မကြိုက်သင့်သောတီချယ်🫀

By homi_08

118K 5.4K 225

"တီချယ်ကကိုယ့်အတွက်မကြိုက်‌သင့်သောတီချယ်ပဲ ဘာလို့မကြိုက်သင့်တာလဲဆိုရင်ချစ်သင့်သောတီချယ်ဖြစ်နေလို့လေ" More

မကြိုက်သင့်သောတီချယ်🫀P-2
မကြိုက်သင့်သောတီချယ်🫀 P-3
မကြိုက်သင့်သောတီချယ်🫀 P-4
မကြိုက်သင့်သောတီချယ်🫀 P-5
မကြိုက်သင့်သောတီချယ်🫀 P-6
မကြိုက်သင့်သောတီချယ်🫀 P-7
မကြိုက်သင့်သောတီချယ်🫀 P-8
မကြိုက်သင့်သောတီချယ်🫀 P-9
မကြိုက်သင့်သောတီချယ်🫀 P-10
မကြိုက်သင့်သောတီချယ်🫀 P-11
မကြိုက်သင့်သောတီချယ်🫀 P-12
မကြိုက်သင့်သောတီချယ်🫀 P-13
မကြိုက်သင့်သောတီချယ်🫀 P-14
မကြိုက်သင့်သောတီချယ်🫀 P-15
မကြိုက်သင့်သောတီချယ်🫀 P-16
မကြိုက်သင့်သောတီချယ်🫀 P-17
မကြိုက်သင့်သောတီချယ်🫀 P-18
မကြိုက်သင့်သောတီချယ်🫀 P-19
မကြိုက်သင့်သောတီချယ်🫀 P-20
မကြိုက်သင့်သောတီချယ်🫀 P-21
မကြိုက်သင့်သောတီချယ်🫀 P-22
မကြိုက်သင့်သောတီချယ်🫀 P_23
မကြိုက်သင့်သောတီချယ်🫀 P-24
မကြိုက်သင့်သောတီချယ်🫀 P-25
မကြိုက်သင့်သောတီချယ်🫀 P-26
မကြိုက်သင့်သောတီချယ်🫀 P-27
မကြိုက်သင့်သောတီချယ်🫀 P-28
မကြိုက်သင့်သောတီချယ်🫀 P-29
မကြိုက်သင့်သောတီချယ်🫀 P-30
မကြိုက်သင့်သောတီချယ်🫀 P-31
မကြိုက်သင့်သောတီချယ်🫀 P-32 End

မကြိုက်သင့်သော တီချယ်🫀 P-1

12.5K 360 7
By homi_08

တီချယ်နဲ့တပည့်ဇာတ်လမ်းလေးပါရှင့် သင်ကြားရေးစနစ်သစ်ကိုရေးထားခြင်းကြောင့် စနစ်ဟောင်းနဲ့ကွဲလွဲနေတာမျိုးတွေရှိနိုင်ပါတယ် လိုအပ်တာတွေရှိရင်လည်း တောင်းပန်ပါတယ် အမှားပါရင်လည်း ခွင့်လွှတ်ပေးပါနော် 🤍

"မကြိုက်သင့်သော တီချယ်🫀"
အပိုင်း(၁)

နွေရာသီကျောင်းပိတ်ရက်(၃)လက ခဏလေးနဲ့ကုန်ဆုံးခဲ့ပြီ ကျောင်းပြန်တက်‌ရတော့မယ့်အချိန်။

"ပါးပါး ဘယ်နေ့ကျောင်းအပ်ရမှာလဲ"
"ပါးပါးတို့ ၂၇ရက်နေ့သွားအပ်ကြမယ့်လေ"
"ဟုတ်ကဲ့"

____

၂၇ရက်နေ့-

"သမီးရေ ထတော့ ဒီနေ့ကျောင်းသွားအပ်ရအုံးမယ့်လေ"

"ဟုတ်" နရီကြည့်လိုက်တော့ ၁၀နာရီပင်ထိုးနေပြီ။ အကုန်ပြင်ပြီတော့ ကြည့်လိုက်စဉ် ၁၁ထိုးတော့မည်။

"ပါးပါးသွားရအောင်"

ပါးပါးက ကားနဲ့ ကျောင်းသို့ မောင်းလာခဲ့တယ် ကျောင်းနဲ့အိမ်ကအရမ်းမဝေးတော့ ၁၀မိနစ်အတွင်း ကျောင်းကိုရောက်သွားပါလေရော
ကျောင်းမှာတော့ လူရှင်းနေတယ် ဆရာမတွေကတော့ ကျောင်းအပ်လက်ခံတဲ့နေရာမှာ စကားတွေပြောနေကြပြီး ရယ်သံလေးတွေ ပွဲကျနေကြတာပေါ့

"တီချယ် ကျွန်တော် သမီးကိုကျောင်းအပ်ချင်လို့ပါ"

ထမင်းစားနေတဲ့ ၆တန်းအတန်းပိုင်ဟုထင်ရ‌သူ တီချယ်မှာ ထလာပြီ...

"သမီးနာမည် ဘယ်လို့ခေါ်လဲ"

"မေတ္တာ‌နွေး"

"အရင်နှစ်က ၅တန်းအောင်ထားလား သမီး"

"ဟုတ် အောင်ပါတယ်"

တီချယ်က အရင်နှစ်ကျောင်းသားစရင်းကိုကြည့်လိုက်ပြီ ကိုယ်နာမည်ကိုရှာနေခဲ့တယ် ‌ကိုယ်ရဲ့ အမည်ကိုတွေ့တော့ ဖောင်လေးပေးပြီ ဖောင်ဖြည့်ခိုင်းသည်။ တီချယ်လက်ကိုအမှတ်မထင် ကြည့်မိလိုက်တော့ သွေးကြောစိမ်းစိမ်းလေးတွေနဲ့ လက်နုနုလေးပင်။

"ဒါဆိုဖောင်ဖြည့်ပေးပါအုံးနော်"
"ဟုတ်ကဲ့ တီချယ်"

ကိုယ်က ၆တန်းတက်မဲ့ကလေးတစ်ယောက်ပါ။ နာမည်ကတော့ မေတ္တာနွေး အသက်၁၂နှစ်ပေမဲ့ ရည်း‌စားထားတဲ့ကလေးတစ်ယောက်ပါ ထားရင်လည်း အကြာကြီးမတွဲ လိုင်းပေါ်ကဘဲတွဲတယ်
bi(မိန်းမ ယောက်ကျားအကုန်ကြိုက်သူ)တစ်ယောက်လည်းဖြစ်ပါတယ် သို့ပေမဲ့ တွဲသမျှက မိန်းကလေးတွေကြီးပဲ
လူကြီးတွေရှေ့မှာတော့ လူရိုးလေးဆိုပေမဲ့
နောက်ကွယ်မှာက သာမန်မဟုတ်တဲ့ကလေး။

"သမီး ဒီမှာလက်မှတ်နဲ့ နာမည်ရေးပေးလိုက်အုံး" ဖောင်ကိုပေးပြီ ထိုးရမယ့်နေရာကိုပြနေတဲ့ ပါးပါး။

ကျွန်မလက်မှတ်ထိုးပြီ‌နောက် တီချယ်ကိုပေးခဲ့သည်။

"မေတ္တာ‌နွေးရေ ဆရာမကို သမီးရဲ့ စာအုပ်ပြည့် မပြည့်‌

ရေပေးပါလား"

"ဟုတ်"

"ပြည့်လား"

"ပြည့်ပါတယ် တီချယ်"

"ဒါဆို ကျွန်တော် ပြန်တော့မယ်နော် တီချယ်"
"ဟုတ်ကဲ့"

ဟဲ့ ‌ငယ် ကျောင်းလာအပ်တဲ့ကလေးက ချစ်စရာလေးနော် အေးမယ့်ပုံလေးပဲ" တီချယ်ကို ‌လှမ်းပြောလိုက်တဲ့သူမှာ တီချယ် ဒေါ်နွယ်နီပင်ဖြစ်သည်။

"ဟုတ်တယ် အေး‌ဆေးနေတတ်ပုံလေးပဲ အဖေနားမှာ တစ်ချိန်လုံးကပ်ပြီ ငြိမ်ငြိမ်လေးနေနေတာ" ဟုပြောလိုက်သူမှာ"ဒေါ်မာနငယ် ပင်ဖြစ်သည်။
တီချယ်သည် အသက်အရွယ်ခန့်မှန်းကြည့်ရင်တော့ ၃၀ကျော်လောက်ပဲရှိသေးမည်။ ၆တန်း၏အတန်းပိုင်ဆိုလည်း မမှားပါ။

____

ကျောင်းဖွင့်သည့်နေ့ ၁ရက်နေ့

ဆူညံနေတဲ့ စာသင်ခန်း သူငယ်ချင်းတွေအချင်းချင်း ပွေ့ဖက်နှုတ်ဆက်နေတာတွေ အငယ်တန်းလေးတွေကို လိုက်ပို့ပေးနေတဲ့ လူတွေနဲ့ ရှုပ်နေတာပါပဲ။


ကျွန်မတို့အခန်းကို ဆရာမတစ်ယောက်မေးပြီ တက်လာခဲ့တယ် လှေကားကတက်ပြီ အဆောင်၏ဒုတိယထပ်ရဲ့၄ခန်းမြောက်မှာ ကျွန်မတို့အခန်းပင်ဖြစ်သည်။

"နွေး ငါတို့ဆီလာထိုင်" ဟုပြောလိုက်သူ လမင်းကြယ်

"အင်း"

"နွေး နင်လိုင်းပေါ်မှာ ငါကို တော်တော်ချေတယ်နော်"

"အာ...မဟုတ်ပါဘူး" လမင်းပြောသည့်မှာလည်း မမှားပေ။

"ရေခဲတုံးလေး လွမ်းနေခဲ့တာ" အနောက်လှည့်ကြည့်လိုက်တော့ကိုယ်ရဲ့ငယ်ပေါင်းလေး ပျိုခင်မောင်

"ကိုယ်ကရေခဲတုံးလေးမဟုတ်ပါဘူးဟ" (နွေးသည့် သူကိုယ်သူ ကိုယ်လို့သုံးတတ်သူဖြစ်သည်။)

"ဘာမဟုတ်တာလဲ အမတော်ချေပြီ အနေအေးတာ တစ်ခန်းလုံးသိတယ်"

"ဟဲဟဲ"

တီ....တီ
ကျောင်းတက်ခေါင်းလောင်းထိုးချိန်

ခေါင်းလောင်းထိုးနေပြီဆိုပေမဲ့ ဆူညံနေဆဲ

"လက်က ကပ်စေးစေးနဲ့ နေလို့မကောင်းဘူး လက်သွားဆေးလိုက်အုံးမယ်"

"အေး မြန်မြန်ပြန်လာခဲ့ ရေခဲတုံးလေး"

လက်ဆေးသည့်နေရာသည့် အခန်းအရှေ့တွင်ရှိ၏
အခန်းအရှေ့တွေမှာ ဘေစင်လေးတွေရှိနေ။

"အား နာလိုက်တာ ဆော...ဟမ် တီချယ် ကန်တော့နော် သမီး မမြင်လိုက်လို့ပါ"

ရှေ့အကြည့်အနောက်မကြည့်နဲ့ အခန်းထဲက အထွက် တီချယ်နဲ့ တိုက်မိသည့် နွေး။

တီချယ်ကိုမော့ကြည့်လိုက်တော့ မျက်မှန်လေးတပ်ထားပြီ မိတ်ကပ်အနည်းငယ်နှင့်လှပနေသည့်တီချယ်။ တီချယ်၏အလှသည် အထက်တန်းဆန်ပြီ ficတွေမှာ မြင်ရသည့် တီချယ်တစ်ယောက်ပုံစံပင်။

"ရပါတယ် သမီးရယ် တော်တော်နာသွားလား"

"ဟုတ် ရပါတယ် ‌သမီးလက်သွားဆေးမို့ ခွင့်ပြုပါအုံး တီချယ်"

"အေးအေး သမီး"

ငယ်၏စိတ်ထဲတွင်- အေးဆေးနေတတ်မယ့်ပုံပေမဲ့ အူကြောင်ကြောင်လည်းနိုင်သား။

လက်အမြန်ဆေးပြီ အခန်းထဲပြန်၀င်လာတော့ အကုန်လုံးက တီချယ်ကိုနှုတ်ဆက်ဖို့ပြင်နေပြီမို့ အမြန်၀င်လာသည့် နွေး။

နှုတ်ဆက်၊ ဘုရားရှိခိုးပြီတော့ တီချယ်သူကိုယ်သူ မိတ်ဆက်လိုက်သည်။

"ကဲ ကလေးတို့ ဆရာမနာမည်က ဒေါ်မာနငယ် မင်းတို့ရဲ့ အတန်းပိုင်ပါ မင်းတို့ကို English နဲ့ ပထဝီသင်ပေးမဲ့ဆရာမပေါ့ ဒီစာသင်နှစ်ကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းချင်တာမို့ လိမ္မာ်အောင်နေ‌ကြပါ"

"ဟုတ်ကဲ့ပါ တီချယ်"

နွေး၏စိတ်ထဲတွင်- သဘောမကျဖြစ်သွားသည်။
ဘာလို့လည်းဆိုရင်တော့ နွေးသည် English နဲ့ ပထဝီကိုမကြိုက်ပါ ဒါပေမဲ့ကိုယ်မကြိုက်တဲ့ဘာသာများကို အတန်းပိုင်က သင်မယ်ဆိုတော့ စိတ်ညစ်သွားသည်။

____

အခုမှစရေးတာမို့ လိုအပ်တာရှိရင် ခွင့်‌လွှတ်ပေးကြပါရှင့် ဟိုမီရဲ့ အရေးသားက မကောင်းတာမျိုးတွေလည်းများနိုင်တာမို့ ဝေဖန်ပေးကြပါ🍓




Continue Reading

You'll Also Like

1.5M 131K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
745K 39.4K 21
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 𝐀𝐧𝐢𝐤𝐚 𝐑𝐚𝐢 𝐱 𝐊𝐚𝐛𝐢𝐫 𝐑𝐚𝐣𝐩𝐮𝐭 ...
844K 27K 68
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
857K 71.5K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...