ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (...

By SumiHikaru

5.8K 432 118

ယွင်လင်၊ လုချွမ်း မူရင်းစာရေးသူ - ချင်းယွင်တန့်(သန့်) More

(၀)
(၁) Public Beta
(၂) Public Beta
(၄) လွင့်မျောတိမ်လွှာစခန်း
(၅) S အဆင့်စွမ်းရည်
(၆) S အဆင့်စွမ်းရည်
(၇) လှုပ်ရှားမှုပြုလုပ်ခြင်း
(၈) လှုပ်ရှားမှုပြုလုပ်ခြင်း
(၉) ညရောက်ရှိလာခြင်း
(၁၀) ညရောက်ရှိလာခြင်း
(၁၁) ညရောက်ရှိလာခြင်း
(၁၂) ညရောက်ရှိလာခြင်း
(၁၃) စူပါမားကတ်
(၁၄) စူပါမားကတ်

(၃) လွင့်မျောတိမ်လွှာစခန်း

317 33 11
By SumiHikaru

Unicode

ယွင်လင်က တိုကင်ကို ထိရန် လက်လှမ်းလိုက်သော်လည်း ဗလာဖြစ်နေသည့် လေထုကိုသာ ထိတွေ့မိပေသည်။ ထိုသည်မှာ သူမက ပုံရိပ်ယောင်ကိုသာ မြင်တွေ့ရပြီး သစ်သားတိုကင်ပြားက အမှန်တကယ် မတည်ရှိသလိုပင် ဖြစ်သည်။


သို့သော် သူမ တိုကင်အနီးသို့ ရောက်လာသည့်အခါ သူမအရှေ့ရှိ စကားလုံးများက ပြောင်းလဲသွားပေသည်။ [စခန်းကို ရောက်ရှိလာတဲ့အတွက် ကစားသမားကို ဂုဏ်ပြုပါတယ်။]

[ဂိမ်းကို တရားဝင်စတင်ပြီးနောက် ကစားသမားက သင့်ရဲ့ နယ်မြေကို ကိုယ်တိုင် နာမည်ပေးနိုင်မှာ ဖြစ်ပါတယ်။]

[ဂိမ်းစတင်ဖို့အတွက် အချိန် သုံးမိနစ်နဲ့ သုံးဆယ့်သုံးစက္ကန့် လိုနေပါသေးတယ်။]

ယွင်လင့်ခေါင်းထဲမှ ပထမဆုံးအတွေးမှာ VR ဂိမ်းက အစစ်အမှန် ဂိမ်းတစ်ခု ဖြစ်လာတာလား။


ဒုတိယအတွေးမှာ သူမ အခြားလူများကို သတိပေးသင့်လား။


သို့သော် နောက်တခဏတွင် ထပ်၍ တွေးလိုက်မိသည်မှာ သူမက မည်သူတို့ကို သတိပေးရမည်နည်း။


သူမ၏ မိဘများက သူမ တက္ကသိုလ်တက်နေစဥ် ကွယ်လွန်သွားခဲ့ပြီး သူမအတွက် အိမ်နှစ်လုံးနှင့် အာမခံကြေးငွေ ရှစ်သိန်း ချန်ထားရစ်ခဲ့သည်။


သူမ၏ အဘိုးအဘွားများကလည်း သူမ ငယ်စဥ်ကတည်းက နေမကောင်းဖြစ်ကာ ကွယ်လွန်သွားခဲ့သည်။


သူမ မိဘများ ကွယ်လွန်သွားပြီးနောက် ကျန်နေသည့် ဆွေမျိုးများနှင့်လည်း အဆက်အသွယ်မရှိခဲ့ပေ။ သူမ၏ နောက်ဆုံးဆဲလ်ဖုန်းက အခိုးခံလိုက်ရကာ သိမ်းထားသည့် ဖုန်းနံပါတ်အားလုံး ပျောက်ဆုံးသွားလေသည်။


ထို့ပြင် သူမက သူတို့အား ဆက်သွယ်ခဲ့လျှင်ပင် ဘာပြောနိုင်မှာလဲ။ သူမက သူတို့ကို နောက်သုံးမိနစ်နေရင် ကမ္ဘာကြီးတစ်ခုလုံးက ဂိမ်းကမ္ဘာဖြစ်လာတော့မှာမို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး လုံခြုံအောင် နေကြလို့ ပြောရမှာလား။


သူမ၏ ခန့်မှန်းချက်သာ မှားသွားခဲ့လျှင် စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်သွားရလိမ့်မည် ဖြစ်သည်။


နံပါတ်များက ဆက်လက်၍ ပြောင်းလဲနေပြီး အချိန်က နီးကပ်လာသည်။ [ဂိမ်းမစတင်ခင် အချိန် တစ်မိနစ်နှင့် ဆယ့်နှစ်စက္ကန့်သာ လိုပါတော့တယ်။]


ယွင်လင်က ရေတွက်မှုအဆုံးအထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့၏။


တစ်မိနစ်အတွင်း ကမ္ဘာကြီး ဘာဖြစ်သွားမလဲ သူမ သိရတော့မည် ဖြစ်သည်။


[ဂိမ်းမစတင်ခင် သုံးစက္ကန့်သာ လိုပါတော့တယ်။]

[......နှစ်စက္ကန့်]

[......တစ်စက္ကန့်]

ရေတွက်နေသည့် နံပါတ်က ဇီးရိုးသို့ ရောက်သွားခဲ့သည်။ ရုတ်တရက် ကောင်းကင်မှ မရေတွက်နိုင်သော ကတ်များ ကျဆင်းလာပေသည်။ အဖြူရောင်နှင့် အပြာရောင်များက ကောင်းကင်ကို ဖုံးလွှမ်းထားပြီး ခရမ်းရောင်ကတ် အနည်းငယ်နှင့် လိမ္မော်ရောင်ကတ်အချို့ ရောနှောနေသည်။


ယွင်လင်က ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ လိမ္မော်ရောင်အလင်းတစ်ခုက အနီးရှိ ပန်းခြံသို့ ပြုတ်ကျလာသည်ကို မြင်လိုက်ရသည်။


ကတ်များက လေထဲတွင် မျောလွင့်ကာ နေရာအနှံ့ ကျဆင်းနေသည်။

ထို့နောက် မရေတွက်နိုင်သည့် အလင်းဘောလုံးများလည်း ကောင်းကင်မှ ပြုတ်ကျလာခဲ့၏။


အလင်းလုံး ဒါဇင်နီးပါးက မြေပေါ်သို့ ပြုတ်ကျလာသောအခါ အစိမ်းရောင်အရေပြားနှင့် သစ်သားတုတ်များ ကိုင်ဆောင်ထားသည့် မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့က မြင်မြင်သမျှ လူများကို လိုက်ဖမ်း၍ ရိုက်နှက်၊ ကုတ်ဖဲ့ကာ ကိုက်ဖြတ်စားသောက်ကြသည်။ သူတို့က အလွန် ရက်စက်ကြမ်းကြုတ်လှ၏။


နေ့လယ်ခင်းအချိန်တွင် လမ်းမထက်၌ လူပေါင်းများစွာ ရှိနေသည်။ ရုတ်တရက် အထိတ်တလန့် အော်ဟစ်သံများ၊ ငိုကြွေးသံများ၊ အကူအညီတောင်းခံသံများက ရောနှောကာ ထွက်ပေါ်လာသည်။


တစ်ချိန်တည်းတွင် System က ကြေညာခဲ့၏။

[ဧပြီလ တစ်ရက်နေ့ နေ့လယ်ဆယ့်နှစ်နာရီတွင် ကမ္ဘာပျက် ကပ်ဘေးကို စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။]


ကာရိုက်တာအချက်အလက်ပြ ဇယားက ထွက်ပေါ်လာသည်။


[အမည် - ယွင်လင်]

[အဆင့်'Level' - 0]

[အတွေ့အကြုံရမှတ် 'XP' -  0/100]

[အသက်မှတ် 'HP' - 240/240 (စကေးလ်ဘောနပ်စ် 200)]

[မှော်စွမ်းအား 'MP' - 60/60]

[Attributes - ခွန်အား 3 (5), လျင်မြန်သွက်လက်မှု 4 (5), ခံနိုင်ရည်(သက်လုံ) 4 (5), ပါးနပ်မှု 6 (5), ဝိညာဥ်စွမ်းရည် 6 (5)]

[စကေးလ် - သဘာဝရဲ့နှလုံးသား (S-အဆင့်)]

[လက်နက်ကိရိယာ: မရှိ]

[အခြေခံပြန်လည်ကုသနိုင်စွမ်းအမြန်နှုန်း - +2 HP/min (skill bonus 100%), +1 MP/min.]

[သက်စောင့်စကေးလ် - ကျွမ်းကျင်အဆင့်ငါးဖမ်းခြင်း၊ ကျွမ်းကျင်အဆင့်မွေးမြူခြင်း၊ အဆင့်မြင့်အပ်ချုပ်ပညာ၊ အဆင့်မြင့် အချက်အပြုတ်ပညာ။]

ဖော်ပြချက်။ ။

'ခွန်အား'ကို ထိခိုက်မှုနှင့် အလေးချိန်ကို ခံနိုင်ရည်ရှိသည့် စွမ်းရည်ဟု ဆုံးဖြတ်သည်။


'လျင်မြန်သွက်လက်မှု' ကို တုန့်ပြန်မှုအရှိန်နှင့် ရွေ့လျားမှုအရှိန်ဖြင့် ဆုံးဖြတ်သည်။


'ခံနိုင်ရည်(သက်လုံ)' ကို အသက်မှတ်(HP) နှင့် အချိန်ကြာကြာ ပြေးနိုင် တိုက်ခိုက်နိုင်သည့် စွမ်းရည်ဟု သတ်မှတ်သည်။


'ပါးနပ်မှု'ကို မှော်စွမ်းအားထိခိုက်မှုဖြင့် သတ်မှတ်သည်။


'ဝိညာဥ်စွမ်းအား'ကို MP ဖြင့် တိုင်းတာသည်။


လက်သည်းကွင်း()အတွင်းရှိ တန်ဖိုးမှာ သာမန်အရွယ်ရောက် အမျိုးသားတစ်ယောက်၏ ပျမ်းမျှတန်ဖိုးဖြစ်သည်။


ထို့ပြင် ခံနိုင်ရည် 1 = 10 HP, ဝိညာဥ်စွမ်းအား 1 = 10 MP ရှိသည်။

ယွင်လင်က အချက်အလက်ပြဇယားကို ကြည့်ပြီးနောက် ပိတ်လိုက်သည်။ "Beta တုန်းကနဲ့ အတူတူပဲ။ ကွဲပြားသွားတာမရှိဘူး။"

System: [ကစားသမားမှာ 'အရှင်သခင်လက်မှတ်' ရှိနေကြောင်း စစ်ဆေးရရှိပါတယ်။ ကစားသမားအနေနဲ့ လက်မှတ်ကို အသုံးပြုပြီး နယ်မြေထူထောင်နိုင်ပါတယ်။ အသုံးပြုပါမည်လား။]

ယွင်လင်က 'Yes' ကို ရွေးချယ်လိုက်သည်။

System: [နယ်မြေကို နာမည်ပေးပါ။]

ယွင်လင်က ပြောလိုက်သည်။ "လွင့်မျောတိမ်တိုက်"


အရှင်သခင်လက်မှတ်မှ ရုတ်တရက် တောက်ပသည့် အလင်းများ အပြင်ဘက်သို့ ဖြာထွက်လာသည်။


တခဏကြာပြီးနောက် ရင်းနှီးနေသည့် စခန်းနယ်မြေက ယွင်လင်၏ အရှေ့တွင် ပေါ်ပေါက်လာသည်။


အလယ်တွင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် မီးအုတ်ခုံတစ်ခုရှိပြီး ဘေးဘက်တွင် သိုလှောင်ရုံတစ်ခု ရှိ၏။ ၎င်းတို့မှတပါး အားလုံးက ဗလာဖြစ်နေသည်။

[လွင့်မျောတိမ်တိုက်စခန်းရဲ့ သခင်ဖြစ်လာတဲ့အတွက် ကစားသမားကို ဂုဏ်ပြုပါတယ်။]

[သင့်ရဲ့ အရှင်သခင်အဆင့်အတန်းကို လူသိရှင်ကြားကြေညာဖို့ ဆန္ဒရှိပါသလား။]

ယွင်လင်က "No" ကို ရွေးချယ်လိုက်သည်။


နောက်တခဏတွင် နယ်မြေအချက်အလက်များ ထွက်ပေါ်လာသည်။

[နယ်မြေအမည် - လွင့်မျောတိမ်တိုက်]

[အဆင့် - စခန်းငယ် (စခန်းငယ်၊ ကျေးရွာ၊ မြို့နယ်၊ မြို့တော် ဟူသည့် အဆင့်လေးဆင့်ရှိသည်။)]

[အခွန်အခ - 5%. (0-100%, အရှင်သခင်က အာဏာကို လွတ်လပ်စွာ ချိန်ညှိခွင့်ရှိသည်။)]

[နေထိုင်နိုင်သော လူဦးရေ- - ၂၀၀ ယောက် ]

[လက်ရှိ နေထိုင်သူ - ၁ ယောက်]

[လော့ခ်ဖွင့်နိုင်သော အဆောက်အဦး - ၄]

[လက်ရှိအဆောက်အဦး - ၁]

[လက်ရှိအဆောက်အဦး အသေးစိတ်အချက်အလက် -

သိုလှောင်ရုံ (အဆင့်တစ်) - နှစ်ရာစတုရန်းမီတာ ရှိ။ အမျိုးမျိုးသော အရင်းအမြစ်များကို သိမ်းဆည်းနိုင်ပြီး အစားအသောက်များ၏ သက်တမ်း တိုးချဲ့နိုင်။ (မှတ်ချက်။ ။အရှင်သခင်က စာရင်းကို ကိုင်တွယ်ထိန်းသိမ်းထားနိုင်ပြီး အသုံးပြုရန် ခွင့်ပြုမည့် လူများကို သတ်မှတ်နိုင်သည်။)]

အဆုံးတွင် System အသိပေးချက် တက်လာခဲ့သည်။ [လွင့်မျောတိမ်တိုက်စခန်းငယ်ကို တည်ထောင်ပြီးပါပြီ။ စတင်သူကာကွယ်မှုအချိန်ကာလ ဆယ်ရက် ပေးထားပါတယ်။ ဤအချိန်အတောအတွင်း မည်သည့် သတ္တဝါမှ နယ်မြေကို တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။ ဆယ်ရက်ကြာပြီးနောက် နယ်မြေက အချိန်မရွေး တိုက်ခိုက်ခံရနိုင်ပါတယ်။ ကစားသမားအနေနဲ့ ကျေးဇူးပြုပြီး ကြိုတင်ပြင်ဆင်ထားပေးပါ။]

"ဆယ်ရက်လား။ အဲဒါလုံလောက်ပါတယ်။" ယွင်လင်က အသုံးပြုရန် ခွင့်ပြုမည့်လူစာရင်းကို ပြန်လည်ပြင်ဆင်ရန် အစီအစဥ်မရှိပေ။ စခန်း၏ သိုလှောင်ရုံက အရှင်သခင်၏ ကိုယ်ပိုင်သိုလှောင်မှု ဖြစ်ပေလိမ့်မည်။

သူမက အိမ်သို့ပြန်ပြီး သူမအတွက် လိုအပ်သည့်အရာများကို စခန်းသိုလှောင်ရုံသို့ ပြောင်းရွှေ့ရန် တွေးလိုက်သည်။ ဤသည်မှာ ဂိမ်းအစောပိုင်းကာလဖြစ်သည့်အတွက် အခြားသူများ၏ ကိုယ်ပိုင်အိမ်များသို့ ချိုးဖျက်ဝင်ရောက်ရဲသည့်သူ များများစားစား ရှိလိမ့်ဦးမည် မဟုတ်ပေ။ သို့သော် သူမ နောက်ကျသွားလျှင် ပန်းခြံထဲကျသွားသည့် လိမ္မော်ရောင်ကတ်က အခြားတစ်ယောက်၏ ပစ္စည်း ဖြစ်သွားပေလိမ့်မည်။

ထိုသို့တွေးလိုက်ပြီးနောက် ယွင်လင်က ပန်းခြံသို့သွားကာ လိမ္မော်ရောင်ကတ်ကို အရင်ရှာရန် ဆုံးဖြတ်လိုက်ပေသည်။

*********

Note: လွင့်မျောတိမ်လွှာစခန်းဆိုတဲ့ နာမည်က MC နာမည် ယွင်လင်ကို ပြောင်းပြန်ယူထားတာပါ။ 'လင်ယွင်' လို့ ခေါ်ပါတယ်။

**********

Zawgyi

ယြင္လင္က တိုကင္ကို ထိရန္ လက္လွမ္းလိုက္ေသာ္လည္း ဗလာျဖစ္ေနသည့္ ေလထုကိုသာ ထိေတြ႕မိေပသည္။ ထိုသည္မွာ သူမက ပုံရိပ္ေယာင္ကိုသာ ျမင္ေတြ႕ရၿပီး သစ္သားတိုကင္ျပားက အမွန္တကယ္ မတည္႐ွိသလိုပင္ ျဖစ္သည္။

သို႔ေသာ္ သူမ တိုကင္အနီးသို႔ ေရာက္လာသည့္အခါ သူမအေ႐ွ႕႐ွိ စကားလုံးမ်ားက ေျပာင္းလဲသြားေပသည္။ [စခန္းကို ေရာက္႐ွိလာတဲ့အတြက္ ကစားသမားကို ဂုဏ္ျပဳပါတယ္။]

[ဂိမ္းကို တရားဝင္စတင္ၿပီးေနာက္ ကစားသမားက သင့္ရဲ႕ နယ္ေျမကို ကိုယ္တိုင္ နာမည္ေပးႏိုင္မွာ ျဖစ္ပါတယ္။]

[ဂိမ္းစတင္ဖို႔အတြက္ အခ်ိန္ သုံးမိနစ္နဲ႔ သုံးဆယ့္သုံးစကၠန္႔ လိုေနပါေသးတယ္။]

ယြင္လင့္ေခါင္းထဲမွ ပထမဆုံးအေတြးမွာ VR ဂိမ္းက အစစ္အမွန္ ဂိမ္းတစ္ခု ျဖစ္လာတာလား။

ဒုတိယအေတြးမွာ သူမ အျခားလူမ်ားကို သတိေပးသင့္လား။

သို႔ေသာ္ ေနာက္တခဏတြင္ ထပ္၍ ေတြးလိုက္မိသည္မွာ သူမက မည္သူတို႔ကို သတိေပးရမည္နည္း။

သူမ၏ မိဘမ်ားက သူမ တကၠသိုလ္တက္ေနစဥ္ ကြယ္လြန္သြားခဲ့ၿပီး သူမအတြက္ အိမ္ႏွစ္လုံးႏွင့္ အာမခံေၾကးေငြ ႐ွစ္သိန္း ခ်န္ထားရစ္ခဲ့သည္။

သူမ၏ အဘိုးအဘြားမ်ားကလည္း သူမ ငယ္စဥ္ကတည္းက ေနမေကာင္းျဖစ္ကာ ကြယ္လြန္သြားခဲ့သည္။

သူမ မိဘမ်ား ကြယ္လြန္သြားၿပီးေနာက္ က်န္ေနသည့္ ေဆြမ်ိဳးမ်ားႏွင့္လည္း အဆက္အသြယ္မ႐ွိခဲ့ေပ။ သူမ၏ ေနာက္ဆုံးဆဲလ္ဖုန္းက အခိုးခံလိုက္ရကာ သိမ္းထားသည့္ ဖုန္းနံပါတ္အားလုံး ေပ်ာက္ဆုံးသြားေလသည္။

ထို႔ျပင္ သူမက သူတို႔အား ဆက္သြယ္ခဲ့လွ်င္ပင္ ဘာေျပာႏိုင္မွာလဲ။ သူမက သူတို႔ကို ေနာက္သုံးမိနစ္ေနရင္ ကမ႓ာႀကီးတစ္ခုလုံးက ဂိမ္းကမ႓ာျဖစ္လာေတာ့မွာမို႔ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ၿပီး လုံျခဳံေအာင္ ေနၾကလို႔ ေျပာရမွာလား။

သူမ၏ ခန္႔မွန္းခ်က္သာ မွားသြားခဲ့လွ်င္ စိတ္က်န္းမာေရးေဆး႐ုံသို႔ ေရာက္သြားရလိမ့္မည္ ျဖစ္သည္။

နံပါတ္မ်ားက ဆက္လက္၍ ေျပာင္းလဲေနၿပီး အခ်ိန္က နီးကပ္လာသည္။ [ဂိမ္းမစတင္ခင္ အခ်ိန္ တစ္မိနစ္ႏွင့္ ဆယ့္ႏွစ္စကၠန္႔သာ လိုပါေတာ့တယ္။]

ယြင္လင္က ေရတြက္မႈအဆုံးအထိ စိတ္႐ွည္လက္႐ွည္ ေစာင့္ဆိုင္းေနခဲ့၏။

တစ္မိနစ္အတြင္း ကမ႓ာႀကီး ဘာျဖစ္သြားမလဲ သူမ သိရေတာ့မည္ ျဖစ္သည္။

[ဂိမ္းမစတင္ခင္ သုံးစကၠန္႔သာ လိုပါေတာ့တယ္။]

[......ႏွစ္စကၠန္႔]

[......တစ္စကၠန္႔]

ေရတြက္ေနသည့္ နံပါတ္က ဇီး႐ိုးသို႔ ေရာက္သြားခဲ့သည္။ ႐ုတ္တရက္ ေကာင္းကင္မွ မေရတြက္ႏိုင္ေသာ ကတ္မ်ား က်ဆင္းလာေပသည္။ အျဖဴေရာင္ႏွင့္ အျပာေရာင္မ်ားက ေကာင္းကင္ကို ဖုံးလႊမ္းထားၿပီး ခရမ္းေရာင္ကတ္ အနည္းငယ္ႏွင့္ လိေမၼာ္ေရာင္ကတ္အခ်ိဳ႕ ေရာေႏွာေနသည္။

ယြင္လင္က ေကာင္းကင္ကို ေမာ့ၾကည့္လိုက္သည့္အခါ လိေမၼာ္ေရာင္အလင္းတစ္ခုက အနီး႐ွိ ပန္းျခံသို႔ ျပဳတ္က်လာသည္ကို ျမင္လိုက္ရသည္။

ကတ္မ်ားက ေလထဲတြင္ ေမ်ာလြင့္ကာ ေနရာအႏွံ႔ က်ဆင္းေနသည္။

ထို႔ေနာက္ မေရတြက္ႏိုင္သည့္ အလင္းေဘာလုံးမ်ားလည္း ေကာင္းကင္မွ ျပဳတ္က်လာခဲ့၏။

အလင္းလုံး ဒါဇင္နီးပါးက ေျမေပၚသို႔ ျပဳတ္က်လာေသာအခါ အစိမ္းေရာင္အေရျပားႏွင့္ သစ္သားတုတ္မ်ား ကိုင္ေဆာင္ထားသည့္ မေကာင္းဆိုးဝါးမ်ားအျဖစ္ ေျပာင္းလဲသြားခဲ့သည္။ သူတို႔က ျမင္ျမင္သမွ် လူမ်ားကို လိုက္ဖမ္း၍ ႐ိုက္ႏွက္၊ ကုတ္ဖဲ့ကာ ကိုက္ျဖတ္စားေသာက္ၾကသည္။ သူတို႔က အလြန္ ရက္စက္ၾကမ္းၾကဳတ္လွ၏။

ေန႔လယ္ခင္းအခ်ိန္တြင္ လမ္းမထက္၌ လူေပါင္းမ်ားစြာ ႐ွိေနသည္။ ႐ုတ္တရက္ အထိတ္တလန္႔ ေအာ္ဟစ္သံမ်ား၊ ငိုေႂကြးသံမ်ား၊ အကူအညီေတာင္းခံသံမ်ားက ေရာေႏွာကာ ထြက္ေပၚလာသည္။

တစ္ခ်ိန္တည္းတြင္ System က ေၾကညာခဲ့၏။

[ဧၿပီလ တစ္ရက္ေန႔ ေန႔လယ္ဆယ့္ႏွစ္နာရီတြင္ ကမ႓ာပ်က္ ကပ္ေဘးကို စတင္ဖြင့္လွစ္လိုက္ၿပီ ျဖစ္ပါတယ္။]

ကာ႐ိုက္တာအခ်က္အလက္ျပ ဇယားက ထြက္ေပၚလာသည္။

[အမည္ - ယြင္လင္]

[အဆင့္'Level' - 0]

[အေတြ႕အၾကဳံရမွတ္ 'XP' -  0/100]

[အသက္မွတ္ 'HP' - 240/240 (စေကးလ္ေဘာနပ္စ္ 200)]

[ေမွာ္စြမ္းအား 'MP' - 60/60]

[Attributes - ခြန္အား 3 (5), လ်င္ျမန္သြက္လက္မႈ 4 (5), ခံႏိုင္ရည္(သက္လုံ) 4 (5), ပါးနပ္မႈ 6 (5), ဝိညာဥ္စြမ္းရည္ 6 (5)]

[စေကးလ္ - သဘာဝရဲ႕ႏွလုံးသား (S-အဆင့္)]

[လက္နက္ကိရိယာ: မ႐ွိ]

[အေျခခံျပန္လည္ကုသႏိုင္စြမ္းအျမန္ႏႈန္း - +2 HP/min (skill bonus 100%), +1 MP/min.]

[သက္ေစာင့္စေကးလ္ - ကြၽမ္းက်င္အဆင့္ငါးဖမ္းျခင္း၊ ကြၽမ္းက်င္အဆင့္ေမြးျမဴျခင္း၊ အဆင့္ျမင့္အပ္ခ်ဳပ္ပညာ၊ အဆင့္ျမင့္ အခ်က္အျပဳတ္ပညာ။]

ေဖာ္ျပခ်က္။ ။

'ခြန္အား'ကို ထိခိုက္မႈႏွင့္ အေလးခ်ိန္ကို ခံႏိုင္ရည္႐ွိသည့္ စြမ္းရည္ဟု ဆုံးျဖတ္သည္။

'လ်င္ျမန္သြက္လက္မႈ' ကို တုန္႔ျပန္မႈအ႐ွိန္ႏွင့္ ေ႐ြ႕လ်ားမႈအ႐ွိန္ျဖင့္ ဆုံးျဖတ္သည္။

'ခံႏိုင္ရည္(သက္လုံ)' ကို အသက္မွတ္(HP) ႏွင့္ အခ်ိန္ၾကာၾကာ ေျပးႏိုင္ တိုက္ခိုက္ႏိုင္သည့္ စြမ္းရည္ဟု သတ္မွတ္သည္။

'ပါးနပ္မႈ'ကို ေမွာ္စြမ္းအားထိခိုက္မႈျဖင့္ သတ္မွတ္သည္။

'ဝိညာဥ္စြမ္းအား'ကို MP ျဖင့္ တိုင္းတာသည္။

လက္သည္းကြင္း()အတြင္း႐ွိ တန္ဖိုးမွာ သာမန္အ႐ြယ္ေရာက္ အမ်ိဳးသားတစ္ေယာက္၏ ပ်မ္းမွ်တန္ဖိုးျဖစ္သည္။

ထို႔ျပင္ ခံႏိုင္ရည္ 1 = 10 HP, ဝိညာဥ္စြမ္းအား 1 = 10 MP ႐ွိသည္။

ယြင္လင္က အခ်က္အလက္ျပဇယားကို ၾကည့္ၿပီးေနာက္ ပိတ္လိုက္သည္။ "Beta တုန္းကနဲ႔ အတူတူပဲ။ ကြဲျပားသြားတာမ႐ွိဘူး။"

System: [ကစားသမားမွာ 'အ႐ွင္သခင္လက္မွတ္' ႐ွိေနေၾကာင္း စစ္ေဆးရ႐ွိပါတယ္။ ကစားသမားအေနနဲ႔ လက္မွတ္ကို အသုံးျပဳၿပီး နယ္ေျမထူေထာင္ႏိုင္ပါတယ္။ အသုံးျပဳပါမည္လား။]

ယြင္လင္က 'Yes' ကို ေ႐ြးခ်ယ္လိုက္သည္။

System: [နယ္ေျမကို နာမည္ေပးပါ။]

ယြင္လင္က ေျပာလိုက္သည္။ "လြင့္ေမ်ာတိမ္တိုက္"

အ႐ွင္သခင္လက္မွတ္မွ ႐ုတ္တရက္ ေတာက္ပသည့္ အလင္းမ်ား အျပင္ဘက္သို႔ ျဖာထြက္လာသည္။

တခဏၾကာၿပီးေနာက္ ရင္းႏွီးေနသည့္ စခန္းနယ္ေျမက ယြင္လင္၏ အေ႐ွ႕တြင္ ေပၚေပါက္လာသည္။

အလယ္တြင္ ေက်ာက္တုံးမ်ားျဖင့္ ျပဳလုပ္ထားသည့္ မီးအုတ္ခုံတစ္ခု႐ွိၿပီး ေဘးဘက္တြင္ သိုေလွာင္႐ုံတစ္ခု ႐ွိ၏။ ၎တို႔မွတပါး အားလုံးက ဗလာျဖစ္ေနသည္။

[လြင့္ေမ်ာတိမ္တိုက္စခန္းရဲ႕ သခင္ျဖစ္လာတဲ့အတြက္ ကစားသမားကို ဂုဏ္ျပဳပါတယ္။]

[သင့္ရဲ႕ အ႐ွင္သခင္အဆင့္အတန္းကို လူသိ႐ွင္ၾကားေၾကညာဖို႔ ဆႏၵ႐ွိပါသလား။]

ယြင္လင္က "No" ကို ေ႐ြးခ်ယ္လိုက္သည္။

ေနာက္တခဏတြင္ နယ္ေျမအခ်က္အလက္မ်ား ထြက္ေပၚလာသည္။

[နယ္ေျမအမည္ - လြင့္ေမ်ာတိမ္တိုက္]

[အဆင့္ - စခန္းငယ္ (စခန္းငယ္၊ ေက်း႐ြာ၊ ၿမိဳ႕နယ္၊ ၿမိဳ႕ေတာ္ ဟူသည့္ အဆင့္ေလးဆင့္႐ွိသည္။)]

[အခြန္အခ - 5%. (0-100%, အ႐ွင္သခင္က အာဏာကို လြတ္လပ္စြာ ခ်ိန္ညႇိခြင့္႐ွိသည္။)]

[ေနထိုင္ႏိုင္ေသာ လူဦးေရ- - ၂၀၀ ေယာက္ ]

[လက္႐ွိ ေနထိုင္သူ - ၁ ေယာက္]

[ေလာ့ခ္ဖြင့္ႏိုင္ေသာ အေဆာက္အဦး - ၄]

[လက္႐ွိအေဆာက္အဦး - ၁]

[လက္႐ွိအေဆာက္အဦး အေသးစိတ္အခ်က္အလက္ -

သိုေလွာင္႐ုံ (အဆင့္တစ္) - ႏွစ္ရာစတုရန္းမီတာ ႐ွိ။ အမ်ိဳးမ်ိဳးေသာ အရင္းအျမစ္မ်ားကို သိမ္းဆည္းႏိုင္ၿပီး အစားအေသာက္မ်ား၏ သက္တမ္း တိုးခ်ဲ႕ႏိုင္။ (မွတ္ခ်က္။ ။အ႐ွင္သခင္က စာရင္းကို ကိုင္တြယ္ထိန္းသိမ္းထားႏိုင္ၿပီး အသုံးျပဳရန္ ခြင့္ျပဳမည့္ လူမ်ားကို သတ္မွတ္ႏိုင္သည္။)]

အဆုံးတြင္ System အသိေပးခ်က္ တက္လာခဲ့သည္။ [လြင့္ေမ်ာတိမ္တိုက္စခန္းငယ္ကို တည္ေထာင္ၿပီးပါၿပီ။ စတင္သူကာကြယ္မႈအခ်ိန္ကာလ ဆယ္ရက္ ေပးထားပါတယ္။ ဤအခ်ိန္အေတာအတြင္း မည္သည့္ သတၱဝါမွ နယ္ေျမကို တိုက္ခိုက္ႏိုင္မွာ မဟုတ္ပါဘူး။ ဆယ္ရက္ၾကာၿပီးေနာက္ နယ္ေျမက အခ်ိန္မေ႐ြး တိုက္ခိုက္ခံရႏိုင္ပါတယ္။ ကစားသမားအေနနဲ႔ ေက်းဇူးျပဳၿပီး ႀကိဳတင္ျပင္ဆင္ထားေပးပါ။]

"ဆယ္ရက္လား။ အဲဒါလုံေလာက္ပါတယ္။" ယြင္လင္က အသုံးျပဳရန္ ခြင့္ျပဳမည့္လူစာရင္းကို ျပန္လည္ျပင္ဆင္ရန္ အစီအစဥ္မ႐ွိေပ။ စခန္း၏ သိုေလွာင္႐ုံက အ႐ွင္သခင္၏ ကိုယ္ပိုင္သိုေလွာင္မႈ ျဖစ္ေပလိမ့္မည္။

သူမက အိမ္သို႔ျပန္ၿပီး သူမအတြက္ လိုအပ္သည့္အရာမ်ားကို စခန္းသိုေလွာင္႐ုံသို႔ ေျပာင္းေ႐ႊ႕ရန္ ေတြးလိုက္သည္။ ဤသည္မွာ ဂိမ္းအေစာပိုင္းကာလျဖစ္သည့္အတြက္ အျခားသူမ်ား၏ ကိုယ္ပိုင္အိမ္မ်ားသို႔ ခ်ိဳးဖ်က္ဝင္ေရာက္ရဲသည့္သူ မ်ားမ်ားစားစား ႐ွိလိမ့္ဦးမည္ မဟုတ္ေပ။ သို႔ေသာ္ သူမ ေနာက္က်သြားလွ်င္ ပန္းျခံထဲက်သြားသည့္ လိေမၼာ္ေရာင္ကတ္က အျခားတစ္ေယာက္၏ ပစၥည္း ျဖစ္သြားေပလိမ့္မည္။

ထိုသို႔ေတြးလိုက္ၿပီးေနာက္ ယြင္လင္က ပန္းျခံသို႔သြားကာ လိေမၼာ္ေရာင္ကတ္ကို အရင္႐ွာရန္ ဆုံးျဖတ္လိုက္ေပသည္။

*********

Note: လြင့္ေမ်ာတိမ္လႊာစခန္းဆိုတဲ့ နာမည္က MC နာမည္ ယြင္လင္ကို ေျပာင္းျပန္ယူထားတာပါ။ 'လင္ယြင္' လို႔ ေခၚပါတယ္။

Continue Reading

You'll Also Like

2.1M 202K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
55.5K 4.7K 51
သောကြာနေ့တိုင်း Update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့