1051 - 1055

256 23 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 1051 ) အလယ်ပိုင်းတိုက်ကြီးတွင် ပါရမီရှင်များစုဝေးခြင်း။

"ဒီတစ်ခါတော့ အမြတ်များတာပဲ"
လုမင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားကာ ပြုံးလိုက်သည်။

နတ်လောင်မြေမီးလျှံတွင် လုမင်က ဉာဏ်အလင်းပွင့်ခြင်း အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ဤသို့ဖြင့် တစ်နှစ်ကုန်လွန်သွားခဲ့၏။ ယခုနှစ်အတွင်း သူသည် တာအိုနှင့် အမျိုးမျိုးသော သိုင်းပညာများကို နားလည်ခဲ့ပေသည်။

ထိုအခြေအနေတွင်၊ တာအိုနှင့် သိုင်းပညာအမျိုးမျိုးကို နားလည်သဘောပေါက်ခြင်းက ပုံမှန်ထက် များစွာပိုမြန်သည်။ လုမင်၏ လက်ရှိနားလည်နိုင်စွမ်းနှင့် အတူ သူ၏တိုးတက်မှုက သဘာဝအတိုင်း ကြောက်စရာကောင်းအောင် မြင့်မားသွားတော့သည်။

မသိလိုက်ခင်မှာပဲ သူ၏ တာအိုငါးခုက စတုတ္ထအဆင့်သို့ ရောက်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့်၊ တတိယသွေးမျိုးဆက် နိုးထလာသောအခါ သူ့ကို ဖိနှိပ်ထားသော မျှော်စင်ကို တရှိန်ထိုး ချိုးဖြတ်လိုက်၏။ တာအိုငါးခုက စတုတ္ထအဆင့် ဝင်ရောက်ခြင်း၏ အထွတ်အထိပ်သို့ ထပ်မံချိုးဖြတ်သွားပြီး  တစ်ချိန်တည်းမှာပင်၊ ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို စတင်ဝင်ရောက်သွားတော့သည်။

ယခုအခါ၊ သူ၏ တာအိုငါးခုစလုံးက စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်ခဲ့သည်။ ၎င်းက စတုတ္ထအဆင့် သေးငယ်သောအောင်မြင်ခြင်းသို့ ခြေတစ်လှမ်းသာ လိုတော့သည်။

ထို့အပြင်၊ သူက နဝမနဂါးခြေလှမ်းကို သတ္တမခြေလှမ်းသို့ လေ့ကျင့်နိုင်ခဲ့သည်။ ၎င်း၏ စွမ်းအားက နတ်ဘုရားအဆင့်နိမ့်သိုင်းပညာ အမြင့်ဆုံးအဆင့်နှင့် ညီမျှသည်။

နောက်အခိုက်တွင် အတွေးတစ်ခုဖြင့် ငရဲဖိနှိပ်ကျောက်စာချပ် ပေါ်လာသည်။ ၎င်းပေါ်တွင် ရွှေရောင် ချက္ကရခြောက်ခု ရှိ၏။

ကျိုးမိသားစု၏ သွေးအနှစ်သာရများကို သန့်စင်ပြီးနောက် ငရဲဖိနှိပ်ကျောက်စာချပ်သည်လည်း နတ်ဘုရားအဆင့်ခြောက်သို့ ရောက်ရှိသွားတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 (  ch 986 -   )ခွင့်ပြုချက်ရပြီးWhere stories live. Discover now