*အေးတယ်လေ ကလေးငယ်.*
*.....*
ညလေပြေကတသုန်သုန်တိုက်ခတ်နေတော့ အင်္ကျီလက်တိုဝတ်ထားတဲ့ဂျီမင်ကိုယ်လေးကအေးစက်လာတယ်။လက်နှစ်ဖက်ကိုယှက်ထားပြီး တယောက်ထဲမလှုပ်မယှက်ဘဲထိုင်နေတဲ့ဂျီမင်အနားကိုဂျောင်ဂုကလျှောက်သွားပြီး သူဝတ်ထားတဲ့အပြင်ခံလက်ရှည်ကိုချွတ်ကာ ဂျီမင်ကိုယ်ပေါ်ကိုလွှားခြုံပေးလိုက်သည်။
နေပြန်ကောင်းလာကတည်းကတစ်အိမ်လုံးကိုစကားမပြောဘဲ တစ်ယောက်ထဲသီးသန့်နေတဲ့ဂျီမင်ကိုအားလုံးကကြည့်နေရုံဘဲတက်နိုင်တယ်။ဂျီမင် စိတ်ပျော်ရွှင်ဖို့ကိုဘဲ ဦးစားပေးတာဖြစ်လို့ ဂျောင်ဂုမှာ နီးနီးကပ်ကပ်တောင်မနေရတော့ဘူး။
သူ့ကိုလည်းမေးတခွန်း၊ခေါ်တခွန်းကလွဲရင် အရင်လိုမချွဲတော့ဘူး။တခါတလေ အခန်းတံခါးပိတ်ပြီးတော့ ပန်းချီဆွဲနေတက်တယ်။အဲလိုချိန်ဆိုပိုသတိထားရတယ်။မဟုတ်တာ တခုခုလုပ်လိုက်လေမလားဆိုပြီး အရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်နေရတာ။
*ကိုကို့ကိုစကားမပြောတော့ဘူးလား....*
*ဟင်.!ကလေးငယ်..*
*......*
*ဘာလို့ငြိမ်နေရတာလဲ ကွာ။ကိုကိုမနေတက်တာသိရဲ့သားနဲ့....*
လေအဝေ့မှာပြန့်ကျဲသွားတဲ့ဂျီမင်ရဲ့ဆံပင်တွေကိုသပ်တင်ပေးရင်းဂျောင်ဂုက လေသံအေးအေးနဲ့ပြောလိုက်တယ်။သို့ပေမယ့် သူ့ကိုကေလးငယ်ကရှိတယ်လို့တောင်မထင်ဘူး။တည်ငြိမ်နေတဲ့အကြည့်တို့က အဝေးတနေရာကိုကျောက်ချထားသည်။
ထုရိုက်လာရင်တောင်နာကျင်မှာမဟုတ်ဘူး။အခုလိုကလေးငယ်ငြိမ်နေတာကမှသူ့နှလုံးသားေလးနာကျင်ရတယ်။
*ကလေးငယ် ကိုကို တောင်းပန်ပါတယ်..*
*အခုလိုမနေပါနဲ့ နော်...*
*ရိုက်တာဖြစ်ဖြစ် လုပ်လိုက်ပါလား...*
*ကြယ်ကလေးတွေကလှတယ်နော် ကိုကို!..*
ဖြေသံမလာဘဲ တယောက်ထဲပြောနေမိတဲ့ဂျောင်ဂုက ဂျီမင်အသံကြားတော့စကား,စရပ်သွားသည်။
တိမ်ကင်းစင်တဲ့ကောင်းကင်ကြီးကိုမော့ကြည့်ရင်း သူ့ကိုပြောလာတဲ့ကလေးငယ်ကိုနားမလည်နိုင်စွာနဲ့တွေတွေလေးကြည့်လိုက်သည်။မှိုင်းညှို့နေတဲ့မျက်ဝန်းလေးနဲ့ တင်းတင်းစေ့ပိတ်ထားတဲ့နှုတ်ခမ်းဖူးဖူးလေးက သူ့ကိုရူးနှမ်းသွားစေသည်။
*ကလေးငယ်...*
*သူတို့ကိုကြည့်ရတာပျော်နေပုံဘဲ....*
*အချုပ်နှောင်ကင်းပြီးလွတ်လပ်နေတဲ့ ကြယ်လေးတွေက အရမ်းကိုတောက်ပလွန်းတယ်....*
ဂျောင်ဂုကိုလျစ်လျုရှုပြီးတယောက်ထဲပြောနေတဲ့ဂျီမင်ကပြုံးယောင်သန်းနေသည် ။သို့ပေမယ့် အရည်ကြည်တွေသိုလှောင်ထားတဲ့မျက်ဝန်းကိုတော့ ဂျောင်ဂုမြင်နိုင်မှာမဟုတ်ပေ။
*ကလေးငယ် ကရောသူတို့လိုဘဲလွတ်လပ်ချင်လား...*
*အဲလိုလုပ်ရင် ကိုကိုကလွှတ်ပေးမှာလား....*
*ကလေးငယ် မပျော်တော့ဘူးလား ကိုကိုနဲ့နေရတာ...*
*အင်း....*
နှုတ်ခမ်းသားကိုစေ့ပိတ်ထားပြီးခံတွင်းသံနဲ့ပြန်ဖြေလိုက်သည်။သူ မပျော်တာထက်စိတ်ပင်ပန်းနေတယ်။ဘယ်သူနဲ့မှလည်းစကားမပြောချင်သလို၊ဘာမှလည်းမလုပ်ချင်ဘူး။တယောက်ထဲ ငေးချင်ရာငေး၊တွေးချင်ရာတွေးနေမိတယ်။
ကိုကိုနဲ့ဖေဖေကြီးကတော့ သူ့ဆီအမြဲလာပြီးချော့မြူလေ့ရှိတယ်။နောက်ပြီးခွင့်လွှတ်ပေးပါလို့လည်းအထပ်ထပ်တောင်းပန်ကြတယ်။သူ ဘယ်လိုလုပ်ရမလဲဆိုတာ အခုထိမဆုံးဖြတ်ရသေးဘူး။
*ကလေးငယ်ကကြယ်ကလေးတွေတောက်ပနေတာဘဲမြင်တာကို.. တကယ်တမ်းသူတို့အထီးကျန်နေတာကိုကျ ကလေးငယ်မသိဘူးမလား...*
*တယောက်ထဲနေရတာလွတ်လပ်တယ်လို့ထင်ရပေမယ့် ရင်ဖွင့်ဖို့၊ပျော်စရာတွေဝေမျှဖိူ့၊ဝမ်းနည်းတဲ့အချိန် ငိုဖို့ဆိုရင် လုံခြုံတဲ့ရင်ခွင်တခုတော့လိုအပ်တယ် ကလေးငယ်..*
*ကိုကိုနဲ့ေဝးရာကိုထွက်သွားဖို့ဘာလို့တွေးရတာလဲကလေးငယ်...*
*ကလေးငယ်မရှိရင် ကိုကိုသေနိုင်တယ်ဆိုတာ မသိလို့လား...*
တုန်ရီလာတဲ့အသံကြောင့် ကိုကိုငိုနေပြီဆိုတာသူသိတယ်။ဒါပေမယ့် သူလှည့်မကြည်ဘူး။ကိုကို့မျက်ရည်တွေကိုမြင်ရင် သူဒီထက်ပိုပြီးခံနိုင်ရည်ရှိမှာမဟုတ်ဘူးလေ။ဒီတခါတော့ ဘယ်သူ့ကိုမှမငဲ့ကွက်ဘဲ တစ်ဖို့တည်းကြည့်ပါရစေ။
ချစ်ခြင်းမေတ္တာနဲ့ကျေးဇူးတရားကို ကျောခိုင်းပြီးစိတ်အဆင်ပြေမယ့်နေရာတခုဆီခတ္တခဏထွက်သွားချင်တယ်။တသက်လုံးလည်းဖြစ်သွားနိုင်တယ်
သူအနားယူဖို့လိုတယ်။မျှော်လင့်ချက်တပွေ့တပိုက်နဲ့သူ့ဘဝလေးက အမြင့်ကနေရိုက်ချက်ခံလိုက်ရသလိုပါဘဲ။သူ့မှာဘာဆိုဘာမှမရှိတော့ဘူး။
*သဘက်ခါရုံးတော်မှာဆုံကြမယ် ကိုကို..*
*အခုတော့မင်အနားယူချင်ပြီ...*
*ကိုကိုအဖော်ပြုပေးမယ်လေ...*
*မင် တယောက်ထဲနေချင်တယ် ကိုကို...*
*ဒါပေမယ့်..*
*ကိုကို..!ကျေးဇူးပြုပြီး...*
*အင်းပါ..ကလေးငယ်သဘောပါဘဲ...*
အမှားယွင်းတွေကသူတို့ဘဝကိုလောက်မြိုက်ဖျက်စီးလိုက်ပြီ။ပျော်စရာတွေကင်းမဲ့ပြီးပူလောင်ရတဲ့ နေ့ညတွေကိူမုန်းလိုက်တာ။
သူတို့ကိုကလေးငယ်ခါးသီးမယ်ဆိုလည်းခါးသီးစရာပါဘဲလေ။ကေလးငယ်အပြစ်မှမဟုတ်တာ။သို့ပေမယ့် ပြောင်းလဲသွားတဲ့ကလေးငယ်ရဲ့အမူကျင့် တွေနဲ့ေနသားမကျသေးတော့ သူစိတ်သောကရောက်ရတယ်
နောက်နေ့တွေဘာဆက်ဖြစ်မလဲဆိုတာမသိချင်တော့ဘူး။ ဒါဟာအိမ်မက်ဘဲဖြစ်လိုက်ချင်တယ်။
*သားငယ်အိပ်သွားပြီလား...*
*ဟုတ်....*
*အစားလည်းမစားဘူးဆို။အခုမှနေကောင်းခါစဘဲရှိသေးတာကို....*
*ကလေးငယ်ကခေါင်းမာတယ် ဖေဖေ.။သားကိုတောင်လျစ်လျုရှုတက်နေပြီ..*
*သားငယ်အတွက်အချိန်လိုတယ်လေ သားရယ်.။နားလည်ပေးလိုက်ပါ ..*
စိတ်ပျိုကိုယ်နုဆိုသလို အရာရာကစိတ်ကြောင့်ဘဲမဟုတ်လား ။ကိုယ့်စိတ်ကိုယ် မနိုင်တော့တဲ့ဂျွန်ဆော့သည်လည်းတဖြည်းဖြည်းနဲ့ကျန်းမာရေးချူချာလာတယ်။
ရက်ပိုင်းအတွင်းမှာဘဲပိန်လီကျလာတဲ့ခန္ဓာကိုယ်ကမတ်တပ်တောင်ကောင်းကောင်းမရပ်နိုင်လောက်အောင်ဘဲ။
*ဖေဖေလည်းအနားယူတော့လေ..လေစိမ်းတွေတိုက်တယ်..*
*အင်း..*
အိမ်ဆည်းလည်းလေးဖြစ်တဲ့ဂျီမင်ကငြိမ်သက်သွားတော့ သူတို့အိမ်လေးသည်လည်းတိတ်ဆိတ်သွားတော့တယ်။အတွေးကိုယ်စီနဲ့ အိပ်ယာဝင်ခဲ့ရတဲ့ညတွေက ဝမ်းနည်းစရာကောင်းတယ် ။
အရင်လိုပြန်ဖြစ်ချင်ပါတယ်။ပျော်ရွှင်ရတဲ့အချိန်တွေကိုပြန်ရစ်ကြည့်ချင်လိုက်တာ ..
____
*ဘာ.!*
တောက်.!
*မင်းတို့ကိုစောင့်ကြည့်ခိုင်းထားရက်နဲ့ အခုဘယ်လိုဖြစ်ရတာလဲ.!*
*ကျွန်တော်တို့တောင်းပန်ပါတယ်.*
*ထွက်သွားတော့.!အားလုံးသွားကြ.!*
ဒေါသတကြီးအော်ဟစ်နေတဲ့ အရာရှိကြီးကလျှို့ဝှက်အခန်းထဲမှာရှိတဲ့ပစ္စည်းတချို့ကိုပေါက်ခွဲလိုက်သည်။တရားခံကသူဆိုတာ ဂျီမင်သိသွားပြီတဲ့လေ။သဲလွန်စမကျန်အောင် သေသေချာချာလက်စသတ်ခဲ့တာကို ဘယ်သူကများအစဖော်လိုက်တာလဲ။
ပတ်ခ်ချွဲမင်တို့ကိုသူ့လက်နဲ့မသတ်ခဲ့ပေမယ့်ခိုင်းစေခဲ့တာတော့အမှန်ဘဲ။သူလျှောက်မယ့်လမ်းမှာပိတ်ဆို့လာလို့ နောက်မလုပ်ရဲအောင်ပညာပြပေးရုံဘဲဆိုပြီးခြိမ်းခြောက်ခဲ့ပေမယ့် ရိုးသားဖြောင့်မတ်တဲ့ ပတ်ခ်ချွဲမင်ကသူ့ကိုဂရုမစိုက်ဘဲ အထက်ကိုတိုင်ဖို့ကြိုးစားနေခဲ့သည်။သူကတရားမဝင်တဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူ၊ရောင်းချတယ်။တဖက်ကေနဈေးပေါပေါနဲ့ဝယ်ပြီး အမြတ်နှစ်ဆတင်ကာေရာင်ချခဲ့တယ်။ဒီလိုလုပ်စားနေခဲ့တာ နှစ်ချို့နေပြီ။
အထက်ကအရာရှိတချို့ကလည်းပေးထားကျွေးထားလို့ဘာအသံမှမထွက်ရဲတာလေ။သူလုပ်ရပ်ကိုသိပေမယ့် မပြောရဲလို့လက်ပိုက်ကြည့်နေရတယ်ဆိုတဲ့သဘောဘဲ။ဒါကိုပတ်ခ်ချွဲမင်ကသဘောမကျဘူး။ပြည်သူတွေအပေါ်ခေါင်းပုံဖြတ်တယ်ဆိုပြီး မလုပ်ဖို့တားမြစ်လာတယ်။သူ့ကိုအဲလိုအမိန့်ပေးလို့ရမယ်ထင်နေတာလား။ဝေးသေး...။
ဒီလိုနဲ့ကြံရာမရတဲ့အဆုံးသတ်ပြစ်လိုက်တယ်ဆိုပါတော့။ဒါပေမယ့် သူနောင်တမရခဲ့ဘူး။ဆူး၊ညှောင့်ခလုတ်တခုကိုရှင်းပြစ်လိုက်ရုံပါဘဲ
အခုတခါ သားဖြစ်သူကပါသူ့ကိုမခန့်လေးစားလာလုပ်ေနပြန်တယ်။ကြည့်ရတာ ပတ်ခ်ချွဲမင်တို့နောက် လိုက်သွားချင်ပုံဘဲ
*ဒီတခါတော့ငါ့လက်နဲ့အဆုံးသတ်ပေးမယ်...*
အသင့်ေဆာင်ထားတဲ့ေသနတ်တိုတလက်ကိုလှည့်ကစားရင်းအရာရှိကြီးကေခြာက်ကပ်ကပ်ရယ်လိုက်သည်။လက်အောက်ငယ်သားနှစ်ယောက်ကတော့ အရာရှိကြီးကိုကြောက်လို့ ကုတ်ချောင်းချောင်းနဲ့ပြန်ထွက်သွားချိန် စာဖတ်ခန်းရှေ့မှာအသင့်စောငိ့နေတဲ့ မမလေးနဲ့တန်းတိုးတော့သည်။
အပြစ်လုပ်ထားသူတွေမို့မလုံမလဲဖြစ်နေပြီးတယောက်မျက်နှာတယောက်ကြည့်ကာ တကိုယ်လုံးတုန်ရီလာသည်
*ငါနဲ့ခဏလိုက်ခဲ့..*
*ဟို..*
*ငါ နှစ်ခါမပြောဘူး..*
နဂိုကတည်းကမမလေးကိုရှိန်ရတာမို့ ဆက်ပြီးမထွန့်မတက်ရဲတော့ပေ။အရာရှိကြီးနည်းတူ မမလေးသည်လည်းအမိန့်ပေးတက်သည် ။
ခြံနောက်ဖက်ကိုလျှောက်သွားတဲ့မမလေးကသစ်ပင်ေတွပိတ်ေပါင်းပြီးချောင်ကျတဲ့ဒေါင့်လေးမှာရပ်လိုက်ပြီး သူတို့ကိုမခို့တရို့လေးပြုံးပြလာသည်။ချစ်စရာအပြုံးမဟုတ်ဘဲ ကျောချမ်းစရာကောင်းနေသည်။
*ဖေဖေ့လက်အောက်မှာအလုပ်လုပ်တာကြာပြီလား ..*
*ဟုတ်.ဟုတ်ကဲ့ ကြာပါပြီ မမလေး....*
*ဒါဆို ဖေဖေဘာလုပ်သလဲဆိုတာပြောပြ..*
*ဗျာ.!*
မမလေးစကားကိုနားမလည်ဟန်ဖြင့်ေမာ့ကြည့်လိုက်သည်။သူတို့ကအရာရှိကြီးရဲ့လူယုံေတွေလ။ဘယ်လိုလုပ်ပြီးပြောပြလို့ဖြစ်မှာလဲ။သေချာပေါက် အသတ်ခံရမယ့်ကိန်းကို။
ပြန်မဖြေဘဲမလှုပ်မယှက်ရပ်နေကြတဲ့ ဖေဖေ့ရဲ့လူယုံနှစ်ယောက်ကြောင့် ဂရေ့စ်ကကျစ်တချက်သတ်လိုက်သည်။လက်ပိုက်ထားပြီးမျက်ခုံးတဖက်ကိုတွန့်ချိုးကာ ဘာမထီမျက်နှာမျိုးနဲ့ စိုက်ကြည့်ပေးလိုက်တော့ ခေါင်းငုံ့ကျသွားသည်။
လွန်ခဲ့တဲ့ရက်တချို့က သူ(မ)ဆီကိုအဲလက်လာသွားတယ်။ဂျီမင် မိဘတွေနဲ့ပတ်သတ်တဲ့အကြောင်းရာအားလုံးကို ပြောပြသွားပြီးကူညီပေးဖို့လည်းတောင်းဆိုသွားတယ်။ထိုေန့ကသူ(မ)အတွက်တော့ ငရဲတမျှပါဘဲ။
သူ(မ)သိတဲ့ဖေဖေက ဒီလိုလူမျိုးပါလားဆိုပြီးမယုံနိုင်ဖြစ်ရတယ်။နားကြားမှားတာထင်ပြီး အဲလက်ကို အကြိမ်ကြိမ်မေးခဲ့ပေမယ့် အဖြေကတော့မပြောင်းလဲခဲ့ပါ။ဂျီမင်ကို မျက်နှာပြဖို့တောင်မဝံ့ရဲတော့ဘူး။ပိရိလွန်းတဲ့ဖေဖေက သူ(မ)တို့ကိုဘယ်အချိန်ထိဖုံးကွယ်ဖို့ကြိုးစားနေတာလဲ။အစကတော့အဲလက်စကားကိုသိပ်လက်မခံခဲ့ဘူး။အလိမ်ညာလား၊တကယ်လားဆိုတာသိရဖို့ သူ(မ)စုံစမ်းခဲ့တယ်။ဖေဖေ့ရဲ့အပြုမှုတွေက်ုအကဲခတ်ရင်းကနေ မူမမှန်တဲ့လက္ခာဏာတွေ့ခဲ့တယ်။ဒါကတော့ ဖေဖေ့ရဲ့စာဖတ်ခန်းပါဘဲ။
ဖေဖေကသူ(မ)တို့မသိအောင်လျှို့ဝှက်အခန်းထားထားတယ်ဆိုတာသိခဲ့ရပြီး ထိုအခန်းထဲမှာတော့လက်နက်တချို့ရှိနေသည်။အံ့ဩလွန်းလို့ မျက်ရည်ကျသည်အထိဘဲ။ထိုမြင်ကွင်းကသူ(မ)ရင်ကိုအစိမ်းလိုက်ကွဲစေတယ်။ဖေဖေ့ကိုလမ်းမှားမရောက်စေချင်ဘူး။ဒါကြောင့် အဲလက်ကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်။ဖေဖေသ်ိရင်တော့
ဒေါသထွက်နေတော့မှာဘဲ ။ဒါပေမယ့်လည်း ကျန်ရှိနေမယ့် သူ(မ)ရဲ့ဘဝသက်တမ်းကိုေတာ့လိပ်ပြာသန့်သန့်နဲ့နေသွားချင်တယ်။
ဂျီမင်သိနေတယ်ဆိုတော့ အကိုလည်းသိပြီးရောပေါ့။သူ(မ)ကိုတော့မုန်းနေတော့မှာေသချာတယ်။စိတ်ထားဖြူစင်တဲ့ဂျီမင်ရဲ့မျက်နှာကိုမြင်ယောင်တိုင်း အားနာစိတ်ဝင်ပြီး ငိုခဲ့ရတဲ့ညတွေကို ခေါင်းအုန်းလေးသိပါတယ် ။
*ဒါတော့ ကျွန်တော့်တို့မလုပ်နိုင်ပါဘူး မမလေး...*
*ဘယ်လောက်လိုချင်လဲပြော။တောင်းသလောက်ပေးမယ်..*
*တကယ်မရလို့ပါ နားလည်ပေးပါ မမလေး...*
*ငါကလည်းသိချင်တာရှိရင်သိလိုက်ရမှကျေနပ်တာ။တကယ်မပြောဘူးပေါ့....*
*ဟုတ်ကဲ့.!*
*အင်း.. တယောက်ကအမယ်အိုနဲ့နေတယ်၊တယောက်ကဇနီးသည်မှာရင်သွေးလွယ်ထားရတယ် ဟုတ်တယ်မလား...*
*..….......*
*နေရာအတိကျသိထားတယ်။မိသားစုဝင်တွေကိုဒုက္ခရောက်စေချင်လား...*
*အဲလိုမလုပ်ပါနဲ့ !တောင်းပန်ပါတယ်..*
*ဒါဆို ပြော.!*
ဂရေ့စ်ကမျက်နှာတည်တည်နဲ့လေသံကိုတင်းပြီးပြောလိုက်တော့ပျာပျာသလဲတောင်းပန်တာလာတဲ့ဖေဖေ့လူယုံနှစ်ကြောင့် သူ(မ)စိတ်မကောင်းဖြစ်မိသည်။ငွေနဲ့အာဏာကအရာရာဆိုတာကိုလည်းသဘောပေါက်သွားသည်။ခိုင်းနာလုပ်၊ပေးတာယူဘဝနဲ့နေနေရတာဘယ်လောက်သနားဖို့ကောင်းလဲ။သူတို့ခမျာမလွှဲသာလို့လုပ်နေရတာ ။တကယ်တမ်းပြဿနာတက်ခဲ့ရင်ခေါင်းခံပေးရမှာလည်းသူတို့ဘဲ။
သူ(မ)ကတော့ေဖေဖ့လိုသနားညှာတာမှုကင်းတဲ့စိတ်ထားမရှိတဲ့အတွက် သူတို့ကိုစကားအဖြစ်ခြိမ်းေခြာက်ရုံပါ။ တကယ်မလုပ်ပါဘူး
*ဟို..ပြောလိုက်လို့ကျွန်တော့်တို့တခုခုဖြစ်သွားရင်ရော...*
*အဲအတွက်ဘာမှစိတ်မပူနဲ့ ငါအားလုံးစီစဉ်ထားပြီးသား..!ဟုတ်ပီလား...*
*ဟုတ်ကဲ့ပါ....*
တကိုယ်တည်းမဟုတ်ဘဲမိသားစုရှိသေးတာကြောင့် အရင်ကြိုမေးလိုက်ခြင်းဖြစ်သည်။နောက်ပြီး အရာရှိကြီးကသူတို့ကိုဒီတိုင်းထားမယ်ထင်လား ။အသက်ကိုဖတ်နဲ့ထုတ်ပြီးဓားသွားပေါ်လျှောက်လှမ်းနေရတဲ့ဘဝတွေမို့ တခုခုဖြစ်သွားမှကြောက်ရသည်။
သို့ပေမယ့် အမှန်တရားကိုတော့ကြာကြာဖုံးကွယ်နိုင်စွမ်းမရှ်ိပေ။တနည်းမဟုတ်၊တနည်းတော့သိမှာဘဲလေ။
အရာရှိကြီး၏လူရုံနှစ်ယောက်ကဖြစ်စဉ်အစအဆုံးကိုတခုမကျန်ပြောပြလိုက်သည်။သူတို့လည်းဒီအလုပ်ကိုဆက်မလုပ်ချင်တော့ဘူးလေ။အရာရှိကြီးကအကျပ်ကိုင်ထားလို့သူတို့မလှုပ်ရဲတာ
*အားလုံးကအမှန်တွေဆိုတာသေချာလား..*
*သေချာပါတယ် မမလေး ကျွန်တော်တို့ပြောတာအမှန်တွေပါ..*
*ကောင်းပီလေ .ဒီလိုဆိုတော့ငါ့ကတိကိုငါတည်ရမှာပေါ့...*
*ကျေးဇူးတင်ပါတယ်....*
ထိုလူနှစ်ယောက်ကိုလုံခြုံတဲ့နေရတခုမှခေတ္တသွားနေဖို့မှာကြားလိုက်သည်။ပြီးနောက် ဂါဝန်အရှည်ကို မ,ကာ ဦးထုတ်အဝိုင်းကိုခပ်ငိုက်ငိုက်ဆောင်းပြီးတနေရာကိုဦးတည်ပြီးထွက်ခဲ့လိုက်သည်။
အားလုံးအဆုံးသတ်ရတော့မှာပါ။...
____
*အဆင်ပြေရဲ့လား ဂျီမင် ...*
*အင်း...*
အားမရှိတဲ့လေသံနဲ့ပြန်ဖြေလာတဲ့ဂျီမင်ကိုကြည့်ပြီးအဲလက်သက်ပြင်းချလိုက်သည် ။ပြောင်းလဲသွားတဲ့ဂျီမင်ပုံစံက အရင်ကထက်ပိုပြီးဆိတ်ငြိမ်သွားတယ်။မျက်ဝန်းတွေကလည်းအသက်မဲ့နေသလိုဘဲ။နှုတ်ခမ်းဖူးဖူးလေးကတော့ ပြုံးယောင်သန်းလာဖို့တောင်မမျှော်လင့်ရဲတော့ဘူး။
*ဂျီမင်ကိုသနားလိုက်တာ အဖိုးရယ်...*
*ဘယ်တက်နိုင်မလဲ ကံကိုဘဲအပြစ်ပုံရတော့မှာပေါ့...*
နှစ်က်ုယ်ကြားရုံမျှတီးတိုးပြောနေကြတဲ့အဖိုးနဲ့ယန်ယန်သည်လည်းစိတ်မကောင်းဖြစ်ရသည်။တရားခံကအရာရှိကြီးဆိုပေမယ့် ဂျွန့်ဆော့လည်းပါနေတယ်မဟုတ်လား။ပြစ်မှု့မမြှောက်ပေမယ့် ငယ်စဉ်ကတည်းကယုံကြည်အားကိုးလာတဲ့ကလေးတယောက်အနေနဲ့ ဘယ်လောက်တောင်ခံစားရမလဲဆိုတာတွေးကြည့်ရုံနဲ့သိသည်
ဖေဖေကြီးကမင့်ကိုအရမ်းချစ်ပြီးအလိုလိုက်တယ်'လို့အပြုံးလေးနဲ့ပြောလာတိုင်းသူတို့လည်းအပျော်တွေကူးစက်ရသည်။
*အဆင်ပြေသွားမှာပါ မင်မင်လေးရယ် .*
*မင်လည်း အဲလိုဘဲဖြစ်ပါေစလို့ ဆုတောင်းပါတယ်.*
*ငါတို့ရှိတယ်သိလား။ဘာမှအားမငယ်နဲ့ နော်..*
*အခူလည်းသက်ေသခိုင်လုံေနပြီဆိုေတာ့အရာရှိကြီးက်ိုဖမ်းလို့ရပြီလေ ..*
*ဂရေ့စ်ကို မင်အားနာလို့ပါ...*
*ဂရေ့စ်ကသာ အားနာရမှာပါ ဂျီမင်ရယ်....*
တယောက်တမျိုးစီအားပေးစကားပြောနေကြတဲ့စကားဝိုင်းထဲကို ဂရေ့စ်ကပါဝင်ရောက်လာခဲ့တယ်။ဂျီမင်ကိုတွေ့တော့ ချက်ချင်းဘဲမျက်ရည်ကြည်တွေဝဲတက်လာတယ်။အနားကို အပြေးသွားပြီးဖတ်လိုက်တော့ နှစ်ယောက်စလုံးငိုကြပါလေရော
အဲလက်၊ယန်ယန်နဲ့အဖိုးကတော့ စိတ်မကောင်းဟန်ဖြင့်မျက်နှာလွှဲလိုက်ကြတယ်။ဖြူစင်လွန်းတဲ့ကလေးတွေက မိဘတွေကြောင့်မျက်နှာပျက်စရာဖြစ်ကုန်ကြပြီ။
*ဘယ်လိုလုပ်ပြီးရောက်လာတာလည်း ဂရေ့စ်....*
*ဒီလိုဘဲပေါ့ တွေ့ချင်တော့လည်းစုံစမ်းလာခဲ့တာ.*
*ဂရေ့စ် တောင်းပန်ပါတယ် ဂျီမင်ရယ်။စိတ်ရင်းနဲ့ပါ..အနူးညွှတ်တောင်းပန်ပါတယ်...*
*ဘာလို့လဲဂရေ့စ်ရဲ့..*
*ဖေဖေ့လုပ်ရက်ကခွင့်လွှတ်ပေးနိုင်စရာမဟုတ်ပေမယ့် တကယ်တောင်းပန်ပါတယ်...*
*မင့်ကိုဝေခွဲရခက်အောင်လုပ်နေတာဘဲ..*
*ဟင့်အင်း..!ဂျီမင် တွေဝေစရာမလိုဘူး။စိတ်ရှိတိုင်းသာရဲရဲဆုံးဖြတ်ပါ။ဂျီမင်အဖြေကို ဂရေ့စ်တို့နာခံပါမယ်...*
မျက်ရည်အရွှဲသားနဲ့ရှိုက်ငင်သံတွေထွက်လာတဲ့ဂရေ့စ်ကို ဂျီမင်မကြည့်တော့ေပ ။အခုချိန်ထိသူဆုံးဖြတ်ဖို့ခက်ခဲနေတုန်းဘဲ ။အားလုံးကသူချစ်ခင်ရတဲ့လူတွေကြီးဘဲမဟုတ်လား။ကိုကိုကသူအရမ်းချစ်ရတဲ့ချစ်သူ။ဂရေ့စ်ကလည်း မောင်နှမလိုရင်းနှီးရတဲ့မိတ်ဆွေတယောက်။ဘယ်အရာကိုဆုတ်ကိုင်ပြီး ၊ဘယ်အရာကိုလွှတ်ချလိုက်ရမလဲ ။
ရင်ထဲမချိတင်ကဲဖြစ်လာလို့ ထိုင်နေရာကနေ,ထ လိုက်ပြီးထွက်ပြေးလာလိုက်သည်။အဖိုးတို့အော်သံက်ုလည်းသူမကြားချင်ယောင်ေဆာင်ပြီးအားလုံးနဲ့ဝေးရာကို ခြေသုတ်တင်ပြီးပြေးတော့သည် ။မောဟိုက်လာတဲ့ရင်အစုံနဲ့ နားထင်စပ်ကေနစီးကျလာတဲ့ချွေးစက်တို့ကို လက်နဲ့စမ်းမိတော့မှ အရိပ်တခုအောက်မှာ ဝင်နားလိုက်သည်
အနောက်ကိုလှည့်ကြည့်တော့ ဘယ်သူမှလိုက်မလာပေ။ထိုမှသာ ဂျီမင်လည်းအသက်ကိုဝဝရှုလိုက်ပြီး တင်းခံထားတဲ့စိတ်ကိုလျော့ချလိုက်သည် ။အသံတိတ်နေပေမယ့် အဆင်မပြတ်စီးကျလာတဲ့ မျက်ရည်တွေကတော့အထိန်းကွပ်မဲ့နေခဲ့သည်။ဒီနေ့ဘဲ သူငိုတော့မယ်။သူ့မျက်ရည်တွေကို ဆက်ပြီးမကျဆင်းစေတော့ဘူး။ဒီတရက်တော့ဝအောင်ငိုပါရစေ...
*ထပ်ဆုံပြန်ပြီနော် အရာရှိကြီး ..*
*မင်းကသတ္တိခဲလေးဘဲ..*
*ဒါပေါ့.!ပတ်ခ်ချွဲမင်ရဲ့သားဘဲ...*
*အဟား!.ဒါပေမယ့် မင်းလည်းမင်းမိဘတွေလိုဘဲငါ့လက်ထဲမှာသေရမှာလေ..*
*အခွင့်ရေးဆိူတာနှစ်ခါမရဘူး အရာရှိကြီး။ဖေဖေတို့လိုမျိုး မင့်ကိုသတ်လို့ရမှာမဟုတ်ဘူး...*
*ဘာလို့မရရမှာလဲ.!ငါမလုပ်နိုင်တာဘာမှမရှိဘူး...။ငါ့မှာငွေရှိတယ်၊ရာထူး အာဏာရှိတယ်...*
*ဂုဏ်ဆိုတာအေပါ်ယံပကာသနတခုဘဲ ..ဒါကိုအရာရှိကြီးမေ့လျော့နေပုံဘဲ။လူတယောက်မှာ အရေးကြီးဆုံးကစိတ်ဓာတ်ဘဲ..*
*စိတ်ဓာတ်မကောင်းရင် ဘယ်လောက်ဘဲငွေကြေးပြည့်စုံနေပါစေ လမ်းဘေးကသူဖုံးစားလောက်တောင်တောက်ပြောင်မှာမဟုတ်ဘူးဆိူတာ သိရဲ့လား....*
*မင်းကများ.!*
ဂျိီမင်စကားေကြာင့်အရာရှိကြီးကအနာပေါ်တုတ်ကျသွားသလိုစပ်စပ်ခါနေေတာ့သည်။အေးစက်တဲ့မျက်နှာထားနဲ့ဂျီမင်ကတော့ မဲ့ပြုံးတခုကိုဟန်ပါပါချိတ်ဆွဲရင်း အရာရှိကြီးရဲ့ဖြစ်ပျက်ပုံကို အရသာခံပြီးကြည့်နေလိုက်သည်။
ကျယ်လောင်သွားတဲ့အသံကြောင့် ခြံထဲကနေခိုးနားထောင်နေကြတဲ့ ဂရေ့စ်သည်လည်းလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ဂျီမင်တယောက်ထဲ ဖေဖေနဲ့ထိပ်တိုက်တွေ့နေတာ။ဖေဖေ့ဆီကဝန်ခံချက်ရပြီဆိုတာနဲ့ သူတို့အားလုံးဝင်ပြီး ဖမ်းချုပ်လိုက်ရုံဘဲ။
အကိုဂျောင်ဂုကတော့ မြို့တော်ဝန်ဖြစ်တာကြောင့်ကိုယ်တိုင်လာဖို့မလွယ်ပေ။ခဏအကြာလောက်ဆိုရင် ဂျော့ခ် ကိုလွှတ်ပေးလိုက်မယ်လို့တော့မှာသွားတာဘဲ။ဂျီမင်ကိုလည်း ဘာထိခိုက်ဒဏ်ရာမှမရအောင် စောင့်ကြည့်ထားပေးပါတဲ့လေ။သူ(မ)အဖြစ်ကရယ်စရာကောင်းမနေဘူးလား။ဖခင်ကိုဖမ်းဖိူ့အင်တိုက်အားတိုက်ကူညီပေးနေတာ။
*ဖေဖေတို့ကိုသတ်တယ်ဆိုတာ ဝန်ခံပြီမလား....*
*.....*
*ဘာကြောင့်များအဲလောက်ထိလုပ်ရက်တာလဲ.!*
*ဒါကတော့မင်းအဖေရဲ့လျှာရှည်မှုကြောင့်ဘဲ။ငါ့ဘဝထဲကိုဝင်လာတဲ့ဆူးငြှောင့်မှန်သမျှ ရှင်းပစ်ဖို့ဝန်မလေးဘူး..*
*ခင်များကလူယုတ်မာဘဲ.!*
*အေး.!အဲတော့ဘာဖြစ်လဲ...*
မလျှော့သောအသံတွေနဲ့တယောက်တခွန်းအော်ဟစ်နေကြတဲ့ အရာရှိကြီးနဲ့ဂျီမင်ကမကြာခင်ပေါက်ကွဲထွက်တော့မယ့် မီးတောင်တခုအလားဘဲ။
ဂျီမင်ကအံကိုကြိတ်ကာလက်သီးသေးသေးလေးကိုတင်းနေအောင်ဆုတ်ကိုင်ထားပြီး မျက်နှာကလည်းနီရဲတက်လာသည် ။ခံပြင်းလွန်းလို့ သေတော့မလိုဘဲ။သူ့စိတ်တွေအထိန်းကွပ်မဲ့နေခဲ့ပြီ။
စိတ်ရှိတိုင်းဆိုအရာရှိကြီးကိုတခုခုလုပ်မိမယ်ထင်တယ်။ဒါပေမယ့် သူ့အမှားကနေကိုယ့်အမှားဖြစ်သွားမှာဆိုးလို့ ဒေါသကိုဖြေချလိုက်သည်။
*အဲတော့ဘဝနေဝင်ချိန်အထိ အလုပ်ကြမ်းလုပ်ပြီးသံတိုင်ကြားမှာကုန်ဆုံးလိုက်ပေါ့ ..*
*ဘယ်တော့မှဖြစ်လာမှမဟုတ်ဘူး.!*
*ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းမနေဘူးလား အရာရှိကြီး..!*
*မင်းလိုကလေးသာသာကောင်လေးကငါ့ကိုဖမ်းမယ်တဲ့လား။အဟား..!ရယ်ရတယ်....*
*အပြင်ကသူဝင်လာတော့.!*
ခြေချိတ်ထိုင်ကာဂျီမင်ကိုလှောင်ရယ်နေတဲ့အရာရှိကြီးက ဧည့်ခန်းထဲကိုဝင်လာတဲ့အရိပ်လေးကြောင့်အပြုံးတို့ရပ်တန့်သွားသည်။
*ဂရေ့စ်.!သမီးကဘာလာလုပ်တာလဲ...*
*ဂရေ့စ် အားလုံးသိပြီးပြီ ဖေဖေ..*
*ဘာ.!ဘယ်တုန်းကလဲ.!ဟမ်.*
*ဘာတွေသိထားတာလဲ.!*
*အားလုံးဘဲ .!ဖေဖေ့လုပ်ရက်အားလုံးကို ဂရေ့စ်သိပြီးပြီ..*
ဂရေ့စ်ကစို့နစ်တဲ့အသံနဲ့ပြောလိုက်တော့ အရာရှိကြီးရဲ့မျက်နှာပျက်ကျသွားသည်။ဒါကိုဂျီမင်ကတော့ ပြကွက်တခုကိုစိတ်ပြေနပြေထိုင်ကြည့်နေသည်။သားဖနှစ်ယောက် စိတ်ကြိုက်ေပြာကြပါစေ။မကြာခင်ဆို ခွဲရတော့မှာမဟုတ်လား။သူ့လိုသေကွဲမဟုတ်ပေမယ့်လည်းပေါ့။
*သမီးကဘာသိလို့ ဒီကောင်လေးဘက်ကကာပေးနေတာလဲ..*
*ဖေဖေ.!အခုချိန်ထိအသိတရားမရသေးဘူးလား။ဒီလောက်နဲ့ဘဲရပ်ပါတော့..*
*ဂရေ့စ် တောင်းပန်ပါတယ်.*
*ငါ့ကိုအမိန့်လာမပေးနဲ့ဂရေ့စ် .!အလိုလိုက်ထားလို့ ကမ်းတက်လာရင် ငါကသမီးဆိုပြီးညှာနေမှာမဟုတ်ဘူးနော်...*
*လုပ်လိုက်.!ဖေဖေ့စိတ်ကြိုက်ဂရေ့စ်ကိုအပြစ်ပေးလိုက်.!ဒါပေမယ့် ဂရေ့စ်ကတော့အမှန်တရားဘက်ကရပ်တည်ပေးနေမှာဘဲ...*
*ဂရေ့စ်.!*
အရာရ်ှကြီး၏ဇနီးကတော့မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့ သားဖနှစ်ယောက်ကြားမှာဗျာများနေရသည် ။သမီးကလည်းငိုကြွေးပြီး စိတ်ထဲရှိသမျှဖွင့်အံထုတ်နေသလို ဒေါသကြီးတဲ့ယောကျာ်းကလည်း အလျော့မပေးဘဲ နီးရာပစ္စည်းတွေကိုထုခွဲနေသည်
*သွား.!ခေါ်သွားစမ်း ငါ့မျက်စိရှေ့ထပ်မပေါ်လာနဲ့.!*
*ဖေဖေ.!*
*သွားလို့ပြောနေတယ်လေ.!ဘယ်ရောက်ကုန်ပီလဲ အလုပ်သမားတွေ သူ့ကိုခေါ်သွားကြစမ်း...*
*ဖယ်.!ငါ့အသားကိုမထိနဲ့ နော်...*
*တောင်းပန်ပါတယ် မမလေး..*
အိမ်အကူမိန်းကလေးတွေရဲ့လက်ထဲကိုယက်ကန်ယက်ကန်နဲ့ပါသွားတဲ့ ဂရေ့စ်က အတင်းဘဲရုန်းကန်နေတော့သည်။ဂျီမင်ကိုလည်းသမင်လည်ပြန်ကြည့်ရင်း မျက်ဝန်းကနေတဆင့်အထပ်ထပ်တောင်းပန်နေသည်။အပေါ်ထပ်ကိုရောက်တာနဲ့ သူ(မ)ကို အခန်းထဲတွန်းပို့ကာ အပြင်ကနေ သော့ပိတ်ထားလိုက်သည်။
*တံခါးဖွင့်ပေးလိူ့..!မေမေ ဂရေ့စ်ကို တံခါးဖွင့်ပေးပါ..!*
*င့ါအကြောင်းသိတယ်နော်.!နင်တို့တွေ ငါထွက်လာရင်မလွယ်ဘူး.!*
*မေမေ ဂရေ့စ်တောင်းပန်ပါတယ် ။တံခါးဖွင့်ပေးပါ...*
တခဏခြင်းဆိုသလိုဆူညံပွက်လောရိုက်သွားတဲ့အိမ်လေး။တံခါးရွက်ကိုတဘုန်းဘုန်းထုရင်း အသံတိမ်ဝင်တဲ့အထိအော်နေပေမယ့် မည်သူကမှအဖတ်မလုပ်ပေ။သို့ေပမယ့် အလုပ်သမားတွေနဲ့ သူ(မ)မေမေကတော့ အခန်းရှေ့မှာဆောင့်ကြောင့်ထိုင်ချရင်းအသံတိတ်ငိုနေတယ်ဆိုတာကိုတော့ ဂရေ့စ် မသိခဲ့ပေ။ဂရေ့စ်မေမေကလည်းခင်ပွန်းသည်ဒေါသထွက်ရင်ကြောက်တယ်လေ။
*အဲတာ မင်းကြောင့်.!*
*ဟော.!မင် ဘာလုပ်လို့လဲ အရာရှိကြီးရဲ့.!*
*မင်း ငါ့သမီးကို စည်းရုံးခဲ့တယ်မဟုတ်လား ဟမ်.!*
*မဟုတ်တာဘဲ အရာရှိကြီးရယ်..!မင့်ကိုမစွပ်စွဲပါနဲ့..*
အရာရှိကြီးကို ခနဲ့နေတဲ့ဂျီမင်ကပုခုံးကိုတွန့်ပြလိုက်ရင်း နှုတ်ခမ်းလေးဆူထော်ပြတော့ စားပွဲကိုလက်နဲ့ထုချလိုက်တဲ့အရာရှိကြီးကြောင့် ကိုယ်လေးတချက်တုန်တက်သွားသည် ။အနားမှာဘယ်သူမှမရှိဘဲ ဒီလိုတွေပြောဆိုနေတာ သူမကြောက်ဘဲနေမလား။အထူးသဖြင့် ကိုကို မရှိတော့ သူပိုပြီးအားငယ်ရသည် ။သို့ပေမယ့် ကို့ယ်အားကိုယ်ကိုးတက်ရမယ်ဆိုပြီး နှလုံးသွင်းကာ ကြောက်စိတ်ကိုဖယ်ခွာလိုက်သည်။
*မင်းကခေသူမဟုတ်ဘူးဘဲ ။အကောင်သေးပေမယ့် အဆိပ်ပြင်းပါလား...*
*ဒါပေါ့.!မင်က ရေမြွေလေ..*
*ဟုတ်လား ဒါဆိုလည်းရေမြွေလေးကို ဇီဝိန်ခြွေပေးရမှာပေါ့....*
ခန့်မှန်းရခက်တဲ့မျက်နှာဘေးနဲ့ အရာရှိကြီးကထိုင်ရာမှ ထ,ကာသူ့အနားကိုလျှောက်လာပြီး မျက်လုံးချင်းဆုံလာသည်။အကြည့်တွေကခက်ထန်နေပြီး မကောင်းတဲ့အငွေ့သက်ကိုခံစားရသည်။
*ကစားပွဲလေးစ လိုက်ကြမလား..*
*ဒီတခါတော့အနိုင်၊အရှုံးထွက်ပြီပေါ့..*
*ဘာကိုကစားပွဲလဲ.!အရာရှိကြီးကသွေးလေခြောက်ခြားနေတာဘဲ....*
*ကြောက်နေတာလား...*
*မင် ကလား.!အဟား..!ဘယ်သူ့ကိုဘာလုပ်ထားလို့ မင်ကကြောက်ရမှာလဲ။အရာရှိကြီးသာ ကိုယ့်အပစ်ကိုမမြင်ဘဲ အမှားထပ်လုပ်ဖို့စဉ်းစားနေတာမလား..!*
*မင်းကငါမွေးရင်ငါ့သားအရွယ်ဘဲရှိတယ်။သိပ်ပြီးအတင့်မရဲနဲ့.....*
အရာရှိကြီးကအံကြိတ်သံနဲ့ေပြာလိုက်ပြီးဂျီမင်မျက်နှာကိုဖျစ်ညှစ်လိုက်သည်။နူးညံ့တဲ့အသားရည်ကသူ့လက်ထဲမှာပျော်ဝင်သွားသည်။ရဲတက်လာတဲ့ပါးပြင်ကိုကြည့်ပြီး ဟက်ခနဲ တချက်ရယ်လိုက်သည်။
သူရိုက်ရင်တချက်စာဘဲရှိတဲ့ကလေးကများ မကြောက်မလန့်နဲ့သူ့ကိုလာဆွရဲတယ်။အာဂသတ္တိခဲလေးဘဲ။
*သားငယ်...*
ဂျီမင်နဲ့အကြည့်ချင်းစစ်ထိုးနေချိန် အိမ်ထဲကိုတရောသောပါးပြေးဝင်လာတဲ့ ဂျွန်ဆော့ကအသံကျယ်ကျယ်နဲ့ခေါ်လိုက်တော့ အရာရှိကြီးကမျက်ခုံးကိုတွန့်ချိုးလိုက်သည် ။သူ့လုပ်ရက်ကိုသိထားတဲ့သူတွေထဲမှာ ဂျွန်ဆော့ပါနေတယ်ဆိုတာ မေ့လျော့နေခဲ့တာဘဲ။
ဒီကိစ္စက ဂျွန်ဆော့စနက်ဆိုတာ ပြေးကြည့်စရာမလိုဘဲ တွေးကြည့်ရုံနဲ့သိနိုင်သည် ။
*ဖေဖေကြီးဘာလာလုပ်တာလဲ.နေမကောင်းသေးတာကို...*
*သားငယ်ကိုစိတ်ပူလို့ပါ..*
*ရတယ် မင် ကိုယ်ကို့ကိုယ်ကာကွယ်နိုင်တယ်...*
သားငယ်စကားကြောင့် ဂျွန်ဆော့ရင်ထဲစူးခနဲဘဲ။သို့ေပမယ့် အောင့်တက်လာတဲ့ရင်ဘက်ကိုလျစ်လျူရှုလိုက်ပြီး အနွေးထွေးဆုံးပြုံးပြလိုက်တယ်။သားငယ်ကသူ့ကိုစိတ်ဆိုးနေလို့ ဒီလိုပြောတာပါ။သူ့ကိုအရမ်းချစ်တာ သိတာပေါ့။
အကောင်းဘက်ကိုဖြည့်တွေးပေးလိုက်ပြီး သားငယ်အနားကိုတိုးကပ်သွားတော့ သူ့ကိုရှောင်ဖယ်သွားသည်။အနောက်ကိုဆုတ်သွားတဲ့သားငယ်ကသူ့ကိုမကြည့်ဘဲ ကြမ်းပြင်ကိုသာအကြည့်ပို့ထားသည်။
*ငါ့အိမ်မှာလာပြီးအလွမ်းသယ်နေတာလား....*
*နေကောင်းပါရဲ့လား မြို့စားမင်ခင်မျာ..!*
အရာရှိကြီး၏ခပ်ရွဲ့ရွဲ့စကားကြောင့် ဂျွန်ဆော့သက်ပြင်းချလိုက်သည်။မကောင်းတာလုပ်တဲ့သူကဘယ်တော့မှအသိတရားမဝင်ဘူးဆိုတာမှန်တယ်။သူတို့မဆုံးရှုံးရသရွေ့ပေါ့ ..
*အေးအေးဆေးဆေးအဖမ်းခံလိုက်ပါ အရာရှိကြီး...*
*မင်းရောအတူလိုက်ခဲ့လေ...*
*ဖေဖေကြီးကဘာကိစ္စလိုက်ရမှာလဲ။မင့် မိဘတွေကိုသတ်တာခင်များလေ.!*
*ဒါပေမယ့် တရားခံကိုကာကွယ်ပေးထားလို့ မင်းရဲ့ချစ်လှစွာသောဖေဖေကြီးမှာလည်းအပြစ်ရှိတယ်..*
အမှန်တရားမို့ ဘာအသံမှမထွက်တော့ပေ။လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာလေ။
အားလုံးကကြည်ဖြူလို့တလမ်းထဲလျှောက်ခဲ့ကြတာကို အခုမှသူ့တယောက်ထဲအပစ်ပေးလို့ရမလား။သေရမယ်ဆိုရင်လည်း အားလုံးကိုခေါ်သွားမှာ
*ရော့!ဒီစာရွက်ထဲမှာဖေဖေကြီးနာမည်ပါလားဆိုတာကြည့်လိုက်...*
*.......*
အသင့်ယူဆောင်လာတဲ့ အမှုစာရွက်ကို ဂျီမင်ကထုတ်လိုက်ပြီး အရာရှိကြီးအရှေ့ကိုပစ်ချပေးလိုက်တော့ တအံ့တဩနဲ့ကြည့်နေသည် ။ဖေဖေကြီးကိုတော့ ကာကွယ်ပေးပါ့မယ်။ဒါကသူလုပ်ေပးနိုင်တဲ့ေနာက်ဆုံးနည်းလမ်းဘဲ။အပြစ်ရှိတယ်ဆိုပေမယ့် သူ့ကိုကျွေးမွေးစောင့်ရှောက်လာတဲ့ ကျေးဇူတရားကိုငဲ့ကွက်ပြီး အမှုကလွတ်အောင် သူကြိုးစားပေးခဲ့တယ်။
သူနဲ့အတူ အဲလက်ကအတူပူးပေါင်းပေးခဲ့တာပါ။အဲလက်အဖေ မြို့တော်ဝန်ဟောင်းဆီကအကူညီနဲ့ပေါ့။ဒါကိုတော့ သူနဲ့အဲလက်ကလွဲရင်မည်သူမှမသိချေ။
*စော/က်ရူးတွေဘဲ.....*
*ဘယ်လိုလဲ အရာရှိကြီး...!*
*ခဏနေရင် ရုံးတော်ကလာတော့မှာမို့လို့အဆင်သင့်ပြင်ထားလိုက်ပါ....*
*ဒါဆိူပြန်လိုက်ပါအုန်းမယ်နော်.!မကြာခင် ပြန်တွေ့ကြတာပေ့ါ...*
ဂျီမင်ကပြောပြီး တွန့်ကြေသွားတဲ့အင်္ကျီကိုပြန်ဆွဲချကာ အပြုံးလေးနဲ့အတူ အရာရှိကြီးကို ခါးကိုင်းပြီးတရိုတသေနဲ့နှုတ်ဆက်လိုက်သည်။ဒါကနောက်ဆုံးတွေ့ဆုံခြင်းပါဘဲ။
သူလုပ်သင့်တာကိုလုပ်ခဲ့ပြီးပြီဖြစ်လို့ကျန်သေးတဲ့အပိုင်းကိုလည်းအဆုံးသတ်ဖို့လုပ်ရမယ်။အချုပ်နှောင်တွေကို အမြစ်ဖြတ်ပြီးအဝေးတနေရာကိုထွက်သွားဖို့ဆုံးဖြတ်ထားတယ်။
*အဟား.!လောကကြီးကိုလွယ်လွယ်အရှုံးပေးတဲ့ထဲမှာ ငါမပါဘူး.!*
*အိပ်နေတဲ့နဂါးကိုပုတ်နှိုးမှတော့ အမောက်ထောင်ပြရတာပေါ့..*
*ငရဲကိုသွားလိုက်တော့ !*
ဒိုင်း.!ဒိုင်း.!
*ဂျီမင်.!*
*သားငယ်.!*
အဆုံးသတ်မှာ သူဘဲနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ အမှောင်တွေဖုံးလွှမ်းနေတဲ့အရာရှိကြီးက အသင့်ဆောင်ထားတဲ့ သေနတ်တိုတလက်ကိုခါးကနေထုတ်ကာ သေချာချိန်ရွယ်ပြီးပစ်လိုက်သည်။လက်ကလည်းတန်းနေရောဘဲ။နှစ်ချက်ဆိုတော့ အသက်ရှိပါ့တော့မလား.!
သူကျေနပ်တယ်လေ။လုပ်ချင်တာလုပ်လိုက်ရလို့ နောင်တမရဘူး။
ကျယ်လောင်တဲ့သေနတ်သံနဲ့အတူ အိမ်ပေါ်ကနေပြေးဆင်းလာတဲ့ဂရေ့စ်သည်လည်းသွေးအိုင်ထဲမှာလဲလျောင်းနေသူကြောင့် ပါးစပ်အဟောင်းသားဖြစ်ရသည်။ဂါဝန်ကိူ မ,ကာအမြန်သွားလိုက်တော့ မလှုပ်မယှက်ရပ်နေတဲ့ ဖေဖေကတဟားဟားနဲ့အော်ရယ်နေသည်။စိတ်လွတ်သွားတာလား
ထိုအချိန် ခြံထဲကိုထိုးစိုက်လာတဲ့ဂျစ်ကားတွေနဲ့အတူ ခြေလှမ်းကျဲကြီးတွေနဲ့အိမ်ထဲကိုဝင်လာတဲ့ အကိုဂျောင်ဂုနဲ့ရုံးတော်ကလူတွေ။
*ကလေးငယ်.!*
မလှပတဲ့မြင်ကွင်းကသူ့ကိုဆီးကြိုးနေတော့ ရင်ကွဲရတာပေါ့။ကံကြမ္မာရဲ့လှည့်ကွက်ကပြင်းထန်လိုက်တာ။ဘဝတစ်ဆစ်ချိုးကိုဒီလိုဖြစ်အောင် ပြောင်းလဲပစ်လိုက်တဲ့ ကံကြမ္မာကိုအပစ်ဖို့ရင်း ငိုကြွေးရတဲ့နေ့လေး။အားလုံးအဆုံးသတ်တော့မှာပါ...
_______
၁၀.၇.၂၃
Kelly
Thankful my readers 🤍
--------
Zawgyi
*ေအးတယ္ေလ ကေလးငယ္.*
*.....*
ညေလေျပကတသုန္သုန္တိုက္ခတ္ေနေတာ့ အကၤ်ီလက္တိုဝတ္ထားတဲ့ဂ်ီမင္ကိုယ္ေလးကေအးစက္လာတယ္။လက္ႏွစ္ဖက္ကိုယွက္ထားၿပီး တေယာက္ထဲမလႈပ္မယွက္ဘဲထိုင္ေနတဲ့ဂ်ီမင္အနားကိုေဂ်ာင္ဂုကေလွ်ာက္သြားၿပီး သူဝတ္ထားတဲ့အျပင္ခံလက္ရွည္ကိုခြၽတ္ကာ ဂ်ီမင္ကိုယ္ေပၚကိုလႊားၿခဳံေပးလိုက္သည္။
ေနျပန္ေကာင္းလာကတည္းကတစ္အိမ္လုံးကိုစကားမေျပာဘဲ တစ္ေယာက္ထဲသီးသန႔္ေနတဲ့ဂ်ီမင္ကိုအားလုံးကၾကည့္ေန႐ုံဘဲတက္နိုင္တယ္။ဂ်ီမင္ စိတ္ေပ်ာ္႐ႊင္ဖို႔ကိုဘဲ ဦးစားေပးတာျဖစ္လို႔ ေဂ်ာင္ဂုမွာ နီးနီးကပ္ကပ္ေတာင္မေနရေတာ့ဘူး။
သူ႕ကိုလည္းေမးတခြန္း၊ေခၚတခြန္းကလြဲရင္ အရင္လိုမခြၽဲေတာ့ဘူး။တခါတေလ အခန္းတံခါးပိတ္ၿပီးေတာ့ ပန္းခ်ီဆြဲေနတက္တယ္။အဲလိုခ်ိန္ဆိုပိုသတိထားရတယ္။မဟုတ္တာ တခုခုလုပ္လိုက္ေလမလားဆိုၿပီး အရိပ္တၾကည့္ၾကည့္နဲ႕ေစာင့္ၾကည့္ေနရတာ။
*ကိုကို႔ကိုစကားမေျပာေတာ့ဘူးလား....*
*ဟင္.!ကေလးငယ္..*
*......*
*ဘာလို႔ၿငိမ္ေနရတာလဲ ကြာ။ကိုကိုမေနတက္တာသိရဲ႕သားနဲ႕....*
ေလအေဝ့မွာျပန႔္က်ဲသြားတဲ့ဂ်ီမင္ရဲ႕ဆံပင္ေတြကိုသပ္တင္ေပးရင္းေဂ်ာင္ဂုက ေလသံေအးေအးနဲ႕ေျပာလိုက္တယ္။သို႔ေပမယ့္ သူ႕ကိုကေလးငယ္ကရွိတယ္လို႔ေတာင္မထင္ဘူး။တည္ၿငိမ္ေနတဲ့အၾကည့္တို႔က အေဝးတေနရာကိုေက်ာက္ခ်ထားသည္။
ထုရိုက္လာရင္ေတာင္နာက်င္မွာမဟုတ္ဘူး။အခုလိုကေလးငယ္ၿငိမ္ေနတာကမွသူ႕ႏွလုံးသားေလးနာက်င္ရတယ္။
*ကေလးငယ္ ကိုကို ေတာင္းပန္ပါတယ္..*
*အခုလိုမေနပါနဲ႕ ေနာ္...*
*ရိုက္တာျဖစ္ျဖစ္ လုပ္လိုက္ပါလား...*
*ၾကယ္ကေလးေတြကလွတယ္ေနာ္ ကိုကို!..*
ေျဖသံမလာဘဲ တေယာက္ထဲေျပာေနမိတဲ့ေဂ်ာင္ဂုက ဂ်ီမင္အသံၾကားေတာ့စကား,စရပ္သြားသည္။
တိမ္ကင္းစင္တဲ့ေကာင္းကင္ႀကီးကိုေမာ့ၾကည့္ရင္း သူ႕ကိုေျပာလာတဲ့ကေလးငယ္ကိုနားမလည္နိုင္စြာနဲ႕ေတြေတြေလးၾကည့္လိုက္သည္။မွိုင္းညွို႔ေနတဲ့မ်က္ဝန္းေလးနဲ႕ တင္းတင္းေစ့ပိတ္ထားတဲ့ႏႈတ္ခမ္းဖူးဖူးေလးက သူ႕ကို႐ူးႏွမ္းသြားေစသည္။
*ကေလးငယ္...*
*သူတို႔ကိုၾကည့္ရတာေပ်ာ္ေနပုံဘဲ....*
*အခ်ဳပ္ေႏွာင္ကင္းၿပီးလြတ္လပ္ေနတဲ့ ၾကယ္ေလးေတြက အရမ္းကိုေတာက္ပလြန္းတယ္....*
ေဂ်ာင္ဂုကိုလ်စ္လ်ဳရႈၿပီးတေယာက္ထဲေျပာေနတဲ့ဂ်ီမင္ကၿပဳံးေယာင္သန္းေနသည္ ။သို႔ေပမယ့္ အရည္ၾကည္ေတြသိုေလွာင္ထားတဲ့မ်က္ဝန္းကိုေတာ့ ေဂ်ာင္ဂုျမင္နိုင္မွာမဟုတ္ေပ။
*ကေလးငယ္ ကေရာသူတို႔လိုဘဲလြတ္လပ္ခ်င္လား...*
*အဲလိုလုပ္ရင္ ကိုကိုကလႊတ္ေပးမွာလား....*
*ကေလးငယ္ မေပ်ာ္ေတာ့ဘူးလား ကိုကိုနဲ႕ေနရတာ...*
*အင္း....*
ႏႈတ္ခမ္းသားကိုေစ့ပိတ္ထားၿပီးခံတြင္းသံနဲ႕ျပန္ေျဖလိုက္သည္။သူ မေပ်ာ္တာထက္စိတ္ပင္ပန္းေနတယ္။ဘယ္သူနဲ႕မွလည္းစကားမေျပာခ်င္သလို၊ဘာမွလည္းမလုပ္ခ်င္ဘူး။တေယာက္ထဲ ေငးခ်င္ရာေငး၊ေတြးခ်င္ရာေတြးေနမိတယ္။
ကိုကိုနဲ႕ေဖေဖႀကီးကေတာ့ သူ႕ဆီအၿမဲလာၿပီးေခ်ာ့ျမဴေလ့ရွိတယ္။ေနာက္ၿပီးခြင့္လႊတ္ေပးပါလို႔လည္းအထပ္ထပ္ေတာင္းပန္ၾကတယ္။သူ ဘယ္လိုလုပ္ရမလဲဆိုတာ အခုထိမဆုံးျဖတ္ရေသးဘူး။
*ကေလးငယ္ကၾကယ္ကေလးေတြေတာက္ပေနတာဘဲျမင္တာကို.. တကယ္တမ္းသူတို႔အထီးက်န္ေနတာကိုက် ကေလးငယ္မသိဘူးမလား...*
*တေယာက္ထဲေနရတာလြတ္လပ္တယ္လို႔ထင္ရေပမယ့္ ရင္ဖြင့္ဖို႔၊ေပ်ာ္စရာေတြေဝမွ်ဖိူ႕၊ဝမ္းနည္းတဲ့အခ်ိန္ ငိုဖို႔ဆိုရင္ လုံၿခဳံတဲ့ရင္ခြင္တခုေတာ့လိုအပ္တယ္ ကေလးငယ္..*
*ကိုကိုနဲ႕ေဝးရာကိုထြက္သြားဖို႔ဘာလို႔ေတြးရတာလဲကေလးငယ္...*
*ကေလးငယ္မရွိရင္ ကိုကိုေသနိုင္တယ္ဆိုတာ မသိလို႔လား...*
တုန္ရီလာတဲ့အသံေၾကာင့္ ကိုကိုငိုေနၿပီဆိုတာသူသိတယ္။ဒါေပမယ့္ သူလွည့္မၾကည္ဘူး။ကိုကို႔မ်က္ရည္ေတြကိုျမင္ရင္ သူဒီထက္ပိုၿပီးခံနိုင္ရည္ရွိမွာမဟုတ္ဘူးေလ။ဒီတခါေတာ့ ဘယ္သူ႕ကိုမွမငဲ့ကြက္ဘဲ တစ္ဖို႔တည္းၾကည့္ပါရေစ။
ခ်စ္ျခင္းေမတၱာနဲ႕ေက်းဇူးတရားကို ေက်ာခိုင္းၿပီးစိတ္အဆင္ေျပမယ့္ေနရာတခုဆီခတၱခဏထြက္သြားခ်င္တယ္။တသက္လုံးလည္းျဖစ္သြားနိုင္တယ္
သူအနားယူဖို႔လိုတယ္။ေမွ်ာ္လင့္ခ်က္တေပြ႕တပိုက္နဲ႕သူ႕ဘဝေလးက အျမင့္ကေနရိုက္ခ်က္ခံလိုက္ရသလိုပါဘဲ။သူ႕မွာဘာဆိုဘာမွမရွိေတာ့ဘူး။
*သဘက္ခါ႐ုံးေတာ္မွာဆုံၾကမယ္ ကိုကို..*
*အခုေတာ့မင္အနားယူခ်င္ၿပီ...*
*ကိုကိုအေဖာ္ျပဳေပးမယ္ေလ...*
*မင္ တေယာက္ထဲေနခ်င္တယ္ ကိုကို...*
*ဒါေပမယ့္..*
*ကိုကို..!ေက်းဇူးျပဳၿပီး...*
*အင္းပါ..ကေလးငယ္သေဘာပါဘဲ...*
အမွားယြင္းေတြကသူတို႔ဘဝကိုေလာက္ၿမိဳက္ဖ်က္စီးလိုက္ၿပီ။ေပ်ာ္စရာေတြကင္းမဲ့ၿပီးပူေလာင္ရတဲ့ ေန႕ညေတြကိူမုန္းလိုက္တာ။
သူတို႔ကိုကေလးငယ္ခါးသီးမယ္ဆိုလည္းခါးသီးစရာပါဘဲေလ။ကေလးငယ္အျပစ္မွမဟုတ္တာ။သို႔ေပမယ့္ ေျပာင္းလဲသြားတဲ့ကေလးငယ္ရဲ႕အမူက်င့္ ေတြနဲ႕ေနသားမက်ေသးေတာ့ သူစိတ္ေသာကေရာက္ရတယ္
ေနာက္ေန႕ေတြဘာဆက္ျဖစ္မလဲဆိုတာမသိခ်င္ေတာ့ဘူး။ ဒါဟာအိမ္မက္ဘဲျဖစ္လိုက္ခ်င္တယ္။
*သားငယ္အိပ္သြားၿပီလား...*
*ဟုတ္....*
*အစားလည္းမစားဘူးဆို။အခုမွေနေကာင္းခါစဘဲရွိေသးတာကို....*
*ကေလးငယ္ကေခါင္းမာတယ္ ေဖေဖ.။သားကိုေတာင္လ်စ္လ်ဳရႈတက္ေနၿပီ..*
*သားငယ္အတြက္အခ်ိန္လိုတယ္ေလ သားရယ္.။နားလည္ေပးလိုက္ပါ ..*
စိတ္ပ်ိဳကိုယ္ႏုဆိုသလို အရာရာကစိတ္ေၾကာင့္ဘဲမဟုတ္လား ။ကိုယ့္စိတ္ကိုယ္ မနိုင္ေတာ့တဲ့ဂြၽန္ေဆာ့သည္လည္းတျဖည္းျဖည္းနဲ႕က်န္းမာေရးခ်ဴခ်ာလာတယ္။
ရက္ပိုင္းအတြင္းမွာဘဲပိန္လီက်လာတဲ့ခႏၶာကိုယ္ကမတ္တပ္ေတာင္ေကာင္းေကာင္းမရပ္နိုင္ေလာက္ေအာင္ဘဲ။
*ေဖေဖလည္းအနားယူေတာ့ေလ..ေလစိမ္းေတြတိုက္တယ္..*
*အင္း..*
အိမ္ဆည္းလည္းေလးျဖစ္တဲ့ဂ်ီမင္ကၿငိမ္သက္သြားေတာ့ သူတို႔အိမ္ေလးသည္လည္းတိတ္ဆိတ္သြားေတာ့တယ္။အေတြးကိုယ္စီနဲ႕ အိပ္ယာဝင္ခဲ့ရတဲ့ညေတြက ဝမ္းနည္းစရာေကာင္းတယ္ ။
အရင္လိုျပန္ျဖစ္ခ်င္ပါတယ္။ေပ်ာ္႐ႊင္ရတဲ့အခ်ိန္ေတြကိုျပန္ရစ္ၾကည့္ခ်င္လိုက္တာ ..
____
*ဘာ.!*
ေတာက္.!
*မင္းတို႔ကိုေစာင့္ၾကည့္ခိုင္းထားရက္နဲ႕ အခုဘယ္လိုျဖစ္ရတာလဲ.!*
*ကြၽန္ေတာ္တို႔ေတာင္းပန္ပါတယ္.*
*ထြက္သြားေတာ့.!အားလုံးသြားၾက.!*
ေဒါသတႀကီးေအာ္ဟစ္ေနတဲ့ အရာရွိႀကီးကလွ်ို႔ဝွက္အခန္းထဲမွာရွိတဲ့ပစၥည္းတခ်ိဳ႕ကိုေပါက္ခြဲလိုက္သည္။တရားခံကသူဆိုတာ ဂ်ီမင္သိသြားၿပီတဲ့ေလ။သဲလြန္စမက်န္ေအာင္ ေသေသခ်ာခ်ာလက္စသတ္ခဲ့တာကို ဘယ္သူကမ်ားအစေဖာ္လိုက္တာလဲ။
ပတ္ခ္ခြၽဲမင္တို႔ကိုသူ႕လက္နဲ႕မသတ္ခဲ့ေပမယ့္ခိုင္းေစခဲ့တာေတာ့အမွန္ဘဲ။သူေလွ်ာက္မယ့္လမ္းမွာပိတ္ဆို႔လာလို႔ ေနာက္မလုပ္ရဲေအာင္ပညာျပေပး႐ုံဘဲဆိုၿပီးၿခိမ္းေျခာက္ခဲ့ေပမယ့္ ရိုးသားေျဖာင့္မတ္တဲ့ ပတ္ခ္ခြၽဲမင္ကသူ႕ကိုဂ႐ုမစိုက္ဘဲ အထက္ကိုတိုင္ဖို႔ႀကိဳးစားေနခဲ့သည္။သူကတရားမဝင္တဲ့ကုန္ပစၥည္းေတြကိုဝယ္ယူ၊ေရာင္းခ်တယ္။တဖက္ကေနေဈးေပါေပါနဲ႕ဝယ္ၿပီး အျမတ္ႏွစ္ဆတင္ကာေရာင္ခ်ခဲ့တယ္။ဒီလိုလုပ္စားေနခဲ့တာ ႏွစ္ခ်ိဳ႕ေနၿပီ။
အထက္ကအရာရွိတခ်ိဳ႕ကလည္းေပးထားေကြၽးထားလို႔ဘာအသံမွမထြက္ရဲတာေလ။သူလုပ္ရပ္ကိုသိေပမယ့္ မေျပာရဲလို႔လက္ပိုက္ၾကည့္ေနရတယ္ဆိုတဲ့သေဘာဘဲ။ဒါကိုပတ္ခ္ခြၽဲမင္ကသေဘာမက်ဘဴး။ျပည္သူေတြအေပၚေခါင္းပုံျဖတ္တယ္ဆိုၿပီး မလုပ္ဖို႔တားျမစ္လာတယ္။သူ႕ကိုအဲလိုအမိန႔္ေပးလို႔ရမယ္ထင္ေနတာလား။ေဝးေသး...။
ဒီလိုနဲ႕ႀကံရာမရတဲ့အဆုံးသတ္ျပစ္လိုက္တယ္ဆိုပါေတာ့။ဒါေပမယ့္ သူေနာင္တမရခဲ့ဘူး။ဆူး၊ေညွာင့္ခလုတ္တခုကိုရွင္းျပစ္လိုက္႐ုံပါဘဲ
အခုတခါ သားျဖစ္သူကပါသူ႕ကိုမခန႔္ေလးစားလာလုပ္ေနျပန္တယ္။ၾကည့္ရတာ ပတ္ခ္ခြၽဲမင္တို႔ေနာက္ လိုက္သြားခ်င္ပုံဘဲ
*ဒီတခါေတာ့ငါ့လက္နဲ႕အဆုံးသတ္ေပးမယ္...*
အသင့္ေဆာင္ထားတဲ့ေသနတ္တိုတလက္ကိုလွည့္ကစားရင္းအရာရွိႀကီးကေျခာက္ကပ္ကပ္ရယ္လိုက္သည္။လက္ေအာက္ငယ္သားႏွစ္ေယာက္ကေတာ့ အရာရွိႀကီးကိုေၾကာက္လို႔ ကုတ္ေခ်ာင္းေခ်ာင္းနဲ႕ျပန္ထြက္သြားခ်ိန္ စာဖတ္ခန္းေရွ႕မွာအသင့္ေစာငိ့ေနတဲ့ မမေလးနဲ႕တန္းတိုးေတာ့သည္။
အျပစ္လုပ္ထားသူေတြမို႔မလုံမလဲျဖစ္ေနၿပီးတေယာက္မ်က္ႏွာတေယာက္ၾကည့္ကာ တကိုယ္လုံးတုန္ရီလာသည္
*ငါနဲ႕ခဏလိုက္ခဲ့..*
*ဟို..*
*ငါ ႏွစ္ခါမေျပာဘူး..*
နဂိုကတည္းကမမေလးကိုရွိန္ရတာမို႔ ဆက္ၿပီးမထြန႔္မတက္ရဲေတာ့ေပ။အရာရွိႀကီးနည္းတူ မမေလးသည္လည္းအမိန႔္ေပးတက္သည္ ။
ၿခံေနာက္ဖက္ကိုေလွ်ာက္သြားတဲ့မမေလးကသစ္ပင္ေတြပိတ္ေပါင္းၿပီးေခ်ာင္က်တဲ့ေဒါင့္ေလးမွာရပ္လိုက္ၿပီး သူတို႔ကိုမခို႔တရို႔ေလးၿပဳံးျပလာသည္။ခ်စ္စရာအၿပဳံးမဟုတ္ဘဲ ေက်ာခ်မ္းစရာေကာင္းေနသည္။
*ေဖေဖ့လက္ေအာက္မွာအလုပ္လုပ္တာၾကာၿပီလား ..*
*ဟုတ္.ဟုတ္ကဲ့ ၾကာပါၿပီ မမေလး....*
*ဒါဆို ေဖေဖဘာလုပ္သလဲဆိုတာေျပာျပ..*
*ဗ်ာ.!*
မမေလးစကားကိုနားမလည္ဟန္ျဖင့္ေမာ့ၾကည့္လိုက္သည္။သူတို႔ကအရာရွိႀကီးရဲ႕လူယုံေတြေလ။ဘယ္လိုလုပ္ၿပီးေျပာျပလို႔ျဖစ္မွာလဲ။ေသခ်ာေပါက္ အသတ္ခံရမယ့္ကိန္းကို။
ျပန္မေျဖဘဲမလႈပ္မယွက္ရပ္ေနၾကတဲ့ ေဖေဖ့ရဲ႕လူယုံႏွစ္ေယာက္ေၾကာင့္ ဂေရ႕စ္ကက်စ္တခ်က္သတ္လိုက္သည္။လက္ပိုက္ထားၿပီးမ်က္ခုံးတဖက္ကိုတြန့္ခ်ိဳးကာ ဘာမထီမ်က္ႏွာမ်ိဳးနဲ႕ စိုက္ၾကည့္ေပးလိုက္ေတာ့ ေခါင္းငုံ႕က်သြားသည္။
လြန္ခဲ့တဲ့ရက္တခ်ိဳ႕က သူ(မ)ဆီကိုအဲလက္လာသြားတယ္။ဂ်ီမင္ မိဘေတြနဲ႕ပတ္သတ္တဲ့အေၾကာင္းရာအားလုံးကို ေျပာျပသြားၿပီးကူညီေပးဖို႔လည္းေတာင္းဆိုသြားတယ္။ထိုေန႕ကသူ(မ)အတြက္ေတာ့ ငရဲတမွ်ပါဘဲ။
သူ(မ)သိတဲ့ေဖေဖက ဒီလိုလူမ်ိဳးပါလားဆိုၿပီးမယုံနိုင္ျဖစ္ရတယ္။နားၾကားမွားတာထင္ၿပီး အဲလက္ကို အႀကိမ္ႀကိမ္ေမးခဲ့ေပမယ့္ အေျဖကေတာ့မေျပာင္းလဲခဲ့ပါ။ဂ်ီမင္ကို မ်က္ႏွာျပဖို႔ေတာင္မဝံ့ရဲေတာ့ဘူး။ပိရိလြန္းတဲ့ေဖေဖက သူ(မ)တို႔ကိုဘယ္အခ်ိန္ထိဖုံးကြယ္ဖို႔ႀကိဳးစားေနတာလဲ။အစကေတာ့အဲလက္စကားကိုသိပ္လက္မခံခဲ့ဘူး။အလိမ္ညာလား၊တကယ္လားဆိုတာသိရဖို႔ သူ(မ)စုံစမ္းခဲ့တယ္။ေဖေဖ့ရဲ႕အျပဳမႈေတြက္ုအကဲခတ္ရင္းကေန မူမမွန္တဲ့လကၡာဏာေတြ႕ခဲ့တယ္။ဒါကေတာ့ ေဖေဖ့ရဲ႕စာဖတ္ခန္းပါဘဲ။
ေဖေဖကသူ(မ)တို႔မသိေအာင္လွ်ို႔ဝွက္အခန္းထားထားတယ္ဆိုတာသိခဲ့ရၿပီး ထိုအခန္းထဲမွာေတာ့လက္နက္တခ်ိဳ႕ရွိေနသည္။အံ့ဩလြန္းလို႔ မ်က္ရည္က်သည္အထိဘဲ။ထိုျမင္ကြင္းကသူ(မ)ရင္ကိုအစိမ္းလိုက္ကြဲေစတယ္။ေဖေဖ့ကိုလမ္းမွားမေရာက္ေစခ်င္ဘူး။ဒါေၾကာင့္ အဲလက္ကိုကူညီဖို႔ဆုံးျဖတ္လိုက္တယ္။ေဖေဖသ္ိရင္ေတာ့
ေဒါသထြက္ေနေတာ့မွာဘဲ ။ဒါေပမယ့္လည္း က်န္ရွိေနမယ့္ သူ(မ)ရဲ႕ဘဝသက္တမ္းကိုေတာ့လိပ္ျပာသန႔္သန႔္နဲ႕ေနသြားခ်င္တယ္။
ဂ်ီမင္သိေနတယ္ဆိုေတာ့ အကိုလည္းသိၿပီးေရာေပါ့။သူ(မ)ကိုေတာ့မုန္းေနေတာ့မွာေသခ်ာတယ္။စိတ္ထားျဖဴစင္တဲ့ဂ်ီမင္ရဲ႕မ်က္ႏွာကိုျမင္ေယာင္တိုင္း အားနာစိတ္ဝင္ၿပီး ငိုခဲ့ရတဲ့ညေတြကို ေခါင္းအုန္းေလးသိပါတယ္ ။
*ဒါေတာ့ ကြၽန္ေတာ့္တို႔မလုပ္နိုင္ပါဘူး မမေလး...*
*ဘယ္ေလာက္လိုခ်င္လဲေျပာ။ေတာင္းသေလာက္ေပးမယ္..*
*တကယ္မရလို႔ပါ နားလည္ေပးပါ မမေလး...*
*ငါကလည္းသိခ်င္တာရွိရင္သိလိုက္ရမွေက်နပ္တာ။တကယ္မေျပာဘူးေပါ့....*
*ဟုတ္ကဲ့.!*
*အင္း.. တေယာက္ကအမယ္အိုနဲ႕ေနတယ္၊တေယာက္ကဇနီးသည္မွာရင္ေသြးလြယ္ထားရတယ္ ဟုတ္တယ္မလား...*
*..….......*
*ေနရာအတိက်သိထားတယ္။မိသားစုဝင္ေတြကိုဒုကၡေရာက္ေစခ်င္လား...*
*အဲလိုမလုပ္ပါနဲ႕ !ေတာင္းပန္ပါတယ္..*
*ဒါဆို ေျပာ.!*
ဂေရ႕စ္ကမ်က္ႏွာတည္တည္နဲ႕ေလသံကိုတင္းၿပီးေျပာလိုက္ေတာ့ပ်ာပ်ာသလဲေတာင္းပန္တာလာတဲ့ေဖေဖ့လူယုံႏွစ္ေၾကာင့္ သူ(မ)စိတ္မေကာင္းျဖစ္မိသည္။ေငြနဲ႕အာဏာကအရာရာဆိုတာကိုလည္းသေဘာေပါက္သြားသည္။ခိုင္းနာလုပ္၊ေပးတာယူဘဝနဲ႕ေနေနရတာဘယ္ေလာက္သနားဖို႔ေကာင္းလဲ။သူတို႔ခမ်ာမလႊဲသာလို႔လုပ္ေနရတာ ။တကယ္တမ္းျပႆနာတက္ခဲ့ရင္ေခါင္းခံေပးရမွာလည္းသူတို႔ဘဲ။
သူ(မ)ကေတာ့ေဖေဖ့လိုသနားညွာတာမႈကင္းတဲ့စိတ္ထားမရွိတဲ့အတြက္ သူတို႔ကိုစကားအျဖစ္ၿခိမ္းေျခာက္႐ုံပါ။ တကယ္မလုပ္ပါဘူး
*ဟို..ေျပာလိုက္လို႔ကြၽန္ေတာ့္တို႔တခုခုျဖစ္သြားရင္ေရာ...*
*အဲအတြက္ဘာမွစိတ္မပူနဲ႕ ငါအားလုံးစီစဥ္ထားၿပီးသား..!ဟုတ္ပီလား...*
*ဟုတ္ကဲ့ပါ....*
တကိုယ္တည္းမဟုတ္ဘဲမိသားစုရွိေသးတာေၾကာင့္ အရင္ႀကိဳေမးလိုက္ျခင္းျဖစ္သည္။ေနာက္ၿပီး အရာရွိႀကီးကသူတို႔ကိုဒီတိုင္းထားမယ္ထင္လား ။အသက္ကိုဖတ္နဲ႕ထုတ္ၿပီးဓားသြားေပၚေလွ်ာက္လွမ္းေနရတဲ့ဘဝေတြမို႔ တခုခုျဖစ္သြားမွေၾကာက္ရသည္။
သို႔ေပမယ့္ အမွန္တရားကိုေတာ့ၾကာၾကာဖုံးကြယ္နိုင္စြမ္းမရွ္ိေပ။တနည္းမဟုတ္၊တနည္းေတာ့သိမွာဘဲေလ။
အရာရွိႀကီး၏လူ႐ုံႏွစ္ေယာက္ကျဖစ္စဥ္အစအဆုံးကိုတခုမက်န္ေျပာျပလိုက္သည္။သူတို႔လည္းဒီအလုပ္ကိုဆက္မလုပ္ခ်င္ေတာ့ဘူးေလ။အရာရွိႀကီးကအက်ပ္ကိုင္ထားလို႔သူတို႔မလႈပ္ရဲတာ
*အားလုံးကအမွန္ေတြဆိုတာေသခ်ာလား..*
*ေသခ်ာပါတယ္ မမေလး ကြၽန္ေတာ္တို႔ေျပာတာအမွန္ေတြပါ..*
*ေကာင္းပီေလ .ဒီလိုဆိုေတာ့ငါ့ကတိကိုငါတည္ရမွာေပါ့...*
*ေက်းဇူးတင္ပါတယ္....*
ထိုလူႏွစ္ေယာက္ကိုလုံၿခဳံတဲ့ေနရတခုမွေခတၱသြားေနဖို႔မွာၾကားလိုက္သည္။ၿပီးေနာက္ ဂါဝန္အရွည္ကို မ,ကာ ဦးထုတ္အဝိုင္းကိုခပ္ငိုက္ငိုက္ေဆာင္းၿပီးတေနရာကိုဦးတည္ၿပီးထြက္ခဲ့လိုက္သည္။
အားလုံးအဆုံးသတ္ရေတာ့မွာပါ။...
____
*အဆင္ေျပရဲ႕လား ဂ်ီမင္ ...*
*အင္း...*
အားမရွိတဲ့ေလသံနဲ႕ျပန္ေျဖလာတဲ့ဂ်ီမင္ကိုၾကည့္ၿပီးအဲလက္သက္ျပင္းခ်လိဳက္သည္ ။ေျပာင္းလဲသြားတဲ့ဂ်ီမင္ပုံစံက အရင္ကထက္ပိုၿပီးဆိတ္ၿငိမ္သြားတယ္။မ်က္ဝန္းေတြကလည္းအသက္မဲ့ေနသလိုဘဲ။ႏႈတ္ခမ္းဖူးဖူးေလးကေတာ့ ၿပဳံးေယာင္သန္းလာဖို႔ေတာင္မေမွ်ာ္လင့္ရဲေတာ့ဘူး။
*ဂ်ီမင္ကိုသနားလိုက္တာ အဖိုးရယ္...*
*ဘယ္တက္နိုင္မလဲ ကံကိုဘဲအျပစ္ပုံရေတာ့မွာေပါ့...*
ႏွစ္က္ုယ္ၾကား႐ုံမွ်တီးတိုးေျပာေနၾကတဲ့အဖိုးနဲ႕ယန္ယန္သည္လည္းစိတ္မေကာင္းျဖစ္ရသည္။တရားခံကအရာရွိႀကီးဆိုေပမယ့္ ဂြၽန႔္ေဆာ့လည္းပါေနတယ္မဟုတ္လား။ျပစ္မႈ႕မျမႇောက္ေပမယ့္ ငယ္စဥ္ကတည္းကယုံၾကည္အားကိုးလာတဲ့ကေလးတေယာက္အေနနဲ႕ ဘယ္ေလာက္ေတာင္ခံစားရမလဲဆိုတာေတြးၾကည့္႐ုံနဲ႕သိသည္
ေဖေဖႀကီးကမင့္ကိုအရမ္းခ်စ္ၿပီးအလိုလိုက္တယ္'လို႔အၿပဳံးေလးနဲ႕ေျပာလာတိုင္းသူတို႔လည္းအေပ်ာ္ေတြကူးစက္ရသည္။
*အဆင္ေျပသြားမွာပါ မင္မင္ေလးရယ္ .*
*မင္လည္း အဲလိုဘဲျဖစ္ပါေစလို႔ ဆုေတာင္းပါတယ္.*
*ငါတို႔ရွိတယ္သိလား။ဘာမွအားမငယ္နဲ႕ ေနာ္..*
*အခူလည္းသက္ေသခိုင္လုံေနၿပီဆိုေတာ့အရာရွိႀကီးက္ိုဖမ္းလို႔ရၿပီေလ ..*
*ဂေရ႕စ္ကို မင္အားနာလို႔ပါ...*
*ဂေရ႕စ္ကသာ အားနာရမွာပါ ဂ်ီမင္ရယ္....*
တေယာက္တမ်ိဳးစီအားေပးစကားေျပာေနၾကတဲ့စကားဝိုင္းထဲကို ဂေရ႕စ္ကပါဝင္ေရာက္လာခဲ့တယ္။ဂ်ီမင္ကိုေတြ႕ေတာ့ ခ်က္ခ်င္းဘဲမ်က္ရည္ၾကည္ေတြဝဲတက္လာတယ္။အနားကို အေျပးသြားၿပီးဖတ္လိုက္ေတာ့ ႏွစ္ေယာက္စလုံးငိုၾကပါေလေရာ
အဲလက္၊ယန္ယန္နဲ႕အဖိုးကေတာ့ စိတ္မေကာင္းဟန္ျဖင့္မ်က္ႏွာလႊဲလိုက္ၾကတယ္။ျဖဴစင္လြန္းတဲ့ကေလးေတြက မိဘေတြေၾကာင့္မ်က္ႏွာပ်က္စရာျဖစ္ကုန္ၾကၿပီ။
*ဘယ္လိုလုပ္ၿပီးေရာက္လာတာလည္း ဂေရ႕စ္....*
*ဒီလိုဘဲေပါ့ ေတြ႕ခ်င္ေတာ့လည္းစုံစမ္းလာခဲ့တာ.*
*ဂေရ႕စ္ ေတာင္းပန္ပါတယ္ ဂ်ီမင္ရယ္။စိတ္ရင္းနဲ႕ပါ..အႏူးၫႊတ္ေတာင္းပန္ပါတယ္...*
*ဘာလို႔လဲဂေရ႕စ္ရဲ႕..*
*ေဖေဖ့လုပ္ရက္ကခြင့္လႊတ္ေပးနိုင္စရာမဟုတ္ေပမယ့္ တကယ္ေတာင္းပန္ပါတယ္...*
*မင့္ကိုေဝခြဲရခက္ေအာင္လုပ္ေနတာဘဲ..*
*ဟင့္အင္း..!ဂ်ီမင္ ေတြေဝစရာမလိုဘူး။စိတ္ရွိတိုင္းသာရဲရဲဆုံးျဖတ္ပါ။ဂ်ီမင္အေျဖကို ဂေရ႕စ္တို႔နာခံပါမယ္...*
မ်က္ရည္အ႐ႊဲသားနဲ႕ရွိုက္ငင္သံေတြထြက္လာတဲ့ဂေရ႕စ္ကို ဂ်ီမင္မၾကည့္ေတာ့ေပ ။အခုခ်ိန္ထိသူဆုံးျဖတ္ဖို႔ခက္ခဲေနတုန္းဘဲ ။အားလုံးကသူခ်စ္ခင္ရတဲ့လူေတြႀကီးဘဲမဟုတ္လား။ကိုကိုကသူအရမ္းခ်စ္ရတဲ့ခ်စ္သူ။ဂေရ႕စ္ကလည္း ေမာင္ႏွမလိုရင္းႏွီးရတဲ့မိတ္ေဆြတေယာက္။ဘယ္အရာကိုဆုတ္ကိုင္ၿပီး ၊ဘယ္အရာကိုလႊတ္ခ်လိဳက္ရမလဲ ။
ရင္ထဲမခ်ိတင္ကဲျဖစ္လာလို႔ ထိုင္ေနရာကေန,ထ လိုက္ၿပီးထြက္ေျပးလာလိုက္သည္။အဖိုးတို႔ေအာ္သံက္ုလည္းသူမၾကားခ်င္ေယာင္ေဆာင္ၿပီးအားလုံးနဲ႕ေဝးရာကို ေျခသုတ္တင္ၿပီးေျပးေတာ့သည္ ။ေမာဟိုက္လာတဲ့ရင္အစုံနဲ႕ နားထင္စပ္ကေနစီးက်လာတဲ့ေခြၽးစက္တို႔ကို လက္နဲ႕စမ္းမိေတာ့မွ အရိပ္တခုေအာက္မွာ ဝင္နားလိုက္သည္
အေနာက္ကိုလွည့္ၾကည့္ေတာ့ ဘယ္သူမွလိုက္မလာေပ။ထိုမွသာ ဂ်ီမင္လည္းအသက္ကိုဝဝရႈလိုက္ၿပီး တင္းခံထားတဲ့စိတ္ကိုေလ်ာ့ခ်လိဳက္သည္ ။အသံတိတ္ေနေပမယ့္ အဆင္မျပတ္စီးက်လာတဲ့ မ်က္ရည္ေတြကေတာ့အထိန္းကြပ္မဲ့ေနခဲ့သည္။ဒီေန႕ဘဲ သူငိုေတာ့မယ္။သူ႕မ်က္ရည္ေတြကို ဆက္ၿပီးမက်ဆင္းေစေတာ့ဘူး။ဒီတရက္ေတာ့ဝေအာင္ငိုပါရေစ...
*ထပ္ဆုံျပန္ၿပီေနာ္ အရာရွိႀကီး ..*
*မင္းကသတၱိခဲေလးဘဲ..*
*ဒါေပါ့.!ပတ္ခ္ခြၽဲမင္ရဲ႕သားဘဲ...*
*အဟား!.ဒါေပမယ့္ မင္းလည္းမင္းမိဘေတြလိုဘဲငါ့လက္ထဲမွာေသရမွာေလ..*
*အခြင့္ေရးဆိူတာႏွစ္ခါမရဘူး အရာရွိႀကီး။ေဖေဖတို႔လိုမ်ိဳး မင့္ကိုသတ္လို႔ရမွာမဟုတ္ဘူး...*
*ဘာလို႔မရရမွာလဲ.!ငါမလုပ္နိုင္တာဘာမွမရွိဘူး...။ငါ့မွာေငြရွိတယ္၊ရာထူး အာဏာရွိတယ္...*
*ဂုဏ္ဆိုတာအေပၚယံပကာသနတခုဘဲ ..ဒါကိုအရာရွိႀကီးေမ့ေလ်ာ့ေနပုံဘဲ။လူတေယာက္မွာ အေရးႀကီးဆုံးကစိတ္ဓာတ္ဘဲ..*
*စိတ္ဓာတ္မေကာင္းရင္ ဘယ္ေလာက္ဘဲေငြေၾကးျပည့္စုံေနပါေစ လမ္းေဘးကသူဖုံးစားေလာက္ေတာင္ေတာက္ေျပာင္မွာမဟုတ္ဘူးဆိူတာ သိရဲ႕လား....*
*မင္းကမ်ား.!*
ဂ်ိီမင္စကားေၾကာင့္အရာရွိႀကီးကအနာေပၚတုတ္က်သြားသလိုစပ္စပ္ခါေနေတာ့သည္။ေအးစက္တဲ့မ်က္ႏွာထားနဲ႕ဂ်ီမင္ကေတာ့ မဲ့ၿပဳံးတခုကိုဟန္ပါပါခ်ိတ္ဆြဲရင္း အရာရွိႀကီးရဲ႕ျဖစ္ပ်က္ပုံကို အရသာခံၿပီးၾကည့္ေနလိုက္သည္။
က်ယ္ေလာင္သြားတဲ့အသံေၾကာင့္ ၿခံထဲကေနခိုးနားေထာင္ေနၾကတဲ့ ဂေရ႕စ္သည္လည္းလႈပ္လႈပ္ရွားရွားျဖစ္သြားသည္။ဂ်ီမင္တေယာက္ထဲ ေဖေဖနဲ႕ထိပ္တိုက္ေတြ႕ေနတာ။ေဖေဖ့ဆီကဝန္ခံခ်က္ရၿပီဆိုတာနဲ႕ သူတို႔အားလုံးဝင္ၿပီး ဖမ္းခ်ဳပ္လိုက္႐ုံဘဲ။
အကိုေဂ်ာင္ဂုကေတာ့ ၿမိဳ႕ေတာ္ဝန္ျဖစ္တာေၾကာင့္ကိုယ္တိုင္လာဖို႔မလြယ္ေပ။ခဏအၾကာေလာက္ဆိုရင္ ေဂ်ာ့ခ္ ကိုလႊတ္ေပးလိုက္မယ္လို႔ေတာ့မွာသြားတာဘဲ။ဂ်ီမင္ကိုလည္း ဘာထိခိုက္ဒဏ္ရာမွမရေအာင္ ေစာင့္ၾကည့္ထားေပးပါတဲ့ေလ။သူ(မ)အျဖစ္ကရယ္စရာေကာင္းမေနဘူးလား။ဖခင္ကိုဖမ္းဖိူ႕အင္တိုက္အားတိုက္ကူညီေပးေနတာ။
*ေဖေဖတို႔ကိုသတ္တယ္ဆိုတာ ဝန္ခံၿပီမလား....*
*.....*
*ဘာေၾကာင့္မ်ားအဲေလာက္ထိလုပ္ရက္တာလဲ.!*
*ဒါကေတာ့မင္းအေဖရဲ႕လွ်ာရွည္မႈေၾကာင့္ဘဲ။ငါ့ဘဝထဲကိုဝင္လာတဲ့ဆူးျငႇောင့္မွန္သမွ် ရွင္းပစ္ဖို႔ဝန္မေလးဘူး..*
*ခင္မ်ားကလူယုတ္မာဘဲ.!*
*ေအး.!အဲေတာ့ဘာျဖစ္လဲ...*
မေလွ်ာ့ေသာအသံေတြနဲ႕တေယာက္တခြန္းေအာ္ဟစ္ေနၾကတဲ့ အရာရွိႀကီးနဲ႕ဂ်ီမင္ကမၾကာခင္ေပါက္ကြဲထြက္ေတာ့မယ့္ မီးေတာင္တခုအလားဘဲ။
ဂ်ီမင္ကအံကိုႀကိတ္ကာလက္သီးေသးေသးေလးကိုတင္းေနေအာင္ဆုတ္ကိုင္ထားၿပီး မ်က္ႏွာကလည္းနီရဲတက္လာသည္ ။ခံျပင္းလြန္းလို႔ ေသေတာ့မလိုဘဲ။သူ႕စိတ္ေတြအထိန္းကြပ္မဲ့ေနခဲ့ၿပီ။
စိတ္ရွိတိုင္းဆိုအရာရွိႀကီးကိုတခုခုလုပ္မိမယ္ထင္တယ္။ဒါေပမယ့္ သူ႕အမွားကေနကိုယ့္အမွားျဖစ္သြားမွာဆိုးလို႔ ေဒါသကိုေျဖခ်လိဳက္သည္။
*အဲေတာ့ဘဝေနဝင္ခ်ိန္အထိ အလုပ္ၾကမ္းလုပ္ၿပီးသံတိုင္ၾကားမွာကုန္ဆုံးလိုက္ေပါ့ ..*
*ဘယ္ေတာ့မွျဖစ္လာမွမဟုတ္ဘူး.!*
*ကိုယ့္ကိုကိုယ္အထင္ႀကီးလြန္းမေနဘူးလား အရာရွိႀကီး..!*
*မင္းလိုကေလးသာသာေကာင္ေလးကငါ့ကိုဖမ္းမယ္တဲ့လား။အဟား..!ရယ္ရတယ္....*
*အျပင္ကသူဝင္လာေတာ့.!*
ေျခခ်ိတ္ထိုင္ကာဂ်ီမင္ကိုေလွာင္ရယ္ေနတဲ့အရာရွိႀကီးက ဧည့္ခန္းထဲကိုဝင္လာတဲ့အရိပ္ေလးေၾကာင့္အၿပဳံးတို႔ရပ္တန႔္သြားသည္။
*ဂေရ႕စ္.!သမီးကဘာလာလုပ္တာလဲ...*
*ဂေရ႕စ္ အားလုံးသိၿပီးၿပီ ေဖေဖ..*
*ဘာ.!ဘယ္တုန္းကလဲ.!ဟမ္.*
*ဘာေတြသိထားတာလဲ.!*
*အားလုံးဘဲ .!ေဖေဖ့လုပ္ရက္အားလုံးကို ဂေရ႕စ္သိၿပီးၿပီ..*
ဂေရ႕စ္ကစို႔နစ္တဲ့အသံနဲ႕ေျပာလိုက္ေတာ့ အရာရွိႀကီးရဲ႕မ်က္ႏွာပ်က္က်သြားသည္။ဒါကိုဂ်ီမင္ကေတာ့ ျပကြက္တခုကိုစိတ္ေျပနေျပထိုင္ၾကည့္ေနသည္။သားဖႏွစ္ေယာက္ စိတ္ႀကိဳက္ေျပာၾကပါေစ။မၾကာခင္ဆို ခြဲရေတာ့မွာမဟုတ္လား။သူ႕လိုေသကြဲမဟုတ္ေပမယ့္လည္းေပါ့။
*သမီးကဘာသိလို႔ ဒီေကာင္ေလးဘက္ကကာေပးေနတာလဲ..*
*ေဖေဖ.!အခုခ်ိန္ထိအသိတရားမရေသးဘူးလား။ဒီေလာက္နဲ႕ဘဲရပ္ပါေတာ့..*
*ဂေရ႕စ္ ေတာင္းပန္ပါတယ္.*
*ငါ့ကိုအမိန့္လာမေပးနဲ႕ဂေရ႕စ္ .!အလိုလိုက္ထားလို႔ ကမ္းတက္လာရင္ ငါကသမီးဆိုၿပီးညွာေနမွာမဟုတ္ဘူးေနာ္...*
*လုပ္လိုက္.!ေဖေဖ့စိတ္ႀကိဳက္ဂေရ႕စ္ကိုအျပစ္ေပးလိုက္.!ဒါေပမယ့္ ဂေရ႕စ္ကေတာ့အမွန္တရားဘက္ကရပ္တည္ေပးေနမွာဘဲ...*
*ဂေရ႕စ္.!*
အရာရ္ွႀကီး၏ဇနီးကေတာ့မ်က္ရည္ေလးစမ္းတမ္းစမ္းတမ္းနဲ႕ သားဖႏွစ္ေယာက္ၾကားမွာဗ်ာမ်ားေနရသည္ ။သမီးကလည္းငိုေႂကြးၿပီး စိတ္ထဲရွိသမွ်ဖြင့္အံထုတ္ေနသလို ေဒါသႀကီးတဲ့ေယာက်ာ္းကလည္း အေလ်ာ့မေပးဘဲ နီးရာပစၥည္းေတြကိုထုခြဲေနသည္
*သြား.!ေခၚသြားစမ္း ငါ့မ်က္စိေရွ႕ထပ္မေပၚလာနဲ႕.!*
*ေဖေဖ.!*
*သြားလို႔ေျပာေနတယ္ေလ.!ဘယ္ေရာက္ကုန္ပီလဲ အလုပ္သမားေတြ သူ႕ကိုေခၚသြားၾကစမ္း...*
*ဖယ္.!ငါ့အသားကိုမထိနဲ႕ ေနာ္...*
*ေတာင္းပန္ပါတယ္ မမေလး..*
အိမ္အကူမိန္းကေလးေတြရဲ႕လက္ထဲကိုယက္ကန္ယက္ကန္နဲ႕ပါသြားတဲ့ ဂေရ႕စ္က အတင္းဘဲ႐ုန္းကန္ေနေတာ့သည္။ဂ်ီမင္ကိုလည္းသမင္လည္ျပန္ၾကည့္ရင္း မ်က္ဝန္းကေနတဆင့္အထပ္ထပ္ေတာင္းပန္ေနသည္။အေပၚထပ္ကိုေရာက္တာနဲ႕ သူ(မ)ကို အခန္းထဲတြန္းပို႔ကာ အျပင္ကေန ေသာ့ပိတ္ထားလိုက္သည္။
*တံခါးဖြင့္ေပးလိူ႕..!ေမေမ ဂေရ႕စ္ကို တံခါးဖြင့္ေပးပါ..!*
*င့ါအေၾကာင္းသိတယ္ေနာ္.!နင္တို႔ေတြ ငါထြက္လာရင္မလြယ္ဘူး.!*
*ေမေမ ဂေရ႕စ္ေတာင္းပန္ပါတယ္ ။တံခါးဖြင့္ေပးပါ...*
တခဏျခင္းဆိုသလိုဆူညံပြက္ေလာရိုက္သြားတဲ့အိမ္ေလး။တံခါး႐ြက္ကိုတဘုန္းဘုန္းထုရင္း အသံတိမ္ဝင္တဲ့အထိေအာ္ေနေပမယ့္ မည္သူကမွအဖတ္မလုပ္ေပ။သို႔ေပမယ့္ အလုပ္သမားေတြနဲ႕ သူ(မ)ေမေမကေတာ့ အခန္းေရွ႕မွာေဆာင့္ေၾကာင့္ထိုင္ခ်ရင္းအသံတိတ္ငိုေနတယ္ဆိုတာကိုေတာ့ ဂေရ႕စ္ မသိခဲ့ေပ။ဂေရ႕စ္ေမေမကလည္းခင္ပြန္းသည္ေဒါသထြက္ရင္ေၾကာက္တယ္ေလ။
*အဲတာ မင္းေၾကာင့္.!*
*ေဟာ.!မင္ ဘာလုပ္လို႔လဲ အရာရွိႀကီးရဲ႕.!*
*မင္း ငါ့သမီးကို စည္း႐ုံးခဲ့တယ္မဟုတ္လား ဟမ္.!*
*မဟုတ္တာဘဲ အရာရွိႀကီးရယ္..!မင့္ကိုမစြပ္စြဲပါနဲ႕..*
အရာရွိႀကီးကို ခနဲ႕ေနတဲ့ဂ်ီမင္ကပုခုံးကိုတြန႔္ျပလိုက္ရင္း ႏႈတ္ခမ္းေလးဆူေထာ္ျပေတာ့ စားပြဲကိုလက္နဲ႕ထုခ်လိဳက္တဲ့အရာရွိႀကီးေၾကာင့္ ကိုယ္ေလးတခ်က္တုန္တက္သြားသည္ ။အနားမွာဘယ္သူမွမရွိဘဲ ဒီလိုေတြေျပာဆိုေနတာ သူမေၾကာက္ဘဲေနမလား။အထူးသျဖင့္ ကိုကို မရွိေတာ့ သူပိုၿပီးအားငယ္ရသည္ ။သို႔ေပမယ့္ ကို႔ယ္အားကိုယ္ကိုးတက္ရမယ္ဆိုၿပီး ႏွလုံးသြင္းကာ ေၾကာက္စိတ္ကိုဖယ္ခြာလိုက္သည္။
*မင္းကေခသူမဟုတ္ဘူးဘဲ ။အေကာင္ေသးေပမယ့္ အဆိပ္ျပင္းပါလား...*
*ဒါေပါ့.!မင္က ေရေႁမြေလ..*
*ဟုတ္လား ဒါဆိုလည္းေရေႁမြေလးကို ဇီဝိန္ေႁခြေပးရမွာေပါ့....*
ခန႔္မွန္းရခက္တဲ့မ်က္ႏွာေဘးနဲ႕ အရာရွိႀကီးကထိုင္ရာမွ ထ,ကာသူ႕အနားကိုေလွ်ာက္လာၿပီး မ်က္လုံးခ်င္းဆုံလာသည္။အၾကည့္ေတြကခက္ထန္ေနၿပီး မေကာင္းတဲ့အေငြ႕သက္ကိုခံစားရသည္။
*ကစားပြဲေလးစ လိုက္ၾကမလား..*
*ဒီတခါေတာ့အနိုင္၊အရႈံးထြက္ၿပီေပါ့..*
*ဘာကိုကစားပြဲလဲ.!အရာရွိႀကီးကေသြးေလေျခာက္ျခားေနတာဘဲ....*
*ေၾကာက္ေနတာလား...*
*မင္ ကလား.!အဟား..!ဘယ္သူ႕ကိုဘာလုပ္ထားလို႔ မင္ကေၾကာက္ရမွာလဲ။အရာရွိႀကီးသာ ကိုယ့္အပစ္ကိုမျမင္ဘဲ အမွားထပ္လုပ္ဖို႔စဥ္းစားေနတာမလား..!*
*မင္းကငါေမြးရင္ငါ့သားအ႐ြယ္ဘဲရွိတယ္။သိပ္ၿပီးအတင့္မရဲနဲ႕.....*
အရာရွိႀကီးကအံႀကိတ္သံနဲ႕ေျပာလိုက္ၿပီးဂ်ီမင္မ်က္ႏွာကိုဖ်စ္ညွစ္လိုက္သည္။ႏူးညံ့တဲ့အသားရည္ကသူ႕လက္ထဲမွာေပ်ာ္ဝင္သြားသည္။ရဲတက္လာတဲ့ပါးျပင္ကိုၾကည့္ၿပီး ဟက္ခနဲ တခ်က္ရယ္လိုက္သည္။
သူရိုက္ရင္တခ်က္စာဘဲရွိတဲ့ကေလးကမ်ား မေၾကာက္မလန႔္နဲ႕သူ႕ကိုလာဆြရဲတယ္။အာဂသတၱိခဲေလးဘဲ။
*သားငယ္...*
ဂ်ီမင္နဲ႕အၾကည့္ခ်င္းစစ္ထိုးေနခ်ိန္ အိမ္ထဲကိုတေရာေသာပါးေျပးဝင္လာတဲ့ ဂြၽန္ေဆာ့ကအသံက်ယ္က်ယ္နဲ႕ေခၚလိုက္ေတာ့ အရာရွိႀကီးကမ်က္ခုံးကိုတြန့္ခ်ိဳးလိုက္သည္ ။သူ႕လုပ္ရက္ကိုသိထားတဲ့သူေတြထဲမွာ ဂြၽန္ေဆာ့ပါေနတယ္ဆိုတာ ေမ့ေလ်ာ့ေနခဲ့တာဘဲ။
ဒီကိစၥက ဂြၽန္ေဆာ့စနက္ဆိုတာ ေျပးၾကည့္စရာမလိုဘဲ ေတြးၾကည့္႐ုံနဲ႕သိနိုင္သည္ ။
*ေဖေဖႀကီးဘာလာလုပ္တာလဲ.ေနမေကာင္းေသးတာကို...*
*သားငယ္ကိုစိတ္ပူလို႔ပါ..*
*ရတယ္ မင္ ကိုယ္ကို႔ကိုယ္ကာကြယ္နိုင္တယ္...*
သားငယ္စကားေၾကာင့္ ဂြၽန္ေဆာ့ရင္ထဲစူးခနဲဘဲ။သို႔ေပမယ့္ ေအာင့္တက္လာတဲ့ရင္ဘက္ကိုလ်စ္လ်ဴရႈလိုက္ၿပီး အေႏြးေထြးဆုံးၿပဳံးျပလိုက္တယ္။သားငယ္ကသူ႕ကိုစိတ္ဆိုးေနလို႔ ဒီလိုေျပာတာပါ။သူ႕ကိုအရမ္းခ်စ္တာ သိတာေပါ့။
အေကာင္းဘက္ကိုျဖည့္ေတြးေပးလိုက္ၿပီး သားငယ္အနားကိုတိုးကပ္သြားေတာ့ သူ႕ကိုေရွာင္ဖယ္သြားသည္။အေနာက္ကိုဆုတ္သြားတဲ့သားငယ္ကသူ႕ကိုမၾကည့္ဘဲ ၾကမ္းျပင္ကိုသာအၾကည့္ပို႔ထားသည္။
*ငါ့အိမ္မွာလာၿပီးအလြမ္းသယ္ေနတာလား....*
*ေနေကာင္းပါရဲ႕လား ၿမိဳ႕စားမင္ခင္မ်ာ..!*
အရာရွိႀကီး၏ခပ္႐ြဲ႕႐ြဲ႕စကားေၾကာင့္ ဂြၽန္ေဆာ့သက္ျပင္းခ်လိဳက္သည္။မေကာင္းတာလုပ္တဲ့သူကဘယ္ေတာ့မွအသိတရားမဝင္ဘူးဆိုတာမွန္တယ္။သူတို႔မဆုံးရႈံးရသေ႐ြ႕ေပါ့ ..
*ေအးေအးေဆးေဆးအဖမ္းခံလိုက္ပါ အရာရွိႀကီး...*
*မင္းေရာအတူလိုက္ခဲ့ေလ...*
*ေဖေဖႀကီးကဘာကိစၥလိုက္ရမွာလဲ။မင့္ မိဘေတြကိုသတ္တာခင္မ်ားေလ.!*
*ဒါေပမယ့္ တရားခံကိုကာကြယ္ေပးထားလို႔ မင္းရဲ႕ခ်စ္လွစြာေသာေဖေဖႀကီးမွာလည္းအျပစ္ရွိတယ္..*
အမွန္တရားမို႔ ဘာအသံမွမထြက္ေတာ့ေပ။လက္ခုပ္ဆိုတာႏွစ္ဖက္တီးမွျမည္တာေလ။
အားလုံးကၾကည္ျဖဴလို႔တလမ္းထဲေလွ်ာက္ခဲ့ၾကတာကို အခုမွသူ႕တေယာက္ထဲအပစ္ေပးလို႔ရမလား။ေသရမယ္ဆိုရင္လည္း အားလုံးကိုေခၚသြားမွာ
*ေရာ့!ဒီစာ႐ြက္ထဲမွာေဖေဖႀကီးနာမည္ပါလားဆိုတာၾကည့္လိုက္...*
*.......*
အသင့္ယူေဆာင္လာတဲ့ အမႈစာ႐ြက္ကို ဂ်ီမင္ကထုတ္လိုက္ၿပီး အရာရွိႀကီးအေရွ႕ကိုပစ္ခ်ေပးလိုက္ေတာ့ တအံ့တဩနဲ႕ၾကည့္ေနသည္ ။ေဖေဖႀကီးကိုေတာ့ ကာကြယ္ေပးပါ့မယ္။ဒါကသူလုပ္ေပးနိုင္တဲ့ေနာက္ဆုံးနည္းလမ္းဘဲ။အျပစ္ရွိတယ္ဆိုေပမယ့္ သူ႕ကိုေကြၽးေမြးေစာင့္ေရွာက္လာတဲ့ ေက်းဇူတရားကိုငဲ့ကြက္ၿပီး အမႈကလြတ္ေအာင္ သူႀကိဳးစားေပးခဲ့တယ္။
သူနဲ႕အတူ အဲလက္ကအတူပူးေပါင္းေပးခဲ့တာပါ။အဲလက္အေဖ ၿမိဳ႕ေတာ္ဝန္ေဟာင္းဆီကအကူညီနဲ႕ေပါ့။ဒါကိုေတာ့ သူနဲ႕အဲလက္ကလြဲရင္မည္သူမွမသိေခ်။
*ေစာ/က္႐ူးေတြဘဲ.....*
*ဘယ္လိုလဲ အရာရွိႀကီး...!*
*ခဏေနရင္ ႐ုံးေတာ္ကလာေတာ့မွာမို႔လို႔အဆင္သင့္ျပင္ထားလိုက္ပါ....*
*ဒါဆိူျပန္လိုက္ပါအုန္းမယ္ေနာ္.!မၾကာခင္ ျပန္ေတြ႕ၾကတာေပ့ါ...*
ဂ်ီမင္ကေျပာၿပီး တြန့္ေၾကသြားတဲ့အကၤ်ီကိုျပန္ဆြဲခ်ကာ အၿပဳံးေလးနဲ႕အတူ အရာရွိႀကီးကို ခါးကိုင္းၿပီးတရိုတေသနဲ႕ႏႈတ္ဆက္လိုက္သည္။ဒါကေနာက္ဆုံးေတြ႕ဆုံျခင္းပါဘဲ။
သူလုပ္သင့္တာကိုလုပ္ခဲ့ၿပီးၿပီျဖစ္လို႔က်န္ေသးတဲ့အပိုင္းကိုလည္းအဆုံးသတ္ဖို႔လုပ္ရမယ္။အခ်ဳပ္ေႏွာင္ေတြကို အျမစ္ျဖတ္ၿပီးအေဝးတေနရာကိုထြက္သြားဖို႔ဆုံးျဖတ္ထားတယ္။
*အဟား.!ေလာကႀကီးကိုလြယ္လြယ္အရႈံးေပးတဲ့ထဲမွာ ငါမပါဘူး.!*
*အိပ္ေနတဲ့နဂါးကိုပုတ္ႏွိုးမွေတာ့ အေမာက္ေထာင္ျပရတာေပါ့..*
*ငရဲကိုသြားလိုက္ေတာ့ !*
ဒိုင္း.!ဒိုင္း.!
*ဂ်ီမင္.!*
*သားငယ္.!*
အဆုံးသတ္မွာ သူဘဲနိုင္ရမယ္ဆိုတဲ့စိတ္နဲ႕ အေမွာင္ေတြဖုံးလႊမ္းေနတဲ့အရာရွိႀကီးက အသင့္ေဆာင္ထားတဲ့ ေသနတ္တိုတလက္ကိုခါးကေနထုတ္ကာ ေသခ်ာခ်ိန္႐ြယ္ၿပီးပစ္လိုက္သည္။လက္ကလည္းတန္းေနေရာဘဲ။ႏွစ္ခ်က္ဆိုေတာ့ အသက္ရွိပါ့ေတာ့မလား.!
သူေက်နပ္တယ္ေလ။လုပ္ခ်င္တာလုပ္လိုက္ရလို႔ ေနာင္တမရဘူး။
က်ယ္ေလာင္တဲ့ေသနတ္သံနဲ႕အတူ အိမ္ေပၚကေနေျပးဆင္းလာတဲ့ဂေရ႕စ္သည္လည္းေသြးအိုင္ထဲမွာလဲေလ်ာင္းေနသူေၾကာင့္ ပါးစပ္အေဟာင္းသားျဖစ္ရသည္။ဂါဝန္ကိူ မ,ကာအျမန္သြားလိုက္ေတာ့ မလႈပ္မယွက္ရပ္ေနတဲ့ ေဖေဖကတဟားဟားနဲ႕ေအာ္ရယ္ေနသည္။စိတ္လြတ္သြားတာလား
ထိုအခ်ိန္ ၿခံထဲကိုထိုးစိုက္လာတဲ့ဂ်စ္ကားေတြနဲ႕အတူ ေျခလွမ္းက်ဲႀကီးေတြနဲ႕အိမ္ထဲကိုဝင္လာတဲ့ အကိုေဂ်ာင္ဂုနဲ႕႐ုံးေတာ္ကလူေတြ။
*ကေလးငယ္.!*
မလွပတဲ့ျမင္ကြင္းကသူ႕ကိုဆီးႀကိဳးေနေတာ့ ရင္ကြဲရတာေပါ့။ကံၾကမၼာရဲ႕လွည့္ကြက္ကျပင္းထန္လိုက္တာ။ဘဝတစ္ဆစ္ခ်ိဳးကိုဒီလိုျဖစ္ေအာင္ ေျပာင္းလဲပစ္လိုက္တဲ့ ကံၾကမၼာကိုအပစ္ဖို႔ရင္း ငိုေႂကြးရတဲ့ေန႕ေလး။အားလုံးအဆုံးသတ္ေတာ့မွာပါ...
_______
၁၀.၇.၂၃
Kelly
Thankful my readers 🤍
-------