ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1046 ) ပိတ်မိခြင်း။
"ဒီနေ့ မင်းထွက်သွားလို့မရဘူး။ ဒီမှာနေ"
ကျိုးဘိုးဘေးက အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်သည်။ သူ့ထံမှ အရှိန်အဝါများက ကောင်းကင်သို့ ထိုးတက်သွားကာ မိုးနှင့်မြေ တုန်ခါသွား၏။
၎င်းက တောင်တစ်လုံးကဲ့သို့ ကြီးမားသော လက်ဝါးကြီးဖြင့် လုမင်၏ ဆုတ်ခွာလမ်းကို ပိတ်ဆို့လိုက်သည်။ လက်ဝါးကြီးက နဝမနဂါးကို ရိုက်ချသည်။
လုမင်လည်း အင်အားအပြည့်သုံးကာ ပေါက်ကွဲလိုက်၏။ နဂါးခုနစ်ကောင် စွမ်းအားနှင့် တာအိုငါးမျိုး ပေါက်ကွဲထွက်ပေါ်လာတော့သည်။ အတားအဆီးမဲ့သော ကောင်းကင်သိုင်းကလည်း အားကောင်းစွာ ထွက်ပေါ်လာခဲ့သည်။
လုမင်က သူ၏ အထွတ်အထိပ် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။
"ဝုန်း"
ကျိုးဘိုးဘေး ဖန်ဆင်းထားသော ဧရာမ လက်ဝါးကြီးသည် အမှန်တကယ်ပင် အနည်းငယ် တုန်လှုပ်သွား၏။
ကျိုးဘိုးဘေးလည်း မျက်နှာအမူရာ လေးနက်သွားကာ သက်ပြင်းချ၍ ပြောလိုက်သည်။
"ပြီးပြည့်စုံတဲ့ ဝိညာဉ်သန္ဓေသားနယ်ပယ်နဲ့ ဒီလောက်ထိ အစွမ်းထက်တယ်။ တကယ်ကို ကြောက်စရာကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးကို စော်ကားပြီးပြီမို့ အသက်ရှင်ခွင့် ပေးလို့မရတော့ဘူး"
ကျိုးခေါင်းဆောင်နှင့် အခြား အဘိုးကြီးတစ်ဦးလည်း အံ့အားသင့်သွားသည်။ အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျိုးဘိုးဘေးကိုပင် သက်ပြင်းချစေနိုင်ခြင်းမှာ တကယ့်ကို တုန်လှုပ်စရာပင်။
"ဝုန်း"
ကျိုးဘိုးဘေး၏ အရှိန်အဝါက ပိုအားကောင်းလာပြီး လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်သည်။
"ဒုန်း ဒုန်း"
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ နဝမနဂါး ပြိုကျသွား၏။ လုမင်၏ရုပ်သွင်က ပြန်ပေါ်လာကာ မြေပေါ်ကို ပြုတ်ကျသွားပြီး သွေးများ အန်ထွက်လာတော့သည်။
ကျိုးဘိုးဘေးက တကယ်ကို သန်မာလွန်းလှသည်။ သူ အစွမ်းကုန် ကြိုးစားလျှင်ပင် လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။
"ဝှစ်"
ကျိုးဘိုးဘေးက လုမင်ရှေ့တွင် ပြန်ပေါ်လာကာ လက်ညိုးညွှန်လိုက်သည်။ လုမင် မရှောင်နိုင်တော့ပေ။
"ဝမ် ဝမ်"
လက်ချောင်းမှ စွမ်းအင်များက လုမင်၏ ခန္ဓာကိုယ်တွင်း ဝင်ရောက်သွားသည်။ အဆုံးမဲ့ စွမ်းအားများက လုမင်ကိုယ်တွင်းမှ စွမ်းအင်များကို တံဆိပ်ခတ်လိုက်၏။
လုမင်လည်း စွမ်းမင် အနည်းငယ်မျှ မစုစည်းနိုင်တော့ပေ။
"ဝမ်"
ကျိုးဘိုးဘေး၏ မျက်ခုံးနှစ်ခုကြားမှ မျှော်စင်ငယ်တစ်ခု ပေါ်လာသည်။ မျှော်စင်ငယ်က ပျံထွက်လာကာ အရွယ်အစား လျင်မြန်စွာ ကြီးထွားလာခဲ့၏။ ၎င်းက လုမင်၏ ဦးခေါင်းထက်တွင် ပျံဝဲနေကာ အလင်းတန်းများ ဖြာဆင်းလာတော့သည်။
ဤအခိုက်အတန့်တွင်၊ လုမင်က ယွမ်ချီစွမ်းအင်အပြင် သူ၏ တာအိုများပါ ပိတ်ဆို့ခံရသကဲ့သို့ ခံစားလိုက်ရသည်။
"ငါ ဒီကောင်လေးကို စွမ်းအင်ချိန်ပိတ်မျှော်စင်နဲ့ ချိတ်ပိတ်ထားလိုက်ပြီ။ သူ့ရဲ့ တာအို၊ စွမ်းအင်နဲ့ သွေးမျိုးဆက်တွေကို သုံးလို့မရတော့ဘူး၊ ဒါကြောင့် သူ မလွတ်နိုင်တော့ဘူး"
ကျိုးဘိုးဘေးက ပြောသည်။ အလင်းတန်းက သူ့လက်တစ်ဖက်မှ ပျံ့နှံ့သွားကာ တန်တန်ကိုလည်း တံဆိပ်ခတ်လိုက်၏။
"မင်းတို့ သူခိုးတွေ၊ ဒီကိုယ်တော်ကို မြန်မြန်လွှတ်စမ်း။ မဟုတ်ရင် နောင်တစ်ချိန်မှာ မင်းတို့ သင်္ချိုင်းမြေမရှိဘဲ သေချာပေါက် သေကြရလိမ့်မယ်"
လိပ်ခွံတွင်းသို့ ခြေလက်များကို ပြန်ဆွဲသိမ်းရင်း တန်တန်က အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
"တိရစ္ဆာန်ကများ၊ မင်း သေချင်နေပြီ"
ကျိုးဘိုးဘေးက အော်ဟစ်လိုက်သည်။ သူက စွမ်းအင်ဖြန့်ကျက်ကာ တန်တန်ကိုအမှုန့်ချေရန် ပြင်းပြင်းထန်ထန် ညှစ်လိုက်၏။
သို့သော်လည်း နောက်အခိုက်အတန့်တွင် ဘိုးဘေးကျိုး၏ အမူအရာက ပြောင်းသွားသည်။ မည်သို့ပင်ဖြစ်စေ၊ တန်တန်က အခိုင်အမာ ရှိနေသေးကြောင်း တွေ့ရှိခဲ့၏။
"ဟားဟားဟား... အဘိုးကြီး၊ မင်းရဲ့ သနားစရာကောင်းတဲ့ ခွန်အားနဲ့ ငါ့ကိုသတ်ချင်နေရင် အိပ်မက်မက်နေတာလို့ပဲ ပြောရမယ်။ အခု မြန်မြန် ငါ့ကိုလွှတ်ပြီး အဲဒီကောင်လေးကို လွှတ်ပေးလိုက်စမ်း။ မဟုတ်လို့ ငါ စွမ်းအားပြလိုက်ရင် မင်း ပြာဖြစ်သွားမယ်နော်"
တန်တန်က ရယ်မောလိုက်သည်။
တန်တန်သည် မကြာသေးမီက ဆေးပင်အများအပြားကို စားသုံးခဲ့၍ အတော်အတန် ပြန်လည်ကောင်းမွန်လာခဲ့သည်။
ဘိုးဘေးကျိုးလည်း မျက်နှာသည် အနည်းငယ်နီလာသည်။ လိပ်လေးတစ်ကောင်ကိုပင် ဘာမျှမလုပ်နိုင်ပေရာ သူ အနည်းငယ်ရှက်သွား၏။ သူက အင်္ကျီလက်စကို ခါယမ်းကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ငါမင်းကို နောက်မှ သန့်စင်ပစ်မယ်"
ထို့နောက် သူဟာ ခေါင်းဆောင်ကျိုးကိုကြည့်ပြီး ပြောလိုက်သည်။
"ကောင်လေးကို ငါ ဖိနှိပ်ပြီးသွားပြီ။ အခုလောက်ထိ အစွမ်းထက်နေတာကိုကြည့်ရင် သူ့မှာ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေမှာ အသေအချာပဲ။ ကျန်တာကတော့ ငါ မင်းဆီမှာ ထားခဲ့လိုက်ပြီ"
ပြောပြီးသည်နှင့် ဘိုးဘေးကျိုးဟာ ဤနေရာမှ ထွက်ခွာသွားတော့သည်။
ခေါင်းဆောင်ကျိုးက လုမင်ကိုကြည့်ကာ ပြောလိုက်သည်။
"လုရှောက်ချင်း၊ အခု မင်း ငါတို့လက်ထဲ ရောက်နေပြီ။ မင်းရဲ့ ကောင်းကင်ရတနာ၊ ကျင့်စဉ်နဲ့ သိုင်းပညာတွေကို လွှဲပေးစမ်း"
"ဟားဟားဟား၊ မင်းငါ့ကိုသတ်ချင်ရင် သတ်လိုက်"
လုမင်က လှောင်ပြောင် ရယ်မောလိုက်သည်။ သူ့ အကြည့်များသည် အလွန်အေးစက်နေခဲ့၏။ သူက ခေါင်းဆောင်ကျိုးနှင့် အခြားအဘိုးအိုကို တစ်ချက်ကြည့်လိုက်ရာ ၎င်းတို့ကို အလိုအလျောက် တုန်လှုပ်စေခဲ့သည်။
"ဟမ့်"
ကျိုးဘိုးဘေးက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ပြီး သူ့လက်ကိုဆန့်ကာ လုမင်၏ လက်ချောင်းမှ သိုလှောင်လက်စွပ်ကို သူ့လက်ထဲသို့ စုပ်လိုက်သည်။ သူသည် သိုလှောင်လက်စွပ်ကို အသိစိတ်ဖြင့် စစ်ဆေးခဲ့၏။ ခဏကြာတော့ သူ့မျက်နှာ ပျက်သွားကာ အကြည့်ရဆိုးသွားတော့သည်။
သိုလှောင်လက်စွပ်ထဲတွင် ပစ္စည်းအများအပြားရှိသော်လည်း ၎င်းတို့က အထူးတန်ဖိုးမရှိပေ။ သူ့ကို သွေးဆောင်နိုင်သည့် ရှားပါးရတနာ တစ်ခုမျှ ရှိမနေပါချေ။
လုမင်က လှောင်ပြောင် ရယ်မောလိုက်သည်။ သူ၏ အဖိုးတန်ရတနာ အများစုကို တောင်တန်းနှင့်မြစ်ပြင်ပန်းချီကားအတွင်းမှ တောင်တစ်ခုတွင် ထားရှိခဲ့ပေသည်။ ဒုတိယခန္ဓာမတိုင်မီက လုမင်သည် ထိုတောင်ပေါ်တွင် အစစ်အမှန်နှင့် ပုံရိပ်ယောင်ဝင်္ကပါကို တည်ဆောက်ထားခဲ့၏။ ယင်းမှာ လုမင်မှလွဲ၍ ဘယ်သူမှ ရှာမတွေ့နိုင်ပေ။
အပြင်ထွက်လျှင် အန္တရာယ်ကြုံရမည်မှန်း သူသိသည်။ တစ်နေ့တွင်၊ သူ အန္တရာယ်ကြုံရသည့်အခါ ရတနာများ အခြားသူများလက်သို့ ကျရောက်မည်ကို သူကြောက်မိပေသည်။
"လုရှောက်ချင်း၊ ကောင်းကင်ရတနာကို လွှဲပေးစမ်း။ မဟုတ်ရင် မင်းကို သေခြင်းထက် ပိုဆိုးတဲ့ ကံကြမ္မာကို ငါခံစားစေမယ်"
ခေါင်းဆောင်ကျိုး၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာသည်။
"ဟားဟားဟား"
လုမင် ဟားတိုက်ကာ ရယ်မောလိုက်၏။ သူ၏ မျက်လုံးအကြည့်များက ပို၍ အေးစက်လာကာ ပြောလိုက်သည်။
"နောင်တစ်ချိန် ငါလွတ်မြောက်ခဲ့ရင် ကျိုးမိသားစုကို သေချာပေါက်သတ်မယ်"
"မင်းမှာ အခွင့်အရေးရှိမှာ မဟုတ်ဘူး"
ခေါင်းဆောင်ကျိုးက အေးစက်စက်ဖြင့် ပြောသည်။ သူက စွမ်းအင်ကြိုးတစ်ချောင်းကို ဖန်တီးကာ လုမင်ကို ရစ်ပတ်တုပ်နှောင်လိုက်၏။ ၎င်းက လုမင်ကိုသယ်ဆောင်ကာ လေထဲသို့ ပျံတက်သွားတော့သည်။
ကျိုးရှင်းနှင့် အခြားအဘိုးကြီးလည်း နောက်မှ လိုက်လာခဲ့သည်။
မကြာခင်မီ၊ ခေါင်းဆောင်ကျိုးက လုမင်ကို လှိုဏ်ဂူတစ်ခုဆီသို့ ခေါ်ဆောင်လာပြီး အတွင်းသို့ဝင်သွားသည်။
ဂူသည် ဘယ်ကို ဦးတည်သွားမှန်း မသိနိုင်သော်လည်း အောက်ဘက်သို့ နိမ့်ဆင်းသွားခဲ့သည်။
သူတို့ နက်ရှိုင်းလာသည်နှင့်အမျှ ပတ်ဝန်းကျင် အပူချိန်များ ပိုမြင့်လာသည်ကို လုမင် ခံစားလိုက်ရသည်။ သူ့ကို တစ်ကိုယ်လုံး ပူလောင်လာခဲ့၏။
ခေါင်းဆောင်ကျိုးနှင့် အခြားသူများက ၎င်းတို့ကိုယ်ကို စွမ်းအင်များဖြင့် ကာကွယ်ကြသော်လည်း လုမင်က စွမ်းအင်အသုံးမပြုနိုင်ပေ။ ကြောက်စရာကောင်းသော အပူချိန်က သူ့ခန္ဓာကိုယ်ကို တိုက်ရိုက်သက်ရောက်ကာ ပြင်းရှသော နာကျင်မှုအား ခံစားရသည်။
သို့သော်လည်း လုမင်က မျက်မှောင်ကြုတ်တောင် မပြခဲ့ပေ။ ခေါင်းဆောင်ကျိုးကို ဆက်လက် ခေါ်ဆောင်သွားခွင့် ပြုခဲ့သည်။
နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် အဆုံးကို ရောက်သွားသည်။
ဤသည်မှာ ကြီးမားသော မြေအောက်လှိုဏ်ဂူကြီး ဖြစ်သည်။ သူတို့က တောင်ထိပ်တစ်ခုပေါ်တွင် ရပ်ကာ ရှေ့ကိုမျှော်ကြည့်လိုက်၏။ အောက်ဘက်မှာတော့ အဆုံးမဲ့ အဆုံးမဲ့ ခရမ်းနီရောင် ချော်ရည်များနှင့် ပြည့်နေသည်။
လုမင်၏ လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ သာမန် မီးတောက်များ လာရောက်လောင်ကျွမ်းလျှင်ပင် ဆံချည်တစ်မျှင်ကို လောင်ကျွမ်းနိုင်မည် မဟုတ်ပေ။ ဤနေရာမှ ချော်ရည်နှင့် ဤမီးတောက်များက ထူးထူးခြားခြား ဖြစ်နေသည်မှာ ထင်ရှားသည်။ အပူချိန်က ကြောက်စရာကောင်းလောက်အောင် မြင့်မားလှပေသည်။
ဤနေရာတွင် ချော်ရည်အပူချိန်က သာမန်ချော်ရည်ထက် အဆတစ်ရာ ပိုမြင့်မားသည်။
လုမင်ဟာ သူ့ခန္ဓာကိုယ် နာကျင်ရုံသာမကဘဲ သူ့ကိုယ်တွင်းရှိ သွေးများလည်း ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်မိသည်။ သူ၏ ဝိညာဉ်က ကွဲအက်သွားသလို ပြင်းထန်သော နာကျင်မှုလှိုင်း တက်လာခဲ့ပေသည်။
'နတ်လောင်မြေမီးလျှံ'
ဤမီးတောက်ကို မှတ်မိသဖြင့် လုမင် မျက်မှောင်ကြုတ်လိုက်သည်။
"လုရှောက်ချင်း၊ မင်း လွှဲပေးမှာလား... မပေးဘူးလား။ မင်းက ထက်မြက်တဲ့လူပါ၊ မင်းဆန္ဒရှိရင် ငါမင်းကို အမြန်သေစေမယ်။ မဟုတ်ရင် ဒီ မြေမီးလျှံရဲ့ အရသာကို ခံစားရမယ်"
ခေါင်းဆောင်ကျိုးက အေးစက်စက်ဖြင့် ပြောသည်။
သို့သော်၊ လုမင်က မထီမဲ့မြင် လှောင်ပြောင်မှုဖြင့်သာ တုံ့ပြန်ခဲ့၏။
"ခေါင်းမာနေတယ်ပေါ့၊ မင်းဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"
ခေါင်းဆောင်ကျိုးက လုမင်ကို ချော်ရည်ပြင်ထဲသို့ တွန်းချလိုက်တော့သည်။
"ဝုန်း"
ကြောက်မက်ဖွယ်ရာ ခရမ်းရောင်မီးတောက်များ လျှံတက်လာပြီး လုမင်ကို ဖုံးလွှမ်းသွားခဲ့သည်။ ကြောက်စရာကောင်းသော အပူလှိုင်းက လုမင် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားကာ ပူလောင်လာခဲ့၏။
မမြင်နိုင်သော နာကျင်မှုလှိုင်းလုံးက လုမင်၏ ခန္ဓာကိုယ်အတွင်းသာမကဘဲ သူ့စိတ်ဝိညာဉ်ကိုပါ လွှမ်းခြုံသွားခဲ့သည်။
နာကျင်မှု၊ မထင်မှတ်ထားသော နာကျင်မှုများ… လုမင်၏ စိတ်ဓာတ်ဖြင့်ပင် ညည်းတွားကာ အေးစက်သော ချွေးများ ထွက်လာခဲ့ရသည်။ သို့သော်လည်း အေးစက်စက် ချွေးများ ပေါ်လာသည်နှင့် တခဏချင်းပင် အငွေ့ပျံသွားသည်။
ဟူး…
လုမင်က အံကြိတ်ကာ တောင့်ခံလိုက်သည်။
တစ်ချိန်က ကောင်းကင်ဘုရင်လှေကားကို နင်းတက်ခဲ့ချိန်မှာလည်း မရေမတွက်နိုင်သော တိုက်ခိုက်မှုများကို ခံစားခဲ့ရပေသည်။ အချို့က သူ၏ ဝိညာဉ်ကို ထိုးဖောက်လာကာ အလွန်နာကျင်ခဲ့သည်။
အလားတူပင်၊ အမွှာအသက် တားမြစ်ကျင့်စဉ်ကို လေ့ကျင့်ချိန်က စိတ်ဝိညာဉ်ကို နှစ်ပိုင်းခွဲရန် လိုခဲ့သည်။ ယင်းကလည်း စိတ်ကူးမယဉ်နိုင်သော ဝေဒနာတစ်ခုပင်။ ထို့ကြောင့် လုမင်၏ ခံနိုင်ရည်သည် သာမန်လူများထက် များစွာ သာလွန်လာခဲ့သည်။ လုမင်က ပတ်ဝန်းကျင်နှင့် သူ့ကိုယ်သူ ချိန်ညှိကာ ငြိမ်သက်သွားစေခဲ့ပေသည်။
ခေါင်းဆောင်ကျိုး၏ မျက်လုံးများက အစပိုင်းတွင် အေးစက်သွားသော်လည်း တဖြည်းဖြည်း တုန်လှုပ်ခြောက်ခြားသွားကြသည်။
လုမင်က အမှန်တကယ် တောင့်ခံနိုင်နေသည်။
--------
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1047 ) တတိယသွေးမျိုးဆက် နိုးထလာပြီ။
သူ့အမြင်တွင် နာကျင်လွန်း၍ လုမင်မှ အော်ဟစ်၊ ငိုယို၊ ဟိန်းဟောက်ပြီး ဂရုဏာကို တောင်းသင့်သည်။
သို့သော် ထိုအရာများကို သူမမြင်ခဲ့ပေ။
နတ်လောင်မြေမီးလျှံက မည်မျှကြောက်စရာကောင်းကြောင်း သူ ကောင်းစွာသိသည်။ ယခင်က သူ့ကို စော်ကားခဲ့သူ အများကြီးကို ခေါ်လာခဲ့ဘူးပြီး မည်သူမျှ ငါးမိနစ်ထက် မပိုခဲ့ကြပေ။ အားလုံးက အော်ဟစ်ပြီး သက်ညှာပေးရန် တောင်းပန်ခဲ့ကြသည်။
နတ်လောင်မြေမီးလျှံတွင် သေခြင်းထက် ပိုဆိုးသောကြောင့် သေခြင်းတရားကို တောင်းရမ်းသူအချို့ပင် ရှိခဲ့၏။
သို့သော်လည်း ဆယ်မိနစ်ကျော်ကျော် ကြာပြီးသည်အထိ လုမင်သည် သာမာန်နေရာတွင် ထိုင်နေသကဲ့သို့ ချော်ရည်တောင်ထိပ်တွင် ငြိမ်သက်စွာထိုင်နေဆဲပင်။
'ဒီကောင်လေးက အံ့ဩစရာကောင်းလွန်းတယ်။ သူက ကြောက်စရာကောင်းတဲ့ ဘီလူးကောင်ပဲ။ ငါတို့ သူ့ကို အသက်ရှင်ခွင့်မပြုနိုင်ဘူး'
ခေါင်းဆောင်ကျိုး၏ နှလုံးသားတွင် အနည်းငယ် တုန်လှုပ်သွားသည်။
"အဖေ၊ ကျွန်အ အရင်ပြန်တော့မယ်"
နံဘေးတွင် ကျိုးရှင်း၏ မျက်လုံးများက အနည်းငယ်သနားမှုများ လှစ်ဟလာကာ ပြောလိုက်သည်။
"ကောင်းပြီလေ၊ မင်းအရင်သွားပါ"
ခေါင်းဆောင်ကျိုးက ပြော၏။
ကျိုးရှင်းလည်း လုမင်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ထွက်သွားတော့သည်။
"မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ရသးတာပေါ့"
ခေါင်းဆောင်ကျိုး၏ မျက်လုံးများက အေးစက်သွားကာ လက်နှစ်ဖက်ဖြင့် လက်ဟန်သင်္ကေတများ ပြုလိုက်သည်။ စွမ်းအင်တံဆိပ်ခတ်မျှော်စင်က တုန်ခါသွားကာ သံကြိုးတချို့ ထိုးကျလာခဲ့၏။ သံကြိုးများက လုမင်၏ပုခုံးကို ထိုးဖောက်ကာ ခန္ဓာကိုယ်ကို ထပ်မံချုပ်နှောင်လိုက်တော့သည်။
လုမင် နာကျင်စွာဖြင့် ညည်းလိုက်သည်။ သူက ခေါင်းဆောင်ကျိုးကို အေးစက်စက်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်၏။ ထို့နောက်မှာတော့ မျက်လုံးကို မှိတ်ထားလိုက်တော့သည်။
သူ၏ စွမ်းအင်နှင့် တာအိုများက တံဆိပ်ခတ်ခံထားရသလို ခန္ဓာကိုယ်ကိုလည်း သံကြိုးများနှင့် ထပ်မံချုပ်နှောင်လိုက်၍ လုံးဝမခုခံနိုင်တော့ပေ။ ခေါင်းဆောင်ကျိုးက လုမင် လွတ်မြောက်သွားမှာကို အမှန်တကယ် ကြောက်နေခဲ့သည်။
ကြောက်မက်ဖွယ်ရာ မီးတောက်များက လုမင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လောင်ကျွမ်းစေခဲ့သည်။ မထင်မှတ်ထားသော ဝေဒနာသည် လှိုင်းလုံးများသဖွယ် တလိမ့်လိမ့် ပေါ်လာခဲ့၏။ ပထမတော့ လုမင်သည် ကြီးစွာသောဝေဒနာကို ခံစားနေရသော်လည်း တဖြည်းဖြည်းနှင့် သူ ငြိမ်သက်သွားသည်။
"ဘယ်လောက်ပဲ နာကျင်ခဲနေပါစေ ငါ့နှလုံးသားကို တုန်လှုပ်စေမှာ မဟုတ်ဘူး။ ဒါက ငါ့သိုင်းတာအိုရဲ့ စမ်းသပ်မှုတစ်ခုပဲလေ။ ဘယ်လောက်ပဲ နာကျင်နေပါစေ ငါ မလှုပ်ရှားဘူး"
လုမင်က တဖြည်းဖြည်း ငြိမ်သက်လာသည်။ နောက်ဆုံးတွင်၊ ထူးကဲသော အခြေအနေတစ်ခုကို ရောက်ရှိခဲ့၏။
နာကျင်မှုများကို သူ မသိတော့ပေ။ နောက်ဆုံးတွင်၊ လုမင်က မိုးနှင့်မြေနှင့် တစ်သားတည်း ဖြစ်သွားပုံရသည်။
ဤသည်က အံ့သြစရာကောင်းသည့် အခြေအနေတစ်ခုပင်။ ရှေးမှတ်တမ်းများတွင်မူ တာအိုဉာဏ်အလင်းပွင့်ခြင်းဟု ခေါ်သည်။
မိုးမြေနှင့် တစ်သားတည်းဖြစ်ချိန်တွင် ရုပ်ခန္ဓာ၏ အနှောင်အဖွဲ့များမှ လွတ်မြောက်ပြီး မိုးနှင့်မြေ၏ မဟာတာအိုကို နားလည်ဆင်ခြင်နိုင်သည်။
လုမင်က နတ်လောင်မြေမီးလျှံဖြင့် လောင်ကျွမ်းမှုအောက်တွင် အသိစိတ်ကို ဗလာဖြစ်စေပြီး လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ရောက်သွားလိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားမည်မဟုတ်ပေ။
အချိန်များ ကုန်လွန်သွားခဲ့သည်။
နာရီဝက်၊ တစ်နာရီ၊ ငါးနာရီ၊ နေ့တစ်ဝက်၊ တစ်ရက်...
သုံးရက်အကြာသွားသော်လည်း လုမင်သည် မလှုပ်ရှားဘဲ ချော်ရည်တောင်ထိပ်တွင် ငြိမ်သက်စွာ ထိုင်နေဆဲပင်။
ခေါင်းဆောင်ကျိုးနှင့် အဘိုးအိုသည် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း ယခုအခါ လုံးဝ ထုံကျင်သွားကြသည်။
လုမင်က ထိုနေရာတွင် မလှုပ်မယှက် ထိုင်နေခဲ့၏။ သူ့ခန္ဓာကိုယ်မှ အသက်ဓာတ်ကိုသာ မခံစားရလျှင် သေသွားပြီဟု ထင်မိကြလိမ့်မည်။
"ဒီကောင်လေးက တကယ်ကို ကောင်းကင်ဘုံကိုတောင် အံတုနေတာပဲ၊ သူက သုံးရက်တောင် ခံနိုင်ရည်ရှိတာလား"
အဘိုးအိုက တုန်လှုပ်သောလေသံဖြင့် ပြောလိုက်သည်။
"ထိပ်သီးပါရမီရှင်အားလုံးက ထူးခြားတဲ့ စိတ်ဓာတ်ခိုင်မှာမှုစွမ်းအား ရှိတာများပါတယ်။ ရွယ်လော့ကျစ်ကိုတောင် အနိုင်ယူခဲ့တာကိုကြည့်ရင် သူ ဘယ်လောက်ထိ ကြောက်စရာကောင်းမှန်း ထင်ရှားတယ်၊ ဒါပေမယ့် သူဟာ လူသားဖြစ်သရွေ့တော့ ကန့်သတ်ချက်တစ်ခု ရှိမှာပဲ။ သူ ထာဝရ ခံနိုင်ရည်ရှိနေမယ်လို့ ငါမယုံဘူး"
ခေါင်းဆောင်ကျိုးက ပြောလိုက်၏။
လုမင်က ပကတိအခြေအနေသို့ ရောက်ရှိနေပြီဟုတော့ သူ၏ အရူးမိုက်ဆုံး အိပ်မက်ထဲမှာပင် တွေးခဲ့ဘူးမည် မဟုတ်ချေ။
ဆက်ပြီး စောင့်နေခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်ကြာသွားပြီ။
လုမင်က ချော်ရည်တောင်ထိပ်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေဆဲ ဖြစ်သည်။
ခေါင်းဆောင်ကျိုးလည်း အံကို တင်းတင်းကြိတ်လိုက်လေသည်။
"လုရှောက်ချင်း၊ မင်း လွှဲပေးမှာလား... မပေးဘူးလား။ မင်း လက်လွှဲပေးမယ်ဆိုရင် ဒီနာကျင်မှုကို ခံစားရမှာ မဟုတ်တော့ဘူး"
ခေါင်းဆောင်ကျိုးက အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
လုမင်က မျက်လုံးကို မှိတ်ထားဆဲဖြစ်ကာ ဘာမျှ မပြောပေ။
"ကောင်းတယ်၊ မင်း စကားမပြောချင်ဘူးဆိုမှတော့ ဒီမှာပဲ ထာဝရနေပြီး နတ်လောင်မြေမီးလျှံရဲ့ နာကျင်မှုကို ခံစားလိုက်။ အကြီးအကဲ... သွားကြရအောင်"
ခေါင်းဆောင်ကျိုးက သူ့အင်္ကျီလက်ကိုခါယမ်းကာ ပြန်လည် ထွက်ခွာသွားသည်။
သူ သည်းခံနိုင်စွမ်း မရှိတော့ပေ။
နှစ်ယောက်သား ထိုနေရာမှ ထွက်သွားပြီးနောက် လမ်းတစ်လျှောက်မှ ကျောက်တံခါးများကို ပိတ်ကာ အလုံပိတ်လိုက်သည်။
လုမင်၏ ခန္ဓာကိုယ်ကို ချိတ်ပိတ်ထားကာ ကျင့်ကြံခြင်းကိုလည်း တံဆိပ်ခတ်ထားသည်။ လုမင်က သူတို့ကို ဘာမျှ ပြဿနာမရှာနိုင်တော့ပေ။ သူ့ကို ဤနေရာတွင် ဖိနှိပ်ထားပြီး သူ မည်မျှ နေနိုင်မလဲဆိုတာ ကြည့်လိုသည်။
လုမင်ကတော့ နေရာတွင် မလှုပ်မယှက်ဘဲ တင်ပျဉ်ခွေထိုင်နေဆဲပင်။
သူဟာ လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ဝင်ရောက်ခဲ့ပြီး အရာအားလုံးကို မေ့လျော့သွားသည်။ သူဟာ မိုးနှင့်မြေ၏ မဟာတာအိုများကို အလိုလိုနားလည်ခဲ့ပေသည်။
စီးဆင်းနေသော ရေကဲ့သို့... အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားခဲ့ပြီ။
အစပိုင်းတွင်၊ ခေါင်းဆောင်ကျိုးက စစ်ဆေးမေးမြန်းရန် ခုနစ်ရက်တစ်ကြိမ် ဤနေရာကို လာခဲ့သည်။ နောက်တော့ တစ်လ တစ်ကြိမ်သာ လာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ်ကုန်လွန်သွားခဲ့သည်။
လုမင် ဤနေရာတွင် ဖိနှိပ်ခံခဲ့ရသည်မှာလည်း တစ်နှစ်ပြည့်ခဲ့ပြီ။
………
ကျိုးမိသားစု၏ ဂူတစ်ခုတွင် ဘိုးဘေးကျိုးက တင်ပျဉ်ခွေထိုင်နေသည်။ သူ့လက်ဝါးမှာတော့ မီးတောက်မီးလျှံများ ထွက်ပေါ်နေကာ လိပ်ခွံတစ်ခုကို မီးရှို့နေခဲ့၏။
ဤလိပ်ခွံသည်ကား သဘာဝအတိုင်း တန်တန် ဖြစ်သည်။
"သူခိုးလေး၊ မင်းငါ့ကို ဘာမှလုပ်မနိုင်ဘူးလို့ ငါပြောခဲ့သားပဲ၊ မင်း သေဖို့သာ စောင့်နေ"
တန်တန်က လိပ်ခွံထဲမှ အော်လိုက်သည်။
မီးများ ငြိမ်းသွားသောအခါ ဘိုးဘေးကျိုးသည် သူ့လက်ထဲမှ လိပ်ခွံကို အလွန်လေးနက်သော အမူအရာဖြင့် ကြည့်လိုက်၏။
လွန်ခဲ့သည့်နှစ်အတွင်း၌ သူသည် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သော်လည်း တန်တန်ကို ဘာမှမတတ်နိုင်ခဲ့ပေ။ မည်သို့ပင် ပြုနေပါစေ၊ သူ မသတ်နိုင်ချေ။
ဤသည်က သူ့ကို တုန်လှုပ်စေကာ ပို၍ ကြောက်လာစေခဲ့သည်။
ထို့အပြင် လုမင်ကလည်း နတ်လောင်မြေမီးလျှင်တွင် တစ်နှစ်ကြာ ဖိနှိပ်နေခဲ့ပြီး လုံးဝမလှုပ်ရှားကြောင်း သူ ကြားသိခဲ့ရသည်။ အမှန်တကယ်ပင် လုမင်က တစ်နှစ်ပြည့်အောင် ခံနိုင်ရည်ရှိခဲ့၏။ ဤအရာအားလုံးက ဘိုးဘေးကျိုးကို ထိတ်လန့်သွားစေကာ သူစိတ်မချနိုင်တော့ပေ။
ဤအခိုက်တွင် ပုံရိပ်တစ်ခု ဝင်လာသည်။ ကျိုးခေါင်းဆောင်ပင် ဖြစ်ချေသည်။
"လုရှောက်ချင်း ဘယ်လိုနေလဲ"
ဘိုးဘေးကျိုးက မေးလိုက်သည်။
"ဒီကောင် စကားတစ်ခွန်းမှ မပြောသေးဘူး၊ တကယ် သေသင့်တဲ့ကောင်"
ခေါင်းဆောင်ကျိုးက အံကြိတ်ကာ ပြောလိုက်၏။
"ငါတို့ ဒီပုံစံအတိုင်း ဆက်သွားလို့မရဘူး။ ဒီကလေးနဲ့ ဒီလိပ်က ကြောက်စရာကောင်းလွန်းတယ်။ ငါတို့ သူတို့ကို အသက်ရှင်လျက်ထားလို့ မရဘူး။ နောက်ထပ် သုံးလလောက်စောင့်မယ်၊ ဒါမှ စကားမပြောသေးရင်တော့ ငါတို့သတ်ပစ်တော့မယ်။ ဒီလိပ်ကိုတော့ ကောင်းလေးကိုသတ်ပြီးမှ ငါအပြင်ထွက်ပြီး ဒီလိပ်ကို ဖျက်ဆီးဖို့ အဓိပတိကို အကူအညီတောင်းမယ်"
ဘိုးဘေးကျိုးက ပြောသည်။
"ကောင်းပါပြီ"
ခေါင်းဆောင်ကျိုးလည်း အကူအညီမဲ့နေကာ ခေါင်းညိတ်လိုက်လေသည်။
လုမင်ကို သတ်လိုက်ပါက ကောင်းကင်ရတနာကို ရရှိနိုင်တော့မည်မဟုတ်ပါ။ သူတို့၏ ကြိုးစားအားထုတ်မှု အားလုံး အချည်းနှီး ဖြစ်ရမည် ဖြစ်သည်။
သို့ရာတွင်၊ လုမင်ကို အသက်ရှင်လျက် ထိန်းထားခြင်းက ခေါင်းဆောင်ကျိုးနှင့် ဘိုးဘေးကျိုးကို ပို၍ တုန်လှုပ်သွားစေသည်။ လုမင်သည် မကောင်းဆိုးရွား ဆန်လွန်း၏။ သူ့ကို အသက်ရှင်လျက် ဆက်ထားခြင်းက အန္တရာယ်များလွန်းသည်။
………
မြေအောက်လှိုဏ်ဂူထဲတွင်၊ လုမင်က ချော်ရည်တောင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေတုန်းဆဲပင်။ စွမ်းအင်တံဆိပ်ခတ် မျှော်စင်ကလည်း လုမင်၏ ဦးခေါင်းထက်တွင် ပျံဝဲကာ ဆက်လက် ဖိနှိပ်နေခဲ့သည်။
သူ၏ ယွမ်ချီစွမ်းအင်၊ သွေးမျိုးဆက် သို့မဟုတ် ကျင့်ကြံခြင်းအခြေခံကို အသုံးမပြုနိုင်သေးပါ။
သို့ရာတွင်၊ ဤအခိုက်အတန့်လေးမှာပင် သူ့ကျောရိုးမှ အနီရောင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။
တဖြေးဖြေးနှင့် သွေးအလင်းသည် ပိုပိုပြီး သိပ်သည်းလာခဲ့သည်။
နောက်ဆုံးတွင် သွေးအလင်းက ခရမ်းနီရောင်ချော်ရည်၏ အရောင်ကို ဖြိုခွင်းလိုက်၏။ မြေအောက်ဂူကြီးတစ်ခုလုံး နီမြန်းသော သွေးအလင်းရောင်များဖြင့် ပြည့်နှက်နေတော့သည်။
ထို့နောက်တွင်၊ လုမင်၏ ကျောရိုးမှ သွေးတစ်စက်ထွက်လာပြီး သူ၏ဦးခေါင်းထက်သို့ ပျံ့လွင့်သွားသည်။
ဤသွေးတစ်စက်သည် နီရဲနေပြီး ပုံဆောင်ခဲ ဖြစ်နေခဲ့၏။ သို့သော်လည်း အလွန်အေးပုံရသည်။ ၎င်းမှ အဆုံးမဲ့သတ်ဖြတ်ချင်စိတ်များလည်း ပျံ့နှံ့လာခဲ့၏။ သတ်ဖြတ်ရန် ရည်ရွယ်ချက်များ ပျံ့နှံ့လာခဲ့သည်။ ထို့အပြင်၊ ၎င်းမှ ကြီးစိုးသော အရှိန်အဝါတစ်ခုကလည်း မြေအောက်လှိုဏ်ဂူခုလုံးကို ပြည့်စေသည်။
"ဝမ်"
တစ်နှစ်ကြာ မှိတ်ထားခဲ့သော လုမင်၏မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။
"တတိယသွေး၊ ဒါ ငါ့ရဲ့တတိယသွေးမျိုးဆက်ပဲ"
လုမင် မျက်လုံးများ တောက်ပလာခဲ့၏။ ဤနေရာတွင် တစ်နှစ်ကြာ ထိုင်နေခဲ့ပြီး သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က စမ်းသပ်မှုများစွာကို ဖြတ်သန်းခဲ့ရသည်။ ယခုအခါ နောက်ဆုံးတွင်ကား သူ၏ တတိယမြောက်သွေးမျိုးဆက်ကို နိုးကြားစေခဲ့ပြီ။
သို့သော်လည်း လုမင်ကို အံ့ဩသွားစေအောင် သူ၏ သွေးမျိုးဆက်တွင် ချက္ကရတစ်ခုမှ ရှိမနေပါချေ။
--------
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1048 ) ဝိညာဉ်နတ်ဘုရား ကပ်ဘေးဒုက္ခ။
လုမင်သည် သူ၏ တတိယမြောက် သွေးမျိုးဆက်က အမှန်တကယ်ပင် သွေးတစ်စက်ဖြစ်ကြောင်းမည်ဟု လုံးဝမထင်မှတ်ခဲ့ပေ။ ဤသွေးတစ်စက်သည် နဝမနဂါးသွေးမဟုတ်ဘဲ သူ့ခန္ဓာကိုယ်မှ နိုးထလာသော သွေးမျိုးဆက်ဖြစ်သည်။
ထို့ပြင် မယုံနိုင်စရာကောင်းအောင် ဤသွေးစက်တွင် ချက္ကရများ မရှိပေ။
ဤသည်က သူ၏ နဝမနဂါးသွေးမျိုးဆက်ကို ပထမဆုံး နိုးထလာချိန်ကနှင့် အတူတူ ဖြစ်သည်။
နဝမနဂါးသွေးမျိုးဆက်ကို နိုးထစမှာလည်း ချက္ကရများ မရှိခဲ့ပေ။ သို့ရာတွင် သွေးအနှစ်သာရများကို စားသုံးပြီးနောက် ဆက်လက်တိုးတက်လာခဲ့သည်။
ယခုမူ၊ သူ၏ တတိယသွေးမျိုးဆက်ကလည်း ထိုကဲ့သို့ပင် ဖြစ်သလော။
လုမင်၏ အသိစိတ်က တတိယသွေးမျိုးဆက်နှင့် ပေါင်းစပ်ကာ ဂရုတစိုက်ခံစားကြည့်လိုက်သည်။
"သတ်၊ သတ်၊ သတ်"
လုမင်၏အသိစိတ်က တတိယသွေးမျိုးဆက်နှင့် ပေါင်းစည်းလိုက်သောအခါ၊ လုမင်၏ စိတ်ထဲတွင် မြေပြင် တုန်ဟီးစေနိုင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ဤအသံက ကြီးကျယ်ခမ်းနားသည်။ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေခဲ့၏။ အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များတွင် လုမင် ချက်ချင်းနစ်မြုပ်သွားတော့သည်။
"သတ်"
လုမင် အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်များ ပြည့်လာခဲ့၏။ ဤအခိုက်အတန့်တွင် သူ့နှလုံးသားက ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံးကို သတ်လိုသကဲ့သို့ အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေတော့သည်။
"ဝုန်း"
တစ်ချိန်တည်းမှာပင်၊ လုမင်ဟာ သူ၏ တတိယသွေးမျိုးဆက် ဤသွေးတစ်စက်မှ အဆုံးမဲ့စွမ်းအင်များကို ခံစားခဲ့ရသည်။
ဤသွေးတစ်စက်က လုမင်၏ မျက်လုံးထဲတွင် သွေးတစ်စက်မဟုတ်တော့ပေ။ သွေးပင်လယ်၊ အဆုံးမဲ့သွေးပင်လယ်ကြီး၊ ဤသွေးပင်လယ်၌ အဆုံးမဲ့စွမ်းအားများဖြင့် ပြည့်နေသည်။
လုမင်၏ စိတ်ထဲတွင် သိုင်းအုပ်ချုပ်သူများပင် ဤစွမ်းအား၏ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်လောက် အရေးမပါဟု ခံစားလိုက်မိသည်။
ထိုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင် အရိပ်အယောင်များ စီးဆင်းနေသည်။ ဤစွမ်းအင်အရိပ်အယောင်သည် သွေးပင်လယ်ရှိ စုစုပေါင်းစွမ်းအင်၏ တစ်ဘီလီယံပုံ တစ်ပုံမျှပင် မဟုတ်ပါ။
သို့တိုင်၊ အလွန်ကြောက်စရာကောင်းနေပြီ ဖြစ်သည်။
"သတ်"
လုမင် ဒေါသတကြီးဖြင့် ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။ သူ၏ သတ်ဖြတ်ချင်စိတ်များက အကန့်အသတ်မရှိတော့ပေ။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်မှ သွေးနီရောင်အလွှာတစ်ခု ထွက်ပေါ်လာသည်။ အံ့ဖွယ်ကောင်းအောင် သူ့ဆံပင်များပင် အနီရောင် ပြောင်းသွား၏။ သူ၏ ဆံပင်များက သွေးများ စီးကျနေသကဲ့သို့ ရဲရဲနီလျက် ရှိတော့သည်။
သူ၏ သွေးနီရောင်ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ လုမင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်များ ထွက်လာခဲ့၏။
"ဒုန်း ဒုန်း ဒုန်း"
စွမ်းအင်တံဆိပ်ခတ်မျှော်စင်မှ တွဲလောင်းကျနေသည့် သံကြိုးအားလုံး ချက်ချင်းပြိုကျကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
စွမ်းအင်တံဆိပ်ခတ်မျှော်စင်မှ လုမင်၏ကျင့်ကြံခြင်းအခြေခံကို ဖိနှိပ်ထားသော စွမ်းအင်များလည်း ဤစွမ်းအားကြောင့် ပြိုကျသွားတော့သည်။
ဖိနှိပ်မှုစွမ်းအားများ ပျောက်ကွယ်သွားပြီးနောက် တစ်နှစ်ကြာ ဖိနှိပ်ခံခဲ့ရသော လုမင်၏ ယွမ်ချီစွမ်းအင်များသည် အရူးအမူး ရုန်းကြွလာသည်။ သူ၏ ဝိညာဉ်သန္ဓေသားက နှလုံးသားကဲ့သို့ ပြင်းထန်စွာ ခုန်လာခဲ့၏။
တစ်ချိန်တည်းမှာပင်၊ တာအိုသန္ဓေက တောက်ပလာပြီး လျင်မြန်စွာ ရှည်လာတော့သည်။
"ဝုန်း"
ရောင်စုံအလင်းတစ်ခုက ကောင်းကင်သို့တက်သွားကာ စွမ်းအင်တံဆိပ်ခတ်မျှော်စင်ကို တိုက်ခိုက်ခဲ့သည်။
စွမ်းအင်တံဆိပ်ခတ်မျှော်စင်လည်း အဆက်မပြတ် တုန်ခါသွားကာ နောက်ဆုံးတွင် ပေါက်ကွဲသွား၏။
တာအိုများ၊ လုမင်၏ တာအိုငါးမျိုးက ယခုအခါ စတုတ္တအဆင့်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ရာ စွမ်းအင်များက တဟုန်ထိုးတိုးလာသောအခါ အောက်မှ ချော်ရည်အားလုံး လှိုင်းထလာပြီး အပေါ်မှ လှိုဏ်ဂူကြီးလည်း တုန်ခါသွားရသည်။
………
ဤအခိုက်တွင် ကျိုးမိသားစု၌ ဘိုးဘေးကျိုး တုန်လှုပ်သွားသည်။ သူ့ခန္ဓာက ကောင်းကင်ကို ထိုးတက်သွားကာ သူ့မျက်လုံးများမှာလည်း တုန်လှုပ်ခြောက်ခြားမှုများ ပြည့်နှက်သွား၏။ သူ အော်ဟစ်လိုက်သည်။
"မကောင်းတော့ဘူး၊ မြေအောက်ဂူထဲမှာ တစ်ခုခုဖြစ်သွားပြီ"
အော်ပြီးသည်နှင့် သူသည် မြေအောက်ဂူထဲသို့ အမြန်ပြေးသွားတော့သည်။
………
"စတုတ္ထအဆင့်၊ စတုတ္ထအဆင့် တာအို"
လုမင် ဟိန်းဟောက်လိုက်သည်။ နောက်ဆုံးတွင် သူ့စိတ်က အဆုံးမဲ့သတ်ဖြတ်ချင်စိတ်များတွင် မနစ်မြုပ်သေးဘဲ အသိဥာဏ်အရိပ်အမြွက်ကို ဆက်လက်ထိန်းသိမ်းထားခဲ့ဆဲပင်။
"ဒါဆိုရင် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ငါချိုးဖြတ်မယ်"
"ဂါး"
နဝမနဂါးသွေးမျိုးဆက် ဟိန်းဟောက်ပြီး ထွက်ပေါ်လာသည်။ လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကျောက်ကြမ်းတစ်ပုံသည် လေထဲတွင် ပေါ်လာခဲ့၏။
ကျောက်ကြမ်း တစ်သန်းကျော် ရှိသည်။
အဓိပဓိကျိုးယန်က သူ့ကို ကျောက်ကြမ်းငါးသိန်းခန့် ပေးခဲ့သည်။ ဤအချိန်ကာလအတွင်း ရန်သူအချို့ကို သတ်ခြင်းမှလည်း ကျောက်ကြမ်းစွာ ရရှိခဲ့၏။ သူ၏ မူလကျောက်ကြမ်းများကို ပေါင်းလိုက်သောအခါ ကျောက်ကြမ်း တစ်သန်းကျော် ရှိခဲ့သည်။
နဝမနဂါးက ပါးစပ်ကိုဟကာ ကျောက်ကြမ်းများကို မျိုချလိုက်သည်။
"ဒုတ် ဒုတ် ဒုတ်"
သူ၏ဒန်တျန်တွင်၊ သက်ရှိသတ္တဝါတစ်ဦး မွေးဖွားလာသကဲ့သို့ ဝိညာဉ်သန္ဓေသားသည် လျင်မြန်စွာ ခုန်လာခဲ့၏။
ဤအခိုက်တွင် ဝိညာဉ်သန္ဓေသားမှ ပြင်းထန်သော စုပ်ယူမှုစွမ်းအားများ ပေါက်ကွဲထွက်လာကာ လုမင်၏ဝိညာဉ်ကို ဝိညာဉ်သန္ဓေသားအတွင်းသို့ ဆွဲယူလိုက်သည်။
"ဝုန်း"
နောက်အခိုက်တွင် ဝိညာဉ်သန္ဓေသား ပြိုကျသွားပြီး သူ၏ဒန်တျန်တွင် ပုံသဏ္ဍာန်တစ်ခု ပေါ်လာခဲ့၏။
ဤပုံရိပ်က လုမင် အသေးစားဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းက အလွန်သေးငယ်ကာ လက်သီးဆုပ်အရွယ်အစား ရှိသည်မှလွဲ၍ လုမင်နှင့် အတိအကျ တူညီသည်။
၎င်းက ကျင့်ကြံသူတစ်ဦး၏ အနှစ်သာရ၊ စွမ်းအင်နှင့် တာအိုတို့ကို စုစည်း၍ ဖွဲ့စည်းထားသော ဝိညာဉ်နတ်ဘုရား ဖြစ်သည်။
လုမင် သံရှည်ဆွဲ၍ အော်ဟစ်လိုက်သည်။ သူ့ပုံရိပ်က ရွေ့လျားသွားကာ ကောင်းကင်သို့ ပျံတက်သွား၏။
ဂူအထက်မှ ကျောက်တုံးများက တို့ဟူးကဲ့သို့ ပေါက်ကွဲသွားကြသည်။ ထိုအချိန်တွင်၊ ဒရမ်တောင်တစ်ခုလုံးနှင့် ကျိုးမိသားစု တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါစပြုလာတော့သည်။
"ဝှစ်"
ထို့နောက် သွေးအလင်းရောင်သည် မြေပြင်မှ ပြေးထွက်လာပြီး ကောင်းကင်၌ လွင့်ပျံလာခဲ့သည်။
သွေးအလင်းရောင်တွင်းမှ လုမင် လေထဲတွင် ရပ်လိုက်၏။ သူ့ခန္ဓာကိုယ်က သွေးအလင်းရောင်ဖြင့် ဖုံးလွှမ်းသွားကာ သတ်ဖြတ်ချင်စိတ်များလည်း မြင့်တက်လာတော့သည်။
"သတ်၊ သတ်၊ သတ်"
တတိယသွေးမျိုးဆက်မှ ဟိန်းဟောက်သံကလည်း လုမင်၏ စိတ်ထဲတွင် အတက်မပြတ် ပေါ်လာသည်။
"မင်း... မင်း ဘယ်လို လွတ်လာတာလဲ"
မနီးမဝေးတွင် ဘိုးဘေးကျိုး၏ မယုံကြည်နိုင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ဤအခိုက်တွင် ကျိုးမိသားစုတစ်ခုလုံးမှ ပုံရိပ်များစွာ ထွက်လာကြ၏။ သူတိုအားလုံး ထိတ်လန့်သွားတော့သည်။
"ဝှစ် ဝှစ်"
ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
ခေါင်းဆောင်ကျိုး၊ ကျိုးမိသားစု၏အကြီးအကဲနှင့် ကျိုးရှင်း…
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်း ဘယ်လိုလုပ်ပြီး လွတ်မြောက်လာတာလဲ"
ခေါင်းဆောင်ကျိုးက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများလည်း အပြင်ကို ထွက်ပေါ်လာတော့မည်။
"ဟားဟားဟား၊ ငါသိတယ်။ ဒီကောင်လေးကို ဖမ်းထားလို့မရဘူး"
ဘိုးဘေးကျိုး၏ လက်တစ်ဖက်တွင် တန်တန်က အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။
"သတ်၊ မင်းလွတ်လာရင်တောင် ဘာဖြစ်လဲ။ ဒီတစ်ခါ မင်းကို လုံးလုံးသတ်ပစ်မယ်"
ဘိုးဘေးကျိုးက အော်ဟစ်ကာ လုမင်ကိုတိုက်ခိုက်ရန် ခြေလှမ်းပြင်လိုက်သည်။
သို့သော်လည်း နောက်အခိုက်တွင် သူ့ဆံပင်များ ထောင်ထသွားပြီး ကြောက်စရာကောင်းသော အန္တရာယ်တစ်ခုကို ခံစားလိုက်ရ၏။
သူ၏ မသိစိတ်မှ ကောင်းကင်ကို မော့ကြည့်လိုက်ရာ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
"ကောင်းကင်ကပ်ဘေးဒုက္ခ၊ အဲဒါ ကောင်းကင် ကပ်ဘေးဒုက္ခပဲ။ မင်း ကပ်ဘေးဒုက္ခကို ကျော်ဖြတ်တော့မှာ"
ထိုအချိန်တွင် ကောင်းကင်ယံ၌ လေနှင့် တိမ်တိုက်များ စုရုံးလာသည်။ အဆုံးမဲ့ တိမ်တိုက်များက ထွက်ပေါ်လာကာ ကောင်းကင်ကို ဖုံးလွှမ်းသွား၏။
အဆုံးမဲ့ လျှပ်စီးများက တိမ်မည်းများကြားတွင် တဖျတ်ဖျတ်လက်ကာ ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်လာတော့သည်။
ထိုအချိန်တွင်၊ လုမင်က ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ လုံးဝ မဝင်ရောက်သေးပေ။ ဝိညာဉ်နတ်ဘုရား ကပ်ဘေးဒုက္ခကို ဦးစွာ ဖြတ်ကျော်ရဦးမည် ဖြစ်သည်။ ဝိညာဉ်နတ်ဘုရား ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နိုင်မှသာ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ အမှန်တကယ် ဝင်ရောက်လာသည်ဟု ယူဆနိုင်သည်။ မကျော်ဖြတ်နိုင်လျှင်တော့ ကျဆုံးသွားရပေလိမ့်မည်။
"မဟုတ်ဘူး၊ နောက်ဆုတ်... မြန်မြန်ပြန်ဆုတ်ကြ"
ဘိုးဘေးကျိုးက အော်ဟစ်လိုက်သည်။
၎င်းတို့သာ ကပ်ဘေးဒုက္ခအတွင်းကို ဝင်ရောက်မိပါက တူညီစွာပင် ဖြတ်ကျော်ရလိမ့်မည်။ ထို့အပြင်၊ ကောင်းကင်ကပ်ဘေးဒုက္ခ၏ စွမ်းအားက တန်ခိုးရှင်၏ ကျင်ကြံမှုအရ ပြောင်းလဲသွားရမည် ဖြစ်သည်။
မပြင်ဆင်ထားဘဲနှင့် ပါဝင်မိလျှင် အသက်အန္တရာယ်ပင် ခြိမ်းခြောက်ခံရနိုင်သည်။
ဘိုးဘေးကျိုးက အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။ ၎င်းက လုမင် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးမှ သတ်ဖြတ်ရန် တွေးထားလိုက်ပေသည်။
လုမင်က ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်သို့ ဝင်ရောက်ခဲ့လျှင်ပင် သူ့ခွန်အားကို ယုံကြည်မှုရှိသည်။ လုမင်ကို သတ်နိုင်နေဦးမည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် အဆင့်တိုင်းကြား ကွာဟချက်က အလွန်ကြီးမားသည်။ လုမင်က ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်သုံးဆင့်ကိုကျော်ကာ သူ့ကိုတိုက်ခိုက်နိုင်မည်ဟု သူ မယုံကြည်ပေ။
"ခွေးအိုကြီး၊ မင်းဘယ်သွားမလို့လဲ"
လုမင်က ဘိုးဘေးကျိုးကို စိုက်ကြည့်ပြီးနောက် နဝမနဂါးခြေလှမ်းဖြင့် ရှေ့တစ်လှမ်းတိုးလိုက်သည်။
ဤအခိုက်တွင်၊ လုမင်၏ နဝမနဂါးခြေလှမ်းက လွန်ခဲ့သော တစ်နှစ်ကထက် အဆအနည်းငယ် ပို၍မြန်လာသည်။
လုမင်၏ နဝမနဂါးခြေလှမ်းက ယခုနှစ်အတွင်း ဖြတ်ကျော်သွားပုံ ရပေသည်။
သူ၏ပုံရိပ်က ဘိုးဘေးကျိုး၏ အနီးကို လျှပ်စီးလက်သကဲ့သို့ အကြွင်းမဲ့အမြန်နှုန်းဖြင့် ရောက်ရှိသွားခဲ့သည်။
"ဂျိန်း"
ထိုအချိန်တွင်၊ ကောင်းကင်ယံရှိ တိမ်မည်းများမှ ရေအိုးတစ်လုံးကဲ့သို့ ထူထဲသော မိုးကြိုးတစ်စင်းသည် လုမင်ဆီသို့ ကျရောက်လာသည်။
တာအိုငါးမျိုးက လင်းလက်သွားကာ လုမင် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ လုမင်က ဘိုးဘေးကျိုးအနောက်သို့ ပြေးလိုက်သွားချိန်တွင် မိုးကြိုးလျှပ်စီးကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။
"ဂျိန်း"
လုမင်က မိုးကြိုးတန်းတွင် နစ်မြုပ်သွားသော်လည်း ဘာမျှမဖြစ်ဘဲ ဆက်ပြေးသွားခဲ့သည်။
"ဂျိန်း ဂျိန်း ဂျိန်း"
ကောင်းကင်တွင် တုန်လှုပ်ခြောက်ခြားဖွယ် ထစ်ချုန်းသံများ ပေါ်လာခဲ့၏။ ယခုတစ်ကြိမ်တွင် စုစုပေါင်း မိုးကြိုးလျှပ်စီးကြောင်းသုံးကြိမ်တိတိ လုမင်ကို ထိမှန်သွားတော့သည်။
--------
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1049 ) ကျိုးမိသားစု၏ ဘိုးဘေးတို့ကို သတ်ဖြတ်ခြင်း။
ရေတိုင်ကီတစ်လုံးကဲ့သို့ ထူထဲသော လျှပ်စီးတန်းသုံးခုက ကောင်းကင်မှ ဆင်းသက်လာသည်။ အနှိုင်းမဲ့စွမ်းအားများက ကောင်းကင်တွင် ပြည့်နှက်သွားရာ ကျိုးမိသားစုဝင်များစွာ တုန်လှုပ်သွား၏။ ကြီးစွာသော ကပ်ဘေးကြီးတစ်ခု ကျရောက်လာတော့မည်ကို သူတို့ သတိပြုမိကြသည်။
သို့သော်လည်း ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးပစ်ခွင်းမှုနှင့် ကြုံတွေ့ရချိန်တွင်ပင် လုမင်က လျစ်လျူရှုထားဆဲဖြစ်ကာ ဘိုးဘေးကျိုးကို ဆက်လက် တိုက်ခိုက်၏။
"ချီးပဲ၊ ငါ့အနားကို မလာနဲ့"
ဘိုးဘေးကျိုး တုန်လှုပ်သွားသည်။ သူသည် အစွမ်းကုန် အရှိန်မြှင့်ကာ ပြေးလွှားနေရင်း ဟိန်းဟောက်လိုက်၏။
သူသည် ကြောက်လည်းကြောက်၊ ဒေါသလည်း ဖြစ်သွားသော်လည်း လုမင်ကို မတိုက်ခိုက်ဝံ့ပေ။ လုမင်က ကပ်ဘေးအတွင်း၌ ရှိနေသည်။ သူ လုမင်ကို တိုက်ခိုက်လိုက်ပါက သူသည်လည်း မိုးကြိုးကပ်ဘေးဒုက္ခ၌ တိုက်ရိုက် ပါဝင်ပတ်သက်နေပေလိမ့်မည်။
မိုးကြိုးကပ်ဘေးဒုက္ခကြောင့် လုမင် အသတ်ခံရမည့်အချိန်ကိုသာ သူမျှော်လင့်နေခဲ့သည်။
"ဝုန်း ဝုန်း ဝုန်း"
မိုးကြိုးသုံးခုက လုမင်ကို ပေါက်ကွဲစွာ ထိမှန်သွားသည်။ သို့သော်၊ လုမင်၏အမြန်နှုန်းက အနည်းငယ်ပင်မကျဘဲ ဘိုးဘေးကျိုးအနီးသို့ ဆက်လက် ချဉ်းကပ်သွားခဲ့သည်။
"မကောင်းဆိုးရွား၊ မိစ္ဆာတွေ"
ဘိုးဘေးကျိုးမှာ ပို၍ပင် ကြောက်သွားခဲ့၏။
လုမင်က အမှန်တကယ် မကောင်းဆိုးရွား ဖြစ်သည်။ မိုးကြိုးကပ်ဘေးဒုက္ခကိုပင် မခုခံဘဲ လျစ်လျူရှုထားခြင်းမှာ မယုံနိုင်စရာပင်။
ကောင်းကင်ကပ်ဘေးဒုက္ခဟူသည် သိုင်းပညာရှင်တိုင်း၏ ဦးခေါင်းပေါ်မှ ချွန်ထက်သော ဓားတစ်လက် ဖြစ်သည်။ မရေတွက်နိုင်သော ကျင့်ကြံသူများမှာ ကောင်းကင်ကပ်ဘေးဒုက္ခကြောင့် ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။
သူကိုယ်တိုင်လည်း ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ မဖြတ်ကျော်မီ နှစ်ပေါင်း ရာနှင့်ချီ၍ ပြင်ဆင်ခဲ့ရသည်။ သို့တိုင် မိုးကြိုးကပ်ဘေးဒုက္ခ ဆင်းသက်လာသောအခါ အန္တရာယ်များ ပြည့်နှက်သွားပြီး သေခြင်းမှ လက်မတင်လေး လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။ ဤသို့သောအရာမှာ မည်သို့ လွယ်ကူနိုင်သနည်း။
"ဟားဟားဟား၊ သူခိုးလေး၊ မင်း အခု ကြောက်နေပြီလား။ မင်း သေဖို့သာ ပြင်ထား"
တန်တန်က မောက်မောက်မာမာဖြင့် ရယ်မောကာ ပြောလိုက်သည်။
"အရင်သေရမှာက မင်းကွ၊ မိုးကြိုးကပ်ဘေးဒုက္ခထဲကို ဝင်လိုက်စမ်း"
ဘိုးဘေးကျိုးက ဒေါသတကြီးဖြင့် အော်ဟစ်ကာ တန်တန်ကို မိုးကြိုးလျှပ်စီးများထံသို့ ပစ်ပေါက်လိုက်သည်။
"ဂျိန်း"
မိုးကြိုးကပ်ဘေးဒုက္ခသို့ တန်တန် ဝင်ရောက်လာချိန်တွင် ကောင်းကင်မှ ကပ်ဘေးတိမ်တိုက်များက ပို၍ ကြောက်စရာကောင်းလာခဲ့၏။ မိုးခြိမ်းသံ တဂျိန်းဂျိန်းနှင့် လျှပ်စီးများကလည်း တဖျတ်ဖျတ်လက်ကာ ကမ္ဘာတစ်ခုလုံး တုန်လှုပ်စေတော့သည်။
"ဂျိန်း"
ချက်ခြင်းပင် မိုးကြိုးတစ်စင်းက တန်တန်ကို ပစ်ချလိုက်သည်။
တန်တန်က ခြေလက်နှင့် ဦးခေါင်းကို ပြန်ထုတ်ဖော်ကာ ပါးစပ်ကိုဟပြီး လျှပ်စီးကြောင်းကို မျိုချလိုက်၏။ ထို့နောက်တွင် ကျေနပ်အားရစွာဖြင့် အော်လိုက်သည်။
"ဟားဟားဟား၊ နောက်ဆုံးတော့ ငါပြန်ထွက်လာပြီ။ တစ်နှစ်လောက်ကြာအောင် အခွံထဲမှာ နေခဲ့ရတာ၊ သက်တောင့်သက်သာ ရှိလိုက်တာကွာ၊ ဟားဟားဟား"
မိုးကြိုးလျှပ်စီးများက သူ၏ခန္ဓာကိုယ်တွင် လင်းလက်နေသော်လည်း တန်တန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။
ဘိုးဘေးကျိုး၊ ခေါင်းဆောင်ကျိုးနှင့် အခြားသူများ၏ မျက်လုံးများလည်း ပြူးထွက်လုနီးပါး ဖြစ်နေတော့သည်။
"မကောင်းဆိုးရွားတွေ၊ အကုန်လုံးက မကောင်းဆိုးရွားတွေပဲ။ သွားကြ... သွားကြစို့"
ဘိုးဘေးကျိုးတွင် ဂုဏ်သိက္ခာများ လုံးဝ မရှိတော့ဘဲ ထွက်ပြေးရန်သာ တွေးမိခဲ့သည်။
သို့သော် လုမင်၏ အမြန်နှုန်းက အလွန်မြန်သည်။ သူက အလင်းတန်းတစ်ခုကဲ့သို့ဖြစ်ကာ ခဏအကြာတွင် ဘိုးဘေးကျိုးထံ ချဉ်းကပ်ခဲ့၏။
တိမ်မည်းများက ကောင်းကင်မှ သိပ်သည်းလာကာ ဘိုးဘေးကျိုးကို လွှမ်းမိုးသွားတော့သည်။
"မဟုတ်ဘူး"
ဘိုးဘေးကျိုးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သိူ့သော်၊ အသုံးမဝင်ဘဲ မိုးကြိုးတန်းသည် ဘိုးဘေးကျိုးကို ပစ်ချလိုက်၏။ ဤလျှပ်စီးကြောင်းမှာ လုမင်ထံသို့ ပစ်လွှတ်လိုက်သော မိုးကြိုးထက်ပင် ပို၍ ကြောက်စရာကောင်းသည်။
ဘိုးဘေးကျိုးလည်း အစွမ်းကုန် တိုက်ခိုက်ပြီး ဤမိုးကြိုးကို ချေဖျက်ခဲ့လေသည်။
"ဝုန်း..."
ထိုအချိန်တွင် လုမင်ဆီသို့ ပစ်ချလာသော မိုးကြိုးများကိုဘည်း လုမင်က အလွယ်တကူ တားဆီးနိုင်ခဲ့သည်။
ယခုအချိန်တွင် လုမင်က တာအိုငါးမျိုးကို သူ့ခန္ဓာကိုယ်တွင်း၌ ပေါင်းစည်းထားသည်။ ထိုအစွမ်းအားက အားကောင်းလွန်းရာ မိုးကြိုးကပ်ဘေးဒုက္ခသည်ပင် သူ့ကို ပြဿနာမဖြစ်စေနိုင်ပေ။
"ဂီး"
ရုတ်တရက် ကောင်းကင်တွင် နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ အမှောင်တိမ်တိုက်များမှ ငှက်ကြီးတစ်ကောင် ထွက်ပေါ်လာကာ လုမင်ဆီသို့ ပျံဝဲလာခဲ့၏။
ဤငှက်ကြီးက မိုးငြိုးလျှပ်စီးမှ ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း တကယ့်သတ္တဝါနှင့် တူလှသည်။
ဒဏ္ဍာရီအရ အဓိပဓိ ကောင်းကင်ကပ်ဘေးမှသာ ဤမြင်ကွင်းမျိုး ဖြစ်ပေါ်လာလိမ့်မည်။
"မဟုတ်ဘူး၊ မိုးကြိုးသဏ္ဍာန် ကပ်ဘေးဒုက္ခ၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ဘိုးဘေးကျိုးက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး"
ခေါင်းဆောင်ကျိုးလည်း အော်ဟစ်လိုက်၏။
လုမင်က သဏ္ဍာန် မိုးကြိုးကပ်လေးဒုကို ဖြတ်ကျော်နေရာ ဘိုးဘေးကျိုးလည်း သဘာဝအတိုင်း ရင်ဆိုင်ရလိမ့်ည်။ သာမန် ကပ်ဘေးဒုက္ခဆိုလျှင် ဖြတ်ကျော်ရန် မျှော်လင့်ချက်အချို့ ရှိနေနိုင်သေးသည်။။ သို့သော်လည်း၊ ဤလျှပ်စီးသဏ္ဍာန် ကပ်ဘေးဒုကွခနှင့် ရင်ဆိုင်ရချိန်မှာတော့ မျှော်လင့်ချက် လုံဝ မရှိတော့ပေ။
သူ စိတ်တိုပြီး ဒေါသတကြီး ဖြစ်နေသော်လည်း နောက်ထပ် မိုးကြိုးသုံးခုက ချက်ချင်း ကျဆင်းလာသည်။ ဘိုးဘေးကျိုးလည်း ၎င်းတို့ကို တားဆီးရန် အစွမ်းကုန် ကြိုးစားလိုက်ရပေသည်။
မိုးကြိုးသုံးခုကို ဖြတ်ကျော်ပြီးနောက် ဘိုးဘေးကျိုး၏ ဆံပင်များ ဖရိုဖရဲဖြစ်ကာ သွေးများ အန်ထွက်လာခဲ့သည်။
သို့သော်လည်း နောက်ထပ် မိုးကြိုးကိုးစင်းသည် ဘိုးဘေးကျိုးကို ထပ်မံ ပစ်ခွင်းလိုက်၏။
ဘိုးဘေးကျိုး ထိတ်လန့်တကြားဖြစ်ကာ ချက်ခြင်းပင် သွေးမျိုးဆက် ပေါင်းစပ်မှုကို အသုံးပြုတော့သည်။
ဘိုးဘေးကျိုး၏ သွေးမျိုးဆက်က တောက်လောင်နေသော မီးတောက်နွယ်ပင် ဖြစ်သည်။ ၎င်းက နတ်ဘုရားအဆင့်လေး သွေးမျိုးဆက်တစ်ခု ဖြစ်ချေသည်။
မီးတောက်နွယ်ပင်က မီတာရာနှင့်ချီ ရှည်လျားကာ မီးတောက်များ ပြည့်နှက်နေပြီး မိုးကြိုးကိုးခုကို ထိမှန်သွားခဲ့သည်။
"ဝုန်း ဝုန်း ဝုန်း"
မိုးကြိုးကိုးခု ပြီးသွားသောအခါ မီးလျှံနွယ်ပင်၏ အရွက်များ ညှိုးနွမ်းသွားသည်။ မည်းတူး၍ ညှော်နံ့ထွက်အောင် လောင်ကျွမ်းခံရကာ သေလုနီးပါး အရိုက်ခံခဲ့ရပေသည်။
တစ်ဖက်တွင် တန်တန်က အလွန်စိတ်အေးလက်အေး ဖြစ်နေသည်။ မည်မျှပင် မိုးကြိုးပစ်နေစေကောမူ၊ သူက ဝမ်းမြောက်ဝမ်းသာဖြစ်သော မျက်လုံးများဖြင့်ကြည့်၍ မျိုချလိုက်သည်။
တစ်ဖက်တွင်၊ လုမင်သည်လည်း အလားတူစွာ စိတ်အေးလက်အေး ဖြစ်နေသည်။ သူက လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်နှင့် မိုးကြိုးလင်းယုန် ပျောက်ကွယ်သွားခဲ့ရပေသည်။
"သွား၊ မြန်မြန်သွားကြ၊ ဒီနေရာကနေ ထွက်သွားကြတော့"
ဘိုးဘေးကျိုးဟာ သူ့တွင် မျှော်လင့်ချက်မရှိတော့မှန်း သိသည်။ ထို့ကြောင့် ကျိုးမိသားစုခေါင်းဆောင်နှင့် အခြားသူများ လွတ်မြောက်မည်ဟု မျှော်လင့်ကာ သူ ဟိန်းဟောက်လိုက်သည်။
"သတ်"
လုမင်က အော်ဟစ်ကာ ဘိုးဘေးကျိုးဆီသို့ လျှောက်သွားသည်။
"ငါ သေရရင်တောင် မင်းလည်း လွယ်မယ်မထင်နဲ့"
ဘိုးဘေးကျိုးက ရူးသွပ်သွားသလို ဟိန်းဟောက်လိုက်သည်။ တောက်လောင်နေသော မီးတောက်နွယ်ပင်ကလည်း တွန့်လိပ်လှုပ်ရှားကာ လုမင်ကို ကြာပွတ်ကဲ့သို့ လှမ်းရိုက်လိုက်၏။
မည်သို့ဆိုစေ၊ သူက မိုးကြိုးကပ်ဘေးဒုက္ခအောက်တွင် ရှိနေပြီဖြစ်၍ လုမင်နှင့်အတူသေဆုံးရန် ကြိုးစားလိုက်သည်။
"သတ်၊ သတ်၊ သတ်"
လုမင်၏ သွေးရောင်ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူ၏ သတ်ဖြတ်ချင်စိတ်များလည်း ဒီရေကဲ့သို့ တဟုန်ထိုး တိုးလာခဲ့၏။ သူ၏ မျက်လုံးများပင် သွေးနီရောင်ပြောင်းသွားရာ အလွန်ဆိုးရွား ရက်စက်သည့်ပုံရသည်။
သူ၏ ခေါင်းပေါ်ရှိ တတိယမြောက် သွေးမျိုးဆက်၊ သွေးတစ်စက်က အမှန်တကယ် ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။
လုမင်က ဓားကို ဖမ်းကိုင်လိုက်၏။ ဤအခိုက်အတန့်တွင် အဆုံးမဲ့သတ်ဖြတ်ချင်စိတ်များက လုမင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်လာရာ သူ၏သတ်ဖြတ်ချင်စိတ်များကလည်း ပို၍ အားကောင်းလာတော့သည်။
"ဝုန်း"
သွေးနီရောင်ဓားက ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ နက်မှောင်ပြီး နားမလည်နိုင်သော အက်ကြောင်းတစ်ခုအား ပေါ်လွင်စေခဲ့သည်။
ဤစစ်ဓားက အရာအားလုံးကို ဖြတ်သန်းနိုင်ပုံ ရသည်။ ၎င်းက ဘိုးဘေးကျိုး၏ တိုက်ခိုက်မှုကို ချေဖျက်ကာ မီးတောက်နွယ်ပင်ကို ထက်ပိုင်းဖြတ်ခဲ့၏။
ဘိုးဘေးကျိုး၏ အော်ညည်းလိုက်သံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ မီးတောက်နွယ်ပင်ကြီးလည်း ပျောက်ကွယ်သွား၏။ ဘိုးဘေးကျိုး၏ ခန္ဓာကိုယ်က ပြန်ပေါ်လာကာ သွေးများအန်နေတော့သည်။
"သတ်"
သတ်ဖြတ်ချင်စိတ်များက ဒီရေကဲ့သို့ တက်လာသည်။ ဓားချက်ဖြတ်သန်းသွားသည်နှင့် ကောင်းကင်တွင် သွေးနီရောင် ဓားအလင်းတစ်ခုသာ ကျန်ရစ်ခဲ့၏။
ဘိုးဘေးကျိုးလည်း ဤဓားချက်ဖြင့် အသက်မပျောက်မီ အော်ပင်၊ မအော်နိုင်ခဲ့ပေ။
"မဟုတ်ဘူး"
အဝေးမှ ခေါင်းဆောင်ကျိုးက ဤမြင်ကွင်းကိုမြင်သောအခါ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဘိုးဘေးကျိုးက ကျိုးမိသားစု၏ အဓိကကျောရိုးပင်။ လုမင် ယခုသေဆုံးသွားလျှင်ပင် ကျိုးမိသားစု၏ခွန်အားများ ကျဆင်းသွား၍ အခြားအင်အားစုများမှ အနိုင်ယူခံရတော့မည် ဖြစ်သည်။
"ဂါး"
နဝမနဂါးသွေးမျိုးဆက်က ဟိန်းဟောက်ပြီး ဘိုးဘေးကျိုး၏ သွေး၊ အနှစ်သာရနှင့် စွမ်းအင်အားလုံးကို ဝါးမြိုသွားခဲ့သည်။
ထို့နောက် လုမင်က ခြေတစ်ချက်လှမ်းကာ ကျိုးမိသားစုမှ အဖိုးအိုတစ်ဦးနောက်သို့ လိုက်သွားခဲ့၏။
ဤအခိုက်တွင် လုမင်က ကျိုးမိသားစု၌ ဝိညာဉ်နတ်ဘုရားသုံးပါး ရှိနေသေးကြောင်း သတိပြုမိသွားသည်။
ကျိုးမိသားစုတွင် စုစုပေါင်း ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်ငါးဦး ရှိသည်။ ၎င်းတို့ထဲမှ တစ်ဦးသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က လုမင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ယခု ဘိုးဘေးကျိုးသော်လည်း သေဆုံးသွားရာ နောက်ထပ် သုံးဦး ကျန်သေး၏။
ခေါင်းဆောင်ကျိုးနှင့် အခြား အကြီးအကဲ နှစ်ဦး။
ထိုအကြီးအကဲနှစ်ဦးစလုံးက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်တစ်သာ ရှိကြသည်။
ပထမအဆင့် ဝိညာဉ်နတ်ဘုရား၏ အမြန်နှုန်းက လုမင်ထက် အများကြီး နှေးသည်။
ခဏအကြာတွင်၊ လုမင်က ထိုအကြီးအကဲတစ်ဦးကို ဖမ်းမိပြီး သွေးရောင်ဓားဖြင့် ခုတ်ချလိုက်၏။ ဤအကြီးအကဲလည်း မိုးကြိုးကပ်ဘေးကိုပင် မသိလိုက်ပဲ အော်ဟစ်ကာ သေဆုံးသွားတော့သည်။
လုမင်က နောက်သို့လှည့်ကာ အခြားအကြီးအကဲနောက်သို့ လိုက်သွားသည်။
"မဟုတ်ဘူး၊ ငါ့ကို ချမ်းသာပေးပါ"
ထိုအကြီးအကဲက တောင်းပန်သော်လည်း သူ့ကို တုံ့ပြန်သည်မှာ သွေးရောင် ဓားအလင်းတစ်ခု ဖြစ်သည်။
သွေးအလင်းတစ်ခု ထွက်လာကာ ထိုအကြီးအကဲလည်း သေဆုံးသွား၏။
ခေါင်းဆောင်ကျိုး၏ မျက်နှာတွင် စိတ်ပျက်အားငယ်မှုများ ပြည့်သွားသည်။ ကျိုးမိသားစု ပြီးသွားပြီ။ ကျိုးမိသားစုက လုံးဝပြီးသွားပြီမှန်း သူသိသည်။ ဤအခိုက်တွင် သူ့စိတ်ထဲမှ တစ်ခုတည်းသော အတွေးက သူ့အသက်အတွက် ပြေးရန်၊ အသက်လု၍ ပြေးရန် ဖြစ်သည်။
သို့သော်လည်း လုမင်၏ အမြန်နှုန်းက လျင်မြန်လွန်းသဖြင့် လုံးဝ ပြေးမလွတ်နိုင်ပေ။
မိုင်ငါးထောင်ခန့်ပင် မပြေးနိုင်ဘဲ လုမင်မှ သူ့ကို ဖမ်းမိသွားခဲ့သည်။
"ဂျိန်း ဂျိန်း"
မိုးကြိုးများက ခေါင်းဆောင်ကျိုးကို ပစ်ခွင်းလာသည်။ သူက အစွမ်းကုန်ခုခံသော်လည်း မိုးကြိုးနှစ်ကျော့ ကျရောက်လာပြီးနောက် ဒဏ်ရာအပြင်းအထန် ရသွားခဲ့၏။
လုမင်က ခြေတစ်ချက်လှမ်းပြီး လက်သီးဖြင့်ထိုးကာ ခေါင်းဆောင်ကျိုး၏ ကျင့်ကြံခြင်းအခြေခံကို လုံးဝ ဖျက်ဆီးလိုက်တော့သည်။
--------
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1050 ) ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်ခြင်း။
ထို့နောက် လုမင်သည် ခေါင်းဆောင်ကျိုးကို လက်တစ်ဖက်နှင့် ဖမ်းကိုင်ပြီး မိုးကြိုးကျားတစ်ကောင်ကို ရိုက်ထုတ်လိုက်သည်။
ဤအခိုက်တွင်၊ မိုးကြိုးကပ်ဘေးမှ ဖြစ်ပေါ်လာသော သတ္တဝါများက လုမင်ကို ခုန်အုပ်လာကြ၏။ သို့သော်လည်း ၎င်းတို့အားလုံးကို လုမင်က ချေမှုန်းနိုင်ခဲ့သည်။
ခြေလှမ်းတစ်လှမ်းဖြင့် လုမင်သည် ကျိုးမိသားစုအထက် ကောင်းကင် ဝေဟင်ပြင်သို့ ပြန်လာခဲ့၏။
ယခုအချိန်တွင် ကျိုးမိသားစုမှ အခြားမိသားစုဝင်များသည် ကောင်းကင်ကို ထိတ်လန့်တကြားကြည့်နေကြဆဲဖြစ်ပြီး ဘာဖြစ်သွားမှန်းပင် မသိပေ။
ကျိုးမိသားစုအထက် ကောင်းကင်ယံတွင် တစ်စုံတစ်ယောက်က အဘယ်ကြောင့် ကပ်ဘေးဒုက္ခကို လာဖြတ်ကျော်နေမှန်း နားမလည်သလို ဝိညာဉ်နတ်ဘုရားများ အဘယ်ကြောင့် ထွက်ပြေးသွားသည်ကိုလည်း နားမလည်ခဲ့ပါချေ။
အဖြစ်အပျက်များက မြန်လွန်းသည်။ လုမင်က မြေအောက်လှိုဏ်ဂူမှ ပြေးထွက်လာသည်နှင့် ကပ်ဘေးဒုက္ခကို ကျော်ဖြတ်ခြင်းမှာ မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့ပေသည်။
"မဟုတ်ဘူး၊ ကျေးဇူးပြုပြီး သူတို့ကိုလွှတ်လိုက်ပါ၊ သူတို့က အပြစ်မရှိပါဘူး"
လုမင်၏ လက်တွင်းမှ ခေါင်းဆောင်ကျိုးက အော်လိုက်သည်။ လုမင်က သူ့ခန္ဓာကိုယ်ကို အသုံးချကာ မိုးကြိုးကပ်ဘေးကိုပင် ရင်ဆိုင်လိုက်သေး၏။
ဤအခိုက်တွင် သူ့နှလုံးသားက စိတ်ပျက်အားငယ်မှု၊ ကြီးစွာသော နောင်တတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
သူ နောင်တရသည်၊ လုမင်၏ ရတနာများကို လောဘကြီးမိသည့်အတွက် သူ နောင်တရမိ၏။ သို့သော်လည်း လုမင်သည် ဤမျှ ဆိုးရွားလှသော နတ်လောင်မြေမီးလျှံတွင် ချုပ်နှောင်ထားခံရသည့်တိုင် လွတ်မြောက်လာပြီး ကြောက်စရာကောင်းလွန်းသော ကောင်းကင်ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။
ဤသည်က တကယ်ကို မယုံနိုင်စရာ ဖြစ်သည်။
သို့သော်၊ နောင်မှရသည့် နောင်တက အသုံးမဝင်ပေ။ လုမင်က ကျိုးမိသားစုဝင်များကို လွှတ်ပေးမည်ဟုသာ မျှော်လင့်နိုင်ခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် လုမင်၏ သတ်ဖြတ်ချင်စိတ်က ကြောက်စရာကောင်းအောင် ပြင်းထန်နေသည်။ ကျိုးမိသားစုဝင်အားလုံးကို ဖျက်ဆီးပြီး သတ်ပစ်ချင်သည်မှာ လွန်ခဲ့သည့်နှစ်က သူခံစားခဲ့ရသော ဝေဒနာအတွက် လက်စားချေခြင်းသာ ဖြစ်သည်။
"သတ်"
လုမင်၏ မျက်လုံးများတွင် လျစ်လျူရှုမှုသာ ရှိခဲ့သည်။ သူ့စိတ်ထဲတွင် အဆက်မပြတ် ထွက်ပေါ်နေသော ဟိန်းဟောက်သံများကလည်း သတ်ဖြတ်ရန်သာ ပြော၏။
"သတ်"
လုမင်က ခြေလှမ်းကာ ဟိန်းဟောက်လိုက်သည်။ နဝမနဂါးသွေးမျိုးဆက်ကလည်း ဟိန်းဟောက်ကာ ကြောက်စရာကောင်းသော ဝါးမျိုခြင်းစွမ်းအားဖြင့် ကျိုးမိသားစုဝင်အားလုံးကို လွှမ်းခြုံလိုက်တော့သည်။
"အား၊ မဟုတ်ဘူး"
"ကယ်ကြပါဦး"
အော်သံများ အဆက်မပြတ် ပေါ်လာသည်။ အနှစ်သာရ၊ သွေး၊ ချီနှင့် ကျိုးမိသားစုဝင်များ၏ ဝိညာဉ်များ ဝါးမြိုခံရကာ သွေ့ခြောက်သွားသော အလောင်းများအဖြစ်သို့ ပြောင်းလဲကုန်တော့သည်။
အနှစ်သာရ၊ သွေးနှင့် စွမ်းအင်အားလုံးကို နဝမနဂါးသွေးမျိုးဆက်က ဝါးမျိုပြီး ယွမ်ချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသန့်စင်ကာ ဝိညာဉ်နတ်ဘုရားအတွင်းသို့ ပို့လွှတ်လိုက်သည်။
"မဟုတ်ဘူး… မဟုတ်ဘူး"
ခေါင်းဆောင်ကျိုး၏ မျက်လုံးများက ဤအရာအားလုံးကို ကြည့်ကာ မှင်တက်သွားသည်။
ကျိုးမိသားစုဝင် အားလုံးနီးပါး သေဆုံးခဲ့ကြသည်။ တောင်တစ်ခွင်လုံးတွင် အလောင်းများသာ ရှိ၏။
မဟုတ်သေး၊ နောက်ထပ် လူတစ်ယောက်တော့ ကျန်ရှိသည်။ ယင်းက တောင်ထိပ်တစ်ခုပေါ်တွင် မျက်လုံးကိုမှိတ်ပြီး လဲကျနေသော ကျိုးရှင်း ဖြစ်ချေသည်။
လုမင်သည် တတိယသွေးမျိုးဆက်၏ လွှမ်းမိုးမှုကြောင့် သတ်ဖြတ်ချင်စိတ်များ ဒီရေကဲ့သို့ ထိုးတက်နေသော်လည်း ကျိုးကြောင်းဆီလျော်မှု အသိစိတ်တချို့ကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။ သူက ကျိုးရှင်းကို တမင်တကာ ချန်ထားခဲ့ပေသည်။
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကျိုးရှင်းနှင့် မနီးမဝေးတွင် ပေါ်လာသည်။
"ဝုန်း"
ဤအခိုက်တွင် မရေမတွက်နိုင်သော မိုးကြိုးသတ္တဝါများ ရှိနေသေးသော်လည်း လုမင်ကိုတော့ ဘာမှမလုပ်နိုင်ပေ။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ကြီးမားလွန်းသည်။ သူသည် မတူညီသော တာအိုငါးခုကို လေ့ကျင့်ထားသလို နဂါးစွမ်းအားကိုလည်း ပေါက်ကွဲစေခဲ့၏။ ထို့ထက် ကြောက်စရာအကောင်းဆုံးမှာ၊ တတိယသွေးမျိုးဆက်မှ ဝင်ရောက်လာသော စွမ်းအားအရိပ်အမြွက်က လုမင်၏ သတ်ဖြတ်ချင်စိတ်ကို မြင့်မားလာစေရုံသာမကဘဲ တိုက်ခိုက်နိုင်စွမ်းကိုလည်း ပို၍ ကြောက်စရာကောင်းစေသည်။ ဤအချက်များက မိုးကြိုးကပ်ဘေးဒုက္ခကို အလွယ်တကူ တားဆီးနိုင်စေခဲ့ပေသည်။
"နောင်တရပြှလား"
လုမင်က အေးစက်စက်ဖြင့် ပြောသည်။ သွေးနီရောင် မျက်လုံးများဖြင့် ကျိုးရှင်းကို စိုက်ကြည့်လိုက်၏။
ကျိုးရှင်းက ခေါင်းဆောင်ကျိုးကို ကြောင်တက်တက်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမက လုမင်ကိုကြည့်ကာ ပြောလေသည်။
"မှန်ပါတယ်၊ ဒါတွေအားလုံးက ငါတို့အမှားပဲ။ လက်စားချေတာ... ဒါက လက်စားချေလိုက်တာပါပဲ။ ငါတို့ကိုယ်တိုင်က ဒါကို တောင်းဆိုခဲ့မိတာ"
"ရှင်းအာ... ဒါ ငါ့အပြစ်ပါ။ လုရှောက်ချင်း... မင်းကို ငါတောင်းပန်တယ်၊ ရှင်းအာကို ချမ်းသာပေးဖို့ ငါတောင်းပန်ပါတယ်။ ဒါတွေအားလုံးက ငါ့ကြောင့်ဖြစ်ရတာပါ"
ခေါင်းဆောင်ကျိုးက အော်လိုက်သည်။
"မင်းတို့အားလုံး သေသင့်တယ်"
လုမင်၏ မျက်လုံးများက အေးစက်နေကာ မတုန်လှုပ်ပေ။
သူ့လက်ကို ဝှေ့ယမ်းပြီး ခေါင်းဆောင်ကျိုးကို လွှင့်ပစ်လိုက်သည်။ ခဏချင်းမှာပင် မိုးကြိုးကပ်ဘေးကြောင့် ခေါင်းဆောင်ကျိုးမှာ ပြာဖြစ်သွားတော့သည်။
"အဖေ"
ကျိုးရှင်းက စူးစူးဝါးဝါး အော်လိုက်သည်။
"ကျိုးရှင်း၊ အဲဒီတုန်းက မင်းပေးလိုက်တဲ့ ခရမ်းရောင်ကျောက်စိမ်းမှာ ငါ့အတွက် အတော်အသုံးဝင်တဲ့ နာ့ယွမ်ကျောက်တုံး တစ်တုံးရှိခဲ့တယ်၊ ဒါပေမဲ့ အဲဒီ့နောက်ပိုင်းမှာ မင်းရဲ့အသက်ကို နှစ်ခါလောက် ငါ ကယ်ခဲ့တာကြောင့် တကယ်ဆိုရင် ဒါက အကြွေးကျေဖို့ လုံလောက်သွားပြီ။ မင်းကို ကျေးဇူးတင်လို့ ငါ လိုက်ပြီး ကူညီပေးခဲ့ပေမဲ့ မင်းကတော့ ငါ့ကို လုပ်ကြံတယ်။ ဒီနေ့တော့ မင်းတို့အားလုံးကို ငါသတ်မယ်။ ဒါတွေအားလုံးအတွက် မင်းတို့ သေသင့်ပြီ"
လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ သူက ကျိုးရှင်းကိုလွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။
"ကောင်းပါပြီ၊ ဒါဆိုရင်လည်း ငါ့အဖေနောက်ကို လိုက်ပါရစေ"
ကျိုးရှင်းက ခါးသက်သက်ဖြင့် ပြုံးလိုက်သည်။ သူမ ခန္ဓာကိုယ်က ရုတ်တရက် ရွေ့လျားသွားကာ လုမင်ဆီသို့ ပြေးသွား၏။
"ဂျုန်း"
လျှပ်စီးတစ်ချက်လက်ပြီး ကျိုးရှင်း၏ ခန္ဓာကိုယ်ကို ထိမှန်သွားကာ ကပ်ဘေးမိုးကြိုးအောက်တွင် ပြာဖြစ်သွားတော့သည်။
ထိုအချိန်တွင် ကျိုးမိသားစုဝင် အားလုံးနီးပါး သေဆုံးခဲ့ကြသည်။
"ဂျိန်း"
မိုးကြိုးကပ်ဘေးဒုက္ခက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ အားကောင်းသည်ထက် ပိုအားကောင်းလာသည်။
လုမင်က လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်ကာ မိုးကြိုးသတ္တဝါများစွာကို သတ်ဖြတ်ခဲ့၏။ တစ်ချိန်တည်းမှာပင် နဝမနဂါးသွေးမျိုးဆက်က သွေးအနှစ်သာရနှင့် ကျိုးမိသားစုဝင်များ၏ စွမ်းအင်များကို အဆက်မပြတ် သန့်စင်ကာ ကိုယ်ပိုင်စွမ်းအင်အဖြစ် ပြောင်းလဲခဲ့သည်။
လုမင်၏ စိတ်ဝိညာဉ်က ပို၍ ခိုင်မာလာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ လုမင်က သွေးအနှစ်သာရ စွမ်းအင်များကို တတိယသွေးမျိုးဆက်ထဲသို့ သွန်းလောင်းလိုက်၏။ သို့သော် တတိယသွေးမျိုးဆက်က သွေးအနှစ်သာရ စွမ်းအင်များကို လုံးဝစုပ်ယူခြင်းမရှိကြောင်း သူတွေ့ရှိခဲ့သည်။
"မစုပ်ဘူးလား။ ဘာတွေဖြစ်နေတာလဲ"
လုမင်သည် မူလက သူ၏ တတိယသွေးမျိုးဆက်တွင် ချက္ကရမရှိသော်လည်း နဝမနဂါးသွေးမျိုးဆက်ကဲ့သို့ သွေးအနှစ်သာရ စွမ်းအင် လိုအပ်မည်ဟု ထင်ခဲ့ည်။ ယခုတော့ အတူတူမဟုတ်ဟု ထင်မှတ်ရပေသည်။
တတိယသွေးမျိုးဆက်တွင် ချက္ကရရှိပုံ မရပေ။
တတိယသွေးမျိုးဆက်က စွမ်းအင်ကို မစုပ်ယူနိုင်သောကြောင့် လုမင်လည်း သွေးအနှစ်သာရစွမ်းအင်များကို ဒုတိယသွေးမျိုးဆက်တွင်းသို့ လွှဲပြောင်းနိုင်ခဲ့သည်။
"မလုံလောက်သေးဘူး၊ စွမ်းအင် မလုံလောက်သေးဘူး"
လုမင်က ဘိုးဘေးကျိုး၏ သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်သည်။ သူ့စိတ်အတွေးကို ပို့လိုက်သည်တွင် ကျောက်ကြမ်းအပုံကြီး ပေါ်လာခဲ့၏။ ယင်းက တစ်သန်းကျော်ရှိကာ နဝမနဂါးသွေးမျိုးဆက်ဖြင့် ဝါးမျိုပြီး ဆက်လက်သန့်စင်လိုက်တော့သည်။
အချိန်ကြာလာသည်နှင့်အမျှ မိုးကြိုးကပ်ဘေးဒုက္ခမှာ ပို၍ အားကောင်းလာသည်။ သို့သော်လည်း လုမင်က တားဆီးထားနိုင်ခဲ့ဆဲပင်။
ဆယ့်ငါးမိနစ်ခန့်ကြာတော့ ကောင်းကင်တွင် တိမ်မည်းကြီးများ မိုးခြိမ်းသံနှင့်အတူ ပျောက်ကွယ်သွားသည်။
လုမင်လည်း နောက်ဆုံးတွင် မိုးကြိုးကပ်ဘေးဒုက္ခကို ကျော်ဖြတ်၍ ဝိညာဉ်နတ်ဘုရား ဖြစ်လာခဲ့ချေပြီ။
တခြားသူများအတွက် ခက်ခဲလွန်းသော မိုးကြိုးကပ်ဘေးဒုက္ခသည် လုမင်အတွက်တော့ မခက်ခဲပေ။
မိုးကြိုးကပ်ဘေးဒုက္ခပြီးနောက်၊ ကမ္ဘာပေါ်ရှိ အဆုံးမဲ့ဝိညာဉ်စွမ်းအင်များသည် လုမင်ထံသို့ လျင်စွာ စုရုံးလာသည်။ လုမင်၏ အရှိန်အဝါကလည်း လျင်မြန်စွာ မြင့်မားလာခဲ့၏။
"ဒီနေရာက အရင်ထွက်သွားရအောင်"
လုမင်၏ ခန္ဓာကိုယ်က လှုပ်ရှားသွားကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။
နာရီအနည်းငယ်ကြာပြီးနောက် မိုင်သန်းအနည်းငယ်အကွာမှ တောင်ထိပ်တစ်ခုတွင် လုမင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။
ဤအခိုက်တွင်၊ သူ၏ အရှိန်အဝါက တည်ငြိမ်သွားပြီး ဝိညာဉ်နတ်ဘုရား နယ်ပယ် အဆင့်တစ်သို့ အခိုင်အမာ ဝင်ရောက်လာခဲ့ပြီ။
ထိုအချိန်တွင် သွေးမျိုးဆက်နှင့် သွေးများက လုမင်၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။ သူ့မျက်လုံးကို မှိတ်ထားကာ ဆံပင်များကလည်း အနက်ရောင် ပြန်ဖြစ်လာခဲ့၏။ နောက်တစ်ကြိမ် မျက်လုံးဖွင့်လိုက်ချိန်မှာတော့ သတ်ဖြတ်ချင်စိတ်များ မရှိတော့ပေ။
"ဟင်း၊ တတိယသွေးမျိုးဆက်က အရမ်းအံ့ဩဖို့ကောင်းတယ်"
လုမင် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များက အံ့ဩစရာကောင်းလွန်းသည်။ အစပိုင်းက လုမင်ဟာ ထိန်းချုပ်ခံရလုနီး ဖြစ်ခဲ့ရပေသည်။
'ဒါက ကျိုးသားစုအပေါ် ငါ့ရဲ့ ပြင်းပြတဲ့ သတ်ဖြတ်ချင်စိတ်တွေ ရှိလို့ပဲ။ မဟုတ်ရင် ဒီစွမ်းအားကို ငါ ထိန်းချုပ်နိုင်လောက်ပြီ'
လုမင် တိတ်တဆိတ် တွေးလိုက်သည်။
အစောပိုင်းက သူဟာ ကျိုးမိသားစုကို အလွန်အမင်း သတ်ချင်နေခဲ့သည်။ ယင်းအပြင် တတိယသွေးမျိုးဆက်ကို ထည့်ပေါင်းလိုက်သောအခါ သတ်ဖြတ်ချင်စိတ်များ၏ လွှမ်းမိုးခံရလုနီးဖြစ်ပြီး ကျိုးမိသားစုကို လုံးလုံးလျားလျား ဖျက်ဆီးလုနီး ဖြစ်ခဲ့ရပေသည်။
လုမင်၏ မူလစရိုက်အရ ဤသို့လုပ်ဆောင်ခဲ့မည် မဟုတ်ပါ။ အလွန်ဆုံး ကျိုးမိသားစု၏ အဆင့်မြင့် မိသားစုဝင်များကိုသာ သတ်ဖြတ်မည်ဖြစ်သည်။ ကျင့်ကြံခြင်းအခြေခံ နိမ့်ကျသူများကိုတော့ မသတ်ဘဲ လွှတ်ပေးခဲ့ပေမည် သို့သော်လည်း ဒီရေကဲ့သို့ မြင့်တက်နေသော သတ်ဖြတ်ချင်စိတ်များ၏ လွှမ်းမိုးမှုအောက်တွင် သတ်ဖြတ်ရန်သာ ရှိတော့သည်။ ကျိုးမိသားစုတစ်ခုလုံးကို သတ်ဖြတ်နိုင်မှ သူ့စိတ်ထဲရှိ အမုန်းတရားများကို ဖယ်ရှားနိုင်လိမ့်မည်။
သို့သော်လည်း ဖြစ်ပြီးသွားမှ နောင်တမရတော့ပေ။
ကျိုးမိသားစုက သူ့ကို ထိုသို့ဆက်ဆံကာ တစ်နှစ်ခန့် ဖိနှိပ်ထား၍ အကျိုးဆက်များကို ခံကြရမည် ဖြစ်သည်။
“ဒီတတိယသွေးမျိုးဆက်က ဘာလဲ။ တကယ်ကို သွေးတစ်စက်ပဲလား၊ ဒါပေမယ့် သွေးတစ်စက်မှာ ဒီလောက် များပြားတဲ့ စွမ်းအားတွေ ရှိနေတာလား"
အစောပိုင်းက လုမင်သည် ထိုစွမ်းအားကို အရိပ်အမြွက်မျှသာ ချေးယူခဲ့သော်လည်း ခွန်အား အလွန်တိုးတက်လာခဲ့သည်။ သို့သော်လည်း ကြီးမားသော သတ်ဖြတ်လိုစိတ်များကြောင့် သူ၏အသိစိတ် ပျောက်လုနီးပါး ဖြစ်ခဲ့ရပေသည်။ ဤသည်က သူ့စိတ်ထဲတွင် တုန်လှုပ်သွားစေသည်။ အနာဂတ်တွင် တတိယသွေးမျိုးဆက်ကို အသုံးပြုရာ၌ သတိထားရလိမ့်မည်။
သူသာ ယခုထက်ပိုပြီး စွမ်းအင်များကို ဆွဲယူအသုံးပြုခဲ့ပါက အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များဖြင့် လွှမ်းမိုးခံရကာ သတ်ဖြတ်ရန်သာသိသော ရုပ်သေးရုပ်တစ်ခု ဖြစ်သွားမည်ကို ကြောက်ရသည်။
--------