Warm Love (Completed)

By Butterfly_614

27.6K 3.3K 348

"ကို..ကို" "အင်း ကိုကိုလေ၊ Hyunလေးရဲ့ ကိုကို" "ကို..ကို" "အင္း ကိုကိုေလ၊ Hyunေလးရဲ႕ ကိုကို" More

Warm Love-1
Warm Love-2
Warm Love-3
Warm Love-4
Warm Love-5
Warm Love-6
Warm Love-7
Warm Love-8
Warm Love-9
Warm Love-10
Warm Love-11
Warm Love-12
Warm Love-13
Warm Love-14
Warm Love-15
Warm Love-16
Warm Love-17
Warm Love-18
Warm Love-19
Warm Love-20
Warm Love-21
Warm Love-23
Warm Love-24
Warm Love-25
Warm Love-26
Warm Love-27
Warm Love-28
Warm Love-29
Warm Love-30
Warm Love-31
Warm Love-32
Warm Love-final
Warm Love-extra
Warm Love-extra
Warm Love-extra(final)
Thank You🫶🏻

Warm Love-22

682 87 9
By Butterfly_614

(Unicode)

ပရောဂျက်ကိုလက်ခံပြီးသွားတာနှင့်တစ်ပြိုင်နက် ဥက္ကဌ Chanyeol အပါအဝင် PB group မှဝန်ထမ်းတွေအားလုံး အလုပ်ကို မနားမနေကြိုးစားလုပ်ကြရပါသည်။

Chanyeol ဆိုလျှင် ပိတ်ရက်တွေမှာတောင် ပစ္စည်းအဝင်အထွက်စာရင်းနှင့် ကုန်ကျစရိတ်စာရင်းတွေအတွက် laptop တစ်လုံးဖြင့်အလုပ်လုပ်နေရသည်။ရံဖန်ရံခါလည်း ဆောက်လုပ်ရေးထဲကိုသွားကြည့်ရပါသေးသည်။အိမ်ရာပရောဂျက်ကိုလက်မခံခင်က hotel ပရောဂျက်တစ်ခုလည်းလက်ခံထားသေးတာမို့ နှစ်ခုတိုက်ဆိုင်သွားသည့်အခါ အလုပ်ကပိုလို့များသွားခဲ့သည်။

Dojin နှင့် Minjun တို့နှစ်ယောက်ကတော့ အခွင့်သင့်ရင်သင့်သလို Chanyeol ဆီလာပြီးအကူအညီပေးတတ်ကြသည်။သို့သော် သူတို့မှာလည်းကိုယ်ပိုင်လုပ်ငန်းတွေရှိတာကြောင့် အမြဲလိုလိုတော့မလာနိုင်ကြပါ။ဒုဥက္ကဌ Park ဟာလည်း သားဖြစ်သူကိုသာစကားတစ်ခွန်းမဆိုပေမယ့် အလုပ်ကိုတော့တစ်ပတ်မှာနှစ်ရက်လောက်လာပြီး အခြေအနေကြည့်ပေးပါသည်။

ပရောဂျက်တစ်ခုကိုလက်ခံရသည့်အခါ ကုမ္ပဏီ၏ ဥက္ကဌအပါအဝင် ရာထူးကြီးငယ်ဝန်ထမ်းတွေကသာ အလုပ်များကြရပေမယ့် ရှယ်ယာရှင်တွေကတော့ အေးအေးဆေးဆေးပင်။ရှယ်ယာရှင်တွေရဲ့သဘောသဘာဝက ပိုက်ဆံတစ်ခုသာရင်းနှီးမြှပ်နှံထားရပြီး အကျိုးအမြတ်ဆိုလျှင်အခန့်သားခံစားရကာ အရှုံးဆိုလျှင်တော့ ဦးဆောင်သူကိုသာအပြစ်ဖို့ရန်ပြင်တတ်ကြသည်။အလုပ်နှင့်ပတ်သတ်လျှင်အရှုံးအမြတ်သာသိကြပြီး ထိုအရာတွေအတွက်ပေးဆပ်ရသည့်အရာတွေကိုတော့ စိတ်ထဲမရှိကြပါ။

Chanyeol ကတော့ ဒီတစ်ခေါက်ပရောဂျက်နှင့်ပတ်သတ်ပြီး အများကြီးမျှော်လင့်ထားတာမို့ အစွမ်းကုန်လည်းကြိုးစားနေသည်။သူ့အနေနှင့်ဆိုလျှင် ရာထူး၊စည်းစိမ်တွေဟာအဓိကမဟုတ်ပေမယ့် အဖေလုပ်သူအပေါ် ပေးထားတဲ့ကတိကြောင့် ထိုကတိကိုတည်နိုင်အောင် လုပ်ဆောင်နေရသည်။သူ့အပေါ်အဖေ့ရဲ့ဥပေက္ခာတွေပျောက်ကွယ်သွားဖို့မျှော်လင့်တာဟာ ရည်ရွယ်ချက်ဆိုလျှင် သူ့ကလေးငယ်အပေါ်အဖေ့ရဲ့သဘောထားတွေကိုပြောင်းလဲစေချင်တာကတော့ အဓိကဖြစ်သည်။

Hyunလေးအပေါ် လုံလောက်တဲ့ချစ်ခြင်းမေတ္တာတွေကို Chanyeol ပေးနိုင်ပေမယ့် ဒီထက်များပြားတဲ့ချစ်ခြင်းမေတ္တာတွေကိုလည်းလက်ခံရရှိစေချင်သည်။အထူးသဖြင့် အဖေ့ဆီကပေါ့။အိမ်မှာဆိုလျှင် အဖေ့ကိုမြင်တာနဲ့ Hyunလေးက မျက်နှာရိပ်မျက်နှာကဲလိုက်ကြည့်နေရတာမျိုးကို Chanyeol မလိုချင်ပါ။အဖေ့ဆီကနေ Hyunလေးလိုအပ်နေတဲ့ ဖခင်မေတ္တာကိုအပြည့်အဝရစေချင်သည်။သူနှင့်ပတ်သတ်ပြီး Hyunလေးအပေါ် အဖေအမြင်မကြည်ဖြစ်နေတာမို့ သူကပဲထိုအမြင်တွေကိုပြောင်းလဲသွားအောင် လုပ်ပေးရပါလိမ့်မည်။

Chanyeol ကဘယ်လောက်ပဲအလုပ်တွေများနေပါစေ သူ့ကလေးငယ်အပေါ်မှာတော့ တာဝန်တစ်ခုတောင်မလစ်ဟင်းခဲ့ပါ။အိပ်ချိန်တန်အိပ် စားချိန်တန်စား စသဖြင့် အစစအရာရာဂရုစိုက်ပေးသည်။အရွယ်ရောက်လာတာနှင့်အမျှ ကိစ္စတော်တော်များများကို Baekhyun ကသူ့ဘာသာလုပ်တတ်လာပေမယ့်လည်း Chanyeol ရဲ့လောင်းရိပ်ကနေတော့အလုံးစုံမလွတ်နိုင်သေးပါ။Chanyeol ကသူ့ကလေးငယ်ရဲ့အသိဥာဏ်တွေဘယ်လောက်ပဲဖွံ့ဖြိုးလာပါစေ အရင်လိုနွေးနွေးထွေးထွေးဖြင့် တယုတယဆက်ဆံနေစဲပင်။Baekhyun ကလည်း သူ့ကိုကိုရဲ့ဂရုစိုက်မှုတွေဖြင့် နေသားကျနေပြီးသားမို့ နှစ်ယောက်ကလိုက်လည်းလိုက်ပါပေသည်။

ဒုဥက္ကဌ Park ရဲ့စိတ်မကြည်မှုတွေထဲမှာ သူ့သားနှင့်သူ့သားမက်တို့ အချိန်တိုင်းလိုလိုတစ်တစ်တူးနေတတ်ကြတဲ့ကိစ္စက ထိပ်ဆုံးမှပါနေနိုင်မလားတော့မပြောတတ်ပါ။

ထိုသို့ဖြင့် နေ့ရက်တွေကိုဖြတ်သန်းလာကြရင်း အချိန်တွေဟာ ကျောက်သားနံရံကိုရေစီးကြောင်းကတဖြည်းဖြည်းတိုက်စားသွားသကဲ့သို့ ကုန်ဆုံးသွားသည့်အခါ လငါးလဟာလည်း ခဏလေးကုန်လွန်သွားခဲ့ပြီး ဆောင်းရာသီကိုရောက်လာခဲ့သည်။

:

"နွေးနွေးထွေးထွေးဝတ်ရမယ်"

အနွေးထည်အထူကြီးနှင့် မာဖလာပွပွကြီးကြားထဲမှာမြုပ်နေတဲ့ လူသားလေးကိုကြည့်ပြီး Chanyeol အသည်းတယားယားဖြစ်ရသည်။ဆောင်းတွင်းမှာ ဘယ်လောက်ထိ အဝတ်ထူထူတွေဝတ်ပေးဝတ်ပေး အအေးကြောက်တဲ့ကောင်လေးက Chanyeol ဝတ်ပေးသမျှကို မညည်းမညူနဲ့ဝတ်တတ်ပါသည်။

"အနွေးထည်ကဝတ်ရတာပေါ့ပါးရဲ့လား"

Chanyeol မေးလိုက်တော့ ခေါင်းလေးဖြည်းဖြည်းချင်းညိမ့်ပြသည်။မာဖလာက မျက်နှာလေးတစ်ဝက်လောက်ကိုဖုံးနေတော့ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ မျက်ဝန်းညိုလေးတွေကိုသာမြင်နေရသည်။ဒါတောင် နှဖူးပြင်ဖွေးဖွေးပေါ်အုပ်နေတဲ့ဆံပင်လေးတွေကြောင့် သိပ်မမြင်ရချင်။

"ဆံပင်ရှည်နေပြီ ညှပ်ရဦးမယ်"

"ဒါဆို ဆေးပါဆိုးပေးနော်"

ဒါကလည်း ပြဿနာတစ်ခုပင်။သူလေးကြိုက်တဲ့ ဂျပန်ကာတွန်းကားထဲကဇာတ်ကောင်က ငွေမင်ရောင်ဆံပင်နဲ့မို့ သူလေးလည်းဆိုးချင်တယ်လို့ တဖွဖွပြောနေတာကြာလေပြီ။တခြားအရောင်ဖျော့တွေဆို ကိစ္စမရှိပေမယ့် ဆံပင်အရောင်ချွတ်ပြီးမှရလာမယ့်အရောင်ကိုတော့ Chanyeol သဘောမကျချင်ပါ။Hyunလေးရဲ့ဆံပင်နုနုတွေပျက်စီးသွားမှာကို စိုးရိမ်သည်။

"တခြားအရောင်ဖျော့ဆိုးပါလေကွာ၊ အဲ့အရောင်ကြီးကတော့.."

"ကိုကိုကလည်း Hyunကငွေမင်ရောင်နဲ့ဆိုအရမ်းမိမိုက်နေမှာ၊ Minjun တောင်ခဲရောင်ဆိုးထားတာကို"

မမြင်ရပေမယ့် နှုတ်ခမ်းလေးစူနေလောက်ပြီကို Chanyeol သိသည်။ထို့ကြောင့် စကားလမ်းကြောင်းအမြန်လွှဲရန်ပြင်လိုက်ပြီး

"လာ လာ အောက်ဆင်းကြမယ်၊ ဒေါ်ကြီးကမနက်စာပြင်ပြီးစောင့်နေပြီထင်တယ်"

"ကိုကိုကအမြဲ အဲ့လိုပဲ၊ ဆံပင်ဆေးဆိုးချင်ပါတယ်ဆို သေချာနားမထောင်ဘူး"

"ကဲပါ လာ၊ အောက်သွားကြမယ်"

ခါးလေးကနေ Chanyeol ဆွဲဖက်ပြီးခေါ်တော့ မကြားကြားအောင်ပွစိပွစိလေးပြောပြီး လေးလေးပင်ပင်နဲ့လိုက်လာသည်။Hyunလေးက လူကြီးလေးဖြစ်လာတာနှင့်အမျှ ဖြစ်ချင်တာတွေများလာပြီး မဆိုးသလောက်လေးလည်းဆိုးချင်လာပါသည်။သူလေးဖြစ်ချင်တာတွေမှန်သမျှ Chanyeol မလိုက်လျောပေးတာမဟုတ် အကုန်လုံးနီးပါးလိုက်လျောပေးသည်။တစ်ခုပဲ၊ Hyunလေးဖြစ်ချင်တာက သူသဘောမကျတဲ့အရာဆိုရင်တော့ Chanyeol ကနားဝင်အောင်သေချာပြောပြပြီး ငြင်းပယ်ပါသည်။Chanyeol ငြင်းပြီဆို Hyunလေးကလည်းရှေ့ဆက်မတိုးတာများသည်။

.................................................................................

"Baekhyun ဘယ်လိုလဲ၊ မင်းကိုကိုဆီက ခွင့်ပြုချက်ရပြီလား"

အတန်းဖော်ရဲ့အမေးကို Baekhyun နှာခေါင်းလေးရှုံ့လျက် ခေါင်းခါပြလိုက်သည်။

"ဟုတ်လား၊ ငါ့အိမ်ကတော့ ခွင့်ပြုတယ်တဲ့၊ ဒီလကုန်ရင် သွားဆိုးတော့မှာ"

Baekhyun အားကျသွားရသည်။သူလည်းငွေမင်ရောင်ကိုအရမ်းဆိုးချင်ပေမယ့် ဆံပင်ပျက်စီးမှာစိုးလို့ဆိုပြီး ကိုကိုကခွင့်မပြုဘူးလေ။ကိုကိုကခွင့်မပြုတော့ သူအတင်းမတောင်းဆိုချင်ပေမယ့် ငွေမင်ရောင်ကိုတကယ်ကြီးဆိုးချင်ပါသည်။

"မင်းကအသားဖြူတော့ ငွေမင်ရောင်နဲ့လိုက်မှာ"

"ဟုတ်တယ်ဟဲ့၊ ရုပ်ပြောင်းသွားမလားတောင်မသိဘူးနော်"

ကျန်တဲ့နှစ်ယောက်ကလည်း ဆံပင်ဆိုးမယ့်တစ်ယောက်ကိုဝိုင်းဝန်းမြှောက်ပင့်ပေးကြသည်။

"Baekhyun နဲ့ဆို ပိုတောင်လိုက်ဦးမှာ၊ ရုပ်ရည်ရော အသားအရည်ရော အပြစ်ပြောစရာမရှိဘူး၊ အခုကဆောင်းတွင်းဆိုတော့ ရေခဲမင်းသားနဲ့တောင်တူနေမလားပဲ"

အတန်းဖော်ရဲ့ရေခဲမင်းသားဆိုသောစကားကြောင့် Baekhyun အခုချက်ချင်းပင်ဆံပင်ပြေးဆိုးချင်စိတ်ပေါက်သွားရသည်။လုပ်ချင်ရာလုပ်လိုက်ရင် ကိုကိုစိတ်ဆိုးမှာစိုးလို့သာ။

"Baekhyun မင်းကိုကို ကိုသေချာပြောကြည့်ဦးလေကွာ၊ မင်းကိုကိုက မင်းကိုအလိုလိုက်ပါတယ်"

"ကိုကိုကပြောတယ် ဆံပင်ပျက်စီးမှာစိုးလို့တဲ့"

Baekhyun ရဲ့ကိုကိုစိုးရိမ်တာကဖြစ်သင့်တာမို့ သူတို့တွေလည်းစဉ်းစားသွားရသည်။

"ဟုတ်တော့ဟုတ်တယ်၊ ငွေမင်ရောင်က ချွတ်ဆေးမသုံးဘဲနဲ့တော့ ရမှာမဟုတ်ဘူးကွ"

"ဟုတ်တယ်၊ အနည်းနဲ့အများတော့ ဆံပင်ပျက်စီးမှာပဲ"

"ဒါပေမယ့် ဆေးကောင်းသုံးရင်တော့ အဆင်ပြေနိုင်ပါတယ်၊ စျေးကြီးတဲ့ဆေးသုံးလေ ဆံပင်ပျက်စီးမှုနည်းလေးပဲ"

အိမ်မှခွင့်ပြုချက်ရထားတဲ့အတန်းဖော်က အတော်လေးတက်ကြွနေပြီး Baekhyun ကိုလည်းဆံပင်မဆိုးဆိုးဖြစ်အောင် အကြံဥာဏ်တွေပေးနေသည်။Baekhyun ရဲ့မျက်လုံးလေးတွေလက်သွားပြီး

"ဆေးကောင်းသုံးရင် ဆံပင်မပျက်စီးဘူးလား"

"ပျက်စီးမှုနည်းတာပေါ့ကွာ၊ နောက်ပြီး ငါတို့ကယောကျ်ားလေးတွေလေ ဆံပင်အတိုပဲဟာ ပျက်စီးလည်းကတုံးတုံးလိုက်ရင် ဆံပင်အကောင်းခဏလေးနဲ့ပြန်ထွက်လာမှာပဲ"

သူ့ဆံပင်လေးသူကိုင်ကြည့်ပြီး Baekhyun တွေဝေနေသည်။ကိုကိုငြင်းပယ်ထားတဲ့အရာကို သူအတင်းတောင်းဆိုလို့ဖြစ်ပါ့မလား။

"Baekhyun Baekhyun ငါအကြံတစ်ခုပေးမယ်"

အတန်းဖော်ရဲ့အသံကစိတ်အားထက်သန်နေတာမို့ Baekhyun ခေါင်းညိမ့်ပြပြီး နားထောင်လိုက်သည်။

"မင်းရဲ့ကိုကိုကို မင်းစိတ်ဆိုးချင်ယောင်ဆောင်လိုက်"

"ဟင်"

"သူက မင်းကိုအရမ်းချစ်တာမလား၊ အဲ့တော့ သူ့ကိုဖာသိဖာသာဆက်ဆံလိုက်ရင် သူမနေတတ်ဖြစ်ပြီး မင်းဖြစ်ချင်တာကိုလိုက်လျောပေးရင် ပေးမှာပေါ့"

"အဲ့ခါကျ ကိုကိုကစိတ်မကောင်းဖြစ်သွားမှာပေါ့"

"ဟန်ဆောင်တာလေကွာ၊ တကယ် စိတ်ဆိုးတာမှမဟုတ်တာ၊ မင်းသူ့ကိုမခေါ်မပြောဘဲနေရင် သူမနေနိုင်တွေဖြစ်ပြီး သေချာပေါက်မင်းရဲ့ဆန္ဒကိုလိုက်လျောပေးလိမ့်မယ်"

Baekhyun မျက်မှောင်လေးကုပ်ပြီးအသည်းအသန်စဉ်းစားနေတုန်းမှာပဲ အတန်းထဲကိုဆရာမဝင်လာပြီမို့ စကားစပြတ်သွားကြသည်။အတန်းဖော်ကတော့ပြောလာပါသေးသည်။မင်းဘယ်လိုလုပ်ရမှန်းမသိရင် ငါသင်ပေးမယ်တဲ့လေ။အတန်းဖော်ပေးတဲ့အကြံကို မလုပ်တတ်တာမျိုးမဟုတ်ဘဲ မလုပ်ချင်တာဖြစ်သည်။Baekhyun အဲ့လိုဟန်ဆောင်လိုက်ရင်ရော ကိုကိုကတကယ်ပဲ သူ့ဆန္ဒကိုဖြည့်ဆည်းပေးမှာလား။

:

"ဥက္ကဌ သံပုရာရည်ရပါပြီ"

"အင်း ကျေးဇူးပဲ"

ခေါင်းထဲအနည်းငယ်မူးနောက်နောက်ဖြစ်နေတာမို့ သံပုရာရည်ဖျော်ခိုင်းလိုက်တော့ အတွင်းရေးမှူးမလေးက သေချာဖျော်ပေးပြီးလာပို့ပေးသည်။

သံပုရာရည်ကိုခွက်တစ်ဝက်လောက်ထိမော့ချပြီး ခေါင်းထဲနည်းနည်းကြည်သွားပြီဆိုမှ အလုပ်ပြန်လုပ်ဖို့ပြင်ရသည်။အခုဆိုရင် hotel ပရောဂျက်ကအပြီးသတ်သာလိုတော့ပြီး အိမ်ရာစီမံကိန်းကလည်းတစ်ဝက်လောက်ရောက်နေပြီမို့ ပိုအားစိုက်နေရသည်။hotel ပရောဂျက်လွတ်သွားရင်တော့ လုပ်ငန်းအနည်းငယ်ချောင်လည်သွားလိမ့်မယ်ထင်သည်။ဒီကြားထဲ တခြားလက်ခံထားတဲ့ပရောဂျက်သေးသေးမွှားမွှားတွေကလည်းအများအပြားရှိနေသေးသည်။ကိုယ့်groupကိုယုံကြည်လို့အလုပ်လာအပ်သမျှပရောဂျက်တွေတိုင်းအပေါ် Chanyeol ကသေချာလေးတာဝန်ကျေချင်ပါသည်။အလုပ်တွေလျော့သွားပြီဆိုမှပဲ သူလည်းသေသေချာချာလေးအနားယူရပေမည်။

နာရီကိုကြည့်လိုက်တော့ ၁၀နာရီထိုးနေလေပြီ။နောက်ဆယ့်ငါးမိနစ်လောက်နေရင် ဆောက်လုပ်ရေးဘက်ကိုခဏတဖြုတ်သွားကြည့်ရဦးမည်။ပြီးရင်တော့ Hyunလေးထမင်းစားချိန်အမှီ ကုမ္ပဏီကိုပြန်လာရပါမည်။ကလေး ထမင်းစားချိန်နောက်ကျလို့မဖြစ်။Hyunလေးရဲ့ကျန်းမာရေးနှင့်ပတ်သတ်ပြီး တစ်လတစ်ခါဆရာဝန်ပြနေရကာ ဆရာဝန်ရဲ့အဓိကညွှန်ကြားချက်က စားချိန်အိပ်ချိန်မှန်ရမယ်ဆိုတာကြောင့် Chanyeol နည်းနည်းလေးတောင်အတိမ်းအစောင်းမခံနိုင်ပါ။

စာသင်နေတဲ့ငါးလအတွင်း Hyunလေးက စာအတော်လေးလိုက်နိုင်ပြီး တိုးတက်လာသည်။အခုဆိုရင် နာမည်တွေတော်တော်များများကိုစာလုံးပေါင်းတတ်နေပြီဖြစ်ပြီး စာပိုဒ်တွေတောင်ရေးတတ်နေလေပြီ။Chanyeol ကိုလည်းရောင်စုံစာရွက်လေးတွေပေါ်မှာစာတွေရေးရေးပြီးပေးတတ်သေးသည်။များသောအားဖြင့် 'ကိုကို့ကိုချစ်တယ်၊ Hyunကိုမုန့်ဝယ်မကျွေးချင်ဘူးလား' ဆိုတာမျိုးတွေ 'ကိုကိုက အရုပ်အသစ်တွေဝယ်ပေးရင်ကောင်းမှာပဲ'ဆိုတာမျိုးတွေပေါ့။Chanyeol မှာသူလေးရေးပေးသမျှကွိစိကွိစစာရွက်လေးတွေကို စက္ကူပုံးတစ်ပုံးထဲထည့်ပြီး အမှတ်တရအနေဖြင့် သေချာသိမ်းထားရပါသည်။

သူလေးစာရေးတာ Chanyeol တစ်ယောက်တည်းလားဆိုတော့မဟုတ်ပါ။အိမ်မှာဆိုလျှင် နေရာအနှံ့ သူလေးလက်ရေးနဲ့စာရွက်တွေရှိသည်။နံရံဆိုလည်း 'နံရံ' လို့ရေးကပ်ထားပြီး ရေခဲသေတ္တာဆိုလည်း 'ရေခဲသေတ္တာ'လို့ရေးကပ်ထားကာ အိမ်သာတောင်အလွတ်မပေးတတ်ပါ။တစ်ခါတစ်ရံ အဖေ့အခန်းတံခါးမှာလည်း စာရွက်တွေသွားကပ်သေးသည်။'ဦးလေး Park ကျန်းမာပါစေ'ဆိုတာတွေရော 'ဦးလေး Park ကရုပ်တည်ကြီး'ဆိုတာတွေရော 'ဦးလေး Park က ကိုကို့လောက်အရပ်မရှည်ဘူး' ဆိုတာတွေရော ခဏခဏသွားသွားကပ်လို့ Chanyeol မှာခေါင်းကြီးရပေမယ့် အဖေကမြင်လည်းမသိချင်ယောင်ဆောင်တာမို့လို့ တော်ပါသေးသည်။အဖေ့အခန်းတံခါးမှာ Hyunလေးသွားကပ်သမျှစာရွက်တွေကိုဒိုင်ခံရှင်းရတာကတော့ဒေါ်ကြီးပင်။

အတတ်ကလေးက စကားလည်းအရင်ကထက် ဆယ်ဆလောက်တတ်လာပါသည်။Hyunလေးအကြောင်းမသိတဲ့လူတွေ Hyunလေးလှည့်ပတ်ပြီးပြောသမျှခံကြရသည်။သူများကိုလူလည်ကျပြီးရင်လည်းပျော်နေတတ်သေးသည်။သူတောင် Hyunလေးထက်တစ်ကွက်လောက်ကြိုမြင်နေတတ်လို့တော်သေးသည်။မဟုတ်ရင် Hyunလေးအများဆုံးလှည့်မှာက သူ့ကိုပင်။သူကလည်းသူပဲ ကိုကိုဆိုတာနဲ့အကုန်ပေးဆပ်ပြီးလိုက်လျောပစ်ချင်နေတာဆိုတော့ မနည်းစိတ်ထိန်းထားရပါသည်။ထို့အပြင် Hyunလေးရဲ့ဥာဏ်ရည်တွေတစ်စတစ်စတိုးလာတာနှင့်အညီ Chanyeol ရဲ့အချစ်တွေကလည်းတစ်စတစ်စပိုလို့တိုးသည်။Hyunလေးကဆယ်ဆဆိုရင် Chanyeol ကလည်းဆယ်ဆပေါ့။

အတွေးတွေက လူလည်အသည်းအသက်လေးဆီကိုရောက်နေတော့ အသည်းတယားယားဖြင့် ပွေ့ဖက်ပြီးနမ်းပစ်လိုက်ချင်စိတ်တွေဖြစ်လာရပါသည်။သို့ပေမယ့်လည်း ဆန္ဒကို သိက္ခာနဲ့ထိန်းရတာပေါ့။ကလေးကစာသင်နေတာဆိုတော့ ဖျက်လိုဖျက်ဆီးလုပ်လို့မဖြစ်ဘူးလေ။

နာရီကိုသတိတရဖြင့်ပြန်ကြည့်လိုက်တော့ ဆောက်လုပ်ရေးဘက်သွားရမယ့်အချိန်မို့ ကုတ်ကိုသေချာပြင်ဝတ်ပြီး Chanyeol အခန်းအပြင်ထွက်ခဲ့လိုက်သည်။မသွားခင်တစ်ဖက်အခန်းမှာ စာသင်နေသူလေးကို မှန်ကနေတစ်ဆင့်ချောင်းကြည့်ခဲ့ပါသေးသည်။အမောပြေလေးပေါ့။

.................................................................................

ဆောင်းရာသီမို့နေအပူရှိန်မရှိဘဲ ခြောက်သွေ့အေးချမ်းနေသည်။တိုက်ခတ်နေတဲ့လေပြည်ညင်းကလည်း စိမ့်နေတာမို့မာဖလာဝတ်ထားတာတောင် Chanyeol ရဲ့နှာခေါင်းထိပ်နှင့်နားရွက်ဖျားတွေအေးစက်နေပါသည်။ရာသီဥတုအေးတော့ မနက်ကတည်းကမူးနောက်နောက်ဖြစ်နေတဲ့ခေါင်းက ပိုကျိန်းလာသလိုခံစားလာရသည်။သို့ပေမယ့်လည်း မခံမရပ်နိုင်အောင်အထိမဟုတ်တာမို့ Chanyeol တောင့်ခံထားလိုက်သည်။

အဆောက်အဦးကနွေဘက်မှာအတော်လေးပြီးထားပြီးပြီမို့ အတွင်းပိုင်းတွေသာကျန်တော့သည်။မိုးလုံလေလုံနှင့်မို့ အလုပ်လုပ်နေတဲ့အလုပ်သမားတွေအတွက်လည်းအဆင်ပြေပါသည်။မဟုတ်တောင် အလုပ်သမားတွေက လှုပ်ရှားလုပ်ကိုင်နေကြတာမို့ သွေးလည်ပတ်မှုအားကောင်းပြီး အအေးဒဏ်ကိုခံနိုင်နေကြသည်။

"သူတို့လိုချင်တဲ့ခဲရောင်ကို ကျွန်တော်တို့သေချာလေးသုံးပေးထားပါတယ်ဗျ"

"အင်း၊ လေဝင်ပေါက်မထားဘူးဆိုတဲ့ အခန်းတွေလိုက်ပြပါဦး"

"ဟုတ်ကဲ့၊ ဒီဘက်ကြွပါ ဥက္ကဌ"

"အာ့!"

အလုပ်သမားခေါင်းဆောင်ခေါ်ရာနောက်လိုက်ဖို့ပြင်လိုက်ပေမယ့် စူးခနဲထိုးကိုက်သွားတဲ့ခေါင်းကြောင့် နားထင်ကိုလက်ဖနောင့်ဖြင့်ထောက်ပြီး ခဏငြိမ်နေလိုက်ရသည်။

"ဘာဖြစ်တာလဲ ဥက္ကဌ၊ အဆင်ပြေရဲ့လား၊ ခေါင်းမူးလို့လားဗျ၊ ကျွန်တော် ဘာလုပ်ပေးရမလဲ"

"အာ ခဏ.."

"ဥက္ကဌ အဆင်ပြေရဲ့လားရှင့်၊ ခဏလောက်ထိုင်လိုက်ပါလား"

"ဟုတ်တယ်၊ ခဏလောက်ထိုင်လိုက်ဗျ"

စကားမပြန်နိုင်ဖြစ်နေတဲ့ Chanyeol ကိုအတွင်းရေးမှူးမလေးနှင့်အလုပ်သမားခေါင်းဆောင်က ကူတွဲပြီးဆိုဖာတစ်ခုအပေါ်မှာထိုင်စေလိုက်သည်။ဥက္ကဌဖြစ်သူရဲ့အခြေအနေကြောင့် အနီးအနားရှိအလုပ်သမားတွေလည်းလှမ်းကြည့်လာကြပါသည်။

"ခေါင်းမူးနေတာမလား ဥက္ကဌ၊ ကျွန်မတို့ဆေးရုံသွားကြရအောင်"

"ကျွန်တော်ကားအနားထိလိုက်ပို့ပေးပါ့မယ်"

စိုးရိမ်နေကြတဲ့နှစ်ယောက်စလုံးကို Chanyeol လက်ကာပြလိုက်ပြီး

"မဟုတ်ဘူး ရတယ်၊ ဆေးရုံအထိသွားစရာမလိုဘူး"

"ဖြစ်ပါ့မလား ဥက္ကဌရယ်၊ မနက်ကတည်းကခေါင်းမူးနေတာမလား"

"ရတယ် ရတယ်၊ ရာသီဥတုအေးလို့ဖြစ်သွားတာ၊ ဒါဆို ဒီနေ့တော့ပြန်လိုက်တော့မယ်၊ နောက်နေ့မှထပ်လာကြည့်မယ်"

"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ၊ ကျွန်တော် ကားအနားထိလိုက်ပို့ပေးမယ်ဗျ"

အလုပ်သမားခေါင်းဆောင်က ကားအနားထိလိုက်ပို့ပေးပြီး အပေါ်ပြန်တက်သွားသည်။Chanyeol ကားအနောက်ခန်းထဲမှာ မျက်လုံးမှိတ်၍သက်တောင့်သက်သာထိုင်လိုက်တော့ ခေါင်းမူးတာကအနည်းငယ်သက်သာသွားခဲ့သည်။ဒီနေ့ကားမောင်းဖို့ driver ခေါ်လာမိလို့တော်သေးသည်။ကားအရှေ့ခန်းမှာထိုင်တဲ့ အတွင်းရေးမှူးမလေးက Chanyeol ကိုစိုးရိမ်ပြီးခဏခဏလှည့်ကြည့်ပေမယ့်လည်း ဆေးရုံမသွားဘူးလို့ငြင်းထားတဲ့ဥက္ကဌဖြစ်သူကြောင့် သူမလည်းဘာမှမတတ်နိုင်ပါ။

:

ကုမ္ပဏီကိုပြန်ရောက်ရောက်ချင်း နာရီကိုကြည့်လိုက်တော့ ၁၂နာရီထိုးနေပြီဖြစ်သည်။စိတ်ထဲဒိန်းခနဲဆို Hyunလေးထမင်းစားဖို့အရေးပူပန်သွားရတာမို့ အလုပ်ခန်းရှိရာဆီကိုအပြေးနှင်မိသည်။ကားတွေပိတ်နေတာမို့ လမ်းခရီးကြာသွားရခြင်းဖြစ်သည်။မဟုတ်ရင် ၁၁နာရီခွဲလောက်ဆိုပြန်ရောက်နိုင်သည်။ဆောက်လုပ်ရေးက ကုမ္ပဏီနဲ့ဘယ်လောက်မှမဝေးပါ။Chanyeol ပြေးတော့အတွင်းရေးမှူးမလေးကလည်း အနောက်ကနေတောက်လျှောက်ပြေးလိုက်နေရပါသည်။

အလုပ်ခန်းရှိရာအထပ်ကိုရောက်တော့ ကိုယ့်အခန်းထဲကိုယ်မဝင်နိုင်သေးဘဲ ဘေးကစာသင်ခန်းထဲကို အရင်သွားကြည့်ရသည်။သို့သော် စာသင်ခန်းထဲမှာတစ်ယောက်မှရှိမနေပါ။

"ဘယ်ရောက်သွားကြတာလဲ၊ ထမင်းစားလွှတ်တာကြာနေပြီလားမသိဘူး"

သူ့အလုပ်ခန်းထဲမှာများ Hyunလေးရှိနေမလားဆိုပြီးကြည့်တော့လည်းရှိမနေ။Chanyeol ရဲ့ခေါင်းတွေပူထူလာရသည်။

"ကန်တင်းမှာထမင်းသွားစားနေပြီထင်တယ်နော် ဥက္ကဌ"

Chanyeol ယောက်ယက်ခပ်နေတာကိုမြင်တော့ အတွင်းရေးမှူးမလေးက ပြေရာပြေကြောင်းပြောပြလာသည်။ထိုအခါမှ Chanyeol စိတ်ထိန်းလိုက်ပြီး

"အင်း ဟုတ်မယ်၊ အတွင်းရေးမှူး လီ လည်းနေ့လည်စာစားလို့ရပြီနော်၊ ကန်တင်းဘက်သွားကြည့်လိုက်ဦးမယ်"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

မမောနိုင်မပန်းနိုင် ကန်တင်းကိုအပြေးသွားမယ်လုပ်နေတုန်းမှာပင်

"ဒီနေ့ ကန်တင်းကဟင်းကောင်းမှကောင်း"

"Baekhyun ရောကြိုက်တယ်မလား"

"အင်း ကြိုက်တယ်"

"Baekhyun ထမင်းစားတာနှေးတယ်နော်"

"ငါက အဲ့လိုပဲစားတာ"

"အေးပါကွာ"

အတန်းဖော်တွေနှင့်အတူ အစားတပြောပြောဖြင့်လာနေတဲ့ Hyunလေးက Chanyeol ကိုတွေ့တော့ အလျင်အမြန်ပဲအကြည့်လွှဲသွားသည်။အတန်းဖော်ကလေးတွေကတော့ Chanyeol ကိုနှုတ်ဆက်ပြီးအခန်းဘက်ကိုပြေးသွားကြလေပြီ။

"Hyunလေး"

"................"

"တောင်းပန်ပါတယ်ကွာ၊ ကိုကိုအလုပ်ရှိနေလို့ ထမင်းစားချိန်ကျော်သွားတာ၊ ကိုကို့ကိုစောင့်နေမယ်ထင်တာ၊ အခု Hyunလေး ထမင်းစားပြီးသွားပြီလား၊ ဗိုက်ရောဝရဲ့လား၊ ကိုကိုနဲ့ထပ်သွားစားကြမလား"

"မစားတော့ဘူး"

Hyunလေးက သူ့ကိုကြည့်မနေတာမို့ ထမင်းစားချိန်မှာအတူမရှိလို့စိတ်ဆိုးနေတာလို့ Chanyeol ထင်လိုက်မိသည်။

"ကိုကို့အမှားပါ၊ ထမင်းဘယ်လိုစားလိုက်လဲ၊ အခု ကိုကိုနဲ့ထပ်သွားစားကြမယ်လေ၊ လာ ကိုကိုခွန့်ကျွေးမယ် ကိုကို့ကလေးလေးကို၊ ကိုကိုလည်းနေ့လည်စာမစားရသေးဘူး"

လက်ကလေးကိုဆွဲကိုင်လိုက်တော့ ချက်ချင်းပဲရုန်းထွက်သွားသည်။

"မစားတော့ဘူးလို့"

"ကိုကို တောင်းပန်ပါတယ်၊ ဒီတစ်ခါတည်းပါကွာ နော်၊ စိတ်ဆိုးနေတာလား ဟင်၊ ကိုကို့ကလေးလေးက ကိုကို့ကိုစိတ်ဆိုးနေတာလား"

"Hyunကစာရေးရဦးမှာ၊ သွားပြီ၊ ကိုကိုတစ်ယောက်တည်း ကောင်းကောင်းစားပါ"

သူ့ဘေးနားကနေလှစ်ခနဲဆိုပြေးထွက်သွားပြီး စာသင်ခန်းထဲတက်တက်ကြွကြွဖြင့်ဝင်သွားတဲ့ ကလေးလေးကြောင့် Chanyeol သက်ပြင်းအသာချမိသည်။Hyunလေးမပါတော့ သူလည်းထမင်းသွားမစားချင်တော့တာမို့ အခန်းထဲသာပြန်ဝင်နေလိုက်သည်။Hyunလေးက တကယ်ကြီး စိတ်ဆိုးနေတာပဲ။သူ့ကိုတောင်မစောင့်ဘဲထမင်းသွားစားတဲ့ ကလေးငယ်က ထမင်းစားချိန်မှာ Chanyeol မရှိလို့စိတ်ဆိုးသွားတာတစ်ခုတည်းတော့မဟုတ်နိုင်ပါ။

Chanyeol တွေးမိလိုက်လေပြီ။လူလည်လေးက ဆံပင်ဆေးဆိုးချင်တာကိုခွင့်မပြုလို့ နှစ်ခုပေါင်းပြီးစိတ်ဆိုးချင်ယောင်ဆောင်ပြီဆိုတာကို။သို့ပေမယ့်လည်း ဆံပင်တွေပျက်စီးမှာစိုးလို့ခွင့်မပြုချင်တာကို ဘယ်လိုလုပ်ရမလဲ။Hyunလေးက ဒီတစ်ခါတော့ သူငြင်းပယ်လည်းရှေ့ဆက်တိုးတော့မှာလား။

"အာ့! ကျွတ်စ်"

အတွေးများလေ ခေါင်းတွေကပိုထိုးကိုက်လာလေဆိုပေမယ့်လည်း Chanyeol မတွေးဘဲမနေနိုင်ပါ။Hyunလေးနှင့်ပတ်သတ်ရင် သူ့မှာတွေးစရာတွေများသည်။ဘယ်အရာကများ Hyunလေးအတွက်အကောင်းဆုံးဖြစ်မလဲဆိုတာကိုအချိန်တိုင်းတွေးနေရသည်။

တဖြည်းဖြည်းချင်းအရွယ်ရောက်လာတဲ့ ကလေးလေးက Chanyeol ရဲ့အတွေးတွေကိုလက်မခံချင်တော့ရင် ဘယ်လိုလုပ်ရပါ့မလဲ။သူလေးကောင်းဖို့အတွက်ပါဆိုတာကို ဘယ်လိုရှင်းပြရမလဲ။ဒီလိုနဲ့ သူလေးလုပ်ချင်တာတွေအကုန်လုံးက Chanyeol နဲ့ဆန့်ကျင်ဘက်တွေဖြစ်လာခဲ့ရင် ဘယ်လိုရှေ့ဆက်ကြရမလဲ။Hyunလေးကို အမြဲတမ်းပျော်နေစေချင်တာက အကြီးမားဆုံးဆန္ဒပါ။သူငြင်းနေရင် Hyunလေးဘယ်ပျော်ပါတော့မလဲ။အဲ့ဒါကြောင့် အဲ့ဒါကြောင့်......

ဘုန်း!

........ကိုကို့ Hyunလေးဖြစ်ချင်တာတွေအားလုံးကို လုပ်ပေးမယ်........

Chanyeol ရဲ့အတွေးတွေအကုန်လုံးရပ်တန့်သွားသလိုခံစားလိုက်ရသည်။ထို့နောက်မှာတော့ သူ့ရဲ့အမြင်အာရုံတွေလည်းမှောင်မိုက်လျှက်။

:

ကုမ္ပဏီအရှေ့မှာ ဆေးရုံကားရဲ့အချက်ပြမီးသံဟာ ညံစီလျှက်ရှိသည်။လူတွေစုပြုံနေသည့်အဆောက်အဦးအရှေ့ကိုလမ်းရှင်းပြီး ခုတင်တွန်းလှည်းအပေါ်မှလူနာအား ဆေးရုံကားအပေါ်သို့ပြောင်းတင်လိုက်ကြပါသည်။

ဥက္ကဌဖြစ်သူမေ့လဲသွားတာကြောင့် ဝန်ထမ်းတွေလည်းကပြာကယာဖြစ်နေကြသည်။အတွင်းရေးမှူးမလေးက ဆေးရုံကားအပေါ်တက်ဖို့ပြင်ပြီးကာမှ မျက်လုံးထောင့်ကနေဖြတ်ခနဲမြင်လိုက်ရတဲ့အရိပ်ကလေးကြောင့် လူကြားထဲကိုကြည့်လိုက်တော့ မျက်လုံးအဝိုင်းသားဖြင့်တောင့်တောင့်လေးရပ်နေသူကိုတွေ့လိုက်ရသည်။

"Baekhyun! Baekhyun လာ လာ ကားပေါ်တက်"

လက်ကလေးကနေဆွဲခေါ်ပြီးကားပေါ်တင်လိုက်တော့ Baekhyunက ကယောင်ကတမ်းဖြင့်ခုန်တက်ပြီး ကားကြမ်းပြင်မှာငြိမ်ငြိမ်လေးထိုင်ချလိုက်သည်။ထို့နောက် အတွင်းရေးမှူးမလေးကားပေါ်တက်ပြီးတာနဲ့ကားနောက်ဖုံးဟာပိတ်သွားပြီး အချက်ပြမီးသံညံစီစွာဖြင့်မောင်းထွက်သွားပါတော့သည်။

.................................................................................

(ဆက်ရန်)
(၄.၇.၂၀၂၃)

ဒီအပိုင်းရေးပြီးစိတ်ထဲတစ်မျိုးဖြစ်နေလို့ ဘယ်လိုလဲ ဖတ်လို့ကောင်းကြရဲ့လား🤍



(Zawgyi)

ပေရာဂ်က္ကိုလက္ခံၿပီးသြားတာႏွင့္တစ္ၿပိဳင္နက္ ဥကၠဌ Chanyeol အပါအဝင္ PB group မွဝန္ထမ္းေတြအားလုံး အလုပ္ကို မနားမေနႀကိဳးစားလုပ္ၾကရပါသည္။

Chanyeol ဆိုလၽွင္ ပိတ္ရက္ေတြမွာေတာင္ ပစၥည္းအဝင္အထြက္စာရင္းႏွင့္ ကုန္က်စရိတ္စာရင္းေတြအတြက္ laptop တစ္လုံးျဖင့္အလုပ္လုပ္ေနရသည္။ရံဖန္ရံခါလည္း ေဆာက္လုပ္ေရးထဲကိုသြားၾကည့္ရပါေသးသည္။အိမ္ရာပေရာဂ်က္ကိုလက္မခံခင္က hotel ပေရာဂ်က္တစ္ခုလည္းလက္ခံထားေသးတာမို႔ ႏွစ္ခုတိုက္ဆိုင္သြားသည့္အခါ အလုပ္ကပိုလို႔မ်ားသြားခဲ့သည္။

Dojin ႏွင့္ Minjun တို႔ႏွစ္ေယာက္ကေတာ့ အခြင့္သင့္ရင္သင့္သလို Chanyeol ဆီလာၿပီးအကူအညီေပးတတ္ၾကသည္။သို႔ေသာ္ သူတို႔မွာလည္းကိုယ္ပိုင္လုပ္ငန္းေတြရွိတာေၾကာင့္ အျမဲလိုလိုေတာ့မလာနိုင္ၾကပါ။ဒုဥကၠဌ Park ဟာလည္း သားျဖစ္သူကိုသာစကားတစ္ခြန္းမဆိုေပမယ့္ အလုပ္ကိုေတာ့တစ္ပတ္မွာႏွစ္ရက္ေလာက္လာၿပီး အေျခအေနၾကည့္ေပးပါသည္။

ပေရာဂ်က္တစ္ခုကိုလက္ခံရသည့္အခါ ကုမၸဏီ၏ ဥကၠဌအပါအဝင္ ရာထူးႀကီးငယ္ဝန္ထမ္းေတြကသာ အလုပ္မ်ားၾကရေပမယ့္ ရွယ္ယာရွင္ေတြကေတာ့ ေအးေအးေဆးေဆးပင္။ရွယ္ယာရွင္ေတြရဲ့သေဘာသဘာဝက ပိုက္ဆံတစ္ခုသာရင္းႏွီးျမႇပ္ႏွံထားရၿပီး အက်ိဳးအျမတ္ဆိုလၽွင္အခန့္သားခံစားရကာ အရွုံးဆိုလၽွင္ေတာ့ ဦးေဆာင္သူကိုသာအျပစ္ဖို႔ရန္ျပင္တတ္ၾကသည္။အလုပ္ႏွင့္ပတ္သတ္လၽွင္အရွုံးအျမတ္သာသိၾကၿပီး ထိုအရာေတြအတြက္ေပးဆပ္ရသည့္အရာေတြကိုေတာ့ စိတ္ထဲမရွိၾကပါ။

Chanyeol ကေတာ့ ဒီတစ္ေခါက္ပေရာဂ်က္ႏွင့္ပတ္သတ္ၿပီး အမ်ားႀကီးေမၽွာ္လင့္ထားတာမို႔ အစြမ္းကုန္လည္းႀကိဳးစားေနသည္။သူ႔အေနႏွင့္ဆိုလၽွင္ ရာထူး၊စည္းစိမ္ေတြဟာအဓိကမဟုတ္ေပမယ့္ အေဖလုပ္သူအေပၚ ေပးထားတဲ့ကတိေၾကာင့္ ထိုကတိကိုတည္နိုင္ေအာင္ လုပ္ေဆာင္ေနရသည္။သူ႔အေပၚအေဖ့ရဲ့ဥေပကၡာေတြေပ်ာက္ကြယ္သြားဖို႔ေမၽွာ္လင့္တာဟာ ရည္ရြယ္ခ်က္ဆိုလၽွင္ သူ႔ကေလးငယ္အေပၚအေဖ့ရဲ့သေဘာထားေတြကိုေျပာင္းလဲေစခ်င္တာကေတာ့ အဓိကျဖစ္သည္။

Hyunေလးအေပၚ လုံေလာက္တဲ့ခ်စ္ျခင္းေမတၱာေတြကို Chanyeol ေပးနိုင္ေပမယ့္ ဒီထက္မ်ားျပားတဲ့ခ်စ္ျခင္းေမတၱာေတြကိုလည္းလက္ခံရရွိေစခ်င္သည္။အထူးသျဖင့္ အေဖ့ဆီကေပါ့။အိမ္မွာဆိုလၽွင္ အေဖ့ကိုျမင္တာနဲ႔ Hyunေလးက မ်က္ႏွာရိပ္မ်က္ႏွာကဲလိုက္ၾကည့္ေနရတာမ်ိဳးကို Chanyeol မလိုခ်င္ပါ။အေဖ့ဆီကေန Hyunေလးလိုအပ္ေနတဲ့ ဖခင္ေမတၱာကိုအျပည့္အဝရေစခ်င္သည္။သူႏွင့္ပတ္သတ္ၿပီး Hyunေလးအေပၚ အေဖအျမင္မၾကည္ျဖစ္ေနတာမို႔ သူကပဲထိုအျမင္ေတြကိုေျပာင္းလဲသြားေအာင္ လုပ္ေပးရပါလိမ့္မည္။

Chanyeol ကဘယ္ေလာက္ပဲအလုပ္ေတြမ်ားေနပါေစ သူ႔ကေလးငယ္အေပၚမွာေတာ့ တာဝန္တစ္ခုေတာင္မလစ္ဟင္းခဲ့ပါ။အိပ္ခ်ိန္တန္အိပ္ စားခ်ိန္တန္စား စသျဖင့္ အစစအရာရာဂ႐ုစိုက္ေပးသည္။အရြယ္ေရာက္လာတာႏွင့္အမၽွ ကိစၥေတာ္ေတာ္မ်ားမ်ားကို Baekhyun ကသူ႔ဘာသာလုပ္တတ္လာေပမယ့္လည္း Chanyeol ရဲ့ေလာင္းရိပ္ကေနေတာ့အလုံးစုံမလြတ္နိုင္ေသးပါ။Chanyeol ကသူ႔ကေလးငယ္ရဲ့အသိဥာဏ္ေတြဘယ္ေလာက္ပဲဖြံ႕ၿဖိဳးလာပါေစ အရင္လိုေႏြးေႏြးေထြးေထြးျဖင့္ တယုတယဆက္ဆံေနစဲပင္။Baekhyun ကလည္း သူ႔ကိုကိုရဲ့ဂ႐ုစိုက္မွုေတြျဖင့္ ေနသားက်ေနၿပီးသားမို႔ ႏွစ္ေယာက္ကလိုက္လည္းလိုက္ပါေပသည္။

ဒုဥကၠဌ Park ရဲ့စိတ္မၾကည္မွုေတြထဲမွာ သူ႔သားႏွင့္သူ႔သားမက္တို႔ အခ်ိန္တိုင္းလိုလိုတစ္တစ္တူးေနတတ္ၾကတဲ့ကိစၥက ထိပ္ဆုံးမွပါေနနိုင္မလားေတာ့မေျပာတတ္ပါ။

ထိုသို႔ျဖင့္ ေန႔ရက္ေတြကိုျဖတ္သန္းလာၾကရင္း အခ်ိန္ေတြဟာ ေက်ာက္သားနံရံကိုေရစီးေၾကာင္းကတျဖည္းျဖည္းတိုက္စားသြားသကဲ့သို႔ ကုန္ဆုံးသြားသည့္အခါ လငါးလဟာလည္း ခဏေလးကုန္လြန္သြားခဲ့ၿပီး ေဆာင္းရာသီကိုေရာက္လာခဲ့သည္။

:

"ေႏြးေႏြးေထြးေထြးဝတ္ရမယ္"

အေႏြးထည္အထူႀကီးႏွင့္ မာဖလာပြပြႀကီးၾကားထဲမွာျမဳပ္ေနတဲ့ လူသားေလးကိုၾကည့္ၿပီး Chanyeol အသည္းတယားယားျဖစ္ရသည္။ေဆာင္းတြင္းမွာ ဘယ္ေလာက္ထိ အဝတ္ထူထူေတြဝတ္ေပးဝတ္ေပး အေအးေၾကာက္တဲ့ေကာင္ေလးက Chanyeol ဝတ္ေပးသမၽွကို မညည္းမညဴနဲ႔ဝတ္တတ္ပါသည္။

"အေႏြးထည္ကဝတ္ရတာေပါ့ပါးရဲ့လား"

Chanyeol ေမးလိုက္ေတာ့ ေခါင္းေလးျဖည္းျဖည္းခ်င္းညိမ့္ျပသည္။မာဖလာက မ်က္ႏွာေလးတစ္ဝက္ေလာက္ကိုဖုံးေနေတာ့ ဟိုၾကည့္ဒီၾကည့္လုပ္ေနတဲ့ မ်က္ဝန္းညိဳေလးေတြကိုသာျမင္ေနရသည္။ဒါေတာင္ ႏွဖူးျပင္ေဖြးေဖြးေပၚအုပ္ေနတဲ့ဆံပင္ေလးေတြေၾကာင့္ သိပ္မျမင္ရခ်င္။

"ဆံပင္ရွည္ေနၿပီ ညႇပ္ရဦးမယ္"

"ဒါဆို ေဆးပါဆိုးေပးေနာ္"

ဒါကလည္း ျပႆနာတစ္ခုပင္။သူေလးႀကိဳက္တဲ့ ဂ်ပန္ကာတြန္းကားထဲကဇာတ္ေကာင္က ေငြမင္ေရာင္ဆံပင္နဲ႔မို႔ သူေလးလည္းဆိုးခ်င္တယ္လို႔ တဖြဖြေျပာေနတာၾကာေလၿပီ။တျခားအေရာင္ေဖ်ာ့ေတြဆို ကိစၥမရွိေပမယ့္ ဆံပင္အေရာင္ခၽြတ္ၿပီးမွရလာမယ့္အေရာင္ကိုေတာ့ Chanyeol သေဘာမက်ခ်င္ပါ။Hyunေလးရဲ့ဆံပင္ႏုႏုေတြပ်က္စီးသြားမွာကို စိုးရိမ္သည္။

"တျခားအေရာင္ေဖ်ာ့ဆိုးပါေလကြာ၊ အဲ့အေရာင္ႀကီးကေတာ့.."

"ကိုကိုကလည္း Hyunကေငြမင္ေရာင္နဲ႔ဆိုအရမ္းမိမိုက္ေနမွာ၊ Minjun ေတာင္ခဲေရာင္ဆိုးထားတာကို"

မျမင္ရေပမယ့္ ႏွုတ္ခမ္းေလးစူေနေလာက္ၿပီကို Chanyeol သိသည္။ထို႔ေၾကာင့္ စကားလမ္းေၾကာင္းအျမန္လႊဲရန္ျပင္လိုက္ၿပီး

"လာ လာ ေအာက္ဆင္းၾကမယ္၊ ေဒၚႀကီးကမနက္စာျပင္ၿပီးေစာင့္ေနၿပီထင္တယ္"

"ကိုကိုကအျမဲ အဲ့လိုပဲ၊ ဆံပင္ေဆးဆိုးခ်င္ပါတယ္ဆို ေသခ်ာနားမေထာင္ဘူး"

"ကဲပါ လာ၊ ေအာက္သြားၾကမယ္"

ခါးေလးကေန Chanyeol ဆြဲဖက္ၿပီးေခၚေတာ့ မၾကားၾကားေအာင္ပြစိပြစိေလးေျပာၿပီး ေလးေလးပင္ပင္နဲ႔လိုက္လာသည္။Hyunေလးက လူႀကီးေလးျဖစ္လာတာႏွင့္အမၽွ ျဖစ္ခ်င္တာေတြမ်ားလာၿပီး မဆိုးသေလာက္ေလးလည္းဆိုးခ်င္လာပါသည္။သူေလးျဖစ္ခ်င္တာေတြမွန္သမၽွ Chanyeol မလိုက္ေလ်ာေပးတာမဟုတ္ အကုန္လုံးနီးပါးလိုက္ေလ်ာေပးသည္။တစ္ခုပဲ၊ Hyunေလးျဖစ္ခ်င္တာက သူသေဘာမက်တဲ့အရာဆိုရင္ေတာ့ Chanyeol ကနားဝင္ေအာင္ေသခ်ာေျပာျပၿပီး ျငင္းပယ္ပါသည္။Chanyeol ျငင္းၿပီဆို Hyunေလးကလည္းေရွ႕ဆက္မတိုးတာမ်ားသည္။

.................................................................................

"Baekhyun ဘယ္လိုလဲ၊ မင္းကိုကိုဆီက ခြင့္ျပဳခ်က္ရၿပီလား"

အတန္းေဖာ္ရဲ့အေမးကို Baekhyun ႏွာေခါင္းေလးရွုံ႔လ်က္ ေခါင္းခါျပလိုက္သည္။

"ဟုတ္လား၊ ငါ့အိမ္ကေတာ့ ခြင့္ျပဳတယ္တဲ့၊ ဒီလကုန္ရင္ သြားဆိုးေတာ့မွာ"

Baekhyun အားက်သြားရသည္။သူလည္းေငြမင္ေရာင္ကိုအရမ္းဆိုးခ်င္ေပမယ့္ ဆံပင္ပ်က္စီးမွာစိုးလို႔ဆိုၿပီး ကိုကိုကခြင့္မျပဳဘူးေလ။ကိုကိုကခြင့္မျပဳေတာ့ သူအတင္းမေတာင္းဆိုခ်င္ေပမယ့္ ေငြမင္ေရာင္ကိုတကယ္ႀကီးဆိုးခ်င္ပါသည္။

"မင္းကအသားျဖဴေတာ့ ေငြမင္ေရာင္နဲ႔လိုက္မွာ"

"ဟုတ္တယ္ဟဲ့၊ ႐ုပ္ေျပာင္းသြားမလားေတာင္မသိဘူးေနာ္"

က်န္တဲ့ႏွစ္ေယာက္ကလည္း ဆံပင္ဆိုးမယ့္တစ္ေယာက္ကိုဝိုင္းဝန္းေျမႇာက္ပင့္ေပးၾကသည္။

"Baekhyun နဲ႔ဆို ပိုေတာင္လိုက္ဦးမွာ၊ ႐ုပ္ရည္ေရာ အသားအရည္ေရာ အျပစ္ေျပာစရာမရွိဘူး၊ အခုကေဆာင္းတြင္းဆိုေတာ့ ေရခဲမင္းသားနဲ႔ေတာင္တူေနမလားပဲ"

အတန္းေဖာ္ရဲ့ေရခဲမင္းသားဆိုေသာစကားေၾကာင့္ Baekhyun အခုခ်က္ခ်င္းပင္ဆံပင္ေျပးဆိုးခ်င္စိတ္ေပါက္သြားရသည္။လုပ္ခ်င္ရာလုပ္လိုက္ရင္ ကိုကိုစိတ္ဆိုးမွာစိုးလို႔သာ။

"Baekhyun မင္းကိုကို ကိုေသခ်ာေျပာၾကည့္ဦးေလကြာ၊ မင္းကိုကိုက မင္းကိုအလိုလိုက္ပါတယ္"

"ကိုကိုကေျပာတယ္ ဆံပင္ပ်က္စီးမွာစိုးလို႔တဲ့"

Baekhyun ရဲ့ကိုကိုစိုးရိမ္တာကျဖစ္သင့္တာမို႔ သူတို႔ေတြလည္းစဥ္းစားသြားရသည္။

"ဟုတ္ေတာ့ဟုတ္တယ္၊ ေငြမင္ေရာင္က ခၽြတ္ေဆးမသုံးဘဲနဲ႔ေတာ့ ရမွာမဟုတ္ဘူးကြ"

"ဟုတ္တယ္၊ အနည္းနဲ႔အမ်ားေတာ့ ဆံပင္ပ်က္စီးမွာပဲ"

"ဒါေပမယ့္ ေဆးေကာင္းသုံးရင္ေတာ့ အဆင္ေျပနိုင္ပါတယ္၊ ေစ်းႀကီးတဲ့ေဆးသုံးေလ ဆံပင္ပ်က္စီးမွုနည္းေလးပဲ"

အိမ္မွခြင့္ျပဳခ်က္ရထားတဲ့အတန္းေဖာ္က အေတာ္ေလးတက္ႂကြေနၿပီး Baekhyun ကိုလည္းဆံပင္မဆိုးဆိုးျဖစ္ေအာင္ အႀကံဥာဏ္ေတြေပးေနသည္။Baekhyun ရဲ့မ်က္လုံးေလးေတြလက္သြားၿပီး

"ေဆးေကာင္းသုံးရင္ ဆံပင္မပ်က္စီးဘူးလား"

"ပ်က္စီးမွုနည္းတာေပါ့ကြာ၊ ေနာက္ၿပီး ငါတို႔ကေယာက်္ားေလးေတြေလ ဆံပင္အတိုပဲဟာ ပ်က္စီးလည္းကတုံးတုံးလိုက္ရင္ ဆံပင္အေကာင္းခဏေလးနဲ႔ျပန္ထြက္လာမွာပဲ"

သူ႔ဆံပင္ေလးသူကိုင္ၾကည့္ၿပီး Baekhyun ေတြေဝေနသည္။ကိုကိုျငင္းပယ္ထားတဲ့အရာကို သူအတင္းေတာင္းဆိုလို႔ျဖစ္ပါ့မလား။

"Baekhyun Baekhyun ငါအႀကံတစ္ခုေပးမယ္"

အတန္းေဖာ္ရဲ့အသံကစိတ္အားထက္သန္ေနတာမို႔ Baekhyun ေခါင္းညိမ့္ျပၿပီး နားေထာင္လိုက္သည္။

"မင္းရဲ့ကိုကိုကို မင္းစိတ္ဆိုးခ်င္ေယာင္ေဆာင္လိုက္"

"ဟင္"

"သူက မင္းကိုအရမ္းခ်စ္တာမလား၊ အဲ့ေတာ့ သူ႔ကိုဖာသိဖာသာဆက္ဆံလိုက္ရင္ သူမေနတတ္ျဖစ္ၿပီး မင္းျဖစ္ခ်င္တာကိုလိုက္ေလ်ာေပးရင္ ေပးမွာေပါ့"

"အဲ့ခါက် ကိုကိုကစိတ္မေကာင္းျဖစ္သြားမွာေပါ့"

"ဟန္ေဆာင္တာေလကြာ၊ တကယ္ စိတ္ဆိုးတာမွမဟုတ္တာ၊ မင္းသူ႔ကိုမေခၚမေျပာဘဲေနရင္ သူမေနနိုင္ေတြျဖစ္ၿပီး ေသခ်ာေပါက္မင္းရဲ့ဆႏၵကိုလိုက္ေလ်ာေပးလိမ့္မယ္"

Baekhyun မ်က္ေမွာင္ေလးကုပ္ၿပီးအသည္းအသန္စဥ္းစားေနတုန္းမွာပဲ အတန္းထဲကိုဆရာမဝင္လာၿပီမို႔ စကားစျပတ္သြားၾကသည္။အတန္းေဖာ္ကေတာ့ေျပာလာပါေသးသည္။မင္းဘယ္လိုလုပ္ရမွန္းမသိရင္ ငါသင္ေပးမယ္တဲ့ေလ။အတန္းေဖာ္ေပးတဲ့အႀကံကို မလုပ္တတ္တာမ်ိဳးမဟုတ္ဘဲ မလုပ္ခ်င္တာျဖစ္သည္။Baekhyun အဲ့လိုဟန္ေဆာင္လိုက္ရင္ေရာ ကိုကိုကတကယ္ပဲ သူ႔ဆႏၵကိုျဖည့္ဆည္းေပးမွာလား။

:

"ဥကၠဌ သံပုရာရည္ရပါၿပီ"

"အင္း ေက်းဇူးပဲ"

ေခါင္းထဲအနည္းငယ္မူးေနာက္ေနာက္ျဖစ္ေနတာမို႔ သံပုရာရည္ေဖ်ာ္ခိုင္းလိုက္ေတာ့ အတြင္းေရးမွူးမေလးက ေသခ်ာေဖ်ာ္ေပးၿပီးလာပို႔ေပးသည္။

သံပုရာရည္ကိုခြက္တစ္ဝက္ေလာက္ထိေမာ့ခ်ၿပီး ေခါင္းထဲနည္းနည္းၾကည္သြားၿပီဆိုမွ အလုပ္ျပန္လုပ္ဖို႔ျပင္ရသည္။အခုဆိုရင္ hotel ပေရာဂ်က္ကအၿပီးသတ္သာလိုေတာ့ၿပီး အိမ္ရာစီမံကိန္းကလည္းတစ္ဝက္ေလာက္ေရာက္ေနၿပီမို႔ ပိုအားစိုက္ေနရသည္။hotel ပေရာဂ်က္လြတ္သြားရင္ေတာ့ လုပ္ငန္းအနည္းငယ္ေခ်ာင္လည္သြားလိမ့္မယ္ထင္သည္။ဒီၾကားထဲ တျခားလက္ခံထားတဲ့ပေရာဂ်က္ေသးေသးမႊားမႊားေတြကလည္းအမ်ားအျပားရွိေနေသးသည္။ကိုယ့္groupကိုယုံၾကည္လို႔အလုပ္လာအပ္သမၽွပေရာဂ်က္ေတြတိုင္းအေပၚ Chanyeol ကေသခ်ာေလးတာဝန္ေက်ခ်င္ပါသည္။အလုပ္ေတြေလ်ာ့သြားၿပီဆိုမွပဲ သူလည္းေသေသခ်ာခ်ာေလးအနားယူရေပမည္။

နာရီကိုၾကည့္လိုက္ေတာ့ ၁၀နာရီထိုးေနေလၿပီ။ေနာက္ဆယ့္ငါးမိနစ္ေလာက္ေနရင္ ေဆာက္လုပ္ေရးဘက္ကိုခဏတျဖဳတ္သြားၾကည့္ရဦးမည္။ၿပီးရင္ေတာ့ Hyunေလးထမင္းစားခ်ိန္အမွီ ကုမၸဏီကိုျပန္လာရပါမည္။ကေလး ထမင္းစားခ်ိန္ေနာက္က်လို႔မျဖစ္။Hyunေလးရဲ့က်န္းမာေရးႏွင့္ပတ္သတ္ၿပီး တစ္လတစ္ခါဆရာဝန္ျပေနရကာ ဆရာဝန္ရဲ့အဓိကညႊန္ၾကားခ်က္က စားခ်ိန္အိပ္ခ်ိန္မွန္ရမယ္ဆိုတာေၾကာင့္ Chanyeol နည္းနည္းေလးေတာင္အတိမ္းအေစာင္းမခံနိုင္ပါ။

စာသင္ေနတဲ့ငါးလအတြင္း Hyunေလးက စာအေတာ္ေလးလိုက္နိုင္ၿပီး တိုးတက္လာသည္။အခုဆိုရင္ နာမည္ေတြေတာ္ေတာ္မ်ားမ်ားကိုစာလုံးေပါင္းတတ္ေနၿပီျဖစ္ၿပီး စာပိုဒ္ေတြေတာင္ေရးတတ္ေနေလၿပီ။Chanyeol ကိုလည္းေရာင္စုံစာရြက္ေလးေတြေပၚမွာစာေတြေရးေရးၿပီးေပးတတ္ေသးသည္။မ်ားေသာအားျဖင့္ 'ကိုကို႔ကိုခ်စ္တယ္၊ Hyunကိုမုန့္ဝယ္မေကၽြးခ်င္ဘူးလား' ဆိုတာမ်ိဳးေတြ 'ကိုကိုက အ႐ုပ္အသစ္ေတြဝယ္ေပးရင္ေကာင္းမွာပဲ'ဆိုတာမ်ိဳးေတြေပါ့။Chanyeol မွာသူေလးေရးေပးသမၽွကြိစိကြိစစာရြက္ေလးေတြကို စကၠဴပုံးတစ္ပုံးထဲထည့္ၿပီး အမွတ္တရအေနျဖင့္ ေသခ်ာသိမ္းထားရပါသည္။

သူေလးစာေရးတာ Chanyeol တစ္ေယာက္တည္းလားဆိုေတာ့မဟုတ္ပါ။အိမ္မွာဆိုလၽွင္ ေနရာအႏွံ့ သူေလးလက္ေရးနဲ႔စာရြက္ေတြရွိသည္။နံရံဆိုလည္း 'နံရံ' လို႔ေရးကပ္ထားၿပီး ေရခဲေသတၱာဆိုလည္း 'ေရခဲေသတၱာ'လို႔ေရးကပ္ထားကာ အိမ္သာေတာင္အလြတ္မေပးတတ္ပါ။တစ္ခါတစ္ရံ အေဖ့အခန္းတံခါးမွာလည္း စာရြက္ေတြသြားကပ္ေသးသည္။'ဦးေလး Park က်န္းမာပါေစ'ဆိုတာေတြေရာ 'ဦးေလး Park က႐ုပ္တည္ႀကီး'ဆိုတာေတြေရာ 'ဦးေလး Park က ကိုကို႔ေလာက္အရပ္မရွည္ဘူး' ဆိုတာေတြေရာ ခဏခဏသြားသြားကပ္လို႔ Chanyeol မွာေခါင္းႀကီးရေပမယ့္ အေဖကျမင္လည္းမသိခ်င္ေယာင္ေဆာင္တာမို႔လို႔ ေတာ္ပါေသးသည္။အေဖ့အခန္းတံခါးမွာ Hyunေလးသြားကပ္သမၽွစာရြက္ေတြကိုဒိုင္ခံရွင္းရတာကေတာ့ေဒၚႀကီးပင္။

အတတ္ကေလးက စကားလည္းအရင္ကထက္ ဆယ္ဆေလာက္တတ္လာပါသည္။Hyunေလးအေၾကာင္းမသိတဲ့လူေတြ Hyunေလးလွည့္ပတ္ၿပီးေျပာသမၽွခံၾကရသည္။သူမ်ားကိုလူလည္က်ၿပီးရင္လည္းေပ်ာ္ေနတတ္ေသးသည္။သူေတာင္ Hyunေလးထက္တစ္ကြက္ေလာက္ႀကိဳျမင္ေနတတ္လို႔ေတာ္ေသးသည္။မဟုတ္ရင္ Hyunေလးအမ်ားဆုံးလွည့္မွာက သူ႔ကိုပင္။သူကလည္းသူပဲ ကိုကိုဆိုတာနဲ႔အကုန္ေပးဆပ္ၿပီးလိုက္ေလ်ာပစ္ခ်င္ေနတာဆိုေတာ့ မနည္းစိတ္ထိန္းထားရပါသည္။ထို႔အျပင္ Hyunေလးရဲ့ဥာဏ္ရည္ေတြတစ္စတစ္စတိုးလာတာႏွင့္အညီ Chanyeol ရဲ့အခ်စ္ေတြကလည္းတစ္စတစ္စပိုလို႔တိုးသည္။Hyunေလးကဆယ္ဆဆိုရင္ Chanyeol ကလည္းဆယ္ဆေပါ့။

အေတြးေတြက လူလည္အသည္းအသက္ေလးဆီကိုေရာက္ေနေတာ့ အသည္းတယားယားျဖင့္ ေပြ႕ဖက္ၿပီးနမ္းပစ္လိုက္ခ်င္စိတ္ေတြျဖစ္လာရပါသည္။သို႔ေပမယ့္လည္း ဆႏၵကို သိကၡာနဲ႔ထိန္းရတာေပါ့။ကေလးကစာသင္ေနတာဆိုေတာ့ ဖ်က္လိုဖ်က္ဆီးလုပ္လို႔မျဖစ္ဘူးေလ။

နာရီကိုသတိတရျဖင့္ျပန္ၾကည့္လိုက္ေတာ့ ေဆာက္လုပ္ေရးဘက္သြားရမယ့္အခ်ိန္မို႔ ကုတ္ကိုေသခ်ာျပင္ဝတ္ၿပီး Chanyeol အခန္းအျပင္ထြက္ခဲ့လိုက္သည္။မသြားခင္တစ္ဖက္အခန္းမွာ စာသင္ေနသူေလးကို မွန္ကေနတစ္ဆင့္ေခ်ာင္းၾကည့္ခဲ့ပါေသးသည္။အေမာေျပေလးေပါ့။

.................................................................................

ေဆာင္းရာသီမို႔ေနအပူရွိန္မရွိဘဲ ေျခာက္ေသြ႕ေအးခ်မ္းေနသည္။တိုက္ခတ္ေနတဲ့ေလျပည္ညင္းကလည္း စိမ့္ေနတာမို႔မာဖလာဝတ္ထားတာေတာင္ Chanyeol ရဲ့ႏွာေခါင္းထိပ္ႏွင့္နားရြက္ဖ်ားေတြေအးစက္ေနပါသည္။ရာသီဥတုေအးေတာ့ မနက္ကတည္းကမူးေနာက္ေနာက္ျဖစ္ေနတဲ့ေခါင္းက ပိုက်ိန္းလာသလိုခံစားလာရသည္။သို႔ေပမယ့္လည္း မခံမရပ္နိုင္ေအာင္အထိမဟုတ္တာမို႔ Chanyeol ေတာင့္ခံထားလိုက္သည္။

အေဆာက္အဦးကေႏြဘက္မွာအေတာ္ေလးၿပီးထားၿပီးၿပီမို႔ အတြင္းပိုင္းေတြသာက်န္ေတာ့သည္။မိုးလုံေလလုံႏွင့္မို႔ အလုပ္လုပ္ေနတဲ့အလုပ္သမားေတြအတြက္လည္းအဆင္ေျပပါသည္။မဟုတ္ေတာင္ အလုပ္သမားေတြက လွုပ္ရွားလုပ္ကိုင္ေနၾကတာမို႔ ေသြးလည္ပတ္မွုအားေကာင္းၿပီး အေအးဒဏ္ကိုခံနိုင္ေနၾကသည္။

"သူတို႔လိုခ်င္တဲ့ခဲေရာင္ကို ကၽြန္ေတာ္တို႔ေသခ်ာေလးသုံးေပးထားပါတယ္ဗ်"

"အင္း၊ ေလဝင္ေပါက္မထားဘူးဆိုတဲ့ အခန္းေတြလိုက္ျပပါဦး"

"ဟုတ္ကဲ့၊ ဒီဘက္ႂကြပါ ဥကၠဌ"

"အာ့!"

အလုပ္သမားေခါင္းေဆာင္ေခၚရာေနာက္လိုက္ဖို႔ျပင္လိုက္ေပမယ့္ စူးခနဲထိုးကိုက္သြားတဲ့ေခါင္းေၾကာင့္ နားထင္ကိုလက္ဖေနာင့္ျဖင့္ေထာက္ၿပီး ခဏၿငိမ္ေနလိုက္ရသည္။

"ဘာျဖစ္တာလဲ ဥကၠဌ၊ အဆင္ေျပရဲ့လား၊ ေခါင္းမူးလို႔လားဗ်၊ ကၽြန္ေတာ္ ဘာလုပ္ေပးရမလဲ"

"အာ ခဏ.."

"ဥကၠဌ အဆင္ေျပရဲ့လားရွင့္၊ ခဏေလာက္ထိုင္လိုက္ပါလား"

"ဟုတ္တယ္၊ ခဏေလာက္ထိုင္လိုက္ဗ်"

စကားမျပန္နိုင္ျဖစ္ေနတဲ့ Chanyeol ကိုအတြင္းေရးမွူးမေလးႏွင့္အလုပ္သမားေခါင္းေဆာင္က ကူတြဲၿပီးဆိုဖာတစ္ခုအေပၚမွာထိုင္ေစလိုက္သည္။ဥကၠဌျဖစ္သူရဲ့အေျခအေနေၾကာင့္ အနီးအနားရွိအလုပ္သမားေတြလည္းလွမ္းၾကည့္လာၾကပါသည္။

"ေခါင္းမူးေနတာမလား ဥကၠဌ၊ ကၽြန္မတို႔ေဆး႐ုံသြားၾကရေအာင္"

"ကၽြန္ေတာ္ကားအနားထိလိုက္ပို႔ေပးပါ့မယ္"

စိုးရိမ္ေနၾကတဲ့ႏွစ္ေယာက္စလုံးကို Chanyeol လက္ကာျပလိုက္ၿပီး

"မဟုတ္ဘူး ရတယ္၊ ေဆး႐ုံအထိသြားစရာမလိုဘူး"

"ျဖစ္ပါ့မလား ဥကၠဌရယ္၊ မနက္ကတည္းကေခါင္းမူးေနတာမလား"

"ရတယ္ ရတယ္၊ ရာသီဥတုေအးလို႔ျဖစ္သြားတာ၊ ဒါဆို ဒီေန႔ေတာ့ျပန္လိုက္ေတာ့မယ္၊ ေနာက္ေန႔မွထပ္လာၾကည့္မယ္"

"ဟုတ္ကဲ့ ဟုတ္ကဲ့ပါ၊ ကၽြန္ေတာ္ ကားအနားထိလိုက္ပို႔ေပးမယ္ဗ်"

အလုပ္သမားေခါင္းေဆာင္က ကားအနားထိလိုက္ပို႔ေပးၿပီး အေပၚျပန္တက္သြားသည္။Chanyeol ကားအေနာက္ခန္းထဲမွာ မ်က္လုံးမွိတ္၍သက္ေတာင့္သက္သာထိုင္လိုက္ေတာ့ ေခါင္းမူးတာကအနည္းငယ္သက္သာသြားခဲ့သည္။ဒီေန႔ကားေမာင္းဖို႔ driver ေခၚလာမိလို႔ေတာ္ေသးသည္။ကားအေရွ႕ခန္းမွာထိုင္တဲ့ အတြင္းေရးမွူးမေလးက Chanyeol ကိုစိုးရိမ္ၿပီးခဏခဏလွည့္ၾကည့္ေပမယ့္လည္း ေဆး႐ုံမသြားဘူးလို႔ျငင္းထားတဲ့ဥကၠဌျဖစ္သူေၾကာင့္ သူမလည္းဘာမွမတတ္နိုင္ပါ။

:

ကုမၸဏီကိုျပန္ေရာက္ေရာက္ခ်င္း နာရီကိုၾကည့္လိုက္ေတာ့ ၁၂နာရီထိုးေနၿပီျဖစ္သည္။စိတ္ထဲဒိန္းခနဲဆို Hyunေလးထမင္းစားဖို႔အေရးပူပန္သြားရတာမို႔ အလုပ္ခန္းရွိရာဆီကိုအေျပးႏွင္မိသည္။ကားေတြပိတ္ေနတာမို႔ လမ္းခရီးၾကာသြားရျခင္းျဖစ္သည္။မဟုတ္ရင္ ၁၁နာရီခြဲေလာက္ဆိုျပန္ေရာက္နိုင္သည္။ေဆာက္လုပ္ေရးက ကုမၸဏီနဲ႔ဘယ္ေလာက္မွမေဝးပါ။Chanyeol ေျပးေတာ့အတြင္းေရးမွူးမေလးကလည္း အေနာက္ကေနေတာက္ေလၽွာက္ေျပးလိုက္ေနရပါသည္။

အလုပ္ခန္းရွိရာအထပ္ကိုေရာက္ေတာ့ ကိုယ့္အခန္းထဲကိုယ္မဝင္နိုင္ေသးဘဲ ေဘးကစာသင္ခန္းထဲကို အရင္သြားၾကည့္ရသည္။သို႔ေသာ္ စာသင္ခန္းထဲမွာတစ္ေယာက္မွရွိမေနပါ။

"ဘယ္ေရာက္သြားၾကတာလဲ၊ ထမင္းစားလႊတ္တာၾကာေနၿပီလားမသိဘူး"

သူ႔အလုပ္ခန္းထဲမွာမ်ား Hyunေလးရွိေနမလားဆိုၿပီးၾကည့္ေတာ့လည္းရွိမေန။Chanyeol ရဲ့ေခါင္းေတြပူထူလာရသည္။

"ကန္တင္းမွာထမင္းသြားစားေနၿပီထင္တယ္ေနာ္ ဥကၠဌ"

Chanyeol ေယာက္ယက္ခပ္ေနတာကိုျမင္ေတာ့ အတြင္းေရးမွူးမေလးက ေျပရာေျပေၾကာင္းေျပာျပလာသည္။ထိုအခါမွ Chanyeol စိတ္ထိန္းလိုက္ၿပီး

"အင္း ဟုတ္မယ္၊ အတြင္းေရးမွူး လီ လည္းေန႔လည္စာစားလို႔ရၿပီေနာ္၊ ကန္တင္းဘက္သြားၾကည့္လိုက္ဦးမယ္"

"ဟုတ္ကဲ့ ဟုတ္ကဲ့"

မေမာနိုင္မပန္းနိုင္ ကန္တင္းကိုအေျပးသြားမယ္လုပ္ေနတုန္းမွာပင္

"ဒီေန႔ ကန္တင္းကဟင္းေကာင္းမွေကာင္း"

"Baekhyun ေရာႀကိဳက္တယ္မလား"

"အင္း ႀကိဳက္တယ္"

"Baekhyun ထမင္းစားတာေႏွးတယ္ေနာ္"

"ငါက အဲ့လိုပဲစားတာ"

"ေအးပါကြာ"

အတန္းေဖာ္ေတြႏွင့္အတူ အစားတေျပာေျပာျဖင့္လာေနတဲ့ Hyunေလးက Chanyeol ကိုေတြ႕ေတာ့ အလ်င္အျမန္ပဲအၾကည့္လႊဲသြားသည္။အတန္းေဖာ္ကေလးေတြကေတာ့ Chanyeol ကိုႏွုတ္ဆက္ၿပီးအခန္းဘက္ကိုေျပးသြားၾကေလၿပီ။

"Hyunေလး"

"................"

"ေတာင္းပန္ပါတယ္ကြာ၊ ကိုကိုအလုပ္ရွိေနလို႔ ထမင္းစားခ်ိန္ေက်ာ္သြားတာ၊ ကိုကို႔ကိုေစာင့္ေနမယ္ထင္တာ၊ အခု Hyunေလး ထမင္းစားၿပီးသြားၿပီလား၊ ဗိုက္ေရာဝရဲ့လား၊ ကိုကိုနဲ႔ထပ္သြားစားၾကမလား"

"မစားေတာ့ဘူး"

Hyunေလးက သူ႔ကိုၾကည့္မေနတာမို႔ ထမင္းစားခ်ိန္မွာအတူမရွိလို႔စိတ္ဆိုးေနတာလို႔ Chanyeol ထင္လိုက္မိသည္။

"ကိုကို႔အမွားပါ၊ ထမင္းဘယ္လိုစားလိုက္လဲ၊ အခု ကိုကိုနဲ႔ထပ္သြားစားၾကမယ္ေလ၊ လာ ကိုကိုခြန့္ေကၽြးမယ္ ကိုကို႔ကေလးေလးကို၊ ကိုကိုလည္းေန႔လည္စာမစားရေသးဘူး"

လက္ကေလးကိုဆြဲကိုင္လိုက္ေတာ့ ခ်က္ခ်င္းပဲ႐ုန္းထြက္သြားသည္။

"မစားေတာ့ဘူးလို႔"

"ကိုကို ေတာင္းပန္ပါတယ္၊ ဒီတစ္ခါတည္းပါကြာ ေနာ္၊ စိတ္ဆိုးေနတာလား ဟင္၊ ကိုကို႔ကေလးေလးက ကိုကို႔ကိုစိတ္ဆိုးေနတာလား"

"Hyunကစာေရးရဦးမွာ၊ သြားၿပီ၊ ကိုကိုတစ္ေယာက္တည္း ေကာင္းေကာင္းစားပါ"

သူ႔ေဘးနားကေနလွစ္ခနဲဆိုေျပးထြက္သြားၿပီး စာသင္ခန္းထဲတက္တက္ႂကြႂကြျဖင့္ဝင္သြားတဲ့ ကေလးေလးေၾကာင့္ Chanyeol သက္ျပင္းအသာခ်မိသည္။Hyunေလးမပါေတာ့ သူလည္းထမင္းသြားမစားခ်င္ေတာ့တာမို႔ အခန္းထဲသာျပန္ဝင္ေနလိုက္သည္။Hyunေလးက တကယ္ႀကီး စိတ္ဆိုးေနတာပဲ။သူ႔ကိုေတာင္မေစာင့္ဘဲထမင္းသြားစားတဲ့ ကေလးငယ္က ထမင္းစားခ်ိန္မွာ Chanyeol မရွိလို႔စိတ္ဆိုးသြားတာတစ္ခုတည္းေတာ့မဟုတ္နိုင္ပါ။

Chanyeol ေတြးမိလိုက္ေလၿပီ။လူလည္ေလးက ဆံပင္ေဆးဆိုးခ်င္တာကိုခြင့္မျပဳလို႔ ႏွစ္ခုေပါင္းၿပီးစိတ္ဆိုးခ်င္ေယာင္ေဆာင္ၿပီဆိုတာကို။သို႔ေပမယ့္လည္း ဆံပင္ေတြပ်က္စီးမွာစိုးလို႔ခြင့္မျပဳခ်င္တာကို ဘယ္လိုလုပ္ရမလဲ။Hyunေလးက ဒီတစ္ခါေတာ့ သူျငင္းပယ္လည္းေရွ႕ဆက္တိုးေတာ့မွာလား။

"အာ့! ကၽြတ္စ္"

အေတြးမ်ားေလ ေခါင္းေတြကပိုထိုးကိုက္လာေလဆိုေပမယ့္လည္း Chanyeol မေတြးဘဲမေနနိုင္ပါ။Hyunေလးႏွင့္ပတ္သတ္ရင္ သူ႔မွာေတြးစရာေတြမ်ားသည္။ဘယ္အရာကမ်ား Hyunေလးအတြက္အေကာင္းဆုံးျဖစ္မလဲဆိုတာကိုအခ်ိန္တိုင္းေတြးေနရသည္။

တျဖည္းျဖည္းခ်င္းအရြယ္ေရာက္လာတဲ့ ကေလးေလးက Chanyeol ရဲ့အေတြးေတြကိုလက္မခံခ်င္ေတာ့ရင္ ဘယ္လိုလုပ္ရပါ့မလဲ။သူေလးေကာင္းဖို႔အတြက္ပါဆိုတာကို ဘယ္လိုရွင္းျပရမလဲ။ဒီလိုနဲ႔ သူေလးလုပ္ခ်င္တာေတြအကုန္လုံးက Chanyeol နဲ႔ဆန့္က်င္ဘက္ေတြျဖစ္လာခဲ့ရင္ ဘယ္လိုေရွ႕ဆက္ၾကရမလဲ။Hyunေလးကို အျမဲတမ္းေပ်ာ္ေနေစခ်င္တာက အႀကီးမားဆုံးဆႏၵပါ။သူျငင္းေနရင္ Hyunေလးဘယ္ေပ်ာ္ပါေတာ့မလဲ။အဲ့ဒါေၾကာင့္ အဲ့ဒါေၾကာင့္......

ဘုန္း!

........ကိုကို႔ Hyunေလးျဖစ္ခ်င္တာေတြအားလုံးကို လုပ္ေပးမယ္........

Chanyeol ရဲ့အေတြးေတြအကုန္လုံးရပ္တန့္သြားသလိုခံစားလိုက္ရသည္။ထို႔ေနာက္မွာေတာ့ သူ႔ရဲ့အျမင္အာ႐ုံေတြလည္းေမွာင္မိုက္လၽွက္။

:

ကုမၸဏီအေရွ႕မွာ ေဆး႐ုံကားရဲ့အခ်က္ျပမီးသံဟာ ညံစီလၽွက္ရွိသည္။လူေတြစုျပဳံေနသည့္အေဆာက္အဦးအေရွ႕ကိုလမ္းရွင္းၿပီး ခုတင္တြန္းလွည္းအေပၚမွလူနာအား ေဆး႐ုံကားအေပၚသို႔ေျပာင္းတင္လိုက္ၾကပါသည္။

ဥကၠဌျဖစ္သူေမ့လဲသြားတာေၾကာင့္ ဝန္ထမ္းေတြလည္းကျပာကယာျဖစ္ေနၾကသည္။အတြင္းေရးမွူးမေလးက ေဆး႐ုံကားအေပၚတက္ဖို႔ျပင္ၿပီးကာမွ မ်က္လုံးေထာင့္ကေနျဖတ္ခနဲျမင္လိုက္ရတဲ့အရိပ္ကေလးေၾကာင့္ လူၾကားထဲကိုၾကည့္လိုက္ေတာ့ မ်က္လုံးအဝိုင္းသားျဖင့္ေတာင့္ေတာင့္ေလးရပ္ေနသူကိုေတြ႕လိုက္ရသည္။

"Baekhyun! Baekhyun လာ လာ ကားေပၚတက္"

လက္ကေလးကေနဆြဲေခၚၿပီးကားေပၚတင္လိုက္ေတာ့ Baekhyunက ကေယာင္ကတမ္းျဖင့္ခုန္တက္ၿပီး ကားၾကမ္းျပင္မွာၿငိမ္ၿငိမ္ေလးထိုင္ခ်လိုက္သည္။ထို႔ေနာက္ အတြင္းေရးမွူးမေလးကားေပၚတက္ၿပီးတာနဲ႔ကားေနာက္ဖုံးဟာပိတ္သြားၿပီး အခ်က္ျပမီးသံညံစီစြာျဖင့္ေမာင္းထြက္သြားပါေတာ့သည္။

.................................................................................

(ဆက္ရန္)
(၄.၇.၂၀၂၃)

ဒီအပိုင္းေရးၿပီးစိတ္ထဲတစ္မ်ိဳးျဖစ္ေနလို႔ ဘယ္လိုလဲ ဖတ္လို႔ေကာင္းၾကရဲ့လား🤍

Continue Reading

You'll Also Like

106K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
70.7K 9.7K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
446 54 7
စာအုပ်တစ်အုပ်ထုတ်ဖို့ပြင်နေတဲ့ online စာရေးဆရာလေး ဝေလွန်းအိမ် တစ်ယောက်၊ စာအုပ်ထုတ်ဖို့ လုပ်နေတုန်းမှာ စာအုပ်ပါ exတွေရဲ့ နာမည်ကို ခွင့်ပြုချက်မရဘဲ သုံ...
170K 9.8K 27
Chanbaek yaoi MainကChanbaekပါ Dika,Hunhan,Taorisလည္​းပါပါတယ္​ ပထမဆံုး​ေရးတဲ့fic​ေလးပါ အား​ေပးၾကပါဦး😘😘😘😘 Cover by @Byunbaek_6104