Secret Love On Air

By ErikaPaul9

4.2K 481 32

မြတ်နိုးရတဲ့တစ်စုံတစ်ယောက်ဘဝထဲမယ်အပြီးစွန့်လွတ်လိုက်တဲ့အချိန်ကျရင်သူ့ကြောင့်ဆိုပြီးဖြစ်တည်လာတဲ့အရာတွေကိုလည်းစ... More

Part - 1
Part - 2
Part - 3
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15

Part - 4

303 32 0
By ErikaPaul9

12 years ago...

" မာမီ မာမီ သမီးကိုထားမသွားပါနဲ့ မာမီ ကြောက်တယ် "

ညအမှောင်ထဲမှာ မိုးခြိမ်းသံတွေနဲ့အတူ 9 နှစ်အရွယ်သမီးတစ်ယောက်ရဲ့မိခင်ဖြစ်သူကိုတောင်းပန်သံတွေ တောင်းဆိုသံတွေ ငိုယိုသံတွေနဲ့အတူ မိုးကလည်းဖြိုင်ဖြိုင်ရွာသွန်းနေခဲ့သည်။

" ဖယ်စမ်းပါ နင့်ဒယ်ဒီနဲ့စုပ်စုပ်ပြတ်ပြတ်နေခဲ့ ဖယ်လို့ပြောနေတယ်လေ "

သူမခြေထောက်ကိုအတင်းကာဖက်တွယ်တောင်းပန်နေသောကလေးသေးသေးလေးကိုအဝေးသို့ဆောင့်တွန်းလိုက်သည်။

" ရွှေရယ် သမီးကိုသနားပါဦး ကို့မျက်နှာမမြင်ချင်တောင်သမီးလေးကိုထောက်ပါဦး "

" မထောက်နိုင်ဘူး ရှင့်လိုအသုံးမကျတဲ့ယောကျ်ားနဲ့ကျွန်မဘယ်လိုမှဆက်မပေါင်းနိုင်ဘူး ကျွန်မကိုယ့်လမ်းကိုရွေးတာ ကျွန်မဘယ်တော့မှမမှားဘူး "

" ရွှေ ရွှေရာ "

" ဖယ်စမ်းပါ "

" မာမီ မာမီ "

9 နှစ်အရွယ်သမီးကလေးရဲ့ငိုသံတွေတောင်းပန်သံတွေကလွှမ်းမိုးနေခဲ့တော့သည်။

" နင်သိပ်ရက်စက်တာပဲ ရွှေခင်စော သိလား နင်ဟာလေအသည်းနှလုံးမရှိတဲ့အယုတ်တမာမကြီးကျနေတာပဲ "

" တို့အခုနောင်တရနေပါပြီ မြရိပ်ချိုရာ ဘယ်လိုဖြစ်ဖြစ် ဘယ်လိုပဲလုပ်ရလုပ်ရ သမီးလေးနဲ့ပြန်အဆင်ပြေချင်တယ် သူ့အတွက်မိခင်ကောင်းတစ်ယောက်ပြန်ဖြစ်ပေးချင်တယ် "

" တော်တော်လေးတော့ကြိုးစားရမှာ ရွှေ "

" အင်းလေ ဒီလောက်တောင်လုပ်ထားမှတော့ဘယ်သူကစိတ်မနာပဲနေမလား "

" ညိုအတတ်နိုင်ဆုံးကူညီပေးမယ်လေ ကလေးမလေးက အပြင်သာမာကြောပြကေမယ့်သူ့အတွင်းစိတ်တွေကဒဏ်ရာတွေနဲ့ဗရပွဖြစ်နေပုံပဲ တို့ကြည့်တာထွက်တယ် "

" အားကိုးပါတယ် ညိုရယ် "

" အရမ်းကြီးတော့မျှော်လင့်မထားပါနဲ့ဦး ညိုဒီမှာရှိနေတဲ့အတောအတွင်းကတော့တတ်နိုင်သမျှစိတ်ရင်းနဲ့ကူညီလုပ်ပေးပါ့မယ် "

" ကျေးဇူးပါကွယ် တို့ကိုဆိုဘယ်လိုအခြေအနေမှာဖြစ်ဖြစ်မပစ်ပယ်သွားတာဆိုလို့ရှင်တို့နှစ်ယောက်ပဲရှိတော့တယ် "

ဝမ်းသာဝမ်းနည်းခြင်းတွေရောတဲ့မျက်ရည်လေးများကျလာတော့သည်။

" ဟယ် ဒီလောက်လေးနဲ့ငိုစရာလား "

" ငိုမှာပေါ့လို့ "

" သွားစမ်းပါ ဂျလည်လေး ငါစိတ်ဆိုးမှန်းသိနေလို့နင်တမင်သနားအောင်လုပ်နေတာလား "

" မြရိပ်ချို နင်ကလေ အမြဲတမ်းပြောဖို့ပဲနော် ငါ့ကိုဆို "

" မဟုတ်လို့လာ "

" ကဲပါ ရှင်တို့နှစ်ယောက်ကလေ တွေ့တိုင်း ကြောင်နဲ့ကြွက်ကျနေတာပဲနော် "

သူငယ်ချင်းသုံးယောက်စကားဝိုင်းထဲမှာမှူးရတီရာက်လာတော့သည်။

" မာမီ တီတီမြ တီတီညို "

" ဟော ငါတို့ကလေးပြန်လာပြီလား "

" အွန်း ဒီမှာကြည့်ပါဦး မာမီတို့ကြိုက်တဲ့တုတ်ထိုးတွေဝယ်ခဲ့တယ် "

" သိတတ်လွန်းတဲ့ငါတို့သမီးလေး...ကဲ ကဲ မာမီသွားထည့်ခဲ့မယ် မာမီ့ကိုပေး "

" ကျေးဇူးပါ မာမီ "

" ကဲ တီတီ့နားလာပါဦး ကလေး "

" တီတီညို မီးငယ်အတွက်ဘာပါလဲဟင် "

" ပါတာပေါ့ ခနနေအခန်းထဲလာယူလှည့် "

" ဘာလေးလဲ "

" မပြောပြဘူး "

" အမယ်လေ ချစ်လိုက်ကြတာနော် "

" တီတီမြကိုလည်းချစ်ပါတယ်လို့ "

" သွား ခုမှလာပြီး "

" မီးငယ် တီ မေးစရာရှိတယ် "

" ဟုတ် မေးလေ တီတီညို "

" ဒီတလော သမီးမာမီတစ်ခုခုထူးဆန်းတာမျိုးတွေ့လား "

" ဟင့်အင်း ဘာလို့လဲဟင် တီတီညို "

" ဘာမှမဟုတ်ပါဘူး တီကဒီတိုင်းမေးကြည့်ရုံပါ "

" ရပါပြီ သုံးဆောင်လို့ရပါပြီရှင် "

အတူစားသောက်ကြပြီးညရောက်တော့ကိုယ်စီအခန်းခွဲပြီးအိပ်ယာဝင်ကြတော့သည်။

" မင်္ဂလာညချမ်းလေးပါရှင် "စိမ့်စမ်းညို"On Air Studio မှပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် ကျွန်မစိမ့်စမ်းညိုပါ ဒီတစ်ခေါက်မှာတော့တစ်စုံတစ်ယောက်အတွက်ချစ်စရာစာတိုလေးရွတ်ပြသွားမှာပါ ခံစားနားထောင်ပေးပါဦးရှင် "

***Hello Darling!
ချစ်စရာသိပ်ကောင်းတဲ့
တစ်စုံတစ်ယောက်လေးရေ...

မင်းကတော့ကိုယ့်ကို
သိချင်မှသိလိမ့်မယ်
ဒါပေမယ့်ကိုယ်ကတော့
မင်းကိုအချိန်အကြာကြီး
သိနှင့်နေခဲ့တယ်။

ချစ်စရာသိပ်ကောင်းတဲ့
မင်းကလေးရေ...

ရီလိုက်ရင်ချိုင့်ဝင်သွားတဲ့
ပါးချိုင့်ခွက်လေးရယ်
ပင့်တက်လိုက်တဲ့မျက်မှန်
အောက်ကမျက်ဝန်းညို
တွေကိုကိုယ်စွဲလမ်းမိနေပြီ။

မင်းကလေးရဲ့
လက်ချောင်းလေးတွေ
သွေးကြောမျှင်လေးတွေ
ခြေချောင်းတွေကစ
အို...မြတ်နိုးစရာတွေပါကွယ်။

သဘောကျခြင်းများစွာရယ်
အားကျမှုပေါင်းများစွာရယ်
အဝေးကနေပဲငေးပြီး
အေးချမ်းမှုတွေပေးပါရစေ...ချစ်ငယ်။***

" ချစ်စရာကောင်းလိုက်တဲ့စာတိုလေးကိုနားထောင်လိုက်ရတဲ့နားထောင်သူတို့ရဲ့ရင်ထဲမှာပန်းတွေပွင့်သွားလေမလား လိပ်ပြာတွေဝဲပျံနေမလား ဒါလေးက ကျွန်မဆီကိုတစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်အတွက်ပေးပို့လာတဲ့စာလေးပါ အတူတူကြည်နူးနေကြလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်ရှင် အားလုံးပဲကောင်းသောညလေးပါရှင် ကျွန်မ စိမ့်စမ်းညိုပါ "

" Good night ပါအန်တီစိမ့်စမ်းညို "

.........

" ညို အစောကြီးဘယ်သွားမလို့လဲ "

" ရှင့်သမီးဆီ "

" နွေဦးမောင်ဆီလား "

" ရှင့်သမီးဘယ်နှယောက်ရှိလဲလို့ "

" ဘာသွားလုပ်မလို့လဲ ညိုရဲ့ "

" ဒီတိုင်းပါ အလည်သွားမလို့ပါ ထားပါ ရှင့်ကိုရှင်းပြရတာနဲ့အချိန်တွေလင့်ကုန်ပြီ နွေဦးမောင်ဆီသွားပြီးရင်ကျွန်မအလုပ်သွားဖို့ရှိတယ်အိမ်ပြန်နောက်ကျမယ်နော် ထမင်းစားမစောင့်နဲ့တော့ "

" အဲ့လိုပါပဲ တစ်နေကုန်တစ်နေခမ်းအဲ့အလုပ်ပဲလုပ်နေလိုက် "

" ရှင်ကြိုက်တဲ့မုန့်ဝယ်ခဲ့မယ် bye သွားပြီနော် "

" အမြဲတမ်းအဲ့လိုပါပဲ "

ဒေါ်စိမ့်စမ်းညိုသည်ဘာမှပြန်မပြောပဲပြုံးပြုံးပဲထွက်သွားတော့သည်။

" Morning ပါ နွေ "

" အန် အန်တီစိမ့်စမ်းညို "

" ကော်ဖီခါးခါးတစ်ခွက်ပေးပါ နွေ "

" ဟုတ်ကဲ့ပါ အန်တီစိမ့်စမ်းညို "

စိမ့်စမ်းညိုသည်ခုံဝိုင်းတစ်နေရာသို့သွားကာ lap top တစ်လုံးနဲ့အလုပ်ရှုပ်နေသည်။

" အန်တီစိမ့်စမ်းညို ကော်ဖီရပါပြီ "

" thank you "

" arh အန်တီစိမ့်စမ်းညိုရဲ့ sign လေးထိုးပေးလို့ရမလား "

Note book သေးသေးလေးကိုမဝံ့တရဲလေးနဲ့ပေးလေသည်။

" အန်တီ့ရဲ့ နားထောင်သူလေးလား "

" အန်တီစိမ့်စမ်းညိုရဲ့အစီအစဥ်အားလုံးတစ်ခုမပြတ်လိုက်နားထောင်တဲ့သူပါ "

" အန်တီ့ big fan ဆိုပါတော့ "

နွေဦးမောင်သည်ပြုံးပဲနေတော့သည်။

" မာမီ့ရှေ့မှာ မာကြောသလောက် တကယ်တော့တခြားသူတွေရှေ့မှာ သမီးကထင်ထားတာထက်ပိုနူးညံ့တာပဲ "

" ဒီလိုချိန်မှာတခြားသူအကြောင်းမပြောပဲနေရအောင်အန်တီစိမ့်စမ်းညို "

" sry ပါကွယ် "

" အန်တီစိမ့်စမ်းညိုကို နွေဦးအများကြီးသဘောကျပါတယ် "

" သဘောကျတယ်ဆိုတာ "

" just role model "

" why???"

" အန်တီစိမ့်စမ်းညိုရဲ့အသံလေးနားထောင်လိုက်ရရင်ပင်ပန်းတာတွေအလိုလိုပျောက်သွားတာမျိုး "

" ဒီလိုကြားရလို့အန်တီဝမ်းသာပါတယ်ကွယ် "

" အန်တီစိမ့်စမ်းညို ဒီကိုမကြာခနလာမှာလားဟင် "

" ဒါပေါ့ နွေ "

" အန်တီစိမ့်စမ်းညို ဒီကိုအလုပ်ကိစ္စနဲ့လာတာလားဟင် "

" ဆိုပါတော့ "

" ဒါကအိပ်မက်လား တကယ်လားတောင်မသိတော့ပါဘူး အန်တီစိမ့်စမ်းညိုနဲ့ဒီလိုမျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောရမယ်လို့ "

" နွေဦးမောင်ရေ တကယ်တော့အန်တီလည်းသာမာန်လူတစ်ယောက်ပါပဲ အန်တီ့ကိုခင်ခင်မင်မင်ရင်းရင်းနှီးနှီးနေလို့ရပါတယ် "

" တကယ်ကြီး အဲ့လိုနေလို့ရလားဟင် အန်တီစိမ့်စမ်းညို "

" ဒါပေါ့ "

" ကျေးဇူးပါ အန်တီစိမ့်စမ်းညို "

နွေဦးမောင်သည်စိမ့်စမ်းညိုလက်ကိုရုတ်တရက်ဆွဲကိုင်လိုက်ကာကလေးတစ်ယောက်လိုပျော်မြူးနေတော့သည်။

" sry ပါအန်တီစိမ့်စမ်းညို နွေဦးအပျော်လွန်သွားလို့ပါ "

" ရပါတယ်ကွယ် "

ဆက်ရန်...

NLY🤎






Continue Reading

You'll Also Like

281K 10.3K 53
Anhay Sharma:- Cold business tycoon who is only sweet for his family. He is handsome as hell but loves to stay away from love life. His female employ...
73.2K 3.5K 164
Mo Chen traveled to the Collapse World and obtained a character strategy simulator. In simulation after simulation, he conquered the conquerable char...
428K 26.9K 39
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
75.6K 4K 28
Hooked onto drugs, no family, no guidance or sanity until she met HIM. Cover Creds: @Triceynexttdoor ❤️ -BLICKY.