ဂျောင်ဂုအခန်းရှေ့မှာခေါက်တုန့်ခေါက်ပြန်လျှောက်နေတဲ့ဂျီမင်က လက်သီးသေးသေးလေးကိုဆုတ်ကာ သက်ပြင်းခိုးချလိုက်သည်။အခန်းထဲမှာကိုကိုရှိတာသိတယ်။ဒါပေမယ့် သူတံခါးခေါက်ဖို့ကိုတွန့်ဆုတ်နေမိတယ်။
တံခါးအနားကိုတိုးကပ်သွားလိုက်၊ပြန်ခွာလိုက်လုပ်နေတဲ့ဂျီမင်ကို ဂျွန်ဆော့မြင်သွားတော့ပြုံးလိုက်သည်။အခန်းရှေ့မှာတဝဲလည်လည်လုပ်နေတာ ကြာနေပြီ။နှစ်ယောက်သားစကားများထားလို့ မဝင်ရဲတာဖြစ်ပါလိမ့်မယ်လို့ ဂျွန်ဆော့တွေးထင်လိုက်သည်။
*ကလေးနှစ်ယောက်လည်းမတွေ့ပါလား....*
*သားငယ်ကသူ့ကိုကိုအခန်းရှေ့မှာဘာလုပ်နေလဲမသိဘူး။ မဝင်ဘဲ ရပ်နေတယ်လေ...*
*ရန်ဖြစ်ထားလို့နေမှာပေါ့..*
နေ့စဉ်ထုတ်သတင်းစာတစောင်ကိုဂျွန်ဆော့ကဖတ်ရင်း မ်န်းမဖြစ်သူရဲ့အမေးကိုဖြေလိုက်သည်။သားငယ်လေးကို အရိပ်တကြည့်ကြည့်ဖြစ်လာတဲ့သူ့ မိန်းမကြောင့် ဂျွန်ဆော့လည်းကြည်နူးရတယ်။ဒီလိုဆို ပတ်ခ်ချွဲမင်လည်းကျေနပ်လောက်ရောပေါ့။သားအရင်းနဲ့မခြား ချစ်ပေးလို့လေ။
*ဘာလုပ်နေတာလဲ..ကလေးငယ်..*
*အမေ့..!*
ဝင်ရမလား၊မဝင်ရဘူးလားဆိုတာ ဝေခွဲနေတုန်းမှာဘဲ ကိုကိုကအခန်းထဲကနေရုတ်တရက်ထွက်လာတော့ ဂျီမင် ကိုယ်လေးတုန်တက်သွားတယ်။ရင်ဘက်ကိုလက်နဲ့ဖိကာ အာမေဍိတ်သံလေးထွက်သွားတော့ ကိုကိုကရယ်တယ်။ဒါ သူ့ကိုလှောင်တာလား။လန့်အောင်လည်းလုပ်သေးတယ်။
နှုတ်ခမ်းဆူကာ စိတ်ထဲကနေတီးတိုးရေရွက်လိုက်ပြီး ပြုံးစိစိနဲ့မျက်ခုံးတဖက်ပင့်ပြလာတဲ့ကိုကို့ကိုမျက်စောင်းတချက်ဝံ့ပြရင်း အခန်းထဲကိုဝင်လာလိုက်တယ်။ကိုကိုကတော့ရယ်ရုံအပြင်သူ့ကိုဘာမှမပြောပေ။
အခန်းထဲကိုရောက်တာနဲ့သူသဘောကျရတဲ့ကိုကို့ရဲ့အိပ်ယာပေါ်ကိုဗုန်းခနဲမြည်အောင်ပစ်လှဲချလိုက်တယ်။ကိုကို့ရဲ့ကိုယ်သင်းရနံ့တွေလွှမ်းခြုံထားတဲ့ခေါင်းအုံးကို မသိအသာမွှေးကြူရင်းဂျီမင် ခိုးပြုံးလိုက်တယ်။ဆွဲဆောင်မှုရှိတဲ့ရနံ့လေး
*ကိုကိုအလုပ်ရှုပ်နေလား ဟင်...*
*ပြောစရာရှိလို့လား ကလေးငယ်..*
*ဟုတ်...*
*ဘာများလဲ ကိုကို့ကိုပြောပါအုန်း...*
မြို့တော်နဲ့ပတ်သတ်တဲ့ရာထူးအကြီးကဲတွေရဲ့နောက်ကြောင်းကို ဂျော့ခ် ကစုံစမ်းပေးလာတော့ သူလည်းသိသင့်တယ်ထင်ပြီးထိုင်ဖတ်နေတာ။အတော်ကြာတဲ့အထိ ထိုင်နေတော့ ညောင်းလာတာနဲ့ဘဲ ခြံထဲလမ်းဆင်းလျှောက်ဖို့အခန်းထဲကထွက်လိုက်ချိန် တယောက်ထဲပွစိပွစိ ရေရွတ်နေတဲ့ ကလေးငယ်ကိုတွေ့တာဘဲ
မဝင်လာဘဲ ဘာလုပ်မလဲသိချင်လို့ တံခါးဘောင်ကိုမှီပြီးရပ်ကြည့်နေလိုက်တာ။ခေါင်းငြိမ့်၊ခေါင်းခါ နဲ့ကေလးငယ်ကတယောက်ထဲအလုပ်ရှုပ်နေသည်။အသည်းယားလွန်းလို့ ရယ်သံမထွက်အောင် ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ကြိတ်ရယ်လိုက်သည်။
တကယ့် ကလေးလေးအတိုင်းဘဲ။ဘယ်လိုမှတည်ငြိမ်ရင့်ကျက်တဲ့လူငယ်ပုံစံမပေါ်ဘူး။သူကဘဲ ချစ်တဲ့မျက်စိနဲ့ကြည့်လို့များလား ။ချစ်နေတော့လည်း ဘာလုပ်လုပ် အသည်းတယားယားဖြစ်နေတော့တာပေါ့
*မင် အကူညီတောင်းမလို့ပါ....*
*ကိုကို့ဆီကလား.?.*
*ဟုတ်တယ်...*
*ကလေးငယ်မှာဘာအခက်ခဲရှိလို့လည်း ကိုကိုအားလုံးအဆင်ပြေအောင်လုပ်ပေးမယ်.....*
မျက်နှာလေးနွမ်းရင်တောင်နေစရာမရှိတဲ့သူမို့ အခုလိုစကားကြားရတော့ရင်ထဲထိတ်သွားတယ်။ထူးထူးဆန်းဆန်း ကလေးငယ်ဆီကဒီလိုစကားကြားရတာပထမဆုံးဘဲ
ဂျောင်ဂုကဂျီမင်လက်လေးကိုဆုတ်ကိုင်လိုက်ပြီးချိုသာတဲ့လေသံနဲ့မေးလိုက်တော့ မျက်ဝန်းလေးပိတ်ကျတဲ့အထိပြုံးပြလာတဲ့ ကလေးငယ်။
မြတ်နိုးရပါတယ် ကလေးရယ်။ဒီလိုအပြုံးလှလှလေးကို တသက်လုံးမြင်ချင်ပါဘိ။
*မင့် မိဘတွေအကြောင်းကိုစုံစမ်းပေးပါလား....*
*ဟင်...*
ကိုကိုနဲ့အနီးကပ်နေတာဖြစ်လို့ သူ့ကိုကူညီနိုင်လိမ့်မယ်လို့ထင်တယ်။နောက်ပြီး ရာထူးအာဏာရှိနေတဲ့ ကိုကို့အတွက် ဒီကိစ္စကအခက်ကြီးမဟုတ်လောက်ဘူးလေ။
မထင်မှတ်ထားတဲ့ကလေးငယ်ရဲ့စကားကြောင့်ဂျောင်ဂု ခတ္တမျှငြိမ်သက်သွားတယ်။ကေလးငယ်က ဘာလို့သိချင်တာလဲ။
သူ့အဖြေကိုမျှော်လင့်တကြီးစောင့်စားနေတဲ့ ကလေးငယ်ရဲ့မျက်ဝန်းတွေကတောက်ပနေတယ်။သူသာ အငြင်းစကားဆိုလိုက်ရင် ချက်ချင်းဘဲငိုသွားလိမ့်မယ်ထင်တယ်။
*ကိုကို..!*
*အင်း..*
*မင်ပြောတာကြားရဲ့လား..!*
*ကြားပါတယ် ကလေးရဲ့။ကိုကိုစဉ်းစားနေတာပါ...*
*အာ့ဆို စုံစမ်းပေးမှာလား ...*
*ကလေးငယ်သိချင်ရင် ကိုကိုစုံစမ်းပေးမှာပေါ့ ...*
*တကယ်နော်..!*
*တကယ်....*
*ချစ်တယ် ကိုကို..*
လိုချင်တာရသွားတော့ပြုံးပျော်လာတဲ့ ကလေးငယ်က သူ့လည်ပင်းကိုသိုင်းဖတ်လာပြီး ရင်ခွင်ထဲကိုတိုးဝင်ကာ နှစ်ကိုယ်တည်းကြားရုံမျှပြောလာတော့ ရင်ခုန်သံကလျင်မြန်လာသည်။
အတောမသတ်နိုင်တဲ့လူ့လောဘကကြောက်ဖို့ကောင်းတယ်မဟုတ်လား ။ကလေးငယ်အပေါ်မှာထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းတရားကမဖြူစင်တော့ ပိုင်ဆိုင်လိုစိတ်ပြင်းပြလာတယ်။ဒီအတိုင်းဆို သူ့ခံစားချက်တွေကို ကလေးငယ်ဆီဖွင့်အံထုတ်မိတော့မယ်။
သို့ပေမယ့် နှလုံးသားထက်ဦးနှောက်ကိုပိုပြီးဦးစားပေးလိုက်တော့ ဖြစ်သင့်ရဲ့လားဆိုတဲ့အတွေးဝင်မိတယ်။အပြစ်ပြောလာမယ့်ပတ်ဝန်းကျင်နဲ့ သူလုပ်နေတဲ့အလုပ်က ရှေ့ဆက်တိုးမယ့်သူ့ခြေလှမ်းတွေကိုရပ်တန့်စေတယ် ။ထိန်းချုပ်ထားလေ ထွက်ပေါက်ရှာလေဖြစ်နေတဲ့ နှလုံးသားကို ဘယ်လိုအပစ်ပေးရမလဲ။
*ကိုကိုမေးပါအုန်းမယ်....*
*ဟုတ်..မေးလေ..*
*ကလေးငယ်ကဘာလို့ကိုကို့က်ိုစုံစမ်းခိုင်းတာလည်း..*
*ယုံကြည်လို့လေ...*
*...*
*ကိုကို့ကိုမင်ယုံတယ်။မင့်ကိုလည်းကူညီနိုင်မယ်လို့ထင်လို့လေ ...*
ရွှန်းလဲ့နေတဲ့မျက်ဝန်းလေးကသူ့ကိုအလေးနက်ထားပြီးတောင်းဆိုနေတယ်ဆိုတာပေါ်လွင်နေတယ်။ဂျောင်ဂု သက်ပြင်းတိုးတိုးချလိုက်တယ်။အတိတ်ကိုပြန်တူးဖော်လိုက်လို့ ရလာမယ့်ဆိုးကျိုးတွေကဘာများဖြစ်မလဲ ။နောက်ပြီး သူတို့ဘဝတွေလည်းဘယ်လိုများပြောင်းလဲသွားနိုင်သလဲ။
ဒီစကားကို ကလေးဆီကတနေ့နေ့တချိန်ချိန်မှာကြားရလိမ့်မယ်လို့ကြိုတွေးထားပေမယ့် တကယ်တမ်းကျတော့ သူ လုပ်ပေးဖို့အင်အားဆုတ်ယုတ်နေတယ်။သို့ပေမယ့် ကလေးငယ်ရဲ့ ယုံကြည်လို့ ဆိုတဲ့စကားတခွန်းနဲ့တင် သူအလိုလိုရှုံးနိမ့်နေပြီးသားပါ
*ကိုကို စုံစမ်းပေးပါ့မယ်။ဒါပေမယ့် ကလေးငယ်က ကိုကို့စကားကိုနားထောင်ရမယ် နော်...*
*အခုလည်းနားထောင်နေတာဘဲလေ...*
ခွန်းတုံ့ပြန်ပုံကခပ်စွာစွာလေး။နှုတ်ခမ်းလုံးလုံးလေးကိုချစ်စရာကောင်းအောင် ရွဲ့ထားပြီးနှာခေါင်းရှုံ့ပြလာတော့ သူ မရယ်ဘဲမနေနိုင်တော့ဘူး။တနေ့တခြားချစ်ဖို့ကောင်းလာတဲ့ ကလေးငယ်က သူ့အတွက်ဘဲဖြစ်ရမယ်။
*ကိုကို ပြောတာက နောက်ဘာတွေဘဲဖြစ်လာဖြစ်လာ ကလေးငယ် တယောက်ထဲကြိတ်ပြီးမဖြေရှင်းရဘူးလို့။ကိုကို့ ကိုတိုင်ပင်ရမယ်.....*
*ကြားလား..*
*ဟုတ်ကဲ့ ကိုကို..*
*လိမ္မာတယ်..*
*မင်ကအစကတည်းကလိမ္မာပြီးသားပါနော်...*
*ဟုတ်တာပေါ့ ကိုကို့ကလေးငယ်က အရမ်းလိမ္မာတာ။ဒါနဲ့ ဒီရက်ပိုင်းကေလးငယ်ဆီကို အဲလက်သိပ်ပြီးမလာတော့ပါလား...*
ဘာရယ်မဟုတ်ဘူး။ကလေးဆီက စကားနှိုက်ကြည့်တာ။အဲလက်ကလည်းယုံကြည်လို့ရတဲ့သူမဟုတ်ဘူးလေ။အပြင်ပိုင်းလှပပေမယ့် အတွင်းထဲမှာပုတ်နေရင် ဘယ်လိုလုပ်မလဲ။
အဲလက်နဲ့မိတ်ဆွေဖြစ်ပြီးနောက်ပိုင်းမှ ကလေးငယ်ရဲ့အပြုမှုတွေပြောင်းလဲလာတာကို သတိထားမိတယ်။ဒေါသထွက်လွယ်တာ၊တခွန်းမကျန်ပြန်ပြောတက်တာက ,ကလေးငယ်ရဲ့ပင်ကိုယ်စရိုက်မှမဟုတ်တာ။သေချာပေါက် အနီးကပ်သွေးခွဲတဲ့သူရှိနေလို့ပေါ့
*မင် ငြင်းလိုက်လို့လေ...*
*ဘာကို..ကလေးငယ်က ဘာကိုငြင်းလိုက်တာလဲ.*
*မင့်ကိုချစ်တယ်တဲ့ အဲလက်က။မိတ်ဆွေလိုမဟုတ်ဘဲ ချစ်သူလိုတဲ့လေ...*
*ဘယ်လို.!ကလေးငယ်.!ဒီကိစ္စက ကိုကိုလည်းမသိရပါလား..!*
*ဟမ်.!ဘယ်တုန်းကလည်း.!နောက်ပြီး ဘာတွေပြောသွားသေးလဲ....*
ကိုကိုကသူ့ပုခုံးကိုလက်ဖြင့်ဆုတ်ကိုင်ပြီးလှုပ်ရမ်းကာ မေးခွန်းတွေမေးတော့သည်။သူလည်းဆက်ပြီးမဖုံးကွယ်ထားချင်လို့ ပြောပြလိုက်တာ။
အခုတော့ ကိုကိုကဒေါသတကြီးနဲ့သူ့ကိုကြည့်လာသည်။အံကိုကြိတ်ကာ မျက်မှောင်ကျုတ်ပြီးစိုက်ကြည့်နေတော့ ဂျီမင် မျက်နှာလွှဲလိုက်သည်။
ကိုကို စိတ်ဆိုးသွားပြီလေ။မပတ်သတ်ပါနဲ့လို့ပြောထားတာကို အခုချစ်စကားပါအပြောခံလိုက်ရတော့ ကိုကို စိတ်ဆိုးလည်းဆိုးချင်စရာပါဘဲ။
သူမှ ကိုကို့စကားကိုနားမထောင်တာ။
*ကိုကိုမေးနေတယ်လေ.!*
*ဘာမှမပြောဘူးလေ အဲစကားဘဲပြောတာ..*
တောက်.!
*အတန်တန်မှာထားရက်သားနဲ့ ကလေးငယ်..!မင်း တအားဆိုးတာဘဲ...*
တောက်တချက်ခေါက်လိုက်တော့ ဂျီမင် မျက်ရည်ဝဲလာသည်။လေသံကြမ်းကြမ်းတောင်မပြောတဲ့ကိုကိုက အခုသူ့ကိုစိတ်ပျက်သွားတာလား။ကိုကို သုံးလိုက်တဲ့ မင်းဆိုတဲ့နာမ်စားကိုကြားတော့ ငိုချင်ရက်လက်တို့ဆိုသလို မျက်ရည်ကြည်တွေကပါးပြင်ပေါ်ကိုကျဆင်းလာခဲ့သည်။
ဝမ်းနည်းစိတ်နဲ့အတူ အားငယ်စိတ်ပါဒွန်တွဲဝင်လာတော့ ဂျီမင်လည်း ကုတင်ပေါ်ကနေဆင်းကာ ကိုကို နဲ့မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ခါးထောက်ကာ ဒေါသထွက်နေတဲ့ ကိုကို့ မျက်နှာကတော့ နီရဲတွတ်နေသည်
*ဘာလို့လဲ.!မင် လည်းအရွယ်ရောက်ပြီးသားလေ..ချစ်စကားဆိုခံရတာ ဘာမှားလို့လည်း..!*
*ကလေးငယ်.!*
*ကိုကို မတရားဘူး.!ကိုကိုကျတော့ ဂရေ့စ် နဲ့စေ့စပ်ထားပြီး မင့်ကိုကျ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဆိုပြီး တားမြစ်တယ်...*
*မင်လည်းခံစားတက်တယ်၊ချစ်တက်တယ်လေ..ဘာများမှားနေလို့လည်း..*
*တော်တော့.!ဆက်မပြောနဲ့တော့..*
*ကိုကိုတားနေတယ်ဆိုတာ ကလေးငယ်ကို လမ်းမှားမရောက်စေချင်လို့ စေတနာနဲ့ပြောပြနေတာ..*
*သိတယ်..!ကိုကို့စေတနာ၊မေတ္တာတွေကို မင် သိတယ်..ဒါပေမယ့် မင်က သက်ရှိလူပါ။ခံစားချက်မဲ့နေတဲ့ စက်ရုပ်မဟုတ်ဘူး....*
*အဲဒီတော့ အဲလက်ဆီကချစ်ရေးဆိုခံရတာ ဘယ်လိုခံစားရလည်း...*
*ကိုကို..!*
*ခံစားတက်တယ်ဆို.!ပြောလေ ဘယ်လိုခံစားရလဲလို့....*
ပျော်စရာစကားဝိုင်းကနေ ချက်ချင်းဘဲဝမ်းနည်းစရာဖြစ်လာတယ်။ဂျောင်ဂု ဒေါသကလည်းမလျော့သလို ဂျီမင်ကလည်းအရွဲ့တိုက်ဖို့ပြင်းပြနေတယ်။
တယောက်တခွန်းအော်သံတွေက အခန်းပြင်ဘက်ကိုလွင့်စင်လာတော့ အိမ်အောက်ထပ်က ဂျွန်ဆော့နဲ့ဇနီးက တိတ်တိတ်လေးနားစွင့်နေကြတယ်။
*ကိုကိုကတကိုယ်ကောင်းဆန်တယ်.!မင့် ခံစားချက်ကိုအခုထိမသိသေးဘူး...*
*ချစ်တယ်ဆိုပြီး တဖွဖွပြောနေပြီးတော့ မင် ဘာဖြစ်နေသလဲဆိုတာ သိအောင်မကြိုးစားဘူး..*
*ကိုကို ဖြစ်ချင်ရာဘဲပြောတယ်..*
*ဒီနေ့ကစပြီး မင် လုပ်ချင်ရာလုပ်တော့မယ်။ကိုကို တားဖို့မစဉ်းစားနဲ့တော့ ..*
*ကလေးငယ်..!*
လက်သေးသေးလေးနဲ့သူ့လက်မောင်းကိုရိုက်ကာ အိမ်ပေါ်ထပ်ကနေ တဒုန်းဒုန်းမြည်အောင်ပြေးဆင်းသွားတဲ့ကလေးငယ်အနောက်ကို အမြန်ဘဲပြေးလိုက်ရတော့တယ်။
မျက်ရည်အရွဲသားနဲ့ပြောချင်ရာပြောသွားတဲ့ ကလေးငယ်ကို သူဆူတယ်ဆိုတာမချစ်လို့မဟုတ်ဘူးလေ။ချစ်လွန်းလို့ သူ့လက်ထဲကနေ သူများလုယူသွားမှာစိုးလို့ ဂရုဏာဒေါသထွက်သွားတာ။ဒါကို ကလေးငယ်က နားလည်မှုလွဲပြီး သူ့ကိုအရွဲ့တိုက်သွားပြီ။
*ဘယ်ဖြစ်တာလဲ သား..*
*ဂျီမင်လေးကဘာလို့ငိုသွားတာလည်း...*
*ခဏလေး ဖေဖေ.သားနောက်မှပြောပြမယ် အခုကလေးငယ်ကိုသွားချော့မှရမယ်...*
ရှိုက်ကြီးတငင်နဲ့အိမ်အပြင်ကိုပြေးထွက်သွားတဲ့ ဂျီမင်ကို ဂျွန်ဆော့တွေ့တော့ လက်ထဲကသတင်းစာကိုပစ်ချပြီး လိုက်ရပြန်တယ်။ဂျောင်ဂု နဲ့စကားများေနကြဆိုပေမယ့် ဒီတခါတော့ အခြေနေမကောင်းလောက်ဘူး။
သူအိမ်ပေါက်ဝကိုရောက်တော့ သားကလည်းစိုးရိမ်တကြီးနဲ့ဖိနပ်တောင်မစီးနိုင်ဘဲ သူ့ကိုလှမ်းအော်ကာ အနောက်အိမ်ကိုပြေးလိုက်သွားတယ်။
ဂျွန်ဆော့နဲ့ဇနီးဖြစ်သူကတော့ တယောက်မျက်နှာတယောက်ကြည့်ကာ သက်ပြင်းချလိုက်တယ်။
*ကျွန်မထင်နေတာ မမှားဘူးမလား...*
*အင်း..*
*ဒါဆို ဘာဆက်လုပ်မှာလဲ...*
*အရာရှိကြီးကိုအမြန်ဆုံးသတင်းပါးလိုက်မယ်။မင်္ဂလာပွဲကိုအမြန်ဆုံးစီစဉ်ဖို့....*
*သားကသဘောတူမယ်တဲ့လား..။အခုတောင် မျောက်မီးခဲရသလိုပူစပ်ပူလောင်ဖြစ်နေတာကို..*
*မတက်နိုင်ဘူးလေ။ဒီနည်းလမ်းဘဲရှိတယ်..*
*ဒီကလေးတွေနဲ့လည်း စိတ်ညစ်ပါတယ်...*
မိဘဆိုတာသား၊သမီး မျက်နှာကိုကြည့်လိုက်တာနဲ့ ဘာဆိုတာ တန်းသိတယ်လေ။သားနဲ့ဂျီမင်လေးကို သူတို့ကသွေးသားရင်းညီကိုလို နေစေချင်တာ။
သားကဂျီမင်ေလးကိုငယ်ငယ်လေးကတည်းကအလိုလိုက်ပြီး အရမ်းလည်းချစ်တယ်ဆိုတာ သူတို့သိတယ်။ထိခိုက်ရှနာမပြောနဲ့ လေသံမာမာနဲ့ဆူရင်တောင် အရှေ့ကနေကာစိကာစိလုပ်တာလေ။
အဲလိုလေးမြင်ရတော့ စိတ်ချမ်းသာတယ်ဆိုပြီး တိတ်တဆိတ်ဟစ်ကြွေးနေခဲ့တာ။ဒါပေမယ့် အရွယ်ရောက်လာတော့ ပြောင်းလဲလာတဲ့သားရဲ့စိတ်ခံစားချက်ကို သူ(မ)ဘေးကနေကြည့်တာနဲ့တင် သိသည်။
အတောင်စုံလို့ပျံသန်းခွင့်ပေးချင်ပေမယ့် သားဘဝရဲ့လက်တွဲဖော်က ဂျီမင်လေးနဲ့တော့မဖြစ်စေချင်ဘူး။သူ(မ)တို့အရှက်ရစေမယ့် နည်းလေ။နှစ်ကာလများစွာထိမ်းသိမ်းထားရတဲ့ ဂုဏ်သိက္ခာကို ဒီလိုနည်းနဲ့တော့ မဆုံးရှုံးစေရဘူး။
_____
*ဂျော့ခ် ကျွန်တော့ကိုအမှုတစ်ခုစုံစမ်းပေးပါ...*
*ဘာအမှုလဲ မြို့တော်ဝန်..*
*၁၉၉၉ခုနှစ်က အသတ်ခံလိုက်ရတဲ့မြို့စားမင်း ပတ်ခ်ချွဲမင် တို့အမှု..*
*ဗျာ..!*
*ဒီရက်ပိုင်းအဲတာကိုအသေးစိတ်သိရအောင်လုပ်ပေးပါ..*
*ဟုတ်ကဲ့ .*
ဂျော့ခ် ခေါင်းကုတ်လိုက်သည်။လက်သည်မရှိတဲ့အမှုကိုသူကဘယ်လိုအစဆွဲထုတ်ရမှာလည်း။နောက်ပြီး အဲတာကို မြို့တော်ဝန်ဟောင်းနဲ့အရာရှိကြီးကဘဲ ဦးဆောင်ပြီးဖြေရှင်းလိုက်တာလေ။
ပြည်သူတွေကိုတော့ သာမာန်အတိုင်းသေသွားတာလို့ဘဲအသိပေးထားတာ။အသတ်ခံရတယ်ဆိုတာ သူတို့နိုင်ငံရေးသမားတွေလောက်ဘဲသိတယ်။ဒါတောင် ရာထူးအကြီးပိုင်းတွေကတဆင့် သတင်းပေါက်ကြားလို့ ဂျော့ခ် လည်းစိတ်ဝင်စားမိသွားတာ
ဒါပေမယ့် အမှုမဲ့အမှတ်မဲ့ဘဲ သူနဲ့လည်းမဆိုင်ဘူးဆိုပြီး ဘာမှထပ်ပြီးမစုံစမ်းတော့တာ။အခုမှ မြို့တော်ဝန်က ဘာလို့သိချင်တာလည်း။
*ပြောစရာရှိလို့လား ဂျော့ခ်...*
*အဲတာက..ဟို..*
*လုပ်ပေးဖို့အဆင်မပြေဘူးလား။ဒါဆို ကျွန်တော်ကိုယ်တိုင်ဘဲစုံစမ်းလိုက်မယ်...*
*မဟုတ်ပါဘူး။အဆင်ပြေပါတယ်.မြို့တော်ဝန်သိချင်တာအကုန်သိစေရမယ်...*
*ကောင်းပါပြီ...*
အရင်လိုမပြုံးတော့တဲ့မျက်နှာလေးကြောင့် ဂျော့ခ် လည်းဆက်ပြီးအထွန့်မတက်ရဲတော့ပေ။ကုတ်ကုတ်လေးဘဲ မြို့တော်ဝန်အနားကနေထွက်သွားလိုက်တယ်။
မျက်နှာထားတည်တည်နဲ့လေသံကအေးစက်နေတော့ ဂျော့ခ် ခမျာစကားတောင်သီးတယ်။ဒီလိုကျတော့ မြို့တော်ဝန်ကကြောက်ဖို့ကောင်းလိုက်တာ။
ဒေါက်.!ဒေါက်.!
*ဝင်ခဲ့ပါ..*
*အကို..*
ကုလားထိုင်ကိုကျောမှီရင်းမျက်လုံးမှိတ်ကာ ကလေးငယ်နဲ့စကားများခဲ့တဲ့နေ့ကိုပြန်မြင်ယောင်နေတုန်း တံခါးခေါက်သံနဲ့အတူ အခန်းထဲကိုရွှင်ပြစွာဝင်လာတဲ့ ဂရေ့စ်။
ဂျောင်ဂု စိတ်ညစ်ညူးမိသည်။နဂိုမကြည်တဲ့စိတ်က သူ(မ)ကိုတွေ့တော့ ပိုပြီးနှောက်ကျိသွားသည်။နောက်ပြီး ကလေးငယ်ရဲ့စကားတွေကလည်းသူ့နားထဲတဝဲလည်လည်ဘဲ။
ဂရေ့စ်နဲ့ကြောင်းလမ်းထားတဲ့ကိစ္စကို ကလေးငယ်ကအခဲမကြေဖြစ်နေတာလေ။အဲနေ့က သူအနောက်ကနေပြေးလိုက်ပြီး ချော့တာတောင် အချော့မခံတော့ဘူး။အခန်းတံခါးပိတ်ပြီး အသံတိတ်ဆန္ဒပြနေခဲ့တာ အခုထိဘဲ။
ထမင်းစားရင်လည်းအလုပ်သမားတွေကအနောက်အိမ်ကိုပို့ပေးရတယ်။သူနဲ့မျက်နှာချင်းမဆိုင်တော့ဘဲ လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ကေလးငယ်ရဲ့စကားအတိုင်း သူမကြိုက်တာတခုပြီးတခုလုပ်ပြနေတာ
အဲလက်နဲ့လည်းမ်ြု့ထဲသွားပြီးပြဇာတ်သွားကြည့်တယ်တဲ့။နောက်ပြီးဆိုင် အသွား၊ပြန်ကိုလည်းအဲလက်ကိုဘဲကြို၊ပို့ခိုင်းတယ်။ဘယ်လောက်ဆိုးလိုက်သလဲ။
ဖေဖေကတော့စိတ်အခန့်မသင့်လို့ဖြစ်သွားတာပါ။ခဏလောက် လွှတ်ထားပေးလိုက်တဲ့လေ။
ဘယ်လိုစိတ်နဲ့များ ကလေးငယ်ကိုတယောက်ထဲလွှတ်ထားပေးရမလဲ။သူ အဲလောက်ထိသဘောထားမကြီးနိုင်ဘူးလေ။အဲလက်နဲ့တပူးပူး
တတွဲတွဲမြင်ရလေ သူ့ရင်ကိုမီးစနဲ့ထိုးနေသလိုဘဲ။အရမ်းပူလောင်ရတယ်။
*အကို အလုပ်ရှုပ်နေလား *
*ဆိုပါတော့..*
တုံးတိပြောချလိုက်တဲ့ဂျောင်ဂု စကားကြောင့် ဂရေ့စ် မှာထိုင်ရမလို ၊ထရမလိုနဲ့ လက်သည်းထိပ်လေးကိုကုတ်ခြစ်ရင်း ငေးကြည့်နေမိတယ်။
မကောင်းတက်တဲ့ဧည့်ခံတဲ့သဘောမျိုးနဲ့တောင်အကိုကမရယ်ပြတော့ဘူး။သူ(မ)လာလို့များ စိတ်အနှောင့်ယှက်ဖြစ်သွားတာလား။
*ဟို..ဂျီမင် ဆီလာတာပါ.*
*ကလေးဆီကို ဘာလို့လဲ...*
*ဆိုင်မဖွင့်လို့လေ နေမကောင်းလို့လား အကို..*
*အင်း..အကိုနဲ့စကားများထားလို့..*
*ဪ..ဒါဆို ဂရေ့စ် ခဏသွားလိုက်မယ် နော်...*
*အင်း..*
အမှန်တော့ ဖေဖေက အကိုနဲ့ပိုပြီးရင်းနှီးကျွမ်းဝင်အောင်ဆိုပြီးလွှတ်လိုက်တာ။သူ(မ)လည်းမလာချင်ပါဘူး။ဒါပေမယ့် ဖေဖေ့စကားကိုမလွန်ဆန်နိုင်ဘူးလေ။
အကိုကလည်းသူ(မ)ကိုသေးသေးလေးတောင်စိတ်ဝင်စားတာမှမဟုတ်တာ။
ဂျီမင်နဲ့စကားများရုံနဲ့အခုလိုအေးစက်နေတာကိုဘဲကြည့်လေ။အကိုရဲ့အချစ်ကိုဘယ်သူရထားလည်းဆိုတာ အဖြေကရှင်းရှင်းလင်းလင်းထွက်နေပြီးသားကို။
ဖူးစားရေးနတ်ကတမင်လွှဲချော်အောင်လုပ်နေတာမဟုတ်ဘဲ အချစ်ငှက်ကလေးတွေကိုယ်တိုင်က ရှေ့ဆက်ဖို့တွန့်ဆုတ်နေတော့လည်း သူ(မ)ကဘဲမြှားနတ်မောင်လုပ်ပေးရမှာပေါ့။
*ဂျီမင်.!*
*ဟင်.!ဂရေ့စ်....*
*နေကောင်းရဲ့လား...*
*ကောင်းပါတယ် ..*
*မျက်နှာလေးချောင်ကျသွားတယ် ဘာဖြစ်နေတာလဲ....*
*ဟင့်အင်း..။ဘာမှမဖြစ်ဘူး..*
*ဂရေ့စ်ကိုပြောပြလေ ။နားထောင်ပေးမယ်....*
ကိုကို့ကိုရှောင်နေတဲ့ရက်တွေမှာ သူဘယ်လိုမှနေလို့မထိဘူး။တခုခုလိုနေသလိူဘဲ။ရင်ထဲမှာ ဟာတာတာနဲ့။ကိုကိုကတော့ နေ့တိုင်းလာချော့ပါတယ်။
သူကသာခေါင်းမာပြီးအခန်းထဲကနေထွက်မတွေ့တာ။ကိုကို့ကိုတွေ့တာနဲ့ပြေးပုန်းရတာအမောဘဲ။နေနိုင်လားဆိုတော့လည်း မနေနိုင်ပြန်ဘူး။ကိုကိုမသိအောင် ခိုးငိုရတဲ့ညေတွလည်းများလှပြီ
ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတဲ့ဂျီမင်ကစားချိန်၊အိပ်ချိန်မမှန်တော့ လည်ပင်းရိုးလေးထောင်လာပြီး မျက်ကွင်းကလည်းပန်ဒါလေးနဲ့တူနေသည်
*ဂရေ့စ်...*
*အင်း..ပြောလေ..*
*အချစ်ဆိုတာဘယ်လိုမျိုးလဲ...*
*ဟင်..*
*ဂရေ့စ် ချစ်ဖူးလား..*
အဆက်စပ်မရှိတဲ့ ဂျီမင်အမေးကြောင့် ဂရေ့စ် တွေဝေသွားသည်။အချစ်ကြောင်း မေးနေတဲ့ဂျီမင်ရဲ့ မျက်ဝန်းတွေက မှိုင်းပျနေသည်။
အုံ့ဆိုင်းနေတဲ့တိမ်ညိုတိမ်မည်းနဲ့အတူ ဂျီမင် မျက်နှာလေးလည်းညှိုးလျော်လာခဲ့သည်။
သူ(မ)ဘယ်လိုပြန်ဖြေရမလဲ။အချစ်ကိုခံစားဖူးတယ်။
ချစ်လည်းချစ်ဖူးတယ်။ဒါပေမယ့် တဖက်လူနဲ့ရင်ခုန်သံခြင်းတပ်တူမကျတဲ့အပြင်ရင်းနှီးရာကနေ သူစိမ်းဆန်သွားတော့ သူ(မ)ရင်ထဲစို့နစ်ရတယ်။ပြောရရင် အချစ်ဆိုတာ ပူလောင်တဲ့ဒြပ်မဲ့အရာတခုဘဲ။မချစ်ခင်ကရော ချစ်ပြီးရင်ရော ပူလောင်ရတယ်။
*ဂျီမင်ကဘာလို့မေးတာလည်း..*
*ချစ်ရမယ့်သူတွေ့နေလို့လား...*
*အင်း...*
*ဘယ်သူများလဲ ဂရေ့စ် သိခွင့်ရှိမလား...*
*မင် ကိုယ်တိုင်တောင်ဝေခွဲရခက်နေတုန်းပါ ။သူ့ကိုချစ်တယ်။ဒါပေမယ့် သူကတော့ မင့်ကိုဘယ်လိုသဘောထားပြီးဆက်ဆံနေသလဲတော့မသိဘူး...*
*ဒါဆို ဂျီမင်ကသူသိအောင်ဖွင့်ပြောလိုက်ပေါ့..*
*ဟင့်အင်း..!အဲလိုလုပ်ရင် မင်တို့ဝေးသွားကြလိမ့်မယ်....*
*အချစ်ကအဲဒါဘဲ ဂျီမင်...*
*မင် အရမ်းပင်ပန်းတာဘဲ။အားလုံးကိုလွှတ်ချပြီး အဝေးကြီးကိုပြေးထွက်သွားချင်တယ်.....*
*ဂျီမင်ကိုချစ်တဲ့သူတွေရှိသေးတယ်လေ။အဲလိုမတွေးပါနဲ့ ..*
အက်ကွဲလာတဲ့ဂျီမင်အသံက ခံစားချက်တွေထိန်းချုပ်ထားရတာဘယ်လောက်ပင်ပန်းသလဲဆိုတာ သိသာလှသည် ။မျက်တောင်ကိုအဆက်မပြတ်ပုတ်ခတ်နေပြီး မငိုမိအောင်ချုပ်တည်းေနသည်။
ကြည့်နေရင်း သူ(မ)သနားလာသည်။စည်းအထပ်ထပ်ကာထားတဲ့ဆက်ဆံရေးကိုအလွယ်တကူတော့ဘယ်ချိုးဖောက်လို့ရပါ့မလဲ။ဒါပေမယ့် အချစ်စစ်ရင်တော့ မဖြစ်နိုင်တာဘာမှမရှိပါဘူး။
*ကိုကို့ကိုချစ်လား...*
*...*
သူ(မ)ကိုမပွင့်တပွင့်အပြုံးလေးနဲ့မေးလိုက်သည်။မချစ်ဘဲနဲ့တော့ ကိုကိုနဲ့ကြောင်းလှမ်းထားတာကိုအလွယ်တကူလက်ခံပါ့မလား။
ဂျီမင်ကိုတွေတွေလေးကြည့်လာတဲ့ဂရေ့စ်ရဲ့မျက်ဝန်းတွေကနားလည်ရခက်တယ်။ခေါင်းငြိမ့်၊ခေါင်းခါမပြုဘဲနဲ့ သူ့အကြည့်ကိုလွှဲသွားပြီး ရယ်သံတိုးတိုးလေးထွက်လာတယ်။
ဘာလဲ ချစ်ရင်ချစ်တယ်ပေါ့။ဒိီလောက်ထိသိသာနေတာကို။ဂျီမင် နှာခေါင်းရှုံ့လိုက်သည်။ကိုကို့ကမိန်းကလေးတွေကိုဘဲစိတ်ဝင်စားတာလားဆိုတာသူသေချာမသိဘူး။ဒါေပမယ့် သူကတော့ ကိုကို့ကိုဘဲစိတ်ဝင်စားတယ်။ရာနှုန်းပြည့်ဘဲ။
*ဂရေ့စ်နဲ့ကိုကိုကလိုက်ဖက်ပါတယ်...*
*ဂရေ့စ်လည်းအဲလိုဘဲထင်တယ်။အကိုဂျောင်ဂုလိုလူမျိုးကို သဘောမကျတဲ့သူမှမရှိတာ....*
*အင်းနော်..*
*ဂျီမင်ကရော ဘယ်လိုမှမခံစားရဘူးလား...*
*ဘာကိုလည်း..*
*အကိုဂျောင်ဂုကို ဂရေ့စ် လုယူသွားလို့လေ...*
*ကိုကို့ကို မင်မှမပိုင်တာ..။တားပိုင်ခွင့်ရှိရင်တော့ ဘယ်သူ့လက်ထဲမှမထည့်ပေးချင်ဘူး....*
*မင်နဲ့ဘဲ တသက်လုံးနေသွားေစချင်တာ...*
*ချစ်ရဲ့သားနဲ့ ဂျီမင်ရယ်..*
*ဟင်..!*
*ဂရေ့စ် ပြန်တော့မယ် ။နေကောင်းအောင်နေပါ ဂျီမင်..*
ဂရေ့စ်ကသူ့လက်မောင်းကိုဆုတ်ကိုင်ပြီးကြည်လဲ့နေတဲ့မျက်ဝန်းနဲ့အတူ နှစ်ခြိုက်အားရစွာပြုံးပြသွားသည်။သူ(မ)ပြောသွားတာကို သူမကြားလိုက်ဘူး ။ခပ်တိုးတိုးလေးဆိုတော့ ပြန်မေးတော့လည်း ဖြေမသွားပေ။
တယောက်ထဲကျန်ခဲ့တဲ့ဂျီမင်ကငူငိုင်စွာနဲ့ကောင်းကင်ကြီးကိုအကြောင်းမဲ့မော့ကြည့်လိုက်သည်။တရွေ့ရွေ့သွားနေတဲ့တိမ်တွေလိုဘဲ သူ့စိတ်ကလည်းဦးတည်ရာမရှိ ထင်ရာစိုင်းနေတယ်။
သူ့အတွေးတွေ၊စိတ်ကူးတွေလည်းတိမ်တွေလိုဘဲအဝေးကိုလွင့်စင်သွားရင်ကောင်းမယ်။နောက်ပြီး ကိုကို့ကိုချစ်တဲ့အချစ်တွေရောပေါ့
_______
*စိတ်ညစ်စရာရှိလို့လား ဂျီမင်....*
*...*
*သက်ပြင်းခဏခဏချရင်အသက်တိုတက်တယ်တဲ့...*
*ကောင်းတာပေါ့ .*
ကြာကန်ကြီးဆီအကြည့်ပို့ထားတဲ့ဂျီမင်ကို ယန်ယန် နားမလည်ပေ။အမြဲတမ်းတက်ကြွပြီးအပြုံးချိုချိုလေးပေးတက်တဲ့ဂျီမင်က အခုလိုစိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ အသက်မပါတဲ့မျက်ဝန်းတွေကလည်းတခုခုကိုဆွေးနေသလိုဘဲ
*အသည်းကွဲနေတာလား..*
*ရည်းစားမှမရှိတာ..*
*ဒါဆိုဘာဖြစ်နေတာလဲ ဂျီမင်ရာ။မင်းမပျော်တော့ ငါလည်းနေရတာအဆင်မပြေဘူး..*
ယန်ယန်ကပေါင်းသင်းရလွယ်တဲ့လူငယ်လေးဆိုတာ သူနဲ့ခင်ပြီးနောက်ပိုင်းမှာပိုသိလာတယ်။စိတ်ထားကောင်းတယ်၊ဖော်ရွေတက်တယ်၊စာနာသနားစိတ်လည်းရှိသည်။အားလုံးကသူနဲ့တူနေတော့ ပြောရဆိုရလွယ်တယ်လေ။
သူ့မျက်နှာရိပ်ကိုအကဲခတ်တက်တဲ့ ယန်ယန်ကို ဂျီမင်လိမ်လို့မရပေ။သို့ပေမယ့် အမှန်တိုင်းလည်း
မပြောချင်ဘူး။သူ ကမြိုသိပ်ထားရတာကြိုက်တယ်လေ
ကိုကိုမှမဟုတ်ရင် ဘယ်သူ့ဆီမှာမှ သူ့စိတ်ခံစားချက်ကိုထုတ်ပြဖို့မဝံ့ရဲဘူး။
*အဖိုးကိုသတိရတယ်..*
*ဘယ်အဖိုးကိုလဲ..*
*အဖိုးမင်ယောင်လေ။တောင်ပိုင်းမှာနေတယ်...*
သူ့အေမးကိုမကြားချင်ယောင်ဆောင်လိုက်တဲ့ ဂျီမင်က အဖိုးဘက်ကိုဦးတည်သွားတယ်။သူနဲ့အဖိုးရဲ့ပတ်သတ်မှုကို ဂျီမင် မသိသေးတော့နေရတာ လိပ်ပြာတော့သိပ်မလုံဘူး။
အဖိုးကမပြောပြနဲ့ဆိုလို့သာထိန်ကြံထားတာ။နောက်ပြီး ဂျီမင်အတွက်အန္တာရာယ်များတယ်လေ ။အခုတောင် သူ့နောက်ကိုလိုက်နေတဲ့ သူစိမ်းက ရက်ခြားတခါပေါ်လာတက်သည်။ခြိမ်းခြောက်တဲ့စကားတော့မပြောတော့ဘူး။အဲဒီအစား မျက်ဒေါင့်နီနီနဲ့ စိုက်ကြည့်နေတက်သည်။
*ဂျီမင်နဲ့ခင်လို့လား...*
*အင်း...*
*ဘာလို့တွေ့ချင်တာလဲ...*
*ဒီတိုင်းဘဲ ..မေမေတို့အကြောင်းကိုကြားချင်လို့...*
ပြောပုံကခပ်ဆွေးဆွေးလေးဘဲ။ပေါက်ကွဲမထွက်ဘဲ မြုံထားတော့ သူ အားမလိုအားမရဖြစ်မိတယ်။ဖြစ်ချင်တာကိုမပြောဘဲ တယောက်ထဲကြိတ်ခံစားနေတာ ဂျီမင်အစား သူရင်မောတယ်။
*ဂျီမင်ကိုခေါ်သွားစရာနေရာတခုရှိတယ် လိုက်မလား..*
*ဘယ်နေရာလဲ..*
*လိုက်မလားဘဲပြောပါ...*
*အင်း..*
*လာ .သွားမယ်...*
အခုလိုမှိုင်ထွေေနတာနဲ့စာရင်သူ့ကြောင့်ပြုံးသွားလည်းနည်းလား။ယန်ယန်က ဂျီမင်ရဲ့လက်ကောက်ဝတ်ကိုဆုတ်ကိုင်ကာ အရှေ့ကနေပြေးတော့သည်။
ဂျီမင်လည်းဘာမှထပ်မမေးတော့ဘဲ ယန်ယန့်အနောက်ကိုအမှီလိုက်ရတော့သည်။
*လှလိုက်တာ....*
*သဘောကျလား..*
*အင်း....*
နာရီဝက်ကြာတဲ့အထိလမ်းလျှောက်လာလိုက်တော့ ရွာမြောက်ဘက်က တောစပ်လေးဆီရောက်လာခဲ့သည်။တောင်ကုန်းမို့မို့ပေါ်ကို ယန်ယန်ကအရင်တက်သွားပြီး သူ့လက်ကိုကမ်းပေးသည်။
ကျောက်စလစ်တွေပေါတဲ့ထိုတောင်ကုန်းလေးပေါ်ကနေ တရွာလုံးကိုမြင်ရသည် ။အိမ်ခေါင်မိုးသေးသေးလေးတွေကိုကြည့်ပြီးဂျီမင်ပြုံးလိုက်သည်။အသည်းယားစရာလေး။
နေကြာပန်းခင်းကြီးကလည်းဒီကကြည့်မှပိုလှနေသလိုဘဲ။လက်ဆတ်တဲ့လေနဲ့ကြည်နူးစရာကောင်းတဲ့မြင်ကွင်းကို ဂျီမင်သဘောကျနေမိသည်။
*အကြာကြီးနေမယ်နော်..*
*ဂျီမင်သဘော..*
လန်းဆန်းလာတဲ့မျက်နှာလေးနဲ့ဂျီမင်က ပြုံးရွှင်လာတော့မှ ယန်ယန် စိတ်သက်သာရာရသွားသည်။တော်သေးတာပေါ့လို့ စိတ်ထဲရေရွတ်ရင်း ဂျီမင်ကိုရဲ့အပြုံးတွေကိုငေးကြည့်နေမိသည်။
တသုန်သုန်တိုက်ခတ်နေတဲ့လေပြေတွေက သူ့မျက်နှာကိုထိခတ်လာတော့ မျက်စိမှိတ်ကာခံယူလိုက်သည် ။နေလို့ကောင်းလိုက်တာ။စိတ်ထဲပေါ့ပါးသွားတာဘဲ
*ကျေးဇူးတင်ပါတယ် ယန်ယန်...*
*..*
*ဒီကိုခေါ်လာပေးလို့လေ...*
*ဂျီမင် ပျော်ရင်ကျေနပ်ပါပြီ..*
*အင်း..မင် ပျော်ပါတယ်....*
မျက်ဝန်းလေးပိတ်ကျတဲ့အထိရယ်ပြလာတော့ ယန်ယန်အကြည့်လွှဲလိုက်သည်။ဂျီမင်ရဲ့အပြုံးကအရမ်းလှတယ်လေ။သူ ကြာကြာမကြည့်နိုင်ဘူး။အန္တရာယ်များလို့...
တောင်စွယ်ကိုအကာကွယ်ယူပြီးငုတ်လျိူးပျောက်ကွယ်သွားတဲ့နေမင်းကြီးမရှိတော့မှ ဂျီမင်တို့လည်းအိမ်ပြန်လာခဲ့သည်။
______
*အလောတကြီးစီစဉ်လိုက်ရလို့ အားနာပါတယ် အရာရှိကြီးရယ်..*
*ပြောစရာလူတွေမှမဟုတ်တာ..*
*မဟုတ်တောင် ကျွန်တော့်ဘက်ကစချင်နေတာ။သမီးရှင်ဖြစ်နေလို့လေ...*
*အဟား..!*
ပျော်စရာမိသားစုစကားဝိုင်းလေးပါဘဲ။ဂေရ့စ် တို့အိမ်၏ဧည့်ခန်းထဲမှာ လူစုံနေကြသည်။ဂျွန်ဆော့တို့လင်မယားကတော့ တန်ဖိုးကြီးလက်ဝတ်လက်စားတွေနဲ့အတူ ဝတ်ကောင်းစားလှဝတ်ကာ သားအတွက် ဂရေ့စ်ကို တောင်းရမ်းပေးဖို့အဆင်သင့်ဖြစ်ေနကြသည်။
မြို့တော်ဝန်ဂျောင်ဂုရဲ့မင်္ဂလာသတင်းဆိုတော့ တမြို့လုံးအုပ်အုပ်သောင်းနင်းဖြစ်နေတော့တာပေါ့။ဂရေ့စ် လို့ပညာတက်ပြီးဂုဏ်ရှိတဲ့မိသားစုကပေါက်ဖွားလာတော့ သဘောမကျတဲ့သူမရှိဘူးလေ။ဂျီမင်နဲ့ဂျောင်ဂုကလွဲရင် တမြို့လုံးပျော်ရွှင်နေကြတယ်။
မျက်နှာချင်းဆိုင်ထိုင်နေကြတဲ့ ဂျောင်ဂုနဲ့ဂျီမင်ကတော့ ဘယ်သူ့စကားမှနားထဲမဝင်ဘဲ ကမ္ဘာ့အပြင်ဘက်ရောက်နေသလိုပါဘဲ။ကောင်းသည်ဆိုးသည်လည်းမပြောဘူး။အခုမှ ထကန့်ကွက်ရင်ရော ဘာထူးတော့မှာလည်း။အရှက်ကွဲရုံဘဲရှိမှာ။
*မြို့တော်ဝန်ကငြိမ်လိုက်တာ...*
*မဟုတ်ပါဘူး..*
*သားလည်းဝင်ပြောအုန်းလေ....*
မေမေကမျက်နှာရိပ်ပြလာတော့ ဂျောင်ဂု အကြည့်ကဂရေ့စ် ဆီကိုရောက်သွားသည်။သူ့ကိုသဘောမကျဘူးဆိုပြီး ဘာလို့မငြင်းရတာလည်း။သူ(မ)ဘက်ကငြင်းမှ ရမှာလေ။မိန်းကလေးရှင်မို့ဦးစားပေးလိုက်တာကို ကြိတ်ပြီးသဘောတူလိုက်တယ်။
သူကြည့်နေတာကိုသိတဲ့ ဂရေ့စ်က ခပ်ပြုံးပြုံးလေးနဲ့ခေါင်းငြိမ့်ပြလာသည်။အဓိပ္ပာယ်ဖမ်းရခက်တဲ့အပြုံးမို့ ဂျောင်ဂု ကျစ်တချက်သတ်လိုက်သည်။
*မြို့တော်ဝန်ရဲ့သဘောထားကိုသိချင်သေးတယ်..*
*ကျွန်တော်ကအဆင်ပြေပါတယ် *
ဂျီမင်လက်ေတွတဆက်ဆက်တုန်လာတယ်။အဆင်ပြေတယ်တဲ့လား။သူကတော့ တခြံထဲနေပြီးခိုးချစ် ခိုးငေးနေရတာ ဘယ်လိုမှအဆင်မပြေဘူး။
နောက်ရက်တွေမှာလာမချော့တော့တဲ့ ကိုကိုကသူ့ကိုမခေါ်ဘဲနဲ့ တကယ်ဘဲနေနိုင်သွားတယ်။အခုလည်းလေသံအေးအေးနဲ့ပြောပုံက ဂရေ့စ် နဲ့လက်တွဲမယ်ဆိုတဲ့သဘောပေါ့။
ခေါင်းငုံ့ထားရာကနေ ကိုကို့ကိုမော့ကြည့်လိုက်သည်။မေမေကြီးတို့ကတော့ ပြုံးပျော်ေနသည်။ကိုကို့ကိစ္စအတွက် သူ့ကိုလိုက်ခဲ့ရမယ်ဆိုပြီးခေါ်လာတာ။ဒီလိုမှန်းသိရင် နေခဲ့ပါတယ်။
ကိုကိုကသူ့ပိုင်ပါ၊ကိုကို့ကိုသူဘဲပိုင်တယ်ဆိုပြီးအသံကောင်းဟစ်ထားသမျှအခုတော့သူများလက်ထဲထည့်ပေးရတော့မယ်တဲ့လား။ကိုယ့်ကိုကိုယ် လှောင်ရယ်လိုက်သည်။သူဟာ သိပ်ပြီးစိတ်ကူးယဉ်ဆန်တာဘဲ။အစွဲလမ်းကြီးတဲ့စိတ်ကိုဘယ်လိုဖျောက်ဖျက်ရမလဲ။
*ဒါဆို နေ့ကောင်းရက်မြတ်ရွေးလိုက်ကြတာပေါ့..*
*ကောင်းပါပြီ...*
*သမီးသဘောထားကိုလည်း မေးအုန်းလေ ဖေဖေ...*
*ဘာမေးစရာလိုလို့လည်း ဖေဖေ့သမီးကမြို့တော်ဝန်ကိုသဘောကျတယ်မဟုတ်လား....*
အရာရှိကြီးစကားကြောင့် ဂရေ့စ် သက်ပြင်းချလိုက်သည်။ေဖေဖက သူ(မ)ကိုချစ်တာလို့မမြင်တော့ဘူး။အရုပ်တရုပ်လိုသဘောထားနေတာ။သူ(မ) သဘောကျတာ၊မကျတာစိတ်မဝင်စားဘူး။
အာဏာရှိပြီး၊ငွေကြေးပြည့်စုံရုံနဲ့စိတ်ချမ်းသာပြီလို့ထင်နေတာလေ။ဒီတခါတော့ သူ(မ)သည်းမခံနိုင်တော့ဘူး။ကိုယ်မချစ်တဲ့သူနဲ့ေတာ့ ဘဝတခုလုံးနဲ့ရင်းပြီး အတူမနေနိုင်ဘူး။
*သမီးပြောစရာရှိတယ် ဖေဖေ..*
*ဖေဖေကြီး မင် ပြန်နှင့်လို့ရမလား...*
သကာရည်လိုချိုမြိုန်နေတဲ့မိသားစုစကားဝိုင်းလေးက သူနဲ့မသက်ဆိုင်သလိုခံစားရတယ်။မလှုပ်မယှက်ဘဲထိုင်နေပြီး သူ့ကိုစိုက်ကြည့်နေတဲ့ ကိုကိူ့မျက်ဝန်းတွေက နားလည်ရခက်သည်။သူ့ကို ဘာဖြစ်စေချင်နေတာလဲ။
ကိုကိုကသူနဲ့ဘဲ တသက်လုံးနေသွားမယ်ဆိုပြီး ကတိပေးထားပြီးတော့ အခုကျဘာလို့မငြင်းတာလဲ။
ဂျီမင် မျက်ရည်တွေကျလုနီးနီးဖြစ်မလာခင်မှာဘဲ စကားဖြတ်ပြောလိုက်သည်။ဘယ်လိုအင်အားမျိုးနဲ့ဆက်ပြီးထိုင်နေရမှာလဲ။အဝေးကြီးကိုပြေးထွက်သွားချင်ပြီ။
*ဘာလို့လဲ သားငယ်။ဒီမှာမပြီးသေးဘူးလေ..*
*မင် ခေါင်းမူးလာလို့ပါ..*
*ကလေးငယ်ပြန်ချင် ပြန်လေ..*
*ဟုတ်..*
ဖေကြီးကမသွားဖို့တားပေမယ့် ကိုကိုကတော့ အပြုံးလေးနဲ့ခွင့်ပြုပေးတယ်။သူ့ကိုမရှိေစချင်ပုံဘဲ။ဂျီမင် မဲ့ပြုံးလေးနဲ့ ကိုကို့ကိုတချက်ဝေ့ကြည့်လိုက်တော့ သူ့ကိုနားမလည်ဟန်ဖြင့်ကြည့်လာသည်။
ကိုကိုကပြောင်းလဲသွားပြီ။ပေးထားတဲ့ကတိတွေလည်းမတည်တော့ဘူး။သူကသာ စိတ်မှတ်ကြီးပြီး အားလုံးကိုမှတ်မိနေတာ။တွေးလိုက်တိုင်း ရင်ဘက်ထဲကအောင့်မျက်လာတယ်။ ယိုင်ခွေမတက်ဖြစ်နေတဲ့ခြေထောက်ကို အားပြုပြီး အိမ်ထဲကနေ အလျင်မြန်ဘဲထွက်လာခဲ့လိုက်သည် ။
_____
၂၂.၆.၂၃
Kelly
Thankful my readers 🤍
_____
*ဘာလုပ်နေတာလဲ..ကလေးငယ်..*
*အမေ့..!*
*ဟုတ်...*
*ကိုကို့ဆီကလား.?.*
*ဟုတ်တယ်...*
*ဟင်...*
*ကိုကို..!*
*အင်း..*
*မင်ပြောတာကြားရဲ့လား..!*
*ကြားပါတယ် ကလေးရဲ့။ကိုကိုစဉ်းစားနေတာပါ...*
*တကယ်နော်..!*
*တကယ်....*
*ချစ်တယ် ကိုကို..*
*ကိုကိုမေးပါအုန်းမယ်....*
*ဟုတ်..မေးလေ..*
*ကလေးငယ်ကဘာလို့ကိုကို့ကိုစုံစမ်းခိုင်းတာလည်း..*
*ယုံကြည်လို့လေ...*
*...*
*ကြားလား..*
*ဟုတ်ကဲ့ ကိုကို..*
*လိမ္မာတယ်..*
*မင် ငြင်းလိုက်လို့လေ...*
*ကိုကိုမေးနေတယ်လေ.!*
တောက်.!
*ကလေးငယ်.!*
*ကိုကို..!*
*ကလေးငယ်..!*
*ဘယ်ဖြစ်တာလဲ သား..*
*အင်း..*
*ဒါဆို ဘာဆက်လုပ်မှာလဲ...*
*မတက်နိုင်ဘူးလေ။ဒီနည်းလမ်းဘဲရှိတယ်..*
_____
*ဗျာ..!*
*ဟုတ်ကဲ့ .*
*အဲတာက..ဟို..*
*ကောင်းပါပြီ...*
ဒေါက်.!ဒေါက်.!
*ဝင်ခဲ့ပါ..*
*အကို..*
*အကို အလုပ်ရှုပ်နေလား *
*ဆိုပါတော့..*
*ဟို..ဂျီမင် ဆီလာတာပါ.*
*ကလေးဆီကို ဘာလို့လဲ...*
*အင်း..*
*ဂျီမင်.!*
*ဟင်.!ဂရေ့စ်....*
*နေကောင်းရဲ့လား...*
*ကောင်းပါတယ် ..*
*ဟင့်အင်း..။ဘာမှမဖြစ်ဘူး..*
*ဂရေ့စ်ကိုပြောပြလေ ။နားထောင်ပေးမယ်....*
*ဂရေ့စ်...*
*အင်း..ပြောလေ..*
*ဟင်..*
*ဂရေ့စ် ချစ်ဖူးလား..*
*အင်း...*
*အချစ်ကအဲဒါဘဲ ဂျီမင်...*
*ကိုကို့ကိုချစ်လား...*
*...*
*အင်းနော်..*
*ဘာကိုလည်း..*
*မင်နဲ့ဘဲ တသက်လုံးနေသွားစေချင်တာ...*
*ဟင်..!*
_______
*...*
*ကောင်းတာပေါ့ .*
*အသည်းကွဲနေတာလား..*
*ရည်းစားမှမရှိတာ..*
*အဖိုးကိုသတိရတယ်..*
*ဘယ်အဖိုးကိုလဲ..*
*အဖိုးမင်ယောင်လေ။တောင်ပိုင်းမှာနေတယ်...*
*ဂျီမင်နဲ့ခင်လို့လား...*
*အင်း...*
*ဘာလို့တွေ့ချင်တာလဲ...*
*ဘယ်နေရာလဲ..*
*လိုက်မလားဘဲပြောပါ...*
*အင်း..*
*လာ .သွားမယ်...*
*လှလိုက်တာ....*
*သဘောကျလား..*
*အင်း....*
*အကြာကြီးနေမယ်နော်..*
*ဂျီမင်သဘော..*
*..*
*အင်း..မင် ပျော်ပါတယ်....*
တောင်စွယ်ကိုအကာကွယ်ယူပြီးငုတ်လျိုးပျောက်ကွယ်သွားတဲ့နေမင်းကြီးမရှိတော့မှ ဂျီမင်တို့လည်းအိမ်ပြန်လာခဲ့သည်။
______
*အဟား..!*
*မဟုတ်ပါဘူး..*
*ကောင်းပါပြီ...*
*ဘာလို့လဲ သားငယ်။ဒီမှာမပြီးသေးဘူးလေ..*
*ဟုတ်..*
_____
၂၂.၆.၂၃
Kelly
Thankful my readers 🤍
____