စစ်ဧကရာဇ် လီကွမ်ရီ ( Book 2...

By Azure5549

12.9K 489 0

Review မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immo... More

991 - 995
996 - 1000
1001 - 1005
1006 - 1010
1011 - 1015
1016 - 1020
1021 - 1025
1026 - 1030
1031 - 1035
1036 - 1040
1041 - 1045
1046 - 1050
1051 - 1055
1056 - 1060
1061 - 1065
1066 - 1070
1071 - 1075
1076 - 1080
1081 - 1085
1086 - 1090
1091 - 1095
1096 - 1100
1101 - 1105
1106 - 1110
1111 - 1115
1116 - 1120
1121 - 1125
1126 - 1130
1131 - 1135
1136 - 1140
1141 - 1145
1146 - 1150
1151 - 1155
1156 - 1160
1161 - 1165
1166 - 1170
1171 - 1175
1176 - 1180
1181 - 1185
1186 - 1190
1196 - 1200
1201 - 1205
1206 - 1210
1211 - 1215
1216 - 1220
1221 - 1225
1226 - 1230
1231 - 1235
1236 - 1240
1241 - 1245
1246 - 1250
1251 - 1255
1256 - 1260
1261 - 1265
1266 - 1270
1271 - 1275
1276 - 1280
1281 - 1285
1286 - 1290
1291 - 1295
1296 - 1300
1301 - 1305
1306 - 1310
1311 - 1315
1316 - 1320
1321 - 1325
1326 - 1330
1331 - 1335
1336 - 1340
1341 - 1345
1346 - 1350
1351 - 1355
1356 - 1360
1361 - 1365
1366 - 1370
1371 - 1375
1376 - 1380
1381 - 1385
1386 - 1390
1391 - 1395
1396 - 1400
1401 - 1405
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
1406 - 1410
1411 - 1415
1416 - 1420
1421 - 1425
1426 - 1430
1431 - 1435
1436 - 1440
1441 - 1445
1446 - 1450
1451 - 1455
1456 - 1460
1461 - 1465
1466 - 1470
1471 - 1475
1476 - 1480
1481 - 1485
1486 - 1490
1491 - 1495
1496 - 1500
1501 - 1505
1506 - 1510
1511 - 1515
1516 - 1520
1521 - 1525
1526 - 1530
1531 - 1535
1536 - 1540
1541 - 1545
1546 - 1550
1551 - 1555
အထက်ဘုံ အောက်ဘုံရဲ့ကွာခြားချက်
1556 - 1560
1561 - 1565
1566 - 1570
1571 - 1575
1576 - 1580
1581 - 1585
1586 - 1590
1591 - 1595
1596 - 1600
1601 - 1605
1606 - 1610
1611 - 1615
1616 - 1620
1621 - 1625
1626 - 1630
1631 - 1635
1636 - 1640
1641 - 1645
1646 - 1650
1651 - 1655
1656 - 1660
1661 - 1665
1666 - 1670
1671 - 1675
1676 - 1680
1681 - 1685
1686 - 1690
Ch 1691 - 1695
Ch 1696 - 1700

1191 - 1195

88 2 0
By Azure5549

စစ်ဧကရာဇ်(Chapter:1191)
(မျိုးဆက်သွေး)
........................
     အာကာသ တိမ်တိုက်တွေကို မြင်ပြီးနောက်မှာတော့ ကျောင်းတော်သခင်ရဲ့ တင်းမာနေတဲ့ မျက်နှာက ပြန်လျော့လာခဲ့သည်။ သူက လီကွမ်ရီကို ကြည့်ပြီး ပြောသည်။
     "ဒီလိုဆိုရင် မင်းက ငါတို့နဲ့ ပတ်သက်မှုရှိသူပါ၊ လွတ်လွတ်လပ်လပ် စကားပြောလို့ရပါတယ်"

     သူက မျက်နှာရှုံ့မဲ့ရင်း လီကွမ်ရီကို ကြည့်ကာ ဆက်ပြောသည်။
     "ရောက်လာကတည်းနဲ့ အာကာသမိုးတိမ်တွေကို ဆင့်ခေါ်လိုက်ရင် ငါတို့ကြား အခုလို တင်းမာနေစရာ မလိုဘူးလေ၊ အခုတော့ ငါ့မှာ အတော်လေး လန့်သွားခဲ့ရတယ်၊ ငါ့လို လူအိုကြီးတွေက အရမ်းစိတ်လှုပ်ရှားလို့ မဖြစ်ဘူး"

     "တောင်းပန်ပါတယ်၊ ဒီလိုလုပ်ဖို့ ငါမေ့နေခဲ့တာ ..."လီကွမ်ရီက ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။

     ကျောင်းတော်သခင်နှင့် ယဲ့ထူတို့မှာ ယခုမှ စိတ်အေးသွားကြရသည်။ သူတို့နှစ်ယောက်လုံးက လီကွမ်ရီနဲ့ တိုက်ခိုက်ပြီး မိတ်ပျက်သွားရမှာကို မလိုလားကြပေ။

     "ကောင်းပြီ၊ အခု ဘိုးဘေးတွေဆီ အစီရင်ခံရဦးမယ်"ကျောင်းတော်သခင်က လီကွမ်ရီကို ကြည့်ပြီး ဆက်ပြောသည်။
     "ငါ့ကို စောင့်နေပါ၊ ဘိုးဘေးဝေလငါးရဲ့ တည်နေရာကို သိရတာနဲ့ မင်းကို အကြောင်းကြားလိုက်မယ်"

     "အရမ်းကောင်းတယ်၊ မင်းရဲ့သတင်းကို ရှုခင်းသာကမ်းခြေကနေ ငါစောင့်နေမယ်"လီကွမ်ရီက ခေါင်းညိတ်ပြသည်။ ပြီးနောက် မတ်တတ်ရပ်ပြီး ပြန်လည်ထွက်ခွာဖို့ ပြင်လိုက်သည်။

     ကျောင်းတော်သခင်မှာ ထွက်ခွာဖို့ ပြင်နေတဲ့ လီကွမ်ရီကို ကြည့်ပြီး ဆက်နေဖို့ ဖျောင်းဖျကြည့်လိုက်သည်။
     "တူတော်မောင်၊ ဒီနေရာကို လာဖို့ဆိုတာက မလွယ်ဘူးလေ၊ ရောက်တုန်းရောက်ခိုက် ခဏလောက်တော့ နေသင့်ပါတယ်၊ အိမ်ရှင်တစ်ယောက်အနေနဲ့ ဒီနေရာရဲ့ လှပတဲ့ ရှုခင်းတွေကို လိုက်ပြပေးပါရစေ"

     "ဘာလဲ၊ မင်းရဲ့ မိန်းကလေးတပည့်တွေကို လက်ထပ်စေချင်လို့လား ..."လီကွမ်ရီက ကျောင်းတော်သခင်ကို ကြည့်ပြီး ရယ်လိုက်သည်။

     ထိုသို့သော စကားလုံးတွေက တဲ့တိုးဆန်လှပြီး ကျောင်းတော်သခင်ကို အနေရခက်သွားစေခဲ့သည်။ သူက ရှက်ရွံ့ဟန် ပြုံးလိုက်သည်။
     "တကယ်လို့ တူတော်မောင်သာ ငါ့ကျောင်းတော်က မိန်းကလေးတစ်ယောက်ကို နှစ်သက်ရင် အချိန်မရွေး ခေါ်သွားနိုင်ပါတယ်"

     "ဟား ... ဟား ... မိန်းကလေးတွေက အရာဝတ္ထု ပစ္စည်းတွေ မဟုတ်ဘူးနော်"လီကွမ်ရီက ခေါင်းကို ခါပြီး ရယ်မောလိုက်သည်။

     "ဝိညာဉ်ကမ္ဘာမှာတော့ ဒီလိုပဲလေ ..."ကျောင်းတော်သခင်က ပြုံး၍ ဆက်ပြောသည်။
     "လက်ထပ်ခြင်းက အနာဂတ်အတွက် လမ်းခင်းတာပဲလေ၊ ဝိညာဉ်ကမ္ဘာပေါ်မှာ မျိုးဆက်သွေး ကောင်းမွန်သူတွေနဲ့ လက်ထပ်ခွင့်ရဖို့ဆိုတာက အားလုံး လက်မလွတ်နိုင်တဲ့ အမှန်တရားတစ်ခုပါ"

     "ဟုတ်တယ်၊ ဒါက ဝိညာဉ်ကမ္ဘာတစ်ခုပဲ မဟုတ်ပါဘူး၊ အခြားကမ္ဘာရှစ်ခုမှာလည်း လက်ထပ်ထိမ်းမြားပွဲကို အရာဝတ္ထုတစ်ခု လဲလှယ်သလို လုပ်နေကြတာပါပဲ"လီကွမ်ရီက ညင်သာစွာ ပြုံးလိုက်သည်။

     ကမ္ဘာကိုးခုလုံးတွင် ချစ်ခြင်းမပါတဲ့ လက်ထပ်ပွဲတွေ အများကြီး ရှိကြသည်။ ဂိုဏ်းရဲ့ အနာဂတ်အတွက်၊ ဒါမှမဟုတ် မျိုးနွယ်စုရဲ့ ကောင်းကျိုးအတွက် ရည်ရွယ်ပြီး လက်ထပ်ထိမ်းမြားမှုမှတဆင့် မဟာမိတ်တွေ ရှာဖွေလေ့ရှိကြသည်။

     မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်ကမ္ဘာက အခြားကမ္ဘာတွေနဲ့ များစွာ ခြားနားသည်။ ဒီကမ္ဘာပေါ်မှာ ရှိတဲ့ သစ်ပင်မျိုးနွယ်၊ ပင်လယ်နတ်ဆိုးမျိုးနွယ်နဲ့ ညို့ဓာတ်ပြင်းဝိညာဉ်မျိုးနွယ် အားလုံးက မျိုးဆက်သွေးကောင်းမွန်တဲ့ လူသားမျိုးနွယ်တွေနဲ့ လက်ထပ်လိုကြသည်။ ဒီလိုလုပ်ခြင်းက သူတို့အတွက် အကျိုးကျေးဇူးများစွာ ရှိစေနိုင်သည်။

     "တူတော်မောင်၊ မင်းက ဧကရာဇ်မျိုးဆက်သွေးပိုင်ရှင်ပါ"ကျောင်းတော်သခင်က အလေးအနက် အမူအရာဖြင့် ဆက်ပြောသည်။
     "ညို့ဓာတ်ပြင်းဝိညာဉ်တွေ၊ ဒါမှမဟုတ် အခြားမျိုးနွယ်တွေနဲ့ လက်မထပ်ချင်ဘူးဆိုရင်တောင်မှ ကိုယ့်ရဲ့ရှေ့ရေးကို ကြည့်သင့်တယ်လေ၊ မင်းရဲ့ အဖိုးတန်တဲ့ ဧကရာဇ်မျိုးဆက်သွေးကို အလဟတ်သဖြစ်စေတော့မှာလား ... မင်းရဲ့လက်တွဲဖော်အဖြစ် ငါတို့ရဲ့ ညို့ဓာတ်ပြင်းဝိညာဉ်မျိုးနွယ်ထက် ပိုပြီး သင့်တော်တဲ့အဖွဲ့ ရှိနေမယ်လို့ ထင်သလား"

     ဒါက ကြွားဝါခြင်း မဟုတ်ပေ။ ကမ္ဘာကိုးခုတွင် မတူညီတဲ့ မျိုးနွယ်စုများစွာ ရှိသော်လည်း ညို့ဓာတ်ပြင်းဝိညာဉ်တွေထက် သာလွန်သည်ဟု မည်သူမှ မပြောဝံ့ကြပေ။  သူတို့ကို မိုးကောင်းကင်ရဲ့ သားသမီးတွေဟုပင် တင်စားကြရသည်။ ဒါက သူတို့ကိုယ်တိုင် အမွန်းတင် ပြောဆိုတဲ့ စကားတွေ မဟုတ်ပေ။ အခြားမျိုးနွယ်တွေကိုယ်တိုင်က ချီးမွမ်းတဲ့ စကားလုံးတွေ ဖြစ်သည်။

     "မင်းရဲ့ လေဟာနယ်ကျောင်းတော်က ပိုမိုကောင်းမွန်တဲ့ မျိုးဆက်သွေးကို လိုချင်နေတာလား"လီကွမ်ရီက ကျောင်းတော်သခင်ကို ကြည့်ပြီး ဆက်ပြောသည်။
     "ဘာလဲ၊ ဧကရာဇ်ကူချွန်းရဲ့ ဖြစ်ရပ်လိုမျိုး နောက်ထပ် အင်မော်တယ်ဧကရာဇ်တစ်ပါး ပိုင်ဆိုင်ခွင့်ရဖို့ ရည်မှန်းနေတာလား"

     "ဒါက ငါတို့ပဲ လိုချင်နေတာ မဟုတ်ဘူးလေ၊ အခြား ညို့ဓာတ်ပြင်း ဝိညာဉ်တွေ၊ သစ်ပင်မျိုးနွယ်နဲ့ ပင်လယ်နတ်ဆိုးတွေလည်း လိုချင်ကြတာပဲ မဟုတ်လား"ကျောင်းတော်သခင်က အပြုံးမပျက် ပြန်ဖြေလိုက်သည်။

     "စိတ်မကောင်းပါဘူး၊ ဒါက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"လီကွမ်ရီက ခေါင်းကို တသွင်သွင် ခါယမ်းလိုက်သည်။

     ညို့ဓာတ်ပြင်းဝိညာဉ်တွေ အပါအဝင် ဝိညာဉ်ကမ္ဘာတစ်ခုလုံး၌ ဒဏ္ဍာရီတစ်ခု ရှိသည်။ ဧကရာဇ်မျိုးဆက်သွေး ပိုင်ဆိုင်ထားတဲ့ လူသားမျိုးနွယ်တစ်ယောက်နဲ့ ပေါင်းဖက်ခွင့်ရပါက ဒီကမ္ဘာပေါ်မှာရှိတဲ့ မျိုးနွယ်ကြီးသုံးခုရဲ့ မျိုးဆက်သွေးကို ပိုမိုခိုင်မာစေသည်ဟူ၏။ အထူးသဖြင့် ညို့ဓာတ်ပြင်းဝိညာဉ်မျိုးနွယ်တွေနဲ့ ဧကရာဇ်မျိုးဆက်သွေး ပိုင်ဆိုင်ထားတဲ့ လူသားမျိုးနွယ်တစ်ဦး ပေါင်းသင်းရာမှ မွေးဖွားလာမည့် ကလေးက အင်မော်တယ်ဧကရာဇ်လောင်းလျာတစ်ပါး ဖြစ်လာဖို့ အခွင့်အရေးများသည်။

     တကယ်တော့ ဒီအယူအဆက အင်မော်တယ်ဧကရာဇ်ယန်ရှစ်မှ အစပြုခဲ့ခြင်း ဖြစ်သည်။ ညို့ဓာတ်ပြင်းဝိညာဉ်မျိုးနွယ်တစ်ဦးနဲ့ လူသားမျိုးနွယ်တစ်ဦး ပေါင်းစပ်ပြီး သူမကို မွေးဖွားခဲ့သည်။ အရွယ်ရောက်လာချိန်မှာတော့ အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ခဲ့သည်။ ဒါကို အခြားအဖွဲ့တွေကလည်း သတိပြုမိခဲ့ကြသည်။

     နောက်ပိုင်းမှာတော့ ဒီအယူအဆကို ပိုမိုခိုင်မာစေသည့် ဖြစ်ရပ်တစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့သည်။ လေဟာနယ်ကျောင်းတော်က ဧကရာဇ်ကူချွန်းရဲ့ မျိုးဆက်သွေးကို အမှတ်မထင် ရရှိခဲ့သည်။ ထိုအချိန်မှစပြီး သူတို့ရဲ့ အနာဂတ် သားစဉ်မြေးဆက် အားလုံးက ယခင်ထက် ပိုမိုထူးကဲတဲ့ မျိုးဆက်သွေး အမျိုးအစားကို ပိုင်ဆိုင်နိုင်ခဲ့ကြသည်။

     ဒီရလဒ်ကြောင့်လည်း ဧကရာဇ်မျိုးဆက်သွေး ပိုင်ဆိုင်ထားတဲ့ လူသားမျိုးနွယ်တစ်ဦးနဲ့ လက်ထပ်ထိမ်းမြားခြင်းက သူတို့ရဲ့ မျိုးဆက်သွေးတွေကို ပိုမိုကောင်းမွန်စေသည်ဟု အခိုင်အမာ ယုံကြည်ခဲ့ကြခြင်း ဖြစ်သည်။

     ဒါကြောင့် ဧကရာဇ်မျိုးဆက်သွေးပိုင်ရှင် လူသားတစ်ဦးကို တွေ့တိုင်း ဝိညာဉ်ကမ္ဘာရှိ အဖွဲ့တိုင်းက တလေးတစား ဆက်ဆံကြခြင်း ဖြစ်သည်။

     "အင်း ... ငါတို့လည်း ဧကရာဇ်မျိုးဆက်သွေးပိုင်ရှင်ကို ရဖို့ ကြိုးစားသင့်တယ်လေ၊ အောင်မြင်မှု ရမရဆိုတာက မကြိုးစားဘဲ ဘယ်လိုသိနိုင်မှာလဲ"ကျောင်းတော်သခင်က လီကွမ်ရီကို ကြည့်ပြီး ပြုံးလိုက်သည်။

     သူက လီကွမ်ရီကို လေဟာနယ်ပြစ်ဒဏ်ကျောင်းတော် သုံးခု၌ နေစေချင်သည်။ အကယ်၍ သူတို့သာ လီကွမ်ရီကို ပိုင်ဆိုင်ခွင့်ရပါက အနာဂတ်တွင် ကျောင်းတော်သုံးခုရဲ့ အရှိန်အဝါကလည်း ယခုထက် အဆများစွာ ကြီးမားလာမည်မှာ သေချာသည်။

     "ဟား ... ဟား ... မင်းက ရွှေကျွန်းရဲ့ သတို့သားကို လုယူဖို့ ကြိုးစားချင်တာပေါ့လေ"လီကွမ်ရီက ကျောင်းတော်သခင်ကို ကြည့်ပြီး လှောင်ပြောင်ရယ်မောလိုက်သည်။
     "ငါကြားဖူးတဲ့ လေဟာနယ်ပြစ်ဒဏ်ကျောင်းတော် သုံးခုလုံးက ပြင်ပကိစ္စတွေကို ဝင်မစွက်ဖက်ပါဘူး၊ အခုမှ ဘယ်လိုဖြစ်သွားရတာလဲ"

     "တူတော်မောင်၊ မင်းနဲ့ ရွှေကျွန်းရဲ့ မင်းသမီးက လက်မထပ်ရသေးဘူးလေ"ကျောင်းတော်သခင်က အပြုံးမပျက် ဆက်ပြောသည်။
     "လက်မထပ်‌ရသေးတာကို ခိုးယူတယ်ဆိုတဲ့ အသုံးအနှုန်း ဘယ်ပြောလို့ရမလဲ၊ တကယ်လို့ လက်ထပ်ပြီးရင်တောင် ဒါက အရမ်းကြီးကျယ်တဲ့ကိစ္စ မဟုတ်ပါဘူး၊ သူရဲကောင်းတွေ မိန်းမအများကြီး ယူတာက အထူးအဆန်းမှ မဟုတ်တာ"

     "မင်းက ငါ့ရဲ့ မျိုးဆက်သွေးကို လေဟာနယ်ပြစ်ဒဏ်ကျောင်းတော် သုံးခုလုံးမှာ အတော်လေး ပျံ့နှံ့စေချင်နေတာပဲ"လီကွမ်ရီက ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
     "စိတ်မကောင်းပါဘူး၊ ဒီလိုလုပ်ဖို့ ငါစိတ်မဝင်စားဘူး"

     ကျောင်းတော်သခင်က တစ်ခုခု ပြန်ပြောဖို့ ပြင်သည်။ သို့သော် လီကွမ်ရီက လက်ကိုဝှေ့ယမ်းပြီး ဟန့်တားလိုက်သည်။
     "ငါ့ကို အရမ်းကောင်းတဲ့ ကမ်းလှမ်းချက်တွေ ပေးလာရင်တောင် ဒီလိုလုပ်ဖို့ စိတ်မဝင်စားဘူး၊ ရွှေကျွန်းရဲ့ မင်းသမီးနဲ့လည်း လက်ထပ်မှာ မဟုတ်ဘူး"

     ကျောင်းတော်သခင်မှာ တိတ်တဆိတ် ညည်းတွားရုံသာ တတ်နိုင်တော့သည်။ သို့သော် သူက အရှုံးမပေးသေးပေ။
     "မင်းက ဧကရာဇ်ဝူကုံးနဲ့ ပတ်သက်သူတစ်ယောက်ဆိုတော့ ငါတို့နဲ့ ဆွေမျိုးမကင်းဘူးလို့ ပြောလို့ရပါတယ်၊ ဒါကြောင့် မင်းအတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ်၊ တစ်နေ့ မင်းစိတ်ပြောင်းလာတဲ့အချိန် လေဟာနယ်ပြစ်ဒဏ်ကျောင်းတော် သုံးခုဆီ အချိန်မရွေး ပြန်လာခဲ့ပါ"

     "ကျေးဇူးတင်ပါတယ်"လီကွမ်ရီက ဆက်ပြီး ငြင်းဆန်မနေတော့ပေ။ ပြီးနောက် ကျောင်းတော်သခင်ကို နှုတ်ဆက်ပြီး ပြန်လည် ထွက်ခွာလာခဲ့လိုက်သည်။

     သူက ရှုခင်းသာကမ်းခြေသို့ ပြန်သွားလိုက်သည်။ ယဲ့ထူကလည်း သူ့အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။

     "ဟေ့ ... မင်းက ဒီနေရာရဲ့ ကြီးကြပ်ရေးမှူးလေ၊ လုပ်စရာအလုပ်တွေ အများကြီး ရှိနေတာ မဟုတ်ဘူးလား"လီကွမ်ရီက အနောက်ကို လှည့်ကြည့်ပြီး ယဲ့ထူကို ပြောလိုက်သည်။

     ယဲ့ထူက လီကွမ်ရီကို ကြည့်ပြီး ပြုံး၍ ပြန်ပြောသည်။
     "ငါတို့ရဲ့ လေဟာနယ်ပြစ်ဒဏ်ကျောင်းတော် သုံးခုက အမြဲတမ်း တည်ငြိမ်အေးချမ်းနေတာလေ၊ တစ်နေ့‌တစ်နေ့ ဘာမှ လုပ်စရာ မရှိပါဘူး၊ ဒါကြောင့် အမြဲတမ်း အိပ်ငိုက်နေရတာ၊ အခု အစ်ကိုလီ ရောက်လာတော့ ငါတို့အနေနဲ့ ဧည့်ခံရမယ့် ဝတ်တရား ရှိတယ်လေ"

     လီကွမ်ရီက ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ ပြန်ပြောမနေတော့ပေ။ ယဲ့ထူ လိုက်လာခြင်းက ကျောင်းတော်သခင်ရဲ့ စိတ်ကူးဆိုတာကို သူသိသည်။

     နောက်ထပ် နှစ်ရက်အကြာမှာတော့ ထန့်ကျိဝမ် ရောက်လာခဲ့သည်။ သူက လီကွမ်ရီကို တွေ့တွေ့ချင်းမှာ ဦးညွှတ်ပြီး ပြောသည်။
     "ဆရာ၊ ဘိုးဘေးရဲ့ အမိန့်အတိုင်း ဒီဂျူနီယာက မင်းရဲ့အမိန့်ကို နာခံဖို့အသင့်ပါ၊ တစ်ခုခု ခိုင်းစရာရှိတာနဲ့ ငါ့ကိုသာ အမိန့်ပေးလိုက်ပါ"

     "လုပ်ထုံးလုပ်နည်းတွေအတိုင်း ဂါရဝပြုနေဖို့ မလိုပါဘူး"လီကွမ်ရီက လက်ကို ဝှေ့ယမ်းလိုက်သည်။

     ယဲ့ထူမှာ ထန့်ကျိဝမ်ကို ကြည့်ပြီး အံ့အားသင့်သွားရသည်။ ထန့်ကျိဝမ် ဘယ်သူဆိုတာကို သူကောင်းကောင်းကြီး သိသည်။

     "ကောင်းပြီ၊ မင်းတို့နှစ်ယောက်လုံး ငါ့နောက် လိုက်ခဲ့ကြပါ"လီကွမ်ရီက လူငယ်နှစ်ယောက်ကို ကြည့်ပြီး ပြောသည်။ ပြီးနောက် ရှုခင်းသာကမ်းခြေမှ ထွက်ခွာလာခဲ့သည်။

     ယဲ့ထူနဲ့ ထန့်ကျိဝမ်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့က လီကွမ်ရီ ဘာလုပ်ချင်သည်ဆိုတာကို မသိပေ။ မည်သို့ပင်ဆိုစေကာမူ နှစ်ယောက်လုံးက တွေဝေမနေဘဲ လီကွမ်ရီအနောက်သို့ အလျင်အမြန် ပြေးလိုက်ခဲ့ကြသည်။

     ရှုခင်းသာကမ်းခြေမှ ထွက်ခွာပြီးနောက် သူတို့က ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ခရီးဆက်နေကြသည်။ ဒီနေရာက လေဟာနယ်ပြစ်ဒဏ်ကျောင်းတော်ရဲ့ ပိုင်နက်နယ်မြေ ဖြစ်သည်။ ဒါကြောင့် မြေပြင်အနေအထားက ယဲ့ထူနဲ့ အလွန်ရင်းနှီးကျွမ်းဝင်သည်။ သူက အရှေ့ကို ‌တစ်ချက် ငေးကြည့်လိုက်ပြီးမှ လီကွမ်ရီကို မေးသည်။
     "အစ်ကိုလီ၊ အရှေ့မှာ အရမ်းနက်တဲ့ ကတုတ်ကျင်းတစ်ခု ရှိတယ်၊ အဲ့ဒီနေရာကို သွားမှာလား"

     "မင်းပြောတာ တစ်ဝက်ပဲ မှန်တယ်"လီကွမ်ရီက မရေရာတဲ့ အဖြေတစ်ခု ပေးလိုက်သည်။ တစ်ဆက်ထဲမှာ အလွန်လျင်မြန်တဲ့ အရှိန်ဖြင့် ရေပြင်ပေါ် ပြေးလွှားသွားလိုက်သည်။ ယဲ့ထူနဲ့ ထန့်ကျိဝမ်တို့ကလည်း သူ့အနောက်မှ ထပ်ကြပ်မကွာ ပြေးလိုက်သွားခဲ့ကြသည်။

     ယဲ့ထူက လီကွမ်ရီကို တစ်ချက်ကြည့်ရင်း မေးသည်။
     "အစ်ကိုလီ၊ အခုက ချည်မျှင်ငါးတွေ ထွက်တတ်တဲ့ အချိန်ရောက်ပြီ၊ သူတို့ကို ဖမ်းဆီးချင်လို့ ဒီနေရာကို လာတာလား"

     "ချည်မျှင်ငါးလား ..."လီကွမ်ရီက ပြုံးပြီး ခေါင်းကို ခါလိုက်သည်။
     "မင်းက ငါ့ကို အရမ်းလျှော့တွက်ထားတာပဲ၊ ချည်မျှင်ငါးတွေက အဖိုးတန်တာ မှန်ပါတယ်၊ ငါးဘုရင်တစ်‌ဦးကို ထိပ်တန်းအဆင့် သတ်မှတ်နိုင်ပေမယ့် ငါ့ရဲ့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်သေးဘူး"

     "အနက်ဆုံး ကတုတ်ကျင်း ..."ထန့်ကျိဝမ်က မျက်မှောင်တစ်ချက်ကြုတ်သည်။ သူက ဒဏ္ဍာရီတစ်ခုကို စဉ်းစားမိပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။
     "ဆရာ၊ ဒီကတုတ်ကျင်းထဲမှာ ထူးဆန်းတဲ့ ပင်လယ်ကူးသင်္ဘောတစ်စင်းရဲ့ ဒဏ္ဍာရီရှိတယ်လေ"

     "ဟုတ်တယ်"လီကွမ်ရီက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

     "ပင်လယ်ကူးသင်္ဘောလား ..."ယဲ့ထူမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားရတော့သည်။
     "ဒါက အရမ်းအံ့ဩစရာကောင်းတဲ့ ဒဏ္ဍာရီတစ်ခုလို့ ပြောကြတယ်၊ ဝိညာဉ်ကမ္ဘာရဲ့ မျိုးနွယ်ကြီးသုံးခုလုံးက အဲ့ဒီဟာရဲ့ တည်နေရာကို ရှာနေကြတယ်လေ၊ ကံမကောင်းစွာပဲ အခုထိ ဘယ်သူမှ မတွေ့ကြသေးဘူး"

     "အချိန်တန်ရင် တချို့သောအရာတွေက ပေါ်လာလိမ့်မယ်၊ ပြီးရင် ပြန်ပြီး ပျောက်ကွယ်သွားကြလိမ့်မယ်"လီကွမ်ရီက ညင်သာစွာ ပြုံးလိုက်ပြီးမှ ဆက်ပြောသည်။
     "မင်းတို့ရဲ့ ဘိုးဘေးဝေလငါးလိုပေါ့၊ အရင်က လူအများစုတွေ့ခဲ့ဖူးပေမယ့် အခုအချိန်မှာ သူ့ရဲ့တည်နေရာကိုတောင် ဘယ်သူမှ မသိကြတော့ဘူးလေ"

     ယဲ့ထူက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ လီကွမ်ရီရဲ့ ရှင်းပြချက်က အဓိပ္ပာယ်ရှိသည်ဟု သူ့စိတ်ထဲ ခံစားခဲ့ရသည်။
                              ***

စစ်ဧကရာဇ်(Chapter:1192)
(နက်ရှိုင်းတဲ့ ကတုတ်ကျင်း)
.........................................
     ရှုခင်းသာကမ်းခြေရှိ ကတုတ်ကျင်းက ဝိညာဉ်ကမ္ဘာတစ်ခုလုံးမှာပင် အနက်ရှိုင်းဆုံး နဲ့ အရှည်ဆုံး တွင်းနက်ကြီးတစ်ခု ဖြစ်သည်။

     နှစ်သန်းပေါင်းများစွာအတွင်း ကျင့်ကြံသူအများအပြားက စူးစမ်းလေ့လာခဲ့ကြသော်လည်း ဒီကတုတ်ကျင်းအကြောင်းကို မယ်မယ်ရရ မသိခဲ့ကြပေ။

     အချို့က ဒီကတုတ်ကျင်းသည် ကျောက်စိမ်းပင်လယ်တစ်ခုနီးပါး ရှည်လျားသည်ဟု ယုံကြည်ထားကြသည်။ သို့သော် ကျင်းရဲ့ အနက်ကိုမူ ပြောနိုင်သူ မရှိပေ။ အကြောင်းမှာ ဒီကတုတ်ကျင်းရဲ့ အောက်ခြေအထိ မည်သူမှ မရောက်ဖူး၍ ဖြစ်သည်။

     ဒီကတုတ်ကျင်းက ရှုခင်းသာကမ်းခြေနဲ့ ကပ်လျက် တည်ရှိသည်။ ဒါကြောင့် နေရာအနှံ့တွင် လှပတဲ့ ရှုခင်းအများအပြားကို တွေ့နိုင်သည်။ အထူးသဖြင့် ရှုခင်းသာကမ်းခြေနဲ့ ကတုတ်ကျင်း ထိစပ်နေတဲ့နေရာက အလှဆုံးဟု ဆိုနိုင်သည်။

     လီကွမ်ရီတို့အဖွဲ့ နီးကပ်လာချိန်မှာတော့ လွန်စွာ လှပတဲ့ သန္တာကျောက်တန်း အများအပြားကို တွေ့လိုက်ရသည်။ နေရာတိုင်းက အလွန်လှပတဲ့ ရှုခင်းတွေနဲ့ သူတို့အဖွဲ့ကို ကြိုဆိုနေခဲ့ကြသည်။

     ဒီသန္တာကျောက်တန်းက ရှည်လျားတဲ့ ကတုတ်ကျင်းကို ပတ်ပြီး တည်ရှိနေသည်။ ဤမျှကြီးမားတဲ့ သန္တာကျောက်တန်းကြီးက မြင်သူတကာတိုင်းအတွက် အံ့သြဖွယ်ကောင်းတဲ့ ခံစားမှုတစ်ခုကို ပေးနေခဲ့သည်။

     သန္တာကျောက်တန်းတွေက မတူညီတဲ့ အရောင်အမျိုးမျိုးကို ပိုင်ဆိုင်ထားကြသည်။ အချို့သော သန္တာကျောက်တန်းတွေက ပင်လယ်အောက်ခြေမှ ရေမျက်နှာပြင်အထက်ထိ ကြီးမားရှည်လျားကြသည်။ ကျောက်ဆောင်ပတ်လည်မှာတော့ ပင်လယ်အတွင်း ပေါက်ရောက်လေ့ရှိသည့် အပင်အမျိုးအစား အစုံအလင်ကို တွေ့ရပြီး ထိုအပင်တွေကြားမှာတော့ ရေနေသတ္တဝါ အမျိုးမျိုးက ပျော်ရွှင်စွာ ကူးခတ်နေခဲ့ကြသည်။

     မည်သူမဆို ဒီကျောက်ဆောင်တွေကြား ရောက်လာပါက စိတ်အမောပြေသွားမည်မှာ သေချာသလောက် ရှိသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက ပြောစရာမလိုလောက်အောင် ထူးကဲလှပပြီး ကျက်သရေအပြည့် ရှိသည်။ သို့သော် ဒီသန္တာကျောက်တန်းတွေကို ဖြတ်ကျော်ပြီး ဆက်သွားပါက ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို တွေ့ရမည် ဖြစ်သည်။ ထိုနေရာက ဝိညာဉ်ကမ္ဘာရဲ့ အကျော်ကြားဆုံးဖြစ်သည့် နက်ရှိုင်းတဲ့ ကတုတ်ကျင်း ဖြစ်သည်။ ၎င်းသည် ပင်လယ်တစ်ခုလုံးကို နှစ်ခြမ်းကွဲစေသည်အထိ ရှည်လျားလွန်းလှသည်။

     တွင်းနက်ကြီးက လုံးဝ အနက်ရောင်ဖုံးနေပြီး အောက်ကို ငုံ့ကြည့်လိုက်ပါကလည်း မည်သူမဆို ကြောက်ရွံ့တဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်နိုင်သည်။ ရုတ်တရက် ကြည့်လိုက်ပါက ဒီတွင်းနက်ကြီးသည် အစာကို မျိုချ‌တော့မည့် ဧရာမ နဂါး‌တစ်ကောင်ရဲ့ ပါးစပ်နဲ့ ဆင်တူလွန်းလှသည်။

     လီကွမ်ရီတို့အဖွဲ့က ကတုတ်ကျင်းအထိ မသွားတော့ဘဲ ကျောက်ဆောင်တွေကြား ရပ်လိုက်ကြသည်။ ပြီးနောက် လီကွမ်ရီက သူရပ်နေတဲ့ ကျောက်ဆောင်တစ်ခုလုံးကို အသေအချာ စစ်ဆေးကြည့်လိုက်သည်။

     ထန့်ကျိဝမ်နဲ့ ယဲ့ထူတို့မှာမူ လီကွမ်ရီ ဘာလုပ်ချင်တယ်ဆိုတာကို မသိကြပေ။ နှစ်ယောက်လုံးက အသက်ပြင်းပြင်း ရှူသွင်းရင်း တိတ်တဆိတ် ရပ်နေလိုက်ကြသည်။

     လီကွမ်ရီက လျှပ်စီးအလား လျင်မြန်စွာ လှုပ်ရှားပြီး ကျောက်ဆောင်တစ်ခုလုံးကို စစ်ဆေးနေခဲ့သည်။ ထိုစဉ် သူ့လက်ချောင်းနှစ်ခုက လျှပ်တပြက် လှုပ်ရှားပြီး တစ်ခုခုကို ဖမ်းယူလိုက်သည်။ ပြီးနောက် ထန့်ကျိဝမ်နဲ့ ယဲ့ထူတို့အရှေ့ကို ပြန်‌လာပြီး လက်ဝါးဖြန့်လိုက်သည်။ ဤတွင် လက်ချောင်းတစ်ခုစာ ရှည်လျားပြီး ပုံသဏ္ဍာန်ထူးဆန်းတဲ့ အင်းဆက်ပိုးတစ်ကောင်ကို တွေ့လိုက်ရသည်။ တော်ရုံလူတစ်ယောက်အနေနဲ့ ဒီအင်းဆက်ကို တွေ့ပါက ကြောက်ရွံ့သည့် ခံစားချက်တွေ ဖြစ်ပေါ်လာပေလိမ့်မည်။

     "ကောင်းပြီ၊ မင်းတို့နှစ်ယောက်ကို အရေးကြီး ကိစ္စတစ်ခု လုပ်ခိုင်းမယ်၊ ဒီကျောက်ဆောင်တွေကြားမှာ ရှိတဲ့ အင်းဆက်ပိုးတွေကို ငါ့အတွက် ဖမ်းထားပေးပါ၊ ပြီးရင် အမှုန့်ဖြစ်အောင် ကြိတ်ပါ"လီကွမ်ရီက သူ့လက်ထဲမှ အင်းဆက်ကို ပြပြီး ထန့်ကျိဝမ်နဲ့ ယဲ့ထူကို ပြောလိုက်သည်။

     နှစ်ယောက်လုံးမှာ လီကွမ်ရီရဲ့ စကားကြောင့် စိတ်ရှုပ်ထွေးသွားကြရသည်။ အဘယ်ကြောင့် အင်းဆက်တွေကို ဖမ်းခိုင်းမှန်း မသိကြပေ။ မည်သို့ပင်ဆိုစေကာမူ နှစ်ယောက်လုံးက ပြန်ပြီး မေးခွန်းထုတ်မနေတော့ဘဲ ကျောက်ဆောင်တွေကြား အင်းဆက်တွေကို ရှာဖွေခဲ့ကြသည်။

     ဒီမြင်ကွင်းကို အခြားသူတွေ တွေ့ပါက အံ့အားသင့်ကြမည်မှာ သေချာသည်။ ထန့်ကျိဝမ်သည် စပျစ်ရဲတိုက်ရဲ့ ဆက်ခံသူဖြစ်ပြီး ယဲ့ထူကလည်း ရှုခင်းသာကမ်းခြေရဲ့ ကြီးကြပ်ရေးမှူးတစ်ယောက် ဖြစ်သည်။ သို့သော် လက်ရှိမှာတော့ နှစ်ယောက်လုံးက လီကွမ်ရီရဲ့ အမိန့်ကို နာခံနေကြသည်။ မည်သူက ယုံကြည်နိုင်ကြမည်နည်း။

     လူငယ်နှစ်ယောက်ကို အလုပ်ပေးထားပြီးနောက်မှာတော့ လီကွမ်ရီက ပင်လယ်ပြင်ဘက် လှည့်ထွက်လာခဲ့သည်။ သူက ကောင်းကင်ထက် ငေးကြည့်ရင်း လမ်းလျှောက်နေခဲ့သည်။ ပြီးနောက် ရေထဲခုန်ဆင်းလိုက်သည်။ တစ်ဆက်ထဲမှာ မျက်နှာကိုသာ ဖော်ပြီး ရေထဲ ပက်လက်လှန် အိပ်နေခဲ့သည်။

     ပင်လယ်က ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ လီကွမ်ရီမှာမူ ပင်လယ်နဲ့ တသားထဲ ဖြစ်နေသည့်အလား ငြိမ်သက်စွာ လဲလျောင်းနေခဲ့သည်။

     ပင်လယ်ရေက အိပ်စက်အနားယူနေတဲ့ လီကွမ်ရီကို နေရာတစ်ခုသို့ ဆွဲခေါ်သွားခဲ့သည်။ နေ့ရက်များစွာ ကုန်လွန်ခဲ့ပေမယ့်လည်း သူ့ရဲ့မျက်လုံးတွေကို မှိတ်ပြီး အနားယူနေခဲ့သည်။

     "နင်က သခင်လေးလီလား ..."ရက်အနည်းငယ်အကြာမှာတော့ လွန်စွာ စွဲမက်ဖွယ်ကောင်းတဲ့ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

     လီကွမ်ရီက မျက်လုံးတွေကို ဖွင့်လိုက်သည်။ ဤတွင် ရေလှိုင်းတွေပေါ် ရပ်နေတဲ့ မိန်းမလှလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

     "အင်း"လီကွမ်ရီက မျက်လုံးတွေကို ပြန်ပိတ်ပြီးမှ ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။

     အတည်ပြုချက် ရပြီးနောက်မှာတော့ မိန်းမလှလေးက လီကွမ်ရီကို တလေးတစား ပြန်ပြောသည်။
     "သခင်လေးလီ၊ ငါ့ရဲ့သခင်မက နင့်ကို အလည်အပတ် ဖိတ်ခဲ့ပါတယ်၊ ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့နိုင်မလား"

     "ငါမအားဘူး"လီကွမ်ရီက ခံစားချက် ကင်းမဲ့ဟန်ဖြင့် ပြန်ဖြေသည်။
     "ငါ့ကို တွေ့ချင်ရင် သူကိုယ်တိုင် လာခဲ့ဖို့ ပြောလိုက်ပါ"

     ကြမ်းတမ်းတဲ့ တုံ့ပြန်မှုကြောင့် မိန်းမလှလေးမှာ ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်သွားခဲ့ရသည်။ အချိန်အနည်းငယ် ကြာသည်အထိ ဆွံ့အနေပြီးမှ သူမရဲ့စိတ်ကို တင်းလိုက်ပြီး ဖြည်းဖြည်းချင်း ပြောသည်။
     "သခင်လေးလီ၊ ငါ့သခင်မက စိမ့်စမ်းကျောင်းတော်ရဲ့ သခင်မပါ"

     "ဒီဦးလေးက မအားဘူး"လီကွမ်ရီက သူ့ရဲ့လက်ကို ခါယမ်းလိုက်ပြီး ဆက်ပြောသည်။
     "ကျောင်းတော်သခင် ဖြစ်နေရင်တောင် ငါ့နဲ့စကားပြောချင်ရင် သူကိုယ်တိုင် လာခဲ့ပါစေ"

     မိန်းမလှလေးမှာ ထင်မှတ်မထားတဲ့ တုံ့ပြန်မှုကြောင့် နှုတ်ဆိတ်သွားခဲ့ရတော့သည်။ သူမရဲ့ ဘဝတစ်လျှောက်တွင် ဤမျှ မာနထောင်လွှားပြီး ရိုင်းစိုင်းသူမျိုး မတွေ့ဖူးပေ။ နောက်ဆုံးမှာတော့ လီကွမ်ရီကို ဖျောင်းဖျလို့ မရနိုင်မှန်း ရိပ်မိ၍ စိတ်ပျက်လက်ပျက် ပြန်လည်ထွက်ခွာသွားခဲ့သည်။

     လီကွမ်ရီမှာမူ ဘာမှမဖြစ်ခဲ့သည့်အလား မျက်လုံးတွေကို မှိတ်ပြီး လှိုင်းတံပိုးတွေကြား ဆက်လက်စီးမျှောနေခဲ့သည်။

     အချိန်များစွာ ကုန်လွန်ပြီးနောက်မှာတော့ လွန်စွာ သာယာတဲ့ အသံတစ်သံ ထွက်ပေါ်လာခဲ့ပြန်သည်။
     "သခင်လေးလီ အလုပ်များနေတာကို ငါမသိခဲ့ဘူး၊ ငါ့ရဲ့ အလိုက်မသိ ဖိတ်ကြားခဲ့မှုအတွက် တောင်းပန်ပါတယ်"

     ဤအသံက အလွန်သာယာသည်။ နူးညံ့သိမ်မွေ့တဲ့ အငွေ့အသက်တွေ ပေါင်းစပ်ပါဝင်နေသည်ကို တွေ့ရသည်။ မည်သူမဆို ဒီအသံကို ကြားပြီးနောက် ပင်ပမ်းနွမ်းနှယ်မှုတွေ ပြေလျော့သွားသလို ခံစားလာရပေလိမ့်မည်။

     အသံကို နားထောင်ရုံမျှဖြင့် အသံပိုင်ရှင်ရဲ့ အလှကို မြင်ယောင်ကြည့်နိုင်သည်။ အမှန်ပင် သူမသည် လွန်စွာ ကျော့ရှင်းပြီး ချစ်စရာကောင်းတဲ့ အလှကို ပိုင်ဆိုင်ထားသည်။ သူမရဲ့ အလှကို တင်စားရမည်ဆိုပါက သဘာဝအလျောက် မွေးဖွားလာသည့် ဧကရီတစ်ပါးဟု ဆိုရပေမည်။

     လီကွမ်ရီက သူ့အရှေ့ ရေလှိုင်းတွေကြား ရပ်နေတဲ့ အမျိုးသမီးကို ကြည့်သည်။ သူမက ရိုးရှင်းပြီး အဖြူရောင် ပန်းပွင့်တွေ ရိုက်နှိပ်ထားသည့် အဝါဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဒီဝတ်စုံက သူမနဲ့ လွန်စွာ လိုက်လျောညီထွေရှိသည်ဟု ဆိုနိုင်သည်။

     သူမရဲ့ အသက်က သုံးဆယ်နီးပါးရှိပြီး ရင့်ကျက်သည့် အသွင်ကို ပိုင်ဆိုင်ထားသည်။ သူမရဲ့ ရင့်ကျက်မှုကြောင့် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးဟု ထင်ရသော်လည်း တစ်ဖက်မှာတော့ ဆွဲဆောင်မှုရှိသည့် အလှက မိန်းကလေးငယ်လေးတစ်ယောက်အလား ဖြစ်နေခဲ့သည်။

     သူမရဲ့အလှက ပုံမှန်ထက် ထူးကဲသည်။ မင်ယဲ့ရွယ်နဲ့ မယ်ဆုယောင်တို့ရဲ့ အလှကို မမီလျှင်တောင်မှ လီရှောင်းရန်နဲ့ ချန်ပေါင့်ကျန်းတို့အောက် ‌မလျော့ပေ။

     သူမရဲ့ အလှဖြင့် ယောကျာ်းထုကြီးကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ သူမရဲ့ အဝတ်အစားတွေကို တင်းတင်းကျပ်ကျပ် မဝတ်ထားပေမယ့်လည်း သူမရဲ့ သေးသွယ်တဲ့ ခါးအလှ‌ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။

     ဒီကျက်သရေရှိတဲ့ အလှက ဝင်းမှည့်နေတဲ့ စပျစ်သီးနှင့် ဆင်တူသည်။ မည်သည့်ရှုထောင့်က ကြည့်သည်ဖြစ်စေ သူမရဲ့အလှက အပြစ်အနာအဆာ မရှိပေ။ ဝင်းမှည့်ပြီး လွန်စွာ ချိုမြိန်တဲ့ စပျစ်သီးကို လူတိုင်း နှစ်သက်ကြသလိုပင် သူမကိုလည်း လူတိုင်း ရယူပိုင်ဆိုင်ချင်ကြမည်မှာ မလွဲပေ။

     "စိမ့်စမ်း ခန္ဓာကိုယ်အမျိုးအစားကို ကျင့်ကြံနိုင်တာက အရမ်းကောင်းတယ်"လီကွမ်ရီက သူ့အရှေ့မှ မိန်းကလေးကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။

     ဒီစကားက မိန်းကလေးကို တုန်လှုပ်သွားစေခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ယခုလို ခန့်မှန်းနိုင်ခြင်းက အလွန် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခု ဖြစ်သည်။

     "နင့်ရဲ့ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်"မိန်းကလေးက လီကွမ်ရီကို ဦးညွှတ်ပြီး ပြုံး၍ ပြောသည်။
     "ငါက စိမ့်စမ်းကျောင်းတော်သခင်မ ကျိုးကျန့်ရှစ်ပါ၊ အခုလို ခွင့်မတောင်းပဲ အလည်လာမိတဲ့အတွက် ငါ့ကို နားလည်ပေးဖို့ တောင်းဆိုပါတယ်"

     "စိမ့်စမ်းခန္ဓာကိုယ်အမျိုးအစားကို ဒီအဆင့်ထိ ကျင့်ကြံနိုင်ကတည်းက ကျောင်းတော်သခင်မဆိုတာကို ငါသိပါတယ်"လီကွမ်ရီက ပြုံး၍ ပြန်ပြောလိုက်သည်။

     ကျိုးကျန့်ရှစ်မှာ ဆွံ့အသွားခဲ့ရသည်။ သူမလို ကျောင်းတောင်သခင်မတစ်ဦးအနေဖြင့် ယခုလို မထီမဲ့မြင် ဆက်ဆံခံရမည်ဟု မတွေးဖူးခဲ့ပေ။

     "နင်ရောက်လာတာ သိပေမယ့် ငါတို့ရဲ့ ဧည့်ဝတ်ကျေပြွန်မှုကို မပြနိုင်ခဲ့ဘူး ..."ကျိုးကျန့်ရှစ်က နှစ်လိုဖွယ်အမူအရာဖြင့် ပြောလိုက်သည်။

     သို့သော် သူမရဲ့ စကားမဆုံးခင်မှာပင် လီကွမ်ရီက လက်ကို ဝှေ့ယမ်းပြီး ကြားဖြတ်ပြောလိုက်သည်။
     "ငါ့ကို အချိုသတ်မနေပါနဲ့၊ မင်းလာခဲ့ရတဲ့အကြောင်းကို ပြောပါ၊ အရေးမပါတဲ့ လောကွတ်စကားတွေနဲ့ ငါအချိန်မဖြုန်းချင်ဘူး"

     ဒီစကားတွေက လွန်စွာ အထက်စီးဆန်လွန်းလှသည်။ ကျိုးကျန့်ရှစ်မှာ မမျှော်လင့်ထားတဲ့ တုံ့ပြန်မှုကြောင့် တီးတိုးညည်းညူလိုက်ရတော့သည်။ သူမသည် လေဟာနယ်ပြစ်ဒဏ်ကျောင်းတော် သုံးခုထဲမှ တစ်ခုဖြစ်သည့် စိမ့်စိမ်းကျောင်းတော်ရဲ့ သခင်မ ဖြစ်သည်။ သို့သော် လီကွမ်ရီက သူမရဲ့ နောက်ခံအရှိန်အဝါကို ဂရုမစိုက်ဘဲ မောက်မောက်မာမာ ဆက်ဆံနေခဲ့သည်။

     နောက်ဆုံးတွင် သူမက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ပြီးမှ ဖြည်းဖြည်းချင်း ပြန်ပြောသည်။
     "နင့်ကို စိမ့်စမ်းကျောင်းတော်ရဲ့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ပါရစေ"

     "လူတိုင်းက ငါ့ကို ကာမစပ်ယှက်ဖို့ အကောင်းဆုံးလူအဖြစ် ယူဆနေကြတယ်"လီကွမ်ရီက စိတ်ပျက်လက်ပျက် ညည်းညူလိုက်သည်။
     "ဘာလဲ၊ ငါ့ကို ဖိတ်ခေါ်ပြီး မင်းရဲ့ကျောင်းတော်က မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်စေချင်နေတာလား"

     လီကွမ်ရီရဲ့ တိုက်ရိုက်ဆန်တဲ့ မေးခွန်းကြောင့် ကျိုးကျန့်ရှစ်မှာ နှုတ်ဆိတ်သွားခဲ့ရတော့သည်။

     လီကွမ်ရီရဲ့ စကားက မမှားပေ။ လီကွမ်ရီလို ဧကရာဇ်မျိုးဆက်သွေး ပိုင်ဆိုင်ထားတဲ့ လူသားမျိုးနွယ်တစ်ဦးက ညို့ဓာတ်ပြင်းဝိညာဉ်မျိုးနွယ်တွေအတွက် အလွန် အဖိုးတန်သည်။ ဒါက သူမတို့ရဲ့ စိမ့်စမ်းကျောင်းတော်အတွက်လည်း အတူတူပင် ဖြစ်သည်။

စစ်ဧကရာဇ်(Chapter:1193)
(ကျိုးကျန့်ရှစ်)
......................
     ကျိုးကျန့်ရှစ်မှာ စိတ်ဓာတ်ကျချင်သလို ဖြစ်နေခဲ့ရသည်။ သို့သော် သူမသည် မရေမတွက်နိုင်တဲ့ လောကဓံလှိုင်းလုံးတွေကို ခံစားဖူးသူတစ်ဦး ဖြစ်သည်။ ဒါကြောင့် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်နှာပေါ် လှပတဲ့ အပြုံးတစ်ပွင့်ကို ဖော်ဆောင်လိုက်သည်။ ပြီးနောက် ဖြည်းဖြည်းချင်း ပြန်ပြောသည်။
     "နင့်ရဲ့ စကားတွေကို ငါမငြင်းပါဘူး၊ ဝိညာဉ်ကမ္ဘာမှာရှိတဲ့ အဖွဲ့အားလုံးနီးပါးက ဧကရာဇ်မျိုးဆက်သွေး ပိုင်ဆိုင်ထားတဲ့ နင့်လိုလူတွေကို လိုချင်ကြတယ်လေ၊ အထူးသဖြင့် ငါ့လို ဂိုဏ်းတစ်ခုကို တာဝန်ယူအုပ်ချုပ်ရသူတွေက အဲ့ဒီလိုမျိုးဆက်သွေးတွေကို ရှာဖွေဖို့ တာဝန်ရှိတယ်"

     "မင်းရဲ့စကားတွေက ဆွဲဆောင်မှုရှိပါတယ်"လီကွမ်ရီက နှစ်လိုဖွယ် ပြုံးလိုက်သည်။
     "လေဟာနယ်ကျောင်းတော်ရဲ့ လူအိုကြီးကလည်း ငါ့ကိုလိုချင်နေတယ်၊ အခု မင်းကလည်း ငါ့ကို ခေါ်နေပြန်တယ်၊ ဒါက မင်းတို့ရဲ့ ကျောင်းတော်သုံးခုကြားမှာ ပဋိပက္ခဖြစ်သွားနိုင်တယ်နော်"

     ကျိုးကျန့်ရှစ်က လှပစွာ ပြုံးလိုက်သည်။ ဒီအပြုံးက လူတိုင်းရဲ့ စိတ်အစဉ်ကို တုန်လှုပ်စေနိုင်စွမ်း ရှိသည်။
     "သခင်လေးလီ၊ တစ်ခုခုကို နားလည်မှုလွဲနေပြီ ထင်တယ်၊ ကျောင်းတော်သုံးခုက အတူတူပဲလေ၊ သခင်လေးလီကို ဘယ်သူပဲ ပိုင်ဆိုင်ရသည်ဖြစ်စေ ဘာမှ ကွဲပြားသွားမှာ မဟုတ်ဘူး၊ ဒါက ရိုးသားတဲ့ ယှဉ်ပြိုင်မှုတစ်ခုပါ၊ သခင်လေးလီအနေနဲ့ နှစ်သက်ရာကို ရွေးချယ်ခွင့် ရှိပါတယ်"

     "ကောင်းပြီ"လီကွမ်ရီက မျက်လုံးတွေကို ပြန်မှိတ်လိုက်သည်။
     "လေဟာနယ်ကျောင်းတော်သခင်နဲ့ တွေ့ခဲ့ပြီးပြီဆိုရင် ဒီကိစ္စကို ငါစိတ်မဝင်စားဘူးဆိုတာ မင်းသိသင့်တယ်"

     "ငါတို့က နင့်ကို ဒီမှာ နေစေချင်ရုံပါ၊ ကျောင်းတော်သုံးခုရဲ့ သတို့သားဖြစ်ဖို့ မလိုပါဘူး၊ ပြီးတော့ နင်နှစ်သက်တဲ့ ကျောင်းတော်မှာ တည်းခိုလို့ရပါတယ်"ကျိုးကျန့်ရှစ်က အေးဆေးတည်ငြိမ်စွာဖြင့် ဆက်ပြောသည်။
     "ငါ့အမြင်အရဆိုရင် သခင်လေးလီရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းက အတော်လေး အားကောင်းတယ်၊ ဒါကြောင့် ငါတို့ရဲ့ ကျောင်းတော်သုံးခုက ရွေးချယ်ဖို့အတွက် အကောင်းဆုံးဆိုတာကိုလည်း သိမယ်လို့ မျှော်လင့်ပါတယ်၊ ငါတို့ဆီမှာ နင်နဲ့သင့်လျော်မယ့် ခန္ဓာကိုယ်ကျင့်စဉ်တွေ အများကြီး ရှိထားတယ်လေ"

     ဒီစကားတွေက ကြွားဝါခြင်း မဟုတ်ပေ။ ဝိညာဉ်ကမ္ဘာ၊ ဒါမှမဟုတ် ကမ္ဘာကိုးခုလုံးတွင် လေဟာနယ်ပြစ်ဒဏ်ကျောင်းတော်သုံးခုထက် ခန္ဓာကိုယ်ကျင့်စဉ် အရေအတွက် ပို၍ ပိုင်ဆိုင်ထားတဲ့ အဖွဲ့အစည်း မရှိပေ။

     "ခန္ဓာကိုယ်ကျင့်စဉ်တွေလား ..."လီကွမ်ရီက မျက်လုံးပြန်ဖွင့်ပြီး ပြုံးလိုက်သည်။ ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

     လီကွမ်ရီရဲ့ အကြောင်းမဲ့ ရယ်မောမှုကြောင့် ကျိုးကျန့်ရှစ်မှာ မကျေမနပ် ဖြစ်သွားခဲ့ရသည်။ ချက်ချင်းပင် လီကွမ်ရီကို ပြန်မေးသည်။
     "အခုလို ရယ်ရတဲ့အကြောင်းရင်းကို ငါမေးလို့ရမလား"

     "ဘာမှ မဟုတ်ပါဘူး"လီကွမ်ရီက ကျိုးကျန့်ရှစ်ကို ကြည့်ပြီး ဆက်ပြောသည်။
     "ကျောင်းတော်သုံးခုမှာ ခန္ဓာကိုယ်ကျင့်စဉ် အများကြီး ရှိတယ်ဆိုတာကို လူတိုင်းသိတယ်၊ ဒါပေမယ့် အင်မော်တယ် ခန္ဓာကိုယ်ကျင့်စဉ် သုံးခုကလွဲရင် ကျန်တာတွေက မက်လောက်စရာ မရှိပါဘူး"

     လီကွမ်ရီက ခေတ္တ ရပ်နားပြီးမှ ဆက်ပြောသည်။
     "ဘယ်လိုပဲဖြစ်ဖြစ်ပါ မင်းတို့ရဲ့ အင်မော်တယ် ခန္ဓာကိုယ်ကျင့်စဉ်သုံးခုက အတော်လေး ရှားပါးပြီး တန်ဖိုးရှိတယ်"

     လီကွမ်ရီရဲ့ ချီးမွမ်းခြင်းကို ရရှိဖို့က အမှန်ပင် ခက်ခဲသည်။ တော်ရုံကျင့်စဉ်တွေ၊ နည်းစနစ်တွေက သူ့မျက်လုံးထဲဝင်ဖို့ မထိုက်တန်ပေ။

     တကယ်တော့ ကျင့်ကြံခြင်းလောက၌ ခန္ဓာကိုယ်ကျင့်စဉ်တစ်ခုကို ဖန်တီးခြင်းက အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ရန်ထက် အဆများစွာ ခက်ခဲသည်။ ဒါကြောင့်လည်း ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို ကျင့်ကြံအောင်မြင်ပြီးပါက အင်မော်တယ်ဧကရာဇ်တွေနဲ့ သူတင်ကိုယ်တင် ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။

     ခေတ်အဆက်ဆက်တွင် အင်မော်တယ်ခန္ဓာကိုယ်ကျင့်စဉ်တွေကို ဖန်တီးခဲ့တဲ့ ကျင့်ကြံသူအများအပြား ရှိခဲ့သည်။ သို့သော် ကျင့်စဉ်အားလုံးနီးပါးမှာ ချို့ယွင်းချက်ရှိပြီး မပြည့်စုံကြပေ။ ပြီးပြည့်စုံတဲ့ ကျင့်စဉ်တစ်ခုဖြစ်ဖို့ လိုအပ်ချက်တွေ အများအပြား ရှိနေခဲ့ကြသည်။

     "ဒါက ငါတို့ဘိုးဘေးတွေရဲ့ ကြိုးစားမှုကြောင့်ပါ၊ ရှက်စရာကောင်းတာက ငါတို့လက်ထက်မှာ ဘာမှမလုပ်နိုင်သေးဘူး၊ ဒါကြောင့် ငါတို့ ပိုပြီးကြိုးစားဖို့လိုတယ်"ကျိုးကျန့်ရှစ်က ရိုးသားစွာ ဝန်ခံလိုက်သည်။

     လီကွမ်ရီက ကျိုးကျန့်ရှစ်ကို ကြည့်ပြီး ပြုံးလိုက်သည်။
     "မင်းရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းက သိပ်မကောင်းဘူး၊ ခန္ဓာကိုယ်ကျင့်စဉ်တွေက အခြားသူတွေအတွက် စွဲမက်ဖွယ် ရှိပေမယ့် ငါ့အတွက်တော့ ဘာမှ မဟုတ်ဘူး"

     အင်မော်တယ်ခန္ဓာကိုယ်ကျင့်စဉ်တွေကို ကျင့်ကြံသူတိုင်း လိုချင်မက်မောကြသည်။ ထိုသို့သော ကျင့်စဉ်မျိုးကို ရရှိမည်ဆိုပါက ကျင့်ကြံသူတိုင်း ငြင်းဆန်နိုင်ကြမည် မဟုတ်ပေ။

     လီကွမ်ရီက ကျိုးကျန့်ရှစ်ကို ကြည့်ပြီး ဆက်ပြောသည်။
     "ဒါပေမယ့် မင်းတို့ရဲ့ ကျောင်းတော်သုံးခုမှာ ငါ့ကို ဆွဲဆောင်တဲ့အရာတစ်ခု ရှိတယ်"

     "အဲ့ဒါက ဘာလဲ"ကျိုးကျန့်ရှစ်က သိလိုစိတ် ပြင်းပြစွာဖြင့် အလျင်အမြန် ပြန်မေးသည်။ အင်မော်တယ်ခန္ဓာကိုယ်ကျင့်စဉ်တွေ‌ကို စိတ်ဝင်စားမှု မရှိသူတစ်ဦးအား ဆွဲဆောင်နိုင်သည့်အရာက ဒီကမ္ဘာပေါ်မှာ ရှိသေးတာလား။ သူမက လီကွမ်ရီကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။

     "လေဟုန်ခွင်းနည်းစနစ်"လီကွမ်ရီက ပြုံး၍ ပြောလိုက်သည်။

     ကျိုးကျန့်ရှစ်မှာ လီကွမ်ရီရဲ့ စကားကြောင့် အံ့အားသင့် စိတ်ရှုပ်ထွေးသွားခဲ့ရသည်။
     "လေဟုန်ခွင်းနည်းစနစ်၊ ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ်တွေကို ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့ ကျင့်စဉ်ကို ပြောတာလား ..."

     ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူအား တိုက်ခိုက်နိုင်သည့် နည်းစနစ်မှာ ခေတ်တစ်လျှောက်လုံးမှာပင် လူအနည်းငယ်ကသာ တွေ့မြင်ခဲ့ဖူးကြသည်။

     ဒဏ္ဍာရီတွင် ဖော်ပြထားချက်အရ ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ်သည် အင်မော်တယ် ဧကရာဇ်တွေကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်ကြသည်။ ဒါ့အပြင် အင်မော်တယ်ဧကရာဇ်တွေပင် ထိုသို့သော ခန္ဓာကိုယ်အဆင့်မျိုးကို ရရှိနိုင်ဖို့ မလွယ်ကူပေ။ အချို့သောသူတွေရဲ့ အမြင်အရ ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ဆိုသည်မှာ အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ထက်ပင် ခက်ခဲသည်။ သို့သော် ဒါတွေအားလုံးက လူတွေရဲ့ မှန်းဆချက်သာ ဖြစ်သည်။ မည်သူမှ အတိအကျ မပြောနိုင်ကြပေ။

     မည်သို့ပင်ဆိုစေကာမူ ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့တဲ့ အရေအတွက်က ခေတ်တစ်လျှောက် ပေါ်ထွက်ခဲ့ဖူးတဲ့ အင်မော်တယ်ဧကရာဇ် အရေအတွက်ထက် များစွာ လျော့နည်းသည်။ ဒီအချက်က ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ မည်မျှခက်ခဲကြောင်း သိသာထင်ရှားစေသည်။

     ကျိုးကျန့်ရှစ်မှာ အနည်းငယ် တုန်လှုပ်နေမိသည်။ လေဟုန်ခွင်းနည်းစနစ်သည် ကျောင်းတော်သုံးခုရဲ့ စွမ်းအားအရှိဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံး ကျင့်စဉ်တစ်ခု ဖြစ်သည်။ ဒီကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ပါက မယုံနိုင်ဖွယ်ကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

     "ဒါပေမယ့် ကံမကောင်းစွာပဲ ဒီကျင့်စဉ်က ပျောက်သွားတယ်လေ"လီကွမ်ရီက စိတ်ပျက်နေဟန်ဖြင့် မချိပြုံး ပြုံးလိုက်သည်။ အမှန်ပင် ဒါက ကျောင်းတော်သုံးခုရဲ့ အရှိန်အဝါ ကျဆင်းရတဲ့ အကြောင်းရင်းတွေထဲမှ တစ်ခုဖြစ်သည်။

     ကျိုးကျန့်ရှစ်မှာ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေမိသည်။ လီကွမ်ရီပြောသလိုပင် ကျောင်းတော်သုံးခု၌ လေဟုန်ခွင်းနည်းစနစ်က မရှိတော့ပေ။ ဒါက အမှန်ပင် နောင်တရစရာ အခြေအနေတစ်ခု ဖြစ်သည်။

     နောက်ဆုံးတွင် သူမက စိတ်ကို တည်ငြိမ်‌အောင် ထိန်းချုပ်လိုက်သည်။ ပြီးနောက် လီကွမ်ရီကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြန်ပြောသည်။
     "ငါတို့ဆီမှာ သူတော်စင်ခန္ဓာကိုယ်နဲ့ အင်မော်တယ်အဆင့် ခန္ဓာကိုယ်ကျင့်စဥ်ကို လေ့ကျင့်နေတဲ့ တပည့်တွေ အများကြီး ရှိပါသေးတယ်"

     "မင်းပြောချင်တာကို ငါသိတယ်"လီကွမ်ရီက ကျိုးကျန့်ရှစ်ကို ပြုံးပြလိုက်သည်။
     "အင်မော်တယ်ခန္ဓာကိုယ်ကို ကျင့်ကြံနေသူနဲ့ ဧကရာဇ်မျိုးဆက်သွေး ပိုင်ဆိုင်သူတို့ လက်ထပ်ပေါင်းဖက်လိုက်ရင် ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခု ရလာမယ်လို့ တွေးနေတာ မဟုတ်လား၊ အဲ့ဒီပေါင်းဖက်မှုကနေ မွေးဖွားလာမယ့် ကလေးသာ မိဘနှစ်ယောက်လုံးရဲ့ အမွေကို ဆက်ခံနိုင်ခဲ့ရင်၊ ဒါမှမဟုတ် အင်မော်တယ်ဧကရာဇ်ဖြစ်လာနိုင်ခဲ့ရင် ဧကရာဇ်ယန်ရှစ်ထက် ပိုအားကောင်းသူတစ်ယောက် ဖြစ်လာနိုင်တယ်လေ"

     "ဧကရာဇ်မျိုးဆက်သွေးက အားလုံးကို ဆွဲဆောင်နိုင်တာ မှန်ပါတယ်"လီကွမ်ရီက ပြုံး‌၍ ဆက်ပြောသည်။
     "ကံမကောင်းစွာပဲ ငါ့ရဲ့မျို့ဆက်သွေးကို ကမ္ဘာကိုးခုဆီ ဖြန့်ဖို့ စိတ်မဝင်စားဘူး၊ တကယ်လို့ ငါလုပ်ဖြစ်ခဲ့တယ်ဆိုရင်တောင် အဲ့ဒီမိန်းကလေးက တကယ် ထိုက်တန်မှု ရှိလို့ပဲ"

     "သခင်လေးလီနဲ့ ထိုက်တန်တဲ့ မိန်းကလေးက ဘယ်လိုပုံစံလဲဆိုတာ ပြောပြလို့ရမလား"ကျိုးကျန့်ရှစ်က ညင်သာပျော့ပျောင်းစွာဖြင့် ပြန်မေးသည်။

     လီကွမ်ရီမှာ ပင်လယ်အတွင်း အိပ်စက်လဲလျောင်းနေဆဲ ဖြစ်သည်။ သူက ကျိုးကျန့်ရှစ်ကို တစ်ချက်ကြည့်ပြီး ရယ်လိုက်သည်။
     "တကယ်လို့ မင်းက ငါနဲ့ အချိန်ခဏလောက် ပျော်ရွှင်ချင်တယ်ဆိုရင်တော့ ငါစဉ်းစားပေးနိုင်ပါတယ်"

     ဒီစကားလုံးတွေက လွန်စွာ ရိုင်းစိုင်းလွန်းသည်။ ကျိုးကျန့်ရှစ်မှာ မျက်နှာပျက်သွားခဲ့ရသည်။ လီကွမ်ရီက သူမကို စကားလုံးတွေဖြင့် စော်ကားခဲ့သည်။ ဒါက နောက်ပြောင်ကျီစယ်တဲ့ စကားတွေထက် ကျော်လွန်ပြီး သူမကို လိင်ဆက်ဆံဖို့ တိုက်ရိုက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

     ဒါ့အပြင် သူမသည် ကျောင်းတော်သခင်မတစ်ဦး ဖြစ်သည်။ ယခုလို စကားမျိုး ပြောဆိုခြင်းက အဆုံးစွန်အထိ မထီမြင်ပြုခြင်း ဖြစ်သည်။

     "သခင်လေးလီက နောက်နေတာပဲ"ကျိုးကျန့်ရှစ်မှာ ဒေါသထွက်သွားပေမယ့်လည်း စိတ်ကို ချုပ်တည်းလိုက်သည်။ သူမအနေနဲ့ လီကွမ်ရီနဲ့ ခင်မင်ရင်းနှီးမှု မပျက်ချင်ပေ။
     "ငါက အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ပါ၊ နင့်ရဲ့တောင်းဆိုမှုက မဖြစ်နိုင်ပါဘူး"

     "ငါသိတယ်"လီကွမ်ရီက သူမကို ကြည့်ပြီး ဆက်ပြောသည်။
     "မင်းရဲ့ရင်ဘတ်ပေါ်မှာ အဖြူရောင်ပန်းပွင့် တပ်ထားတဲ့ အဓိပ္ပာယ်ကို ငါနားလည်တယ်၊ အခုအချိန်မှာ မင်းက မုဆိုးမတစ်ယောက် ဖြစ်နေပြီလေ၊ အပျိုစင်မဟုတ်လည်း ငါဂရုမစိုက်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းက မိန်းကလေးတစ်ယောက်ပဲလေ"

     ကျိုးကျန့်ရှစ်က အကြီးအကျယ် စိတ်ညစ်သွားရတော့သည်။ သူမသည် ပေါင်းသင်းဆက်ဆံရေး၌ အတွေ့အကြုံများစွာ ရှိသည်။ သို့သော် လီကွမ်ရီနဲ့ စကားပြောနေချိန်မှာတော့ သူမရဲ့ စိတ်ကို တည်ငြိမ်အောင် မထိန်းနိုင်တော့ပေ။ လီကွမ်ရီရဲ့ စကားတွေက အဆုံးစွန်ထိ စော်ကားခြင်း၊ မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။

     "မေ့လိုက်ပါ၊ ငါက ကျီစားတာပါ"လီကွမ်ရီက ကျိုးကျန့်ရှစ်ရဲ့ စိတ်ခံစားမှုကို ရိပ်မိပြီး ပြုံး၍ ပြောသည်။
     "ဒါပေမယ့် ဒီကမ္ဘာပေါ်မှာ ဘာမှ အလကား မရဘူးလေ၊ တစ်ခုခုကို ရချင်ရဲ့ ထိုက်တန်တဲ့ တန်ဖိုးတစ်ခုတော့ ပေးချေရမှာပဲ မဟုတ်လား၊ ငါ့ကို ဘယ်လိုအရာမျိုးနဲ့ ဆွဲဆောင်မှာလဲ"

     ထိုကဲ့သို့သော စကားလုံးတွေက အတော်လေး လွှမ်းမိုးနိုင်စွမ်း ရှိသည်။ အကယ်၍ လီကွမ်ရီနေရာမှာ အခြားသူတစ်ဦးဆိုပါက ကျောင်းတော်သုံးခုရဲ့ သတို့သားအဖြစ် ချက်ချင်း လက်ခံကြမည်မှာ သေချာသလောက် ရှိသည်။

     ကျိုးကျန့်ရှစ်မှာ နောက်တစ်ကြိမ် အကျပ်အတည်း ဖြစ်နေခဲ့သည်။ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်စွာ ရပ်နေနိသည်။ ကျောင်းတော်သုံးခုလုံးသည် စိတ်၀င်စားဖွယ်ကောင်းတဲ့ ကမ်းလှမ်းချက်တွေကို ပြုလုပ်နိုင်တဲ့ အင်အားရှိသည်။ သို့သော် လီကွမ်ရီက အင်မော်တယ်ခန္ဓာကိုယ်ကျင့်စဉ်ကိုပင် ငြင်းပယ်ခဲ့သည်။ ဒါကြောင့် ဘယ်လိုကမ်းလှမ်းရမည်ဆိုတာကို မစဉ်းစားတတ်တော့ပေ။

     "ငါတို့ဆီမှာ သူတော်စင်ခန္ဓာကိုယ်နဲ့ အင်မော်တယ်အဆင့် ခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်နေတဲ့ တပည့်တွေ အများကြီး ရှိပါသေးတယ်"

စစ်ဧကရာဇ်(Chapter:1194)
(ဒဏ္ဍာရီထဲက လက်နက်)
......................................
     ကျိုးကျန့်ရှစ်တစ်ယောက် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။ အနည်းငယ်အကြာမှာတော့ တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရသည်။ ချက်ချင်းပင် လီကွမ်ရီကို ကြည့်ပြီး အခိုင်အမာ ပြောသည်။
     "ဝိညာဉ်ကမ္ဘာရဲ့ အပြင်ဘက်ကနေ လွှမ်းခြုံထားတဲ့ ဧရာမ ရေဝဲကြီးကို နင်စိတ်ဝင်စားမှန်း ငါသိတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါကူညီနိုင်တယ်"

     ကျိုးကျန့်ရှစ်၏ စကားကြောင့် လီကွမ်ရီက မျက်လုံးတွေ ပြန်ဖွင့်လိုက်သည်။ ပြီးနောက် ကျိုးကျန့်ရှစ်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေကလည်း တောက်ပတဲ့ အလင်းရောင်တချို့ ထွက်ပေါ်လာခဲ့သည်။

     ကျိုးကျန့်ရှစ်မှာ အမျိုးအမည် ခွဲခြားမရတဲ့ ဝေဒနာကို ခံစားလိုက်ရသည်။ လီကွမ်ရီရဲ့ မျက်လုံးမှ ထွက်ပေါ်နေတဲ့ တောက်ပတဲ့ အလင်းရောင်တွေက သူမကို ထိတ်လန့်စေခဲ့သည်။ သူမရဲ့အရှေ့၌ ရှေးဟောင်း သားရဲတစ်ကောင် နိုးထလာသလို ခံစားလိုက်ရသည်။

     သို့သော် လီကွမ်ရီထံမှ မကောင်းတဲ့ အကြံအစည်ကို မခံစားရ၍ သူမရဲ့ ကြောက်ရွံ့စိတ်တွေက ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

     "အဖြစ်အပျက်တချို့‌ကို မင်းတွေ့ခဲ့ပြီးပြီ ထင်တယ်"အချိန်အနည်းငယ် ကြာပြီးနောက်မှာတော့ လီကွမ်ရီက ကျိုးကျန့်ရှစ်ကို ပြုံး၍ ပြောသည်။

     "အင်း၊ အမှန်အတိုင်း ပြောရရင် အဲဒီနေ့က ရေဝဲနဲ့ မလှမ်းမကမ်းမှာ ငါရှိနေတယ်လေ"ကျိုးကျန့်ရှစ်က အလေးအနက် အမူအရာဖြင့် ဆက်ပြောသည်။
     "ရေဝဲနဲ့ ထိပ်တိုက်ရင်ဆိုင်နေတဲ့ နင့်ကို ငါတွေ့ခဲ့တယ်၊ ဒါပေမယ့် ဧကရာဇ်မျိုးဆက်သွေး ပိုင်ရှင်မှန်း ငါမသိခဲ့ဘူးလေ၊ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ငါတို့ရဲ့တွေ့ဆုံမှုက ကံကြမ္မာရေစက်ကြောင့်လို့ ပြောလို့ရပါတယ်"

     "ကံကြမ္မာလား ..."လီကွမ်ရီက ဂရုမစိုက်ဟန်ဖြင့် ပြုံးသည်။ ပြီးနောက် မျက်လုံးတွေ ပြန်မှိတ်လိုက်သည်။

     "တကယ်လို့ ရေဝဲထဲ ဝင်ချင်တယ်ဆိုရင် ကျောင်းတော်သုံးခုက နင့်ကို ကူညီနိုင်ပါတယ်"ကျိုးကျန့်ရှစ်က အလေးအနက် ပြောသည်။

     "ဒီမယ် အလှလေး ..."လီကွမ်ရီက ကျိုးကျန့်ရှစ်ကို ကြည့်ပြီး ရယ်လိုက်သည်။

     ကျိုးကျန့်ရှစ်မှာ မကျေမနပ် ဖြစ်သွားရသည်။ သို့သော် သူမရဲ့ မကျေနပ်စိတ်ကို ဖယ်ဖျောက်လိုက်ပြီး အလွန်ရိုးသားတဲ့ အသွင်ဖြင့် လီကွမ်ရီကို ပြန်မေးသည်။
     "သခင်လေးလီ၊ ဘာကြောင့် ရယ်နေတာလဲ၊ ငါတစ်ခုခု အမှားပြောမိရင်လည်း ထောက်ပြပေးပါ"

     "မင်းမှားနေပြီ"လီကွမ်ရီက ခေါင်းကို ခါလိုက်သည်။
     "ရေဝဲထဲ ဝင်ဖို့ ငါကြိုးစားနေတာလို့ မင်းထင်နေတာလား၊ ရေဝဲအတွင်းက တစ်ခုခုကို ငါရချင်နေတာလို့ မင်းတွေးနေတယ်၊ ဒါပေမယ့် အမှန်တရားက အဲ့ဒီလို မဟုတ်ဘူး၊ အဲ့ဒီနေရာမှာ ငါလိုချင်တဲ့ဟာ ဘာမှ မရှိတော့ဘူး"

     ရေဝဲအတွင်းမှ ဘဝရဲ့ မူလအစနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်တွေကို ရခဲ့ပြီးဖြစ်၍ သူလိုချင်တာ မရှိတော့ပေ။ ထိုနေရာ၌ ကောင်းကင်ကို ဖြိုဖျက်နိုင်သည့် ရတနာအချို့ ရှိနေသေးလျှင်ပင် သူဂရုမစိုက်ပေ။ သူရရှိခဲ့သည့်အရာက မည်သည့်ရတနာထက်မဆို အဆပေါင်းများစွာ အဖိုးတန်နေပြီ ဖြစ်သည်။

     ကျိုးကျန့်ရှစ်မှာ လီကွမ်ရီရဲ့ စကားကြောင့် အံ့အားသင့်သွားခဲ့ရသည်။ ထိုနေ့တွင် ရေဝဲအတွင်း ဝင်ဖို့ ကြိုးစားနေသည့် လီကွမ်ရီကို သူတွေ့ခဲ့သည်။ ဒါကြောင့် လီကွမ်ရီထံ၌ ရေဝဲနှင့် ပတ်သက်တဲ့ အကြံဥာဏ်အချို့ ရှိသည်ဟု ထင်မှတ်ခဲ့သည်။

     "မင်းမှားနေပြီ၊ အဲ့ဒီရေဝဲကို မင်းတို့ ညို့ဓာတ်ပြင်းဝိညာဉ်မျိုးနွယ်တွေက ငါ့ထက် ပိုပြီး ဂရုစိုက်ရမှာလေ"လီကွမ်ရီက ကျိုးကျန့်ရှစ်ကို ပြုံး၍ ပြောသည်။

     "အမ် ... ဘာကို ပြောချင်တာလဲ"ကျိုးကျန့်ရှစ်မှာ ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့ရတော့သည်။

     လီကွမ်ရီရဲ့ နဖူးက အနည်းငယ် မြင့်တက်သွားခဲ့သည်။
     "ငါ့အရှေ့မှာ ဘာမှမသိသလို လုပ်မနေပါနဲ့၊ ကျောင်းတော်သခင်မတစ်ယောက်အနေနဲ့ ဒီအကြောင်းကို အနည်းအကျဥ်းတော့ သိထားသင့်တယ်"

     ကျိုးကျန့်ရှစ် မျက်နှာပျက်သွားသည်။ လီကွမ်ရီရဲ့ စကားက မမှားပေ။ ကျောင်းတော်သခင်မတစ်ယောက်အနေနှင့် သူမက ဒဏ္ဍာရီတချို့ကို ကြားဖူးသည်။ သို့သော် ထိုဒဏ္ဍာရီ မှန်ကန်မှု ရှိမရှိကိုတော့ အသေအချာ မသိထားပေ။

     ကျိုးကျန့်ရှစ်က လီကွမ်ရီကို ကြည့်သည်။ ပြီးနောက် စိတ်ရင်းအမှန်ဖြင့် မေးသည်။
     "နင့်ကို ဘာမှ မဖုံးကွယ်ထားပါဘူး၊ ဒဏ္ဍာရီအချို့ကို ငါကြားဖူးပေမယ့် အတိအကျ မှန်ကန်မှု ရှိမရှိကို ငါမသိဘူးလေ၊ တကယ်လို့ အဲ့ဒီအကြောင်းတွေကို နင်သိထားရရင် ငါ့ကို ပြောပြနိုင်မလား"

     လီကွမ်ရီက ကျိုးကျန့်ရှစ်ကို တစ်ချက် ကြည့်သည်။ ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
     "ငါပြောပြရင်တောင် မင်းနားလည်မှာ မဟုတ်ဘူး၊ တစ်ခုပဲ သေသေချာချာ မှတ်ထားပါ၊ တစ်ချိန်ချိန်မှာ အဲ့ဒီနေ့ရက်မျိုး ရောက်လာခဲ့ရင် ဝိညာဉ်ကမ္ဘာတစ်ခုလုံး ကမောက်ကမ ဖြစ်ရလိမ့်မယ်၊ အထူးသဖြင့် မင်းတို့ ညို့ဓာတ်ပြင်းဝိညာဉ်မျိုးနွယ်တွေအတွက် ကြောက်စရာကောင်းတဲ့ ကပ်ဘေးဆိုးကြီး ဖြစ်လာနိုင်တယ်"

     "ဘယ်လိုမျိုး ကပ်ဘေးလဲ"ကျိုးကျန့်ရှစ်က ပြန်မေးသည်။

     "အတိအကျ မပြောနိုင်ဘူး၊ အဲဒီနေ့ ဖြစ်လာမယ့် အခြေအနေပေါ် မူတည်လိမ့်မယ်၊ မတော်တဆမှု တစ်ခုကနေ ကြောက်စရာကောင်းတဲ့ ဘေးအန္တရာယ်တစ်ခု ဖြစ်ပွားလိမ့်မယ်"လီကွမ်ရီက ကျိုးကျန့်ရှစ်ကို ကြည့်ပြီး လေးနက်စွာ ပြောသည်။
     "ဒီတော့ အကောင်းဆုံးက အဲ့ဒီနေ့ရက် ရောက်လာတာနဲ့ ဝိညာဉ်ကမ္ဘာကနေ ထွက်ပြေးပါ၊ ဝေးလေကောင်းလေပဲ"

     ကျိုးကျန့်ရှစ်မှာ လီကွမ်ရီရဲ့ စကားကြောင့် တိတ်တဆိတ် စဉ်းစားနေမိသည်။ ရေဝဲရဲ့အကြောင်းကို ဂဃနဏ မသိပေမယ့်လည်း ညို့ဓာတ်ပြင်းဝိညာဉ်မျိုးနွယ်အားလုံးမှာ လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာကတည်းက ၎င်းကို သတိထားခဲ့ကြသည်။

     "ရေဝဲရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အစွမ်းထက်တဲ့ ရတနာလက်နက်တွေ ရှိတယ်လို့ ပြောကြတယ်၊ အဲ့ဒါက အမှန်လား"ကျိုးကျန့်ရှစ်က မေးသည်။ ဒဏ္ဍာရီတွေက တစ်ခုနှင့်တစ်ခု မတူညီ၍ ဒီအကြောင့်နှင့် ပတ်သက်ပြီး သူမ၏စိတ်ထဲ ဇဝေဇဝါ ဖြစ်ခဲ့ဖူးသည်။

     "ဟုတ်တယ်၊ တကယ်ရှိတယ်"လီကွမ်ရီက ခေါင်းတစ်ချက် ညိတ်ပြသည်။

     "ဒါဆို အဲ့ဒီလက်နက်တွေကို ရအောင် ဘယ်လိုလုပ်လို့ရနိုင်သလဲ"ကျိုးကျန့်ရှစ်က စိတ်အားထက်သန်စွာဖြင့် ပြန်မေးသည်။
     "ပြီးတော့ အဲ့ဒီလက်နက်တွေက ဘယ်လိုပုံစံမျိုးလဲ၊ ပင်လယ်နတ်ဆိုးတွေရဲ့ သုံးခွမှိန်းနဲ့ နှိုင်းယှဉ်လို့ရသလား"

     "သုံးခွမှိန်းရဲ့ဇာစ်မြစ်ကို မင်းသိလို့လား၊ ဒါမှမဟုတ် အဲ့ဒီလက်နက်ရဲ့ အစစ်အမှန် စွမ်းအားကို သိလို့မေးတာလား"လီကွမ်ရီက ကျိုးကျန့်ရှစ်ကို လှောင်ပြောင်ရယ်မောလိုက်သည်။

     "ပင်နတ်ဆိုးတွေရဲ့ အမြင့်မြင့်ဆုံး လက်နက်တစ်ခုလေ"ကျိုးကျန့်ရှစ်က ခေတ္တ ရပ်နားလိုက်ပြီးမှ ဆက်ပြောသည်။
     "သုံးခွမှိန်းကို လက်ခံရရှိသူတွေက ပင်လယ်နတ်ဘုရားတွေ ဖြစ်လာတယ်၊ ငါမှတ်သားဖူးသလောက်ဆိုရင် သုံးခွမှိန်းက ဧကရာဇ်အဆင့် ရတနာလက်နက်တွေထက် ပိုပြီး အားကောင်းတယ်တဲ့"

     ပင်လယ်နတ်ဆိုးများသည် သစ်ပင်မျိုးနွယ်နှင့် ဆင်တူသည်။ သူတို့၏ အင်အားအကောင်းဆုံး အထွတ်အထိပ် အဆင့်က အင်မော်တယ်ဧကရာဇ်အဆင့် မဟုတ်ပေ။ သစ်ပင်မျိုးနွယ်၌ သစ်အုပ်ထိန်းသူက အမြင့်ဆုံး တည်ရှိမှုဖြစ်သလို ပင်လယ်နတ်ဆိုးတွေရဲ့ အမြင့်ဆုံးအဆင့်က ပင်လယ်နတ်ဘုရားအဆင့် ဖြစ်သည်။

     ပင်လယ်နတ်ဘုရားအဆင့်ကို ရောက်ရှိဖို့ လိုအပ်ချက်မှာ သုံးခွမှိန်းရဲ့ သခင်အဖြစ် အသိအမှတ်ပြုခံရဖို့ ဖြစ်သည်။ အကယ်၍ အထွတ်အထိပ်ကို ရောက်ပြီး သုံးခွမှိန်းကိုလည်း ပိုင်ဆိုင်နိုင်ပါက ထိုသူသည် ပင်လယ်နတ်ဘုရားအဖြစ် ခေါ်ဆိုခံရဖို့ ထိုက်တန်သည်။

     ဒဏ္ဍာရီမှတ်တမ်းများအရ သုံးခွမှိန်းကို ကိုင်ဆောင်ထားတဲ့ ပင်လယ်နတ်ဘုရားက အင်မော်တယ်ဧကရာဇ်ကို ရင်ဆိုင်တိုက်ခိုက်နိုင်သည်ဟု ဖော်ပြထားခဲ့သည်။

     "မင်းသိထားတာတွေက အပေါ်ယံ အသေးအဖွဲ့လေးတွေပါ"လီကွမ်ရီက ကျိုးကျန့်ရှစ်ကို ကြည့်ပြီး ခေါင်းခါပြလိုက်သည်။
     "ကောင်းပြီ၊ ရေဝဲအတွင်းမှာ သုံးခွမှိန်းလို လက်နက်တွေ ရှိနေရင်တောင် မင်းရဲ့ ညို့ဓာတ်ပြင်း ဝိညာဉ်တွေထံက ဘယ်သူ ကိုင်တွယ်မှာလဲ၊ အဲ့ဒီလက်နက်ကို အသုံးပြုတတ်လို့လား"

     လီကွမ်ရီက အလေးအနက် အမူအရာဖြင့် ဆက်ပြောသည်။
     "ကိုယ်နဲ့ မသက်ဆိုင်တဲ့အရာတွေကို လစ်လျူရှုလိုက်ပါ၊ အင်မော်တယ်ဧကရာဇ်လမ်းကြောင်းကိုပဲ ဆက်လျှောက်ပါ၊ သုံးခွမှိန်းကို ရရင်တောင် မင်းတို့အတွက် ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး"

     သူက စကားဆုံးသည်နှင့် မျက်လုံးပြန်မှိတ်လိုက်သည်။ ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။
     "ကောင်းပြီ၊ အခု ငါ့ကို ထပ်ပြီး မနှောင့်ယှက်နဲ့တော့"

     ကျိုးကျန့်ရှစ်က သက်ပြင်းချပြီး မတ်တတ်ရပ်လိုက်သည်။ ပြီးနောက် ဦးညွှတ်ပြီး ပြောသည်။
     "နင့်အတွက် ငါတို့ရဲ့တံခါးတွေကို အမြဲတမ်း ဖွင့်ထားပါတယ်၊ ငါတို့ဆီ အချိန်မရွေး လာခဲ့နိုင်တယ်"

     လီကွမ်ရီမှာ အိပ်ပျော်သွားသည့်အလား ဘာမှ ပြန်မပြောတော့ပေ။ ကျိုးကျန့်ရှစ်ရဲ့ စကားကို ကြားလျက်နှင့် ပြန်မပြောတာလား၊ ဒါမှမဟုတ် မကြားလို့လားဆိုတာကို သူကိုယ်တိုင်သာ သိပေလိမ့်မည်။

     နောက်ဆုံးတွင် သူမက ထပ်မံ မနှောင့်ယှက်တော့ဘဲ လှိုင်းတံပိုးများကြား ပျောက်ကွယ်သွားခဲ့သည်။ ဒီခရီးစဉ်က သူမအတွက် အဓိပ္ပာယ် မရှိပေ။ လီကွမ်ရီသည် ကျောင်းတော်သုံးခုလုံးကို စိတ်ဝင်စားပုံမရှိပေ။

     လီကွမ်ရီမှာမူ ရေလှိုင်းတွေကြား တိတ်ဆိတ်စွာ လဲလျောင်းနေဆဲ ဖြစ်သည်။ သူက အချိန်အတော်ကြာသည်အထိ အနားယူနေခဲ့ပြီး နောက်ဆုံးတွင် မျက်လုံးတွေကို ဖွင့်လိုက်သည်။ ပြီးနောက် ပင်လယ်ကြမ်းခင်း တစ်နေရာကို တူးဆွလိုက်သည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူ့အရှေ့တွင် ကြီးမားတဲ့ ကျင်းတစ်ခု ပေါ်လာခဲ့သည်။

     တကယ်တော့ ဒီကျင်းက ဧရာမ ကတုတ်ကျင်းနဲ့ ဆက်စပ်နေတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

     လီကွမ်ရီက ကျင်းထဲ ဝင်လိုက်သည်။ သို့သော် ကျင့်ရဲ့ အဝနားမှာသာ ရပ်သည်။ ပြီးနောက် နတ်ဘုရားသိစိတ်ကို ထုတ်ပြီး ကျင်းရဲ့ အဆုံးထိ လွှမ်းခြုံဖြန့်ကျက်လိုက်သည်။ သူ့ရဲ့ နတ်ဘုရားသိစိတ်ကို ဘယ်အရာမှ လွတ်မြောက်အောင် မပုန်းရှောင်နိုင်ပေ။

     အရာအားလုံး စစ်ဆေးပြီး နောက်ဆုံးတွင် သူက ကျင်းအတွင်း ဝင်လိုက်သည်။ ပြီးနောက် ကမ်းပါးတစ်ခုရဲ့ အရှေ့တွင် ရပ်လိုက်သည်။ ထိုနေရာ၌ ပူဖောင်းတစီစီ ထွက်နေသည့် ခုံးကောင်အချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထူးဆန်းသည်မှာ ထိုခုံးကောင်ရဲ့ အခွံမာတွေအတွင်း ပုလဲလုံးလေးတွေ ရှိနေခြင်း ဖြစ်သည်။

     လီကွမ်ရီက ခုံးကောင်နှင့် ပုလဲလုံးတွေကို ကြည့်ပြီး ပြုံးလိုက်သည်။
     "ဒီခုံးကောင်တွေကို တွေ့ရဖို့ဆိုတာက မလွယ်ဘူး၊ ပင်လယ်ရေစီးကြောင်းကို အတော်လေး ကျွမ်းကျင်မှပဲ ဒီခုံးကောင်တွေရဲ့ တည်နေရာကို ရှာဖွေနိုင်လိမ့်မယ်"

     အမှန်ပင် သူက ဒီခုံးကောင်တွေရဲ့ တည်နေရာကို ခြေရာခံချင်၍ ပင်လယ်ပြင်အတွင်း နစ်မြုပ်ပြီး လဲလျောင်းနေခဲ့ခြင်း ဖြစ်သည်။

     ဒီခုံးကောင်တွေကို လမ်းပြခုံးကောင်တွေဟု ခေါ်ကြသည်။ ပုံမှန်အားဖြင့် ကျောက်စိမ်းပင်လယ်တွင် ခုံးကောင်အများအပြားကို တွေ့ရမည်ဖြစ်သော်လည်း ယခုလို လမ်းပြခုံးကောင်းတွေကိုတော့ အလွယ်တကူ မတွေ့နိုင်ပေ။ ဒါ့အပြင် ဒီ‌ခုံးကောင်အမျိုးအစားက အရေအတွက်လည်း လွန်စွာ နည်းပါသည်။

     လီကွမ်ရီက လမ်းပြခုံးကောင်တွေကို လိုက်လံဖမ်းဆီးလိုက်သည်။ အချိန်အနည်းငယ် ကြာပြီးနောက် လုံလောက်တဲ့ အရေအတွက်ကို ရခဲ့ပြီဖြစ်၍ ရှုခင်းသာကမ်းခြေသို့ ပြန်ထွက်လာခဲ့လိုက်သည်။

     သူရဲ့ဒီခရီးစဉ်သည် ဦဒေါင်းသစ်ပင်အတွက် လာခဲ့ခြင်း ဖြစ်သည်။ ဥဒေါင်းသစ်ပင်၏ သက်တမ်းကို ဖြည့်ဖို့အတွက် ဒီနေရာ၌ ပစ္စည်းနှစ်ခု ယူစရာရှိသည်။ တစ်ခုမှာ ‌ဘိုးဘေးဝေလငါးရှိသည့် ရေထရက်ဒေသမှ ရေကို ယူဆောင်ရန် ဖြစ်ပြီး နောက်တစ်ခုမှာ ဒီနက်ရှိုင်းတဲ့ တွင်းနက်ထဲမှ လမ်းပြခုံးကောင်တွေ ဖြစ်သည်။

     "ငါ့အရှေ့မှာ ဘာမှမသိသလို လုပ်မနေပါနဲ့၊ ကျောင်းတော်သခင်မတစ်ယောက်အနေနဲ့ ဒီအကြောင်းကို အနည်းအကျဉ်းတော့ သိထားသင့်တယ်"

စစ်ဧကရာဇ်(Chapter:1195)
(ပင်လယ်ငါးကလန်)
...............................
     ယခုရက်ပိုင်းအတွင်း ရှုခင်းသာကမ်းခြေက အတော်လေး စည်ကားလာခဲ့သည်။ ကျောက်စိမ်းပင်လယ်အတွင်းမှ ကျင့်ကြံသူ အများအပြား ဒီဒေသသို့ ရောက်လာခဲ့ကြသည်။ မိစ္ဆာနဂါးပင်လယ်နှင့် ခမ်းနားသော ပင်လယ်မင်းဆက်ဒေသမှ ကျင့်ကြံသူအချို့လည်း ရောက်လာသည်ကို တွေ့ရသည်။

     သူတို့အားလုံးက ချည်မျှင်ငါးတွေအတွက် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ဝိညာဉ်ကမ္ဘာတွင် ချည်မျှင်ငါးတွေကို အစားအသောက်နှင့် ဆေးဝါးတွေအတွက် အသုံးပြုလေ့ရှိကြသည်။ သို့သော် ချည်မျှင်ငါးတွေက ပင်လယ်၏ လွန်စွာ နက်ရှိုင်းသည့် နေရာတွေမှာသာ နေထိုင်ကျက်စားလေ့ ရှိကြသည်။ နက်ရှိုင်းတဲ့ ကတုတ်ကျင်းအတွင်းမှာသာ နေ‌လေ့ရှိသည်။ ထိုကြောင့် ၎င်းတို့ကို ဖမ်းဆီးနိုင်ဖို့ဆိုသည်မှာ ထင်သလောက် မလွယ်ကူလှပေ။

     သန္တာကျောက်ပွင့်များ ပွင့်ချိန်ရောက်မှာသာ ချည်မျှင်ငါးတွေက ဝတ်မှုန်ကို စားဖို့အတွက် ကတုတ်ကျင်းထဲမှ ထွက်လာလေ့ရှိကြသည်။

     လက်ရှိအချိန်က ချည်မျှင်ငါးတွေကို ဖမ်းဆီးဖို့ အကောင်းဆုံးအချိန် ဖြစ်သည်။ ဒီအတွက်ကြောင့်လည်း ရှုခင်းသာကမ်းခြေအနီးကို ကျင့်ကြံသူအများအပြား ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

     ဤအချိန်၌ ရှုခင်းသာကမ်းခြေတွင် စည်ကားနေပြီဖြစ်သော်လည်း အစွမ်းထက်သည့် ကျင့်ကြံသူတွေ မရှိသေးပေ။ သူတို့ထဲမှ အများစုမှာ တတိယမျိုးဆက် တပည့်တွေသာ ဖြစ်သည်။[ဂိုဏ်းတစ်ခု၏ ဘိုးဘေးကို ပထမမျိုးဆက်၊ ဂိုဏ်းချုပ်နှင့်အကြီးအကဲတွေကို ဒုတိယမျိုးဆက်၊ သာမန်တပည့်တွေကို တတိယမျိုးဆက်ဟု မှတ်သားပါ]

     ချည်မျှင်ငါးတွေသည် တန်ဖိုးရှိသည်မှာ မှန်သော်လည်း ကျင့်ကြံသူတွေကို အရူးအမူး ဖြစ်စေသည်အထိတော့ အဖိုးမတန်သေးပေ။ ထို့ကြောင့် အစွမ်းထက်တဲ့ ကျင့်ကြံသူ အများစု ရောက်မလာခဲ့ကြခြင်း ဖြစ်သည်။

     သို့သော် လူသိများ ထင်ရှားသည့် ကျင့်ကြံသူအချို့တော့ ရောက်လာခဲ့သည်။ ဥပမာပြရလျှင် ကုန်းချင်းစွန် ဖြစ်သည်။ သူမက တပည့်အများအပြား ခြံရံပြီး ရှုခင်းသာကမ်းခြေ၌ အပမ်းဖြေနေခဲ့သည်။

     ကုန်းချင်းစွန် ... သူမသည် ကုန်းချင်းမေယွီ၏ အနှစ်သက်ဆုံး ရံခြွေတော် ဖြစ်သည်။ ကုန်းချင်းမေယွီမှာမူ ခမ်းနားသော ပင်လယ်မင်းဆက် ဘုရင်ရဲ့ ကြင်ယာတော်တစ်ဦး ဖြစ်သည်။ ကုန်းချင်းမေယွီရဲ့ နှစ်သက်မှုကို ခံရသူဖြစ်သည်နှင့်အညီ ကုန်းချင်းစွန်မှာ တပည့်အများအပြားကို ပိုင်ဆိုင်ထားသည်။ ဒါ့အပြင် ကျင့်ကြံသူ အများအပြား၏ အလေးပေးဆက်ဆံမှုကိုလည်း ခံခဲ့ရသည်။ ပုံမှန်ထက်ပိုပြီး တပည့်အများအပြားက သူမနှင့် ရင်းနှီးကျွမ်းဝင်လိုကြသည်။

     တကယ်တော့ သူမအပြင် တာအိုရောင်းရင်း'လင်း'နှင့် ယန်ယန်လုံတို့လို ကျော်ကြားသူတွေလည်း ရှိသည်။

     တာအိုရောင်းရင်း'လင်း'က တစ်ယောက်တည်း ရောက်လာသည်။ သူက ကောင်းကင်ကနေ ပင်လယ်အတွင်း ဆင်းလိုက်သည်။ ချက်ချင်းပင် ရေပြင်က နှစ်ခြမ်းကွဲသွားပြီး သူ့အတွက် လမ်းဖွင့်ပေးလိုက်သည်။ ပြီးနောက် သူက ရေအောက်မြို့တော်ရှိရာသို့ သွားလိုက်သည်။

     တာအိုရောင်းရင်းလင်းက တစ်‌ဆယ့်ခြောက်၊ တစ်ဆယ့်ခုနှစ်နှစ်အရွယ် လူငယ်လေး ဖြစ်သည်။ သူ့ရဲ့မျက်နှာက ကျောက်စိမ်း(အဖြူရောင်ကို ဆိုလိုသည်)နှင့် ဆင်တူသည်။ နုနယ်သည့် မျက်နှာ အသားအရေကို ပိုင်ဆိုင်ထားသည်။ သူဝတ်ဆင်ထားတဲ့ တာအိုဝတ်စုံကို မတွေ့ပါက ကျင့်ကြံတစ်ယောက်ဟု မည်သူမှ ထင်ကြမည် မဟုတ်ပေ။

     သူရောက်လာချိန်မှာတော့ ကျင့်ကြံသူ အများအပြားက လာရောက် နှုတ်ဆက်သည်။ သူ့ကို နွေးထွေးစွာ ကြိုဆိုကြသည်။ ထင်ရှားတဲ့ အဆင့်အတန်း ပိုင်ဆိုင်ထားသည့် လူငယ်အချို့ပင် သူ့ကို လာရောက်နှုတ်ဆက်ကြသည်။
     "တာအိုရောင်းရင်းလင်းကို လာနှုတ်ဆက်တာပါ ..."လူငယ်တစ်ယောက်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

     အရောင်အသွေးမဲ့ ခန္ဓာကိုယ်အမျိုးအစားကို ကျင့်ကြံအောင်မြင်ခဲ့၍ အတော်များများက သူ့ကို မနာလိုခဲ့ကြသည်။ ဒီအောင်မြင်မှုကြောင့် အများစုက သူ့ကို လေးစားခဲ့ကြသည်။

     လူငယ်တစ်ယောက်က တာအိုရောင်းရင်းလင်းကို ပြုံးပြပြီး ပြောလိုက်သည်။
     "တာအိုအစ်ကို၊ မင်းရဲ့အင်မော်တယ်ခန္ဓာကိုယ်က သူများတွေနဲ့မတူဘဲ ထူးခြားတယ်၊ ပြီးတော့ မင်းရဲ့ အရည်အသွေးနဲ့ဆိုရင် အသက်၃၀ မပြည့်ခင်မှာ အရောင်အသွေးမဲ့ ခန္ဓာကိုယ်ကျင့်စဉ်ရဲ့ တစ်ဝက်တိတိကို အောင်မြင်နိုင်မှာ သေချာတယ်"

     "အဲ့ဒီလောက်ကြီးလည်း မဟုတ်ပါဘူးလေ"တာအိုရောင်းရင်လင်းက ပြုံးလိုက်ရင်း နိမ့်ချစွာ ပြောသည်။
     "ငါ့သခင်နဲ့ ယှဉ်ရင် ငါက ဘာမှမဟုတ်သေးပါဘူး"

     သူက နှိမ့်ချစွာ တုံ့ပြန်လိုက်သော်လည်း သူ့အပေါ် ချီးကျူးမှုတွေကိုတော့ အတော်လေး သဘောကျနေခဲ့သည်။

     သူရည်ညွှန်းခဲ့သည့် သခင်ဆိုသည်မှာ လက်ရှိ ဝိညာဉ်ကမ္ဘာ၏ ကျော်ကြားသူတွေထဲ ပါဝင်သည့် သန့်စင်သော လွင်ပြင်မှ တာအိုသခင်'လင်း'ကို ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။

     သန့်စင်သောလွင်ပြင်သည် အင်မော်တယ်ခန္ဓာကိုယ်ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည့် အဖွဲ့တစ်ခု ဖြစ်သည်။ သူတို့ထံ၌ အရောင်အသွေးမဲ့ အင်မော်တယ်ခန္ဓာကိုယ်ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည်။

     တာအိုသခင်လင်းက သန့်စင်သောလွင်ပြင်၏ လက်ရှိ သခင်တစ်ယောက် ဖြစ်သည်။ သူက အရောင်အသွေးမဲ့ ခန္ဓာကိုယ်ကို တစ်ဝက်အထိ ကျင့်ကြံအောင်မြင်ပြီးပြီ ဖြစ်သည်။ လက်ရှိမှာ ကျင့်စဉ်ရဲ့ နောက်ဆုံးအပိုင်းကို အောင်မြင်ဖို့ ကြိုးစားနေသည်ဟုလည်း သတင်းထွက်နေခဲ့သည်။

     တာအိုရောင်းရင်းလင်းက တာအိုသခင်လင်းရဲ့ အစေခံတစ်ယောက်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူငယ်စဉ်ကတည်းက တာအိုသခင်လင်းရဲ့ အနောက်ကို လိုက်ခဲ့သည်။ ဒါကြောင့် သူကိုယ်တိုင်လည်း ထိုက်သင့်သည့် သြဇာအရှိန်အဝါအချို့ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

     နောက်ထပ် ထင်ရှားသူတစ်ဦးမှာ ယန်ယန်လုံ ဖြစ်သည်။ သူက ယန်သခင်ကြီး၏ တပည့်ဖြစ်သည်။

     ရှုခင်းသာကမ်းခြေ၌ အပြာရောင် လှေတစ်စင်း ဆိုက်ကပ်လာခဲ့သည်။ ၎င်းက အတော်လေး ကြီးမားသည်။ လှေ၏ကိုယ်ထည်ပေါ် ရိုက်နှိပ်ထားသည့် ကတ္တီပါရောင် အမှတ်အသားက ပိုင်ရှင်မှာ ယန်သခင်ကြီး၏တပည့် ယန်ယန်လုံ ဖြစ်ကြောင်း သိသာထင်ရှားစေသည်။

     လှေပေါ်မှ လူငယ်တစ်ယောက် ဆင်းလာခဲ့သည်။ ပြီးနောက် လှေက အားလုံးရဲ့မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ လှေပေါ်မှ ဆင်းလာသူမှာ လူငယ်တစ်ယောက်ဖြစ်ပြီး ချောမောတဲ့ ရုပ်အဆင်းကို ပိုင်ဆိုင်ထားသည်။ သူ့ရဲ့ကိုယ်ရောင်ကိုယ်ဝါကလည်း သူသွားသမျှ နေရာတိုင်းကို ထွန်းလင်းနိုင်ပုံရသည်။

     ထိုလူငယ်သည် ယန်သခင်ကြီး၏ အားအကိုးရဆုံးတပည့် ဖြစ်သည်။ သူရောက်လာသည်နှင့်တစ်ပြိုင်နက် ယန်ကျောင်းတော်နှင့် ရင်းနှီးကျွမ်းဝင်သူ အများအပြားက လာရောက် နှုတ်ဆက်ကြသည်။

     ယန်ကျောင်းတော်နှင့် သန့်စင်သောလွင်ပြင်တို့က ကျောက်စိမ်းပင်လယ်တွင် ကျော်ကြားတဲ့ အဖွဲ့နှစ်ခု ဖြစ်သည်။ ယန်ကျောင်းတော်၌ ယန်အင်မော်တယ်ခန္ဓာကိုယ်ကျင့်စဥ် ရှိပြီး သန့်စင်သောလွင်ပြင်မှာမူ အရောင်အသွေးမဲ့ ခန္ဓာကိုယ်ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည်။

     ဒီနှစ်ဖွဲ့လုံးက လေဟာနယ်ပြစ်ဒဏ် ကျောင်းတော်သုံးခုနှင့် နှိုင်းယှဉ်လျှင် အတော်လေး ကွာဟမှု ရှိနေသေးသည်မှာ မှန်သည်။ မည်သို့ပင်ဆိုစေကာမူ ညို့ဓာတ်ပြင်း ဝိညာဉ်မျိုးနွယ်တွေနှင့် စုဖွဲ့ထားသည့် ဒီနှစ်ဖွဲ့လုံးက ထိုက်သင့်သည့် သြဇာအရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။

     လီကွမ်ရီက ရှုခင်းသာကမ်းခြေသို့ ပြန်ရောက်လာခဲ့သည်။ သူရောက်လာချိန်တွင် နေရာအနှံ့၌ ကျင့်ကြံသူ အများအပြားဖြင့် စည်ကားနေပြီ ဖြစ်သည်။ သူက သန့်စင်ရန် လိုအပ်တဲ့ ပစ္စည်းအချို့ကို ဝယ်ယူပြီးနောက် တည်းခိုဆောင်ရှိရာသို့ ပြန်ဖို့ ပြင်လိုက်သည်။

     "လမ်းဖယ်ကြ၊ မြန်မြန်ရှောင်ကြ ..."ထိုစဉ် ဆူညံသံအချို့ ကြားလိုက်ရပြီး စည်ကားနေတဲ့ လမ်းမထက် ဖရိုဖရဲ ဖြစ်သွားခဲ့ရသည်။ လမ်းမပေါ် ‌လမ်းလျှောက်နေကြတဲ့ ကျင့်ကြံသူ အများအပြားမှာ ဘေးလွတ်ရာသို့ အလျင်အမြန် ရှောင်တိမ်းလိုက်ကြရသည်။

     ထိုအချိန်မှာပင် လွန်စွာ ကြီးမားတဲ့ ငါးအုပ်ကြီးတစ်ခုက ပြင်းထန်သည့် အရှိန်ဖြင့် ရောက်ရှိလာခဲ့သည်။ ငါးတစ်ကောင်ချင်းစီက ၃ပေခန့် ရှည်လျားသည်။ အားလုံးမှာ ငွေရောင် ကိုယ်ထည်နှင့် အနီရောင် တောင်ပံများကို ပိုင်ဆိုင်ထားကြသည်။ သူတို့ရဲ့ နဖူးထက်မှာလည်း ချွန်ထက်တဲ့ ဦးချိုသဏ္ဍာန် အမွေးအမျှင် နှစ်ခုစီ ရှိနေကြသည်။ အားလုံးကို ပို၍ ကြောက်လန့်စေသည်မှာ နေရောင်အောက် ဖြူဖွေးနေတဲ့ ကြီးမားတဲ့ အစွယ်ကြီးတွေ ဖြစ်သည်။

     ဒီငါးအုပ်ကြီးက စကားပြောဆိုနိုင်ကြသည်။ သို့သော် မူရင်းပုံစံမှ လူသားအသွင်အဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိကြသေးပေ။

     "ပင်လယ်ငါးကလန် ..."ရက်စက်ကြမ်းကြုတ်တဲ့ ငါးအုပ်စုကြီးကို မြင်ပြီးနောက် ကျင့်ကြံသူ အများအပြားမှာ မျက်နှာပျက်သွားကြရတော့သည်။ ချက်ချင်းပင် လွတ်ရာသို့ အလျင်အမြန် ရှောင်လိုက်ကြသည်။ ဒီငါးအုပ်စုကြီးနှင့် မည်သူမှ ပြဿနာမဖြစ်ချင်ကြပေ။

     ဝှစ် ... ထိုစဉ် ကျင့်ကြံသူတစ်ယောက်မှာ အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိတော့ဘဲ ပင်လယ်ငါးတစ်ကောင်ရဲ့ နှင်တံဖြင့် ရိုက်နှက်ခံလိုက်ကြတော့သည်။

     အရိုက်ခံရသည့် ကျင့်ကြံသူမှာ ဒေါသထွက်သွားရသည်။ ဒီလုပ်ရပ်က လူပုံအလယ် အရှက်ခွဲခြင်း ဖြစ်သည်။ ချက်ချင်းပင် သူ့ကိုရိုက်ခဲ့တဲ့ ပင်လယ်ငါးကို ကြည့်ပြီး ဒေါသတကြီး ပြောသည်။
     "ဟမ် ... မင်းတို့ပင်လယ်ငါးတွေက ကြိုက်သလို ရမ်းကားနိုင်တယ်လို့ ထင်နေတာလား"

     "ဟား ... ဟား ..."အရှေ့ဆုံးရှိ ပင်လယ်ငါးက ကျယ်လောင်စွာ ရယ်လိုက်သည်။ ပြီးနောက် မောက်မာထောင်လွှားစွာဖြင့် ပြန်ပြောသည်။
     "ပင်လယ်ငါးတွေက အားကောင်းတယ်"သူက အနောက်ကို လှည့်ကြည့်ပြီး အော်ပြောလိုက်သည်။
     "ငါ့သားတို့၊ သွားကြမယ်၊ ငါတို့အမျိုးအနွယ်ရဲ့ အင်အားကို ပြလိုက်ကြရအောင်"

     ချက်ချင်းပင် မိုးချုန်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ တစ်ဆက်ထဲမှာ ပင်လယ်ငါးတွေရဲ့ ‌ဦးခေါင်းထက်ရှိ အမွေးအမျှင်တွေက လျှပ်စီးအလင်းကို ထုတ်လွတ်လိုက်ကြသည်။ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းလာခဲ့သည်။ ကျင့်ကြံသူ အများအပြားမှာ တုံ့ပြန်ဖို့ပင် အချိန်မရဘဲ မြေပေါ် လဲကျသွားခဲ့ကြတော့သည်။

     ချက်ချင်းဆိုသလိုပင် ပို၍ ကြောက်စရာကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သည်။ ဆာလောင်မွတ်သိပ်နေသည့် ပင်လယ်ငါး အကောင်ရေ တစ်ထောင်ကျော်က အရှေ့ကို ရုတ်တရက် ပြေးတက်လာကြသည်။ ပြီးနောက် အစောပိုင်းက စကားအခြေအတင် ဖြစ်ခဲ့သည့် ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ဝိုင်းဖဲ့ကိုက်ဖြတ်လိုက်ကြသည်။ အချိန်တိုအတွင်းမှာပင် ပင်လယ်ငါးတွေက ထိုကျင့်ကြံသူ၏ အသွေးအသားတွေကိုသာမက အရိုးတွေကိုပါ စားသောက်ပစ်လိုက်တော့သည်။

     လူအုပ်ကြီးမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ချက်ချင်းပင် အားလုံးမှာ အထိတ်ထိတ်အလန့်လန့်ဖြင့် အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာထွက်ပြေးကြတော့သည်။

     "ဟား ... ဟား ... ဟား ... ဒါက ငါတို့ ပင်လယ်ငါးတွေရဲ့ အင်အားပဲ"အရှေ့မှ ဦးဆောင်လာသည့် ပင်လယ်ငါးက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူ့ပုံစံက အရာအားလုံးကို မထီမဲ့မြင် ပြုလွန်းလှသည်။

     လူအုပ်ကြီးမှာမူ ကျေနပ်ခြင်း မရှိပေမယ့်လည်း ဘာမှမပြောဝံ့ကြပေ။ မည်သူတစ်ဦးတစ်ယောက်ကမှ ပင်လယ်ငါးတွေနှင့် ပြဿနာမဖြစ်ချင်ကြပေ။

     ဒီပင်လယ်ငါးတွေက ပင်လယ်နတ်ဆိုးမျိုးနွယ်ထဲ ပါဝင်သည်။ သူတို့က ကျောက်စိမ်းပင်လယ်အတွင်း ကြီးမားတဲ့ အဖွဲ့တစ်ခု ဖြစ်သည်။ အချို့သော မှတ်တမ်းတွေအရ ပင်လယ်ငါးတွေက ဝိညာဉ်ကမ္ဘာ၌ တပည့်အရေအတွက် အများဆုံး ကလန်တစ်ခုဟု ဆိုကြသည်။

     သို့သော် ထူးခြားချက်တစ်ခုမှာ သူတို့သည် ပင်လယ်နတ်ဆိုးအနွယ်ဝင်တွေ ဖြစ်ပေမယ့်လည်း အခြားပင်လယ်နတ်ဆိုးတွေက သူတို့ကို လက်မခံကြပေ။ ပင်လယ်ငါးတွေကို အဆင့်နိမ့်မျိုးနွယ်တစ်ခုအဖြစ်သာ သဘောထားခဲ့ကြသည်။

     ဒီအရာက အမှန်တရားနှင့် နီးစပ်သည်ဟု ဆိုနိုင်သည်။ ပင်လယ်ငါးတွေက လူတွေလို စကားပြောဆိုနိုင်ကြ‌သော်လည်း အများစုမှာ လူသားအသွင် မပြောင်းလဲနိုင်ကြသေးပေ။ အများစုမှာ အဆင့်နိမ့်နတ်ဆိုးတွေသာ ဖြစ်သည်။ လူသားအသွင် ပြောင်းလဲနိုင်ဖို့ အချိန်များစွာ ယူရလေ့ရှိသည်။

     မည်သို့ပင်ဆိုစေကာမူ သူတို့သည် အခြားပင်လယ်နတ်ဆိုးများထက် အားနည်းနေသော်လည်း အခြားအဖွဲ့တွေထက် အရေအတွက် များပြားမှုကြောင့် တော်ရုံ ကျင့်ကြံသူတစ်ယောက်အနေနှင့် သူတို့ကို ရန်မစရဲကြပေ။

     ဤကမ္ဘာတွင် စကားစုတစ်ခု ရှိသည်။ ရေရှိသော မည်သည့်နေရာတွင်မဆို ပင်လယ်ငါးကလန်ရှိသည်ဟု၏။ ဒီစကားစုက ပင်လယ်ငါးတွေရဲ့ မရေအတွက်နိုင်တဲ့ အစုအဖွဲ့ အင်အားကို သိသာထင်ရှားစေသည်။

     နောက်ထပ် ထူးခြားချက်တစ်ခုမှာ သူတို့၏ မျိုးပွားနိုင်စွမ်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာအတွင်း အကြိမ်ကြိမ် တိုက်ခိုက်ခံခဲ့ရသေည်လည်း လျင်မြန်တဲ့ မျိုးပွားနိုင်စွမ်းကြောင့် ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။ ပိုဆိုးသည်မှာ သူတို့ရဲ့ အရေအတွက်က တစ်နေ့တခြား တိုးပွားလာနေခြင်း ဖြစ်သည်။

     ဒီအရာကပင် ပင်လယ်ငါးတွေရဲ့ ကြောက်စရာကောင်းတဲ့ အဓိကအချက် ဖြစ်သည်။ မယုံနိုင်ဖွယ် မျိုးပွားနိုင်စွမ်းကြောင့် သူတို့အားလုံးကို သတ်ပစ်ဖို့ မဖြစ်နိုင်ဟုပင် ဆိုနိုင်သည်။

     ယန်ကျောင်းတော်နှင့် သန့်စင်သောလွင်ပြင်တို့က ကျောက်စိမ်းပင်လယ်တွင် ကျော်ကြားတဲ့ အဖွဲ့နှစ်ခု ဖြစ်သည်။ ယန်ကျောင်းတော်၌ ယန်အင်မော်တယ်ခန္ဓာကိုယ်ကျင့်စဉ် ရှိပြီး သန့်စင်သောလွင်ပြင်မှာမူ အရောင်အသွေးမဲ့ ခန္ဓာကိုယ်ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည်။

Continue Reading

You'll Also Like

48.8K 7.8K 34
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
19K 1.2K 63
Title - REINCARNATED AS A BABY? MY CRY IS A DRAGON ROAR ကောင်းကင်ရဲ့သားတော် ဘာသာပြန် - Goddess မူရင်းစာရေးဆရာ - Northern Wind Sword ကျဥ်းချုပ် နှစ်တရ...
11.6K 864 40
အညွန်း.. ဖျက်ဆီးခြင်း နတ်ဘုရား တစ်ပါးဖြစ်တဲ့ ချန်ပေ ကအလွန်တရာကို ပျင်းရိလှတာကြောင့် အပျင်းပြေ သေမျိုးလောက ထဲကို ဝင်ရောက်ခြေဆန့်ရာကနေ ပုံပြင်ဒဏ္ဍာရီတစ...
108K 10.5K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...