Camping နေရာလေးကထွက်ခွာလာသည့်အိမ်အပြန်ကားပေါ်၌ -
"အန်တီ ပျို့ကိုယူရမယ်"
"ဘယ်လို ! ၊ ဟင့်အင်း ဟင့်အင်း မဖြစ်နိုင်ဘူး"
"ပျိုအန်တီ့ကို .. ယူမယ်"
ကားအတွင်းလို့လေအေးများဝင်ရောက်နေသော်
လည်းပဲကျွန်မစိတ်ဟာမရွှင်လန်းနိုင်ပဲရှိနေရ၏။
"ဘယ်လိုရေစက်ကြီးလဲပျို .."
ထိန်းထားသည့်ကြားကကျွန်မအသံဟာတုန်လာ၍ဝမ်းနည်းမိလာတယ်။ကားဘရိတ်ဆောင့်နင်းလိုက်ခြင်းကြောင့်ကိုယ်လုံးဟာယိမ်းသွား၍လက်ကိုင်ကိုလှမ်းဆွဲထားလိုက်ရ၏။
"ဟူး ..."
သက်ပြင်းချလိုက်၍ရင်ထဲကလေပူများကိုပျိုက
မှုတ်ထုတ်လိုက်တယ်။ကျွန်မကိုကြည့်၏။
"ကားပေါ်ကဆင်းချင်လား .. အန်တီ"
တစ်ချက်တွေဝေပြီးမှပျိုကဒီစကားကိုဆို၏။
ငြိမ်သက်နေတဲ့ကျွန်မဟာပျို့မျက်ဝန်းတွေကိုငေးနေမိလေတယ်။မျက်ရည်စတွေကပ်ညိနေတဲ့အဲ့ဒီမျက်ဝန်းတွေကို။
"ဆင်းတော့ ! နောက်လည်းဘယ်တော့မှမတွေ့ဘဲနေကြမယ် .. ပျိုအန်တီ့ကိုမုန်းတယ်"
ကားတံခါးကိုဆွဲဖွင့်ပြီးကျွန်မကိုဆင်းခိုင်း၏။
ကျွန်မငြိမ်သက်နေဆဲ။
"ခင်ဗျားကိုသေလောက်အောင်မုန်းတယ်လို့ ..
ပြောနေတယ်လေ ! မကြားဘူးလား !"
"ကြားပါတယ် .. တို့ကြားတယ်"
နှလုံးသားကိုအပ်နဲ့အခါခါအဆွခံလိုက်ရသလို
တစ်ဆစ်ဆစ်နာကျင်စေတဲ့ဒီလိုစကားမျိုးကိုမကြားဘဲနေမလား။
ကျွန်မကားပေါ်ကဆင်းလိုက်၏။
"ဝဋ်ကြွေးကုန်ပြီ ဒေါ်ကျူးရင့်ခြယ် ..
ခင်ဗျားမျက်နှာလည်းဒီတစ်သက်မမြင်ချင်ဘူး"
ဝမ်းနည်းစိတ်ဟာဘယ်လိုမှအတောသတ်လို့မရ။
မေ့ပစ်ချင်သည်။ကျွန်မခေါင်းထဲကအရာအားလုံးကိုထုတ်ပစ်လိုက်ချင်သည်။
ဦးခေါင်းခွံကိုခွဲပြီးဦးနှောက်ကိုထုတ်ထားလိုက်ချင်သည်။ရင်ဘတ်ကိုခွဲပြီးနှလုံးသားကိုထုတ်ထားလိုက်ချင်သည်။
"အန်တီ ပျို့ကိုချစ်တယ်"
"မပြောနဲ့ .. မပြောရဘူး! ပျိုမကြားဘူး!"
"ချစ်တယ်ပျို"
"တီ တီ တီ!!!"
ကားဟွန်းကိုဦးခေါင်းနဲ့ပစ်တိုက်လိုက်သည့်ပျိုဟာမျက်ရည်တွေဘာလို့ကျနေရတာလဲ။
"ချစ်တယ်လို့ကြားရတာအဲ့လောက်တောင်
နာကျင်ရလားဟင်"
"ခင်ဗျားဘာသာလမ်းလျှောက်ပြန်တော့"
ပြောပြီးတာနဲ့ကားကို'ဝူး'ခနဲမောင်းထွက်သွား
လေတော့သည်။
ပါးပြင်ပေါ်အစီးလိုက်ကျနေတဲ့မျက်ရည်တွေကို
လက်ဖမိုးဖြင့်သုတ်၍၊သုတ်၍ကလေးငယ်တစ်ယောက်လိုကျွန်မအော်ဟစ်ငိုယိုမိတယ်။
"ဟေး တစ်ယောက်ထဲလား လိုက်မလား"
"ငိုနေတာလား .. ချော့ပေးမယ်လေ"
ကျွန်မဒူးတွေပြိုလဲချင်နေလေပြီ။ခြေဖဝါးတို့နာကျင်လာသထက်နာကျင်လာပေမယ့်ရင်ဘတ်
ကြီးနာတာကိုမှီမယ်မထင်။
သွားကြပါတော့။ကျေးဇူးပြုပြီးကျွန်မအနားကနေထွက်သွားပေးကြပါ။
သူတို့ကားကလမ်းလျှောက်နေတဲ့ကျွန်မအနားကပ်၍ဖြေးဖြေးလေးမောင်း၏။မျက်ရည်တွေကြားကအရှေ့မှာဘာရှိနေမှန်းမသဲမကွဲဖြင့်စမ်းတဝါးဝါးရှေ့တိုးမိသည်။
ကားမောင်းထွက်သွားလေတော့ပြီ။ကျွန်မကတော့တစ်ကိုယ်တည်းလမ်းမပေါ်မှာလမ်းလျှောက်ဆဲ။ဘယ်နေရာရောက်နေမှန်းမသိသလိုဘယ်ကိုသွားရမယ်မှန်းလည်းမသိ။ဒီအတိုင်းပဲ .. ဒီအတိုင်းလေးပဲလမ်းလျှောက်ကာနေတော့သည်။
— — — —
ပျိုအတန်ကြာအောင်ကားပေါ်မှာအော်ဟစ်ငိုကြွေးနေခဲ့လေတယ်။အားရအောင်ငိုပြီး
နောက် -
"ဝူး!"
ကားကိုမောင်းထွက်ခဲ့၏။အိမ်ပြန်မယ်။အဲ့မိန်းမ
ဖြစ်ချင်ရာဖြစ်။မုန်းတယ် .. သူမကိုမဟုတ်။ပျို့
ကိုယ်ပျိုမုန်းတာ။
"ဝူး ..."
ကားကိုပြန်လှည့်၏။မောင်းထွက်လာပြီး -
ကားကိုရပ်လိုက်ပြန်၏။
"ဝုန်း!"
ကားတံခါးကိုဆောင့်ပိတ်လိုက်ပြီးပျို့ကိုငေးကြည့်နေသည့်သူမဆီသို့ခြေလှမ်းကျဲများဖြင့်ပျိုအရောက်သွားလိုက်ကာ -
"ပြွတ်စ်စ်!"
သူမ၏လည်တိုင်ကိုဆွဲယူလိုက်၍နှုတ်ခမ်းလွှာတွေကိုတင်းတင်းငုံခဲလိုက်လေသည်။
"အွန့်!"
ပျို့ခါးပေါ်ကအင်္ကျီစကိုသူမလက်ချောင်းလေးတွေမရဲတရဲလာဆွဲ၏။ခေါင်းကိုမော့စေ၍လည်တိုင်ကိုညင်သာစွာထိန်းရင်းကသူမနှုတ်ခမ်းတွေကိုပျိုမက်မက်စက်စက်နမ်းသည်။
လမ်းဘေးမှာမို့ဖြတ်သွားလာတွေကကြည့်နေကြ
လေတယ်။ဒါပေမယ့်ပျိုဂရုမစိုက်မိ။လွမ်းသည့်စိတ်ဟာအချစ်မျက်ကန်းသမားတစ်ယောက်လိုပျို့ကိုရူးမိုက်စွာပြုမှုစေ၏။
ပါးပြင်နှစ်ခုကပူးကပ်နေ၍စိုစွတ်နေသည့်သူမပါးပြင်ပေါ်ကမျက်ရည်စလေးတွေဟာပျို့ပါးပြင်ပေါ်ကူးလူးထိပါးနေသည်။
ရှိုက်သံသဲ့သဲ့လေးဟာတစ်ခါတစ်ခါထွက်ပေါ်လာလေသောကြောင့်အဲ့ဒီအသံကိုကြားရတိုင်းပျို့ရင်ဘတ်ဟာနာကျင်လာမိလေတယ်။
"ဟင့် ဟင့် ....."
ခေါင်းမဖော်ရှာဘဲသူမမျက်စိအောက်၌မြင်တွေ့ရသည့်ပျို့ခြေထောက်တွေကိုကြည့်ပြီးသူမရှိုက်နေ၏။လက်တွေကပျို့ပုခုံးပေါ်တင်လို့ဖက်ထားပြီး လဲကျလုနီးပါးတုန်နေတဲ့သူ့မကိုယ်လုံးကိုခါးကနေသိမ်း၍ပွေ့ထားပေးမိလေတယ်။
နီနေသောမျက်လုံးအိမ်များကရွေ့လျားလာ၍ပျို့
ကိုမဝံ့မရဲကြည့်၏။မျက်ရည်များကစီးကျလာပြန်
လေတယ်။
"ပျို့ကို .. ချစ်တယ်လို့ပြော"
နှုတ်ခမ်းတစ်စုံဟာတုန်ရင်နေ၍အသက်ရှူသံ
ယဲ့ယဲ့လေးကအတိုင်းသားကြားနေရသည်။
"ပြွတ်စ်!"
သူမတစ်ချက်တွန့်သွား၏။
နှုတ်ခမ်းတွေကိုလွှတ်လိုက်ကာသူမကိုကြည့်၏။
သူမရှိုက်နေဆဲပါပဲ။
"ပြွတ်စ်!"
"အွန်းးဟင့် ..."
ပျို့ရင်ဘတ်ကိုသူမလက်တွေကတွန်း၏။ပျိုသူမ
ခါးကိုတင်းတင်းကျပ်ကျပ်ဖက်လိုက်ပြီးခေါင်းကို
ဘယ်ပြန်၊ညာပြန်တစ်လှည့်စီယိမ်းလို့အဲ့ဒီနှုတ်ခမ်းနှစ်လွှာကိုနက်နက်ရှိုင်းရှိုင်းဆွဲစုပ်ပစ်လိုက်ပြန်၏။
"အင့်! .. ဖြန်း!"
နှုတ်ခမ်းချင်းဝေးကွာသွားပေမယ့်ပျို့လက်တွေကသူမခါးကိုဖက်ထားဆဲဖြစ်၍ခန္ဓာကိုယ်နှစ်ခုဟာပူးကပ်နေဆဲပါပဲ။
"ချစ်တယ် .."
ဒီစကားကိုသူမဆို၏။
"ပျို့ကို ချစ်တယ် .. ပျိုဆိုတဲ့မိန်းကလေးကို
အန်တီအရမ်းချစ်တယ်"
သူမအော်ငို၏။
"အဟင့် ဟင့်ဟင့် အင်းး"
မျက်ရည်စများရစ်ဝဲနေသည့်ပျိုဟာတစ်ချက်ရယ်၏။သွားတွေပေါ်သွားတဲ့အထိရယ်၏။
"ကားထဲသွားရအောင်"
ကားတံခါးကိုဖွင့်ပေး၍သူမကိုတက်စေသည်။
ငိုထားခြင်းကြောင့်မျက်အိမ်များကအစ်လို့မို့နေ၏။သူမမျက်နှာလေးညှိုးနေရှာတယ်။
"အွင့်! ... ဘာလုပ်တာလဲ"
ခါးကိုဆွဲဖက်လိုက်သဖြင့်သူမခန္ဓာကိုယ်ဟာရွေ့လျားသွားရပြီးပျို့ဘက်ကိုမျက်နှာမူထား၍
ဦးခေါင်းကကားတံခါးမှန်ပေါ်မှီထားကာသူမတင်ပါးများကအောက်သို့လျှော၍ပက်လက်အနေအထားသို့ရောက်နေ၏။
ခြေထောက်နှစ်ချောင်းကိုဆွဲမ,ခံလိုက်ရခြင်းက
သူမကိုတုန်လှုပ်၍မျက်လုံးတို့ဝိုင်းစက်သွား၏။
မျက်နှာချင်းထိလုနီးပါးတိုးကပ်လိုက်တော့
မျက်လွှာအမြန်ချ၏။
"ဟင့်အင်း .. မ .. မလုပ် .. ချင်"
စုံမှိတ်ထားသည့်မျက်လုံးကိုတင်းတင်းပိတ်လို့
ရင်ဘတ်ပေါ်လက်ကလေးတင်၍လက်သီးဆုပ်
လေးများကိုကျစ်နေအောင်ဆုပ်ထား၏။
ထိုလက်သီးဆုပ်လေးများကိုဆွဲယူ၍ပျိုဖြည်လိုက်တော့သူမမျက်လုံးလေးများပွင့်လာသည်။
လက်တစ်ဖက်ကိုဆွဲယူ၍ပျို့ရင်ဘတ်ပေါ်တင်
စေတယ်။
"ကြားချင်လား .. အန်တီ"
ပျိုဟာယခုကဲ့သို့။မိမိကိုယ်တိုင်ဖွင့်ဟချင်မိတဲ့
စကားလုံးတွေကိုမေးခွန်းအဖြစ်ပြောင်းလဲမေးတတ်သလိုတစ်ခါတစ်ခါကျသူမနှုတ်ဟဖွင့်ဆို
လာအောင်တောင်း၏။
ခေါင်းညိမ့်၏။ခေါင်းကိုညင်သာစွာပဲငြိမ့်တယ်။
"ဒီကိုကြည့် .. ပျို့မျက်လုံးတွေကို"
သူမကြည့်ရှာ၏။မဝံ့မရဲ။
"ဒေါ်ကျူးရင့်ခြယ် .. ခင်ဗျားကိုလေ
ချစ်မိသွားတယ်"
မျက်အိမ်ပေါ်မှမျက်ရည်ဥများပေါက်၍စီးကျပြန်
လာလေတော့တယ်။
"ချစ်တယ်"
သူမပျို့လည်ဂုတ်ကိုသိုင်းဖက်၏။ရှိုက်သံလေးများကိုလည်းကြားရတယ်။
"ပျိုတို့ဘာဖြစ်သွားရတာလဲအန်တီ"
"ချစ်မိသွားတာပေါ့"
ပျို့မျက်လုံးတို့မှိတ်ထားကာလှုပ်နေသည့်သူမပုခုံးသားလေးများပေါ်မေးတင်ထားလို့ခါးသိမ်လေးကိုတိုး၍ညှစ်ဖက်လိုက်တယ်။
မှားလည်းလေမှားပါစေတော့။
— — — —
ကားပေါ်မှအိပ်ပျော်လာသည့်ပင်ပန်းနွမ်းလျနေတဲ့သူမကိုယ်လုံးလေးကိုကုတင်ပေါ်ပွေ့တင်လိုက်ကာစောင်ပါးတစ်ထည်ဖုံးလွှမ်းလိုက်ပြီးပျိုအောက်သို့ဆင်းလာ၏။
"ဘာလို့အဲ့မိန်းမကိုခေါ်လာတာလဲ"
"ပျို .. နင်အရှုံးခံလိုက်ပြီလား"
"မဖြစ်သင့်ဘူး"
သုံးယောက်လုံးကသုံးစကားပြောကြလို့ဒေါသမီး
များလည်းတောက်လောင်နေကြ၏။
"ငါ .. အန်တီ့ကိုယူမယ်"
"ဘာ ! "
"ဟာကွာ .."
"ပြောစမ်းပါ ..လက်စားချေဖို့ယူတာလို့"
"ချစ်လို့ယူတာ"
အားလုံးတိတ်ကုန်၏။ပါးစပ်အဟောင်းသားဖြစ်
နေကြရ၏။
"အန်တီ့ကိုချစ်တယ် .. ဟုတ်တယ်
ငါရှုံးသွားပြီအေးမူ"
"နင်အရူးပဲ"
"ဟုတ်တယ် ငါရူးနေပြီ .. ငါရူးနေတယ်အေးမူ"
ပြောရင်းငိုသံပါလာသည့်ပျိုဟာအေးမူပုခုံးပေါ်သို့ခေါင်းမှောက်ချလိုက်လေ၏။
"ဟီး အီး .. ငါ့ကိုကယ်ပါဦးအေးမူရယ်"
အေးမူပါလိုက်ငိုတော့သလိုပျို့ညီမနှင့်မောင်လေးတို့လည်းငိုကြလေတော့သည်။
"ငါရူးနေတယ် .. အေးမူရယ်"
ကျောပြင်ကိုပွတ်သပ်ပေးနေရှာသည့်အေးမူဟာ
ပျို့အတွက်တော့သူငယ်ချင်းထက်ပိုတဲ့သူတစ်ဦးပဲဖြစ်လေတယ်။
စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေသည့်ပျို့ကိုယ်လုံးကိုတွဲ၍အပေါ်သို့တက်လာကာအိပ်ပျော်နေသည့်
ဒေါ်ကျူးရင့်ခြယ်ဘေးသို့ဝင်လှဲစေတယ်။
ပျို့ကိုစောင့်ခြုံပေး၏။
"အေးမူ .. ငါ"
အေးမူကခေါင်းယမ်းပြ၏။ဘာမှမပြောနဲ့ဟု
ပြောလိုက်သလိုပင်။
ထို့နောက်အခန်းထဲကထွက်သွားလေတော့။
ဘေးမှာရှိတဲ့သူမရင်ခွင်ထဲသို့ပျိုတိုးဝင်လိုက်
တော့တယ်။ပျိုစည်းလွတ်ဝါးလွတ်နားခိုချင်နေ
ပါပြီ .. အန်တီရယ်။
_________
မျှော်နေသူများ .. ဖတ်နိုင်ပါပြီရှင် ♡