"ဒါဆို မင်းကို lunchအစား dinner chef ခန့်မယ်။ မင်းအဆင်ပြေရဲ့လား? အလုပ်ချိန်ကတော့ 6:00/9:00pmထိ။ လစာက U.S dollar 2000"
ဘုရားရေ ဒေါ်လာနှစ်ထောင်သည် တရုတ်ယွမ် 15000 နီးပါးပင်။ လစာက အရမ်းများလွန်းတယ်။(မြန်မာငွေ 41သိန်းကျော်)
"dinner chef ကတော့ အချို့အရေးကြီး ညစာစားပွဲရှိချိန်ဆိုရင် အချိန်ပိုဆင်းရမယ်။ အိမ်ပြန်ဖို့အဆင်မပြေရင် hotel မှာအိပ်ခန်းစီစဉ်ပေးမယ်"
"ဒါဆို ကျွန်တော်အလုပ်စဆင်းရင် ဒီညကစရမှာလား?"
"နေ့ခင်းပိုင်းမှာတော့ ဟင်းချက်ပစ္စည်းထားတဲ့နေရာရယ်...တချို့ ပစ္စည်းအသုံးပြုပုံတွေကို သင်ယူထားပေါ့...ပြီးတော့ ငါ့နာမည်က deep"
နေ့လည်စာချိန်ပြီးသွားသဖြင့် Mr. Deepသည် သူ့အာ တခြားchefတွေနှင့်မိတ်ဆက်ပေးသည်။ တချို့သည်အချိန်ပိုင်းဖြစ်သလို တချို့သည်လည်း တစ်နေကုန် chefများဖြစ်သည်။
သူလည်း တချို့သော အဆင့်မြင့်မီးဖိုချောင် ကိရိယာတချို့ကို မသုံးတတ်ပေ။စီနီယာများအား မေးရင်းစမ်းရင်းဖြင့် သင်ယူတတ်မြောက်ခဲ့သည်။ အားလုံးသည် သူ့အားနွေးနွေးထွေးထွေး ဆက်ဆံပေးသဖြင့် အဆင်ပြေခဲ့သည်။နောက်မှ သိရတာက သူက ဒီမှာအငယ်ဆုံးဖြစ်သည်ကိုပင်။ ပြောရရင် Kitchen-roomတွင်သူကလွဲ၍ အသက်အငယ်ဆုံးသည် 25နှစ်ကစသည်ကိုပင်။
>>>
"Leo...Mr.deepက မင်းကို ဝန်ကြီးတို့ရဲ့ညစာစားဝိုင်းထဲ လိုက်ရမယ်တဲ့.."
"ဒါနဲ့ ကော ဝန်ကြီးကဘယ်သူလဲဟင်?"
"နိုင်ငံခြားရေးဝန်ကြီး ရှောင်ကျီဖန်း.."
အခုမှအလုပ်စဝင်တဲ့ သူ့ကိုအခုလို အရေးကြီးတဲ့dinnerထဲ ထည့်မယ်ပေါ့။ ဝန်ကြီးချုပ်ရှောင်သည် နိုင်ငံရေးတွင် နာမည်အတော်ကြီးသော လူတစ်ယောက်ပင်။ သူ့အာ အနာဂတ်၏ သမ္မတဟုခေါ်ဆိုရလောက်သည် အထိ အာဏာကြီး၏။
သူသည် mediaတွေ သိပ်မသုံးပေမဲ့ ထိုလူ၏ကောင်းသတင်းကတော့ နေရာအနှံ့ပြန့်နေသောကြောင့် ထိုသူ့ကို သိေနရခြင်းဖြစ်သည်။
>>>>
Mr. Deepသည် အဝတ်အစားအပြင်အဆင်များအာ သေချာဂရုတစိုက်ကြည့်ရှုသည်။ အမျိုးသမီး chef ဆံပင်ရှည်သူများသည် ဆံပင်ကို သေချာဂရုစိုက်၍ ြဖီးသိမ်းကျရသည်။ သူ့အာ Mrသည်ဟင်းတစ်ပွဲချက်ခိုင်းသည်။သူကတော့ လွယ်ကူရိုးရှင်းသည့် ဝက်ချိုချဉ်ကြော်တစ်ပွဲကိုသာ ပြင်ဆင်ပေးလိုက်သည်။ ကျန်သည့်လက်ရာများသည် Mr. Deep၏ လက်ရာများသာဖြစ်သည်။
"သွားကြရအောင်...ဘာအမှားအယွင်းမှမဖြစ်စေနဲ့"
"ဟုတ်ကဲ့..."
"Leo! မင်းဟာအခုချိန်ကစပြီး မျက်ကန်းတစ်ယောက်လိုနေ"
Mr. Deepပြောတာကို သူနားမလည်ပေမဲ့ ခပ်မြန်မြန်ပဲ အဖြေပေးလိုက်သည်။သူ့အနေနဲ့ ပထမဆုံးအလုပ်ဆင်းတဲ့ရက်မှာ ပြသာနာမဖြစ်လိုပေ..
"ဟုတ်.."
ဟင်းပွဲများကို အကူများကကိုင်ဆောင်၍ သူနဲ့အတူ စီနီယာအကိုတစ်ယောက်နှင့် Mr. Deepသည် ဒီည၏ ဟင်းပွဲပြင်စားဖိုမှူးများဖြစ်ကြသည်။
Roomထဲသို့ရောက်သောအခါ သူနဲ့Lucusသည် ဟင်းချက်သူများအတွက်ပေးထားသော အခန်းငယ်တွင် နေရာဝင်ယူ၍ Mr. Deepသည် စားပွဲဝိုင်းနားတွင်ရှိနေသည်။ ဝန်ကြီးချုပ်ရှောင်ဟာ အရင်ရောက်ရှိပေမဲ့ ထိုသူနဲ့ချိန်းထားသူသည် မလာသေးပင်။
အချိန်သည် တဖြေးဖြေးကုန်လာ၍ နာရီဝက်ခန့်ပင် ကြာနေ၏။ ချိန်းထားသူသည် နောက်ကျသည်ထင်၏။
အတန်အကြာတွင် All black suitဝတ်ထားသော အမျိုးသားတစ်ယောက်ဝင်လာသည်။ ထိုသူ့ဘေးနားတွင် အမြင်ခပ်ရိုင်းရိုင်းဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ပါလာသည်။ ထိုသူသည် သူ့အာကျောပေးထိုင်နေသဖြင့် မျက်နှာကိုတော့ ေသချာမြင်ရပေ။
"Sean! ဘယ်က အပျက်မတွေကိုခေါ်လာတာလဲ!!ပြီးတော့ မင်းအချိန်ကိုလေးစားသင့်တယ်.."
တောက်ခေါက်သံကျယ်ကျယ်သည် အခန်းကျယ်အတွင်း၌ ဟိန်းကနဲပင်။ သူဟာ ခပ်ကြမ်းကြမ်းစကားများကြောင့် ခန္ဓာကိုယ်သည်တုန်ခနဲပင်။ Mrနှင့် Lucusတို့သည် ပုံမှန်အတိုင်းပင်။ အော်..ဒါကြောင့်မျက်ကန်းတစိယောက်လိုနေဖို့ Mr.deepက ပြောတာကို... ဒီအထဲမှ စကားများကို အပြင်ကိုပေါက်ကြားမိလျှင်...ဘေးကင်းမှာမဟုတ်ဘူးဆိုတာကိုေရာပေါ့။
"ဝန်ကြီးရှောင်ရယ် သူက ခင်ဗျား လက်အောက်က ဖူလုံရေးဝန်ကြီးရုံရဲ့ သမီးလေ..."
"အန်ကယ်ရှောင် ဖေးက darling ရဲ့ honey ရုံဖေးဖေးပါ.."
ဝန်ကြီးရှောင်သည် အသားတွေပါ တဆက်ဆက်တုန်နေသည်။ ကြည့်ရတာ ဒေါသထွက်သွားသည်ထင်သည်။သို့သော် နိုင်ငံရေးသမားပီပီ အမျက်မထွက်ဘဲ..
"အန်ကယ်သားရဲ့ အိမ်ထောင်ဖက်ဟာ မာရီရာပဲ။ seanရဲ့ အဆင့်အတန်းက သူနဲ့တူရာတန်ရာကိုပေါ့..."
ချမ်းသာတဲ့သူတွေဟာ အရမ်းကို ခွဲခြားဆက်ဆံကျတာပဲ။ ဝမ်ရိပေါ်ဟာ အဆင့်အတန်းခဲွဲခြားတဲ့ သူတွေကိုသိပ်မုန်းတာ...
ပြီးတော့ ဝန်ကြီးရှောင်သည် ထင်ထားသလို နိုင်ငံရေးသမားကောင်းမဟုတ်ပေ။ အပေါ်ယံ ဟန်ဆောင်မှုတွေဟာ သိပ်ကြောက်ဖို့ကောင်းတာ..
"ဖေးက ပုဇွန်ကြိုက်တယ်မှတ်လား...ရော့.."
ထိုသူသည် ဘေးကအမျိုးသမီးအာ ပုဇွန်ပေါင်းကိုထည့်ပေးသည်။ ဒီဟင်းသည် Mr. Deep၏ ကြယ်ငါးပွင့်ရ ဟင်းဖြစ်သည်။ ဟင်းတစ်ပွဲကို သိန်းချီတန်သည်။ ဒီပိုက်ဆံတွေသာ အောက်ခြေလူတန်းစား ဘယ်လောက်များများရဲ့ ဘဝကိုဖူလုံစေမှာလဲ??
အဓိကဟင်းပွဲများတွင် ဆော်လမွန်ငါးဟင်းသည် အတွင်းသားနူးစေပြီး အရေခွံကျွပ်ကျွပ်ဖြစ်စေရန် အချိန်အကြာကြီးပေါင်းထားရသော ကြယ်ငါးပွင့်ဟင်းပွဲ ဖြစ်သည်။ပြီးတော့ အကောင်ကြီးရေဘဝဲလက်များကို သေချာကင်၍ ဖရုံသီးဆော့နှင့်တွဲဖက်စေသည့် ဟင်းပွဲလည်းပါဝင်သည်။ နာမည်အကြီးဆုံး အမဲသားနှပ်ကလည်း...ဟင်း...ဒီဟင်းပွဲတွေသည် ဘေဂျင်းတွင်အိမ်ပေါင်းများစွာကိုဝယ်နိုင်သည်အထိ အဖိုးကြီးသည်။
ထိုသူကတော့ သူရှေ့က ဟင်းတစ်ခုကို ထပ်ခါထပ်ခါစားနေသည်။ ကြည့်ရတာ ထိုဟင်းသည် သူ့အား ခံတွင်းတွေ့စေသည်ထင်ပါ့..
"Sean!မနက်ဖြန် ငါ့မွေးနေ့။ မင်းငါ့ပွဲကို တက်ရမယ်။ တွဲဖက်က မာရီရာပဲဖြစ်ပါစေနော်.."
"Deep ကျွန်တော်ကို ဒီဟင်းထပ်ချက်ပေးအုန်း.."
ထိုသူဟာ ဟင်းတစ်ပွဲကို ထိုးပြလို့ ထပ်ချက်ခိုင်းနေသည်။ ကြည့်ရတာ သူတို့အလုပ် စလုပ်ရတော့မည်ပင်...
"Leo! Sweet and sour pork..."
ဟင်းပွဲနာမည်က သူ့ဟင်းပွဲလား??စားပွဲဝိုင်းတွင် ဟင်းအမျိုးပေါင်း 10မျိုးကျော်တွင် သူရဲ့သာမန်လူတိုင်းစားနိုင်တဲ့ဟင်းက အရင်ကုန်တာလား...။ ဝက်ချိုချဉ်သည် လူတန်းစားမရွေးစားနိုင်သည်။ သူ့ဟင်းသည် billအရဆို 5သောင်းလောက်ပဲတန်သည်။
"Leo!ဟင်းချက်တော့လေ.."
"ဟုတ်.."
Lucusကော၏ သတိပေးမှုအဆုံး သူသည်ဟင်းပွဲကို မြန်မြန်ပြင်ဆင်လိုက်၏...
>>>
သူသည် ဟင်းပွဲကို သွားပို့စဉ်တွင် တစ်စုံတစ်ယောက်၏ ခြေထိုးခံမှုကြောင့် သူ့ဟင်းပွဲဟာ ကြမ်းပြင်ပေါ် ကျသွားလေ၏။
"ကျစ်!...Sean မင်းဝန်ထမ်းတွေကို သေချာ train မထားဘူးလား။ ဒီဖိနပ်က ဂျပန်made မင်းလိုလူ ဒီတစ်သက် ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး။ အဆင့်အတန်းမရှိတဲ့ဟာတွေ..တောက် ပေကုန်ပြီ..."
"တောင်း...ပန်..ပါ..တယ်"
"ကျစ်...ပြန်သုတ်ပေးစမ်း..."
သူ၏ ဟင်းပွဲမှ အစက်ကလေးသည် ဝန်ကြီးရှောင်၏ ဖိနပ်အာစွန်းထင်စေခဲ့သည်။သူ့အမှားပေမို့ မျက်နှာကို ငုတ်ကာ ခေါင်းငုံခံပေမဲ့ သူအာစကားလုံးရင့်ရင့်များဖြင့် ထိုးနှပ်သဖြင့် မျက်ဝန်းမှ မျက်ရည်တို့သည် ကျလုနည်းနည်း...
သူသည် မပျော့ညံပါ..သို့သော် သူအလုပ်ပြုတ်ရင်တောင် ယခုလို သူများဖိနပ်ကို သုတ်ပေးလောက်သည်အထိ မနိမ့်ကျပေ။
"မော့!!မင်းမျက်နှာကို မော့လိုက်.."
ထိုသူသည် သူ့အာ မျက်နှာကိုမော့စေသည်။ ငွေ့ရည်ဖွဲ့နေသော မျက်ဝန်းကြားက မြင်ရသော ထိုသူသည် သိပ်ကိုခန့်ညား၏။ တောင့်တင်းတဲ့ခန္ဓာကိုယ်သည် အနက်ရောင် suitကြောင့် ပေါ်ပေါ်လွင်လွင်ပင်။ လေးထောင့်ဆန်သောပြီး ကျယ်ပြန့်သော ပခုံးနှင့်အတူ ရှည်လျားတဲ့အရပ်....
နက်မှောင်သော ဆံသားအောက်တွင် လင်းလက်နေသော မျက်ဝန်းတစ်စုံရှိနေသည်။နှုတ်ခမ်းတို့သည် တင်းတင်းပိတ်လျက် အပြုံးအရီမရှိ။တည်တင်းနေသော မျက်နှာကြောသည် ထိုမျှထိကြည့်ကောင်းတယ်တဲ့လား။ထို့အပြင် ထိုသူ၏မျက်ဝန်းနက်များသည် ဒေါသထွက်နေသယောင်ယောင်...
1dollar - 7.24Yuan
1Yuan -288.6MMK
A/N:ငွေစျေးနှုန်းတွေက ဂလူးဂလူးခေါက်ထားတာ မှားရင်ပြောကြအုန်းေနာ်🖤
22/6/2023
9:00pm
_____
Zawgyi
>>>
သူသည် mediaတွေ သိပ်မသုံးပေမဲ့ ထိုလူ၏ကောင်းသတင်းကတော့ နေရာအနှံ့ပြန့်နေသောကြောင့် ထိုသူ့ကိုသိနေရခြင်းဖြစ်သည်ေ
>>>>
"ဟုတ်ကဲ့..."
"ဟုတ်.."
"Leo! Sweet and sour pork..."
"Leo!ဟင်းချက်တော့လေ.."
"ဟုတ်.."
>>>
"တောင်း...ပန်..ပါ..တယ်"
"ကျစ်...ပြန်သုတ်ပေးစမ်း..."
22/6/2023
9:00pm
_____
22/6/2023
9:00pm