လေပြည်မရှိသောအရပ် (season2)

By LavenderPan-7

214K 20.5K 5.5K

My second story💜 (Chapter-2) မောင် ထပ်ပြီး...ပြန်မွေးဖွားခွင့်ရမယ်ဆိုရင် မင်းနဲ့အနီးဆုံးမှာပဲ.. . More

Season.2(intro)
Part.1
Part.2
Part.3
Part.4
Part.5
Part.6
Part.7
Part.8
Part9::မင်းကစိတ်ရှုပ်စရာကောင်းပေမဲ့ငါလက်ခံတယ်
Part.10::မိုးရေထဲမှအမည်မဲ့ကလေးငယ်
Part.11::ကိုယ့်ကိုမကြောက်လို့ရမလား
Part.12::မေမေ့အတွက် နောက်ဆုံးသောကြင်နာမှု
Part14::ကျောင်းခေါင်းဆောင်ရဲ့ဘဲပေါက်လေး
Part15::နတ်ဆိုးပိုင်တဲ့လူ
ဤမှအစပြု၍
Part16::လေပြည်ရဲ့နာကျင်မှု
Part.16::မောင့်သည်းငယ်
Part.17::ကတိတစ်ခု
လေပြည်မရှိသောအရပ် Season-2
Part.18(မောင်တို့တွဲရအောင်)
Part.19(နေကြာပန်းလေးရဲ့နေရောင်ခြည်)
ပုံပြင်၏ဗီလိန်
သို့ ချစ်လှစွာသောလေပြည်ရဲ့ချစ်သူ
လမ်းပျောက်ခဲ့သောဝိညဥ်ငယ်
မောင့်အတွက်ရှိပေးပါ နောင်
(နောက်တစ်ကြိမ်မောင်... မင်းကိုကာကွယ်ပေးမယ်)
လွတ်အောင်ပြေးပါ မောင့်သည်းငယ်
မင်းရဲ့လက်ထပ်ပွဲ
မင်းကမောင့်အပိုင်မလို့
အကျဥ်းချခံကလေးငယ်
ထွက်ပြေးချင်နေတဲ့သစ်ရွက်လေး
မောင့်ကို ကယ်စေလို..
မာယာသီချင်းသည်(noti)

Part:13::အချစ်ဦး

3.4K 400 57
By LavenderPan-7

''ကဲသားလေးခွန်းသ..အတန်းရှေ့ ရှေ့ထွက်ခဲ့ပါဦး''

သင်္ချာဆရာမရဲ့အပြုံးနဲ့အသံတို့ကခွန်းသကို ကြက်သီးမွေးညင်းများတဖြန်းဖြန်းထလျက်ရှိစေသည်..။

''ဒီပုစ္ဆာကိုကြည့်
သားအဖနှစ်ယောက်ရှိတယ်အဖေဖြစ်သူက 1953 ဘယ်နှစ်လပိုင်းမှာမွေးလဲ ပြန်ကြည့်စမ်း
အဖေ့အသက်တောင် 51နှစ်နဲ့5လပဲရှိတာကိုသားအသက်ကဘာလို့ 53နှစ်ထွက်လာတာတဲ့လဲဟမ်''

တစ်ခန်းလုံးခွီကနဲရယ်သံတွေထွက်လာလေသည်..။

''ဒီတစ်ပုဒ်လဲကြည့်
တံတားရဲ့အရှည်ကကြ162cmပဲရှိပြီး
ဖြတ်သွားတဲ့လူငယ်အရပ်က1.5မိုင် ''

ခွန်းသသွားလေးဖြီးရင်း အဖြေလွှာစာရွက်ကိုပြန်ယူလာခဲ့သည်..။

ဘေးမှာ ခုနထဲကငိုင်ငိုင်ကြီးထိုင်နေတဲ့နောင်ကလည်းဘာဖြစ်နေမှန်းမသိ..

''နေ့လည်စာသွားစားကြမယ် ''

နောင်ကခေါင်းခါရင်းခွန်းသကိုစိတ်ပျက်လက်ပျက်ပြန်ကြည့်နေသည်..။

''ကျွန်တော့်လိုလူကအစားစားဖို့တောင်မထိုက်တန်ပါဘူး ဒီသင်္ချာ အမှတ်နဲ့လူလုပ်လို့တောင်မရဘူး''

ခွန်းသပင်ဇဝေဇဝါဖြစ်သွားကာ နောင့်လက်ထဲကအဖြေလွှာစာရွက်ကိုယူကြည့်လိုက်သည်..။

'97မှတ်''

100မှာ97မှတ်ကလူလုပ်လို့တောင်မရဘူးဆိုရင်6မှတ်နဲ့ကျတဲ့ခွန်းသက မမွေးဖွားလာသင့်တာများလား...

နောင့်ကိုကြည့်ရတာအတော်လေးစိတ်ဖိစီးနေပုံပေါ်သည်..။တကယ်တမ်းဘာကိုမှသိပ်အများကြီးမတွေးတဲ့နောင်ဟာ သူလုပ်ရမယ့်တာဝန်တွေကိုတော့အလေးအနက်ထားလွန်းတဲ့ကောင်လေးဖြစ်သည်..။

အမှတ်နည်းတာနဲ့နောက်ကျောင်းနှစ်ဝက်အတွက် full scholorက သူ့မျက်စိရှေ့တင်ပျောက်ကွယ်သွားတာမျိုးလည်းဖြစ်နိုင်သည်..။

ခွန်းသဆုံးဖြတ်ချက်ချရင်း

''နောင်အရမ်းကြိုက်တဲ့ကြက်သားလိပ်မုန့်ကို ကိုကြီးကရအောင်ယူနိုင်ရင်ရောစားမယ်မလား''

နောင်က ဘာစကားမှပြန်မပြောပေမဲ့မျက်ဝန်းတွေအရောင်လက်သွားလေသည်..။

တစ်ကျောင်းလုံးရဲ့favစားစရာသည် ကြက်သားလိပ်မုန့်ပင်ဖြစ်သည်..။

ကြက်သားလိပ်မီနူးသည် ကိုယ်တိုင်နယ်ထားသည့်ဂျုံဖြင့်လုပ်ထားသည့်ပေါင်မုန့်ဖြစ်ပြီး ကြက်သားမွှ /အသီးအရွက်ဖြင့်အတော်လေးအရသာရှိလေသည်..။

သို့သော်တစ်နေ့လျှင်ရာဂဏန်းသာမုန့်ဖုတ်နိုင်တာကြောင့် စားလို့သည့်ကျောင်းသားထောင်ချီအရေအတွက်ကိုမလောက်ငနိုင်..။မွှေးမွှေးအိအိ  ကြက်သားလိပ်တိုက်ပွဲသည် ကျောင်းသားများကြားအလွန်ခက်ခဲလှပေသည်..။

သင်္ချာမရပေမဲ့.. ကြက်သားလိပ်ကိုတော့အရယူမယ်ကွ

ဂလန်ဂလားခြေတံရှည်တွေကိုအားကိုးရင်း အပြုံလိုက်ပြိုင်တိုးနေကြတဲ့မုန့်ဆိုင်ထဲခွန်းသဝင်တိုးတာ ဘယ်ကဝင်တိုက်ချသွားမှန်းမသိတဲ့ကျောင်းသူတစ်စုကြောင့် လွင့်ကနဲ ..။
တစ်စက္ကန့်တောင်မခြား အပြင်ပြန်ရောက်လာသည်..။

ကြည့်ပါဦး လှလှပပချစ်စဖွယ်ကျောင်းသူလေးတွေဟာအစားအသောက်နဲ့ပတ်သတ်လာရင် အဲလိုကိုကြမ်းတမ်းကြောက်စရာကောင်းလိုက်တာများ...

နင်တို့ ရဲ့ဒီလိုဘီလူးတစ်ဖက်ခြမ်းကိုသိသွားရင်ဘယ်သူမှနင်တို့ကိုယူရဲမှာမဟုတ်ဘူးဟဲ့

ခပ်လှမ်းလှမ်းကနေ ကောင်စီအဖွဲ့ဝင်တွေနဲ့ ဖြတ်လျှောက်သွားတဲ့ကျောင်းကောင်စီဥက္ကဋ္ဌ စိုင်းရှန်ဟတ်ကို လှမ်းအော်ခေါ်လိုက်ရသည်.။

''မင်းအတန်းထဲပြန်သွားရင် နောင့်ကိုပြောပေးပါလား ကြက်သားလိပ်မရလို့တစ်ခြားတစ်ခုခုရှာစားလိုက်လို့''

ရှန်ဟတ်ကဘာမှပြန်မဖြေ..။

သူ့အဖွဲ့ဝင်တွေကိုသာခေါင်းတစ်ချက်ငြိမ့်နှုတ်ဆက်ရင်း အတန်းဘက်ဆီလျှောက်လာသည်..။

ဒီအချိန်ကြီးထိအစားမစားပဲဘာလုပ်နေတာလဲ..ဒီကလေးကတော့..။

''ဟေး ''

ရှန်ဟတ်ရဲ့ခေါ်သံကြောင့် ရှေ့မှ ကျောင်းသူလေး3ယောက်လုံးမယုံနိုင် အံ့သြတကြီးဖြစ်ကာ ခပ်သုတ်သုတ်ရောက်လာကြလေသည်..။

''ဟို ဘာကိစ္စရှိလို့လဲဟင်''

ပါးလေးတွေရဲကာထစ်ထစ်အအစကားဆိုနေသည့်အလယ်မှ ကျောင်းသူလေးက အနီးကပ်မြင်နေရတဲ့ကျောင်းသားခေါင်းဆောင်ရဲ့မျက်နှာကိုရဲရဲကြည့်ဖို့တောင်ရှက်နေသည်..။

'' အဲဒီကြက်သားလိပ် ''

သူမလက်ထဲက ကြက်သားလိပ်မုန့်..။

''ငါ့ကိုပြန်ရောင်းပေးမလား''

အေးစက်စက်နဲ့ခပ်ရှရှထွက်လာတဲ့အသံကနား ထောင်ကောင်းလိုက်တာ..

''ရ..ရပါတယ်ယူသွားပါ နေ့လည်စာစားပြီးပြီမလို့..''

ကမ်းပေးတဲ့မုန့်ကို ရှန်ဟတ်ကလှမ်းယူရင်း 0တော်တော်များများပါတဲ့ပိုက်ဆံတစ်ရွက် သူမလက်ထဲထည့်ပေးလာသည်..။

''ဟို ပိုက်ဆံကအများကြီး''

ကျောင်းသူလေးတွေရဲ့စကားကိုရှန်ဟတ်ပြီးဆုံးတဲ့အထိနားမထောင်ပါ..။နို့ပုလင်းတစ်ဘူးပါဝယ်ရင်း အတန်းပြန်မစခင်မှီအောင်မြန်မြန်လျှောက်လိုက်သည်..။

ဗိုက်ဆာလို့နှုတ်ခမ်းကြီးဆူနေမယ့်ကောင်လေးတစ်ယောက်အကြောင်းတွေးမိတော့ မှည့်နက်လေးရှိရာနှုတ်ခမ်းတွေက တွန့်ကွေးသွားသည်..။

ဘဝမှာပထမဆုံးတစ်စုံတစ်ယောက်ကို ဂရုစိုက်ပေးနေမိမှန်း ရှန်ဟတ်ကိုယ်တိုင်သတိမထားမိခဲ့ပါ..။

သို့သော်အခန်းထဲမှာ ထင်ထားသလိုမဟုတ်ခဲ့..။

နောင်ဟာ တစ်ပုံစံထဲတူတဲ့ကြက်သားလိပ်မုန့်ကိုစားနေသည်..။ကျောင်းသူလေးတစ်ယောက်နဲ့အတူလေ..။

ဆံပင်လေးကိုသပ်သပ်ရပ်ရပ်စီးထားသည့်ကျောင်းသူလေးဟာ လှတဲ့အထဲမပါသော်လည်း အေးချမ်းပြီးနှစ်လိုဖွယ်ကောင်းသည်..။

'' တစ်ခါတစ်လေ အဲလိုပဲစိ​တ်ထဲရှုပ်ပြီးတစ်ပုဒ်တစ်လေမှားတတ်တာရှိတယ် သိလား''

နောင်ကမုန့်ကိုကိုက်ဝါးနေရင်းမှကျောင်းသူလေးရဲ့စကားကို သဘောတကျခေါင်းငြိမ့်သည်..။

''အခုChapterကပိုခက်တော့ အမှတ်ပြည့်ဖို့ပိုလုပ်ရမယ်ထင်တယ်''

''ရပါတယ် နောင်
ငါကူညီပေးမယ်နော်''

ရှန်ဟတ်..အဲတစ်ယောက်ကိုသိပါသည်..။သူမသည်လည်း ချမ်းသာ၍လာတတ်ရောက်သည်မဟုတ်ပဲ အထက်တန်းပထမနှစ်ထဲကFull scholarရလို့ပြောင်းရွှေ့လာသူဖြစ်သည်..။

စိတ်ပျက်စရာ

ယူလာမိတဲ့မုန့်နဲ့နွားနို့ဘူးကို အခန်း​ထောင့်ကအမှိုက်ပုံးထဲသာကောက်ပစ်ထည့်လိုက်သည်..။

သက်သက်အပိုတွေလုပ်မိသွားတာပဲ
စိတ်ပျက်စရာကောင်းအောင်..

ဘာကိုဒေါသထွက်မိမှန်းမသိတဲ့အချိန် ရင်ဘတ်ကိုထိခတ်လာတဲ့ပူစပ်စပ်အရာတွေ

ကြည့်လိုက်တော့ကော်ဖီခွက်ကိုင်ထားတဲ့ကျောင်းသားတစ်ယောက်ဟာ မျက်စိမျက်နှာပျက်ရင်း တုန်ရီစွာကြည့်နေသည်..။

''တောင်းပန်ပါတယ် ကျောင်းသားခေါင်းဆောင် မရည်ရွယ်ပါဘူး တောင်းပန်ပါတယ် တောင်းပန်ပါတယ်''

ရုတ်ရုတ်သဲသဲအခြေအနေကြောင့် တစ်တန်းးလုံးကအာရုံစိုက်လာသည်..။

ရှန်ဟတ်တစ်ချက်ပြုံးရင်း ငွေရောင်ဆံပင်တွေကိုသပ်တင်လိုက်သည်..။မျက်ဝန်းထဲမှာ လှောင်ရိပ်နဲ့ဒေါသတစ်ချို့ရှိနေသည်..။

''အကျီချွတ်လိုက်''

ကျောင်းသားက ကြောက်လန့်တကြီးမော်ကြည့်လာသည်..။
တစ်တန်းလုံးသည်လည်း သူ့အားမုဆိုးကစားတာခံနေရတဲ့ သားကောင်ငယ်လေးလိုသာ သဘောထားရင်း ပြုံးရယ်နေကြသူများနှင့်

ပွဲရပြီဆိုပြီးဖုန်းထုတ်videoရိုက်နေကြသူများသာရှိသည်..။

ချမ်းသာတဲ့အဆင့်အတန်းရှိပြီးသား အတန်းသားတွေဟာ မွေးကထဲကဦးစားပေးခံရသူတွေမလို့ ညှာတာမှုဟာသင်ယူခြင်းမခံခဲ့ရကြ..။

တစ်ခန်းလုံးက စိုင်းရှန်ဟတ်ရဲ့ဘက်မှာရှိပြီး ဟန့်တားချင်လျှင်တောင် စိုင်းရှန်ဟတ်ရဲ့အရှိန်အဝါကိုမလွန်ဆန်ရဲ ကြမှန်းသိပါသည်..။

'' ရှန် ရှန်ဟတ် ငါလေ''

''နောက်တစ်ခွန်းဆို တစ်ကိုယ်လုံးချွတ်ရမယ်ထင်တယ်နော်''

ကျောင်းသားလေးဟာ ရွေးချယ်စရာ မရှိမှန်းသဘောပေါက်သွားခဲ့သလို ကျောင်းယူနီဖောင်းကိုအတုန်တုန်အရီရီနဲ့ချွတ်သည်..။

အပေါ်ဗလာဖြစ်သွားချိန် ရှန်ဟတ်က ဘေးကိုလှမ်းဆိုသည်..။

''ရေနွေးတစ်ခွက်ယူလာခဲ့''

အလိုက်တသိကမ်းပေးလာကြတဲ့ ရေနွေးခွက်လက်ထဲရောက်လာချိန်သနားစရာ ကျောင်းသားလေးဟာ ငိုချမိမတတ်ပင်..။

ရေနွေးက အရမ်းကြီးတော့မပူပေမဲ့ နာကျင်ဖို့အရှက်ရဖို့လုံလောက်ပါသည်..။

မျက်စိကိုစုံမှိတ်ရင်းရောက်လာမယ့်အပူဒဏ်ကိုစောင့်စားနေခိုက်..

ရှန်ဟတ်ရဲ့လက်ကိုဆွဲတားလိုက်သည့်နောက်လက်တစ်ဖက်..

ဒီအခန်းထဲမှာစိုင်းရှန်ဟတ်ကို ကလန်ကဆန်ရှိဝံ့သူက ဘယ်သူများလဲ..။

''ရှန်ဟတ် တော်ပါတော့..''

တားဝံ့သူဟာ စကော်လားကျောင်းသားစာကြမ်းပိုးလေးဖြစ်သည်..။

''သူမတော်တဆဖြစ်သွားတာလေ..
တမင်လုပ်တာမှမဟုတ်တာပဲကွာ''

သူ့လက်ကိုဆွဲပြီးတားဆီနေတဲ့နောင်ရယ်

နောင့်ကို စိုးရိမ်တကြီးကြည့်နေတဲ့ခုနကကျောင်းသူလေးရယ်

ဟက်
သူရဲကောင်းကြီး လုပ်ပြမယ်ပေါ့..

''ရတယ်လေ မင်းကသူ့အစားအပြစ်ဒဏ်ခံပေးလိုက်''

''စိုင်းရှန်ဟတ်''

အော်ချလိုက်တဲ့နောင့်ရဲ့ဒေါသတကြီးသံနောက် ရှန်ဟတ်မျက်နှာထားဟာ ကြောက်စရာကောင်းလာသည်..။

''အကျီချွတ်ပြီး ရေနွေးပူ
အစားအလောင်းခံပေးလိုက် အဲဒါဆိုအဲကောင်လွတ်သွားပြီ ဘယ်လိုလဲ''

နောင်ကြောင်အသွားသည်ထက် ဝမ်းနည်းသွားသည်ဆိုလျှင်ပိုမှန်ပါမည်..။

ညဘက်ကြီးထီးတစ်ချောင်းနဲ့ဝင်ခေါ်ပေးတတ်တဲ့သူ
ထင်ထားတာထက်အများကြီးကြင်နာပေးတဲ့သူက ဘယ်လိုဖြစ်ရတာလဲ

ချမ်းသာလွန်းတဲ့သူတွေမှာ သံယောဇဥ်ကအရေးမပါတာလား

'' အကြာကြအချိန်မဆွဲနဲ့သူလား မင်းလား''

''စိုင်းရှန်ဟတ် မင်းဘာဖြစ်နေတာလဲ''

ရှန်ဟတ်ကတစ်ချက်ရယ်မောရင်း

''ငါကအစထဲကအဲလိုလူမျိုးပဲလေ
နည်းနည်းလေးကောင်းပြမိတော့ မင်းအဆင့်နဲ့ငါ့အဆင့်မတူတာကိုမေ့သွားပုံပဲ''

ဒါကပဲစိုင်းရှန်ဟတ်ရဲ့စရိုက်အစစ်အမှန်မလား
နောင်အစကထင်ခဲ့သလိုပဲလေ
အေးစက်ပြီးယုတ်မာသွေးအေးတဲ့စရိုက်ရှိတဲ့တစ်ကိုယ်ကောင်းဆန်တဲ့လူ..

''အင်း ငါကပဲအထင်မှားခဲ့တာနေမှာပါ
မင်းကအမြဲအဲလိုလူပဲ''

နောင့်ရဲ့စကားကြောင့်ရှန်ဟတ်ရဲ့မျက်ဝန်းတွေ ခက်ထန်သွားကာ ခွက်ကို ကိုင်မြှောက်လိုက်သည်..။

''ရေတွေမအေးခင် ဒီကောင့်ကိုပဲအပြစ်ပေးလိုက်ကြမလား''

''စိုင်းရှန်ဟတ် မင်း..အာ့"'

ဆွဲတားရာမှ ပူပြင်းနေတဲ့ရေနွေးတွေဟာ နောင့်အပေါ်ဖိတ်စင်ကျသွားခဲ့တာကြောင့်

ကိုယ်ပေါ်ကသိပ်မခံလိုက်ရသော်လည်း အကာအကွယ်မဲ့တဲ့မျက်နှာက ပြဿနာရှိသွားသည်..။

ပူရှိန်းတတ်သွားတဲ့နောင့်မျက်နှာတစ်ခြမ်းကစပ်ဖြင်းဖြင်းဖြစ်လာကာနီရဲယောင်လာလေသည်..။

ကျောင်းသူလေးကလည်းနောင့်ကိုစိုးရိမ်တကြီးပြေးတွဲလေသည်..။

''ဆေးပေးခန်းမြန်မြန်သွားမယ် နောင် ''

ပူလောင်နေတဲ့မျက်နှာကိုအုပ်ကိုင်ရင်း ရှန်ဟတ်ဘက်ကို နောင်ကြည့်မိပါသေးသည်..။

သို့သော် ရှန်ဟတ်ဟာ ထိုအတိုင်းပဲရပ်နေရင်း နောင့်ဘက်တစ်ချက်တောင်မကြည့်လာခဲ့ပါ..။

ငါရဲ့အခန်းဖော်ဟာ နွေးထွေးတတ်တယ်လို့ထင်ခဲ့တာ..

...

ကျောင်ဆေးခန်းရောက်သည်နှင့် မျက်နှာကိုရေအေးနဲ့အမြန်ဆေးချပစ်ကြသည်..။

ထိစင်သွားတာကပါးတစ်ဖက်စာလောက်ပေမဲ့ အပူဒဏ်ကြောင့်နီရဲစပ်နေပြီး အရေကြည်ဖုတွေပေါက်ချင်စပြုလာသည်..။

လိုအပ်တဲ့ကုသမှုတစ်ချို့လုပ်ပြီးချိန်
ဆရာဝန်မလေးကပြောလာသည်..။

''ဒီနေ့အားကစားပွဲတွေရှိနေတယ် ကြက်ခြေနီအသင်းကအရေးပေါ်လိုရင်သုံးဖို့ ပစ္စည်းတွေယူသွားကြလို့ ဆေးနည်းနည်းပြတ်နေတယ်..။
ဆရာတစ်ယောက်ယောက်ကို ဆေးပစ္စည်းတွေဝယ်ဖို့ပြောလိုက်မယ်နော်
ခဏနေခဲ့ကြဦး''

''ဟုတ် ဆရာမ သမီးသူ့ကိုဂရုစိုက်ထားလိုက်ပါမယ်''

နောင့်မျက်နှာကိုရေအေးဝတ်နဲ့ဖိထားပေးရင်း သူမ..စိတ်မကောင်း

''စိုင်းရှန်ဟတ် နဲ့မပတ်သတ်တာအကောင်းဆုံးပဲနောင်..
သူကငါတို့လိုလူတွေကို မျက်စိထဲတောင်ထည့်မှာမဟုတ်ဘူး''

ဒါပေါ့..ငါတို့လိုလူတွေ..

ဆရာဝန်မလေးကော်ရစ်တာဘက်ထွက်ကာ လူရှာနေပေမဲ့ အကုန်လုံးကအလုပ်များနေတာမလို့ အားတဲ့သူရှိမနေ..။

ရုတ်တရက် သူမရှေ့မှာပိတ်ရပ်လာတဲ့ကျောင်းသားတစ်ဦး

''ကျောင်းသားခေါင်းဆောင်..သားပြောစရာရှိရင်နောက်မှပြော
ဆရာမ လုပ်စရာလေးရှိလို့နော်''

''ဒီဟာ''

အိတ်လေးတစ်အိတ်သူမကိုကမ်းပေးလာသည်..။

သူမလက်ထဲ ကိုထည့်ပေးလာတာက အပူလောင်တာနဲ့ပတ်သတ်ပြီးလိုအပ်တဲ့ဆေးဝါးတွေ

ဒါတွေကဘယ်လိုဖြစ်ပြီး..
သူမမေးမည်အပြု ကျောင်းသားလေးဟာထွက်သွားပြီမလို့ ဆေးပေးခန်းကိုအမြန်ပြန်လာလိုက်သည်..။

...

''ရှန်ဟတ် ဘယ်ရောက်သွားတာလဲလို့
ဘယ်တွေသွားနေတာလဲကွ''

မျက်နှာလိုမျက်နှာရ ပြေးကပ်တတ်သောကျောင်းသားတစ်စုဟာ ရှန်ဟတ်ဆီအပြေးရောက်လာကြသည်..။

အမှန်စင်စစ် ထိုစကော်လားကျောင်းသားက စိုင်းရှန်ဟတ် ရဲ့အခန်းဖော်ဖြစ်တယ်ဆိုတုန်းကဘယ်လောက်ဒေါသထွက်ခဲ့ရကြလဲ

သူတို့ပေါင်းချင်လွန်းလို့ခယနေရတဲ့လူနား အဲလိုအဆင့်ကကပ်နေတာကိုမျက်စိစပါးမွှေးစူးနေကြတာကြာလှပြီဖြစ်သည်..။

''မင်းလုပ်လိုက်တာကောင်းတယ်ရှန်ဟတ်
အဲကောင်လိုအဆင့်ကလေ ဘယ်မှာလာပြီးဝင်ပါချင်နေမှန်းမသိတာ
ဒီလိုကျောင်းမျိုးမှာ သူ့အဆင့်နဲ့တတ်ခွင့်ရတာကိုကျေးဇူးမတင်ပဲ ''

''လျှာမပြတ်ခင် ပါးစပ်ပိတ်လိုက်''

နှုတ်သီးကောင်းနေသောကျောင်းသားသည် တုန်လှုပ်သွားလေသည်..။သူဘာမှားမိသွားလို့လဲ..။

ရှန်ဟတ်က သူ့ကိုတစ်ချက်တောင်လှည့်ကြည့်မလာ..။သို့သော် အသံက ရှင်းလင်းအေးစက်ကာ အန္တရာယ်အငွေ့အသက်ပေးနေသည်..။

''မင်းအဆင့်ကလည်း ငါ့ကိုအခုလိုစကားပြောနေရလောက်အောင်မရှိဘူး''

''တောင်း..တောင်းပန်ပါတယ် ''

ဘေးနားလာနားပူနေတဲ့အကောင်တွေမလိုက်လာရဲတော့တာကြောင့် ဆေးပေးခန်းဆီ ရှန်ဟတ်ဆက်သွားလိုက်သည်..။

အတော်လေးဝေးတဲ့ကြက်ခြေနီအသင်းထိ ဆေးတွေအပြေးသွားယူခဲ့တာကြောင့် ရှန်ဟတ်ရဲ့ယူနီဖောင်းဟာချွေးတွေနဲ့စေးကပ်နေသလို ဖြူစွတ်တဲ့အသားအရည်ဟာ နီနေလေသည်..။

ဆေးပေးခန်းကိုကာထားတဲ့လိုက်ကာအဝါလေးကြားမှ
ဝိုးတဝါးမြင်နေရတဲ့ ပုံရိပ်လေးကိုသူတော်တော်ကြာကြာငေးနေမိသည်.။

တောင်းပန်တယ်ဆိုတဲ့စကားကို
ဘယ်သူ့ကိုမှသူပြောဖို့မတွေးခဲ့ဖူးဘူး

ဒါပေမဲ့

မင်းသာခွင့်လွှတ်မယ်ဆို တောင်းပန်ချင်တယ်..

ဒါပေမဲ့ ငါကအဲလိုပဲ
လောကကြီးရဲ့ဘယ်အရာကိုမှ ဂရုတစိုက်လိုချင်တပ်မက်မနေခဲ့ဖူးဘူး..

ငါသာလိုချင်ပြီဆိုရင်အဲအရာကသိပ်ကိုသဘောကျစရာကောင်းပြီးရှားပါးတာမလို့ ဘယ်သူကမှထိပါးလာခွင့်မပြုနိုင်ဘူး
..

...
ငယ်ရွယ်လတ်ဆတ်တဲ့ဆယ်ကျော်သက်အရွယ်ရဲ့အချစ်ဦးအကြောင်းပြောကြတဲ့အခါ
မပါမဖြစ်စကားလေးတစ်ခွန်းရှိတယ်

''တစ်စုံတစ်ယောက်ကို ဂရုစိုက်မိခြင်းဟာ အချစ်ပဲ ဖြစ်ပါတယ်..''

(A/N::7pmတင်မလို့ကိုမီးပျက်နေလို့ပါ
Next update:6.7.2023 or 7.7.2023)

Zawgyi

''ကဲသားေလးခြန္းသ..အတန္းေရွ႕ ေရွ႕ထြက္ခဲ့ပါဦး''

သခၤ်ာဆရာမရဲ႕အၿပဳံးနဲ႕အသံတို႔ကခြန္းသကို ၾကက္သီးေမြးညင္းမ်ားတျဖန္းျဖန္းထလ်က္ရွိေစသည္..။

''ဒီပုစ္ဆာကိုၾကည့္
သားအဖႏွစ္ေယာက္ရွိတယ္အေဖျဖစ္သူက 1953 ဘယ္ႏွစ္လပိုင္းမွာေမြးလဲ ျပန္ၾကည့္စမ္း
အေဖ့အသက္ေတာင္ 51ႏွစ္နဲ႕5လပဲရွိတာကိုသားအသက္ကဘာလို႔ 53ႏွစ္ထြက္လာတာတဲ့လဲဟမ္''

တစ္ခန္းလုံးခြီကနဲရယ္သံေတြထြက္လာေလသည္..။

''ဒီတစ္ပုဒ္လဲၾကည့္
တံတားရဲ႕အရွည္ကၾက162cmပဲရွိၿပီး
ျဖတ္သြားတဲ့လူငယ္အရပ္က1.5မိုင္ ''

ခြန္းသသြားေလးၿဖီးရင္း အေျဖလႊာစာ႐ြက္ကိုျပန္ယူလာခဲ့သည္..။

ေဘးမွာ ခုနထဲကငိုင္ငိုင္ႀကီးထိုင္ေနတဲ့ေနာင္ကလည္းဘာျဖစ္ေနမွန္းမသိ..

''ေန႕လည္စာသြားစားၾကမယ္ ''

ေနာင္ကေခါင္းခါရင္းခြန္းသကိုစိတ္ပ်က္လက္ပ်က္ျပန္ၾကည့္ေနသည္..။

''ကြၽန္ေတာ့္လိုလူကအစားစားဖို႔ေတာင္မထိုက္တန္ပါဘူး ဒီသခၤ်ာ အမွတ္နဲ႕လူလုပ္လို႔ေတာင္မရဘူး''

ခြန္းသပင္ဇေဝဇဝါျဖစ္သြားကာ ေနာင့္လက္ထဲကအေျဖလႊာစာ႐ြက္ကိုယူၾကည့္လိုက္သည္..။

'97မွတ္''

100မွာ97မွတ္ကလူလုပ္လို႔ေတာင္မရဘူးဆိုရင္6မွတ္နဲ႕က်တဲ့ခြန္းသက မေမြးဖြားလာသင့္တာမ်ားလား...

ေနာင့္ကိုၾကည့္ရတာအေတာ္ေလးစိတ္ဖိစီးေနပုံေပၚသည္..။တကယ္တမ္းဘာကိုမွသိပ္အမ်ားႀကီးမေတြးတဲ့ေနာင္ဟာ သူလုပ္ရမယ့္တာဝန္ေတြကိုေတာ့အေလးအနက္ထားလြန္းတဲ့ေကာင္ေလးျဖစ္သည္..။

အမွတ္နည္းတာနဲ႕ေနာက္ေက်ာင္းႏွစ္ဝက္အတြက္ full scholorက သူ႕မ်က္စိေရွ႕တင္ေပ်ာက္ကြယ္သြားတာမ်ိဳးလည္းျဖစ္နိုင္သည္..။

ခြန္းသဆုံးျဖတ္ခ်က္ခ်ရင္း

''ေနာင္အရမ္းႀကိဳက္တဲ့ၾကက္သားလိပ္မုန့္ကို ကိုႀကီးကရေအာင္ယူနိုင္ရင္ေရာစားမယ္မလား''

ေနာင္က ဘာစကားမွျပန္မေျပာေပမဲ့မ်က္ဝန္းေတြအေရာင္လက္သြားေလသည္..။

တစ္ေက်ာင္းလုံးရဲ႕favစားစရာသည္ ၾကက္သားလိပ္မုန့္ပင္ျဖစ္သည္..။

ၾကက္သားလိပ္မီႏူးသည္ ကိုယ္တိုင္နယ္ထားသည့္ဂ်ဳံျဖင့္လုပ္ထားသည့္ေပါင္မုန့္ျဖစ္ၿပီး ၾကက္သားမႊ /အသီးအ႐ြက္ျဖင့္အေတာ္ေလးအရသာရွိေလသည္..။

သို႔ေသာ္တစ္ေန႕လွ်င္ရာဂဏန္းသာမုန့္ဖုတ္နိုင္တာေၾကာင့္ စားလို႔သည့္ေက်ာင္းသားေထာင္ခ်ီအေရအတြက္ကိုမေလာက္ငနိုင္..။ေမႊးေမႊးအိအိ  ၾကက္သားလိပ္တိုက္ပြဲသည္ ေက်ာင္းသားမ်ားၾကားအလြန္ခက္ခဲလွေပသည္..။

သခၤ်ာမရေပမဲ့.. ၾကက္သားလိပ္ကိုေတာ့အရယူမယ္ကြ

ဂလန္ဂလားေျခတံရွည္ေတြကိုအားကိုးရင္း အၿပဳံလိုက္ၿပိဳင္တိုးေနၾကတဲ့မုန့္ဆိုင္ထဲခြန္းသဝင္တိုးတာ ဘယ္ကဝင္တိုက္ခ်သြားမွန္းမသိတဲ့ေက်ာင္းသူတစ္စုေၾကာင့္ လြင့္ကနဲ ..။
တစ္စကၠန့္ေတာင္မျခား အျပင္ျပန္ေရာက္လာသည္..။

ၾကည့္ပါဦး လွလွပပခ်စ္စဖြယ္ေက်ာင္းသူေလးေတြဟာအစားအေသာက္နဲ႕ပတ္သတ္လာရင္ အဲလိုကိုၾကမ္းတမ္းေၾကာက္စရာေကာင္းလိုက္တာမ်ား...

နင္တို႔ ရဲ႕ဒီလိုဘီလူးတစ္ဖက္ျခမ္းကိုသိသြားရင္ဘယ္သူမွနင္တို႔ကိုယူရဲမွာမဟုတ္ဘူးဟဲ့

ခပ္လွမ္းလွမ္းကေန ေကာင္စီအဖြဲ႕ဝင္ေတြနဲ႕ ျဖတ္ေလွ်ာက္သြားတဲ့ေက်ာင္းေကာင္စီဥကၠ႒ စိုင္းရွန္ဟတ္ကို လွမ္းေအာ္ေခၚလိုက္ရသည္.။

''မင္းအတန္းထဲျပန္သြားရင္ ေနာင့္ကိုေျပာေပးပါလား ၾကက္သားလိပ္မရလို႔တစ္ျခားတစ္ခုခုရွာစားလိုက္လို႔''

ရွန္ဟတ္ကဘာမွျပန္မေျဖ..။

သူ႕အဖြဲ႕ဝင္ေတြကိုသာေခါင္းတစ္ခ်က္ၿငိမ့္ႏႈတ္ဆက္ရင္း အတန္းဘက္ဆီေလွ်ာက္လာသည္..။

ဒီအခ်ိန္ႀကီးထိအစားမစားပဲဘာလုပ္ေနတာလဲ..ဒီကေလးကေတာ့..။

''ေဟး ''

ရွန္ဟတ္ရဲ႕ေခၚသံေၾကာင့္ ေရွ႕မွ ေက်ာင္းသူေလး3ေယာက္လုံးမယုံနိုင္ အံ့ၾသတႀကီးျဖစ္ကာ ခပ္သုတ္သုတ္ေရာက္လာၾကေလသည္..။

''ဟို ဘာကိစၥရွိလို႔လဲဟင္''

ပါးေလးေတြရဲကာထစ္ထစ္အအစကားဆိုေနသည့္အလယ္မွ ေက်ာင္းသူေလးက အနီးကပ္ျမင္ေနရတဲ့ေက်ာင္းသားေခါင္းေဆာင္ရဲ႕မ်က္ႏွာကိုရဲရဲၾကည့္ဖို႔ေတာင္ရွက္ေနသည္..။

'' အဲဒီၾကက္သားလိပ္ ''

သူမလက္ထဲက ၾကက္သားလိပ္မုန့္..။

''ငါ့ကိုျပန္ေရာင္းေပးမလား''

ေအးစက္စက္နဲ႕ခပ္ရွရွထြက္လာတဲ့အသံကနား ေထာင္ေကာင္းလိုက္တာ..

''ရ..ရပါတယ္ယူသြားပါ ေန႕လည္စာစားၿပီးၿပီမလို႔..''

ကမ္းေပးတဲ့မုန့္ကို ရွန္ဟတ္ကလွမ္းယူရင္း 0ေတာ္ေတာ္မ်ားမ်ားပါတဲ့ပိုက္ဆံတစ္႐ြက္ သူမလက္ထဲထည့္ေပးလာသည္..။

''ဟို ပိုက္ဆံကအမ်ားႀကီး''

ေက်ာင္းသူေလးေတြရဲ႕စကားကိုရွန္ဟတ္ၿပီးဆုံးတဲ့အထိနားမေထာင္ပါ..။နို႔ပုလင္းတစ္ဘူးပါဝယ္ရင္း အတန္းျပန္မစခင္မွီေအာင္ျမန္ျမန္ေလွ်ာက္လိုက္သည္..။

ဗိုက္ဆာလို႔ႏႈတ္ခမ္းႀကီးဆူေနမယ့္ေကာင္ေလးတစ္ေယာက္အေၾကာင္းေတြးမိေတာ့ မွည့္နက္ေလးရွိရာႏႈတ္ခမ္းေတြက တြန့္ေကြးသြားသည္..။

ဘဝမွာပထမဆုံးတစ္စုံတစ္ေယာက္ကို ဂ႐ုစိုက္ေပးေနမိမွန္း ရွန္ဟတ္ကိုယ္တိုင္သတိမထားမိခဲ့ပါ..။

သို႔ေသာ္အခန္းထဲမွာ ထင္ထားသလိုမဟုတ္ခဲ့..။

ေနာင္ဟာ တစ္ပုံစံထဲတူတဲ့ၾကက္သားလိပ္မုန့္ကိုစားေနသည္..။ေက်ာင္းသူေလးတစ္ေယာက္နဲ႕အတူေလ..။

ဆံပင္ေလးကိုသပ္သပ္ရပ္ရပ္စီးထားသည့္ေက်ာင္းသူေလးဟာ လွတဲ့အထဲမပါေသာ္လည္း ေအးခ်မ္းၿပီးႏွစ္လိုဖြယ္ေကာင္းသည္..။

'' တစ္ခါတစ္ေလ အဲလိုပဲစိတ္ထဲရႈပ္ၿပီးတစ္ပုဒ္တစ္ေလမွားတတ္တာရွိတယ္ သိလား''

ေနာင္ကမုန့္ကိုကိုက္ဝါးေနရင္းမွေက်ာင္းသူေလးရဲ႕စကားကို သေဘာတက်ေခါင္းၿငိမ့္သည္..။

''အခုChapterကပိုခက္ေတာ့ အမွတ္ျပည့္ဖို႔ပိုလုပ္ရမယ္ထင္တယ္''

''ရပါတယ္ ေနာင္
ငါကူညီေပးမယ္ေနာ္''

ရွန္ဟတ္..အဲတစ္ေယာက္ကိုသိပါသည္..။သူမသည္လည္း ခ်မ္းသာ၍လာတတ္ေရာက္သည္မဟုတ္ပဲ အထက္တန္းပထမႏွစ္ထဲကFull scholarရလို႔ေျပာင္းေ႐ႊ႕လာသူျဖစ္သည္..။

စိတ္ပ်က္စရာ

ယူလာမိတဲ့မုန့္နဲ႕ႏြားနို႔ဘူးကို အခန္းေထာင့္ကအမွိုက္ပုံးထဲသာေကာက္ပစ္ထည့္လိုက္သည္..။

သက္သက္အပိုေတြလုပ္မိသြားတာပဲ
စိတ္ပ်က္စရာေကာင္းေအာင္..

ဘာကိုေဒါသထြက္မိမွန္းမသိတဲ့အခ်ိန္ ရင္ဘတ္ကိုထိခတ္လာတဲ့ပူစပ္စပ္အရာေတြ

ၾကည့္လိုက္ေတာ့ေကာ္ဖီခြက္ကိုင္ထားတဲ့ေက်ာင္းသားတစ္ေယာက္ဟာ မ်က္စိမ်က္ႏွာပ်က္ရင္း တုန္ရီစြာၾကည့္ေနသည္..။

''ေတာင္းပန္ပါတယ္ ေက်ာင္းသားေခါင္းေဆာင္ မရည္႐ြယ္ပါဘူး ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္''

႐ုတ္႐ုတ္သဲသဲအေျခအေနေၾကာင့္ တစ္တန္းးလုံးကအာ႐ုံစိုက္လာသည္..။

ရွန္ဟတ္တစ္ခ်က္ၿပဳံးရင္း ေငြေရာင္ဆံပင္ေတြကိုသပ္တင္လိုက္သည္..။မ်က္ဝန္းထဲမွာ ေလွာင္ရိပ္နဲ႕ေဒါသတစ္ခ်ိဳ႕ရွိေနသည္..။

''အက်ီခြၽတ္လိုက္''

ေက်ာင္းသားက ေၾကာက္လန့္တႀကီးေမာ္ၾကည့္လာသည္..။
တစ္တန္းလုံးသည္လည္း သူ႕အားမုဆိုးကစားတာခံေနရတဲ့ သားေကာင္ငယ္ေလးလိုသာ သေဘာထားရင္း ၿပဳံးရယ္ေနၾကသူမ်ားႏွင့္

ပြဲရၿပီဆိုၿပီးဖုန္းထုတ္videoရိုက္ေနၾကသူမ်ားသာရွိသည္..။

ခ်မ္းသာတဲ့အဆင့္အတန္းရွိၿပီးသား အတန္းသားေတြဟာ ေမြးကထဲကဦးစားေပးခံရသူေတြမလို႔ ညွာတာမႈဟာသင္ယူျခင္းမခံခဲ့ရၾက..။

တစ္ခန္းလုံးက စိုင္းရွန္ဟတ္ရဲ႕ဘက္မွာရွိၿပီး ဟန့္တားခ်င္လွ်င္ေတာင္ စိုင္းရွန္ဟတ္ရဲ႕အရွိန္အဝါကိုမလြန္ဆန္ရဲ ၾကမွန္းသိပါသည္..။

'' ရွန္ ရွန္ဟတ္ ငါေလ''

''ေနာက္တစ္ခြန္းဆို တစ္ကိုယ္လုံးခြၽတ္ရမယ္ထင္တယ္ေနာ္''

ေက်ာင္းသားေလးဟာ ေ႐ြးခ်ယ္စရာ မရွိမွန္းသေဘာေပါက္သြားခဲ့သလို ေက်ာင္းယူနီေဖာင္းကိုအတုန္တုန္အရီရီနဲ႕ခြၽတ္သည္..။

အေပၚဗလာျဖစ္သြားခ်ိန္ ရွန္ဟတ္က ေဘးကိုလွမ္းဆိုသည္..။

''ေရႏြေးတစ္ခြက္ယူလာခဲ့''

အလိုက္တသိကမ္းေပးလာၾကတဲ့ ေရႏြေးခြက္လက္ထဲေရာက္လာခ်ိန္သနားစရာ ေက်ာင္းသားေလးဟာ ငိုခ်မိမတတ္ပင္..။

ေရႏြေးက အရမ္းႀကီးေတာ့မပူေပမဲ့ နာက်င္ဖို႔အရွက္ရဖို႔လုံေလာက္ပါသည္..။

မ်က္စိကိုစုံမွိတ္ရင္းေရာက္လာမယ့္အပူဒဏ္ကိုေစာင့္စားေနခိုက္..

ရွန္ဟတ္ရဲ႕လက္ကိုဆြဲတားလိုက္သည့္ေနာက္လက္တစ္ဖက္..

ဒီအခန္းထဲမွာစိုင္းရွန္ဟတ္ကို ကလန္ကဆန္ရွိဝံ့သူက ဘယ္သူမ်ားလဲ..။

''ရွန္ဟတ္ ေတာ္ပါေတာ့..''

တားဝံ့သူဟာ စေကာ္လားေက်ာင္းသားစာၾကမ္းပိုးေလးျဖစ္သည္..။

''သူမေတာ္တဆျဖစ္သြားတာေလ..
တမင္လုပ္တာမွမဟုတ္တာပဲကြာ''

သူ႕လက္ကိုဆြဲၿပီးတားဆီေနတဲ့ေနာင္ရယ္

ေနာင့္ကို စိုးရိမ္တႀကီးၾကည့္ေနတဲ့ခုနကေက်ာင္းသူေလးရယ္

ဟက္
သူရဲေကာင္းႀကီး လုပ္ျပမယ္ေပါ့..

''ရတယ္ေလ မင္းကသူ႕အစားအျပစ္ဒဏ္ခံေပးလိုက္''

''စိုင္းရွန္ဟတ္''

ေအာ္ခ်လိဳက္တဲ့ေနာင့္ရဲ႕ေဒါသတႀကီးသံေနာက္ ရွန္ဟတ္မ်က္ႏွာထားဟာ ေၾကာက္စရာေကာင္းလာသည္..။

''အက်ီခြၽတ္ၿပီး ေရႏြေးပူ
အစားအေလာင္းခံေပးလိုက္ အဲဒါဆိုအဲေကာင္လြတ္သြားၿပီ ဘယ္လိုလဲ''

ေနာင္ေၾကာင္အသြားသည္ထက္ ဝမ္းနည္းသြားသည္ဆိုလွ်င္ပိုမွန္ပါမည္..။

ညဘက္ႀကီးထီးတစ္ေခ်ာင္းနဲ႕ဝင္ေခၚေပးတတ္တဲ့သူ
ထင္ထားတာထက္အမ်ားႀကီးၾကင္နာေပးတဲ့သူက ဘယ္လိုျဖစ္ရတာလဲ

ခ်မ္းသာလြန္းတဲ့သူေတြမွာ သံေယာဇဥ္ကအေရးမပါတာလား

'' အၾကာၾကအခ်ိန္မဆြဲနဲ႕သူလား မင္းလား''

''စိုင္းရွန္ဟတ္ မင္းဘာျဖစ္ေနတာလဲ''

ရွန္ဟတ္ကတစ္ခ်က္ရယ္ေမာရင္း

''ငါကအစထဲကအဲလိုလူမ်ိဳးပဲေလ
နည္းနည္းေလးေကာင္းျပမိေတာ့ မင္းအဆင့္နဲ႕ငါ့အဆင့္မတူတာကိုေမ့သြားပုံပဲ''

ဒါကပဲစိုင္းရွန္ဟတ္ရဲ႕စရိုက္အစစ္အမွန္မလား
ေနာင္အစကထင္ခဲ့သလိုပဲေလ
ေအးစက္ၿပီးယုတ္မာေသြးေအးတဲ့စရိုက္ရွိတဲ့တစ္ကိုယ္ေကာင္းဆန္တဲ့လူ..

''အင္း ငါကပဲအထင္မွားခဲ့တာေနမွာပါ
မင္းကအၿမဲအဲလိုလူပဲ''

ေနာင့္ရဲ႕စကားေၾကာင့္ရွန္ဟတ္ရဲ႕မ်က္ဝန္းေတြ ခက္ထန္သြားကာ ခြက္ကို ကိုင္ျမႇောက္လိုက္သည္..။

''ေရေတြမေအးခင္ ဒီေကာင့္ကိုပဲအျပစ္ေပးလိုက္ၾကမလား''

''စိုင္းရွန္ဟတ္ မင္း..အာ့"'

ဆြဲတားရာမွ ပူျပင္းေနတဲ့ေရႏြေးေတြဟာ ေနာင့္အေပၚဖိတ္စင္က်သြားခဲ့တာေၾကာင့္

ကိုယ္ေပၚကသိပ္မခံလိုက္ရေသာ္လည္း အကာအကြယ္မဲ့တဲ့မ်က္ႏွာက ျပႆနာရွိသြားသည္..။

ပူရွိန္းတတ္သြားတဲ့ေနာင့္မ်က္ႏွာတစ္ျခမ္းကစပ္ျဖင္းျဖင္းျဖစ္လာကာနီရဲေယာင္လာေလသည္..။

ေက်ာင္းသူေလးကလည္းေနာင့္ကိုစိုးရိမ္တႀကီးေျပးတြဲေလသည္..။

''ေဆးေပးခန္းျမန္ျမန္သြားမယ္ ေနာင္ ''

ပူေလာင္ေနတဲ့မ်က္ႏွာကိုအုပ္ကိုင္ရင္း ရွန္ဟတ္ဘက္ကို ေနာင္ၾကည့္မိပါေသးသည္..။

သို႔ေသာ္ ရွန္ဟတ္ဟာ ထိုအတိုင္းပဲရပ္ေနရင္း ေနာင့္ဘက္တစ္ခ်က္ေတာင္မၾကည့္လာခဲ့ပါ..။

ငါရဲ႕အခန္းေဖာ္ဟာ ႏြေးေထြးတတ္တယ္လို႔ထင္ခဲ့တာ..

...

ေက်ာင္ေဆးခန္းေရာက္သည္ႏွင့္ မ်က္ႏွာကိုေရေအးနဲ႕အျမန္ေဆးခ်ပစ္ၾကသည္..။

ထိစင္သြားတာကပါးတစ္ဖက္စာေလာက္ေပမဲ့ အပူဒဏ္ေၾကာင့္နီရဲစပ္ေနၿပီး အေရၾကည္ဖုေတြေပါက္ခ်င္စျပဳလာသည္..။

လိုအပ္တဲ့ကုသမႈတစ္ခ်ိဳ႕လုပ္ၿပီးခ်ိန္
ဆရာဝန္မေလးကေျပာလာသည္..။

''ဒီေန႕အားကစားပြဲေတြရွိေနတယ္ ၾကက္ေျခနီအသင္းကအေရးေပၚလိုရင္သုံးဖို႔ ပစၥည္းေတြယူသြားၾကလို႔ ေဆးနည္းနည္းျပတ္ေနတယ္..။
ဆရာတစ္ေယာက္ေယာက္ကို ေဆးပစၥည္းေတြဝယ္ဖို႔ေျပာလိုက္မယ္ေနာ္
ခဏေနခဲ့ၾကဦး''

''ဟုတ္ ဆရာမ သမီးသူ႕ကိုဂ႐ုစိုက္ထားလိုက္ပါမယ္''

ေနာင့္မ်က္ႏွာကိုေရေအးဝတ္နဲ႕ဖိထားေပးရင္း သူမ..စိတ္မေကာင္း

''စိုင္းရွန္ဟတ္ နဲ႕မပတ္သတ္တာအေကာင္းဆုံးပဲေနာင္..
သူကငါတို႔လိုလူေတြကို မ်က္စိထဲေတာင္ထည့္မွာမဟုတ္ဘူး''

ဒါေပါ့..ငါတို႔လိုလူေတြ..

ဆရာဝန္မေလးေကာ္ရစ္တာဘက္ထြက္ကာ လူရွာေနေပမဲ့ အကုန္လုံးကအလုပ္မ်ားေနတာမလို႔ အားတဲ့သူရွိမေန..။

႐ုတ္တရက္ သူမေရွ႕မွာပိတ္ရပ္လာတဲ့ေက်ာင္းသားတစ္ဦး

''ေက်ာင္းသားေခါင္းေဆာင္..သားေျပာစရာရွိရင္ေနာက္မွေျပာ
ဆရာမ လုပ္စရာေလးရွိလို႔ေနာ္''

''ဒီဟာ''

အိတ္ေလးတစ္အိတ္သူမကိုကမ္းေပးလာသည္..။

သူမလက္ထဲ ကိုထည့္ေပးလာတာက အပူေလာင္တာနဲ႕ပတ္သတ္ၿပီးလိုအပ္တဲ့ေဆးဝါးေတြ

ဒါေတြကဘယ္လိုျဖစ္ၿပီး..
သူမေမးမည္အျပဳ ေက်ာင္းသားေလးဟာထြက္သြားၿပီမလို႔ ေဆးေပးခန္းကိုအျမန္ျပန္လာလိုက္သည္..။

...

''ရွန္ဟတ္ ဘယ္ေရာက္သြားတာလဲလို႔
ဘယ္ေတြသြားေနတာလဲကြ''

မ်က္ႏွာလိုမ်က္ႏွာရ ေျပးကပ္တတ္ေသာေက်ာင္းသားတစ္စုဟာ ရွန္ဟတ္ဆီအေျပးေရာက္လာၾကသည္..။

အမွန္စင္စစ္ ထိုစေကာ္လားေက်ာင္းသားက စိုင္းရွန္ဟတ္ ရဲ႕အခန္းေဖာ္ျဖစ္တယ္ဆိုတုန္းကဘယ္ေလာက္ေဒါသထြက္ခဲ့ရၾကလဲ

သူတို႔ေပါင္းခ်င္လြန္းလို႔ခယေနရတဲ့လူနား အဲလိုအဆင့္ကကပ္ေနတာကိုမ်က္စိစပါးေမႊးစူးေနၾကတာၾကာလွၿပီျဖစ္သည္..။

''မင္းလုပ္လိုက္တာေကာင္းတယ္ရွန္ဟတ္
အဲေကာင္လိုအဆင့္ကေလ ဘယ္မွာလာၿပီးဝင္ပါခ်င္ေနမွန္းမသိတာ
ဒီလိုေက်ာင္းမ်ိဳးမွာ သူ႕အဆင့္နဲ႕တတ္ခြင့္ရတာကိုေက်းဇူးမတင္ပဲ ''

''လွ်ာမျပတ္ခင္ ပါးစပ္ပိတ္လိုက္''

ႏႈတ္သီးေကာင္းေနေသာေက်ာင္းသားသည္ တုန္လႈပ္သြားေလသည္..။သူဘာမွားမိသြားလို႔လဲ..။

ရွန္ဟတ္က သူ႕ကိုတစ္ခ်က္ေတာင္လွည့္ၾကည့္မလာ..။သို႔ေသာ္ အသံက ရွင္းလင္းေအးစက္ကာ အႏၱရာယ္အေငြ႕အသက္ေပးေနသည္..။

''မင္းအဆင့္ကလည္း ငါ့ကိုအခုလိုစကားေျပာေနရေလာက္ေအာင္မရွိဘူး''

''ေတာင္း..ေတာင္းပန္ပါတယ္ ''

ေဘးနားလာနားပူေနတဲ့အေကာင္ေတြမလိုက္လာရဲေတာ့တာေၾကာင့္ ေဆးေပးခန္းဆီ ရွန္ဟတ္ဆက္သြားလိုက္သည္..။

အေတာ္ေလးေဝးတဲ့ၾကက္ေျခနီအသင္းထိ ေဆးေတြအေျပးသြားယူခဲ့တာေၾကာင့္ ရွန္ဟတ္ရဲ႕ယူနီေဖာင္းဟာေခြၽးေတြနဲ႕ေစးကပ္ေနသလို ျဖဴစြတ္တဲ့အသားအရည္ဟာ နီေနေလသည္..။

ေဆးေပးခန္းကိုကာထားတဲ့လိုက္ကာအဝါေလးၾကားမွ
ဝိုးတဝါးျမင္ေနရတဲ့ ပုံရိပ္ေလးကိုသူေတာ္ေတာ္ၾကာၾကာေငးေနမိသည္.။

ေတာင္းပန္တယ္ဆိုတဲ့စကားကို
ဘယ္သူ႕ကိုမွသူေျပာဖို႔မေတြးခဲ့ဖူးဘူး

ဒါေပမဲ့

မင္းသာခြင့္လႊတ္မယ္ဆို ေတာင္းပန္ခ်င္တယ္..

ဒါေပမဲ့ ငါကအဲလိုပဲ
ေလာကႀကီးရဲ႕ဘယ္အရာကိုမွ ဂ႐ုတစိုက္လိုခ်င္တပ္မက္မေနခဲ့ဖူးဘူး..

ငါသာလိုခ်င္ၿပီဆိုရင္အဲအရာကသိပ္ကိုသေဘာက်စရာေကာင္းၿပီးရွားပါးတာမလို႔ ဘယ္သူကမွထိပါးလာခြင့္မျပဳနိုင္ဘူး
..

...
ငယ္႐ြယ္လတ္ဆတ္တဲ့ဆယ္ေက်ာ္သက္အ႐ြယ္ရဲ႕အခ်စ္ဦးအေၾကာင္းေျပာၾကတဲ့အခါ
မပါမျဖစ္စကားေလးတစ္ခြန္းရွိတယ္

''တစ္စုံတစ္ေယာက္ကို ဂ႐ုစိုက္မိျခင္းဟာ အခ်စ္ပဲ ျဖစ္ပါတယ္..''



Continue Reading

You'll Also Like

333K 18.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
404K 3.8K 5
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
252K 37.5K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
1.2M 65K 51
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...