Secret Love On Air

Bởi ErikaPaul9

4.2K 481 32

မြတ်နိုးရတဲ့တစ်စုံတစ်ယောက်ဘဝထဲမယ်အပြီးစွန့်လွတ်လိုက်တဲ့အချိန်ကျရင်သူ့ကြောင့်ဆိုပြီးဖြစ်တည်လာတဲ့အရာတွေကိုလည်းစ... Xem Thêm

Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15

Part - 1

795 48 0
Bởi ErikaPaul9

" အငယ်လေး နွေဦးမောင် "

" ဟုတ် Daddy "

" ဒယ်ဒီ့အသည်းတုံးရဲ့ On Air အစီအစဥ်လာပြီ "

" မင်္ဂလာညချမ်းလေးပါရှင် " စိမ့်စမ်းညို "On Air studio မှပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် ကျွန်မ စိမ့်စမ်းညို "

" အရမ်းကြိုက်တာပဲ အဲ့ဒီအသံလေး ဒယ်ဒီအဲ့ဒီအမျိုးသမီးနဲ့တွေ့ချင်လိုက်တာ အပြင်မှာတကယ်တွေ့ရရင် "

" တွေ့ရမှာပေါ့ သမီးရဲ့ "

" ဘယ်လိုကူညီမှာလဲ သမီးကို "

" သမီးကိုမကူညီခင် ဒယ်ဒီ့ကိုအရင်ကူညီ "

" မာမီ့ဆီသွားခိုင်းရုံကလွှဲရင်အကုန်လုပ်ပေးနိုင်တယ်ကြိုက်တာပြော "

" နွေဦးမောင် ကလေးလည်းမဟုတ်တော့ဘူးတစ်ခါလောက်ဖြစ်ဖြစ်သမီးမာမီနဲ့သွားတွေ့ပေးပါ တစ်ခါတည်းပါ သမီးငယ်ရဲ့ "

" ဟင့်အင်း လုံးဝပဲ "

" နွေဦးမောင် "

" ဒယ်ဒီ မာမီကသမီးတို့ကိုစွန့်ပစ်ခဲ့တာနော်ဘဝကို 0 ကနေသေအောင်ပြန်ရုန်းကန်ခဲ့ရတာဒယ်ဒီအသိဆုံးပါ ခုထိဟိုမိန်းမ..မာ မာမီ့ကိုစိတ်မနာနိုင်သေးဘူးလား နင့်နေအောင်ချစ်နေတုန်းပဲလား "

" သမီး အချစ်ဆိုတာကိုနားမလည်သေးလို့ပါ ပြီးတော့မချစ်တတ်သေးလို့ပါ နောက်ကျသမီးချစ်တတ်သွားခဲ့ရင်နားလည်လာပါလိမ့်မယ် သမီးသွားမတွေ့ချင်လည်းနေပါတော့ ဒယ်ဒီအတင်းဖိအားမပေးတော့ပါဘူး "

" ဒီနေ့ကတော့ဒီလောက်နဲ့ပဲနှုတ်ဆက်ပါရစေအားလုံးပဲကောင်းသောညလေးဖြစ်ပါစေရှင် ကျွန်မ စိမ့်စမ်းညိုပါ "

" တွေ့လာ ဒယ်ဒီ့ကြောင့်အန်တီစိမ့်စမ်းညိုလေးရဲ့အစီအစဥ်လွတ်သွားပြီ FMကနေပြန်ချိတ်ရတော့မယ် "

" ကဲပါ ကောက်စိန်ရေ i'm sorry darling ဒယ်ဒီအိပ်နှင့်ပြီ Good night ပါဗျာ "

သမီးဖြစ်သူခေါင်းကိုနမ်းရှုံ့ကာအပေါ်တက်သွားသည်။နွေဦးမောင်သည်မိခင်အကြောင်းတစ်ခါပြောတိုင်းလေးလံပြီးထိုင်းမှိုင်းနေတတ်တဲ့ဖခင်ကိုကြည့်ပြီးသက်ပြင်းချမိသည်။

" မာမီက လူဆိုးပဲဒယ်ဒီဒီလောက်ချစ်တာကိုလက်လွတ်ခဲ့တယ် ဘာလို့လဲ "

တစ်ယောက်တည်းမှုန်ကုတ်ကုတ်နဲ့အဖြေမရှိတဲ့မေးခွန်းတွေအတွက်စိတ်ပျက်ပျက်နဲ့သာသက်ပြင်းချနေသည်။

" အာ တော်ပါပြီ ဘာလို့ဒါတွေစဥ်းစားနေမှာလဲ အန်တီစိမ့်စမ်းညိုရဲ့အသံလေးပြန်နားထောင်တာပဲကောင်းပါတယ် "

Radio လေးယူကာ Line တွေပြန်ချိတ်ပြီးတစ်ယောက်တည်းအလုပ်ရှုပ်နေတော့သည်။

" မင်္ဂလာပါရှင် "စိမ့်စမ်းညို"FM 360 မှပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် ကျွန်မစိမ့်စမ်းညိုပါ ဒီနေ့မှာတော့ အချစ်ဓာတ်ခံလေးရှိနေတဲ့သူတွေအတွက် " အချစ် "ဆိုတဲ့ချစ်စရာစာတိုကလေးတွေရွတ်ပြသွားမှာပဲဖြစ်ပါတယ် ခံစားနားထောင်ပေးပါဦးရှင် "

***အချစ်တဲ့ နှစ်လုံးတည်းရယ်ပါကွယ်
နက်နဲတယ်လို့ခံယူထားသူအဖို့နက်နဲပြီး
ပေါ့တန်စွာတွေးတဲ့သူတွေအတွက်ကတော့
အချစ်ကအချိုမပါအခါးမဟုတ်ဆားမပါတဲ့
ဟင်းတစ်ခွက်လိုဖြစ်ပြန်ရောပေါ့။

တကယ်တော့အချစ်ကအဲ့လောက်ထိ
မရှုပ်ပြန်ပါဘူးကွယ် အချစ်ကဘယ်ကလာသလဲ နှလုံးသားကနေလာတယ်ဟုတ်
လူတစ်ယောက်ရှင်သန်ဖို့အတွက်အရေးပါတဲ့
နေရာတစ်နေရာကနေလာခဲ့တာ။

သေချာပေါက်လူတစ်ယောက်အဓိပ္ပာယ်ရှိစွာ
ရှင်သန်ဖို့အတွက် အချစ်ကမရှိမဖြစ်အရာတစ်ခုဖြစ်နေမလား။***

" ခုစာတိုလေးတွေနားထောင်နေတဲ့နားထောင်သူလေးတွေရော တစ်ယောက်တည်းနားထောင်နေလား ဒါမှမဟုတ်မရှိမဖြစ်တဲ့အချစ်ကလေးတွေနဲ့နားထောင်နေလား ကောင်းသောညလေးဖြစ်ပါစေရှင် ဒီညတော့ဒီလောက်နဲ့ပဲနှုတ်ဆက်ပါရစေ "

" အန်တီစိမ့်စမ်းညိုဆိုတဲ့ အမျိုးသမီးလေးနဲ့အတူနားထောင်နေတာပါရှင် "

Radio ဘေးမှာတင်ထားတဲ့ Lap top screen ပေါ်ကဒေါ်စိမ့်စမ်းညိုပုံကိုပြုံးပြုံးကြည့်ပြီးပြောနေသည်။

တစ်ဖက်မှာလည်း...

" hey ညို well done အများကြီးပင်ပန်းသွားပြီ ရော့ ရှင့်အတွက် ရေနွေးကြမ်းပူပူလေး "

" ကျေးဇူးပါရှင် ဂျင်းဂုရေ "

" ချင်းဂုပါ ဘယ်နှယ့်ဂျင်းဂု "

" ဂျင်းပဲ ဘာမှလာမပြောနဲ့ "

" ဟွင့် ရှင်နော် "

" ကဲ ဆိုပါဦး ကျွန်မဆီလာတာ ??"

" ဟဲ ဒီလိုပါ ညိုရဲ့ "

" အွန်း ဒီလေသံနဲ့ဆို တို့သိပြီ တို့သိပြီ မြရိပ်ချို ကဲ ဒီတစ်ခါရော ဘယ်ကလေးကိုသွားပလေးခဲ့ပြန်ပြီး ဘာပြသာနာရှာခဲ့ပြန်ပြီလဲ "

" ဟာ စိမ့်စမ်းညို နင့်ဆီလာတာဒီတစ်ခါအဲ့လိုတွေမဟုတ်ဘူးနော် "

" အဲ့ဆိုရင် ???"

" ဒီလိုကွာ "

" အင်း ပြော "

" ငါတို့ဆိုတာ အသက်အရွယ်လည်းရလာပြီကွာ အဲ့တော့ငါလည်းနင့်လိုကိုယ်ပိုင်အလုပ်လေးနဲ့အတည်တကျလေးဖြစ်ချင်လို့နင့်ဆီကအကြံအဉာဏ်လေးလာတောင်းချင်တာပါဟယ် "

" နင် နေကောင်းရဲ့လား ဘာဆေးစားမှားမိတာပါလိမ့် မှန်းစမ်း "

" ဟာ နင်နော် တကယ်အတည်ပါဆို "

" ကောင်းပါပြီ နင်ကအတည်ဆိုငါကကူညီဖို့အသင့်ပါ အေ ငါ့ကိုတော့စိတ်ပျက်အောင်မလုပ်နဲ့နော် ဒီတစ်ခါ "

" နင် စိတ်ချ စိတ်ချ "

" ကဲ နင်ကဘာလုပ်ငန်းစချင်တာလဲ "

" အဲ့ဒါကိုတော့နောက်ရက်မှ အေးဆေးပေါ့ ခုတော့ နင်နားတော့ တနေကုန်ပင်ပန်းထားတာကို ငါပြန်ပြီ see you "

" ဟောတော့ စကားကိုတစ်ဝက်တစ်ပျက်နဲ့ဒီမိန်းမ "

စိမ့်စမ်းညိုနဲ့မြရိပ်ချိုတို့သည်အတူတူကြီးပြင်းလာတဲ့ငယ်ပေါင်းဖော်တွေဖြစ်ကြပြီးခုဆိုရင်အသက်အရွယ်ကဖြင့် နှစ်ယောက်လုံး 40 ပြည့်ဖို့နှစ်နှစ်လောက်သာလိုတော့သည်။

စိမ့်စမ်းညိုမှာအဆင်းရောအချင်းပါပြည့်စုံတဲ့အမျိုးသမီးတစ်ယောက် စိမ့်စမ်းညို Studio တစ်ခုပိုင်ပြီး စိမ့်စမ်းညို(SSN)ကိုယ်ပိုင် Local brand တစ်ခုကိုပါအောင်မြင်စွာထူထောင်ထားနိုင်သောသူဖြစ်သည်။

မြင်သူတိုင်းကြွေကျလောက်အောင်လည်းကျက်သရေအဖျာဖျာရှိပြီးလှရက်လွန်းသည်။အရပ်မြင့်မြင့်သွယ်သွယ်လျလျနဲ့ မျက်ခုံးထူထူနက်နက်ကလေး ရွှေသမင်လိုမျက်လုံးမျိုး နှာတံရယ်ပေါ်ပေါ်လွင်လွင် ကကြီးပုံနှုတ်ခမ်းဖူးလေးရယ် မျက်နှာမှာ Shape ကျကျနဲ့ဘုရားသခင် စိမ့်စမ်းညိုကိုဖန်ဆင်းခဲ့တုန်းကအတော်လေးကိုအချိန်ယူခဲ့ရပုံပါပဲ။

" ဒယ်ဒီ မောနင်းပါ "

" မောနင်းပါ သမီးငယ် "

" ဒယ်ဒီ ဒီနေ့ library သွားမို့နောက်ကျမှပြန်ရောက်မယ် dinner မစောင့်နဲ့တော့နော် "

" ဟုတ်ပါပြီ ဂရုစိုက်ပြန်လာဦးနော် သမီး "

" Ok kha daddy "

" သမီးလေးကိုမြင်တိုင်း ရွှေ့ကိုသိပ် သိပ်သတိရပါတယ် "

ထွက်သွားတဲ့သမီးလေးရဲ့ကျောပြင်ကိုငေးပြီးမိန်းမဖြစ်သူကိုတမ်းတနေသည်။

နွေဦးမောင်ရဲ့ပုံစံကတော့ခုခေတ်လူငယ်ပီသစွာပဲ Cargo နဲ့ Oversized shirt တွေအတော်လေးသဘောကျသည်။လွတ်လပ်ပေါ့ပါးစွာနေတတ်သည်။ကျောလည်လောက်ရှိတဲ့ဆံပင်လိုင်းကြီးအကောက်လေးကိုတစ်ဝက်ပဲစီးထားလေ့ရှိသည်။Lap top ပါမယ် စာအုပ်တွေဘေးလွယ်အိတ်ထဲထည့်ပြီးလွယ်မယ် ဒါကနွေဦးမောင်ရဲ့ ချစ်စရာ type လေးပါပဲ။

အသက်အားဖြင့်လည်း 21 နှစ်အရွယ်လေးဖြစ်ပြီးခုမှလောလောလတ်လတ် uni ကျောင်းသူလေးဖြစ်တာမကြာသေးပေ။Distance တက်ပြီးဦးစားပေး Major ကို E-Major ယူထားသည်။ပညာရေးကိုသိပ်အရေးမပေးဘူးပြောရမလား နွေဦးမောင်ဆိုသည်မှာ သဘာဝနဲ့စာပေတွေကဗျာတွေကော်ဖီတွေအေးချမ်းမှုတွေကိုပိုနှစ်သက်တယ်ဆိုရမလား။

ရက်သတ္တပတ်လုံးလုံး သူမဖခင်ဖွင့်ပေးထားတဲ့ " Taro "Cafe ဆိုင်မှာပဲကိုယ်ပိုင်ဝင်ငွေလေးရှာကာ အားလပ်တဲ့တစ်ရက်ရက်မှာတော့ Library မှာပဲအချိန်တွေကုန်ဆုံးလေ့ရှိတဲ့လူငယ်ပင်ဖြစ်သည်။

" ဒါလေးက ဟိုတစ်ပတ်ကယူထားတဲ့စာအုပ်တွေပါ "

" ဟုတ်ကဲ့ပါ စာရင်းဖျက်ပေးလိုက်ပါပြီနော် "

" ဟုတ် ကျေးဇူးပါ "

ယူသွားတဲ့စာအုပ်လေးတွေပြန်အပ်ပြီးတခြားအသစ်တွေရှာကာအေးဆေးပြီးတိတ်ဆိတ်တဲ့နေရာတစ်နေရာကိုရွေးပြီးတစ်ယောက်တည်းအေးဆေးစာဖတ်နေသည်။

ဆက်ရန်...

NLY🤎

Đọc tiếp

Bạn Cũng Sẽ Thích

Ice Cold Bởi m

Tiểu Thuyết Chung

2.3M 84.4K 49
[boyxboy] Wren Ridley is always two steps ahead of everyone, or so he thinks. His life seems out of his control when he starts having feelings for so...
318K 9.6K 78
(Fixed/Fan-TL) Top idol group Stardust, whose members disappear like dust. The group that used to have seven members ends with four members... "Is...
30.8K 864 20
Isabella Rose Ivy Valencia-Moretti, the only girl born in Italian Mafia family after so many generations. Not only she is the princess of Italian Maf...
167K 6.2K 79
Not many people understood 12 year old Jessica, as a person and an individual. That doesn't include, however, her older sister, who Jessica adores w...