(Unicode)
အခုဆိုရင် Byun group နှင့် Park group ဟာရှယ်ယာရှင်အဆင့်ဆက်ဆံရေးမျိုးမဟုတ်တော့ဘဲ ပူးပေါင်းလိုက်ပြီဖြစ်သည်။Byun group နှင့် Park group ပူးပေါင်းထားခြင်းကို PB group ဟူ၍သတ်မှတ်လိုက်ကြသည်။ကိုယ်စီတိုးတက်အောင်မြင်နေပြီးသား group တွေဖြစ်တာကြောင့် အခုလိုပူးပေါင်းလိုက်တဲ့အခါ နိုင်ငံရဲ့ တတိယမြောက်အကြီးမားဆုံး group ဖြစ်လာခဲ့သည်။
PB group မှာ Chanyeol ဟာ group နှစ်ခုမှရရှိထားသော ရှယ်ယာတွေကြောင့် ဥက္ကဌဖြစ်ပြီး လက်ရှိ Park group ရဲ့ဥက္ကဌဟာ ဒုဥက္ကဌဖြစ်သွားကာ Byun group ရဲ့သား Byun Baekhyun ကတော့ တတိယရှယ်ယာအများဆုံးဖြစ်သည်။(AN/ Chanyeol ကသူ့အဖေဆီကရော ဥက္ကဌ Byun ဆီကပါရှယ်ယာတွေရထားတာမို့ နှစ်ခုပူးပေါင်းလိုက်တဲ့ PB group မှာရှယ်ယာများပြီး ဥက္ကဌ ဖြစ်တာပါ)
ဥက္ကဌ Byun ဟာသူပိုင်ဆိုင်သမျှအရာတွေအားလုံးကို ခွဲခြမ်းပေးပြီးနောက် တစ်စတစ်စပြင်းထန်လာတဲ့ ရောဂါအခြေအနေကြောင့် ဆေးရုံမှာသာနေရတော့သည်။ဥက္ကဌ Byun ဆေးရုံမှာရှိနေစဉ်အတောအတွင်း ကုန်ကျစရိတ်အားလုံးကို Chanyeol ကသာတာဝန်ယူပေးပြီး Baekhyun ရဲ့ပိုင်ဆိုင်မှုအား စိုးစဉ်းမျှမလျော့ပါးစေပါ။
များပြားလာတဲ့အလုပ်တွေနှင့် များပြားလာတဲ့တာဝန်တွေကြောင့် ဥက္ကဌ Park လည်းတစ်ပတ်မှာလေးရက်လောက် ကုမ္ပဏီကိုအသွားအလာလုပ်နေရသည်။ကျန်တဲ့ရက်တွေမှာလည်း Chanyeol နှင့်အလှည့်ကျဆေးရုံကိုလာပေးပြီး သူငယ်ချင်းဖြစ်သူကိုဂရုစိုက်ပေးသည်။အတ္တသမားပီပီ နိုင်ငံရဲ့တတိယမြောက်အကြီးဆုံး group ကိုပိုင်ဆိုင်ထားရပြီမို့ ပျော်ရွှင်နေပါသော်လည်း တစ်ဖက်မှာသူငယ်ချင်းဖြစ်သူက အသည်းအသန်အခြေအနေမို့ စိတ်ဖြောင့်လက်ဖြောင့်ဖြင့်မပျော်နိုင်ဖြစ်နေပါသည်။
ဒီအတောအတွင်း အရာရာဟာအပြောင်းအလဲတွေဖြစ်နေပေမယ့် မပြောင်းလဲတာဆိုလို့ Baekhyun တစ်ယောက်တည်းသာရှိသည်။သူကတော့ သူ့နေ့စဉ်ဘဝဖြစ်တဲ့ အိပ်ခြင်း စားခြင်း ကစားခြင်းအပေါ်မှာသာ အာရုံအပြည့်ရှိပြီး ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကို သတိမထားမိသလို နားလည်နိုင်ခြင်းလည်းရှိမနေပါ။စိတ်မကောင်းစရာအခြေအနေတွေကို Baekhyun နားလည်အောင်လည်းရှင်းပြကြလိမ့်မည်မဟုတ်။
Chanyeol ကတော့ အလုပ်ရော ဆေးရုံရောကို မပြတ်မကွက်သွားလာနေရပေမယ့် တစ်ဖက်မှာလည်း Baekhyun အပေါ်တာဝန်လစ်ဟင်းခြင်းမရှိခဲ့ပါ။အထီးကျန်ခြင်း အားငယ်ခြင်း ဝမ်းနည်းခြင်း စသဖြင့် ဘယ်လိုမကောင်းတဲ့ခံစားမှုမျိုးကိုမှ မခံစားရအောင် နွေးထွေးလုံခြုံမှုအပြည့်ပေးသည်။သူ့ရဲ့အိပ်ချိန်စားချိန်တွေမမှန်ပေမယ့် Baekhyun ကိုတော့ဖြင့် ဘာတစ်ခုမှအမှားအယွင်းမရှိရလေအောင် ဂရုစိုက်ပေးပါသည်။
:
"ဖေ ဟင့်! ဖေဖေ အီးးဟီးး"
မှေးခနဲအိပ်ပျော်သွားတဲ့ခဏမှာ Chanyeol နားထဲငိုသံလိုလိုကြားလိုက်ရတာမို့ ဆတ်ခနဲနိုးသွားရသည်။
"အီးးဟီးး ဖေ..လာခေါ်.."
"ဟင် Hyunလေး!"
ငိုသံဟာ သူ့ဘေးနားမှာအိပ်နေတဲ့ Hyunလေးဆီကဖြစ်ပြီး ရှိုက်ကြီးတငင်ငိုကာ အိမ်မက်ယောင်နေတာဖြစ်သည်။
"Hyunလေး ကလေးလေး ကိုကိုရှိတယ်လေ၊ ကိုကိုရှိတယ်နော် ကလေး အင်းး ကျွတ် ကျွတ်"
"ဟင့်! အီးးဟီးး"
မျက်လုံးလေးစုံမှိတ်ပြီး မျက်ရည်တွေစီးကျနေသူလေးက Chanyeol ရဲ့ချော့မြူသံတွေကိုလည်းကြားမည့်ပုံမပေါ်ပါ။
"ဖေဖေ ခေါ်ပါ ဟင့်!"
လက်ကလေးနှစ်ဖက်ဆန့်တန်းပေးလာတာမို့ Chanyeol ထိုလက်ကလေးတွေကို သူ့လည်တိုင်မှာချိတ်စေလိုက်ပြီး Hyunလေးကို ခါးလေးကနေမထူကာ သူ့ရင်ခွင်ထဲထည့်ပွေ့ထားလိုက်သည်။ထိုအချိန်ထိ ကလေးလေးဟာ အိပ်နေရာမှနိုးမလာသေးဘဲ ရှိုက်ငိုနေစဲပင်။
"အင်း အင်း ကိုကို့Hyunလေး ကိုကိုရှိတယ်လေ၊ မငိုရဘူးနော်၊ တိတ် တိတ် ကိုကိုရှိတာပေါ့၊ ကိုကိုခေါ်မယ်နော် ကလေးကို ကိုကိုခေါ်မယ်"
"ဟင့်! ဟင့်!"
"ကလေးက အိမ်မက်ဆိုးတွေမက်နေတာလား၊ ကိုကိုရှိတယ်နော်၊ ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး ကိုကို Hyunလေးအနားမှာ အမြဲရှိနေပါတယ်ကွာ၊ ကိုကို့ကလေးလေးအနားကနေ ဘယ်မှမသွားဘူးနော်"
"ဟင့်! ဖေဖေ..."
"ကိုကို သီချင်းဆိုပြမယ်၊ ကိုကို့သီချင်းသံက Hyunလေးရဲ့အိမ်မက်ထဲထိရောက်လာပြီးတော့ အိမ်မက်ဆိုးတွေကိုတိုက်ထုတ်ပေးလိမ့်မယ်နော်"
ရင်ခွင်ထဲက Hyunလေးရဲ့ခေါင်းလုံးလုံးလေးကို နမ်းရှိုက်လိုက်ပြီးတော့မှ ခန္ဓာကိုယ်ကိုဟိုဒီယိမ်းရင်း သီချင်းတစ်ပုဒ်အား Chanyeol ဆိုညည်းလိုက်သည်။
.....ကိုယ်တစ်နေ့မှာ အလင်းရောင်ကိုရှာတွေ့ခဲ့တယ်...အဲ့ဒီအလင်းရောင်က မျက်လုံးတွေကျိန်းလောက်တဲ့အထိ တောက်ပစွာနဲ့ကိုယ့်ဆီရောက်လာပြီး ကိုယ့်နာမည်ကိုခေါ်လိုက်တာကို သတိရမိတယ်......
.......ညတိုင်း အိပ်မပျော်နိုင်တဲ့အချိန်တွေတိုင်း များပြားလွန်းတဲ့အတွေးပေါင်းများစွာနဲ့ ရှုပ်ထွေးနေပြီး အဆုံးမရှိတဲ့ ကိုယ့်ကိုဝါးမြိုနေတဲ့ အာရုဏ်တက်အချိန်လေးက ဝေးကွာသွားခဲ့ပါပြီ......
.......ဒါပြီးရင်ရော ဘာများဖြစ်နိုင်မလဲ......အခုလိုမျိုးအတိုင်း တူနိုင်ပါဦးမလား......လှိုဏ်ဂူထဲမှာ လမ်းလျှောက်နေရသလိုမျိုးပေါ့ စိုရိမ်မှုတွေများနေတယ်.......Maybe then tomorrow,tomorrow, I'll wait you....ကိုယ့်ကိုဖြေပေးပါ.....ကိုယ့်အပေါ်တောက်ပပေးပါ......
........Maybe then tomorrow,tomorrow tomorrow........
.........ဟိုးအရင်ချိန် အလင်းရောင်ကို ကိုယ်မတွေ့ခင်တုန်းက မနက်ခင်းတိုင်းကို အရမ်းကြောက်လန့်နေခဲ့မိတယ်......နောင်တတွေ စိုးရိမ်မှုတွေနဲ့ပြည့်နှက်နေတဲ့ ညတာကရှည်လျားလွန်းခဲ့တယ်......
..........လောကကြီးမှာ အရာအားလုံးကတကယ်ကိုပဲ အစနဲ့အဆုံးဆိုတာ ရှိနေတာလား......စိုးရိမ်ပူပန်မှုတွေရဲ့ အဆုံးမှာတော့ အမြဲတမ်း မေးခွန်းတွေပဲ ကျန်နေခဲ့တယ်......
..........ဒါပြီးသွားရင် ဘာများဖြစ်နိုင်မလဲ.....နည်းနည်းများကွာခြားသွားမလား......ကိုယ်ဖန်တီးနေခဲ့တဲ့အတိုင်း တစ်ပုံစံတိုင်းတူညီနေမလား.......Maybe then tomorrow, tomorrow, I'll wait you......ကိုယ့်ကိုဖြေပေးပါ.....ကိုယ့်အပေါ်တောက်ပပေးပါ......Maybe then tomorrow.........
သီချင်းပြီးသွားတော့ ရင်ခွင်ထဲက Hyunလေးရဲ့ ငိုရှိုက်သံတွေလည်းတိတ်ဆိတ်သွားပြီး ပြန်လည်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီဖြစ်သည်။
ပွေ့ပိုက်ထားတဲ့ ကိုယ်လုံးလေးကို မွေ့ရာပေါ်နေရာတကျပြန်ချပေးလိုက်သည်။ထို့နောက် ရှင်းရှင်းလင်းလင်းမြင်နေရတဲ့မျက်နှာနုနုကိုငေးမောကြည့်ရင်း အခါခါချမိတဲ့သက်ပြင်းတွေဟာ Chanyeol ကိုအသက်တိုစေလိမ့်မလား။ဒီလိုဆိုရင်တော့မဖြစ်ပေ။သူမရှိတဲ့ လောကကြီးထဲမှာ Hyunလေးကို ဘယ်လိုစိတ်ချနိုင်ရပါ့မလဲလေ။
"ဖေဖေ့ကို အိမ်မက်မက်လို့လား Hyunလေး၊ ဖေဖေက အပြင်မှာတော့ Hyunလေးနဲ့မတွေ့ဘူးငြင်းပြီး အိမ်မက်ထဲမှာတော့ လာတွေ့တယ်ပေါ့၊ Hyunလေးကိုငိုအောင်လုပ်ပေမယ့် ဖေဖေ့ကိုစိတ်မဆိုးဘူးမလား၊ စိတ်မဆိုးပါနဲ့ကလေးလေးရယ်၊ Hyunလေးဖေဖေက Hyunလေးကိုအရမ်းချစ်တာပါ"
အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်နေတဲ့ Hyunလေးရဲ့နှဖူးပြင်လေးကို ကိုယ်လုံးအသာကြွကာ Chanyeol နမ်းရှိုက်လိုက်သည်။နှဖူးလေးပြီးတော့ နှာခေါင်းလေး၊ နှာခေါင်းလေးပြီးတော့ ပါးဖောင်းဖောင်းလေးနှစ်ဖက်၊ နောက်ဆုံး နှုတ်ခမ်းပါးလေးပေါ်ကမှဲ့နက်လေးကို နမ်းရှိုက်ပြီးမှသာ သူ့ရဲ့ဆန္ဒတွေကိုအတောသတ်လိုက်ပါသည်။
ထို့နောက်မှာတော့ Hyunလေးရဲ့ကိုယ်လုံးနွေးနွေးလေးကို ရင်ခွင်ထဲထည့်ကာပွေ့ဖက်လိုက်ရင်း သူလည်းပဲအိပ်ပျော်အောင်ကြိုးစားလိုက်တော့သည်။
.................................................................................
Chanyeol နှင့် ဥက္ကဌ Park တို့က ဆေးရုံကို အလှည့်ကျဖြင့် မနက်ပိုင်းသွားပြီး ညပိုင်းမှာတော့ male nurse တစ်ယောက်ငှါးပေးထားသည်။
ဒီနေ့မနက်ပိုင်း ဆေးရုံစောင့်အလှည့်ကျတာက Chanyeol ဖြစ်ပြီး ဥက္ကဌ Park ကကုမ္ပဏီကိုသွားရကာ Baekhyun ကတော့အိမ်မှာ အဒေါ်ကြီးတို့လင်မယားနှစ်ယောက်နဲ့ကျန်နေခဲ့သည်။
"အဖေ"
Chanyeol ရဲ့ခေါ်သံကြားတော့ ဆေးပိုက်ပေါင်းများစွာဖြင့် ခုတင်ပေါ်မှာလှဲနေတဲ့ ဥက္ကဌ Byun ကခေါင်းလေးစောင်းကာကြည့်လာသည်။
"ကျွန်တော်ရောက်ပါပြီ အဖေ"
ဥက္ကဌ Byun ဟာအစားကောင်းကောင်းမစားနိုင်တော့ဘဲ ဆေးတွေဖြင့်သာအသက်ဆက်နေရပေမယ့်လည်း Chanyeol ကတော့ဆေးရုံလာတိုင်း မုန့်တစ်မျိုးမဟုတ်တစ်မျိုးဝယ်ဝယ်လာပါသည်။
"သား.."
"ဟုတ်ကဲ့ ပြောလေ အဖေ"
ခေါ်သံတိုးတိုးကို တုန့်ပြန်လိုက်ပြီး ခုတင်ဘေးနားကခုံပေါ်မှာ Chanyeol ထိုင်လိုက်သည်။
"သားသားရော၊ အကုန်..အဆင်ပြေတယ်မလား"
"ပြေတာပေါ့ အဖေရ၊ ဘာမပြေစရာအကြောင်းရှိမလဲ၊ Hyunလေးရော ကျွန်တော်ရော အလုပ်တွေရော အကုန်အဆင်ပြေပြေရှိနေပါတယ်ဗျ"
ထိုအခါ ဥက္ကဌ Byun ကဖွဖွပြုံးသည်။ချောင်ကျသွားတဲ့မျက်နှာနှင့် ခေါင်းပေါ်ကသိုးမွှေးဦးထုပ်က မြင်ရသူအဖို့ တကယ်ကို စိတ်မချမ်းမြေ့စရာပင်။
"အဖေလည်း..မြန်မြန်ထွက်သွားချင်လှပြီ၊ မဟုတ်ရင် အဖေကြောင့်နဲ့ အလုပ်များ..."
"အဖေ ကျွန်တော်စိတ်မကောင်းဖြစ်အောင် အဲ့လိုပြောမှဖြစ်မှာလား၊ အလုပ်များရတာကဘာအရေးလဲ၊ အဖေနဲ့အခုလိုစကားပြောနေနိုင်သေးတာကပဲ ဆုလာဘ်တစ်ခုပါဗျာ၊ အဖေဘာမှလျှောက်မတွေးပါနဲ့၊ စိတ်သက်သက်သာသာနဲ့နေပါနော်"
"သား ရယ်..."
"အဖေ Hyunလေးကိုတွေ့ချင်လား၊ တွေ့ချင်ရင် ကျွန်တော်ခေါ်လာပေးမယ်လေ၊ ခေါ်လာပေးရမလား အဖေ"
ဒီတစ်ခါတော့ အရင်လိုခေါင်းခါမငြင်းတော့ဘဲ တွေတွေငေးငေးဖြစ်သွားသည်။တစ်ဦးတည်းသောရင်နှစ်သည်းခြာလေးကို နောက်ဆုံးအကြိမ်ပဲဖြစ်ဖြစ် ဥက္ကဌ Byun တွေ့ချင်လိမ့်မယ်လို့ Chanyeol ထင်သည်။
"တွေ့လို့ သားသားက..မေးလာခဲ့ရင်..ဘယ်လို..ဖြေကြမလဲ သား"
"အဲ့ခါကျ ကျွန်တော်ကြည့်ဖြေပါ့မယ် အဖေ၊ အဖေက ထူထူထောင်ထောင်နဲ့ Hyunလေးကိုတွေ့ဖို့ကြိုးစားပါနော်၊ Hyunလေးက အဖေ့ကိုသတိရနေတာ ကျွန်တော်သိတယ်ဗျ"
"အင်းပါ..သား အဆင်ပြေသလို..ကြည့် စီစဉ်ပေးပါဦး"
"ဟုတ်ကဲ့၊ ကျွန်တော့်ကိုယုံပါ အဖေ၊ အကုန်အဆင်ပြေစေရပါမယ်"
ဥက္ကဌ Byun နဲ့စကားအပြန်အလှန်ပြောနေတုန်းမှာပဲ ဆရာဝန်ကြီးရောက်လာပြီး ထုံးစံအတိုင်း စစ်ဆေးမှုတွေလုပ်သည်။ဆေးရုံတက်ရပြီဆိုကတည်းက ဘယ်သောအခါမှကောင်းမွန်တဲ့ ဆေးစစ်ချက်တွေထွက်မလာပေမယ့်လည်း Chanyeol မျှော်လင့်မိနေတုန်းပင်။ဥက္ကဌ Byun ရဲ့ရောဂါသာ သက်သာလာမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ Chanyeol လုပ်ပေးဖို့အဆင်သင့်ဖြစ်သည်။
ဥက္ကဌ Byun ကိုအဖေအရင်းတစ်ယောက်လိုခင်တွယ်မိသလို Hyunလေးကိုလည်း ဘယ်လိုဝမ်းနည်းနာကျင်မှုမျိုးမှ မခံစားစေချင်တာအမှန်ပါ။
.................................................................................
နေ့စဉ်မပြတ် အခါခါလှမ်းကြည့်နေရတဲ့ ခြံကြီးထဲကို နောက်ဆုံးတော့ Minjun ရောက်လာခဲ့ပြီဖြစ်သည်။
"သူဌေးတို့သားအဖတော့ ပြန်မလာသေးဘူးသားရဲ့၊ အဒေါ့်ကိုပေးခဲ့ရင် အဒေါ်ပေးပေးမယ်လေ"
"ဟုတ်ကဲ့ အဒေါ်၊ ပေးပေးပါဗျ"
လက်ထဲက ကတ္ထီပါစအဝါဖြင့် ထုတ်ပိုးထားတဲ့မုန့်ဘူးအား အိမ်အကူအဒေါ်ကြီးရဲ့လက်ထဲကို Minjun လွှဲပေးလိုက်သည်။မုန့်ဘူးကိုအကြောင်းပြုပြီးလာတာဆိုတော့ မုန့်ဘူးပေးပြီးတဲ့အခါ ဆက်နေဖို့အကြောင်းပြချက်ပေးရန် တွေးရပြန်သည်။
ဒန်းအနားမှာထိုင်ဆော့နေသူကလည်း Minjun ကိုစိတ်ဝင်တစားဖြင့် လှမ်းကြည့်နေပါသည်။
"ဘာကိစ္စများရှိသေးလို့လဲကွဲ့"
"အာ အဲ့ဒါက..."
တီ တီ တီ
ရုတ်တရပ် ကားဟွန်းတီးသံကြောင့် Minjun ခေါင်းပူသွားရသလို အနားကအဒေါ်ကြီးကလည်း ခြံတံခါးကိုပြေးဖွင့်ပေးသည်။ခြံထဲဝင်လာတဲ့ကားက သူထင်နေတဲ့ကားမဟုတ်လို့ တော်ပါသေးသည်။
"ဘယ်သူရောက်နေတာလဲ အဒေါ်ကြီး"
ဥက္ကဌ Park က Minjun အနားမှာကားကိုခဏရပ်လိုက်ပြီး ကားမှန်ချကာမေးလာတာဖြစ်သည်။
"ဟိုဘက်ခြံကတဲ့ သူဌေး၊ နှစ်သစ်ကူးမို့ ရိုးရာမုန့်တွေလာပို့တာပါတဲ့"
"ဪ...J group နဲ့ဘာတော်လဲ"
"သားပါ ဦးလေး၊ အဖေတို့က မုန့်ပို့ခိုင်းလို့လာပို့တာပါဗျ"
Minjun ဖြေလိုက်တော့ ဥက္ကဌ Park ကခေါင်းတညိမ့်ညိမ့်လုပ်သည်။
"အေး အေး၊ အဖေတို့ကို ကျေးဇူးတင်တယ်လို့ပြောပေးပါဦး၊ အိမ်ထဲဝင်ပါဦးလားကွ၊ တစ်ခုခုကျွေးရအောင်"
"မဝင်တော့ပါဘူး ဦးလေး၊ အဲ့ဒီအစား ကျွန်တော် ဟိုကောင်လေးနဲ့ စကားခဏလောက်ပြောလို့ရမလား"
Minjun က Baekhyun ကိုလက်ညှိုးထိုးပြရင်း ပြောလိုက်တာမို့ ဥက္ကဌ Park ကစဉ်းစားသွားဟန်ရှိသည်။
"ကောင်လေးက Baekhyun လေးနဲ့သိလို့လား"
"ကျွန်တော် ဟိုဘက်ခြံကနေတော့ သူ့ကိုတွေ့တိုင်းစကားလှမ်းပြောဖြစ်ပါတယ်၊ သူကသာဘာမှပြန်မပြောပေမယ့်ပေါ့"
"အာ Baekhyun က...."
"စကားဖြတ်ပြောရတာအားနာပေမယ့် ကျွန်တော်သိတယ် ဦးလေး၊ အဖေတို့ဆီကကြားထားတာကြာပါပြီ၊ ကျွန်တော်က သူနဲ့စကားပြောကြည့်ချင်လို့ပါ၊ ခင်ချင်တာလည်းပါတာပေါ့"
တက်ကြွနေဟန်ရှိတဲ့ Minjun ကြောင့် ဥက္ကဌ Park လည်းလက်ခံလိုက်တော့သည်။
"ဒီလိုဆို Baekhyun လေးတော့ သူငယ်ချင်းရတော့မယ်ထင်တယ်၊ အေး အေး သွားပြောလေ၊ ဒါဆို ဦးလေး အိမ်ထဲဝင်တော့မယ်"
"ဟုတ်ကဲ့ ဦးလေး၊ ကောင်းကောင်းနားပါဗျ"
ဥက္ကဌ Park ရဲ့ကားမောင်းထွက်သွားတော့မှ Minjun တစ်ယောက် ခပ်ပြုံးပြုံးဖြင့် ဒန်းအနားကိုတိုးကပ်သွားလိုက်သည်။
"အဒေါ်လည်း ညစာအတွက်ပြင်လိုက်ဦးမယ်၊ တစ်ခုခုဆို ဟိုနားမှာ အဒေါ့်ယောကျ်ားရှိတယ်နော် ကောင်လေး"
"ကောင်းပါပြီ"
နောက်ဆုံးတော့ ထိုင်ဆော့နေတဲ့ Baekhyun အနားမှာ Minjun တစ်ယောက်တည်းကျန်ခဲ့ပြီး ခပ်လှမ်းလှမ်းက အပင်တွေရေလောင်းနေတဲ့ ဦးလေးကြီးကလည်း သူ့အာရုံနဲ့သူရှိနေသည်။
"Hi"
Minjun လက်ဖဝါးတစ်ဖက်ထောင်ပြကာနှုတ်ဆတ်လိုက်တော့ မော့ကြည့်နေတဲ့ Baekhyun ရဲ့ခေါင်းလေးငုံ့သွားပြီး လက်ထဲကအရုပ်ကလေးတွေကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။Baekhyun ရဲ့ဘေးမှာ Minjun ထိုင်ချလိုက်သည်။
"ကိုယ့်နာမည်က Minjun ပါ Lee Minjun ၊ Baekhyun နာမည်ကိုတော့ ကိုယ်သိတာကြာပေါ့၊ ကိုယ်နဲ့မင်းနဲ့က အသက်နှစ်နှစ်လောက်ပဲကွာတယ်၊ မင်းထက် ကိုယ်ကနှစ်နှစ်ကြီးတယ်၊ ဒါပေမယ့်လည်း မင်းသာစိတ်ရှိမယ်ဆိုရင် သူငယ်ချင်းပေါင်းပေါင်းလို့ရပါတယ်"
"................."
"အာ မင်းရဲ့ကိုကိုလောက် ကိုယ်ကအသက်မကြီးသေးတော့ ရွယ်တူလိုပေါင်းကြမယ်လေ၊ ကိုယ်နဲ့မင်း မဟုတ်ဘဲ ငါနဲ့မင်းဆို ပိုကောင်းမလား၊ ဟုတ်တယ် အဲ့ဒါက ပိုရင်းနှီးစေမယ်လို့ထင်တယ်နော်"
"ကိုကို ရော"
"ဟင်"
Minjun စကားတွေအများကြီးပြောသွားပေမယ့် Baekhyun ကတော့ ကိုကိုဆိုတာပဲကွက်ကြားသွားတယ် ထင်သည်။Minjun ခေါင်းတခါခါဖြင့် ပြုံးမိသည်။
"မင်းရဲ့ ကိုကိုလား၊ မျက်နှာထားတင်းတင်း၊ အရပ်ရှည်သလောက်စိတ်ကမရှည်၊ အသက်က၃၀မပြည့်သေးဘူး အဘိုးကြီးဆိုဒ်နဲ့၊ အလုပ်ကလည်း သမ္မတထက်တောင်များသေးတယ်၊ သူက အခုအလုပ်ကပြန်မလာသေးဘူးလေ"
သူ့ကိုကိုအကြောင်းပြောနေတဲ့ Minjun ကို Baekhyun ကမျက်လုံးအဝိုင်းသားလေးဖြင့် မော့ကြည့်နေသည်။
"ငါနဲ့ခင်လေ၊ မင်းကိုကိုထက်ပိုပြီး အများကြီးဂရုစိုက်ပေးမယ်၊ ဘယ်လိုလဲ သူငယ်ချင်းလုပ်ကြမလား"
"ကိုကို"
"သူငယ်ချင်းလုပ်ကြမလားလို့၊ အတူတူဆော့ကြမယ်လေ"
"တူတူလား"
"အင်း အင်း ဟုတ်တယ် အတူတူဆော့ကြမှာ၊ Baekhyun ဆော့ချင်တာမှန်သမျှငါလိုက်ဆော့ပေးမှာ၊ မင်းကိုကိုမရှိတဲ့အချိန်တွေမှာ ငါမင်းကိုဂရုစိုက်ပေးမှာ"
ထိုအခါ Baekhyun ကချက်ချင်းဆိုသလို အကြည့်လွှဲသွားပြီး သူ့အရုပ်လေးတွေသူပြန်ဆော့နေသည်။Minjun က Baekhyun လက်ခံတယ်ထင်ပြီး အရုပ်လေးတစ်ခုကိုကောက်ကိုင်လိုက်တယ်ဆိုရင်ပဲ
"အမ်း! ကိုင်နဲ့!"
"ဟင်"
"ကိုင်နဲ့! ငါ့..ဟာ"
လက်ထဲကအရုပ်ကို ယောင်ယမ်းပြီးပစ်ချမိသည်အထိ Baekhyun ရဲ့အော်သံကစူးပြီးကျယ်ပါသည်။
Baekhyun ရဲ့အော်သံကြားတဲ့အခါ အပင်ရေလောင်းနေတဲ့ဦးလေးကြီးလည်း ချက်ချင်းဆိုသလို သူတို့အနားပြေးလာသည်။
"ဘာဖြစ်လို့လဲ ကောင်လေး၊ ကလေးလေး ဘာဖြစ်လို့လဲ"
"ဟို..ကျွန်တော် သူ့အရုပ်ကိုကိုင်လိုက်လို့ဗျ"
"ဟေ ဟုတ်လား၊ ကလေးလေးက အရင်တုန်းက အဲ့လို ကပ်စီးမနည်းတက်ပါဘူးကွယ်"
ဦးလေးကြီးရဲ့စကားကို Minjun မချိပြုံးသာပြန်ပြုံးပြဖြစ်သည်။Baekhyun ကိုကြည့်လိုက်တော့လည်း ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲ သူ့ဘာသာသူတစ်ယောက်တည်းကစားနေပါသည်။
"ကောင်လေးနဲ့မရင်းနှီးသေးလို့ဖြစ်မယ်ကွဲ့၊ ကလေးလေးနဲ့ရင်းနှီးချင်ရင် နောက်လည်းမကြာမကြာလာဆော့ပေးပေါ့ကွယ်"
"အာ...ဟုတ်ကဲ့"
ဆက်ပြီးတော့ ရင်းနှီးဖို့ကြိုးစားချင်သေးပေမယ့်လည်း တစ်ယောက်သောသူပြန်လာမယ့်အချိန်နီးနေပြီမို့ ဒီနေ့တော့ ဒီလောက်နဲ့ပဲပြန်ဖို့ Minjun ဆုံးဖြတ်လိုက်သည်။
"ဒါဆို ကျွန်တော်ပြန်လိုက်ဦးမယ်၊ နောက်နေ့မှထပ်လာခဲ့မယ်"
"အေးပါကွယ် အေးပါ"
"Baekhyun"
Baekhyun ရဲ့ပုခုံးကိုလက်ညှိုးဖြင့်အသာထိကာ Minjun ခေါ်လိုက်တော့ မျက်လုံးလေးလှန်ကြည့်လာသည်။မျက်နှာကလည်း အနည်းငယ်ဆူပုတ်နေသယောင်။
"ငါပြန်တော့မယ်နော်၊ နောက်နေ့မှ မင်းနဲ့ဆော့ဖို့ပြန်လာခဲ့မယ်"
ဘာမှပြန်မဖြေလာတဲ့အခါ Minjun လည်း ဦးလေးကြီးကို ခေါင်းညိမ့်ပြပြီးသာလှည့်ထွက်လာခဲ့လိုက်သည်။
တီ တီ တီ
Minjun ခြံဝအနားရောက်တာနဲ့ ကားဟွန်းတီးသံကြားလိုက်ရပြီး ပြေးလာတဲ့ဦးလေးကြီးက တံခါးကိုအလျင်အမြန်ပဲဖွင့်ပေးလိုက်သည်။ခြံထဲကိုကားဝင်လာပြီးမှသာ Minjun လည်းကိုယ့်အိမ်ကိုယ် သွက်သွက်လေး ပြန်လာခဲ့လိုက်တော့သည်။ထိုလူ့ကို မတွေ့စေချင်ပါဘူးဆိုကာမှ တွေ့ဖြစ်အောင်တွေ့သွားတော့လည်း စိတ်ရှုပ်ရတာပေါ့။
ကားပေါ်ကဆင်းဆင်းချင်းပဲ သူ့ကိုပြေးဖက်လာတဲ့ Hyunလေးကို ပြန်လည်ဖက်တွယ်ရင်း ခြံအပြင်ဘက်ကို Chanyeol မျက်မှောင်ကုပ်ကြည့်ဖြစ်သည်။
"ခုနကဘယ်သူလဲ ဦးကြီး၊ အိမ်ကိုဘာလာလုပ်တာလဲ"
"အဲ့ဒါ တစ်ဖက်ခြံကကွဲ့၊ နှစ်သစ်ကူးအတွက် ရိုးရာမုန့်တွေလာပေးတာပါ၊ နောက်ပြီးတော့ Hyunလေးနဲ့ရင်းနှီးချင်တယ်ဆိုပြီးစကားပြောနေတာ"
"ဟာဗျာ ရှုပ်ရှုပ်ယှက်ယှက်တွေ၊ ဘယ်လိုဖြစ်လို့ သူစိမ်းတစ်ယောက်ကို Hyunလေးအနားမှာထားရတာလဲ"
"ဟို..အဲ့ဒါ သူဌေးက ခွင့်ပြု.."
"အဖေကတော့ဗျာ"
Hyunလေးကို Chanyeol ဆွေ့ခနဲကောက်ချီလိုက်ပြီး အိမ်ထဲကိုဝင်သွားလိုက်သည်။
:
"ဪ တစ်ဖက်က Baekhyunလေးနဲ့ ခင်မင်ချင်တယ်ဆိုလို့ပါကွာ၊ Baekhyunလေးလည်း သူငယ်ချင်းတစ်ယောက်ရတာပေါ့"
"ဒါပေမယ့်လည်း...."
"သားရယ် ကလေးကို အပေါင်းအသင်းတော့ လိုက်မကန့်သတ်နဲ့လေကွာ၊ ဆော့ဖော်ဆော့ဖက်ရှိတော့ကောင်းတာပေါ့"
"Hyunလေးအကြောင်းလည်း အဖေသိရက်နဲ့ဗျာ၊ ကျွန်တော်တို့ကလွဲ ဘယ်သူနဲ့များ စိတ်ချရမှာမို့လို့လဲ၊ တစ်ဖက်ကလူက Hyunလေးကို ဘယ်အတိုင်းအတာထိသည်းခံနိုင်မှာမို့လို့လဲ၊ Hyunလေးသာ တစ်ခုခုဖြစ်ရင် ကျွန်တော်နဲ့အကုန်ပြဿနာတက်မှာနော်၊ အဲ့ဒါကြောင့် ပြဿနာမဖြစ်စေချင်ရင် ဘယ်သူစိမ်းနဲ့မှ Hyunလေးကိုမပတ်သတ်ခိုင်းပါနဲ့၊ ကျွန်တော် အကုန်လုံးကို ဒါပဲမှာချင်တယ်"
Baekhyun ကိုချီပြီး အပေါ်ထပ်ကို ခြေလှမ်းကျဲတွေဖြင့် တက်သွားသည့် သားဖြစ်သူကြောင့် ဥက္ကဌ Park လည်းခေါင်းတခါခါဖြင့်သာကျန်ခဲ့တော့သည်။
:
ထိုနေ့ညက အပေါ်ထပ်အခန်းထဲမှာတော့ Baekhyun တစ်ယောက် သူ့ကိုကိုရဲ့ဆုံးမစကားအရှည်ကြီးကို မျက်လုံးလေးကလယ်လယ်ဖြင့် နားထောင်လိုက်ရပါသည်။
"ဘယ်သူစိမ်းမှ အနားကပ်တာမခံနဲ့နော်၊ စကားလာပြောရင်လည်း အော်ထုတ်လိုက်၊ ကိုကိုကလွဲလို့ ဘယ်သူ့ကိုမှ ပိုမခင်ရဘူး၊ ဘယ်သူ့ကိုမှ မတွယ်တာရဘူး၊ ဘယ်သူနဲ့မှလည်း စကားတွေအများကြီးမပြောရဘူး၊ ကိုကိုမရှိတဲ့အချိန် ဆော့ရင်လည်း ဦးဦးတို့ ဒေါ်ဒေါ်တို့နဲ့ပဲဆော့၊ ဘယ်သူစိမ်းမှအသားလာထိတာလက်မခံနဲ့၊ ကိုကိုကလွဲလို့ ဘယ်သူ့ကိုမှလည်း အများကြီးအပြုံးပြရဘူး၊ ကိုကိုကလွဲလို့....၊ကိုကိုကလွဲလို့......၊ကိုကိုကလွဲလို့.......၊ကိုကိုကလွဲလို့........"
.................................................................................
(ဆက်ရန်)
(၁၄.၆.၂၀၂၃)
မပေါက်တဲ့ Album GAတွေရှဲနေလို့ စောစောတင်မယ့်ဟာကို နောက်ကျသွားတယ်🥹
Happy 614 CHANBAEK Day🥳🥰🫶🏻
ဒီလူသားလေးနှစ်ယောက်အပေါ် အများကြီးအများကြီးယုံကြည်ရင်း ရှေ့ဆက် အချိန်တွေကုန်ဆုံးကြတာပေါ့🤍❤️💙💛🫶🏻
(Zawgyi)
အခုဆိုရင္ Byun group ႏွင့္ Park group ဟာရွယ္ယာရွင္အဆင့္ဆက္ဆံေရးမ်ိဳးမဟုတ္ေတာ့ဘဲ ပူးေပါင္းလိုက္ၿပီျဖစ္သည္။Byun group ႏွင့္ Park group ပူးေပါင္းထားျခင္းကို PB group ဟူ၍သတ္မွတ္လိုက္ၾကသည္။ကိုယ္စီတိုးတက္ေအာင္ျမင္ေနၿပီးသား group ေတြျဖစ္တာေၾကာင့္ အခုလိုပူးေပါင္းလိုက္တဲ့အခါ နိုင္ငံရဲ့ တတိယေျမာက္အႀကီးမားဆုံး group ျဖစ္လာခဲ့သည္။
PB group မွာ Chanyeol ဟာ group ႏွစ္ခုမွရရွိထားေသာ ရွယ္ယာေတြေၾကာင့္ ဥကၠဌျဖစ္ၿပီး လက္ရွိ Park group ရဲ့ဥကၠဌဟာ ဒုဥကၠဌျဖစ္သြားကာ Byun group ရဲ့သား Byun Baekhyun ကေတာ့ တတိယရွယ္ယာအမ်ားဆုံးျဖစ္သည္။(AN/ Chanyeol ကသူ႔အေဖဆီကေရာ ဥကၠဌ Byun ဆီကပါရွယ္ယာေတြရထားတာမို႔ ႏွစ္ခုပူးေပါင္းလိုက္တဲ့ PB group မွာရွယ္ယာမ်ားၿပီး ဥကၠဌ ျဖစ္တာပါ)
ဥကၠဌ Byun ဟာသူပိုင္ဆိုင္သမၽွအရာေတြအားလုံးကို ခြဲျခမ္းေပးၿပီးေနာက္ တစ္စတစ္စျပင္းထန္လာတဲ့ ေရာဂါအေျခအေနေၾကာင့္ ေဆး႐ုံမွာသာေနရေတာ့သည္။ဥကၠဌ Byun ေဆး႐ုံမွာရွိေနစဥ္အေတာအတြင္း ကုန္က်စရိတ္အားလုံးကို Chanyeol ကသာတာဝန္ယူေပးၿပီး Baekhyun ရဲ့ပိုင္ဆိုင္မွုအား စိုးစဥ္းမၽွမေလ်ာ့ပါးေစပါ။
မ်ားျပားလာတဲ့အလုပ္ေတြႏွင့္ မ်ားျပားလာတဲ့တာဝန္ေတြေၾကာင့္ ဥကၠဌ Park လည္းတစ္ပတ္မွာေလးရက္ေလာက္ ကုမၸဏီကိုအသြားအလာလုပ္ေနရသည္။က်န္တဲ့ရက္ေတြမွာလည္း Chanyeol ႏွင့္အလွည့္က်ေဆး႐ုံကိုလာေပးၿပီး သူငယ္ခ်င္းျဖစ္သူကိုဂ႐ုစိုက္ေပးသည္။အတၱသမားပီပီ နိုင္ငံရဲ့တတိယေျမာက္အႀကီးဆုံး group ကိုပိုင္ဆိုင္ထားရၿပီမို႔ ေပ်ာ္ရႊင္ေနပါေသာ္လည္း တစ္ဖက္မွာသူငယ္ခ်င္းျဖစ္သူက အသည္းအသန္အေျခအေနမို႔ စိတ္ေျဖာင့္လက္ေျဖာင့္ျဖင့္မေပ်ာ္နိုင္ျဖစ္ေနပါသည္။
ဒီအေတာအတြင္း အရာရာဟာအေျပာင္းအလဲေတြျဖစ္ေနေပမယ့္ မေျပာင္းလဲတာဆိုလို႔ Baekhyun တစ္ေယာက္တည္းသာရွိသည္။သူကေတာ့ သူ႔ေန႔စဥ္ဘဝျဖစ္တဲ့ အိပ္ျခင္း စားျခင္း ကစားျခင္းအေပၚမွာသာ အာ႐ုံအျပည့္ရွိၿပီး ပတ္ဝန္းက်င္မွာျဖစ္ပ်က္ေနတဲ့အရာေတြကို သတိမထားမိသလို နားလည္နိုင္ျခင္းလည္းရွိမေနပါ။စိတ္မေကာင္းစရာအေျခအေနေတြကို Baekhyun နားလည္ေအာင္လည္းရွင္းျပၾကလိမ့္မည္မဟုတ္။
Chanyeol ကေတာ့ အလုပ္ေရာ ေဆး႐ုံေရာကို မျပတ္မကြက္သြားလာေနရေပမယ့္ တစ္ဖက္မွာလည္း Baekhyun အေပၚတာဝန္လစ္ဟင္းျခင္းမရွိခဲ့ပါ။အထီးက်န္ျခင္း အားငယ္ျခင္း ဝမ္းနည္းျခင္း စသျဖင့္ ဘယ္လိုမေကာင္းတဲ့ခံစားမွုမ်ိဳးကိုမွ မခံစားရေအာင္ ေႏြးေထြးလုံျခဳံမွုအျပည့္ေပးသည္။သူ႔ရဲ့အိပ္ခ်ိန္စားခ်ိန္ေတြမမွန္ေပမယ့္ Baekhyun ကိုေတာ့ျဖင့္ ဘာတစ္ခုမွအမွားအယြင္းမရွိရေလေအာင္ ဂ႐ုစိုက္ေပးပါသည္။
:
"ေဖ ဟင့္! ေဖေဖ အီးးဟီးး"
ေမွးခနဲအိပ္ေပ်ာ္သြားတဲ့ခဏမွာ Chanyeol နားထဲငိုသံလိုလိုၾကားလိုက္ရတာမို႔ ဆတ္ခနဲနိုးသြားရသည္။
"အီးးဟီးး ေဖ..လာေခၚ.."
"ဟင္ Hyunေလး!"
ငိုသံဟာ သူ႔ေဘးနားမွာအိပ္ေနတဲ့ Hyunေလးဆီကျဖစ္ၿပီး ရွိုက္ႀကီးတငင္ငိုကာ အိမ္မက္ေယာင္ေနတာျဖစ္သည္။
"Hyunေလး ကေလးေလး ကိုကိုရွိတယ္ေလ၊ ကိုကိုရွိတယ္ေနာ္ ကေလး အင္းး ကၽြတ္ ကၽြတ္"
"ဟင့္! အီးးဟီးး"
မ်က္လုံးေလးစုံမွိတ္ၿပီး မ်က္ရည္ေတြစီးက်ေနသူေလးက Chanyeol ရဲ့ေခ်ာ့ျမဴသံေတြကိုလည္းၾကားမည့္ပုံမေပၚပါ။
"ေဖေဖ ေခၚပါ ဟင့္!"
လက္ကေလးႏွစ္ဖက္ဆန့္တန္းေပးလာတာမို႔ Chanyeol ထိုလက္ကေလးေတြကို သူ႔လည္တိုင္မွာခ်ိတ္ေစလိုက္ၿပီး Hyunေလးကို ခါးေလးကေနမထူကာ သူ႔ရင္ခြင္ထဲထည့္ေပြ႕ထားလိုက္သည္။ထိုအခ်ိန္ထိ ကေလးေလးဟာ အိပ္ေနရာမွနိုးမလာေသးဘဲ ရွိုက္ငိုေနစဲပင္။
"အင္း အင္း ကိုကို႔Hyunေလး ကိုကိုရွိတယ္ေလ၊ မငိုရဘူးေနာ္၊ တိတ္ တိတ္ ကိုကိုရွိတာေပါ့၊ ကိုကိုေခၚမယ္ေနာ္ ကေလးကို ကိုကိုေခၚမယ္"
"ဟင့္! ဟင့္!"
"ကေလးက အိမ္မက္ဆိုးေတြမက္ေနတာလား၊ ကိုကိုရွိတယ္ေနာ္၊ ဘာမွမျဖစ္ဘူး ဘာမွမျဖစ္ဘူး ကိုကို Hyunေလးအနားမွာ အျမဲရွိေနပါတယ္ကြာ၊ ကိုကို႔ကေလးေလးအနားကေန ဘယ္မွမသြားဘူးေနာ္"
"ဟင့္! ေဖေဖ..."
"ကိုကို သီခ်င္းဆိုျပမယ္၊ ကိုကို႔သီခ်င္းသံက Hyunေလးရဲ့အိမ္မက္ထဲထိေရာက္လာၿပီးေတာ့ အိမ္မက္ဆိုးေတြကိုတိုက္ထုတ္ေပးလိမ့္မယ္ေနာ္"
ရင္ခြင္ထဲက Hyunေလးရဲ့ေခါင္းလုံးလုံးေလးကို နမ္းရွိုက္လိုက္ၿပီးေတာ့မွ ခႏၶာကိုယ္ကိုဟိုဒီယိမ္းရင္း သီခ်င္းတစ္ပုဒ္အား Chanyeol ဆိုညည္းလိုက္သည္။
.....ကိုယ္တစ္ေန႔မွာ အလင္းေရာင္ကိုရွာေတြ႕ခဲ့တယ္...အဲ့ဒီအလင္းေရာင္က မ်က္လုံးေတြက်ိန္းေလာက္တဲ့အထိ ေတာက္ပစြာနဲ႔ကိုယ့္ဆီေရာက္လာၿပီး ကိုယ့္နာမည္ကိုေခၚလိုက္တာကို သတိရမိတယ္......
.......ညတိုင္း အိပ္မေပ်ာ္နိုင္တဲ့အခ်ိန္ေတြတိုင္း မ်ားျပားလြန္းတဲ့အေတြးေပါင္းမ်ားစြာနဲ႔ ရွုပ္ေထြးေနၿပီး အဆုံးမရွိတဲ့ ကိုယ့္ကိုဝါးၿမိဳေနတဲ့ အာ႐ုဏ္တက္အခ်ိန္ေလးက ေဝးကြာသြားခဲ့ပါၿပီ......
.......ဒါၿပီးရင္ေရာ ဘာမ်ားျဖစ္နိုင္မလဲ......အခုလိုမ်ိဳးအတိုင္း တူနိုင္ပါဦးမလား......လွိုဏ္ဂူထဲမွာ လမ္းေလၽွာက္ေနရသလိုမ်ိဳးေပါ့ စိုရိမ္မွုေတြမ်ားေနတယ္.......Maybe then tomorrow,tomorrow, I'll wait you....ကိုယ့္ကိုေျဖေပးပါ.....ကိုယ့္အေပၚေတာက္ပေပးပါ......
........Maybe then tomorrow,tomorrow tomorrow........
.........ဟိုးအရင္ခ်ိန္ အလင္းေရာင္ကို ကိုယ္မေတြ႕ခင္တုန္းက မနက္ခင္းတိုင္းကို အရမ္းေၾကာက္လန့္ေနခဲ့မိတယ္......ေနာင္တေတြ စိုးရိမ္မွုေတြနဲ႔ျပည့္ႏွက္ေနတဲ့ ညတာကရွည္လ်ားလြန္းခဲ့တယ္......
..........ေလာကႀကီးမွာ အရာအားလုံးကတကယ္ကိုပဲ အစနဲ႔အဆုံးဆိုတာ ရွိေနတာလား......စိုးရိမ္ပူပန္မွုေတြရဲ့ အဆုံးမွာေတာ့ အျမဲတမ္း ေမးခြန္းေတြပဲ က်န္ေနခဲ့တယ္......
..........ဒါၿပီးသြားရင္ ဘာမ်ားျဖစ္နိုင္မလဲ.....နည္းနည္းမ်ားကြာျခားသြားမလား......ကိုယ္ဖန္တီးေနခဲ့တဲ့အတိုင္း တစ္ပုံစံတိုင္းတူညီေနမလား.......Maybe then tomorrow, tomorrow, I'll wait you......ကိုယ့္ကိုေျဖေပးပါ.....ကိုယ့္အေပၚေတာက္ပေပးပါ......Maybe then tomorrow.........
သီခ်င္းၿပီးသြားေတာ့ ရင္ခြင္ထဲက Hyunေလးရဲ့ ငိုရွိုက္သံေတြလည္းတိတ္ဆိတ္သြားၿပီး ျပန္လည္ကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားၿပီျဖစ္သည္။
ေပြ႕ပိုက္ထားတဲ့ ကိုယ္လုံးေလးကို ေမြ႕ရာေပၚေနရာတက်ျပန္ခ်ေပးလိုက္သည္။ထို႔ေနာက္ ရွင္းရွင္းလင္းလင္းျမင္ေနရတဲ့မ်က္ႏွာႏုႏုကိုေငးေမာၾကည့္ရင္း အခါခါခ်မိတဲ့သက္ျပင္းေတြဟာ Chanyeol ကိုအသက္တိုေစလိမ့္မလား။ဒီလိုဆိုရင္ေတာ့မျဖစ္ေပ။သူမရွိတဲ့ ေလာကႀကီးထဲမွာ Hyunေလးကို ဘယ္လိုစိတ္ခ်နိုင္ရပါ့မလဲေလ။
"ေဖေဖ့ကို အိမ္မက္မက္လို႔လား Hyunေလး၊ ေဖေဖက အျပင္မွာေတာ့ Hyunေလးနဲ႔မေတြ႕ဘူးျငင္းၿပီး အိမ္မက္ထဲမွာေတာ့ လာေတြ႕တယ္ေပါ့၊ Hyunေလးကိုငိုေအာင္လုပ္ေပမယ့္ ေဖေဖ့ကိုစိတ္မဆိုးဘူးမလား၊ စိတ္မဆိုးပါနဲ႔ကေလးေလးရယ္၊ Hyunေလးေဖေဖက Hyunေလးကိုအရမ္းခ်စ္တာပါ"
အသက္ရွူသံမွန္မွန္ျဖင့္ အိပ္ေပ်ာ္ေနတဲ့ Hyunေလးရဲ့ႏွဖူးျပင္ေလးကို ကိုယ္လုံးအသာႂကြကာ Chanyeol နမ္းရွိုက္လိုက္သည္။ႏွဖူးေလးၿပီးေတာ့ ႏွာေခါင္းေလး၊ ႏွာေခါင္းေလးၿပီးေတာ့ ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္၊ ေနာက္ဆုံး ႏွုတ္ခမ္းပါးေလးေပၚကမွဲ႕နက္ေလးကို နမ္းရွိုက္ၿပီးမွသာ သူ႔ရဲ့ဆႏၵေတြကိုအေတာသတ္လိုက္ပါသည္။
ထို႔ေနာက္မွာေတာ့ Hyunေလးရဲ့ကိုယ္လုံးေႏြးေႏြးေလးကို ရင္ခြင္ထဲထည့္ကာေပြ႕ဖက္လိုက္ရင္း သူလည္းပဲအိပ္ေပ်ာ္ေအာင္ႀကိဳးစားလိုက္ေတာ့သည္။
.................................................................................
Chanyeol ႏွင့္ ဥကၠဌ Park တို႔က ေဆး႐ုံကို အလွည့္က်ျဖင့္ မနက္ပိုင္းသြားၿပီး ညပိုင္းမွာေတာ့ male nurse တစ္ေယာက္ငွါးေပးထားသည္။
ဒီေန႔မနက္ပိုင္း ေဆး႐ုံေစာင့္အလွည့္က်တာက Chanyeol ျဖစ္ၿပီး ဥကၠဌ Park ကကုမၸဏီကိုသြားရကာ Baekhyun ကေတာ့အိမ္မွာ အေဒၚႀကီးတို႔လင္မယားႏွစ္ေယာက္နဲ႔က်န္ေနခဲ့သည္။
"အေဖ"
Chanyeol ရဲ့ေခၚသံၾကားေတာ့ ေဆးပိုက္ေပါင္းမ်ားစြာျဖင့္ ခုတင္ေပၚမွာလွဲေနတဲ့ ဥကၠဌ Byun ကေခါင္းေလးေစာင္းကာၾကည့္လာသည္။
"ကၽြန္ေတာ္ေရာက္ပါၿပီ အေဖ"
ဥကၠဌ Byun ဟာအစားေကာင္းေကာင္းမစားနိုင္ေတာ့ဘဲ ေဆးေတြျဖင့္သာအသက္ဆက္ေနရေပမယ့္လည္း Chanyeol ကေတာ့ေဆး႐ုံလာတိုင္း မုန့္တစ္မ်ိဳးမဟုတ္တစ္မ်ိဳးဝယ္ဝယ္လာပါသည္။
"သား.."
"ဟုတ္ကဲ့ ေျပာေလ အေဖ"
ေခၚသံတိုးတိုးကို တုန့္ျပန္လိုက္ၿပီး ခုတင္ေဘးနားကခုံေပၚမွာ Chanyeol ထိုင္လိုက္သည္။
"သားသားေရာ၊ အကုန္..အဆင္ေျပတယ္မလား"
"ေျပတာေပါ့ အေဖရ၊ ဘာမေျပစရာအေၾကာင္းရွိမလဲ၊ Hyunေလးေရာ ကၽြန္ေတာ္ေရာ အလုပ္ေတြေရာ အကုန္အဆင္ေျပေျပရွိေနပါတယ္ဗ်"
ထိုအခါ ဥကၠဌ Byun ကဖြဖြျပဳံးသည္။ေခ်ာင္က်သြားတဲ့မ်က္ႏွာႏွင့္ ေခါင္းေပၚကသိုးေမႊးဦးထုပ္က ျမင္ရသူအဖို႔ တကယ္ကို စိတ္မခ်မ္းေျမ့စရာပင္။
"အေဖလည္း..ျမန္ျမန္ထြက္သြားခ်င္လွၿပီ၊ မဟုတ္ရင္ အေဖေၾကာင့္နဲ႔ အလုပ္မ်ား..."
"အေဖ ကၽြန္ေတာ္စိတ္မေကာင္းျဖစ္ေအာင္ အဲ့လိုေျပာမွျဖစ္မွာလား၊ အလုပ္မ်ားရတာကဘာအေရးလဲ၊ အေဖနဲ႔အခုလိုစကားေျပာေနနိုင္ေသးတာကပဲ ဆုလာဘ္တစ္ခုပါဗ်ာ၊ အေဖဘာမွေလၽွာက္မေတြးပါနဲ႔၊ စိတ္သက္သက္သာသာနဲ႔ေနပါေနာ္"
"သား ရယ္..."
"အေဖ Hyunေလးကိုေတြ႕ခ်င္လား၊ ေတြ႕ခ်င္ရင္ ကၽြန္ေတာ္ေခၚလာေပးမယ္ေလ၊ ေခၚလာေပးရမလား အေဖ"
ဒီတစ္ခါေတာ့ အရင္လိုေခါင္းခါမျငင္းေတာ့ဘဲ ေတြေတြေငးေငးျဖစ္သြားသည္။တစ္ဦးတည္းေသာရင္ႏွစ္သည္းျခာေလးကို ေနာက္ဆုံးအႀကိမ္ပဲျဖစ္ျဖစ္ ဥကၠဌ Byun ေတြ႕ခ်င္လိမ့္မယ္လို႔ Chanyeol ထင္သည္။
"ေတြ႕လို႔ သားသားက..ေမးလာခဲ့ရင္..ဘယ္လို..ေျဖၾကမလဲ သား"
"အဲ့ခါက် ကၽြန္ေတာ္ၾကည့္ေျဖပါ့မယ္ အေဖ၊ အေဖက ထူထူေထာင္ေထာင္နဲ႔ Hyunေလးကိုေတြ႕ဖို႔ႀကိဳးစားပါေနာ္၊ Hyunေလးက အေဖ့ကိုသတိရေနတာ ကၽြန္ေတာ္သိတယ္ဗ်"
"အင္းပါ..သား အဆင္ေျပသလို..ၾကည့္ စီစဥ္ေပးပါဦး"
"ဟုတ္ကဲ့၊ ကၽြန္ေတာ့္ကိုယုံပါ အေဖ၊ အကုန္အဆင္ေျပေစရပါမယ္"
ဥကၠဌ Byun နဲ႔စကားအျပန္အလွန္ေျပာေနတုန္းမွာပဲ ဆရာဝန္ႀကီးေရာက္လာၿပီး ထုံးစံအတိုင္း စစ္ေဆးမွုေတြလုပ္သည္။ေဆး႐ုံတက္ရၿပီဆိုကတည္းက ဘယ္ေသာအခါမွေကာင္းမြန္တဲ့ ေဆးစစ္ခ်က္ေတြထြက္မလာေပမယ့္လည္း Chanyeol ေမၽွာ္လင့္မိေနတုန္းပင္။ဥကၠဌ Byun ရဲ့ေရာဂါသာ သက္သာလာမယ္ဆိုရင္ ဘာပဲလုပ္ရလုပ္ရ Chanyeol လုပ္ေပးဖို႔အဆင္သင့္ျဖစ္သည္။
ဥကၠဌ Byun ကိုအေဖအရင္းတစ္ေယာက္လိုခင္တြယ္မိသလို Hyunေလးကိုလည္း ဘယ္လိုဝမ္းနည္းနာက်င္မွုမ်ိဳးမွ မခံစားေစခ်င္တာအမွန္ပါ။
.................................................................................
ေန႔စဥ္မျပတ္ အခါခါလွမ္းၾကည့္ေနရတဲ့ ၿခံႀကီးထဲကို ေနာက္ဆုံးေတာ့ Minjun ေရာက္လာခဲ့ၿပီျဖစ္သည္။
"သူေဌးတို႔သားအဖေတာ့ ျပန္မလာေသးဘူးသားရဲ့၊ အေဒၚ့ကိုေပးခဲ့ရင္ အေဒၚေပးေပးမယ္ေလ"
"ဟုတ္ကဲ့ အေဒၚ၊ ေပးေပးပါဗ်"
လက္ထဲက ကတၳီပါစအဝါျဖင့္ ထုတ္ပိုးထားတဲ့မုန့္ဘူးအား အိမ္အကူအေဒၚႀကီးရဲ့လက္ထဲကို Minjun လႊဲေပးလိုက္သည္။မုန့္ဘူးကိုအေၾကာင္းျပဳၿပီးလာတာဆိုေတာ့ မုန့္ဘူးေပးၿပီးတဲ့အခါ ဆက္ေနဖို႔အေၾကာင္းျပခ်က္ေပးရန္ ေတြးရျပန္သည္။
ဒန္းအနားမွာထိုင္ေဆာ့ေနသူကလည္း Minjun ကိုစိတ္ဝင္တစားျဖင့္ လွမ္းၾကည့္ေနပါသည္။
"ဘာကိစၥမ်ားရွိေသးလို႔လဲကြဲ႕"
"အာ အဲ့ဒါက..."
တီ တီ တီ
႐ုတ္တရပ္ ကားဟြန္းတီးသံေၾကာင့္ Minjun ေခါင္းပူသြားရသလို အနားကအေဒၚႀကီးကလည္း ၿခံတံခါးကိုေျပးဖြင့္ေပးသည္။ၿခံထဲဝင္လာတဲ့ကားက သူထင္ေနတဲ့ကားမဟုတ္လို႔ ေတာ္ပါေသးသည္။
"ဘယ္သူေရာက္ေနတာလဲ အေဒၚႀကီး"
ဥကၠဌ Park က Minjun အနားမွာကားကိုခဏရပ္လိုက္ၿပီး ကားမွန္ခ်ကာေမးလာတာျဖစ္သည္။
"ဟိုဘက္ၿခံကတဲ့ သူေဌး၊ ႏွစ္သစ္ကူးမို႔ ရိုးရာမုန့္ေတြလာပို႔တာပါတဲ့"
"ဪ...J group နဲ႔ဘာေတာ္လဲ"
"သားပါ ဦးေလး၊ အေဖတို႔က မုန့္ပို႔ခိုင္းလို႔လာပို႔တာပါဗ်"
Minjun ေျဖလိုက္ေတာ့ ဥကၠဌ Park ကေခါင္းတညိမ့္ညိမ့္လုပ္သည္။
"ေအး ေအး၊ အေဖတို႔ကို ေက်းဇူးတင္တယ္လို႔ေျပာေပးပါဦး၊ အိမ္ထဲဝင္ပါဦးလားကြ၊ တစ္ခုခုေကၽြးရေအာင္"
"မဝင္ေတာ့ပါဘူး ဦးေလး၊ အဲ့ဒီအစား ကၽြန္ေတာ္ ဟိုေကာင္ေလးနဲ႔ စကားခဏေလာက္ေျပာလို႔ရမလား"
Minjun က Baekhyun ကိုလက္ညႇိုးထိုးျပရင္း ေျပာလိုက္တာမို႔ ဥကၠဌ Park ကစဥ္းစားသြားဟန္ရွိသည္။
"ေကာင္ေလးက Baekhyun ေလးနဲ႔သိလို႔လား"
"ကၽြန္ေတာ္ ဟိုဘက္ၿခံကေနေတာ့ သူ႔ကိုေတြ႕တိုင္းစကားလွမ္းေျပာျဖစ္ပါတယ္၊ သူကသာဘာမွျပန္မေျပာေပမယ့္ေပါ့"
"အာ Baekhyun က...."
"စကားျဖတ္ေျပာရတာအားနာေပမယ့္ ကၽြန္ေတာ္သိတယ္ ဦးေလး၊ အေဖတို႔ဆီကၾကားထားတာၾကာပါၿပီ၊ ကၽြန္ေတာ္က သူနဲ႔စကားေျပာၾကည့္ခ်င္လို႔ပါ၊ ခင္ခ်င္တာလည္းပါတာေပါ့"
တက္ႂကြေနဟန္ရွိတဲ့ Minjun ေၾကာင့္ ဥကၠဌ Park လည္းလက္ခံလိုက္ေတာ့သည္။
"ဒီလိုဆို Baekhyun ေလးေတာ့ သူငယ္ခ်င္းရေတာ့မယ္ထင္တယ္၊ ေအး ေအး သြားေျပာေလ၊ ဒါဆို ဦးေလး အိမ္ထဲဝင္ေတာ့မယ္"
"ဟုတ္ကဲ့ ဦးေလး၊ ေကာင္းေကာင္းနားပါဗ်"
ဥကၠဌ Park ရဲ့ကားေမာင္းထြက္သြားေတာ့မွ Minjun တစ္ေယာက္ ခပ္ျပဳံးျပဳံးျဖင့္ ဒန္းအနားကိုတိုးကပ္သြားလိုက္သည္။
"အေဒၚလည္း ညစာအတြက္ျပင္လိုက္ဦးမယ္၊ တစ္ခုခုဆို ဟိုနားမွာ အေဒၚ့ေယာက်္ားရွိတယ္ေနာ္ ေကာင္ေလး"
"ေကာင္းပါၿပီ"
ေနာက္ဆုံးေတာ့ ထိုင္ေဆာ့ေနတဲ့ Baekhyun အနားမွာ Minjun တစ္ေယာက္တည္းက်န္ခဲ့ၿပီး ခပ္လွမ္းလွမ္းက အပင္ေတြေရေလာင္းေနတဲ့ ဦးေလးႀကီးကလည္း သူ႔အာ႐ုံနဲ႔သူရွိေနသည္။
"Hi"
Minjun လက္ဖဝါးတစ္ဖက္ေထာင္ျပကာႏွုတ္ဆတ္လိုက္ေတာ့ ေမာ့ၾကည့္ေနတဲ့ Baekhyun ရဲ့ေခါင္းေလးငုံ႔သြားၿပီး လက္ထဲကအ႐ုပ္ကေလးေတြကို ခပ္တင္းတင္းဆုပ္ကိုင္ထားသည္။Baekhyun ရဲ့ေဘးမွာ Minjun ထိုင္ခ်လိုက္သည္။
"ကိုယ့္နာမည္က Minjun ပါ Lee Minjun ၊ Baekhyun နာမည္ကိုေတာ့ ကိုယ္သိတာၾကာေပါ့၊ ကိုယ္နဲ႔မင္းနဲ႔က အသက္ႏွစ္ႏွစ္ေလာက္ပဲကြာတယ္၊ မင္းထက္ ကိုယ္ကႏွစ္ႏွစ္ႀကီးတယ္၊ ဒါေပမယ့္လည္း မင္းသာစိတ္ရွိမယ္ဆိုရင္ သူငယ္ခ်င္းေပါင္းေပါင္းလို႔ရပါတယ္"
"................."
"အာ မင္းရဲ့ကိုကိုေလာက္ ကိုယ္ကအသက္မႀကီးေသးေတာ့ ရြယ္တူလိုေပါင္းၾကမယ္ေလ၊ ကိုယ္နဲ႔မင္း မဟုတ္ဘဲ ငါနဲ႔မင္းဆို ပိုေကာင္းမလား၊ ဟုတ္တယ္ အဲ့ဒါက ပိုရင္းႏွီးေစမယ္လို႔ထင္တယ္ေနာ္"
"ကိုကို ေရာ"
"ဟင္"
Minjun စကားေတြအမ်ားႀကီးေျပာသြားေပမယ့္ Baekhyun ကေတာ့ ကိုကိုဆိုတာပဲကြက္ၾကားသြားတယ္ ထင္သည္။Minjun ေခါင္းတခါခါျဖင့္ ျပဳံးမိသည္။
"မင္းရဲ့ ကိုကိုလား၊ မ်က္ႏွာထားတင္းတင္း၊ အရပ္ရွည္သေလာက္စိတ္ကမရွည္၊ အသက္က၃၀မျပည့္ေသးဘူး အဘိုးႀကီးဆိုဒ္နဲ႔၊ အလုပ္ကလည္း သမၼတထက္ေတာင္မ်ားေသးတယ္၊ သူက အခုအလုပ္ကျပန္မလာေသးဘူးေလ"
သူ႔ကိုကိုအေၾကာင္းေျပာေနတဲ့ Minjun ကို Baekhyun ကမ်က္လုံးအဝိုင္းသားေလးျဖင့္ ေမာ့ၾကည့္ေနသည္။
"ငါနဲ႔ခင္ေလ၊ မင္းကိုကိုထက္ပိုၿပီး အမ်ားႀကီးဂ႐ုစိုက္ေပးမယ္၊ ဘယ္လိုလဲ သူငယ္ခ်င္းလုပ္ၾကမလား"
"ကိုကို"
"သူငယ္ခ်င္းလုပ္ၾကမလားလို႔၊ အတူတူေဆာ့ၾကမယ္ေလ"
"တူတူလား"
"အင္း အင္း ဟုတ္တယ္ အတူတူေဆာ့ၾကမွာ၊ Baekhyun ေဆာ့ခ်င္တာမွန္သမၽွငါလိုက္ေဆာ့ေပးမွာ၊ မင္းကိုကိုမရွိတဲ့အခ်ိန္ေတြမွာ ငါမင္းကိုဂ႐ုစိုက္ေပးမွာ"
ထိုအခါ Baekhyun ကခ်က္ခ်င္းဆိုသလို အၾကည့္လႊဲသြားၿပီး သူ႔အ႐ုပ္ေလးေတြသူျပန္ေဆာ့ေနသည္။Minjun က Baekhyun လက္ခံတယ္ထင္ၿပီး အ႐ုပ္ေလးတစ္ခုကိုေကာက္ကိုင္လိုက္တယ္ဆိုရင္ပဲ
"အမ္း! ကိုင္နဲ႔!"
"ဟင္"
"ကိုင္နဲ႔! ငါ့..ဟာ"
လက္ထဲကအ႐ုပ္ကို ေယာင္ယမ္းၿပီးပစ္ခ်မိသည္အထိ Baekhyun ရဲ့ေအာ္သံကစူးၿပီးက်ယ္ပါသည္။
Baekhyun ရဲ့ေအာ္သံၾကားတဲ့အခါ အပင္ေရေလာင္းေနတဲ့ဦးေလးႀကီးလည္း ခ်က္ခ်င္းဆိုသလို သူတို႔အနားေျပးလာသည္။
"ဘာျဖစ္လို႔လဲ ေကာင္ေလး၊ ကေလးေလး ဘာျဖစ္လို႔လဲ"
"ဟို..ကၽြန္ေတာ္ သူ႔အ႐ုပ္ကိုကိုင္လိုက္လို႔ဗ်"
"ေဟ ဟုတ္လား၊ ကေလးေလးက အရင္တုန္းက အဲ့လို ကပ္စီးမနည္းတက္ပါဘူးကြယ္"
ဦးေလးႀကီးရဲ့စကားကို Minjun မခ်ိျပဳံးသာျပန္ျပဳံးျပျဖစ္သည္။Baekhyun ကိုၾကည့္လိုက္ေတာ့လည္း ပတ္ဝန္းက်င္ကိုဂ႐ုမစိုက္ဘဲ သူ႔ဘာသာသူတစ္ေယာက္တည္းကစားေနပါသည္။
"ေကာင္ေလးနဲ႔မရင္းႏွီးေသးလို႔ျဖစ္မယ္ကြဲ႕၊ ကေလးေလးနဲ႔ရင္းႏွီးခ်င္ရင္ ေနာက္လည္းမၾကာမၾကာလာေဆာ့ေပးေပါ့ကြယ္"
"အာ...ဟုတ္ကဲ့"
ဆက္ၿပီးေတာ့ ရင္းႏွီးဖို႔ႀကိဳးစားခ်င္ေသးေပမယ့္လည္း တစ္ေယာက္ေသာသူျပန္လာမယ့္အခ်ိန္နီးေနၿပီမို႔ ဒီေန႔ေတာ့ ဒီေလာက္နဲ႔ပဲျပန္ဖို႔ Minjun ဆုံးျဖတ္လိုက္သည္။
"ဒါဆို ကၽြန္ေတာ္ျပန္လိုက္ဦးမယ္၊ ေနာက္ေန႔မွထပ္လာခဲ့မယ္"
"ေအးပါကြယ္ ေအးပါ"
"Baekhyun"
Baekhyun ရဲ့ပုခုံးကိုလက္ညႇိုးျဖင့္အသာထိကာ Minjun ေခၚလိုက္ေတာ့ မ်က္လုံးေလးလွန္ၾကည့္လာသည္။မ်က္ႏွာကလည္း အနည္းငယ္ဆူပုတ္ေနသေယာင္။
"ငါျပန္ေတာ့မယ္ေနာ္၊ ေနာက္ေန႔မွ မင္းနဲ႔ေဆာ့ဖို႔ျပန္လာခဲ့မယ္"
ဘာမွျပန္မေျဖလာတဲ့အခါ Minjun လည္း ဦးေလးႀကီးကို ေခါင္းညိမ့္ျပၿပီးသာလွည့္ထြက္လာခဲ့လိုက္သည္။
တီ တီ တီ
Minjun ၿခံဝအနားေရာက္တာနဲ႔ ကားဟြန္းတီးသံၾကားလိုက္ရၿပီး ေျပးလာတဲ့ဦးေလးႀကီးက တံခါးကိုအလ်င္အျမန္ပဲဖြင့္ေပးလိုက္သည္။ၿခံထဲကိုကားဝင္လာၿပီးမွသာ Minjun လည္းကိုယ့္အိမ္ကိုယ္ သြက္သြက္ေလး ျပန္လာခဲ့လိုက္ေတာ့သည္။ထိုလူ႔ကို မေတြ႕ေစခ်င္ပါဘူးဆိုကာမွ ေတြ႕ျဖစ္ေအာင္ေတြ႕သြားေတာ့လည္း စိတ္ရွုပ္ရတာေပါ့။
ကားေပၚကဆင္းဆင္းခ်င္းပဲ သူ႔ကိုေျပးဖက္လာတဲ့ Hyunေလးကို ျပန္လည္ဖက္တြယ္ရင္း ၿခံအျပင္ဘက္ကို Chanyeol မ်က္ေမွာင္ကုပ္ၾကည့္ျဖစ္သည္။
"ခုနကဘယ္သူလဲ ဦးႀကီး၊ အိမ္ကိုဘာလာလုပ္တာလဲ"
"အဲ့ဒါ တစ္ဖက္ၿခံကကြဲ႕၊ ႏွစ္သစ္ကူးအတြက္ ရိုးရာမုန့္ေတြလာေပးတာပါ၊ ေနာက္ၿပီးေတာ့ Hyunေလးနဲ႔ရင္းႏွီးခ်င္တယ္ဆိုၿပီးစကားေျပာေနတာ"
"ဟာဗ်ာ ရွုပ္ရွုပ္ယွက္ယွက္ေတြ၊ ဘယ္လိုျဖစ္လို႔ သူစိမ္းတစ္ေယာက္ကို Hyunေလးအနားမွာထားရတာလဲ"
"ဟို..အဲ့ဒါ သူေဌးက ခြင့္ျပဳ.."
"အေဖကေတာ့ဗ်ာ"
Hyunေလးကို Chanyeol ေဆြ႕ခနဲေကာက္ခ်ီလိုက္ၿပီး အိမ္ထဲကိုဝင္သြားလိုက္သည္။
:
"ဪ တစ္ဖက္က Baekhyunေလးနဲ႔ ခင္မင္ခ်င္တယ္ဆိုလို႔ပါကြာ၊ Baekhyunေလးလည္း သူငယ္ခ်င္းတစ္ေယာက္ရတာေပါ့"
"ဒါေပမယ့္လည္း...."
"သားရယ္ ကေလးကို အေပါင္းအသင္းေတာ့ လိုက္မကန့္သတ္နဲ႔ေလကြာ၊ ေဆာ့ေဖာ္ေဆာ့ဖက္ရွိေတာ့ေကာင္းတာေပါ့"
"Hyunေလးအေၾကာင္းလည္း အေဖသိရက္နဲ႔ဗ်ာ၊ ကၽြန္ေတာ္တို႔ကလြဲ ဘယ္သူနဲ႔မ်ား စိတ္ခ်ရမွာမို႔လို႔လဲ၊ တစ္ဖက္ကလူက Hyunေလးကို ဘယ္အတိုင္းအတာထိသည္းခံနိုင္မွာမို႔လို႔လဲ၊ Hyunေလးသာ တစ္ခုခုျဖစ္ရင္ ကၽြန္ေတာ္နဲ႔အကုန္ျပႆနာတက္မွာေနာ္၊ အဲ့ဒါေၾကာင့္ ျပႆနာမျဖစ္ေစခ်င္ရင္ ဘယ္သူစိမ္းနဲ႔မွ Hyunေလးကိုမပတ္သတ္ခိုင္းပါနဲ႔၊ ကၽြန္ေတာ္ အကုန္လုံးကို ဒါပဲမွာခ်င္တယ္"
Baekhyun ကိုခ်ီၿပီး အေပၚထပ္ကို ေျခလွမ္းက်ဲေတြျဖင့္ တက္သြားသည့္ သားျဖစ္သူေၾကာင့္ ဥကၠဌ Park လည္းေခါင္းတခါခါျဖင့္သာက်န္ခဲ့ေတာ့သည္။
:
ထိုေန႔ညက အေပၚထပ္အခန္းထဲမွာေတာ့ Baekhyun တစ္ေယာက္ သူ႔ကိုကိုရဲ့ဆုံးမစကားအရွည္ႀကီးကို မ်က္လုံးေလးကလယ္လယ္ျဖင့္ နားေထာင္လိုက္ရပါသည္။
"ဘယ္သူစိမ္းမွ အနားကပ္တာမခံနဲ႔ေနာ္၊ စကားလာေျပာရင္လည္း ေအာ္ထုတ္လိုက္၊ ကိုကိုကလြဲလို႔ ဘယ္သူ႔ကိုမွ ပိုမခင္ရဘူး၊ ဘယ္သူ႔ကိုမွ မတြယ္တာရဘူး၊ ဘယ္သူနဲ႔မွလည္း စကားေတြအမ်ားႀကီးမေျပာရဘူး၊ ကိုကိုမရွိတဲ့အခ်ိန္ ေဆာ့ရင္လည္း ဦးဦးတို႔ ေဒၚေဒၚတို႔နဲ႔ပဲေဆာ့၊ ဘယ္သူစိမ္းမွအသားလာထိတာလက္မခံနဲ႔၊ ကိုကိုကလြဲလို႔ ဘယ္သူ႔ကိုမွလည္း အမ်ားႀကီးအျပဳံးျပရဘူး၊ ကိုကိုကလြဲလို႔....၊ကိုကိုကလြဲလို႔......၊ကိုကိုကလြဲလို႔.......၊ကိုကိုကလြဲလို႔........"
.................................................................................
(ဆက္ရန္)
(၁၄.၆.၂၀၂၃)
မေပါက္တဲ့ Album GAေတြရွဲေနလို႔ ေစာေစာတင္မယ့္ဟာကို ေနာက္က်သြားတယ္🥹
Happy 614 CHANBAEK Day🥳🥰🫶🏻
ဒီလူသားေလးႏွစ္ေယာက္အေပၚ အမ်ားႀကီးအမ်ားႀကီးယုံၾကည္ရင္း ေရွ႕ဆက္ အခ်ိန္ေတြကုန္ဆုံးၾကတာေပါ့🤍❤️💙💛🫶🏻