Burmese Translation of "Doomed to be Cannon Fodder".
Translator - ဂွေ့စ်
(၂၁၄) အပြစ်ပေးခြင်း၊ ဇနီးမောင်နှံမျှဝေခံစား
"ကျွန်မတောင်းပန်ပါတယ်"
ပိုင်ရှန်းရှို့က တောင်းပန်စကားပြောလေတယ်။
"အင်း...ဒါပေမယ့် မင်း အဲ့ကလေးကိုတော့ သတိထားရလိမ့်မယ်။ သူက ကောင်းကောင်းနေတယ်လို့ထင်ရပေမယ့် သူကြိုက်တဲ့အရာကို တခြားသူကယူသွားရင် အတော်လေးကြမ်းတမ်းလာတတ်တယ်။ သူငယ်ငယ်တုန်းက ဆရာတူ အကိုတွေ အမတွေနဲ့တောင် အရုပ်ပြိုင်လုခဲ့တာ။ အဲ့တုန်းကငယ်သေးတာတောင် သူတို့ကို သွေးအန်တဲ့အထိ ရိုက်ပစ်ခဲ့တာ"
"ဟင်? သူက လူတွေနဲ့လည်းရန်ဖြစ်တတ်တာပဲလ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
"တကယ်ပြောတာ။အဲ့ဒါကြောင့် မင်း သတိထားဖို့လိုတယ်"
"သူက အန္တရာယ်တော့ မရှိဘူးမလား?"
"အမှန်အတိုင်းပြောရရင် ငါ့ရဲ့သိုင်းပညာကတောင် သူ့ကိုမမှီဘူး
"ဘာ?"
ယွီရှုက လွယ်မယ့်ကလေးတော့ မဟုတ်ဘူးပဲ။ သူမတို့နှစ်ယောက်သား နေ့တစ်၀က်လောက် စကားပြောရင်း အချိန်ဖြုန်းခဲ့ကြတယ်။ ပြီးတာနဲ့ မင်းသားရုံက သိပ်မကြာခင်မှာပဲဆင့်ခေါ်လာတာပေါ့။ ချန်ထောက်ဘာတွေးနေလဲဆိုတာကို မင်းသားရုံသိတယ်။ သတင်းကသူ့ကြောင့် ပြန့်သွားပြီလေ။ဒီမိန်းကလေးက သေရေးရှင်ရေးဖြစ်နေတာကိုတောင် သူလုပ်ခဲ့သမျှအတွက် တာ၀န်ယူချင်နေသေးတာကိုတော့ သူမျှော်လင့်မထားမိခဲ့ဘူး။ ဒါပေမယ့် အဲ့ဒါက အဓိပ္ပါယ်တော့ရှိတယ်။ ယောကျာ်းလုပ်သူကိုစိတ်ပူလို့ နင်ကျင်းကိုလာတယ်။ သူမရဲ့ ဆုံးဖြတ်ချက်တွေကလည်းသူတို့ကို အကူအညီကြီးကြီးမားမားဖြစ်စေခဲ့တယ်။ သူမအပေါ်ခက်ခဲအောင် မင်းသားရုံမလုပ်ရက်ဘူး။ သူ အခန်းတစ်ခုစီစဥ္ပြီး လုံဟန့်လာတဲ့အထိ စောင့်နေလိုက်တယ်။
လုံဟန့်က သတင်းကြားတာနဲ့ ချက်ချင်းကိုပြန်လာတာ။ မင်းသားရုံရဲ့အခန်းဆီ မျက်နှာကြီးသုန်သုန်မှုန်မှုန်နဲ့ပြေးလာပြီး လက်သီးဆုတ်ပြီးဂါ၀ရပြုလိုက်တယ်။ မင်းသားရုံက အခန်းထိပ်ဆုံးမှာထိုင်နေပြီး ဘေးတစ်ဖက်တစ်ချက်ဆီမှာ ချန်ထောက်နဲ့ လင်ချန်းဇီထိုင်နေတယ်။ လုံဟန့်ပိုင်ရှန်းရှို့ကိုလှမ်းကြည့်လိုက်တာပေါ့။ သူတို့နှစ်ယောက်သား စကားမပြောကြပေမယ့် တစ်ယောက်ရဲ့စိတ်ကိုတစ်ယောက်နားလည်ကြတယ်။ ဘာလုပ်ရမလဲဆိုတာကိုပေါ့။
"ဒီအဖြစ်အပျက်က အနောက်ဆောင်က ဒီအမျိုးသမီးနဲ့ဘာမှမဆိုင်ပါဘူး။ သူမက အရမ်းဗဟုသုတကြွယ်၀သူမို့ ကျုပ်က ဒီကိုလာဖို့ ဆင့်ခေါ်ခဲ့တာပါ"
စုန့်ကျောင်းယွဲ့ကလည်းလုံဟန့်နဲ့အတူ၀င်ပြောလေတယ်။ သူက ခုနလေးတုန်းကတင် အနောက်နားမှာရပ်နေခဲ့တာ။ အခုကျ ရုတ်တရက်ပဲ သူကရှေ့ထွက်ပြီးပြောရော။
"ဟုတ်ပါတယ်။ မင်းသားလီရဲ့ ရည်ရွယ်ချက်က မြင်းတွဲဗျူဟာကိုဖျက်စီးဖို့ပါ။ ဒီစုန့်ကျောင်းယွဲ့ကလည်း သခင်မရှို့ကို ကိုယ်တိုင်လိုက်ပို့ခဲ့သူပါ။"
"မင်းသားရုံ...ကျုပ်ကိုလည်းကြားဖြတ်၀င်ပြောခွင့်ပြုပါ။ သခင်မရှို့ဆိုတာ အိပ်ခန်းဆောင်ထဲကနေ တစ်ဖ၀ါးမှမခွာဘဲနေရတဲ့အမျိုးသမီးပဲ။ သူအများဆုံးသိ လုံဟန့်ပြောပြသလောက်ပဲ ရှိမှာပေါ့။ ဒီလိုမိန်းမမျိုးက ဘာတွေများ ဗဟုသုတကြွယ်၀နိုင်မှာမို့လို့လဲ?"
ချန်ထောက်က ချက်ချင်းပဲ ၀င်ထောက်ပြတယ်။ သူတို့ပြောတဲ့စကားတွေထဲမှာ ရှေ့နောက်မညီတာတွေများနေတယ်လေ။
ပိုင်ရှန်းရှို့ကလည်း ချက်ချင်းကိုပြန်ပက်တာပဲ
" ကျမ်းတွေထဲမှာ မြင်းတွဲဆက်ဗျူဟာလို့ ဖော်ပြထားတဲ့ မြင်းတွဲဗျူဟာဆိုတာရှိတယ်။ ကံကောင်းချင်တော့ ရန်သူ့တပ်က မြင်းတွဲဗျူဟာရဲ့ ဗျူဟာပုံစံပြည့်စုံအောင် မခင်းကျင်းနိုင်ခဲ့ဘူး။ သူ့ကိုဖျက်လို့ရတဲ့ နောက်ထပ်နည်းတွေရှိသေးတယ်။ ဒါပေမယ့်ရက်စက်လွန်းလို့ မသုံးအပ်တဲ့ တံစဥ္းတွေနဲ့ပဲ ကျွန်မတို့ဖျက်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ရန်သူက မြို့ကို၀ိုင်းထားလို့ပဲ။ ကျွန်မတို့သာ ရန်သူ၀ိုင်းတာမခံရဘူးဆိုရင် ကတုပ်ကျင်းတွေတူးထားလိုက်လို့ရတယ်။ အဲ့ဒါဆို မြင်းတွေလာတဲ့အခါ ကတုပ်ကျင်းတွေထဲကို ပြုတ်ကျကုန်ပြီး ကြိုးတွေပြတ်ထွက်မှာပဲ။"
သူမက အသက်တစ်ချက်ရှူသွွင်းလို်က်တယ်။ ပြီးတော့ဆက်ပြောတယ်။
"ကျွန်မသိတာ အဲ့ဟာပဲထင်လို့လား။ နောက်ထပ်အများကြီးရှိသေးတယ်။ ဥပမာ ကြယ်ခုနစ်စင်းနှံတံဗျူဟာ၊ဖြတ်ကြီးခုနစ်ဖြတ်ဗျူဟာ၊ ကွန်ယက်ဓားသွားဗျူဟာ၊ ခုနစ်စဉ္ကြယ်ဗျူဟာ၊ လေးစိတ်လေးတန်ဗျူဟာ၊ အံ့ချီးလေးသွယ်ဗျူဟာ....."
ပိုင်ရှန်းရှို့က ဒီအတိုင်းရန်ပဲစသလား သူမရဲ့ အသိပညာတွေကိုပဲ ချပြသလား ယတိပြတ်မပြောနိုင်ပေမယ့် စစ်သူကြီးတွေနဲ့ တပ်သားတွေကတော့ ပိုင်ရှန်းရှို့ရွတ်ပြတဲ့ ဗျူဟာအမည်တွေအပေါ်မှာ အံ့အားသင့်နေကြတယ်။ သူတို့တွေ ဗျူဟာတွေကို လေ့လာဖူးပေမယ့် ဒီလောက်အများကြီးကိုတော့ မကြားဖူးကြဘူး။
ပိုင်ရှန်းရှို့က ခေါင်းမော့ရင်ကော့ပြီး သူမရဲ့ယုံကြည်မှုရှိတဲ့ကိုယ်ဟန်ကိုထိန်းထားတယ်။
"ငါနင့်ထက်အများကြီးသိတယ်၊ ဘာလုပ်ချင်သေးလဲ?" ဆိုတဲ့ပုံစံနဲ့။ တစ်ဖက်ကလုံဟန့်လည်းအံ့သြတကြီးတွေဖြစ်နေရတယ်။ သူမပြောတာတွေကို နာမည်ပဲကြားမိပြီး ဘာမှန်းသူတောင်မသိဘူး။ အမျိုးသမီးတစ်ယောက်အတွက် ဗျူဟာနာမည်တွေပြောနိုင်တာနဲ့တင် အထင်ကြီးစရာကောင်းနေပြီ။သူမရဲ့ယံကြည်မှုအပြည့်နဲ့ကိုယ်ဟန်ကိုတော့ ပြောကိုမနေနဲ့တော့။
သူမက ဆက်ပြီးပြောလေတယ်။
"ရှင်တို့တွေက စစ်ပွဲမှာဆိုရင် ကြိုးကြာတောင်ပံဗျူဟာကို သုံးပြီး တိုက်ခိုက်ခံရရင်တော့ အကြေးခွံဗျူဟာကိုသုံးတယ်။"
လုံဟန့်က သူမကိုဒါမျိုးတွေနည်းနည်းသင်ပေးဖူးတယ်။ ဆိုတော့ကား အခုပညာနည်းနည်းပြပေးရမှာပေါ့။ မင်းသားရုံကတော့ ချီးကျူးလို့ကိုမဆုံးတော့ဘူး။
"သိပ်တော်တဲ့ အမျိုးသမီးစစ်ဗျူဟာရှင်ပါပဲ။ မင်းသားလီ...မင်းဘေးမှာ ဒီလိုအမျိုးသမီးတစ်ယောက်ရှိတာ သိပ်ကံကောင်းတယ်။
တခြားသူတွေသာ မယုံရင်နေမယ် မင်းသားရုံကတော့ယုံတယ်။ ဒါပေမယ့်လည်း ချန်ထောက်က မျက်မှောင်ကြီးကုပ်ရင်း
"အဲ့ဒီဗျူဟာတွေအကြောင်းကိုသိတော့ရော ဘာလုပ်ရမှာလဲ။ စစ်တပ်ရဲ့စည်းမျဥ္းကိုဖောက်တာက ဖောက်တာပဲ။ အပြစ်ပေးခံရမှာပဲ။"
"အော် အဲ့လိုလား? ဒါဆို မြို့စောင့်တပ်မင်းချန်ရဲ့ စကားအရဆိုရင် သူမက စစ်တပ်တစ်ခုလုံး အန္တရာယ်ထဲရောက်နေတာကိုတောင် ဒီအတိုင်းလက်ပိုက်ကြည့်နေပြီး ဘာမှ၀င်မလုပ်နဲ့လို့ပြောချင်တာပေါ့။ အဲ့လိုလား? ဒါမှမဟုတ်ရန်ဖက်နိုင်ငံက အဆိပ်ငွေ့တွေသုံးပြီးတိုက်ရင် အကုန် အလောင်းတွေဖြစ်လည်းရတယ်လို့ဆိုလို ျငထတာလား? မြို့စောင့်တပ်မှူးချန်...သူတို့ရဲ့ ဗျူဟာရှင်ကို ခင်ဗျားဘယ်လောက်ကြောက်နေ ခဲ့လဲဆိုတာကို မမေ့သင့်ဘူးထင်တယ်နော်?"
လုံဟန့်ရဲ့ တဟားဟားအော်ရယ်သံကြီးက ချန်ထောက်ကို စိတ်မသက်မသာဖြစ်စေတယ်။ သူကအသံကိုမြှင့်ပြီးပြန်အော်တာပေါ့။
"ဒါဆို မင်းသားရဲ့ ကိုယ်လုပ်တော်နဲ့ ရန်သူဗျူဟာရှင်နဲ့က ဘာတွေလဲ?'
"မင်းကရော ဘာတွေလာပြောနေတာလဲ? ရန်သူဖက်က ဗျူဟာမှူးကို သခင်မရှို့ကျေးဇူးနဲ့ ရှင်းလိုက်နိုင်တာလေ?"
စုန့်ကျောင်းယွဲ့က အံ့သောတကြီးနဲ့ ချက်ချင်း၀င်ပြောလိုက်တယ်။
"အော် အဲ့ဒ့ါဆို တကယ့်ကိုအပြစ်ကြီးကျူးလွန်လာတာပဲမဟုတ်ဘူးလား?"
"သူ မြှူဆွယ်ခဲ့တာပါ။ ဟုတ်တယ်မလား? အဲ့ဗျူဟာမှူးက တဏှာရူးကြီးဆိုတာကို မှတ်မိသေးတယ်"
လင်ချန်းဇီက ရုတ်တရက်၀င်ပြောလေတယ်။ ချန်ထောက်က လုံဟန့်ကို နွားပါကွာဆိုတဲ့အကြည့်နဲ့ကြည့်လိုက်တာပေါ့။ လုံဟန့်လည်းအရမ်းဒေါသထွက်နေပေမယ့် ဒေါသကိုအတတ်နိုင်ဆုံးမြိုချနေရတယ်။ အံ့သြဖို့ကောင်းတာက အဲ့အချိန်မှာပဲ ပိုင်ရှန်းရှို့က လင်ချန်းဇီကိုလက်ညှိုးနဲ့ထထိုးတော့တာပဲ။
"နေပါဦး လင်မိန်းကလေး။ ကျွန်မက ယောကျာ်းလေးလိုတစ်ချိန်လုံးဟန်ဆောင်နေတာလေ။ ဘယ်လိုလုပ်သူ့ကိုမြှူဆွယ်လို့ရမှာလဲ? ဒါပေမယ့် ကျွန်မအထင် တကယ်မြှူဆွယ်တာက ရှင်ထင်တယ်နော်။ အဲ့စခန်းထဲ ရှင်ရောက်နေတာ ကြာပြီမလား။ ထပ်ပြောရရင် အဲ့ဗျူဟာမှူးက တဏှာရူးဆိုတာ ရှင်ဘယ်လိုသိတာလဲ?"
မင်းသားရုံက ချောင်းအသာဟန့်လိုက်ပြီး လင်ချန်းဇီကိုလှမ်းပြောလေတယ်။
"လင်မိန်းကလေး...စိန်ကောင်းကျောက်ကောင်းရောင်း၀ယ်နေတဲ့အချိန်မှာ ဆေးရိုးသည်က ကန့်လန့်ကန့်လန့်လာမလုပ်ပါနဲ့"
(ဆိုလိုချင်တာက အရေးကြီးစကားပြောနေတဲ့အချိန် $ရေးမပါတဲ့သူက ဘေးဖယ်နေစမ်းဆိုတဲ့သဘော)
ချန်ထောက်ကတော့ အေးစက်စက်ပဲဆက်ပြောတယ်။
"သူ ဘယ်လောက်ပဲ ဂုဏ်ထူးဆောင်နိုင် ဆောင်နိုင် စစ်စည်းကမ်းကို ချိုးဖောက်တာကတော့ အမှန်ပဲ။
မင်းသားရုံကလည်းသဘောတူတယ်။
"မြို့စောင့်တပ်မင်း ချန်ရဲ့စကားကမှန်ပါတယ်။ ကျုပ်ကိုယ်တိုင် သခင်မရှို့ရဲ့ စွမ်းဆောင်ချက်ကို ဘုရင်မင်းမြတ်ထံတင်ပြပေးမှာပါ။ ဒါကေးပမယ့် လုံဟန့်ကတော့အပြစ်ကို သိတယ်မလား"
"ကျုပ်မှာအပြစ်ရှိပါတယ်။ အပြစ်ပေးပါ အရှင့်သား"
လုံဟန့်က သူ့၀တ်ရုံကိုမတင်လိုက်ပြီ ဒူးထောက်လိုက်တယ်။ အပြစ်ဒဏ်ကိုစောင့်ရင်းပေါ့။
မင်းသားရုံက ဆက်ပြောတယ်။
"နှစိယောက်လုံးက နင်ကျင်းမြို့ကိုကာကွယ်ပေးခဲ့တာဆိုတော့ မင်းကိုပဲ စစ်ကြိမ်ဒဏ်တစ်ရာအပြစ်ပေးလိုက်မယ်။ ကျန်တာ မင်းကြီးဆက်ပြီးဆုံးဖြတ်ပါစေ"
"နားလည်ပါပြီ"
လုံဟန့်က မတ်တပ်ရပ်ပြီးအခန်းထဲကထွက်သွားဖိူ့ပြင်တယ်။ သူ့ရဲ့သိုင်းပညာနဲ့ဆိုရင် တစ်ရာလောက်ကတော့ ဒဏ်ရာကြီးကြီးမရပါဘူး။
"ခဏ..."
ပိုင်ရှန်းရှို့က ရုတ်တရက်ထပြောလေတယ်။ လူတိုင်းကြောင်သွားကြတာပေါ့။ ဘာလုပ်ချင်ပြန်တာလဲ?
"မှားတဲ့သူက ကျွန်မပါ။ မင်းသားလီဒီကိစ္စမှာပါလာရတာကလည်းကျွန်မကြောင့်ပါပဲ။ ကျေးဇူးပြုပြီး ကြိမ်ဒဏ်တစ်၀က်ကို ကျွန်မဆီခွဲပေးပါ"
"ဘာ"
မင်းသားရုံ မျက်မှောင်ကျုံ့သွားတုန်း ပိုင်ရှန်းရှို့က ဆက်ပြောလေတယ်။
"ကျွန်မတို့က စစ်ပွဲအလယ်မှာပဲရှိပါသေးတယ်။ အကယ်၍ ရန်သူက ဒါကိုသိသွားပြီး မင်းသားအားနည်းနေတုန်း တိုက်ခိုက်လို်က်ရင် အားလုံးဒုက္ခရောက်ကုန်ပါမယ်။ သူ့ဒဏ်ရာမဆိုးအောင် ကျေးဇူးပြုကြီး ကျွန်မကိုပါ တစ်၀က်ရိုက်ပါ။"
"မသင့်လျော်လိုက်တာ"
လုံဟန့်ကထအော်တယ်။ သူမက အားနည်းတဲ့သူလေ။ ဘယ်လိုလုပ်စစ်ကြိမ်ဒဏ်ကို ခံယူနိုင်မှာလဲ? ပြီးတော့ သိုင်းတောင်တတ်တာမဟုတ်ဘူး။
ပိုင်ရှန်းရှို့ကတော့ နောက်မဆုတ်ဘူး။
"ဒါ ကျွန်မစတဲ့ကိစ္စမို့ အခုပဲ ကျွန်မအပြစ်ဒဏ်ကိုခံပါ့မယ်"
"မင်း...."
လုံဟန့်ဘာဆက်ပြောရမလဲ မသိတော့ဘူး။
စုန့်ကျောင်းယွဲ့ကလည်း မတ်တပ်ထရပ်င်္ပြီ
"ကျွန်တော်မျိုးလည်း မြို့တော်မှာ ရာထူးတစ်ခုရှိတဲ့သူပါ။ လုံဟန့်တစ်ယောက်တည်း စည်းဖောက်ခဲ့တာမဟုတ်ပါဘူး။ ကျုပ်ပါ အပြစ်ပေးခံရသင့်ပါတယ်။ ကျေးဇူးပြုပြီး သခင်မရှို့ရဲ့ ကြိမ်ဒဏ်ငါးဆယ်ကို ကျုပ်ဆီခွဲပေးပါ"
မင်းသားရုံတွေးနေတုန်း နောက်ထက်အသံတစ်ခုကလည်းထွက်လာလေတယ်။
"ကျွန်တော်မျိုးလည်း ဒီကိစ္စထဲပါခဲ့ပါတယ်။ ကြိမ်ဒဏ်ကို ကျုပ်ဆီလည်းခွဲပေးပါ မင်းသားရုံ"
"မင်းက ဘယ်သူလဲ"
"၀ူးလင်ဂိုဏ်းချုပ် ယွီခွမ်းလို့ခေါ်ပါတယ်"
လုံဟန့်က ဒီနှစ်ယောက်ကိုဘာလို့အရမ်းယုံကြည်နေလဲဆိုတာ သူနားလည်သွားပြီ။ ဘာလို့ဆိုတစ်ယောက်ကလည်း ၀ူးလင်ဂိုဏ်းချုပ်ကိုး"
______
[Zawgyi]
Burmese Translation of "Doomed to be Cannon Fodder".
Translator - ေဂြ့စ္
(၂၁၄) အျပစ္ေပးျခင္း၊ ဇနီးေမာင္ႏွံမ်ွေဝခံစား
"ကြၽန္မေတာင္းပန္ပါတယ္"
ပိုင္ရွန္းရိႈ႔က ေတာင္းပန္စကားေျပာေလတယ္။
"အင္း...ဒါေပမယ့္ မင္း အဲ့ကေလးကိုေတာ့ သတိထားရလိမ့္မယ္။ သူက ေကာင္းေကာင္းေနတယ္လို႔ထင္ရေပမယ့္ သူႀကိဳက္တဲ့အရာကို တျခားသူကယူသြားရင္ အေတာ္ေလးၾကမ္းတမ္းလာတတ္တယ္။ သူငယ္ငယ္တုန္းက ဆရာတူ အကိုေတြ အမေတြနဲ႔ေတာင္ အရုပ္ၿပိဳင္လုခဲ့တာ။ အဲ့တုန္းကငယ္ေသးတာေတာင္ သူတို႔ကို ေသြးအန္တဲ့အထိ ရိုက္ပစ္ခဲ့တာ"
"ဟင္? သူက လူေတြနဲ႔လည္းရန္ျဖစ္တတ္တာပဲလ? ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?"
"တကယ္ေျပာတာ။အဲ့ဒါေၾကာင့္ မင္း သတိထားဖို႔လိုတယ္"
"သူက အႏၲရာယ္ေတာ့ မရိွဘူးမလား?"
"အမွန္အတိုင္းေျပာရရင္ ငါ့ရဲ့သိုင္းပညာကေတာင္ သူ႔ကိုမမွီဘူး
"ဘာ?"
ယြီရႈက လြယ္မယ့္ကေလးေတာ့ မဟုတ္ဘူးပဲ။ သူမတို႔ႏွစ္ေယာက္သား ေန့တစ္၀က္ေလာက္ စကားေျပာရင္း အခ်ိန္ျဖဳန္းခဲ့ၾကတယ္။ ၿပီးတာနဲ႔ မင္းသားရံုက သိပ္မၾကာခင္မွာပဲဆင့္ေခၚလာတာေပါ့။ ခ်န္ေထာက္ဘာေတြးေနလဲဆိုတာကို မင္းသားရံုသိတယ္။ သတင္းကသူ႔ေၾကာင့္ ျပန္႔သြားၿပီေလ။ဒီမိန္းကေလးက ေသေရးရွင္ေရးျဖစ္ေနတာကိုေတာင္ သူလုပ္ခဲ့သမ်ွအတြက္ တာ၀န္ယူခ်င္ေနေသးတာကိုေတာ့ သူေမ်ွာ္လင့္မထားမိခဲ့ဘူး။ ဒါေပမယ့္ အဲ့ဒါက အဓိပၸါယ္ေတာ့ရိွတယ္။ ေယာက်ာ္းလုပ္သူကိုစိတ္ပူလို႔ နင္က်င္းကိုလာတယ္။ သူမရဲ့ ဆံုးျဖတ္ခ်က္ေတြကလည္းသူတို႔ကို အကူအညီႀကီးႀကီးမားမားျဖစ္ေစခဲ့တယ္။ သူမအေပၚခက္ခဲေအာင္ မင္းသားရံုမလုပ္ရက္ဘူး။ သူ အခန္းတစ္ခုစီစဥၸျီး လံုဟန္႔လာတဲ့အထိ ေစာင့္ေနလိုက္တယ္။
လံုဟန္႔က သတင္းၾကားတာနဲ႔ ခ်က္ခ်င္းကိုျပန္လာတာ။ မင္းသားရံုရဲ့အခန္းဆီ မ်က္ႏွာႀကီးသုန္သုန္မႈန္မႈန္နဲ႔ေျပးလာၿပီး လက္သီးဆုတ္ၿပီးဂါ၀ရျပဳလိုက္တယ္။ မင္းသားရံုက အခန္းထိပ္ဆံုးမွာထိုင္ေနၿပီး ေဘးတစ္ဖက္တစ္ခ်က္ဆီမွာ ခ်န္ေထာက္နဲ႔ လင္ခ်န္းဇီထိုင္ေနတယ္။ လံုဟန္႔ပိုင္ရွန္းရိႈ႔ကိုလွမ္းၾကည့္လိုက္တာေပါ့။ သူတို႔ႏွစ္ေယာက္သား စကားမေျပာၾကေပမယ့္ တစ္ေယာက္ရဲ့စိတ္ကိုတစ္ေယာက္နားလည္ၾကတယ္။ ဘာလုပ္ရမလဲဆိုတာကိုေပါ့။
"ဒီအျဖစ္အပ်က္က အေနာက္ေဆာင္က ဒီအမ်ိဳးသမီးနဲ႔ဘာမွမဆိုင္ပါဘူး။ သူမက အရမ္းဗဟုသုတႂကြယ္၀သူမို႔ က်ဳပ္က ဒီကိုလာဖို႔ ဆင့္ေခၚခဲ့တာပါ"
စုန႔္ေက်ာင္းယြဲ႔ကလည္းလံုဟန္႔နဲ႔အတူ၀င္ေျပာေလတယ္။ သူက ခုနေလးတုန္းကတင္ အေနာက္နားမွာရပ္ေနခဲ့တာ။ အခုက် ရုတ္တရက္ပဲ သူကေရ႔ွထြက္ၿပီးေျပာေရာ။
"ဟုတ္ပါတယ္။ မင္းသားလီရဲ့ ရည္ရြယ္ခ်က္က ျမင္းတြဲဗ်ူဟာကိုဖ်က္စီးဖို႔ပါ။ ဒီစုန္႔ေက်ာင္းယြဲ႔ကလည္း သခင္မရိႈ႔ကို ကိုယ္တိုင္လိုက္ပို႔ခဲ့သူပါ။"
"မင္းသားရံု...က်ဳပ္ကိုလည္းၾကားျဖတ္၀င္ေျပာခြင့္ျပဳပါ။ သခင္မရိႈ႔ဆိုတာ အိပ္ခန္းေဆာင္ထဲကေန တစ္ဖဝါးမွမခြာဘဲေနရတဲ့အမ်ိဳးသမီးပဲ။ သူအမ်ားဆံုးသိ လံုဟန္႔ေျပာျပသေလာက္ပဲ ရိွမွာေပါ့။ ဒီလိုမိန္းမမ်ိဳးက ဘာေတြမ်ား ဗဟုသုတႂကြယ္၀ႏိုင္မွာမို႔လို႔လဲ?"
ခ်န္ေထာက္က ခ်က္ခ်င္းပဲ ၀င္ေထာက္ျပတယ္။ သူတို႔ေျပာတဲ့စကားေတြထဲမွာ ေရ႔ွေနာက္မညီတာေတြမ်ားေနတယ္ေလ။
ပိုင္ရွန္းရိႈ႔ကလည္း ခ်က္ခ်င္းကိုျပန္ပက္တာပဲ
" က်မ္းေတြထဲမွာ ျမင္းတြဲဆက္ဗ်ူဟာလို႔ ေဖာ္ျပထားတဲ့ ျမင္းတြဲဗ်ူဟာဆိုတာရိွတယ္။ ကံေကာင္းခ်င္ေတာ့ ရန္သူ႔တပ္က ျမင္းတြဲဗ်ူဟာရဲ့ ဗ်ူဟာပံုစံျပည့္စံုေအာင္ မခင္းက်င္းႏိုင္ခဲ့ဘူး။ သူ႔ကိုဖ်က္လို႔ရတဲ့ ေနာက္ထပ္နည္းေတြရိွေသးတယ္။ ဒါေပမယ့္ရက္စက္လြန္းလို႔ မသံုးအပ္တဲ့ တံစဥ္းေတြနဲ႔ပဲ ကြၽန္မတို႔ဖ်က္ခဲ့ရတယ္။ ဘာလို႔လဲဆိုေတာ့ ရန္သူက ၿမိဳ႔ကိုဝိုင္းထားလို႔ပဲ။ ကြၽန္မတို႔သာ ရန္သူဝိုင္းတာမခံရဘူးဆိုရင္ ကတုပ္က်င္းေတြတူးထားလိုက္လို႔ရတယ္။ အဲ့ဒါဆို ျမင္းေတြလာတဲ့အခါ ကတုပ္က်င္းေတြထဲကို ျပဳတ္က်ကုန္ၿပီး ႀကိဳးေတျြပတ္ထြက္မွာပဲ။"
သူမက အသက္တစ္ခ်က္ရႉသြင္းလို္က္တယ္။ ၿပီးေတာ့ဆက္ေျပာတယ္။
"ကြၽန္မသိတာ အဲ့ဟာပဲထင္လို႔လား။ ေနာက္ထပ္အမ်ားႀကီးရိွေသးတယ္။ ဥပမာ ၾကယ္ခုနစ္စင္းႏွံတံဗ်ူဟာ၊ျဖတ္ႀကီးခုနစ္ျဖတ္ဗ်ူဟာ၊ ကြန္ယက္ဓားသြားဗ်ူဟာ၊ ခုနစ္စႂဉၠယ္ဗ်ူဟာ၊ ေလးစိတ္ေလးတန္ဗ်ူဟာ၊ အံ့ခ်ီးေလးသြယ္ဗ်ူဟာ....."
ပိုင္ရွန္းရိႈ႔က ဒီအတိုင္းရန္ပဲစသလား သူမရဲ့ အသိပညာေတြကိုပဲ ခ်ျပသလား ယတိျပတ္မေျပာႏိုင္ေပမယ့္ စစ္သူႀကီးေတြနဲ႔ တပ္သားေတြကေတာ့ ပိုင္ရွန္းရိႈ႔ရြတ္ျပတဲ့ ဗ်ူဟာအမည္ေတြအေပၚမွာ အံ့အားသင့္ေနၾကတယ္။ သူတို႔ေတြ ဗ်ူဟာေတြကို ေလ့လာဖူးေပမယ့္ ဒီေလာက္အမ်ားႀကီးကိုေတာ့ မၾကားဖူးၾကဘူး။
ပိုင္ရွန္းရိႈ႔က ေခါင္းေမာ့ရင္ေကာ့ၿပီး သူမရဲ့ယံုၾကည္မႈရိွတဲ့ကိုယ္ဟန္ကိုထိန္းထားတယ္။
"ငါနင့္ထက္အမ်ားႀကီးသိတယ္၊ ဘာလုပ္ခ်င္ေသးလဲ?" ဆိုတဲ့ပံုစံနဲ႔။ တစ္ဖက္ကလံုဟန္႔လည္းအံ့ၾသတႀကီးေတျြဖစ္ေနရတယ္။ သူမေျပာတာေတြကို နာမည္ပဲၾကားမိၿပီး ဘာမွန္းသူေတာင္မသိဘူး။ အမ်ိဳးသမီးတစ္ေယာက္အတြက္ ဗ်ူဟာနာမည္ေတြေျပာႏိုင္တာနဲ႔တင္ အထင္ႀကီးစရာေကာင္းေနၿပီ။သူမရဲ့ယံၾကည္မႈအျပည့္နဲ႔ကိုယ္ဟန္ကိုေတာ့ ေျပာကိုမေနနဲ႔ေတာ့။
သူမက ဆက္ၿပီးေျပာေလတယ္။
"ရွင္တို႔ေတြက စစ္ပြဲမွာဆိုရင္ ႀကိဳးၾကာေတာင္ပံဗ်ူဟာကို သံုးၿပီး တိုက္ခိုက္ခံရရင္ေတာ့ အေၾကးခြံဗ်ူဟာကိုသံုးတယ္။"
လံုဟန္႔က သူမကိုဒါမ်ိဳးေတြနည္းနည္းသင္ေပးဖူးတယ္။ ဆိုေတာ့ကား အခုပညာနည္းနည္းျပေပးရမွာေပါ့။ မင္းသားရံုကေတာ့ ခ်ီးက်ူးလို႔ကိုမဆံုးေတာ့ဘူး။
"သိပ္ေတာ္တဲ့ အမ်ိဳးသမီးစစ္ဗ်ူဟာရွင္ပါပဲ။ မင္းသားလီ...မင္းေဘးမွာ ဒီလိုအမ်ိဳးသမီးတစ္ေယာက္ရိွတာ သိပ္ကံေကာင္းတယ္။
တျခားသူေတြသာ မယံုရင္ေနမယ္ မင္းသားရံုကေတာ့ယံုတယ္။ ဒါေပမယ့္လည္း ခ်န္ေထာက္က မ်က္ေမွာင္ႀကီးကုပ္ရင္း
"အဲ့ဒီဗ်ူဟာေတြအေၾကာင္းကိုသိေတာ့ေရာ ဘာလုပ္ရမွာလဲ။ စစ္တပ္ရဲ့စည္းမ်ဥ္းကိုေဖာက္တာက ေဖာက္တာပဲ။ အျပစ္ေပးခံရမွာပဲ။"
"ေအာ္ အဲ့လိုလား? ဒါဆို ၿမိဳ႔ေစာင့္တပ္မင္းခ်န္ရဲ့ စကားအရဆိုရင္ သူမက စစ္တပ္တစ္ခုလံုး အႏၲရာယ္ထဲေရာက္ေနတာကိုေတာင္ ဒီအတိုင္းလက္ပိုက္ၾကည့္ေနၿပီး ဘာမွ၀င္မလုပ္နဲ႔လို႔ေျပာခ်င္တာေပါ့။ အဲ့လိုလား? ဒါမွမဟုတ္ရန္ဖက္ႏိုင္ငံက အဆိပ္ေငြ့ေတြသံုးၿပီးတိုက္ရင္ အကုန္ အေလာင္းေတျြဖစ္လည္းရတယ္လို႔ဆိုလို ်ငထတာလား? ၿမိဳ႔ေစာင့္တပ္မွဴးခ်န္...သူတို႔ရဲ့ ဗ်ူဟာရွင္ကို ခင္ဗ်ားဘယ္ေလာက္ေၾကာက္ေန ခဲ့လဲဆိုတာကို မေမ့သင့္ဘူးထင္တယ္ေနာ္?"
လံုဟန္႔ရဲ့ တဟားဟားေအာ္ရယ္သံႀကီးက ခ်န္ေထာက္ကို စိတ္မသက္မသာျဖစ္ေစတယ္။ သူကအသံကိုျမႇင့္ၿပီးျပန္ေအာ္တာေပါ့။
"ဒါဆို မင္းသားရဲ့ ကိုယ္လုပ္ေတာ္နဲ႔ ရန္သူဗ်ူဟာရွင္နဲ႔က ဘာေတြလဲ?'
"မင္းကေရာ ဘာေတြလာေျပာေနတာလဲ? ရန္သူဖက္က ဗ်ူဟာမွဴးကို သခင္မရိႈ႔ေက်းဇူးနဲ႔ ရွင္းလိုက္ႏိုင္တာေလ?"
စုန္႔ေက်ာင္းယြဲ႔က အံ့ေသာတႀကီးနဲ႔ ခ်က္ခ်င္း၀င္ေျပာလိုက္တယ္။
"ေအာ္ အဲ့ဒ့ါဆို တကယ့္ကိုအျပစ္ႀကီးက်ူးလြန္လာတာပဲမဟုတ္ဘူးလား?"
"သူ ျမႇဴဆြယ္ခဲ့တာပါ။ ဟုတ္တယ္မလား? အဲ့ဗ်ူဟာမွဴးက တဏွာရူးႀကီးဆိုတာကို မွတ္မိေသးတယ္"
လင္ခ်န္းဇီက ရုတ္တရက္၀င္ေျပာေလတယ္။ ခ်န္ေထာက္က လံုဟန္႔ကို ႏြားပါကြာဆိုတဲ့အၾကည့္နဲ႔ၾကည့္လိုက္တာေပါ့။ လံုဟန္႔လည္းအရမ္းေဒါသထြက္ေနေပမယ့္ ေဒါသကိုအတတ္ႏိုင္ဆံုးၿမိဳခ်ေနရတယ္။ အံ့ၾသဖို႔ေကာင္းတာက အဲ့အခ်ိန္မွာပဲ ပိုင္ရွန္းရိႈ႔က လင္ခ်န္းဇီကိုလက္ၫွိုးနဲ႔ထထိုးေတာ့တာပဲ။
"ေနပါၪီး လင္မိန္းကေလး။ ကြၽန္မက ေယာက်ာ္းေလးလိုတစ္ခ်ိန္လံုးဟန္ေဆာင္ေနတာေလ။ ဘယ္လိုလုပ္သူ႔ကိုျမႇဴဆြယ္လို႔ရမွာလဲ? ဒါေပမယ့္ ကြၽန္မအထင္ တကယ္ျမႇဴဆြယ္တာက ရွင္ထင္တယ္ေနာ္။ အဲ့စခန္းထဲ ရွင္ေရာက္ေနတာ ၾကာၿပီမလား။ ထပ္ေျပာရရင္ အဲ့ဗ်ူဟာမွဴးက တဏွာရူးဆိုတာ ရွင္ဘယ္လိုသိတာလဲ?"
မင္းသားရံုက ေခ်ာင္းအသာဟန႔္လိုက္ၿပီး လင္ခ်န္းဇီကိုလွမ္းေျပာေလတယ္။
"လင္မိန္းကေလး...စိန္ေကာင္းေက်ာက္ေကာင္းေရာင္း၀ယ္ေနတဲ့အခ်ိန္မွာ ေဆးရိုးသည္က ကန္႔လန္႔ကန္႔လန္႔လာမလုပ္ပါနဲ႔"
(ဆိုလိုခ်င္တာက အေရးႀကီးစကားေျပာေနတဲ့အခ်ိန္ $ေရးမပါတဲ့သူက ေဘးဖယ္ေနစမ္းဆိုတဲ့သေဘာ)
ခ်န္ေထာက္ကေတာ့ ေအးစက္စက္ပဲဆက္ေျပာတယ္။
"သူ ဘယ္ေလာက္ပဲ ဂုဏ္ထူးေဆာင္ႏိုင္ ေဆာင္ႏိုင္ စစ္စည္းကမ္းကို ခ်ိဳးေဖာက္တာကေတာ့ အမွန္ပဲ။
မင္းသားရံုကလည္းသေဘာတူတယ္။
"ၿမိဳ႔ေစာင့္တပ္မင္း ခ်န္ရဲ့စကားကမွန္ပါတယ္။ က်ဳပ္ကိုယ္တိုင္ သခင္မရိႈ႔ရဲ့ စြမ္းေဆာင္ခ်က္ကို ဘုရင္မင္းျမတ္ထံတင္ျပေပးမွာပါ။ ဒါေကးပမယ့္ လံုဟန္႔ကေတာ့အျပစ္ကို သိတယ္မလား"
"က်ဳပ္မွာအျပစ္ရိွပါတယ္။ အျပစ္ေပးပါ အရွင့္သား"
လံုဟန္႔က သူ႔၀တ္ရံုကိုမတင္လိုက္ၿပီ ဒူးေထာက္လိုက္တယ္။ အျပစ္ဒဏ္ကိုေစာင့္ရင္းေပါ့။
မင္းသားရံုက ဆက္ေျပာတယ္။
"ႏွစိေယာက္လံုးက နင္က်င္းၿမိဳ႔ကိုကာကြယ္ေပးခဲ့တာဆိုေတာ့ မင္းကိုပဲ စစ္ႀကိမ္ဒဏ္တစ္ရာအျပစ္ေပးလိုက္မယ္။ က်န္တာ မင္းႀကီးဆက္ၿပီးဆံုးျဖတ္ပါေစ"
"နားလည္ပါၿပီ"
လံုဟန္႔က မတ္တပ္ရပ္ၿပီးအခန္းထဲကထြက္သြားဖိူ႔ျပင္တယ္။ သူ႔ရဲ့သိုင္းပညာနဲ႔ဆိုရင္ တစ္ရာေလာက္ကေတာ့ ဒဏ္ရာႀကီးႀကီးမရပါဘူး။
"ခဏ..."
ပိုင္ရွန္းရိႈ႔က ရုတ္တရက္ထေျပာေလတယ္။ လူတိုင္းေၾကာင္သြားၾကတာေပါ့။ ဘာလုပ္ခ်င္ျပန္တာလဲ?
"မွားတဲ့သူက ကြၽန္မပါ။ မင္းသားလီဒီကိစၥမွာပါလာရတာကလည္းကြၽန္မေၾကာင့္ပါပဲ။ ေက်းဇူးျပဳျပီး ႀကိမ္ဒဏ္တစ္၀က္ကို ကြၽန္မဆီခြဲေပးပါ"
"ဘာ"
မင္းသားရံု မ်က္ေမွာင္က်ံဳ႔သြားတုန္း ပိုင္ရွန္းရိႈ႔က ဆက္ေျပာေလတယ္။
"ကြၽန္မတို႔က စစ္ပြဲအလယ္မွာပဲရိွပါေသးတယ္။ အကယ္၍ ရန္သူက ဒါကိုသိသြားၿပီး မင္းသားအားနည္းေနတုန္း တိုက္ခိုက္လို္က္ရင္ အားလံုးဒုကၡေရာက္ကုန္ပါမယ္။ သူ႔ဒဏ္ရာမဆိုးေအာင္ ေက်းဇူးျပဳၾကီး ကြၽန္မကိုပါ တစ္၀က္ရိုက္ပါ။"
"မသင့္ေလ်ာ္လိုက္တာ"
လံုဟန္႔ကထေအာ္တယ္။ သူမက အားနည္းတဲ့သူေလ။ ဘယ္လိုလုပ္စစ္ႀကိမ္ဒဏ္ကို ခံယူႏိုင္မွာလဲ? ၿပီးေတာ့ သိုင္းေတာင္တတ္တာမဟုတ္ဘူး။
ပိုင္ရွန္းရိႈ႔ကေတာ့ ေနာက္မဆုတ္ဘူး။
"ဒါ ကြၽန္မစတဲ့ကိစၥမို႔ အခုပဲ ကြၽန္မအျပစ္ဒဏ္ကိုခံပါ့မယ္"
"မင္း...."
လံုဟန္႔ဘာဆက္ေျပာရမလဲ မသိေတာ့ဘူး။
စုန္႔ေက်ာင္းယြဲ႔ကလည္း မတ္တပ္ထရပ္ႃပၤီ
"ကြၽန္ေတာ္မ်ိဳးလည္း ၿမိဳ႔ေတာ္မွာ ရာထူးတစ္ခုရိွတဲ့သူပါ။ လံုဟန္႔တစ္ေယာက္တည္း စည္းေဖာက္ခဲ့တာမဟုတ္ပါဘူး။ က်ဳပ္ပါ အျပစ္ေပးခံရသင့္ပါတယ္။ ေက်းဇူးျပဳျပီး သခင္မရိႈ႔ရဲ့ ႀကိမ္ဒဏ္ငါးဆယ္ကို က်ဳပ္ဆီခြဲေပးပါ"
မင္းသားရံုေတြးေနတုန္း ေနာက္ထက္အသံတစ္ခုကလည္းထြက္လာေလတယ္။
"ကြၽန္ေတာ္မ်ိဳးလည္း ဒီကိစၥထဲပါခဲ့ပါတယ္။ ႀကိမ္ဒဏ္ကို က်ဳပ္ဆီလည္းခြဲေပးပါ မင္းသားရံု"
"မင္းက ဘယ္သူလဲ"
"ဝူးလင္ဂိုဏ္းခ်ဳပ္ ယြီခြမ္းလို႔ေခၚပါတယ္"
လံုဟန္႔က ဒီႏွစ္ေယာက္ကိုဘာလို႔အရမ္းယံုၾကည္ေနလဲဆိုတာ သူနားလည္သြားၿပီ။ ဘာလို႔ဆိုတစ္ေယာက္ကလည္း ဝူးလင္ဂိုဏ္းခ်ဳပ္ကိုး"