ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book...

By Shi_Sheng

136K 18.9K 436

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်း... More

မိတ်ဆက်နှင့် အညွှန်း
(၁၉၀) ထူးဆန်းတဲ့အိပ်မက်တဲ့လား? အာ ဒါက စွမ်းအားတစ်ခုပဲ
(၁၉၁) မင်းသားတစ်ပါး ကံတော်ကုန်၊ ဇာတ်လိုက်မ ပြန်ရောက်လာ
(၁၉၂) လင်အိမ်တော်ရဲ့သမီးလက်ထပ်လေပြီ
(၁၉၃) မင်းသားလေး မွေးလာ
(၁၉၄) စစ်ဖြစ်လေပြီ
(၁၉၅) ဇာတ်လိုက်မင်းသမီးအဖြစ် လျှောက်ရတဲ့ ခရီးလမ်းက ပန်းခင်းလမ်း ဟုတ်မနေဘူး
(၁၉၆) မြင်းတွဲဗျူဟာ
(၁၉၇) ဓားပြတွေ၊ မိန်းကလေးတွေကို ထားခဲ့
(၁၉၈) ဓားပြတွေကို ရိုက်
(၁၉၉) ယခင်က အသိအကျွမ်း၊ အကူအညီ တောင်းစရာရှိ
(၂၀၀) ပျောက်ကြားစစ်ဆင်ရေး၊ ရန်သူစခန်းအတွင်းပိုင်း
(၂၀၁) စစ်ရေး အကြံပေးကို လုပ်ကြံ
(၂၀၂) ရဲရင့်ပြောင်မြောက်စွာတိုက်ခိုက်သော တိုက်ပွဲ
(၂၀၃) နေရာတကာမှာ ရှိနေနိုင်တဲ့ ဇာတ်လိုက်
(၂၀၄) သနားစရာကလေးငယ်
(၂၀၅) ဆန်ကုန်မြေလေး၊ ဘယ်နေရာမှ အသုံးမကျ
(၂၀၆) ကျွန်မ မသေခင်ရှင့်ဖို့ပေးတဲ့လက်ဆောင်
(၂၀၇) လင်မယား နောက်ဆုံးတော့ ပြန်တွေ့ပြီ
(၂၀၈) စစ်သားတွေကိုလေ့ကျင့်၊ ဇနီးမောင်နှံတစ်သားတည်း
(၂၀၉) မမ...! တူတူ အိပ်ရအောင်...!
(၂၁၀) ခွက်တွေကိုခွဲပစ်တဲ့ စစ်ဗျူဟာမှူး
(၂၁၁) တိုက်ပွဲကြီး၊ မြင်းတွဲဗျူဟာခင်းပုံကို ဖြိုခွဲ အနိုင်ယူ
(၂၁၂) ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ ဇာတ်လိုက်မ
(၂၁၄) အပြစ်ပေးခြင်း၊ ဇနီးမောင်နှံမျှဝေခံစား
(၂၁၅) ပြစ်ဒဏ်ကို မျှဝေခံစား
(၂၁၆) အိပ်ယာကိုမီးရှို့
(၂၁၇) လင်မိန်းကလေးရဲ့ ခင်ပွန်း
(၂၁၈) ကွာရှင်းစာချုပ်
(၂၁၉) ယမ်းမှုန့် ဖန်တီးထုတ်လုပ်
(၂၂၀) ဗုံးများ
(၂၂၁) ပဒိုင်းညို
(၂၂၂) ရန်သူဖက်ကိုပြောင်း၊ ချန်ထောက်ရဲ့မိသားစု
(၂၂၃) ဝိညာဉ်ကူးပြောင်းလာသူ နှစ်ယောက်ကြားက ပွဲ
(၂၂၄) ဂြိုလ်ဆိုးဝင်၊ ဗျူဟာထဲက ဗျူဟာများ
(၂၂၅) ချန်ထောက်၏ သေခြင်း
(၂၂၆) မင်းသမီးရူး ရူးတာကလည်းရောဂါပဲ
(၂၂၇) ဒုတပ်မှူး၊ ရန်သူဘက်မှ အမျိုးသမီး စစ်သူကြီး
(၂၂၈) အံ့အားသင့်၊ မာနကြီးကြီး ဝိဉာဥ္ကူးလာတဲ့မိန်းမ
(၂၂၉) ကြာပန်းဖြူနဲ့ မင်းသမီးရူးပြိုင် ဘယ်သူနိုင်
(၂၃၀) ယွီခွမ်းတဖြည်းဖြည်းအရည်ပျော်လာ
(၂၃၁) မမျှော်လင့်ထားသော အမှားကြီးတစ်ခု

(၂၁၃) ကံကဆိုး၊ မြေအောက်အကျဉ်းထောင်တွင်း ချုပ်နှောင် ပိတ်ထားခံရ

2.6K 468 12
By Shi_Sheng

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၂၁၃) ကံကဆိုး၊ မြေအောက်အကျဉ်းထောင်တွင်း ချုပ်နှောင် ပိတ်ထားခံရ

သူမက အချောအလှလေး ဖြစ်ရုံတင်မကဘူး၊ သူမက ကြယ်ပွင့်သဖွယ် ထင်ရှားကျော်ကြားတယ်။ သူမက အိမ်တော်ရာကြီးတွေရဲ့ ဗိုင်းကောင်းကျောက်ဖိ အိမ်ထောင်ရှင်မ အမျိုးကောင်းသမီးလေးလဲ ဖြစ်တယ်။ သူက ဒီလို မိန်းမလှမျိုးကိုမှ စိတ်အဝင်စားဆုံးပဲ။ မိန်းမတွေ ဘယ်လောက် စွဲဆောင်မှုရှိရှိ အညှာလွယ်နေရင် သူ စိတ်မပါတော့ဘူး။ ပိုပြီးအရေးကြီးတာက သူမက လုံဟန့်ရဲ့ အမျိုးသမီးဖြစ်နေတာပဲ။ အဲ့ဒီ လုံဟန့်က အေးတိအေးစက်နိုင်ပြီး ကြောက်ဖို့ကောင်းတယ်။ မာန်ကြီးတယ်၊ စိတ်ကြီးတယ်ဆိုပေမဲ့ လုံဟန့်တစ်ယောက် ဒီမိန်းကလေးလို အနုအရွအလှလေးကို ကစားတာ ပျက်လုနီးပါး ရွဲပလဲ သွားပြီလား ချန်ထောက် သေချာ မပြောတတ်ဘူး။ စစ်တိုက်နေတုန်းကြီးကိုတောင် လုံဟန့်က သူမကို အပါခေါ်လာတာ။ အဲ့ဒါကြောင့် လုံဟန့်က ဒေသခံအမျိုးသမီးတွေကို စိတ်မဝင်စားတာနေမယ်။ သူ့ဘာသာ အသုံးပြုစရာ မိန်းမရှိနေတာကိုး။ အခု ဒီစစ်ရေးဗျူဟာရှင်ဆိုတဲ့ ဆရာကို ကြည့်ရတာ ယောက်ျားလေး ဝတ်စုံ ဝတ်ထားပေမဲ့ သူမရဲ့ ကြော့ရှင်းတင့်တယ်နေမှုကို ဖုံးကွယ်ထားမရဘူး။ ဒီကြားထဲမှာ သူမ မိန်းကလေးဖြစ်တာကို သူ ဘာလို့ မရိပ်မိခဲ့တာပါလိမ့်။ သူမ အရင်က ဖိုသီဖတ်သီ မပြင်မဆင်နဲ့မို့ ဖြစ်မယ်။ ဒီနေ့တော့ သူမက သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ဆိုတော့ ဘယ်လောက်ပဲ ကျားကျားလျားလျားလုပ်ပြနေပါစေ၊ မိန်းမတစ်ယောက်ရဲ့ အချောအလှက တစွန်းတစတော့ ပေါ်နေတော့တာပဲ။

"ဒီမဟုတ်မမှန် သတင်းတွေကို ဘယ်သူက လုပ်ကြံလီဆယ်ပြောလိုက်တာလဲ" ပိုင်ရှန်းရှို့ ဝန်မခံဘဲ ငြင်းဆန်ပေမဲ့ ဘယ်သူက သူမကို တိုင်ပြောလိုက်သလဲ သိပ်သိချင်မိတယ်။ ချန်ထောက်က သူမကို အလွယ်တကူ ပြောပြလိမ့်မယ်လို့တော့ သူမ ထင်မထားဘူးပေါ့။ ဒါပေမဲ့ ချန်ထောက်က အိမ်အတွင်းပိုင်းကို လက်ယပ်ပြလိုက်တာ၊ မိန်းမလှတစ်ဦး ထွက်လာလေတယ်။ မျက်နှာချေတွေ အထူသား လိမ်းထားပေမဲ့ လင်ချန်းဇီမှန်း ပိုင်ရှန်းရှို့ ချက်ချင်း မှတ်မိလိုက်တယ်။ ကြည့်ရတာ လင်ချန်းဇီက အစောပိုင်းကလို ပျော့ညံ့ အားနွဲ့နုနယ်တဲ့ သွင်ပြင်ကို ခဝါချလိုက်ပုံပဲ။ သူမ လှပတောက်ပစွာ ဝတ်စားထားပြီး လျှောက်လှမ်းလာတာ။ 'ကြာပန်းဖြူလေးကနေ ဘယ်လိုလုပ်ပြီး စုန်းမဘုရင်မကြီးလို ဖြစ်သွားတာလဲ။ ပြီးတော့ သူ့ကို အကျဉ်းချထားတာ မဟုတ်လား၊ ဘယ်လိုလုပ် လွတ်သွားတာလဲ'

ဒီလင်ချန်းဇီကြောင့် ပိုင်ရှန်းရှို့ နားမလည်နိုင် ဖြစ်သွားရပြီ။ လင်ချန်းဇီက ချန်ထောက်ဆီ ကလက်တက်တက်နွဲ့နွဲ့နောင်းနောင်းလျှောက်သွားလိုက်ပြီး ငြို့ဓာတ်အပြည့်နဲ့ ဂါရဝပြုလိုက်သေးတယ်။ "မြို့စောင့်တပ်မှူး ချန်"

"ထပါ လင်မိန်းကလေး၊ ဒါက မင်းပြောတဲ့ ရှို့သခင်မ ဟုတ်ပါတယ်နော်"

"ဟုတ်တာပေါ့၊ သူ မီးခိုးအငွေ့ဖြစ်သွားရင်တောင် ကျွန်မ မှတ်မိနေမှာ"

"ကောင်းပြီ၊ မင်း ဘာပြောချင်သေးလဲ"

"ငါက ဘယ်သူ ဖြစ်နေနေ၊ နင်ကျင်းမြို့ကို လာဖို့က ငါ့ သဘောနဲ့ ငါလာတာပဲ၊ မင်းသားလီနဲ့ မဆိုင်ဘူး"

"အစေခံတွေ... ရှို့သခင်မကို မြေအောက် အကျဉ်းခန်းထဲ ထည့်ထားလိုက်၊ မင်းသားရုန်ရဲ့ အဆုံးအဖြတ်ကို စောင့်ကြတာပေါ့" ချန်ထောက်က သိပ်စိတ်လှုပ်ရှားနေတာပေါ့။ သူ နောက်ဆုံးတော့ လုံဟန့်ရဲ့ အားနည်းချက်ကို အပိုင်ကိုင်လိုက်နိုင်ပြီလေ။ ဒီကိစ္စကို အခြေပြုပြီး မင်းသားလီကို အလဲထိုးလို့မှ မရရင် သူ့နာမည်က ချန်မျိုးရိုး မဟုတ်တော့ဘူး။

ပိုင်ရှန်းရှို့ ဇာတ်လိုက်မကို စောက်ရမ်း ရွံသွားပြီ။ သူမအပေါ် ကလဲ့စားချေဖို့ ဒီလိုနည်းလမ်းမျိုးအထိ သုံးရတယ်လို့။ "ခဏလေး ငါ ပြောစရာ ရှိသေးတယ်" သူမ ခြေလှမ်းကို ရပ်ပြီး ဇာတ်လိုက်မကို မျက်နှာချင်းဆိုင်လိုက်တယ်။ "ကျွန်မ ရှင့်ကို အမြဲမေးချင်နေတာ ရှိခဲ့တယ်၊ ရှင့်မှာ ဦးနှောက် တကယ်ရောရှိရဲ့လား... ကျွန်မတို့ ရန်ဘက်ဖြစ်နေတာကို ခဏလောက် မေ့ထားလိုက်ဦး၊ တိုင်းပြည့်ရန်သူနဲ့ ရှင့်ရဲ့ ပုဂ္ဂိုလ်ရေး ရန်သူ ဘယ်ဟာက ပိုအရေးကြီးသလဲ မခွဲတတ်တာလား၊ လုံဟန့်က နောက်တိုက်ပွဲတွေ မကြာခင်ဆက်တိုက်ရတော့မှာ၊ သူက ကျွန်မတို့ တိုင်းပြည်ကို ကာကွယ်ပေးမှာ၊ ရှင်တို့ နေတဲ့ အိမ်ကို ကာကွယ်ပေးမှာ... ဒါတောင် သူ ဒုက္ခရောက်အောင် ရှင်တို့က အန္တရာယ်ပေးချင်တယ်၊ ကျွန်မတို့ တိုင်းပြည် အရေးနိမ့်သွားတာကို မြင်ချင်တာလား၊ ရန်သူ့တိုင်းပြည်အတွက် သုံ့ပန်းပျော်တော်ဆက်မယ် ဖြစ်ချင်နေတာလား... ဒီတိုင်းပြည် တစ်ခုခုဖြစ်သွားရင် ရှင့်မိဘတွေရော လွတ်လပ်ပျော်ပါးပြီး နေနိုင်မယ် ထင်လား၊ လုံဟန့်က ရှင်တို့ရဲ့ ရာထူးစည်းစိမ်တွေ ဂုဏ်တွေဒြပ်တွေအတွက် လုံဟန့်က တိုက်ပွဲဝင်ပြီး ကာကွယ်ပေးနေတာနော်၊ သူ့အသက်ကို ရှေ့တန်းမှာ စွန့်စားထားတာ... ဒါတောင် ပုဂ္ဂိုလ်ရေး မကျေနပ်ချက်လေး ရှိတာနဲ့ ရှင်က တစ်တိုင်းပြည်လုံးကို ဆွဲချမလို့ လုပ်တယ်ပေါ့...!"

ပိုင်ရှန်းရှို့ စကားတွေကြောင့် လင်ချန်းဇီ ကြောင်အသွားတော့တယ်။ ဘေးကနေတဲ့ ချန်ထောက်တောင် အံ့သြသွားမိတာပဲ။ မိန်းမတစ်ယောက်က ချက်ကျလက်ကျ ပြန်ငြင်းနိုင်ပြီး တစ်ချိန်တည်းမှာ အညှာအတာမဲ့ ဆူပူကြိမ်းမောင်းနိုင်တာမျိုးကို သူ တစ်ခါမှ မတွေ့ဖူးခဲ့ဘူး။

"ပြီးတော့ ရှင်... ဒီမိန်းမကတော့ ထားပါ၊ ရှင်ကပါ သဘောထားသေးသိမ်နေစရာလား၊ လုံဟန့်က ရှင့်နေရာကို လုတယ်ထင်နေလား၊ သူက ဝမ်ရယ်ဘွဲ့ရထားတာနော်...! ဒီစစ်ကြီးပြီးသွားရင် သူ့နဂိုနေရာ မြို့တော်ကို ပြန်သွားမှာ၊ ရှင့်ဘာသာ ရှင် ဒီမြို့မှာ မြို့စောင့်တပ်မှူးဖြစ်ဖြစ်၊ မြို့စားကြီးဖြစ်ဖြစ် သူ အရေးလုပ်နေမယ် ထင်လား၊ ရှင်တစ်ယောက်တည်း ဦးဆောင်မှုနဲ့ ရန်သူ့စစ်တပ်ကို တိုက်ထုတ်နိုင်မယ်၊ သူ့အကူအညီမလိုဘူးလို့ ယုံကြည်ချက်ရှိနေတာလား... လုံဟန့် ထွက်သွားရတာနဲ့ ရန်သူတပ်က ရှင်တို့မြို့ကို လာနင်း​ချေမယ်ဆိုတာ အသေအချာပဲ၊ အဲ့ဒီအခါကျမှ ရှင့်မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတော့မှာ၊ သေမလား အရှုံးပေးမလားပဲ၊ အဲ့ဒီတော့မှ သွားချင်တဲ့ လမ်းသွား... ဒါပေမဲ့ ရှင် ဘယ်လမ်းသွားသွား၊ အခုအခြေအနေလောက် ကောင်းနိုင်မလား၊ ဒါတောင်မှ ရှင်က လုံဟန့်ကို ဖြုတ်ပြီး ရှင်တစ်ယောက်တည်း ခေါင်းဆောင်လုပ်ချင်နေတယ်၊ လုပ်နိုင်တဲ​ြ အစွမ်းအစရော ရှိရဲ့လား... ရှင် မယုံရင် စမ်းကြည့်ကြမလား၊ ဟမ်...! လုံဟန့်ကို မြို့တော် ပြန်စေလိုက်၊ ရှင့်လက်ထဲ ရှုခရိုင်ကို ထားပေးခဲ့မယ်၊ ရန်သူစစ်တပ်ကို ရှင့်ဘာသာ ရင်ဆိုင်၊ ပြီးမှ ကူပါ ကယ်ပါနဲ့ ဘယ်သူ ငိုနေရမလဲ ကြည့်ကြတာပေါ့...!" ပိုင်ရှန်းရှို့ ပြောချင်တာ ပြောပြီးသွားတယ်၊ ဒါပေမဲ့ သူတို့ကို တစ်ခုခု ပြန်ပြောခွင့် ပေးမနေဘူး။ "အေး၊ တို့ ပြောလို့ပြီးပြီ၊ ရှင်တို့ ဘာတွေ လုပ်ခဲ့မိသလဲ သွား ပြန်ဆင်ခြင်နေလိုက် ဦးနှောက်မရှိတဲ့ သတ္တဝါတွေ...! ဒီလောက် လေ​ကုန်ခံပြီး ပြောထားရတာကို အလဟဿဖြစ်အောင်လို့ ဝက်ဦးနှောက်နဲ့တော့ မစဉ်းစားနဲ့"

အဆိပ်ပြင်းလိုက်တာ၊ တကယ်ကို အဆိပ်ပြင်းလွန်းတယ်။ မိန်းမတစ်ယောက်က ဘယ်လိုတောင် စကားကြမ်းကြမ်းတွေ ပြောလိုက်နိုင်ရတာလဲ။ သူမ လှည့်ထွက်သွားတာနဲ့ လင်ချန်းဇီ မခံမရပ်နိုင်တွေဖြစ်ပြီး အော်ဖြဲလိုက်တာကို ကြားလိုက်ရလေရဲ့။ "ပိုင်ရှန်းရှို့... နင် သေချင်စိတ်ပေါက်အောင်ကို ငါ လုပ်ပြမယ်...!"

"ကျစ် ထင်ထားတဲ့ အတိုင်းပဲ ဦးနှောက်ကို မသုံးဘူး" သူမကို မြေအောက်အကျဉ်းထောင်ထဲ ခေါ်သွားတယ်ဆိုတာကို ပိုင်ရှန်းရှို့ လိုက်ခံစားမနေတော့ဘူး။ သူမ အကြည့်တွေကို ကိုယ့်ခြေလှမ်းရှေ့ကိုပဲ အာရုံစိုက်ထားလိုက်တော့တယ်။ ဒါပေမဲ့ သူမကို လိုက်ပို့နေကြတဲ့ ရဲမက်တွေ ရုတ်တရက်ကြီး ရပ်သွားကြလေတယ်။ သူတို့အရှေ့မှာ ကြောက်စရာတစ်စုံတစ်ခု ရှိနေပုံရတယ်။ ပိုင်ရှန်းရှို့ ခေါင်းမော့ကြည့်လိုက်တော့ လမ်းပိတ်ရပ်နေတဲ့ စုန့်ကျောင်းယွဲ့နဲ့ ယွီခွမ်းကို တွေ့ပါလေရော။ သူမ တစ်ခုခုဖြစ်တယ် သတင်းကြားတာနဲ့ အပြေးလိုက်လာတာ ဖြစ်ရမယ်။ "ကျွန်မ အဆင်ပြေပါတယ်၊ လုံဟန့်ကို ဂရုစိုက်ဖို့ ပြောပေးပါ"

ပိုင်ရှန်းရှို့က ဘာမှ မဖြစ်ထားသလို ပြုံးပြလိုက်တယ်၊ ဒါပေမဲ့ စိတ်ထဲမှာတော့ လုံဟန့် အပြစ်ပေးခံရမှာကို စိုးရိမ်နေမိတယ်လေ။ စစ်တပ်စည်းမျဉ်းစည်းကမ်းတွေက သိပ်တင်းကြပ်တာ။ ယွီခွမ်းကတော့ ပိုင်ရှန်းရှို့ကို ကယ်ထုတ်သွားလိုက်ချင်တာပဲ၊ ဒါပေမဲ့ စုန့်ကျောင်းယွဲ့က တားလိုက်တယ်။ သိုင်းလောကကလူတွေက အရမ်း စွတ်တရွတ်နိုင်တာပဲ။ ဒါက စစ်စခန်း၊ ခံတပ်မြို့။ သူမ အကျဉ်းချခံလိုက်ရတာကို ကြည့်နေရုံကလွဲပြီး သူတို့မှာ တခြား ရွေးချယ်စရာ မရှိခဲ့ဘူး။ စုန့်ကျောင်းယွဲ့လေသံက မာနေတယ်။ "ကျွန်တော် လုံဟန့်ကို သွားအကြောင်းကြားလိုက်ဦးမယ်၊ ခင်ဗျား သူ့ကို စောင့်ရှောက်ထားပေး"

"ကောင်းပြီ" ယွီခွမ်း သူတို့နောက်က လိုက်လာတော့တယ်။ ဒါပေမဲ့ မြေအောက် အကျဉ်းစခန်းထဲကိုတော့ သူ ပေါ်တင်ကြီးလိုက်ဝင်လို့ မဖြစ်ဘူးလေ။ သူ ပိုင်ရှန်းရှို့ကို ချင်းကပ်လို့ ရတဲ့ နည်းလမ်းဆိုလို့ ပြတင်းပေါက် အသေးလေးတစ်ခုပဲ ရှိတယ်။ ဒီက အကျဉ်းခန်းတွေကို သေချာ ပြုပြင်ထိန်းသိမ်းထားတာ မရှိတော့ ကျောက်တုံးတွေက အငြိတွေတက်ပြီး အကျဉ်းခန်းတွေကလဲ မှောင်မိုက် အေးစိမ့်နေတော့တာပဲ။

အထဲရောက်တာနဲ့ ပိုင်ရှန်းရှို့ ကိုယ့်ကိုယ်ကိုယ် ပိုက်ပြီး နေမိတော့တယ်။ ဒီနေရာမှာ အနားယူနိုင်ဖို့ကတော့ ခက်မှာပဲ။ အဲ့ဒီအချိန်မှာ ပြတင်းပေါက်အသေးလေးကနေ တစ်စုံတစ်ယောက်က ခြုံထည်တစ်ခု ပစ်ပေးလာတယ်။ သူမ ဖမ်းယူထားလိုက်တယ်။ ယွီခွမ်းရဲ့ အသံကိုလဲ ကြားလိုက်ရတယ်။ "အပြင်ကနေ ခင်ဗျားကို ကျုပ် စောင့်ရှောက်ပေးနေမယ်၊ မစိုးရိမ်ပါနဲ့၊ ဒါပေမဲ့ သူတို့က ခင်ဗျားကို ဘာကြောင့် ဖမ်းတာတဲ့လဲ"

"ကျွန်မက မိန်းကလေးဖြစ်နေတာကို လင်မိန်းကလေးက ဖော်ကောင်လုပ်ပစ်လိုက်တယ်၊ ဒါကြောင့် ချန်ထောက်က ကျွန်မကို အသုံးချပြီး လုံဟန့်ကို တိုက်ခိုက်ဖို့ လုပ်တာ"

"ကျုပ် အဲ့ဒီမိန်းမကို သတ်ပေးရမလား"

"သိုင်းမတတ်တဲ့ မိန်းမတစ်ယောက်ကို ရှင် သတ်နိုင်လိမ့်မယ်လို့ ကျွန်မ မထင်ဘူးနော်"

"မဟုတ်ဘူးလေ၊ သူက ခင်ဗျားကို ထိခိုက်စေတာဆိုရင်တော့ ကျုပ် ညှာတာမှာ မဟုတ်ဘူး"

"ယွီခွမ်း၊ ကျေးဇူးတင်ပါတယ်"

"ကျုပ်က အားနာတယ်"

"ဟင်၊ ရှင်က ဘာဖြစ်လို့ ရုတ်တရက်ကြီး အားတွေနာနေတာလဲ"

"ဟိုနေ့က ခင်ဗျားတို့ အိပ်ခန်းထဲ ဝင်လာမိတာ၊ ခင်ဗျားကို မင်းသားလီ အထင်လွဲစရာ ဖြစ်သွားစေမိလို့"

"သူ အထင်မလွဲပါဘူး၊ ကျွန်မ သူ့ကို သေချာ ရှင်းပြလိုက်တယ်၊ ဒါပေမဲ့ ကျွန်မ ရှင့်ကို တောင်းပန်ရမှာ... ရှင့်အကြောင်းတွေ သူ့ကို ပြောပြလိုက်မိလို့၊ သူ တခြားလူတွေကို ပြန်ပြောမှာ မဟုတ်ပါဘူး၊ စိတ်မပူနဲ့နော်"

"...သူ မပြောဘူးဆိုတာ ကျုပ် ယုံပါတယ်" တစ်ခဏတော့ သူတို့ နှစ်ယောက်စလုံး နှုတ်ဆိတ်နေခဲ့မိတယ်။ ပိုင်ရှန်းရှို့ ခြုံထည်ကို ခြုံထားရင်း ကျောက်ကုတင်ပေါ် သွားထိုင်နေလိုက်တယ်။

"ယွီခွမ်း၊ မနက်ဖြန် တစ်ခုခု ဖြစ်လာရင်လေ၊ ကျွန်မပဲ အပြစ်တွေအကုန် ခံယူလိုက်မယ်၊ အပြစ်ပေးခံရတဲ့ အခါမှာ ရှင် ဝင် မဟန့်တားနဲ့နော်" 'စစ်ကြိမ်လုံးနဲ့ ကြိမ်ဒဏ်အချက် ၁၀၀ ဆိုရင် ငါ အသက်ထွက်သွားမှာပဲ၊ ငါ အရိုက်သတ်ခံရမဲ့ ကံကြမ္မာ ဖန်ကို ဖန်လာမယ် မထင်ထားဘူး' သူမ ဒါပေမဲ့ ထူးထူးခြားခြား စိတ်အေးနေတယ်။ သူမ သားလေးနဲ့ လုံဟန့်တို့ အဆင်ပြေမယ်ဆိုသရွေ့ ရတယ်။ သူမ ကံတရားကို လက်ခံနိုင်ပါတယ်။

"ခင်ဗျား... သေရမှာလား"

"သေလောက်တယ်"

"ဒါဆို ခင်ဗျား တကယ်သေသွားခဲ့ရငါ ကျုပ် သူတို့ကို သတ်ပြီး ကလဲ့စားချေပေးပါရစေလား"

"ရှင့်ကိုယ်ရှင်အတွက် အန္တရာယ်မဖြစ်နိုင်သရွေ့ သဘောရှိသလို လုပ်ပါ"

"ပိုင်ရှန်းရှို့ ခင်ဗျားက တကယ်ကို ကြင်နာတတ်တဲ့ အမျိုးသမီးပဲ၊ ယွီရှုက ခင်ဗျားကို သိပ်နှစ်သက်တာ... သူ့နှလုံးသားထဲမှာ ခင်ဗျား ပုံရိပ်တွေပဲ ပြည့်နှက်နေတယ်" သူ အမှန်တိုင်း ပြောတာပါ။ ယွီရှုရဲ့ စိတ်က ငယ်နုသေးတယ်ဆိုပေမဲ့ ပိုင်ရှန်းရှို့အပေါ် ထားတဲ့ သူ့ ခံစားချက်က ခိုင်မာလွန်းလို့ ဘယ်သူကမှ ဘယ်အရာကမှ ပျက်ပြယ်သွားစေနိုင်မှာ မဟုတ်ဘူး။

________

[Zawgyi]

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၂၁၃) ကံကဆိုး ေျမေအာက္က်ဉ္းေထာင္တြင္း ခ်ဳပ္ေနွာင္ ပိတ္ထားခံ

သူမက အေခ်ာအလွေလး ျဖစ္ရံုတင္မကဘူး၊ သူမက ၾကယ္ပြင့္သဖြယ္ ထင္ရွားေက်ာ္ၾကားတယ္။ သူမက အိမ္ေတာ္ရာႀကီးေတြရဲ့ ဗိုင္းေကာင္းေက်ာက္ဖိ အိမ္ေထာင္ရွင္မ အမ်ိဳးေကာင္းသမီးေလးလဲ ျဖစ္တယ္။ သူက ဒီလို မိန္းမလွမ်ိဳးကိုမွ စိတ္အဝင္စားဆံုးပဲ။ မိန္းမေတြ ဘယ္ေလာက္ စြဲေဆာင္မႈရိွရိွ အၫွာလြယ္ေနရင္ သူ စိတ္မပါေတာ့ဘူး။ ပိုၿပီးအေရးႀကီးတာက သူမက လံုဟန္႔ရဲ့ အမ်ိဳးသမီးျဖစ္ေနတာပဲ။ အဲ့ဒီ လံုဟန္႔က ေအးတိေအးစက္ႏိုင္ၿပီး ေၾကာက္ဖို႔ေကာင္းတယ္။ မာန္ႀကီးတယ္၊ စိတ္ႀကီးတယ္ဆိုေပမဲ့ လံုဟန္႔တစ္ေယာက္ ဒီမိန္းကေလးလို အႏုအရြအလွေလးကို ကစားတာ ပ်က္လုနီးပါး ရြဲပလဲ သြားၿပီလား ခ်န္ေထာက္ ေသခ်ာ မေျပာတတ္ဘူး။ စစ္တိုက္ေနတုန္းႀကီးကိုေတာင္ လံုဟန္႔က သူမကို အပါေခၚလာတာ။ အဲ့ဒါေၾကာင့္ လံုဟန္႔က ေဒသခံအမ်ိဳးသမီးေတြကို စိတ္မဝင္စားတာေနမယ္။ သူ႔ဘာသာ အသံုးျပဳစရာ မိန္းမရိွေနတာကိုး။ အခု ဒီစစ္ေရးဗ်ူဟာရွင္ဆိုတဲ့ ဆရာကို ၾကည့္ရတာ ေယာက္်ားေလး ဝတ္စံု ဝတ္ထားေပမဲ့ သူမရဲ့ ေၾကာ့ရွင္းတင့္တယ္ေနမႈကို ဖံုးကြယ္ထားမရဘူး။ ဒီၾကားထဲမွာ သူမ မိန္းကေလးျဖစ္တာကို သူ ဘာလို႔ မရိပ္မခဲ့တာပါလိမ့္။ သူမ အရင္က ဖိုသီဖတ္သီ မျပင္မဆင္နဲ႔မို႔ ျဖစ္မယ္။ ဒီေန့ေတာ့ သူမက သပ္သပ္ရပ္ရပ္ သန္႔သန္႔ရွင္းရွင္းနဲ႔ဆိုေတာ့ ဘယ္ေလာက္ပဲ က်ားက်ားလ်ားလ်ားလုပ္ျပေနပါေစ၊ မိန္းမတစ္ေယာက္ရဲ့ အေခ်ာအလွက တစြန္းတစေတာ့ ေပၚေနေတာ့တာပဲ။

"ဒီမဟုတ္မမွန္ သတင္းေတြကို ဘယ္သူက လုပ္ႀကံလီဆယ္ေျပာလိုက္တာလဲ" ပိုင္ရွန္းရိႈ႔ ဝန္မခံဘဲ ျငင္းဆန္ေပမဲ့ ဘယ္သူက သူမကို တိုင္ေျပာလိုက္သလဲ သိပ္သိခ်င္မိတယ္။ ခ်န္ေထာက္က သူမကို အလြယ္တကူ ေျပာျပလိမ့္မယ္လို႔ေတာ့ သူမ ထင္မထားဘူးေပါ့။ ဒါေပမဲ့ ခ်န္ေထာက္က အိမ္အတြင္းပိုင္းကို လက္ယပ္ျပလိုက္တာ၊ မိန္းမလွတစ္ၪီး ထြက္လာေလတယ္။ မ်က္ႏွာေခ်ေတြ အထူသား လိမ္းထားေပမဲ့ လင္ခ်န္းဇီမွန္း ပိုင္ရွန္းရိႈ႔ ခ်က္ခ်င္း မွတ္မိလိုက္တယ္။ ၾကည့္ရတာ လင္ခ်န္းဇီက အေစာပိုင္းကလို ေပ်ာ့ညံ့ အားႏြဲ႔ႏုနယ္တဲ့ သြင္ျပင္ကို ခဝါခ်လိုက္ပံုပဲ။ သူမ လွပေတာက္ပစြာ ဝတ္စားထားၿပီး ေလ်ွာက္လွမ္းလာတာ။ 'ၾကာပန္းျဖဴေလးကေန ဘယ္လိုလုပ္ၿပီး စုန္းမဘုရင္မႀကီးလို ျဖစ္သြားတာလဲ။ ၿပီးေတာ့ သူ႔ကို အက်ဉ္းခ်ထားတာ မဟုတ္လား၊ ဘယ္လိုလုပ္ လြတ္သြားတာလဲ'

ဒီလင္ခ်န္းဇီေၾကာင့္ ပိုင္ရွန္းရိႈ႔ နားမလည္ႏိုင္ ျဖစ္သြားရၿပီ။ လင္ခ်န္းဇီက ခ်န္ေထာက္ဆီ ကလက္တက္တက္ႏြဲ႔ႏြဲ့ေနာင္းေနာင္းေလ်ွာက္သြားလိုက္ၿပီး ၿငိဳ႔ဓာတ္အျပည့္နဲ႔ ဂါရဝျပဳလိုက္ေသးတယ္။ "ၿမိဳ႔ေစာင့္တပ္မွဴး ခ်န္"

"ထပါ လင္မိန္းကေလး၊ ဒါက မင္းေျပာတဲ့ ရိႈ႔သခင္မ ဟုတ္ပါတယ္ေနာ္"

"ဟုတ္တာေပါ့၊ သူ မီးခိုးအေငြ့ျဖစ္သြားရင္ေတာင္ ကြၽန္မ မွတ္မိေနမွာ"

"ေကာင္းၿပီ၊ မင္း ဘာေျပာခ်င္ေသးလဲ"

"ငါက ဘယ္သူ ျဖစ္ေနေန၊ နင္က်င္းၿမိဳ႔ကို လာဖို႔က ငါ့ သေဘာနဲ႔ ငါလာတာပဲ၊ မင္းသားလီနဲ႔ မဆိုင္ဘူး"

"အေစခံေတြ... ရိႈ႔သခင္မကို ေျမေအာက္ အက်ဉ္းခန္းထဲ ထည့္ထားလိုက္၊ မင္းသားရုန္ရဲ့ အဆံုးအျဖတ္ကို ေစာင့္ၾကတာေပါ့" ခ်န္ေထာက္က သိပ္စိတ္လႈပ္ရွားေနတာေပါ့။ သူ ေနာက္ဆံုးေတာ့ လံုဟန္႔ရဲ့ အားနည္းခ်က္ကို အပိုင္ကိုင္လိုက္ႏိုင္ၿပီေလ။ ဒီကိစၥကို အေျချပဳျပီး မင္းသားလီကို အလဲထိုးလို႔မွ မရရင္ သူ႔နာမည္က ခ်န္မ်ိဳးရိုး မဟုတ္ေတာ့ဘူး။

ပိုင္ရွန္းရိႈ႔ ဇာတ္လိုက္မကို ေစာက္ရမ္း ရြံသြားၿပီ။ သူမအေပၚ ကလဲ့စားေခ်ဖို႔ ဒီလိုနည္းလမ္းမ်ိဳးအထိ သံုးရတယ္လို႔။ "ခဏေလး ငါ ေျပာစရာ ရိွေသးတယ္" သူမ ေျခလွမ္းကို ရပ္ၿပီး ဇာတ္လိုက္မကို မ်က္ႏွာခ်င္းဆိုင္လိုက္တယ္။ "ကြၽန္မ ရွင့္ကို အၿမဲေမးခ်င္ေနတာ ရိွခဲ့တယ္၊ ရွင့္မွာ ၪီးေနွာက္ တကယ္ေရာရိွရဲ့လား... ကြၽန္မတို႔ ရန္ဘက္ျဖစ္ေနတာကို ခဏေလာက္ ေမ့ထားလိုက္ၪီး၊ တိုင္းျပည့္ရန္သူနဲ႔ ရွင့္ရဲ့ ပုဂၢိုလ္ေရး ရန္သူ ဘယ္ဟာက ပိုအေရးႀကီးသလဲ မခြဲတတ္တာလား၊ လံုဟန္႔က ေနာက္တိုက္ပြဲေတြ မၾကာခင္ဆက္တိုက္ရေတာ့မွာ၊ သူက ကြၽန္မတို႔ တိုင္းျပည္ကို ကာကြယ္ေပးမွာ၊ ရွင္တို႔ ေနတဲ့ အိမ္ကို ကာကြယ္ေပးမွာ... ဒါေတာင္ သူ ဒုကၡေရာက္ေအာင္ ရွင္တို႔က အႏၲရာယ္ေပးခ်င္တယ္၊ ကြၽန္မတို႔ တိုင္းျပည္ အေရးနိမ့္သြားတာကို ျမင္ခ်င္တာလား၊ ရန္သူ႔တိုင္းျပည္အတြက္ သံု႔ပန္းေပ်ာ္ေတာ္ဆက္မယ္ ျဖစ္ခ်င္ေနတာလား... ဒီတိုင္းျပည္ တစ္ခုခုျဖစ္သြားရင္ ရွင့္မိဘေတြေရာ လြတ္လပ္ေပ်ာ္ပါးၿပီး ေနႏိုင္မယ္ ထင္လား၊ လံုဟန္႔က ရွင္တို႔ရဲ့ ရာထူးစည္းစိမ္ေတြ ဂုဏ္ေတျြဒပ္ေတြအတြက္ လံုဟန္႔က တိုက္ပြဲဝင္ၿပီး ကာကြယ္ေပးေနတာေနာ္၊ သူ႔အသက္ကို ေရ႔ွတန္းမွာ စြန္႔စားထားတာ... ဒါေတာင္ ပုဂၢိုလ္ေရး မေက်နပ္ခ်က္ေလး ရိွတာနဲ႔ ရွင္က တစ္တိုင္းျပည္လံုးကို ဆြဲခ်မလို႔ လုပ္တယ္ေပါ့...!"

ပိုင္ရွန္းရိႈ႔ စကားေတြေၾကာင့္ လင္ခ်န္းဇီ ေၾကာင္အသြားေတာ့တယ္။ ေဘးကေနတဲ့ ခ်န္ေထာက္ေတာင္ အံ့ၾသသြားမိတာပဲ။ မိန္းမတစ္ေယာက္က ခ်က္က်လက္က် ျပန္ျငင္းႏိုင္ၿပီး တစ္ခ်ိန္တည္းမွာ အၫွာအတာမဲ့ ဆူပူႀကိမ္းေမာင္းႏိုင္တာမ်ိဳးကို သူ တစ္ခါမွ မေတြ့ဖူးခဲ့ဘူး။

"ၿပီးေတာ့ ရွင္... ဒီမိန္းမကေတာ့ ထားပါ၊ ရွင္ကပါ သေဘာထားေသးသိမ္ေနစရာလား၊ လံုဟန္႔က ရွင့္ေနရာကို လုတယ္ထင္ေနလား၊ သူက ဝမ္ရယ္ဘြဲ႔ရထားတာေနာ္...! ဒီစစ္ႀကီးၿပီးသြားရင္ သူ႔နဂိုေနရာ ၿမိဳ႔ေတာ္ကို ျပန္သြားမွာ၊ ရွင့္ဘာသာ ရွင္ ဒီၿမိဳ႔မွာ ၿမိဳ႔ေစာင့္တပ္မွဴးျဖစ္ျဖစ္၊ ၿမိဳ႔စားႀကီးျဖစ္ျဖစ္ သူ အေရးလုပ္ေနမယ္ ထင္လား၊ ရွင္တစ္ေယာက္တည္း ၪီးေဆာင္မႈနဲ႔ ရန္သူ႔စစ္တပ္ကို တိုက္ထုတ္ႏိုင္မယ္၊ သူ႔အကူအညီမလိုဘူးလို႔ ယံုၾကည္ခ်က္ရိွေနတာလား... လံုဟန္႔ ထြက္သြားရတာနဲ႔ ရန္သူတပ္က ရွင္တို႔ၿမိဳ႔ကို လာနင္း​ေခ်မယ္ဆိုတာ အေသအခ်ာပဲ၊ အဲ့ဒီအခါက်မွ ရွင့္မွာ ေရြးခ်ယ္စရာ ႏွစ္ခုပဲ ရိွေတာ့မွာ၊ ေသမလား အရႈံးေပးမလားပဲ၊ အဲ့ဒီေတာ့မွ သြားခ်င္တဲ့ လမ္းသြား... ဒါေပမဲ့ ရွင္ ဘယ္လမ္းသြားသြား၊ အခုအေျခအေနေလာက္ ေကာင္းႏိုင္မလား၊ ဒါေတာင္မွ ရွင္က လံုဟန္႔ကို ျဖဳတ္ၿပီး ရွင္တစ္ေယာက္တည္း ေခါင္းေဆာင္လုပ္ခ်င္ေနတယ္၊ လုပ္ႏိုင္တဲ​ျ အစြမ္းအစေရာ ရိွရဲ့လား... ရွင္ မယံုရင္ စမ္းၾကည့္ၾကမလား၊ ဟမ္...! လံုဟန္႔ကို ၿမိဳ႔ေတာ္ ျပန္ေစလိုက္၊ ရွင့္လက္ထဲ ရႈခရိုင္ကို ထားေပးခဲ့မယ္၊ ရန္သူစစ္တပ္ကို ရွင့္ဘာသာ ရင္ဆိုင္၊ ၿပီးမွ ကူပါ ကယ္ပါနဲ႔ ဘယ္သူ ငိုေနရမလဲ ၾကည့္ၾကတာေပါ့...!" ပိုင္ရွန္းရိႈ႔ ေျပာခ်င္တာ ေျပာၿပီးသြားတယ္၊ ဒါေပမဲ့ သူတို႔ကို တစ္ခုခု ျပန္ေျပာခြင့္ ေပးမေနဘူး။ "ေအး၊ တို႔ ေျပာလို႔ၿပီးၿပီ၊ ရွင္တို႔ ဘာေတြ လုပ္ခဲ့မိသလဲ သြား ျပန္ဆင္ျခင္ေနလိုက္ ၪီးေနွာက္မရိွတဲ့ သတၲဝါေတြ...! ဒီေလာက္ ေလ​ကုန္ခံၿပီး ေျပာထားရတာကို အလဟႆျဖစ္ေအာင္လို႔ ဝက္ၪီးေနွာက္နဲ႔ေတာ့ မစဉ္းစားနဲ႔"

အဆိပ္ျပင္းလိုက္တာ၊ တကယ္ကို အဆိပ္ျပင္းလြန္းတယ္။ မိန္းမတစ္ေယာက္က ဘယ္လိုေတာင္ စကားၾကမ္းၾကမ္းေတြ ေျပာလိုက္ႏိုင္ရတာလဲ။ သူမ လွည့္ထြက္သြားတာနဲ႔ လင္ခ်န္းဇီ မခံမရပ္ႏိုင္ေတျြဖစ္ၿပီး ေအာ္ၿဖဲလိုက္တာကို ၾကားလိုက္ရေလရဲ့။ "ပိုင္ရွန္းရိႈ႔... နင္ ေသခ်င္စိတ္ေပါက္ေအာင္ကို ငါ လုပ္ျပမယ္...!"

"က်စ္ ထင္ထားတဲ့ အတိုင္းပဲ ၪီးေနွာက္ကို မသံုးဘူး" သူမကို ေျမေအာက္အက်ဉ္းေထာင္ထဲ ေခၚသြားတယ္ဆိုတာကို ပိုင္ရွန္းရိႈ႔ လိုက္ခံစားမေနေတာ့ဘူး။ သူမ အၾကည့္ေတြကို ကိုယ့္ေျခလွမ္းေရ႔ွကိုပဲ အာရံုစိုက္ထားလိုက္ေတာ့တယ္။ ဒါေပမဲ့ သူမကို လိုက္ပို႔ေနၾကတဲ့ ရဲမက္ေတြ ရုတ္တရက္ႀကီး ရပ္သြားၾကေလတယ္။ သူတို႔အေရ႔ွမွာ ေၾကာက္စရာတစ္စံုတစ္ခု ရိွေနပံုရတယ္။ ပိုင္ရွန္းရိႈ႔ ေခါင္းေမာ့ၾကည့္လိုက္ေတာ့ လမ္းပိတ္ရပ္ေနတဲ့ စုန္႔ေက်ာင္းယြဲ႔နဲ႔ ယြီခြမ္းကို ေတြ့ပါေလေရာ။ သူမ တစ္ခုခုျဖစ္တယ္ သတင္းၾကားတာနဲ႔ အေျပးလိုက္လာတာ ျဖစ္ရမယ္။ "ကြၽန္မ အဆင္ေျပပါတယ္၊ လံုဟန္႔ကို ဂရုစိုက္ဖို႔ ေျပာေပးပါ"

ပိုင္ရွန္းရိႈ႔က ဘာမွ မျဖစ္ထားသလို ၿပံဳးျပလိုက္တယ္၊ ဒါေပမဲ့ စိတ္ထဲမွာေတာ့ လံုဟန္႔ အျပစ္ေပးခံရမွာကို စိုးရိမ္ေနမိတယ္ေလ။ စစ္တပ္စည္းမ်ဉ္းစည္းကမ္းေတြက သိပ္တင္းၾကပ္တာ။ ယြီခြမ္းကေတာ့ ပိုင္ရွန္းရိႈ႔ကို ကယ္ထုတ္သြားလိုက္ခ်င္တာပဲ၊ ဒါေပမဲ့ စုန္႔ေက်ာင္းယြဲ႔က တားလိုက္တယ္။ သိုင္းေလာကကလူေတြက အရမ္း စြတ္တရြတ္ႏိုင္တာပဲ။ ဒါက စစ္စခန္း၊ ခံတပ္ၿမိဳ႔။ သူမ အက်ဉ္းခ်ခံလိုက္ရတာကို ၾကည့္ေနရံုကလြဲၿပီး သူတို႔မွာ တျခား ေရြးခ်ယ္စရာ မရိွခဲ့ဘူး။ စုန္႔ေက်ာင္းယြဲ႔ေလသံက မာေနတယ္။ "ကြၽန္ေတာ္ လံုဟန္႔ကို သြားအေၾကာင္းၾကားလိုက္ၪီးမယ္၊ ခင္ဗ်ား သူ႔ကို ေစာင့္ေရွာက္ထားေပး"

"ေကာင္းၿပီ" ယြီခြမ္း သူတို႔ေနာက္က လိုက္လာေတာ့တယ္။ ဒါေပမဲ့ ေျမေအာက္ အက်ဉ္းစခန္းထဲကိုေတာ့ သူ ေပၚတင္ႀကီးလိုက္ဝင္လို႔ မျဖစ္ဘူးေလ။ သူ ပိုင္ရွန္းရိႈ႔ကို ခ်င္းကပ္လို႔ ရတဲ့ နည္းလမ္းဆိုလို႔ ျပတင္းေပါက္ အေသးေလးတစ္ခုပဲ ရိွတယ္။ ဒီက အက်ဉ္းခန္းေတြကို ေသခ်ာ ျပဳျပင္ထိန္းသိမ္းထားတာ မရိွေတာ့ ေက်ာက္တံုးေတြက အၿငိေတြတက္ၿပီး အက်ဉ္းခန္းေတြကလဲ ေမွာင္မိုက္ ေအးစိမ့္ေနေတာ့တာပဲ။

အထဲေရာက္တာနဲ႔ ပိုင္ရွန္းရိႈ႔ ကိုယ့္ကိုယ္ကိုယ္ ပိုက္ၿပီး ေနမိေတာ့တယ္။ ဒီေနရာမွာ အနားယူႏိုင္ဖို႔ကေတာ့ ခက္မွာပဲ။ အဲ့ဒီအခ်ိန္မွာ ျပတင္းေပါက္အေသးေလးကေန တစ္စံုတစ္ေယာက္က ၿခံဳထည္တစ္ခု ပစ္ေပးလာတယ္။ သူမ ဖမ္းယူထားလိုက္တယ္။ ယြီခြမ္းရဲ့ အသံကိုလဲ ၾကားလိုက္ရတယ္။ "အျပင္ကေန ခင္ဗ်ားကို က်ဳပ္ ေစာင့္ေရွာက္ေပးေနမယ္၊ မစိုးရိမ္ပါနဲ႔၊ ဒါေပမဲ့ သူတို႔က ခင္ဗ်ားကို ဘာေၾကာင့္ ဖမ္းတာတဲ့လဲ"

"ကြၽန္မက မိန္းကေလးျဖစ္ေနတာကို လင္မိန္းကေလးက ေဖာ္ေကာင္လုပ္ပစ္လိုက္တယ္၊ ဒါေၾကာင့္ ခ်န္ေထာက္က ကြၽန္မကို အသံုးခ်ၿပီး လံုဟန္႔ကို တိုက္ခိုက္ဖို႔ လုပ္တာ"

"က်ဳပ္ အဲ့ဒီမိန္းမကို သတ္ေပးရမလား"

"သိုင္းမတတ္တဲ့ မိန္းမတစ္ေယာက္ကို ရွင္ သတ္ႏိုင္လိမ့္မယ္လို႔ ကြၽန္မ မထင္ဘူးေနာ္"

"မဟုတ္ဘူးေလ၊ သူက ခင္ဗ်ားကို ထိခိုက္ေစတာဆိုရင္ေတာ့ က်ဳပ္ ၫွာတာမွာ မဟုတ္ဘူး"

"ယြီခြမ္း၊ ေက်းဇူးတင္ပါတယ္"

"က်ဳပ္က အားနာတယ္"

"ဟင္၊ ရွင္က ဘာျဖစ္လို႔ ရုတ္တရက္ႀကီး အားေတြနာေနတာလဲ"

"ဟိုေန့က ခင္ဗ်ားတို႔ အိပ္ခန္းထဲ ဝင္လာမိတာ၊ ခင္ဗ်ားကို မင္းသားလီ အထင္လြဲစရာ ျဖစ္သြားေစမိလို႔"

"သူ အထင္မလြဲပါဘူး၊ ကြၽန္မ သူ႔ကို ေသခ်ာ ရွင္းျပလိုက္တယ္၊ ဒါေပမဲ့ ကြၽန္မ ရွင့္ကို ေတာင္းပန္ရမွာ... ရွင့္အေၾကာင္းေတြ သူ႔ကို ေျပာျပလိုက္မိလို႔၊ သူ တျခားလူေတြကို ျပန္ေျပာမွာ မဟုတ္ပါဘူး၊ စိတ္မပူနဲ႔ေနာ္"

"...သူ မေျပာဘူးဆိုတာ က်ဳပ္ ယံုပါတယ္" တစ္ခဏေတာ့ သူတို႔ ႏွစ္ေယာက္စလံုး ႏႈတ္ဆိတ္ေနခဲ့မိတယ္။ ပိုင္ရွန္းရိႈ႔ ၿခံဳထည္ကို ၿခံဳထားရင္း ေက်ာက္ကုတင္ေပၚ သြားထိုင္ေနလိုက္တယ္။

"ယြီခြမ္း၊ မနက္ျဖန္ တစ္ခုခု ျဖစ္လာရင္ေလ၊ ကြၽန္မပဲ အျပစ္ေတြအကုန္ ခံယူလိုက္မယ္၊ အျပစ္ေပးခံရတဲ့ အခါမွာ ရွင္ ဝင္ မဟန္႔တားနဲ႔ေနာ္" 'စစ္ႀကိမ္လံုးနဲ႔ ႀကိမ္ဒဏ္အခ်က္ ၁၀၀ ဆိုရင္ ငါ အသက္ထြက္သြားမွာပဲ၊ ငါ အရိုက္သတ္ခံရမဲ့ ကံၾကမၼာ ဖန္ကို ဖန္လာမယ္ မထင္ထားဘူး' သူမ ဒါေပမဲ့ ထူးထူးျခားျခား စိတ္ေအးေနတယ္။ သူမ သားေလးနဲ႔ လံုဟန္႔တို႔ အဆင္ေျပမယ္ဆိုသေရြ့ ရတယ္။ သူမ ကံတရားကို လက္ခံႏိုင္ပါတယ္။

"ခင္ဗ်ား... ေသရမွာလား"

"ေသေလာက္တယ္"

"ဒါဆို ခင္ဗ်ား တကယ္ေသသြားခဲ့ရငါ က်ဳပ္ သူတို႔ကို သတ္ၿပီး ကလဲ့စားေခ်ေပးပါရေစလား"

"ရွင့္ကိုယ္ရွင္အတြက္ အႏၲရာယ္မျဖစ္ႏိုင္သေရြ့ သေဘာရိွသလို လုပ္ပါ"

"ပိုင္ရွန္းရိႈ႔ ခင္ဗ်ားက တကယ္ကို ၾကင္နာတတ္တဲ့ အမ်ိဳးသမီးပဲ၊ ယြီရႈက ခင္ဗ်ားကို သိပ္ႏွစ္သက္တာ... သူ႔ႏွလံုးသားထဲမွာ ခင္ဗ်ား ပံုရိပ္ေတြပဲ ျပည့္ႏွက္ေနတယ္" သူ အမွန္တိုင္း ေျပာတာပါ။ ယြီရႈရဲ့ စိတ္က ငယ္ႏုေသးတယ္ဆိုေပမဲ့ ပိုင္ရွန္းရိႈ႔အေပၚ ထားတဲ့ သူ႔ ခံစားခ်က္က ခိုင္မာလြန္းလို႔ ဘယ္သူကမွ ဘယ္အရာကမွ ပ်က္ျပယ္သြားေစႏိုင္မွာ မဟုတ္ဘူး။

Continue Reading

You'll Also Like

783K 30.1K 90
ခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချ...
1.5M 89.4K 37
မချစ်ဘဲနဲ့ လက်ထပ်လိုက်ရပြီး အတူတူရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ marriage life ဇာတ်လမ်းလေးပါ uke က sissy typeပါ M-preg ပါ သဘောကျမှ ဖတ်ပါရှင် ဉာဏထင် ချစ...
2.2M 79.3K 79
ငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံ...
562K 15.2K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...