တိတ်ဆိတ်ေနတဲ့စာဖတ်ခန်းထဲမှာ အသက်ရှုသံခပ်ပြင်းပြင်းကကျယ်လောင်စွာနဲ့ထွက်လာခဲ့သည်။စားပွဲအောက်ကအံဆွဲနဲ့စာအုပ်စင်ကို စိတ်ကြိုက်မွှေနှောက်သည့်တိုင် သူလိုချင်တာမရခဲ့ပေ။
စိတ်ရှုပ်စွာနဲ့ဘဲ ဆံပင်ကိုဆွဲဖွလိုက်ပြီးမျက်နှာကိုလက်ဖြင့်အုပ်လိုက်သည်။ဂျော့ခ် ယူလာပေးတဲ့အမှုစာရွက်ထဲမှာ ဖေဖေ့နာမည်ပါနေလို့ သူအတော်လေးထိန့်လန့်သွားရသည်။သူ သိထားတဲ့ဖေဖေက ဒီလိုလူမျိုးမှမဟုတ်တာ ။တည်ကြည်ဖြောင့်မတ်ပြီး အများပြည်သူလေးစားရတဲ့လူမျိုးလေ။အခုတော့ ကိုယ့်မျက်လုံးကိုယ်ပင်မယုံနိုင်ဖြစ်ရသည်။
ထို့ကြောင့်လည်း တိကျခိုင်လုံတဲ့သတင်းကိုထပ်သိရဖို့ ဖေဖေ့အခန်းထဲကိုခိုးဝင်ခဲ့တာဖြစ်တယ်။ဂျောင်ဂျိုဂျောင်ကြားပါမကျန် နှံ့စပ်အောင်ရှာပေမယ့် အမှု့နဲ့တူတဲ့စာရွက်တရွက်လေးတောင်မတွေ့ရပေ။ဒါဆို ဂျော့ခ်ယူခဲ့တာ သတင်းအမှားများလား။ဂျောင်ဂု အတော်လေးခေါင်းစားရသည် ။
*ကိုကို..!*
မတ်တပ်ရပ်ကာခါးထောက်ပြီးတစ်ခန်းလုံးကို မျက်စိကစားလိုက်ချိန် သူ့အာရုံကိုဖမ်းစားလိုက်တဲ့တစ်စုံတစ်ခုကြောင့် ထိုနေရာကိုခပ်သွက်သွက်လေးလျှောက်သွားလိုက်သည်။တခုခုကိုဖုံးကွယ်ထားတာသေချာတယ်ဆိုပြီး လက်လှမ်းယူဖို့ပြင်လိုက်ချိန်မှာဘဲ အခန်းပြင်ကနေကြားလိုက်ရတဲ့ကလေးငယ်ရဲ့ခေါ်သံကြောင့် ဂျောင်ဂုကိုယ်လေးတုန်တက်သွားပြီး လက်ကိုပြန်ရုတ်သိမ်းလိုက်တယ်။
ဒီကိစ္စကိုကလေးငယ်သိလို့မဖြစ်သေးဘူး။မေပြာပြချင်လို့မဟုတ်ပါဘူး။မသေချာမရေရာတော့ ကလေးငယ်ကိုစိတ်ဒုက္ခမရောက်စေချင်ဘူးလေ။
*ကိုကို..!*
အိမ်ပေါက်ဝကနေ အသံကျယ်ကျယ်ဖြင့်ခေါ်နေတဲ့ဂျီမင်က တအိမ်လုံးကိုဝေ့ကြည့်လိုက်သည်။တိတ်ဆိတ်နေပုံထောက်ရင် ဖေဖေကြီးတို့မရှိဘူးထင်တယ်။ထူးသံမပြုတဲ့ကိုကိုက အိပ်ပျော်နေတာများလား။
အတွေးနဲ့အတူနှုတ်ခမ်းလေးဆူကာ ခြေဆောင့်ပြီးအပေါ်ထပ်ကကိုကို့အခန်းဆီပြေးတက်သွားတော့သည်။
*ကိုကို..!*
အခန်းတံခါးကိုခေါက်မနေတော့ဘဲ တန်းတန်းမတ်မတ်ဘဲဝင်သွားလိုက်တော့ ဗလာကျင်းဖြစ်နေတဲ့ကုတင်ထက်မှာ စောင်နဲ့ခေါင်းအုန်းကလွဲပြီးဘာမှမရှိချေ။ရေချိုးခန်းမှာများလားဆိုပြီး တိတ်တိတ်လေးသွားချောင်းကြည့်တော့လည်းမရှိပေ။
*ဘယ်သွားတာလဲ..*
တယောက်ထဲတီးတိုးရွတ်နေတဲ့ဂျီမင်ကအလိုမကျဖြစ်လာတော့ မျက်နှာလေးမဲ့ကျလာသည်။မှောင်နေတဲ့ကိုကို့အခန်းလေးကို အလင်းရစေရန် ပြတင်းပေါက်ကိုဖွင့်လိုက်တာနဲ့ သူ့မျက်နှာဆီရိုက်ခက်လာတဲ့လေနုအေးလေးကြောင့် မှုန်တေတေဖြစ်နေတဲ့ကြားကပြုံးလိုက်မိသည်။
*ကလေးငယ်...*
*ကိုကို.!ဘယ်သွားနေလို့ ခေါ်တာကိုမကြားရတာလဲ..*
*လမ်းလျှောက်ထွက်သွားလို့ပါ ..*
သူ့ကိုတွေ့တာနဲ့ချက်ချင်းရန်တွေ့လာတဲ့ ကလေးငယ်ကို ပွေ့ဖတ်လိုက်ရင်းပိတုန်းရောင်ဆံနွယ်တွေကိုနမ်းရှိုက်လိုက်တော့ ငြိမ်ငြိမ်လေးနေပေးသည်။သူ့ရဲ့လှပတဲ့မုသားကို ကလေးငယ်ကယုံသွားပြီး ဘာမှထပ်မမေးတော့ပေ။ထိုမှသာ သူအသက်ရူချောင်တော့သည်။
ဖေဖေရဲ့စာဖတ်ခန်းထဲမှာလို့ပြောလိုက်ရင် ဘာသွားလုပ်တာလဲဆိုပြီးမသိရမချင်းစစ်မေးတော့မှာလေ ။အဲခါကျရင် သူကလည်းမလိမ်ချင်တာနဲ့အားလုံးဖွင့်ပြောမိမှာ။
အခုလိုလေးသူ့စကားကိုနားထောင်တဲ့ကလေးငယ်ကိုသနားလာသည်။ဒါပေမယ့်လည်းအဖြစ်မှန်ကိုမသိရခင်အထိတော့ ဆက်ပြီးလိမ်ထားပါရစေ ကလေးငယ်။
*ဖေကြီးကိုလည်းမတွေ့ဘူး..*
*ဖေဖေနဲ့မေမေက မြို့တော်ဝန်ေဟာင်းနဲ့သွားေတွ့တယ်။ကိစ္စရှိလို့ဆိုပြီးပြောသွားတာဘဲ...*
*ဪ...*
ကလေးလိုမျိုးစပ်စုနေတဲ့ဂျီမင်ကကိုကို့ရင်ခွင်ထဲကနေခေါင်းလေးမော့ကာ ရယ်ပြလာသည်။
ချစ်ရည်ရွှန်းလဲ့ေနတဲ့ မူပိုင်မျက်ဝန်းလေးနဲ့ကိုကို့ကိုညှို့ယူလိုက်တော့ နှာခေါင်းထိပ်ချင်းထိစပ်လာပြီးသူ့နှုတ်ခမ်းလေးကိုဖိကပ်နမ်းလာသည်
ကိုကို့ရဲ့နှာတံပွပွလေးကသူ့မျက်နှာအနှံ့လျှောက်ပြေးနေတော့ သဘောတကျနဲ့ခံယူနေလိုက်တယ်။ချစ်ပြီးရင်းချစ်နေရလို့လားမသိဘူး။ကိုကိုအနားမှာဘဲ တောက်တဲ့လေးတကောင်လို တနေကုန်ကပ်နေချင်တော့တာ။
*ယားတယ်..!*
*ဒီရက်ပိုင်းငပျင်းလေးလုပ်နေတာလား ကလေးငယ်။ပန်းချီဆွဲတာလည်းမတွေ့တော့ဘူး..*
*ကိုကို့ကိုချစ်နေရလို့မအားဘူးလေ.အဲတာကြောင့်ပါ..*
*အတက်လေး.!*
ကုတင်ပေါ်ကိုနှစ်ယောက်စလုံးလှဲချလိုက်ပြီး ကိုကို့လက်မောင်းကိုခေါင်းအုန်းလုပ်ကာ ရင်ခွင်ထဲကို ခရုခွေလေးလိုတိုးဝင်သွားတော့ ကိုကို့ဆီကတိုးညှင်းတဲ့ရယ်သံလေးထွက်လာသည်။
သွေးကြောစိမ်းတွေယှက်နေတဲ့ကိုကို့လက်ဖဝါးကိုသူ့လက်လေးနဲ့ထပ်လိုက်တော့ အရွယ်စားကအတော်လေးကွားခြားသည်။သူ့လက်ချောင်းထိပ်လေးဆို ကိုကို့လက်ဆစ်လောက်ဘဲရှိတာ။
မနာလိုဘူး။သူလည်းကိုကို့လိုမျိုးဖြစ်ချင်တယ်။အရပ်ရှည်ပြီးခန္ဓာကိုယ်တောင့်တင်းတဲ့ကိုကိုကအရမ်းကြည့်ကောင်းတယ်လေ။သူ့လိုသေးသွယ်သွယ်လေးမဟုတ်ဘူး။အတွေးနဲ့အတူ တယောက်ထဲစိတ်ကောက်နေမိတယ်။
လက်ညှိုးထိပ်လေးနဲ့ ကိုကို့ရဲ့ရင်ဘက်နဲ့လက်မောင်းကိုတို့စိတို့စိလုပ်လိုက်တော့ ရုတ်တရက်ဘဲကိုကိုကသူ့အပေါ်ကနေအုံ့မိုးလာသည်
*အသည်းယားအောင်လုပ်နေတာလား...*
*မင် ဘာလုပ်လို့လဲ ကိုကိုကလည်း...*
*ဒီအူယားစရာလက်ချောင်းလေးကို ကိုက်စားပစ်လိုက်မယ်....*
*ကိုကိုကမင့်ကိုနာကျင်အောင်လုပ်ရက်တယ်ပေါ့လေ....*
မျက်လုံးလေးကိုပေကလပ်ပေကလပ်လုပ်ကာ နှာခေါင်းကိုရှုံ့ပြီး ပြောနေပုံကသူအသည်းမယားဘဲနေနိုင်မလား။ချုပ်တီးထားတဲ့သူ့စိတ်တွေကို ကလေးငယ်က ဖြည်ချနေတာဘဲ ။
အပေါ်စီးကနေကလေးငယ်ရဲ့မျက်နှာအစိတ်ပိုင်းတခုချင်းဆီကိုမျက်တောင်မခတ်ဘဲစိုက်ကြည့်နေတော့ ရှက်သွေးဖြာလာတဲ့ကလေးငယ်ရဲ့ပါးပြင်လေးကပန်းရောင်ပြေးလာတယ်။
*ကို.ကို..ဖယ်တော့လေ။မင် အသက်ရှုကြပ်တယ်..*
*..…...*
*ကိုကို..!*
ဘာမှမပြောဘဲ ကြည့်မြဲတိုင်းကြည့်နေတဲ့ ကိုကို့ကို သူလည်းစိတ်မရှည်တာနဲ့ လည်ပင်းကနေဆွဲချကာနှာခေါင်းပွပွလေးကိုက်လိုက်တော့ အား ခနဲဆိုပြီးကျယ်လောင်စွာနဲ့အော်တော့သည်။
*ဘာလို့ကိုက်တာလဲ ကလေးငယ်။နာလိုက်တာ ကွာ...*
*ပြောနေတာကို ,ကိုကိုမှမဖယ်ပေးတာ...*
*အဲတာနဲ့ဘဲကိုက်စရာလား .*
နာသွားတဲ့နှာခေါင်းထိပ်လေးကိုပွတ်သတ်ရင်းငြူစူစူလေးဆိုလိုက်တော့ ချက်ချင်းဘဲမျက်ရည်ဝဲသွားတဲ့ကလေးကြောင့် သူ့မှာစိတ်မဆိုးရက်တော့ပေ။ချစ်တော့လည်းအလိုလိုက်ရတာပေါ့
*အရမ်းနာသွားလား.....*
*သိချင်ရင် ကလေးငယ်ကိုကိုက်ကြည့်မယ်လေ...*
*ကိုကိုကလည်း....*
ရင်ခွင်ထဲကိုအတင်းဖတ်တွယ်ပြီးကုတ်တက်လာတဲ့ ဂျီမင်ကြောင့်ဂျောင်ဂုလည်းပြုံးရုံမျှသာတက်နိုင်သည် ။သူ့ဘဝက ချစ်သူရတာမဟုတ်ဘဲ ကလေးထိန်းနေရသလိုဘဲ။ ဒါကိုေတာ့ ထုတ်မပြောရဲပေ။ကလေးငယ်ရဲ့ ရွှေစိတ်တော်ကောက်သွားမှာကြောက်လို့ မြိုသိပ်ထားလိုက်တော့တယ်။
----------
*မကြိုဆိုဘဲရောက်လာတဲ့ဧည့်သည်ဘဲ..*
*အဟက်.!အဖိုးကြီးနေကောင်းပါရဲ့လား...*
*ဒါပေါ့ သူများတွေလိုမကောင်းကြံတဲ့စိတ်မမွေးတော့ ကျန်းမာတာမှဒေါင်ဒေါင်မြည်ဘဲ...*
အဖိုးမင်ယောင်ရဲ့ခနဲ့တဲ့စကားေကြာင့်တဖက်သူကမျက်နှာပျက်ကျသွားသည်။ဘာမှမဖြစ်သလိုဘဲအေးအေးလူလူပင် ဆေးတံကိုဖွာရှိုက်လိုက်ပြီး အငွေ့တွေကို ထိုလူရဲ့မျက်နှာတည့်တည့်ကိုမှုတ်ထုတ်လိုက်သည်။သူ မမြင်ချင်တဲ့မျက်နှာမို့ ကြိုဆိုဖို့မလိုဘူးလေ။
*အပြောမကြီးနဲ့ အဖိုးကြီး။ခင်များလည်းမကြာခင် ပတ်ခ်ချွဲမင်တို့နောက်ကိုလိုက်ရတော့မှာပါ....*
*ကျုပ်ကိုသတ်မလို့လား..*
*မပြောတက်ဘူးလေ..ခင်များသာအနေမတက်ရင် ကျုပ်လက်ကလည်းလူမရွေးဘူးဆိုတာ သိထားပါ....*
*ဘယ်လိုလုပ်မလဲငါကလည်းမကြောက်တက်တာနဲ့....*
စကားချင်းစစ်ထိုးနေတဲ့သွေးအေးတိုက်ပွဲက တစ်စတစ်စပြင်းထန်လာခဲ့တယ်။အဖိုးမင်ယောင် ရဲ့အိမ်အထိလာပြီးသတိလာပေးနေတဲ့ထိုလူရဲ့ ဇကမသေးဘူးဆိုတာသိတယ်လေ။ဒါပေမယ့် သူမကြောက်ပါဘူး။အမှန်တရားကိုဖော်ထုတ်ပေးခဲ့ပြီးမှ သေရမယ်ဆိုလည်း သူသေရဲတယ်။
အဓိက,က ဒီလူရဲ့သားရေခွံကွာကျသွားဖို့ဘဲ ။ဒါမှနောက်လူတွေမလုပ်ရဲတော့မှာ
*ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကိုဝင်မပါရင်ေကာင်းလိမ့်မယ် နော်။ဒါနောက်ဆုံးသတိပေးခြင်းဘဲ ...*
*မင်းပြောတဲ့အတိုင်းမလုပ်နိုင်လို့စိတ်မကောင်းပါဘူး...*
တောက်!..
ခံပြင်းဒေါသထွက်နေတဲ့ထိုလူကိုကြည့်ပြီးအဖိုးက ဟက်ဟက်ပက်ပက်ရယ်လိုက်တယ်။လှောင်လိုက်တာဆိုပိုမှန်မယ်။သူ့ကိုအသက်ကြီးတယ်ဆိုပြီးအထင်လာသေးနေတယ်။ခန္ဓာကိုယ်ကသာ အရွယ်ကျနေပေမယ့် စိတ်ဓာတ်ကတော့သံမဏိထက်မာတယ်ဆိုတာ ထိုလူသိအောင်ပြပေးရမယ်။
တောက်တချက်ခက်ကာ အိမ်ထဲကနေထိုလူထွက်သွားတော့မှ ရယ်နေတာကိုရပ်ပြီးမျက်နှာထားပြန်တည်လိုက်တယ်။အငွေ့မသေသေးတဲ့ဆေးတံကို လက်ဖြင့်ဖိချေလိုက်ပြီး စူးရှတဲ့အကြည့်နဲ့ ထိုလူရဲ့ကျောပြင်ကိုစိုက်ကြည့်လိုက်တယ်။သူ့အိမ်ကိုသိသွားပြီဆိုတော့ အခြေနေမဟန်တော့ဘူးဆိုတာ သဘောပေါက်တယ်။
*ခင်များ..!ဟိုလူမဟုတ်လား...!*
ရွာထိပ်ရဲ့ကုက္ကိုပင်အောက်မှာ ထိုင်နေတဲ့ယန်ယန်က သူ့ရှေ့ကိုတည့်တည့်မတ်မတ်လျှောက်လာတဲ့လူကြောင့် ကြောက်လန့်သွားခဲ့သည်။ဟိုတခါခြိမ်းခြောက်ပြီးကတည်းကပျောက်သွားတာ အခုမှပြန်ပေါ်လာတယ်။
*မင်းနာမည် ယန်ယန်လား...*
*အင်း.!ဟုတ်.ဟုတ်တယ် ။ကျွန်တော့ကိုသိလို့လား..*
တုန်တုန်ရီရီဖြစ်နေတဲ့ ယန်ယန်ကကြောက်စိတ်ကိုဖြေလျော့ကာ ဟန်ဆောင်အပြုံးလေးနဲ့ပြန်ဖြေလိုက်တော့ ထိုလူကသူ့ကိုတချက်ကြည့်ကာ ခေါင်းင်ြမ့်ပြသည်။ ဘာလဲ.!ဒီလူက..။
*ထိုင်လို့ရတယ်မလား...*
*အင်း..ရတယ်....*
အန္တာရာယ်အငွေ့သက်မရတာမို့ ယန်ယန်လည်းတဖက်ကိုရွေ့ပေးလိုက်သည်။ဦးထုတ်အဝိုင်းကိုခပ်ငိုက်ငိုက်လေးဆောင်းထားပြီး ဒူးအထက်ထိရှ်ိတဲ့အနက်ရောင်လောင်းကုတ်ကိုဝတ်ဆင်ထားတဲ့ ထိုလူက သာမာန်သူတော့မဖြစ်နိုင်ဘူး။အထက်တန်းလွှာကဘဲဖြစ်ရမယ်။
ယန်ယန်က မျက်လုံးလေးစွေ့ကာထိုလူကိုအကဲခတ်လိုက်သည်။သူကြည့်နေတာကို သိနေသည့်အလား ထိုလူကဦးထုတ်ကိုချွတ်ကာ သူ့ဘက်လှည့်လာသည်။ရှင်းလင်းသေချာစွာမြင်လိုက်ရတဲ့ ထိုလူရဲ့မျက်နှာကြောင့် ယန်ယန်အံ့အားသင့်သွားရသည်။
*ကိုယ့်နာမည်က အဲလက်စတာပါ..*
*ဟင်..*
*ကိုယ်တို့အရင်ကလည်းတွေ့ဖူးတယ်ထင်တယ်....*
*ကျွန်တော့ကိုခြိမ်းေခြာက်တဲ့လူမဟုတ်လား..*
*အင်း..*
*ဘာလို့လဲ.!*
အဲလက်က ယန်ယန့်အမေးကိုမဖြေဘဲ အဝေးတနေရာကိုအကြည့်ပို့ထားလိုက်သည်။ဂျီမင် အနားမှာအရင်လိုတဝဲလည်လည်မလုပ်တော့ပေမယ့် အဝေးကနေအမြဲတမ်းစောင့်ကြည့်နေခဲ့တာ။မကောင်းတဲ့အကြံစီနဲ့တော့မဟုတ်ပါဘူး။ကိုယ်ချစ်ရသူရဲ့မျက်နှာလေးကို ငေးကြည့်ချင်လို့လေ။
သူ့နှလုံးသားကသူ့လိုဘဲခေါင်းမာပုံရတယ်။ဂရေ့စ် လိုမိန်းမလှလေးတောင်မတိုးတဲ့သူ့နှလုံးသားက ဂျီမင်ကိုတော့အရူးမူးဖြစ်နေမိတယ်။ဒီဘဝမှာ မပိုင်ဆိုင်ရရင်တောင် နောက်သံသရာ တကွေ့ကွေ့မှာပြန်ဆုံခဲ့ရင် ပိုင်ဆိုင်ခွင့်ရချင်ပါတယ်ဆိုပြီး တိတ်တဆိတ်ဆုတောင်းနေမိတယ်။
တနေ့သူ ဂျီမင်အနောက်ကိုလိုက်နေတုန်း ဒီကောင်လေးရဲ့မူမမှန်တဲ့အပြုမှုကို သတိထားမိသွားတယ်။သူ့လိုဘဲ ဂျီမင်အနောက်ကိုလိုက်နေတယ်လေ။ဒါကြောင့်လည်း သူ ယန်ယန့်ကိုခြိမ်းခြောက်ခဲ့တယ်။သို့ပေမယ့် ဒီကောင်လေးကဇွဲမလျော့ဘဲ ရက်ခြားတခါ လိုက်နေပြန်တယ်။
ဂျီမင်ကိုမနာလိုမုန်းတီးသူတွေမရှိတာမို့ ဒီကောင်လေးကိုပိုပြီးသံသယဝင်မိတယ်။ဘာကြောင့်လိုက်နေတာလဲဆိုပြီး စုံစမ်းကြည့်တော့ မြို့ထဲမှာလက်ကောက်တွေရောင်းတဲ့အဖိုးရဲ့မြေးဆိုတာသိခဲ့ရတယ်။
အဲဒီ့နောက် အဖိုးေနတဲ့တောင်ပိုင်းအထိသူလိုက်သွားခဲ့တာ။တလလောက်အထိ ဂျီမင်ကိုဘာအန္တာရာယ်မှပြုတဲ့လက္ခာဏာမတွေ့တော့မှ သူလည်းအခုလိုလူလုံးထွက်ပြလိုက်တာ။
*ဂျီမင်ကိုမကောင်းကြံတဲ့သူဖြစ်မှာဆိုးလို့လေ....*
ခဏအကြာမှ အဲလက်ဆီကတိုးညှင်းတဲ့အသံလေးထွက်လာသည်။ယန်ယန် ဟွန့်ခနဲနှာမှုတ်သံထွက်လိုက်သည်။သူ့ရုပ်က အဲလိုပုံစံပေါက်နေလို့လား ။ဒီလောက်ကြည့်ကောင်းနေတာကို။တောင်ပိုင်းကမိန်းမပျိုတွေအားလုံးက ယန်ယန်မှ ယန်ယန်ဖြစ်နေတာ။ဒါကို ဒီလူကတော့လေ ..!။
လူအကဲခတ်ညံ့လိုက်တာ။ယန်ယန်စိတ်ထဲကြိတ်မနိုင်ခဲမရဖြစ်ပြီး ပါးစပ်ကလည်းအဲလက်မကြားအောင် တီးတိုးဆိုနေမိသည်။
*အခုရော ဘာလို့လာတာလဲ..!*
*ဂျီမင် မိဘတွေရဲ့အမှုကိုစုံစမ်းနေတယ်ဆို.*
ဘယ်လိုသိတာလဲဆိုတဲ့အမေးကိုယန်ယန်ကမျက်လုံးလေးပြူးကာ အသံတိတ်မေးလိုက်သည် ။သူ့အနောက်ကိုလိုက်နေတာ ဒါကြောင့်လား။ဒီလူကတကယ်မလွယ်တာဘဲ။သူ့ကိုခြိမ်းခြောက်တာအားမရသေးလို့ အခုအမှုအထိပါ ...သိနေပြန်ပီ.။
*ကိုယ်ကို့မကောင်းတဲ့သူလို့ထင်နေတာလား..*
*အမှန်ဘဲလေ.!ခင်များလည်းကျွန်တော့ကိုအဲလိုဘဲထင်ခဲ့တာမလား.!*
*နေပါအုန်း..ခင်များကဘာလို့ဒီအကြောင်းကိုလာမေးနေတာလည်း။နောက်ပြီး ဂျီမင်အနားကိုမကပ်နဲ့ဆိုပြီး ဘာလို့ပြောခဲ့တာလည်း...*
ယန်ယန်ကဒေါသသံနဲ့မနားတမ်းမေးလိုက်တော့ အဲလက်ကဟက်ခနဲဆိုပြီးတချက်ရယ်ကာ ခေါင်းခါလိုက်သည်။ဒီကောင်လေးက ငစွာလေးဘဲ။
*ဂျီမင်ကိုသဘောကျနေလို့လေ...*
*ဟမ်.!*
*အဲတော့သူ့အနားကိုကပ်လာတဲ့သူကို လူဆိုးလား၊လူကောင်းလားဆိုပြီး ကိုယ်ကခွဲခြားပေးရုံပါဘဲ...*
*အံ့ဩလိုက်တာ.!*
*ဘာကိုလဲ..*
*ဂျီမင်ကိုသဘောကျတယ်ဆိုလို့လေ .*
*ယောကျာ်းအချင်းချင်းဆိုပြီး အထင်သေးသွားတာလား..*
*အဲလိုမဟုတ်ပေမယ့်.!အဟမ်း..!ဘယ်လိုပြောရမလဲ...*
*ကိုယ်နားလည်ပါတယ်။ဒီမှာကအဲလိုမျိုးတွေလက်မခံနိုင်ဘူးဆိုတာ။ဒါပေမယ့် လူသားအချင်းချင်းချစ်ကြိုက်တာလို့ဘဲ မြင်ပေးရင်အဆင်ပြေပါတယ်....*
အခုမှသိတဲ့လူတယောက်ကို ယုံယုံကြည်ကြည်နဲ့ အဲလက် ရင်ဖွင့်နေမိတယ်။ယန်ယန်ကတော့ ဘာမှမပြောတော့ဘဲ ခေါင်းငြိမ့်ရုံဘဲတက်နိုင်တယ်။
ဂျီမင်ကလည်းဒီအကြောင်းကိုတခါမှမပြောဖူးတော့ သူအံ့ဩသွားတာပေါ့။သူကေတာ့ ရှုံ့ချတယ်လည်းမဟုတ်သလို၊လက်ခံပေးတယ်လို့လည်းမဟုတ်ဘူး။အရာရာကိုအကောင်းမြင်စိတ်မွေးပြီး အဲလက်ပြောသလိုဘဲ လူအချင်းချင်းချစ်တာလို့ဖြည့်တွေးပေးလိုက်တယ်။
*ဒါတွေဘာလို့ကျွန်တော့ကိုပြောပြနေတာလဲ...*
*ကျွန်တော်ကနှုတ်မလုံတဲ့သူဖြစ်နေရင်ရော...*
*မင်းကအဲလိုလူမဟုတ်ဘူးဆိုတာ ကိုယ်သိတယ်လေ....*
အဲလက်ကတကယ်ထူးဆန်းတယ်။သူ့စိတ်ကိုဖတ်တက်နေတာလား။ဒါမှမဟုတ် အကြားမြင်ရနေတာလား။
*ဒီလိုဆို ကိုယ့်ကိုအမှုအကြောင်းပြောပြလို့ရပြီလား...*
*သိပြီးရင် ခင်များကဘာလုပ်ဖို့လဲ..*
*ကိုယ်လည်းတက်နိုင်သလောက်ကူညီပေးမယ်လေ.....*
*တကယ်လား..*
*ယောကျာ်းစကားပါ..*
ယန်ယန်ခဏတော့တွေဝေသွားသည်။လူတကာကိုလိုက်ပြောလို့မရတဲ့ကိစ္စမို့ အဲလက်ကိုယုံသင့်/မသင့်စဉ်းစားလိုက်သည်။ဒါပေမယ့် အဲလက်လိုအထက်တန်းလွှာကလူတယောက်အနေနဲ့ သူတို့အတွက်အများကြီးအကူညီရမယ်လို့တော့ထင်တယ်။နောက်ဆုံး ယန်ယန်လည်းဘာမှတွေးတောမနေတော့ဘဲ တယောက်ထဲဆုံးဖြတ်ချက်ချလိုက်တယ်။
*ကောင်းပြီလေ။ဒါပေမယ့် ခင်များကတိတော့တည်ပါစေ...*
*အင်း..*
ဖေဖေ့ဆီကနေကြားဖူးနားဝရှိနေတဲ့ ဂျီမင်မိဘတွေရဲ့အကြောင်းကသူသိထားသလိုမျိုးမဟုတ်ဘူးဆိုတာ စုံစမ်းသိရှိခဲ့တယ်။နောက်ကွယ်မှာ ကြိုးကိုင်သူရှိရမယ်။ထိုလူတွေကလည်း ရာထူး၊အာဏာကြီးတဲ့သူဘဲဖြစ်မယ်။
သူဒီအမှုကိုအတော်လေးစိတ်ဝင်စားနေတာ။ဖေဖေသိရင်ခွင့်ပြုမှာမဟုတ်လို့ အခုလို ယန်ယန်ဆီလာပြီးမေးမြန်းရတာလေ။ဂျီမင်ကသူချစ်ရတဲ့သူမို့ ကူညီပေးချင်တယ်။ဂျီမင်ကပြန်မချစ်ေပမယ့် အနည်းဆုံးတော့ သူ့အချစ်ကိုအသိမှတ်ပြုပေးရင်တော်ပါပီ။
______
အိမ်ဘေးမှာစနစ်တကျစိုက်ပျိုးထားတဲ့သစ်ခွပန်းပင်လေးကို ရေခရားလေးဖြင့်ပတ်ဖျန်းနေတဲ့ ဂရေ့စ်က ရွှင်လန်းတက်ကြွနေသည်။အသည်းကွဲတဲ့ဝေဒနာကို တယောက်ထဲကြိတ်မှိတ်ကာ ကုသပြီးလို့အနာကျက်ခါစဘဲရှိပါသေးတယ်။
သို့ပေမယ့် စိတ်ထောင်းလို့ကိုယ်ကြေဆိုသလို၊နာကျင်ရမယ့်အရာကိုမတွေးတော့ဘဲ ကိုယ်ပျော်ရွှင်ဖို့ကိုသာအဓိကထားလိုက်သည်။အခုတော့ နေသားတကျဖြစ်လာပါပြီ။အဲလက် ကိုလည်းအရင်လိုဘဲ အဖြူရောင်ချစ်ခြင်းနဲ့အကိုတယောက်လိုမျိုးသဘောထားနိုင်အောင်ကြိုးစားနေတယ်။
ဘဝမှာအချစ်ဦးကတော့ရှ်ိကြတယ်မဟုတ်လား။အဲလက်ကသူ(မ)ရဲ့အချစ်ဦးဘဲလေ ။မပေါင်းဖတ်ရေပေမယ့် ချစ်ခဲ့တယ်ပေါ့။ဒါပါဘဲ.....
*မမလေး ဧည့်သည်ရောက်နေတယ်..*
*ဘယ်သူလဲ..*
*ဂျီမင်လို့ပြောတယ် မမလေး...*
အိမ်အကူမိန်းကလေးစကားကြောင့် ဂရေ့စ်လည်းလက်ထဲကရေခရားကို ပစ်ချကာ ဂါဝန်ရှည်ကို မ,ပြီးအိမ်ထဲကိုပြေးဝင်သွားတော့တယ်။ထူးထူဆန်းဆန်း ဂျီမင်ကသူ(မ)အိမ်ကိုလာတယ်တဲ့လား။
အံ့ဩမှုနဲ့အတူဝမ်းသာစိတ်ကဒွန်တွဲပါလာပြီး မျက်နှာထက်ကအပြုံးတွေကဖုံးမနိုင်၊ဖိမရဖြစ်သွားသည်။ဂျီမင်ကိုတော့ သူ(မ)တအားခင်တာလေ။
*ဂျီမင်.!ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ..*
*ကိုကိုလာပို့တာ...*
ဧည့်ခန်းထဲမှာငြိမ်ငြိမ်လေးထိုင်နေတဲ့ဂျီမင်က သူ(မ)ကိုတွေ့တော့ သွားတန်းလေးပေါ်သည်အထိရယ်ပြလာသည်။
*အင့်.!ထမင်းပေါင်းဝယ်ခဲ့ပေးတယ်...*
*အားနာစရာ ဂျီမင်ရယ်။ဘာလို့ဝယ်ခဲ့တာလဲ..*
*မစားဘူးလား ပြော.!*
*စားမှာပေါ့။ဂျီမင်ကစေတနာနဲ့ဝယ်လာပေးတာကို..*
ရွံ့နောက်နောက်လေးပြောလာတဲ့ ဂရေ့စ်ကဂျီမင်ဝယ်ခဲ့ပေးတဲ့ထမင်းပေါင်းကိုချက်ချင်းဘဲစားလိုက်တော့တယ်။အရင်တခါတုန်းသူ(မ)ရယ်၊အဲလက်၊ဂျီမင်တို့နဲ့အတူတူသွားစားခဲ့တဲ့ဆိုင်ကဘဲထင်တယ်။လက်ရာကတော့ကောင်းမြဲကောင်းဆဲဘဲ။
*ဖြေးဖြေးစားပါ .*
*စားကောင်းလို့...*
ထမင်းလုပ်ကိုဝါးရင်းပလုံးပထွေးပြန်ဖြေလာတဲ့ ဂရေ့စ်ကိုကြည့်ပြီးဂျီမင်ခေါင်းခါလိုက်သည်။သူများတွေနဲ့ဆို သူ(မ)ကဘယ်လိုနေလဲမသိပေမယ့် သူနဲ့ဆိုရင်တော့ပေါ့ပေါ့ပါးပါးဘဲနေတာတွေ့ရတယ်။ပွင့်လင်းပြီးတော့ စိတ်ထားကောင်းတယ်လေ။သူ(မ)အဖေနဲ့တော့ကွာပါ့။
*ဒါနဲ့ ဂျီမင်ကဂရေ့စ်ဆီအလည်သက်သက်ဘဲလား...*
*အင်း.. အဲလိုဘဲဆိုပါတော့...*
*ဂျီမင်စကားကြီးကလည်း...*
ဂျီမင်ကနှာခေါင်းလေးကိုရှုံ့ကာချစ်စရာကောင်းအောင်ပြောလာသည် ။ရှင်းလင်းနေတဲ့မျက်နှာလေးက အကိုဂျောင်ဂု ချစ်မယ်ဆိုလည်းချစ်ချင်စရာဘဲလေ။သူ(မ)တောင်တခါတလေ အသည်းယားနေတာကို။အကိုဆိုရင် ပြောမနေပါနဲ့တော့။သူ(မ)တွေးကြည့်ရုံနဲ့တင် ကြည်နူးမိသည်။
ကိုယ်ချစ်တဲ့သူနဲ့ထပ်တူကြတဲ့ချစ်ခြင်းတရားကိုရထားတော့ မပျော်ဘဲနေမလား။ဂျီမင်အကြောင်းတွေးလိုက်တာနဲ့ အဲလက်ရဲ့ပုံရိပ်ပါ သူ(မ)အာရုံထဲပေါ်လာခဲ့တယ်။မလွမ်းချင်ပါဘူးဆို.!.။
မျက်လုံးကိုမှိတ်ကာခေါင်းကိုခါပစ်လိုက်တယ်။ထွက်စမ်း.!။အတွေးထဲကရော၊နှလုံးသားထဲကပါ အပြီးပိုင်ထွက်သွား.!။
*စားလို့မကောင်းလို့လား ဂရေ့စ်..*
*ထွက်သွား.!*
*ဟင်..!*
*ဟင်.!*
ပြိုင်တူထွက်လာတဲ့အာမေဋိတ်အသံကြောင့်နှစ်ယောက်သားတယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်။ဂရေ့စ်ကခေါင်းခါနေတော့ စားလို့မကောင်းဘူးထင်ပြီး ဂျီမင်ကမေးတာကို ထွက်သွားဆိုတော့ သူ့မှာကြောင်အအ ဖြစ်နေတာပေါ့။
ဂရေ့စ်ကလည်း သူ(မ)တွေးနေရာကနေ ရုတ်တရက်ဂျီမင်ကထမေးတော့ ယောင်ရမ်းပြီးပါးစပ်ကထွက်သွားတာ။တကယ်ကိုအလွဲကောင်းပါဘဲ
*မဟုတ်ဘူး.!ဂျီမင်ကိုပြောတာမဟုတ်ဘူးနော်။ဂရေ့စ် ယောင်သွားတာ...*
*အင်း...အင်း .*
*စိတ်မဆိုးပါနဲ့ ဂျီမင်ရယ်။ဂရေ့စ် တကယ်အတွေးလွန်သွားလို့ပါ..*
*အင်းပါ မင် စိတ်မဆိုးပါဘူး...*
ဂျီမင်မျက်နှာလေးညိုးသွားတော့ ဂရေ့စ်လည်းစားလက်စကို ရပ်ကာ အိမ်အကူမိန်းကလေးကိုသိမ်းဆည်းခိုင်းလိုက်သည်။အခုမှရောက်လာတဲ့ ဧည့်သည်ကိုမျက်နှာပျက်အောင်လုပ်ရတယ်လို့။
ဂရေ့စ် ကိုယ့်ကိုကိုယ်အပစ်တင်ရင်း ဂျီမင်ကိုအစွမ်းကုန်ရယ်ပြလိုက်သည်။
*ဂရေ့စ်တို့ခြံထဲသွားကြမလား...*
*ကောင်းတာပေါ့...*
ရောင်စုံပွင့်နေတဲ့သစ်ခွပန်းတွေကိုတွေ့တော့ဂျီမင် မနေနိုင်တော့ဘူး။အပြေးသွားပြီးမွှေးကြူလိုက်တော့တယ်။သူစိုက်ထားသလိုမျိုးဘဲ အိုးလေးတွေနဲ့သေသေသပ်သပ်စိုက်ထားတဲ့ပန်းတွေက ခြံဒေါင့်မှာအစီရီချထားတယ်။
ဖူးသစ်စနှင်းဆီရဲရဲလေးကိုလက်နဲ့တို့ထိလိုက်ပြီးသဘောတကျနဲ့ပြုံးလိုက်တယ်။သူအကြိုက်ဆုံးပန်းလေ။
*ပန်းတွေအများကြီးဘဲနော် ဂရေ့စ်..*
*ဂျီမင် စိုက်ထားတာလောက်တော့မများပါဘူး ...*
*မင် သဘောကျတယ်...*
ကလေးလိုမျိုး ဟို၊ဒီလျှောက်ပြေးနေတဲ့ ဂျီမင်ကတကယ့်ကိုအေးချမ်းရာရပ်ဝန်းလေးဘဲ။သူပျော်ရာကိုလုပ်နေရရင် လောကကြီးကိုတောင်မေ့နေတက်တယ်လို့ အကိုတခါပြောဖူးတယ်။တကယ်လည်း ဟုတ်နေတာဘဲကို။အခုတောင် သူ(မ)ကိုစကားမပြောတော့ဘူး။ရှိသမျှပန်းတွေကိုကြည့်ပြီး ပြုံးပျော်နေတာ။
*မေမေတို့ပြန်လာပြီ...*
အိမ်ခြံထဲကိုဝင်လာတဲ့ဂျစ်ကားသံကြောင့် ဂရေ့စ်က ဂါဝန်ရှည်ကိုမ,ကာ ဂျီမင်ကိုလှမ်းပြောလိုက်သည်။နှင်းဆီပွင့်ဖတ်ကိုကိုင်ဖို့လုပ်ေနတဲ့ဂျီမင်လက်လေးက သူ(မ)စကားကြောင့်ရပ်တန့်သွားသည်။အပြုံးသည်လည်းထိုနည်း၎င်းဘဲ။မျက်နှာကချက်ချင်းတည်သွားပြီး မဲ့ပြုံးတချက်ပြုံးကာ ဂရေ့စ်ရဲ့မိဘတွေကိူစိုက်ကြည့်လိုက်သည်။
*ဘာလုပ်နေတာလဲ သမီး..*
*ဂျီမင်ရောက်နေလို့စကားပြောနေတာ ..*
သူ(မ)အဖေနဲ့အရင်လိုပြန်ဖြစ်သွားသည်။လက်ထပ်ပွဲကိုဖျက်သိမ်းလိုက်လို့ ဖေဖေကသူ(မ)ကိုစိတ်မဆိုးပါဘူးဆိုပြီး ချော့မြူလာတယ်လေ။ေနာက်ဆိုဘာဘဲဖြစ်ဖြစ်သူ(မ) သဘောတိုင်းဘဲဖြစ်စေရမယ်တဲ့။သူ(မ)မကြိုက်တာကိုလည်း အတင်းကြပ်မလုပ်ခိုင်းတော့ပါဘူးဆိုပြီး ကတိပေးလာတယ်။
*ဂျီမင်ကဘယ်သူလဲ..*
*မ်ြု့စားမင်းရဲ့မွေးစားသားလေ...*
ေဖဖေကမြို့တော်ဝန်ဟောင်းနဲ့တွေ့ဆုံပွဲရှိတယ်ဆိုပြီး မေမေ့ကိုပါခေါ်သွားတာ။သူ(မ)ကိုလည်းလိုက်ဖို့ခေါ်ပါသေးတယ်။နိုင်ငံရေးအကြီးကဲတွေဘဲမို့ စိတ်ရှုပ်လို့မလိုက်သွားတာ။ဟိုရောက်ရင်လည်းဟန်ဆောင်မျက်နှာဖုံးတပ်ပြီးပြုံးရယ်ပြရအုန်းမှာ။သူ(မ)ကအဲလိုစိတ်ကျဉ်းကျပ်တဲ့နေရာတွေကိုမကြိုက်ဘူး
*ဟုတ်လား.!။မေမေ သိပ်မမှတ်မိဘူးဖြစ်နေတယ်။အိမ်ထဲခေါ်ခဲ့လေ...*
*ဟုတ်..*
မေမေကပြောပြီးအိမ်ထဲဝင်သွားတော့သည်။သဘောကောင်းတဲ့ မေမေကဂျီမင်ကိုချစ်သွားမှာသေချာတယ်။
*ဂျီမင် အိမ်ထဲဝင်ရအောင်....*
*အင်း.လာပြီ....*
ကားပေါ်ကဆင်းကတည်းကဂျီမင်ဆိုတဲ့အသံကြားလိုက်တာနဲ့ အရာရှိကြီးရဲ့မျက်နှာမည်းကျသွားခဲ့တယ်။သွေးပျက်လာပြီးတယောက်ထဲခြောက်ခြားနေတဲ့ အရာရှိကြီးကထိုနေရာမှာဘဲ ကြက်သေသေနေတယ်။
ဂျီမင်ကသူ့အိမ်ထိရောက်လာတော့ မဟုတ်တာလုပ်ထားတဲ့သူကကြောက်နေတာပေါ့။မျက်စံကိုဟို၊ဒီရွေ့လျားနေပြီး ဂဏာမငြိမ်ဖြစ်နေတဲ့အရာရှိကြီးအနားကို ဂျီမင်ကတလှမ်းချင်းစီလျှောက်သွားလိုက်တယ်။
*တွေ့ရတာဝမ်းသာပါတယ် အရာရှိကြီး...။ဂျီမင်ပါ....*
*........*
*မမှတ်မိဘူးထင်တယ် ...*
ဂျီမင်ကမျက်ခုံးလေးကိုပင့်ကာ မခို့တရို့လေးပြုံးပြလိုက်တော့ အရာရှိကြီးကအံ့ကိုကြိတ်ကာ လက်တဖက်ကမ်းပေးလာတယ်။နည်းနည်းလေးတောင်ဟန်မဆောင်နိုင်ပါလား။ဒီလောက်ထိသရုပ်ပျက်နေပုံထောက်ရင် မကြာခင်တရားခံကိုဖမ်းမိတော့မယ်နဲ့တူတယ်။
*ဂျီမင်လေး .လာ ထိုင်..*
*ဟုတ်..*
*ငယ်ငယ်ကဘဲတွေ့ဖူးတာ။ကြီးလာတော့ အန်တီလည်း မြို့စားမင်းအိမ်ဘက်မရောက်ဖြစ်တော့ သားနဲ့မဆုံတော့တာ..*
*သားကငယ်ရုပ်လေးအတိုင်းဘဲ ။ချစ်စရာကောင်းတယ်...*
*ကျေးဇူတင်ပါတယ်.*
ဂရေ့စ်ရဲ့အမေကဖော်ရွှေစွာနဲ့ သူ့ကိုကြိုဆိုပေမယ့် တယောက်ထဲကမ္ဘာပျက်နေတဲ့ အရာရှိကြီးကတော့ နားချင်လို့ဆိုပြီးအခန်းထဲကိုဝင်သွားတယ်။ဂျီမင် ဟက်ခနဲပင်ရယ်မိသွားတယ်။သူများအသိုက်မြုံကိုဖျက်စီးတုန်းက ကြောက်ရမှန်းမသိဘူးနဲ့တူတယ်။ကိုယ့်အလှည့်ရောက်လာမှ ဒူးတုန်နေတယ်။
စိတ်ချပါ ..မေမေနဲ့ဖေဖေအတွက်တရားမျှတမှုကို သားကိုယ်တိုင်ရှာေဖွဖော်ထုတ်ပေးမယ်။
*ဂျီမင်ကပန်းချီဆရာလေ မေမေ။ဟိုတခါသမီးကိုလက်ဆောင်ပေးလိုက်တဲ့ကားချပ်လေးပေါ့...*
*ဟုတ်လား။သားကတော်လိုက်တာ..အန်တီသဘောကျတယ်...*
*အဲလောက်လည်းမဟုတ်ပါဘူး။မင် ဝါသနာပါတဲ့အလုပ်ကိုလုပ်ရုံလေးပါ...*
*မဟုတ်တာဘဲ။ဒီလောက်ထိတော်နေတာကို ...*
ရယ်သံလွင်လွင်နဲ့ စကားလက်ဆုံကြနေတဲ့ ဂျီမင်တို့ကို အခန်းထဲကနေနားစွင့်နေတဲ့အရာရှိကြီးကတောက်တခပ်ခပ်နဲ့ဒေါသထွက်နေတယ်။
အခန်းထဲမှာခေါက်တုန့်ခေါက်ပြန်လျှောက်ကာ စဉ်းစားခန်းဖွင့်နေသည်။ကောင်းတော့အကြံစဉ်တော့မဟုတ်ပေ။ဂျီမင်ကို ခင်တုံးတုံးကလေးတယောက်ဆိုပြီးတွေးထားတာလေ။အနေအေးတယ်၊ဘေးလူတွေနဲ့အရောတဝင်မရှိဘူး၊သူတို့ပြောသမျှကိုယုံတယ်ဆိုပြီး ပိုင်သေတွက်ထားသမျှ အခုတော့တက်တက်စင်အောင်လွဲတော့တာဘဲ
*ပတ်ခ်ချွဲမင်တို့နဲ့တခါထဲမထည့်ပေးလိုက်ရတာ နောင်တရတယ်....*
*မလောက်လေးမလောက်စား ကလေးကငါ့ကိုစိန်လာခေါ်နေတယ်...*
တယောက်ထဲရေရွတ်နေတဲ့အရာရှိကြီးက နံရံနဲ့တွဲလျက်ဖြစ်တဲ့လျှို့ဝှက်တံခါးကိုတွန်းဖွင့်ပြီးဝင်သွားတယ်။ဒီအခန်းရှိတယ်ဆိုတာ သမီးနဲ့ဇနီးတောင်မသိကြဘူး။စာဖတ်ခန်းနဲ့တွဲလျက်ဖြစ်တာကြောင့်လည်းပါမည်။သူ့အခန်းထဲကိုမည်သူကမှ တော်ရုံမဝင်ရဲဘူးလေ။
အခန်းထဲကိုရောက်တာနဲ့ တရားမဝင်ဝယ်ယူထားတဲ့ လက်နက်တချို့ကိုထုတ်ယူလိုက်သည်။ မသုံးတာကြာပြီဖြစ်လို့ ဖုန်မှုန့်တချို့ကပ်တွယ်နေတဲ့လက်နက်တွေကို အဝတ်စဖြင့်သုတ်လိုက်ပြီး ခြောက်ကပ်ကပ် ရယ်လိုက်သည်။စိတ္တဇဆန်တဲ့ရယ်သံမို့ ကြားမိသူတိုင်းကြက်သီးထမိမှာအသေချာဘဲ။
________
*နေလို့မကောင်းဘူးလား မြို့တော်ဝန်...*
*ကောင်းပါတယ်..*
*စိတ်ညစ်စရာရှိလို့လား....*
*ယောကျာ်းချင်းချစ်နေတာကို ဘယ်လိုမြင်လဲ ဂျော့ခ်...*
*ဗျာ.!*
တနေကုန်မှိုင်ထွေနေတဲ့မြို့တော်ဝန်ကစိတ်နဲ့ကိုယ်ကွဲကာ တယောက်ထဲအတွေးယာဉ်ထဲမျောနေသည်။သူ့ကိုမကြည့်ဘဲ မေးလာတဲ့ထူးဆန်းတဲ့စကားကြောင့် ဂျော့ခ် မှာခတ္တတော့မှင်သက်သွားသည်။မြို့တော်ဝန် ပြောတာကိုသူနားမလည်ဘူး။ဘာကိုဆိုလိုတာလဲ
*ကျွန်တော်နားမလည်ဘူး မ်ြု့တော်ဝန်...*
*ထားပါတော့ .နောက်ကျရင်သိလာလိုက်မယ်....*
*ဟုတ်ကဲ့..*
*ဒါနဲ့ အမှုကိုထပ်ပြီးစုံစမ်းပေးပါအုန်း။ဒီထက်တိကျအောင်လို့...*
*ကောင်းပါပြီ....*
သူ့စိတ်တွေရှုပ်ထွေးနေတယ်။နေရတာလည်းအဆင်မေပြဘူး။ရင်ထဲမှာမွန်းကျပ်နေပြီး တခုခုကဆွဲညှစ်ထားသလိုမျိုး ခံစားနေရတယ်။
မြို့တော်ကိစ္စတွေနဲ့၊ကလေးငယ် မိဘတွေရဲ့အမှုကို တွေးရလွန်းလို့ခေါင်းတခုလုံးပူထူနေတယ်။ကလေးငယ်ရဲ့ချစ်စရာကောင်းတဲ့အပြုမှုကိုပြန်မြင်ယောင်တိုင်း အပစ်မကင်းသလိုခံစားရတယ်
ဖေဖေသာဒီကိစ္စမှာပါနေတယ်ဆိုရင်တော့ ကလေးငယ်ကိုအားနာလွန်းလို့ သူ့ကိုသူသတ်သေမိမလားဘဲ။ဒါေပမယ့် ၄နှစ်သား ဂျီမင်ကနေ နှစ်ဆယ်ကျော်ဂျီမင်အထိ သူ့အချစ်တွေမလျော့ခဲ့ပါဘူး။တနေ့ထက်တနေ့ပိုတိုးလာခဲ့တာဘဲရှိတယ်။
ဂျောင်ဂုမျက်နှာကိုလက်ဖြင့်ပွတ်ဆွဲလိုက်ပြီး သက်ပြင်းတချက်ချလိုက်သည်။သက်ပြင်းတခါချလို့ အသက်တခါတိုတယ်ဆိုရင် သူအသက်ရှင်ပါ့တော့မလား။ဒီနေ့တရက်ထဲတောင် ဘယ်နခါချမိလဲမသိတော့ဘူး။
*ကိုကို နေရတာအဆင်မပြေဘူး ကလေးရယ်...*
*အနာဂတ်မှာကိုကိုတို့ပျော်ရွှင်ရပါ့မလား....*
တကိုယ်တည်းကြားရုံမျှပြောနေတဲ့ဂျောင်ဂုက စိတ်လွတ်နေသူပမာ မျက်ဝန်းသေဖြင့် တနေရာကိုအကြည့်ပို့ထားသည်။ အာရုံထဲပေါ်လာတဲ့ ပုံရိပ်တွေကလည်းရှုပ်ထွေးလွန်းတယ်။
_____
လေပြေညှင်းတွေတိုက်ခတ်နေတဲ့ညဦးယံကပုံမှန်ထက်ပိုပြီးတိတ်ဆိတ်နေသလိုဘဲ။လက်ဆတ်မွှေးပျံ့တဲ့ပန်းပေါင်းစုံရနံ့ကသူ့နှာခေါင်းဝကို ကျယ်စယ်လာတော့ ဂျီမင် နှစ်ခြိုက်စွာပြုံးလိုက်သည်။မီးရောင်ဖျော့ဖျော့ထွန်းထားတဲ့ အိပ်ခန်းလေးထဲမှာ တယောက်ထဲထိုင်ရင်း ပါးစပ်ကလည်းသီချင်းလေးညီးနေမိတယ်။
ပြည့်ဖောင်းတဲ့လက်ကလေးနဲ့စာရွက်အဖြူတရွက်ကိုကိုင်ကာ စားပွဲပေါ်ကိုချလိုက်တယ်။ပြီးနောက် သေးသွယ်တဲ့လက်ချောင်းလေးနဲ့ ခဲတံကိုယူလိုက်ပြီးထိုစာရွက်ပေါ်မှာရေးခြစ်လိုက်တယ်။
မျက်ခုံး,မျက်လုံးကိုအရင်ဆွဲပြီးနောက် တဖြည်းဖြည်းနဲ့မျက်နှာတခုလုံးကို ရုပ်လုံးကြွလာအောင် အာရုံစိုက်ပြီးဆွဲလိုက်တော့ ခဏလေးနဲ့ ပြီးသွားတယ်။အကြမ်းရေးဆွဲထားပေမယ့် အသက်ဝင်တဲ့လက်ရာကြောင့် ထိုလူကဘယ်သူလဲဆိုတာ တန်းသိလောက်တယ်။
*ရုပ်ဆိုးလိုက်တာ..!*
ခဲခြစ်ပန်းချီစာရွက်လေးကိုမြှောက်ကိုင်ကာ တခစ်ခစ်နဲ့ရယ်နေတဲ့ ဂျီမင်က အသိစိတ်လွတ်နေတာမဟုတ်ဘဲ နာကျဉ်းနေတယ်ဆိုတာ မျက်ဝန်းကိုကြည့်ရင်သိနိုင်ပါတယ်။အရည်လဲ့နေတဲ့ မျက်ဝန်းကျဉ်းလေးက ဝမ်းနည်းမှုကိုအတိုင်းသားပြနေတယ်။တဆက်ဆက်တုန်ရီနေတဲ့ နှုတ်ခမ်းဖူးဖူးလေးကို သွားဖြင့်ကိုက်ခဲထားပြီး လက်ထဲကပန်းချီစာရွက်လေးကို မီးနဲ့စတင်ရှို့လိုက်တယ်။တစ်စတစ်စနဲ့တောက်လောက်နေတဲ့ စာရွက်လေးက ခဏအကြာမှာဘဲ ပြာအဖြစ်ကိုရောက်သွားတော့တယ်။
*ခင်များဘဝကိုလည်း အဲလိုဖြစ်အောင်လုပ်ပေးမယ်....*
*မကြာခင်တွေ့ကြတာပေါ့....*
တစ်ယောက်ထဲပြောနေတဲ့ဂျီမင်ကို တံခါးေပါက်ကေန စိတ်မကောင်းဖြစ်ဟန်နဲ့ကြည့်နေတဲ့ သူလည်းရှိနေပြန်တယ်။
ကလေးငယ်ကပြောင်းလဲသွားခဲ့ပြီ။သူ့အနားကိုရောက်လာတိုင်း ချစ်စရာကောင်းအောင်ချွဲတက်တဲ့ကလေးငယ်က အခုလိုလည်းရက်စက်တက်သေးတာလား။ေဂျာင်ဂု အသံတိတ်မျက်ရည်ကျမိသည်
ကံကြမ္မာကဘဲ တမင်ယုတ်မာနေတာလား။ဒါမှမဟုတ် သူတို့ကဘဲဖန်တီးနေတာလား....
________
၃.၇.၂၃
Kelly
Thankful my readers 🤍
______
Zawgyi
တိတ္ဆိတ္ေနတဲ့စာဖတ္ခန္းထဲမွာ အသက္ရႈသံခပ္ျပင္းျပင္းကက်ယ္ေလာင္စြာနဲ႕ထြက္လာခဲ့သည္။စားပြဲေအာက္ကအံဆြဲနဲ႕စာအုပ္စင္ကို စိတ္ႀကိဳက္ေမႊေႏွာက္သည့္တိုင္ သူလိုခ်င္တာမရခဲ့ေပ။
စိတ္ရႈပ္စြာနဲ႕ဘဲ ဆံပင္ကိုဆြဲဖြလိုက္ၿပီးမ်က္ႏွာကိုလက္ျဖင့္အုပ္လိုက္သည္။ေဂ်ာ့ခ္ ယူလာေပးတဲ့အမႈစာ႐ြက္ထဲမွာ ေဖေဖ့နာမည္ပါေနလို႔ သူအေတာ္ေလးထိန႔္လန႔္သြားရသည္။သူ သိထားတဲ့ေဖေဖက ဒီလိုလူမ်ိဳးမွမဟုတ္တာ ။တည္ၾကည္ေျဖာင့္မတ္ၿပီး အမ်ားျပည္သူေလးစားရတဲ့လူမ်ိဳးေလ။အခုေတာ့ ကိုယ့္မ်က္လုံးကိုယ္ပင္မယုံနိုင္ျဖစ္ရသည္။
ထို႔ေၾကာင့္လည္း တိက်ခိဳင္လုံတဲ့သတင္းကိုထပ္သိရဖို႔ ေဖေဖ့အခန္းထဲကိုခိုးဝင္ခဲ့တာျဖစ္တယ္။ေဂ်ာင္ဂ်ိဳေဂ်ာင္ၾကားပါမက်န္ ႏွံ႕စပ္ေအာင္ရွာေပမယ့္ အမႈ႕နဲ႕တူတဲ့စာ႐ြက္တ႐ြက္ေလးေတာင္မေတြ႕ရေပ။ဒါဆို ေဂ်ာ့ခ္ယူခဲ့တာ သတင္းအမွားမ်ားလား။ေဂ်ာင္ဂု အေတာ္ေလးေခါင္းစားရသည္ ။
*ကိုကို..!*
မတ္တပ္ရပ္ကာခါးေထာက္ၿပီးတစ္ခန္းလုံးကို မ်က္စိကစားလိုက္ခ်ိန္ သူ႕အာ႐ုံကိုဖမ္းစားလိုက္တဲ့တစ္စုံတစ္ခုေၾကာင့္ ထိုေနရာကိုခပ္သြက္သြက္ေလးေလွ်ာက္သြားလိုက္သည္။တခုခုကိုဖုံးကြယ္ထားတာေသခ်ာတယ္ဆိုၿပီး လက္လွမ္းယူဖို႔ျပင္လိုက္ခ်ိန္မွာဘဲ အခန္းျပင္ကေနၾကားလိုက္ရတဲ့ကေလးငယ္ရဲ႕ေခၚသံေၾကာင့္ ေဂ်ာင္ဂုကိုယ္ေလးတုန္တက္သြားၿပီး လက္ကိုျပန္႐ုတ္သိမ္းလိုက္တယ္။
ဒီကိစၥကိုကေလးငယ္သိလို႔မျဖစ္ေသးဘူး။မေျပာျပခ်င္လို႔မဟုတ္ပါဘူး။မေသခ်ာမေရရာေတာ့ ကေလးငယ္ကိုစိတ္ဒုကၡမေရာက္ေစခ်င္ဘူးေလ။
*ကိုကို..!*
အိမ္ေပါက္ဝကေန အသံက်ယ္က်ယ္ျဖင့္ေခၚေနတဲ့ဂ်ီမင္က တအိမ္လုံးကိုေဝ့ၾကည့္လိုက္သည္။တိတ္ဆိတ္ေနပုံေထာက္ရင္ ေဖေဖႀကီးတို႔မရွိဘူးထင္တယ္။ထူးသံမျပဳတဲ့ကိုကိုက အိပ္ေပ်ာ္ေနတာမ်ားလား။
အေတြးနဲ႕အတူႏႈတ္ခမ္းေလးဆူကာ ေျခေဆာင့္ၿပီးအေပၚထပ္ကကိုကို႔အခန္းဆီေျပးတက္သြားေတာ့သည္။
*ကိုကို..!*
အခန္းတံခါးကိုေခါက္မေနေတာ့ဘဲ တန္းတန္းမတ္မတ္ဘဲဝင္သြားလိုက္ေတာ့ ဗလာက်င္းျဖစ္ေနတဲ့ကုတင္ထက္မွာ ေစာင္နဲ႕ေခါင္းအုန္းကလြဲၿပီးဘာမွမရွိေခ်။ေရခ်ိဳးခန္းမွာမ်ားလားဆိုၿပီး တိတ္တိတ္ေလးသြားေခ်ာင္းၾကည့္ေတာ့လည္းမရွိေပ။
*ဘယ္သြားတာလဲ..*
တေယာက္ထဲတီးတိုး႐ြတ္ေနတဲ့ဂ်ီမင္ကအလိုမက်ျဖစ္လာေတာ့ မ်က္ႏွာေလးမဲ့က်လာသည္။ေမွာင္ေနတဲ့ကိုကို႔အခန္းေလးကို အလင္းရေစရန္ ျပတင္းေပါက္ကိုဖြင့္လိုက္တာနဲ႕ သူ႕မ်က္ႏွာဆီရိုက္ခက္လာတဲ့ေလႏုေအးေလးေၾကာင့္ မႈန္ေတေတျဖစ္ေနတဲ့ၾကားကၿပဳံးလိုက္မိသည္။
*ကေလးငယ္...*
*ကိုကို.!ဘယ္သြားေနလို႔ ေခၚတာကိုမၾကားရတာလဲ..*
*လမ္းေလွ်ာက္ထြက္သြားလို႔ပါ ..*
သူ႕ကိုေတြ႕တာနဲ႕ခ်က္ခ်င္းရန္ေတြ႕လာတဲ့ ကေလးငယ္ကို ေပြ႕ဖတ္လိုက္ရင္းပိတုန္းေရာင္ဆံႏြယ္ေတြကိုနမ္းရွိုက္လိုက္ေတာ့ ၿငိမ္ၿငိမ္ေလးေနေပးသည္။သူ႕ရဲ႕လွပတဲ့မုသားကို ကေလးငယ္ကယုံသြားၿပီး ဘာမွထပ္မေမးေတာ့ေပ။ထိုမွသာ သူအသက္႐ူေခ်ာင္ေတာ့သည္။
ေဖေဖရဲ႕စာဖတ္ခန္းထဲမွာလို႔ေျပာလိုက္ရင္ ဘာသြားလုပ္တာလဲဆိုၿပီးမသိရမခ်င္းစစ္ေမးေတာ့မွာေလ ။အဲခါက်ရင္ သူကလည္းမလိမ္ခ်င္တာနဲ႕အားလုံးဖြင့္ေျပာမိမွာ။
အခုလိုေလးသူ႕စကားကိုနားေထာင္တဲ့ကေလးငယ္ကိုသနားလာသည္။ဒါေပမယ့္လည္းအျဖစ္မွန္ကိုမသိရခင္အထိေတာ့ ဆက္ၿပီးလိမ္ထားပါရေစ ကေလးငယ္။
*ေဖႀကီးကိုလည္းမေတြ႕ဘူး..*
*ေဖေဖနဲ႕ေမေမက ၿမိဳ႕ေတာ္ဝန္ေဟာင္းနဲ႕သြားေတြ႕တယ္။ကိစၥရွိလို႔ဆိုၿပီးေျပာသြားတာဘဲ...*
*ဪ...*
ကေလးလိုမ်ိဳးစပ္စုေနတဲ့ဂ်ီမင္ကကိုကို႔ရင္ခြင္ထဲကေနေခါင္းေလးေမာ့ကာ ရယ္ျပလာသည္။
ခ်စ္ရည္႐ႊန္းလဲ့ေနတဲ့ မူပိုင္မ်က္ဝန္းေလးနဲ႕ကိုကို႔ကိုညွို႔ယူလိုက္ေတာ့ ႏွာေခါင္းထိပ္ခ်င္းထိစပ္လာၿပီးသူ႕ႏႈတ္ခမ္းေလးကိုဖိကပ္နမ္းလာသည္
ကိုကို႔ရဲ႕ႏွာတံပြပြေလးကသူ႕မ်က္ႏွာအႏွံ႕ေလွ်ာက္ေျပးေနေတာ့ သေဘာတက်နဲ႕ခံယူေနလိုက္တယ္။ခ်စ္ၿပီးရင္းခ်စ္ေနရလို႔လားမသိဘူး။ကိုကိုအနားမွာဘဲ ေတာက္တဲ့ေလးတေကာင္လို တေနကုန္ကပ္ေနခ်င္ေတာ့တာ။
*ယားတယ္..!*
*ဒီရက္ပိုင္းငပ်င္းေလးလုပ္ေနတာလား ကေလးငယ္။ပန္းခ်ီဆြဲတာလည္းမေတြ႕ေတာ့ဘူး..*
*ကိုကို႔ကိုခ်စ္ေနရလို႔မအားဘူးေလ.အဲတာေၾကာင့္ပါ..*
*အတက္ေလး.!*
ကုတင္ေပၚကိုႏွစ္ေယာက္စလုံးလွဲခ်လိဳက္ၿပီး ကိုကို႔လက္ေမာင္းကိုေခါင္းအုန္းလုပ္ကာ ရင္ခြင္ထဲကို ခ႐ုေခြေလးလိုတိုးဝင္သြားေတာ့ ကိုကို႔ဆီကတိုးညွင္းတဲ့ရယ္သံေလးထြက္လာသည္။
ေသြးေၾကာစိမ္းေတြယွက္ေနတဲ့ကိုကို႔လက္ဖဝါးကိုသူ႕လက္ေလးနဲ႕ထပ္လိုက္ေတာ့ အ႐ြယ္စားကအေတာ္ေလးကြားျခားသည္။သူ႕လက္ေခ်ာင္းထိပ္ေလးဆို ကိုကို႔လက္ဆစ္ေလာက္ဘဲရွိတာ။
မနာလိုဘူး။သူလည္းကိုကို႔လိုမ်ိဳးျဖစ္ခ်င္တယ္။အရပ္ရွည္ၿပီးခႏၶာကိုယ္ေတာင့္တင္းတဲ့ကိုကိုကအရမ္းၾကည့္ေကာင္းတယ္ေလ။သူ႕လိုေသးသြယ္သြယ္ေလးမဟုတ္ဘူး။အေတြးနဲ႕အတူ တေယာက္ထဲစိတ္ေကာက္ေနမိတယ္။
လက္ညွိုးထိပ္ေလးနဲ႕ ကိုကို႔ရဲ႕ရင္ဘက္နဲ႕လက္ေမာင္းကိုတို႔စိတို႔စိလုပ္လိုက္ေတာ့ ႐ုတ္တရက္ဘဲကိုကိုကသူ႕အေပၚကေနအုံ႕မိုးလာသည္
*အသည္းယားေအာင္လုပ္ေနတာလား...*
*မင္ ဘာလုပ္လို႔လဲ ကိုကိုကလည္း...*
*ဒီအူယားစရာလက္ေခ်ာင္းေလးကို ကိုက္စားပစ္လိုက္မယ္....*
*ကိုကိုကမင့္ကိုနာက်င္ေအာင္လုပ္ရက္တယ္ေပါ့ေလ....*
မ်က္လုံးေလးကိုေပကလပ္ေပကလပ္လုပ္ကာ ႏွာေခါင္းကိုရႈံ႕ၿပီး ေျပာေနပုံကသူအသည္းမယားဘဲေနနိုင္မလား။ခ်ဳပ္တီးထားတဲ့သူ႕စိတ္ေတြကို ကေလးငယ္က ျဖည္ခ်ေနတာဘဲ ။
အေပၚစီးကေနကေလးငယ္ရဲ႕မ်က္ႏွာအစိတ္ပိုင္းတခုခ်င္းဆီကိုမ်က္ေတာင္မခတ္ဘဲစိုက္ၾကည့္ေနေတာ့ ရွက္ေသြးျဖာလာတဲ့ကေလးငယ္ရဲ႕ပါးျပင္ေလးကပန္းေရာင္ေျပးလာတယ္။
*ကို.ကို..ဖယ္ေတာ့ေလ။မင္ အသက္ရႈၾကပ္တယ္..*
*..…...*
*ကိုကို..!*
ဘာမွမေျပာဘဲ ၾကည့္ၿမဲတိုင္းၾကည့္ေနတဲ့ ကိုကို႔ကို သူလည္းစိတ္မရွည္တာနဲ႕ လည္ပင္းကေနဆြဲခ်ကာႏွာေခါင္းပြပြေလးကိုက္လိုက္ေတာ့ အား ခနဲဆိုၿပီးက်ယ္ေလာင္စြာနဲ႕ေအာ္ေတာ့သည္။
*ဘာလို႔ကိုက္တာလဲ ကေလးငယ္။နာလိုက္တာ ကြာ...*
*ေျပာေနတာကို ,ကိုကိုမွမဖယ္ေပးတာ...*
*အဲတာနဲ႕ဘဲကိုက္စရာလား .*
နာသြားတဲ့ႏွာေခါင္းထိပ္ေလးကိုပြတ္သတ္ရင္းျငဴစူစူေလးဆိုလိုက္ေတာ့ ခ်က္ခ်င္းဘဲမ်က္ရည္ဝဲသြားတဲ့ကေလးေၾကာင့္ သူ႕မွာစိတ္မဆိုးရက္ေတာ့ေပ။ခ်စ္ေတာ့လည္းအလိုလိုက္ရတာေပါ့
*အရမ္းနာသြားလား.....*
*သိခ်င္ရင္ ကေလးငယ္ကိုကိုက္ၾကည့္မယ္ေလ...*
*ကိုကိုကလည္း....*
ရင္ခြင္ထဲကိုအတင္းဖတ္တြယ္ၿပီးကုတ္တက္လာတဲ့ ဂ်ီမင္ေၾကာင့္ေဂ်ာင္ဂုလည္းၿပဳံး႐ုံမွ်သာတက္နိုင္သည္ ။သူ႕ဘဝက ခ်စ္သူရတာမဟုတ္ဘဲ ကေလးထိန္းေနရသလိုဘဲ။ ဒါကိုေတာ့ ထုတ္မေျပာရဲေပ။ကေလးငယ္ရဲ႕ ေ႐ႊစိတ္ေတာ္ေကာက္သြားမွာေၾကာက္လို႔ ၿမိဳသိပ္ထားလိုက္ေတာ့တယ္။
----------
*မႀကိဳဆိုဘဲေရာက္လာတဲ့ဧည့္သည္ဘဲ..*
*အဟက္.!အဖိုးႀကီးေနေကာင္းပါရဲ႕လား...*
*ဒါေပါ့ သူမ်ားေတြလိုမေကာင္းႀကံတဲ့စိတ္မေမြးေတာ့ က်န္းမာတာမွေဒါင္ေဒါင္ျမည္ဘဲ...*
အဖိုးမင္ေယာင္ရဲ႕ခနဲ႕တဲ့စကားေၾကာင့္တဖက္သူကမ်က္ႏွာပ်က္က်သြားသည္။ဘာမွမျဖစ္သလိုဘဲေအးေအးလူလူပင္ ေဆးတံကိုဖြာရွိုက္လိုက္ၿပီး အေငြ႕ေတြကို ထိုလူရဲ႕မ်က္ႏွာတည့္တည့္ကိုမႈတ္ထုတ္လိုက္သည္။သူ မျမင္ခ်င္တဲ့မ်က္ႏွာမို႔ ႀကိဳဆိုဖို႔မလိုဘူးေလ။
*အေျပာမႀကီးနဲ႕ အဖိုးႀကီး။ခင္မ်ားလည္းမၾကာခင္ ပတ္ခ္ခြၽဲမင္တို႔ေနာက္ကိုလိုက္ရေတာ့မွာပါ....*
*က်ဳပ္ကိုသတ္မလို႔လား..*
*မေျပာတက္ဘူးေလ..ခင္မ်ားသာအေနမတက္ရင္ က်ဳပ္လက္ကလည္းလူမေ႐ြးဘူးဆိုတာ သိထားပါ....*
*ဘယ္လိုလုပ္မလဲငါကလည္းမေၾကာက္တက္တာနဲ႕....*
စကားခ်င္းစစ္ထိုးေနတဲ့ေသြးေအးတိုက္ပြဲက တစ္စတစ္စျပင္းထန္လာခဲ့တယ္။အဖိုးမင္ေယာင္ ရဲ႕အိမ္အထိလာၿပီးသတိလာေပးေနတဲ့ထိုလူရဲ႕ ဇကမေသးဘူးဆိုတာသိတယ္ေလ။ဒါေပမယ့္ သူမေၾကာက္ပါဘူး။အမွန္တရားကိုေဖာ္ထုတ္ေပးခဲ့ၿပီးမွ ေသရမယ္ဆိုလည္း သူေသရဲတယ္။
အဓိက,က ဒီလူရဲ႕သားေရခြံကြာက်သြားဖို႔ဘဲ ။ဒါမွေနာက္လူေတြမလုပ္ရဲေတာ့မွာ
*ကိုယ္နဲ႕မဆိုင္တဲ့ကိစၥကိုဝင္မပါရင္ေကာင္းလိမ့္မယ္ ေနာ္။ဒါေနာက္ဆုံးသတိေပးျခင္းဘဲ ...*
*မင္းေျပာတဲ့အတိုင္းမလုပ္နိုင္လို႔စိတ္မေကာင္းပါဘူး...*
ေတာက္!..
ခံျပင္းေဒါသထြက္ေနတဲ့ထိုလူကိုၾကည့္ၿပီးအဖိုးက ဟက္ဟက္ပက္ပက္ရယ္လိုက္တယ္။ေလွာင္လိုက္တာဆိုပိုမွန္မယ္။သူ႕ကိုအသက္ႀကီးတယ္ဆိုၿပီးအထင္လာေသးေနတယ္။ခႏၶာကိုယ္ကသာ အ႐ြယ္က်ေနေပမယ့္ စိတ္ဓာတ္ကေတာ့သံမဏိထက္မာတယ္ဆိုတာ ထိုလူသိေအာင္ျပေပးရမယ္။
ေတာက္တခ်က္ခက္ကာ အိမ္ထဲကေနထိုလူထြက္သြားေတာ့မွ ရယ္ေနတာကိုရပ္ၿပီးမ်က္ႏွာထားျပန္တည္လိုက္တယ္။အေငြ႕မေသေသးတဲ့ေဆးတံကို လက္ျဖင့္ဖိေခ်လိဳက္ၿပီး စူးရွတဲ့အၾကည့္နဲ႕ ထိုလူရဲ႕ေက်ာျပင္ကိုစိုက္ၾကည့္လိုက္တယ္။သူ႕အိမ္ကိုသိသြားၿပီဆိုေတာ့ အေျခေနမဟန္ေတာ့ဘူးဆိုတာ သေဘာေပါက္တယ္။
*ခင္မ်ား..!ဟိုလူမဟုတ္လား...!*
႐ြာထိပ္ရဲ႕ကုကၠိဳပင္ေအာက္မွာ ထိုင္ေနတဲ့ယန္ယန္က သူ႕ေရွ႕ကိုတည့္တည့္မတ္မတ္ေလွ်ာက္လာတဲ့လူေၾကာင့္ ေၾကာက္လန႔္သြားခဲ့သည္။ဟိုတခါၿခိမ္းေျခာက္ၿပီးကတည္းကေပ်ာက္သြားတာ အခုမွျပန္ေပၚလာတယ္။
*မင္းနာမည္ ယန္ယန္လား...*
*အင္း.!ဟုတ္.ဟုတ္တယ္ ။ကြၽန္ေတာ့ကိုသိလို႔လား..*
တုန္တုန္ရီရီျဖစ္ေနတဲ့ ယန္ယန္ကေၾကာက္စိတ္ကိုေျဖေလ်ာ့ကာ ဟန္ေဆာင္အၿပဳံးေလးနဲ႕ျပန္ေျဖလိုက္ေတာ့ ထိုလူကသူ႕ကိုတခ်က္ၾကည့္ကာ ေခါင္းင္ျမ့္ျပသည္။ ဘာလဲ.!ဒီလူက..။
*ထိုင္လို႔ရတယ္မလား...*
*အင္း..ရတယ္....*
အႏၲာရာယ္အေငြ႕သက္မရတာမို႔ ယန္ယန္လည္းတဖက္ကိုေ႐ြ႕ေပးလိုက္သည္။ဦးထုတ္အဝိုင္းကိုခပ္ငိုက္ငိုက္ေလးေဆာင္းထားၿပီး ဒူးအထက္ထိရွ္ိတဲ့အနက္ေရာင္ေလာင္းကုတ္ကိုဝတ္ဆင္ထားတဲ့ ထိုလူက သာမာန္သူေတာ့မျဖစ္နိုင္ဘူး။အထက္တန္းလႊာကဘဲျဖစ္ရမယ္။
ယန္ယန္က မ်က္လုံးေလးေစြ႕ကာထိုလူကိုအကဲခတ္လိုက္သည္။သူၾကည့္ေနတာကို သိေနသည့္အလား ထိုလူကဦးထုတ္ကိုခြၽတ္ကာ သူ႕ဘက္လွည့္လာသည္။ရွင္းလင္းေသခ်ာစြာျမင္လိုက္ရတဲ့ ထိုလူရဲ႕မ်က္ႏွာေၾကာင့္ ယန္ယန္အံ့အားသင့္သြားရသည္။
*ကိုယ့္နာမည္က အဲလက္စတာပါ..*
*ဟင္..*
*ကိုယ္တို႔အရင္ကလည္းေတြ႕ဖူးတယ္ထင္တယ္....*
*ကြၽန္ေတာ့ကိုၿခိမ္းေျခာက္တဲ့လူမဟုတ္လား..*
*အင္း..*
*ဘာလို႔လဲ.!*
အဲလက္က ယန္ယန႔္အေမးကိုမေျဖဘဲ အေဝးတေနရာကိုအၾကည့္ပို႔ထားလိုက္သည္။ဂ်ီမင္ အနားမွာအရင္လိုတဝဲလည္လည္မလုပ္ေတာ့ေပမယ့္ အေဝးကေနအၿမဲတမ္းေစာင့္ၾကည့္ေနခဲ့တာ။မေကာင္းတဲ့အႀကံစီနဲ႕ေတာ့မဟုတ္ပါဘူး။ကိုယ္ခ်စ္ရသူရဲ႕မ်က္ႏွာေလးကို ေငးၾကည့္ခ်င္လို႔ေလ။
သူ႕ႏွလုံးသားကသူ႕လိုဘဲေခါင္းမာပုံရတယ္။ဂေရ႕စ္ လိုမိန္းမလွေလးေတာင္မတိုးတဲ့သူ႕ႏွလုံးသားက ဂ်ီမင္ကိုေတာ့အ႐ူးမူးျဖစ္ေနမိတယ္။ဒီဘဝမွာ မပိုင္ဆိုင္ရရင္ေတာင္ ေနာက္သံသရာ တေကြ႕ေကြ႕မွာျပန္ဆုံခဲ့ရင္ ပိုင္ဆိုင္ခြင့္ရခ်င္ပါတယ္ဆိုၿပီး တိတ္တဆိတ္ဆုေတာင္းေနမိတယ္။
တေန႕သူ ဂ်ီမင္အေနာက္ကိုလိုက္ေနတုန္း ဒီေကာင္ေလးရဲ႕မူမမွန္တဲ့အျပဳမႈကို သတိထားမိသြားတယ္။သူ႕လိုဘဲ ဂ်ီမင္အေနာက္ကိုလိုက္ေနတယ္ေလ။ဒါေၾကာင့္လည္း သူ ယန္ယန႔္ကိုၿခိမ္းေျခာက္ခဲ့တယ္။သို႔ေပမယ့္ ဒီေကာင္ေလးကဇြဲမေလ်ာ့ဘဲ ရက္ျခားတခါ လိုက္ေနျပန္တယ္။
ဂ်ီမင္ကိုမနာလိုမုန္းတီးသူေတြမရွိတာမို႔ ဒီေကာင္ေလးကိုပိုၿပီးသံသယဝင္မိတယ္။ဘာေၾကာင့္လိုက္ေနတာလဲဆိုၿပီး စုံစမ္းၾကည့္ေတာ့ ၿမိဳ႕ထဲမွာလက္ေကာက္ေတြေရာင္းတဲ့အဖိုးရဲ႕ေျမးဆိုတာသိခဲ့ရတယ္။
အဲဒီ့ေနာက္ အဖိုးေနတဲ့ေတာင္ပိုင္းအထိသူလိုက္သြားခဲ့တာ။တလေလာက္အထိ ဂ်ီမင္ကိုဘာအႏၲာရာယ္မွျပဳတဲ့လကၡာဏာမေတြ႕ေတာ့မွ သူလည္းအခုလိုလူလုံးထြက္ျပလိုက္တာ။
*ဂ်ီမင္ကိုမေကာင္းႀကံတဲ့သူျဖစ္မွာဆိုးလို႔ေလ....*
ခဏအၾကာမွ အဲလက္ဆီကတိုးညွင္းတဲ့အသံေလးထြက္လာသည္။ယန္ယန္ ဟြန႔္ခနဲႏွာမႈတ္သံထြက္လိုက္သည္။သူ႕႐ုပ္က အဲလိုပုံစံေပါက္ေနလို႔လား ။ဒီေလာက္ၾကည့္ေကာင္းေနတာကို။ေတာင္ပိုင္းကမိန္းမပ်ိဳေတြအားလုံးက ယန္ယန္မွ ယန္ယန္ျဖစ္ေနတာ။ဒါကို ဒီလူကေတာ့ေလ ..!။
လူအကဲခတ္ညံ့လိုက္တာ။ယန္ယန္စိတ္ထဲႀကိတ္မနိုင္ခဲမရျဖစ္ၿပီး ပါးစပ္ကလည္းအဲလက္မၾကားေအာင္ တီးတိုးဆိုေနမိသည္။
*အခုေရာ ဘာလို႔လာတာလဲ..!*
*ဂ်ီမင္ မိဘေတြရဲ႕အမႈကိုစုံစမ္းေနတယ္ဆို.*
ဘယ္လိုသိတာလဲဆိုတဲ့အေမးကိုယန္ယန္ကမ်က္လုံးေလးျပဴးကာ အသံတိတ္ေမးလိုက္သည္ ။သူ႕အေနာက္ကိုလိုက္ေနတာ ဒါေၾကာင့္လား။ဒီလူကတကယ္မလြယ္တာဘဲ။သူ႕ကိုၿခိမ္းေျခာက္တာအားမရေသးလို႔ အခုအမႈအထိပါ ...သိေနျပန္ပီ.။
*ကိုယ္ကို႔မေကာင္းတဲ့သူလို႔ထင္ေနတာလား..*
*အမွန္ဘဲေလ.!ခင္မ်ားလည္းကြၽန္ေတာ့ကိုအဲလိုဘဲထင္ခဲ့တာမလား.!*
*ေနပါအုန္း..ခင္မ်ားကဘာလို႔ဒီအေၾကာင္းကိုလာေမးေနတာလည္း။ေနာက္ၿပီး ဂ်ီမင္အနားကိုမကပ္နဲ႕ဆိုၿပီး ဘာလို႔ေျပာခဲ့တာလည္း...*
ယန္ယန္ကေဒါသသံနဲ႕မနားတမ္းေမးလိုက္ေတာ့ အဲလက္ကဟက္ခနဲဆိုၿပီးတခ်က္ရယ္ကာ ေခါင္းခါလိုက္သည္။ဒီေကာင္ေလးက ငစြာေလးဘဲ။
*ဂ်ီမင္ကိုသေဘာက်ေနလို႔ေလ...*
*ဟမ္.!*
*အဲေတာ့သူ႕အနားကိုကပ္လာတဲ့သူကို လူဆိုးလား၊လူေကာင္းလားဆိုၿပီး ကိုယ္ကခြဲျခားေပး႐ုံပါဘဲ...*
*အံ့ဩလိုက္တာ.!*
*ဘာကိုလဲ..*
*ဂ်ီမင္ကိုသေဘာက်တယ္ဆိုလို႔ေလ .*
*ေယာက်ာ္းအခ်င္းခ်င္းဆိုၿပီး အထင္ေသးသြားတာလား..*
*အဲလိုမဟုတ္ေပမယ့္.!အဟမ္း..!ဘယ္လိုေျပာရမလဲ...*
*ကိုယ္နားလည္ပါတယ္။ဒီမွာကအဲလိုမ်ိဳးေတြလက္မခံနိုင္ဘူးဆိုတာ။ဒါေပမယ့္ လူသားအခ်င္းခ်င္းခ်စ္ႀကိဳက္တာလို႔ဘဲ ျမင္ေပးရင္အဆင္ေျပပါတယ္....*
အခုမွသိတဲ့လူတေယာက္ကို ယုံယုံၾကည္ၾကည္နဲ႕ အဲလက္ ရင္ဖြင့္ေနမိတယ္။ယန္ယန္ကေတာ့ ဘာမွမေျပာေတာ့ဘဲ ေခါင္းၿငိမ့္႐ုံဘဲတက္နိုင္တယ္။
ဂ်ီမင္ကလည္းဒီအေၾကာင္းကိုတခါမွမေျပာဖူးေတာ့ သူအံ့ဩသြားတာေပါ့။သူကေတာ့ ရႈံ႕ခ်တယ္လည္းမဟုတ္သလို၊လက္ခံေပးတယ္လို႔လည္းမဟုတ္ဘူး။အရာရာကိုအေကာင္းျမင္စိတ္ေမြးၿပီး အဲလက္ေျပာသလိုဘဲ လူအခ်င္းခ်င္းခ်စ္တာလို႔ျဖည့္ေတြးေပးလိုက္တယ္။
*ဒါေတြဘာလို႔ကြၽန္ေတာ့ကိုေျပာျပေနတာလဲ...*
*ကြၽန္ေတာ္ကႏႈတ္မလုံတဲ့သူျဖစ္ေနရင္ေရာ...*
*မင္းကအဲလိုလူမဟုတ္ဘူးဆိုတာ ကိုယ္သိတယ္ေလ....*
အဲလက္ကတကယ္ထူးဆန္းတယ္။သူ႕စိတ္ကိုဖတ္တက္ေနတာလား။ဒါမွမဟုတ္ အၾကားျမင္ရေနတာလား။
*ဒီလိုဆို ကိုယ့္ကိုအမႈအေၾကာင္းေျပာျပလို႔ရၿပီလား...*
*သိၿပီးရင္ ခင္မ်ားကဘာလုပ္ဖို႔လဲ..*
*ကိုယ္လည္းတက္နိုင္သေလာက္ကူညီေပးမယ္ေလ.....*
*တကယ္လား..*
*ေယာက်ာ္းစကားပါ..*
ယန္ယန္ခဏေတာ့ေတြေဝသြားသည္။လူတကာကိုလိုက္ေျပာလို႔မရတဲ့ကိစၥမို႔ အဲလက္ကိုယုံသင့္/မသင့္စဥ္းစားလိုက္သည္။ဒါေပမယ့္ အဲလက္လိုအထက္တန္းလႊာကလူတေယာက္အေနနဲ႕ သူတို႔အတြက္အမ်ားႀကီးအကူညီရမယ္လို႔ေတာ့ထင္တယ္။ေနာက္ဆုံး ယန္ယန္လည္းဘာမွေတြးေတာမေနေတာ့ဘဲ တေယာက္ထဲဆုံးျဖတ္ခ်က္ခ်လိဳက္တယ္။
*ေကာင္းၿပီေလ။ဒါေပမယ့္ ခင္မ်ားကတိေတာ့တည္ပါေစ...*
*အင္း..*
ေဖေဖ့ဆီကေနၾကားဖူးနားဝရွိေနတဲ့ ဂ်ီမင္မိဘေတြရဲ႕အေၾကာင္းကသူသိထားသလိုမ်ိဳးမဟုတ္ဘူးဆိုတာ စုံစမ္းသိရွိခဲ့တယ္။ေနာက္ကြယ္မွာ ႀကိဳးကိုင္သူရွိရမယ္။ထိုလူေတြကလည္း ရာထူး၊အာဏာႀကီးတဲ့သူဘဲျဖစ္မယ္။
သူဒီအမႈကိုအေတာ္ေလးစိတ္ဝင္စားေနတာ။ေဖေဖသိရင္ခြင့္ျပဳမွာမဟုတ္လို႔ အခုလို ယန္ယန္ဆီလာၿပီးေမးျမန္းရတာေလ။ဂ်ီမင္ကသူခ်စ္ရတဲ့သူမို႔ ကူညီေပးခ်င္တယ္။ဂ်ီမင္ကျပန္မခ်စ္ေပမယ့္ အနည္းဆုံးေတာ့ သူ႕အခ်စ္ကိုအသိမွတ္ျပဳေပးရင္ေတာ္ပါပီ။
______
အိမ္ေဘးမွာစနစ္တက်စိဳက္ပ်ိဳးထားတဲ့သစ္ခြပန္းပင္ေလးကို ေရခရားေလးျဖင့္ပတ္ဖ်န္းေနတဲ့ ဂေရ႕စ္က ႐ႊင္လန္းတက္ႂကြေနသည္။အသည္းကြဲတဲ့ေဝဒနာကို တေယာက္ထဲႀကိတ္မွိတ္ကာ ကုသၿပီးလို႔အနာက်က္ခါစဘဲရွိပါေသးတယ္။
သို႔ေပမယ့္ စိတ္ေထာင္းလို႔ကိုယ္ေၾကဆိုသလို၊နာက်င္ရမယ့္အရာကိုမေတြးေတာ့ဘဲ ကိုယ္ေပ်ာ္႐ႊင္ဖို႔ကိုသာအဓိကထားလိုက္သည္။အခုေတာ့ ေနသားတက်ျဖစ္လာပါၿပီ။အဲလက္ ကိုလည္းအရင္လိုဘဲ အျဖဴေရာင္ခ်စ္ျခင္းနဲ႕အကိုတေယာက္လိုမ်ိဳးသေဘာထားနိုင္ေအာင္ႀကိဳးစားေနတယ္။
ဘဝမွာအခ်စ္ဦးကေတာ့ရွ္ိၾကတယ္မဟုတ္လား။အဲလက္ကသူ(မ)ရဲ႕အခ်စ္ဦးဘဲေလ ။မေပါင္းဖတ္ရေေပမယ့္ ခ်စ္ခဲ့တယ္ေပါ့။ဒါပါဘဲ.....
*မမေလး ဧည့္သည္ေရာက္ေနတယ္..*
*ဘယ္သူလဲ..*
*ဂ်ီမင္လို႔ေျပာတယ္ မမေလး...*
အိမ္အကူမိန္းကေလးစကားေၾကာင့္ ဂေရ႕စ္လည္းလက္ထဲကေရခရားကို ပစ္ခ်ကာ ဂါဝန္ရွည္ကို မ,ၿပီးအိမ္ထဲကိုေျပးဝင္သြားေတာ့တယ္။ထူးထူဆန္းဆန္း ဂ်ီမင္ကသူ(မ)အိမ္ကိုလာတယ္တဲ့လား။
အံ့ဩမႈနဲ႕အတူဝမ္းသာစိတ္ကဒြန္တြဲပါလာၿပီး မ်က္ႏွာထက္ကအၿပဳံးေတြကဖုံးမနိုင္၊ဖိမရျဖစ္သြားသည္။ဂ်ီမင္ကိုေတာ့ သူ(မ)တအားခင္တာေလ။
*ဂ်ီမင္.!ဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ..*
*ကိုကိုလာပို႔တာ...*
ဧည့္ခန္းထဲမွာၿငိမ္ၿငိမ္ေလးထိုင္ေနတဲ့ဂ်ီမင္က သူ(မ)ကိုေတြ႕ေတာ့ သြားတန္းေလးေပၚသည္အထိရယ္ျပလာသည္။
*အင့္.!ထမင္းေပါင္းဝယ္ခဲ့ေပးတယ္...*
*အားနာစရာ ဂ်ီမင္ရယ္။ဘာလို႔ဝယ္ခဲ့တာလဲ..*
*မစားဘူးလား ေျပာ.!*
*စားမွာေပါ့။ဂ်ီမင္ကေစတနာနဲ႕ဝယ္လာေပးတာကို..*
႐ြံ႕ေနာက္ေနာက္ေလးေျပာလာတဲ့ ဂေရ႕စ္ကဂ်ီမင္ဝယ္ခဲ့ေပးတဲ့ထမင္းေပါင္းကိုခ်က္ခ်င္းဘဲစားလိုက္ေတာ့တယ္။အရင္တခါတုန္းသူ(မ)ရယ္၊အဲလက္၊ဂ်ီမင္တို႔နဲ႕အတူတူသြားစားခဲ့တဲ့ဆိုင္ကဘဲထင္တယ္။လက္ရာကေတာ့ေကာင္းၿမဲေကာင္းဆဲဘဲ။
*ေျဖးေျဖးစားပါ .*
*စားေကာင္းလို႔...*
ထမင္းလုပ္ကိုဝါးရင္းပလုံးပေထြးျပန္ေျဖလာတဲ့ ဂေရ႕စ္ကိုၾကည့္ၿပီးဂ်ီမင္ေခါင္းခါလိုက္သည္။သူမ်ားေတြနဲ႕ဆို သူ(မ)ကဘယ္လိုေနလဲမသိေပမယ့္ သူနဲ႕ဆိုရင္ေတာ့ေပါ့ေပါ့ပါးပါးဘဲေနတာေတြ႕ရတယ္။ပြင့္လင္းၿပီးေတာ့ စိတ္ထားေကာင္းတယ္ေလ။သူ(မ)အေဖနဲ႕ေတာ့ကြာပါ့။
*ဒါနဲ႕ ဂ်ီမင္ကဂေရ႕စ္ဆီအလည္သက္သက္ဘဲလား...*
*အင္း.. အဲလိုဘဲဆိုပါေတာ့...*
*ဂ်ီမင္စကားႀကီးကလည္း...*
ဂ်ီမင္ကႏွာေခါင္းေလးကိုရႈံ႕ကာခ်စ္စရာေကာင္းေအာင္ေျပာလာသည္ ။ရွင္းလင္းေနတဲ့မ်က္ႏွာေလးက အကိုေဂ်ာင္ဂု ခ်စ္မယ္ဆိုလည္းခ်စ္ခ်င္စရာဘဲေလ။သူ(မ)ေတာင္တခါတေလ အသည္းယားေနတာကို။အကိုဆိုရင္ ေျပာမေနပါနဲ႕ေတာ့။သူ(မ)ေတြးၾကည့္႐ုံနဲ႕တင္ ၾကည္ႏူးမိသည္။
ကိုယ္ခ်စ္တဲ့သူနဲ႕ထပ္တူၾကတဲ့ခ်စ္ျခင္းတရားကိုရထားေတာ့ မေပ်ာ္ဘဲေနမလား။ဂ်ီမင္အေၾကာင္းေတြးလိုက္တာနဲ႕ အဲလက္ရဲ႕ပုံရိပ္ပါ သူ(မ)အာ႐ုံထဲေပၚလာခဲ့တယ္။မလြမ္းခ်င္ပါဘူးဆို.!.။
မ်က္လုံးကိုမွိတ္ကာေခါင္းကိုခါပစ္လိုက္တယ္။ထြက္စမ္း.!။အေတြးထဲကေရာ၊ႏွလုံးသားထဲကပါ အၿပီးပိုင္ထြက္သြား.!။
*စားလို႔မေကာင္းလို႔လား ဂေရ႕စ္..*
*ထြက္သြား.!*
*ဟင္..!*
*ဟင္.!*
ၿပိဳင္တူထြက္လာတဲ့အာေမဋိတ္အသံေၾကာင့္ႏွစ္ေယာက္သားတေယာက္မ်က္ႏွာတေယာက္ၾကည့္လိုက္ၾကသည္။ဂေရ႕စ္ကေခါင္းခါေနေတာ့ စားလို႔မေကာင္းဘူးထင္ၿပီး ဂ်ီမင္ကေမးတာကို ထြက္သြားဆိုေတာ့ သူ႕မွာေၾကာင္အအ ျဖစ္ေနတာေပါ့။
ဂေရ႕စ္ကလည္း သူ(မ)ေတြးေနရာကေန ႐ုတ္တရက္ဂ်ီမင္ကထေမးေတာ့ ေယာင္ရမ္းၿပီးပါးစပ္ကထြက္သြားတာ။တကယ္ကိုအလြဲေကာင္းပါဘဲ
*မဟုတ္ဘူး.!ဂ်ီမင္ကိုေျပာတာမဟုတ္ဘူးေနာ္။ဂေရ႕စ္ ေယာင္သြားတာ...*
*အင္း...အင္း .*
*စိတ္မဆိုးပါနဲ႕ ဂ်ီမင္ရယ္။ဂေရ႕စ္ တကယ္အေတြးလြန္သြားလို႔ပါ..*
*အင္းပါ မင္ စိတ္မဆိုးပါဘူး...*
ဂ်ီမင္မ်က္ႏွာေလးညိုးသြားေတာ့ ဂေရ႕စ္လည္းစားလက္စကို ရပ္ကာ အိမ္အကူမိန္းကေလးကိုသိမ္းဆည္းခိုင္းလိုက္သည္။အခုမွေရာက္လာတဲ့ ဧည့္သည္ကိုမ်က္ႏွာပ်က္ေအာင္လုပ္ရတယ္လို႔။
ဂေရ႕စ္ ကိုယ့္ကိုကိုယ္အပစ္တင္ရင္း ဂ်ီမင္ကိုအစြမ္းကုန္ရယ္ျပလိုက္သည္။
*ဂေရ႕စ္တို႔ၿခံထဲသြားၾကမလား...*
*ေကာင္းတာေပါ့...*
ေရာင္စုံပြင့္ေနတဲ့သစ္ခြပန္းေတြကိုေတြ႕ေတာ့ဂ်ီမင္ မေနနိုင္ေတာ့ဘူး။အေျပးသြားၿပီးေမႊးၾကဴလိုက္ေတာ့တယ္။သူစိုက္ထားသလိုမ်ိဳးဘဲ အိုးေလးေတြနဲ႕ေသေသသပ္သပ္စိုက္ထားတဲ့ပန္းေတြက ၿခံေဒါင့္မွာအစီရီခ်ထားတယ္။
ဖူးသစ္စႏွင္းဆီရဲရဲေလးကိုလက္နဲ႕တို႔ထိလိုက္ၿပီးသေဘာတက်နဲ႕ၿပဳံးလိုက္တယ္။သူအႀကိဳက္ဆုံးပန္းေလ။
*ပန္းေတြအမ်ားႀကီးဘဲေနာ္ ဂေရ႕စ္..*
*ဂ်ီမင္ စိုက္ထားတာေလာက္ေတာ့မမ်ားပါဘူး ...*
*မင္ သေဘာက်တယ္...*
ကေလးလိုမ်ိဳး ဟို၊ဒီေလွ်ာက္ေျပးေနတဲ့ ဂ်ီမင္ကတကယ့္ကိုေအးခ်မ္းရာရပ္ဝန္းေလးဘဲ။သူေပ်ာ္ရာကိုလုပ္ေနရရင္ ေလာကႀကီးကိုေတာင္ေမ့ေနတက္တယ္လို႔ အကိုတခါေျပာဖူးတယ္။တကယ္လည္း ဟုတ္ေနတာဘဲကို။အခုေတာင္ သူ(မ)ကိုစကားမေျပာေတာ့ဘူး။ရွိသမွ်ပန္းေတြကိုၾကည့္ၿပီး ၿပဳံးေပ်ာ္ေနတာ။
*ေမေမတို႔ျပန္လာၿပီ...*
အိမ္ၿခံထဲကိုဝင္လာတဲ့ဂ်စ္ကားသံေၾကာင့္ ဂေရ႕စ္က ဂါဝန္ရွည္ကိုမ,ကာ ဂ်ီမင္ကိုလွမ္းေျပာလိုက္သည္။ႏွင္းဆီပြင့္ဖတ္ကိုကိုင္ဖို႔လုပ္ေနတဲ့ဂ်ီမင္လက္ေလးက သူ(မ)စကားေၾကာင့္ရပ္တန႔္သြားသည္။အၿပဳံးသည္လည္းထိုနည္း၎ဘဲ။မ်က္ႏွာကခ်က္ခ်င္းတည္သြားၿပီး မဲ့ၿပဳံးတခ်က္ၿပဳံးကာ ဂေရ႕စ္ရဲ႕မိဘေတြကိူစိုက္ၾကည့္လိုက္သည္။
*ဘာလုပ္ေနတာလဲ သမီး..*
*ဂ်ီမင္ေရာက္ေနလို႔စကားေျပာေနတာ ..*
သူ(မ)အေဖနဲ႕အရင္လိုျပန္ျဖစ္သြားသည္။လက္ထပ္ပြဲကိုဖ်က္သိမ္းလိုက္လို႔ ေဖေဖကသူ(မ)ကိုစိတ္မဆိုးပါဘူးဆိုၿပီး ေခ်ာ့ျမဴလာတယ္ေလ။ေနာက္ဆိုဘာဘဲျဖစ္ျဖစ္သူ(မ) သေဘာတိုင္းဘဲျဖစ္ေစရမယ္တဲ့။သူ(မ)မႀကိဳက္တာကိုလည္း အတင္းၾကပ္မလုပ္ခိုင္းေတာ့ပါဘူးဆိုၿပီး ကတိေပးလာတယ္။
*ဂ်ီမင္ကဘယ္သူလဲ..*
*မ္ျု႔စားမင္းရဲ႕ေမြးစားသားေလ...*
ေဖေဖကၿမိဳ႕ေတာ္ဝန္ေဟာင္းနဲ႕ေတြ႕ဆုံပြဲရွိတယ္ဆိုၿပီး ေမေမ့ကိုပါေခၚသြားတာ။သူ(မ)ကိုလည္းလိုက္ဖို႔ေခၚပါေသးတယ္။နိုင္ငံေရးအႀကီးကဲေတြဘဲမို႔ စိတ္ရႈပ္လို႔မလိုက္သြားတာ။ဟိုေရာက္ရင္လည္းဟန္ေဆာင္မ်က္ႏွာဖုံးတပ္ၿပီးၿပဳံးရယ္ျပရအုန္းမွာ။သူ(မ)ကအဲလိုစိတ္က်ဥ္းက်ပ္တဲ့ေနရာေတြကိုမႀကိဳက္ဘူး
*ဟုတ္လား.!။ေမေမ သိပ္မမွတ္မိဘူးျဖစ္ေနတယ္။အိမ္ထဲေခၚခဲ့ေလ...*
*ဟုတ္..*
ေမေမကေျပာၿပီးအိမ္ထဲဝင္သြားေတာ့သည္။သေဘာေကာင္းတဲ့ ေမေမကဂ်ီမင္ကိုခ်စ္သြားမွာေသခ်ာတယ္။
*ဂ်ီမင္ အိမ္ထဲဝင္ရေအာင္....*
*အင္း.လာၿပီ....*
ကားေပၚကဆင္းကတည္းကဂ်ီမင္ဆိုတဲ့အသံၾကားလိုက္တာနဲ႕ အရာရွိႀကီးရဲ႕မ်က္ႏွာမည္းက်သြားခဲ့တယ္။ေသြးပ်က္လာၿပီးတေယာက္ထဲေျခာက္ျခားေနတဲ့ အရာရွိႀကီးကထိုေနရာမွာဘဲ ၾကက္ေသေသေနတယ္။
ဂ်ီမင္ကသူ႕အိမ္ထိေရာက္လာေတာ့ မဟုတ္တာလုပ္ထားတဲ့သူကေၾကာက္ေနတာေပါ့။မ်က္စံကိုဟို၊ဒီေ႐ြ႕လ်ားေနၿပီး ဂဏာမၿငိမ္ျဖစ္ေနတဲ့အရာရွိႀကီးအနားကို ဂ်ီမင္ကတလွမ္းခ်င္းစီေလွ်ာက္သြားလိုက္တယ္။
*ေတြ႕ရတာဝမ္းသာပါတယ္ အရာရွိႀကီး...။ဂ်ီမင္ပါ....*
*........*
*မမွတ္မိဘူးထင္တယ္ ...*
ဂ်ီမင္ကမ်က္ခုံးေလးကိုပင့္ကာ မခို႔တရို႔ေလးၿပဳံးျပလိုက္ေတာ့ အရာရွိႀကီးကအံ့ကိုႀကိတ္ကာ လက္တဖက္ကမ္းေပးလာတယ္။နည္းနည္းေလးေတာင္ဟန္မေဆာင္နိုင္ပါလား။ဒီေလာက္ထိသ႐ုပ္ပ်က္ေနပုံေထာက္ရင္ မၾကာခင္တရားခံကိုဖမ္းမိေတာ့မယ္နဲ႕တူတယ္။
*ဂ်ီမင္ေလး .လာ ထိုင္..*
*ဟုတ္..*
*ငယ္ငယ္ကဘဲေတြ႕ဖူးတာ။ႀကီးလာေတာ့ အန္တီလည္း ၿမိဳ႕စားမင္းအိမ္ဘက္မေရာက္ျဖစ္ေတာ့ သားနဲ႕မဆုံေတာ့တာ..*
*သားကငယ္႐ုပ္ေလးအတိုင္းဘဲ ။ခ်စ္စရာေကာင္းတယ္...*
*ေက်းဇူတင္ပါတယ္.*
ဂေရ႕စ္ရဲ႕အေမကေဖာ္ေ႐ႊစြာနဲ႕ သူ႕ကိုႀကိဳဆိုေပမယ့္ တေယာက္ထဲကမာၻပ်က္ေနတဲ့ အရာရွိႀကီးကေတာ့ နားခ်င္လို႔ဆိုၿပီးအခန္းထဲကိုဝင္သြားတယ္။ဂ်ီမင္ ဟက္ခနဲပင္ရယ္မိသြားတယ္။သူမ်ားအသိုက္ၿမဳံကိုဖ်က္စီးတုန္းက ေၾကာက္ရမွန္းမသိဘူးနဲ႕တူတယ္။ကိုယ့္အလွည့္ေရာက္လာမွ ဒူးတုန္ေနတယ္။
စိတ္ခ်ပါ ..ေမေမနဲ႕ေဖေဖအတြက္တရားမွ်တမႈကို သားကိုယ္တိုင္ရွာေဖြေဖာ္ထုတ္ေပးမယ္။
*ဂ်ီမင္ကပန္းခ်ီဆရာေလ ေမေမ။ဟိုတခါသမီးကိုလက္ေဆာင္ေပးလိုက္တဲ့ကားခ်ပ္ေလးေပါ့...*
*ဟုတ္လား။သားကေတာ္လိုက္တာ..အန္တီသေဘာက်တယ္...*
*အဲေလာက္လည္းမဟုတ္ပါဘူး။မင္ ဝါသနာပါတဲ့အလုပ္ကိုလုပ္႐ုံေလးပါ...*
*မဟုတ္တာဘဲ။ဒီေလာက္ထိေတာ္ေနတာကို ...*
ရယ္သံလြင္လြင္နဲ႕ စကားလက္ဆုံၾကေနတဲ့ ဂ်ီမင္တို႔ကို အခန္းထဲကေနနားစြင့္ေနတဲ့အရာရွိႀကီးကေတာက္တခပ္ခပ္နဲ႕ေဒါသထြက္ေနတယ္။
အခန္းထဲမွာေခါက္တုန႔္ေခါက္ျပန္ေလွ်ာက္ကာ စဥ္းစားခန္းဖြင့္ေနသည္။ေကာင္းေတာ့အႀကံစဥ္ေတာ့မဟုတ္ေပ။ဂ်ီမင္ကို ခင္တုံးတုံးကေလးတေယာက္ဆိုၿပီးေတြးထားတာေလ။အေနေအးတယ္၊ေဘးလူေတြနဲ႕အေရာတဝင္မရွိဘူး၊သူတို႔ေျပာသမွ်ကိုယုံတယ္ဆိုၿပီး ပိုင္ေသတြက္ထားသမွ် အခုေတာ့တက္တက္စင္ေအာင္လြဲေတာ့တာဘဲ
*ပတ္ခ္ခြၽဲမင္တို႔နဲ႕တခါထဲမထည့္ေပးလိုက္ရတာ ေနာင္တရတယ္....*
*မေလာက္ေလးမေလာက္စား ကေလးကငါ့ကိုစိန္လာေခၚေနတယ္...*
တေယာက္ထဲေရ႐ြတ္ေနတဲ့အရာရွိႀကီးက နံရံနဲ႕တြဲလ်က္ျဖစ္တဲ့လွ်ို႔ဝွက္တံခါးကိုတြန္းဖြင့္ၿပီးဝင္သြားတယ္။ဒီအခန္းရွိတယ္ဆိုတာ သမီးနဲ႕ဇနီးေတာင္မသိၾကဘူး။စာဖတ္ခန္းနဲ႕တြဲလ်က္ျဖစ္တာေၾကာင့္လည္းပါမည္။သူ႕အခန္းထဲကိုမည္သူကမွ ေတာ္႐ုံမဝင္ရဲဘူးေလ။
အခန္းထဲကိုေရာက္တာနဲ႕ တရားမဝင္ဝယ္ယူထားတဲ့ လက္နက္တခ်ိဳ႕ကိုထုတ္ယူလိုက္သည္။ မသုံးတာၾကာၿပီျဖစ္လို႔ ဖုန္မႈန႔္တခ်ိဳ႕ကပ္တြယ္ေနတဲ့လက္နက္ေတြကို အဝတ္စျဖင့္သုတ္လိုက္ၿပီး ေျခာက္ကပ္ကပ္ ရယ္လိုက္သည္။စိတၱဇဆန္တဲ့ရယ္သံမို႔ ၾကားမိသူတိုင္းၾကက္သီးထမိမွာအေသခ်ာဘဲ။
________
*ေနလို႔မေကာင္းဘူးလား ၿမိဳ႕ေတာ္ဝန္...*
*ေကာင္းပါတယ္..*
*စိတ္ညစ္စရာရွိလို႔လား....*
*ေယာက်ာ္းခ်င္းခ်စ္ေနတာကို ဘယ္လိုျမင္လဲ ေဂ်ာ့ခ္...*
*ဗ်ာ.!*
တေနကုန္မွိုင္ေထြေနတဲ့ၿမိဳ႕ေတာ္ဝန္ကစိတ္နဲ႕ကိုယ္ကြဲကာ တေယာက္ထဲအေတြးယာဥ္ထဲေမ်ာေနသည္။သူ႕ကိုမၾကည့္ဘဲ ေမးလာတဲ့ထူးဆန္းတဲ့စကားေၾကာင့္ ေဂ်ာ့ခ္ မွာခတၱေတာ့မွင္သက္သြားသည္။ၿမိဳ႕ေတာ္ဝန္ ေျပာတာကိုသူနားမလည္ဘူး။ဘာကိုဆိုလိုတာလဲ
*ကြၽန္ေတာ္နားမလည္ဘူး မ္ျု႔ေတာ္ဝန္...*
*ထားပါေတာ့ .ေနာက္က်ရင္သိလာလိုက္မယ္....*
*ဟုတ္ကဲ့..*
*ဒါနဲ႕ အမႈကိုထပ္ၿပီးစုံစမ္းေပးပါအုန္း။ဒီထက္တိက်ေအာင္လို႔...*
*ေကာင္းပါၿပီ....*
သူ႕စိတ္ေတြရႈပ္ေထြးေနတယ္။ေနရတာလည္းအဆင္မေျပဘူး။ရင္ထဲမွာမြန္းက်ပ္ေနၿပီး တခုခုကဆြဲညွစ္ထားသလိုမ်ိဳး ခံစားေနရတယ္။
ၿမိဳ႕ေတာ္ကိစၥေတြနဲ႕၊ကေလးငယ္ မိဘေတြရဲ႕အမႈကို ေတြးရလြန္းလို႔ေခါင္းတခုလုံးပူထူေနတယ္။ကေလးငယ္ရဲ႕ခ်စ္စရာေကာင္းတဲ့အျပဳမႈကိုျပန္ျမင္ေယာင္တိုင္း အပစ္မကင္းသလိုခံစားရတယ္
ေဖေဖသာဒီကိစၥမွာပါေနတယ္ဆိုရင္ေတာ့ ကေလးငယ္ကိုအားနာလြန္းလို႔ သူ႕ကိုသူသတ္ေသမိမလားဘဲ။ဒါေပမယ့္ ၄ႏွစ္သား ဂ်ီမင္ကေန ႏွစ္ဆယ္ေက်ာ္ဂ်ီမင္အထိ သူ႕အခ်စ္ေတြမေလ်ာ့ခဲ့ပါဘူး။တေန႕ထက္တေန႕ပိုတိုးလာခဲ့တာဘဲရွိတယ္။
ေဂ်ာင္ဂုမ်က္ႏွာကိုလက္ျဖင့္ပြတ္ဆြဲလိုက္ၿပီး သက္ျပင္းတခ်က္ခ်လိဳက္သည္။သက္ျပင္းတခါခ်လိဳ႕ အသက္တခါတိုတယ္ဆိုရင္ သူအသက္ရွင္ပါ့ေတာ့မလား။ဒီေန႕တရက္ထဲေတာင္ ဘယ္နခါခ်မိလဲမသိေတာ့ဘူး။
*ကိုကို ေနရတာအဆင္မေျပဘူး ကေလးရယ္...*
*အနာဂတ္မွာကိုကိုတို႔ေပ်ာ္႐ႊင္ရပါ့မလား....*
တကိုယ္တည္းၾကား႐ုံမွ်ေျပာေနတဲ့ေဂ်ာင္ဂုက စိတ္လြတ္ေနသူပမာ မ်က္ဝန္းေသျဖင့္ တေနရာကိုအၾကည့္ပို႔ထားသည္။ အာ႐ုံထဲေပၚလာတဲ့ ပုံရိပ္ေတြကလည္းရႈပ္ေထြးလြန္းတယ္။
_____
ေလေျပညွင္းေတြတိုက္ခတ္ေနတဲ့ညဦးယံကပုံမွန္ထက္ပိုၿပီးတိတ္ဆိတ္ေနသလိုဘဲ။လက္ဆတ္ေမႊးပ်ံ့တဲ့ပန္းေပါင္းစုံရနံ႕ကသူ႕ႏွာေခါင္းဝကို က်ယ္စယ္လာေတာ့ ဂ်ီမင္ ႏွစ္ၿခိဳက္စြာၿပဳံးလိုက္သည္။မီးေရာင္ေဖ်ာ့ေဖ်ာ့ထြန္းထားတဲ့ အိပ္ခန္းေလးထဲမွာ တေယာက္ထဲထိုင္ရင္း ပါးစပ္ကလည္းသီခ်င္းေလးညီးေနမိတယ္။
ျပည့္ေဖာင္းတဲ့လက္ကေလးနဲ႕စာ႐ြက္အျဖဴတ႐ြက္ကိုကိုင္ကာ စားပြဲေပၚကိုခ်လိဳက္တယ္။ၿပီးေနာက္ ေသးသြယ္တဲ့လက္ေခ်ာင္းေလးနဲ႕ ခဲတံကိုယူလိုက္ၿပီးထိုစာ႐ြက္ေပၚမွာေရးျခစ္လိုက္တယ္။
မ်က္ခုံး,မ်က္လုံးကိုအရင္ဆြဲၿပီးေနာက္ တျဖည္းျဖည္းနဲ႕မ်က္ႏွာတခုလုံးကို ႐ုပ္လုံးႂကြလာေအာင္ အာ႐ုံစိုက္ၿပီးဆြဲလိုက္ေတာ့ ခဏေလးနဲ႕ ၿပီးသြားတယ္။အၾကမ္းေရးဆြဲထားေပမယ့္ အသက္ဝင္တဲ့လက္ရာေၾကာင့္ ထိုလူကဘယ္သူလဲဆိုတာ တန္းသိေလာက္တယ္။
*႐ုပ္ဆိုးလိုက္တာ..!*
ခဲျခစ္ပန္းခ်ီစာ႐ြက္ေလးကိုျမႇောက္ကိုင္ကာ တခစ္ခစ္နဲ႕ရယ္ေနတဲ့ ဂ်ီမင္က အသိစိတ္လြတ္ေနတာမဟုတ္ဘဲ နာက်ဥ္းေနတယ္ဆိုတာ မ်က္ဝန္းကိုၾကည့္ရင္သိနိုင္ပါတယ္။အရည္လဲ့ေနတဲ့ မ်က္ဝန္းက်ဥ္းေလးက ဝမ္းနည္းမႈကိုအတိုင္းသားျပေနတယ္။တဆက္ဆက္တုန္ရီေနတဲ့ ႏႈတ္ခမ္းဖူးဖူးေလးကို သြားျဖင့္ကိုက္ခဲထားၿပီး လက္ထဲကပန္းခ်ီစာ႐ြက္ေလးကို မီးနဲ႕စတင္ရွို႔လိုက္တယ္။တစ္စတစ္စနဲ႕ေတာက္ေလာက္ေနတဲ့ စာ႐ြက္ေလးက ခဏအၾကာမွာဘဲ ျပာအျဖစ္ကိုေရာက္သြားေတာ့တယ္။
*ခင္မ်ားဘဝကိုလည္း အဲလိုျဖစ္ေအာင္လုပ္ေပးမယ္....*
*မၾကာခင္ေတြ႕ၾကတာေပါ့....*
တစ္ေယာက္ထဲေျပာေနတဲ့ဂ်ီမင္ကို တံခါးေပါက္ကေန စိတ္မေကာင္းျဖစ္ဟန္နဲ႕ၾကည့္ေနတဲ့ သူလည္းရွိေနျပန္တယ္။
ကေလးငယ္ကေျပာင္းလဲသြားခဲ့ၿပီ။သူ႕အနားကိုေရာက္လာတိုင္း ခ်စ္စရာေကာင္းေအာင္ခြၽဲတက္တဲ့ကေလးငယ္က အခုလိုလည္းရက္စက္တက္ေသးတာလား။ေဂ်ာင္ဂု အသံတိတ္မ်က္ရည္က်မိသည္
ကံၾကမၼာကဘဲ တမင္ယုတ္မာေနတာလား။ဒါမွမဟုတ္ သူတို႔ကဘဲဖန္တီးေနတာလား....
________
၃.၇.၂၃
Kelly
Thankful my readers 🤍
______