*ငယ်ငယ်ကအိမ်မက်အတိုင်းဖြစ်လာတော့အဖိုးအတိုင်းမသိဝမ်းသာပါတယ် မင်မင်လေးရယ်
*
*ကျေးဇူးတင်ပါတယ် အဖိုး....*
*ဒါနဲ့ဘာလို့အရင်နေ့တွေကဈေးလာမရောင်းတော့တာလဲ ဟင်...*
*အဖိုး နေမကောင်းလို့ပါ...*
ပန်းချီပြခန်းလေးထဲ လိုက်ပတ်ကြည့်နေတဲ့အဖိုးမင်ယောင်ကမုသားလှလှလေးဆိုလိုက်တော့ ဂျီမင်ကခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်နေသည်။
ငယ်ငယ်ကတည်းကအမြဲတမ်းစာရွက်တရွက်နဲ့ခဲတံတချောင်းကိုင်ပြီး တအိမ်လုံးလျှောက်သွားနေတက်တဲ့ မင်မင်လေးကိုမျက်လုံးထဲပြန်မြင်ယောင်တော့ မျက်ရည်ဝဲရပြန်သည်။မင်မင်လေးကြီးလာရင် ဘာလုပ်မလဲလို့မေးလိုက်တိုင်းပန်းချီဆရာ ဖြစ်ချင်တယ်ဆိုတဲ့ အဖြေဘဲအမြဲကြားရတယ်။
ဖခင်လိုမြို့စားမင်းမဖြစ်ချင်ဘူးတဲ့လေ။အခုတော့မင်မင်လေးစိတ်ကူးထားတဲ့အတိုင်းလက်တွေ့ဖြစ်လာပြီ။လက်ရာမြောက်လှတဲ့ ပန်းချီကားချပ်တွေက သက်ဝင်လှသည် ။ညီညာပြီး အရောင်သွေးစုံလှတဲ့ကားချပ်အများကြီးထဲမှာမှ အဖိုးရဲ့အမြင်ကိုအာရုံဖမ်းစားတာက တစ်ပုံဘဲရှိတယ်။ဒါကတော့ မသေမသပ်နဲ့ဟိုခြစ်ဒီခြစ်လျှောက်ပြိီးရေးဆွဲထားတဲ့ ရုပ်ပုံမပီပြင်တဲ့ခဲခြစ်ပန်းချီလေးဘဲ။
သစ်သားမှန်ဘောင်လေးထဲမှာထည့်သိမ်းထားတဲ့ထိုစာရွက်လေးရဲ့အပေါ်မှာတော့ မေမေ၊ဖေဖေ၊မင် ဆိုတဲ့ခေါင်းစဉ်လေးနဲ့လူပုံသုံးပုံကိုကြည့်ပြီး ထိန်းထားတဲ့ကြားက မျက်ရည်တွေကအလျင်မြန်ဘဲကျဆင်းလာခဲ့တယ်။
*ဘာဖြစ်လို့လဲ အဖိုး...*
*မျက်လုံးထဲအမှုန်ဝင်သွားလို့ပါ ကလေးရယ်....*
မျက်ရည်ကြည်တွေကို လက်ဖမိုးနဲ့သုတ်လိုက်တဲ့ အဖိုးကို ဂျီမင်မေးလိုက်တယ်။ မှိုင်ထွေနေတဲ့အဖိုးမျက်နှာကို ဂျီမင် တွေ့ကတည်းကသတိထားမိနေတာ။အဖိုးဈေးရောင်းတဲ့နေရာလေးကို နေ့တိုင်းသွားကြည့်ပေမယ့် မတွေ့တော့ချေ။ရက်သတ္တပတ်ကြာတော့မှာအဖိုးကသူ့ဆီကို ရောက်လာခဲ့တယ်။
သူ့အကြောင်းတွေကိုအဖိုးကသိပြီးသူကတော့အဖိုးရဲ့နာမည်လေးတောင်မသိဘူး။
*မင့်ကို အဖိုးနာမည်မပြောရသေးဘူး နော်..*
*နောက်ပြီးဘယ်မှာနေတာလဲ အဖိုး..*
*အဖိုးနာမည်က မင်ယောင်ပါ...နေတာကတောင်ပိုင်းမှာလေ ..*
*ဪ...*
*မင်မင်လေးသိချင်တာအားလုံးအဖိုးကိုမေးလို့ရတယ်...*
*ဟုတ်ကဲ့ပါ..*
အငွေးတထောင်းထောင်းထနေတဲ့ လက်ဖက်ရည်ခွက်လေးကို အဖိုးကတုန်ရီနေတဲ့လက်နှစ်ဖက်ဖြင့်အုပ်ပြီးကိုင်လိုက်တယ်။မင်မင်လေးကို စကားပြောချင်လို့သာ လာခဲ့ရတာ ။ဘယ်ကနေစပြီးပြောရမှန်းမသိဘူး ။နောက်ပြီး ဂျွန်ဆော့ အိမ်ကတယောက်ယောက်ကများ သူ့ကိူတွေ့သွားလို့ မင်မင်လေးကို တခုခုလုပ်လိုက်မှာလည်းကြောက်ရေသးတယ်။
ယန်ယန်ပြောသလို ပြီးခဲ့တာလည်းကြာနေပြီ အစပြန်မဖော်ဘဲနေချင်ပေမယ့် မင်မင်လေးကိုတွေ့တိုင်း ပတ်ခ်ချွဲမင်အပေါ်တာဝန်မကျေသလိုခံစားရတယ်။
*မင်မင်လေးအဆင်ပြေတယ်မလား . *
*ဘာကိုလဲအဖိုး..*
*အစစအရာရာလေ ဂျွန်ဆော့က မင်မင်လေးကိုချစ်ရဲ့လား...*
*ဖေဖေကြီးက မင့်ကိုချစ်ပါတယ် အဖိုးရဲ့။ကိုကိုနဲ့မေမေကြီးကလည်း အရမ်းချစ်ပြီးအလိုလိုက်တယ်လေ..*
နှုတ်ခမ်းလေးကွေးညွှတ်တဲ့အထိပြုံးပြနေတာက ဟန်ဆောင်တာမဟုတ်ဘူးဆိုတာ အဖိုးသိတယ်။တကယ်အချစ်ပေးပြီး အလိုလိုက်ပေးတယ်ဆိုတာ မင်မင်လေးရဲ့အပြုံးတွေကသက်သေဘဲလေ။
အဖိုးမင်ယောင်သက်ပြင်းတချက်ချလိုက်တယ်။ထို့နောက် မင်မင်လေးနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီးမျက်လုံးချင်းဆုံကြည့်လိုက်တယ်။မင်မင်လေးရဲ့အပြစ်ကင်းပြီးချစ်စရာကောင်းတဲ့မျက်ဝန်းတွေက သူပြောမယ့်စကားကိုတွန့်ဆုတ်စေတယ်။
*မင့်ကိုပြောစရာရှိလို့လားအဖိုး..*
*ဆိုပါတော့..*
*ဘာများလဲ ဟင်..*
*မင်မင်လေးရဲ့မေမေနဲ့ဖေဖေကိုမလွမ်းဘူးလား...*
*လွမ်းတာပေါ့ အဖိုးကလည်း။အရမ်းလွမ်းတယ်..*
တုန်ရီနေတဲ့အဖိုးရဲ့အသံကြောင့် ဘာလို့မှန်းမသိဘူး..ဝမ်းနည်းစိတ်ကအလိုလိုဝင်လာတယ်။သူ့လက်နှစ်ဖက်ကိုဆုတ်ကိုင်လာတဲ့အဖိုးရဲ့လက်တွေကအေးစက်ပြီးတဆက်ဆက်တုန်နေတာကို သူခံစားမိတယ်။နောက်ပြီး အရည်လဲ့နေတဲ့မျက်ဝန်းတွေက ပြိုကျတော့မယ့်မိုးသားလိုဘဲ ....
*ကလေးလေးရဲ့မိဘတွေကဘာအပြစ်မှမရှိဘဲ အသတ်ခံရတာကိုရော မင်မင်လေးသိလား...*
*ဟင့်အင်း..!မင် မသိဘူး..*
သူမှတ်မိရုံဘဲရှိတာလေ။ဘာကြောင့်လဲဆိုတာ အတိကျမသိဘူး ။စုံစမ်းဖို့ကျတော့လည်း နှစ်ကာလကြာနေတော့ သူ့က်ိုဘယ်သူကကူညီပြီးရှာပေးမှာလဲ။ဒါပေမယ့် တစ်စုံတစ်ယောက်ကတော့ သူ့အတွက်လုပ်ပေးချင်ရင်လုပ်ပေးလိမ့်မယ်။အဲတာက ကိုကိုလေ...။သူေပြာရင် ကိုကိုက သေချာပေါက်ကူညီပေးမှာ
*ဘာကြောင့်သတ်တာလဲ ဘယ်သူသတ်တာလဲဆိုတာ အဖိုးသိလား...*
*အင်း..။အဖိုးသိတယ်..ဒါပေမယ့် ပိုတိကျတဲ့သတင်းမဖြစ်သေးလို့ သေချာတော့စွပ်စွဲလို့မရသေးဘူး...*
*ဟင်.!အဖိုးသိတယ် ဟုတ်လား။မင့်ကိုပြောပြပါလား..*
*ကလေးလေးသိရင် ဘာဆက်လုပ်မှာလဲ....*
*ဘာကြောင့်အဲလိုလုပ်ရတာလဲဆိုတာ မေးချင်တယ်။နောက်ပြီး အပြစ်တွက် ဒဏ်ပေးစေချင်တယ်....*
*အဲဒီလူက မင်မင်လေးနဲ့အရမ်းရင်းနှီးနေတဲ့သူဆိုရင်ရော အဲလိုလုပ်မှာလား...*
အဖြေမလာဘဲအမေးကိုအမေးနဲ့တုန့်ပြန်လာတဲ့အဖိုးရဲ့စကားကြောင့် ဂျီမင်တွေဝေသွားတယ်။အဖိုးဘာပြောချင်လဲဆိုတာ သူသဘောပေါက်လာပြီ။အရင်တခေါက်ကအဖိုးပြောသွားတာကို ပြန်ကြားယောင်ပြီး အတွေးထဲမြင်ယောင်လာတဲ့ ပုံရိပ်လေးတစ်ခု။
မဟုတ်ဘူး.!။မဟုတ်ဘူး။သူ့ကိုအဲလိုလုပ်မှာမဟုတ်ဘူး။သူ အတွေးလွန်ေနတာ။စိတ်ကိုငြိမ်ငြိမ်ထားပြီး အဖိုးပြောတာကိုနားထောင် ဂျီမင်...။
ဂျီမင်က အသက်ကိုဝဝရှုလိုက်ပြီး လေပူတချက်မှုတ်ထုတ်ကာ အဖိုးကိုပြန်ကြည့်လိုက်သည် ။အဖိုးကတော့ သူ့ကိုနားလည်ရခက်တဲ့မျက်ဝန်းလေးနဲ့ညှိုးငယ်စွာကြည့်နေသည်
*အဖိုးသိထားသမျှ မင့်ကိုအကုန်ပြောပြပါ။ဘယ်သူဘဲဖြစ်ဖြစ် မင်ကအပြစ်ပေးမှာမို့ အဖိုးပြောလို့ရပါတယ်....*
*ကောင်းပါပြီ ကလေးလေးကသိချင်စိတ်ပြင်းပြနေတော့လည်း အဖိုးပြောပြပါ့မယ်။အရင်ဆုံးစိတ်ကိုငြိမ်ငြိမ်ထားပြီး အဖိုးစကားကိုအဆုံးထိနားထောင်ရမယ် နော်...*
*ဟုတ်ကဲ့.....*
လခြမ်းကွေးသဏ္ဌန်မျက်ဝန်းကျဉ်းကျဉ်းလေးက စူးစမ်းတက်တဲ့ယုန်သူငယ်လေးလိုဘဲ နားရွက်လေးကိုထောင်ကာ ငြိမ်ပြီးနားထောင်နေရှာသည်။
ရင်တွေတလှပ်လှပ်ခုန်လာပြီးလက်ဖျားတွေလည်းအေးစက်လာခဲ့သည်။နှလုံးခုန်သံကတစ်စတစ်စနဲ့လျင်မြန်လာသည်။အသက်မပါတဲ့မပွင့်တပွင့်အပြုံးလေးနဲ့ အဖိုးကဖြစ်ကြောင်းကုန်စင်ကိုအစချီပြီးပြောလာသည်။
ငယ်ဘဝရဲ့ပျော်စရာအချိန်တွေကိုပြန်ေပြာတော့ သူပါလိုက်ပြီးပြုံးမိသည် ။တဖြည်းဖြည်းနဲ့အရှိန်ပါလာတဲ့စကားဝိုင်းလေးကိုဂျီမင် နားထောင်ရင်း မျက်နှာအမူယာကလည်းတဆင့်ခြင်းပြောင်းလဲလာသည်။ရယ်နေရာကနေ ပြုံးရုံမျှသာပြုံးပြီး နောက်ဆုံးငိုချမတက်မျက်နှာထားလေးဖြစ်သွားသည်။
*ဒါဆိုမေမေနဲ့ဖေဖေကဘာအပြစ်မှမရှိဘဲ ရာထူးတခုအတွက်နဲ့အသက်ပေးခဲ့ရတာပေါ့လေ...*
*ဟုတ်တာပေါ့ ကလေးလေးရယ်။သိပ်သနားစရာကောင်းတာဘဲ...*
*အဲလူကဘယ်သူလဲ အဖိုး။မင့်ကိုအမြန်ပြောပြပါ....*
*တခြားသူတော့မဟုတ်ပါဘူး။သူကတော့(......)ပါ.......နောက်ပြီး......*
ခွမ်း.!!
အဖိုးစကားေတွကသူ့နားထဲဝင်တချက်မဝင်တချက်နဲ့။မျက်လုံးေတွပြာေဝလာပြီး သူ့လက်ထဲကလက်ဖက်ရည်ခွက်လေးသည်လည်း ကြမ်းပြင်ပေါ်ကိုကျကွဲသွားတော့တယ်။ချက်ချင်းဘဲ ပါးပြင်ထက်ကိုကျဆင်းလာတဲ့မျက်ရည်တွေကအတားဆီးမဲ့ေနခဲ့သည်။ကိုယ့်နားကိုယ်ပင်မယုံနိုင်လောက်အောင်ဘဲ။
ရှိုက်ငင်သံမပါဘဲအသံတိတ်ငိုကြွေးနေတဲ့ ဂျီမင်ကိုကြည့်ပြီး အဖိုးလည်းမျက်ရည်ဝဲမိတယ်။ဒီကလေးကိုသနားလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ။သူ ရင်နာလိုက်တာ။
ဒုန်း.!
*ကလေးလေး.!!*
ရင်ဘက်ကိုလက်နဲ့ဖိကာငိုနေတဲ့ဂျီမင်ကအသက်ကိုပြင်းပြင်းရှုလိုက်ပြီး မတ်တပ်ရပ်လိုက်တော့ ပျော့ခွာသွားတဲ့ခန္ဓာကိုယ်ကြောင့် ထိုင်ခုံပေါ်ကိုပြန်ပြုတ်ကျသွားတော့တယ်။
အားအင်တွေဆုတ်ယုတ်လာပြီးငိုဖို့တောင်မျက်ရည်မရှိတော့ဘူး။သူ မငိုနိုင်တော့ဘူး။ထိုအစား ဘာလို့လဲဆိုတဲ့ခေါင်းခွန်းတွေဘဲ ခေါင်းထဲမှာပြည့်နှက်နေတယ်။
*အဖိုး.....*
*ကလေးလေးရယ်...*
*မင်..မင် ဘာဆက်လုပ်ရမလဲ ဟင်..*
သူ့လက်ကိုအားကိုးတကြီးဆုတ်ကိုင်ကာ မေးလာတဲ့မင်မင်လေးကို ဘယ်လိုပြန်ဖြေပေးရမလဲ။နှုတ်ခမ်းဖူးဖူးလေးကတဆက်ဆက်တုန်နေပြီးအတားမဆီးမရှိကျနေတဲ့မျက်ရည်တွေက သူ့လက်ဖမိုးပေါ်ကိုတတောက်တောက်နဲ့စီးကျလာသည်။
*အဖိုးကတော့အလောတကြီးမဆုံးဖြတ်စေချင်ဘူး။နောက်ပြီး ဒါကသေချာလားဆိုတာ အဖိုးလည်းတပ်အပ်မပြောနိုင်ဘူးလေ။အဲတော့ အဖိုးနဲ့အတူမင်မင်လေးလည်း သူတို့အကြောင်းကိုသေချာစုံစမ်းရအောင်လား.....*
*ဟုတ်..ဟုတ်ကဲ့။မင် ကိုယ်တိုင်စုံစမ်းမှာပါ ..*
*မငိုနဲ့တော့ နော်။မင်မင်လေးငိုရင် မေမေတို့လည်းစိတ်မကောင်းဖြစ်နေမယ်။မင်မင်လေးက ဒီထက်ပိုပြီးသန်မာမှရမယ် ....*
*မင် နားလည်ပါပီ အဖိုး....*
*ဟုတ်ပြီ ဒါဆို အဖိုးပြန်တော့မယ်။ဒီရက်ပိုင်းတော့ မင်မင်လေးဆီအဖိုးလာနိုင်မှာမဟုတ်သေးဘူး။ဒါပေမယ့် အကြောင်းထူးရင် လူငယ်တယောက်ကိုအဖိုး လွှတ်ပေးလိုက်မယ်.....*
*ဟုတ်ကဲ့ ။ကျေးဇူးတင်ပါတယ် အဖိုး။မင့်ကိုအခုလိုပြောပြပေးလို့....*
*မလိုပါဘူး ကလေးလေးရယ်။မင်မင်လေးရဲ့အဖေကိုဆပ်ရမယ့်ကျေးဇူးကြွေးနဲ့ယှဉ်ကဒါကမပြောပလောက်ပါဘူး.....*
*အဖိုးသွားတော့မယ်နော်....*
*ကောင်းကောင်းပြန်ပါ အဖိုး..*
လှုပ်တုတ်လှုပ်တုတ်နဲ့ပြန်သွားတဲ့အဖိုးရဲ့ကျောပြင်ကိုကြည့်ပြီး ဂျီမင် သက်ပြင်းမောချလိုက်တယ်။အဖိုးပြောတာသာ အမှန်တရားဆိုရင် သူရွေးချယ်ရခက်သွားပြီ။
ဘာဆက်လုပ်ရမလဲဆိုတာ ခေါင်းအေးအေးထားပြီးစဉ်းစားဖို့လိုနေပြီ။အရင်ဆုံး ထိုသူဆီကိုချည်းကပ်ပြီးစကားနှိုက်ရမယ်။အဲကနေမှ တဆင့်ချင်းတက်ကြတာပေါ့
ငိုတာများသွားတော့ သူ့မျက်ခွံတွေအစ်လာတယ်။နှာထိပ်လေးတွေနီရဲလာပြီး နှုတ်ခမ်းသားကိုကိုက်ခဲထားလို့သွေးချေဥလာတယ်။လက်သည်းထိပ်လေးကို သွားဖြင့်တတိတိကိုက်လိုက်ပြီး ထိုလူအကြောင်းကိုတွေးတောနေလိုက်သည်။
______
အား...!
*ဟာ..လန့်လိုက်တာ ဗျာ..ဖလူးဖလူး။ငါ့လိပ်ပြာလေးရေ ပြန်လာပြန်လာ...!*
အိမ်နဲ့မနီးမဝေးမှာရှိတဲ့တောစပ်ထဲကို သစ်ဥသစ်ဖုထူးရင်းတောကောင်းလေးတွေများရလိုရငြားဆိုပြီး ဝါးဖြင့်ရက်လုပ်ထားတဲ့ပလိုင်းတလုံးကိုလွယ်ရင်းသီးချင်းတငြီးငြီးနဲ့ ထွက်လာတဲ့ယန်ယန် ကသစ်ပင်အောက်မှာရပ်နေတဲ့အရိပ်လေးကြောင့်ငယ်သံပါအောင်တချက်အော်လိုက်တယ်။
မျက်လုံးစုံမှိတ်ပြီးရင်ဘက်ကိုဖိကာအကျယ်ကြီးအော်လိုက်တဲ့ယန်ယန်ကအရမ်းကြောက်တက်တယ်ဆိုတာကိုတော့ ဘယ်သူမှမသိကြဘူး။လူရှေ့မှာတော့ သူကသတ္တိခဲပုံစံဖမ်းပေမယ့် တကယ်တမ်ကျ ကြောက်စိတ်ကိုဖုံးဖိူ့အကာကွယ်လုပ်ထားတယ်ဆိုတာ အဖိုးနဲ့သူဘဲသိတာ။
ခေါင်းငိုက်စိုက်နဲ့သစ်ပင်အောက်ကထွက်လာတဲ့အရိပ်ကလူဆိုတာသိတော့မှ အသက်ကိုပြင်းပြင်းရှုလိုက်ပြီးထိုလူကိုမျက်စောင်းတချက်နဲ့စိုက်ကြည့်လိုက်သည်။အသံမပေးဘဲနဲ့ လူကိုလန့်သေအောင်လို့။တကယ်ဘဲ သူ့မှာလာသာလာရတာ ဒူးကခပ်တုန်တုန်။
အဖိုးမရှိခင်လေးခိုးထွက်လာရတော့ မိသွားမှာလည်းကြောက်ရသေး။အဖိုးကသူ့ကိုတယောက်ထဲမသွားဖိူ့မှာထားတယ်လေ။သွားချင်ရင်အိမ်နီးချင်းကကောင်လေးတွေကိုအဖော်ခေါ်သွားတဲ့။
အမြဲတမ်းအဖော်ခေါ်နေတော့ သူလည်းအားနာတာနဲ့ဘဲတယောက်ထဲထွက်လာခဲ့လိုက်တာ။အခုမှပိုပြီးကြောက်လာသလိုဘဲ
*ဟေ့လူ ခင်များတယောက်ထဲဒီမှာဘာလုပ်နေတာလဲ ....*
*........*
အနည်းငယ်အုံ့ဆိုင်းနေတဲ့သစ်ပင်အိုကြီး၏အောက်တွင် မလှုပ်မယှက်ဘဲရပ်နေတဲ့ထိုလူကို ယန်ယန်ကမေးလိုက်တော့ သူ့ကိုမော့ကြည့်လာတဲ့မျက်ဝန်းတွေကစူးရှပြီးခက်ထန်နေသည်။
ဘာလဲ .!ဒီလူ ။ဘာစကားမှမပြောဘဲစိုက်ကြည့်နေတာ အ,နေလို့များလား။ဒါမှမဟုတ် ရုပ်ရှင်တွေထဲကလို စိတ္တဇလူသတ်သမားများလား
အား.!
*အဖိုးရေ...သားကြောက်တယ်..!*
ကိုယ့်အတွေးနဲ့ကိုယ်ပြန်ကြောက်နေတဲ့ ယန်ယန်ကနားနှစ်ဖက်ကိုပိတ်ကာအာခေါင်ခြစ်ပြီးအော်ငိုတော့တယ်။
*ဂျီမင်နဲ့ဝေးဝေးနေ.!*
*ဟမ်..!*
*ေနာက်တခါ ဂျီမင်အနားမှာမင်းကိုထပ်မြင်ရရင် အလောင်းဖျောက်ပစ်မယ်...!*
ထိုစကားနှစ်ခွန်းကိုဘဲပြောပြီးလူစိမ်းကလှည့်ထွက်သွားတယ်။ကျန်ခဲ့တဲ့ယန်ယန်ကတော့ နားမလည်နိုင်ခြင်းများစွာနဲ့ ငိုတာကိုရပ်ကာ မျက်လုံးပြူးပြီးငေးကြည့်နေမိတယ်။
အစမရှိအဆုံးမရှိနဲ့ ဒီလူကဘာတွေပြောသွားတာလဲ။နောက်ပြီးဂျီမင်နဲ့ဘာတော်လို့ သူကဒီလိုလာပြောရတာလဲ။မေးခွန်းတွေပြည့်နေတဲ့ ယန်ယန် ခေါင်းထဲအဖြေရှာပေးဖို့ရာ အဖိုးဘဲရှ်တာကြောင့် တောထဲကိုဆက်မသွားတော့ဘဲ အိမ်ကိုသာ သုတ်ခြေတင်ပြီးအပြေးပြန်လာတော့တယ်။
*ဘယ်လိုဖြစ်လာတာလဲ အရေးကြီးသုတ်ပျာနဲ့..*
*အနောက်ကကျားလိုက်လာလို့လား...*
*ကျားထက်ဆိုးတယ် အဖိုးရ...။အီးဟီး . ကြောက်ဖို့ကောင်းလိုက်တာ...*
*ဘာဖြစ်လို့လဲ ငါ့ကိုမြန်မြန်ပြောစမ်း ယန်ယန်...*
ချွေးသံရွှဲရွှဲနဲ့ အိမ်ထဲကိုပြေးဝင်လာတဲ့ ယန်ယန်ကိုအဖိုးကလေသံမာမာနဲ့ဟောက်လိုက်တော့ သူကြားခဲ့တာကိုအကုန်ပြောပြလိုက်တယ်။နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်အစုံကိုလက်ဖြင့်ဖိရင်း ရေအေးအေးတခွက်ကိုမနားတမ်းမော့သောက်ချလိုက်တယ်။
အသက်မထွက်တာကံကောင်း။အဲလိုလူတွေက ကြောက်ဖို့ကောင်းတယ်။နောက်ဆို တောထဲကိုတယောက်ထဲမသွားတော့ဘူးလို့ ယန်ယန်တိုးတိုးလေးစိတ်ပိုင်းဖြတ်လိုက်တယ်
*ငါတို့ခြေလှမ်းကိုရိပ်မိသွားပြီထင်တယ်...*
*ယန်ယန်..!*
*ဗျာ.!*
*မင်မင်လေးကိုပိုပြီးဂရုစိုက်ပေးတော့။မျက်စိဒေါက်ထောင့်ကြည့်ထား ကြားလား..!*
*အဖိုးကလည်း သူပြောသွားတယ်လေ နောက်တခါတွေ့ရင် သားကိုသတ်မှာပေါ့...*
*ငါစကားကိုနှစ်ခါမပြောဘူး။အဲလောက်ထိကြောက်မနေနဲ့ တကယ်မလုပ်ဘူး မင်းကိုခြောက်သွားတာ....*
*ဒါပေမယ့်...*
*ငါ့ကိုအထွန့်မတက်နဲ့ ယန်ယန်..!*
*ဟုတ်..*
အဖိုးမင်ယောင်လည်းဒါကိုသတိထားမိနေတာ။သူမြို့ထဲသွားတုန်းကလည်း တယောက်ယောက်ကအနောက်ဘက်ကနေစိုက်ကြည့်နေသလိုမျိုးခံစားရလို့ရှာကြည့်ပေမယ့်တံရားခံကိုမတွေ့ပေ။လူအများနဲ့မို့ ဘယ်သူဘယ်ဝါလဲဆိုတာရှာဖို့ခက်တယ်။သေချာတာကတော့ သူတို့အနီးမှာဘဲထိုလူရှိရမယ်။ဒါကြောင့် မင်မင်လေးကိုစောင့်ကြည့်ခိုင်းတာကို သိနေတာပေါ့
*ဟို ဒီကဘာများကူညီပေးရမလဲ ...*
*ဗျာ..!*
*တခုခုပြောချင်နေသလားလို့လေ ..*
*မဟုတ်ပါဘူး...*
ဆိုင်ထဲကိုဝင်လာကတည်းကသူ့ကိုမျက်လုံးဒေါက်ထောက်ကြည့်နေတဲ့လူငယ်လေးကြောင့် ဂျီမင်လည်းမေးလိုက်သည်။ပန်းချီကားချပ်တွေကိုလက်နဲ့တို့ထိနေပြီး သူလုပ်သမျှကိုလိုက်ကြည့်နေတာ ကြာတော့ အနေခက်လာသည်။
ဒီရက်ပိုင်းသူလည်းဘာဖြစ်နေသလဲမသိဘူး။နောက်ယောင်ခံလိုက်တဲ့သူနဲ့ အခုလည်းသူ့ကိုစောင့်ကြည့်နေပြန်ပြီ။နေရတာတောင် မလွတ်လပ်တော့ဘူး။အစစအရာရာ သတိထားပြီးသွား၊လာနေရတယ်။
*ပန်းချီတွေကိုစိတ်တိုင်းမကျလို့လား...*
*မဟုတ်ပါဘူး..*
ဂျီမင်ဘာမေးမေးထိုလူငယ်လေးကဘူးခံငြင်းနေတော့ သူလည်းဆက်မမေးတော့ပေ။ကြည့်ချင်တာကြည့်ပါစေတော့။စိတ်ရှုပ်တယ်တအားဘဲ။
*ယန်ယန် ပါ...*
*ဟင်..*
*ကျွန်တော့နာမည် ယန်ယန်လို့။ဂျီမင်နဲ့ရွယ်တူဘဲ...*
*ဘယ်လိုသိတာလဲ...*
*ဒီလောက်နာမည်ကြီးနေတာကို...*
စက္ကန့်ပိုင်းလောက်ကြာမှ ထိုယန်ယန်ဆိုတဲ့လူကသူ့ကိုမိတ်ဆိတ်လာတယ်။လက်တဖက်ကိုကမ်းပေးလာတော့ ဂျီမင်လည်းအလိုက်သင့်လေးပြန်နှုတ်ဆက်လိုက်တယ်။ရုတ်တရက်ကြီးဘာလို့နာမည်ပြောပြရတာလဲ။သူနဲ့လည်းမသိဘဲနဲ့
ဂျီမင်က နှုတ်ခမ်းလေးဆူကာစဉ်းစားဟန်ပြုနေပုံကိုကြည့်ပြီးယန်န်ပြုံးလိုက်တယ်။အန္တရာယ်ကသူ့အနားမှာဆိုပေမယ့် ဂျီမင်ကပိုအရေးကြီးတယ်လေ။။
အရင်ရက်တွေကတော့ အဝေးကနေဘဲဂျီမင်ကိုစောင့်ကြည့်နေတာ။ဒီနေ့မှ ဂျီမင်ကိုအနီးကပ်မြင်ချင်တာရော နောက်ပြီးခင်မင်ချင်လို့လည်းပါတာပေါ့။ဒါကြောင့် ဆိုင်ထဲဝင်ပြီးနှုတ်ဆက်လိုက်တာ။
ဂျီမင်ကတော့သူ့ကိုမယုံသင်္ကာမျက်လုံးနဲ့လိုက်ကြည့်နေတာကို သတိထားမိတယ်။ဒါလည်းဖြစ်သင့်တာဘဲလေ။သူစိမ်းတယောက်ကရုတ်တရက်မိတ်ဆက်လာတော့ စိတ်ထဲစနိုးစနောက်ဖြစ်နေမှာပေါ့။
နောက်တခုကသူ့ကိုဂျီမင်မမှတ်မိဘူး။ရှ့တပတ်က ဂျီမင်အနောက်ကိုသူလိုက်ဖူးတယ်။အဲနေ့ကမိုးရွာတဲ့နေ့ကြီး။ခါတိုင်းဂျီမင်ကို မြို့တော်ဝန်မဟုတ်ရင် တယောက်ယောက်လာကြိုတက်တယ်လေ။ထိုနေ့ကတော့ ဘယ်သူမှမလာတာနဲ့ ဂျီမင်လည်းမစောင့်တော့ဘဲ တယောက်ထဲပြန်သွားတာ။အစကတော့ သူလည်းမလိုဖို့ပါဘဲ။ဒါပေမယ့် စိတ်မချတာကြောင့် အနောက်ကနေတိတ်တိတ်လေးလိုက်သွားခဲ့တာ။
အိမ်နားရောက်ခါနိီးတော့သူ့ကိုသတိထားမိသွားလိူ့ထင်တယ် ခပ်လှမ်းလှမ်းကနေအော်မေးလာတယ်။သူလည်း ဘာဖြေရမှန်းမသိလို့ ရပ်နေလိုက်တာ။ဒါကို ဂျီမင်ကဘာဖြစ်သွားလဲမသိဘူး။မပြေးရုံတမယ်ဘဲ ခြေလှမ်းသွက်သွက်နဲ့သွားပါလေရော။
နောက်တော့မြို့တော်ဝန်ကားကသူ့ဘေးနားကဖြတ်သွားတာကိုမြင်မှ သူလည်းဆက်မလိုက်တော့ဘဲပြန်လာခဲ့တော့တာ။
*မိတ်ဆွေဖြစ်လို့ရမလား....*
*ဘာလို့လဲ...*
*ရွယ်တူဆိုတော့ခင်ချင်လို့ပါ။နောက်ပြီး ဂျီမင်ကိုလေးစားလို့လေ..*
*ဟင်..*
*ဂျီမင်ကအရမ်းတော်တာဘဲ ပန်းချီတွေကအသက်ဝင်တော့ ဆိုင်ထဲကတောင်မထွက်ချင်တော့ဘူးး...*
*ကျေးဇူတင်ပါတယ်...*
*ဒါဆို ခင်ခွင့်ပေး...*
*ကောင်းပါပြီ...*
ယန်ယန်ကမျက်မှောက်ကျုံ့ကာ လိုချင်တာမရတဲ့ကလေးလိုမျိုးဖြစ်လာတော့ ဂျီမင်လည်း မငြင်းတော့ပေ။ဘာအကြောင်းကြောင့် ခင်ချင်တာလည်းမသိပေမယ့် အကောင်းမြင်စိတ်ဘဲထားလိုက်တယ်။ရန်သူဆိုရင်တောင် သူ့စိတ်ရင်းအမှန်ကိုကြာရင်သိသွားလိမ့်မယ်။
_______
*ဒီတခါပိုးထည်တွေကအိစက်နေတာဘဲ...*
*နောက်တခါပြဇာတ်ရုံသွားရင်ဝတ်ဖို့ချုပ်လိုက်မယ် နော်....*
*သမီးသဘော...*
အရာရှိကြီးကဂရေ့စ်ကိုကြည့်ပြီးနှစ်ခြိုက်စွာပြုံးလိုက်သည်။ဒီလိုအကောင်းစားပိုးထည်တွေကို အရာရှိသား၊သမီးတွေဘဲဝတ်နိုင်တာလေ။တော်ရုံလူအနားကပ်ဖို့နေနေသာ အဝေးကတောင်မကြည့်ရဲဘူး။အဲလောက်ထိတန်ဖိုးကြီးတဲ့ ပစ္စည်းကို အရာရှိကြီးက ရိုးရိုးသားသားလစာနဲ့ဝယ်ခဲ့တယ်ထင်လား။
မြို့တော်ဝန်ကိုမလှိမ့်တပတ်လုပ်ပြီးရေနံတွေခိုးထုတ်သွားတာအရာရှိကြီးနဲ့ အပေါင်းပါတစ်စုပေါ့။ရလာတဲ့ငွေစကို ဝေစုခွဲယူကြတယ်။သူကတော့ ပိုယူတာပေါ့။ဒီကိစ္စသာ မြို့တော်ဝန်သိရင် ကြီးလေးတဲ့ပြစ်ဒဏ်ပေးခံရမှာသိတယ်။
ဒါပေမယ့် သူမကြောက်ဘူး။ဘာလို့ဆ်ု ဒီလိုလုပ်စားလာတာ သမီးတသက်မှမကတော့တာ။အံတိုနေပြီ။ဘယ်အကွက်ကိုရွေ့ရင် ဘာဆိုတာ သူသိတယ်လေ
အခုမြို့တော်ဝန်ဂျောင်ဂုကလည်းခပ်အအ ဆိုတော့သူ့လက်သူ့ခြေနဲ့စိတ်ကြိုက်သောင်းကျန်းနေတော့တာပေါ့။လောကဘအရမ်းကြောက်ဖို့ကောင်းတယ်။နောက်ပြီး အရမ်းလည်းပူလောင်ရတယ်
သိသွားမလား၊မိသွားမလားဆိုတဲ့စိုးရိပ်စိတ်ကြောင့် ညဘက်တောင်ကောင်ကောင်းအိပ်မပျော်တဲ့ရက်တွေက တစ်နှစ်ပတ်လုံးနီးပါးဘဲ။
*သမီးကိုအရမ်းအလိုမလိုက်ပါနဲ့..*
*ဘာဖြစ်လဲ ငါ့မှာသမီးတယောက်ဘဲရှိတာ။သူများထက်သာအောင်ထားမှရမယ်...*
ဂရေ့စ်ရဲ့မိခင်ကအနေအေးသူပီပီ တော်ရုံဆိုဝင်မပြောတက်ဘူး။အရာရှိကြီးကသာ စီမဲခန့်ခွဲတာ။သူ(မ)ကို ဒါကဒီလိုလုပ်ဆိုပြီး ပြောရင်လည်း အင်း ၊တလုံးဘဲပြောပြီး ကျန်တာစိတ်မဝင်ဘဲမဆိုင်သလိုနေတယ်။
သမီးကိုတော့အရမ်းချစ်ပါတယ်။ဒါပေမယ့် လိုတရဖြစ်နေတော့ တချိန်ချိန်မှာအခုလိုမနေနိုင်တဲ့အခါလိုချင်မရေတာ့ရင် သမီးဘဲစိတ်ဆင်းရဲရမှာလေ။သူ(မ)ကအရှေ့ကိုကြိုတွေးပေမယ့် အရာရှိကြီးကတော့ လက်ရှိဘဝမှာဘဲပျော်မွေ့ပြီး အနာဂတ်ကိုတွေးတော့မနေဘူး။
*ရှင်အဲလိုလုပ်နေသိလား။ဒါတွေမရှိတော့မှ နောင်တရနေမယ်.....*
*ဘာနောင်တမှမရဘူး။နောက်ပြီး ငါတို့လည်းဘယ်တော့မှဆင်းရဲမှာမဟုတ်ဘူး....*
ပြောပြီးထွက်သွားတဲ့ အရာရှိကြီးကိုကြည့်ပြီးသူ(မ)သက်ပြင်းချလိုက်တယ်။ကြိုမမြင်နိုင်တဲ့ကံကြမ္မာကိုတော့ လျစ်လျူရှုလို့မရဘူးဆိုတာ သူသိအောင်ဘယ်လိုပြောပြရမလဲ။
*ဂရေ့စ်..!*
*အာ..အဲလက်လာတယ်...*
*မေမေလေးနေကောင်းတယ်နော်...*
*ကောင်းပါတယ် ကွယ်..*
*လာထိုင်..သား..။သမီးလေးနဲ့အေးဆေးစကားပြောကြအုန်းနော် ။မေမေလေးသားတို့စားဖို့တခုခုလုပ်ပေးမယ်...*
*ဟုတ်ကဲ့..!*
ငယ်ငယ်လေးကတည်းကနှစ်အိမ်တအိမ်နေနေကြမို့ ဂရေ့စ်ရဲ့အမေကို မေမေလေးလို့ဘဲခေါ်တယ်။သူ့ကိုလည်းသားအရင်းလိုချစ်တယ်လေ။
*ဘာကိစ္စလဲ...*
*ရင့်လိုက်တာ..*
*ဟွန့်.!*
နှာခေါင်းရှုံ့ကာမျက်စောင်းထိုးပြီးတဖက်ကိုမျက်နှာလွှဲသွားတဲ့ဂရေ့စ်ကြောင့် အဲလိုက်ရယ်လိုက်သည်။သူ့ကို ချစ်တယ်လို့ဖွင့်ပြောသွားတဲ့နေ့ကစပြီး သူတို့နှစ်ယောက်မတွေ့ဖြစ်တော့ဘူး။
သူကဘဲရှောင်နေတယ်ဆိုပိုမှန်မလား။ညီမလေးလို့သဘောထားတဲ့ ကလေးမကသူ့ကိုအကိုလိုမချစ်ဘဲ ချစ်သူလိုချစ်တာဆိုတော့ ရှော့ခ်ရသွားတာပေါ့။နောက်ပြီး ဂရေ့စ်က မြို့တော်ဝန်နဲ့ကြောင်းလှမ်းထားတာလေ
တပတ်လောက်အကြာမှာတော့ သူ့စိတ်ကိုအကြိမ်ကြိမ်စမ်းသပ်ပြီးလို့ နောက်ဆုံးထွက်လာတဲ့အဖြေက ဂရေ့စ်ကိုသူချစ်လို့မရဘူးဆိုတာဘဲ။ဒါကြောင့် အရင်လိုပြန်နေဖို့ဆုံးဖြတ်လိုက်တယ်။
ရှောင်လွဲမနေတော့ဘဲ မျက်နှာချင်းဆိုငိပြီးဖြစ်သင့်တာကို နားဝင်အောင်ပြောပြမယ်။ဂရေ့စ်ကတော့ လက်မခံနိုင်လောက်ဘူး။ဒါပေမယ့်လည်းမဖြစ်သင့်ဘူးမလား
*စိတ်ဆိုးပြေပြီလား...*
*ငါကဘယ်တုန်းကစိတ်ဆိုးေနလို့လဲ..*
*တောင်းပန်ပါတယ်...*
*ဘာအတွက်လဲ...*
*.......*
ဂရေ့စ်ကအပြုံးမမည်တဲ့အပြုံးလေးနဲ့မေးလာတော့ အဲလက်ဘာပြောရမှန်းမသိဘူး။ထိုအခါ ဂရေ့စ်က ဟက်ခနဲတချက်ရယ်လိုက်တယ်။
*ပြန်မချစ်နိုင်တဲ့အတွက်လား...*
*...*
*မှန်နေတာဘဲ...*
*တောင်းပန်ပါတယ် ဂရေ့စ်။ငါတို့အရင်လိုပြန်နေရအောင် နော် ... *
*.......*
သူ(မ)ဟန်ဆောင်ပြီးရယ်ချလိုက်သည်။ဝမ်းနည်းစရာကောင်းလိုက်တာ။မိန်းကလေးဘက်ကစပြီးဖွင့်ပြောတာတောင် အငြင်းခံလိုက်ရတယ်တဲ့လား။
တကယ်ဘဲ အဲလက်ကသူ့ကိုညီမလေးတယောက်လိုဘဲမြင်တာလား။ယောကျာ်းတိုင်းသူ့ခြေဖဝါးအောက်မှာခစားချင်ကြတာကို အဲလက်က ဘာသားနဲ့ထုထားလိူ့ငြင်းဆန်ရတာလဲ။
မိန်းကလေးတွေကိုလုံးဝစိတ်မဝင်စားဘဲ လိင်တူကိုဘဲသဘောကျနေတာလား။သူ(မ)အတွေးများရသည်။မချစ်တဲ့သူနဲ့လည်းလက်မတွဲနိုင်သလို ချစ်တဲ့သူကိုလည်းမဆွဲထားနိုင်ပြန်ဘူး။
အရာရာပြီးပြည့်စုံတဲ့သူ(မ)ကအချစ်ရေးမှာတော့ ကံခေလွန်းတယ်။
*တကယ်ဘဲ ငြင်းရက်တယ်ပေါ့လေ...*
*ဂရေ့စ်..*
*မေးတာလဲ ဖြေပါ...*
*အင်း...*
အဲလက်အဖြေေကြာင့် ပေါက်ခနဲကျသွားတဲ့မျက်ရည်စက်။သူ(မ)မသုတ်မိဘူး။ကြိုက်မရှက်၊ငိုက်မရှက်ဆိုတာ အမှန်ပါလားလို့ဆိုတာ ကိုယ်တ်ိုင်ကြုံမှာဘဲ သိတော့တယ်။
*ပြန်လိုက်တော့ ငါ နားချင်လို့...*
*ဂရေ့စ်..!*
*နောက်မှတွေ့ရအောင်..*
ခြေသံပြင်းပြင်းနဲ့ပြေးတက်သွားတဲ့ ဂရေ့စ်ကိုကြည့်ပြီး အဲလက်လည်းစိတ်မကောင်းဖြစ်မိတယ်။အဖြူရောင်ကို ဘာလို့အရောင်စွန်းချင်ရတာလဲ ဂရေ့စ် ရယ်။
ဧည့်ခံမယ့်သူမရှိတော့ အဲလက်လည်းဆက်ပြီးမနေတော့ဘဲ ပြန်လာခဲ့လိုက်သည်။သူ့ရဲ့အကြည်ဓာတ်လေးရှိရာဆီကိုခဏတော့သွားရမယ်။ဒါမှစိတ်ရှုပ်တာတွေ ပျောက်သွားမှာ
ကျောခိုင်းထွက်သွားတဲ့အဲလက်ရဲ့ကျောပြင်နဲ့ ရှိုက်ငင်သွားတဲ့ဂရေ့စ်ရဲ့ ကျောပြင်ကိုကြည့်ပြီးသက်ပြင်းခိုးချနေတဲ့သူလည်းရှိနေပြန်တယ်။
______
*ပန်းခင်းကြီးကသိပ်မလန်းတော့သလိုဘဲ။ဘာလို့ပါလိမ့်.....*
အပြင်ကပြန်လာတာနဲ့လက်ဆွဲအိတ်လေးကိုအိမ်ပေါ်ကိုပစ်တင်လိုက်ပြီး ညှိုးသယောင်ရှိနေတဲ့ပန်းခင်းကြီးဆီအပြေးသွားလိုက်သည်။
ရနံ့သင်းနေတဲ့ပန်းပေါင်စုံကဒီနေ့ကျမှဝမ်းနည်နေသလိုဘဲ။ဖူးငုံနေတဲ့နှင်းဆီပွင့်တွေကို လက်ဖြင့်အသာတို့ထိလိုက်ပြီး ဂျီမင်က သက်ရှိလိုမျိုးစကားတွေပြောနေတယ်။
*နေ့တိုင်းရေလောင်းပေးရက်သားနဲ့....*
ဘာဖြစ်မှန်းမသိတော့ဂျီမင် ပျာယာခတ်သွားပြီးငိုမဲ့မဲ့လေးဖြစ်လာတယ်။နှာရှုံသံနဲ့အတူ ဟိုဒီပြေးနေတဲ့ဂျီမင်ကို ကြည့်ပြီး ခြံထဲကအလုပ်သမားတွေလည်းနေစရာဖြစ်လာတယ်။
အကိုလေးဂျီမင် မအားလို့ပန်းခင်းကိုသူတို့ဆီအပ်ထားတာလေ။သေသေချာချာလေးဂရုစိုက်ပေးပါဆိုပြီးအထပ်ထပ်မှာနေတာ။အရင်ရက်တွေကလန်းဆန်းနေပြီးတော့ ရုတ်တရက်ကြီးဘာဖြစ်တာလဲ။မတော်တဆ ထိုပန်းခင်းကြီးတခုခုဖြစ်သွားရင် သူတို့ကိုအကိုေလးဂျီမင် အကြီးကျယ်စိတ်ဆိုးလိမ့်မယ်ထင်တယ်။
မျက်စိတဆုံးရှိတဲ့ပန်းခင်းကြီးကရုတ်တရက်ကြီးဘာလို့ညှိုးနွမ်းသွားတာလဲဆိုတော့ "သူတို့ရဲ့ပန်းသခင်လေး စိတ်မချမ်းသာလို့သူတို့လည်းဝမ်းနည်းနေတာလို့"ပန်းလေးတွေကပြန်ဖြေရလိမ့်မယ်။
သက်မဲ့အရာတွေကသက်ရှိလူနဲ့ထိတွေ့ပါများလာတဲ့အခါ အသက်ဝင်လာတက်တယ်။ပန်းတွေသည်လည်းဒီလိုမျိုးဘဲ။ဂျီမင် လက်နဲ့ကိုယ်တိုင်ပျိုးထောင်ထားတာဖြစ်လို့ သူတို့သခင်ကဂျီမင်ဆိုတာဘဲသိတယ်။ဂျီမင် စကားလာပြောတဲ့အခါ့ သူတို့ပြန်မပြောတက်ပေမယ့် ပျော်တယ်။
ဂျီမင်ရယ်ရင် သူတို့ကပိုပြီးဖူးပွင့်ပေးတယ်။
ဂျီမင် စိတ်ဆိုးရင်သူတို့ကညှိုးေလျာ်ပေးတယ်။
အခုလည်း ဂျီမင်ကသူတို့ကိုပစ်ထားတော့ စိတ်မကောင်းဖြစ်နေတာပေါ့။ဒါကို သခင်ဂျီမင်သိပါစေသား
*ဦးလေး....!*
*လာပြီ အကိုလေးမင်...*
*မနက်ကမင့်ပန်းတွေကိုရေမလောင်းဘူးလား....*
*ဟင်..!လောင်းပါတယ် အကိုလေးရယ်။ဦးလေးတို့ နေ့တိုင်းလောင်းပါတယ်...*
*ဘယ်နခါလောင်းလဲ..*
*မနက်တခါညနေတခါပါ..*
*ဒါဆို ဘာလို့မင့်ပန်းတွေအားလုံးညှိုးနေရတာလဲ......*
ငိုသံစွတ်နေတဲ့ဂျီမင်ကို ခြံစောင့်ဦးလေးလည်းမော်မကြည့်ရဲဘူး။အတော်လေးဒေါသထွက်ေနတယ်ဆိုတာ သိတယ်တော့ မေးသမျှကိုဘဲပြန်ဖြေရဲတယ်။
*အဲတာက နေပြင်းလို့ဖြစ်ပါလိမ့်မယ်....*
*ဦးလေးတို့ကလည်း မင်ကဒါလေးတခုဘဲကြည့်ခိုင်းတာကို သေချာမလုပ်ပေးကြဘူး.*
*တော်ပြီ နောက်နေ့ကစပြီး မင်ဘဲလောင်းတော့မယ်.....*
တော်ရုံဒေါသထွက်မလွယ်တဲ့ဂျီမင်က ပန်းတွေနဲ့ပတ်သတ်လာရင်တော့ဆက်ဆက်ထိမခံဖြစ်တက်သည်။အမှန်တော့ ဦးလေးတို့လည်းသေချာပြုစုပေးတယ်ဆိုတာ သူသိပါတယ်။
ဒါပေမယ့် အလိုလိုနေရင်းစိတ်တိုနေတက်တဲ့ဂျီမင်က အဖိုးမင်ယောင်နဲ့တွေ့ပြီးနောက်ပိုင်းဒီလိုဖြစ်လာတာဘဲ။တခုခုကိုအလိုမကျရင်လည်း အော်တက်သေးတယ်။အရင်ကဆို စကားတခွန်းနှစ်ခွန်းထက်ပိုမပြောတက်တဲ့ ဂျီမင်ကအခုတော့ မြိုသိပ်ထားမနေတော့ဘဲ စိတ်ရှိတိုင်းပြောတက်နေပြီ။
သူ့ကိုပြောင်းလည်းသွားပြီလို့မြင်ကြလိမ့်မယ်။အမှန်တကယ်လည်းဟုတ်နေတာဘဲလေ။စိတ်အေးချမ်းရာကိုဘဲအမြဲရှာဖွေနေတက်ရာကနေ စိတ်တိုလွယ်တဲ့ဂျီမင်လေးကို အားလုံးကမယုံနိုင်ဖွယ်မျက်လုံးတွေနဲ့ကြည့်နေမယ်ဆိုတာ အသေချာဘဲ။ ဒီလိုဖြစ်သွားတာကသူ့ကြောင့်မဟုတ်ဘူးနော်။သူရှင်သန်နေတဲ့ ပတ်ဝန်းကျင်ကလူတွေကြောင့်ဘဲ
*ကလေးလေး စိတ်မကြည်ဘူးလား...*
*.......*
*ဟင်..!ဘာတွေအလိုမကျဖြစ်နေတာလဲ ကိုကို့ ကိုပြောပြလေ...*
*ကိုကို..!*
*အင်း..ပြောပါအုန်း ကိုကို့ ကလေးလေးကို ဘယ်သူကဘာပြောလိုက်လဲဆိုတာ....*
*အဟင့်..!*
အခန်းထဲကအခန်းပြင်မထွက်လာတဲ့ဂျီမင်ကို ဂျောင်ဂု ကိုယ်တိုင်ဘဲထမင်းပန်းကန်ပြင်ပေးပြီးပို့ပေးရတယ်။
ညနေကတည်းကမထွက်လာတာဆိုတဲ့ အလုပ်သမားတွေရဲ့ပြောစကားကြောင့် စိုးရိမ်စိတ်ကငယ်ထိပ်ရောက်လာတယ်။သူတို့မှာလည်းတခြံထဲနေပြီး မအားလပ်တော့မျက်နှာချင်းမဆိုင်ဖြစ်ဘူး။
ရေနံခိုးထုတ်ပြီးကတည်းကအရင်ကထပ်ပိုပြီးသတိထားနေရတယ်။သူ့အနားမှာ ရှိတဲ့လူတချို့ကသူ့ကိုသစ္စာဖောက်နေတယ်ဆိုတာ ဂျော့ခ် ပြောပြလို့သိလာရတယ်။ဂျော့ခ် ကသူနဲ့ရင်းနှီးနေတဲ့သူအားလုံးရဲ့အကြောင်းကို အသေးစိတ်စုံစမ်းပေးတယ်။
ဒါကြောင့် ကလေးငယ်ကိုလည်းသူအချိန်မပေးနိုင်ဘူးလေ။ထမင်းစားချိန်တောင်လက်ဆုံမကျဖြစ်တဲ့နေ့ကခပ်များများ။
*ဘာလို့ငိုတာလဲ ကိုကို ရင်ပူရအောင် ကလေးရယ် ..*
*ကိုကို...*
ဘာမှမပြောဘဲခေါ်ဘဲခေါ်နေတဲ့ ကလေးငယ်ကသူ့ရင်ခွင်ထဲကိုအတင်းတိုးဝင်လာတယ်။ရင်ဘက်ကိုမျက်နှာအပ်ထားတော့ ကလေးငယ်ရဲ့မျက်ရည်တွေက သူ့အင်္ကျီကိုစိုစွတ်လာတယ်။
မျက်နှာချင်းဆိုင်ဖြစ်အောင်လို့ ရင်ခွင်ထဲကနေခွာထုတ်တော့ အတင်းဘဲရုန်းနေပြန်တယ်။သူ့ခါး
က်ုလည်းလက်နှစ်ဖက်နဲ့ တက်းပျပ်နေအောင်ဖတ်တွယ်ထားသေးတယ်။
*ကလေးငယ်...ကိုကို့ကိုစိတ်ပူအောင်မလုပ်ပါနဲ့။ဘာဖြစ်လို့ငိုတာလဲ...*
*မင့်ပန်းတွေ...*
*ပန်းတွေကဘာဖြစ်လို့လဲ ...*
*သေတော့မယ်ထင်တယ်။အားလုံးညှိုးကုန်ပြီ။ရေလည်းလောင်းရဲ့သားနဲ့ ဘာဖြစ်ကုန်တာလဲမသိဘူး....*
*ဟင်..!*
*အဲတာကြောင့် ကလေးကငိုတာလား..*
*အင်း....*
ဂျောင်ဂုခမျာ ဪလို့တောင်အသံမထွက်နိုင်တော့ဘူး။သူကတော့ဘာများဖြစ်သလဲဆိုပြီးစိတ်ပူလိုက်ရတာ။လက်စသတ်တော့ ကလေးငယ်ကငိုရတဲ့အကြောင်းကဒါကို။
သူ့မှာရယ်လည်းရယ်ချင်တယ်။ဒါပေမယ့် မရယ်ရက်ပါဘူး။အစွဲလမ်းကြီးတဲ့ကလေးငယ်အကြောင်းကို သူအသိဆုံးလေ။
ပြုံးချင်နေတဲ့နှုတ်ခမ်းပါးလေးကို တင်းတင်းစေ့ပိတ်လိုက်ပြီးရင်ခွင်ထဲမှာ ခရုခွေလေးလိုတိုးဝင်နေတဲ့ ကလေးငယ်ရဲ့ဆံနွယ်တွေကိုမွှေးကြူလိုက်သည်။
*ကိုကိုဖြင့်လန့်သွားတာဘဲ ကလေးရယ်။တခုခုထိခိုက်မိလားဆိုပြီး စိတ်ပူသွာတာ...*
*ဒါလည်းထိခိုက်မိတာဘဲလေ။မင် စိတ်မကောင်းဖြစ်နေတာ ကိုကို မသိဘူးလား...!*
*သိပါတယ်။ကိုကို သိတာပေါ့..ကိုကိုပြေ ချင်တာက....*
*တော်ပြီ ဘာမှမပြောနဲ့တော့....!*
*ဟာ..!ကလေးငယ်ကလည်း .*
*ကိုကို ပြန်တော့ .!*
*စိတ်မဆိုးပါနဲ့ ကလေးရယ်..နော်...*
ကုတင်ပေါ်ကိုပြေးတက်သွားပြီးစောင်ကိုခေါင်းအထိလုံအောင်ခြုံလိုက်သည်။ကိုကိုကသူ့ကိုအရင်လိုမချစ်တော့ဘူး။သူဝမ်းနည်းနေတာကို မချော့ဘဲနဲ့ အပစ်ပြောဖို့ပြင်နေတာလေ။
ကိုကိုကအဖိုးပြောသလိုများဖြစ်နေမလား။သူ့ကိုမလွှဲသာလို့ ပြုစုစောင့်ေလျှာက်ပေးနေတာလား။ဒါမှမဟုတ် သနားလို့ဟန်ဆောင်ပြီးကောင်းပေးနေတာလား။ဂျီမင် အတွေးနဲ့တင် ကြောက်စိတ်ဝင်မိသည်။
သူယုံကြည်အားကိုးရတဲ့ ကိုကိုကတချိန်ချိန်မှာ ဖြစ်ရပ်မှန်ကိုသိသွားလို့ သူ့ကိုစွန့်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ဒါကို သူအကြောက်ဆုံးဘဲ။
အဲလိုဖြစ်လို့မရဘူး။သူ့ဘဝမှာ ကိုကို မရှိလို့မဖြစ်ဘူး။ကိုကိုနဲ့ဘဲ တသက်လုံးအတူနေသွားမှာ။
*ကလေးငယ်..*
*စိတ်မဆိုးပါနဲ့ ကိုကို တောင်းပန်တယ်နော် ..*
*အလိုမသိတဲ့ ကိုကိုကမကောင်းဘူးမလား...*
*ဟုတ်တယ်...!*
စောင်ပုံကြားထဲကနေ ထွက်လာတဲ့ဆူပုတ်ပုတ်အသံလေးကြောင့် ဂျောင်ဂု ပြုံးလိုက်တယ်။စိတ်ဆိုးနေတာတောင် ချစ်စရာကောင်းတုန်းဘဲ။
နှုတ်ခမ်းဖူးဖူးလေးကို ဆူထော်ထားပြိီး နှာထိပ်ရဲရဲေလးနဲ့ သူ့ကိုလှမ်းကြည့်လာတဲ့ ကလေးငယ်ကသူနဲ့အကြည့်ဆုံသွားတော့ မျက်စောင်းတချက်ဝံ့ပြလာတယ်။ေဂျာင်ဂု အသည်းယားလာပြီး စိတ်မထိန်းနိုင်တော့ဘဲ ကလေးငယ်ရဲ့ပါးဖောင်းဖောင်းလေးကို သွားဖြင့်ဖွဖွလေးငုံခဲလိုက်တော့တယ်။
*အ..!ကိုကို....!*
*စိတ်မဆိုးနဲ့တော့...*
*မသိဘူး.!*
*ဒါဆို ထပ်ကိုက်ရမလား..*
*အကျင့်မကောင်းတဲ့ ကိုကို.!*
*ဘာ..!ဒီကလေးကတော့ အတော်လေးဆိုးလာတာဘဲ..!ဟမ်..!*
*အဟား..!မလုပ်နဲ့လို့....*
*အကျင့်မကောင်းဘူးလို့ ပြောအုန်းမလား....*
*အင်း..!*
*ဘာ..!*
*စ,တာ..စ,တာလို့....*
*မရတော့ဘူး ကလေးဆိုးလေးကို အပြစ်ပေးရတော့မယ်....*
ဂျီမင် ရဲ့ခါးသိမ်သိမ်လေးကို ဖျစ်ညှစ်လိုက်တော့ ယားတက်တဲ့ ကလေးငယ်က အိပ်ယာထဲမှာလူးလွန့်နေတော့တယ်။စိတ်ဆိုးတာလည်းမရှိတော့သလို စိတ်မကောင်းလည်းမဖြစ်တော့တဲ့ ဂျီမင်ရဲ့ ရယ်သံလွင်လွင်လေးက အခန်းတခုလုံးပျံ့လွင့်သွားတော့တယ်။
မျက်ရည်ဝဲတဲ့အထိ ရယ်မောနေတဲ့ ကလေးငယ်နဲ့အတူ ဂျောင်ဂုရဲ့အပ်ရှရှ ရယ်သံကပါ ကပ်လျက်ပါလာတယ်။ထိုမှသာ ညိုးနွမ်းနေတဲ့ ပန်းခင်းကြီးကတပြိုင်နက်ထဲ စိမ်းစိုပြီးပွင့်အာလာတယ်။သူတို့သခင်လေး ပျော်နေပြိီလေ။
*မောတယ် ကိုကို...*
*ရေသောက်လိုက်အုန်း...*
ဆော့လို့ဝသွားတော့မှ ရယ်သံလည်းရပ်သွားတယ်။ဗိုက်ကိုနှိပ်ပြီး လေသံတိုးတိုးနဲ့ ကလေးငယ်ကဆိုလာေတာ့ ရေတခွက်ကိုကမ်းေပးရင်း ချော့တဲ့အနေနဲ့ နဖူးပြင်ကို အနမ်းတပွင့်ပေးလိုက်တယ်။သူ စ,တာများသွားပြိီလေ။
ကလေးငယ်ကတော့ သူ့ကိုမျက်တောင်လေးပုတ်ခက်ပုတ်ခက်လုပ်ကာကြည့်နေတယ်။ဒီအနမ်းက ဖြူစင်တဲ့အနမ်းတပွင့်ပါ
*ချစ်စရာကောင်းလို့...*
*အာ~~~ကိုကို..*
*ညစာစားရမယ် ကလေးငယ်...*
*ဟုတ်...*
ကိုကိုကသူ့ဆံပင်တွေဆွဲဖွလာပြီး အပြုံးလေးနဲ့ပြောလာတော့ အငြိမ်မနေတဲ့နှလုံးသားလေးက လှုပ်ခါရမ်းလာတယ်။ ပါးချိုင့်ရေးရေးလေး ပေါ်တဲ့အထိ ရယ်ပြနေတာများ ပစ်ကြွေချင်စရာကြီး။
*ကိုကိုလည်း ချစ်ဖို့ကောင်းတယ်....*
*ဟင်...!*
*ဘာမှမဟုတ်ဘူး။ထမင်းစားမယ်လို့ပြောတာ...*
*ကောင်းပါပြီ ဗျာ့....*
သူ့စကားကိုကြားပုံမပေါ်တဲ့ ကိုကို့ ကို ဂျိီမင် လည်းမုသားသုံးလိုက်တယ်။နောက်ပြီး ကွေးညွှတ်လာတဲ့ သူ့နှုတ်ခမ်းဖူဖူလေး။သဘောကျလိုက်တာ။
ကိုကိုကအခုလိုမျိုးသူ့ကိုဂရုစိုက်ပေးနေတော့ ဂျီမင်ရင်ထဲလိပ်ပြာတွေပျံဝဲနေသလိုဘဲ။တနေ့တခြားပိုလျင်မြန်လာတဲ့ ရင်ခုန်သံတွေကို, ကိုကိုကြားသွာမလားဆိုပြီး စိတ်ပူနေရတယ်။
ဒီလိုမျိုးတသက်လုံးနေသွားချင်တယ်။ဘာအပူပင်မှမရှိဘဲနဲ့လေ။ဒါပေမယ့် မဖြစ်နိုင်လောက်ဘူး။ဘာလို့ဆို.......
*ကလေးငယ်.!*
*ဟင်.!ကိုကို ဘာပြောတာလဲ .*
*စားလို့ရပြီလို့.*
*ဟုတ်..ဟုတ်ကဲ့...*
စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့ကလေးငယ်ကိုကြည့်ပြီး ဂျောင်ဂု သပ်ပြင်းချလိုက်တယ်။မူမမှန်တော့တဲ့ ကလေးငယ်ရဲ့အပြုမှုတွေကို သူသတိထားမိနေတာကြာပြီ။ဘာအကြောင်းရှိလဲဆိုတာ စုံစမ်းမှရတော့မယ်။
မဟုတ်မှ ရည်းစားရနေတာများလား...!.။ဒီလိုဆို သူ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။
ဘယ်သူ့လက်ထဲကိုမှထည့်မပေးချင်တဲ့ သူ့အတ္တကို ကလေးသိရင် စိတ်ဆိုးသွားမလား။
ကိုကိုကချစ်ရသူမို့ ကလေးငယ်နဲ့ပတ်သတ်လာရင် သေးသေးလေးတောင်အမှားမခံဘူးဆိုတာ ကလေးသိအောင်ပြောပြချင်လိုက်တာ....
_______
၂၀.၆.၂၃
Kelly
Thankful my readers 🤍
____
Zawgyi
*ငယ္ငယ္ကအိမ္မက္အတိုင္းျဖစ္လာေတာ့အဖိုးအတိုင္းမသိဝမ္းသာပါတယ္ မင္မင္ေလးရယ္
*
*ေက်းဇူးတင္ပါတယ္ အဖိုး....*
*ဒါနဲ႕ဘာလို႔အရင္ေန႕ေတြကေဈးလာမေရာင္းေတာ့တာလဲ ဟင္...*
*အဖိုး ေနမေကာင္းလို႔ပါ...*
ပန္းခ်ီျပခန္းေလးထဲ လိုက္ပတ္ၾကည့္ေနတဲ့အဖိုးမင္ေယာင္ကမုသားလွလွေလးဆိုလိုက္ေတာ့ ဂ်ီမင္ကေခါင္းတၿငိမ့္ၿငိမ့္နဲ႕နားေထာင္ေနသည္။
ငယ္ငယ္ကတည္းကအၿမဲတမ္းစာ႐ြက္တ႐ြက္နဲ႕ခဲတံတေခ်ာင္းကိုင္ၿပီး တအိမ္လုံးေလွ်ာက္သြားေနတက္တဲ့ မင္မင္ေလးကိုမ်က္လုံးထဲျပန္ျမင္ေယာင္ေတာ့ မ်က္ရည္ဝဲရျပန္သည္။မင္မင္ေလးႀကီးလာရင္ ဘာလုပ္မလဲလို႔ေမးလိုက္တိုင္းပန္းခ်ီဆရာ ျဖစ္ခ်င္တယ္ဆိုတဲ့ အေျဖဘဲအၿမဲၾကားရတယ္။
ဖခင္လိုၿမိဳ႕စားမင္းမျဖစ္ခ်င္ဘူးတဲ့ေလ။အခုေတာ့မင္မင္ေလးစိတ္ကူးထားတဲ့အတိုင္းလက္ေတြ႕ျဖစ္လာၿပီ။လက္ရာေျမာက္လွတဲ့ ပန္းခ်ီကားခ်ပ္ေတြက သက္ဝင္လွသည္ ။ညီညာၿပီး အေရာင္ေသြးစုံလွတဲ့ကားခ်ပ္အမ်ားႀကီးထဲမွာမွ အဖိုးရဲ႕အျမင္ကိုအာ႐ုံဖမ္းစားတာက တစ္ပုံဘဲရွိတယ္။ဒါကေတာ့ မေသမသပ္နဲ႕ဟိုျခစ္ဒီျခစ္ေလွ်ာက္ၿပိီးေရးဆြဲထားတဲ့ ႐ုပ္ပုံမပီျပင္တဲ့ခဲျခစ္ပန္းခ်ီေလးဘဲ။
သစ္သားမွန္ေဘာင္ေလးထဲမွာထည့္သိမ္းထားတဲ့ထိုစာ႐ြက္ေလးရဲ႕အေပၚမွာေတာ့ ေမေမ၊ေဖေဖ၊မင္ ဆိုတဲ့ေခါင္းစဥ္ေလးနဲ႕လူပုံသုံးပုံကိုၾကည့္ၿပီး ထိန္းထားတဲ့ၾကားက မ်က္ရည္ေတြကအလ်င္ျမန္ဘဲက်ဆင္းလာခဲ့တယ္။
*ဘာျဖစ္လို႔လဲ အဖိုး...*
*မ်က္လုံးထဲအမႈန္ဝင္သြားလို႔ပါ ကေလးရယ္....*
မ်က္ရည္ၾကည္ေတြကို လက္ဖမိုးနဲ႕သုတ္လိုက္တဲ့ အဖိုးကို ဂ်ီမင္ေမးလိုက္တယ္။ မွိုင္ေထြေနတဲ့အဖိုးမ်က္ႏွာကို ဂ်ီမင္ ေတြ႕ကတည္းကသတိထားမိေနတာ။အဖိုးေဈးေရာင္းတဲ့ေနရာေလးကို ေန႕တိုင္းသြားၾကည့္ေပမယ့္ မေတြ႕ေတာ့ေခ်။ရက္သတၱပတ္ၾကာေတာ့မွာအဖိုးကသူ႕ဆီကို ေရာက္လာခဲ့တယ္။
သူ႕အေၾကာင္းေတြကိုအဖိုးကသိၿပီးသူကေတာ့အဖိုးရဲ႕နာမည္ေလးေတာင္မသိဘူး။
*မင့္ကို အဖိုးနာမည္မေျပာရေသးဘူး ေနာ္..*
*ေနာက္ၿပီးဘယ္မွာေနတာလဲ အဖိုး..*
*အဖိုးနာမည္က မင္ေယာင္ပါ...ေနတာကေတာင္ပိုင္းမွာေလ ..*
*ဪ...*
*မင္မင္ေလးသိခ်င္တာအားလုံးအဖိုးကိုေမးလို႔ရတယ္...*
*ဟုတ္ကဲ့ပါ..*
အေငြးတေထာင္းေထာင္းထေနတဲ့ လက္ဖက္ရည္ခြက္ေလးကို အဖိုးကတုန္ရီေနတဲ့လက္ႏွစ္ဖက္ျဖင့္အုပ္ၿပီးကိုင္လိုက္တယ္။မင္မင္ေလးကို စကားေျပာခ်င္လို႔သာ လာခဲ့ရတာ ။ဘယ္ကေနစၿပီးေျပာရမွန္းမသိဘူး ။ေနာက္ၿပီး ဂြၽန္ေဆာ့ အိမ္ကတေယာက္ေယာက္ကမ်ား သူ႕ကိူေတြ႕သြားလို႔ မင္မင္ေလးကို တခုခုလုပ္လိုက္မွာလည္းေၾကာက္ရေသးတယ္။
ယန္ယန္ေျပာသလို ၿပီးခဲ့တာလည္းၾကာေနၿပီ အစျပန္မေဖာ္ဘဲေနခ်င္ေပမယ့္ မင္မင္ေလးကိုေတြ႕တိုင္း ပတ္ခ္ခြၽဲမင္အေပၚတာဝန္မေက်သလိုခံစားရတယ္။
*မင္မင္ေလးအဆင္ေျပတယ္မလား . *
*ဘာကိုလဲအဖိုး..*
*အစစအရာရာေလ ဂြၽန္ေဆာ့က မင္မင္ေလးကိုခ်စ္ရဲ႕လား...*
*ေဖေဖႀကီးက မင့္ကိုခ်စ္ပါတယ္ အဖိုးရဲ႕။ကိုကိုနဲ႕ေမေမႀကီးကလည္း အရမ္းခ်စ္ၿပီးအလိုလိုက္တယ္ေလ..*
ႏႈတ္ခမ္းေလးေကြးၫႊတ္တဲ့အထိၿပဳံးျပေနတာက ဟန္ေဆာင္တာမဟုတ္ဘူးဆိုတာ အဖိုးသိတယ္။တကယ္အခ်စ္ေပးၿပီး အလိုလိုက္ေပးတယ္ဆိုတာ မင္မင္ေလးရဲ႕အၿပဳံးေတြကသက္ေသဘဲေလ။
အဖိုးမင္ေယာင္သက္ျပင္းတခ်က္ခ်လိဳက္တယ္။ထို႔ေနာက္ မင္မင္ေလးနဲ႕မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ၿပီးမ်က္လုံးခ်င္းဆုံၾကည့္လိုက္တယ္။မင္မင္ေလးရဲ႕အျပစ္ကင္းၿပီးခ်စ္စရာေကာင္းတဲ့မ်က္ဝန္းေတြက သူေျပာမယ့္စကားကိုတြန႔္ဆုတ္ေစတယ္။
*မင့္ကိုေျပာစရာရွိလို႔လားအဖိုး..*
*ဆိုပါေတာ့..*
*ဘာမ်ားလဲ ဟင္..*
*မင္မင္ေလးရဲ႕ေမေမနဲ႕ေဖေဖကိုမလြမ္းဘူးလား...*
*လြမ္းတာေပါ့ အဖိုးကလည္း။အရမ္းလြမ္းတယ္..*
တုန္ရီေနတဲ့အဖိုးရဲ႕အသံေၾကာင့္ ဘာလို႔မွန္းမသိဘူး..ဝမ္းနည္းစိတ္ကအလိုလိုဝင္လာတယ္။သူ႕လက္ႏွစ္ဖက္ကိုဆုတ္ကိုင္လာတဲ့အဖိုးရဲ႕လက္ေတြကေအးစက္ၿပီးတဆက္ဆက္တုန္ေနတာကို သူခံစားမိတယ္။ေနာက္ၿပီး အရည္လဲ့ေနတဲ့မ်က္ဝန္းေတြက ၿပိဳက်ေတာ့မယ့္မိုးသားလိုဘဲ ....
*ကေလးေလးရဲ႕မိဘေတြကဘာအျပစ္မွမရွိဘဲ အသတ္ခံရတာကိုေရာ မင္မင္ေလးသိလား...*
*ဟင့္အင္း..!မင္ မသိဘူး..*
သူမွတ္မိ႐ုံဘဲရွိတာေလ။ဘာေၾကာင့္လဲဆိုတာ အတိက်မသိဘူး ။စုံစမ္းဖို႔က်ေတာ့လည္း ႏွစ္ကာလၾကာေနေတာ့ သူ႕က္ိုဘယ္သူကကူညီၿပီးရွာေပးမွာလဲ။ဒါေပမယ့္ တစ္စုံတစ္ေယာက္ကေတာ့ သူ႕အတြက္လုပ္ေပးခ်င္ရင္လုပ္ေပးလိမ့္မယ္။အဲတာက ကိုကိုေလ...။သူေျပာရင္ ကိုကိုက ေသခ်ာေပါက္ကူညီေပးမွာ
*ဘာေၾကာင့္သတ္တာလဲ ဘယ္သူသတ္တာလဲဆိုတာ အဖိုးသိလား...*
*အင္း..။အဖိုးသိတယ္..ဒါေပမယ့္ ပိုတိက်တဲ့သတင္းမျဖစ္ေသးလို႔ ေသခ်ာေတာ့စြပ္စြဲလို႔မရေသးဘူး...*
*ဟင္.!အဖိုးသိတယ္ ဟုတ္လား။မင့္ကိုေျပာျပပါလား..*
*ကေလးေလးသိရင္ ဘာဆက္လုပ္မွာလဲ....*
*ဘာေၾကာင့္အဲလိုလုပ္ရတာလဲဆိုတာ ေမးခ်င္တယ္။ေနာက္ၿပီး အျပစ္တြက္ ဒဏ္ေပးေစခ်င္တယ္....*
*အဲဒီလူက မင္မင္ေလးနဲ႕အရမ္းရင္းႏွီးေနတဲ့သူဆိုရင္ေရာ အဲလိုလုပ္မွာလား...*
အေျဖမလာဘဲအေမးကိုအေမးနဲ႕တုန႔္ျပန္လာတဲ့အဖိုးရဲ႕စကားေၾကာင့္ ဂ်ီမင္ေတြေဝသြားတယ္။အဖိုးဘာေျပာခ်င္လဲဆိုတာ သူသေဘာေပါက္လာၿပီ။အရင္တေခါက္ကအဖိုးေျပာသြားတာကို ျပန္ၾကားေယာင္ၿပီး အေတြးထဲျမင္ေယာင္လာတဲ့ ပုံရိပ္ေလးတစ္ခု။
မဟုတ္ဘူး.!။မဟုတ္ဘူး။သူ႕ကိုအဲလိုလုပ္မွာမဟုတ္ဘူး။သူ အေတြးလြန္ေနတာ။စိတ္ကိုၿငိမ္ၿငိမ္ထားၿပီး အဖိုးေျပာတာကိုနားေထာင္ ဂ်ီမင္...။
ဂ်ီမင္က အသက္ကိုဝဝရႈလိုက္ၿပီး ေလပူတခ်က္မႈတ္ထုတ္ကာ အဖိုးကိုျပန္ၾကည့္လိုက္သည္ ။အဖိုးကေတာ့ သူ႕ကိုနားလည္ရခက္တဲ့မ်က္ဝန္းေလးနဲ႕ညွိုးငယ္စြာၾကည့္ေနသည္
*အဖိုးသိထားသမွ် မင့္ကိုအကုန္ေျပာျပပါ။ဘယ္သူဘဲျဖစ္ျဖစ္ မင္ကအျပစ္ေပးမွာမို႔ အဖိုးေျပာလို႔ရပါတယ္....*
*ေကာင္းပါၿပီ ကေလးေလးကသိခ်င္စိတ္ျပင္းျပေနေတာ့လည္း အဖိုးေျပာျပပါ့မယ္။အရင္ဆုံးစိတ္ကိုၿငိမ္ၿငိမ္ထားၿပီး အဖိုးစကားကိုအဆုံးထိနားေထာင္ရမယ္ ေနာ္...*
*ဟုတ္ကဲ့.....*
လျခမ္းေကြးသဏၭန္မ်က္ဝန္းက်ဥ္းက်ဥ္းေလးက စူးစမ္းတက္တဲ့ယုန္သူငယ္ေလးလိုဘဲ နား႐ြက္ေလးကိုေထာင္ကာ ၿငိမ္ၿပီးနားေထာင္ေနရွာသည္။
ရင္ေတြတလွပ္လွပ္ခုန္လာၿပီးလက္ဖ်ားေတြလည္းေအးစက္လာခဲ့သည္။ႏွလုံးခုန္သံကတစ္စတစ္စနဲ႕လ်င္ျမန္လာသည္။အသက္မပါတဲ့မပြင့္တပြင့္အၿပဳံးေလးနဲ႕ အဖိုးကျဖစ္ေၾကာင္းကုန္စင္ကိုအစခ်ီၿပီးေျပာလာသည္။
ငယ္ဘဝရဲ႕ေပ်ာ္စရာအခ်ိန္ေတြကိုျပန္ေျပာေတာ့ သူပါလိုက္ၿပီးၿပဳံးမိသည္ ။တျဖည္းျဖည္းနဲ႕အရွိန္ပါလာတဲ့စကားဝိုင္းေလးကိုဂ်ီမင္ နားေထာင္ရင္း မ်က္ႏွာအမူယာကလည္းတဆင့္ျခင္းေျပာင္းလဲလာသည္။ရယ္ေနရာကေန ၿပဳံး႐ုံမွ်သာၿပဳံးၿပီး ေနာက္ဆုံးငိုခ်မတက္မ်က္ႏွာထားေလးျဖစ္သြားသည္။
*ဒါဆိုေမေမနဲ႕ေဖေဖကဘာအျပစ္မွမရွိဘဲ ရာထူးတခုအတြက္နဲ႕အသက္ေပးခဲ့ရတာေပါ့ေလ...*
*ဟုတ္တာေပါ့ ကေလးေလးရယ္။သိပ္သနားစရာေကာင္းတာဘဲ...*
*အဲလူကဘယ္သူလဲ အဖိုး။မင့္ကိုအျမန္ေျပာျပပါ....*
*တျခားသူေတာ့မဟုတ္ပါဘူး။သူကေတာ့(......)ပါ.......ေနာက္ၿပီး......*
ခြမ္း.!!
အဖိုးစကားေတြကသူ႕နားထဲဝင္တခ်က္မဝင္တခ်က္နဲ႕။မ်က္လုံးေတြျပာေဝလာၿပီး သူ႕လက္ထဲကလက္ဖက္ရည္ခြက္ေလးသည္လည္း ၾကမ္းျပင္ေပၚကိုက်ကြဲသြားေတာ့တယ္။ခ်က္ခ်င္းဘဲ ပါးျပင္ထက္ကိုက်ဆင္းလာတဲ့မ်က္ရည္ေတြကအတားဆီးမဲ့ေနခဲ့သည္။ကိုယ့္နားကိုယ္ပင္မယုံနိုင္ေလာက္ေအာင္ဘဲ။
ရွိုက္ငင္သံမပါဘဲအသံတိတ္ငိုေႂကြးေနတဲ့ ဂ်ီမင္ကိုၾကည့္ၿပီး အဖိုးလည္းမ်က္ရည္ဝဲမိတယ္။ဒီကေလးကိုသနားလြန္းလို႔ ဘယ္လိုလုပ္ရပါ့မလဲ။သူ ရင္နာလိုက္တာ။
ဒုန္း.!
*ကေလးေလး.!!*
ရင္ဘက္ကိုလက္နဲ႕ဖိကာငိုေနတဲ့ဂ်ီမင္ကအသက္ကိုျပင္းျပင္းရႈလိုက္ၿပီး မတ္တပ္ရပ္လိုက္ေတာ့ ေပ်ာ့ခြာသြားတဲ့ခႏၶာကိုယ္ေၾကာင့္ ထိုင္ခုံေပၚကိုျပန္ျပဳတ္က်သြားေတာ့တယ္။
အားအင္ေတြဆုတ္ယုတ္လာၿပီးငိုဖို႔ေတာင္မ်က္ရည္မရွိေတာ့ဘူး။သူ မငိုနိုင္ေတာ့ဘူး။ထိုအစား ဘာလို႔လဲဆိုတဲ့ေခါင္းခြန္းေတြဘဲ ေခါင္းထဲမွာျပည့္ႏွက္ေနတယ္။
*အဖိုး.....*
*ကေလးေလးရယ္...*
*မင္..မင္ ဘာဆက္လုပ္ရမလဲ ဟင္..*
သူ႕လက္ကိုအားကိုးတႀကီးဆုတ္ကိုင္ကာ ေမးလာတဲ့မင္မင္ေလးကို ဘယ္လိုျပန္ေျဖေပးရမလဲ။ႏႈတ္ခမ္းဖူးဖူးေလးကတဆက္ဆက္တုန္ေနၿပီးအတားမဆီးမရွိက်ေနတဲ့မ်က္ရည္ေတြက သူ႕လက္ဖမိုးေပၚကိုတေတာက္ေတာက္နဲ႕စီးက်လာသည္။
*အဖိုးကေတာ့အေလာတႀကီးမဆုံးျဖတ္ေစခ်င္ဘူး။ေနာက္ၿပီး ဒါကေသခ်ာလားဆိုတာ အဖိုးလည္းတပ္အပ္မေျပာနိုင္ဘူးေလ။အဲေတာ့ အဖိုးနဲ႕အတူမင္မင္ေလးလည္း သူတို႔အေၾကာင္းကိုေသခ်ာစုံစမ္းရေအာင္လား.....*
*ဟုတ္..ဟုတ္ကဲ့။မင္ ကိုယ္တိုင္စုံစမ္းမွာပါ ..*
*မငိုနဲ႕ေတာ့ ေနာ္။မင္မင္ေလးငိုရင္ ေမေမတို႔လည္းစိတ္မေကာင္းျဖစ္ေနမယ္။မင္မင္ေလးက ဒီထက္ပိုၿပီးသန္မာမွရမယ္ ....*
*မင္ နားလည္ပါပီ အဖိုး....*
*ဟုတ္ၿပီ ဒါဆို အဖိုးျပန္ေတာ့မယ္။ဒီရက္ပိုင္းေတာ့ မင္မင္ေလးဆီအဖိုးလာနိုင္မွာမဟုတ္ေသးဘူး။ဒါေပမယ့္ အေၾကာင္းထူးရင္ လူငယ္တေယာက္ကိုအဖိုး လႊတ္ေပးလိုက္မယ္.....*
*ဟုတ္ကဲ့ ။ေက်းဇူးတင္ပါတယ္ အဖိုး။မင့္ကိုအခုလိုေျပာျပေပးလို႔....*
*မလိုပါဘူး ကေလးေလးရယ္။မင္မင္ေလးရဲ႕အေဖကိုဆပ္ရမယ့္ေက်းဇူးေႂကြးနဲ႕ယွဥ္ကဒါကမေျပာပေလာက္ပါဘူး.....*
*အဖိုးသြားေတာ့မယ္ေနာ္....*
*ေကာင္းေကာင္းျပန္ပါ အဖိုး..*
လႈပ္တုတ္လႈပ္တုတ္နဲ႕ျပန္သြားတဲ့အဖိုးရဲ႕ေက်ာျပင္ကိုၾကည့္ၿပီး ဂ်ီမင္ သက္ျပင္းေမာခ်လိဳက္တယ္။အဖိုးေျပာတာသာ အမွန္တရားဆိုရင္ သူေ႐ြးခ်ယ္ရခက္သြားၿပီ။
ဘာဆက္လုပ္ရမလဲဆိုတာ ေခါင္းေအးေအးထားၿပီးစဥ္းစားဖို႔လိုေနၿပီ။အရင္ဆုံး ထိုသူဆီကိုခ်ည္းကပ္ၿပီးစကားႏွိုက္ရမယ္။အဲကေနမွ တဆင့္ခ်င္းတက္ၾကတာေပါ့
ငိုတာမ်ားသြားေတာ့ သူ႕မ်က္ခြံေတြအစ္လာတယ္။ႏွာထိပ္ေလးေတြနီရဲလာၿပီး ႏႈတ္ခမ္းသားကိုကိုက္ခဲထားလို႔ေသြးေခ်ဥလာတယ္။လက္သည္းထိပ္ေလးကို သြားျဖင့္တတိတိကိုက္လိုက္ၿပီး ထိုလူအေၾကာင္းကိုေတြးေတာေနလိုက္သည္။
______
အား...!
*ဟာ..လန႔္လိုက္တာ ဗ်ာ..ဖလူးဖလူး။ငါ့လိပ္ျပာေလးေရ ျပန္လာျပန္လာ...!*
အိမ္နဲ႕မနီးမေဝးမွာရွိတဲ့ေတာစပ္ထဲကို သစ္ဥသစ္ဖုထူးရင္းေတာေကာင္းေလးေတြမ်ားရလိုရျငားဆိုၿပီး ဝါးျဖင့္ရက္လုပ္ထားတဲ့ပလိုင္းတလုံးကိုလြယ္ရင္းသီးခ်င္းတၿငီးၿငီးနဲ႕ ထြက္လာတဲ့ယန္ယန္ ကသစ္ပင္ေအာက္မွာရပ္ေနတဲ့အရိပ္ေလးေၾကာင့္ငယ္သံပါေအာင္တခ်က္ေအာ္လိုက္တယ္။
မ်က္လုံးစုံမွိတ္ၿပီးရင္ဘက္ကိုဖိကာအက်ယ္ႀကီးေအာ္လိုက္တဲ့ယန္ယန္ကအရမ္းေၾကာက္တက္တယ္ဆိုတာကိုေတာ့ ဘယ္သူမွမသိၾကဘူး။လူေရွ႕မွာေတာ့ သူကသတၱိခဲပုံစံဖမ္းေပမယ့္ တကယ္တမ္က် ေၾကာက္စိတ္ကိုဖုံးဖိူ႕အကာကြယ္လုပ္ထားတယ္ဆိုတာ အဖိုးနဲ႕သူဘဲသိတာ။
ေခါင္းငိုက္စိုက္နဲ႕သစ္ပင္ေအာက္ကထြက္လာတဲ့အရိပ္ကလူဆိုတာသိေတာ့မွ အသက္ကိုျပင္းျပင္းရႈလိုက္ၿပီးထိုလူကိုမ်က္ေစာင္းတခ်က္နဲ႕စိုက္ၾကည့္လိုက္သည္။အသံမေပးဘဲနဲ႕ လူကိုလန႔္ေသေအာင္လို႔။တကယ္ဘဲ သူ႕မွာလာသာလာရတာ ဒူးကခပ္တုန္တုန္။
အဖိုးမရွိခင္ေလးခိုးထြက္လာရေတာ့ မိသြားမွာလည္းေၾကာက္ရေသး။အဖိုးကသူ႕ကိုတေယာက္ထဲမသြားဖိူ႕မွာထားတယ္ေလ။သြားခ်င္ရင္အိမ္နီးခ်င္းကေကာင္ေလးေတြကိုအေဖာ္ေခၚသြားတဲ့။
အၿမဲတမ္းအေဖာ္ေခၚေနေတာ့ သူလည္းအားနာတာနဲ႕ဘဲတေယာက္ထဲထြက္လာခဲ့လိုက္တာ။အခုမွပိုၿပီးေၾကာက္လာသလိုဘဲ
*ေဟ့လူ ခင္မ်ားတေယာက္ထဲဒီမွာဘာလုပ္ေနတာလဲ ....*
*........*
အနည္းငယ္အုံ႕ဆိုင္းေနတဲ့သစ္ပင္အိုႀကီး၏ေအာက္တြင္ မလႈပ္မယွက္ဘဲရပ္ေနတဲ့ထိုလူကို ယန္ယန္ကေမးလိုက္ေတာ့ သူ႕ကိုေမာ့ၾကည့္လာတဲ့မ်က္ဝန္းေတြကစူးရွၿပီးခက္ထန္ေနသည္။
ဘာလဲ .!ဒီလူ ။ဘာစကားမွမေျပာဘဲစိုက္ၾကည့္ေနတာ အ,ေနလို႔မ်ားလား။ဒါမွမဟုတ္ ႐ုပ္ရွင္ေတြထဲကလို စိတၱဇလူသတ္သမားမ်ားလား
အား.!
*အဖိုးေရ...သားေၾကာက္တယ္..!*
ကိုယ့္အေတြးနဲ႕ကိုယ္ျပန္ေၾကာက္ေနတဲ့ ယန္ယန္ကနားႏွစ္ဖက္ကိုပိတ္ကာအာေခါင္ျခစ္ၿပီးေအာ္ငိုေတာ့တယ္။
*ဂ်ီမင္နဲ႕ေဝးေဝးေန.!*
*ဟမ္..!*
*ေနာက္တခါ ဂ်ီမင္အနားမွာမင္းကိုထပ္ျမင္ရရင္ အေလာင္းေဖ်ာက္ပစ္မယ္...!*
ထိုစကားႏွစ္ခြန္းကိုဘဲေျပာၿပီးလူစိမ္းကလွည့္ထြက္သြားတယ္။က်န္ခဲ့တဲ့ယန္ယန္ကေတာ့ နားမလည္နိုင္ျခင္းမ်ားစြာနဲ႕ ငိုတာကိုရပ္ကာ မ်က္လုံးျပဴးၿပီးေငးၾကည့္ေနမိတယ္။
အစမရွိအဆုံးမရွိနဲ႕ ဒီလူကဘာေတြေျပာသြားတာလဲ။ေနာက္ၿပီးဂ်ီမင္နဲ႕ဘာေတာ္လို႔ သူကဒီလိုလာေျပာရတာလဲ။ေမးခြန္းေတြျပည့္ေနတဲ့ ယန္ယန္ ေခါင္းထဲအေျဖရွာေပးဖို႔ရာ အဖိုးဘဲရွ္တာေၾကာင့္ ေတာထဲကိုဆက္မသြားေတာ့ဘဲ အိမ္ကိုသာ သုတ္ေျခတင္ၿပီးအေျပးျပန္လာေတာ့တယ္။
*ဘယ္လိုျဖစ္လာတာလဲ အေရးႀကီးသုတ္ပ်ာနဲ႕..*
*အေနာက္ကက်ားလိုက္လာလို႔လား...*
*က်ားထက္ဆိုးတယ္ အဖိုးရ...။အီးဟီး . ေၾကာက္ဖို႔ေကာင္းလိုက္တာ...*
*ဘာျဖစ္လို႔လဲ ငါ့ကိုျမန္ျမန္ေျပာစမ္း ယန္ယန္...*
ေခြၽးသံ႐ႊဲ႐ႊဲနဲ႕ အိမ္ထဲကိုေျပးဝင္လာတဲ့ ယန္ယန္ကိုအဖိုးကေလသံမာမာနဲ႕ေဟာက္လိုက္ေတာ့ သူၾကားခဲ့တာကိုအကုန္ေျပာျပလိုက္တယ္။နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနတဲ့ ရင္အစုံကိုလက္ျဖင့္ဖိရင္း ေရေအးေအးတခြက္ကိုမနားတမ္းေမာ့ေသာက္ခ်လိဳက္တယ္။
အသက္မထြက္တာကံေကာင္း။အဲလိုလူေတြက ေၾကာက္ဖို႔ေကာင္းတယ္။ေနာက္ဆို ေတာထဲကိုတေယာက္ထဲမသြားေတာ့ဘူးလို႔ ယန္ယန္တိုးတိုးေလးစိတ္ပိုင္းျဖတ္လိုက္တယ္
*ငါတို႔ေျခလွမ္းကိုရိပ္မိသြားၿပီထင္တယ္...*
*ယန္ယန္..!*
*ဗ်ာ.!*
*မင္မင္ေလးကိုပိုၿပီးဂ႐ုစိုက္ေပးေတာ့။မ်က္စိေဒါက္ေထာင့္ၾကည့္ထား ၾကားလား..!*
*အဖိုးကလည္း သူေျပာသြားတယ္ေလ ေနာက္တခါေတြ႕ရင္ သားကိုသတ္မွာေပါ့...*
*ငါစကားကိုႏွစ္ခါမေျပာဘူး။အဲေလာက္ထိေၾကာက္မေနနဲ႕ တကယ္မလုပ္ဘူး မင္းကိုေျခာက္သြားတာ....*
*ဒါေပမယ့္...*
*ငါ့ကိုအထြန႔္မတက္နဲ႕ ယန္ယန္..!*
*ဟုတ္..*
အဖိုးမင္ေယာင္လည္းဒါကိုသတိထားမိေနတာ။သူၿမိဳ႕ထဲသြားတုန္းကလည္း တေယာက္ေယာက္ကအေနာက္ဘက္ကေနစိုက္ၾကည့္ေနသလိုမ်ိဳးခံစားရလို႔ရွာၾကည့္ေပမယ့္တံရားခံကိုမေတြ႕ေပ။လူအမ်ားနဲ႕မို႔ ဘယ္သူဘယ္ဝါလဲဆိုတာရွာဖို႔ခက္တယ္။ေသခ်ာတာကေတာ့ သူတို႔အနီးမွာဘဲထိုလူရွိရမယ္။ဒါေၾကာင့္ မင္မင္ေလးကိုေစာင့္ၾကည့္ခိုင္းတာကို သိေနတာေပါ့
*ဟို ဒီကဘာမ်ားကူညီေပးရမလဲ ...*
*ဗ်ာ..!*
*တခုခုေျပာခ်င္ေနသလားလို႔ေလ ..*
*မဟုတ္ပါဘူး...*
ဆိုင္ထဲကိုဝင္လာကတည္းကသူ႕ကိုမ်က္လုံးေဒါက္ေထာက္ၾကည့္ေနတဲ့လူငယ္ေလးေၾကာင့္ ဂ်ီမင္လည္းေမးလိုက္သည္။ပန္းခ်ီကားခ်ပ္ေတြကိုလက္နဲ႕တို႔ထိေနၿပီး သူလုပ္သမွ်ကိုလိုက္ၾကည့္ေနတာ ၾကာေတာ့ အေနခက္လာသည္။
ဒီရက္ပိုင္းသူလည္းဘာျဖစ္ေနသလဲမသိဘူး။ေနာက္ေယာင္ခံလိုက္တဲ့သူနဲ႕ အခုလည္းသူ႕ကိုေစာင့္ၾကည့္ေနျပန္ၿပီ။ေနရတာေတာင္ မလြတ္လပ္ေတာ့ဘူး။အစစအရာရာ သတိထားၿပီးသြား၊လာေနရတယ္။
*ပန္းခ်ီေတြကိုစိတ္တိုင္းမက်လိဳ႕လား...*
*မဟုတ္ပါဘူး..*
ဂ်ီမင္ဘာေမးေမးထိုလူငယ္ေလးကဘူးခံျငင္းေနေတာ့ သူလည္းဆက္မေမးေတာ့ေပ။ၾကည့္ခ်င္တာၾကည့္ပါေစေတာ့။စိတ္ရႈပ္တယ္တအားဘဲ။
*ယန္ယန္ ပါ...*
*ဟင္..*
*ကြၽန္ေတာ့နာမည္ ယန္ယန္လို႔။ဂ်ီမင္နဲ႕႐ြယ္တူဘဲ...*
*ဘယ္လိုသိတာလဲ...*
*ဒီေလာက္နာမည္ႀကီးေနတာကို...*
စကၠန႔္ပိုင္းေလာက္ၾကာမွ ထိုယန္ယန္ဆိုတဲ့လူကသူ႕ကိုမိတ္ဆိတ္လာတယ္။လက္တဖက္ကိုကမ္းေပးလာေတာ့ ဂ်ီမင္လည္းအလိုက္သင့္ေလးျပန္ႏႈတ္ဆက္လိုက္တယ္။႐ုတ္တရက္ႀကီးဘာလို႔နာမည္ေျပာျပရတာလဲ။သူနဲ႕လည္းမသိဘဲနဲ႕
ဂ်ီမင္က ႏႈတ္ခမ္းေလးဆူကာစဥ္းစားဟန္ျပဳေနပုံကိုၾကည့္ၿပီးယန္န္ၿပဳံးလိုက္တယ္။အႏၲရာယ္ကသူ႕အနားမွာဆိုေပမယ့္ ဂ်ီမင္ကပိုအေရးႀကီးတယ္ေလ။။
အရင္ရက္ေတြကေတာ့ အေဝးကေနဘဲဂ်ီမင္ကိုေစာင့္ၾကည့္ေနတာ။ဒီေန႕မွ ဂ်ီမင္ကိုအနီးကပ္ျမင္ခ်င္တာေရာ ေနာက္ၿပီးခင္မင္ခ်င္လို႔လည္းပါတာေပါ့။ဒါေၾကာင့္ ဆိုင္ထဲဝင္ၿပီးႏႈတ္ဆက္လိုက္တာ။
ဂ်ီမင္ကေတာ့သူ႕ကိုမယုံသကၤာမ်က္လုံးနဲ႕လိုက္ၾကည့္ေနတာကို သတိထားမိတယ္။ဒါလည္းျဖစ္သင့္တာဘဲေလ။သူစိမ္းတေယာက္က႐ုတ္တရက္မိတ္ဆက္လာေတာ့ စိတ္ထဲစနိုးစေနာက္ျဖစ္ေနမွာေပါ့။
ေနာက္တခုကသူ႕ကိုဂ်ီမင္မမွတ္မိဘူး။ရွ႕တပတ္က ဂ်ီမင္အေနာက္ကိုသူလိုက္ဖူးတယ္။အဲေန႕ကမိုး႐ြာတဲ့ေန႕ႀကီး။ခါတိုင္းဂ်ီမင္ကို ၿမိဳ႕ေတာ္ဝန္မဟုတ္ရင္ တေယာက္ေယာက္လာႀကိဳတက္တယ္ေလ။ထိုေန႕ကေတာ့ ဘယ္သူမွမလာတာနဲ႕ ဂ်ီမင္လည္းမေစာင့္ေတာ့ဘဲ တေယာက္ထဲျပန္သြားတာ။အစကေတာ့ သူလည္းမလိုဖို႔ပါဘဲ။ဒါေပမယ့္ စိတ္မခ်တာေၾကာင့္ အေနာက္ကေနတိတ္တိတ္ေလးလိုက္သြားခဲ့တာ။
အိမ္နားေရာက္ခါနိီးေတာ့သူ႕ကိုသတိထားမိသြားလိူ႕ထင္တယ္ ခပ္လွမ္းလွမ္းကေနေအာ္ေမးလာတယ္။သူလည္း ဘာေျဖရမွန္းမသိလို႔ ရပ္ေနလိုက္တာ။ဒါကို ဂ်ီမင္ကဘာျဖစ္သြားလဲမသိဘူး။မေျပး႐ုံတမယ္ဘဲ ေျခလွမ္းသြက္သြက္နဲ႕သြားပါေလေရာ။
ေနာက္ေတာ့ၿမိဳ႕ေတာ္ဝန္ကားကသူ႕ေဘးနားကျဖတ္သြားတာကိုျမင္မွ သူလည္းဆက္မလိုက္ေတာ့ဘဲျပန္လာခဲ့ေတာ့တာ။
*မိတ္ေဆြျဖစ္လို႔ရမလား....*
*ဘာလို႔လဲ...*
*႐ြယ္တူဆိုေတာ့ခင္ခ်င္လို႔ပါ။ေနာက္ၿပီး ဂ်ီမင္ကိုေလးစားလို႔ေလ..*
*ဟင္..*
*ဂ်ီမင္ကအရမ္းေတာ္တာဘဲ ပန္းခ်ီေတြကအသက္ဝင္ေတာ့ ဆိုင္ထဲကေတာင္မထြက္ခ်င္ေတာ့ဘူးး...*
*ေက်းဇူတင္ပါတယ္...*
*ဒါဆို ခင္ခြင့္ေပး...*
*ေကာင္းပါၿပီ...*
ယန္ယန္ကမ်က္ေမွာက္က်ဳံ႕ကာ လိုခ်င္တာမရတဲ့ကေလးလိုမ်ိဳးျဖစ္လာေတာ့ ဂ်ီမင္လည္း မျငင္းေတာ့ေပ။ဘာအေၾကာင္းေၾကာင့္ ခင္ခ်င္တာလည္းမသိေပမယ့္ အေကာင္းျမင္စိတ္ဘဲထားလိုက္တယ္။ရန္သူဆိုရင္ေတာင္ သူ႕စိတ္ရင္းအမွန္ကိုၾကာရင္သိသြားလိမ့္မယ္။
_______
*ဒီတခါပိုးထည္ေတြကအိစက္ေနတာဘဲ...*
*ေနာက္တခါျပဇာတ္႐ုံသြားရင္ဝတ္ဖို႔ခ်ဳပ္လိုက္မယ္ ေနာ္....*
*သမီးသေဘာ...*
အရာရွိႀကီးကဂေရ႕စ္ကိုၾကည့္ၿပီးႏွစ္ၿခိဳက္စြာၿပဳံးလိုက္သည္။ဒီလိုအေကာင္းစားပိုးထည္ေတြကို အရာရွိသား၊သမီးေတြဘဲဝတ္နိုင္တာေလ။ေတာ္႐ုံလူအနားကပ္ဖို႔ေနေနသာ အေဝးကေတာင္မၾကည့္ရဲဘူး။အဲေလာက္ထိတန္ဖိုးႀကီးတဲ့ ပစၥည္းကို အရာရွိႀကီးက ရိုးရိုးသားသားလစာနဲ႕ဝယ္ခဲ့တယ္ထင္လား။
ၿမိဳ႕ေတာ္ဝန္ကိုမလွိမ့္တပတ္လုပ္ၿပီးေရနံေတြခိုးထုတ္သြားတာအရာရွိႀကီးနဲ႕ အေပါင္းပါတစ္စုေပါ့။ရလာတဲ့ေငြစကို ေဝစုခြဲယူၾကတယ္။သူကေတာ့ ပိုယူတာေပါ့။ဒီကိစၥသာ ၿမိဳ႕ေတာ္ဝန္သိရင္ ႀကီးေလးတဲ့ျပစ္ဒဏ္ေပးခံရမွာသိတယ္။
ဒါေပမယ့္ သူမေၾကာက္ဘူး။ဘာလို႔ဆ္ု ဒီလိုလုပ္စားလာတာ သမီးတသက္မွမကေတာ့တာ။အံတိုေနၿပီ။ဘယ္အကြက္ကိုေ႐ြ႕ရင္ ဘာဆိုတာ သူသိတယ္ေလ
အခုၿမိဳ႕ေတာ္ဝန္ေဂ်ာင္ဂုကလည္းခပ္အအ ဆိုေတာ့သူ႕လက္သူ႕ေျခနဲ႕စိတ္ႀကိဳက္ေသာင္းက်န္းေနေတာ့တာေပါ့။ေလာကဘအရမ္းေၾကာက္ဖို႔ေကာင္းတယ္။ေနာက္ၿပီး အရမ္းလည္းပူေလာင္ရတယ္
သိသြားမလား၊မိသြားမလားဆိုတဲ့စိုးရိပ္စိတ္ေၾကာင့္ ညဘက္ေတာင္ေကာင္ေကာင္းအိပ္မေပ်ာ္တဲ့ရက္ေတြက တစ္ႏွစ္ပတ္လုံးနီးပါးဘဲ။
*သမီးကိုအရမ္းအလိုမလိုက္ပါနဲ႕..*
*ဘာျဖစ္လဲ ငါ့မွာသမီးတေယာက္ဘဲရွိတာ။သူမ်ားထက္သာေအာင္ထားမွရမယ္...*
ဂေရ႕စ္ရဲ႕မိခင္ကအေနေအးသူပီပီ ေတာ္႐ုံဆိုဝင္မေျပာတက္ဘူး။အရာရွိႀကီးကသာ စီမဲခန႔္ခြဲတာ။သူ(မ)ကို ဒါကဒီလိုလုပ္ဆိုၿပီး ေျပာရင္လည္း အင္း ၊တလုံးဘဲေျပာၿပီး က်န္တာစိတ္မဝင္ဘဲမဆိုင္သလိုေနတယ္။
သမီးကိုေတာ့အရမ္းခ်စ္ပါတယ္။ဒါေပမယ့္ လိုတရျဖစ္ေနေတာ့ တခ်ိန္ခ်ိန္မွာအခုလိုမေနနိုင္တဲ့အခါလိုခ်င္မရေတာ့ရင္ သမီးဘဲစိတ္ဆင္းရဲရမွာေလ။သူ(မ)ကအေရွ႕ကိုႀကိဳေတြးေပမယ့္ အရာရွိႀကီးကေတာ့ လက္ရွိဘဝမွာဘဲေပ်ာ္ေမြ႕ၿပီး အနာဂတ္ကိုေတြးေတာ့မေနဘူး။
*ရွင္အဲလိုလုပ္ေနသိလား။ဒါေတြမရွိေတာ့မွ ေနာင္တရေနမယ္.....*
*ဘာေနာင္တမွမရဘူး။ေနာက္ၿပီး ငါတို႔လည္းဘယ္ေတာ့မွဆင္းရဲမွာမဟုတ္ဘူး....*
ေျပာၿပီးထြက္သြားတဲ့ အရာရွိႀကီးကိုၾကည့္ၿပီးသူ(မ)သက္ျပင္းခ်လိဳက္တယ္။ႀကိဳမျမင္နိုင္တဲ့ကံၾကမၼာကိုေတာ့ လ်စ္လ်ဴရႈလို႔မရဘူးဆိုတာ သူသိေအာင္ဘယ္လိုေျပာျပရမလဲ။
*ဂေရ႕စ္..!*
*အာ..အဲလက္လာတယ္...*
*ေမေမေလးေနေကာင္းတယ္ေနာ္...*
*ေကာင္းပါတယ္ ကြယ္..*
*လာထိုင္..သား..။သမီးေလးနဲ႕ေအးေဆးစကားေျပာၾကအုန္းေနာ္ ။ေမေမေလးသားတို႔စားဖို႔တခုခုလုပ္ေပးမယ္...*
*ဟုတ္ကဲ့..!*
ငယ္ငယ္ေလးကတည္းကႏွစ္အိမ္တအိမ္ေနေနၾကမို႔ ဂေရ႕စ္ရဲ႕အေမကို ေမေမေလးလို႔ဘဲေခၚတယ္။သူ႕ကိုလည္းသားအရင္းလိုခ်စ္တယ္ေလ။
*ဘာကိစၥလဲ...*
*ရင့္လိုက္တာ..*
*ဟြန႔္.!*
ႏွာေခါင္းရႈံ႕ကာမ်က္ေစာင္းထိုးၿပီးတဖက္ကိုမ်က္ႏွာလႊဲသြားတဲ့ဂေရ႕စ္ေၾကာင့္ အဲလိုက္ရယ္လိုက္သည္။သူ႕ကို ခ်စ္တယ္လို႔ဖြင့္ေျပာသြားတဲ့ေန႕ကစၿပီး သူတို႔ႏွစ္ေယာက္မေတြ႕ျဖစ္ေတာ့ဘူး။
သူကဘဲေရွာင္ေနတယ္ဆိုပိုမွန္မလား။ညီမေလးလို႔သေဘာထားတဲ့ ကေလးမကသူ႕ကိုအကိုလိုမခ်စ္ဘဲ ခ်စ္သူလိုခ်စ္တာဆိုေတာ့ ေရွာ့ခ္ရသြားတာေပါ့။ေနာက္ၿပီး ဂေရ႕စ္က ၿမိဳ႕ေတာ္ဝန္နဲ႕ေၾကာင္းလွမ္းထားတာေလ
တပတ္ေလာက္အၾကာမွာေတာ့ သူ႕စိတ္ကိုအႀကိမ္ႀကိမ္စမ္းသပ္ၿပီးလို႔ ေနာက္ဆုံးထြက္လာတဲ့အေျဖက ဂေရ႕စ္ကိုသူခ်စ္လို႔မရဘူးဆိုတာဘဲ။ဒါေၾကာင့္ အရင္လိုျပန္ေနဖို႔ဆုံးျဖတ္လိုက္တယ္။
ေရွာင္လြဲမေနေတာ့ဘဲ မ်က္ႏွာခ်င္းဆိုငိၿပီးျဖစ္သင့္တာကို နားဝင္ေအာင္ေျပာျပမယ္။ဂေရ႕စ္ကေတာ့ လက္မခံနိုင္ေလာက္ဘူး။ဒါေပမယ့္လည္းမျဖစ္သင့္ဘူးမလား
*စိတ္ဆိုးေျပၿပီလား...*
*ငါကဘယ္တုန္းကစိတ္ဆိုးေနလို႔လဲ..*
*ေတာင္းပန္ပါတယ္...*
*ဘာအတြက္လဲ...*
*.......*
ဂေရ႕စ္ကအၿပဳံးမမည္တဲ့အၿပဳံးေလးနဲ့ေမးလာေတာ့ အဲလက္ဘာေျပာရမွန္းမသိဘူး။ထိုအခါ ဂေရ႕စ္က ဟက္ခနဲတခ်က္ရယ္လိုက္တယ္။
*ျပန္မခ်စ္နိုင္တဲ့အတြက္လား...*
*...*
*မွန္ေနတာဘဲ...*
*ေတာင္းပန္ပါတယ္ ဂေရ႕စ္။ငါတို႔အရင္လိုျပန္ေနရေအာင္ ေနာ္ ... *
*.......*
သူ(မ)ဟန္ေဆာင္ၿပီးရယ္ခ်လိဳက္သည္။ဝမ္းနည္းစရာေကာင္းလိုက္တာ။မိန္းကေလးဘက္ကစၿပီးဖြင့္ေျပာတာေတာင္ အျငင္းခံလိုက္ရတယ္တဲ့လား။
တကယ္ဘဲ အဲလက္ကသူ႕ကိုညီမေလးတေယာက္လိုဘဲျမင္တာလား။ေယာက်ာ္းတိုင္းသူ႕ေျခဖဝါးေအာက္မွာခစားခ်င္ၾကတာကို အဲလက္က ဘာသားနဲ႕ထုထားလိူ႕ျငင္းဆန္ရတာလဲ။
မိန္းကေလးေတြကိုလုံးဝစိတ္မဝင္စားဘဲ လိင္တူကိုဘဲသေဘာက်ေနတာလား။သူ(မ)အေတြးမ်ားရသည္။မခ်စ္တဲ့သူနဲ႕လည္းလက္မတြဲနိုင္သလို ခ်စ္တဲ့သူကိုလည္းမဆြဲထားနိုင္ျပန္ဘူး။
အရာရာၿပီးျပည့္စုံတဲ့သူ(မ)ကအခ်စ္ေရးမွာေတာ့ ကံေခလြန္းတယ္။
*တကယ္ဘဲ ျငင္းရက္တယ္ေပါ့ေလ...*
*ဂေရ႕စ္..*
*ေမးတာလဲ ေျဖပါ...*
*အင္း...*
အဲလက္အေျဖေၾကာင့္ ေပါက္ခနဲက်သြားတဲ့မ်က္ရည္စက္။သူ(မ)မသုတ္မိဘူး။ႀကိဳက္မရွက္၊ငိုက္မရွက္ဆိုတာ အမွန္ပါလားလို႔ဆိုတာ ကိုယ္တ္ိုင္ႀကဳံမွာဘဲ သိေတာ့တယ္။
*ျပန္လိုက္ေတာ့ ငါ နားခ်င္လို႔...*
*ဂေရ႕စ္..!*
*ေနာက္မွေတြ႕ရေအာင္..*
ေျခသံျပင္းျပင္းနဲ႕ေျပးတက္သြားတဲ့ ဂေရ႕စ္ကိုၾကည့္ၿပီး အဲလက္လည္းစိတ္မေကာင္းျဖစ္မိတယ္။အျဖဴေရာင္ကို ဘာလို႔အေရာင္စြန္းခ်င္ရတာလဲ ဂေရ႕စ္ ရယ္။
ဧည့္ခံမယ့္သူမရွိေတာ့ အဲလက္လည္းဆက္ၿပီးမေနေတာ့ဘဲ ျပန္လာခဲ့လိုက္သည္။သူ႕ရဲ႕အၾကည္ဓာတ္ေလးရွိရာဆီကိုခဏေတာ့သြားရမယ္။ဒါမွစိတ္ရႈပ္တာေတြ ေပ်ာက္သြားမွာ
ေက်ာခိုင္းထြက္သြားတဲ့အဲလက္ရဲ႕ေက်ာျပင္နဲ႕ ရွိုက္ငင္သြားတဲ့ဂေရ႕စ္ရဲ႕ ေက်ာျပင္ကိုၾကည့္ၿပီးသက္ျပင္းခိုးခ်ေနတဲ့သူလည္းရွိေနျပန္တယ္။
______
*ပန္းခင္းႀကီးကသိပ္မလန္းေတာ့သလိုဘဲ။ဘာလို႔ပါလိမ့္.....*
အျပင္ကျပန္လာတာနဲ႕လက္ဆြဲအိတ္ေလးကိုအိမ္ေပၚကိုပစ္တင္လိုက္ၿပီး ညွိုးသေယာင္ရွိေနတဲ့ပန္းခင္းႀကီးဆီအေျပးသြားလိုက္သည္။
ရနံ႕သင္းေနတဲ့ပန္းေပါင္စုံကဒီေန႕က်မွဝမ္းနည္ေနသလိုဘဲ။ဖူးငုံေနတဲ့ႏွင္းဆီပြင့္ေတြကို လက္ျဖင့္အသာတို႔ထိလိုက္ၿပီး ဂ်ီမင္က သက္ရွိလိုမ်ိဳးစကားေတြေျပာေနတယ္။
*ေန႕တိုင္းေရေလာင္းေပးရက္သားနဲ႕....*
ဘာျဖစ္မွန္းမသိေတာ့ဂ်ီမင္ ပ်ာယာခတ္သြားၿပီးငိုမဲ့မဲ့ေလးျဖစ္လာတယ္။ႏွာရႈံသံနဲ႕အတူ ဟိုဒီေျပးေနတဲ့ဂ်ီမင္ကို ၾကည့္ၿပီး ၿခံထဲကအလုပ္သမားေတြလည္းေနစရာျဖစ္လာတယ္။
အကိုေလးဂ်ီမင္ မအားလို႔ပန္းခင္းကိုသူတို႔ဆီအပ္ထားတာေလ။ေသေသခ်ာခ်ာေလးဂ႐ုစိုက္ေပးပါဆိုၿပီးအထပ္ထပ္မွာေနတာ။အရင္ရက္ေတြကလန္းဆန္းေနၿပီးေတာ့ ႐ုတ္တရက္ႀကီးဘာျဖစ္တာလဲ။မေတာ္တဆ ထိုပန္းခင္းႀကီးတခုခုျဖစ္သြားရင္ သူတို႔ကိုအကိုေလးဂ်ီမင္ အႀကီးက်ယ္စိတ္ဆိုးလိမ့္မယ္ထင္တယ္။
မ်က္စိတဆုံးရွိတဲ့ပန္းခင္းႀကီးက႐ုတ္တရက္ႀကီးဘာလို႔ညွိုးႏြမ္းသြားတာလဲဆိုေတာ့ "သူတို႔ရဲ႕ပန္းသခင္ေလး စိတ္မခ်မ္းသာလို႔သူတို႔လည္းဝမ္းနည္းေနတာလို႔"ပန္းေလးေတြကျပန္ေျဖရလိမ့္မယ္။
သက္မဲ့အရာေတြကသက္ရွိလူနဲ႕ထိေတြ႕ပါမ်ားလာတဲ့အခါ အသက္ဝင္လာတက္တယ္။ပန္းေတြသည္လည္းဒီလိုမ်ိဳးဘဲ။ဂ်ီမင္ လက္နဲ႕ကိုယ္တိုင္ပ်ိဳးေထာင္ထားတာျဖစ္လို႔ သူတို႔သခင္ကဂ်ီမင္ဆိုတာဘဲသိတယ္။ဂ်ီမင္ စကားလာေျပာတဲ့အခါ့ သူတို႔ျပန္မေျပာတက္ေပမယ့္ ေပ်ာ္တယ္။
ဂ်ီမင္ရယ္ရင္ သူတို႔ကပိုၿပီးဖူးပြင့္ေပးတယ္။
ဂ်ီမင္ စိတ္ဆိုးရင္သူတို႔ကညွိုးေလ်ာ္ေပးတယ္။
အခုလည္း ဂ်ီမင္ကသူတို႔ကိုပစ္ထားေတာ့ စိတ္မေကာင္းျဖစ္ေနတာေပါ့။ဒါကို သခင္ဂ်ီမင္သိပါေစသား
*ဦးေလး....!*
*လာၿပီ အကိုေလးမင္...*
*မနက္ကမင့္ပန္းေတြကိုေရမေလာင္းဘူးလား....*
*ဟင္..!ေလာင္းပါတယ္ အကိုေလးရယ္။ဦးေလးတို႔ ေန႕တိုင္းေလာင္းပါတယ္...*
*ဘယ္နခါေလာင္းလဲ..*
*မနက္တခါညေနတခါပါ..*
*ဒါဆို ဘာလို႔မင့္ပန္းေတြအားလုံးညွိုးေနရတာလဲ......*
ငိုသံစြတ္ေနတဲ့ဂ်ီမင္ကို ၿခံေစာင့္ဦးေလးလည္းေမာ္မၾကည့္ရဲဘူး။အေတာ္ေလးေဒါသထြက္ေနတယ္ဆိုတာ သိတယ္ေတာ့ ေမးသမွ်ကိုဘဲျပန္ေျဖရဲတယ္။
*အဲတာက ေနျပင္းလို႔ျဖစ္ပါလိမ့္မယ္....*
*ဦးေလးတို႔ကလည္း မင္ကဒါေလးတခုဘဲၾကည့္ခိုင္းတာကို ေသခ်ာမလုပ္ေပးၾကဘူး.*
*ေတာ္ၿပီ ေနာက္ေန႕ကစၿပီး မင္ဘဲေလာင္းေတာ့မယ္.....*
ေတာ္႐ုံေဒါသထြက္မလြယ္တဲ့ဂ်ီမင္က ပန္းေတြနဲ႕ပတ္သတ္လာရင္ေတာ့ဆက္ဆက္ထိမခံျဖစ္တက္သည္။အမွန္ေတာ့ ဦးေလးတို႔လည္းေသခ်ာျပဳစုေပးတယ္ဆိုတာ သူသိပါတယ္။
ဒါေပမယ့္ အလိုလိုေနရင္းစိတ္တိုေနတက္တဲ့ဂ်ီမင္က အဖိုးမင္ေယာင္နဲ႕ေတြ႕ၿပီးေနာက္ပိုင္းဒီလိုျဖစ္လာတာဘဲ။တခုခုကိုအလိုမက်ရင္လည္း ေအာ္တက္ေသးတယ္။အရင္ကဆို စကားတခြန္းႏွစ္ခြန္းထက္ပိုမေျပာတက္တဲ့ ဂ်ီမင္ကအခုေတာ့ ၿမိဳသိပ္ထားမေနေတာ့ဘဲ စိတ္ရွိတိုင္းေျပာတက္ေနၿပီ။
သူ႕ကိုေျပာင္းလည္းသြားၿပီလို႔ျမင္ၾကလိမ့္မယ္။အမွန္တကယ္လည္းဟုတ္ေနတာဘဲေလ။စိတ္ေအးခ်မ္းရာကိုဘဲအၿမဲရွာေဖြေနတက္ရာကေန စိတ္တိုလြယ္တဲ့ဂ်ီမင္ေလးကို အားလုံးကမယုံနိုင္ဖြယ္မ်က္လုံးေတြနဲ႕ၾကည့္ေနမယ္ဆိုတာ အေသခ်ာဘဲ။ ဒီလိုျဖစ္သြားတာကသူ႕ေၾကာင့္မဟုတ္ဘူးေနာ္။သူရွင္သန္ေနတဲ့ ပတ္ဝန္းက်င္ကလူေတြေၾကာင့္ဘဲ
*ကေလးေလး စိတ္မၾကည္ဘူးလား...*
*.......*
*ဟင္..!ဘာေတြအလိုမက်ျဖစ္ေနတာလဲ ကိုကို႔ ကိုေျပာျပေလ...*
*ကိုကို..!*
*အင္း..ေျပာပါအုန္း ကိုကို႔ ကေလးေလးကို ဘယ္သူကဘာေျပာလိုက္လဲဆိုတာ....*
*အဟင့္..!*
အခန္းထဲကအခန္းျပင္မထြက္လာတဲ့ဂ်ီမင္ကို ေဂ်ာင္ဂု ကိုယ္တိုင္ဘဲထမင္းပန္းကန္ျပင္ေပးၿပီးပို႔ေပးရတယ္။
ညေနကတည္းကမထြက္လာတာဆိုတဲ့ အလုပ္သမားေတြရဲ႕ေျပာစကားေၾကာင့္ စိုးရိမ္စိတ္ကငယ္ထိပ္ေရာက္လာတယ္။သူတို႔မွာလည္းတၿခံထဲေနၿပီး မအားလပ္ေတာ့မ်က္ႏွာခ်င္းမဆိုင္ျဖစ္ဘူး။
ေရနံခိုးထုတ္ၿပီးကတည္းကအရင္ကထပ္ပိုၿပီးသတိထားေနရတယ္။သူ႕အနားမွာ ရွိတဲ့လူတခ်ိဳ႕ကသူ႕ကိုသစၥာေဖာက္ေနတယ္ဆိုတာ ေဂ်ာ့ခ္ ေျပာျပလို႔သိလာရတယ္။ေဂ်ာ့ခ္ ကသူနဲ႕ရင္းႏွီးေနတဲ့သူအားလုံးရဲ႕အေၾကာင္းကို အေသးစိတ္စုံစမ္းေပးတယ္။
ဒါေၾကာင့္ ကေလးငယ္ကိုလည္းသူအခ်ိန္မေပးနိုင္ဘူးေလ။ထမင္းစားခ်ိန္ေတာင္လက္ဆုံမက်ျဖစ္တဲ့ေန႕ကခပ္မ်ားမ်ား။
*ဘာလို႔ငိုတာလဲ ကိုကို ရင္ပူရေအာင္ ကေလးရယ္ ..*
*ကိုကို...*
ဘာမွမေျပာဘဲေခၚဘဲေခၚေနတဲ့ ကေလးငယ္ကသူ႕ရင္ခြင္ထဲကိုအတင္းတိုးဝင္လာတယ္။ရင္ဘက္ကိုမ်က္ႏွာအပ္ထားေတာ့ ကေလးငယ္ရဲ႕မ်က္ရည္ေတြက သူ႕အကၤ်ီကိုစိုစြတ္လာတယ္။
မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္လို႔ ရင္ခြင္ထဲကေနခြာထုတ္ေတာ့ အတင္းဘဲ႐ုန္းေနျပန္တယ္။သူ႕ခါး
က္ုလည္းလက္ႏွစ္ဖက္နဲ႕ တက္းပ်ပ္ေနေအာင္ဖတ္တြယ္ထားေသးတယ္။
*ကေလးငယ္...ကိုကို႔ကိုစိတ္ပူေအာင္မလုပ္ပါနဲ႕။ဘာျဖစ္လို႔ငိုတာလဲ...*
*မင့္ပန္းေတြ...*
*ပန္းေတြကဘာျဖစ္လို႔လဲ ...*
*ေသေတာ့မယ္ထင္တယ္။အားလုံးညွိုးကုန္ၿပီ။ေရလည္းေလာင္းရဲ႕သားနဲ႕ ဘာျဖစ္ကုန္တာလဲမသိဘူး....*
*ဟင္..!*
*အဲတာေၾကာင့္ ကေလးကငိုတာလား..*
*အင္း....*
ေဂ်ာင္ဂုခမ်ာ ဪလို႔ေတာင္အသံမထြက္နိုင္ေတာ့ဘူး။သူကေတာ့ဘာမ်ားျဖစ္သလဲဆိုၿပီးစိတ္ပူလိုက္ရတာ။လက္စသတ္ေတာ့ ကေလးငယ္ကငိုရတဲ့အေၾကာင္းကဒါကို။
သူ႕မွာရယ္လည္းရယ္ခ်င္တယ္။ဒါေပမယ့္ မရယ္ရက္ပါဘူး။အစြဲလမ္းႀကီးတဲ့ကေလးငယ္အေၾကာင္းကို သူအသိဆုံးေလ။
ၿပဳံးခ်င္ေနတဲ့ႏႈတ္ခမ္းပါးေလးကို တင္းတင္းေစ့ပိတ္လိုက္ၿပီးရင္ခြင္ထဲမွာ ခ႐ုေခြေလးလိုတိုးဝင္ေနတဲ့ ကေလးငယ္ရဲ႕ဆံႏြယ္ေတြကိုေမႊးၾကဴလိုက္သည္။
*ကိုကိုျဖင့္လန႔္သြားတာဘဲ ကေလးရယ္။တခုခုထိခိုက္မိလားဆိုၿပီး စိတ္ပူသြာတာ...*
*ဒါလည္းထိခိုက္မိတာဘဲေလ။မင္ စိတ္မေကာင္းျဖစ္ေနတာ ကိုကို မသိဘူးလား...!*
*သိပါတယ္။ကိုကို သိတာေပါ့..ကိုကိုေျပ ခ်င္တာက....*
*ေတာ္ၿပီ ဘာမွမေျပာနဲ႕ေတာ့....!*
*ဟာ..!ကေလးငယ္ကလည္း .*
*ကိုကို ျပန္ေတာ့ .!*
*စိတ္မဆိုးပါနဲ႕ ကေလးရယ္..ေနာ္...*
ကုတင္ေပၚကိုေျပးတက္သြားၿပီးေစာင္ကိုေခါင္းအထိလုံေအာင္ၿခဳံလိုက္သည္။ကိုကိုကသူ႕ကိုအရင္လိုမခ်စ္ေတာ့ဘူး။သူဝမ္းနည္းေနတာကို မေခ်ာ့ဘဲနဲ႕ အပစ္ေျပာဖို႔ျပင္ေနတာေလ။
ကိုကိုကအဖိုးေျပာသလိုမ်ားျဖစ္ေနမလား။သူ႕ကိုမလႊဲသာလို႔ ျပဳစုေစာင့္ေလွ်ာက္ေပးေနတာလား။ဒါမွမဟုတ္ သနားလို႔ဟန္ေဆာင္ၿပီးေကာင္းေပးေနတာလား။ဂ်ီမင္ အေတြးနဲ႕တင္ ေၾကာက္စိတ္ဝင္မိသည္။
သူယုံၾကည္အားကိုးရတဲ့ ကိုကိုကတခ်ိန္ခ်ိန္မွာ ျဖစ္ရပ္မွန္ကိုသိသြားလို႔ သူ႕ကိုစြန႔္ပစ္လိုက္ရင္ ဘယ္လိုလုပ္မလဲ။ဒါကို သူအေၾကာက္ဆုံးဘဲ။
အဲလိုျဖစ္လို႔မရဘူး။သူ႕ဘဝမွာ ကိုကို မရွိလို႔မျဖစ္ဘူး။ကိုကိုနဲ႕ဘဲ တသက္လုံးအတူေနသြားမွာ။
*ကေလးငယ္..*
*စိတ္မဆိုးပါနဲ႕ ကိုကို ေတာင္းပန္တယ္ေနာ္ ..*
*အလိုမသိတဲ့ ကိုကိုကမေကာင္းဘူးမလား...*
*ဟုတ္တယ္...!*
ေစာင္ပုံၾကားထဲကေန ထြက္လာတဲ့ဆူပုတ္ပုတ္အသံေလးေၾကာင့္ ေဂ်ာင္ဂု ၿပဳံးလိုက္တယ္။စိတ္ဆိုးေနတာေတာင္ ခ်စ္စရာေကာင္းတုန္းဘဲ။
ႏႈတ္ခမ္းဖူးဖူးေလးကို ဆူေထာ္ထားၿပိီး ႏွာထိပ္ရဲရဲေလးနဲ႕ သူ႕ကိုလွမ္းၾကည့္လာတဲ့ ကေလးငယ္ကသူနဲ႕အၾကည့္ဆုံသြားေတာ့ မ်က္ေစာင္းတခ်က္ဝံ့ျပလာတယ္။ေဂ်ာင္ဂု အသည္းယားလာၿပီး စိတ္မထိန္းနိုင္ေတာ့ဘဲ ကေလးငယ္ရဲ႕ပါးေဖာင္းေဖာင္းေလးကို သြားျဖင့္ဖြဖြေလးငုံခဲလိုက္ေတာ့တယ္။
*အ..!ကိုကို....!*
*စိတ္မဆိုးနဲ႕ေတာ့...*
*မသိဘူး.!*
*ဒါဆို ထပ္ကိုက္ရမလား..*
*အက်င့္မေကာင္းတဲ့ ကိုကို.!*
*ဘာ..!ဒီကေလးကေတာ့ အေတာ္ေလးဆိုးလာတာဘဲ..!ဟမ္..!*
*အဟား..!မလုပ္နဲ႕လို႔....*
*အက်င့္မေကာင္းဘူးလို႔ ေျပာအုန္းမလား....*
*အင္း..!*
*ဘာ..!*
*စ,တာ..စ,တာလို႔....*
*မရေတာ့ဘူး ကေလးဆိုးေလးကို အျပစ္ေပးရေတာ့မယ္....*
ဂ်ီမင္ ရဲ႕ခါးသိမ္သိမ္ေလးကို ဖ်စ္ညွစ္လိုက္ေတာ့ ယားတက္တဲ့ ကေလးငယ္က အိပ္ယာထဲမွာလူးလြန႔္ေနေတာ့တယ္။စိတ္ဆိုးတာလည္းမရွိေတာ့သလို စိတ္မေကာင္းလည္းမျဖစ္ေတာ့တဲ့ ဂ်ီမင္ရဲ႕ ရယ္သံလြင္လြင္ေလးက အခန္းတခုလုံးပ်ံ့လြင့္သြားေတာ့တယ္။
မ်က္ရည္ဝဲတဲ့အထိ ရယ္ေမာေနတဲ့ ကေလးငယ္နဲ႕အတူ ေဂ်ာင္ဂုရဲ႕အပ္ရွရွ ရယ္သံကပါ ကပ္လ်က္ပါလာတယ္။ထိုမွသာ ညိုးႏြမ္းေနတဲ့ ပန္းခင္းႀကီးကတၿပိဳင္နက္ထဲ စိမ္းစိုၿပီးပြင့္အာလာတယ္။သူတို႔သခင္ေလး ေပ်ာ္ေနၿပိီေလ။
*ေမာတယ္ ကိုကို...*
*ေရေသာက္လိုက္အုန္း...*
ေဆာ့လို႔ဝသြားေတာ့မွ ရယ္သံလည္းရပ္သြားတယ္။ဗိုက္ကိုႏွိပ္ၿပီး ေလသံတိုးတိုးနဲ႕ ကေလးငယ္ကဆိုလာေတာ့ ေရတခြက္ကိုကမ္းေပးရင္း ေခ်ာ့တဲ့အေနနဲ႕ နဖူးျပင္ကို အနမ္းတပြင့္ေပးလိုက္တယ္။သူ စ,တာမ်ားသြားၿပိီေလ။
ကေလးငယ္ကေတာ့ သူ႕ကိုမ်က္ေတာင္ေလးပုတ္ခက္ပုတ္ခက္လုပ္ကာၾကည့္ေနတယ္။ဒီအနမ္းက ျဖဴစင္တဲ့အနမ္းတပြင့္ပါ
*ခ်စ္စရာေကာင္းလို႔...*
*အာ~~~ကိုကို..*
*ညစာစားရမယ္ ကေလးငယ္...*
*ဟုတ္...*
ကိုကိုကသူ႕ဆံပင္ေတြဆြဲဖြလာၿပီး အၿပဳံးေလးနဲ႕ေျပာလာေတာ့ အၿငိမ္မေနတဲ့ႏွလုံးသားေလးက လႈပ္ခါရမ္းလာတယ္။ ပါးခ်ိဳင့္ေရးေရးေလး ေပၚတဲ့အထိ ရယ္ျပေနတာမ်ား ပစ္ေႂကြခ်င္စရာႀကီး။
*ကိုကိုလည္း ခ်စ္ဖို႔ေကာင္းတယ္....*
*ဟင္...!*
*ဘာမွမဟုတ္ဘူး။ထမင္းစားမယ္လို႔ေျပာတာ...*
*ေကာင္းပါၿပီ ဗ်ာ့....*
သူ႕စကားကိုၾကားပုံမေပၚတဲ့ ကိုကို႔ ကို ဂ်ိီမင္ လည္းမုသားသုံးလိုက္တယ္။ေနာက္ၿပီး ေကြးၫႊတ္လာတဲ့ သူ႕ႏႈတ္ခမ္းဖူဖူေလး။သေဘာက်လိဳက္တာ။
ကိုကိုကအခုလိုမ်ိဳးသူ႕ကိုဂ႐ုစိုက္ေပးေနေတာ့ ဂ်ီမင္ရင္ထဲလိပ္ျပာေတြပ်ံဝဲေနသလိုဘဲ။တေန႕တျခားပိုလ်င္ျမန္လာတဲ့ ရင္ခုန္သံေတြကို, ကိုကိုၾကားသြာမလားဆိုၿပီး စိတ္ပူေနရတယ္။
ဒီလိုမ်ိဳးတသက္လုံးေနသြားခ်င္တယ္။ဘာအပူပင္မွမရွိဘဲနဲ႕ေလ။ဒါေပမယ့္ မျဖစ္နိုင္ေလာက္ဘူး။ဘာလို႔ဆို.......
*ကေလးငယ္.!*
*ဟင္.!ကိုကို ဘာေျပာတာလဲ .*
*စားလို႔ရၿပီလို႔.*
*ဟုတ္..ဟုတ္ကဲ့...*
စိတ္နဲ႕ကိုယ္နဲ႕မကပ္တဲ့ကေလးငယ္ကိုၾကည့္ၿပီး ေဂ်ာင္ဂု သပ္ျပင္းခ်လိဳက္တယ္။မူမမွန္ေတာ့တဲ့ ကေလးငယ္ရဲ႕အျပဳမႈေတြကို သူသတိထားမိေနတာၾကာၿပီ။ဘာအေၾကာင္းရွိလဲဆိုတာ စုံစမ္းမွရေတာ့မယ္။
မဟုတ္မွ ရည္းစားရေနတာမ်ားလား...!.။ဒီလိုဆို သူ ခံနိုင္ရည္ရွိမွာမဟုတ္ဘူး။
ဘယ္သူ႕လက္ထဲကိုမွထည့္မေပးခ်င္တဲ့ သူ႕အတၱကို ကေလးသိရင္ စိတ္ဆိုးသြားမလား။
ကိုကိုကခ်စ္ရသူမို႔ ကေလးငယ္နဲ႕ပတ္သတ္လာရင္ ေသးေသးေလးေတာင္အမွားမခံဘူးဆိုတာ ကေလးသိေအာင္ေျပာျပခ်င္လိုက္တာ....
_______
၂၀.၆.၂၃
Kelly
Thankful my readers 🤍