ငါ လူသားမဟုတ်တော့ဘူး

By Puddin524

139K 20.4K 231

This story is just a fan translation. Crd to the original owner. More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
ဈေးဗန်း
Chapter 21
Paid Gp Complete 🩵
MM Storyteller Website
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
ငါ့အမြှီးကို ဘယ်သူထိတာလဲ
Chapter 67
Chapter 68🚨
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93 ( Main Story End )
Chapter 94 ( Extra 1 )
Chapter 95 ( Extra 2 )
Chapter 96 ( Extra 3 )
Chapter 97 ( Extra 4 )
Chapter 98 ( Extra 5 )
Chapter 99 ( Extra 6 )
Chapter 100 ( Extra 7 )
Chapter 101 ( Extra 8 )
Chapter 102 ( Extra 9 )
Chapter 103 ( Extra 10 )

Chapter 5

2.4K 392 3
By Puddin524

Chapter 5

လှိုဏ်ဂူထဲတွင် တစ်ရက်တာခန့် အနားယူလိုက်ပြီးသည်နှင့် ပြန်ကောင်းသွားနိုင်၍ ဤအဆင့်မျှ ထိခိုက်မှုမျိုးကို တက်ခ်ဇက်များက ဒဏ်ရာဟု မသတ်မှတ်ကြပေ။

" မြန်မြန်ပြန်ရအောင်..."
အမှနတွင် လှိုဏ်ဂူအတွင်းမှ ထွက်လာကြသည်မှာ မကြာသေးသော်လည်း ဘေးနားမှ တက်ခ်ဇက်များကို မိုးမစိုစေချင်၍ ကုဟွိုက်က အလျင်အမြန်ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။

ဤဂြိုလ်ပေါ်မှမိုးက သာမန်မိုးနှင့်မတူသည်ကို ကုဟွိုက်တွေ့ရှိသွားခဲ့သည်။

သူ့မှာသာ ထီးတစ်ချောင်းလောက်ရှိရင်တော့...

လှိုဏ်ဂူရှိရရာသို့ပြန်လာသည့်လမ်းကြောင်းတွင် ကုဟွိုက်က တက်ခ်ဇက်တစ်ယောက်ကို  သစ်ကိုင်းအနည်းငယ်ယူလာခိုင်းခဲ့သည်။ ဂူထဲပြန်ရောက်သည်နှင့် ကုဟွိုက်က ထိုသစ်ကိုင်းများကိုချပြီး မြေပြင်ပေါ် ထိုင်လိုက်သည်။

ဥခွံထဲမှ ထွက်လာစဉ် သူ့မသိစိတ်က စွမ်းရည်အချို့ကိုသုံးပြီး အဝတ်များပေါ်လာအောင်လုပ်နိုင်သည်ကို အမှတ်ရသွားခဲ့သည်။

အဝတ်အစားများလိုချင်သည်ဟု တွေးလိုက်ချိန်တွင် သူ့လက်ထဲမှ ဥခွံက လေထဲတွင် ပျောက်ကွယ်သွားပြီး သူ့ကိုယ်ပေါ်တွင် အဝတ်အစားများ ပေါ်လာခဲ့သည်။

ဒီစွမ်းရည်က ညီတူညီမျှလွှဲပြောင်းနိုင်စွမ်းနဲ့ ဆင်တူတာများလား...

အဝတ်အစားပြုလုပ်ရန်အတွက် ဦးဆုံးလိုအပင်သည့်အရာမှာ ဝါဂွမ်းဖြစ်ပြီး ဇက်ဖြစ်လာမည့်ဥတစ်လုံးက သာမန်မဟုတ်နိုင်ပေ။ ထိုအရာကို အဝတ်အထည်နှင့်လဲလှယ်နိုင်သည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။

ကုဟွိုက်က သူ့စွမ်းရည်ကို သတိပြုမိလိုက်ပြီးနောက် မြေပြင်ပေါ်မှ သစ်ကိုင်းရှည်ကြီးနှင့် သစ်ရွက်ပေါ် လက်တင်လိုက်ပြီး ထီး၏ပုံသဏ္ဍာန်ကို ကြိုးစားပုံဖော်ကြည့်လိုက်သည်။

သစ်ကိုင်းခြောက်က ထီးလက်ကိုင်ဖြစ်လာပြီး သစ်ရွက်များက ထီးအရွက်ဖြစ်လာပေမည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကုဟွိုက်ထိလိုက်သော သစ်ကိုင်းများနှင့် သစ်ရွက်များက ပျောက်ကွယ်သွားခဲ့သည်။ သူ ဆုတောင်းနေစဉ်မှာပင် မြေပြင်ပေါ်တွင် ထီးအဖြစ်အသုံးပြု၍ရသော ဖန်တီးမှုတစ်ခု ပေါ်လာပြန်သည်။

၎င်းက ခေတ်မီထီးတစ်ချောင်းမဟုတ်၍ အနည်းငယ်ကြည့်ရဆိုးသော်လည်း ကုဟွိုက်က ထီးကိုပျော်ရွှင်စွာ လှမ်းယူလိုက်သည်။ သူ့ကိုကြည့်ပေးနေသည့် တက်ခ်ဇက်ရှိရာကိုလျှောက်သွားပြီး ထီးကိုပေးလိုက်သည်။

" ခင်ဗျားအတွက်..."
ကုဟွိုက်က မျက်လုံးများပါ ကော့ညွတ်သွားသည်အထိ ပြုံးပြလိုက်ပြီး ထီးကိုကမ်းပေးလိုက်သည်။

တက်ခ်ဇက်က ထီးကိုလက်ကိုင်မှ ဖြည်းညင်းစွာကိုင်လိုက်ပြီး သူ၏ ကတ္တီပါနီရောင်မျက်လုံးများဖြင့် ခဏတာ စိုက်ကြည့်နေလိုက်သည်။

ထိုအရာကို မည်သို့အသုံးပြုရသည်ကို မသိသော်လည်း လူငယ်လေးက သူ့ကိုလက်ဆောင်ပေးသည်ဖြစ်၍ အလွန်ပျော်ရွှင်နေပေသည်။

ကုဟွိုက်က ထီးအနည်းငယ်ထပ်မံဖန်တီးလိုသော်လည်း စိတ်စွမ်းအား အလွန်အမင်း အသုံးပြုခြင်းက သူ့ကို အိပ်မောကျသွားစေနိုင်ပေသည်။ သူ မြေပုင်ပေါ် နောက်တစ်ဖန် ပြန်လဲကျသွားသည်။

ဇက်တစ်ယောက်ဖြစ်လာခဲ့သော ကုဟွိုက်၏ အ‌ခြေအနေက အလွန်ထူးခြညးနေပေသည်။ သူက ဥထဲတွင် ဆယ်စုနှစ်ပေါင်းများစွာနေခဲ့ပြီးဖြစ်၍ ခန္ဓာကိုယ်က အရွယ်ရောက်ပြီးလူသားတစ်ယောက်အသွင် ပြောင်းသွားနိုင်သော်လည်း စိတ်စွမ်းအားကမူ ကလေးတစ်ယောက်၏အဆင့်၌သာ ရှိနေသေးသည်။

သို့ဖြစ်၍ ဝိညာဉ်ချိတ်ဆက်မှုကို ကျယ်ပြန့်စွာ အသုံးပြုလိုက်ခြင်းနှင့် သူ့စွမ်းအားကိုသုံးလိုက်ခြင်းကြောင့် အိပ်ငိုက်လာနိုင်ပေသည်။

ကုဟွိုက်အိပ်မောကျတော့မည့်အချိန်မှာပင် ဤနေရာနှင့်  မိုင်ပေါင်းရာချီကွာဝေးသော ဆန်တာနဂါးငွေ့တန်းတွင် တစ်ဖက်သတ်တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေသည်။

ဤနဂါးငွေ့တန်းကို အုပ်ချုပ်ကြသော ဆာချိစ်မျိုးနွယ်များမှာ ကြယ်တာရာလောကထဲတွင် စွမ်းအားအကြီးဆုံးမျိုးနွယ်စုဟု သတ်မှတ်ထားကြသည်။ သို့ရာတွင် ယခုချိန်၌ ဆာချိစ်စစ်သားများမှာ မြေပြင်ပေါ် လဲကျနေသည်။ သူတို့က ရန်သူတစ်ယောက်တည်းကိုသာ ရင်ဆိုင်နေရခြင်းဖြစ်သည်။

စစ်ပွဲ၏အလယ်ဗဟိုတွင်ရှိနေသူက ဇက်မျိုးနွယ်ဖြစ်ပြီး အဆင့်မြင့်ဇက်မျိုးနွယ်ဖြစ်မည်ကို မှန်းဆနိုင်ပေသည်။

အဆင့်မြင့်ဇက်များမှာမူ လူသားများနှင့် ပုံပန်းသွင်ပြင်ချင်း ဆင်တူကြသော်လည်း သူတို့၏မျက်လုံးများက ဒေါင်လိုက်ပုံစံမျက်ဆံရှည်များဖြစ်၍ ဇက်မျိုးနွယ်၏သွင်ပြင်အချို့ ရှိနေဆဲပင်။

စစ်ပွဲစက်ဝိုင်းထဲရှိနေသောဇက်က ယခုအချိန်တွင် အမူအရာကင်းမဲ့နေပေသည်။ သူ့မျက်လုံးများကို မျက်လုံးကာတစ်ခုဖြင့် အုပ်ထား၍ လူများက သူ့မျက်ဝန်းထဲမှ ခံစားချက်များကို မမြင်နိုင်သောကြောင့် သူ့စိတ်အခြေအနေကို မှန်းဆရန် ခက်ခဲနေသည်။

သူ့မျက်လုံးများကိုအုပ်ထားသော်လည်း အခြားသော မျက်နှာအစိတအပိုင်းများကြောင့် ဤအဆင့်မြင့်ဇက်မှာ အလွန်လှပမည်ကို သံသယဝင်စရာမလိုပေ။ သူက အမူအရာပင်းမဲ့နေခြင်းကြောင့်သာ အလွန်အေးစက်ပုံပေါက်နေခြင်းဖြစ်သည်။

တိုက်ပွဲပြီးဆုံးသွားသည်မှာ ရှင်းလင်းနေသော်လည်း အလ်ဗ်၏ နှလုံးသားထဲမှ စစ်သွေးကြွမှုက အဆုံးမသတ်သေးပေ။ သူ စစ်မြေပြင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်မရှည်ဟန်ဖြင့် သူ့အမြီးထိပ်ဖျားမှ သွေးများကို ခါပစ်လိုက်သည်။

သူက ယခုမှ အမဲလိုက်ပြီးသွားသည့် သားရဲတစ်ကောင်ပုံနှင့် တူနေသည်။

ဆူညံနေတာပဲ...

မျက်လုံးကာတပ်ထား၍ အရာအားလုံးကို မမြင်ရသော်လည်း ဗီဇအရ သူ့နားရွက်များမှ အသံတစ်သံကို ကြားလိုက်သည်။ အဆင့်မြင့်ဇက်များ၏ အခြားသူများထက် ပိုမြင့်သော အကြားစွမ်းရည်က အလ်ဗ်အပေါ်တွင်မူ အပျက်သဘောဆန်သည့် သက်ရောက်မှုမျိုး ဖြစ်နေခဲ့သည်။

မရေမတွက်နိုင်သည့် အသံပေါင်းများစွာက ရောပြွန်းနေခဲ့၍ သူ့စိတ်အနှောင့်အယှက်ဖြစ်လာသည်။ အလ်ဗ်မှာ လုံးဝရူးသွပ်မသွားရန် အနည်းငယ်သာလို‌တော့သည်။

ဤနေရာနှင့် မီတာရာပေါင်းများစွာအကွာတွင် အနက်ရောင်ယူနီဖောင်းများဝတ်ထားသော အဆင့်မြင့်ဇက်များက အဝေးမှ လှမ်းကြည့်နေသည်။ သူတို့က ဤအချိန်တွင် မချဉ်းကပ်ရဲကြပေ။

" ဘော့စ်ရဲ့ စိတ်အခြေအနေက အခုနောက်ပိုင်း ပိုပိုပြီးတော့ ထိန်းမနိုင်သိမ်းမရဖြစ်လာတာပဲ..."
အယ်လ်ဂျာက ဆံပင်ငွေရောင်ဇက်ကို လှမ်းကြည့်ကာ စိတ်ပူပန်နေသည့် လေသံဖြင့်ပြောလိုက်သည်။

တစ်ဖက်မှ အဆင့်မြင့်ဇက်က ဘာမှမပြောသော်လည်း အယ်လ်ဂျာပြောသည်ကို သဘောတူသည်။

အကြောင်းအရင်းကို မသိရသော်လည်း အချိန်တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့် သူတို့ခေါင်းဆောင်က မူမမှန်သည့် အနေအထားသို့ ရောက်လာသည်။ ၎င်းက တက်ခ်ဇက်များ၏ ထိန်းမနိုင်သိမ်းမရဖြစ်သော အခြေအနေနှင့်တူပြီး သူတို့ခေါင်းဆောင်နှင့် ရန်သူဖြစ်သွားသူတိုင်းမှာ ဇာတ်သိမ်းမလှကြပေ။

လက်ထောက်ဖြစ်သော အယ်လ်ဂျာမှာလည်း ခေါင်းကိုက်နေရသည်။

ယခုအချိန်တွင် ခေါင်းကိုက်စေသည့် အကြီးဆုံးပြဿနာမှာ လွန်ခဲ့သောအချိန်တိုအတွင်းက သူ လက်ခံရရှိခဲ့သော ဝိညာဉ်ချိတ်ဆက်မှုကြောင့်ဖြစ်သည်။ တိုက်ပွဲမှ အဆင့်မြင့်ဇက်အချို့ကလည်း သူတို့၏တိုက်ခိုက်ချင်စိတ်များ ပျောက်ဆုံးသွားပြီး အချို့က သူတို့ဘုရင်ကိုရှာဖွေရန် ထွက်ခွာသွားကြသည်။

ဝိညာဉ်ချိတ်ဆက်မှုက အလွန်တိုတောင်းပြီး နေရာက အလွန်ကွာဝေးလှကာ ဘုရင်၏ စိတ်စွမ်းအားက မွေးဖွားပြီးချိန်တွင် အလွန်မသန်မာသေးပုံပေါ်သည်။ သို့ဖြစ်၍ ဝိညာဉ်ချိတ်ဆက်မှုက မရှင်းမလင်းဖြစ်နေပြီး လွှမ်းမိုးနိုင်မှုကလည်း အကန့်အသတ်ရှိပေသည်။

အယ်လ်ဂျာက လွန်ခဲ့သောနှစ်ရက်အတွင်း သူ့ရဲဘော်ရဲဘက်များ ပြောနေသည်ကို ကြားခဲ့ရသည်။

" ဘုရင်... ဘုရင်က တကယ်လို့များ တခြားဂြိုလ်ပေါ်မှာ အနိုင်ကျင့်ခံနေရရင် ဘယ်လိုလုပ်မလဲ..."

" ငါတို့ဘုရင်တော့ အနိုင်ကျင့်ခံနေရပြီထင်တယ် အဲဒါကြောင့်မို့ နာနေတဲ့အသံမျိုးပေါ်လာတာ..."

" ဘုရင်က အခုမှမွေးထားတာဆိုတော့ ကလေးလေးပဲရှိဦးမှာ အရိုင်းအစိုင်းမျိုးနွယ်စုက တစ်ယောက်ယောက်နဲ့‌တွေ့ရင် ဘယ်လိုလုပ်မလဲ..."

သူတို့၏ဘုရင်ငယ်လေးက ရန်သူက ဖမ်းဆီးထားသည်ဟုာတွေးမိရုံဖြင့်ပင် စိတ်ထဲမွန်းကြပ်လာကြသည်။

သူတို့ ဤနေရာမှ မထွက်ခွာသွားသေးသည့် အကြောင်းအရင်းမှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသောကြောင့်ဖြစ်သည်။ အကယ်၍ ဘုရင်က အခြားသောဝိညာဉ်ချိတ်ဆက်မှုတစ်ခုကို တည်ဆောက်လိုက်ပါက သူတို့အားလုံးလက်ရှိခေါင်းဆောင်ကို သစ္စာဖောက်ပြီး ထိုချိတ်ဆက်မှု၏တည်နေရာသို့ တိုက်ရိုက်ထွက်ခွာသွားကြမည်ဖြစ်သည်။

အယ်လ်ဂျာက ထိုစကားများကို နားထောင်ပြီးသည့်နောက် စိတ်ဂနာမငြိမ်ဖြစ်လာသည်။

ထိုသို့မဖြစ်နိုင်ဟု သဘောထားကာ ထပ်မတွေးတော့ပေ။ အကယ်၍ သူ ဆက်တွေးနေပါက သူသည်လည်း သွားရောက်ရှာဖွေမိသွားလိမ့်မည်။

ဇက်မျိုးနွယ်မှာ မူလက ဘုရင်မရှိခဲ့ပေ။ သူတို့ခေါင်းဆောင်ကဲ့သို့သော အယ်ဖာအဆင့်ဇက်များကသာ ဇက်မျိုးနွယ်၏ ထိပ်တန်းများဟု ထင်ခဲ့ကြခြင်းဖြစ်သည်။  သို့ရာတွင် လွန်ခဲ့သောနှစ်ရက်က ရရှိခဲ့သော ဝိညာဉ်ချိတ်ဆက်မှုကြောင့် သူတို့၏‌အတွေးက မှားယွင်းနေကြောင်း သိခဲ့ရသည်။

သူ၏ လက်အောက်ငယ်စားများက မီတာရာပေါင်းများစွာအကွာတွင် မည်သို့ပြုလုပ်နေသည်ဖြစ်စေ ဆံပင်ငွေရောင်ဇက်က တိုက်ပွဲကြောင့်ဖြစ်ခဲ့ရသည့် စိတ်မတည်ငြိမ်မှုကို ဖိနှိပ်ထားကာ သူ့ကိုယ်ပေါ်မှ ဖိအားကလည်း သူ့ကိုပို၍ အေးစက်ပြီးကြောက်စရာကောင်းလာစေသည်။

အကြောင်းအရင်းနှင့် ရူးသွပ်မှုအကြားတွင် မျဉ်းတစ်ခုသာခြားပေသည်။

အကန့်အသတ်က မည်သည့်အချိန်တွင်မဆို ရောက်ရှိလာနိုင်သည်။ စိတ်အနှောင့်အယှက်ဖြစ်မှုများက စုပြုံပြီး ပေါက်ကွဲလုဆဲဆဲဖြစ်လာချိန်တွင် သူ့အသိစိတ်ထဲတိုက်ရိုက်ရောက်လာသည့်အသံတစ်သံကြောင့် အလ်ဗ်၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

[ ဒေါသမထွက်ပါနဲ့...]

ကုဟွိုက်က ဇက်မိသားစုဝင်များ၏ စိတ်အခြေအနေကို လေ့လာမိသည်။ ၎င်းက တက်ကြွနေသောစွမ်းရည်တစ်ခုမဟုတ်သော်လည်း ဇက်တစ်ယောက်၏ စိတ်ခံစားချက်များက သန်မာလွန်းနေ၍ သူ သွယ်ဝိုက်သောနည်းဖြင့် အာရုံခံမိသွားသည်။

သူအိပ်မောကျနေစဉ်တွင် စူးရှလှသည့် ရူးနှမ်းမှုတစ်မျိုးကို အာရုံခံမိလိုက်၍ ၎င်းကိုနှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။

ပြင်းထန်သောစိတ်အခြေအနေနှင့် ဖျက်ဆီးချင်စိတ်တို့က ရုတ်ချည်း ညင်သာသွားသည်။ ထိုအသံ၏ကျေးဇူးကြောင့် အလ်ဗ်၏နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ တစ်စုံတစ်ရာက ပြိုလဲလုဆဲဆဲဖြစ်နေရာမှ ရပ်တန့်သွားပေသည်။

သူ့ကမ္ဘာကြီးက တစ်ခဏတာခန့် ငြိမ်ကျသွားခဲ့သည်။

သူ့စိတ်ထဲရောက်ရှိလာသောအသံလေးက အလွန်ပေါ့ပါးလှပြီး အိပ်ပျော်နေစဉ်တွင် စကားပြောလိုက်သံနှင့် တူနေသည်။

ဝိညာဉ်ချိတ်ဆက်မှုက ဆက်လက်ရှိနေဆဲဖြစ်သော်လည်း အသံပိုင်ရှင်က စကားဆက်မပြောတော့ပေ။

သူ့နားထဲတွင် ဘေးပတ်ဝန်းကျင်မှ အသံများစွာကို ဖမ်းယူထားသော်လည်း အလ်ဗ်ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး စိတ်မရှည်စေသောအသံများက ပျောက်ကွယ်သွားပုံပေါ်သည်။ သူ့စိတ်ထဲတွင် အသက်ရှုသံသေးသေးလေးကိုသာ ကြားနေရသည်။

အလ်ဗ်က ထိုအသံကိုကြားသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ အခြားသောဇက်များကဲ့သို့ပင် သူသည်လည်း ဝိညာဉ်ချိတ်ဆက်မှုကို လွန်ခဲ့သောနှစ်ရက်ခန့်က ကြားခဲ့ပေသည်။

ထိုအချိန်က သူ စစ်ပွဲအလယ်တွင်ရောက်နေပြီး တိုက်ခိုက်လိုစိတ်ကလည်း မြင့်မားနေသည်။

အခြားသော ဇက်များနှင့်မတူသည်မှာ သူက ဤဝိညာဉ်ချိတ်ဆက်မှုကြောင့် စိတ်ထဲတွင် ဦးညွတ်ဝပ်တွားသွားခြင်းလည်းမရှိပေ။

သူက အယ်လ်ဖာအဆင့်ဇက်ဖြစ်နေခြင်း သို့မဟုတ် အခြားသောဇက်များနှင့် ကွဲပြားသောပုံစံဖြစ်နေခြင်းကြောင့် ဤဝိညာဉ်ချိတ်ဆက်မှုကို စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။

သူ နားမလည်နိုင်သော်လည်း ဤစိတ်အနှောင့်အယှက်ဖြစ်မှုက စူးရှလွန်းလှ၍ ဆင်ခြင်တုံတရား ပျောက်ဆုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။

ယခု ဒုတိယအကြိမ် ဤအသံကို ကြားရချိန်တွင်မူ သူ့စိတ်ထဲ တည်ငြိမ်အေးချမ်းသွားရသည်။

ဤအကြိမ်နှစ်ခုအကြားမှ ကွာခြားချက်ကို နားလည်ရန် ခက်ခဲလှသော်လည်း ယခုကြားလိုက်ရသည့် အသက်ရှုသံ သေးသေးလေးကြောင့် အလ်ဗ်က သူ့အလိုလို အမြီးများယမ်းခါမိသွားသည်။ သူ့ဘေးပတ်ပတ်လည်မှ ကြောက်မက်ဖွယ်အေးစက်နေသောဖိအားကလည်း သာမန်အနေအထားအဖြစ်ပြောင်းလဲသွားသည်။

ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်။

မီတာအနည်းငယ်ကွာဝေးသောနေရာတွင် ပုန်းအောင်းနေသော အယ်လ်ဂျာက ကွာခြားချက်ကို သိရှိသွား၍ ပြေးလာသည်။

" ခေါင်းဆောင် ကျွန်တော်တို့ နောက်ထပ်ဘယ်နေရာသွားကြမလဲ..."
အယ်လ်ဂျာက ရင်တုန်နေသည်ကို ဖိနှိပ်ထားကာ သူ့ရှေ့မှ ဆံပင်ငွေရောင်ဇက်ကို ကြည့်နေမိသည်။

အလ်ဗ်၏ အမူအရာက အေးစက်နေပြီး ချက်ချင်းပြန်မဖြေပေ။ သူ ငြိမ်သက်နေခြင်းကြောင့် အယ်လ်ဂျာက ဆက်ပြောလိုက်သည်။
" ခေါင်းဆောင်ကို တင်ပြစရာတစ်ခုရှိပါတယ်... ကျွန်တော်တို့စစ်သည်တွေ ထွက်သွားကုန်ကြလို့ ဒီငယ်သားတစ်ယောက်တည်း သူတို့ကို တားလို့မရလိုက်ဘူး..."

ထိုလူများကို သူ မတားနိုင်ပေ။

အယ်လ်ဂျာ၏ နှလုံးသားထဲတွင်မူ သူက ဘုရင်ကိုရှာရန် မထွက်သွားနိုင်သော်လည်း အခြားသော ဇက်တစ်ကောင်က သူ့ကိုရှာတွေ့သွားစေရန် မျှော်လင့်နေမိသည်။

သူ မမြင်ရသေးသည့် အဖိုးတန်အရာလေးကို အကာကွယ်ခံရစေချင်သည်။ သို့ဖြစ်၍ သစ္စာဖောက်အဖြစ်သတ်မှတ်ရမည့်ဇက်များကို ထိန်းချုပ်ရန် မကြိုးစားခြင်းဖြစ်သည်။

သူ၏ ဟန့်တားမှုကလည်း အကန့်အသတ်သို့ရောက်သွားကာ တုန်လှုပ်သွားခဲ့ရသည်။ အယ်လ်ဂျာတစ်ယောက်တည်းမကပဲ သူတို့၏ရဲဘော်ရဲဘက်များ ထွက်သွားသည်ကို ကြည့်နေကြသောဇက်စစ်သည်များကလည်း ထိုသို့တစ်ကိုယ်ကောင်းဆန်သော တောင့်တစိတ်၏ ဖိနှိပ်ခံလိုက်ရသည်။  သို့ဖြစ်၍ ထွက်ခွာသွားသူများကို သစ္စာဖောက်အဖြစ် မသတ်မှတ်လိုက်ပေ။

တစ်ယောက်တည်းဆိုရင်တောင် ဖြစ်ပါတယ်... တစ်ယောက်လောက်ကသာ ဘုရင်ကို အမြန်ရှာတွေ့သွားပြီး ကာကွယ်ပေးနိုင်ပါစေ...

" မင်းနဲ့ တခြားသူတွေကရော ဘာလို့ထွက်မသွားသေးတာလဲ... သစ္စာဖောက်တွေကိုတော့ မပြောတော့ပါဘူး..."
အလ်ဗ်က မျက်နှာသေကြီးဖြင့် မေးလိုက်သည်။

" မင်းတို့ထွက်သွားချင်ရင် ယူးလာကိုလည်း ခေါ်သွားရမှာပေါ့..."
အလ်ဗ်၏ လေသံက အေးစက်နေသောကြောင့် သူ့စိတ်ခံစားချက်များကို အကဲခတ်ကြည့်ရန် ခက်ခဲလှပေသည်။

ယူးလာက ဇက်မျိုးနွယ်များ၏ စစ်သင်္ဘောများကို ဆိုလိုခြင်းဖြစ်သည်။

တက်ခ်များကဲ့သို့ပင် ယူးလာကလည်း သယ်ယူပို့ဆောင်ရေး၊ လေ‌ကြောင်းတိုက်ခိုက်မှုနှင့် ဇက်မျိုးနွယ်ကို အခြားသော အကူအညီ‌များပေးရသည့် မျိုးနွယ်တစ်ခုဖြစ်သည်။

အခြားသောမျိုးနွယ်များ၏ စစ်သင်္ဘောများနှင့် မတူသည်မှာ ဇက်တို့၏ သင်္ဘောများက အသိစိတ်ရှိကြသည်။ အခြားမျိုးနွယ်များ၏ အမြင်တွင်မူ သူတို့က စိတ်ရှိသရွေ့အသွင်ပြောင်းနိုင်သော မျိုးနွယ်များဖြစ်သည်။

" ကျွန်တော်တို့က ခေါင်းဆောင်ကို လွယ်လွယ်သစ္စာဖောက်မယ်လို့ မတွေးလိုက်ပါနဲ့... ကျွန်တော်တို့ ခေါင်းဆောင်ရဲ့ အမိန့်မရရင် သွားမရှာပါဘူး... ဒါပေမဲ့ ယူးလာတွေဘက်က ဘယ်‌လိုတွေးလဲတော့ ကျွန်တော်မသိဘူး... အဆိုးဆုံးဆိုရင်တော့ ယူးလာတွေက ကျွန်တော်တို့ကို သတိမပေးပဲ ထွက်သွားလိမ့်မယ်..."

၎င်းက အမှန်ပင် ဖြစ်နိုင်ချေရှ်ိသည်။ အကယ်၍ ကိုယ်ပိုင်အသိစိတ်ရှိသော သင်္ဘောက သူတို့ကို စွန့်ခွာလိုပါက အာကာသကိုကျော်ပြီး လက်ရှိဂြိုလ်မှ ထွက်သွားနိုင်ပေသည်။ ဇက်များက အာကာသထဲတွင် ကိုယ်တိုင်မသွားလာနိုင်ကြပေ။

အယ်လ်ဂျာ၏ အမြင်အရဆိုလျှင် သူတို့၏ ယူးလာစစ်သင်္ဘောက‌ ဒေါသထွက်လာနီးနေပြီဖြစ်သည်။

" ဒါဆိုရင်လည်း သွားကြတာပေါ့..."
အလ်ဗ်က သူ့ကိုမကြည့်တော့ပဲ စစ်သင်္ဘောရှိရာကို ထွက်သွားသည်။

သူတို့ ဘယ်သွားကြမှာလဲ ...

အယ်လ်ဂျာက ထိုမေးခွန်းကို ချက်ချင်းမမေးလိုက်ပေ။ မည်သည့်အရာကိုမှ ဂရုမစိုက်သော ဆံပင်ငွေရောင်ဇက် နောက်ကိုလိုက်ပြီး အံ့အားသင့်ဖွယ်ကောက်ချက်တစ်ခုကို ချလိုက်သည်။

" ခေါင်းဆောင် ဘုရင်ကို သွားရှာမယ်လို့ ပြောချင်တာလား...."
အယ်လ်ဂျာက သူ့အသံထဲမှ ဝမ်းမြောက်မှုကို မဖုံးကွယ်ထားနိုင်တော့ပေ။

အလ်ဗ်က သဘောတူသည့်အနေဖြင့် သူပြောသည်ကို မငြင်းလိုက်ပေ။ ထိုသတင်းကိုရရှိထားသော စစ်သင်္ဘောပေါ်မှ အဆင့်မြင့်ဇက်က ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။

ဇက်မျိုးနွယ်စုက စိတ်ခံစားချက်ကင်းမဲ့သောကြောင့် ပြင်းပြသောခံစားမှုများကို ခံစားတတ်ရန် ခက်ခဲလှသည်။ သို့ဖြစ်၍ သူတို့ရင်ထဲမှ ဝမ်းမြောက်မှုက တုနှိုင်းမဲ့ဖြစ်သည်။

ပျော်ရွှင်ချိန်တွင် ရယ်မောတတ်ပြီး ဝမ်းနည်းချိန်တွင် ငိုကြွေးတတ်သောလူသားများနှင့် ယှဉ်ပါက ထိုခံစားချက်နှစ်မျိုးလုံးမှာ ဇက်တို့အတွက် အလွန်ထူးဆန်းနေပေသည်။

သို့ဖြစ်၍ အဆင့်မြင့်ဇက်များမှာ ပျော်ရွှင်နေကြသော်လည်း သူတို့၏ ခံစားချက်များကို မည်သည့်အမူအရာဖြင့် ဖော်ပြရမည်ကို မသိကြပေ။

Continue Reading

You'll Also Like

431K 18.1K 123
SYPNOSIS Reading Purifying Love made Rachelle D'magiba feel very insulted. The ending that the author had written didn't go well with her expectation...
263K 5.9K 38
While Claire Kagenou works among the Crimson Order, The Shadow Monarch, Kagari Kagenou watches and over their idiot little brother Cid Kagenou and hi...
656K 23.6K 200
[FIXED/FAN TRANSLATION] A student who was preparing for the Civil Service examination for 4th year suddenly found himself in an unfamiliar body 3 yea...
441K 24.4K 166
Featured at Wattpad's Editor Picks list. Luna, an overworked Engineer, had an unfortunate end. Her spirit, feeling wronged, fights Death for a second...