ ကေလးအနီးတြင္ သြားရပ္လိုက္၏။

မွင္စာက ၎၏ ေခါင္းကို ခါလိုက္ၿပီးေနာက္ ယြင္လင္ထံသို႔ ရက္စက္ၾကမ္းၾကဳတ္စြာ ခုန္ဝင္လာသည္။

ယြင္လင္က မေ႐ွာင္ဘဲ သူမ၏ ဝန္းဝိုင္းေသာဒိုင္းကာကို အသုံးျပဳကာ သစ္သားတင္းပုတ္၏ တိုက္ခိုက္မႈကို ပိတ္ဆို႔တားဆီးလိုက္သည္။

တိုက္ခိုက္မွာအား တန္ျပန္သက္ေရာက္ေစသည့္ စြမ္းရည္က အလြန္ ေကာင္းမြန္သည့္ စေကးလ္တစ္ခုျဖစ္သည္။

မွင္စာက ယြင္လင္ကို တိုက္ခိုက္လိုက္ၿပီး ႏွစ္ဖက္လုံး၏ HP က ေလ်ာ့က်သြားသည္။

ယြင္လင္က မွင္စာကို တိုက္ခိုက္လိုက္သည့္အခါ မွင္စာ၏ HP က ထပ္မံ ေလ်ာ့နည္းသြားသည္။

မည္သူက တိုက္ခိုက္သည္​ျဖစ္ေစ ယြင္လင္၏ ရန္သူအေနႏွင့္ သူတို႔သာ အၿမဲတမ္း ထိခိုက္ဒဏ္ရာရလိမ့္မည္ျဖစ္သည္။

သိပ္မၾကာခင္မွာပင္ မွင္စာက ဤစက္ဆုပ္ဖြယ္နည္းလမ္းေၾကာင့္ အသတ္ခံလိုက္ရေပသည္။

မြန္းစတားက ေသဆုံးသြားခဲ့၏။ ေၾကးနီျပားမ်ားႏွင့္ သစ္သားပစၥည္းတို႔ က်လာခဲ့သည္။ ယြင္လင္က က်လာသည့္ ပစၥည္းမ်ားကိုသူမ အိတ္ထဲသို႔ ထည့္ၿပီးေနာက္ ေမးလိုက္သည္။ "အဆင္ေျပၾကရဲ႕လား။"

"ေက်းဇူး... ေက်းဇူးတင္ပါတယ္။" ေၾကာက္မက္ဖြယ္ျမင္ကြင္းကို ျပန္ေတြးၿပီးေနာက္ အမ်ိဳးသမီး၏ ေျခေထာက္မ်ားက တုန္ယင္ေနၿပီး သူမက တည္ၿငိမ္ေအာင္ လုပ္ႏိုင္စြမ္းမ႐ွိေတာ့ေခ်။

"မိန္းကေလး မင္းကို ဘယ္လိုေခၚရမလဲ။" အမ်ိဳးသားက ေမးလိုက္သည္။

"ယြင္လင္။" ယြင္လင္က ေျဖလိုက္၏။

"ဟယ္လို.. က်ဳပ္က ခ်န္းဟန္ပါ။ ဒါက က်ဳပ္ဇနီး ခ်န္လင္း။" အမ်ိဳးသားက ဂ႐ုတစိုက္ေမးလိုက္သည္။ "အျပင္မွာ ဘာေတြျဖစ္ေနတာလဲလို႔ က်ဳပ္ ေမးလို႔ရႏိုင္မလား။"

ယြင္လင္က ႐ိုး႐ွင္းစြာ ႐ွင္းျပလိုက္သည္။

ခ်န္းဟန္က ပင့္သက္႐ိႈက္လိုက္ၿပီး ထိတ္လန္႔အံ့ၾသစြာျဖင့္ ေၾကာင္အသြားေလသည္။ "အျပင္မွာ မြန္းစတားတစ္ေကာင္ထက္ပိုၿပီး ႐ွိေနတာလား။ လမ္းေတြအားလုံးမွာလား။ အြန္လိုင္းဂိမ္းလိုမ်ိဳး လက္နက္ေတြနဲ႔ စေကးလ္ေတြ ႐ွိေနရင္ မြန္းစတားေတြကို သတ္ႏိုင္မယ္ ဟုတ္လား။"

သူက ယုံၾကည္ရန္ ဆႏၵမ႐ွိေသာ္လည္း တစ္ခ်ိန္တည္းမွာပင္ ျဖစ္ပ်က္ေနသည့္ အရာအားလုံးက သူ႕ကို ယုံ​ၾကည္ရန္ တြန္းအားေပးေနသည္။

သူက ေတြေဝေနတုန္းမွာပင္ မွင္စာ၏ အေလာင္းက တေျဖးေျဖး ေပ်ာက္ကြယ္သြား၏။

ဂိမ္းသေဘာတရားအရ အခ်ိန္ျပည့္သြား၍ အသစ္က ျပန္စတင္ေတာ့မည္ျဖစ္သည္။

"အခုပဲ မြန္းလြဲေလးနာရီျဖစ္ေနၿပီ။ ႐ွင္တို႔က ဘာလို႔ ဘာတစ္ခုမွ မသိရေသးတာလဲ။" ယြင္လင္ကေမးလိုက္၏။

ခ်န္းဟန္က ႐ွင္းျပလိုက္သည္။ "ေန႔လယ္ကတည္းက အျပင္ဘက္မွာ ဖ႐ိုဖရဲျဖစ္ေနတာ။ လူေတြကလည္း ေနရာအႏွံ႔ ေၾကာက္လန္႔တၾကား ေအာ္ဟစ္ေနၾကတယ္။ က်ဳပ္ ဆိုင္ကိုေတာင္ မဖြင့္ရဲဘဲ တံခါးေသာ့ခတ္ထားလိုက္ရတာ။ ေနာက္ေတာ့ အျပင္ဘက္က အေျခအေနေတြ နည္းနည္းၿငိမ္သက္သြားတာကို ျမင္လိုက္ရတာနဲ႔ အေျခအေနေကာင္းသြားၿပီထင္ၿပီး တံခါးကို ဖြင့္လိုက္တာ......."

သို႔ေသာ္ သူက အနည္းငယ္မွ် စိတ္သက္သာရာမရႏိုင္ေသးခင္မွာပင္ မြန္းစတားက တံခါးမွဝင္လာခဲ့ျခင္း ျဖစ္ေလသည္။

**********


Continue Reading

You'll Also Like

901K 64.9K 42
Stivan Victor + Khon Shao Zin
744K 57K 103
All photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင္းကိုသိပ္မုန္းတယ္ေမာင္" "ေမာင္မင္းကိုရေအာင္ျပန္ကယ္မယ္ ေမာင့္လူဆိုး...
410K 16.8K 34
𝑨𝒓𝒕𝒊𝒔𝒕 : 𝒉𝒖𝒎𝒂𝒏_𝒍𝒐𝒖𝒗𝒓𝒆 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏 : 𝑨𝑷𖣔 and ℳ𝖊𝖊☁️ Latest translator..Twakitt9795
1.6M 205K 163
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။