မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၁၀)
စနစ်သစ်စာသည် စနစ်ဟောင်းနဲ့ သင်ပုံသင်နည်းကွဲပြားသွားသည်။ အရင်တုန်းကဆို ၄တန်းနှင့်၈တန်းသည်အစိုးရစစ်ဖြစ်ပေမဲ့ အခုကြတော့၅တန်းနှင့်၉တန်းသည်အစိုးရစစ်ဖြစ်လာခဲ့သည်။ စနစ်ဟောင်းမှာဆို ၁၀တန်းသည်ကျောင်းသားတိုင်းရဲ့ အလန့်ရဆုံးအတန်းပေမဲ့ အခုကြ ၁၂တန်းကပင်အလန့်ရဆုံးအတန်းဟူဖြစ်တော့မည်။ KG+12 စနစ်ကိုပြောင်းလဲသွားတာဖြစ်တာကြောင့် ကလေးတွေလည်း အခက်အခဲများစွာကြားကကြိုးစားရတော့သည်။ နွေးသည်လည်းထိုကလေးများထဲပါသည်။ နွေးသည် Kgကတည်းက စနစ်သစ်စာနဲ့သင်ရသည်။ နွေးသည် ဉာဏ်ကောင်းတဲ့လူမဟုတ်ပေမဲ့ ဖြတ်ထိုးဉာဏ်တော့ကောင်းလှသည်။
သင်္ချာချိန်သည် နွေးအကြိုက်အဆုံးအချိန်ပင်ဖြစ်သည်။ နွေးသည်တွက်ချက်ရသည်ကိုနှစ်သက်သူမို့ သင်္ချာကိုသဘောကျရခြင်းပင်ဖြစ်သည်။ ဒါကြောင့် သင်္ချာအချိန်ဆို နားမလည်တဲ့သူတွေက သူနားဝိုင်းဝိုင်းလည်နေတတ်သည်။
မာနငယ်ဆိုသည် အမျိုးသမီးသည်နားလည်ရအတော်ခက်လှသည်။ စေ့စပ်ထားသူရှိပေမဲ့ ထိုသူအားမချစ်မြတ်နိုးပါ။ မိဘတွေက စေ့စပ်ဖို့ပြောလို့သာ ငြင်းခြင်းမရှိဘဲလက်ခံလိုက်ခြင်းဖြစ်သည်။မိဘချစ်သူမို့ တစ်ခွန်းမှပြန်မပြောဘဲ ချက်ချင်းလက်ခံလိုက်တာပင်ဖြစ်သည်။ ငယ်သည် အချစ်ဆိုတာဘာမှကောင်းကောင်းမသိသူဟူဆိုလျှင်မမှားနိုင်ပါ။ ဘာလို့လည်းဆိုရင် နွေးအပေါ်ချစ်နေမိပေမဲ့ ကိုယ်ခံစားနေရတာက အချစ်ဆိုတာကို မသိဘဲ တူမတစ်ယောက်ချစ်တဲ့အချစ်ဟုသာထက်မှတ်နေသည်။
အခုလည်း နွေးအပေါ်သ၀န်တိုလို့ ထိုကောင်လေးအားပါးချမိတာကို မသိပါ။ ဒီတိုင်း ကျောင်းမှာရည်းစားမထားရတာကို ထားလို့ဆိုပြီ ပါးချမိတယ်လို့သာထင်နေသည်။တကယ်တော့ ငယ်လည်း သေချာမသိပါ ဘာလို့ပါးချခဲ့မိမှန်းကိုးပေါ့...။
၅အချိန်သည်ပထဝီအချိန်ဖြစ်တာကြောင့် နွေးမသင်ချင်ပါ။ သင်တဲ့ဆရာမကငယ်ဖြစ်နေတာကြောင့်ရယ် ပထဝီဆိုစိတ်မ၀င်စားတာကြောင့် မသင်ချင်တာဖြစ်သည်။ တီချယ်သည် စာအမေးကြမ်းလေ၏ တစ်ခုခု စာမေးတတ်တာမို့ နွေးခဗျာ စာကို သေချာလိုက်ကြည့်နေရတော့သည်။
"တရုတ်နိုင်ငံရဲ့ မြေမျက်နှာသွင်ပြင်ကညီညာနေလား"
"မညီညာပါဘူး"
"ဒါဆို ဧရိယာအများစုကရော ဘာဖြစ်နေသလဲ"
"တောင်ကုန်းတောင်တန်းတွေဖြစ်နေပါတယ်"
"ရှင်းသင့်သလောက်ရှင်းပြီးပြီဆိုတော့ ဆရာမ တစ်ယောက်ချင်းစီစာမေးမယ်"
"ဟင်...ဟုတ်..."
"မိန်းကလေးတန်းရဲ့ အရှေ့ထောင့်ဆုံးကတစ်ယောက်ထမယ်"
"ဟုတ်ကဲ့"
ငယ်သည်မျက်နှာသေချာမကြည့်ဘဲခေါ်လိုက်သည်။ ခေါ်လိုက်သူမှာ တိုက်တိုက်ဆိုက်ဆိုင် နွေးဖြစ်နေတော့သည်။
"တရုတ်နိုင်ငံရဲ့ အရှေ့ဘက်ရှိအဓိကတောင်တန်းကဘာတွေလဲ"
"ဒါဟီဂျန်တောင်တန်းနှင့်တိုင်ဟန်တောင်တန်းပါ"
နွေးသည် တွန့်ဆုတ်သွားမှုမရှိဘဲပြတ်သားသောအသံနှင့်တီချယ်ရဲ့အမေးကိုဖြေခဲ့သည်။
"ဟုတ်ပြီ ထိုင်တော့ သမီး"
"ဟုတ်"
ငယ်ကိုတစ်ချက်ကလေးတောင်မပြုံးဘဲအေးဆေးစွာ ထိုင်လိုက်သည့်မှာငယ်အတွက် နာကျင်ဖို့ကောင်းနေသည်။
တီ...တီ
အချိန်ပြောင်းချိန်
"အိမ်စာတွေလုပ်ခဲ့ကြနော် ဆရာမ သွားပြီ နှုတ်ဆက်ကြ"
"မင်္ဂလာပါဆရာမ"
"မင်္ဂလာပါ"
"ကျေးဇူးတင်ပါတယ်ဆရာမ"
ငယ်ထွက်သွားတော့ ငယ်ဆံထုံးတွင်ထိုးထားသည့် နှင်းဆီပန်းလေးကိုနွေးမြင်ခဲ့ရသည်။ ငယ်သည် နေ့စဉ်နှင်းဆီပန်း ပန်လေ့ရှိသည်။ တစ်ခါတလေကျ အဲနှင်းဆီပန်းကိုတောင် သ၀န်တိုမိသည်။ အခုကြတော့အတွေးတစ်မျိုးပြောင်းသွားခဲ့ပြီ ထိုနှင်းဆီပန်းလေးတွေကို နေ့တိုင်းဆက်သသူရှိနေတာလား.... ဆက်သနေသူက တီချယ်နဲ့စေ့စပ်ထားတဲ့သူလား။
နွေးလည်းအဲစိတ်နဲ့မကြာခင်ရူးနေမည်ကိုမြင်ယောင်နေသည်။
"နွေး"
"ပြောလေ... ပျို"
"နင်ဆရာမကိုသဘောကျနေတာမလား"
"ဟဲ့ ဟိုကကိုယ်အဒေါ်အရွယ်လေ ကြိုက်စရာလား"
နွေးမုသားစကားသုံးလိုက်သည်။
"မသိပါဘူး နင်အကြည့်တွေကမရိုးသားဘူး"
"ဟင် ဟုတ်လား"
"အင်း"
ပျိုပြောလည်းပြောချင်စရာ နွေးသည်ဆရာမကိုဆို မျက်တောင်ခတ်ဖို့မအားအောင်ကိုငေးကြည့်လေ့ရှိသည်။ ဆရာမကိုငေးသည်အခါမှာလည်း ရိုးသားတဲ့အကြည့်တွေတစ်စက်မှမပါ။ငေးကြည့်နေချိန်ဆို ပြုံးနေမိသည်မို့ ရိုးရိုးသားသားကြည့်တာပါလို့ပြောရင်ယုံရခက်စေသည်။
_____
11:00 PM
"ဘာလုပ်ရင်ကောင်းမလဲ ficဖတ်ရင်ကောင်းမလား ဖွန်ကြောင်ရင်ကောင်းမလား လိုင်းပေါ်ကချင်းဂုတွေနဲ့စကားပြောရင်ကောင်းမလား"
"အကုန်လုံးလုပ်ရင်ပိုကောင်းမယ်ထင်တယ်"
"ဒါဆိုအကုန်လုံးလုပ်မယ်"
တစ်ယောက်ထဲအမေးအဖြေလုပ်နေသူနွေး။
Fbပေါ်ခဏတတ်ကြည့်တော့ နွေးလန့်သွားခဲ့ရသည်။အကြောင်းရင်းကတော့ သူရှာနေခဲ့ရသည့် တီချယ်ရဲ့အကောင့်ကိုရှာတွေ့သွားခဲ့လို့ပင်ဖြစ်သည်။ တွေ့ပေမဲ့လည်း မaddရဲပါ။ ပိုင်ရှင်ရှိသူကိုဆက်မကြိုက်သင့်ကြောင်း ကိုယ်ဟာကိုတရားချကာ နေလိုက်ရသည်။
"အားး တီချယ်က ကိုယ်ကို addလိုက်တာလား"
ချက်ချင်းဆိုရင်ဘဲလက်ခံလိုက်သည်။သိပ်မကြာပါ တီချယ်က Messages ကနေစာလာပို့သည်။
"ကလေးငယ် မအိပ်သေးဘူးလား"
"မအိပ်သေးဘူး တီချယ်"
"အိပ်တော့လေ နောက်ကျနေပြီ"
"ကိုယ်အတွက်တော့စောပါသေးတယ်"
"ညဘက်တွေဘယ်အချိန်အိပ်လဲ"
"1နာရီ"
"အဲဒါကြောင့်ပန်တာဖြစ်နေတာ ညဘက်တွေစောစောအိပ် မအိပ်ရင်ကျောင်းရောက်ရင် စာတွေကြီးပဲမေးမှာ"
"စာကြီးဘဲမမေးပါနဲ့ အိပ်ဆိုအိပ်ပါမယ်"
"ဒီလို့မှာပေါ့ ကလေးငယ်ရဲ့ အော် ဒါနဲ့ ညနေကကိစ္စအတွက် ဆရာမတောင်းပန်ပါတယ်နော်"
"ဟုတ်ကဲ့ ရပါတယ် ဒါဆိုကိုယ်အိပ်တော့မယ်နော်"
နွေးဒီအကြောင်းကိုဆက်မပြောချင်တာကြောင့်စကားလမ်းကြောင့်လွှဲလိုက်သည်။
"ဟုတ်ပြီ good night "
"Good night တီချယ်"
အိပ်ယာပေါ်မှာလူမသိသူခိုးငိုပြီ အသံမထွက်အောင်တားထားရသည်မှာ အလွန်ပင်ပန်းလှသည်။
နာကျင်နေပေမဲ့လည်း တီချယ်နဲ့ပြောရတာကိုတော့ပျော်တယ် တီချယ်။ချစ်တယ်...ဒေါ်မာနငယ်~...
နောက်တစ်နေ့မနက်နွေးကျောင်းအလာ မြင်ရသည့်မြင်ကွင်းကိုပင်မယုံနိုင်ဖြစ်သွားသည်။ ရင်ဘက်ကလည်း အောင့်နေပြီ နာကျင်နေရလေသည်။
နွေးမြင်လိုက်ရသည်မှာ တီချယ်နဲ့စေ့စပ်ထားတဲ့အဲလူကြီးက တီချယ်ကိုသူကားနဲ့ကျောင်းလာတာပို့ပင်ဖြစ်သည်။
နွေးငိုချလာချင်ပေမဲ့ နွေးရဲ့ခံယူချက်သည် လူအများအရှေ့ အားနည်းစွာနဲ့မငိုပြဖို့ပါ။ ဟိုနေ့ကတော့စိတ်မထိန်းနိုင်ဘဲငိုချမိခဲ့ပြီးပြီ။ ဒီနေ့စိတ်ထိန်းထားမှဖြစ်မည်။
"ကလေးငယ်"
"ရှန် တီချယ်"
"သမီးကိုမိတ်ဆက်ပေးရအုံးမယ် ဒါက ဦးထိန်လင်းအောင်တဲ့ တီချယ်နဲ့စေ့စပ်ထားတဲ့သူပေါ့ ဒါက ငယ်ရဲ့ အချစ်ဆုံးတပည့်လေ မေတ္တာနွေးတဲ့ မှတ်ထားပေါ့"
"ဟုတ်ကဲ့ ဦးကိုလမ်းမှာတွေ့ရင်လည်းခေါ်နော် သမီး... ဦးအခုအလုပ်ရှိသေးလို့သွားပြီနော် ဘိုင့် ငယ်"
"ဟုတ်ကဲ့ ဦးလေး"
"သတိထားမောင်း"
"ဟုတ်ပါပြီဗျာ"
တီချယ်ကရက်စက်လွန်းတယ် တီချယ်ကိုမတွေ့ချင်လို့တမင်မသိချင်ယောင်ဆောင်ပြီ ထွက်သွားဖို့လုပ်တာကို တီချယ်ရဲ့စေ့စပ်ထားသူပါဆိုပြီ တကူးတကမိတ်ဆက်ပေးစရာလား တီချယ်ရယ်။
"တီချယ် ကိုယ်ပြောစရာရှိလို့ ကိုယ်နဲ့အတူတစ်နေရာကိုလိုက်ခဲ့ပေးပါလား"
"ဘယ်ခေါ်သွားမို့တုန်း"
"လိုက်ခဲ့ပေးပါနော်"
"ဟုတ်ပါပြီရှင့်"
_____
ရေးတာတိုသွားရင်ဆောရီးပါ ဘာဆက်ရေးရမှန်းမသိတော့တာမို့ ဆက်မရေးတာပါ ပေါ့သွားရင် ကိုယ်ကဘဲတောင်းပန်ပါတယ် ဘယ်လို့ဆက်ရေးရမှန်းတကယ်မသိတော့တာမို့ပါဗျ။အမှားပါရင်လည်းခွင့်လွှတ်ပါမနက်ဖြန်မှတွေ့ကြမယ် ဘိုင့်....🍓