(Unicode)
အနိုင်ယူချင်စိတ်က ချစ်ခြင်းတွေကြားနေရာယူသွားခဲ့ရင်တော့ ချစ်ခြင်းမေတ္တာတွေဟာ မြူမှုန်လေးပမာ လွှင့်သွားစမြဲပင်။
တစ်ဖက်က အချစ်ဆုံးသူကတော့
အနိုင်ပေးမည် ကိုယ်ချစ်ရသူလေးရဲ့ အပြုံးလေးကိုမြင်ရဖို့အတွက်ပေါ့။
ဟိုတယ်အခန်း၏ အပြင်ဘက်
ရေကူးကန်ရဲ့ မနီးမဝေးထိုင်ခုံတွင်ထိုင်ကာ ကော်တေးသောက်နေတဲ့ ထယ်ယောင်း။နေကာမျက်နှာတက်ထားသေးသည်ပင်။ ဂျယ်ဂျူကျွန်းကို သူမလာချင်။ဂျောင်ဂုပြောလို့သာ အလိုလိုက်မိသည့်သဘော။
နေလောင်ထားတဲ့ အသားအရည်တွေကိုလည်းမကြိုက်။မျက်လုံးကျိန်းစေတဲ့ ခပ်လင်းလင်းဖြစ်နေတာတွေကိုလည်းသူမနှစ်သက်ပြန်။နေရောင်တွေကိုပေါ့။
ဂျောင်ဂုထက်အရင် အိပ်ယာကနေ အစောဆုံးထလာပြီး တစ်ယောက်တည်းလာထိုင်နေမိသည်မှာ သူ့အတွက် အကြောင်းပြချက်အသေအချာမရှိ။
သေချာတာတစ်ခုကတော့ ကျနော် မောင်နဲ့ထိပ်တိုက်စကားရှည်တွေမပြောချင်။ဟန်ဆောင်ထားတဲ့ကိစ္စ
ဝန်ခံပြီးနောက်မောင့်ကို ကျနော်စိတ်ဆိုးရမဲ့အစားဘာမှ သိပ်မခံစားခဲ့ရတာကိုပဲ တွေးမိနေသည်။ ဘာလို့များ ကျနော် ဒေါသမထွက်ခဲ့ရတာလဲ? ခနခန ကိုယ့်ကိုယ်ကိုယ်သာမေးမိနေစဲပါပဲ။
တကယ်ဆိုရင် လုံးဝပေါက်ကွဲနေရမှာလေ။
ကင်မ်ထယ်ယောင်းက အချစ်ရူးတာမှ လုံးဝရူးနေမိပုံပါပဲ။
ကျနော် စိတ်ဆိုးရမဲ့အစား မောင့်ကို ပြန်သနားမိနေခဲ့တာ။ မချစ်ပဲ သူကျနော့်ကို အတော်သည်းခံခဲ့တာကိုး။ရယ်ချင်စရာဇာတ်လမ်းပါပဲ။
အတွေးတွေထဲ နစ်မျောနေတုန်း အနောက်ကနေ ပခုံးကိုလာထိတွေ့တဲ့အထိအတွေ့လေး။
နောက်တော့ ခပ်နွေးနွေးအထိအတွေ့က ကျနော့်လည်တိုင်ပေါ်။ အနမ်းတစ်ခုပေါ့။
"ဒေလီယာလေး"
ဘေးတွင်ဝင်ထိုင်သည်။စားပွဲပေါ်က ကောတေးတစ်ခွက်ကိုသာမြင်မိတော့ မျက်မှောင်ကျုံ့သွားသည်။
မျက်မှန်ကိုချွတ်ကာစားပွဲပေါ်တင်လိုက်သည့် ထယ်ယောင်း။
သူ့ထံအကြည့်တွေကြောင့် မေးလိုက်မိသည်။
"အိပ်ရေးမဝဘူးလား"
"မနက်ခင်းကို အရက်ပါတဲ့အရာနဲ့စတင်တယ်ဆိုတော့ စိတ်မကြည်
ပုံပဲ"
"ဒီတိုင်းပါပဲ။စိတ်ကြည်သွားရင်
အာရုံစိုက်ရတာလွယ်မယ်ထင်လို့"
"အာရုံစိုက်တယ်?ဘယ်အရာကို?"
မောင့်က မျက်နှာထားတင်းတင်းနဲ့ကြည့်ရင်းမေးဆတ်ပြသည်။
"မောင့်ကိုလေ"
"အော်..ဟုတ်သား။တစ်ပတ်လောက်ရှိနေပြီ ပစ်ထားတာ။မျက်လုံးချင်းဆုံရင် ရှောင်ဖယ်သွားတယ်။မောင်အိပ်ယာမထခင်
အရင်ထသွားတတ်တယ်။နေ့လည်ကျရင်လည်း ကမ်းခြေဘက်ထွက်သွားတတ်တယ်။ညကျရင်လည်း
ကမ်းခြေက ကလပ်မှာ အရက်တွေသောက်တယ်။မောင်မပါပဲ သူစိမ်းတွေနဲ့စကားသွားပြောတယ်။အထူးသဖြင့် ယောက်ျားလေးတွေနဲ့လေ"
"ဖြည်းဖြည်းပြောရင်မကောင်းဘူးလား။ခံစားချက်တွေများနေတယ်ရော"
"ဂျွန်ထယ်ယောင်း မင်းမောင့်ကို စိတ်ကုန်နေတာလား"
ထယ်ယောင်းသည်ဂျောင်ဂုအား
ညုတုတုသာကြည့်သည်။
နောက်တော့ ကောတေးခွက်၏ နှုတ်ခမ်းဝကို လက်ညိုးနဲ့ပွတ်ဆွဲရင်း။
"အို စိတ်ကုန်စရာလား။ချစ်လွန်းလို့ကိုခက်နေတာပါမောင်ရယ်"
"ဒါဆို အပြုအမူတွေက ဘာသဘောလဲ"
"လစ်လျူရှူတဲ့ပုံစံက ယောင်းရဲ့ ပင်ကို စရိုက်ပါ။မောင်သာ သေချာမကြည့်တတ်လို့"
ဂျောင်ဂုသက်ပြင်းချလိုက်မိသည်။
သူနဲ့ယှဉ်ပြောတိုင်းအမြဲရှုံးနေတာကလည်း အမြဲလိုလိုဖြစ်နေသည်။
ထယ်ယောင်း၏ အတွင်းစိတ်ထဲက
တွင်းအောင်းနေတဲ့ ခံစားချက်တွေကိုသာ သိမြင်ချင်လာ၏။
"မေးစရာရှိတယ်"
"မေး"
ခပ်ပြတ်ပြတ်စကားနဲ့အတူ ရေကူးကန်ဘက်ငေးနေတဲ့ ဒေလီယာငယ်။
"ကုမ္ပဏီဒေဝါလီခံရတော့မဲ့အချိန် အကုန်ချိတ်ပိတ်ခံရတယ်။စံအိမ်ရောအပါအဝင်ပဲ"
"အင်း အဲ့တော့"
"အကုန်လုံး ချိတ်ပိတ်ခံနေရတဲ့ကြား မောင့်မိဘတွေနေနေတဲ့အိမ်ကတော့ မပါခဲ့ဘူး"
"ရှင်းပါတယ်။အဲ့အိမ်က ယောင်းရဲ့ ငွေနဲ့ဝယ်ထားတာမှမဟုတ်တာ"
ထယ်ယောင်းထံမှ ထိုစကားကြားလိုက်ရတော့ ဂျောင်ဂုအတော်အကြပ်ရိုက်သွားသည်။
အခွန်ဌာနက ကင်မ်မိသားစုရဲ့ဝင်ငွေနဲ့ လည်ပတ်နေသမျှအရာအားလုံးကို ချိတ်ပိတ်ခဲ့သည်မဟုတ်လား။အခု သူ့မိဘတွေကိုထယ်ယောင်းဝယ်ပေးခဲ့သည့် အိမ်က သူဝယ်တာမဟုတ်ရင်။ဘယ်သူ့ငွေနဲ့လဲ?
တအံ့တဩပုံစံနှင့် အကြည့်ခံနေရသည်ကို ခံစားမိသည်။
မေးခွန်းတွေလည်း ရှိနေမှာသေချာသည်။
"နမ်အီဝမ်ရဲ့ငွေနဲ့ဝယ်ထားတာ"
"အော်"
ဘာမှ ဆက်မပြောမိခဲ့။အကွက်တွေကြိုမြင်လို့ တမင်ဆွဲထုတ်ပေးထားတဲ့သဘောမျိုးဖြစ်နေသည်။
ကျနော်တို့ မိသားစုကို အရှုက်တွေထဲ ဝင်မပါစေချင်ခဲ့တာကို သဘောပေါက်ပေမဲ့ ဘာလို့ နမ်အီဝမ်ရဲ့ငွေနဲ့လဲ။
"အသံတိတ်သွားတယ်။ဘာလဲ နမ်ရဲ့ငွေနဲ့ဝယ်ပေးထားတာကို သဘောမကျဘူးလား"
"အင်း။မဘောမကျဘူး"
ဂျောင်ဂု ဒဲ့တိုးပြန်ဖြေတော့ ထယ်ယောင်းက သူ့ဘက်လှည့်လာရင်း။
"မောင် ငါကအန္တာရယ်များတဲ့ နေရာမှာရှင်သန်နေခဲ့ရတာ။ငါ့ရဲ့ပတ်ဝန်းကျင်ကလူတွေအကုန်လုံးကမြွေဟောက်တွေလိုပဲ အခွင့်အရေးစောင့်ပြီး ငါ့ကိုအဆိပ်တွင်းထဲရောက်အောင်လုပ်ချင်နေကြတာ"
မောင်က ငြိမ်ပြီးနားထောင်သည်။
ကျနော့်ကိုလည်း သနားသလိုကြည့်သည်။
ဆင်းရဲသားတွေစီက အသနားခံရမဲ့အခြေအနေထိကို ငါက သိပ်သနားစရာကောင်းနေပြီလား လို့ မေးချင်မိသည်။
ဂျောင်ဂုမှာထယ်ယောင်း၏ လက်လေးအား ဆုက်ကိုင်ရင်း။
"မောင်က အနားမှာရှိနေပေးမယ်"
"သေချာရဲ့လား"
"အင်း"
ထယ်ယောင်းက သူ့လက်ကိုဆုက်ကိုင်ထားတဲ့လက်ချောင်းတွေကြား ရုန်းထွက်သည်။
ပုံဖော်ပြီးပြောရလောက်အောင် မရတဲ့အပြုံးတို့အား ဖန်တီးရင်း ဂျောင်ဂုအားကြည့်သည်။
"မောင်ကိုလည်း ငါမယုံဘူး"
"ယောင်း"
"ကင်မ်ထယ်ယောင်း ယုံကြည်မဲ့သူက နမ်အီဝမ်တစ်ယောက်ပဲရှိနေခဲ့တယ်။အရင်ကရော အခုရောထိပဲ။နောင်လည်း ငါအယုံကြည်ဆုံးက
နမ်ပဲ"
ထိချက်ပြင်းပြင်းနှင့်ထိုးနှက်ချက်။
ပြောတာလည်းအမှားမပါတာမို့
ငြင်းခုံမနေချင်။
"မောင်မှားခဲ့တယ်"
"သိပ်ကိုပေါ့။ငါ့နောက်ကျောဓားနဲ့ထိုးမဲ့ထဲ မောင်လည်းပါခဲ့တယ်လေ"
"ဒါပေမဲ့ အဲ့လိုမဖြစ်ခဲ့ဘူးလေ"
"အင်း။မဖြစ်ခဲ့ဘူး။တစ်ချိန်ချိန်မှာတော့"
"ဂျွန်ထယ်ယောင်း"
ဒူးထောက်ကာ မြေပြင်ပေါ်ထိုင်လိုက်သည့် ဂျောင်ဂု။
ထယ်ယောင်းလက်နှစ်ဖက်ကို ဆွဲကိုင်ပြန်သည်။
သူ့ကို ငုံ့ကာကြည့်နေတဲ့ မျက်ဝန်းသေတွေနဲ့အကြည့်ချင်းဆုံကာ နှုတ်ခမ်းလေးပွင့်ဟရုံရှိသေး ထယ်ယောင်း တားလိုက်သည်။
"နေအုံး"
ဘာလို့လဲ ဆိုတဲ့အကြည့်တွေနဲ့ကြည့်လာပြန်တဲ့မောင်။
"မောင့်ကို ခွင့်လွှတ်ပေးပါ။မောင်မှားသွားတယ်။နောက်တစ်ခါလုံးဝမလုပ်တော့ပါဘူး။ အဲ့တာတွေပြောနေမယ်ဆို ငါက အော်ရယ်မိမယ်ထင်တယ် မောင်။ဘာလို့ဆို"
ထယ်ယောင်းသည်ဂျောင်ဂုကိုဂရုစိုက်ဟန်မပြု။လက်တွေကိုအမြန်ရုတ်ရင်း ထိုင်ရာမှထလိုက်ရင်း။
"ကင်မ်မျိုးရိုးတွေက ဒရမ်မာဇာတ်ခင်းနေတာမျိုးဆို ရယ်စရာလို့ သတ်မှတ်ထားလို့လေ"
ထိုစကားသာပြောပြီး ရဲဝံ့စွာခြေလှမ်းတွေနဲ့အတူ ဂျောင်ဂုအားကျောခိုင်းရင်းထွက်သွားသည်။
မြေပြင်ပေါ် တစ်စက်ချင်ပြိုလို့ကျလာခဲ့တဲ့ ကျူးလစ်နီလေးရဲ့မျင်ရည်မိုးများအား ဒေလီယာလေးမမြင်ခဲ့။မြင်မိရင်လည်း ရယ်နေမှာသေချာသည်။
ဂျောင်ဂုတစ်ယောက် အတွေးတွေဟာ ရပ်တန့်သွားခဲ့သည်။သူ့ကို ဘယ်လိုတွေဖြစ်စေချင်နေမှန်းမသိတဲ့ ထယ်ယောင်းကြောင့် သူအရာအာလုံးဟာ အစစ်အမှန်မဟုတ်သလိုခံစားလာရသည်။
ထိုနေရာတွင်သာ ဒူးထောက်နေလျက်အိပ်မက်တစ်ခုလိုဖြစ်နေခဲ့သည်ပင်။
>>>>>>>
ကင်မ်စံအိမ်ထဲ ဆူဆူညံညံနှင့် အိမိပေါ်နဲ့အိမ်အောက် အတက်အဆင်းလုပ်နေကြတဲ့ အီဝမ်နှင့်ယွန်းဟွာ။
"အထုတ်အပိုးတွေပြင်ထား"
"မပြင်နိုင်ပါဘူး"
"လီယွန်းဟွာ မင်းငါ့စိတ်ကိုမသိဘူးလား"
"အေး မသိဘူး။ရှုပ်နေရော"
အိမ်ပေါ်ထပ်ကိုပြေးတက်သွားတဲ့ ယွန်းဟွာနော်ပြေးလနုင်ပြန်သည့် အီဝမ်။ သူတို့နှစ်ယောက် စိန်ပြေးလိုက်တမ်းကစားနေလိုဖြစ်နေသည်။
သူမနောက် တစ်ကောက်ကောက်လိုက်ကာ နားပူနားဆာလုပ်နေသည်က အီဝမ်။
လက်ကို လှမ်းဆွဲသည်။
"ဘာလုပ်တာလဲ"
"ကင်မ်ထယ်ယောင်းစီ သွားမယ်။မင်းလည်း ငါနဲ့အတူလိုက်ခဲ့ရမယ်!"
"အသံကို နှိမ့်လိုက်စမ်း။ဒီမှာ။မင်းတို့ကိုအာဏာပြလို့မရဘူး"
အီဝမ်တစ်ယောက် လီယွန်းဟွာစီရောက်လာကာ ဂျယ်ဂျူဂျွန်းသွားဖို့အတွက်ပြင်နေသည်။
ထယ်ယောင်းနဲ့ဂျောင်ဂုက မပြောမဆို သူတို့အားအသိမပေးပဲ ဟန်နီမွန်းသွားတာကြောင့် သူမနေနိုင်တော့ချေ။
သူမကလည်းခေါင်းမာပြီး ပေတေနေတာကြောင့် အီဝမ်စိတ်မရှည်ချင်။ လေယာဉ်ကလည်း အသင့်ပြင်ထားပြီးသားမို့ အခုသာ အမြန်သွားချင်နေသည်။
"အဝတ်အစားတွေထည့်လို့ပြောနေတယ်လေ!"
"သွားချင် မင်းဘာသာမင်းသွားလေ။ဘာကိစ္စနဲ့ငါ့ကို ပါလာခေါ်နေရတာလဲ"
ယွန်းဟွာတစ်ယောက်အီဝမ်အား တွန်းလိုက်သည်။
"ပြန်တော့!"
"မင်း!"
တွန်းခံရသည့်အပြင် မောင်းထုတ်ခံနေရသည်။
"လွှတ်စမ်း!ဒါက ဘာလုပ်တာလဲ!"
ခါးကနေ စွေ့ခနဲပွေ့ချီလိုက်သည်။
ပြောစကားနားမထောင်တာကို နားဝင်အောင်လည်း သူ မပြောတတ်တာကြောင့် ယွန်းဟွာကိုသာပွေ့ချီမိတော့သည်။
"ဂျယ်ဂျူကျွန်းသွားမလို့!"
"သေတောင်မလိုက်ဘူး!"
"သေသေမသေသေ မင်းအပိုင်။မင်းသေရင်တောင်ငါကအလောင်းပိုက်ပြီး ရအောင်ခေါ်သွားမှာမို့လို့!"
"နမ်အီဝမ်!! ငါ့ကို အခုချက်ချင်းအောက်ချပေးစမ်း!"
ရုန်းကန်ရင်း အီဝမ်၏ ပခုံးပေါ်ပါသွားတဲ့ ယွန်းဟွာ။
ခြံထဲရပ်ထားတဲ့ ကားအနားရောက်တော့ အီဝမ်၏ဒါရိုင်ဘာက တံခါးဖွင့်ပေးသည်။
ယွန်းဟွာကို အရင်ကားထဲထည့်တော့ တစ်ဖက်ကားတံခါးကို ဖွင့်ကာ ထွက်ပြေးဖို့ကြိုးစားနေတဲ့သူမကြောင့် အီဝမ်သူမခါးကိုအားနဲ့တစ်ချက်ဆွဲတော့ ပါလာသည်။
"မောင်း"
အမိန့်တစ်ချက်ပေးတော့ ကားစက်နှိုးကာ မောင်းထွက်သွားသည်။
"ဖယ်စမ်း!"
"အပိုတွေမလုပ်နဲ့ မင်းငါ့လက်ထဲကနေတောင် မရုန်းနိုင်တာ"
ဖြန်း!
အီဝမ်ပါးကို ရိုက်ပစ်လိုက်သည့်
ယွန်းဟွာ။
တစ်ဖက်လှည့်သွားတဲ့မျက်နှာဟာ တစ်ဟုတ်ချင်းပင် သူမဘက်ပြန်လှည့်လာကာ လက်ရွယ်ရင်း။
ဖြန်း!
ယွန်းဟွာအားပြန်ရိုက်လိုက်သည်။
"နမ်အီဝမ်!!!"
သူမထံက အော်သံ။အီဝမ်တစ်ယောက် ဒေါသတို့နှင့် ယွန်းဟွာအားကြည့်နေသည်။
"မင်းလို အရိုင်းအစိုင်းကို စီအီအိုကင်မ်က အသုံးချနေရုံပဲ။အဲ့အဆင့်ထင်မပိုဘူး"
ယွန်းဟွာသည် အီဝမ်အားအကြောက်အလန့်ကင်းစွာကြည့်ရင်း နားနားကပ်သွားသည်။
"ကင်မ်ထယ်ယောင်းက ဂျွန်ဂျောင်ဂုကိုပဲ ချစ်တာ"
သူမက ရယ်ရင်းပြောတော့ သူ့ရဲ့ဒေါသအားတိုးလိုဆွနေသလိုဖြစ်နေသည်။ခေသူမဟုတ်တာကြောင့်
ယွန်းဟွာ ပြန်ပြောနေသည်။
"တစ်ယောက်တည်းရပ်တည်လာခဲ့သူကိုမှ မင်းက လျော့တွက်နေပြန်တာပဲ နမ်အီဝမ်။ငါဆိုတဲ့မိန်းမကလေ ဘယ်ယောက်ျားလေးကိုမှ ဂရုစိုက်ပြီး ကျိုးနွံနေတတ်သူမဟုတ်ဘူး"
"ကင်မ်ယွန်းဟွာ!"
ကင်မ်မျိုးရိုးတပ်ကာ ခေါ်လိုက်ရင်း ယွန်းဟွာအား စောင့်တွန်းလိုက်သည့်အီဝမ်။သူစိတ်တွေလွှတ်ချင်နေသည်။သူ့အသားကို နာကျင်အောင်လုပ်တဲ့သူကလည်း ထယ်ယောင်းသာဖြစ်နေရင် သူအပြုံးမပျက်ငြိမ်ခံနေဖို့အသင့်ရှိနေသည်။
ဒါပေမဲ့ သူမကိုလည်း နာကျင်အောင်လုပ်ဖို့မရည်ရွယ်ခဲ့ချေ။
လမ်းတစ်လျှောက် ငြိမ်သက်နေတဲ့ သူတို့နှစ်ဦး။ပိုဆိုးသည်က ယွန်းဟွာပင်။သူ့ကို ကင်မ်မျိုးရိုးတပ်ကာ ခေါ်လိုက်တာကြောင့် တွေးစရာတစ်ခုတိုးလာသည်။
ဘာအဓိပ္ပာယ်လဲ?
ကင်မ်..ယွန်းဟွာ?
လေဆိပ်ကိုရောက်သည်တိုင် သူမငြိမ်နေစဲ။အီဝမ်ရဲ့ ဦးဆောင်ရာနောက်ကိုသာ သူမအသံတိတ်စွာလိုက်နေခဲ့သည်။
လေယာဉ်ကိုတစ်ချက်အကဲခတ်မိလေတော့ ခရီးသည်တွေမရှိ။
မဟုတ်မှ။
"ကိုယ်ပိုင်လေယာဉ် ငါပိုင်တာ"
တစ်ခုံကျော်တွင်ထိုင်နေတဲ့ အီဝမ်ထံက အသံထွက်လာသည်။
ယွန်းဟွာဘာမှပြန်မပြောချေ။
ဒါကို သူစိတ်တိုင်းကျပုံမရပြန် သူမ၏ ဘေးခုံတွင် ဝင်ထိုင်သည်။
ပြတင်းပေါက်ဖက်မျက်နှာမူနေတဲ့ ယွန်းဟွာကို မသိမသာခိုးကြည့်လေသည်။
နီစပ်စပ်ဖြစ်နေတဲ့ ပါးပြင်ကြောင့် သူနေရခက်စေသည်။
ဘာလို့ ရိုက်မိရတာလဲ။စောက်ဒေါသက ဘယ်တော့မှကို အသုံးမကျဘူး။
တစ်ယောက်တည်း စိတ်ထဲပြောနေမိသည်။
ပါးပြင်ကို ထိတွေ့ကာ။
"ဆော်ရီး"
တောင်းပန်မိတော့လည်း တုံ့ပြန်ခြင်းမခံရပြန်။
"ငါမရည်ရွယ်ဘူး"
အသံတိတ်ကာ သူမ မျက်လုံးမှိတ်ထားသည်။ အိပ်နေတဲ့ အတိုင်းနေနေတော့လည်း အီဝမ်မကြိုက်ပြန်။
"ငါ့လည်းမင်းအရင် ရိုက်တာပါပဲ"
ဆံပင်သပ်ကာ လေပူတစ်ချက်မှုတ်ထုတ်သည့် အီဝမ်။
"ငါလည်း နာတယ်။မင်းအရင်ရိုက်တာ။မိန်းကလေးတစ်ယောက်ကို လက်မပါသင့်ပေမဲ့ ငါစိတ်လွှတ်သွားလို့။ဆော်ရီး"
ထပ်ကာ တောင်းပန်မိတော့လည်း
သူမ ကအိပ်ချင်ယောင်သာဆောင်နေ၏။ဘာစကားမှလည်း မပြောချင်။သူပင်ပန်းနေတာထက် ကင်မ်ယွန်းဟွာလို့ ခေါ်ခံရတာကို သာတွေးနေသည်။
အီဝမ်မှာတော့ ဒေါသတွေနဲ့ စိတ်ဆိုးနေပြန်သည်။နက်ခ်တိုင်ကို ဖြေလျော့ကာ သူကတော့လာချပေးထားသည့် အပြင်းစားဝိုင်ကိုသာသောက်နေသည်။
"လီယွန်းဟွာ!!!"
ခွမ်း!
ခွက်ကို အားနဲ့ စားပွဲခုံပေါ်တင်လိုက်သည်။အားပြင်းနေတာကြောင့် ဖန်ခွက်လေးက ကွဲသွား၏။
လက်ဖဝါးထံကလည်း သွေးအနည်းငယ်က စို့လာသည်။
သူမကတော့ ဂရုမစိုက်။အိပ်နေသည်။
"ဒီဟာလေးကတော့"
စိတ်တိုင်းမကျစွာငြီးငြူရင်း အီဝမ်ထသွားသည်။အနောက်ခုံတွင်သွားထိုင်တော့လက်ကို ဆေးထည့်ပေးဖို့အတွက် လေယာဉ်မယ်တစ်ဦးကသူ့အနားရောက်လာသည်။
သူ့ရဲ့အကြည့်တွေကတော့ ယွန်းဟွာ၏ မပေါ်တပေါ် ဦးခေါင်းလေးထံသို့သာ။
ကင်မ်မျိုးရိုးလို့ ခေါ်မိခဲ့တာအတွက်လည်း သူမ သေချာပေါက် မေးခွန်းထုတ်အုံးမယ် ဆိုတာသေချာသည်။
-
-
-
ဇွန်းသံခရင်းသံတွေကလွှဲ၍ စကားသံတွေမရှိတဲ့ ညစာစားဝိုင်းတစ်ခု။
ထယ်ယောင်းကတော့အေးအေးလူလူသာ ဝိုင်တစ်ခွက်သောက်ရင်းသာ အီဝမ်ကိုကြည့်နေသည်။ဂျောင်ဂုမှာတော့ ထယ်ယောင်းကိုကြည့်နေသည်။သို့ပေမဲ့ အီဝမ်ကတော့ ယွန်းဟွာကိုကြည့်နေသည်။အကြည့်တွေကြားနစ်မြုတ်နေတဲ့သူမကတော့ တစ်စက်မှမထိသေးတဲ့ ညစာပန်းကန်ထဲက အစားအသောက်ကိုသာ ကြည့်နေသည်။
ထိုကဲ့သို့ ခပ်ရှုပ်ရှုပ်အနေအထားနှင့် လူလေးယောက်၏ အတွေးတွေထဲ
စကားလုံးတွေများစွာရှိအုံးမည်ဆိုတာမပြောရင်တောင် သိသာမည်ထင်ပါသည်။
"အီဝမ်"
"အော..ပြော..ပြောလေ"
"တစ်ခုခုဖြစ်လာတာလား"
"အင်း"
အီဝမ်နဲ့ထယ်ယောင်း စကားစတော့
ယွန်းဟွာက မတ်တပ်ရပ်လိုက်ကာ။
"ပင်လယ်ဘက်ခနသွားနှင့်မယ်"
သူမခပ်မြန်မြန်ထွက်သွားသည်။
ဂျောင်ဂုမှာလည်း ထိုင်ရာမှ ရပ်မိလေတော့ ထယ်ယောင်းက အကဲခတ်လိုက်သည်။
နောက်တော့။
"လိုက်သွားချင်လိုက်သွားလေ"
"အင်း"
ငြင်းဆန်ခြင်းမရှိ။မဆိုင်မတွ သူမနောက် ဂျာကင်ကိုင်ကာပြေးလိုက်သွားသည့် ဂျောင်ဂုအား ကြည့်ရင်း ထယ်ယောင်း ခပ်ကျယ်ကျယ်အော်ရယ်လိုက်သည်။
အီဝမ်သည်လည်း ထယ်ယောင်းရဲ့အပြုအမူကြောင့် လန့်နေသည်။
တစ်ခုခုဆိုးဝါးတာတွေသူလုပ်တော့မယ်ဆို အခုလို အားရပါးရရယ်နေတတ်တာကို သူသိနေတာကြောင့်ပင်။
"နမ်"
"ပြောလေ အချစ်"
"ငါနဲ့ အတူ တစ်နေရာသွားကြရအောင်"
"အချစ်သဘော"
ထယ်ယောင်းခေါ်ဆောင်ရာနောက်လိုက်သွားသည့် အီဝမ်။
ဒီနေ့ညကတော့ ညတာရှည်တော့မည်။ ကင်မ်ထယ်ယောင်းရဲ့ ဒေါသတွေကိုလည်း မျက်မြင်ထင်ရှား တွေ့ရတော့မည်ပင်။
ကျနော်ကတော့ သူ့ရဲ့ထိန်းချုပ်နိုသ်စွမ်းကိုသာ ထိန်းညှိပေးရမည့်ပုံ။
အမြဲလုပ်နေကြလိုပေါ့။
ဒေါသတကြီးဖြစ်နေတဲ့ ကျားတစ်ကောင်ကို လိုက်ထိန်းရတဲ့သူစေရာသွားမဲ့ နမ်။
*****
အချိန်တစ်ခုအကြာ။ဂျောင်ဂုနှင့်ယွန်းဟွာ ဘားစီရောက်လာတော့ ကြမ်းပြင်ပေါ် မှောက်နေတဲ့ ယောက်ျားသားတွေကိုမြင်လိုက်သည်။အီဝမ်ကလည်းဒေလီယာလေးနဲ့ အတူရှိနေသည်။
ထယ်ယောင်းအရှေ့ဒူးထောက်လျက်ထိုင်နေတဲ့ အမျိူးသားတစ်ဦး။
သွေးတွေစီးကျနေတဲ့ ဘေ့စ်ဘောတုတ်ကိုကိုင်ထားသည်က လက်သွယ်သွယ်လေး။လက်သကြွယ်က လက်ထပ်လက်စွပ်လေးဟာလည်း သွေးစွန်းနေလေသည်။
ခွပ်!
ထိုသူအားလွှဲကာ ရိုက်ချလိုက်သည်။
"ဂျွန်ဂျောင်ဂုကို ငါပိုင်တာ!!!!"
သွေးပျက်စရာမြင်ကွင်းကြောင့် တုန်လှုပ်ကာ ဂျောင်ဂု ခြေလှမ်းတွေအနောက်သို့ ဆုပ်မိသွားသည်။
"ကင်မ်ထယ်ယောင်းအပိုင်! ဂျောင်ဂုက ငါ့အပိုင်!!!!"
သူ တုတ်ကိုပခုံးပေါ်တင်ရင်းအသံနက်ကြီးနှင့် ကျယ်လောင်စွာရယ်လိုက်သည်။
"မောင် သူတို့တွေက မလှဘူးလား။ကြည့်ပါအုံး..ကြည့်ပါအုံး!"
ကြမ်းပြင်ပေါ် မှောက်ကာသွေးအိုင်တွေကြားသတိလစ်နေတဲ့လူတွေအား ပြရင်း ရယ်နေသည့် ထယ်ယောင်း။
"မဟုတ်..မဟုတ်ဘူး။မင်းက ငါ့
ရဲ့ ယောင်းမဟုတ်ဘူး!!!!"
____________
Nora Rosalia
3.7.2023
Vote Plz
ကင်မ်ယွန်းဟွာ??👀
>>>>>>
(Zawgyi)
အနိုင္ယူခ်င္စိတ္က ခ်စ္ျခင္းေတြၾကားေနရာယူသြားခဲ့ရင္ေတာ့ ခ်စ္ျခင္းေမတၱာေတြဟာ ျမဴမႈန္ေလးပမာ လႊင့္သြားစၿမဲပင္။
တစ္ဖက္က အခ်စ္ဆုံးသူကေတာ့
အနိုင္ေပးမည္ ကိုယ္ခ်စ္ရသူေလးရဲ႕ အၿပဳံးေလးကိုျမင္ရဖို႔အတြက္ေပါ့။
ဟိုတယ္အခန္း၏ အျပင္ဘက္
ေရကူးကန္ရဲ႕ မနီးမေဝးထိုင္ခုံတြင္ထိုင္ကာ ေကာ္ေတးေသာက္ေနတဲ့ ထယ္ေယာင္း။ေနကာမ်က္ႏွာတက္ထားေသးသည္ပင္။ ဂ်ယ္ဂ်ဴကြၽန္းကို သူမလာခ်င္။ေဂ်ာင္ဂုေျပာလို႔သာ အလိုလိုက္မိသည့္သေဘာ။
ေနေလာင္ထားတဲ့ အသားအရည္ေတြကိုလည္းမႀကိဳက္။မ်က္လုံးက်ိန္းေစတဲ့ ခပ္လင္းလင္းျဖစ္ေနတာေတြကိုလည္းသူမႏွစ္သက္ျပန္။ေနေရာင္ေတြကိုေပါ့။
ေဂ်ာင္ဂုထက္အရင္ အိပ္ယာကေန အေစာဆုံးထလာၿပီး တစ္ေယာက္တည္းလာထိုင္ေနမိသည္မွာ သူ႕အတြက္ အေၾကာင္းျပခ်က္အေသအခ်ာမရွိ။
ေသခ်ာတာတစ္ခုကေတာ့ က်ေနာ္ ေမာင္နဲ႕ထိပ္တိုက္စကားရွည္ေတြမေျပာခ်င္။ဟန္ေဆာင္ထားတဲ့ကိစၥ
ဝန္ခံၿပီးေနာက္ေမာင့္ကို က်ေနာ္စိတ္ဆိုးရမဲ့အစားဘာမွ သိပ္မခံစားခဲ့ရတာကိုပဲ ေတြးမိေနသည္။ ဘာလို႔မ်ား က်ေနာ္ ေဒါသမထြက္ခဲ့ရတာလဲ? ခနခန ကိုယ့္ကိုယ္ကိုယ္သာေမးမိေနစဲပါပဲ။
တကယ္ဆိုရင္ လုံးဝေပါက္ကြဲေနရမွာေလ။
ကင္မ္ထယ္ေယာင္းက အခ်စ္႐ူးတာမွ လုံးဝ႐ူးေနမိပုံပါပဲ။
က်ေနာ္ စိတ္ဆိုးရမဲ့အစား ေမာင့္ကို ျပန္သနားမိေနခဲ့တာ။ မခ်စ္ပဲ သူက်ေနာ့္ကို အေတာ္သည္းခံခဲ့တာကိုး။ရယ္ခ်င္စရာဇာတ္လမ္းပါပဲ။
အေတြးေတြထဲ နစ္ေမ်ာေနတုန္း အေနာက္ကေန ပခုံးကိုလာထိေတြ႕တဲ့အထိအေတြ႕ေလး။
ေနာက္ေတာ့ ခပ္ႏြေးႏြေးအထိအေတြ႕က က်ေနာ့္လည္တိုင္ေပၚ။ အနမ္းတစ္ခုေပါ့။
"ေဒလီယာေလး"
ေဘးတြင္ဝင္ထိုင္သည္။စားပြဲေပၚက ေကာေတးတစ္ခြက္ကိုသာျမင္မိေတာ့ မ်က္ေမွာင္က်ဳံ႕သြားသည္။
မ်က္မွန္ကိုခြၽတ္ကာစားပြဲေပၚတင္လိုက္သည့္ ထယ္ေယာင္း။
သူ႕ထံအၾကည့္ေတြေၾကာင့္ ေမးလိုက္မိသည္။
"အိပ္ေရးမဝဘူးလား"
"မနက္ခင္းကို အရက္ပါတဲ့အရာနဲ႕စတင္တယ္ဆိုေတာ့ စိတ္မၾကည္
ပုံပဲ"
"ဒီတိုင္းပါပဲ။စိတ္ၾကည္သြားရင္
အာ႐ုံစိုက္ရတာလြယ္မယ္ထင္လို႔"
"အာ႐ုံစိုက္တယ္?ဘယ္အရာကို?"
ေမာင့္က မ်က္ႏွာထားတင္းတင္းနဲ႕ၾကည့္ရင္းေမးဆတ္ျပသည္။
"ေမာင့္ကိုေလ"
"ေအာ္..ဟုတ္သား။တစ္ပတ္ေလာက္ရွိေနၿပီ ပစ္ထားတာ။မ်က္လုံးခ်င္းဆုံရင္ ေရွာင္ဖယ္သြားတယ္။ေမာင္အိပ္ယာမထခင္
အရင္ထသြားတတ္တယ္။ေန႕လည္က်ရင္လည္း ကမ္းေျခဘက္ထြက္သြားတတ္တယ္။ညက်ရင္လည္း
ကမ္းေျခက ကလပ္မွာ အရက္ေတြေသာက္တယ္။ေမာင္မပါပဲ သူစိမ္းေတြနဲ႕စကားသြားေျပာတယ္။အထူးသျဖင့္ ေယာက္်ားေလးေတြနဲ႕ေလ"
"ျဖည္းျဖည္းေျပာရင္မေကာင္းဘူးလား။ခံစားခ်က္ေတြမ်ားေနတယ္ေရာ"
"ဂြၽန္ထယ္ေယာင္း မင္းေမာင့္ကို စိတ္ကုန္ေနတာလား"
ထယ္ေယာင္းသည္ေဂ်ာင္ဂုအား
ၫုတုတုသာၾကည့္သည္။
ေနာက္ေတာ့ ေကာေတးခြက္၏ ႏႈတ္ခမ္းဝကို လက္ညိုးနဲ႕ပြတ္ဆြဲရင္း။
"အို စိတ္ကုန္စရာလား။ခ်စ္လြန္းလို႔ကိုခက္ေနတာပါေမာင္ရယ္"
"ဒါဆို အျပဳအမူေတြက ဘာသေဘာလဲ"
"လစ္လ်ဴရႉတဲ့ပုံစံက ေယာင္းရဲ႕ ပင္ကို စရိုက္ပါ။ေမာင္သာ ေသခ်ာမၾကည့္တတ္လို႔"
ေဂ်ာင္ဂုသက္ျပင္းခ်လိဳက္မိသည္။
သူနဲ႕ယွဥ္ေျပာတိုင္းအၿမဲရႈံးေနတာကလည္း အၿမဲလိုလိုျဖစ္ေနသည္။
ထယ္ေယာင္း၏ အတြင္းစိတ္ထဲက
တြင္းေအာင္းေနတဲ့ ခံစားခ်က္ေတြကိုသာ သိျမင္ခ်င္လာ၏။
"ေမးစရာရွိတယ္"
"ေမး"
ခပ္ျပတ္ျပတ္စကားနဲ႕အတူ ေရကူးကန္ဘက္ေငးေနတဲ့ ေဒလီယာငယ္။
"ကုမၸဏီေဒဝါလီခံရေတာ့မဲ့အခ်ိန္ အကုန္ခ်ိတ္ပိတ္ခံရတယ္။စံအိမ္ေရာအပါအဝင္ပဲ"
"အင္း အဲ့ေတာ့"
"အကုန္လုံး ခ်ိတ္ပိတ္ခံေနရတဲ့ၾကား ေမာင့္မိဘေတြေနေနတဲ့အိမ္ကေတာ့ မပါခဲ့ဘူး"
"ရွင္းပါတယ္။အဲ့အိမ္က ေယာင္းရဲ႕ ေငြနဲ႕ဝယ္ထားတာမွမဟုတ္တာ"
ထယ္ေယာင္းထံမွ ထိုစကားၾကားလိုက္ရေတာ့ ေဂ်ာင္ဂုအေတာ္အၾကပ္ရိုက္သြားသည္။
အခြန္ဌာနက ကင္မ္မိသားစုရဲ႕ဝင္ေငြနဲ႕ လည္ပတ္ေနသမွ်အရာအားလုံးကို ခ်ိတ္ပိတ္ခဲ့သည္မဟုတ္လား။အခု သူ႕မိဘေတြကိုထယ္ေယာင္းဝယ္ေပးခဲ့သည့္ အိမ္က သူဝယ္တာမဟုတ္ရင္။ဘယ္သူ႕ေငြနဲ႕လဲ?
တအံ့တဩပုံစံႏွင့္ အၾကည့္ခံေနရသည္ကို ခံစားမိသည္။
ေမးခြန္းေတြလည္း ရွိေနမွာေသခ်ာသည္။
"နမ္အီဝမ္ရဲ႕ေငြနဲ႕ဝယ္ထားတာ"
"ေအာ္"
ဘာမွ ဆက္မေျပာမိခဲ့။အကြက္ေတြႀကိဳျမင္လို႔ တမင္ဆြဲထုတ္ေပးထားတဲ့သေဘာမ်ိဳးျဖစ္ေနသည္။
က်ေနာ္တို႔ မိသားစုကို အရႈက္ေတြထဲ ဝင္မပါေစခ်င္ခဲ့တာကို သေဘာေပါက္ေပမဲ့ ဘာလို႔ နမ္အီဝမ္ရဲ႕ေငြနဲ႕လဲ။
"အသံတိတ္သြားတယ္။ဘာလဲ နမ္ရဲ႕ေငြနဲ႕ဝယ္ေပးထားတာကို သေဘာမက်ဘဴးလား"
"အင္း။မေဘာမက်ဘဴး"
ေဂ်ာင္ဂု ဒဲ့တိုးျပန္ေျဖေတာ့ ထယ္ေယာင္းက သူ႕ဘက္လွည့္လာရင္း။
"ေမာင္ ငါကအႏၱာရယ္မ်ားတဲ့ ေနရာမွာရွင္သန္ေနခဲ့ရတာ။ငါ့ရဲ႕ပတ္ဝန္းက်င္ကလူေတြအကုန္လုံးကေႁမြေဟာက္ေတြလိုပဲ အခြင့္အေရးေစာင့္ၿပီး ငါ့ကိုအဆိပ္တြင္းထဲေရာက္ေအာင္လုပ္ခ်င္ေနၾကတာ"
ေမာင္က ၿငိမ္ၿပီးနားေထာင္သည္။
က်ေနာ့္ကိုလည္း သနားသလိုၾကည့္သည္။
ဆင္းရဲသားေတြစီက အသနားခံရမဲ့အေျခအေနထိကို ငါက သိပ္သနားစရာေကာင္းေနၿပီလား လို႔ ေမးခ်င္မိသည္။
ေဂ်ာင္ဂုမွာထယ္ေယာင္း၏ လက္ေလးအား ဆုက္ကိုင္ရင္း။
"ေမာင္က အနားမွာရွိေနေပးမယ္"
"ေသခ်ာရဲ႕လား"
"အင္း"
ထယ္ေယာင္းက သူ႕လက္ကိုဆုက္ကိုင္ထားတဲ့လက္ေခ်ာင္းေတြၾကား ႐ုန္းထြက္သည္။
ပုံေဖာ္ၿပီးေျပာရေလာက္ေအာင္ မရတဲ့အၿပဳံးတို႔အား ဖန္တီးရင္း ေဂ်ာင္ဂုအားၾကည့္သည္။
"ေမာင္ကိုလည္း ငါမယုံဘူး"
"ေယာင္း"
"ကင္မ္ထယ္ေယာင္း ယုံၾကည္မဲ့သူက နမ္အီဝမ္တစ္ေယာက္ပဲရွိေနခဲ့တယ္။အရင္ကေရာ အခုေရာထိပဲ။ေနာင္လည္း ငါအယုံၾကည္ဆုံးက
နမ္ပဲ"
ထိခ်က္ျပင္းျပင္းႏွင့္ထိုးႏွက္ခ်က္။
ေျပာတာလည္းအမွားမပါတာမို႔
ျငင္းခုံမေနခ်င္။
"ေမာင္မွားခဲ့တယ္"
"သိပ္ကိုေပါ့။ငါ့ေနာက္ေက်ာဓားနဲ႕ထိုးမဲ့ထဲ ေမာင္လည္းပါခဲ့တယ္ေလ"
"ဒါေပမဲ့ အဲ့လိုမျဖစ္ခဲ့ဘူးေလ"
"အင္း။မျဖစ္ခဲ့ဘူး။တစ္ခ်ိန္ခ်ိန္မွာေတာ့"
"ဂြၽန္ထယ္ေယာင္း"
ဒူးေထာက္ကာ ေျမျပင္ေပၚထိုင္လိုက္သည့္ ေဂ်ာင္ဂု။
ထယ္ေယာင္းလက္ႏွစ္ဖက္ကို ဆြဲကိုင္ျပန္သည္။
သူ႕ကို ငုံ႕ကာၾကည့္ေနတဲ့ မ်က္ဝန္းေသေတြနဲ႕အၾကည့္ခ်င္းဆုံကာ ႏႈတ္ခမ္းေလးပြင့္ဟ႐ုံရွိေသး ထယ္ေယာင္း တားလိုက္သည္။
"ေနအုံး"
ဘာလို႔လဲ ဆိုတဲ့အၾကည့္ေတြနဲ႕ၾကည့္လာျပန္တဲ့ေမာင္။
"ေမာင့္ကို ခြင့္လႊတ္ေပးပါ။ေမာင္မွားသြားတယ္။ေနာက္တစ္ခါလုံးဝမလုပ္ေတာ့ပါဘူး။ အဲ့တာေတြေျပာေနမယ္ဆို ငါက ေအာ္ရယ္မိမယ္ထင္တယ္ ေမာင္။ဘာလို႔ဆို"
ထယ္ေယာင္းသည္ေဂ်ာင္ဂုကိုဂ႐ုစိုက္ဟန္မျပဳ။လက္ေတြကိုအျမန္႐ုတ္ရင္း ထိုင္ရာမွထလိုက္ရင္း။
"ကင္မ္မ်ိဳးရိုးေတြက ဒရမ္မာဇာတ္ခင္းေနတာမ်ိဳးဆို ရယ္စရာလို႔ သတ္မွတ္ထားလို႔ေလ"
ထိုစကားသာေျပာၿပီး ရဲဝံ့စြာေျခလွမ္းေတြနဲ႕အတူ ေဂ်ာင္ဂုအားေက်ာခိုင္းရင္းထြက္သြားသည္။
ေျမျပင္ေပၚ တစ္စက္ခ်င္ၿပိဳလို႔က်လာခဲ့တဲ့ က်ဴးလစ္နီေလးရဲ႕မ်င္ရည္မိုးမ်ားအား ေဒလီယာေလးမျမင္ခဲ့။ျမင္မိရင္လည္း ရယ္ေနမွာေသခ်ာသည္။
ေဂ်ာင္ဂုတစ္ေယာက္ အေတြးေတြဟာ ရပ္တန႔္သြားခဲ့သည္။သူ႕ကို ဘယ္လိုေတြျဖစ္ေစခ်င္ေနမွန္းမသိတဲ့ ထယ္ေယာင္းေၾကာင့္ သူအရာအာလုံးဟာ အစစ္အမွန္မဟုတ္သလိုခံစားလာရသည္။
ထိုေနရာတြင္သာ ဒူးေထာက္ေနလ်က္အိပ္မက္တစ္ခုလိုျဖစ္ေနခဲ့သည္ပင္။
>>>>>>>
ကင္မ္စံအိမ္ထဲ ဆူဆူညံညံႏွင့္ အိမိေပၚနဲ႕အိမ္ေအာက္ အတက္အဆင္းလုပ္ေနၾကတဲ့ အီဝမ္ႏွင့္ယြန္းဟြာ။
"အထုတ္အပိုးေတြျပင္ထား"
"မျပင္နိုင္ပါဘူး"
"လီယြန္းဟြာ မင္းငါ့စိတ္ကိုမသိဘူးလား"
"ေအး မသိဘူး။ရႈပ္ေနေရာ"
အိမ္ေပၚထပ္ကိုေျပးတက္သြားတဲ့ ယြန္းဟြာေနာ္ေျပးလႏုင္ျပန္သည့္ အီဝမ္။ သူတို႔ႏွစ္ေယာက္ စိန္ေျပးလိုက္တမ္းကစားေနလိုျဖစ္ေနသည္။
သူမေနာက္ တစ္ေကာက္ေကာက္လိုက္ကာ နားပူနားဆာလုပ္ေနသည္က အီဝမ္။
လက္ကို လွမ္းဆြဲသည္။
"ဘာလုပ္တာလဲ"
"ကင္မ္ထယ္ေယာင္းစီ သြားမယ္။မင္းလည္း ငါနဲ႕အတူလိုက္ခဲ့ရမယ္!"
"အသံကို ႏွိမ့္လိုက္စမ္း။ဒီမွာ။မင္းတို႔ကိုအာဏာျပလို႔မရဘူး"
အီဝမ္တစ္ေယာက္ လီယြန္းဟြာစီေရာက္လာကာ ဂ်ယ္ဂ်ဴဂြၽန္းသြားဖို႔အတြက္ျပင္ေနသည္။
ထယ္ေယာင္းနဲ႕ေဂ်ာင္ဂုက မေျပာမဆို သူတို႔အားအသိမေပးပဲ ဟန္နီမြန္းသြားတာေၾကာင့္ သူမေနနိုင္ေတာ့ေခ်။
သူမကလည္းေခါင္းမာၿပီး ေပေတေနတာေၾကာင့္ အီဝမ္စိတ္မရွည္ခ်င္။ ေလယာဥ္ကလည္း အသင့္ျပင္ထားၿပီးသားမို႔ အခုသာ အျမန္သြားခ်င္ေနသည္။
"အဝတ္အစားေတြထည့္လို႔ေျပာေနတယ္ေလ!"
"သြားခ်င္ မင္းဘာသာမင္းသြားေလ။ဘာကိစၥနဲ႕ငါ့ကို ပါလာေခၚေနရတာလဲ"
ယြန္းဟြာတစ္ေယာက္အီဝမ္အား တြန္းလိုက္သည္။
"ျပန္ေတာ့!"
"မင္း!"
တြန္းခံရသည့္အျပင္ ေမာင္းထုတ္ခံေနရသည္။
"လႊတ္စမ္း!ဒါက ဘာလုပ္တာလဲ!"
ခါးကေန ေစြ႕ခနဲေပြ႕ခ်ီလိုက္သည္။
ေျပာစကားနားမေထာင္တာကို နားဝင္ေအာင္လည္း သူ မေျပာတတ္တာေၾကာင့္ ယြန္းဟြာကိုသာေပြ႕ခ်ီမိေတာ့သည္။
"ဂ်ယ္ဂ်ဴကြၽန္းသြားမလို႔!"
"ေသေတာင္မလိုက္ဘူး!"
"ေသေသမေသေသ မင္းအပိုင္။မင္းေသရင္ေတာင္ငါကအေလာင္းပိုက္ၿပီး ရေအာင္ေခၚသြားမွာမို႔လို႔!"
"နမ္အီဝမ္!! ငါ့ကို အခုခ်က္ခ်င္းေအာက္ခ်ေပးစမ္း!"
႐ုန္းကန္ရင္း အီဝမ္၏ ပခုံးေပၚပါသြားတဲ့ ယြန္းဟြာ။
ၿခံထဲရပ္ထားတဲ့ ကားအနားေရာက္ေတာ့ အီဝမ္၏ဒါရိုင္ဘာက တံခါးဖြင့္ေပးသည္။
ယြန္းဟြာကို အရင္ကားထဲထည့္ေတာ့ တစ္ဖက္ကားတံခါးကို ဖြင့္ကာ ထြက္ေျပးဖို႔ႀကိဳးစားေနတဲ့သူမေၾကာင့္ အီဝမ္သူမခါးကိုအားနဲ႕တစ္ခ်က္ဆြဲေတာ့ ပါလာသည္။
"ေမာင္း"
အမိန႔္တစ္ခ်က္ေပးေတာ့ ကားစက္ႏွိုးကာ ေမာင္းထြက္သြားသည္။
"ဖယ္စမ္း!"
"အပိုေတြမလုပ္နဲ႕ မင္းငါ့လက္ထဲကေနေတာင္ မ႐ုန္းနိုင္တာ"
ျဖန္း!
အီဝမ္ပါးကို ရိုက္ပစ္လိုက္သည့္
ယြန္းဟြာ။
တစ္ဖက္လွည့္သြားတဲ့မ်က္ႏွာဟာ တစ္ဟုတ္ခ်င္းပင္ သူမဘက္ျပန္လွည့္လာကာ လက္႐ြယ္ရင္း။
ျဖန္း!
ယြန္းဟြာအားျပန္ရိုက္လိုက္သည္။
"နမ္အီဝမ္!!!"
သူမထံက ေအာ္သံ။အီဝမ္တစ္ေယာက္ ေဒါသတို႔ႏွင့္ ယြန္းဟြာအားၾကည့္ေနသည္။
"မင္းလို အရိုင္းအစိုင္းကို စီအီအိုကင္မ္က အသုံးခ်ေန႐ုံပဲ။အဲ့အဆင့္ထင္မပိုဘူး"
ယြန္းဟြာသည္ အီဝမ္အားအေၾကာက္အလန႔္ကင္းစြာၾကည့္ရင္း နားနားကပ္သြားသည္။
"ကင္မ္ထယ္ေယာင္းက ဂြၽန္ေဂ်ာင္ဂုကိုပဲ ခ်စ္တာ"
သူမက ရယ္ရင္းေျပာေတာ့ သူ႕ရဲ႕ေဒါသအားတိုးလိုဆြေနသလိုျဖစ္ေနသည္။ေခသူမဟုတ္တာေၾကာင့္
ယြန္းဟြာ ျပန္ေျပာေနသည္။
"တစ္ေယာက္တည္းရပ္တည္လာခဲ့သူကိုမွ မင္းက ေလ်ာ့တြက္ေနျပန္တာပဲ နမ္အီဝမ္။ငါဆိုတဲ့မိန္းမကေလ ဘယ္ေယာက္်ားေလးကိုမွ ဂ႐ုစိုက္ၿပီး က်ိဳးႏြံေနတတ္သူမဟုတ္ဘူး"
"ကင္မ္ယြန္းဟြာ!"
ကင္မ္မ်ိဳးရိုးတပ္ကာ ေခၚလိုက္ရင္း ယြန္းဟြာအား ေစာင့္တြန္းလိုက္သည့္အီဝမ္။သူစိတ္ေတြလႊတ္ခ်င္ေနသည္။သူ႕အသားကို နာက်င္ေအာင္လုပ္တဲ့သူကလည္း ထယ္ေယာင္းသာျဖစ္ေနရင္ သူအၿပဳံးမပ်က္ၿငိမ္ခံေနဖို႔အသင့္ရွိေနသည္။
ဒါေပမဲ့ သူမကိုလည္း နာက်င္ေအာင္လုပ္ဖို႔မရည္႐ြယ္ခဲ့ေခ်။
လမ္းတစ္ေလွ်ာက္ ၿငိမ္သက္ေနတဲ့ သူတို႔ႏွစ္ဦး။ပိုဆိုးသည္က ယြန္းဟြာပင္။သူ႕ကို ကင္မ္မ်ိဳးရိုးတပ္ကာ ေခၚလိုက္တာေၾကာင့္ ေတြးစရာတစ္ခုတိုးလာသည္။
ဘာအဓိပၸာယ္လဲ?
ကင္မ္..ယြန္းဟြာ?
ေလဆိပ္ကိုေရာက္သည္တိုင္ သူမၿငိမ္ေနစဲ။အီဝမ္ရဲ႕ ဦးေဆာင္ရာေနာက္ကိုသာ သူမအသံတိတ္စြာလိုက္ေနခဲ့သည္။
ေလယာဥ္ကိုတစ္ခ်က္အကဲခတ္မိေလေတာ့ ခရီးသည္ေတြမရွိ။
မဟုတ္မွ။
"ကိုယ္ပိုင္ေလယာဥ္ ငါပိုင္တာ"
တစ္ခုံေက်ာ္တြင္ထိုင္ေနတဲ့ အီဝမ္ထံက အသံထြက္လာသည္။
ယြန္းဟြာဘာမွျပန္မေျပာေခ်။
ဒါကို သူစိတ္တိုင္းက်ပဳံမရျပန္ သူမ၏ ေဘးခုံတြင္ ဝင္ထိုင္သည္။
ျပတင္းေပါက္ဖက္မ်က္ႏွာမူေနတဲ့ ယြန္းဟြာကို မသိမသာခိုးၾကည့္ေလသည္။
နီစပ္စပ္ျဖစ္ေနတဲ့ ပါးျပင္ေၾကာင့္ သူေနရခက္ေစသည္။
ဘာလို႔ ရိုက္မိရတာလဲ။ေစာက္ေဒါသက ဘယ္ေတာ့မွကို အသုံးမက်ဘဴး။
တစ္ေယာက္တည္း စိတ္ထဲေျပာေနမိသည္။
ပါးျပင္ကို ထိေတြ႕ကာ။
"ေဆာ္ရီး"
ေတာင္းပန္မိေတာ့လည္း တုံ႕ျပန္ျခင္းမခံရျပန္။
"ငါမရည္႐ြယ္ဘူး"
အသံတိတ္ကာ သူမ မ်က္လုံးမွိတ္ထားသည္။ အိပ္ေနတဲ့ အတိုင္းေနေနေတာ့လည္း အီဝမ္မႀကိဳက္ျပန္။
"ငါ့လည္းမင္းအရင္ ရိုက္တာပါပဲ"
ဆံပင္သပ္ကာ ေလပူတစ္ခ်က္မႈတ္ထုတ္သည့္ အီဝမ္။
"ငါလည္း နာတယ္။မင္းအရင္ရိုက္တာ။မိန္းကေလးတစ္ေယာက္ကို လက္မပါသင့္ေပမဲ့ ငါစိတ္လႊတ္သြားလို႔။ေဆာ္ရီး"
ထပ္ကာ ေတာင္းပန္မိေတာ့လည္း
သူမ ကအိပ္ခ်င္ေယာင္သာေဆာင္ေန၏။ဘာစကားမွလည္း မေျပာခ်င္။သူပင္ပန္းေနတာထက္ ကင္မ္ယြန္းဟြာလို႔ ေခၚခံရတာကို သာေတြးေနသည္။
အီဝမ္မွာေတာ့ ေဒါသေတြနဲ႕ စိတ္ဆိုးေနျပန္သည္။နက္ခ္တိုင္ကို ေျဖေလ်ာ့ကာ သူကေတာ့လာခ်ေပးထားသည့္ အျပင္းစားဝိုင္ကိုသာေသာက္ေနသည္။
"လီယြန္းဟြာ!!!"
ခြမ္း!
ခြက္ကို အားနဲ႕ စားပြဲခုံေပၚတင္လိုက္သည္။အားျပင္းေနတာေၾကာင့္ ဖန္ခြက္ေလးက ကြဲသြား၏။
လက္ဖဝါးထံကလည္း ေသြးအနည္းငယ္က စို႔လာသည္။
သူမကေတာ့ ဂ႐ုမစိုက္။အိပ္ေနသည္။
"ဒီဟာေလးကေတာ့"
စိတ္တိုင္းမက်စြာၿငီးျငဴရင္း အီဝမ္ထသြားသည္။အေနာက္ခုံတြင္သြားထိုင္ေတာ့လက္ကို ေဆးထည့္ေပးဖို႔အတြက္ ေလယာဥ္မယ္တစ္ဦးကသူ႕အနားေရာက္လာသည္။
သူ႕ရဲ႕အၾကည့္ေတြကေတာ့ ယြန္းဟြာ၏ မေပၚတေပၚ ဦးေခါင္းေလးထံသို႔သာ။
ကင္မ္မ်ိဳးရိုးလို႔ ေခၚမိခဲ့တာအတြက္လည္း သူမ ေသခ်ာေပါက္ ေမးခြန္းထုတ္အုံးမယ္ ဆိုတာေသခ်ာသည္။
-
-
-
ဇြန္းသံခရင္းသံေတြကလႊဲ၍ စကားသံေတြမရွိတဲ့ ညစာစားဝိုင္းတစ္ခု။
ထယ္ေယာင္းကေတာ့ေအးေအးလူလူသာ ဝိုင္တစ္ခြက္ေသာက္ရင္းသာ အီဝမ္ကိုၾကည့္ေနသည္။ေဂ်ာင္ဂုမွာေတာ့ ထယ္ေယာင္းကိုၾကည့္ေနသည္။သို႔ေပမဲ့ အီဝမ္ကေတာ့ ယြန္းဟြာကိုၾကည့္ေနသည္။အၾကည့္ေတြၾကားနစ္ျမဳတ္ေနတဲ့သူမကေတာ့ တစ္စက္မွမထိေသးတဲ့ ညစာပန္းကန္ထဲက အစားအေသာက္ကိုသာ ၾကည့္ေနသည္။
ထိုကဲ့သို႔ ခပ္ရႈပ္ရႈပ္အေနအထားႏွင့္ လူေလးေယာက္၏ အေတြးေတြထဲ
စကားလုံးေတြမ်ားစြာရွိအုံးမည္ဆိုတာမေျပာရင္ေတာင္ သိသာမည္ထင္ပါသည္။
"အီဝမ္"
"ေအာ..ေျပာ..ေျပာေလ"
"တစ္ခုခုျဖစ္လာတာလား"
"အင္း"
အီဝမ္နဲ႕ထယ္ေယာင္း စကားစေတာ့
ယြန္းဟြာက မတ္တပ္ရပ္လိုက္ကာ။
"ပင္လယ္ဘက္ခနသြားႏွင့္မယ္"
သူမခပ္ျမန္ျမန္ထြက္သြားသည္။
ေဂ်ာင္ဂုမွာလည္း ထိုင္ရာမွ ရပ္မိေလေတာ့ ထယ္ေယာင္းက အကဲခတ္လိုက္သည္။
ေနာက္ေတာ့။
"လိုက္သြားခ်င္လိုက္သြားေလ"
"အင္း"
ျငင္းဆန္ျခင္းမရွိ။မဆိုင္မတြ သူမေနာက္ ဂ်ာကင္ကိုင္ကာေျပးလိုက္သြားသည့္ ေဂ်ာင္ဂုအား ၾကည့္ရင္း ထယ္ေယာင္း ခပ္က်ယ္က်ယ္ေအာ္ရယ္လိုက္သည္။
အီဝမ္သည္လည္း ထယ္ေယာင္းရဲ႕အျပဳအမူေၾကာင့္ လန႔္ေနသည္။
တစ္ခုခုဆိုးဝါးတာေတြသူလုပ္ေတာ့မယ္ဆို အခုလို အားရပါးရရယ္ေနတတ္တာကို သူသိေနတာေၾကာင့္ပင္။
"နမ္"
"ေျပာေလ အခ်စ္"
"ငါနဲ႕ အတူ တစ္ေနရာသြားၾကရေအာင္"
"အခ်စ္သေဘာ"
ထယ္ေယာင္းေခၚေဆာင္ရာေနာက္လိုက္သြားသည့္ အီဝမ္။
ဒီေန႕ညကေတာ့ ညတာရွည္ေတာ့မည္။ ကင္မ္ထယ္ေယာင္းရဲ႕ ေဒါသေတြကိုလည္း မ်က္ျမင္ထင္ရွား ေတြ႕ရေတာ့မည္ပင္။
က်ေနာ္ကေတာ့ သူ႕ရဲ႕ထိန္းခ်ဳပ္နိုသ္စြမ္းကိုသာ ထိန္းညွိေပးရမည့္ပုံ။
အၿမဲလုပ္ေနၾကလိုေပါ့။
ေဒါသတႀကီးျဖစ္ေနတဲ့ က်ားတစ္ေကာင္ကို လိုက္ထိန္းရတဲ့သူေစရာသြားမဲ့ နမ္။
*****
အခ်ိန္တစ္ခုအၾကာ။ေဂ်ာင္ဂုႏွင့္ယြန္းဟြာ ဘားစီေရာက္လာေတာ့ ၾကမ္းျပင္ေပၚ ေမွာက္ေနတဲ့ ေယာက္်ားသားေတြကိုျမင္လိုက္သည္။အီဝမ္ကလည္းေဒလီယာေလးနဲ႕ အတူရွိေနသည္။
ထယ္ေယာင္းအေရွ႕ဒူးေထာက္လ်က္ထိုင္ေနတဲ့ အမ်ိဴးသားတစ္ဦး။
ေသြးေတြစီးက်ေနတဲ့ ေဘ့စ္ေဘာတုတ္ကိုကိုင္ထားသည္က လက္သြယ္သြယ္ေလး။လက္သႂကြယ္က လက္ထပ္လက္စြပ္ေလးဟာလည္း ေသြးစြန္းေနေလသည္။
ခြပ္!
ထိုသူအားလႊဲကာ ရိုက္ခ်လိဳက္သည္။
"ဂြၽန္ေဂ်ာင္ဂုကို ငါပိုင္တာ!!!!"
ေသြးပ်က္စရာျမင္ကြင္းေၾကာင့္ တုန္လႈပ္ကာ ေဂ်ာင္ဂု ေျခလွမ္းေတြအေနာက္သို႔ ဆုပ္မိသြားသည္။
"ကင္မ္ထယ္ေယာင္းအပိုင္! ေဂ်ာင္ဂုက ငါ့အပိုင္!!!!"
သူ တုတ္ကိုပခုံးေပၚတင္ရင္းအသံနက္ႀကီးႏွင့္ က်ယ္ေလာင္စြာရယ္လိုက္သည္။
"ေမာင္ သူတို႔ေတြက မလွဘူးလား။ၾကည့္ပါအုံး..ၾကည့္ပါအုံး!"
ၾကမ္းျပင္ေပၚ ေမွာက္ကာေသြးအိုင္ေတြၾကားသတိလစ္ေနတဲ့လူေတြအား ျပရင္း ရယ္ေနသည့္ ထယ္ေယာင္း။
"မဟုတ္..မဟုတ္ဘူး။မင္းက ငါ့
ရဲ႕ ေယာင္းမဟုတ္ဘူး!!!!"
____________
Nora Rosalia
3.7.2023
Vote Plz
ကင္မ္ယြန္းဟြာ??