host-" ရှီးကော.... ကျွန်တော်အအေးသွားဝယ်လိုက်အုံးမယ်နော်...ခနစောင့်... "
နွဲ့ဝမ်ရှီး-" အင်း...မြန်မြန်တော့လာနော်.... "
host-" ဟုတ်ကဲ့ပါဗျ.... "
နွဲ့ဝမ်ရှီး-" အဲ့လောက်ပြေးသွားနေတာ...ခလုတ်တိုက်လဲကုန်တော့မှာပဲ.... "
ဝမ်ရှီး ပြေးထွက်သွားသော ရှင်းဟန်ကြောင့် အလိုလိုရေရွတ်မိသွားသည်။
ချင်ဖန်ရှိ-" အဲ့လောက်စိုးရိမ်နေလဲ....ဘာလို့လိုက်မသွားတာလဲ...ရှီး "
နွဲ့ဝမ်ရှီး-" ရှိ...မင်းတို့ဘာလာလုပ်တာလဲ.... "
ဝမ်ရှီး သူ့ရဲ့မျက်နှာချင်းဆိုင် ခုံမှာ လာထိုင်တဲ့ ရှိနဲ့ဖုန်းအာကို အလိုမကျစွာမေးလိုက်သည်။ သူခုချိန်မှာ ရှိနဲ့ဖုန်းအာကို လုံးဝမပတ်သတ်ချင်ပေ။သူမှားထားတာဆိုတာသိပေမယ့် တောင်းပန်ဖို့ကသူ့အတွက်ခက်ခဲလွန်းသည်။ ပိုဆိုးတာက သူတို့ကို မျက်နှာချင်းမဆိုင်ချင်ပေ။
အန်းထိုက်ဖုန်း-" ကို...ကိုကို....ဒီကနေသွားရအောင်... "
ချင်ဖန်ရှိ-" ဘာမှမဖြစ်ပါဘူး....မကြောက်နဲ့....ကိုယ်ရှိတယ်.... "
^^ ရှီး....မင်းဖုန်းအာအပေါ်ကို....လုပ်ထားတာတွေကို....ငါလုံးဝမကျေနပ်ဘူး....မင်းက...အတွင်းစိတ်ပုတ်သိုးနေတဲ့....သူဘဲ...ငါမင်းကို...သူငယ်ချင်းလိုခင်ထားခဲ့တာ....မင်းကတော့....ဖုန်းအာအပေါ်လုပ်ရက်တယ်...သူဘယ်လောက်ကြောက်မလဲ...မတွေးမိဘူးလား....တောက်.... ^^
ဖန်ရှိ တုန်ရီနေတဲ့ ဖုန်းအာ ပုခုံးလေးကို ဖက်ကိုင်လိုက်သည်။ ရှီးကို အကြည့်စူးစူးတွေ ပေးဖို့ကိုလည်းမမေ့လျော့ ။
နွဲ့ဝမ်ရှီး-" ငါတောင်းပန်ပါတယ်ဖုန်းအာ....သွားခွင့်ပြုပါဦး "
ဝမ်ရှီး တည်တည်ငြိမ်ငြိမ်ပဲ ရှိတို့ကို ကျောခိုင်းပြီး ထွက်လာခဲ့လိုက်သည်။
နွဲ့ဝမ်ရှီး-" ဟင့်...အင့် "
^^ ဘာလို့ငိုနေတာလဲ....ဒါတွေအားလုံးက....မင်းအမှားတွေပဲ....ရှိရဲ့....အမုန်းတွေကို...မင်းခံသင့်တယ်...ဟား... ^^
ဝမ်ရှီး စီးကျနေတဲ့ မျက်ရည်တွေနဲ့ တစ်ခါတစ်ခါရှိုက်သံထွက်နေတဲ့ သူ့ကိုယ်ကိုယ်မုန်းမိသည်။ သူအရမ်းမုန်းသည်။ တကယ်ဆို သူခံသင့်တာပေါ့ ။ ဒီထက်မကခံသင့်တယ် ။ သူက အရှက်မရှိတဲ့ မိုက်ရိုင်းတဲ့ကောင်လေ ။
" နွဲ့ဝမ်ရှီး...ခင်ဗျားရှင်းဟန်.... အနိုင်ကျင့်ခံနေရတယ်.... သွားမကူဘူးလား.... "
" ဘယ်ကူမလဲ...မင်းမသိဘူးလား...သူကထိုက်ဖုန်းအပေါ်ယုတ်မာခဲ့တာလေ....သူ့အတွက်...သူငယ်ချင်းတွေက....လိုသုံးလေ... "
နွဲ့ဝမ်ရှီး-" ဘာ!!!!. ...ရှင်းဟန်... အနိုင့်ကျင့်ခံရတယ်...ဘယ်နားမှာလဲ....ဘယ်နေရာလဲ "
^^ ဒါသေချာပေါက်....ဟိုကောင်လက်ချက်ပဲ....သူကရှင်းဟန်ဆို....အမြဲအနိုင်ကျင့်နေတာ ^^
ဝမ်ရှီး သူရှိတို့နဲ့ဝေးရာကိုထွက်လာရင်း လမ်းမှ သူ့ကိုလှမ်းပြီးစကားပြောသော အတန်းဖော်များ ။ ပြောလာသည်က ရှင်းဟန် အနိုင်ကျင့်ခံရသည်တဲ့ ။
" အာ...ကျောင်းရဲ့&$@$ .... "
"နွဲ့ဝမ်ရှီး- thank!!! "
.....
.....
host-" ခင်ဗျားတို့...ကျုပ်ကိုဘာလုပ်တာလဲ....ဖယ်....မထိနဲ့ "
ရှင်းဟန် အအေးဘူးဝယ်ပြန်လာတော့ တစ်နေရာအရောက် လူတစ်စုရဲ့ ဆွဲခေါ်တာခံလိုက်ရသည်။
ကျန်ချန်ဟောက်-" ဟက်...ထိုက်ရှင်းဟန်...မင်းဘာပြောတယ် "
^^ ဝါး....စောက်ရမ်းချောတယ်...မိမိုက်နေတာ...bad boy style.... ဟား...ဟား...ကြိုက်ပြီ ^^
ရှင်းဟန် ဝင်လာတဲ့သူကိုကြည့်လိုက်တော့ ကျောင်း uniform ကိုဝတ်ဆင်ထားပေမယ့် ထိုလူကတစ်မျိုးထူးခြားနေသည်။ neck-tie ကို ပြေပြေစည်းထားပြီး အောက်ခံဝတ်စုံအဖြူမှ ကြယ်သီး သုံးလုံးလောက်ဖြုတ်ထားတာကြောင့် ဆွဲဆောင်မှုရှိတဲ့ လည်ဇလုတ်နဲ့ တောင့်တင်းနေတဲ့ရင်အုပ်ကြွက်သားတစ်ချို့ကိုရှင်းရှင်းလင်းလင်း မြင်နေရသည်။ အပေါ်ဝတ်ဆုံလက်ရှည်ကိုလည်း လက်မောင်းထိ ဆွဲတင်ထားသောကြောင့် မြစိမ်းရောင်သမ်းနေသည် လက်မောင်းသွေးကြောတွေကို မြင်နေရသည်။ ပုံမှန်ဝတ်စုံရဲ့ ဘောင်းဘီက ဘာဖြစ်မှန်းတော့မသိ အားကစားဘောင်းဘီကို ဝတ်ထားသည်။ ထို့ပြင် ဝတ်ထားသည်မှာလည်း တစ်ဖက်ကို ခြေစလုံးအပေါ်နားလောက်ထိဆွဲတင်ထားသဖြင့် အရှည်မညီမညာဖြစ်နေ၏။ ဆံပင်က အညိုရောင်ဆိုးထားပြီး ဖြစ်သလိုလှန်တင်ထားမှန်းသိသာသည် ။ တစ်ချို့ဆံပင်စတွေက အောက်ကိုကျနေလေသည်။ နောက်ပြီး ဆေးလိပ်တစ်ခုကို ပိရိသေသပ်တဲ့ နှုတ်ခမ်းပါးတစ်ခုပေါ်တွင် ဟန်ပါပါကိုက်ထားသည်။ ဆေးလိပ်သောက်လို့ထင်၏နှုတ်ခမ်းတစ်စုံဟာ အညိုရောင်သမ်းနေသည်။ နောက်ပြီး အသားအရေဟာ မဖွေးလည်းမဖွေး ညိုတဲ့လို့လည်းဆိုမရပဲ ဝါတဲ့ဘက်ကိုသွားသည်။ ထိုသူရဲ့ အရပ်အမြင့်ကို ခန့်မှန်းရမယ်ဆိုရင် 6 ပေ တော့ ကျော်လောက်သည်။ ဘယ်လောက်ပဲ ဖယိုဖယဲဝတ်ဆင်ထားပေမယ့် ဒီလူဟာ လူချောလေးမှန်းသိသာလှသည်။ ထို့ပြင် ထိုသို့ဝတ်ဆင်ထားတာကပင် ပိုပြီးဆွဲဆောင်မှုရှိနေသလို။
[ အဟမ်း....တော်သင့်ပြီထင်တယ်....တော်သင့်ပြီထင်တယ်လို့.... ]
host-^^ စောက်ပေါက်ပိတ်ထား six... ^^
[ 😒😒 ]
ကျန်ချန်ဟောက်-" အဟမ်း...ကြည့်တာပြီးပြီလား "
ချန်ဟောက် သူဝင်လာကတည်းက သူ့ကိုခေါင်းအစခြေအဆုံးလိုက်ကြည့်နေသော ပိန်ညောှင်ကြောင့် သတိပေးလိုက်သည်။ သူမခေါ်ရင် ဒင်းက ဒီတသက်ကြည့်လို့ပြီးမှာမဟုတ်ပေ။ သူချောတာကိုသူသိပါသည်ဒါကြောင့် မပြင်မဆင်ပဲနေတာတောင် ဒီလောက်ဖြစ်နေတာ ပြင်များနေရင်။
host-" အဟမ်း...အဟွတ်...ချန်ဟောက်...ခင်ဗျားကျွန်တော်ကို...နှိပ်ဆက်နေတာအားမဝသေးဘူးလားဗျာ "
^^ ငါ့ကိုနှိပ်ဆက်တဲ့...ကလနဖလမကောင်....တွေ့မယ်....တွေ့မယ်...ဟက် ^^
ရှင်းဟန် ချန်ဟောက်ဆိုတဲ့သူက ဒီကိုယ်ပိုင်ရှင်ကို အမြဲ နှိပ်ဆက်နေတယ်ဆိုတာ ကိုယ်ပိုင်ရှင်ရဲ့မှတ်ညဏ်အရသိလိုက်သည်။
[ host ကိုမဟုတ်ပါဘူး...ထိုက်ရှင်းဟန်ကိုပါ]
host-^^ ထိုက်ရှင်းဟန်က...ငါပဲမဟုတ်ဘူးလား.... ^^
............................