မကြိုက်သင့်သောတီချယ်🫀

By homi_08

117K 5.4K 225

"တီချယ်ကကိုယ့်အတွက်မကြိုက်‌သင့်သောတီချယ်ပဲ ဘာလို့မကြိုက်သင့်တာလဲဆိုရင်ချစ်သင့်သောတီချယ်ဖြစ်နေလို့လေ" More

မကြိုက်သင့်သော တီချယ်🫀 P-1
မကြိုက်သင့်သောတီချယ်🫀P-2
မကြိုက်သင့်သောတီချယ်🫀 P-3
မကြိုက်သင့်သောတီချယ်🫀 P-4
မကြိုက်သင့်သောတီချယ်🫀 P-5
မကြိုက်သင့်သောတီချယ်🫀 P-6
မကြိုက်သင့်သောတီချယ်🫀 P-8
မကြိုက်သင့်သောတီချယ်🫀 P-9
မကြိုက်သင့်သောတီချယ်🫀 P-10
မကြိုက်သင့်သောတီချယ်🫀 P-11
မကြိုက်သင့်သောတီချယ်🫀 P-12
မကြိုက်သင့်သောတီချယ်🫀 P-13
မကြိုက်သင့်သောတီချယ်🫀 P-14
မကြိုက်သင့်သောတီချယ်🫀 P-15
မကြိုက်သင့်သောတီချယ်🫀 P-16
မကြိုက်သင့်သောတီချယ်🫀 P-17
မကြိုက်သင့်သောတီချယ်🫀 P-18
မကြိုက်သင့်သောတီချယ်🫀 P-19
မကြိုက်သင့်သောတီချယ်🫀 P-20
မကြိုက်သင့်သောတီချယ်🫀 P-21
မကြိုက်သင့်သောတီချယ်🫀 P-22
မကြိုက်သင့်သောတီချယ်🫀 P_23
မကြိုက်သင့်သောတီချယ်🫀 P-24
မကြိုက်သင့်သောတီချယ်🫀 P-25
မကြိုက်သင့်သောတီချယ်🫀 P-26
မကြိုက်သင့်သောတီချယ်🫀 P-27
မကြိုက်သင့်သောတီချယ်🫀 P-28
မကြိုက်သင့်သောတီချယ်🫀 P-29
မကြိုက်သင့်သောတီချယ်🫀 P-30
မကြိုက်သင့်သောတီချယ်🫀 P-31
မကြိုက်သင့်သောတီချယ်🫀 P-32 End

မကြိုက်သင့်သောတီချယ်🫀 P-7

3.5K 177 2
By homi_08

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၇)

"အင်း ခုနက" ဒေါသထွက်နေဟန်ရှိပေမဲ့ မျက်ရည်များဝဲနေသည့် တီချယ်။

"တီချယ်အဆင်ပြေရဲ့လား"

"ပြေတယ် မင်းခုနက အဲကောင်လေးတွေနဲ့စကားပြောနေတာဆရာမ မကြိုက်ဘူး"

"ဘာလို့"

"ဘာလို့မှန်းဆရာမ မသိတော့ဘူး ဒါပေမဲ့ သူတို့မပက်သက်ပါနဲ့လား" အသံကမာပေမဲ့ငိုတော့မဲ့မျက်နှာလေးနဲ့ပြောနေတဲ့တီချယ်ကို နွေးတကယ်နားမလည်တော့ပါ။

"အာ...ဟုတ်ကဲ့ သမီးနောက်ဆိုမပက်သက်တော့ပါဘူးနော်"

" တီချယ်က သမီးကိုကိုယ်တူမလေးတစ်ယောက်လို့သဘောထားမို့သမီး ရည်းစားထားတာမျိုး တီချယ်မကြိုက်ဘူး ဒါကြောင့်ယောက်ကျားလေးတွေနဲ့ကင်းကင်းရှင်းရှင်းနေပေးပါ တီချယ်မှာ ဒီလို့ပြောပိုင်ခွင့်မရှိဘူးဆိုတာသိပါတယ် ဒါပေမဲ့ တီချယ်စကားကိုအလေးထားပေးပါ"

ငယ်တစ်ယောက် မပြောသင့်တဲ့စကားတွေဆိုတာသိ‌ ပေမဲ့ပြောဆိုနေမိခဲ့တယ်။

"တီချယ် သမီးက biတစ်ယောက်ပါ ယောက်ကျားလေးတွေနဲ့ကင်းကင်းရှင်းရှင်းနေရရင်တောင် မိန်းကလေးတွေနဲ့တွဲဖြစ်မှာပါ"

"biကဘာလဲ သမီးပြောတာတီချယ် နားမလည်တော့ဘူး"

"biက ကျားမ မရွေးစိတ်၀င်စားသူကိုဆိုလို့တာပါ"

"ဒါဆို သမီးက?"

"ဟုတ်ပါတယ် သမီးကLGBTတစ်ယောက်ပါ... တီချယ်ပြောသလို့ ယောက်ကျားလေးတွေနဲ့မပက်သက်တော့ရင် သမီး မိန်းကလေးတွေကိုဘဲပိုစိတ်ယိုင်လာမိမှာအမှန်ပဲ တီချယ်"

"သမီး ကျေးဇူးပြု၍ ချစ်သူရည်းစားမထားပါနဲ့လားဟင် တီချယ်မကြိုက်လို့ပါ"တိမ်၀င်နေတဲ့တီချယ်ရဲ့အသံ။

"ချစ်သူရည်းစားမထားဘဲနေလို့ရပါတယ် ဒါပေမဲ့ချစ်ရသူကိုတော့ကြူးခွင့်ပေးပါ"

"သမီးမှာ ချစ်ရသူရှိတာလား"

"အင်း ရှိပါတယ်"

"အော်... ဆရာမတစ်ယောက်တည်းနေချင်လို့ ခဏလောက်ထွက်သွားပေးပါ"

"ဟုတ်ကဲ့"

ကိုယ် တီချယ်ကိုနားမလည်နိုင်တော့ဘူး တီချယ်က သမီးအပေါ်မှာဘယ်လို့စိတ်ခံစားချက်ရှိနေတာလဲ။

"ဟင့်...ဆရာမကလေမင်းကိုတူမလေးတစ်ယောက်လို့သဘောထားလို့အခုလို့ပြောနေရတာပါ ဟင့်... ဆရာမအပေါ်တစ်မျိုးမမြင်သွားပါနဲ့နော်"

ပန်းချီဆန်လှတဲ့အခန်းလေးရဲ့ထောင့်မှာ လူမသိသူမသိခိုးငိုနေရတဲ့ ငယ်။
အချိန်အတော်ကြာငိုပြီးနောက်မျက်ရည်များကိုအမြန်သုတ်ပစ်လိုက်ပြီ... မွေးနေ့ပါတီကလူတွေကို လိုက်ဧည့်ခံနေစဉ် နွေးကိုသတိရလို့လိုက်ရှာတော့ ပြန်တော့ပြီတဲ့လေ။ မနှုတ်ဆက်ဘဲပြန်သွားလို့စိတ်ဆိုးချင်ပေမဲ့ ကိုယ်ကအရင်တစ်ယောက်တည်းနေချင်တယ်ပြောခဲ့တော့ စိတ်မဆိုးနိုင်။

_____

ကျောင်းပြန်ဖွင့်မှဘဲ ပြောခဲ့မိတဲ့အကြောင်းတွေအတွက်တောင်းပန်ပါမယ်ဆိုကာမှ ကလေးငယ်က နေမကောင်းလို့ ခွင့်ယူသွားသတဲ့။ ငါမှားသွားပြီလားလို့တွေးနေမိတော့တယ်။

"ငယ်...ငယ်! ဟဲ့ ငယ်ရေ!!!"

"ရှန်!..အစ်မနွယ်ရယ် လန့်လိုက်တာ"

"ငယ်မှ မကြားတာကိုး ဆရာမကြီးက ခေါ်နေတယ်သွားလိုက်အုံး"

"ဟုတ်"

"ဆရာမကြီးရှေ့မှာ အတွေးတွေထဲ ပိတ်မိမနေနဲ့အုံး တော်ကြာ ဟိုက ငယ်ကိုအော်ခေါ်ရလွန်းလို့အသက်ထွက်သွားအုံးမယ်"

"ဟာ...အစ်မနွယ်နော်"

"မနော်နေနဲ့ အမြန်သွား"

"ဟုတ်ကဲ့"

ဒေါက်...ဒေါက်
တံခါးခေါက်သံ

"ဘယ်သူလဲ"

"မာနငယ်ပါ ဆရာမကြီး"

"အော် အေး ၀င်လာခဲ့"

"ဟုတ်ကဲ့ ဆရာမကြီး ကျွန်မကိုခေါ်တယ်ဆိုလို့ပါ"

"သမီးအတန်းထဲက မေတ္တာနွေးဆိုတဲ့ကလေးအကြောင်းပြောချင်လို့ပါ"

"ရှန်...ဟုတ်ကဲ့"

မေတ္တာနွေးဆိုတဲ့အသံကြားတာနဲ့ စိုးရိမ်လာသူငယ်။

"မေတ္တာနွေးကို လာမယ့်အကပြိုင်ပွဲမှာ ပါ၀င်စေချင်လို့ သူကို ပါ၀င်စေချင်ရတဲ့အကြောင်းက ဒီကလေးမကို မသိသူရှားတယ်လေ ပြီတော့သူသာပါမယ့်ဆိုရင် ကလေးတော်တော်များများက ဒီအကပြိုင်ပွဲမှာပါချင်လာမယ်လို့ထင်တယ် အဲဒါကြောင့်သူကို စည်းရုံးပေးပါလား"

နွေးတို့ကျောင်းက ဒီနှစ် ထူးထူးခြားခြားအနေနဲ့ အကပြိုင်ပွဲကိုလုပ်ဖို့စဉ်စီနေကြပါတယ် အကပြိုင်ပွဲမှာ ဘယ်လို့အကမဆိုပြိုင်လို့ရတာမို့ အကုန်လုံးက ပါ၀င်ချင်ပေမဲ့ ဘလိမ်းခံရမှာကိုတော့ကြောက်နေကြပါသည်။ မြန်မာနိုင်ငံဆိုတဲ့အတိုင်း အမှားတစ်ခုလုပ်မိတာနဲ့ဘလိမ်းချင်နေကြတော့ တော်တော်များများက ဘလိမ်းခံရမှာဆိုတဲ့စိတ်နဲ့ မပါ၀င်ကြတော့ပါဘူး ဒါပေမဲ့ ကျောင်းရဲ့နတ်သမီးလေးနွေးသာပါ၀င်ခဲ့ရင် သူတို့ရဲ့ကြောက်စိတ်လေးများ လျော့သွားမလားဆိုတဲ့ စိတ်နဲ့ဆရာမကြီးက နွေးကိုပါ၀င်စေချင်နေတာပါ။

"ဟုတ်ကဲ့ ‌ကျွန်မသူကိုမေးကြည့်လိုက်ပါမယ် ပြိုင်ပွဲမှာပါ၀င်ဖို့အတွက်ငြင်းခဲ့ရင်ရော ဆရာမကြီး"

"သူငြင်းခဲ့ရင် ပြိုင်မယ့်သူမရှိတဲ့အကပြိုင်ပွဲကို ရုတ်သိမ်းရုံပဲပေါ့"

"ဟုတ်ကဲ့ ဒါဆိုကျွန်မကို သွားခွင့်ပြုပါအုံး"

"အေးအေး"

ငယ်တစ်ယောက် နွေးကိုဘယ်လို့‌စည်းရုံးရမလဲ။ နွေးသာမပါချင်ဘူးငြင်းရင်ဘယ်လို့လုပ်မလဲ။မပါချင်တာကိုအတင်းဖိအားပေးပါခိုင်းတယ်ဆိုပြီစိတ်ဆိုးသွားရင်ဘယ်လို့လုပ်မလဲ။ ငယ်အတွက် ပင်ပန်းစရာနေ့လို့ပင်ဆိုရမည်။ နွေးကလည်းကျောင်းမလာ ဆရာမကြီးကလည်း ပါဖို့စည်းရုံးခိုင်း... တကယ်ကိုစိတ်ပင်ပန်းစရာနေ့တစ်နေ့ပေါ။

_____

"နွေး သမီး ထမင်းစားပြီရင် ဆေးသောက်လိုက်အုံး"

"ဟုတ် မားမား"

နွေးကငယ်ငယ်လေးထဲကကျန်းမာရေးချူချာသူပါ အခုလည်း ‌ဂရုတစိုက်‌နေတဲ့ကြားကမဖျားရ‌မနေဘူးဆိုအတိုင်းဖျားနေပါလေရော။

"သမီး ဆေးသောက်ပြီးပြီလား"

"ဟုတ် သောက်ပြီးပြီ"

"အေးအေး အနားယူလိုက်အုံးနော်"

"ဟုတ်ကဲ့"

ဆေးသောက်ပြီကတည်းက အိပ်နေတာ၁၀နာရီလောက်ရှိပြီမို့ အမေကစိတ်ပူပြီလာနိုးတော့...

"သမီး နွေး ထတော့ ထမင်းစားရအောင်... သမီးနွေး! မေတ္တာနွေး!!!"

အမေဘယ်လောက်ခေါ်ခေါ်မနိုးတဲ့ နွေး။ နွေးရဲ့ခန္ဓာကိုယ်မှာ ချွေးများစိုရွဲနေ။ မျက်နှာကလည်းဖြူဖျော့နေပြီ လှုပ်နိုးလည်းမနိုးတော့တဲ့အခြေအနေ။

"ယောက်ကျားရေ ရှင်သမီးဘာဖြစ်တာလဲ မသိဘူး နိုးလို့မရတော့ဘူး"

"ဟမ် ဟုတ်လား ဆေးရုံးကားခေါ်လိုက်မယ်"

"မြန်မြန်ခေါ်"

နွေးရဲ့မိဘတွေကတော့ နွေးမူးလဲကျတာမျိုးကိုတော့ကြုံဖူးပေမဲ့ အခုလို့ နိုးလို့်မရတဲ့အခြေအနေကိုမကြုံဖူးကြတာမို့ စိုးရိမ်လာကြသည်။ နွေးကငယ်ငယ်လေးထဲက ကျန်းမာရေးချူချာသူပါ သွေးပေါင်ကျပြီ မူးလဲကျတာမျိုး၊သံဓာတ်အားနည်းလို့ ဖြူဖျော့နေတဲ့မျက်နှာနဲ့ နေမကောင်းဖြစ်တာမျိုး ပုံစံမျိုးစုံနဲ့ နေမကောင်းဖြစ်နေသူပေါ့။အခုလည်း ပုံစံအသစ်နဲ့ မိဘတွေကို အပူတွေပေးနေပြန်ပြီ။

_____

အခုမှစရေးတာမို့ လိုအပ်တာရှိရင် ခွင့်‌လွှတ်ပေးကြပါရှင့် ဟိုမီရဲ့ အရေးသားက မကောင်းတာမျိုးတွေလည်းများနိုင်တာမို့ ဝေဖန်ပေးကြပါ🍓


Continue Reading

You'll Also Like

672K 35.6K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
824K 69.1K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
402K 45.7K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
2.5M 145K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...