Unicode
ရှောင်လီက သူ့ကိုငြင်းဆန်ပြီး စိတ်ဆိုးစွာနဲ့ ရိုက်လိမ့်မယ်လို့ ရှန်ချန်ကျီးက တွေးထားတယ်။ သူ မမျှော်လင့်ထားတာက ရှောင်လီက တကယ်ပဲ ဒါကို စဉ်းစားနေတာပဲ။ ထို့နောက် ဒီလူသားလေးက တည်ငြိမ်အေးစက်စွာနဲ့ ပြောလာတယ်။
"ကောင်းပြီ"
ပြောပြီးတဲ့နောက် ရှောင်လီက ပြုံးလိုက်တယ်။ သူ့အနက်ရောင်မျက်ဝန်းထဲမှာ နှင်းပွင့်လေးတွေ ကျဆင်းနေသလိုပဲ သူ့အမူအရာက တုနှိုင်းမရတဲ့အထိအတွေ့ပါပဲ။ သူက လူတွေနဲ့ အကွာအဝေးတစ်ခုထားရတာကိုကြိုက်ပေမယ့် သူ့ဘက်က စပြီးနီးကပ်လိုက်တာနဲ့ လူတစ်ယောက်ရဲ့လက်ထဲကို နှင်းတွေက တတ်ကျစွာအဆက်မပြတ်ကျဆင်းလာသလိုပါပဲ။
မီးဖိုချောင်ထဲက အလင်းရောင်က ခပ်မှိန်မှိန်ပါပဲ။ ရှန်ချန်ကျီးက အပေါ်ကမီးကို မဖွင့်ခဲ့တာကြောင့် ညမီးရောင်က အကွာအဝေးအနည်းငယ်ကိုသာ တောက်ပစွာလင်းနေတယ်။ ရှန်ချန်ကျီးက သူ့လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး အတင်းပွေ့ဖက်လိုက်တယ်။ သူက နှင်းချပ်ကိုကောက်ယူပြီး နွေးထွေးနူးညံ့လာအောင် အချစ်ရဲ့အရောင်တွေ ဆိုးပေးလိုက် တယ်။
ဟုတ်ပါတယ်။ အချိန်က တိုတောင်းနေသေးပေမယ့် ရှန်ချန်ကျီးက ရှောင်လီရဲ့ ဖုန်းကွယ်ထားတဲ့ဘက်ခြမ်းကို ရှာတွေ့ခဲ့တယ်။ ပုံတူကမ္ဘာထဲက စိတ်ဝင်စားစရာကောင်းတဲ့အရာတွေက လွဲလို့ ရှောင်လီက ဘဝမှာ တခြားအရာတွေနဲ့ သိပ်ပြီး ကွဲပြားခြားနားမှု မရှိပါဘူး။ အနည်းငယ်တောင် ကလေးဆန်နေပါသေးတယ်။
အဲ့ဒီထဲမှာ အဝတ်အစား၊ အစားအသောက်၊ အိမ်ရာနဲ့ သွားလာလှုပ်ရှားမှု ကဏ္ဍအားလုံး ပါဝင်တယ်။ ဥပမာ သူက လိုက်ဖက်သည်ဖြစ်စေ မလိုက်ဖက်သည်ဖြစ်စေ တွေ့ကရာကို ယူဝတ်တတ်ပါတယ်။ ဥပမာ ရှန်ချန်ကျီးက အဝေးရောက်နေရင် သူကိုယ်တိုင်ဟင်းချက်မယ့်အစား ဆိုင်ကနေပဲ အော်ဒါမှာစားလေ့ ရှိတယ်။
မေးလိုက်ရင်တော့ ရှောင်လီ့ရဲ့ဖြောင့်မတ်တဲ့အဖြေကို ရပါလိမ့်မယ်။ 'ဆိုင်ကအော်ဒါမှာစားတာက ဒီနေ့ခေတ်မှာ တိုးတတ်လာပြီ။ ဟင်းချက်တာက မလိုအပ်တဲ့အရာပဲ' ဆိုပြီးတော့လေ။
'မလိုအပ်တာ' လား သို့မဟုတ် 'ပျင်းတာ' လား ဆိုတာ မသေချာပါဘူး။
သို့သော်လည်း ရှန်ချန်ကျီးက သူ့ချစ်သူရဲ့ ပြဿနာအသေးအဖွဲလေးတွေကို ကန့်ကွက်မှု မရှိပါဘူး။ အဲ့အစား သူက ပုံမှန် လင်ယောက်ျားနဲ့ဇနီးမယားတို့လို တစ်ဖက်လူအတွက် နေ့တိုင်းဟင်းချက်ပေးရတာကို သူ ပျော်ပါတယ်။ ဟုတ်တာပေါ့။ အခုတော့ မဟုတ်ဘူး။
လောလောဆယ်ရှန်ချန်ကျီးက ရှောင်လီ့ကို ဖက်ထားပြီးတော့ မီးဖိုချောင်တံခါးနဲ့နံရံထောင့်ကို တွန်းလိုက်တယ်။ သူ့နှာခေါင်းနဲ့ လူငယ်လေးရဲ့နူးညံ့တဲ့မျက်နှာပေါ် ပွတ်သပ်လိုက်ပြီး လေးလေးနက်နက်မေးလိုက်တယ်။
"ဒါဆို အခု စားလို့ရလား?"
သူက ရှောင်လီ့တုန့်ပြန်မှုကိုစောင့်ဖို့အတွက် သည်းမခံနိုင်ပဲ တစ်ဖက်လူကို မနမ်းပဲ မနေနိုင်တော့ပေ။ ပထမတော့ နူးညံ့ညှင်သာပါတယ်။ ထို့နောက်မှာတာ့ ရှန်ချန်ကျီးရဲ့လှုပ်ရှားမှုတွေက ...
ပိုပြင်းထန်လာတယ်။
နောက်ဆုံးတော့ ရှောင်လီက သင့်တော်တဲ့အထူးပြုပုဒ်ကို ရှာတွေ့သွားပါပြိ။ ဒီလိုခံစားချက်မျိုးက နောက်တစ်စက္ကန့်မှာပဲ ကမ္ဘာကြီးအဆုံးသတ်တော့မှာမို့ ရှန်ချန်ကျီးမှာ သူ့ကို နှုတ်ဆက်အနမ်းပေးဖို့ ဒီအချိန်လေးပဲရှိတော့သလိုပါပဲ။ အဲ့ဒါကြောင့်ရှန်ချန်ကျီးက အားကိုပိုသုံးပြီး သူ့ကို တိုက်ရိုက် မြိုချလိုက်တော့မလို အချိန်တိုင်း အဲ့လိုပဲ ဖြစ်တယ်။
"ကောင်းပြီ။ ကောင်းပြီ" ရှောင်လီက သူ့ကို ခဏလောက်နမ်းခွင့်ပေးပြီးနောက် တစ်ဖက်လူရဲ့ချောမောတဲ့မျက်နှာကို ပုတ်လိုက်တယ်။
"ငါ့ကို အရင်အဆာကျွေးပြီးတော့မှ မင်းအလှည့်ပေါ့။ ဟုတ်ပြီလား?"
ရှန်ချန်ကျီးက ရှောင်လီ့ကို သူ့လက်ထဲကနေ လွှတ်ပေးလိုက်ရတာကြောင့် သိပ်မပျော်ပါဘူး။ ရှောင်လီက အိုးထဲက ခရမ်းသီးဟင်းကို ပန်းကန်ထဲထည့်ဖို့ ပြင်လိုက်တယ်။ သူ မလှုပ်ရှားရသေးခင် ရှန်ချန်ကျီးရဲ့ အသံတိုးတိုးကို ကြားလိုက်ရလေတဘ်။
"ဒါက စားလို့မရတော့ဘူး။ ချထားလိုက်။ ကိုယ် ဟင်းအသစ်ချက်ပေးမယ်"
"မလိုဘူး" ရှောင်လီက ခေါင်းခါလိုက်တယ်။
"ဒါက ဆားနည်းနည်းငံသွားရုံပဲ။ မစားခင် ရေတစ်ခွက်အပြည့်ခပ်ထားပေး"
***
စားပြီးတဲ့နောက် ရှန်ချန်ကျီးက 'သူ့ကိုစား'ဆိုတဲ့ရှောင်လီ့အပေါ်မှာပဲ အာရုံစိုက်နေပုံရပြီး သူ့ရဲ့ပန်းကန်ဆေးတဲ့လှုပ်ရှားမှုက သိသိသာသာ အလျှင်လိုနေတယ်။ မူလတုန်းက ရှောင်လီက ကူညီပေးချင်ပေမယ့် ပန်းကန်လုံးတစ်လုံးကျကွဲသွားပြီး သူ့လက်ချောင်းမှာ ဒဏ်ရာရလုနီးပါးဖြစ်သွားပြီးတဲ့နောက် ပြေးထွက်လာရပါတော့တယ်။
ရှောင်လီက ကြောင်လေးနဲ့ ခဏကစားပြီးတဲ့နောက် ပြတင်းပေါက်လသာဆောင်ကနေ လာတဲ့ အသက်ဝင်တဲ့ရွတ်ဖတ်သံကို ကြားလိုက်ရပြီး ခေါင်းလှည့်ကြည့်လိုက်တယ်။
"ဥက္ကဌကုက အရင်က မစ္စစ်ကုကို ထပ်ပြီး တွေ့လိုက်ရတယ်။ သို့သော်လည်း အရင်တုန်းက လှပတင့်တယ်တဲ့အဝတ်အစားတွေနဲ့စာရင် သူမက လက်မထပ်ခင်ကမိန်းကလေးတစ်ဦးလို ဝတ်စားဆင်ယင်ထားတဘ်။ သူမက လှပတဲ့စကပ်တိုတိုကို ဝင်ထားပြီး သူမဘေးမှာ နောက်တစ်ယောက်ရှိနေတယ်။ အမျိုးသားက သူမကို မယောင်မလည် ပြုမူနေတယ်!"
"မစ္စတာကုက ဒါကို သည်းမခံနိုင်တော့ပါဘူး။ သူက အရမ်းကိုဒေါသထွက်နေတာကြောင့် သူ့မျက်လုံးတွေ ပေါက်ကွဲမတတ်ပဲ။ သူက အမျိုးသမီးရှေ့ကိုသွားပြီး ကျယ်ကျယ်လောင်လောင်မေးလိုက်ဖို့ကို မစောင့်နိုင်တော့ပါဘူး! မစ္စတာကုက ချက်ချင်းပဲ ဒရိုင်ဘာကို ကားရပ်ဖို့ပြောပြီး ဖမ်းဖို့သွား—"
ရှောင်လီက အဲ့အချိန်မှာပဲ ပြတင်းပေါက်ကို ဖွင့်လိုက်တယ်။
မိုက်ကရိုဖုန်းက ဖတ်နေတာကို ကြားဖြတ်ခံလိုက်ရပြိး သူက အပြစ်ကင်းတဲ့ပုံနဲ့ လေထဲလွင့်ပြီး သူရှေ့မှာစာမူနဲ့ ရှောင်လီ့ဘက်လှည့်လာတယ်။
ရှောင်လီက မေးလိုက်တယ်။ "ရုတ်တရက်ကြီး ဘာလို့ဒါကို ထပ်ဖတ်နေတာလဲ?"
"ငါက လသာဆောင်မှာနေပြီး TV မကြည့်ရဘူးလေ။ ဖျော်ဖြေရေးအတွက် ငါ ဒါကိုပဲ ဖတ်ဖို့ရှိတယ်"
ကျွေ့ထျန်းက အစပိုင်းမှာ ရှက်ပြီး ပြင်းပြင်းထန်ထန်တားဆီးပေမယ့် အခုတော့ ထုံထိုင်းမှုအဖြစ် ပြောင်းလဲသွားပါပြီ။ တခါတလေ သူက ဖူကျိကဲရဲ့စာဖတ်ခြင်းက ပျော်စရာတချို့ကိုတောင် ရရှိပါသေးတယ်။ ဥပမာ ဖူကျိကဲက ပြင်းထန်တဲ့အမူအရာနဲ့ဖတ်နေရင် ကျွေ့ထျန်းရဲ့ဒီအပိုင်းက အောင်မြင်မယ်လို့ ဆိုလိုတာပဲ။ ဖူကျိကဲအသံက အားနည်းနေရင် ဒီအပိုင်းသစ်က ဝေဝါးနေပြီး စာဖတ်သူတွေကို အထင်ကြီးအောင် မလုပ်နိုင်ပေ။ အဲ့ဒါဆိုရင် ကျွေ့ထျန်းက စာသားကိုပြန်လည်ပြင်ဆင်ပြီး သရဲနှစ်ကောင်က အချင်းချင်းရန်ဖြစ်ကြတော့တယ်။ သူတို့တွေက လိုက်ဖက်တဲ့စုံတွဲတစ်တွဲလို ဖြစ်လာတယ်။
"ဘာလို့ မင်းက TV မကြည့်တော့တာလဲ?" ရှောင်လီက ဘေးကိုသွားပြီး ပဟေဠိဖြစ်စွာ မေးလိုက်တယ်။
ဖူကျိကဲက နည်းနည်းမြင့်တတ်လာပြီး မီးဖိုချောင်ကို စိုက်ကြည့်လိုက်တယ်။ သူက မီးဖိုချောင်တံခါးပိတ်နေတာကို အတည်ပြုပြီးမှ လေသံလေးနဲ့တီးတိုးပြောလေတယ်။
"ငါ မင်းကောင်လေးကို နည်းနည်းကြောက်လို့။ သူက ပုံတူကမ္ဘာတွေထဲက သရဲတွေထပ်တောင် ပိုကြောက်ဖို့ကောင်းတယ်။ ငါ... အရမ်း..."
သူက ပြတ်တောင်းပြတ်တောင်း ပြောတယ်။
ရှန်ချန်ကျီး ဒီကိုပြောင်းလာကတည်းက ဖူကျိကဲက သူ့အခြေစိုက်စခန်းကို ဆိုဖာခုံကနေ လသာဆောင်ကို ပြောင်းလာခဲ့တယ်။ ဘာလို့လဲဆိုတော့ တစ်ညမှာ ရှောင်လီက သူ့ရဲ့ရေစိုနေတဲ့ညအိတ်ဝတ်စုံနဲ့ အပြင်ထွက်လာပြီး ဖူကျိကဲဘေးမှာ ထိုင်လိုက်တယ်။ ရှန်ချန်ကျီးက မိုက်ကရိုဖုန်းကို စိုက်ကြည့်နေပြီး သူ့ကို နေရာမှာတင် ချတော့မယ့်ပုံပေါက်တာကြောင့် မိုက်ကရိုဖုန်းက လသာဆောင်ကို လိမ့်လာရတော့တယ်။
ဖူကျိကဲက ဆက်မပြောပဲ သနားစရာကောင်းစွာ မေးလိုက်တယ်။
"သူက ဒီမှာ အမြဲနေမှာလား?"
ရှောင်လီက သူ့ကိုပြောလိုက်တယ်။ "ဟုတ်တယ်။ မင်း သူ့ကို ရင်းနှီးအောင် လုပ်ရမယ်"
"ဒါပေမယ့် သူက ငါ့ကို သတ်ချင်နေတယ်လို့ ငါထင်တယ်" ဖူကျိကဲက ကြောက်နေတယ်။
"ငါ့ကို မပြောနဲ့။ မင်းနဲ့နီးစပ်တဲ့ သတ္တဝါတွေအကုန်လုံးက..."
ရှန်ချန်ကျီးက ရှောင်လီရှိနေခြင်းနဲ့ မရှိနေခြင်းကိုမူတည်ပြီး လုံးဝကို ကွဲပြားခြားနားတဲ့ လူနှစ်ယောက်လိုပဲ။
"မဟုတ်ပါဘူး" ရှောင်လီက ညှင်ညှင်သာသာပြောလိုက်ပြီး မိုက်ကရိုဖုန်းကိုယူကာ ဆိုဖာပေါ်က နေရာဟောင်းမှာ သူ့ကိုထားလိုက်တယ်။ "သူ ငါ့ကို စိတ်ဆိုးမှာ မဟုတ်ဘူး"
ဖူကျိကဲက ဆိုဖာကြားထဲက နေရာလွတ်ထဲ လိမ့်သွားလိုက်တယ်။ သူက ကြာရှည်စွာဆုံးရှုံးခဲ့တဲ့ နူးညံ့မှုကိုခံစားလိုက်ရပြီး မေးလိုက်တယ်။
"တကယ်လား?"
ရှောင်လီက ခေါင်းညိတ်ပြလိုက်တယ်။
မိုက်ကရိုဖုန်းက သူ့ကိုယုံပါတယ်။ ဖူကျိကဲက စိတ်ချသွားပြီး သူမှတ်တမ်းတင်ထားတဲ့ ရသစုံရှိုးပွဲကို ထပ်ကြည့်လိုက်တယ်။
***
ညရောက်လာပြီး ကမ္ဘာမြေကြီးကို ဖုံးအုပ်သွားတယ်။ ရှန်ချန်ကျီးက အကျင့်ပါစွာပဲ ရှောင်လီ့နားထိုင်ပြီး သူ့ကို ဖက်လိုက်တယ်။ ရှောင်လီက ဒါကို မရှောင်ပါဘူး။ သူက တစ်ဖက်လူရဲ့လက်မောင်းထဲ မှီလိုက်ပြီးတော့ ရိုးရှင်းစွာပဲ လူငယ်လေးရဲ့ပေါင်ပေါ်လှဲလိုက်တယ်။ သူ့ရှေ့က TV ကနေ အကြည့်လွှဲပြီး ရှန်ချန်ကျီးကို မော့ကြည့်လိုက်တယ်။
သူ့ဆံပင်တွေက နှဖူးပေါ်ကနေ ဘေးကိုကျနေပြီး သူ့ရဲ့နူးညံ့တဲ့မျက်နှာသွင်ပြင်ကို ဖော်ပြနေတယ်။ လိပ်ပြာတစ်ကောင်က သူ့မျက်လုံးရဲ့ထောင့်မှာ တွယ်ကပ်ပြီး သူ့မျက်တောင်ရဲ့လှုပ်ရှားမှုအတိုင်း အတောင်ပံတွေ လှုပ်ခတ်နေသလိုပါပဲ။ ရှန်ချန်ကျီးက ရှောင်လီ့မျက်တောင်တွေကို ထိဖို့ဆွဲဆောင်ခံလိုက်ရသလို လက်လှမ်းလိုက်လေတယ်။
ရှောင်လီက သူ့လက်ကို လမ်းတစ်ဝက်မှာပဲ ဖမ်းဆွဲလိုက်တယ်။
ရှန်ချန်ကျီးရဲ့နှုတ်ခမ်းက အပြုံးနဲ့ကော့ညွတ်သွားတယ်။
"မင်း ကိုယ့်ကို ကျွေးမယ်လို့ မပြောခဲ့ဘူးလား?"
"မင်းရဲ့အဖြေပေါ် မူတည်တယ်" ရှောင်လီက အမျိုးသားရဲ့လက်ကို ဆိတ်လိုက်တယ်။
ရှန်ချန်ကျီးက နက်နက်ရှိုင်းရှိုင်းပြုံးလိုက်တယ်။
"ကောင်းပြီလေ။ မင်း ဘာမေးချင်တာလဲ? အရာအားလုံး မင်း သိလို့ရတယ်"
ရှောင်လီက သူ့မျက်နှာကို မကြည့်တော့ပေ။ သူက ဧည့်ခန်းပေါ်မှာဖွင့်ထားတဲ့ တွဲလောင်းကျနေတဲ့မီးလုံးကို ကြည့်လိုက်တယ်။ ဒါက သူ့ရဲ့ထင်ယောင်ထင်မှားဖြစ်တာလား မသိပေမယ့် သေးငယ်တဲ့ရောင်ခြည်က မီးလုံးကနေ ကြမ်းပင်ပေါ် ဖြာကျနေပုံရတယ်။
"မင်းက ဘာနတ်ဘုရားလဲ?" ရှောင်လီက အချိန်အတော်ကြာပြီးနောက် မေးလိုက်တယ်။
ဒီခေါင်းစဉ်ကိုပြောလာတဲ့အချိန်မှာ ရှန်ချန်ကျီးက သူ့လက်ကို ကိုင်လိုက်တယ်။ သူက မေးခွန်းမေးတဲ့ရှောင်လီထပ်တောင် ပိုပြီး စိုးရိမ်ကြောင့်ကြနေသလိုပါပဲ။ သူက ရှောင်လီ သူ့ကို ထားသွားမှာကို စိုးရိမ်နေတာပါပဲ။
"... ကိုယ်က အရမ်းကို အစောကြီး မွေးဖွားလာတာ။ ကိုယ် နက်နက်ရှိုင်းရှိုင်းအိပ်မောကျနေခဲ့ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ နိုးလာတာ။ ကိုယ့်မှာ ဂုဏ်ပုဒ်မရှိဘူး"
"ဂုဏ်ပုဒ်?"
"ဟုတ်တယ်။ Nyx လိုမျိုးပေါ့။ ညဆိုတာ သူမရဲ့ဂုဏ်ပုဒ်ပဲ။ ကိုယ်က အရမ်းကို မကြာခဏမထွက်လာတော့ ကိုယ့်မှာ ဂုဏ်ပုဒ်မရှိဘူး" ရှန်ချန်ကျီးက တည်ငြိမ်တဲ့အသံနဲ့ ရှင်းပြတယ်။
ရှောင်လီက သူ့ပေါင်ပေါ် လှည့်လိုက်တယ်။ "ဆက်ပြောပါဦး"
သူက တိကျတဲ့မေးခွန်းကိုမမေးတာကြောင့် ရှန်ချန်ကီးက ရှောင်လီစိတ်ဝင်စားလောက်မယ် ထင်တဲ့ သူ့ဗဟုသုတထဲကနေ ရွေးချယ်လိုက်တယ်။
"ဂုဏ်ပုဒ်တွေနဲ့ နတ်ဘုရားတွေဟာ အဓိကနတ်ဘုရားကလွဲလို့ အခြေခံအားဖြင့် သိပ်ပြီး မသန်မာကြဘူး။ အလိမ်အညာက နေ့တိုင်း ဘာမှမလုပ်ဘူး။ သူက ကမ္ဘာတွေကို ခေါက်တုန့်ခေါက်ပြန်သွားပြီး လူတွေကိုလှည့်စားနေရုံပဲ"
... သူက သူ့ရဲ့'အချစ်ပြိုင်ဘက်'အကြောင်း မကောင်းပြောဖို့ မမေ့ပါဘူး။
ရှောင်လီက ရယ်ရမလား ငိုရမလား မသိတော့ပါဘူး။ ရှန်ချန်ကျီးက အလိမ်အညာနတ်ဘုရားအကြောင်း ဆက်ပြီးဝေဖန်တော့မှာကိုတွေ့တော့ အမြန်ပဲ တားဆီးလိုက်တယ်။
"ငါ အလိမ်အညာအကြောင်း ဂရုမစိုက်ဘူး"
ရှန်ချန်ကျီးက ရပ်လိုက်တယ်။
ရှောင်လီက သူ့ကို စိုက်ကြည့်တယ်။ "ငါ စီရင်ချက်အကျဉ်းထောင်ရဲ့စာကြည့်တိုက်ထဲမှာ စာပိုဒ်တစ်ခု ဖတ်လိုက်ရတယ်။ နတ်ဘုရားတွေက သရဲတွေပဲတဲ့"
"ဟုတ်တယ်" ရှန်ချန်ကျီးရဲ့ပုံသဏ္ဍာန်က သာမန်လူတွေနဲ့ အတိအကျတူညီပုံပေါက်တယ်။ သူက တချို့လူတွေထပ်တောင် ပိုပြီး လူသားဆန်ပါသေးတယ်။ သူနဲ့ဘာမှမဆိုင်တဲ့ ပုံပြင်ကိုပြောပြနေသလိုမျိုး သူ့ပေါင်ပေါ်က သူ့ချစ်သူကို နတ်ဘုရားတွေရဲ့မူလဇစ်မြစ်အကြောင်း စိတ်ရှည်စွာရှင်းပြနေတယ်။
"အစပိုင်းမှာတုန်းက ကောင်းကင်ဘုံနဲ့မြေကြီးတို့ရဲ့ပရမ်းပတာဖြစ်မှုက သေခြင်းတရားမြစ်ရဲ့ချောက်နက်ကို ထောက်ပံ့ပေးခဲ့တယ်။ သို့သော်လည်း ကောင်းကင်ဘုံနဲ့မြေကြီးတို့က ပေါက်ကွဲပြီး သေခြင်းတရားမြစ်က မှောက်သွားခဲ့တယ်။ ချောက်နက်ကြီးက ပြိုကျသွားပြီးတော့ ပရမ်းပတာဖြစ်မှုက ကွဲအက်သွားပြီး မရေမတွက်နိုင်တဲ့ သရဲတွေထွက်လာတယ်"
သေခြင်းတရားမြစ်က မှောက်သွားတယ်...
ဒါကို ရှောင်လီကြားတော့ ပထမဆုံး ပုံတူကမ္ဘာကိုဝင်တုန်းက သူမြင်ခဲ့တာကို သတိရသွားတယ်။ ကောင်းကင်မှာရှိတဲ့မြစ်တစ်စင်းကနေ မရေမတွက်နိုင်တဲ့ အရိပ်မဲတွေက ကောင်းကင်မှာ ပြေးလွှားနေတဲ့ ပုံရိပ်ယောင်ပဲ ဖြစ်တယ်။
"သူတို့ကြားမှာရှိတဲ့ စွမ်းအားကြီးတဲ့တည်ရှိမှုတွေက ဒီအခွင့်အရေးကိုသိမ်းပိုက်ပြီး အပိုင်းပိုင်းအစစဖြစ်နေတဲ့ ပရမ်းပတာဖြစ်မှုတွေကို မြိုချပြီး သေခြင်းတရာမြစ်ရဲ့ပုံရိပ်ယောင်ကိုကယ်တင်ပြီး နတ်ဘုရားတွေအဖြစ်နဲ့ မွေးဖွားလာခဲ့တယ်"
"နတ်ဘုရားတွေက တချိန်တုန်းက သရဲတွေဖြစ်ခဲ့ပြီး သဘာဝကျစွာပဲ သူတို့ကိုယ်သူတို့အဟာရဖြည့်ဖို့ စည်းမျည်းတွေရဲ့ စွမ်းအားကို သုံးဖို့လိုအပ်လာတယ်။ သူက ပရမ်းပတာဖြစ်မှုရဲ့စွမ်းအားကို ချေးငှါးပြီး ပုံတူကမ္ဘာတည်ဆောက်ဖို့ အမိန့်ကို သုံးရတယ်။ အဲ့ဒါကြောင့် သူတို့တွေက ကမ္ဘာတစ်ခုချင်းဆီကနေ လိုအပ်တဲ့စွမ်းအားတွေကို ရရှိနိုင်တယ်"
ရှောင်လီက ဂရုတစိုက် နားထောင်နေတယ်။ "အစစ်အမှန်ကမ္ဘာကျတော့ရော?"
ရှန်ချန်ကျီးက တစ်ခဏလောက် တိတ်ဆိတ်သွားတယ်။
"အစစ်အမှန်ကမ္ဘာက ရေတွင်းတစ်တွင်းပဲ။ တစ်ချိန်က ပရမ်းပတာဖြစ်မှုတွေက ကမ္ဘာကိုထောက်ပံ့ပေးခဲ့တဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး ဆိုလိုတာက နတ်ဘုရားတွေရဲ့ စွမ်းအားက အစစ်အမှန်ကမ္ဘာကို မဖြန့်ကျက်နိုင်အောင် ကာကွယ်ပေးထားတယ်"
ဒါကြောင့်ပဲ အစစ်အမှန်ကမ္ဘာက ဒီနေ့ထိ အသက်ရှင်သန်နေနိုင်ခဲ့တာပါပဲ။
"အခု ဒါကို ကာကွယ်ပေးထားတဲ့အတားအဆီးက တဖြည်းဖြည်းအားနည်းလာတယ်။ ရေတွင်းနှုတ်ခမ်းဝက မရဏနတ်ဘုရားရဲ့စွမ်းအားနဲ့ နှံ့နှံ့စပ်စပ်တူးဖော် ခံရတာနဲ့ လက်တစ်ဖက်က ရေတွင်းထဲ ကျလာလိမ့်မယ်''
ရေတွင်း။ ရှောင်လီက လေးလေးနက်နက်ခေါင်းညိတ်လိုက်တယ်။ ဒါက ကျွေ့ထျန်းရဲ့ဝတ္ထုကမ္ဘာမှာ ပေါ်လာတဲ့ ဖော်ပြချက်နဲ့တူတယ်။ ဒီအမှတ်ကိုရောက်သွားတာနဲ့ အစစ်အမှန်ကမ္ဘာက အတ္တလာတိတ်ရဲ့ကံကြမ္မာအတိုင်း သက်ဆင်းသွားလိမ့်မယ်။
မိုက်ကရိုဖုန်းက သူတို့ရဲ့စကားဝိုင်းကိုကြားတော့ ထိတ်လန့်သွားတယ်။ သူက ရှောင်လီ့နား လှိမ့်လာတယ်။ ရှန်ချန်ကျီးက လှုပ်ရှားမှုတွေကို သတိပြုမိသွားပြီးတော့ မိုက်ကရိုဖုန်းဘက် လှည့်ကြည့်လိုက်တယ်။ သူ စကားမပြောရသေးခင် ရှောင်လီက သူ့ပါးစပ်ကို ဖုံးအုပ်လိုက်လေတယ်။
"မပြောပါနဲ့။ သူတို့အပေါ်မှာ ကောင်းကောင်းဆက်ဆံပါကွာ"
"မင်း သူတို့အပေါ်မှာ အရမ်းကောင်းပေးနေတာကိို ကိုယ်မကြိုက်ဘူး"
ရှန်ချန်ကျီးက နည်းနည်းစိတ်ဆိုးနေသလို အသံတိုးတိုးနဲ့ ညည်းညူတိုင်တန်းတယ်။ သူက ပိုင်ရှင်အပေါ်မှာ ကလေးလို ပြုမူနေတဲ့ ကြောင်အကြီးကြီးတစ်ကောင်နဲ့ တူတူပါပဲ။
"မင်းက ကိုယ့်ထပ် သူတို့အပေါ် ပိုကောင်းနေတယ်"
"မင်းက မတူဘူး" ရှောင်လီက ခဏလောက်စဉ်းစားပြီး ဒီအဖြေကို ပေးလိုက်တယ်။
ရှန်ချန်ကျီးရဲ့ဖျော့တော့နေတဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး ခြိမ်းခြောက်တဲ့အမူအရာနဲ့ မေးလိုက်တယ်။
"ကိုယ်က ဘယ်လို ကွဲပြားခြားနားတာလဲ?"
ရှောင်လီ့အဖြေက သူ့ကို စိတ်ကျေနပ်မှုမရှိစေရင် တိုက်ရိုက်ပဲခုန်အုပ်တော့မယ့် ပုံပါပဲ။
ရှောင်လီက ပြန်ဖြေလိုက်တယ်။
"သူတို့က မိတ်ဆွေတွေ။ မင်းကတော့ ငါ့ရဲ့ချစ်သူ"
~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi
ေရွာင္လီက သူ႕ကိုျငင္းဆန္ၿပီး စိတ္ဆိုးစြာနဲ႕ ရိုက္လိမ့္မယ္လို႔ ရွန္ခ်န္က်ီးက ေတြးထားတယ္။ သူ မေမွ်ာ္လင့္ထားတာက ေရွာင္လီက တကယ္ပဲ ဒါကို စဥ္းစားေနတာပဲ။ ထို႔ေနာက္ ဒီလူသားေလးက တည္ၿငိမ္ေအးစက္စြာနဲ႕ ေျပာလာတယ္။
"ေကာင္းၿပီ"
ေျပာၿပီးတဲ့ေနာက္ ေရွာင္လီက ၿပဳံးလိုက္တယ္။ သူ႕အနက္ေရာင္မ်က္ဝန္းထဲမွာ ႏွင္းပြင့္ေလးေတြ က်ဆင္းေနသလိုပဲ သူ႕အမူအရာက တုႏွိုင္းမရတဲ့အထိအေတြ႕ပါပဲ။ သူက လူေတြနဲ႕ အကြာအေဝးတစ္ခုထားရတာကိုႀကိဳက္ေပမယ့္ သူ႕ဘက္က စၿပီးနီးကပ္လိုက္တာနဲ႕ လူတစ္ေယာက္ရဲ႕လက္ထဲကို ႏွင္းေတြက တတ္က်စြာအဆက္မျပတ္က်ဆင္းလာသလိုပါပဲ။
မီးဖိုေခ်ာင္ထဲက အလင္းေရာင္က ခပ္မွိန္မွိန္ပါပဲ။ ရွန္ခ်န္က်ီးက အေပၚကမီးကို မဖြင့္ခဲ့တာေၾကာင့္ ညမီးေရာင္က အကြာအေဝးအနည္းငယ္ကိုသာ ေတာက္ပစြာလင္းေနတယ္။ ရွန္ခ်န္က်ီးက သူ႕လက္ကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္လိုက္ၿပီး အတင္းေပြ႕ဖက္လိုက္တယ္။ သူက ႏွင္းခ်ပ္ကိုေကာက္ယူၿပီး ေႏြးေထြးႏူးညံ့လာေအာင္ အခ်စ္ရဲ႕အေရာင္ေတြ ဆိုးေပးလိုက္ တယ္။
ဟုတ္ပါတယ္။ အခ်ိန္က တိုေတာင္းေနေသးေပမယ့္ ရွန္ခ်န္က်ီးက ေရွာင္လီရဲ႕ ဖုန္းကြယ္ထားတဲ့ဘက္ျခမ္းကို ရွာေတြ႕ခဲ့တယ္။ ပုံတူကမာၻထဲက စိတ္ဝင္စားစရာေကာင္းတဲ့အရာေတြက လြဲလို႔ ေရွာင္လီက ဘဝမွာ တျခားအရာေတြနဲ႕ သိပ္ၿပီး ကြဲျပားျခားနားမႈ မရွိပါဘူး။ အနည္းငယ္ေတာင္ ကေလးဆန္ေနပါေသးတယ္။
အဲ့ဒီထဲမွာ အဝတ္အစား၊ အစားအေသာက္၊ အိမ္ရာနဲ႕ သြားလာလႈပ္ရွားမႈ က႑အားလုံး ပါဝင္တယ္။ ဥပမာ သူက လိုက္ဖက္သည္ျဖစ္ေစ မလိုက္ဖက္သည္ျဖစ္ေစ ေတြ႕ကရာကို ယူဝတ္တတ္ပါတယ္။ ဥပမာ ရွန္ခ်န္က်ီးက အေဝးေရာက္ေနရင္ သူကိုယ္တိုင္ဟင္းခ်က္မယ့္အစား ဆိုင္ကေနပဲ ေအာ္ဒါမွာစားေလ့ ရွိတယ္။
ေမးလိုက္ရင္ေတာ့ ေရွာင္လီ့ရဲ႕ေျဖာင့္မတ္တဲ့အေျဖကို ရပါလိမ့္မယ္။ 'ဆိုင္ကေအာ္ဒါမွာစားတာက ဒီေန႕ေခတ္မွာ တိုးတတ္လာၿပီ။ ဟင္းခ်က္တာက မလိုအပ္တဲ့အရာပဲ' ဆိုၿပီးေတာ့ေလ။
'မလိုအပ္တာ' လား သို႔မဟုတ္ 'ပ်င္းတာ' လား ဆိုတာ မေသခ်ာပါဘူး။
သို႔ေသာ္လည္း ရွန္ခ်န္က်ီးက သူ႕ခ်စ္သူရဲ႕ ျပႆနာအေသးအဖြဲေလးေတြကို ကန့္ကြက္မႈ မရွိပါဘူး။ အဲ့အစား သူက ပုံမွန္ လင္ေယာက္်ားနဲ႕ဇနီးမယားတို႔လို တစ္ဖက္လူအတြက္ ေန႕တိုင္းဟင္းခ်က္ေပးရတာကို သူ ေပ်ာ္ပါတယ္။ ဟုတ္တာေပါ့။ အခုေတာ့ မဟုတ္ဘူး။
ေလာေလာဆယ္ရွန္ခ်န္က်ီးက ေရွာင္လီ့ကို ဖက္ထားၿပီးေတာ့ မီးဖိုေခ်ာင္တံခါးနဲ႕နံရံေထာင့္ကို တြန္းလိုက္တယ္။ သူ႕ႏွာေခါင္းနဲ႕ လူငယ္ေလးရဲ႕ႏူးညံ့တဲ့မ်က္ႏွာေပၚ ပြတ္သပ္လိုက္ၿပီး ေလးေလးနက္နက္ေမးလိုက္တယ္။
"ဒါဆို အခု စားလို႔ရလား?"
သူက ေရွာင္လီ့တုန့္ျပန္မႈကိုေစာင့္ဖို႔အတြက္ သည္းမခံနိုင္ပဲ တစ္ဖက္လူကို မနမ္းပဲ မေနနိုင္ေတာ့ေပ။ ပထမေတာ့ ႏူးညံ့ညွင္သာပါတယ္။ ထို႔ေနာက္မွာတာ့ ရွန္ခ်န္က်ီးရဲ႕လႈပ္ရွားမႈေတြက ...
ပိုျပင္းထန္လာတယ္။
ေနာက္ဆုံးေတာ့ ေရွာင္လီက သင့္ေတာ္တဲ့အထူးျပဳပုဒ္ကို ရွာေတြ႕သြားပါၿပိ။ ဒီလိုခံစားခ်က္မ်ိဳးက ေနာက္တစ္စကၠန့္မွာပဲ ကမာၻႀကီးအဆုံးသတ္ေတာ့မွာမို႔ ရွန္ခ်န္က်ီးမွာ သူ႕ကို ႏႈတ္ဆက္အနမ္းေပးဖို႔ ဒီအခ်ိန္ေလးပဲရွိေတာ့သလိုပါပဲ။ အဲ့ဒါေၾကာင့္ရွန္ခ်န္က်ီးက အားကိုပိုသုံးၿပီး သူ႕ကို တိုက္ရိုက္ ၿမိဳခ်လိဳက္ေတာ့မလို အခ်ိန္တိုင္း အဲ့လိုပဲ ျဖစ္တယ္။
"ေကာင္းၿပီ။ ေကာင္းၿပီ" ေရွာင္လီက သူ႕ကို ခဏေလာက္နမ္းခြင့္ေပးၿပီးေနာက္ တစ္ဖက္လူရဲ႕ေခ်ာေမာတဲ့မ်က္ႏွာကို ပုတ္လိုက္တယ္။
"ငါ့ကို အရင္အဆာေကြၽးၿပီးေတာ့မွ မင္းအလွည့္ေပါ့။ ဟုတ္ၿပီလား?"
ရွန္ခ်န္က်ီးက ေရွာင္လီ့ကို သူ႕လက္ထဲကေန လႊတ္ေပးလိုက္ရတာေၾကာင့္ သိပ္မေပ်ာ္ပါဘူး။ ေရွာင္လီက အိုးထဲက ခရမ္းသီးဟင္းကို ပန္းကန္ထဲထည့္ဖို႔ ျပင္လိုက္တယ္။ သူ မလႈပ္ရွားရေသးခင္ ရွန္ခ်န္က်ီးရဲ႕ အသံတိုးတိုးကို ၾကားလိုက္ရေလတဘ္။
"ဒါက စားလို႔မရေတာ့ဘူး။ ခ်ထားလိုက္။ ကိုယ္ ဟင္းအသစ္ခ်က္ေပးမယ္"
"မလိုဘူး" ေရွာင္လီက ေခါင္းခါလိုက္တယ္။
"ဒါက ဆားနည္းနည္းငံသြား႐ုံပဲ။ မစားခင္ ေရတစ္ခြက္အျပည့္ခပ္ထားေပး"
***
စားၿပီးတဲ့ေနာက္ ရွန္ခ်န္က်ီးက 'သူ႕ကိုစား'ဆိုတဲ့ေရွာင္လီ့အေပၚမွာပဲ အာ႐ုံစိုက္ေနပုံရၿပီး သူ႕ရဲ႕ပန္းကန္ေဆးတဲ့လႈပ္ရွားမႈက သိသိသာသာ အလွ်င္လိုေနတယ္။ မူလတုန္းက ေရွာင္လီက ကူညီေပးခ်င္ေပမယ့္ ပန္းကန္လုံးတစ္လုံးက်ကြဲသြားၿပီး သူ႕လက္ေခ်ာင္းမွာ ဒဏ္ရာရလုနီးပါးျဖစ္သြားၿပီးတဲ့ေနာက္ ေျပးထြက္လာရပါေတာ့တယ္။
ေရွာင္လီက ေၾကာင္ေလးနဲ႕ ခဏကစားၿပီးတဲ့ေနာက္ ျပတင္းေပါက္လသာေဆာင္ကေန လာတဲ့ အသက္ဝင္တဲ့႐ြတ္ဖတ္သံကို ၾကားလိုက္ရၿပီး ေခါင္းလွည့္ၾကည့္လိုက္တယ္။
"ဥကၠဌကုက အရင္က မစၥစ္ကုကို ထပ္ၿပီး ေတြ႕လိုက္ရတယ္။ သို႔ေသာ္လည္း အရင္တုန္းက လွပတင့္တယ္တဲ့အဝတ္အစားေတြနဲ႕စာရင္ သူမက လက္မထပ္ခင္ကမိန္းကေလးတစ္ဦးလို ဝတ္စားဆင္ယင္ထားတဘ္။ သူမက လွပတဲ့စကပ္တိုတိုကို ဝင္ထားၿပီး သူမေဘးမွာ ေနာက္တစ္ေယာက္ရွိေနတယ္။ အမ်ိဳးသားက သူမကို မေယာင္မလည္ ျပဳမူေနတယ္!"
"မစၥတာကုက ဒါကို သည္းမခံနိုင္ေတာ့ပါဘူး။ သူက အရမ္းကိုေဒါသထြက္ေနတာေၾကာင့္ သူ႕မ်က္လုံးေတြ ေပါက္ကြဲမတတ္ပဲ။ သူက အမ်ိဳးသမီးေရွ႕ကိုသြားၿပီး က်ယ္က်ယ္ေလာင္ေလာင္ေမးလိုက္ဖို႔ကို မေစာင့္နိုင္ေတာ့ပါဘူး! မစၥတာကုက ခ်က္ခ်င္းပဲ ဒရိုင္ဘာကို ကားရပ္ဖို႔ေျပာၿပီး ဖမ္းဖို႔သြား—"
ေရွာင္လီက အဲ့အခ်ိန္မွာပဲ ျပတင္းေပါက္ကို ဖြင့္လိုက္တယ္။
မိုက္ကရိုဖုန္းက ဖတ္ေနတာကို ၾကားျဖတ္ခံလိုက္ရၿပိး သူက အျပစ္ကင္းတဲ့ပုံနဲ႕ ေလထဲလြင့္ၿပီး သူေရွ႕မွာစာမူနဲ႕ ေရွာင္လီ့ဘက္လွည့္လာတယ္။
ေရွာင္လီက ေမးလိုက္တယ္။ "႐ုတ္တရက္ႀကီး ဘာလို႔ဒါကို ထပ္ဖတ္ေနတာလဲ?"
"ငါက လသာေဆာင္မွာေနၿပီး TV မၾကည့္ရဘူးေလ။ ေဖ်ာ္ေျဖေရးအတြက္ ငါ ဒါကိုပဲ ဖတ္ဖို႔ရွိတယ္"
ေကြၽ႕ထ်န္းက အစပိုင္းမွာ ရွက္ၿပီး ျပင္းျပင္းထန္ထန္တားဆီးေပမယ့္ အခုေတာ့ ထုံထိုင္းမႈအျဖစ္ ေျပာင္းလဲသြားပါၿပီ။ တခါတေလ သူက ဖူက်ိကဲရဲ႕စာဖတ္ျခင္းက ေပ်ာ္စရာတခ်ိဳ႕ကိုေတာင္ ရရွိပါေသးတယ္။ ဥပမာ ဖူက်ိကဲက ျပင္းထန္တဲ့အမူအရာနဲ႕ဖတ္ေနရင္ ေကြၽ႕ထ်န္းရဲ႕ဒီအပိုင္းက ေအာင္ျမင္မယ္လို႔ ဆိုလိုတာပဲ။ ဖူက်ိကဲအသံက အားနည္းေနရင္ ဒီအပိုင္းသစ္က ေဝဝါးေနၿပီး စာဖတ္သူေတြကို အထင္ႀကီးေအာင္ မလုပ္နိုင္ေပ။ အဲ့ဒါဆိုရင္ ေကြၽ႕ထ်န္းက စာသားကိုျပန္လည္ျပင္ဆင္ၿပီး သရဲႏွစ္ေကာင္က အခ်င္းခ်င္းရန္ျဖစ္ၾကေတာ့တယ္။ သူတို႔ေတြက လိုက္ဖက္တဲ့စုံတြဲတစ္တြဲလို ျဖစ္လာတယ္။
"ဘာလို႔ မင္းက TV မၾကည့္ေတာ့တာလဲ?" ေရွာင္လီက ေဘးကိုသြားၿပီး ပေဟဠိျဖစ္စြာ ေမးလိုက္တယ္။
ဖူက်ိကဲက နည္းနည္းျမင့္တတ္လာၿပီး မီးဖိုေခ်ာင္ကို စိုက္ၾကည့္လိုက္တယ္။ သူက မီးဖိုေခ်ာင္တံခါးပိတ္ေနတာကို အတည္ျပဳၿပီးမွ ေလသံေလးနဲ႕တီးတိုးေျပာေလတယ္။
"ငါ မင္းေကာင္ေလးကို နည္းနည္းေၾကာက္လို႔။ သူက ပုံတူကမာၻေတြထဲက သရဲေတြထပ္ေတာင္ ပိုေၾကာက္ဖို႔ေကာင္းတယ္။ ငါ... အရမ္း..."
သူက ျပတ္ေတာင္းျပတ္ေတာင္း ေျပာတယ္။
ရွန္ခ်န္က်ီး ဒီကိုေျပာင္းလာကတည္းက ဖူက်ိကဲက သူ႕အေျခစိုက္စခန္းကို ဆိုဖာခုံကေန လသာေဆာင္ကို ေျပာင္းလာခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ တစ္ညမွာ ေရွာင္လီက သူ႕ရဲ႕ေရစိုေနတဲ့ညအိတ္ဝတ္စုံနဲ႕ အျပင္ထြက္လာၿပီး ဖူက်ိကဲေဘးမွာ ထိုင္လိုက္တယ္။ ရွန္ခ်န္က်ီးက မိုက္ကရိုဖုန္းကို စိုက္ၾကည့္ေနၿပီး သူ႕ကို ေနရာမွာတင္ ခ်ေတာ့မယ့္ပုံေပါက္တာေၾကာင့္ မိုက္ကရိုဖုန္းက လသာေဆာင္ကို လိမ့္လာရေတာ့တယ္။
ဖူက်ိကဲက ဆက္မေျပာပဲ သနားစရာေကာင္းစြာ ေမးလိုက္တယ္။
"သူက ဒီမွာ အၿမဲေနမွာလား?"
ေရွာင္လီက သူ႕ကိုေျပာလိုက္တယ္။ "ဟုတ္တယ္။ မင္း သူ႕ကို ရင္းႏွီးေအာင္ လုပ္ရမယ္"
"ဒါေပမယ့္ သူက ငါ့ကို သတ္ခ်င္ေနတယ္လို႔ ငါထင္တယ္" ဖူက်ိကဲက ေၾကာက္ေနတယ္။
"ငါ့ကို မေျပာနဲ႕။ မင္းနဲ႕နီးစပ္တဲ့ သတၱဝါေတြအကုန္လုံးက..."
ရွန္ခ်န္က်ီးက ေရွာင္လီရွိေနျခင္းနဲ႕ မရွိေနျခင္းကိုမူတည္ၿပီး လုံးဝကို ကြဲျပားျခားနားတဲ့ လူႏွစ္ေယာက္လိုပဲ။
"မဟုတ္ပါဘူး" ေရွာင္လီက ညွင္ညွင္သာသာေျပာလိုက္ၿပီး မိုက္ကရိုဖုန္းကိုယူကာ ဆိုဖာေပၚက ေနရာေဟာင္းမွာ သူ႕ကိုထားလိုက္တယ္။ "သူ ငါ့ကို စိတ္ဆိုးမွာ မဟုတ္ဘူး"
ဖူက်ိကဲက ဆိုဖာၾကားထဲက ေနရာလြတ္ထဲ လိမ့္သြားလိုက္တယ္။ သူက ၾကာရွည္စြာဆုံးရႈံးခဲ့တဲ့ ႏူးညံ့မႈကိုခံစားလိုက္ရၿပီး ေမးလိုက္တယ္။
"တကယ္လား?"
ေရွာင္လီက ေခါင္းညိတ္ျပလိုက္တယ္။
မိုက္ကရိုဖုန္းက သူ႕ကိုယုံပါတယ္။ ဖူက်ိကဲက စိတ္ခ်သြားၿပီး သူမွတ္တမ္းတင္ထားတဲ့ ရသစုံရွိုးပြဲကို ထပ္ၾကည့္လိုက္တယ္။
***
ညေရာက္လာၿပီး ကမာၻေျမႀကီးကို ဖုံးအုပ္သြားတယ္။ ရွန္ခ်န္က်ီးက အက်င့္ပါစြာပဲ ေရွာင္လီ့နားထိုင္ၿပီး သူ႕ကို ဖက္လိုက္တယ္။ ေရွာင္လီက ဒါကို မေရွာင္ပါဘူး။ သူက တစ္ဖက္လူရဲ႕လက္ေမာင္းထဲ မွီလိုက္ၿပီးေတာ့ ရိုးရွင္းစြာပဲ လူငယ္ေလးရဲ႕ေပါင္ေပၚလွဲလိုက္တယ္။ သူ႕ေရွ႕က TV ကေန အၾကည့္လႊဲၿပီး ရွန္ခ်န္က်ီးကို ေမာ့ၾကည့္လိုက္တယ္။
သူ႕ဆံပင္ေတြက ႏွဖူးေပၚကေန ေဘးကိုက်ေနၿပီး သူ႕ရဲ႕ႏူးညံ့တဲ့မ်က္ႏွာသြင္ျပင္ကို ေဖာ္ျပေနတယ္။ လိပ္ျပာတစ္ေကာင္က သူ႕မ်က္လုံးရဲ႕ေထာင့္မွာ တြယ္ကပ္ၿပီး သူ႕မ်က္ေတာင္ရဲ႕လႈပ္ရွားမႈအတိုင္း အေတာင္ပံေတြ လႈပ္ခတ္ေနသလိုပါပဲ။ ရွန္ခ်န္က်ီးက ေရွာင္လီ့မ်က္ေတာင္ေတြကို ထိဖို႔ဆြဲေဆာင္ခံလိုက္ရသလို လက္လွမ္းလိုက္ေလတယ္။
ေရွာင္လီက သူ႕လက္ကို လမ္းတစ္ဝက္မွာပဲ ဖမ္းဆြဲလိုက္တယ္။
ရွန္ခ်န္က်ီးရဲ႕ႏႈတ္ခမ္းက အၿပဳံးနဲ႕ေကာ့ၫြတ္သြားတယ္။
"မင္း ကိုယ့္ကို ေကြၽးမယ္လို႔ မေျပာခဲ့ဘူးလား?"
"မင္းရဲ႕အေျဖေပၚ မူတည္တယ္" ေရွာင္လီက အမ်ိဳးသားရဲ႕လက္ကို ဆိတ္လိုက္တယ္။
ရွန္ခ်န္က်ီးက နက္နက္ရွိုင္းရွိုင္းၿပဳံးလိုက္တယ္။
"ေကာင္းၿပီေလ။ မင္း ဘာေမးခ်င္တာလဲ? အရာအားလုံး မင္း သိလို႔ရတယ္"
ေရွာင္လီက သူ႕မ်က္ႏွာကို မၾကည့္ေတာ့ေပ။ သူက ဧည့္ခန္းေပၚမွာဖြင့္ထားတဲ့ တြဲေလာင္းက်ေနတဲ့မီးလုံးကို ၾကည့္လိုက္တယ္။ ဒါက သူ႕ရဲ႕ထင္ေယာင္ထင္မွားျဖစ္တာလား မသိေပမယ့္ ေသးငယ္တဲ့ေရာင္ျခည္က မီးလုံးကေန ၾကမ္းပင္ေပၚ ျဖာက်ေနပုံရတယ္။
"မင္းက ဘာနတ္ဘုရားလဲ?" ေရွာင္လီက အခ်ိန္အေတာ္ၾကာၿပီးေနာက္ ေမးလိုက္တယ္။
ဒီေခါင္းစဥ္ကိုေျပာလာတဲ့အခ်ိန္မွာ ရွန္ခ်န္က်ီးက သူ႕လက္ကို ကိုင္လိုက္တယ္။ သူက ေမးခြန္းေမးတဲ့ေရွာင္လီထပ္ေတာင္ ပိုၿပီး စိုးရိမ္ေၾကာင့္ၾကေနသလိုပါပဲ။ သူက ေရွာင္လီ သူ႕ကို ထားသြားမွာကို စိုးရိမ္ေနတာပါပဲ။
"... ကိုယ္က အရမ္းကို အေစာႀကီး ေမြးဖြားလာတာ။ ကိုယ္ နက္နက္ရွိုင္းရွိုင္းအိပ္ေမာက်ေနခဲ့ၿပီး လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကမွ နိုးလာတာ။ ကိုယ့္မွာ ဂုဏ္ပုဒ္မရွိဘူး"
"ဂုဏ္ပုဒ္?"
"ဟုတ္တယ္။ Nyx လိုမ်ိဳးေပါ့။ ညဆိုတာ သူမရဲ႕ဂုဏ္ပုဒ္ပဲ။ ကိုယ္က အရမ္းကို မၾကာခဏမထြက္လာေတာ့ ကိုယ့္မွာ ဂုဏ္ပုဒ္မရွိဘူး" ရွန္ခ်န္က်ီးက တည္ၿငိမ္တဲ့အသံနဲ႕ ရွင္းျပတယ္။
ေရွာင္လီက သူ႕ေပါင္ေပၚ လွည့္လိုက္တယ္။ "ဆက္ေျပာပါဦး"
သူက တိက်တဲ့ေမးခြန္းကိုမေမးတာေၾကာင့္ ရွန္ခ်န္ကီးက ေရွာင္လီစိတ္ဝင္စားေလာက္မယ္ ထင္တဲ့ သူ႕ဗဟုသုတထဲကေန ေ႐ြးခ်ယ္လိုက္တယ္။
"ဂုဏ္ပုဒ္ေတြနဲ႕ နတ္ဘုရားေတြဟာ အဓိကနတ္ဘုရားကလြဲလို႔ အေျခခံအားျဖင့္ သိပ္ၿပီး မသန္မာၾကဘူး။ အလိမ္အညာက ေန႕တိုင္း ဘာမွမလုပ္ဘူး။ သူက ကမာၻေတြကို ေခါက္တုန့္ေခါက္ျပန္သြားၿပီး လူေတြကိုလွည့္စားေန႐ုံပဲ"
... သူက သူ႕ရဲ႕'အခ်စ္ၿပိဳင္ဘက္'အေၾကာင္း မေကာင္းေျပာဖို႔ မေမ့ပါဘူး။
ေရွာင္လီက ရယ္ရမလား ငိုရမလား မသိေတာ့ပါဘူး။ ရွန္ခ်န္က်ီးက အလိမ္အညာနတ္ဘုရားအေၾကာင္း ဆက္ၿပီးေဝဖန္ေတာ့မွာကိုေတြ႕ေတာ့ အျမန္ပဲ တားဆီးလိုက္တယ္။
"ငါ အလိမ္အညာအေၾကာင္း ဂ႐ုမစိုက္ဘူး"
ရွန္ခ်န္က်ီးက ရပ္လိုက္တယ္။
ေရွာင္လီက သူ႕ကို စိုက္ၾကည့္တယ္။ "ငါ စီရင္ခ်က္အက်ဥ္းေထာင္ရဲ႕စာၾကည့္တိုက္ထဲမွာ စာပိုဒ္တစ္ခု ဖတ္လိုက္ရတယ္။ နတ္ဘုရားေတြက သရဲေတြပဲတဲ့"
"ဟုတ္တယ္" ရွန္ခ်န္က်ီးရဲ႕ပုံသ႑ာန္က သာမန္လူေတြနဲ႕ အတိအက်တဴညီပုံေပါက္တယ္။ သူက တခ်ိဳ႕လူေတြထပ္ေတာင္ ပိုၿပီး လူသားဆန္ပါေသးတယ္။ သူနဲ႕ဘာမွမဆိုင္တဲ့ ပုံျပင္ကိုေျပာျပေနသလိုမ်ိဳး သူ႕ေပါင္ေပၚက သူ႕ခ်စ္သူကို နတ္ဘုရားေတြရဲ႕မူလဇစ္ျမစ္အေၾကာင္း စိတ္ရွည္စြာရွင္းျပေနတယ္။
"အစပိုင္းမွာတုန္းက ေကာင္းကင္ဘုံနဲ႕ေျမႀကီးတို႔ရဲ႕ပရမ္းပတာျဖစ္မႈက ေသျခင္းတရားျမစ္ရဲ႕ေခ်ာက္နက္ကို ေထာက္ပံ့ေပးခဲ့တယ္။ သို႔ေသာ္လည္း ေကာင္းကင္ဘုံနဲ႕ေျမႀကီးတို႔က ေပါက္ကြဲၿပီး ေသျခင္းတရားျမစ္က ေမွာက္သြားခဲ့တယ္။ ေခ်ာက္နက္ႀကီးက ၿပိဳက်သြားၿပီးေတာ့ ပရမ္းပတာျဖစ္မႈက ကြဲအက္သြားၿပီး မေရမတြက္နိုင္တဲ့ သရဲေတြထြက္လာတယ္"
ေသျခင္းတရားျမစ္က ေမွာက္သြားတယ္...
ဒါကို ေရွာင္လီၾကားေတာ့ ပထမဆုံး ပုံတူကမာၻကိုဝင္တုန္းက သူျမင္ခဲ့တာကို သတိရသြားတယ္။ ေကာင္းကင္မွာရွိတဲ့ျမစ္တစ္စင္းကေန မေရမတြက္နိုင္တဲ့ အရိပ္မဲေတြက ေကာင္းကင္မွာ ေျပးလႊားေနတဲ့ ပုံရိပ္ေယာင္ပဲ ျဖစ္တယ္။
"သူတို႔ၾကားမွာရွိတဲ့ စြမ္းအားႀကီးတဲ့တည္ရွိမႈေတြက ဒီအခြင့္အေရးကိုသိမ္းပိုက္ၿပီး အပိုင္းပိုင္းအစစျဖစ္ေနတဲ့ ပရမ္းပတာျဖစ္မႈေတြကို ၿမိဳခ်ၿပီး ေသျခင္းတရာျမစ္ရဲ႕ပုံရိပ္ေယာင္ကိုကယ္တင္ၿပီး နတ္ဘုရားေတြအျဖစ္နဲ႕ ေမြးဖြားလာခဲ့တယ္"
"နတ္ဘုရားေတြက တခ်ိန္တုန္းက သရဲေတြျဖစ္ခဲ့ၿပီး သဘာဝက်စြာပဲ သူတို႔ကိုယ္သူတို႔အဟာရျဖည့္ဖို႔ စည္းမ်ည္းေတြရဲ႕ စြမ္းအားကို သုံးဖို႔လိုအပ္လာတယ္။ သူက ပရမ္းပတာျဖစ္မႈရဲ႕စြမ္းအားကို ေခ်းငွါးၿပီး ပုံတူကမာၻတည္ေဆာက္ဖို႔ အမိန့္ကို သုံးရတယ္။ အဲ့ဒါေၾကာင့္ သူတို႔ေတြက ကမာၻတစ္ခုခ်င္းဆီကေန လိုအပ္တဲ့စြမ္းအားေတြကို ရရွိနိုင္တယ္"
ေရွာင္လီက ဂ႐ုတစိုက္ နားေထာင္ေနတယ္။ "အစစ္အမွန္ကမာၻက်ေတာ့ေရာ?"
ရွန္ခ်န္က်ီးက တစ္ခဏေလာက္ တိတ္ဆိတ္သြားတယ္။
"အစစ္အမွန္ကမာၻက ေရတြင္းတစ္တြင္းပဲ။ တစ္ခ်ိန္က ပရမ္းပတာျဖစ္မႈေတြက ကမာၻကိုေထာက္ပံ့ေပးခဲ့တဲ့ အလွည့္အေျပာင္းတစ္ခုျဖစ္ခဲ့ၿပီး ဆိုလိုတာက နတ္ဘုရားေတြရဲ႕ စြမ္းအားက အစစ္အမွန္ကမာၻကို မျဖန့္က်က္နိုင္ေအာင္ ကာကြယ္ေပးထားတယ္"
ဒါေၾကာင့္ပဲ အစစ္အမွန္ကမာၻက ဒီေန႕ထိ အသက္ရွင္သန္ေနနိုင္ခဲ့တာပါပဲ။
"အခု ဒါကို ကာကြယ္ေပးထားတဲ့အတားအဆီးက တျဖည္းျဖည္းအားနည္းလာတယ္။ ေရတြင္းႏႈတ္ခမ္းဝက မရဏနတ္ဘုရားရဲ႕စြမ္းအားနဲ႕ ႏွံ႕ႏွံ႕စပ္စပ္တူးေဖာ္ ခံရတာနဲ႕ လက္တစ္ဖက္က ေရတြင္းထဲ က်လာလိမ့္မယ္''
ေရတြင္း။ ေရွာင္လီက ေလးေလးနက္နက္ေခါင္းညိတ္လိုက္တယ္။ ဒါက ေကြၽ႕ထ်န္းရဲ႕ဝတၳဳကမာၻမွာ ေပၚလာတဲ့ ေဖာ္ျပခ်က္နဲ႕တူတယ္။ ဒီအမွတ္ကိုေရာက္သြားတာနဲ႕ အစစ္အမွန္ကမာၻက အတၱလာတိတ္ရဲ႕ကံၾကမၼာအတိုင္း သက္ဆင္းသြားလိမ့္မယ္။
မိုက္ကရိုဖုန္းက သူတို႔ရဲ႕စကားဝိုင္းကိုၾကားေတာ့ ထိတ္လန့္သြားတယ္။ သူက ေရွာင္လီ့နား လွိမ့္လာတယ္။ ရွန္ခ်န္က်ီးက လႈပ္ရွားမႈေတြကို သတိျပဳမိသြားၿပီးေတာ့ မိုက္ကရိုဖုန္းဘက္ လွည့္ၾကည့္လိုက္တယ္။ သူ စကားမေျပာရေသးခင္ ေရွာင္လီက သူ႕ပါးစပ္ကို ဖုံးအုပ္လိုက္ေလတယ္။
"မေျပာပါနဲ႕။ သူတို႔အေပၚမွာ ေကာင္းေကာင္းဆက္ဆံပါကြာ"
"မင္း သူတို႔အေပၚမွာ အရမ္းေကာင္းေပးေနတာကိို ကိုယ္မႀကိဳက္ဘူး"
ရွန္ခ်န္က်ီးက နည္းနည္းစိတ္ဆိုးေနသလို အသံတိုးတိုးနဲ႕ ညည္းၫူတိုင္တန္းတယ္။ သူက ပိုင္ရွင္အေပၚမွာ ကေလးလို ျပဳမူေနတဲ့ ေၾကာင္အႀကီးႀကီးတစ္ေကာင္နဲ႕ တူတူပါပဲ။
"မင္းက ကိုယ့္ထပ္ သူတို႔အေပၚ ပိုေကာင္းေနတယ္"
"မင္းက မတူဘူး" ေရွာင္လီက ခဏေလာက္စဥ္းစားၿပီး ဒီအေျဖကို ေပးလိုက္တယ္။
ရွန္ခ်န္က်ီးရဲ႕ေဖ်ာ့ေတာ့ေနတဲ့မ်က္လုံးေတြက က်ဥ္းေျမာင္းသြားၿပီး ၿခိမ္းေျခာက္တဲ့အမူအရာနဲ႕ ေမးလိုက္တယ္။
"ကိုယ္က ဘယ္လို ကြဲျပားျခားနားတာလဲ?"
ေရွာင္လီ့အေျဖက သူ႕ကို စိတ္ေက်နပ္မႈမရွိေစရင္ တိုက္ရိုက္ပဲခုန္အုပ္ေတာ့မယ့္ ပုံပါပဲ။
ေရွာင္လီက ျပန္ေျဖလိုက္တယ္။
"သူတို႔က မိတ္ေဆြေတြ။ မင္းကေတာ့ ငါ့ရဲ႕ခ်စ္သူ"
~~~~~~~~~~~~~~~~~~~~~~~~~~~