ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွ...

By Luna_levanna

195K 38.3K 1.2K

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံေကာင္းျခင္းႏွင့္ေမြးဖြားလာတာမဟုတ္ရဲ႕ Book-2 ပ... More

197: Vol 15: 9
198: Vol 15: 10
199: Vol 15: 11
200: Vol 15: 12
201: Vol 15: 13
202: Vol 15: 14
203: Vol 15: 15
204: Vol 15: 16
205: Vol 15: 17
206: Vol 15: 18
207 : Vol 15: 19
208: Vol 15: 20
209: Vol 15: 21
210: Vol 15:22
211: Vol 15: 23
212: Vol 15: 24
213: Vol 15: 25
214: Vol 15: End
215
216
217
218
219
220
221
222
223
224: Vol 16: စီရင်ချက်အကျဉ်းထောင်/စီရင္ခ်က္အက်ဥ္းေထာင္
225: Vol 16: 2
226: Vol 16: 3 (Part-1)
226: Vol 16: 3 (Part-2)
227: Vol 16: 4
228: Vol 16: 5
229: Vol 16: 6
230: Vol 16: 7
231: Vol 16: 8
232: Vol 16: 9
233: Vol 16: 10
234: Vol 16: 11
235: Vol 16: 12
236: Vol 16: 13
237: Vol 16: 14
238: Vol 16: 15
239: Vol 16: 16
240: Col 16: 17
241: Vol 16: End
242
243
244: Vol17: 1
246: Vol 17: 3
247: Vol 17: 4
248: Vol 17: 5
249: Vol 17: 6
250: Vol 17: 7
251: Vol 17: 8
252: Vol 17: 9
253: Vol17: 10
254: Vol 17: 11
255: Vol 17: 12
256: Vol 17: 13
257: Vol 17: 14
258: Vol 17: 15
259: Vol 17: 16
260: Vol 17: 17
261: Vol 17: 18
262: Vol 17: 19
263: Vol 17: 20
264: Vol 17: 21
265: Vol 17: 22
266: Vol 17: 23
267: Vol 17: 24
268: 17: End
269: Extra 1
270: Extra 2
THE END 271: Extra 3
Announcement

245: Vol 17: 2

2.5K 468 10
By Luna_levanna

Unicode

နောက်တစ်နေ့မှာ ရှောင်လီက သူ့အထုပ်တွေကို ထုပ်ပိုးနေတယ်။ သူက အထုပ်တွေထည့်နေတယ်ပြောပေမယ့် သူ့မှာ သယ်စရာဘာမှ မရှိပါဘူး။ သူ့အတွက်နဲ့ရှန်ချန်ကျီးအတွက် လဲလှယ်ဝတ်ဖို့ အဝတ်အစားအနည်းငယ်လောက်ပဲ ခရီးဆောင်အိတ်ထဲထည့်ပြီးတဲ့နောက် ပြီးသွားပြီ ဖြစ်တယ်။

TV မှာ သတင်းက တိုက်ရိုက်ထုတ်လွှင့်နေတယ်။ ကြေညာသူရဲ့ယဉ်ကျေးတဲ့အပြုံးက အနည်းငယ် တည်ကြည်လေးနက်နေတယ်။
"လတ်တလောမှာ တိုင်းပြည်နဲ့ တစ်ကမ္ဘာလုံး ပြင်းထန်တဲ့မိုးရွာသွန်းမှုနဲ့ ကြုံတွေ့နေရပါတယ်။ အပူချိန်က သိသိသာသာကိုပဲ ပုံမှန်မဟုတ်ပါဘူး။ အနည်းဆုံး လွန်ခဲ့တဲ့တစ်ပန်လောက်ကလွဲပြီး နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်ကြီးတွေက အတန်းတွေကို ရပ်နားထားပါတယ်။ ပြည်သူများနဲ့မိတ်ဆွေများခင်များ၊ ကျေးဇူးပြု၍ အပြင်ထွက်မယ့်အချိန်ကို လျှေ့ချပေးဖို့ ကြိုးစားကြပါ...."

ရှောင်လီက သူ့ဖုန်းကိုဖွင့်ကြည့်တော့ ဝမ်ဟွိုင်ဆီက စာရောက်နေတာကို တွေ့လိုက်ရတယ်။
[ရထားက ညနေ ၃:၀၀ နာရီမှာ]

သူတို့ရဲ့စာပို့ထားတာကို အပေါ်ဆွဲကြည့်တော့ စကားဝိုင်းက ဒီလိုပါ။

မနက် ၄ နာရီ : [ရှားလော့။ မင်း တာဝန်အသစ်ကို တွေ့ပြီးပြီလား? ငါတို့အားလုံး ဘက်ပေါင်းစုံကနေ တိုက်ခိုက်ခံနေရပြီးတော့ ကူးပြောင်းဝင်ရောက်သူတွေက အဆင်ပြေပေမယ့် သာမန်လူတွေကတော့...]

အဲ့အချိန်တုန်းက ရှောင်လီက မနိုးသေးပါဘူး။ မနက် ၇နာရီလောက်မှာ ဝမ်ဟွိုင်က နောက်ထပ်စာတစ်စောင် ပို့ထားတယ် : [မင်းမှာ အချိန်ရှိရင် ယန်ပြည်နယ်ကို လာခဲ့ပါ။ ဒီမှာ တစ်ခုခု ဖြစ်နေတယ်။]

[ဒီမှာရှိတဲ့ အိမ်ကြီးတစ်အိမ်က ထိန်းချုပ်မှုကင်းမဲ့နေပြီး တစ်မြို့လုံးကို ပျံ့နှံ့နေပြီ။ အခုချိန်ထိ သိရှိထားတဲ့ တခြားနေရာတွေထပ် ပိုပြီး ပြင်းပြင်းထန်ထန်နဲ့ မြန်ဆန်တယ်။ ဒီနေရာမှာ လျှို့ဝှက်ချက်တစ်ချို့ ဖုန်းကွယ်ထားတယ်လို့ ငါထင်တယ်။]

အချိန်ခဏကြာပြီးနောက် ရှောင်လီက စာပြန်ထားတယ် : [လိပ်စာ။ ငါ လက်မှတ်ကြိုမှာလိုက်မယ်]

[ဒါကို တရားဝင်စီးပွါးရေးခရီစဉ်အဖြစ် သတ်မှတ်လို့ရမလား? လက်မှတ်ခ ပြန်ပေးမှာလား?]

ဝမ်ဟွိုင် : [.......]

ဒီအချိန်ကျမှ ရှားလော့ဟာ အလုပ်မရှိသေးတဲ့လူငယ်လေးတစ်ယောက်ဆိုတာ သူ သတိရတော့တယ်။

တစ်ဖက်မှာတော့ ဝမ်ဟွိုင်က ရှောင်လီရဲ့လာမယ်ဆိုတဲ့ကတိကြောင့် စိတ်သက်သာရာရစွာ သက်ပြင်းချမိပြန်တယ်။ သူက လိပ်စာနဲ့ဆက်သွယ်ရမယ့်အချက်အလက်တွေကိုပေးရင်း သတိပေးချက်ပါ ပေးခဲ့တယ်။
[လေယာဉ်နဲ့မလာနဲ့။ ဒီရာသီဥတုမှာ လေယာဉ်တွေ နားထားတယ်။ ရထားနဲ့လာပါ]

ရှန်ချန်ကျီးက တံခါးဖွင့်ပေးတယ်။

"သွားကြစို့"
ရှောင်လီက အိမ်မှာတစ်ကောင်တည်းကျန်ခဲ့မယ့် ကြောင်ဖြူလေးအတွက် အလိုအလျှောက်အစာကျွေးစက်ကို တင်ဆင်ထားခဲ့တယ်။ သူက မတ်တပ်မရပ်ခင် ၂ခါလောက် ပွတ်သပ်ကျီစယ်လိုက်သေးတယ်။ ရှန်ချန်ကျီးက ရှောင်လီ့လက်ထဲက ခရီးဆောင်အိတ်ကို ယူလိုက်တယ်။ ထို့နောက် ရှောင်လီက ရှပ်အင်္ကျီပါးပါးပဲ ဝတ်ထားတာ တွေ့တော့ ပုခုံးကို ကိုင်လိုက်တယ်။

ရှောင်လီက ဗလာသက်သက် လှည့်ကြည့်လိုက်တယ်။ "ဘာဖြစ်လို့လဲ?"

"ကုတ်အင်္ကျီတစ်ထည် ထပ်ဝတ်" ရှန်ချန်ကျီးက သူ့ကိုပြောလိုက်တယ်။

ရှောင်လီက ငြင်းတယ်။ "သိပ်မအေးပါဘူး"

ရှန်ချန်ကျီးရဲ့စကားတွေက ရိုးရှင်းတယ်။ "မိုးရွာနေတယ်လေ"

ရှောင်လီအောက်ဆင်းလာတော့ သူ့ဖုန်းက မြည်လာတယ်။ သူက ခေါ်ဆိုသူကိုကြည့်လိုက်ပြိး တစ်ခဏလောက် ရပ်တန့်သွားတယ်။ ရှန်ချန်ကျီးက သူ့ဘေးကနေလမ်းလျှောက်လာရင်း သူ့အပြုအမူကို သတိထားမိသွားတယ်။
"ဘာဖြစ်လို့လဲ?"

ရှောင်လီက ဘာမှမပြောပဲ ဖုန်းချလိုက်တယ်။ သို့သော်လည်း တစ်ဖက်က ဖုန်းကို ဆက်တိုက်ခေါ်နေတယ်။ နောက်ဆုံး သူက ဖုန်းဖြေလိုက်တော့ ရှောင်ယွီကျန်းရဲ့ အသံကို ကြားလိုက်ရတယ်။
"ရှောင်လီ"

ရှောင်လီက ပုံမှန်အတိုင်း ကော်ရစ်ဒါအပြင်ဘက်ကို ကြည့်နေတယ်။ မိုးတွေက မြူလွှာတွေပေါ် ကျဆင်းနေတဘ်။ သူက ဒီလိုရာသီဥတုမျိုးက မကြိုက်ပါဘူး။
"ဟမ်?"

"ဒီရက်ပိုင်းတွေ ဂရုစိုက်နော်" ရှောင်ယွီကျန်းက ချက်ချင်းစကားမပြောပါဘူး။ သူက မတွေ့တာအတော်ကြာနေတဲ့ သူ့သားကို ဘာပြောရမလဲမသိတာ ဖြစ်နိုင်ပါတယ်။ အဆုံးမှာတော့ သူက စိုးရိမ်စကားပဲ ပြောလိုက်တယ်။
"အဖေ သတင်းတွေ အများကြီးကြားတယ်။ သိပ်ပြီး အေးအေးချမ်းချမ်းမဖြစ်နေပဲ လူတွေအများကြီးက သရဲခြောက်ခံထိနေကြတယ်"

သူက ရှောင်လီဟာ နတ်ဘုရားတွေနဲ့ သရဲတွေကို မယုံမှာကို စိုးရိမ်နေတာ ဖြစ်နိုင်တယ်။
"ပြီးတော့ အပြင်မှာ မိုးက သည်းသည်းမည်းမည်း ရွာနေတယ်။ အပြင်မထွက်ပဲ အိမ်ထဲမှာပဲ နေနော်"

ရှောင်လီက သူ့ဖုန်းကို လက်တစ်ဖက်နဲ့ကိုင်ထားပြီး နောက်လက်တစ်ဖက်က ထာဝရဝိဥာဉ်ထီးကို ကိုင်ထားတယ်။
"မိုးက သည်းထန်ပေမယ့် အခု ကျွန်တော် မိုးရေထဲ သွားရတော့မယ်"

သူက ရှောင်ယွီကျန်းရဲ့စကားတွေကို လျစ်လျူရှုပြီး ဖုန်းချလိုက်တယ်။ သူ့ဖုန်းကို အိတ်ကပ်ထဲထည့်လိုက်ပြီးတော့ ကော်ရစ်ဒါအတိုင်း လျှောက်လာတယ်။ သူက မိုးရေထဲမှာ ရပ်လိုက်ပြီး ရှန်ချန်ကျီးဘက် ခေါင်းလှည့်ကာ သူ့ ထီးအောက်ဝင်လာဖို့ ပြောလိုက်တယ်။

အဲ့အချိန်မှာပဲ ကောင်းကင်မှမိုးရေတွေက သတ္တုအလွှာဖြစ်လာပြီး သူကသာလျှင် မှိုန်မှိုင်းနေတဲ့နံရံထဲက တစ်ခုတည်းသောအရောင် ဖြစ်လာတယ်။

ရှန်ချန်ကျီးက သည်းမခံနိုင်တော့ပါဘူး။ သူက ရှေ့ကိုတိုးလိုက်ပြီး တစ်ဖက်လူလက်ထဲက ထီးကို ယူလိုက်တယ်။ သူ့ပုခုံးတစ်ဝက်က မိုးရေထဲရောက်နေပြီး သူက ရှောင်လီ့ဆီကိုယ်ကိုကိုင်းကာ အနမ်းတစ်ပွင့်ပေးလိုက်တယ်။

***

ရထားက မိုးရေကိုဖြတ်ပြီး သွားနေတယ်။

ဒီလိုရာသီဥတုမျိုးမှာ ဘယ်သူမှ ဒီလိုဝေးလံတဲ့နေရာကို မသွားကြပါဘူး။ ရှောင်လီနဲ့ရှန်ချန်ကျီးတို့က ရထားတွဲတစ်ခုလုံးပိုင်ထားပေမယ့် ရှန်ချန်ကျီးက ရှောင်လီ့ဘေးမှာပဲ ထိုင်ပါတယ်။

ရထားပေါ်က အချက်ပြမီးက သိပ်မကောင်းပေ။ ရှောင်လီက ဘာမှလုပ်စရာမရှိတာကြောင့် ရိုးရှင်းစွာပဲ သူ့ရှေ့ကစားပွဲပေါ်မှာ အဝါရောင်စာအုပ်လေးကို ဖြန့်ချထားပြီး သူ ကျွေ့ထျန်းဆီကရထားတဲ့ အနက်ရောင်ခရစ်စတယ်အပိုင်းအစကို ကစားနေတယ်။

သူ့ရဲ့လျစ်လျုရှုမှုကိုခံနေရတဲ့ ရှန်ချန်ကျီးက နောက်ဆုံးမှာ စကားမပြောပဲ မနေနိုင်တော့ပါဘူး။
"ဘေဘီ။ ဘာစဉ်းစားနေတာလဲ?"

ရှန်ချန်ကျီးက သူ့နှလုံးသားထဲက နာမည်ကို ပထမဆုံး ထုတ်ခေါ်တာပဲ ဖြစ်တယ်။ ရှောင်လီက အံ့ဩမင်တတ်သွားတယ်။ သူ့အမေကလွဲလို့ အဲ့လိုလေသံနဲ့သူ့ကိုခေါ်တာ ဒါပထမဆုံးလူပဲ ဖြစ်တယ်။

"... အဲ့လို မခေါ်နဲ့" ရှောင်လီက ပြန်သက်သာလာတယ်။ သူက ဘောပင်ကိုယူပြီး အဝါရောင်စာအုပ်ပေါ်မှာ ရေတွင်းတစ်တွင်းပုံဆွဲပြီး ရေတွင်းအပေါ်မှာ ပျဉ်ချပ်တွေကို ထပ်ပေါင်းဆွဲလိုက်တယ်။
"ရေတွင်းကို ဘယ်လိုပိတ်ရမလဲလို့ စဉ်းစားနေတာ"

ရှောင်လီက ရေတွင်းပုံဆွဲချင်သော်လည်း သူ့ရဲ့ပုံဆွဲစကေးကြောင့် ထူးဆန်းတဲ့ပုံနဲ့ သစ်သားစည်ပိုင်းလို ဖြစ်နေတယ်။ သို့သော်လည်း ဒါက ချစ်စရာကောင်းတယ်လို့ ရှန်ချန်ကျီးက ခံစားနေရဆဲပါပဲ။ ရှန်ချန်ကျီးက သင့်တော်မယ့်အကြံကို ပေးလိုက်တယ်။
"ယိုစိမ့်မှုဖြစ်တယ်ဆိုကတည်းက မူလအပိုင်းအစတွေနဲ့ ဖာထေးလိုက်တာက အသင့်တော်ဆုံးပဲ"

"မင်းဆိုလိုတာက ဒီဟာလား?" ရှောင်လီက သူ့လက်ကို ဖွင့်ပြလိုက်တယ်။

ရှန်ချန်ကျီးက ပြန်မဖြေရသေးခင် ရှောင်လီက ထပ်ပြောလိုက်တယ်။
"ငါ အစထဲက ခန့်မှန်းမိတယ်။ အဲ့ဒါက ကောင်းကင်ပေါ်ကကျလာပြီး ကျွေ့ထျန်းရဲ့စွမ်းအား တိုးလာတယ်ဆိုကတည်းက ဒါက ပရမ်းပတာစွမ်းအားရဲ့ အပိုင်းအစတစ်မျိုးဖြစ်လိမ့်မယ်လို့။ ငါ အတ္တာလာတစ်နဲ့ စကားပြောခဲ့ရတယ်။ ငါတို့တွေ ဒါကို လုံလောက်အောင် စုဆောင်းနိုင်ရင် ငါတို့တွေ ရေတွင်းကို ပြန်ပြင်ဖို့ အသုံးပြုလို့ရတယ်"

"ဒါပေမယ့် ငါ တစ်ခုသိချင်သေးတယ်။ အစစ်အမှန်ကမ္ဘာရဲ့အမြုတေကို လိုချင်နေတာက မရဏနတ်ဘုရားတစ်ပါးထဲလား? တခြားနတ်ဘုရားတွေကရော? သေခြင်းနတ်ဘုရား၊ အလိမ်အညာနတ်ဘုရား၊ ညနတ်ဘုရားမ..."

"သူတို့က အခွင့်အရေးကို စောင့်နေတာ" ရှန်ချန်ကျီးက အေးစက်စွာပြောလိုက်တယ်။
"ဒါပေမယ့် တခြားနတ်ဘုရားတွေ ဘာမှ မလှုပ်ရှားနိုင်ခင် အစစ်အမှန်ကမ္ဘာ လုံးလုံးမပျက်စီးသေးခင် ကိုယ် သူတို့လက်တွေကို ဖြတ်ပစ်မယ်"

***

ယန်ပြည်နယ်မှာ မိုးသည်းကြီးမဲကြီး ရွာနေတယ်။ ရှောင်လီတို့နေတဲ့ မြို့ထပ်ကို ပိုပြီးတော့ မိုးကြီးပါတယ်။ ကောင်းကင်မှာ အပေါက်ကြီးတစ်ပေါက် ရှိနေသလိုပါပဲ။ ပြင်းထန်တဲ့မိုးစက်တွေက မိုးသီးတွေလို မြို့ကို ရိုက်ခတ်နေတယ်။ မြေကြီးက ရွှံ့တွေနဲ့ ဖုံးအုပ်နေပြီး ရထားဘူတာအနီးမှာ လမ်းသွားလမ်းလာ အနည်းငယ်သာ ရှိလေတယ်။

ရှောင်လီနဲ့ရှန်ချန်ကျီးတို့ ဘူတာရုံကထွက်လာတော့ ဝမ်ဟွိုင်တို့ ကြိုပြီးစောင့်နှင့်နေတာကို တွေ့လိုက်ရတယ်။ ရှောင်လီကိုတွေ့တော့ ဝမ်ဟွိုင်က သူ့ဘေးကလူတွေနဲ့စကားပြောတာကို ရပ်လိုက်ပြိး လက်ဝှေ့ယမ်းပြလေတယ်။ ဝမ်ဟွိုင်ဘေးနားမှာ အတော်လေး လူစည်ကားနေတယ်။ သူတို့အများစုက ရှောင်လီရင်းနှီးပြီးသား မျက်နှာတွေပဲ ဖြစ်တယ်။ ရယ်ကျယ်ချင်းနဲ့ ရယ်လင်းရှစ်တို့အပြင် ရှောင်လီ့ကို စိတ်လှုပ်ရှားစွာကြည့်နေတဲ့ မိန်းမငယ်လေးတစ်ယောက်လည်း ရှိနေတယ်။ သူမက သူ့ကို နှုတ်ဆက်လိုက်တယ်။
"Moriarty ငါ့ကို မှတ်မိလား?"

ရှောင်လီက သူမကိုကြည့်လိုက်တော့ သူ့မှတ်ဉာဏ်ထဲက သူမရဲ့ ID ကို ရှာတွေ့သွားတယ်။ သူမက တစ္ဆေသင်္ဘောပုံတူကမ္ဘာက ဇာတ်လမ်းဇာတ်ကောင်ပါပဲ။
"လော်ရှန်း"

လော်ရှန်းက ဒီကိုရောက်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။ သူမက တခြားလူတွေနဲ့ အခြေခံအားဖြင့် ကွဲပြားခြားနားတယ်။ သူမက တစ္ဆေသင်္ဘောရဲ့ ဇာတ်လမ်းဇာတ်ကောင်ဖြစ်ပေမယ့် တာဝန်အဆုံးမှာတော့ အစစ်အမှန်ကမ္ဘာဆီ စုပ်ယူခံရပြီး ကူးပြောင်းဝင်ရောက်သူတစ်ယောက် ဖြစ်လာတာ ဖြစ်တယ်။

လော်ရှန်းက ရှောင်လီမေးချင်တာကို သိပုံရပြီး ရှက်ရွံပြီးဖုန်းကွယ်ထားခြင်း မရှိပါဘူး။ သူမက သူ့ကို ရိုးသားစွာပဲ ပြောလိုက်တယ်။
"ငါ လာချင်လို့ပါ"

"ငါ ကူးပြောင်းဝင်ရောက်သူဖြစ်လာတော့ ငါက ပုံတူကမ္ဘာထဲက ဇာတ်ကောင်တစ်ကောင်ဆိုတာကို သတိထားမိသွားပြီး ဆုံးရှုံးသွားသလို ခံစားခဲ့ရတယ်။ နောက်ဆုံး ငါကိုယ်တိုင် နေထိုင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်" လော်ရှန်းက ဆက်ပြောတယ်။
"ဒါပေမယ့် အခု ငါနားလည်သွားတာက အစစ်အမှန်ကမ္ဘာက ငါစိတ်ကူးထားသလို အစစ်အမှန်ကမ္ဘာ မဟုတ်ဘူး ဆိုတာပဲ။ အဲ့ဒါက ပုံတူကမ္ဘာဖြစ်လာတော့မယ်။ ပြီးတော့ ပုံတူကမ္ဘာတိုင်းကလည်း အရင်တုန်းက အစစ်အမှန်ကမ္ဘာတစ်ခု ဖြစ်ခဲ့ဖူးတယ်။ ဇာတ်လမ်းဇာတ်ကောင်ဖြစ်လာပြီးတဲ့နောက် အစစ်အမှန်ကမ္ဘာတစ်ခုမှာ နောက်ထပ် 'ကူးပြောင်းဝင်ရောက်သူ'တစ်ယောက်ဖြစ်လာဖို့က ရှားပါးတဲ့အခွင့်အရေးတစ်ခုပဲလေ"

လော်ရှန်းက ကြေညာလိုက်တယ်။ "ငါ အရာအားလုံးကို ပြောင်းလဲချင်တယ်။ ငါ နင်တို့နဲ့ ပူးပေါင်းချင်ပါတယ်"

လော်ရှန်းရဲ့ဘေးမှာ အရပ်မြင့်မြင့် ဆံပင်အနက်ရောင်နဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ်။ သူမက လှိုင်းတွန့်ဆံပင်နဲ့ ဆွဲဆောင်မှုရှိတဲ့ပုံသဏ္ဍာန် ဖြစ်တယ်။ သူမက လော်ရှန်းနဲ့ အကြိမ်ပေါင်းများစွာ တူတူတွဲလုပ်ခဲ့မှန်း သိသာတယ်။ ဒီတစ်ခါတော့ သူမက လော်ရှန်းဘက်မျက်နှာမူပြီး ပြောလေတယ်။
"သူမက ယုံကြည်ရဖို့ ထိုက်တန်တယ်"

ရှောင်လီက သူမကို မသိတာကြောင့် ဝမ်ဟွိုင်က ညွှန်ပြပြီး သူမနဲ့ မိတ်ဆက်ပေးလေတယ်။
"ကုန်းမင်မင်။ သူမကို လျှို့ဝှက်ဆန်းကြယ်လို့ ခေါ်နိုင်တယ်"

ကုန်းမင်မင်က ပြုံးလိုက်တယ်။ "ရှားလော့၊ Moriarty ဒါမှမဟုတ် ဟာကရူးလ်။ ငါ နင့်ကို ဘယ်လို ခေါ်ရမလဲ?"

"ဘယ်လိုခေါ်ခေါ်ရတယ်"

ဖိုရမ်ပေါ်က ဒီနတ်ဘုရားမဟာ ရှောင်လီကို အတော်စိတ်ဝင်စားမှန်း သိသာတယ်။ သူမက ရှောင်လီ့အကြောင်းတောင် လေ့လာခဲ့ပြီးတော့ အခု သူမက ပြုံးပြလိုက်တယ်။
"ဒါဆို ငါနင့်ကို ရှားလော့လို့ ခေါ်မယ်။ ဒါက နင့်ရဲ့နဂိုနာမည်ပဲဆိုတော့"

ရှောင်လီက အမှုမဲ့အမှတ်မဲ့ပဲ ခေါင်းညိတ်ပြလိုက်တယ်။

"ဒါက?" သူမရဲ့အကြည့်က ရှန်ချန်ကျီးဆီ ရွှေ့သွားတယ်။ လတ်တလောမှာ ရှားလော့ရဲ့ချစ်သူကောင်​လေးဆိုတာက ဖိုရမ်မှာ ထိပ်ဆုံးခေါင်းစဉ်ဖြစ်နေပေမယ့် ကုန်းမင်မင်က ဖိုရမ်ဝင်ကြည့်ဖို့ အချိန် မရှိခဲ့ဘူး။ သူမက ရှန်ချန်ကျီးအကြောင်းကို ခုထိ မသိသေးပါဘူး။ ရှန်ချန်ကျီးကိုယ်တိုင်ကလည်း ကူးပြောင်းဝင်ရောက်သူဖိုရမ်မှာ နာမည်ကြီးတဲ့လူတစ်ယောက် မဟုတ်ပါဘူး။ သူက အဆင့်နိမ့်ပြီးတော့ တာဝန်တွေကို ပြီးပြည့်စုံအောင် မလုပ်ခဲ့ဖူးပေ။

ပြဿနာကိုရှောင်တဲ့အနေနဲ့ ရှောင်လီက ပြန်ဖြေလိုက်တယ်။ "မိသားစု"

ဒီစကားလုံးက ရှန်ချန်ကျီးရဲ့နှလုံးသားထဲကို လောလောဆယ် နွေးထွေးစွာ နစ်မြုပ်သွားလေတယ်။ သူက အစတုန်းက ရှောင်လီ့နားမှာ လူတွေပတ်လည်ဝိုင်းနေတာကြောင့် အေးစက်နေခဲ့တယ်။ အခု ဒီစကားလုံးကြောင့် နွေးထွေးသွားပြီး သူ့နှုတ်ခမ်းက အပြုံးနဲ့ ကော့ညွတ်တတ်သွားတယ်။
"ဟုတ်ပါတယ်။ ငါက သူနဲ့ပူးပေါင်းမယ့် မိသားစုဝင်ပါ"

ကုန်းမင်မင်က အံ့ဩသွားတယ်။ သူမက ရှောင်လီ့စကားရဲ့အဓိပ္ပါယ်ကို ချက်ချင်းနားလည်သွားပြီး ဘာမှမပြောတော့ပါဘူး။ သူမက ပုံမှန်သာ ပြန်ပြောလိုက်လေတယ်။
"ကောင်းမွန်တဲ့တွဲဖက်ပဲ"

ရယ်ကျယ်ချင်းက ရှောင်လီ့တံတောင်ကို အမြန်ဆွဲပြီး တစ်ဖက်လူရဲ့နားနားကပ်ကာ တီးတိုးပြောလိုက်တယ်။
"မင်းတို့က အတူတူမဟုတ်ဘူးလို့ မင်း အရင်က မပြောခဲ့ဘူးလား? ဘယ်တုန်းက ဖြစ်သွားတာလဲ?"

ရှောင်လီက သူ့ကို စိတ်ခံစားချက်ကင်းမဲ့တဲ့ အမူအရာနဲ့ စိုက်ကြည့်လိုက်တယ်။

တိုတောင်းတဲ့မိတ်ဆက်စကားဝိုင်းအတွင်း ဝမ်ဟွိုင်က လက်ခုပ်တီးလိုက်တယ်။
"ကောင်းပြီ။ ခေါင်းစဉ်ကို ပြန်သွားကြစို့! အချိန်တွေက ကုန်ဆုံးနေတာမို့လို့ ငါတို့ သွားရင်းနဲ့ ပြောရအောင်"

မြင်ကွင်းက တိတ်ဆိတ်သွားတယ်။ သူ့စကားတွေက ရှင်းရှင်းလင်းလင်းကို ရှောင်လီ့ကို ရည်ညွှန်းနေတာပါ။ တခြားလူတွေက ခြေတစ်လှမ်းစောရောက်နေခဲ့ကြပြီး အနည်းနဲ့အများဆိုသလို သိနှင့်ပြီးပါပြီ။ ရှောင်လီက ရထားဘူတာရုံအပြင်ဘက်က ကားပါကင်ဆီကို သူတို့နောက်က လိုက်လာပြီး သူတို့တွေ​ ကားနှစ်စီး လူခွဲလိုက်ကြတယ်။ ဝမ်ဟွိုင်မောင်းတဲ့ကားမှာ ရှောင်လီ၊ ရှန်ချန်ကျီးနဲ့ ရယ်ကျယ်ချင်းတို့က တစ်စီး စီးကြတယ်။ ဝိုက်ပါက ဆက်တိုက်အလုပ်လုပ်နေတာတောင်မှ မိုးရေတွေက တရစပ်ကျဆင်းနေပြီး ဝမ်ဟွိုင်ရဲ့မြင်ကွင်းကို ပိတ်ထားဆဲဖြစ်တယ်။ အဲ့ဒါကြောင့် ကားရဲ့အရှိန်က အတော်လေး နှေးနေတယ်။

ဒီမြို့ကို ရှောင်လီရောက်ဖူးတာ ဒါပထမဆုံး အကြိမ်ပဲ ဖြစ်တယ်။ မြို့က ကျေးလက်အစွန်အဖျားနဲ့နီးကာ ကျော်ကြားတဲ့ခရီးသွားနေရာတစ်ခု ဖြစ်လေတယ်။ ရာသီဥတုကြောင့်သာ ခရီးသွားတွေ ရှားပါးနေတာ ဖြစ်တယ်။

ရှောင်လီက ကားပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်တော့ နိုင်ငံခြားစတိုင် အဆောက်အဦးမြင့်တွေ၊ ခံ့ညားထည်ဝါတဲ့တောင်တန်းတွေနဲ့ လှပတဲ့ရှုခင်းကို တွေ့လိုက်ရတယ်။ မြို့ခံလူတွေအားလုံးနီးပါးက အိမ်ထဲမှာပဲ နေနေကြပြီး လမ်းပေါ်မှာ လမ်းသွားလမ်းလာ မရှိသလောက်ပါပဲ။

ဝမ်ဟွိုင်က ကားမောင်းရင်း စကားပြောနေတယ်။
"ငါတို့သွားမယ့်အိမ်က ဆန်းမိသားစုက ပိုင်ဆိုင်တယ်။ သူတို့မိသားစုတွေက ဝိဥာဉ်​ဆိုင်ရာနေရာကနေ ဆင်းသက်လာတာ။ သရဲဖမ်းတဲ့မိစားစုဖြစ်ပြီးတော့ ရယ်မိသားစုထပ်တောင်မှ ပိုရှေးကျပြီး ကျော်ကြားတဲ့ မိသားစုပဲ။ ဒါပေမယ့် မနေ့ညကတည်းက ဆန်းမိသားစုနဲ့အဆက်အသွယ် ပြတ်သွားခဲ့တယ်"

"ဆန်းမိသားစုရဲ့ရှေးဟောင်းအိမ်မှာ ငိုကြွေးသံအဆက်မပြတ် ထွက်လာတယ်။ ပထမတော့ လမ်းသွးလမ်းလာတွေပဲ ကြားခဲ့ရတယ်။ နောက်တော့ သူတို့ငိုသံက ပြန့်နှံ့လာပြီး တစ်မြို့လုံးတောင် ကြားနေရတယ်"

"ငါ သတင်းကြားတော့ ဒီကို ချက်ချင််းပဲ ပြေးလာခဲ့တယ်။ ငါ ဆန်းမိသားစုရဲ့အိမ်ကို တံခါးသွားခေါက်တော့ တစ်စုံတစ်ယောက်က တုန့်ပြန်ပေမယ့် သူတို့ရဲ့ တုန့်ပြန်မှုက ထူးဆန်းနေတယ်"

ရှောင်လီက ဒါကိုကြားတော့ မေးလိုက်တယ်။
"ဘယ်လို ထူးဆန်းတာလဲ?"

"သူတို့က ငါ့ကို ပေးမဝင်ချင်ကြဘူး" ဝမ်ဟွိုင်က ပြန်ဖြေတယ်။ ငါ ဒီကို ပထမဆုံးရောက်လာတုန်းက သူတို့က 'ဘာမှမဖြစ်ပါဘူး'ဆိုတဲ့စကားကို သုံးပြီး တံခါးပိတ်သွားခဲ့တယ်။ နောက်တော့ ငိုသံက အတော်လေးရှည်ကြာနေတာကြောင့် ငါနဲ့အတူ လူအများကြီးကို ခေါ်သွားခဲ့တယ်။ သူတို့က ငါ့ကို ယာယီသာနေခွင့်ပေးပြီး ငိုသံဖြစ်ပေါ်နေတဲ့ အကြောင်းပြချက်ကို ပြောဖို့ သူတို့ ငြင်းဆန်ကြတယ်"

ရှောင်လီက မျက်လုံးကို မှိတ်လိုက်တယ်။
"ငါ ငိုသံမကြားရဘူး"

"ငိုသံက လွန်ခဲ့တဲ့ ၅နာရီလောက်ထဲက ရပ်သွားတယ်" ဝမ်ဟွိုင်က ရှင်းပြလိုက်တယ်။

~~~~~~~~~~~~~~~~~~~~~~~~

Zawgyi

ေနာက္တစ္ေန႕မွာ ေရွာင္လီက သူ႕အထုပ္ေတြကို ထုပ္ပိုးေနတယ္။ သူက အထုပ္ေတြထည့္ေနတယ္ေျပာေပမယ့္ သူ႕မွာ သယ္စရာဘာမွ မရွိပါဘူး။ သူ႕အတြက္နဲ႕ရွန္ခ်န္က်ီးအတြက္ လဲလွယ္ဝတ္ဖို႔ အဝတ္အစားအနည္းငယ္ေလာက္ပဲ ခရီးေဆာင္အိတ္ထဲထည့္ၿပီးတဲ့ေနာက္ ၿပီးသြားၿပီ ျဖစ္တယ္။

TV မွာ သတင္းက တိုက္ရိုက္ထုတ္လႊင့္ေနတယ္။ ေၾကညာသူရဲ႕ယဥ္ေက်းတဲ့အၿပဳံးက အနည္းငယ္ တည္ၾကည္ေလးနက္ေနတယ္။
"လတ္တေလာမွာ တိုင္းျပည္နဲ႕ တစ္ကမာၻလုံး ျပင္းထန္တဲ့မိုး႐ြာသြန္းမႈနဲ႕ ႀကဳံေတြ႕ေနရပါတယ္။ အပူခ်ိန္က သိသိသာသာကိုပဲ ပုံမွန္မဟုတ္ပါဘူး။ အနည္းဆုံး လြန္ခဲ့တဲ့တစ္ပန္ေလာက္ကလြဲၿပီး နိုင္ငံတစ္ဝွမ္းရွိ တကၠသိုလ္ႀကီးေတြက အတန္းေတြကို ရပ္နားထားပါတယ္။ ျပည္သူမ်ားနဲ႕မိတ္ေဆြမ်ားခင္မ်ား၊ ေက်းဇူးျပဳ၍ အျပင္ထြက္မယ့္အခ်ိန္ကို ေလွ်႕ခ်ေပးဖို႔ ႀကိဳးစားၾကပါ...."

ေရွာင္လီက သူ႕ဖုန္းကိုဖြင့္ၾကည့္ေတာ့ ဝမ္ဟြိုင္ဆီက စာေရာက္ေနတာကို ေတြ႕လိုက္ရတယ္။
[ရထားက ညေန ၃:၀၀ နာရီမွာ]

သူတို႔ရဲ႕စာပို႔ထားတာကို အေပၚဆြဲၾကည့္ေတာ့ စကားဝိုင္းက ဒီလိုပါ။

မနက္ ၄ နာရီ : [ရွားေလာ့။ မင္း တာဝန္အသစ္ကို ေတြ႕ၿပီးၿပီလား? ငါတို႔အားလုံး ဘက္ေပါင္းစုံကေန တိုက္ခိုက္ခံေနရၿပီးေတာ့ ကူးေျပာင္းဝင္ေရာက္သူေတြက အဆင္ေျပေပမယ့္ သာမန္လူေတြကေတာ့...]

အဲ့အခ်ိန္တုန္းက ေရွာင္လီက မနိုးေသးပါဘူး။ မနက္ ၇နာရီေလာက္မွာ ဝမ္ဟြိုင္က ေနာက္ထပ္စာတစ္ေစာင္ ပို႔ထားတယ္ : [မင္းမွာ အခ်ိန္ရွိရင္ ယန္ျပည္နယ္ကို လာခဲ့ပါ။ ဒီမွာ တစ္ခုခု ျဖစ္ေနတယ္။]

[ဒီမွာရွိတဲ့ အိမ္ႀကီးတစ္အိမ္က ထိန္းခ်ဳပ္မႈကင္းမဲ့ေနၿပီး တစ္ၿမိဳ႕လုံးကို ပ်ံ့ႏွံ႕ေနၿပီ။ အခုခ်ိန္ထိ သိရွိထားတဲ့ တျခားေနရာေတြထပ္ ပိုၿပီး ျပင္းျပင္းထန္ထန္နဲ႕ ျမန္ဆန္တယ္။ ဒီေနရာမွာ လွ်ို႔ဝွက္ခ်က္တစ္ခ်ိဳ႕ ဖုန္းကြယ္ထားတယ္လို႔ ငါထင္တယ္။]

အခ်ိန္ခဏၾကာၿပီးေနာက္ ေရွာင္လီက စာျပန္ထားတယ္ : [လိပ္စာ။ ငါ လက္မွတ္ႀကိဳမွာလိုက္မယ္]

[ဒါကို တရားဝင္စီးပြါးေရးခရီစဥ္အျဖစ္ သတ္မွတ္လို႔ရမလား? လက္မွတ္ခ ျပန္ေပးမွာလား?]

ဝမ္ဟြိုင္ : [.......]

ဒီအခ်ိန္က်မွ ရွားေလာ့ဟာ အလုပ္မရွိေသးတဲ့လူငယ္ေလးတစ္ေယာက္ဆိုတာ သူ သတိရေတာ့တယ္။

တစ္ဖက္မွာေတာ့ ဝမ္ဟြိုင္က ေရွာင္လီရဲ႕လာမယ္ဆိုတဲ့ကတိေၾကာင့္ စိတ္သက္သာရာရစြာ သက္ျပင္းခ်မိျပန္တယ္။ သူက လိပ္စာနဲ႕ဆက္သြယ္ရမယ့္အခ်က္အလက္ေတြကိုေပးရင္း သတိေပးခ်က္ပါ ေပးခဲ့တယ္။
[ေလယာဥ္နဲ႕မလာနဲ႕။ ဒီရာသီဥတုမွာ ေလယာဥ္ေတြ နားထားတယ္။ ရထားနဲ႕လာပါ]

ရွန္ခ်န္က်ီးက တံခါးဖြင့္ေပးတယ္။

"သြားၾကစို႔"
ေရွာင္လီက အိမ္မွာတစ္ေကာင္တည္းက်န္ခဲ့မယ့္ ေၾကာင္ျဖဴေလးအတြက္ အလိုအေလွ်ာက္အစာေကြၽးစက္ကို တင္ဆင္ထားခဲ့တယ္။ သူက မတ္တပ္မရပ္ခင္ ၂ခါေလာက္ ပြတ္သပ္က်ီစယ္လိုက္ေသးတယ္။ ရွန္ခ်န္က်ီးက ေရွာင္လီ့လက္ထဲက ခရီးေဆာင္အိတ္ကို ယူလိုက္တယ္။ ထို႔ေနာက္ ေရွာင္လီက ရွပ္အကၤ်ီပါးပါးပဲ ဝတ္ထားတာ ေတြ႕ေတာ့ ပုခုံးကို ကိုင္လိုက္တယ္။

ေရွာင္လီက ဗလာသက္သက္ လွည့္ၾကည့္လိုက္တယ္။ "ဘာျဖစ္လို႔လဲ?"

"ကုတ္အကၤ်ီတစ္ထည္ ထပ္ဝတ္" ရွန္ခ်န္က်ီးက သူ႕ကိုေျပာလိုက္တယ္။

ေရွာင္လီက ျငင္းတယ္။ "သိပ္မေအးပါဘူး"

ရွန္ခ်န္က်ီးရဲ႕စကားေတြက ရိုးရွင္းတယ္။ "မိုး႐ြာေနတယ္ေလ"

ေရွာင္လီေအာက္ဆင္းလာေတာ့ သူ႕ဖုန္းက ျမည္လာတယ္။ သူက ေခၚဆိုသူကိုၾကည့္လိုက္ၿပိး တစ္ခဏေလာက္ ရပ္တန့္သြားတယ္။ ရွန္ခ်န္က်ီးက သူ႕ေဘးကေနလမ္းေလွ်ာက္လာရင္း သူ႕အျပဳအမူကို သတိထားမိသြားတယ္။
"ဘာျဖစ္လို႔လဲ?"

ေရွာင္လီက ဘာမွမေျပာပဲ ဖုန္းခ်လိဳက္တယ္။ သို႔ေသာ္လည္း တစ္ဖက္က ဖုန္းကို ဆက္တိုက္ေခၚေနတယ္။ ေနာက္ဆုံး သူက ဖုန္းေျဖလိုက္ေတာ့ ေရွာင္ယြီက်န္းရဲ႕ အသံကို ၾကားလိုက္ရတယ္။
"ေရွာင္လီ"

ေရွာင္လီက ပုံမွန္အတိုင္း ေကာ္ရစ္ဒါအျပင္ဘက္ကို ၾကည့္ေနတယ္။ မိုးေတြက ျမဴလႊာေတြေပၚ က်ဆင္းေနတဘ္။ သူက ဒီလိုရာသီဥတုမ်ိဳးက မႀကိဳက္ပါဘူး။
"ဟမ္?"

"ဒီရက္ပိုင္းေတြ ဂ႐ုစိုက္ေနာ္" ေရွာင္ယြီက်န္းက ခ်က္ခ်င္းစကားမေျပာပါဘူး။ သူက မေတြ႕တာအေတာ္ၾကာေနတဲ့ သူ႕သားကို ဘာေျပာရမလဲမသိတာ ျဖစ္နိုင္ပါတယ္။ အဆုံးမွာေတာ့ သူက စိုးရိမ္စကားပဲ ေျပာလိုက္တယ္။
"အေဖ သတင္းေတြ အမ်ားႀကီးၾကားတယ္။ သိပ္ၿပီး ေအးေအးခ်မ္းခ်မ္းမျဖစ္ေနပဲ လူေတြအမ်ားႀကီးက သရဲေျခာက္ခံထိေနၾကတယ္"

သူက ေရွာင္လီဟာ နတ္ဘုရားေတြနဲ႕ သရဲေတြကို မယုံမွာကို စိုးရိမ္ေနတာ ျဖစ္နိုင္တယ္။
"ၿပီးေတာ့ အျပင္မွာ မိုးက သည္းသည္းမည္းမည္း ႐ြာေနတယ္။ အျပင္မထြက္ပဲ အိမ္ထဲမွာပဲ ေနေနာ္"

ေရွာင္လီက သူ႕ဖုန္းကို လက္တစ္ဖက္နဲ႕ကိုင္ထားၿပီး ေနာက္လက္တစ္ဖက္က ထာဝရဝိဥာဥ္ထီးကို ကိုင္ထားတယ္။
"မိုးက သည္းထန္ေပမယ့္ အခု ကြၽန္ေတာ္ မိုးေရထဲ သြားရေတာ့မယ္"

သူက ေရွာင္ယြီက်န္းရဲ႕စကားေတြကို လ်စ္လ်ဴရႈၿပီး ဖုန္းခ်လိဳက္တယ္။ သူ႕ဖုန္းကို အိတ္ကပ္ထဲထည့္လိုက္ၿပီးေတာ့ ေကာ္ရစ္ဒါအတိုင္း ေလွ်ာက္လာတယ္။ သူက မိုးေရထဲမွာ ရပ္လိုက္ၿပီး ရွန္ခ်န္က်ီးဘက္ ေခါင္းလွည့္ကာ သူ႕ ထီးေအာက္ဝင္လာဖို႔ ေျပာလိုက္တယ္။

အဲ့အခ်ိန္မွာပဲ ေကာင္းကင္မွမိုးေရေတြက သတၱဳအလႊာျဖစ္လာၿပီး သူကသာလွ်င္ မွိုန္မွိုင္းေနတဲ့နံရံထဲက တစ္ခုတည္းေသာအေရာင္ ျဖစ္လာတယ္။

ရွန္ခ်န္က်ီးက သည္းမခံနိုင္ေတာ့ပါဘူး။ သူက ေရွ႕ကိုတိုးလိုက္ၿပီး တစ္ဖက္လူလက္ထဲက ထီးကို ယူလိုက္တယ္။ သူ႕ပုခုံးတစ္ဝက္က မိုးေရထဲေရာက္ေနၿပီး သူက ေရွာင္လီ့ဆီကိုယ္ကိုကိုင္းကာ အနမ္းတစ္ပြင့္ေပးလိုက္တယ္။

***

ရထားက မိုးေရကိုျဖတ္ၿပီး သြားေနတယ္။

ဒီလိုရာသီဥတုမ်ိဳးမွာ ဘယ္သူမွ ဒီလိုေဝးလံတဲ့ေနရာကို မသြားၾကပါဘူး။ ေရွာင္လီနဲ႕ရွန္ခ်န္က်ီးတို႔က ရထားတြဲတစ္ခုလုံးပိုင္ထားေပမယ့္ ရွန္ခ်န္က်ီးက ေရွာင္လီ့ေဘးမွာပဲ ထိုင္ပါတယ္။

ရထားေပၚက အခ်က္ျပမီးက သိပ္မေကာင္းေပ။ ေရွာင္လီက ဘာမွလုပ္စရာမရွိတာေၾကာင့္ ရိုးရွင္းစြာပဲ သူ႕ေရွ႕ကစားပြဲေပၚမွာ အဝါေရာင္စာအုပ္ေလးကို ျဖန့္ခ်ထားၿပီး သူ ေကြၽ႕ထ်န္းဆီကရထားတဲ့ အနက္ေရာင္ခရစ္စတယ္အပိုင္းအစကို ကစားေနတယ္။

သူ႕ရဲ႕လ်စ္လ်ဳရႈမႈကိုခံေနရတဲ့ ရွန္ခ်န္က်ီးက ေနာက္ဆုံးမွာ စကားမေျပာပဲ မေနနိုင္ေတာ့ပါဘူး။
"ေဘဘီ။ ဘာစဥ္းစားေနတာလဲ?"

ရွန္ခ်န္က်ီးက သူ႕ႏွလုံးသားထဲက နာမည္ကို ပထမဆုံး ထုတ္ေခၚတာပဲ ျဖစ္တယ္။ ေရွာင္လီက အံ့ဩမင္တတ္သြားတယ္။ သူ႕အေမကလြဲလို႔ အဲ့လိုေလသံနဲ႕သူ႕ကိုေခၚတာ ဒါပထမဆုံးလူပဲ ျဖစ္တယ္။

"... အဲ့လို မေခၚနဲ႕" ေရွာင္လီက ျပန္သက္သာလာတယ္။ သူက ေဘာပင္ကိုယူၿပီး အဝါေရာင္စာအုပ္ေပၚမွာ ေရတြင္းတစ္တြင္းပုံဆြဲၿပီး ေရတြင္းအေပၚမွာ ပ်ဥ္ခ်ပ္ေတြကို ထပ္ေပါင္းဆြဲလိုက္တယ္။
"ေရတြင္းကို ဘယ္လိုပိတ္ရမလဲလို႔ စဥ္းစားေနတာ"

ေရွာင္လီက ေရတြင္းပုံဆြဲခ်င္ေသာ္လည္း သူ႕ရဲ႕ပုံဆြဲစေကးေၾကာင့္ ထူးဆန္းတဲ့ပုံနဲ႕ သစ္သားစည္ပိုင္းလို ျဖစ္ေနတယ္။ သို႔ေသာ္လည္း ဒါက ခ်စ္စရာေကာင္းတယ္လို႔ ရွန္ခ်န္က်ီးက ခံစားေနရဆဲပါပဲ။ ရွန္ခ်န္က်ီးက သင့္ေတာ္မယ့္အႀကံကို ေပးလိုက္တယ္။
"ယိုစိမ့္မႈျဖစ္တယ္ဆိုကတည္းက မူလအပိုင္းအစေတြနဲ႕ ဖာေထးလိုက္တာက အသင့္ေတာ္ဆုံးပဲ"

"မင္းဆိုလိုတာက ဒီဟာလား?" ေရွာင္လီက သူ႕လက္ကို ဖြင့္ျပလိုက္တယ္။

ရွန္ခ်န္က်ီးက ျပန္မေျဖရေသးခင္ ေရွာင္လီက ထပ္ေျပာလိုက္တယ္။
"ငါ အစထဲက ခန့္မွန္းမိတယ္။ အဲ့ဒါက ေကာင္းကင္ေပၚကက်လာၿပီး ေကြၽ႕ထ်န္းရဲ႕စြမ္းအား တိုးလာတယ္ဆိုကတည္းက ဒါက ပရမ္းပတာစြမ္းအားရဲ႕ အပိုင္းအစတစ္မ်ိဳးျဖစ္လိမ့္မယ္လို႔။ ငါ အတၱာလာတစ္နဲ႕ စကားေျပာခဲ့ရတယ္။ ငါတို႔ေတြ ဒါကို လုံေလာက္ေအာင္ စုေဆာင္းနိုင္ရင္ ငါတို႔ေတြ ေရတြင္းကို ျပန္ျပင္ဖို႔ အသုံးျပဳလို႔ရတယ္"

"ဒါေပမယ့္ ငါ တစ္ခုသိခ်င္ေသးတယ္။ အစစ္အမွန္ကမာၻရဲ႕အျမဳေတကို လိုခ်င္ေနတာက မရဏနတ္ဘုရားတစ္ပါးထဲလား? တျခားနတ္ဘုရားေတြကေရာ? ေသျခင္းနတ္ဘုရား၊ အလိမ္အညာနတ္ဘုရား၊ ညနတ္ဘုရားမ..."

"သူတို႔က အခြင့္အေရးကို ေစာင့္ေနတာ" ရွန္ခ်န္က်ီးက ေအးစက္စြာေျပာလိုက္တယ္။
"ဒါေပမယ့္ တျခားနတ္ဘုရားေတြ ဘာမွ မလႈပ္ရွားနိုင္ခင္ အစစ္အမွန္ကမာၻ လုံးလုံးမပ်က္စီးေသးခင္ ကိုယ္ သူတို႔လက္ေတြကို ျဖတ္ပစ္မယ္"

***

ယန္ျပည္နယ္မွာ မိုးသည္းႀကီးမဲႀကီး ႐ြာေနတယ္။ ေရွာင္လီတို႔ေနတဲ့ ၿမိဳ႕ထပ္ကို ပိုၿပီးေတာ့ မိုးႀကီးပါတယ္။ ေကာင္းကင္မွာ အေပါက္ႀကီးတစ္ေပါက္ ရွိေနသလိုပါပဲ။ ျပင္းထန္တဲ့မိုးစက္ေတြက မိုးသီးေတြလို ၿမိဳ႕ကို ရိုက္ခတ္ေနတယ္။ ေျမႀကီးက ႐ႊံ႕ေတြနဲ႕ ဖုံးအုပ္ေနၿပီး ရထားဘူတာအနီးမွာ လမ္းသြားလမ္းလာ အနည္းငယ္သာ ရွိေလတယ္။

ေရွာင္လီနဲ႕ရွန္ခ်န္က်ီးတို႔ ဘူတာ႐ုံကထြက္လာေတာ့ ဝမ္ဟြိုင္တို႔ ႀကိဳၿပီးေစာင့္ႏွင့္ေနတာကို ေတြ႕လိုက္ရတယ္။ ေရွာင္လီကိုေတြ႕ေတာ့ ဝမ္ဟြိုင္က သူ႕ေဘးကလူေတြနဲ႕စကားေျပာတာကို ရပ္လိုက္ၿပိး လက္ေဝွ႕ယမ္းျပေလတယ္။ ဝမ္ဟြိုင္ေဘးနားမွာ အေတာ္ေလး လူစည္ကားေနတယ္။ သူတို႔အမ်ားစုက ေရွာင္လီရင္းႏွီးၿပီးသား မ်က္ႏွာေတြပဲ ျဖစ္တယ္။ ရယ္က်ယ္ခ်င္းနဲ႕ ရယ္လင္းရွစ္တို႔အျပင္ ေရွာင္လီ့ကို စိတ္လႈပ္ရွားစြာၾကည့္ေနတဲ့ မိန္းမငယ္ေလးတစ္ေယာက္လည္း ရွိေနတယ္။ သူမက သူ႕ကို ႏႈတ္ဆက္လိုက္တယ္။
"Moriarty ငါ့ကို မွတ္မိလား?"

ေရွာင္လီက သူမကိုၾကည့္လိုက္ေတာ့ သူ႕မွတ္ဉာဏ္ထဲက သူမရဲ႕ ID ကို ရွာေတြ႕သြားတယ္။ သူမက တေစၦသေဘၤာပုံတူကမာၻက ဇာတ္လမ္းဇာတ္ေကာင္ပါပဲ။
"ေလာ္ရွန္း"

ေလာ္ရွန္းက ဒီကိုေရာက္လာလိမ့္မယ္လို႔ သူ မေမွ်ာ္လင့္ထားေပ။ သူမက တျခားလူေတြနဲ႕ အေျခခံအားျဖင့္ ကြဲျပားျခားနားတယ္။ သူမက တေစၦသေဘၤာရဲ႕ ဇာတ္လမ္းဇာတ္ေကာင္ျဖစ္ေပမယ့္ တာဝန္အဆုံးမွာေတာ့ အစစ္အမွန္ကမာၻဆီ စုပ္ယူခံရၿပီး ကူးေျပာင္းဝင္ေရာက္သူတစ္ေယာက္ ျဖစ္လာတာ ျဖစ္တယ္။

ေလာ္ရွန္းက ေရွာင္လီေမးခ်င္တာကို သိပုံရၿပီး ရွက္႐ြံၿပီးဖုန္းကြယ္ထားျခင္း မရွိပါဘူး။ သူမက သူ႕ကို ရိုးသားစြာပဲ ေျပာလိုက္တယ္။
"ငါ လာခ်င္လို႔ပါ"

"ငါ ကူးေျပာင္းဝင္ေရာက္သူျဖစ္လာေတာ့ ငါက ပုံတူကမာၻထဲက ဇာတ္ေကာင္တစ္ေကာင္ဆိုတာကို သတိထားမိသြားၿပီး ဆုံးရႈံးသြားသလို ခံစားခဲ့ရတယ္။ ေနာက္ဆုံး ငါကိုယ္တိုင္ ေနထိုင္ဖို႔ ဆုံးျဖတ္ခ်က္ခ်လိဳက္တယ္" ေလာ္ရွန္းက ဆက္ေျပာတယ္။
"ဒါေပမယ့္ အခု ငါနားလည္သြားတာက အစစ္အမွန္ကမာၻက ငါစိတ္ကူးထားသလို အစစ္အမွန္ကမာၻ မဟုတ္ဘူး ဆိုတာပဲ။ အဲ့ဒါက ပုံတူကမာၻျဖစ္လာေတာ့မယ္။ ၿပီးေတာ့ ပုံတူကမာၻတိုင္းကလည္း အရင္တုန္းက အစစ္အမွန္ကမာၻတစ္ခု ျဖစ္ခဲ့ဖူးတယ္။ ဇာတ္လမ္းဇာတ္ေကာင္ျဖစ္လာၿပီးတဲ့ေနာက္ အစစ္အမွန္ကမာၻတစ္ခုမွာ ေနာက္ထပ္ 'ကူးေျပာင္းဝင္ေရာက္သူ'တစ္ေယာက္ျဖစ္လာဖို႔က ရွားပါးတဲ့အခြင့္အေရးတစ္ခုပဲေလ"

ေလာ္ရွန္းက ေၾကညာလိုက္တယ္။ "ငါ အရာအားလုံးကို ေျပာင္းလဲခ်င္တယ္။ ငါ နင္တို႔နဲ႕ ပူးေပါင္းခ်င္ပါတယ္"

ေလာ္ရွန္းရဲ႕ေဘးမွာ အရပ္ျမင့္ျမင့္ ဆံပင္အနက္ေရာင္နဲ႕ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္တယ္။ သူမက လွိုင္းတြန့္ဆံပင္နဲ႕ ဆြဲေဆာင္မႈရွိတဲ့ပုံသ႑ာန္ ျဖစ္တယ္။ သူမက ေလာ္ရွန္းနဲ႕ အႀကိမ္ေပါင္းမ်ားစြာ တူတူတြဲလုပ္ခဲ့မွန္း သိသာတယ္။ ဒီတစ္ခါေတာ့ သူမက ေလာ္ရွန္းဘက္မ်က္ႏွာမူၿပီး ေျပာေလတယ္။
"သူမက ယုံၾကည္ရဖို႔ ထိုက္တန္တယ္"

ေရွာင္လီက သူမကို မသိတာေၾကာင့္ ဝမ္ဟြိုင္က ၫႊန္ျပၿပီး သူမနဲ႕ မိတ္ဆက္ေပးေလတယ္။
"ကုန္းမင္မင္။ သူမကို လွ်ို႔ဝွက္ဆန္းၾကယ္လို႔ ေခၚနိုင္တယ္"

ကုန္းမင္မင္က ၿပဳံးလိုက္တယ္။ "ရွားေလာ့၊ Moriarty ဒါမွမဟုတ္ ဟာက႐ူးလ္။ ငါ နင့္ကို ဘယ္လို ေခၚရမလဲ?"

"ဘယ္လိုေခၚေခၚရတယ္"

ဖိုရမ္ေပၚက ဒီနတ္ဘုရားမဟာ ေရွာင္လီကို အေတာ္စိတ္ဝင္စားမွန္း သိသာတယ္။ သူမက ေရွာင္လီ့အေၾကာင္းေတာင္ ေလ့လာခဲ့ၿပီးေတာ့ အခု သူမက ၿပဳံးျပလိုက္တယ္။
"ဒါဆို ငါနင့္ကို ရွားေလာ့လို႔ ေခၚမယ္။ ဒါက နင့္ရဲ႕နဂိုနာမည္ပဲဆိုေတာ့"

ေရွာင္လီက အမႈမဲ့အမွတ္မဲ့ပဲ ေခါင္းညိတ္ျပလိုက္တယ္။

"ဒါက?" သူမရဲ႕အၾကည့္က ရွန္ခ်န္က်ီးဆီ ေ႐ႊ႕သြားတယ္။ လတ္တေလာမွာ ရွားေလာ့ရဲ႕ခ်စ္သူေကာင္​ေလးဆိုတာက ဖိုရမ္မွာ ထိပ္ဆုံးေခါင္းစဥ္ျဖစ္ေနေပမယ့္ ကုန္းမင္မင္က ဖိုရမ္ဝင္ၾကည့္ဖို႔ အခ်ိန္ မရွိခဲ့ဘူး။ သူမက ရွန္ခ်န္က်ီးအေၾကာင္းကို ခုထိ မသိေသးပါဘူး။ ရွန္ခ်န္က်ီးကိုယ္တိုင္ကလည္း ကူးေျပာင္းဝင္ေရာက္သူဖိုရမ္မွာ နာမည္ႀကီးတဲ့လူတစ္ေယာက္ မဟုတ္ပါဘူး။ သူက အဆင့္နိမ့္ၿပီးေတာ့ တာဝန္ေတြကို ၿပီးျပည့္စုံေအာင္ မလုပ္ခဲ့ဖူးေပ။

ျပႆနာကိုေရွာင္တဲ့အေနနဲ႕ ေရွာင္လီက ျပန္ေျဖလိုက္တယ္။ "မိသားစု"

ဒီစကားလုံးက ရွန္ခ်န္က်ီးရဲ႕ႏွလုံးသားထဲကို ေလာေလာဆယ္ ေႏြးေထြးစြာ နစ္ျမဳပ္သြားေလတယ္။ သူက အစတုန္းက ေရွာင္လီ့နားမွာ လူေတြပတ္လည္ဝိုင္းေနတာေၾကာင့္ ေအးစက္ေနခဲ့တယ္။ အခု ဒီစကားလုံးေၾကာင့္ ေႏြးေထြးသြားၿပီး သူ႕ႏႈတ္ခမ္းက အၿပဳံးနဲ႕ ေကာ့ၫြတ္တတ္သြားတယ္။
"ဟုတ္ပါတယ္။ ငါက သူနဲ႕ပူးေပါင္းမယ့္ မိသားစုဝင္ပါ"

ကုန္းမင္မင္က အံ့ဩသြားတယ္။ သူမက ေရွာင္လီ့စကားရဲ႕အဓိပၸါယ္ကို ခ်က္ခ်င္းနားလည္သြားၿပီး ဘာမွမေျပာေတာ့ပါဘူး။ သူမက ပုံမွန္သာ ျပန္ေျပာလိုက္ေလတယ္။
"ေကာင္းမြန္တဲ့တြဲဖက္ပဲ"

ရယ္က်ယ္ခ်င္းက ေရွာင္လီ့တံေတာင္ကို အျမန္ဆြဲၿပီး တစ္ဖက္လူရဲ႕နားနားကပ္ကာ တီးတိုးေျပာလိုက္တယ္။
"မင္းတို႔က အတူတူမဟုတ္ဘူးလို႔ မင္း အရင္က မေျပာခဲ့ဘူးလား? ဘယ္တုန္းက ျဖစ္သြားတာလဲ?"

ေရွာင္လီက သူ႕ကို စိတ္ခံစားခ်က္ကင္းမဲ့တဲ့ အမူအရာနဲ႕ စိုက္ၾကည့္လိုက္တယ္။

တိုေတာင္းတဲ့မိတ္ဆက္စကားဝိုင္းအတြင္း ဝမ္ဟြိုင္က လက္ခုပ္တီးလိုက္တယ္။
"ေကာင္းၿပီ။ ေခါင္းစဥ္ကို ျပန္သြားၾကစို႔! အခ်ိန္ေတြက ကုန္ဆုံးေနတာမို႔လို႔ ငါတို႔ သြားရင္းနဲ႕ ေျပာရေအာင္"

ျမင္ကြင္းက တိတ္ဆိတ္သြားတယ္။ သူ႕စကားေတြက ရွင္းရွင္းလင္းလင္းကို ေရွာင္လီ့ကို ရည္ၫႊန္းေနတာပါ။ တျခားလူေတြက ေျခတစ္လွမ္းေစာေရာက္ေနခဲ့ၾကၿပီး အနည္းနဲ႕အမ်ားဆိုသလို သိႏွင့္ၿပီးပါၿပီ။ ေရွာင္လီက ရထားဘူတာ႐ုံအျပင္ဘက္က ကားပါကင္ဆီကို သူတို႔ေနာက္က လိုက္လာၿပီး သူတို႔ေတြ​ ကားႏွစ္စီး လူခြဲလိုက္ၾကတယ္။ ဝမ္ဟြိုင္ေမာင္းတဲ့ကားမွာ ေရွာင္လီ၊ ရွန္ခ်န္က်ီးနဲ႕ ရယ္က်ယ္ခ်င္းတို႔က တစ္စီး စီးၾကတယ္။ ဝိုက္ပါက ဆက္တိုက္အလုပ္လုပ္ေနတာေတာင္မွ မိုးေရေတြက တရစပ္က်ဆင္းေနၿပီး ဝမ္ဟြိုင္ရဲ႕ျမင္ကြင္းကို ပိတ္ထားဆဲျဖစ္တယ္။ အဲ့ဒါေၾကာင့္ ကားရဲ႕အရွိန္က အေတာ္ေလး ေႏွးေနတယ္။

ဒီၿမိဳ႕ကို ေရွာင္လီေရာက္ဖူးတာ ဒါပထမဆုံး အႀကိမ္ပဲ ျဖစ္တယ္။ ၿမိဳ႕က ေက်းလက္အစြန္အဖ်ားနဲ႕နီးကာ ေက်ာ္ၾကားတဲ့ခရီးသြားေနရာတစ္ခု ျဖစ္ေလတယ္။ ရာသီဥတုေၾကာင့္သာ ခရီးသြားေတြ ရွားပါးေနတာ ျဖစ္တယ္။

ေရွာင္လီက ကားျပတင္းေပါက္ကေန အျပင္ကို ေငးၾကည့္ေတာ့ နိုင္ငံျခားစတိုင္ အေဆာက္အဦးျမင့္ေတြ၊ ခံ့ညားထည္ဝါတဲ့ေတာင္တန္းေတြနဲ႕ လွပတဲ့ရႈခင္းကို ေတြ႕လိုက္ရတယ္။ ၿမိဳ႕ခံလူေတြအားလုံးနီးပါးက အိမ္ထဲမွာပဲ ေနေနၾကၿပီး လမ္းေပၚမွာ လမ္းသြားလမ္းလာ မရွိသေလာက္ပါပဲ။

ဝမ္ဟြိုင္က ကားေမာင္းရင္း စကားေျပာေနတယ္။
"ငါတို႔သြားမယ့္အိမ္က ဆန္းမိသားစုက ပိုင္ဆိုင္တယ္။ သူတို႔မိသားစုေတြက ဝိဥာဥ္​ဆိုင္ရာေနရာကေန ဆင္းသက္လာတာ။ သရဲဖမ္းတဲ့မိစားစုျဖစ္ၿပီးေတာ့ ရယ္မိသားစုထပ္ေတာင္မွ ပိုေရွးက်ၿပီး ေက်ာ္ၾကားတဲ့ မိသားစုပဲ။ ဒါေပမယ့္ မေန႕ညကတည္းက ဆန္းမိသားစုနဲ႕အဆက္အသြယ္ ျပတ္သြားခဲ့တယ္"

"ဆန္းမိသားစုရဲ႕ေရွးေဟာင္းအိမ္မွာ ငိုေႂကြးသံအဆက္မျပတ္ ထြက္လာတယ္။ ပထမေတာ့ လမ္းသြးလမ္းလာေတြပဲ ၾကားခဲ့ရတယ္။ ေနာက္ေတာ့ သူတို႔ငိုသံက ျပန့္ႏွံ႕လာၿပီး တစ္ၿမိဳ႕လုံးေတာင္ ၾကားေနရတယ္"

"ငါ သတင္းၾကားေတာ့ ဒီကို ခ်က္ခ်င္္းပဲ ေျပးလာခဲ့တယ္။ ငါ ဆန္းမိသားစုရဲ႕အိမ္ကို တံခါးသြားေခါက္ေတာ့ တစ္စုံတစ္ေယာက္က တုန့္ျပန္ေပမယ့္ သူတို႔ရဲ႕ တုန့္ျပန္မႈက ထူးဆန္းေနတယ္"

ေရွာင္လီက ဒါကိုၾကားေတာ့ ေမးလိုက္တယ္။
"ဘယ္လို ထူးဆန္းတာလဲ?"

"သူတို႔က ငါ့ကို ေပးမဝင္ခ်င္ၾကဘူး" ဝမ္ဟြိုင္က ျပန္ေျဖတယ္။ ငါ ဒီကို ပထမဆုံးေရာက္လာတုန္းက သူတို႔က 'ဘာမွမျဖစ္ပါဘူး'ဆိုတဲ့စကားကို သုံးၿပီး တံခါးပိတ္သြားခဲ့တယ္။ ေနာက္ေတာ့ ငိုသံက အေတာ္ေလးရွည္ၾကာေနတာေၾကာင့္ ငါနဲ႕အတူ လူအမ်ားႀကီးကို ေခၚသြားခဲ့တယ္။ သူတို႔က ငါ့ကို ယာယီသာေနခြင့္ေပးၿပီး ငိုသံျဖစ္ေပၚေနတဲ့ အေၾကာင္းျပခ်က္ကို ေျပာဖို႔ သူတို႔ ျငင္းဆန္ၾကတယ္"

ေရွာင္လီက မ်က္လုံးကို မွိတ္လိုက္တယ္။
"ငါ ငိုသံမၾကားရဘူး"

"ငိုသံက လြန္ခဲ့တဲ့ ၅နာရီေလာက္ထဲက ရပ္သြားတယ္" ဝမ္ဟြိုင္က ရွင္းျပလိုက္တယ္။

~~~~~~~~~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

29.9M 654K 33
For months Summer is trapped in a cellar with the man who took her - and three other girls: Rose, Poppy, and Violet. His perfect, pure flowers. His f...
16.8K 1.8K 12
Name : I'm not My husband's Ideal Type Author : 三坛海烩藕粉 ( Sān tán hǎi huì ǒufěn ) Status in COO : 20 chapters + 3 extras Mm translator : MeowMeow's no...
297K 14.6K 77
𝐓𝐀𝐄𝐊𝐎𝐎𝐊. Kim Taehyung, a boy who was pushed in a valley of harsh problems and decisions. He's a handsome, ethereal male who's rich and classy...
136K 29K 96
Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်...