(Unicode)
"ကိုကို"
"ဗျာ"
"Hyunက ဒီနေ့ စာတွေ များကြီးလိုက်ရေးမှာ"
လက်ဟန်အမူအရာဖြင့်ပါ ပြောပြလာသူလေးကြောင့် Chanyeol ကြည်ကြည်နူးနူးပြုံးမိသည်။
"ဟုတ်ပါပြီဗျာ၊ ကိုကို့ရဲ့အလိမ္မာတုံးလေး"
"ဟီးး Hyunက လိမ္မာတာ"
ပြောပြီး ခေါင်းလေးတလှုပ်လှုပ်ဖြင့် မနက်စာပြန်စားနေသည်။တဖြည်းဖြည်းနဲ့ လူကြီးလေးလုပ်ချင်လာတဲ့ Hyunလေးက မနက်စာထမင်းကို သူ့ဘာသာစားမယ်ဆိုလို့ လွှတ်ပေးထားရသည်။ပါးစပ်တွေမှာလည်းခဏခဏပေပွနေတာမို့ Chanyeol မကြာခဏသုတ်ပေးနေရပါသည်။သူလေးဗိုက်ဝသွားရင်တော့ မျက်နှာလေးကို wet tissue ဖြင့်သန့်ရှင်းရေးလုပ်ပေးရပါဦးမည်။
"မနက်စာ စားမသွားတော့ဘူးလားရှင့် သူဌေး"
ဒေါ်ကြီးရဲ့အသံကြောင့် Chanyeol လှည့်ကြည့်လိုက်တော့ ထမင်းစားခန်းအဝမှာရပ်နေတဲ့ အဖေ့ကိုတွေ့လိုက်ရသည်။
"အဖေ အလုပ်သွားတော့မလို့လား၊ ကျွန်တော်တို့နဲ့မှ အတူသွားပါလားဗျ"
"အပြင်မှာပဲစားလိုက်တော့မယ် အဒေါ်ကြီး၊ ဘယ်သူမှမရှိတုန်း အိမ်ကိုသေချာကြည့်ထားဦး"
"ဟုတ်ကဲ့ပါရှင့်"
အဖေက သူ့ကိုတစ်ချက်မှကြည့်မလာဘဲ ဒေါ်ကြီးကိုပဲပြောစရာရှိတာပြောပြီး အိမ်အပြင်ထွက်သွားတာမို့ Chanyeol သက်ပြင်းအသာချလိုက်မိသည်။
"နောက်တော့လည်း ပြန်အဆင်ပြေသွားပါလိမ့်မယ် Chanyeolလေးရယ်၊ မိဘနဲ့သားသမီးဆိုတာ ပြတ်တယ်ရယ်လို့မှမရှိတာ"
"ဟုတ်ကဲ့ ကျွန်တော်လည်းပြန်အဆင်ပြေဖို့ကြိုးစားနေပါတယ် ဒေါ်ကြီး"
သူ့စကားကို ဒေါ်ကြီးကနှစ်သိမ့်ပြုံးဖြင့်တုန့်ပြန်တာမို့ သူလည်းပြန်ပြုံးပြပြီးမှ Hyunလေးဆီကိုအကြည့်ပို့လိုက်သည်။
"ဖြည်းဖြည်းစားလေ ကလေးရယ်"
"အွန်.."
ထမင်းတွေကိုပါးစပ်ပေါက်ကျဉ်းကျဉ်းလေးထဲအဆက်မပြတ်ထိုးသွင်းပြီး ပါးလေးနှစ်ဖက်ဖောင်းတော့မှတမြုံ့မြုံ့ဝါးစားနေတဲ့ Hyunလေးရဲ့အပြုအမူလေးက စိတ်ထိုင်းမှိုင်းနေတဲ့အချိန်မှာတောင် Chanyeol ကိုပြုံးသွားစေပါသည်။
:
အလုပ်ကိုရောက်တော့ Baekhyun ကစာသင်ရန်စာသင်ခန်းထဲသွားရပြီး Chanyeol ကတော့ သူ့ကလေးကိုအတန်းထဲသေချာလိုက်ပို့ပေးပြီးတော့မှ အစည်းအဝေးအခန်းကိုသွားသည်။
အစည်းအဝေးအခန်းထဲမှာတော့ ဥက္ကဌမှလွဲ၍ ရှယ်ယာရှင်အတော်စုံနေလေပြီ။
Chanyeol အခန်းထဲဝင်လာတော့ ရှယ်ယာရှင်တွေက မတ်တပ်ရပ်၍ကြိုဆိုကြသည်။ဘဲဥပုံစံစားပွဲခုံအရှည်ကြီး၏ ထိပ်ဆုံးမှာနေရာယူကာ ရှယ်ယာရှင်တွေကို Chanyeol ဦးတစ်ချက်ညွှတ်ပြီးထိုင်လိုက်တော့မှ အကုန်လုံးကလည်းပြိုင်တူဦးညွှတ်လာကြပြီး ကိုယ့်နေရာကိုယ်ထိုင်ကြပါသည်။ထိုသို့ အချင်းချင်းဦးညွှတ်ခြင်းဟာ ရာထူးအရှိန်အဝါအလိုက်ဖြစ်ပြီး အသက်အရွယ်နှင့်မည်သို့မျှမသက်ဆိုင်ပါ။
"ရှယ်ယာရှင်တွေစုံပြီဆို ကျွန်တော်တို့အစည်းအဝေးစလိုက်ကြတာပေါ့"
Chanyeol ရဲ့စကားကို အကုန်လုံးက ခေါင်းတညိမ့်ညိမ့်ဖြင့်ထောက်ခံလိုက်ကြသည်။
:
"ဒါဆို အဲ့ဒီ အ ဆိုတဲ့စာလုံးလေးကို တစ်မျက်နှာအပြည့်ရေးထားနော်၊ လွယ်တယ်မလား ကျောင်းသား Baekhyun"
"ဟုတ်ကဲ့"
"ဟုတ်ပြီ၊ ဆရာမကိုခဏခွင့်ပြုကြဦး"
ဆရာမက ဖုန်းကိုင်ပြီးအခန်းအပြင်ကိုထွက်သွားတော့ Baekhyun လည်းစာစရေးဖို့ပြင်လိုက်သည်။သူ့ကိုကိုက စာနဲ့ပတ်သတ်ပြီးအလျော့မပေးတာကိုသိပြီးနောက်ပိုင်း အရင်လို စာမရေးရဖို့အရေးလူလည်မကျရဲတော့ပါ။
"ဘာမုန့်လဲ"
"ရေညှိ"
စာလုံးကိုခပ်တိုးတိုးဆိုပြီးရေးနေတဲ့ Baekhyun ရဲ့နားထဲကို မုန့်ဆိုတဲ့အသံကဝင်လာသည်။ထို့နောက် ကြွပ်ကြွပ်အိတ်ဖောက်သံလေးကိုလည်း သူကြားလိုက်သည်။Baekhyun ညာဘက်ကိုလှည့်ကြည့်လိုက်တော့ အတန်းဖော်ကျောင်းသားနှစ်ယောက်ကမုန့်ဖောက်စားဖို့ပြင်နေတာကို တွေ့လိုက်ရသည်။
Baekhyun လည်းလွယ်အိတ်ထဲမှာ သူ့ကိုကိုစီစဉ်ပေးလိုက်တဲ့မုန့်ထုပ်တွေပါပေမယ့် ရေညှိမုန့်တော့မပါပါ။
"ဟဲ့ ငါ့ကိုလည်းကျွေးကြဦး"
Baekhyun ရဲ့ဘယ်ဘက်ခြမ်းမှာထိုင်တဲ့ အတန်းဖော်ကျောင်းသူကလည်း မုန့်လှမ်းတောင်းလိုက်သည်။
"အေး စားလေ"
"လှမ်းပေးလိုက်"
"ပြီးရင်ပြန်ပေးဦး"
"အေးပါ"
မုန့်ထုပ်က Baekhyun ရဲ့အရှေ့မှာ ခေါက်တုန့်ခေါက်ပြန်သွားလာနေတဲ့အခါ ရေညှိမုန့်အနံ့လေးကသင်းခနဲပင်။Baekhyun တံတွေးအသာမြိုချလိုက်ပြီး
"ငါ့ကိုလည်းကျွေး"
Baekhyun ရဲ့မုန့်တောင်းတဲ့အသံက တိုးပေမယ့် ပြတ်သားသည်။မျက်လုံးအကြည့်တွေကလည်းမုန့်ထုပ်ကနေမခွါဘဲ မကျွေးမချင်းတောင်းနေမယ့်သဘောမှာရှိ၏။
"အင်း စားလေ ရော့"
မုန့်ပိုင်ရှင်ကျောင်းသားကကျွေးတော့ Baekhyun ကကျေနပ်ပြုံးလေးဖြင့် ရေညှိတစ်ဖက်ကိုယူစားလိုက်သည်။အရသာကလျှာမှာစွဲသွားတော့ ခေါင်းလေးတောင်တလှုပ်လှုပ်ဖြစ်သွားသည်။
"ကောင်းလား"
"ကောင်းတယ်၊ ငါ့မှာရော မုန့်ရှိတယ်၊ စားမလား"
"ဘာမုန့်တွေလဲ ပြပါဦး"
"ကြည့်ရအောင် ဘာမုန့်တွေလဲ"
အတန်းဖော်သုံးယောက်က Baekhyun ရဲ့အနားမှာဝိုင်းထိုင်လာကြသည်။လွယ်အိတ်ဇစ်ကလေးဖွင့်ပြီး အထဲကနေမုန့်တွေထုတ်ကာ စာရေးခုံပေါ်ချလိုက်တော့ မုန့်သေးသေးလေးတွေကမျိုးစုံပင်။များသောအားဖြင့် ချောကလက်နှင့်အချိုမုန့်တွေဖြစ်သည်။
"ငါတို့ကိုကျွေးမှာလား"
"အင်း"
"အများကြီးပဲနော် ဘယ်သူထည့်ပေးလိုက်တာလဲ"
"ငါ့ကိုကို၊ ကိုကိုကနော် ငါကြိုက်တာတွေ ထည့်ပေးတာ"
Baekhyun ရဲ့စကားကြောင့် ကျန်သုံးယောက်ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးလိုက်ကြသည်။သူတို့နဲ့ရွယ်တူ ခန္ဓာကိုယ်လည်းမတိမ်းမယိမ်းပေမယ့် Baekhyun ကတော့ကလေးတစ်ယောက်လိုချစ်စရာကောင်းသည်။စိတ်ထားလေးအတိုင်း လူလေးပါငယ်ရွယ်သွားတာဖြစ်လိမ့်မည်။
Baekhyun ကအတန်းဖော်သုံးယောက်လက်ထဲကို ချောကလက်တစ်ယောက်တစ်ခုဆီထည့်ပေးလိုက်သည်။
ဆရာမမလာခင် အတန်းထဲမှာမုန့်ခိုးစားရသလိုခံစားချက်က တကယ်ကိုပျော်စရာပင်။သူတို့လည်း အခုမှ Baekhyun နဲ့နီးကပ်သလိုခံစားလိုက်ကြရသည်။အရင်နေ့တွေမှာ Baekhyun ကသူ့အကြံနဲ့သူမို့ သူတို့ကိုရှိတယ်လို့တောင်ထင်ပုံမရပါ။
"မုန့်ကြိုက်လား"
"ကြိုက်တာပေါ့ Baekhyunရ"
"ငါရောပဲ Baekhyun"
ထိုအခါ Baekhyun ကသူတို့ကိုမုန့်တစ်ယောက်တစ်ခုစီထပ်ပေးသည်။ထို့နောက် ပြုံးပြုံးလေးဖြင့်ပြောလာတဲ့စကားတစ်ခွန်းမှာ သုံးယောက်သားကျောက်ရုပ်တွေဖြစ်သွားကြတော့သည်။
"စားပြီးရင်လေ စာကူရေးကြပါလား၊ ငါ မုန့်ထပ်ကျွေးမယ်"
:
"ဒါဆို မဲခွဲပြီးဆုံးဖြတ်စရာမလိုတော့ဘူးပေါ့"
"ဘယ်လိုမလဲ ဥက္ကဌရယ် ဒီလိုအခွင့်အရေးမျိုးကို ကျွန်တော်တို့ဘက်ကလည်း လုံးဝ လက်လွတ်မခံနိုင်ပါဘူး"
"အခွင့်အရေးက ကိုယ့်ဘက်ရှိတုန်းမြန်မြန်ယူထားရမှာဗျ"
"ဟုတ်တယ် ဥက္ကဌ၊ မြန်မြန်အကြောင်းပြန်လိုက်တော့"
ရှယ်ယာရှင်တွေရဲ့အတွေးက သူနဲ့ထပ်တူကျတာမို့ Chanyeol ကျေကျေနပ်နပ်ကြီးပြုံးလိုက်သည်။
"ကောင်းပါပြီ၊ ကျွန်တော် ဒီနေ့ပဲအကြောင်းပြန်လိုက်ပါ့မယ်"
ကြီးမားတဲ့အခွင့်အရေးကိုရလို့ ပျော်ရွှင်နေကြတဲ့ ရှယ်ယာရှင်တွေနည်းတူ Chanyeol လည်းတကယ်ပျော်သည်။
အဖေ့ကိုလှမ်းကြည့်လိုက်တော့ အဖေက ဘေးနားရှိရှယ်ယာရှင်တစ်ယောက်ပြောတာကို ပြုံးလျှက်နားထောင်နေသည်။အဖေလည်း စိတ်ချမ်းသာနေတဲ့ပုံမို့ Chanyeol ပိုပျော်ရသည်။သူသာသေချာကြိုးစားမယ်ဆိုလျှင် ဒီအခွင့်အရေးကနေ အဖေ့ဆီကမေတ္တာတွေကိုပြန်ရနိုင်သည်လေ။ကတိပေးထားခဲ့တဲ့အတိုင်း အဖေ့အတွက် အဖေလိုချင်တဲ့အမြင့်ဆုံးကိုရောက်အောင် သေချာလေးကြိုးစားပေးရမည်။သူ တာဝန်ကျေတဲ့သားတစ်ယောက် ဖြစ်ချင်ပါသည်။
အစည်းအဝေးပြီးသွားတော့ ရှယ်ယာရှင်တွေအကုန်လုံး ပြုံးပြုံးရွှင်ရွှင်ဖြင့် ထပြန်သွားကြသည်။အဖေ့နေရာကိုကြည့်လိုက်တော့ အဖေလည်းမရှိတော့။နှုတ်မဆက်ဘဲပြန်သွားလေပြီ။
"Chanyeol"
ခေါ်သံကြောင့် ဖိုင်တွေသိမ်းနေရာမှလှည့်ကြည့်လိုက်တော့ Dojin။
"Congratulationsနော် အမြတ်များများရအောင်ကြိုးစားပေးပါဦး"
Dojin ရဲ့စကားကြောင့် Chanyeol ပြုံးလိုက်ပြီး
"ကောင်းပါပြီ Dojin"
"ဒါနဲ့ စကားမဆက် ကိုယ်စောင့်နေတယ်နော်"
ထိုအခိုက် Chanyeol ပြုံးရင်း ခေါင်းခါမိလိုက်သည်။
"အဟမ်း!"
ထိုအချိန် ချောင်းဟန့်သံကအနောက်မှထွက်လာတာမို့ သူတို့နှစ်ယောက်လှည့်ကြည့်လိုက်ကြတော့ မျက်နှာထားတည်တည်ဖြင့် Minjun ကိုတွေ့လိုက်ရသည်။
"အခုအချိန်ကစပြီး J group ရဲ့ရှယ်ယာရှင်အနေနဲ့အလုပ်ကိစ္စတွေကိုတာဝန်ယူသွားမယ့် Lee Minjun ပါ၊ ရှေ့လျှောက် အကူအညီတောင်းပါတယ် ဥက္ကဌ"
ကမ်းပေးလာတဲ့ Minjun ရဲ့လက်ကို Chanyeol ပြန်ဆွဲလိုက်ပြီး
"အစည်းအဝေးစကတည်းကမင်းကိုတွေ့တယ်၊ ဘာလဲ ဆော့ဖော်ဆော့ဖက်မရှိတော့လို့ အလုပ်လုပ်တော့မလို့လား"
"ခင်များကလည်း! ကျွန်တော့်အရွယ်နဲ့အလုပ်လုပ်တာဖြစ်သင့်တာပဲကို"
"မင်းအရွယ်ကငယ်သေးတော့ အလုပ်လုပ်ရမယ့်အရွယ်မဟုတ်သေးဘူးဆို၊ သေချာပေါက်အဲ့လိုပြောခဲ့တာပါ"
"အဲ့..အဲ့ဒါက အရင်ကလေ၊ အခုကအခု မတူဘူး!"
လက်ချင်းဆွဲကိုင်ထားလျှက် စကားပြောနေသူနှစ်ယောက်ကြောင့် Dojin ချောင်းဟန့်ရင်းစကားဝင်ဖြတ်ဖို့ပြင်လိုက်တော့သည်။
"အဟမ်း! နေ့လည်စာအတူသွားစားကြမလား Chanyeol"
Chanyeol ကလက်ကိုင်ထားတာကိုလွှတ်လိုက်တော့မှ Minjun တစ်ယောက်သူ့လက်သူပြန်ကိုင်ကြည့်ကာမသိမသာပြုံးနေသည်။
"အင်း သွားစားကြတာပေါ့၊ ဒါနဲ့ အချင်းချင်းမိတ်ဆက်လိုက်ကြဦးလေ"
Chanyeol ပြောမှ Dojin နှင့် Minjun ကအချင်းချင်းခပ်တည်တည်ကြည့်ပြီး နာမည်တွေမိတ်ဆက်လိုက်ကြသည်။
"Minjun လည်းနေ့လည်စာအတူလိုက်စားပါလား၊ ရင်းနှီးမှုတိုးတာပေါ့"
Chanyeol ကို Minjun ခပ်မြန်မြန်ပဲခေါင်းညိမ့်ပြလိုက်သည်။
"ကုမ္ပဏီအနားကဆိုင်မှာပဲစားဖို့ request လုပ်ချင်ပါတယ်၊ ဒါဆို နှစ်ယောက်အရင်သွားနှင့်လိုက်ကြနော်၊ ကျွန်တော် Hyunလေးကို ခေါ်ပြီးတာနဲ့လိုက်လာခဲ့ပါ့မယ်"
ပြောပြောဆိုဆိုဖြင့် Chanyeol ကအခန်းထဲကအရင်ထွက်သွားတော့မှ Dojin နှင့် Minjun လည်းတစ်ယောက်ကိုတစ်ယောက်အဓိပ္ပာယ်ပါပါကြည့်လိုက်ကြပြီးနောက် အခန်းထဲမှထွက်ဖို့ပြင်လိုက်ကြပါသည်။
.................................................................................
စားသောက်ဆိုင်အတွင်းပိုင်းက လူသိပ်မများဘဲ နေရာကျယ်ဝန်းတာမို့ သက်တောင့်သက်သာဖြစ်စေသည်။
"Hyunလေး ဘာစားမလဲ"
"အွန်းး ပဲခေါက်ဆွဲ"
"ခေါက်ဆွဲက ရင်ပြည့်မယ်လေ ကလေးရဲ့၊ ပြီးတော့ နေ့လည်စာကို ထမင်းပဲစားတာကောင်းတယ်"
"ဟွန် ကိုကိုကလည်း...."
မျက်နှာငယ်လေးဖြင့် နှုတ်ခမ်းလေးစူကာမော့ကြည့်လာတာမို့
"အဟွန်း! ကိုကို့ကိုဂျီကျတတ်နေပြီနော် ကလေးလေး၊ ဒါဆို ပဲခေါက်ဆွဲစားပြီးရင် အစာကြေဆေးသောက်ရမှာနော်"
"ဟုတ်ကဲ့!"
ထော်နေတဲ့နှုတ်ခမ်းပါးကို လက်ညှိုးဖြင့်အသာပြန်သွင်းပေးရင်း Chanyeol ပြောလိုက်တော့ လူလည်လေးကတက်တက်ကြွကြွပြန်ဖြေသည်။
"ပဲခေါက်ဆွဲနဲ့ ဝက်ခေါက်ကြော်နဲ့ကလိုက်တယ်၊ စားမယ်မလား"
"ဟုတ်ကဲ့၊ ကိုကိုရော"
Chanyeol ဘာစားမလဲကိုလည်း မမေ့မလျော့ပြန်မေးတတ်သေးသည်။
"ကိုကိုကတော့ Hyunလေးနဲ့ထမင်းပဲ"
"အွန်!"
ပြူးကြောင်ကြောင်လေးဖြင့် သူ့ကိုမော့ကြည့်လာတာမို့ Chanyeol ဟက်ဟက်ပက်ပက်ရယ်လိုက်ရင်း
"Hyunလေး ရဲ့အပြုံးကို ဟင်းလုပ်စားမယ်လေကွာ၊ ဘာလို့လဲ၊ ကိုကို့ကိုမကျွေးချင်ဘူးလား"
"Hyunရဲ့အပြုံးက စားလို့ရလို့လား၊ အဲ့ဒါ ဘာလဲ"
"ဘာလဲဆိုတော့ Hyunလေးရဲ့အပြုံးတွေက ကိုကို့ကိုအရသာရှိစေလို့"
"ဟင်"
မျက်လုံးတစ်ဖက်မှိတ်ပြရင်း Chanyeol ပြောလိုက်တော့ Hyunလေးက သူ့ပါးလေးသူကိုင်ပြီး တွေးတောသွားသည်။
Chanyeol သဘောတကျပြုံးရင်း ပတ်ဝန်းကျင်ကိုအကြည့်ရောက်သွားတဲ့အခါ အစားအသောက်စာရင်းမှတ်မည့်ဝိတ်တာလေးက သူ့ကိုပါးစပ်အဟောင်းသားဖြင့်ကြည့်နေသလို မျက်နှာချင်းဆိုင်မှာမီနူးစာအုပ်တစ်အုပ်စီကိုင်ထားကြသည့် Dojin နှင့် Minjun တို့ကလည်း သူ့ကိုမျက်လုံးအဝိုင်းသားတွေဖြင့်ကြောင်အစွာ ကြည့်နေကြတာကိုတွေ့လိုက်ရပါသည်။
.......ကိုကိုတော့ Hyunလေးကို တစ်တစ်တူးနေရရင် ပတ်ဝန်းကျင်လည်းမေ့ အကုန်မေ့.......
:
မှာထားတဲ့အစားအသောက်တွေကိုစောင့်နေတုန်း Minjun ကစကားဝိုင်းစလာသည်။
"Baekhyun ကကျောင်းတက်နေပြီဆိုတော့ ငါနဲ့အရင်လိုမဆော့ရတော့ဘူးပေါ့"
"ကိုကို Hyunက ဆော့ရတော့ဘူးလား"
"ကျောင်းပိတ်ရက်ကျရင်ဆော့လေ ကလေးရဲ့"
"ကျောင်းက ဘယ်ရက်ပိတ်မှာလဲ"
"လာမယ့် စနေ တနင်္ဂနွေ"
"Hyunဆော့ရမှာလား"
"ဆော့ရမှာပေါ့"
"ကျောင်းပိတ်ရင် ငါ့အိမ်လာခဲ့"
အတတ်ကလေးက ပိတ်ရက်မှာဆော့ဖို့အရေး Minjun ကိုအခုကတည်းကကြိုချိန်းလိုက်လေပြီ။
"ခဏခွင့်ပြုကြပါဦး"
ထိုအချိန် Dojin ကအကုန်လုံးကိုခွင့်တောင်းပြီး toilet ဘက်ကိုထွက်သွားသည်။
"ကိုကို"
"ဗျာ"
"Hyunကလေ ကျောင်းသားတွေကို မုန့်ကျွေးတာ"
"ဟုတ်လား၊ လိမ္မာတာပေါ့ ကိုကို့ Hyunလေးက"
"ဟီးး"
"Baekhyun မင်းက အခုမှ ခင်တာမကြာသေးတဲ့လူတွေကျ မုန့်ကျွေးတယ်ပေါ့၊ ငါ့ကျ မုန့်ထုပ်လေးမတော်တဆထိမိတာတောင် အော်ထုတ်တာ"
Minjun ရဲ့စကားကြောင့် Chanyeol ကရယ်လိုက်မိပေမယ့် Baekhyun ကတော့တွေးတွေးဆဆလေးဖြစ်သွားသည်။
"Baekhyun ကငါ့ထက် အခုမှတွေ့တဲ့လူတွေကို ပိုခင်တာပဲ"
Minjun ကမျက်နှာမသာမယာဖြင့်ထပ်ပြောတော့ Baekhyun ကချက်ချင်းပဲ သူ့အနားကရေခွက်လေးကို Minjun ဘက်တိုးပေးလိုက်သည်။ထို့နောက် တိုးတိုးလေးပြောသည်က
"ရေသောက်မလား"
လောလောဆယ်သူ့မှာမုန့်မရှိတော့ Minjun ကိုရေပဲတိုက်လိုက်သည်။ထိုအပြုအမူလေးကြောင့် Chanyeol ကသူ့ကလေးငယ်ရဲ့ပါးနုနုကိုဖျစ်ညှစ်လိုက်သလို Minjun လည်းပြုံးသွားသည်။
Minjun ကထိုရေကိုတစ်ငုံသောက်လိုက်ပြီးမှ Chanyeol ကိုသေချာကြည့်လိုက်ကာ
"ကျွန်တော် ခင်များကိုသတိပေးစရာတစ်ခုရှိတယ်"
ထိုစကားကြောင့် Chanyeol မျက်ခုံးပင့်လိုက်မိရင်း
"ဘာများလဲ Minjun"
"Dojin ဆိုတဲ့လူကို ခင်များအနားမှာသိပ်မထားပါနဲ့၊ အဲ့ဒီလူက ခင်များနဲ့ဘယ်လောက်ထိခင်လဲတော့မသိပေမယ့် ခင်များသတိနဲ့ပေါင်း၊ ခင်မင်သင့်တဲ့လူစားမျိုးမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်၊ သူ့စိတ်ထဲ ခင်များနဲ့ပတ်သတ်ပြီးဘာရှိနေမလဲမပြောတတ်ဘူးလေ၊ ကျွန်တော် ခင်များကို စေတနာနဲ့သတိပေး..."
ဖြောင်း!
"အာ့! ဘာကောင်တုန်း!"
Chanyeol ကိုအားတက်သရောပြောပြနေတုန်း အနောက်ကနေဇက်ပိုးအုပ်ခံလိုက်ရတာမို့ Minjun ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်တော့
"ကိုယ်ကခင်မင်သင့်တဲ့လူစားမဟုတ်ဘူးဆိုတော့၊ မင်းကျတော့ရော"
ရှေ့ပြောနောက်ကြည့်ဆိုတာ သိပ်မှန်တဲ့စကားမှန်း Minjun လက်ခံသွားရသည်။Dojin ကလူကောင်သေးသလောက် လက်သံအတော်ပြောင်ပါသည်။
"ခင်များ! လူကို အဲ့လောက်ရိုက်စရာလား"
"မင်းအရင်ကိုယ့်အတင်းပြောတာလေ!"
"အတင်းမဟုတ်ဘူး အမှန်ပြောတာလေ! မဟုတ်လို့လား!"
Dojin ကသူ့နေရာသူဝင်ထိုင်လိုက်ပြီးနောက်မှာတော့ နှစ်ယောက်သား မျက်နှာချင်းဆိုင်အခြေအတင်ဖြစ်ကြတော့သည်။
"ဘာအမှန်လဲ! မင်းက ကိုယ့်အကြောင်းဘယ်လောက်သိလို့လဲ!"
"ခင်များမှာ ယုတ်ညံ့တဲ့အတွေးရှိတာကိုတော့သိတယ်!"
"အဟက်! ဟုတ်ပါတယ် မင်းကပဲ သူတော်ကောင်း!"
"ခင်များထက်စာရင်တော့ ကျွန်တော်ကရိုးရှင်းပါတယ်"
"အကြံအစည်နဲ့သူများအနားကပ်တဲ့လူကလား"
"ခင်များဘာစကားပြောတာလဲ!"
"အမှန်ပြောတာလေ"
"ခင်များ.....!"
"မင်း.....!"
ဒီတစ်ခါ ငြိမ်ငြိမ်သက်သက်ဖြင့် ပွဲထိုင်ကြည့်ရတဲ့လူတွေကတော့ Chanyeol နှင့် Baekhyun ဖြစ်သည်။တော်သေးတာပေါ့ အချင်းချင်းကြားရုံတိုးတိုးတိတ်တိတ်နဲ့ရန်ဖြစ်ကြလို့။မဟုတ်ရင်တော့ Chanyeol ကသူ့ကလေးကိုလက်ဆွဲပြီးချက်ချင်းထထွက်သွားမှာပင်။သူတို့နှစ်ယောက်ဖြစ်နေတဲ့ ပြဿနာကဘာမှန်းမသိတော့ Chanyeol လည်းဝင်းမရှင်းတတ်။
"ကိုကို"
"ဗျာ"
"Hyunဗိုက်ဆာနေပြီ"
"ဟော ဟိုမှာ လာပါပြီဗျာ၊ အချိန်ကိုက်ပဲ"
ပွဲကြည့်ရင်း Baekhyun ကဗိုက်ဆာနေပြီမို့ဝိတ်တာလေးလာချပေးတဲ့ အစားအသောက်တွေကို Chanyeol တို့နှစ်ယောက်ပဲအရင်စစားရန်ပြင်လိုက်ကြသည်။
စကားများနေကြတဲ့နှစ်ယောက်ကို Chanyeol ခေါ်ပါသေးသည်။သို့သော် သူတို့ပြန်ပြောလာသည်က
""စားနှင့်ကြ!""
.................................................................................
(ဆက်ရန်)
(၂.၇.၂၀၂၃)
Teaser images တွေကမိုက်လိုက်တာဗျာ😭😭😭😭
(Zawgyi)
"ကိုကို"
"ဗ်ာ"
"Hyunက ဒီေန႔ စာေတြ မ်ားႀကီးလိုက္ေရးမွာ"
လက္ဟန္အမူအရာျဖင့္ပါ ေျပာျပလာသူေလးေၾကာင့္ Chanyeol ၾကည္ၾကည္ႏူးႏူးျပဳံးမိသည္။
"ဟုတ္ပါၿပီဗ်ာ၊ ကိုကို႔ရဲ့အလိမၼာတုံးေလး"
"ဟီးး Hyunက လိမၼာတာ"
ေျပာၿပီး ေခါင္းေလးတလွုပ္လွုပ္ျဖင့္ မနက္စာျပန္စားေနသည္။တျဖည္းျဖည္းနဲ႔ လူႀကီးေလးလုပ္ခ်င္လာတဲ့ Hyunေလးက မနက္စာထမင္းကို သူ႔ဘာသာစားမယ္ဆိုလို႔ လႊတ္ေပးထားရသည္။ပါးစပ္ေတြမွာလည္းခဏခဏေပပြေနတာမို႔ Chanyeol မၾကာခဏသုတ္ေပးေနရပါသည္။သူေလးဗိုက္ဝသြားရင္ေတာ့ မ်က္ႏွာေလးကို wet tissue ျဖင့္သန့္ရွင္းေရးလုပ္ေပးရပါဦးမည္။
"မနက္စာ စားမသြားေတာ့ဘူးလားရွင့္ သူေဌး"
ေဒၚႀကီးရဲ့အသံေၾကာင့္ Chanyeol လွည့္ၾကည့္လိုက္ေတာ့ ထမင္းစားခန္းအဝမွာရပ္ေနတဲ့ အေဖ့ကိုေတြ႕လိုက္ရသည္။
"အေဖ အလုပ္သြားေတာ့မလို႔လား၊ ကၽြန္ေတာ္တို႔နဲ႔မွ အတူသြားပါလားဗ်"
"အျပင္မွာပဲစားလိုက္ေတာ့မယ္ အေဒၚႀကီး၊ ဘယ္သူမွမရွိတုန္း အိမ္ကိုေသခ်ာၾကည့္ထားဦး"
"ဟုတ္ကဲ့ပါရွင့္"
အေဖက သူ႔ကိုတစ္ခ်က္မွၾကည့္မလာဘဲ ေဒၚႀကီးကိုပဲေျပာစရာရွိတာေျပာၿပီး အိမ္အျပင္ထြက္သြားတာမို႔ Chanyeol သက္ျပင္းအသာခ်လိုက္မိသည္။
"ေနာက္ေတာ့လည္း ျပန္အဆင္ေျပသြားပါလိမ့္မယ္ Chanyeolေလးရယ္၊ မိဘနဲ႔သားသမီးဆိုတာ ျပတ္တယ္ရယ္လို႔မွမရွိတာ"
"ဟုတ္ကဲ့ ကၽြန္ေတာ္လည္းျပန္အဆင္ေျပဖို႔ႀကိဳးစားေနပါတယ္ ေဒၚႀကီး"
သူ႔စကားကို ေဒၚႀကီးကႏွစ္သိမ့္ျပဳံးျဖင့္တုန့္ျပန္တာမို႔ သူလည္းျပန္ျပဳံးျပၿပီးမွ Hyunေလးဆီကိုအၾကည့္ပို႔လိုက္သည္။
"ျဖည္းျဖည္းစားေလ ကေလးရယ္"
"အြန္.."
ထမင္းေတြကိုပါးစပ္ေပါက္က်ဥ္းက်ဥ္းေလးထဲအဆက္မျပတ္ထိုးသြင္းၿပီး ပါးေလးႏွစ္ဖက္ေဖာင္းေတာ့မွတျမဳံ႕ျမဳံ႕ဝါးစားေနတဲ့ Hyunေလးရဲ့အျပဳအမူေလးက စိတ္ထိုင္းမွိုင္းေနတဲ့အခ်ိန္မွာေတာင္ Chanyeol ကိုျပဳံးသြားေစပါသည္။
:
အလုပ္ကိုေရာက္ေတာ့ Baekhyun ကစာသင္ရန္စာသင္ခန္းထဲသြားရၿပီး Chanyeol ကေတာ့ သူ႔ကေလးကိုအတန္းထဲေသခ်ာလိုက္ပို႔ေပးၿပီးေတာ့မွ အစည္းအေဝးအခန္းကိုသြားသည္။
အစည္းအေဝးအခန္းထဲမွာေတာ့ ဥကၠဌမွလြဲ၍ ရွယ္ယာရွင္အေတာ္စုံေနေလၿပီ။
Chanyeol အခန္းထဲဝင္လာေတာ့ ရွယ္ယာရွင္ေတြက မတ္တပ္ရပ္၍ႀကိဳဆိုၾကသည္။ဘဲဥပုံစံစားပြဲခုံအရွည္ႀကီး၏ ထိပ္ဆုံးမွာေနရာယူကာ ရွယ္ယာရွင္ေတြကို Chanyeol ဦးတစ္ခ်က္ညႊတ္ၿပီးထိုင္လိုက္ေတာ့မွ အကုန္လုံးကလည္းၿပိဳင္တူဦးညႊတ္လာၾကၿပီး ကိုယ့္ေနရာကိုယ္ထိုင္ၾကပါသည္။ထိုသို႔ အခ်င္းခ်င္းဦးညႊတ္ျခင္းဟာ ရာထူးအရွိန္အဝါအလိုက္ျဖစ္ၿပီး အသက္အရြယ္ႏွင့္မည္သို႔မၽွမသက္ဆိုင္ပါ။
"ရွယ္ယာရွင္ေတြစုံၿပီဆို ကၽြန္ေတာ္တို႔အစည္းအေဝးစလိုက္ၾကတာေပါ့"
Chanyeol ရဲ့စကားကို အကုန္လုံးက ေခါင္းတညိမ့္ညိမ့္ျဖင့္ေထာက္ခံလိုက္ၾကသည္။
:
"ဒါဆို အဲ့ဒီ အ ဆိုတဲ့စာလုံးေလးကို တစ္မ်က္ႏွာအျပည့္ေရးထားေနာ္၊ လြယ္တယ္မလား ေက်ာင္းသား Baekhyun"
"ဟုတ္ကဲ့"
"ဟုတ္ၿပီ၊ ဆရာမကိုခဏခြင့္ျပဳၾကဦး"
ဆရာမက ဖုန္းကိုင္ၿပီးအခန္းအျပင္ကိုထြက္သြားေတာ့ Baekhyun လည္းစာစေရးဖို႔ျပင္လိုက္သည္။သူ႔ကိုကိုက စာနဲ႔ပတ္သတ္ၿပီးအေလ်ာ့မေပးတာကိုသိၿပီးေနာက္ပိုင္း အရင္လို စာမေရးရဖို႔အေရးလူလည္မက်ရဲေတာ့ပါ။
"ဘာမုန့္လဲ"
"ေရညႇိ"
စာလုံးကိုခပ္တိုးတိုးဆိုၿပီးေရးေနတဲ့ Baekhyun ရဲ့နားထဲကို မုန့္ဆိုတဲ့အသံကဝင္လာသည္။ထို႔ေနာက္ ႂကြပ္ႂကြပ္အိတ္ေဖာက္သံေလးကိုလည္း သူၾကားလိုက္သည္။Baekhyun ညာဘက္ကိုလွည့္ၾကည့္လိုက္ေတာ့ အတန္းေဖာ္ေက်ာင္းသားႏွစ္ေယာက္ကမုန့္ေဖာက္စားဖို႔ျပင္ေနတာကို ေတြ႕လိုက္ရသည္။
Baekhyun လည္းလြယ္အိတ္ထဲမွာ သူ႔ကိုကိုစီစဥ္ေပးလိုက္တဲ့မုန့္ထုပ္ေတြပါေပမယ့္ ေရညႇိမုန့္ေတာ့မပါပါ။
"ဟဲ့ ငါ့ကိုလည္းေကၽြးၾကဦး"
Baekhyun ရဲ့ဘယ္ဘက္ျခမ္းမွာထိုင္တဲ့ အတန္းေဖာ္ေက်ာင္းသူကလည္း မုန့္လွမ္းေတာင္းလိုက္သည္။
"ေအး စားေလ"
"လွမ္းေပးလိုက္"
"ၿပီးရင္ျပန္ေပးဦး"
"ေအးပါ"
မုန့္ထုပ္က Baekhyun ရဲ့အေရွ႕မွာ ေခါက္တုန့္ေခါက္ျပန္သြားလာေနတဲ့အခါ ေရညႇိမုန့္အနံ႔ေလးကသင္းခနဲပင္။Baekhyun တံေတြးအသာၿမိဳခ်လိုက္ၿပီး
"ငါ့ကိုလည္းေကၽြး"
Baekhyun ရဲ့မုန့္ေတာင္းတဲ့အသံက တိုးေပမယ့္ ျပတ္သားသည္။မ်က္လုံးအၾကည့္ေတြကလည္းမုန့္ထုပ္ကေနမခြါဘဲ မေကၽြးမခ်င္းေတာင္းေနမယ့္သေဘာမွာရွိ၏။
"အင္း စားေလ ေရာ့"
မုန့္ပိုင္ရွင္ေက်ာင္းသားကေကၽြးေတာ့ Baekhyun ကေက်နပ္ျပဳံးေလးျဖင့္ ေရညႇိတစ္ဖက္ကိုယူစားလိုက္သည္။အရသာကလၽွာမွာစြဲသြားေတာ့ ေခါင္းေလးေတာင္တလွုပ္လွုပ္ျဖစ္သြားသည္။
"ေကာင္းလား"
"ေကာင္းတယ္၊ ငါ့မွာေရာ မုန့္ရွိတယ္၊ စားမလား"
"ဘာမုန့္ေတြလဲ ျပပါဦး"
"ၾကည့္ရေအာင္ ဘာမုန့္ေတြလဲ"
အတန္းေဖာ္သုံးေယာက္က Baekhyun ရဲ့အနားမွာဝိုင္းထိုင္လာၾကသည္။လြယ္အိတ္ဇစ္ကေလးဖြင့္ၿပီး အထဲကေနမုန့္ေတြထုတ္ကာ စာေရးခုံေပၚခ်လိုက္ေတာ့ မုန့္ေသးေသးေလးေတြကမ်ိဳးစုံပင္။မ်ားေသာအားျဖင့္ ေခ်ာကလက္ႏွင့္အခ်ိဳမုန့္ေတြျဖစ္သည္။
"ငါတို႔ကိုေကၽြးမွာလား"
"အင္း"
"အမ်ားႀကီးပဲေနာ္ ဘယ္သူထည့္ေပးလိုက္တာလဲ"
"ငါ့ကိုကို၊ ကိုကိုကေနာ္ ငါႀကိဳက္တာေတြ ထည့္ေပးတာ"
Baekhyun ရဲ့စကားေၾကာင့္ က်န္သုံးေယာက္ကတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာျပဳံးလိုက္ၾကသည္။သူတို႔နဲ႔ရြယ္တူ ခႏၶာကိုယ္လည္းမတိမ္းမယိမ္းေပမယ့္ Baekhyun ကေတာ့ကေလးတစ္ေယာက္လိုခ်စ္စရာေကာင္းသည္။စိတ္ထားေလးအတိုင္း လူေလးပါငယ္ရြယ္သြားတာျဖစ္လိမ့္မည္။
Baekhyun ကအတန္းေဖာ္သုံးေယာက္လက္ထဲကို ေခ်ာကလက္တစ္ေယာက္တစ္ခုဆီထည့္ေပးလိုက္သည္။
ဆရာမမလာခင္ အတန္းထဲမွာမုန့္ခိုးစားရသလိုခံစားခ်က္က တကယ္ကိုေပ်ာ္စရာပင္။သူတို႔လည္း အခုမွ Baekhyun နဲ႔နီးကပ္သလိုခံစားလိုက္ၾကရသည္။အရင္ေန႔ေတြမွာ Baekhyun ကသူ႔အႀကံနဲ႔သူမို႔ သူတို႔ကိုရွိတယ္လို႔ေတာင္ထင္ပုံမရပါ။
"မုန့္ႀကိဳက္လား"
"ႀကိဳက္တာေပါ့ Baekhyunရ"
"ငါေရာပဲ Baekhyun"
ထိုအခါ Baekhyun ကသူတို႔ကိုမုန့္တစ္ေယာက္တစ္ခုစီထပ္ေပးသည္။ထို႔ေနာက္ ျပဳံးျပဳံးေလးျဖင့္ေျပာလာတဲ့စကားတစ္ခြန္းမွာ သုံးေယာက္သားေက်ာက္႐ုပ္ေတြျဖစ္သြားၾကေတာ့သည္။
"စားၿပီးရင္ေလ စာကူေရးၾကပါလား၊ ငါ မုန့္ထပ္ေကၽြးမယ္"
:
"ဒါဆို မဲခြဲၿပီးဆုံးျဖတ္စရာမလိုေတာ့ဘူးေပါ့"
"ဘယ္လိုမလဲ ဥကၠဌရယ္ ဒီလိုအခြင့္အေရးမ်ိဳးကို ကၽြန္ေတာ္တို႔ဘက္ကလည္း လုံးဝ လက္လြတ္မခံနိုင္ပါဘူး"
"အခြင့္အေရးက ကိုယ့္ဘက္ရွိတုန္းျမန္ျမန္ယူထားရမွာဗ်"
"ဟုတ္တယ္ ဥကၠဌ၊ ျမန္ျမန္အေၾကာင္းျပန္လိုက္ေတာ့"
ရွယ္ယာရွင္ေတြရဲ့အေတြးက သူနဲ႔ထပ္တူက်တာမို႔ Chanyeol ေက်ေက်နပ္နပ္ႀကီးျပဳံးလိုက္သည္။
"ေကာင္းပါၿပီ၊ ကၽြန္ေတာ္ ဒီေန႔ပဲအေၾကာင္းျပန္လိုက္ပါ့မယ္"
ႀကီးမားတဲ့အခြင့္အေရးကိုရလို႔ ေပ်ာ္ရႊင္ေနၾကတဲ့ ရွယ္ယာရွင္ေတြနည္းတူ Chanyeol လည္းတကယ္ေပ်ာ္သည္။
အေဖ့ကိုလွမ္းၾကည့္လိုက္ေတာ့ အေဖက ေဘးနားရွိရွယ္ယာရွင္တစ္ေယာက္ေျပာတာကို ျပဳံးလၽွက္နားေထာင္ေနသည္။အေဖလည္း စိတ္ခ်မ္းသာေနတဲ့ပုံမို႔ Chanyeol ပိုေပ်ာ္ရသည္။သူသာေသခ်ာႀကိဳးစားမယ္ဆိုလၽွင္ ဒီအခြင့္အေရးကေန အေဖ့ဆီကေမတၱာေတြကိုျပန္ရနိုင္သည္ေလ။ကတိေပးထားခဲ့တဲ့အတိုင္း အေဖ့အတြက္ အေဖလိုခ်င္တဲ့အျမင့္ဆုံးကိုေရာက္ေအာင္ ေသခ်ာေလးႀကိဳးစားေပးရမည္။သူ တာဝန္ေက်တဲ့သားတစ္ေယာက္ ျဖစ္ခ်င္ပါသည္။
အစည္းအေဝးၿပီးသြားေတာ့ ရွယ္ယာရွင္ေတြအကုန္လုံး ျပဳံးျပဳံးရႊင္ရႊင္ျဖင့္ ထျပန္သြားၾကသည္။အေဖ့ေနရာကိုၾကည့္လိုက္ေတာ့ အေဖလည္းမရွိေတာ့။ႏွုတ္မဆက္ဘဲျပန္သြားေလၿပီ။
"Chanyeol"
ေခၚသံေၾကာင့္ ဖိုင္ေတြသိမ္းေနရာမွလွည့္ၾကည့္လိုက္ေတာ့ Dojin။
"Congratulationsေနာ္ အျမတ္မ်ားမ်ားရေအာင္ႀကိဳးစားေပးပါဦး"
Dojin ရဲ့စကားေၾကာင့္ Chanyeol ျပဳံးလိုက္ၿပီး
"ေကာင္းပါၿပီ Dojin"
"ဒါနဲ႔ စကားမဆက္ ကိုယ္ေစာင့္ေနတယ္ေနာ္"
ထိုအခိုက္ Chanyeol ျပဳံးရင္း ေခါင္းခါမိလိုက္သည္။
"အဟမ္း!"
ထိုအခ်ိန္ ေခ်ာင္းဟန့္သံကအေနာက္မွထြက္လာတာမို႔ သူတို႔ႏွစ္ေယာက္လွည့္ၾကည့္လိုက္ၾကေတာ့ မ်က္ႏွာထားတည္တည္ျဖင့္ Minjun ကိုေတြ႕လိုက္ရသည္။
"အခုအခ်ိန္ကစၿပီး J group ရဲ့ရွယ္ယာရွင္အေနနဲ႔အလုပ္ကိစၥေတြကိုတာဝန္ယူသြားမယ့္ Lee Minjun ပါ၊ ေရွ႕ေလၽွာက္ အကူအညီေတာင္းပါတယ္ ဥကၠဌ"
ကမ္းေပးလာတဲ့ Minjun ရဲ့လက္ကို Chanyeol ျပန္ဆြဲလိုက္ၿပီး
"အစည္းအေဝးစကတည္းကမင္းကိုေတြ႕တယ္၊ ဘာလဲ ေဆာ့ေဖာ္ေဆာ့ဖက္မရွိေတာ့လို႔ အလုပ္လုပ္ေတာ့မလို႔လား"
"ခင္မ်ားကလည္း! ကၽြန္ေတာ့္အရြယ္နဲ႔အလုပ္လုပ္တာျဖစ္သင့္တာပဲကို"
"မင္းအရြယ္ကငယ္ေသးေတာ့ အလုပ္လုပ္ရမယ့္အရြယ္မဟုတ္ေသးဘူးဆို၊ ေသခ်ာေပါက္အဲ့လိုေျပာခဲ့တာပါ"
"အဲ့..အဲ့ဒါက အရင္ကေလ၊ အခုကအခု မတူဘူး!"
လက္ခ်င္းဆြဲကိုင္ထားလၽွက္ စကားေျပာေနသူႏွစ္ေယာက္ေၾကာင့္ Dojin ေခ်ာင္းဟန့္ရင္းစကားဝင္ျဖတ္ဖို႔ျပင္လိုက္ေတာ့သည္။
"အဟမ္း! ေန႔လည္စာအတူသြားစားၾကမလား Chanyeol"
Chanyeol ကလက္ကိုင္ထားတာကိုလႊတ္လိုက္ေတာ့မွ Minjun တစ္ေယာက္သူ႔လက္သူျပန္ကိုင္ၾကည့္ကာမသိမသာျပဳံးေနသည္။
"အင္း သြားစားၾကတာေပါ့၊ ဒါနဲ႔ အခ်င္းခ်င္းမိတ္ဆက္လိုက္ၾကဦးေလ"
Chanyeol ေျပာမွ Dojin ႏွင့္ Minjun ကအခ်င္းခ်င္းခပ္တည္တည္ၾကည့္ၿပီး နာမည္ေတြမိတ္ဆက္လိုက္ၾကသည္။
"Minjun လည္းေန႔လည္စာအတူလိုက္စားပါလား၊ ရင္းႏွီးမွုတိုးတာေပါ့"
Chanyeol ကို Minjun ခပ္ျမန္ျမန္ပဲေခါင္းညိမ့္ျပလိုက္သည္။
"ကုမၸဏီအနားကဆိုင္မွာပဲစားဖို႔ request လုပ္ခ်င္ပါတယ္၊ ဒါဆို ႏွစ္ေယာက္အရင္သြားႏွင့္လိုက္ၾကေနာ္၊ ကၽြန္ေတာ္ Hyunေလးကို ေခၚၿပီးတာနဲ႔လိုက္လာခဲ့ပါ့မယ္"
ေျပာေျပာဆိုဆိုျဖင့္ Chanyeol ကအခန္းထဲကအရင္ထြက္သြားေတာ့မွ Dojin ႏွင့္ Minjun လည္းတစ္ေယာက္ကိုတစ္ေယာက္အဓိပၸာယ္ပါပါၾကည့္လိုက္ၾကၿပီးေနာက္ အခန္းထဲမွထြက္ဖို႔ျပင္လိုက္ၾကပါသည္။
.................................................................................
စားေသာက္ဆိုင္အတြင္းပိုင္းက လူသိပ္မမ်ားဘဲ ေနရာက်ယ္ဝန္းတာမို႔ သက္ေတာင့္သက္သာျဖစ္ေစသည္။
"Hyunေလး ဘာစားမလဲ"
"အြန္းး ပဲေခါက္ဆြဲ"
"ေခါက္ဆြဲက ရင္ျပည့္မယ္ေလ ကေလးရဲ့၊ ၿပီးေတာ့ ေန႔လည္စာကို ထမင္းပဲစားတာေကာင္းတယ္"
"ဟြန္ ကိုကိုကလည္း...."
မ်က္ႏွာငယ္ေလးျဖင့္ ႏွုတ္ခမ္းေလးစူကာေမာ့ၾကည့္လာတာမို႔
"အဟြန္း! ကိုကို႔ကိုဂ်ီက်တတ္ေနၿပီေနာ္ ကေလးေလး၊ ဒါဆို ပဲေခါက္ဆြဲစားၿပီးရင္ အစာေၾကေဆးေသာက္ရမွာေနာ္"
"ဟုတ္ကဲ့!"
ေထာ္ေနတဲ့ႏွုတ္ခမ္းပါးကို လက္ညႇိုးျဖင့္အသာျပန္သြင္းေပးရင္း Chanyeol ေျပာလိုက္ေတာ့ လူလည္ေလးကတက္တက္ႂကြႂကြျပန္ေျဖသည္။
"ပဲေခါက္ဆြဲနဲ႔ ဝက္ေခါက္ေၾကာ္နဲ႔ကလိုက္တယ္၊ စားမယ္မလား"
"ဟုတ္ကဲ့၊ ကိုကိုေရာ"
Chanyeol ဘာစားမလဲကိုလည္း မေမ့မေလ်ာ့ျပန္ေမးတတ္ေသးသည္။
"ကိုကိုကေတာ့ Hyunေလးနဲ႔ထမင္းပဲ"
"အြန္!"
ျပဴးေၾကာင္ေၾကာင္ေလးျဖင့္ သူ႔ကိုေမာ့ၾကည့္လာတာမို႔ Chanyeol ဟက္ဟက္ပက္ပက္ရယ္လိုက္ရင္း
"Hyunေလး ရဲ့အျပဳံးကို ဟင္းလုပ္စားမယ္ေလကြာ၊ ဘာလို႔လဲ၊ ကိုကို႔ကိုမေကၽြးခ်င္ဘူးလား"
"Hyunရဲ့အျပဳံးက စားလို႔ရလို႔လား၊ အဲ့ဒါ ဘာလဲ"
"ဘာလဲဆိုေတာ့ Hyunေလးရဲ့အျပဳံးေတြက ကိုကို႔ကိုအရသာရွိေစလို႔"
"ဟင္"
မ်က္လုံးတစ္ဖက္မွိတ္ျပရင္း Chanyeol ေျပာလိုက္ေတာ့ Hyunေလးက သူ႔ပါးေလးသူကိုင္ၿပီး ေတြးေတာသြားသည္။
Chanyeol သေဘာတက်ျပဳံးရင္း ပတ္ဝန္းက်င္ကိုအၾကည့္ေရာက္သြားတဲ့အခါ အစားအေသာက္စာရင္းမွတ္မည့္ဝိတ္တာေလးက သူ႔ကိုပါးစပ္အေဟာင္းသားျဖင့္ၾကည့္ေနသလို မ်က္ႏွာခ်င္းဆိုင္မွာမီႏူးစာအုပ္တစ္အုပ္စီကိုင္ထားၾကသည့္ Dojin ႏွင့္ Minjun တို႔ကလည္း သူ႔ကိုမ်က္လုံးအဝိုင္းသားေတြျဖင့္ေၾကာင္အစြာ ၾကည့္ေနၾကတာကိုေတြ႕လိုက္ရပါသည္။
.......ကိုကိုေတာ့ Hyunေလးကို တစ္တစ္တူးေနရရင္ ပတ္ဝန္းက်င္လည္းေမ့ အကုန္ေမ့.......
:
မွာထားတဲ့အစားအေသာက္ေတြကိုေစာင့္ေနတုန္း Minjun ကစကားဝိုင္းစလာသည္။
"Baekhyun ကေက်ာင္းတက္ေနၿပီဆိုေတာ့ ငါနဲ႔အရင္လိုမေဆာ့ရေတာ့ဘူးေပါ့"
"ကိုကို Hyunက ေဆာ့ရေတာ့ဘူးလား"
"ေက်ာင္းပိတ္ရက္က်ရင္ေဆာ့ေလ ကေလးရဲ့"
"ေက်ာင္းက ဘယ္ရက္ပိတ္မွာလဲ"
"လာမယ့္ စေန တနဂၤေႏြ"
"Hyunေဆာ့ရမွာလား"
"ေဆာ့ရမွာေပါ့"
"ေက်ာင္းပိတ္ရင္ ငါ့အိမ္လာခဲ့"
အတတ္ကေလးက ပိတ္ရက္မွာေဆာ့ဖို႔အေရး Minjun ကိုအခုကတည္းကႀကိဳခ်ိန္းလိုက္ေလၿပီ။
"ခဏခြင့္ျပဳၾကပါဦး"
ထိုအခ်ိန္ Dojin ကအကုန္လုံးကိုခြင့္ေတာင္းၿပီး toilet ဘက္ကိုထြက္သြားသည္။
"ကိုကို"
"ဗ်ာ"
"Hyunကေလ ေက်ာင္းသားေတြကို မုန့္ေကၽြးတာ"
"ဟုတ္လား၊ လိမၼာတာေပါ့ ကိုကို႔ Hyunေလးက"
"ဟီးး"
"Baekhyun မင္းက အခုမွ ခင္တာမၾကာေသးတဲ့လူေတြက် မုန့္ေကၽြးတယ္ေပါ့၊ ငါ့က် မုန့္ထုပ္ေလးမေတာ္တဆထိမိတာေတာင္ ေအာ္ထုတ္တာ"
Minjun ရဲ့စကားေၾကာင့္ Chanyeol ကရယ္လိုက္မိေပမယ့္ Baekhyun ကေတာ့ေတြးေတြးဆဆေလးျဖစ္သြားသည္။
"Baekhyun ကငါ့ထက္ အခုမွေတြ႕တဲ့လူေတြကို ပိုခင္တာပဲ"
Minjun ကမ်က္ႏွာမသာမယာျဖင့္ထပ္ေျပာေတာ့ Baekhyun ကခ်က္ခ်င္းပဲ သူ႔အနားကေရခြက္ေလးကို Minjun ဘက္တိုးေပးလိုက္သည္။ထို႔ေနာက္ တိုးတိုးေလးေျပာသည္က
"ေရေသာက္မလား"
ေလာေလာဆယ္သူ႔မွာမုန့္မရွိေတာ့ Minjun ကိုေရပဲတိုက္လိုက္သည္။ထိုအျပဳအမူေလးေၾကာင့္ Chanyeol ကသူ႔ကေလးငယ္ရဲ့ပါးႏုႏုကိုဖ်စ္ညႇစ္လိုက္သလို Minjun လည္းျပဳံးသြားသည္။
Minjun ကထိုေရကိုတစ္ငုံေသာက္လိုက္ၿပီးမွ Chanyeol ကိုေသခ်ာၾကည့္လိုက္ကာ
"ကၽြန္ေတာ္ ခင္မ်ားကိုသတိေပးစရာတစ္ခုရွိတယ္"
ထိုစကားေၾကာင့္ Chanyeol မ်က္ခုံးပင့္လိုက္မိရင္း
"ဘာမ်ားလဲ Minjun"
"Dojin ဆိုတဲ့လူကို ခင္မ်ားအနားမွာသိပ္မထားပါနဲ႔၊ အဲ့ဒီလူက ခင္မ်ားနဲ႔ဘယ္ေလာက္ထိခင္လဲေတာ့မသိေပမယ့္ ခင္မ်ားသတိနဲ႔ေပါင္း၊ ခင္မင္သင့္တဲ့လူစားမ်ိဳးမဟုတ္ဘူးလို႔ ကၽြန္ေတာ္ထင္တယ္၊ သူ႔စိတ္ထဲ ခင္မ်ားနဲ႔ပတ္သတ္ၿပီးဘာရွိေနမလဲမေျပာတတ္ဘူးေလ၊ ကၽြန္ေတာ္ ခင္မ်ားကို ေစတနာနဲ႔သတိေပး..."
ေျဖာင္း!
"အာ့! ဘာေကာင္တုန္း!"
Chanyeol ကိုအားတက္သေရာေျပာျပေနတုန္း အေနာက္ကေနဇက္ပိုးအုပ္ခံလိုက္ရတာမို႔ Minjun ေဒါသတႀကီးျဖင့္ လွည့္ၾကည့္လိုက္ေတာ့
"ကိုယ္ကခင္မင္သင့္တဲ့လူစားမဟုတ္ဘူးဆိုေတာ့၊ မင္းက်ေတာ့ေရာ"
ေရွ႕ေျပာေနာက္ၾကည့္ဆိုတာ သိပ္မွန္တဲ့စကားမွန္း Minjun လက္ခံသြားရသည္။Dojin ကလူေကာင္ေသးသေလာက္ လက္သံအေတာ္ေျပာင္ပါသည္။
"ခင္မ်ား! လူကို အဲ့ေလာက္ရိုက္စရာလား"
"မင္းအရင္ကိုယ့္အတင္းေျပာတာေလ!"
"အတင္းမဟုတ္ဘူး အမွန္ေျပာတာေလ! မဟုတ္လို႔လား!"
Dojin ကသူ႔ေနရာသူဝင္ထိုင္လိုက္ၿပီးေနာက္မွာေတာ့ ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္အေျခအတင္ျဖစ္ၾကေတာ့သည္။
"ဘာအမွန္လဲ! မင္းက ကိုယ့္အေၾကာင္းဘယ္ေလာက္သိလို႔လဲ!"
"ခင္မ်ားမွာ ယုတ္ညံ့တဲ့အေတြးရွိတာကိုေတာ့သိတယ္!"
"အဟက္! ဟုတ္ပါတယ္ မင္းကပဲ သူေတာ္ေကာင္း!"
"ခင္မ်ားထက္စာရင္ေတာ့ ကၽြန္ေတာ္ကရိုးရွင္းပါတယ္"
"အႀကံအစည္နဲ႔သူမ်ားအနားကပ္တဲ့လူကလား"
"ခင္မ်ားဘာစကားေျပာတာလဲ!"
"အမွန္ေျပာတာေလ"
"ခင္မ်ား.....!"
"မင္း.....!"
ဒီတစ္ခါ ၿငိမ္ၿငိမ္သက္သက္ျဖင့္ ပြဲထိုင္ၾကည့္ရတဲ့လူေတြကေတာ့ Chanyeol ႏွင့္ Baekhyun ျဖစ္သည္။ေတာ္ေသးတာေပါ့ အခ်င္းခ်င္းၾကား႐ုံတိုးတိုးတိတ္တိတ္နဲ႔ရန္ျဖစ္ၾကလို႔။မဟုတ္ရင္ေတာ့ Chanyeol ကသူ႔ကေလးကိုလက္ဆြဲၿပီးခ်က္ခ်င္းထထြက္သြားမွာပင္။သူတို႔ႏွစ္ေယာက္ျဖစ္ေနတဲ့ ျပႆနာကဘာမွန္းမသိေတာ့ Chanyeol လည္းဝင္းမရွင္းတတ္။
"ကိုကို"
"ဗ်ာ"
"Hyunဗိုက္ဆာေနၿပီ"
"ေဟာ ဟိုမွာ လာပါၿပီဗ်ာ၊ အခ်ိန္ကိုက္ပဲ"
ပြဲၾကည့္ရင္း Baekhyun ကဗိုက္ဆာေနၿပီမို႔ဝိတ္တာေလးလာခ်ေပးတဲ့ အစားအေသာက္ေတြကို Chanyeol တို႔ႏွစ္ေယာက္ပဲအရင္စစားရန္ျပင္လိုက္ၾကသည္။
စကားမ်ားေနၾကတဲ့ႏွစ္ေယာက္ကို Chanyeol ေခၚပါေသးသည္။သို႔ေသာ္ သူတို႔ျပန္ေျပာလာသည္က
""စားႏွင့္ၾက!""
.................................................................................
(ဆက္ရန္)
(၂.၇.၂၀၂၃)
Teaser images ေတြကမိုက္လိုက္တာဗ်ာ😭😭😭😭