1970 ခုနှစ်မှလှပသောအရံဇာတ်ကေ...

By Doh_Clover

147K 15.8K 82

Paid GP 5လပိုင်း 20 တွင် စပါမည်။ More

Description
Chapter 1
Chapter 2
Paid GP
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 9
Chapter 10
Paid
1st Anniversary
1st
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Promotion
Chapter 23
Chapter 24 - 1
Chapter 24 - 2
Chapter 26 -1
Chapter 25
Chapter 26-2
Chapter 27
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
promotion
Chapter 30
Chapter 30-2
Chapter 31
Chapter 32
Chapter 33
Chapter 34-1
Chapter 34-2
Chapter 35-1
Chapter 35-2
Chapter 36
Chapter 37
Chapter 37.2
Chapter 38
Chapter 39
Promotion
Noti
Chapter 40
Chapter 41.1
Chapter 41.2
Chapter 42
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52.1
Chapter 52.2
Chapter 53
Chapter 54
Chapter 54.2
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 58.2
Chapter 59
Chapter 60
Chapter 60.2
Chapter 61
Chapter 62
Chapter 62.2
Chapter 63
Chapter 64
Chapter 64.2

Chapter 8

2.1K 291 3
By Doh_Clover

အပိုင်း-၈


မြင့်တက်လာသော နေမင်းကြီးထံမှ နေရောင်ခြည်များသည် ဖန်းမင်တောင် တစ်လျှောက် ဖြာကျနေသည်။ စီးဆင်းနေသည့် စမ်းချောင်းလေးများအပေါ်၊ ကျောက်စိုင် ကျောက်တုံးများ အပေါ်၊တောင်ကြောတစ်လျှောက် အလုပ်ကိုယ်စီ လုပ်ကိုင်နေကြသည့် လူအများအပေါ်မှာလည်း နွေးထွေသော နေရောင်ခြည်လေးက ခြုံလွှမ်းထား၏။

ယွမ်ကျဲနဲ့ အသက် မတိမ်းမယိမ်း အရွယ် မိန်းကလေး တစ်စုသည် တောင်ပေါ်မှာ ထင်များကောက်ရင်း ကိုယ့်အပုံလေးနဲ့ ကိုယ်ပုံကာ စကားပြောဆိုနေကြသည်။ ထို့နောက် ထင်းပုံများကို ကြိုးဖြင့် တင်းတင်းကြပ်ကြပ် စည်းနှောင်လိုက်ကြ၏။

စည်းထားသော ထင်းစည်းများကို ကျောပေါ်မှာ လွယ်လိုက်ကာ သီချင်းများကို အကျယ်ကြီး သီဆိုကြရင်း အိမ်ကို အသီးသီး ပြန်ကြတော့သည်။

ဤဖန်းမင်းတောင်ပေါ်မှာ နေထိုင်ကြသည့်သူများမှာ အလိုဆန္ဒတွေ၊ မျှော်လင့်ချက်တွေ သိပ်မရှိကြပေ။ သူတို့အတွက် နွေဦးပွဲတော်မှာ အသားဟင်းနဲ့စားကောင်း သောက်ဖွယ်များ စားရတာကပင် တစ်နှစ်တာ ပျော်ရွှင်ဖို့အတွက် လုံလောက်နေခဲ့ပြီ ဖြစ်၏။

ဒါကလည်း သူတို့တွေမှာ ဆန္ဒတွေ အများကြီး မရှိတာကြောင့် ရှိတာလေးနဲ့ပဲ ရောင့်ရဲ ပျော်ရွှင်အောင်နေထိုင်တတ်ကြခြင်းပင်။

ယွမ်ကျဲကလည်း အခုလိုမျိုး လွတ်လွတ်လပ်လပ်နေထိုင်ရတာကို အလွန် ပျော်ရွှင်နေခဲ့၏။ ဒါပေမယ့်သူမရဲ့ ပျော်ရွှင်မှုလေးက အချိန်သိပ်မကြာခင်မှာပဲ ပျက်ဆီးသွားတော့သည်။

ယွမ်ကျဲဟာ ထင်းစည်းကို ကျောမှာ လွယ်၍ ယွမ်အိမ်ကို အပြန်မှာ သူမ၏ မိခင် ဆန်းရှောင်ဟိုင်ကို တွေ့လိုက်ရသဖြင့် သူမ၏ပျော်ရွှင်နေသည့် စိတ်အ‌ခြေအနေလေးဟာ ပျက်ဆီးသွားတော့သည်။

သူမ ငယ်ငယ်လေးကတည်းက သူမ၏ မိခင်ဟာသူမကို စိတ်ဆင်းရဲအောင် အမြဲလုပ်ခဲ့သည်။ သူမအနေနဲ့ ဘယ်လောက် ပျော်ရွှင်နေရပါစေ၊ သူမ အမေဆီမှာ သူမကို စိတ်ဆင်းရဲအောင် လုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိနေခဲ့၏။

ဒါ့ကြောင့် ယွမ်ကျဲလည်း သူမ အမေကို မမြင်ချင်ယောင်ဆောင်သွားဖို့ ပြင်ခဲ့ပေမယ့် ဆန်းရှောင်ဟိုင်က သူမကို တားဆီးလိုက်သည်။

ဒါ့ကြောင့် ယွမ်ကျဲလည်း ရောက်ရာ နေရာမှာ ရပ်တန့်လိုက်ရ၏။ ဒါပေမယ့် သူမက သူမ အမေဘက်ကို မလှည့်ခဲ့သလို စကားလည်း မပြောခဲ့ပေ။

ဆန်းရှောင်ဟိုင်လည်း ယွမ်ကျဲ အနားသို့ အမြန်လျှောက်လာကာ သူအား ပုခုံးမှာ ဆုပ်ကိုင်၍ သူမနဲ့မျက်နှာချင်းဆိုင် ဖြစ်အောင် လှည့်လိုက်သည်။

သူမဟာ သူမ၏ သားသမီး သုံးယောက်အတွင်း ယွမ်ကျဲကို သဘောမကျဆုံး ဖြစ်၏။ မနေ့ညကလည်း သူမ ခိုင်းတာကို လုပ်မပေးပဲ ကလန်ကဆန်လုပ်လိုက်သေးသည်။ အခုလည်း သူမကို မမြင်ချင် ယောင်ဆောင်သွားတာကို တွေ့လိုက်ရတာကြောင့် ဒေါသတွေ ထွက်လာကာ ...
"ဟဲ့၊ နင့် မျက်စိ ကန်းသွားပြီလား။ မအေ တစ်ယောက်လုံးကိုတောင် နင် မမြင်တော့ဘူးလား၊ ဟမ်"

ယွမ်ကျဲကတော့ သူမရဲ့ ခေါင်းကို ငုံ့ထားကာ ဘာမျှပြန်မပြောခဲ့။

ဒါ့ကြောင့် ဆန်းရှောင်ဟိုင်၏ ဒေါသတွေ ပိုထွက်လာကာ ယွမ်ကျဲအား ပါးကို နှစ်ချက်လောက် ရိုက်ချင်စိတ်တွေ ပေါက်လာတော့သည်။ ဒါပေမယ့် သူမရဲ့ ဒေါသတွေကို လျော့လိုက်၏။ ထို့နောက် ယွမ်ကျဲ၏ ပါးကို ရိုက်မယ့်အစား သူမ ကျောပေါ်မှာလွယ်ထားသည့် ထင်းစည်းအား လက်လှမ်းလိုက်သည်။

ယွမ်ကျဲကလည်း သူမရဲ့အမေ ဘာလုပ်တော့မယ်ဆိုတာကို သဘောပေါက်သွားကာ ဆန်းရှောင်ဟိုင်ရဲ့လက်ကို အမြန်ရှောင်လိုက်၏။
သူမက သူမရဲ့ အမေကို ကြည့်ကာ ...
"ဒါ သမီး ကောက်ထားတဲ့ ထင်းတွေ"
လို့ အော်ပြောလိုက်သည်။

ထိုစကားကြောင့် ဆန်းရှောင်ဟိုင်က မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် ယွမ်ကျဲအား ...
"နင် ကောက်ခဲ့တော့ရော ဘာဖြစ်လဲ။ မနေ့ညတုန်းက ငါ့ကို ကလန်ကဆန် လုပ်ထားတာကိုတောင် မရှင်းရသေးဘူးနော်။ ဘာလည်း၊ နင့်ကို ငါ မွေးထားလို့ လူဖြစ်တာကို မေ့နေတာလား"

ထို့နောက် ယွမ်ကျဲ၏ ကျောပေါ်မှ ထင်းစည်းကို အမြန် ဆွဲယူလိုက်ကာ သူမ ကျောပေါ် ပြောင်းလွယ်လိုက်သည်။

ယွမ်ကျဲသည် ထင်စည်းကို ပြန်ဆွဲရန် ကြိုးစားခဲ့သော်လည်း ခွန်အားချင်း မမျှ၍ တားဆီနိုင်ခြင်း မရှိခဲ့ပေ။ ဒါ့ကြောင့် ယွမ်ကျဲလည်း ဆန်းရှောင်ဟိုင် လွယ်ထားသည့် ထည်းစည်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်းရင်း နီးရဲနေသော မျက်ဝန်းများဖြင့် ပြန်လည် စိုက်ကြည့်နေခဲ့တော့သည်။

သူမက ထင်းစည်းကို ချည်ထားသည့် ကြိုး
အား လုံးဝလွှတ်မပေးခဲ့ပေ။
"ဒါ သမီး သွားကောက်ထားတဲ့ဟာတွေ"
ယွမ်ကျဲက သူမ အမေကို ပြောလိုက်သည်။

ဆန်းရှောင်ဟိုင်လည်း ယွမ်ကျဲကို စိတ်မရှည်ဖြစ်လာကာ ယွမ်ကျဲ လက်ထဲမှ ထင်းစည်းကြိုးအား ဆောင့်ဆွဲလိုက်ပြီး ယွမ်ကျဲကို တွန်းထုတ်လိုက်၏။

ယွမ်ကျဲကိုရတွန်းထုတ်လိုက်ပြီးနောက် ဆန်းရှောင်ဟိုင်က ...
"သေစမ်း၊ ဟဲ့ ကောင်မ၊ နင့် အသိစိတ်ကို ခွေးစားသွားပြီလား။ ငါက နင့်အမေနော်။ နင့်ကို ကိုးလလောက်လွယ်ပြီး မွေးထုတ်ပေးခဲ့ရတဲ့ အမေ ဟဲ့"

ယွမ်ကျဲဟာ တွန်းထုတ်ခံလိုက်ရတာကြောင့် မြေပြင်ပေါ် လဲကျသွားတော့သည်။ သူမ ကောက်လာသည့် ထင်းစည်းကို သူမ အမေက အတွင်း ဆွဲယူသွားကာ မီးဖိုအသစ်အတွင်း သိမ်းဆည်းလိုက်တာကို သူမ ကြည့်နေရ၏။ သူမရဲ့လက်မှာလည်းကြိုးဖြင့် ပွတ်တိုက်မိခြင်းကြောင့် ပေါက်ပြဲ သွေးထွက်နေကာ ရင်ထဲမှာလည်း တဆစ်ဆစ်နဲ့ ခံစားနေရသည်။ သူမ၏ မျက်ဝန်းအတွင်းမှလည်းမျက်ရည်များ စီးကျလာတော့သည်။

ဆန်းရှောင်ဟိုင်က ထင်းတွေကို သိမ်းဆည်းပြီးသည့်နောက် မီးဖိုချောင်ထဲကနေ ပြန်ထွက်လာကာ ...
"ဒီမယ်၊ နောက်ရက်တွေ ထင်းကောက်ပြီးတဲ့အချိန်တိုင်း ငါ့ရဲ့ မီးဖိုချောင်ထဲကို ထည့်ထားလိုက်နော်။ ငါ ပြောတာကြားလား"

တကယ်တော့ ဆန်းရှောင်ဟိုင်ထံမှာ မီးမွှေးဖို့အတွက် ကောက်ရိုး၊ ပဲရိုးတွေ၊ စပါးခွံတွေ အစရှိသဖြင့် ရှိ၏။ ဒါပေမယ့် ထိုအရာများနဲ့ ထမင်း ဟင်း ချက်ပါက အနံအသက် မမွှေးတော့ပဲ စားရတာလည်း သိပ်မကောင်းပေ။ ဒါ့ကြောင့် ထင်းကောက်ပြီး လာထားဖို့ အော်ဟစ် ပြောလိုက်ခြင်း ဖြစ်ပေသည်။

ယွမ်ကျဲဟာ ဘာမှ ပြန်မပြောခဲ့ပဲ မျက်ရည်များကိုသုတ်လျက် ထိုနေရာကနေ ထွက်သွားဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာပဲ ဆန်းရှောင်ဟိုင်က နောက်ကနေ ထပ်ခေါ်လိုက်ပြန်၏။

သူမ လှည့်ကြည့်လိုက်တော့ ဆန်းရှောင်ဟိုင်က မလျှော်ရသေးသည့် အဝတ်များဖြင့် ရပ်နေတာကို သူမ မြင်တွေ့လိုက်ရသည်။ ထို့နောက် ဆန်းရှောင်ဟိုင်ပ အဝတ်ထုတ်ကြီးအား သူမထံ ပစ်ပေးလိုက်ကာ ...
"နင်က ဒါတွေတောင် မလျှော်ရသေးပဲ ဘယ်ကို သွားချင်တာလဲ"

ယွမ်ကျဲလည်း သူမ လက်ထဲက အဝတ်ထုတ်ကို ဆန်းရှောင်ဟိုင်ထံ ပြန်ပစ်ပေးလိုက်သည်။ သူမရဲ့မျက်လုံးထဲမှာလည်း မကျေနပ်ချက်တွေ ပိုပြီး ပြင်းထန်လာတော့၏။

ဆန်းရှောင်ဟိုင်လည်း ရုတ်တရက် အဖြစ်အပျက်ကြောင့် ကြောင်အသွားသည်။ ထို့နောက် ယွမ်ကျဲအား လက်ညိုးတစ်ထိုးထိုးဖြင့် ...
"နင်၊ နင် ဒါဘာအချိုးချိုးတာလဲ"

ယွမ်ကျဲလည်း သူမရဲ့မကျေနပ်ချက်တွေကို မမြိုသိပ်နိုင်တော့ပေ။ ဒါ့ကြောင့် ဒေါသတကြီး ပြန်လည် အော်ဟစ်မိလိုက်တော့သည်။
"ဘာလို့ သမီးက လျှော်ပေးရမှာလဲ။ အစ်ကိုနဲ့ မောင်လေးကို လျှော်ခိုင်းပါလား။ သူတို့လည်း တစ်နေ့ တစ်နေ့ ဘာမှမလုပ်ဘဲနဲ့ကို။ ငါးယောက်မြောက် ဦးလေးတောင်မှ သူ့အဝတ်ကို သူလျှော်သေးတယ်"

ဆန်းရှောင်ဟိုင်လည်း အံတကြိတ်ကြိတ်ဖြင့်
"အဲ့တာ တူမလားဟဲ့၊ ဒီဟာက နင့်အစ်ကိုနဲ့ နင့်မောင်လေးလေ၊ ဒါလေးကိုတောင် လျှော်မပေးချင်ဘူးဆိုတော့ နင် ဘာများ သုံးစားရတော့မှာလဲ။ ဘာလဲ၊ နင်က ငါ့တို့ကို မိသားစု အဖြစ် အသိအမှတ် မပြုချင်တော့တာလား"

ယွမ်ကျဲက သူမရဲ့ အမေကို ဒေါသတကြီးဖြင့် ကြည့်နေရုံက လွဲပြီး စကားပြန်မပြောခဲ့ပေ။

ဆန်းရှောင်ဟိုင်းက ခေါင်းတညိတ်ညိတ်ဖြင့်
"ကောင်းပြီလေ။ နင့်ကို ထပ်မေးမယ်။ လျှော်မှာလား၊ မလျှော်ဘူးလား"

ယွမ်ကျဲ သူမရဲ့ နှုတ်ခမ်းကို ကိုက်လျက်
"မလျှော်ဘူး"
လို့ ပြန်ပြောလိုက်သည်။

"ဪ၊ နင့်က ဒီလို အချိုး ချိုးတယ်ပေါ့။ ရတယ်လေ"
ဆန်ရှောင်ဟိုင် ထိုသို့ပြောပြီးတာနဲ့ မီးဖိုအတွင်း ပြန်ဝင်သွားတော့သည်။ သူမ ပြန်ထွက်လာတဲ့အခါ သူမ လက်ထဲမှာ ရဲရဲတောက်နေသည့် သံချောင်းတစ်ချောင်း ပါလာခဲ့၏။ ထိုသံချောင်းဟာ မီးဖိုအတွင်းမှ ပြာမှုန့်များကို ဖယ်ရာမှာ အသုံးပြုသည့် သံချောင်းပင်။

ယခုချိန်မှာ ဆန်းရှောင်ဟိုင်က သံချောင်းကို မီးပြင်းပြင်ထဲ ထည့်ပြီး ယူဆောင်ခဲ့တာ ဖြစ်၍ သံချောင်းရဲ့ထိပ်ပိုင်းဟာ ရဲရဲနီနေ၏။
"နင့်ကို နောက်ဆုံးအကြိမ် မေးမယ်။ လျှော်မှာလား။ မလျှော်ဘူးလား"

ယွမ်ကျဲဟာ ရဲရဲနီနေသည့် သံချောင်းကို မြင်ကတည်းက အလွန် လန့်နေပြီ ဖြစ်သည်။ ထိုသံချောင်းဖြင့် ရိုက်ခံလိုက်ရပါက သူမ အသားအရေတွေ စုတ်ပျက်သပ်သွားနိုင်ပေသည်။

ဆန်းရှောင်ဟိုင်ဟာ သံပူကို ကိုင်ကာ သူမ ရှေ့တိုးလာတာကို မြင်တာနဲ့ ယွမ်ကျဲလည်း အလန့်တကြားလှည့်ပြေးတော့သည်။

မနက်ခင်းတုန်းက ဖိနပ်ငှားဖို့အတွက် အဖွား ကျောင်းတို့ အိမ်ဘက်သွားတော့မယ်လို့ ပြောသွားသည့် အဖွား လျူရှင်းဟွာ၏ စကားကို ပြန်ကြားယောင်လာကာ အဖွား ကျောင်းတို့ အိမ်ဘက်သို့ဦးတည် ထွက်ပြေးတော့သည်။ ထွက်ပြေးနေစဉ်သူမ ပါးစပ်မှာ အသံ ကျယ်ကျယ်လောင်လောင်ဖြင့် အကူအညီတောင်းနေခဲ့၏။
"ကယ်ကြပါဦး"

ဆန်းရှောင်ဟိုင်လည်း ဒေါသတွေ အပြင်းအထန် ထွက်နေကာ သံချောင်းပူပူကို ကိုင်လျက် ယွမ်ကျဲရဲ့နောက်က‌နေ လိုက်လာတော့သည်။
"ဟမ့်၊ နင့်ကို ဒီနေ့ ဘယ်သူမှ မကယ်နိုင်တော့ဘူး၊နင့်လို အသိတရားမဲ့တဲ့ ကလေးမျိုးကို မှတ်လောက် သားလောက်အောင် အပြစ်ပေးမှ ဖြစ်တော့မယ်"

..................

လျူရှင်းဟွာက အဖွား ကျောင်းတို့ အိမ်ကို ဖိနပ် အချို့ ငှားရန် သွားသာ့်အခါ အဖွား ကျောင်း အိမ်မှာ အခြား အသိမိတ်ဆွေတွေပါ ရောက်နေတာကိုတွေ့လိုက်ရသည်။ ဒါ့ကြောင့် သူတို့နဲ့ စကားကောင်းနေကာ အိမ်ကို တော်တော်နဲ့ မပြန်ဖြစ်ခဲ့ပေ။

အဖွားကျောင်းက အဖွား လျူရှင်းဟွားအား မေးမြန်းလိုက်၏။
"နင့်ရဲ့ဒုတိယ ချွေးမက အိမ်ခွဲဖို့အတွက် ဇာတ်လမ်းရိုက်ခဲ့တယ်ဆို၊ အဲ့တာ တကယ်ကြီးလား"

လျူရှင်းဟွားက နှာခေါင်းရှုံ့လိုက်ကာ ...
"အဲ့တာ အမှန်ပဲ၊ သူမက အိမ်ခွဲပေးဖို့အတွက်နဲ့ဟန်ဆောင်ပြီး သူမရဲ့ အမေအိမ်ကို ပြန်သွားတယ်လေ။ အခုတော့ ငါလည်း အိမ်ခွဲပေးလိုက်ရပြီ၊ တစ်ခါတည်း သူ့အမေအိမ်ကနေ‌ ပြုံးပြုံးကြီးပြန်လာတော့တာပဲ"

အဘွား လီက ...
"မင်းနဲ့ အတွင်းရေးမှူး ယွမ်တို့က တကယ် သဘောကောင်းတယ်။ ငါ့ မိသားစုမှာသာ ဒီလို ဖြစ်ကြည့်ပါလား။ တစ်ခါတည်း နှင်ထုတ်ပစ်လိုက်မှာ။ သူတို့တွေက သုခဆို အတူတူ စံစားချင်ပြီး ဒုက္ခဆိုတာနဲ့ ခွဲထွက်သွားချင်တဲ့ မျက်လုံးဖြူ ဝံပုလွေလိုလူစားတွေ"

အဖွား လျူရှင်းဟွာက ...
"ထားပါ၊ သူတို့အကြောင်း မပြောစမ်ပါနဲ့၊ ပြန်တွေးရရင် သူတို့နဲ့ အတူတူ နေတုန်းက နေ့ရက်တိုင်း စိတ်ဆင်းရဲနေရတာ၊ အခုလို ခွဲသွားတော့လည်း အေးတာပါပဲ အေ"

အဘွား လီ က ဆက်မေးလိုက်သည်။
"နင်က သူတို့ကို ဘယ်လိုမျိုး ခွဲပေးလိုက်လဲ ဟမ်"

"သူတို့ကို အိမ်မှာ ရှိသမျှ အကုန် တစ်ဝက် ပေးလိုက်တာ"

ထိုစကားကို ကြားတာနဲ့ စကားဝိုင်း အတွင်းက လူတွေ အကုန် မျက်လုံး ပြူးကုန်ကြ၏။

အဘွား လီက ...
"အိုး ... ဘုရားရေ၊ နင်တို့ ဘာလို့ ဒီလောက် အများကြီး ခွဲပေးလိုက်ရတာလဲ"

အဘွား လျူရှင်းဟွာ လည်း သက်ပြင်းတစ်ချက်ချလိုက်ကာ ...
"ဘာပဲဖြစ်ဖြစ် သူတို့က ငါတို့ မိသားစု ဖြစ်နေသေးတယ်လေ။ ဒါ့ကြောင့် သူတို့လည်း အဆင်ပြေအောင် ခွဲပေးလိုက်ရတာ"

အဖွား ကျောင်းက အံ့အားတကြီးဖြင့် ...
"နင်တို့က တကယ့်ကို အံ့ဖွယ်ပါ ဟယ်"

ရုတ်တရက် အဖွားကျောင်း စကားဆုံးတာနဲ့ အဝေးကနေ အော်သံ တစ်ချက် ထွက်လာခဲ့၏။
"အဖွားရေ"

အဖွားတွေ အကုန်လုံး လှမ်းကြည့်လိုက်သည့်အခါယွမ်ကျဲကို မြင်တွေ့လိုက်ရ၏။ သူမဟာ နောက်ကနေ ကျားလိုက်သကဲ့သို့ အမောတကော ပြေးလွှားနေခဲ့သည်။ လျူရှင်းဟွာကို မြင်လိုက်တာနဲ့ ယွမ်ကျဲဟာ အမြန်ပြေးလာတော့သည်။ အဖွား‌တွေအကုန်လုံးလည်း ယွမ်ကျဲ နောက်နေ လိုက်လာသည့် သံပူချောင်း ကိုင်ထားသည့် ဆန်းရှောင်ဟိုင်ကို မြင်တွေ့လိုက်ကြသည်။

အဖွား လီက မျက်ခုံးများ တွန့်ကွေးလျက် ...
"ဒါက ဘာဖြစ်လာတာလဲ"

ယွမ်ကျဲက အဖွား လျူရှင်းဟွာရဲ့ နောက်မှာ ဝင်ပုန်းလျက် အမောတကောဖြင့် ...
"အဖွား၊ သမီး ထင်းကောက်ပြီး ပြန်လာတော့ အမေက သမီးဆီက ထင်းတွေ ယူသွားတယ်၊ ပြီးတော့အဝတ်တွေ‌လည်း လျှော်ရမယ်တဲ့။ မလျှော်ရင် ရိုက်ပစ်မယ်လို့ ပြောတယ်"

ဆန်းရှောင်ဟိုင်လည်း အဖွား ကျောင်း ခြံဝင်းထဲ ဝင်လာ၍ ခါးထောက်လျက် ယွမ်ကျဲ အား လက်ညိုးထိုးကာ ...
"ဟဲ့၊ နင့် အခုချက်ချင်း ငါ့ဆီ လာခဲ့စမ်း"

ယွမ်ကျဲရဲ့ အသံက အနည်းငယ် တိုးနေတာမို့ အဖွား တချို့က နားမလည်ခဲ့ကြပေ။ ဒါ့ကြောင့် လျူရှင်းဟွာထံ မေးမြန်းကြသည်။
"ဘာဖြစ်နေတာလဲ"

လျူရှင်းဟွာလည်း ဆန်းရှောင်ဟိုင်အား မကြည့်ဘဲဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။
"ရှောင်ကျဲတစ်ယောက်စာ စားစရိတ်လျော့အောင်လို့ အိမ်ခွဲတုန်းက ရှောင်ကျဲကို ငါတို့နဲ့ ထားခဲ့တယ်လေ။ နင်က ရှောင်ကျဲကို မပျိုးထောင်ချင်ပဲနဲ့ အလုပ်ကျတော့ ခိုင်ချင်တယ် ဟုတ်လား။ ဘာလည်း၊ နင်က မြင်းမွေးပြီး မြက်မကျွေးချင်လို့တော့ မရဘူးလေ"

ဒါကိုကြားတာနဲ့ အဖွားအိုတွေ အကုန်လုံး ဆန်းရှောင်ဟိုင်ကို ကြည့်လိုက်ကြကာ သူမတို့၏ မျက်ဝန်းအတွင်း ရွံရှာမှုများ ဖြစ်ပေါ်လာတော့သည်။

အဖွား လီက
"ဆန်းရှောင်ဟိုင်၊ နင်က ရှင်းဟွာလိုမျိုး ယောက္ခမနဲ့တကယ် မတန်ဘူး သိလား"

အဖွား ဟူကလည်း ...
"နင်က တကယ့်ကို မြေခွေးနှလုံးသားနဲ့ မိန်းမပဲ၊ ကိုယ့်သမီးကိုကိုယ် ဘာလိုများ ဒီလိုမျိုး ဆက်ဆံနိုင်ရတာလဲ။ ဒါကို နင့် ယောက်ျားရော သိရဲ့လား။သူ သိသွားရင် နင် သူနဲ့ မျက်နှာချင် ဆိုင်ရဲသေးလား ဆိုတာ ငါ ကြည့်စမ်းချင်တယ်၊ ဟွန့်"

အဖွား ကျောင်းက နှာခေါင်းရှုံ့ရင်း ...
"ငါ့ ဘဝ တစ်လျှောက် နင့်လောက် အရှက်ကင်းမဲ့တဲ့ မိန်းမစားမျိုး တစ်ခါမှ မတွေ့ဖူးဘူး၊ သိလား။ နင်က ငါ့ရဲ့ အသိပညာတွေကို တိုး‌တက်အောင် လုပ်ဆောင်ပေးလိုက်တာပဲ"

ဆန်းရှောင်ဟိုင်ဟာ အဖွားတွေရဲ့ အပြစ်တင် စကားကို ကြားလိုက်တာနဲ့ အကြိမ်ကြိမ် ပါးချခံရသလို ခံစားလိုက်ရပြီး မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။ ထို့နောက် သူမက အသက်ပြင်းပြင်း ရှူကာ ...
"ဘာဖြစ်ဖြစ် သူမကို ကျွန်မ မွေးထားတာလေ။ ဒီလို အလုပ်လေးတောင်မှ ခိုင်းခွင့် မရှိတော့ဘူးတဲ့လား"

အဖွားတွေ ဘာမှ ထပ်မပြောခင်မှာပဲ ယွမ်ကျဲက ...
"ကျွန်မကို မွေးပေးပါလို့ အမေ့ကို တောင်းဆိုခဲ့ဖူးလား၊ အမေတို့ဘာသာ သမီးဆန္ဒကို မေးမကြည့်ပဲ သမီးကို မွေးခဲ့တာ မဟုတ်ဘူးလား"
လို့ ရုတ်တရက် ဝင်မေးလိုက်သည်။

ထိုမေးခွန်းကြောင့် ဆန်းရှောင်ဟိုင် သွေးအန်တော့မတတ် ဖြစ်သွားရ၏။ သူမက ယွမ်ကျဲထံ သံချောင်းကို ညွှန်ပြလျက် ...
"နင် နောက်တစ်ခါ ထပ်ပြောရဲရင် ပြောကြည့်လိုက်စမ်းပါ။ ငါ နင့်ကို တစ်ကယ် သတ်ပစ်မယ်"

ယွမ်ကျဲဟာ အဖွား လျူရှင်းဟွာ နောက်မှာ ရပ်နေရင်း ကြောက်ရွံ့စိတ်များ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ခုနက ပြောခဲ့သည့် စကားတွေဟာလည်း တကယ်တော့ ယွမ်ရိနဲ့ ညဘက် စကားပြောရင်း ယွမ်ရိထံမှ ကြားခဲ့ရသည်များသာ ဖြစ်သည်။သူမဟာ ထိုစကားများကို တကယ် အကျိုးအကြောင်း သင့်သည်လို့ ထင်၏။

ဆန်းရှောင်ဟိုင်ရဲ့ ခြိမ်းခြောက် စကားကြောင့် အဖွား လျူရှင်းဟွာက တစ်ချက် ရယ်လိုက်ကာ ...
"ဟွန့်၊ ဘယ်သူ့ကို သတ်မယ်လို့ ခြိမ်းခြောက်နေတာလဲ"

ဆန်းရှောင်ဟိုင်လည်း အဖွား လျူရှင်းဟွာ၏ မျက်ဝန်းများ အတွင်းမှ အမျက်ဒေါသကို ခံစားမိပေသည်။ ဒါ့အပြင် အခြားသော အဖွားများကလည်း ရွံရှာ စက်ဆုပ်ဖွယ် ဝိုင်းကြည့်နေကြတာမို့ ဘာမှ မပြောရဲတော့။

ဒါ့ကြောင့် သူမဟာ ယွမ်ကျဲအား ဒေါသတကြီး စိုက်ကြည့်ပြီး တောက်ခေါက်ကာ လှည့်ထွက်သွားတော့သည်။

သူမဟာ အဖွားကြီးတွေ အပေါ်မှာ ဒေါသတွေ ပုံမချဝံ့သဖြင့် လမ်းဘေးအား တံတွေး ထွေးလိုက်ကာ
"သေသင့်တဲ့ အဖွားကြီး တစ်စု"
လို့ ကျိန်ဆဲလိုက်တော့သည်။

ထို့နောက် လမ်းဆက်လျှောက်ဖို့ ပြင်လိုက်ချိန်မှာပဲ ကျောက်ခဲတစ်လုံးကို မတော်တဆ တက်နင်းမိကာခြေ‌ချော်၍ လဲကျသွားတော့သည်။

ကံမကောင်းစွာနဲ့ သူမ လဲကျသည့် အောက်မှာကျောက်ခဲက ခံနေသဖြင့် သူမဟာ နာကျင်မှုကို နှစ်ဆလောက် ခံစားလိုက်ရတော့၏။

လျူရှင်းဟွာက လဲကျသွားသည့် ဆန်းရှောင်ဟိုင်အား လှမ်းကြည့်ရင်းနဲ့ ...
"ဒါဟာ မင်းနဲ့ ထိုက်တန်လို့ ရတဲ့ အရာပဲ"
လို့ အော်ပြောလိုက်တော့၏။

Zawgyi

အပိုင္း-၈


ျမင့္တက္လာေသာ ေနမင္းႀကီးထံမွ ေနေရာင္ျခည္မ်ားသည္ ဖန္းမင္ေတာင္ တစ္ေလွ်ာက္ ျဖာက်ေနသည္။ စီးဆင္းေနသည့္ စမ္းေခ်ာင္းေလးမ်ားအေပၚ၊ ေက်ာက္စိုင္ ေက်ာက္တုံးမ်ား အေပၚ၊ေတာင္ေၾကာတစ္ေလွ်ာက္ အလုပ္ကိုယ္စီ လုပ္ကိုင္ေနၾကသည့္ လူအမ်ားအေပၚမွာလည္း ေႏြးေထြေသာ ေနေရာင္ျခည္ေလးက ၿခဳံလႊမ္းထား၏။

ယြမ္က်ဲနဲ႕ အသက္ မတိမ္းမယိမ္း အ႐ြယ္ မိန္းကေလး တစ္စုသည္ ေတာင္ေပၚမွာ ထင္မ်ားေကာက္ရင္း ကိုယ့္အပုံေလးနဲ႕ ကိုယ္ပုံကာ စကားေျပာဆိုေနၾကသည္။ ထို႔ေနာက္ ထင္းပုံမ်ားကို ႀကိဳးျဖင့္ တင္းတင္းၾကပ္ၾကပ္ စည္းေႏွာင္လိုက္ၾက၏။

စည္းထားေသာ ထင္းစည္းမ်ားကို ေက်ာေပၚမွာ လြယ္လိုက္ကာ သီခ်င္းမ်ားကို အက်ယ္ႀကီး သီဆိုၾကရင္း အိမ္ကို အသီးသီး ျပန္ၾကေတာ့သည္။

ဤဖန္းမင္းေတာင္ေပၚမွာ ေနထိုင္ၾကသည့္သူမ်ားမွာ အလိုဆႏၵေတြ၊ ေမွ်ာ္လင့္ခ်က္ေတြ သိပ္မရွိၾကေပ။ သူတို႔အတြက္ ေႏြဦးပြဲေတာ္မွာ အသားဟင္းနဲ႕စားေကာင္း ေသာက္ဖြယ္မ်ား စားရတာကပင္ တစ္ႏွစ္တာ ေပ်ာ္႐ႊင္ဖို႔အတြက္ လုံေလာက္ေနခဲ့ၿပီ ျဖစ္၏။

ဒါကလည္း သူတို႔ေတြမွာ ဆႏၵေတြ အမ်ားႀကီး မရွိတာေၾကာင့္ ရွိတာေလးနဲ႕ပဲ ေရာင့္ရဲ ေပ်ာ္႐ႊင္ေအာင္ေနထိုင္တတ္ၾကျခင္းပင္။

ယြမ္က်ဲကလည္း အခုလိုမ်ိဳး လြတ္လြတ္လပ္လပ္ေနထိုင္ရတာကို အလြန္ ေပ်ာ္႐ႊင္ေနခဲ့၏။ ဒါေပမယ့္သူမရဲ႕ ေပ်ာ္႐ႊင္မႈေလးက အခ်ိန္သိပ္မၾကာခင္မွာပဲ ပ်က္ဆီးသြားေတာ့သည္။

ယြမ္က်ဲဟာ ထင္းစည္းကို ေက်ာမွာ လြယ္၍ ယြမ္အိမ္ကို အျပန္မွာ သူမ၏ မိခင္ ဆန္းေရွာင္ဟိုင္ကို ေတြ႕လိုက္ရသျဖင့္ သူမ၏ေပ်ာ္႐ႊင္ေနသည့္ စိတ္အ‌ေျခအေနေလးဟာ ပ်က္ဆီးသြားေတာ့သည္။

သူမ ငယ္ငယ္ေလးကတည္းက သူမ၏ မိခင္ဟာသူမကို စိတ္ဆင္းရဲေအာင္ အၿမဲလုပ္ခဲ့သည္။ သူမအေနနဲ႕ ဘယ္ေလာက္ ေပ်ာ္႐ႊင္ေနရပါေစ၊ သူမ အေမဆီမွာ သူမကို စိတ္ဆင္းရဲေအာင္ လုပ္နိုင္တဲ့နည္းလမ္းေတြ အမ်ားႀကီးရွိေနခဲ့၏။

ဒါ့ေၾကာင့္ ယြမ္က်ဲလည္း သူမ အေမကို မျမင္ခ်င္ေယာင္ေဆာင္သြားဖို႔ ျပင္ခဲ့ေပမယ့္ ဆန္းေရွာင္ဟိုင္က သူမကို တားဆီးလိုက္သည္။

ဒါ့ေၾကာင့္ ယြမ္က်ဲလည္း ေရာက္ရာ ေနရာမွာ ရပ္တန႔္လိုက္ရ၏။ ဒါေပမယ့္ သူမက သူမ အေမဘက္ကို မလွည့္ခဲ့သလို စကားလည္း မေျပာခဲ့ေပ။

ဆန္းေရွာင္ဟိုင္လည္း ယြမ္က်ဲ အနားသို႔ အျမန္ေလွ်ာက္လာကာ သူအား ပုခုံးမွာ ဆုပ္ကိုင္၍ သူမနဲ႕မ်က္ႏွာခ်င္းဆိုင္ ျဖစ္ေအာင္ လွည့္လိုက္သည္။

သူမဟာ သူမ၏ သားသမီး သုံးေယာက္အတြင္း ယြမ္က်ဲကို သေဘာမက်ဆဳံး ျဖစ္၏။ မေန႕ညကလည္း သူမ ခိုင္းတာကို လုပ္မေပးပဲ ကလန္ကဆန္လုပ္လိုက္ေသးသည္။ အခုလည္း သူမကို မျမင္ခ်င္ ေယာင္ေဆာင္သြားတာကို ေတြ႕လိုက္ရတာေၾကာင့္ ေဒါသေတြ ထြက္လာကာ ...
"ဟဲ့၊ နင့္ မ်က္စိ ကန္းသြားၿပီလား။ မေအ တစ္ေယာက္လုံးကိုေတာင္ နင္ မျမင္ေတာ့ဘူးလား၊ ဟမ္"

ယြမ္က်ဲကေတာ့ သူမရဲ႕ ေခါင္းကို ငုံ႕ထားကာ ဘာမွ်ျပန္မေျပာခဲ့။

ဒါ့ေၾကာင့္ ဆန္းေရွာင္ဟိုင္၏ ေဒါသေတြ ပိုထြက္လာကာ ယြမ္က်ဲအား ပါးကို ႏွစ္ခ်က္ေလာက္ ရိုက္ခ်င္စိတ္ေတြ ေပါက္လာေတာ့သည္။ ဒါေပမယ့္ သူမရဲ႕ ေဒါသေတြကို ေလ်ာ့လိုက္၏။ ထို႔ေနာက္ ယြမ္က်ဲ၏ ပါးကို ရိုက္မယ့္အစား သူမ ေက်ာေပၚမွာလြယ္ထားသည့္ ထင္းစည္းအား လက္လွမ္းလိုက္သည္။

ယြမ္က်ဲကလည္း သူမရဲ႕အေမ ဘာလုပ္ေတာ့မယ္ဆိုတာကို သေဘာေပါက္သြားကာ ဆန္းေရွာင္ဟိုင္ရဲ႕လက္ကို အျမန္ေရွာင္လိုက္၏။
သူမက သူမရဲ႕ အေမကို ၾကည့္ကာ ...
"ဒါ သမီး ေကာက္ထားတဲ့ ထင္းေတြ"
လို႔ ေအာ္ေျပာလိုက္သည္။

ထိုစကားေၾကာင့္ ဆန္းေရွာင္ဟိုင္က မီးဝင္းဝင္းေတာက္ေနေသာ မ်က္ဝန္းမ်ားျဖင့္ ယြမ္က်ဲအား ...
"နင္ ေကာက္ခဲ့ေတာ့ေရာ ဘာျဖစ္လဲ။ မေန႕ညတုန္းက ငါ့ကို ကလန္ကဆန္ လုပ္ထားတာကိုေတာင္ မရွင္းရေသးဘူးေနာ္။ ဘာလည္း၊ နင့္ကို ငါ ေမြးထားလို႔ လူျဖစ္တာကို ေမ့ေနတာလား"

ထို႔ေနာက္ ယြမ္က်ဲ၏ ေက်ာေပၚမွ ထင္းစည္းကို အျမန္ ဆြဲယူလိုက္ကာ သူမ ေက်ာေပၚ ေျပာင္းလြယ္လိုက္သည္။

ယြမ္က်ဲသည္ ထင္စည္းကို ျပန္ဆြဲရန္ ႀကိဳးစားခဲ့ေသာ္လည္း ခြန္အားခ်င္း မမွ်၍ တားဆီနိုင္ျခင္း မရွိခဲ့ေပ။ ဒါ့ေၾကာင့္ ယြမ္က်ဲလည္း ဆန္းေရွာင္ဟိုင္ လြယ္ထားသည့္ ထည္းစည္းကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္းရင္း နီးရဲေနေသာ မ်က္ဝန္းမ်ားျဖင့္ ျပန္လည္ စိုက္ၾကည့္ေနခဲ့ေတာ့သည္။

သူမက ထင္းစည္းကို ခ်ည္ထားသည့္ ႀကိဳး
အား လုံးဝလႊတ္မေပးခဲ့ေပ။
"ဒါ သမီး သြားေကာက္ထားတဲ့ဟာေတြ"
ယြမ္က်ဲက သူမ အေမကို ေျပာလိုက္သည္။

ဆန္းေရွာင္ဟိုင္လည္း ယြမ္က်ဲကို စိတ္မရွည္ျဖစ္လာကာ ယြမ္က်ဲ လက္ထဲမွ ထင္းစည္းႀကိဳးအား ေဆာင့္ဆြဲလိုက္ၿပီး ယြမ္က်ဲကို တြန္းထုတ္လိုက္၏။

ယြမ္က်ဲကိုရတြန္းထုတ္လိုက္ၿပီးေနာက္ ဆန္းေရွာင္ဟိုင္က ...
"ေသစမ္း၊ ဟဲ့ ေကာင္မ၊ နင့္ အသိစိတ္ကို ေခြးစားသြားၿပီလား။ ငါက နင့္အေမေနာ္။ နင့္ကို ကိုးလေလာက္လြယ္ၿပီး ေမြးထုတ္ေပးခဲ့ရတဲ့ အေမ ဟဲ့"

ယြမ္က်ဲဟာ တြန္းထုတ္ခံလိုက္ရတာေၾကာင့္ ေျမျပင္ေပၚ လဲက်သြားေတာ့သည္။ သူမ ေကာက္လာသည့္ ထင္းစည္းကို သူမ အေမက အတြင္း ဆြဲယူသြားကာ မီးဖိုအသစ္အတြင္း သိမ္းဆည္းလိုက္တာကို သူမ ၾကည့္ေနရ၏။ သူမရဲ႕လက္မွာလည္းႀကိဳးျဖင့္ ပြတ္တိုက္မိျခင္းေၾကာင့္ ေပါက္ၿပဲ ေသြးထြက္ေနကာ ရင္ထဲမွာလည္း တဆစ္ဆစ္နဲ႕ ခံစားေနရသည္။ သူမ၏ မ်က္ဝန္းအတြင္းမွလည္းမ်က္ရည္မ်ား စီးက်လာေတာ့သည္။

ဆန္းေရွာင္ဟိုင္က ထင္းေတြကို သိမ္းဆည္းၿပီးသည့္ေနာက္ မီးဖိုေခ်ာင္ထဲကေန ျပန္ထြက္လာကာ ...
"ဒီမယ္၊ ေနာက္ရက္ေတြ ထင္းေကာက္ၿပီးတဲ့အခ်ိန္တိုင္း ငါ့ရဲ႕ မီးဖိုေခ်ာင္ထဲကို ထည့္ထားလိုက္ေနာ္။ ငါ ေျပာတာၾကားလား"

တကယ္ေတာ့ ဆန္းေရွာင္ဟိုင္ထံမွာ မီးေမႊးဖို႔အတြက္ ေကာက္ရိုး၊ ပဲရိုးေတြ၊ စပါးခြံေတြ အစရွိသျဖင့္ ရွိ၏။ ဒါေပမယ့္ ထိုအရာမ်ားနဲ႕ ထမင္း ဟင္း ခ်က္ပါက အနံအသက္ မေမႊးေတာ့ပဲ စားရတာလည္း သိပ္မေကာင္းေပ။ ဒါ့ေၾကာင့္ ထင္းေကာက္ၿပီး လာထားဖို႔ ေအာ္ဟစ္ ေျပာလိုက္ျခင္း ျဖစ္ေပသည္။

ယြမ္က်ဲဟာ ဘာမွ ျပန္မေျပာခဲ့ပဲ မ်က္ရည္မ်ားကိုသုတ္လ်က္ ထိုေနရာကေန ထြက္သြားဖို႔ ျပင္လိုက္သည္။ ထိုအခ်ိန္မွာပဲ ဆန္းေရွာင္ဟိုင္က ေနာက္ကေန ထပ္ေခၚလိုက္ျပန္၏။

သူမ လွည့္ၾကည့္လိုက္ေတာ့ ဆန္းေရွာင္ဟိုင္က မေလွ်ာ္ရေသးသည့္ အဝတ္မ်ားျဖင့္ ရပ္ေနတာကို သူမ ျမင္ေတြ႕လိုက္ရသည္။ ထို႔ေနာက္ ဆန္းေရွာင္ဟိုင္ပ အဝတ္ထုတ္ႀကီးအား သူမထံ ပစ္ေပးလိုက္ကာ ...
"နင္က ဒါေတြေတာင္ မေလွ်ာ္ရေသးပဲ ဘယ္ကို သြားခ်င္တာလဲ"

ယြမ္က်ဲလည္း သူမ လက္ထဲက အဝတ္ထုတ္ကို ဆန္းေရွာင္ဟိုင္ထံ ျပန္ပစ္ေပးလိုက္သည္။ သူမရဲ႕မ်က္လုံးထဲမွာလည္း မေက်နပ္ခ်က္ေတြ ပိုၿပီး ျပင္းထန္လာေတာ့၏။

ဆန္းေရွာင္ဟိုင္လည္း ႐ုတ္တရက္ အျဖစ္အပ်က္ေၾကာင့္ ေၾကာင္အသြားသည္။ ထို႔ေနာက္ ယြမ္က်ဲအား လက္ညိုးတစ္ထိုးထိုးျဖင့္ ...
"နင္၊ နင္ ဒါဘာအခ်ိဳးခ်ိဳးတာလဲ"

ယြမ္က်ဲလည္း သူမရဲ႕မေက်နပ္ခ်က္ေတြကို မၿမိဳသိပ္နိုင္ေတာ့ေပ။ ဒါ့ေၾကာင့္ ေဒါသတႀကီး ျပန္လည္ ေအာ္ဟစ္မိလိုက္ေတာ့သည္။
"ဘာလို႔ သမီးက ေလွ်ာ္ေပးရမွာလဲ။ အစ္ကိုနဲ႕ ေမာင္ေလးကို ေလွ်ာ္ခိုင္းပါလား။ သူတို႔လည္း တစ္ေန႕ တစ္ေန႕ ဘာမွမလုပ္ဘဲနဲ႕ကို။ ငါးေယာက္ေျမာက္ ဦးေလးေတာင္မွ သူ႕အဝတ္ကို သူေလွ်ာ္ေသးတယ္"

ဆန္းေရွာင္ဟိုင္လည္း အံတႀကိတ္ႀကိတ္ျဖင့္
"အဲ့တာ တူမလားဟဲ့၊ ဒီဟာက နင့္အစ္ကိုနဲ႕ နင့္ေမာင္ေလးေလ၊ ဒါေလးကိုေတာင္ ေလွ်ာ္မေပးခ်င္ဘူးဆိုေတာ့ နင္ ဘာမ်ား သုံးစားရေတာ့မွာလဲ။ ဘာလဲ၊ နင္က ငါ့တို႔ကို မိသားစု အျဖစ္ အသိအမွတ္ မျပဳခ်င္ေတာ့တာလား"

ယြမ္က်ဲက သူမရဲ႕ အေမကို ေဒါသတႀကီးျဖင့္ ၾကည့္ေန႐ုံက လြဲၿပီး စကားျပန္မေျပာခဲ့ေပ။

ဆန္းေရွာင္ဟိုင္းက ေခါင္းတညိတ္ညိတ္ျဖင့္
"ေကာင္းၿပီေလ။ နင့္ကို ထပ္ေမးမယ္။ ေလွ်ာ္မွာလား၊ မေလွ်ာ္ဘူးလား"

ယြမ္က်ဲ သူမရဲ႕ ႏႈတ္ခမ္းကို ကိုက္လ်က္
"မေလွ်ာ္ဘူး"
လို႔ ျပန္ေျပာလိုက္သည္။

"ဪ၊ နင့္က ဒီလို အခ်ိဳး ခ်ိဳးတယ္ေပါ့။ ရတယ္ေလ"
ဆန္ေရွာင္ဟိုင္ ထိုသို႔ေျပာၿပီးတာနဲ႕ မီးဖိုအတြင္း ျပန္ဝင္သြားေတာ့သည္။ သူမ ျပန္ထြက္လာတဲ့အခါ သူမ လက္ထဲမွာ ရဲရဲေတာက္ေနသည့္ သံေခ်ာင္းတစ္ေခ်ာင္း ပါလာခဲ့၏။ ထိုသံေခ်ာင္းဟာ မီးဖိုအတြင္းမွ ျပာမႈန႔္မ်ားကို ဖယ္ရာမွာ အသုံးျပဳသည့္ သံေခ်ာင္းပင္။

ယခုခ်ိန္မွာ ဆန္းေရွာင္ဟိုင္က သံေခ်ာင္းကို မီးျပင္းျပင္ထဲ ထည့္ၿပီး ယူေဆာင္ခဲ့တာ ျဖစ္၍ သံေခ်ာင္းရဲ႕ထိပ္ပိုင္းဟာ ရဲရဲနီေန၏။
"နင့္ကို ေနာက္ဆုံးအႀကိမ္ ေမးမယ္။ ေလွ်ာ္မွာလား။ မေလွ်ာ္ဘူးလား"

ယြမ္က်ဲဟာ ရဲရဲနီေနသည့္ သံေခ်ာင္းကို ျမင္ကတည္းက အလြန္ လန႔္ေနၿပီ ျဖစ္သည္။ ထိုသံေခ်ာင္းျဖင့္ ရိုက္ခံလိုက္ရပါက သူမ အသားအေရေတြ စုတ္ပ်က္သပ္သြားနိုင္ေပသည္။

ဆန္းေရွာင္ဟိုင္ဟာ သံပူကို ကိုင္ကာ သူမ ေရွ႕တိုးလာတာကို ျမင္တာနဲ႕ ယြမ္က်ဲလည္း အလန႔္တၾကားလွည့္ေျပးေတာ့သည္။

မနက္ခင္းတုန္းက ဖိနပ္ငွားဖို႔အတြက္ အဖြား ေက်ာင္းတို႔ အိမ္ဘက္သြားေတာ့မယ္လို႔ ေျပာသြားသည့္ အဖြား လ်ဴရွင္းဟြာ၏ စကားကို ျပန္ၾကားေယာင္လာကာ အဖြား ေက်ာင္းတို႔ အိမ္ဘက္သို႔ဦးတည္ ထြက္ေျပးေတာ့သည္။ ထြက္ေျပးေနစဥ္သူမ ပါးစပ္မွာ အသံ က်ယ္က်ယ္ေလာင္ေလာင္ျဖင့္ အကူအညီေတာင္းေနခဲ့၏။
"ကယ္ၾကပါဦး"

ဆန္းေရွာင္ဟိုင္လည္း ေဒါသေတြ အျပင္းအထန္ ထြက္ေနကာ သံေခ်ာင္းပူပူကို ကိုင္လ်က္ ယြမ္က်ဲရဲ႕ေနာက္က‌ေန လိုက္လာေတာ့သည္။
"ဟမ့္၊ နင့္ကို ဒီေန႕ ဘယ္သူမွ မကယ္နိုင္ေတာ့ဘူး၊နင့္လို အသိတရားမဲ့တဲ့ ကေလးမ်ိဳးကို မွတ္ေလာက္ သားေလာက္ေအာင္ အျပစ္ေပးမွ ျဖစ္ေတာ့မယ္"

..................

လ်ဴရွင္းဟြာက အဖြား ေက်ာင္းတို႔ အိမ္ကို ဖိနပ္ အခ်ိဳ႕ ငွားရန္ သြားသာ့္အခါ အဖြား ေက်ာင္း အိမ္မွာ အျခား အသိမိတ္ေဆြေတြပါ ေရာက္ေနတာကိုေတြ႕လိုက္ရသည္။ ဒါ့ေၾကာင့္ သူတို႔နဲ႕ စကားေကာင္းေနကာ အိမ္ကို ေတာ္ေတာ္နဲ႕ မျပန္ျဖစ္ခဲ့ေပ။

အဖြားေက်ာင္းက အဖြား လ်ဴရွင္းဟြားအား ေမးျမန္းလိုက္၏။
"နင့္ရဲ႕ဒုတိယ ေခြၽးမက အိမ္ခြဲဖို႔အတြက္ ဇာတ္လမ္းရိုက္ခဲ့တယ္ဆို၊ အဲ့တာ တကယ္ႀကီးလား"

လ်ဴရွင္းဟြားက ႏွာေခါင္းရႈံ႕လိုက္ကာ ...
"အဲ့တာ အမွန္ပဲ၊ သူမက အိမ္ခြဲေပးဖို႔အတြက္နဲ႕ဟန္ေဆာင္ၿပီး သူမရဲ႕ အေမအိမ္ကို ျပန္သြားတယ္ေလ။ အခုေတာ့ ငါလည္း အိမ္ခြဲေပးလိုက္ရၿပီ၊ တစ္ခါတည္း သူ႕အေမအိမ္ကေန‌ ၿပဳံးၿပဳံးႀကီးျပန္လာေတာ့တာပဲ"

အဘြား လီက ...
"မင္းနဲ႕ အတြင္းေရးမႉး ယြမ္တို႔က တကယ္ သေဘာေကာင္းတယ္။ ငါ့ မိသားစုမွာသာ ဒီလို ျဖစ္ၾကည့္ပါလား။ တစ္ခါတည္း ႏွင္ထုတ္ပစ္လိုက္မွာ။ သူတို႔ေတြက သုခဆို အတူတူ စံစားခ်င္ၿပီး ဒုကၡဆိုတာနဲ႕ ခြဲထြက္သြားခ်င္တဲ့ မ်က္လုံးျဖဴ ဝံပုေလြလိုလူစားေတြ"

အဖြား လ်ဴရွင္းဟြာက ...
"ထားပါ၊ သူတို႔အေၾကာင္း မေျပာစမ္ပါနဲ႕၊ ျပန္ေတြးရရင္ သူတို႔နဲ႕ အတူတူ ေနတုန္းက ေန႕ရက္တိုင္း စိတ္ဆင္းရဲေနရတာ၊ အခုလို ခြဲသြားေတာ့လည္း ေအးတာပါပဲ ေအ"

အဘြား လီ က ဆက္ေမးလိုက္သည္။
"နင္က သူတို႔ကို ဘယ္လိုမ်ိဳး ခြဲေပးလိုက္လဲ ဟမ္"

"သူတို႔ကို အိမ္မွာ ရွိသမွ် အကုန္ တစ္ဝက္ ေပးလိုက္တာ"

ထိုစကားကို ၾကားတာနဲ႕ စကားဝိုင္း အတြင္းက လူေတြ အကုန္ မ်က္လုံး ျပဴးကုန္ၾက၏။

အဘြား လီက ...
"အိုး ... ဘုရားေရ၊ နင္တို႔ ဘာလို႔ ဒီေလာက္ အမ်ားႀကီး ခြဲေပးလိုက္ရတာလဲ"

အဘြား လ်ဴရွင္းဟြာ လည္း သက္ျပင္းတစ္ခ်က္ခ်လိဳက္ကာ ...
"ဘာပဲျဖစ္ျဖစ္ သူတို႔က ငါတို႔ မိသားစု ျဖစ္ေနေသးတယ္ေလ။ ဒါ့ေၾကာင့္ သူတို႔လည္း အဆင္ေျပေအာင္ ခြဲေပးလိုက္ရတာ"

အဖြား ေက်ာင္းက အံ့အားတႀကီးျဖင့္ ...
"နင္တို႔က တကယ့္ကို အံ့ဖြယ္ပါ ဟယ္"

႐ုတ္တရက္ အဖြားေက်ာင္း စကားဆုံးတာနဲ႕ အေဝးကေန ေအာ္သံ တစ္ခ်က္ ထြက္လာခဲ့၏။
"အဖြားေရ"

အဖြားေတြ အကုန္လုံး လွမ္းၾကည့္လိုက္သည့္အခါယြမ္က်ဲကို ျမင္ေတြ႕လိုက္ရ၏။ သူမဟာ ေနာက္ကေန က်ားလိုက္သကဲ့သို႔ အေမာတေကာ ေျပးလႊားေနခဲ့သည္။ လ်ဴရွင္းဟြာကို ျမင္လိုက္တာနဲ႕ ယြမ္က်ဲဟာ အျမန္ေျပးလာေတာ့သည္။ အဖြား‌ေတြအကုန္လုံးလည္း ယြမ္က်ဲ ေနာက္ေန လိုက္လာသည့္ သံပူေခ်ာင္း ကိုင္ထားသည့္ ဆန္းေရွာင္ဟိုင္ကို ျမင္ေတြ႕လိုက္ၾကသည္။

အဖြား လီက မ်က္ခုံးမ်ား တြန႔္ေကြးလ်က္ ...
"ဒါက ဘာျဖစ္လာတာလဲ"

ယြမ္က်ဲက အဖြား လ်ဴရွင္းဟြာရဲ႕ ေနာက္မွာ ဝင္ပုန္းလ်က္ အေမာတေကာျဖင့္ ...
"အဖြား၊ သမီး ထင္းေကာက္ၿပီး ျပန္လာေတာ့ အေမက သမီးဆီက ထင္းေတြ ယူသြားတယ္၊ ၿပီးေတာ့အဝတ္ေတြ‌လည္း ေလွ်ာ္ရမယ္တဲ့။ မေလွ်ာ္ရင္ ရိုက္ပစ္မယ္လို႔ ေျပာတယ္"

ဆန္းေရွာင္ဟိုင္လည္း အဖြား ေက်ာင္း ၿခံဝင္းထဲ ဝင္လာ၍ ခါးေထာက္လ်က္ ယြမ္က်ဲ အား လက္ညိုးထိုးကာ ...
"ဟဲ့၊ နင့္ အခုခ်က္ခ်င္း ငါ့ဆီ လာခဲ့စမ္း"

ယြမ္က်ဲရဲ႕ အသံက အနည္းငယ္ တိုးေနတာမို႔ အဖြား တခ်ိဳ႕က နားမလည္ခဲ့ၾကေပ။ ဒါ့ေၾကာင့္ လ်ဴရွင္းဟြာထံ ေမးျမန္းၾကသည္။
"ဘာျဖစ္ေနတာလဲ"

လ်ဴရွင္းဟြာလည္း ဆန္းေရွာင္ဟိုင္အား မၾကည့္ဘဲျဖည္းညွင္းစြာ ရွင္းျပလိုက္သည္။
"ေရွာင္က်ဲတစ္ေယာက္စာ စားစရိတ္ေလ်ာ့ေအာင္လို႔ အိမ္ခြဲတုန္းက ေရွာင္က်ဲကို ငါတို႔နဲ႕ ထားခဲ့တယ္ေလ။ နင္က ေရွာင္က်ဲကို မပ်ိဳးေထာင္ခ်င္ပဲနဲ႕ အလုပ္က်ေတာ့ ခိုင္ခ်င္တယ္ ဟုတ္လား။ ဘာလည္း၊ နင္က ျမင္းေမြးၿပီး ျမက္မေကြၽးခ်င္လို႔ေတာ့ မရဘူးေလ"

ဒါကိုၾကားတာနဲ႕ အဖြားအိုေတြ အကုန္လုံး ဆန္းေရွာင္ဟိုင္ကို ၾကည့္လိုက္ၾကကာ သူမတို႔၏ မ်က္ဝန္းအတြင္း ႐ြံရွာမႈမ်ား ျဖစ္ေပၚလာေတာ့သည္။

အဖြား လီက
"ဆန္းေရွာင္ဟိုင္၊ နင္က ရွင္းဟြာလိုမ်ိဳး ေယာကၡမနဲ႕တကယ္ မတန္ဘူး သိလား"

အဖြား ဟူကလည္း ...
"နင္က တကယ့္ကို ေျမေခြးႏွလုံးသားနဲ႕ မိန္းမပဲ၊ ကိုယ့္သမီးကိုကိုယ္ ဘာလိုမ်ား ဒီလိုမ်ိဳး ဆက္ဆံနိုင္ရတာလဲ။ ဒါကို နင့္ ေယာက္်ားေရာ သိရဲ႕လား။သူ သိသြားရင္ နင္ သူနဲ႕ မ်က္ႏွာခ်င္ ဆိုင္ရဲေသးလား ဆိုတာ ငါ ၾကည့္စမ္းခ်င္တယ္၊ ဟြန႔္"

အဖြား ေက်ာင္းက ႏွာေခါင္းရႈံ႕ရင္း ...
"ငါ့ ဘဝ တစ္ေလွ်ာက္ နင့္ေလာက္ အရွက္ကင္းမဲ့တဲ့ မိန္းမစားမ်ိဳး တစ္ခါမွ မေတြ႕ဖူးဘူး၊ သိလား။ နင္က ငါ့ရဲ႕ အသိပညာေတြကို တိုး‌တက္ေအာင္ လုပ္ေဆာင္ေပးလိုက္တာပဲ"

ဆန္းေရွာင္ဟိုင္ဟာ အဖြားေတြရဲ႕ အျပစ္တင္ စကားကို ၾကားလိုက္တာနဲ႕ အႀကိမ္ႀကိမ္ ပါးခ်ခံရသလို ခံစားလိုက္ရၿပီး မ်က္ႏွာတစ္ခုလုံး နီရဲလာေတာ့သည္။ ထို႔ေနာက္ သူမက အသက္ျပင္းျပင္း ရႉကာ ...
"ဘာျဖစ္ျဖစ္ သူမကို ကြၽန္မ ေမြးထားတာေလ။ ဒီလို အလုပ္ေလးေတာင္မွ ခိုင္းခြင့္ မရွိေတာ့ဘူးတဲ့လား"

အဖြားေတြ ဘာမွ ထပ္မေျပာခင္မွာပဲ ယြမ္က်ဲက ...
"ကြၽန္မကို ေမြးေပးပါလို႔ အေမ့ကို ေတာင္းဆိုခဲ့ဖူးလား၊ အေမတို႔ဘာသာ သမီးဆႏၵကို ေမးမၾကည့္ပဲ သမီးကို ေမြးခဲ့တာ မဟုတ္ဘူးလား"
လို႔ ႐ုတ္တရက္ ဝင္ေမးလိုက္သည္။

ထိုေမးခြန္းေၾကာင့္ ဆန္းေရွာင္ဟိုင္ ေသြးအန္ေတာ့မတတ္ ျဖစ္သြားရ၏။ သူမက ယြမ္က်ဲထံ သံေခ်ာင္းကို ၫႊန္ျပလ်က္ ...
"နင္ ေနာက္တစ္ခါ ထပ္ေျပာရဲရင္ ေျပာၾကည့္လိုက္စမ္းပါ။ ငါ နင့္ကို တစ္ကယ္ သတ္ပစ္မယ္"

ယြမ္က်ဲဟာ အဖြား လ်ဴရွင္းဟြာ ေနာက္မွာ ရပ္ေနရင္း ေၾကာက္႐ြံ႕စိတ္မ်ား ေပ်ာက္ကြယ္သြားၿပီ ျဖစ္သည္။ ခုနက ေျပာခဲ့သည့္ စကားေတြဟာလည္း တကယ္ေတာ့ ယြမ္ရိနဲ႕ ညဘက္ စကားေျပာရင္း ယြမ္ရိထံမွ ၾကားခဲ့ရသည္မ်ားသာ ျဖစ္သည္။သူမဟာ ထိုစကားမ်ားကို တကယ္ အက်ိဳးအေၾကာင္း သင့္သည္လို႔ ထင္၏။

ဆန္းေရွာင္ဟိုင္ရဲ႕ ၿခိမ္းေျခာက္ စကားေၾကာင့္ အဖြား လ်ဴရွင္းဟြာက တစ္ခ်က္ ရယ္လိုက္ကာ ...
"ဟြန႔္၊ ဘယ္သူ႕ကို သတ္မယ္လို႔ ၿခိမ္းေျခာက္ေနတာလဲ"

ဆန္းေရွာင္ဟိုင္လည္း အဖြား လ်ဴရွင္းဟြာ၏ မ်က္ဝန္းမ်ား အတြင္းမွ အမ်က္ေဒါသကို ခံစားမိေပသည္။ ဒါ့အျပင္ အျခားေသာ အဖြားမ်ားကလည္း ႐ြံရွာ စက္ဆုပ္ဖြယ္ ဝိုင္းၾကည့္ေနၾကတာမို႔ ဘာမွ မေျပာရဲေတာ့။

ဒါ့ေၾကာင့္ သူမဟာ ယြမ္က်ဲအား ေဒါသတႀကီး စိုက္ၾကည့္ၿပီး ေတာက္ေခါက္ကာ လွည့္ထြက္သြားေတာ့သည္။

သူမဟာ အဖြားႀကီးေတြ အေပၚမွာ ေဒါသေတြ ပုံမခ်ဝံ့သျဖင့္ လမ္းေဘးအား တံေတြး ေထြးလိုက္ကာ
"ေသသင့္တဲ့ အဖြားႀကီး တစ္စု"
လို႔ က်ိန္ဆဲလိုက္ေတာ့သည္။

ထို႔ေနာက္ လမ္းဆက္ေလွ်ာက္ဖို႔ ျပင္လိုက္ခ်ိန္မွာပဲ ေက်ာက္ခဲတစ္လုံးကို မေတာ္တဆ တက္နင္းမိကာေျခ‌ေခ်ာ္၍ လဲက်သြားေတာ့သည္။

ကံမေကာင္းစြာနဲ႕ သူမ လဲက်သည့္ ေအာက္မွာေက်ာက္ခဲက ခံေနသျဖင့္ သူမဟာ နာက်င္မႈကို ႏွစ္ဆေလာက္ ခံစားလိုက္ရေတာ့၏။

လ်ဴရွင္းဟြာက လဲက်သြားသည့္ ဆန္းေရွာင္ဟိုင္အား လွမ္းၾကည့္ရင္းနဲ႕ ...
"ဒါဟာ မင္းနဲ႕ ထိုက္တန္လို႔ ရတဲ့ အရာပဲ"
လို႔ ေအာ္ေျပာလိုက္ေတာ့၏။

Continue Reading

You'll Also Like

286K 16.1K 40
My priority /property/privacy
262K 33.3K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
53.3K 1.8K 37
Type - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်...