ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (...

By SumiHikaru

5.8K 432 118

ယွင်လင်၊ လုချွမ်း မူရင်းစာရေးသူ - ချင်းယွင်တန့်(သန့်) More

(၀)
(၁) Public Beta
(၂) Public Beta
(၃) လွင့်မျောတိမ်လွှာစခန်း
(၄) လွင့်မျောတိမ်လွှာစခန်း
(၅) S အဆင့်စွမ်းရည်
(၇) လှုပ်ရှားမှုပြုလုပ်ခြင်း
(၈) လှုပ်ရှားမှုပြုလုပ်ခြင်း
(၉) ညရောက်ရှိလာခြင်း
(၁၀) ညရောက်ရှိလာခြင်း
(၁၁) ညရောက်ရှိလာခြင်း
(၁၂) ညရောက်ရှိလာခြင်း
(၁၃) စူပါမားကတ်
(၁၄) စူပါမားကတ်

(၆) S အဆင့်စွမ်းရည်

241 25 9
By SumiHikaru

Unicode

ယွင်လင်က တိတ်တိတ်ကလေး အဝေးသို့ ရွှေ့သွားခဲ့သည်။

မသိမသာနှင့် သူတို့နှစ်ယောက်ကြားတွင် အကွာအဝေးကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလူက ပုံမှန်မဟုတ်သည့် အပြုအမူတစ်ခုခုလုပ်လာလျှင် သူမက စကားတစ်ခွန်းမှ မဆိုဘဲ အလျင်အမြန် လှည့်ကာ ထွက်ပြေးလိမ့်မည်ဖြစ်သည်။

ထိုလူက ဂရုမစိုက်ဘဲ ကတ်ကို သွားကာ စစ်ဆေးလိုက်သည်။ တခဏကြာပြီးနောက် သူက နှမြောတသဖြစ်စွာ ပြောလိုက်သည်။ "အဆိပ်ဆူး၊ S အဆင့် အနီးကပ်တိုက်ခိုက်မှုစွမ်းရည်၊ ငါ့အတွက် မသင့်တော်ဘူး။"


ယွင်လင်က ခြေလှမ်းများကို ရပ်လိုက်သည်။ "ငါ လိုချင်တယ်။"


"ကတ်က မင်းအတွက်၊ ကျလာတဲ့ပစ္စည်းတွေက ငါ့အတွက်လား။"(1)


ယွင်လင်က ပြောလိုက်သည်။ "ကောင်းပြီ။"

သဘောတူညီမှုရပြီးနောက် ထိုလူက အလျင်အမြန်ထွက်ခွာသွားပြီး တုတ်ချောင်းကိုပင် ပြန်မတောင်းခဲ့ပေ။ သူမသည် သူက မေ့သွား၍လား မလိုအပ်ဟုတွေးမိသောကြောင့်လား မသိခဲ့ပေ။


သူအဝေးသို့ ရောက်သွားပြီးနောက် ယွင်လင်က ကတ်ကို ကောက်ယူကာ အသုံးပြုမှုအား အတည်ပြုလိုက်သည်။


[အမည် - အဆိပ်ဆူး (Passive စွမ်းရည်)(2)

အရည်အသွေး - S အဆင့်။

စကေးလ်သက်ရောက်မှု - တိုက်ခိုက်မှုခံရသောအခါ ထိခိုက်ပျက်စီးစေမှု(Damage) ငါးဆယ်ရာခိုင်နှုန်း တန်ပြန်သက်ရောက်စေနိုင်။]

"မွန်းစတားတွေကို တိုက်ခိုက်တာမှာ ကျွမ်းကျင်ပြီး အသုံးအဆောင်ပစ္စည်းတွေနဲ့ ရင်းနှီးနေတယ်။ သူက Beta ရှင်ကျန်ရစ်သူတစ်ယောက်လား။" ယွင်လင်က ခန့်မှန်းလိုက်သည်။

သို့သော် ထိုလူက ထွက်ခွာသွားပြီဖြစ်သောကြောင့် သူမ၏ မေးခွန်းက အဖြေမရှိဘဲ ဖြစ်သွားရသည်။


"ကိစ္စမရှိပါဘူး။ သူနဲ့ တွေ့ခဲ့တာ ကောင်းတဲ့ကိစ္စပဲ။ ငါက ဒိုင်းကာနဲ့ တန်ပြန်စကေးလ်တစ်ခု ရလိုက်တယ်။ ငါ့ဘာသာငါဆိုရင် မြန်မြန်ဆန်ဆန် တိုးဝင်သွားပြီး တိုက်ခိုက်မှုလုပ်ပြီးတာနဲ့ ထွက်ပြေးရလိမ့်မယ်။"

မှင်စာငါးကောင်၏ ဝန်းရံတိုက်ခိုက်ခံရမည်ကို တွေးမိရုံနှင့် ယွင်လင်က ကြက်သီးဖြန်းဖြန်းထသွားခဲ့သည်။


သူမက သေဆုံးလိမ့်မည်မဟုတ်သော်လည်း ဒဏ်ရာအများကြီး ရသွားလိမ့်မည် ဖြစ်သည်။


"ကံကောင်းလို့ သူနဲ့ တွေ့ခဲ့ရတာပဲ။" ယွင်လင်က ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။


အပြန်လမ်း၌ ယွင်လင်က အသုံးအဆောင်ကတ်များကို ထပ်မရှာတော့ဘဲ မြန်မြန်ဆန်ဆန် ခရီးဆက်ခဲ့သည်။

မွန်းစတားများကို ​ရှောင်တိမ်းရသည်မှာ သိပ်မခက်လှပေ။

တစ်စုံတစ်ယောက်က စိတ်တည်ငြိမ်နေလျှင် မွန်းစတားများကို ရှောင်ရန် ပုန်းစရာနေရာရှာဖွေခြင်း သို့မဟုတ် အဝေးမှ လှမ်းမြင်လိုက်လျှင် လမ်းလွှဲသွားခြင်းမျိုး ပြုလုပ်နိုင်သည်။


တစ်စုံတစ်ယောက်က ဆက်လက်၍ ပြေးလွှားနေမည်ဆိုလျှင် စွမ်းအင်များကို အလဟဿဖြုန်းတီးနေခြင်းသာဖြစ်ပြီး မွန်းစတားအသစ်များနှင့် အလွယ်တကူတွေ့ဆုံနိုင်သည်။

မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ယွင်လင်က လွင့်မျောတိမ်လွှာစခန်းသို့ ရောက်ရှိလာသည်။ သူမက သစ်သားတုတ်ချောင်းကို သိုလှောင်ရုံအတွင်း ပစ်ထည့်ရန် ပြင်လိုက်စဥ် မီးပုံဖိုသည့် ဖိုအနီးတွင် ဝိုင်းဖွဲ့ထိုင်နေသည့် တက္ကသိုလ်ကျောင်းသား/သူ သုံးယောက်ကို မြင်လိုက်ရသည်။


မျက်မှန်နှင့် ကျောင်းသားလေးတစ်ယောက်က ခါးသီးသောအမူအရာနှင့် ရှိနေသည်။ "ငါ ရဲတွေကို ဖုန်းဆက်ခဲ့ပေမယ့် ကိုင်မယ့်လူ မရှိဘူး။ ငါ့မိဘတွေဆီကို ဖုန်းခေါ်တော့လည်း ဖုန်းက မဝင်ဘူး။"


ဆံပင်အတိုလေးနှင့် ကျောင်းသူလေးတစ်ယောက်က ပြောလိုက်သည်။ "ပြေးနေရင်းနဲ့မှ မွန်းစတားတွေက ကျောင်းမှာတင်မဟုတ်ဘူး။ လမ်းတွေတိုင်းမှာလည်း အများကြီးရှိနေတာကို ငါ သတိထားမိလိုက်တယ်။"


"ဒီနေရာက ဘာလဲဆိုတာမသိဘူး။ ဒီမှာပုန်းနေပြီးတဲ့နောက် မွန်းစတားတွေက ငါ့နောက် လိုက်မလာတော့ဘူး။"


"ငါတို့ အပြင်ကို ကမူးရှူးထိုးထွက်သွားရင် အန္တရာယ်နဲ့ နောက်တစ်ခါ ကြုံရနိုင်တယ်။"

ဝက်ခြံများနှင့် နောက်ထပ်ကျောင်းသားတစ်ယောက်က စိုးရိမ်နေသည်။ "စားစရာမရှိ သောက်စရာမရှိနဲ့။ ငါတို့ အချိန်အကြာကြီးမနေနိုင်ဘူး။ ပြီးရင် ငါတို့ ဘာဆက်လုပ်ကြမှာလဲ။"

သူတို့သုံးယောက်က အချင်းချင်းကြည့်လိုက်ပြီး ဘာဆက်လုပ်ရမလဲ အကြံဉာဏ်မရှိကြပေ။

ထိုအချိန်၌ မျက်မှန်ဝတ်ဆင်ထားသည့် ကျောင်းသားက ယွင်လင်ကို မြင်သွားပြီး မေးလိုက်သည်။ "ဟယ်လို.. အဲဒီသစ်သားချောင်းနဲ့ ဒိုင်းကို ဘယ်နေရာကနေ ရခဲ့တာလဲ ကျေးဇူးပြုပြီး ပြောပြပေးလို့ရနိုင်မလား။"

သူ၏ အမြင်တွင် သူတို့သုံးယောက်ထံ၌ လိုအပ်သည့် လက်နက်ကိရိယာများရှိပါက လုံခြုံလိမ့်မည်ဖြစ်သည်။ သူတို့က မဖြစ်မနေ အစာရှာရန် အပြင်ထွက်ရလျှင်ပင် အနည်းဆုံး ပြန်တိုက်နိုင်မည် ဖြစ်သည်။

ယွင်လင်က ၎င်းကို လျှို့ဝှက်မထားခဲ့ပေ။ "အခုလေးတင် ဟိုမှာ ကတ်မိုးရွာတာ မရှိဘူးလား။ အဲဒါကို အသုံးပြုဖို့ အတည်ပြုပြီးရင် လက်နက်တစ်ခုရလိမ့်မယ်။"


"လက်နက်အသုံးအဆောင်ကတ်လား။" မျက်မှန်နှင့် ကျောင်းသားက အံသြမှင်တက်သွားလေသည်။


ဝက်ခြံများနှင့် နောက်ထပ်ကျောင်းသားတစ်ယောက်က တိုးတိုးပြောလိုက်၏။ "မင်း ပြောမှပဲ ငါ သတိရလာပြီ။ အစောပိုင်းက ကျိုးမင် ကတ်တစ်ကတ် ကောက်ယူလိုက်ပြီး သူ့ခွန်အားက အရမ်းအစွမ်းထက်လာပြီး တိုက်ခိုက်တာမှာ တော်လာတယ်။ မွန်းစတားတွေတောင် သူ့ကို မယှဥ်နိုင်တော့ဘူး။"

ယွင်လင်သည် ကျိုးမင်က သူတို့ အရင်က သိခဲ့သည့်သူတစ်ယောက် ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ "သူက တိုက်ခိုက်ရေးစွမ်းအားကတ်ကို ကောက်ယူမိတာဖြစ်ရမယ်။ အဲဒါကို အသုံးပြုပြီးရင် အသုံးပြုသူက ချက်ချင်း တိုက်ခိုက်ရေးစွမ်းရည်တွေ ရလာလိမ့်မယ်။"

မျက်မှန်နှင့်ကျောင်းသားက မယုံကြည်ပေ။ "ကတ်တွေ၊ စကေးလ်တွေလား။ ဒါက အွန်လိုင်းဂိမ်းနဲ့တူမနေဘူးလား။"


ယွင်လင်က ခေါင်းညိတ်လိုက်သည်။ "ဒါက VR ဂိမ်းရဲ့ အစစ်အမှန်​ဗားရှင်းပဲ။"


ဆံပင်အတိုနှင့် ကျောင်းသူလေးက ရေရွတ်လိုက်သည်။ "ဒါကြီးက ဧပရယ်ဖူးလ်ဟာသနဲ့ တူနေသလိုပဲ။"


"လိုအပ်တာတွေကိုတော့ ငါ ပြောပြီးပြီ။ စခန်းထဲမှာပဲ ပုန်းရင်း လာကယ်ခံရဖို့ကို စောင့်နေမလား၊ အပြင်ထွက်ပြီး ကတ်တွေနဲ့ အရင်းအမြစ်တွေ သွားရှာမလားဆိုတာတော့ နင်တို့အပေါ်မှာပဲ မူတည်တယ်။" ယွင်လင်က သိုလှောင်ရုံသို့ ဦးတည်ရင်း ပြောလိုက်သည်။


သူမသည် အိမ်မှ အဝေးသို့ ရောက်နေသည်မှာ အချိန်တချို့ ကြာပြီဖြစ်သည့်အတွက် အိမ်သို့ အမြန်ပြန်ကာ အထောက်အပံ့ပစ္စည်းများ ရွှေ့သယ်ရန် အလျင်လိုနေပေသည်။

သိုလှောင်ရုံအတွင်း ဝင်ရောက်ပြီးနောက် သူမက သစ်သားတုတ်ချောင်းကို ချလိုက်သည်။ သိုလှောင်ရုံပစ္စည်းစာရင်းက ပေါ်ပေါက်လာ၏။

ယွင်လင်က ကြည့်လိုက်သည့်အခါ စာရင်းထဲတွင် စာကြောင်းတစ်ကြောင်းသာ ရှိသည်။ "1* သစ်သားတုတ်ချောင်း"


သူမက ဝင်းဒိုးကို ပိတ်လိုက်ပြီး စခန်း၏ Attribute ဝင်းဒိုးကို ဖွင့်လိုက်သည်။ သူမက သော့ဖွင့်၍ရနိုင်သော အဆောက်အဦးများ၏ အချက်အလက်တို့ကို ကြည့်လိုက်၏။


တာဝန်ခန်းမ : တာဝန်များကို ထုတ်ပြန်ပေးနိုင်။ အရည်အချင်းရှိ NPC များကို ဆွဲဆောင်စုဆောင်းနိုင်။ တည်ဆောက်ရန် ကုန်ကျစရိတ် ကြေးနီပြား ၁၀၀ လိုအပ်။


သစ်သားထည်ပြုလုပ်သည့် အလုပ်ရုံ : ရိုးရှင်းသည့် လက်နက်များ၊ အိမ်သုံးသစ်သားပစ္စည်းများ ပြုလုပ်နိုင်။ တည်ဆောက်ရန် ကုန်ကျစရိတ် ကြေးနီပြား ၁၀၀ လိုအပ်။

အပ်ချုပ်ဆိုင် : အဝတ်အစားများနှင့် ချပ်ဝတ်များ ပြုလုပ်နိုင်။ တည်ဆောက်ရန် ကုန်ကျစရိတ် ကြေးနီပြား ၁၀၀ လိုအပ်။

စားသောက်ဆိုင် : အစားအသောက်မျိုးစုံ ထုတ်လုပ်နိုင်။ တည်ဆောက်ရန် ကုန်ကျစရိတ် ကြေးနီပြား ၁၀၀ လိုအပ်။

ဘာဘီကျူးဆိုင် : အသားကင်များ ထုတ်လုပ်နိုင်။ တည်ဆောက်ရန် ကုန်ကျစရိတ် ကြေးနီပြား ၁၀၀ လိုအပ်။

… …

သော့မဖွင့်ရသေးသည့် အဆောက်အဦးအမျိုးအစား ငါးဆယ်ကျော်ရှိသည်။ စားသောက်ဆိုင်နှင့် ဘာဘီကျူးဆိုင်ကဲ့သို့ အချို့က တူညီသော လုပ်ဆောင်ချက်မျိုးရှိသည်။ အချို့တွင် ပြိုင်ဘက်ကင်းစွမ်းရည်မျိုးရှိသော်လည်း စခန်းက အဆင့်မြင့်လာသည့်အခါမှ သော့ဖွင့်နိုင်ပေလိမ့်မည်။

ယွင်လင်သည် စခန်းအတွင်း၌ သော့ဖွင့်နိုင်သည့် အဆောက်အဦးအရေအတွက်က အကန့်အသတ်ရှိမည်ဟု တွေးလိုက်သည်။ တူညီသော လုပ်ဆောင်ချက်များအတွက် အဆောက်အဦးတစ်ခုတည်းက လုံလောက်ပေသည်။


သို့သော် ယခုတွင် သူမထံ၌ ကြေးနီပြားမရှိသည့်အတွက် အဆောက်အဦးတစ်ခုပင် မဖွင့်နိုင်ခဲ့ပေ။ လှုပ်ရှားသွားလာခြင်း၊ မွန်းစတားများသတ်ဖြတ်ခြင်း၊ အဆင့်မြှင့်ခြင်း၊ ကြေးနီပြားများစုဆောင်းခြင်း၊ ပစ္စည်းများစုဆောင်းခြင်းနှင့် အရင်းအမြစ်များရှာဖွေခြင်းဟူ၍ လုပ်စရာအများကြီး ရှိပေသည်။ ယွင်လင်က သူမ၏ နောက်ခြေလှမ်းအတွက် ပန်းတိုင်ကို အလျင်အမြန် သတ်မှတ်လိုက်သည်။

သူမက သိုလှောင်ရုံမှထွက်လာပြီး စခန်းမှ ထွက်သွားတော့မည့်အချိန်တွင် မျက်မှန်နှင့် ကျောင်းသားက သူမကို ခေါ်လိုက်၏။ "ကျွန်တော်တို့ရော ခင်ဗျားနဲ့အတူ သွားလို့ရမလား။"

ယွင်လင်က ပြန်ဖြေလိုက်သည်။ "မရဘူး။ ငါက ကိုယ့်ရဲ့ လုံခြုံရေးတစ်ခုတည်းကိုပဲ အာမခံနိုင်တာ။ တခြားလူတွေ လိုက်လာရင် အဆင်မပြေဘူး။"


"ဒါဆိုလည်းရပါတယ်။" မျက်မှန်နှင့် ကျောင်းသားက စိတ်ပျက်အားလျော့သွားသည်။


ယွင်လင်က တဖြေးဖြေး ဝေးကွာသွားပြီး မကြာခင်တွင် ထိုသုံးယောက်၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွား၏။


ဝက်ခြံများနှင့်ကျောင်းသားက ခပ်တိုးတိုးပြောလိုက်သည်။ "အစက သူမ သစ်သားတုတ်ချောင်းတစ်ခု ကိုင်ထားတာ။ ဒါပေမယ့် သူမ ထွက်လာတော့ ဒိုင်းတစ်ခုပဲ ရှိတော့တယ်။"

"မင်း ဆိုလိုတာက..." မျက်မှန်နှင့်ကျောင်းသားက သူ့နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး အနည်းငယ် စိုးရိမ်ပူပန်နေပုံရသည်။


ဝက်ခြံများနှင့်ကျောင်းသားက ညွှန်ပြလိုက်၏။ "အိမ်ထဲမှာ သစ်သားချောင်းရှိတယ်။ သူမက အဲဒါကို အသုံးမပြုဘူး။ ငါ.. ငါတို့ ခဏငှားလိုက်ရအောင်။"


ဆံပင်အတိုနှင့် ကျောင်းသူလေးက စကားတစ်ခွန်းမှ မပြောပေ။ သူမသည် ထိုသို့လုပ်ခြင်းက မကောင်းဟု ခံစားမိသော်လည်း သူမ၏ အသက်က အန္တရာယ်တောထဲရောက်နေသည့်အတွက် ထိုသို့လုပ်ခြင်းကို တားဆီးရန်စကားမပြောနိုင်ပေ။


"မင်းတို့ ကန့်ကွက်စရာမရှိရင် ငါ သွားယူလိုက်ရမလား။" ဝက်ခြံနှင့် ကျောင်းသားက သိုလှောင်ရုံဘက်သို့ လျှောက်သွားနေရင်း ပြောလိုက်သည်။


"အာ....." မျက်မှန်နှင့်ကျောင်းသားက ဖျောင်းဖျတားမြစ်လိုသော်လည်း မကြာခင်၌ သူ့သူငယ်ချင်းက ပြန်ရောက်လာပေသည်။


"ဘာဖြစ်လို့လဲ။" သူက အလွန်ပဟေဠိဖြစ်နေသည်။


ဝက်ခြံနှင့်ကျောင်းသားက မျက်မှောင်ကြုတ်လိုက်၏။ "အဲဒါက ငါ့ကို အထဲဝင်ခွင့်မပေးဘူး။ နယ်မြေသိုလှောင်ရုံထဲကို ဝင်ခွင့်ပြုထားတဲ့စာရင်းထဲမှာ ရှိတဲ့သူပဲ ဝင်နိုင်မယ်လို့ ပြောတယ်။"


အကြောင်းပြချက်တချို့ကြောင့် ဆံပင်အတိုနှင့် ကျောင်းသူလေးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ "ကိစ္စမရှိဘူး။ ငါတို့ နောက်တစ်နည်း စဥ်းစားကြတာပေါ့။"



**********

Game Note:

(1) "ကတ်က မင်းအတွက်၊ ကျလာတဲ့ပစ္စည်းတွေက ငါ့အတွက်လား။" - ဒီစကားမှာဆိုရင် 'ကျလာတဲ့ပစ္စည်း' ဆိုတာ မွန်းစတားတွေ သေသွားပြီး ချပေးတဲ့ ပစ္စည်းတွေကို ပြောတာပါ။

ပုံမှန် Dungeon တစ်ခုရှင်းတဲ့အခါ Level တစ်ခုစီက မွန်းစတားတွေကို ရှင်းပြီးတိုင်း ကျလာတဲ့ပစ္စည်း(Drop Items)တွေ ရှိပါတယ်။

ဥပမာ Level ခြောက်ဆင့်ရှိတဲ့ Dungeon မှာဆိုရင် အားနည်းတဲ့ မွန်းစတား အုပ်စုလိုက်လေးတွေကို တိုက်ခိုက်ရာကနေ ရှင်းပြီးတဲ့ Level မြင့်လာလေ တဖြေးဖြေး အားကောင်းတဲ့ မွန်းစတားတွေ ဖြစ်လာလေပါပဲ။ နောက်ဆုံး Level 6 ကို ရောက်ရင်တော့ Final Boss နဲ့ တွေ့ရပါတယ်။

ပထမအားနည်းတဲ့ မွန်းစတားတွေကို သတ်တာကနေ ချပေးတဲ့ Drop Items တွေက ရိုးရိုးသာမန်တွေ ဖြစ်တတ်ပြီး အဆင့်မြင့်မွန်း​စတားတွေဖြစ်လာတွေ ပိုပြီးမြင့်တဲ့ Items တွေ ကျလာလေပါပဲ။ Dungeon တစ်ခုမှာ Final Boss ကနေ ချပေးတဲ့ Items ကတော့ အမြင့်ဆုံးပါ။ တစ်ခါတစ်လေ ရှားပါး Item တွေ ပါတတ်ပြီး အဆင့်မြင့်ခက်ခဲတဲ့ Dungeon ရဲ့ Final Boss တွေဆို ဒဏ္ဍာရီလာအသုံးအဆောင်တွေတောင် ချပေးတတ်ပါတယ်။

Final Boss က Dungeon တစ်ခုရဲ့ အချုပ်ပါ။ Final Boss ကို ရှင်းနိုင်သွားရင် အဲဒီ Dungeon ကို Clear ဖြစ်သွားတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် Final Boss က HP အများဆုံးနဲ့ တိုက်ခိုက်မှုစွမ်းရည် အားအကောင်းဆုံးပါ။ Role အစုံဖြည့်ထားတဲ့ အုပ်စုလိုက်ဝိုင်းတိုက်ရင်တောင် တစ်ခါတစ်လေ Wiped Out ပါတယ်။

ဒါကြောင့် Dungeon ရှင်းရာမှာ ပါဝင်မယ့် အဖွဲ့သားတွေက သူတို့ အသုံးပြုမယ့် Gear တွေကို အဆင့်မြှင့်၊ Personal Attribute တွေကို အဆင့်မြှင့်ထားရပြီး တစ်ဖွဲ့မှာ Role အစုံ ပါဝင်သင့်တယ်။

Role အနေနဲ့ကတော့ ဒီစာအုပ်ထဲမှာ ဘာ Role တွေ ပါမလဲမသိလို့ နောက်မှ ထပ်ရှင်းပေးပါ့မယ်။

(2) Passive Skill - အဲဒါကို မြန်မာလို ဘယ်လို ရေးရမလဲ မသိဘူး။ ကစားသမားတွေအတွက် စကေးလ်တွေထဲမှာ Passive Skill နဲ့ Active Skill ဆိုပြီးရှိတယ်။

Active Skill က မွန်းစတားဖြစ်ဖြစ် ရန်သူကစားသမားကိုပဲဖြစ်ဖြစ် တိုက်ခိုက်မယ်ဆိုရင် ပစ်မှတ်ကို ချိန်ရွယ်ပြီး ကိုယ်တိုင်လှုပ်ရှားတိုက်ခိုက်ရတယ်။ ဒါပေမယ့် Passive Skill မှာကကျတော့ ကိုယ်တိုင်လှုပ်ရှားစရာမလိုဘဲ အလိုအလျောက် အသက်ဝင်တယ်။

ယွင်လင် ရလိုက်တဲ့ စကေးလ်မှာဆိုရင် ရန်သူက သူ့ကို တိုက်ခိုက်လိုက်တာနဲ့ သူက A.S တစ်ခုခု သုံးပြီး ပြန်မတိုက်ခိုက်ရသေးရင်တောင် P.S ​ဖြစ်တဲ့ 'အဆိပ်ဆူး' က အလိုအလျောက်အသက်ဝင်ပြီး ရန်သူကို Damage ၅၀% တန်ပြန်သက်ရောက်စေလိမ့်မယ်။

တကယ်လို့ 'ဒီအိုမီဂါကစွမ်းရည်အားလုံးကိုခံနိုင်ရည်ရှိတယ်' ဆိုတဲ့ ဝတ္ထုကို ဖတ်ဖူးရင် အဲဒီအိုမီဂါရဲ့ Passive Skill က ဘယ်စွမ်းရည်နဲ့မဆို သူ့ကို တိုက်ခိုက်လို့မရနိုင်တာ၊ ဘယ်စွမ်းရည်ကမှ သူ့ကို ထိခိုက်အောင် လုပ်လို့မရနိုင်တာကို တွေ့ကြလိမ့်မယ်။ သူ့စွမ်းရည်ကလည်း Passive Skill ပဲ။

အဲဒါကြောင့် Passive စွမ်းရည်ကို တန်ပြန်စွမ်းရည်လို့ သုံးလို့လည်း မရပြန်ဘူး။ ဒါပေမယ့် ရှင်းပြချက်မှာ Passive Skill အကြောင်းကို အကြမ်းဖျင်းနားလည်မယ်လို့တော့ မျှော်လင့်ပါတယ်နော်။

**************

Zawgyi

ယြင္လင္က တိတ္တိတ္ကေလး အေဝးသို႔ ေ႐ႊ႕သြားခဲ့သည္။

မသိမသာႏွင့္ သူတို႔ႏွစ္ေယာက္ၾကားတြင္ အကြာအေဝးႀကီးတစ္ခု ျဖစ္ေပၚလာသည္။ ထိုလူက ပုံမွန္မဟုတ္သည့္ အျပဳအမူတစ္ခုခုလုပ္လာလွ်င္ သူမက စကားတစ္ခြန္းမွ မဆိုဘဲ အလ်င္အျမန္ လွည့္ကာ ထြက္ေျပးလိမ့္မည္ျဖစ္သည္။

ထိုလူက ဂ႐ုမစိုက္ဘဲ ကတ္ကို သြားကာ စစ္ေဆးလိုက္သည္။ တခဏၾကာၿပီးေနာက္ သူက ႏွေျမာတသျဖစ္စြာ ေျပာလိုက္သည္။ "အဆိပ္ဆူး၊ S အဆင့္ အနီးကပ္တိုက္ခိုက္မႈစြမ္းရည္၊ ငါ့အတြက္ မသင့္ေတာ္ဘူး။"

ယြင္လင္က ေျခလွမ္းမ်ားကို ရပ္လိုက္သည္။ "ငါ လိုခ်င္တယ္။"

"ကတ္က မင္းအတြက္၊ က်လာတဲ့ပစၥည္းေတြက ငါ့အတြက္လား။"(1)

ယြင္လင္က ေျပာလိုက္သည္။ "ေကာင္းၿပီ။"

သေဘာတူညီမႈရၿပီးေနာက္ ထိုလူက အလ်င္အျမန္ထြက္ခြာသြားၿပီး တုတ္ေခ်ာင္းကိုပင္ ျပန္မေတာင္းခဲ့ေပ။ သူမသည္ သူက ေမ့သြား၍လား မလိုအပ္ဟုေတြးမိေသာေၾကာင့္လား မသိခဲ့ေပ။

သူအေဝးသို႔ ေရာက္သြားၿပီးေနာက္ ယြင္လင္က ကတ္ကို ေကာက္ယူကာ အသုံးျပဳမႈအား အတည္ျပဳလိုက္သည္။

[အမည္ - အဆိပ္ဆူး (Passive စြမ္းရည္)(2)

အရည္အေသြး - S အဆင့္။

စေကးလ္သက္ေရာက္မႈ - တိုက္ခိုက္မႈခံရေသာအခါ ထိခိုက္ပ်က္စီးေစမႈ(Damage) ငါးဆယ္ရာခိုင္ႏႈန္း တန္ျပန္သက္ေရာက္ေစႏိုင္။]

"မြန္းစတားေတြကို တိုက္ခိုက္တာမွာ ကြၽမ္းက်င္ၿပီး အသုံးအေဆာင္ပစၥည္းေတြနဲ႔ ရင္းႏွီးေနတယ္။ သူက Beta ႐ွင္က်န္ရစ္သူတစ္ေယာက္လား။" ယြင္လင္က ခန္႔မွန္းလိုက္သည္။

သို႔ေသာ္ ထိုလူက ထြက္ခြာသြားၿပီျဖစ္ေသာေၾကာင့္ သူမ၏ ေမးခြန္းက အေျဖမ႐ွိဘဲ ျဖစ္သြားရသည္။

"ကိစၥမ႐ွိပါဘူး။ သူနဲ႔ ေတြ႕ခဲ့တာ ေကာင္းတဲ့ကိစၥပဲ။ ငါက ဒိုင္းကာနဲ႔ တန္ျပန္စေကးလ္တစ္ခု ရလိုက္တယ္။ ငါ့ဘာသာငါဆိုရင္ ျမန္ျမန္ဆန္ဆန္ တိုးဝင္သြားၿပီး တိုက္ခိုက္မႈလုပ္ၿပီးတာနဲ႔ ထြက္ေျပးရလိမ့္မယ္။"

မွင္စာငါးေကာင္၏ ဝန္းရံတိုက္ခိုက္ခံရမည္ကို ေတြးမိ႐ုံႏွင့္ ယြင္လင္က ၾကက္သီးျဖန္းျဖန္းထသြားခဲ့သည္။

သူမက ေသဆုံးလိမ့္မည္မဟုတ္ေသာ္လည္း ဒဏ္ရာအမ်ားႀကီး ရသြားလိမ့္မည္ ျဖစ္သည္။

"ကံေကာင္းလို႔ သူနဲ႔ ေတြ႕ခဲ့ရတာပဲ။" ယြင္လင္က ေပ်ာ္႐ႊင္စြာ ေရ႐ြတ္လိုက္သည္။

အျပန္လမ္း၌ ယြင္လင္က အသုံးအေဆာင္ကတ္မ်ားကို ထပ္မ႐ွာေတာ့ဘဲ ျမန္ျမန္ဆန္ဆန္ ခရီးဆက္ခဲ့သည္။

မြန္းစတားမ်ားကို ​ေ႐ွာင္တိမ္းရသည္မွာ သိပ္မခက္လွေပ။

တစ္စုံတစ္ေယာက္က စိတ္တည္ၿငိမ္ေနလွ်င္ မြန္းစတားမ်ားကို ေ႐ွာင္ရန္ ပုန္းစရာေနရာ႐ွာေဖြျခင္း သို႔မဟုတ္ အေဝးမွ လွမ္းျမင္လိုက္လွ်င္ လမ္းလႊဲသြားျခင္းမ်ိဳး ျပဳလုပ္ႏိုင္သည္။

တစ္စုံတစ္ေယာက္က ဆက္လက္၍ ေျပးလႊားေနမည္ဆိုလွ်င္ စြမ္းအင္မ်ားကို အလဟႆျဖဳန္းတီးေနျခင္းသာျဖစ္ၿပီး မြန္းစတားအသစ္မ်ားႏွင့္ အလြယ္တကူေတြ႕ဆုံႏိုင္သည္။

မိနစ္ႏွစ္ဆယ္ခန္႔ၾကာၿပီးေနာက္ ယြင္လင္က လြင့္ေမ်ာတိမ္လႊာစခန္းသို႔ ေရာက္႐ွိလာသည္။ သူမက သစ္သားတုတ္ေခ်ာင္းကို သိုေလွာင္႐ုံအတြင္း ပစ္ထည့္ရန္ ျပင္လိုက္စဥ္ မီးပုံဖိုသည့္ ဖိုအနီးတြင္ ဝိုင္းဖြဲ႕ထိုင္ေနသည့္ တကၠသိုလ္ေက်ာင္းသား/သူ သုံးေယာက္ကို ျမင္လိုက္ရသည္။

မ်က္မွန္ႏွင့္ ေက်ာင္းသားေလးတစ္ေယာက္က ခါးသီးေသာအမူအရာႏွင့္ ႐ွိေနသည္။ "ငါ ရဲေတြကို ဖုန္းဆက္ခဲ့ေပမယ့္ ကိုင္မယ့္လူ မ႐ွိဘူး။ ငါ့မိဘေတြဆီကို ဖုန္းေခၚေတာ့လည္း ဖုန္းက မဝင္ဘူး။"

ဆံပင္အတိုေလးႏွင့္ ေက်ာင္းသူေလးတစ္ေယာက္က ေျပာလိုက္သည္။ "ေျပးေနရင္းနဲ႔မွ မြန္းစတားေတြက ေက်ာင္းမွာတင္မဟုတ္ဘူး။ လမ္းေတြတိုင္းမွာလည္း အမ်ားႀကီး႐ွိေနတာကို ငါ သတိထားမိလိုက္တယ္။"

"ဒီေနရာက ဘာလဲဆိုတာမသိဘူး။ ဒီမွာပုန္းေနၿပီးတဲ့ေနာက္ မြန္းစတားေတြက ငါ့ေနာက္ လိုက္မလာေတာ့ဘူး။"

"ငါတို႔ အျပင္ကို ကမူး႐ွဴးထိုးထြက္သြားရင္ အႏၲရာယ္နဲ႔ ေနာက္တစ္ခါ ၾကဳံရႏိုင္တယ္။"

ဝက္ျခံမ်ားႏွင့္ ေနာက္ထပ္ေက်ာင္းသားတစ္ေယာက္က စိုးရိမ္ေနသည္။ "စားစရာမ႐ွိ ေသာက္စရာမ႐ွိနဲ႔။ ငါတို႔ အခ်ိန္အၾကာႀကီးမေနႏိုင္ဘူး။ ၿပီးရင္ ငါတို႔ ဘာဆက္လုပ္ၾကမွာလဲ။"

သူတို႔သုံးေယာက္က အခ်င္းခ်င္းၾကည့္လိုက္ၿပီး ဘာဆက္လုပ္ရမလဲ အၾကံဉာဏ္မ႐ွိၾကေပ။

ထိုအခ်ိန္၌ မ်က္မွန္ဝတ္ဆင္ထားသည့္ ေက်ာင္းသားက ယြင္လင္ကို ျမင္သြားၿပီး ေမးလိုက္သည္။ "ဟယ္လို.. အဲဒီသစ္သားေခ်ာင္းနဲ႔ ဒိုင္းကို ဘယ္ေနရာကေန ရခဲ့တာလဲ ေက်းဇူးျပဳၿပီး ေျပာျပေပးလို႔ရႏိုင္မလား။"

သူ၏ အျမင္တြင္ သူတို႔သုံးေယာက္ထံ၌ လိုအပ္သည့္ လက္နက္ကိရိယာမ်ား႐ွိပါက လုံျခဳံလိမ့္မည္ျဖစ္သည္။ သူတို႔က မျဖစ္မေန အစာ႐ွာရန္ အျပင္ထြက္ရလွ်င္ပင္ အနည္းဆုံး ျပန္တိုက္ႏိုင္မည္ ျဖစ္သည္။

ယြင္လင္က ၎ကို လွ်ိဳ႕ဝွက္မထားခဲ့ေပ။ "အခုေလးတင္ ဟိုမွာ ကတ္မိုး႐ြာတာ မ႐ွိဘူးလား။ အဲဒါကို အသုံးျပဳဖို႔ အတည္ျပဳၿပီးရင္ လက္နက္တစ္ခုရလိမ့္မယ္။"

"လက္နက္အသုံးအေဆာင္ကတ္လား။" မ်က္မွန္ႏွင့္ ေက်ာင္းသားက အံၾသမွင္တက္သြားေလသည္။

ဝက္ျခံမ်ားႏွင့္ ေနာက္ထပ္ေက်ာင္းသားတစ္ေယာက္က တိုးတိုးေျပာလိုက္၏။ "မင္း ေျပာမွပဲ ငါ သတိရလာၿပီ။ အေစာပိုင္းက က်ိဳးမင္ ကတ္တစ္ကတ္ ေကာက္ယူလိုက္ၿပီး သူ႕ခြန္အားက အရမ္းအစြမ္းထက္လာၿပီး တိုက္ခိုက္တာမွာ ေတာ္လာတယ္။ မြန္းစတားေတြေတာင္ သူ႕ကို မယွဥ္ႏိုင္ေတာ့ဘူး။"

ယြင္လင္သည္ က်ိဳးမင္က သူတို႔ အရင္က သိခဲ့သည့္သူတစ္ေယာက္ ျဖစ္မည္ဟု ခန္႔မွန္းလိုက္သည္။ "သူက တိုက္ခိုက္ေရးစြမ္းအားကတ္ကို ေကာက္ယူမိတာျဖစ္ရမယ္။ အဲဒါကို အသုံးျပဳၿပီးရင္ အသုံးျပဳသူက ခ်က္ခ်င္း တိုက္ခိုက္ေရးစြမ္းရည္ေတြ ရလာလိမ့္မယ္။"

မ်က္မွန္ႏွင့္ေက်ာင္းသားက မယုံၾကည္ေပ။ "ကတ္ေတြ၊ စေကးလ္ေတြလား။ ဒါက အြန္လိုင္းဂိမ္းနဲ႔တူမေနဘူးလား။"

ယြင္လင္က ေခါင္းညိတ္လိုက္သည္။ "ဒါက VR ဂိမ္းရဲ႕ အစစ္အမွန္​ဗား႐ွင္းပဲ။"

ဆံပင္အတိုႏွင့္ ေက်ာင္းသူေလးက ေရ႐ြတ္လိုက္သည္။ "ဒါႀကီးက ဧပရယ္ဖူးလ္ဟာသနဲ႔ တူေနသလိုပဲ။"

"လိုအပ္တာေတြကိုေတာ့ ငါ ေျပာၿပီးၿပီ။ စခန္းထဲမွာပဲ ပုန္းရင္း လာကယ္ခံရဖို႔ကို ေစာင့္ေနမလား၊ အျပင္ထြက္ၿပီး ကတ္ေတြနဲ႔ အရင္းအျမစ္ေတြ သြား႐ွာမလားဆိုတာေတာ့ နင္တို႔အေပၚမွာပဲ မူတည္တယ္။" ယြင္လင္က သိုေလွာင္႐ုံသို႔ ဦးတည္ရင္း ေျပာလိုက္သည္။

သူမသည္ အိမ္မွ အေဝးသို႔ ေရာက္ေနသည္မွာ အခ်ိန္တခ်ိဳ႕ ၾကာၿပီျဖစ္သည့္အတြက္ အိမ္သို႔ အျမန္ျပန္ကာ အေထာက္အပံ့ပစၥည္းမ်ား ေ႐ႊ႕သယ္ရန္ အလ်င္လိုေနေပသည္။

သိုေလွာင္႐ုံအတြင္း ဝင္ေရာက္ၿပီးေနာက္ သူမက သစ္သားတုတ္ေခ်ာင္းကို ခ်လိုက္သည္။ သိုေလွာင္႐ုံပစၥည္းစာရင္းက ေပၚေပါက္လာ၏။

ယြင္လင္က ၾကည့္လိုက္သည့္အခါ စာရင္းထဲတြင္ စာေၾကာင္းတစ္ေၾကာင္းသာ ႐ွိသည္။ "1* သစ္သားတုတ္ေခ်ာင္း"

သူမက ဝင္းဒိုးကို ပိတ္လိုက္ၿပီး စခန္း၏ Attribute ဝင္းဒိုးကို ဖြင့္လိုက္သည္။ သူမက ေသာ့ဖြင့္၍ရႏိုင္ေသာ အေဆာက္အဦးမ်ား၏ အခ်က္အလက္တို႔ကို ၾကည့္လိုက္၏။

တာဝန္ခန္းမ : တာဝန္မ်ားကို ထုတ္ျပန္ေပးႏိုင္။ အရည္အခ်င္း႐ွိ NPC မ်ားကို ဆြဲေဆာင္စုေဆာင္းႏိုင္။ တည္ေဆာက္ရန္ ကုန္က်စရိတ္ ေၾကးနီျပား ၁၀၀ လိုအပ္။

သစ္သားထည္ျပဳလုပ္သည့္ အလုပ္႐ုံ : ႐ိုး႐ွင္းသည့္ လက္နက္မ်ား၊ အိမ္သုံးသစ္သားပစၥည္းမ်ား ျပဳလုပ္ႏိုင္။ တည္ေဆာက္ရန္ ကုန္က်စရိတ္ ေၾကးနီျပား ၁၀၀ လိုအပ္။

အပ္ခ်ဳပ္ဆိုင္ : အဝတ္အစားမ်ားႏွင့္ ခ်ပ္ဝတ္မ်ား ျပဳလုပ္ႏိုင္။ တည္ေဆာက္ရန္ ကုန္က်စရိတ္ ေၾကးနီျပား ၁၀၀ လိုအပ္။

စားေသာက္ဆိုင္ : အစားအေသာက္မ်ိဳးစုံ ထုတ္လုပ္ႏိုင္။ တည္ေဆာက္ရန္ ကုန္က်စရိတ္ ေၾကးနီျပား ၁၀၀ လိုအပ္။

ဘာဘီက်ဴးဆိုင္ : အသားကင္မ်ား ထုတ္လုပ္ႏိုင္။ တည္ေဆာက္ရန္ ကုန္က်စရိတ္ ေၾကးနီျပား ၁၀၀ လိုအပ္။

… …

ေသာ့မဖြင့္ရေသးသည့္ အေဆာက္အဦးအမ်ိဳးအစား ငါးဆယ္ေက်ာ္႐ွိသည္။ စားေသာက္ဆိုင္ႏွင့္ ဘာဘီက်ဴးဆိုင္ကဲ့သို႔ အခ်ိဳ႕က တူညီေသာ လုပ္ေဆာင္ခ်က္မ်ိဳး႐ွိသည္။ အခ်ိဳ႕တြင္ ၿပိဳင္ဘက္ကင္းစြမ္းရည္မ်ိဳး႐ွိေသာ္လည္း စခန္းက အဆင့္ျမင့္လာသည့္အခါမွ ေသာ့ဖြင့္ႏိုင္ေပလိမ့္မည္။

ယြင္လင္သည္ စခန္းအတြင္း၌ ေသာ့ဖြင့္ႏိုင္သည့္ အေဆာက္အဦးအေရအတြက္က အကန္႔အသတ္႐ွိမည္ဟု ေတြးလိုက္သည္။ တူညီေသာ လုပ္ေဆာင္ခ်က္မ်ားအတြက္ အေဆာက္အဦးတစ္ခုတည္းက လုံေလာက္ေပသည္။

သို႔ေသာ္ ယခုတြင္ သူမထံ၌ ေၾကးနီျပားမ႐ွိသည့္အတြက္ အေဆာက္အဦးတစ္ခုပင္ မဖြင့္ႏိုင္ခဲ့ေပ။ လႈပ္႐ွားသြားလာျခင္း၊ မြန္းစတားမ်ားသတ္ျဖတ္ျခင္း၊ အဆင့္ျမႇင့္ျခင္း၊ ေၾကးနီျပားမ်ားစုေဆာင္းျခင္း၊ ပစၥည္းမ်ားစုေဆာင္းျခင္းႏွင့္ အရင္းအျမစ္မ်ား႐ွာေဖြျခင္းဟူ၍ လုပ္စရာအမ်ားႀကီး ႐ွိေပသည္။ ယြင္လင္က သူမ၏ ေနာက္ေျခလွမ္းအတြက္ ပန္းတိုင္ကို အလ်င္အျမန္ သတ္မွတ္လိုက္သည္။

သူမက သိုေလွာင္႐ုံမွထြက္လာၿပီး စခန္းမွ ထြက္သြားေတာ့မည့္အခ်ိန္တြင္ မ်က္မွန္ႏွင့္ ေက်ာင္းသားက သူမကို ေခၚလိုက္၏။ "ကြၽန္ေတာ္တို႔ေရာ ခင္ဗ်ားနဲ႔အတူ သြားလို႔ရမလား။"

ယြင္လင္က ျပန္ေျဖလိုက္သည္။ "မရဘူး။ ငါက ကိုယ့္ရဲ႕ လုံျခဳံေရးတစ္ခုတည္းကိုပဲ အာမခံႏိုင္တာ။ တျခားလူေတြ လိုက္လာရင္ အဆင္မေျပဘူး။"

"ဒါဆိုလည္းရပါတယ္။" မ်က္မွန္ႏွင့္ ေက်ာင္းသားက စိတ္ပ်က္အားေလ်ာ့သြားသည္။

ယြင္လင္က တေျဖးေျဖး ေဝးကြာသြားၿပီး မၾကာခင္တြင္ ထိုသုံးေယာက္၏ အျမင္အာ႐ုံထဲမွ ေပ်ာက္ကြယ္သြား၏။

ဝက္ျခံမ်ားႏွင့္ေက်ာင္းသားက ခပ္တိုးတိုးေျပာလိုက္သည္။ "အစက သူမ သစ္သားတုတ္ေခ်ာင္းတစ္ခု ကိုင္ထားတာ။ ဒါေပမယ့္ သူမ ထြက္လာေတာ့ ဒိုင္းတစ္ခုပဲ ႐ွိေတာ့တယ္။"

"မင္း ဆိုလိုတာက..." မ်က္မွန္ႏွင့္ေက်ာင္းသားက သူ႕ႏႈတ္ခမ္းမ်ားကို လွ်ာျဖင့္ သပ္လိုက္ၿပီး အနည္းငယ္ စိုးရိမ္ပူပန္ေနပုံရသည္။

ဝက္ျခံမ်ားႏွင့္ေက်ာင္းသားက ၫႊန္ျပလိုက္၏။ "အိမ္ထဲမွာ သစ္သားေခ်ာင္း႐ွိတယ္။ သူမက အဲဒါကို အသုံးမျပဳဘူး။ ငါ.. ငါတို႔ ခဏငွားလိုက္ရေအာင္။"

ဆံပင္အတိုႏွင့္ ေက်ာင္းသူေလးက စကားတစ္ခြန္းမွ မေျပာေပ။ သူမသည္ ထိုသို႔လုပ္ျခင္းက မေကာင္းဟု ခံစားမိေသာ္လည္း သူမ၏ အသက္က အႏၲရာယ္ေတာထဲေရာက္ေနသည့္အတြက္ ထိုသို႔လုပ္ျခင္းကို တားဆီးရန္စကားမေျပာႏိုင္ေပ။

"မင္းတို႔ ကန္႔ကြက္စရာမ႐ွိရင္ ငါ သြားယူလိုက္ရမလား။" ဝက္ျခံႏွင့္ ေက်ာင္းသားက သိုေလွာင္႐ုံဘက္သို႔ ေလွ်ာက္သြားေနရင္း ေျပာလိုက္သည္။

"အာ....." မ်က္မွန္ႏွင့္ေက်ာင္းသားက ေဖ်ာင္းဖ်တားျမစ္လိုေသာ္လည္း မၾကာခင္၌ သူ႕သူငယ္ခ်င္းက ျပန္ေရာက္လာေပသည္။

"ဘာျဖစ္လို႔လဲ။" သူက အလြန္ပေဟဠိျဖစ္ေနသည္။

ဝက္ျခံႏွင့္ေက်ာင္းသားက မ်က္ေမွာင္ၾကဳတ္လိုက္၏။ "အဲဒါက ငါ့ကို အထဲဝင္ခြင့္မေပးဘူး။ နယ္ေျမသိုေလွာင္႐ုံထဲကို ဝင္ခြင့္ျပဳထားတဲ့စာရင္းထဲမွာ ႐ွိတဲ့သူပဲ ဝင္ႏိုင္မယ္လို႔ ေျပာတယ္။"

အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ ဆံပင္အတိုႏွင့္ ေက်ာင္းသူေလးက စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္သည္။ "ကိစၥမ႐ွိဘူး။ ငါတို႔ ေနာက္တစ္နည္း စဥ္းစားၾကတာေပါ့။"

**********

Game Note:

(1) "ကတ္က မင္းအတြက္၊ က်လာတဲ့ပစၥည္းေတြက ငါ့အတြက္လား။" - ဒီစကားမွာဆိုရင္ 'က်လာတဲ့ပစၥည္း' ဆိုတာ မြန္းစတားေတြ ေသသြားၿပီး ခ်ေပးတဲ့ ပစၥည္းေတြကို ေျပာတာပါ။

ပုံမွန္ Dungeon တစ္ခု႐ွင္းတဲ့အခါ Level တစ္ခုစီက မြန္းစတားေတြကို ႐ွင္းၿပီးတိုင္း က်လာတဲ့ပစၥည္း(Drop Items)ေတြ ႐ွိပါတယ္။

ဥပမာ Level ေျခာက္ဆင့္႐ွိတဲ့ Dungeon မွာဆိုရင္ အားနည္းတဲ့ မြန္းစတား အုပ္စုလိုက္ေလးေတြကို တိုက္ခိုက္ရာကေန ႐ွင္းၿပီးတဲ့ Level ျမင့္လာေလ တေျဖးေျဖး အားေကာင္းတဲ့ မြန္းစတားေတြ ျဖစ္လာေလပါပဲ။ ေနာက္ဆုံး Level 6 ကို ေရာက္ရင္ေတာ့ Final Boss နဲ႔ ေတြ႕ရပါတယ္။

ပထမအားနည္းတဲ့ မြန္းစတားေတြကို သတ္တာကေန ခ်ေပးတဲ့ Drop Items ေတြက ႐ိုး႐ိုးသာမန္ေတြ ျဖစ္တတ္ၿပီး အဆင့္ျမင့္မြန္း​စတားေတြျဖစ္လာေတြ ပိုၿပီးျမင့္တဲ့ Items ေတြ က်လာေလပါပဲ။ Dungeon တစ္ခုမွာ Final Boss ကေန ခ်ေပးတဲ့ Items ကေတာ့ အျမင့္ဆုံးပါ။ တစ္ခါတစ္ေလ ႐ွားပါး Item ေတြ ပါတတ္ၿပီး အဆင့္ျမင့္ခက္ခဲတဲ့ Dungeon ရဲ႕ Final Boss ေတြဆို ဒ႑ာရီလာအသုံးအေဆာင္ေတြေတာင္ ခ်ေပးတတ္ပါတယ္။

Final Boss က Dungeon တစ္ခုရဲ႕ အခ်ဳပ္ပါ။ Final Boss ကို ႐ွင္းႏိုင္သြားရင္ အဲဒီ Dungeon ကို Clear ျဖစ္သြားတယ္လို႔ ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ Final Boss က HP အမ်ားဆုံးနဲ႔ တိုက္ခိုက္မႈစြမ္းရည္ အားအေကာင္းဆုံးပါ။ Role အစုံျဖည့္ထားတဲ့ အုပ္စုလိုက္ဝိုင္းတိုက္ရင္ေတာင္ တစ္ခါတစ္ေလ Wiped Out ပါတယ္။

ဒါေၾကာင့္ Dungeon ႐ွင္းရာမွာ ပါဝင္မယ့္ အဖြဲ႕သားေတြက သူတို႔ အသုံးျပဳမယ့္ Gear ေတြကို အဆင့္ျမႇင့္၊ Personal Attribute ေတြကို အဆင့္ျမႇင့္ထားရၿပီး တစ္ဖြဲ႕မွာ Role အစုံ ပါဝင္သင့္တယ္။

Role အေနနဲ႔ကေတာ့ ဒီစာအုပ္ထဲမွာ ဘာ Role ေတြ ပါမလဲမသိလို႔ ေနာက္မွ ထပ္႐ွင္းေပးပါ့မယ္။

(2) Passive Skill - အဲဒါကို ျမန္မာလို ဘယ္လို ေရးရမလဲ မသိဘူး။ ကစားသမားေတြအတြက္ စေကးလ္ေတြထဲမွာ Passive Skill နဲ႔ Active Skill ဆိုၿပီး႐ွိတယ္။

Active Skill က မြန္းစတားျဖစ္ျဖစ္ ရန္သူကစားသမားကိုပဲျဖစ္ျဖစ္ တိုက္ခိုက္မယ္ဆိုရင္ ပစ္မွတ္ကို ခ်ိန္႐ြယ္ၿပီး ကိုယ္တိုင္လႈပ္႐ွားတိုက္ခိုက္ရတယ္။ ဒါေပမယ့္ Passive Skill မွာကက်ေတာ့ ကိုယ္တိုင္လႈပ္႐ွားစရာမလိုဘဲ အလိုအေလ်ာက္ အသက္ဝင္တယ္။

ယြင္လင္ ရလိုက္တဲ့ စေကးလ္မွာဆိုရင္ ရန္သူက သူ႕ကို တိုက္ခိုက္လိုက္တာနဲ႔ သူက A.S တစ္ခုခု သုံးၿပီး ျပန္မတိုက္ခိုက္ရေသးရင္ေတာင္ P.S ​ျဖစ္တဲ့ 'အဆိပ္ဆူး' က အလိုအေလ်ာက္အသက္ဝင္ၿပီး ရန္သူကို Damage ၅၀% တန္ျပန္သက္ေရာက္ေစလိမ့္မယ္။

တကယ္လို႔ 'ဒီအိုမီဂါကစြမ္းရည္အားလုံးကိုခံႏိုင္ရည္႐ွိတယ္' ဆိုတဲ့ ဝတၳဳကို ဖတ္ဖူးရင္ အဲဒီအိုမီဂါရဲ႕ Passive Skill က ဘယ္စြမ္းရည္နဲ႔မဆို သူ႕ကို တိုက္ခိုက္လို႔မရႏိုင္တာ၊ ဘယ္စြမ္းရည္ကမွ သူ႕ကို ထိခိုက္ေအာင္ လုပ္လို႔မရႏိုင္တာကို ေတြ႕ၾကလိမ့္မယ္။ သူ႕စြမ္းရည္ကလည္း Passive Skill ပဲ။

အဲဒါေၾကာင့္ Passive စြမ္းရည္ကို တန္ျပန္စြမ္းရည္လို႔ သုံးလို႔လည္း မရျပန္ဘူး။ ဒါေပမယ့္ ႐ွင္းျပခ်က္မွာ Passive Skill အေၾကာင္းကို အၾကမ္းဖ်င္းနားလည္မယ္လို႔ေတာ့ ေမွ်ာ္လင့္ပါတယ္ေနာ္။

Continue Reading

You'll Also Like

3M 402K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...
162K 23.5K 57
Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန္ႀကီးရဲ႕Fan boy တစ္ေယာက္ျဖစ္လာၿပီ) Author: 不著一字 (Zawgyi +Unicode)...
1.3M 150K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...