1366 - 1370

145 15 0
                                    

အပိုင်း ( 1366 ) အနောက်တိုင်း ကန္တာရသို့။

ယင်းနောက် မဟာမိတ် အခမ်းအနားကို ချောမွေ့စွာ ဆက်လက်ကျင်းပခဲ့သည်။

အင်အားစုကြီးများက မဟာမိတ်ဖွဲ့ရန် ကျိန်ဆိုကာ နယ်မြေများ ခွဲဝေခဲ့ပေသည်။

အားလုံးပြီးနောက် ပွဲတော်ကြီး ကျင်းပရန် ဖြစ်သည်။

စားပွဲကြီးက တစ်ရက်နှင့်တစ်ည ကြာမြင့်ခဲ့ပြီးမှ တဖြည်းဖြည်း လူစုခွဲခဲ့ကြလေသည်။

ရှမ်းဟွမ်တိုက်ကြီး၏ မြောက်ဘက်၊ အကန့်အသတ်မရှိသော ပင်လယ်တစ်ခုပေါ်တွင် ဟင်းလင်းပြင်က အက်ကွဲသွားပြီး လွန်းပျံတစ်ခု ပေါ်လာခဲ့သည်။

"ဝမ်"
လွန်းပျံက ပေါ်လာပြီးနောက် လူရိပ်နှစ်ခုကို ထုတ်ဖော်ကာ ကျုံ့ဝင်သွား၏။

ထိုလူနှစ်ဦးသည်ကား တိရှန်းနှင့် ငွေရောင်ဆံပင် အဘိုးကြီးတို့ ဖြစ်တော့သည်။

"ဖူး"
ငွေရောင်ဆံပင်နှင့် အဘိုးကြီးမှာ ပေါ်လာသည်နှင့်တပြိုင်နက် ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။

လုမင်နှင့် တိုက်ပွဲအပြီးတွင် ငွေရောင်ဆံပင်နှင့်အဘိုးကြီးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပေသည်။

သို့ပေမည့် တိရှန်းကတော့ ငွေရောင်ဆံပင်နှင့် အဘိုးကြီးကို မကြည့်ပေ။ သူ့မျက်လုံးများက အေးစက်ပြီး မျက်နှာမှာလည်း ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နေသည်။ သူက တောင်ဘက်ပိုင်းကို လှမ်းကြည့်ရင်း အေးစက်စက် ပြောလိုက်သည်။
"အဲဒီခွေးကောင် လုမင်ကို ငါ အပိုင်းပိုင်း ဖြတ်ပစ်မယ်"

ယွမ်လုတွင် ဤအဖြစ်မျိုးကြုံပါက ဖြေသာသော်လည်း ယခုတော့ လူရိုင်းကျွန်းဖြစ်သည့် ရှမ်းဟွမ်တိုက်ကြီးမှာ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ အုပ်ချုပ်သူဝိညာဉ်လက်နက်များကို ဆုံးရှုံးခဲ့ရသည့်အပြင် သူလည်း ထွက်ပြေးခဲ့ရပေသည်။ တကယ်ကို အရှက်ဗြန်းဗြန်းကွဲရခြင်း ဖြစ်သည်။

အဓိကအားဖြင့် လုမင်ကို သူ အလွန်မုန်းတီးသည်။

သေဆုံးသွားသော သူ၏ လက်အောက်ငယ်သားများကိုတော့ တိရှန်းက လုံးဝ ဂရုမစိုက်ပါ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 (  ch 986 -   )ခွင့်ပြုချက်ရပြီးWhere stories live. Discover now