Sean's Adorer (Complete)
By peonywang18
96.9K 6.3K 570
ZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး... More
SA°1°
SA°2°
SA°3°
SA°4°
SA°5°
SA°6°
SA°7°
SA°8°
SA°10°
SA°11°
SA°12°
SA°13°
SA°14°
SA°15°
SA°16°
SA°17°
SA°18°
SA°19°
SA°20°
SA°21°
SA°22°
SA°23°
SA°24°
SA°25°
SA°26°
SA°27°
SA°28°
SA°29°
SA°30°
SA°31°
SA°32°
SA°33°
SA°34°
Epilogue
SA°9°
3K 208 18
By peonywang18
သူရယ်၊ Mr.Deepရယ် Lucusကောရယ်က အစထဲက Sentosa orchid garden ကို သွားမယ်လို့ စီစဉ်ထားပြီးသားကို ကြားထဲကကန့်လန့်ပါလာတာက...
"Bae က ပန်းတွေကြိုက်တာလား.."
"ကျွန်တော်က စိုက်ရေးပျိုးနဲ့ကျောင်းပြီးထားတာလေ..."
သူ တက္ကသိုလ်တက်တုန်းကဆို လက်တွေ့ချိန်နဲ့အားလပ်ချိန်တွေမှာဆို ပျိုးပင်​တွေပျိုးထားတဲ့ မှန်လုံအိမ်မှာကြီးပဲ။ အဲ့မှာ မုန့်ညင်း၊ခရမ်းချဉ်၊ ဆလပ်တို့လိုသီးပင်စားပင်​ေတွအပြင် တရုတ်စံကား၊ နှင်းဆီ၊မက်မွန်တို့လိုအပင်ငယ်တွေအားလည်း ပြုစုပေးရသေးသည်။
"ဒါဆို baeကဘယ်ပန်းကိုအကြိုက်ဆုံးလို..."
"အပင်မှန်သမျှ ပန်းမှန်သမျှကို သဘောကျတယ်"
သူ့ကို မေးခွန်းတွေ ထပ်မေးနေမှာစိုးလို့... lucusကော နဲ့သာ စကားပြောနေလိုက်သည်။
"ဟုတ်ကော...ကျွန်တော်လည်း butterfly orchid ကလှတယ်ကြားတယ်။ တခြားထပ် သူကivory colour (ဆင်စွယ်ရောင်) ဆိုတော့ ရှားပါးမျိုးစိတ်လေ.."
ပုံမှန်ဆိုသစ်ခွများသည် အဝါ၊အဖြူ၊ခရမ်း၊အနီတို့သည် ပိုပေါများသည်။ ဆင်စွယ်ရောင်သည်ဟာ အဖြူမကျအဝါမကျ နို့နှစ်ရောင်လေးပင်...သစ်ခွထဲတွင် ဒီလိုအရောင်မျိုးသည်ရှားပါးသည်။
"သူတို့က မျိုးစိတ်တွေကို မရောင်းဘူးလေ။ အကျိုးစီးပွားအတွက် ပြန်အသုံးချမှာစိုးလို့ထင်တယ်.."
"ကျွန်တော်ကလေ သစ်ခွမှာဆို pinny၊ scarlet လို အရောင်မျိုးသိပ်လိုချင်တာ..."
လိုချင်တဲ့ သစ်ခွတွေအကြောင်း ပြောပြနေသောLeoသည် ဖုန်းတစ်လုံးနဲ့ လိုက်မှတ်နေသော seanအာ မမြင်မိလိုက်သည်။သူကတော့ leoပြောသမျှ ကိုလိုက်မှတ်နေတဲ့ seanကို ခေါင်းတခါခါဖြင့်တွေးမိတာက ငါတော့ အသက်ကြီးမှ ခွေးစာစားရတော့မှာပဲ..။
>>>
"ဝါး...ဒါက cattleya ပဲ..ဘေဂျင်းမှာတောင်မရှိဘူး။ Dendrobium လေး...ငါလေး သေလို့ရပြီ... mothကို မြင်ခွင့်ရပြီကွ!.."
Baeကို ပြောခွင့်ရရင် သေမဲ့စကားကိုပြောတောင်မပြောသေချင်ဘူး။ Moth orichidsတင်မဟုတ် Baeသာအလိုရှိရင် ဘယ်အရာကိုမဆိုရယူပေးဖို့အသင့်ပင်..
"Sean မင်းတို့နှစ်ယောက် ဓာတ်ပုံရိုက်အုန်းမလား?"
အခွင့်အရေးချောင်းနေတဲ့ မြေခွေးအလား သူ့လက်ကို ချက်ချင်းလာဆွဲနေလေရဲ့..ဟွန့်...Mr. deepပြောလို့ မဟုတ်ရင် ဒီလူကြီးနဲ့ ဘာပုံမှတွဲရိုက်
မနေဘူး။
"ဒီဖက်နည်းနည်းတိုးလေ leo..."
Deep ခင်ဗျားတော်သွားပြီ...ပြန်ရောက်ရင် bonusကောင်းကောင်းပေးရမယ်။
"ကောင်းတယ်...အဲ့အတိုင်းလေ.."
အစိမ်းလုံးလေးအာ ပခုံးမှဖက်လို့ postပေးလိုက်၏။ သူ့မျက်နှာက အပြုံးတွေဟာ မိုနာလီဇာထပ်ပင် ပိုလှနေမည်ဆိုမှာ အမှန်ပင်။ ဒီကလေးပေါက်ရဲ့ အရပ်က သူ့ရင်အုပ်နားမှာတင်..။Baeသည် ယောကျာ်းလေးတစ်ယောက်ဖြစ်၍ အရပ်ရှည်သင့်သလောက်ရှည်ပေမဲ့ သူ့လို 6ပေကျော်အရပ်နဲ့ဆိုရင်တော့ Baeကရင်ခွင်မှီလေးပေါ့...
"ဟွန့်...ဖယ်တော့ ဉီးလေးကြီးက သိပ်အသားယူတာပဲ.."
သစ်ခွ ပန်းခြံမှအပြန်တွင် သူတို့သည် Butterfly Parkကို ဝင်ရောက်ခဲ့သည်။ အရောင်အသွေး စုံလင်လှသော လိပ်ပြာများအကြားတွင် baeသည် ပို၍လှသည်။ Baeက သူ့ရဲ့မူပိုင်လေး...ဖြစ်နိုင်ရင် အိတ်ကပ်ထဲထိ ထည့်ခေါ်သွားချင်တယ်...
>>>
"Sean မင်းညနေကျရင် Sentosa islandကို သွားမည်ဆို.."
"ဟုတ်တယ်...အဖွဲ့သားတွေကိုပါ ပြောလိုက်အုန်း။ သန်ဘက်ခါကျရင်ပြန်မှာဆိုတော့ ဒီညနေတော့ အဲ့မှာဆော့ပြီး မနက်ဖြန် သူတို့လည်ချင်တဲ့နေရာလည်ခိုင်းလိုက်။ ညပိုင်းတော့ ကစားကွင်းကိုပို့ပေးရင်း..ကျွန်တော်သူငယ်ချင်း barခဏထိုင်ြကတာပေါ့..."
"Okလေ မင်းမှာ planရှိပြီးသားဆိုတော့ မင်းသဘောပေါ့။ ဒါနဲ့ မာရီရာက မင်းဖုန်း ခေါ်ရလို့ ငါ့ကိုလှမ်းလှမ်းဆက်နေတယ်။ သူမ လိုက်ချလာလို့ မင်းအပျော်တွေပျက်အုန်းမယ်..ဖုန်းဆက်လိုက်အုန်း.."
"အင်း.."
သူမ မားမားနှင့် သူ့မားတို့သည် ကောင်းတူဆိုးဖက် ငယ်သူငယ်ချင်းတွေပင်။ သူတို့နှစ်ယောက်အာ ငယ်စဉ်ထဲက သဘောတူထားလို့ သူကမား ဆန္ဒကိုမလွန်ဆန်ချင်တာကြောင့် ငြိမ်နေတာ။ အခုတော့ လွန်ဆန်ရမဲ့အကြောင်းပြချက်ပေါ်လာပြီပဲ...
>>>
"Leo မင်း water-sportတွေ ဆော့မှာလား?"
"ဆော့မှာပေါဗျာ့...ကျွန်တော်ကလေ ရေလွှာလျှောစီးချင်တာကြာပြီ။ ပင်လယ်လှိုင်းနဲ့ အရမ်းမိုက်နေမှာ..."
Leoက အေးအေးဆေးဆေးသမားပေမဲ့ သူသဘောကျတဲ့ အရာတွေနဲ့ပတ်သတ်ရင် လူငယ်ဆန်သွားရော။ အခုလိုကြည့် မျက်လုံးတွေ ဘလင်းဘလင်းနဲ့ လျှောစီးနည်း သူမသိတဲ့အသစ်တွေကို သူများစီးပြတဲ့အခါ တဝိုးဝိုး တဝါးဝါးနဲ့ ...
"ဟိုမှာ bossမှတ်လား..."
စွပ်ကျယ် ဂျိုင်းပြတ်အဖြူလေးအာ ဘောင်းဘီအပွ အနက်နဲ့တွဲဝတ်ထားတဲ့ဉီးလေးကြီး။ အကျီသည် ရေအနည်းစိုနေသဖြင့် ဝမ်းဗိုက်ရှိ ပေါင်မုန့်ခြောက်လုံးက အထင်းသား။နေရောင်ကြောင့် ညိုညက်ညက်ဖြစ်နေသော အသားအရေထက်ရှိ လက်မောင်း ကြွက်သားများသည်လည်း လူများကိုလည်ပြန်ငေးစေနိုင်သည်။
"Bae ဘာလုပ်နေတာလဲ..."
လာပြန်ပြီး bae....baeနဲ့ လူကို စကားနဲ့အသားယူနေတာ...
"Excuse me...Do you have a girlfriend? "
သူတို့အနားကို ရောက်လာသော နိုင်ငံခြားသူလေး။ အသားဖြူဖြူ...မွေးရာပါ ရွှေအိုရောင် ဆံနွယ်နဲ့ သူမဟာ cute typeလေးပင်..အရင်ကဆို တွဲလိုက်ပေမဲ့။ အခုသူမှာက...
"Hello honey , I don't have girlfriend"
သူကိုကျ baeလို့ခေါ်တတ်တဲ့ထိုသူဟာ တခြားသူကိုလည်းခပ်ပြုံးပြုံးနဲ့ honeyလို့ ခေါ်တတ်သေးတယ်။ သူတစ်ယောက်ထဲ အတွက်မဟုတ်ဘဲ အခေါ်အဝေါ်တွေကို သူတကယ်သဘောမကျဘူး။
"Would you like to join me if that's okay with you?"
နိုင်ငံခြားသူဆိုတဲ့ အတိုင်း ရဲရဲတင်းတင်း တဲွဲကြည့်ဖို့ ဖိတ်ခေါ်နေလေရဲ့..
"No , I have boyfriend and also baby is my bridegroom..."
ထိုသူမှာ စေ့စပ်ထားတဲ့အမျိုးသမီးရှိတာသိပေမဲ့။ သတို့သား ရှိနေမှန်းမသိခဲ့ပေ။ ဉီးလေးကြီးက သူ့ကို ကစားနေတာသိပေမဲ့ အခုလိုကြားရတော့.. ရင်ဘက်ထဲက အောင့်သက်သက်ခံစားရ၏။
"OMG! that's impossible"
ဒီလိုလူဟာ gayဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်နေတဲ့ ထိုအမျိုးသမီး။ သူက seanမှန်းသိရက်နဲ့...ဟက်...မီးကိုထိတွေ့ချင်နေတာပဲ...
"That's universal truth, he's my bae "
သူကဝန်ခံတဲ့အပြင် ဘေးမှာရပ်နေသော ချာတိတ်​ေလးကိုဖက်လျက် မိတ်ပါဆက်ပေးလိုက်သည်။ ကောင်မလေးကတော့ မျက်စိပျက်မျက်နှာပျက်ဖြင့် ထွက်သွားလေရဲ့..
တဒုတ်ဒုတ်နဲ့ ရင်ခုန်သံသည် ထိုလူကြီးကြားမှာကိုပင် ဆိုးရလောက်သည်အထိကျယ်လောင်သည်။ သူ့အာ ဖက်ထားသော ထိုသူ၏လက်တွေသည် အေးစက်ပေမဲ့...နွေးထွေး၏။ခပ်သွသွအသံနှင့် engစကားသံသည် ဒီလူနဲ့ ကိုက်ညီနေ၏။ ကြည့်ရတာ သူတော့ ကျရှုံးတော့မည်ထင်ပါရဲ့..
>>>
"ဟုတ်တယ်...သူက gayတဲ့။ ကောင်လေးနဲ့လဲ တို့ကိုမိတ်ဆက်ပေးတယ်။ သူက ရှုပ်ထွေးလွန်းတယ်..မင်းသတိထားအုန်း မာရီရာ.."
Lifineဟာ မာရီရာရဲ့ ကျောင်းနေဖက်သူငယ်ချင်းပင်။ သူမသည် သူ့ကို seanအာစောင့်ကြည့်စေ၏။ ပုံမှန်ဆို သူမလိုလူမျိုးကို လက်ခံပေမဲ့ အခုတော့...? Seanသည် သူမအာ သတိပေးသလို ကြည့်တာသူမအသိပင်။ ကျားတစ်ကောင်လို စူးရှဲတဲ့မျက်ဝန်းတွေသည် သူ့လူကိုမထိနဲ့လို့ ပြောနေသယောင်ပဲ။
>>>
တောက်!!Seanဆိုတဲ့စွန်ရဲ့ ရစ်ဘီးဟာ သူမပဲဖြစ်ရမည်။ Seanဟာ ဘယ်လောက်ပဲအပျော်အပါးရှာပါစေ အချိန်တန်ရင် တရားဝင်ဇနီးမယားကတော့ သူမတစ်ယောက်ပဲဖြစ်ရမှာ။ Sean မင်းလူကိုမင်းသေချာ ကာကွယ်ထားချည်..တို့လက်ထဲ မရောက်စေနဲ့...ကျွန်မမှာ ရှင်တစ်ယောက်ပဲရှိတာ Sean...သူ့လိုအဆုံးရှုံးမခံချင်ဘူး။
30/6/2023
9:00pm
•••••••••••••••••
Zawgyi
>>>
မနေဘူး။
>>>
"အင်း.."
>>>
"ဟိုမှာ bossမှတ်လား..."
"Bae ဘာလုပ်နေတာလဲ..."
နိုင်ငံခြားသူဆိုတဲ့ အတိုင်း ရဲရဲတင်းတင်း တှဲကွညျ့ဖို့ ဖိတ်ခေါ်နေလေရဲ့..
"OMG! that's impossible"
>>>
>>>
30/6/2023
9:00pm
Continue Reading
You'll Also Like
256K 9.9K 15
During the day, you're a 13 year old street preformer, trying to earn enough money to keep your six year old brother alive. But when the sunsets, you...
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
675K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
217K 1.6K 18
This is a story about you and draco but its an 18+ story, if you know what i mean.. its wild, So it will have sexual content its geting dirty so rea...