Sean's Adorer (Complete)
By peonywang18
115K 6.8K 571
ZSWW {Myanmar Fan Fiction) Birthday present for someone who love me~~๐Ÿ’š๐Ÿ’š๐Ÿ’š แ€™แ€ฑแ€แ€นแ€แ€ฌแ€›แ€•แ€บแ€แ€ถแ€แ€ผแ€„แ€บแ€ธโ— แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€•แ€ผแ€ฏแ€•แ€ผแ€ฎแ€ธ... More
SAยฐ1ยฐ
SAยฐ3ยฐ
SAยฐ4ยฐ
SAยฐ5ยฐ
SAยฐ6ยฐ
SAยฐ7ยฐ
SAยฐ8ยฐ
SAยฐ9ยฐ
SAยฐ10ยฐ
SAยฐ11ยฐ
SAยฐ12ยฐ
SAยฐ13ยฐ
SAยฐ14ยฐ
SAยฐ15ยฐ
SAยฐ16ยฐ
SAยฐ17ยฐ
SAยฐ18ยฐ
SAยฐ19ยฐ
SAยฐ20ยฐ
SAยฐ21ยฐ
SAยฐ22ยฐ
SAยฐ23ยฐ
SAยฐ24ยฐ
SAยฐ25ยฐ
SAยฐ26ยฐ
SAยฐ27ยฐ
SAยฐ28ยฐ
SAยฐ29ยฐ
SAยฐ30ยฐ
SAยฐ31ยฐ
SAยฐ32ยฐ
SAยฐ33ยฐ
SAยฐ34ยฐ
Epilogue
SAยฐ2ยฐ
4.3K 276 4
By peonywang18
"ဝိုး!...ကော အရမ်းချောနေပါလား..."
"အာ..အဲ့လောက်လဲ မဟုတ်ပါဘူးကွာ"
ကောသည် sweaterအကျီ ပန်းရောင်လေးအာ long pant အနက်ရောင်လေးနှင့် တွဲဖက်ဝတ်ဆင်ထားသည်။ ဆံပင်ညိုလေးတွေအာ အပြောင်သိမ်းလေ့ရှိသော ကောသည် အခုတော့ခပ်အုပ်အုပ် ဖွတာတာလေး ချထားသည်။ လက်ရှိ ကောပုံစံလေးသည် အထက်တန်း ကျောင်းသားတွေလိုပင်...
"ဟုတ်တယ် ကောရ...ကျွန်တော်တို့တောင် ကောရဲ့နုပျိုမှု​ေတွကို အရှုံးပေးရမှာ.."
သူတို့လို အထက်တန်းကျောင်းသားတွေထက်ပင် နုပျိုနေသော ကောဟာ အမှန်တကယ် လူချောလေးပင်။
"အာ...jackကို ကောတော့ မုန့်ဝယ်ကျွေးရအုန်းမှာပဲ.."
ဟော လူကြီးရှက်တော့ ရီတဲ့ သူတို့ကောကတော့ မျက်နှာလေး နီရဲနေတာ ပန်းသီးလေးအတိုင်းပင်။ရယ်မောရင်းနဲ့ သူတို့အာ မုန့်ဝယ်​ေကျွးမည့်အကြောင်း ပြောလာလေသည်။ သူတို့အား မုန့်မ​ေကျွးရင်တောင် ကောသည် အမှန်တကယ် လှသည်။ယောကျာ်းလေးတစ်ယောက်ကို ဒီလိုပြောလျှင် ကောတစ်ယောက် jack အာ ဆူမလားမသိဘူး။
"ကော...ကျွန်တော်ကိုရော.."
"Dream ကိုလည်း ဝယ်​ေကျွးများပေါ့"
"ဟိတ်ကောင်တွေ ကောအလုပ်နောက်ကျအုန်းမယ်"
ရှက်လွန်း၍ လည်ပင်းအာပွတ်နေသော ကောသည် ဂုတ်သား​ေလးများပင် နီရဲစပြု လာ​ေလသည်။ ဒီကောဟာ အသားအရေက အစမွေးကင်းစ ကလေးတွေလို နူးနူးညံ့ညံ့နဲ့ပင်။
"Konပြောမှပဲ ကော lunch timeမတိုင်ခင် တစ်နာရီကြိုရောက်ရမှာ။ ကော သွားပြီနော် အပြန်မုန့်ဝယ်ခဲ့မယ်"
ကောကိုရတဲ့ လူကတော့ ကံကောင်းတာပဲ။ ရုပ်ကလည်းချော၊ဟင်းကလည်းချက်တတ်၊အသုံးအဖြုန်းကလည်း လိုတာထပ်ပိုမသုံးတတ်။သူတို့လို တစိမ်းတွေကိုတောင် ညီအရင်းတွေလို ဂရုတစိုက်ဆက်ဆံတာ ကောင်မလေးကိုဆိုရင်​ေတာ့ ငုံထားမလားပဲ။​ေကာလိုလူမျိုးက အခုခေတ်မှာ ရှားမှရှားပဲ...
>>>
busကားစီးနေရင်း ပတ်ဝန်းကျင်မြင်ကွင်းများအာ ငေးမောနေမိသည်။ သူတောင် အပြင်မထွက်တာ တော်တော်ကြာပြီပဲ။ ဆောင်းဉီးရဲ့ နေ့လယ်ခင်းသည် ထင်သလောက်မအေးပေမဲ့ ကားပေါ်ရှိ air-conကြောင့် လူကချမ်းစိမ့်စိမ့်နဲ့...sweaterဝတ်လာတာ မှန်သွားတယ်။
သူဟာ မိဘမဲ့တစ်ယောက်ပင်။ လော့ယန် ဆမန်သာမိဘမဲ့ကျောင်းက မာသာကြီးတို့က သူ့အာ ကျွေးမွေးစောင့်ရှောက်ပေးခဲ့တာ။ အသက်အရွယ်တစ်ခုအထိ သူဟာထိုကျောင်းမှာပဲ ဝိုင်းကူလုပ်ပေးခဲ့သည်။ မနှစ်ကနွေမှာတော့ မာသာဟာ အပြင်းအထန် နေမကောင်းဖြစ်ခဲ့တယ်။ မာသာသည် ကင်ဆာနောက်ဆုံးအဆင့်ကို ခံစားနေရပေမဲ့ သူက​ေတာ့ဘာမှမလုပ်ပေးနိုင်ခဲ့ပေ။ မာသာသည် သူ့အာ ဒီကျောင်းလေးမှထွက်လို့ အသိပညာ၊အတတ်ပညာအသစ်တို့ကို ရှာဖွေစေချင်ခဲ့သည်။
တကယ်​ေတာ့မာသာသည် သူ့အာလော့ယန်မြို့လေးများပဲ သူ့ဘဝကို မကုန်ဆုံးစေချင်။ မာသာသည် အမေရိကန်သူဖြစ်သည်။ သူမသည် သူ့အာ leoလေးက အနာဂတ်မှာ ထွန်းပေါက်မဲ့ကလေးလို့ အမြဲပြော
​ေလ့ရှိသည်။ မာသာဆုံးပြီးချိန်တွင် သူသည်စုဆောင်းထားသော
ေငွကြေးအချို့နှင့် ​ေဘကျင်းကို တက်လာခဲ့ရသည်။ အသိမိတ်ဆွေမရှိသဖြင့် ဒုက္ခ ရောက်ခဲ့ရပေမဲ့ konတို့မားမားနှင့်တွေ့ခဲ့၍ သူ့ဘဝသည်အဆင်ပြေ ချောမွေ့လာခဲ့သည်။
.
.
.
The marigold Hotel ကြီးသည် နေရောင်အောက်က မနည်းပင်မျှော်ကြည့်နေရသည်။ ဒီလောက် နာမည်ကြီးမားသော hotelလက်အောက်တွင် အလုပ်ရမည်ဟု သူအမှန်တကယ်ပင် မထင်ထားမိခဲ့​ေပ။
"ဝါး..!"
Hotelအတွင်းသို့ ဝင်ဝင်ချင်းတွင် reception တွင် အနီနှင့်အပြာကို ရောစပ်ဝတ်ထားသော အမျိုးသမီးများဟာ ပျူငှာစွာကြိုဆိုနေသည်။Front office managerသည်လည်း ယဉ်ကျေးစွာဖြင့် ဧည့်သည်သိလိုသည်များကို ဂရုတစိုက်ရှင်းပြနေလေ၏။
Clientများတွင်လည်း ထိပ်တန်းမင်းသား၊မင်းသမီးများပင် ပါနေသေးသည်။ဟိုတယ်၏ ကြမ်းခင်းရှိ ပန်းကနုတ်သဏ္ဌာန် ကြွေပြားများသည်လည်း ပြောင်ချောနေ၍ ဖုန်မှုန့်ပင်တစ်စက်မျှမရှိ​ေပ။ မျက်နှာကျက်တွင်လည်း ကြီးမား​ လှသောမီးဆိုင်းကြီးက တည်တည်ဝါဝါပင်။ အပေါ်ထပ်သို့ထပ်ရန် အမြွှာလေးကားနှစ်ဖက်တွင်လည်း လမ်းတစ်လျှောက်တွင် ကောဇောနီကြီးများကို ခင်းကျင်းထားကြသည်။
အ​ေပါ်မျက်နှာကျက်တစ်လျှောက်တွင်လည်း ရောမပန်းချီကားချပ်များကို အပြည့်ကပ်ထားလေသည်။ယင်းအပြင်အဆင်များအရ ဟိုတယ်၏ တစ်ညတာငှားရန်ခသည်လည်း နည်းမည်မဟုတ်ပေ။ ထိုဟိုတယ်ကြီးနှင့်ယှဉ်လျှင် သူသည်အနည်းငယ် ဒီနေရာနှင့်ကွာခြားနေဟန် ။ သူ့ပုံစံသည်တောသား မြို့တက်လေးလိုပင် ကျီးကန်းတောင်းမောက် ဟိုကြည့်ဒီကြည့်နဲ့။
"ဒီက မောင်လေး ဘယ်သူကိုလာရှာတာလဲ"
"အာ..ကျွန်တော်က lunch chef ပါဗျာ့"
ထိုအမသည် အံသွသွားသယောင်ပင်။ သို့သော် သူ့အာအမေးစကားမဆိုဘဲ kitchen roomဘက်ကိုလိုက်ပို့ပေးလေသည်။
"Lacusရေ Executive chief ရော..."
"Boss ခေါ်လို့သွားတယ် လီယာ။ ကြည့်ရတာ ဝန်ကြီး​ေရှာင်ညစာစားပွဲအတွက်ထင်တယ်.."
"ဒါက lunch chef တဲ့.. နာမည်က..."
"ဝမ်ရိပေါ်ပါဗျာ့.."
"ဒါနဲ့ အသက်ဘယ်လောက်လဲဟင်?.."
Lucus ဆိုတဲ့ကောသည် သူ့အသက်အာ မေးလာ​ေလသည်။
"21ပါဗျာ့.."
"တော်သေးတာပေါ့..ေမာင်လေးကိုကြည့် အရမ်းနုတော့ အသက်မပြည့်သေးဘူးထင်နေတာ။ အခုအမက အလုပ်ရှိသေးလို့ အရင်သွားနှင့်မယ်။ Lucus...E-chiefလာရင် ကူညီပေးလိုက်အုန်းနော်"
ထိုအမသည် ပြောပြောဆိုဆိုဖြင့် roomထဲမှထွက်သွားလေသည်။ သူကတော့E-chief room sofaမှာ ထိုင်၍ ဝါရင့်စားဖိုမှူး ပြန်အလာကိုစောင့်နေရသည်။မှန်အပြင်ဘက်မှမြင်ရသော kitchen roomတွင် စားဖိုမှူး ဆယ်ယောက်ရှိသည်။ အကူကတော့ တော်တော်များသည်။
Sea-food များကို ရေခဲရိုက်ထားသည် မဟုတ်ဘဲ မွေးမြူထားများကိုသာ သုံးသည်ထင်၏။ K-roomထဲတွင် ရေခဲသေတ္တာကြီး သုံးခုရှိသည်။ ထို့အပြင် အခန်းငယ်တစ်ခုလည်း ပါဝင်သည်။ ထိုအခန်းတွင် ပါဝင်ပစ္စည်းများကို သိုလှောင်ထားသည်ထင်၏။ပြောရလျှင် ထိုနေရာသည် အသေးစား Marketတစ်ခုလိုပင်။
အတန်ကြာတော့ အခန်းထဲသို့ အသက်50အရွယ် စာဖိုမှူးတစ်ဉီးဝင်လာသည်။ ကြည့်ရတာ E-chiefထင်သည်။ ထိုသူသည် မိမိအရှေ့က sofaကိုဝင်ထိုင်ကာ..
"မင်းက lunch chef လား "
"ဟုတ်ပါတယ်ဗျာ့.."
"နာမည်က.."
"ဝမ်ရိပေါ်ပါ.."
"ဒီမှာက foreigners တွေများတယ်။ မင်းမှာ eng nameရှိလား? Engလိုရောပြောတတ်ရဲ့လား.."
နိုင်ငံခြားသားများသည် တရုတ်နာမည်များကိုခေါ်ရာ၌ အသံထွက်ပီပီမရှိပေ။ မာသာသည်လည်း သူ့အာ ရိပေါ်အစား အိပေါ်လို့ ခေါ်ဖူးသည်။
"အနည်းငယ်တော့ပြောတတ်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို Leoလို့ခေါ်နိုင်ပါတယ်"
မာသာ၏ သင်ကြားမှုအောက်တွင် သူ၏engအပြောသည် အကောင်းကြီးမဟုတ်ပေမဲ့ အဆိုးကြီးလည်းမဟုတ်ဘူး။ အပြန်အလှန်ပြောဆိုရာတွင် အဆင်ပြေလောက်သည့် level တွင်ရှိသည်။
သို့သော်ဘယ်ကိစ္စမဆို အပြောထက် အလုပ်နဲ့သက်သေပြသည်က ပိုကောင်းသည်။ သူသည် ကြွားဝါခြင်းကို မုန်းသည်။ ထို့ကြောင့် သာမန်လောက်ဟု ​ေ​ြ​ပာလိုက်ခြင်းသာဖြစ်သည်။
"ဒါနဲ့ သင်တန်းတက်ဖူးလား? ဘယ်အပိုင်းကို အထူးပြုယူထားတာလဲ..."
"ဟုတ်ကဲ့ တက်ဖူးပါတယ်။ China foodနဲ့ cakeအပိုင်းကို အထူးပြုယူထားပါတယ်။တခြား အပိုင်းတွေလည်းချက်တတ်ပါတယ်။ Coffee အပိုင်းကိုလည်း အနည်းငယ်တတ်ပါတယ်"
သူတို့ hotelတွင် အများအားဖြင့် တရုတ်အစားအစာသည် လူကြိုက်များသည်။ထို့အပြင် ရိုးရာအစားအသောက်ကို တခြားအစားအစာထက် ပိုအလေးပေးသည်။ ဒီအသက်အရွယ်နဲ့ အရည်အချင်းကောင်းကို ပိုင်ဆိုင်ထားတာပဲ..
21/6/2023
9:00pm
___________
Zawgyi
"အာ..အဲ့လောက်လဲ မဟုတ်ပါဘူးကှာ"
"ဟုတ်တယ် ကောရ...ကျွန်တော်တို့တောင် ကောရဲ့နုပျိုမှုတှေကို အရှုံးပေးရမှာ.."
"ကော...ကျွန်တော်ကိုရော.."
"Dream ကိုလည်း ဝယ်ကြှေးမြားပေါ့"
>>>
.
.
.
"ဝါး..!"
"ဝမ်ရိပေါ်ပါဗျာ့.."
Lucus ဆိုတဲ့ကောသည် သူ့အသက်အာ မေးလာလေသညျ။
"21ပါဗျာ့.."
"မင်းက lunch chef လား "
"ဟုတ်ပါတယ်ဗျာ့.."
"နာမည်က.."
"ဝမ်ရိပေါ်ပါ.."
21/6/2023
9:00pm
Continue Reading
You'll Also Like
787K 29.2K 97
๐€ ๐’๐Œ๐€๐‹๐‹ ๐…๐€๐‚๐“: you are going to die. does this worry you? โช tua s1 โŽฏโŽฏโŽฏ 4 โซ ยฉ ๐™ต๐™ธ๐š…๐™ด๐™ท๐š‡๐š๐™ถ๐š๐™ด๐™ด๐š…๐™ด๐š‚...
1M 32.9K 78
"๐™พ๐š‘, ๐š•๐š˜๐š˜๐š” ๐šŠ๐š ๐š๐š‘๐šŽ๐š–! ๐šƒ๐š ๐š˜ ๐š•๐š’๐š๐š๐š•๐šŽ ๐š—๐šž๐š–๐š‹๐šŽ๐š› ๐š๐š’๐šŸ๐šŽ๐šœ! ๐™ธ๐š'๐šœ ๐š•๐š’๐š”๐šŽ ๐š๐š‘๐šŽ๐šข'๐š›๐šŽ...๐š๐š˜๐š™๐š™๐šŽ๐š•๐šรค๐š—๐š๐šŽ๐š›๐šœ ๐š˜๐š ๐šŽ๐šŠ๐šŒ๐š‘...
287K 13.8K 93
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
49.2K 3.6K 12
แ€แ€แ€ซแ€แ€ฏแ€”แ€บแ€ธแ€€ แ€™แ€„แ€บแ€ธแ€žแ€ฌแ€ธแ€œแ€ฑแ€ธแ€แ€•แ€ซแ€ธแ€›แ€พแ€ญแ€แ€šแ€บแ‹ แ€™แ€„แ€บแ€ธแ€žแ€ฌแ€ธแ€œแ€ฑแ€ธแ€Ÿแ€ฌ แ€žแ€ฐแ€ทแ€†แ€ฎแ€€แ€ญแ€ฏ แ€˜แ€šแ€บแ€แ€ฑแ€ฌแ€ทแ€™แ€พ แ€•แ€ผแ€”แ€บแ€™แ€œแ€ฌแ€แ€ฑแ€ฌแ€ทแ€™แ€šแ€ทแ€บแ€œแ€ฐแ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บแ€€แ€ญแ€ฏ แ€…แ€ฑแ€ฌแ€„แ€ทแ€บแ€™แ€ปแ€พแ€ฑแ€ฌแ€บแ€›แ€„แ€บแ€ธ แ€กแ€›แ€™แ€บแ€ธแ€กแ€›แ€™แ€บแ€ธแ€€แ€ญแ€ฏ แ€กแ€œแ€ฏแ€•แ€บแ€›แ€พแ€ฏแ€•แ€บแ€”แ€ฑแ€œแ€ปแ€€แ€บ แ€›แ€พแ€ญแ€•แ€ซแ€แ€šแ€บ...