" မင်းဘယ်သူလဲ....ခုမှစခန်းရောက်တဲ့ကောင်ကများ....မစားချင်ရင်မစားနဲ့...လီနာပြောတာမှန်တယ် "
ဘေးကလူတွေကလည်း တစ်ယောက်တစ်ပေါက်နဲ့ ပြောဆိုလာကြသည်။
host-" အို...ငါပြောတာက...မင်းတို့ကအစားအသောက်က်ို...ဖြုန်းတီးနေတာပဲမလား...မချက်တတ်တဲ့သူကိုမှ...သွားချက်ခိုင်းပြီး.....အရသာမရှိတဲ့အပြင်....အဟာရလည်းမရှိဘူး "
King ဇာတ်လိုက်မအားကိုးနဲ့ သူ့ကိုလာကိုက်နေတဲ့ သူတွေကို မျက်နှာတည်နဲ့ ပြောလိုက်သည်။
လီနာ-" အဲ့ဆိုလည်းမစားနဲ့ပေါ့....ရှင်မစားနိုင်ပေမယ့်....ကျွန်မချက်တဲ့လက်ရာကို...အကုန်လုံးကြိုက်ကြတယ် "
လီနာ သူ့ရဲ့ဟင်းချက်လက်ရာကို ဝေဖန်နေသဖြင့် ဒေါသထွက်လာရသည်။ ဒါအပြင် မထီမဲ့မြင် မျက်နှာထားနဲ့မို့ အမြင်လည်းကတ်လာရသည်။
host-" အို....ကိုယ့်ပါးစပ်နဲ့ကိုယ်စားတာ....ဘာဖြစ်လဲ....ခင်ဗျားပါးစပ်ငှားစားနေတာမဟုတ်....နောက်ပြီး....ငှားရအောင်လည်း....ကျွန်တော်ကရွံတတ်တယ် "
[ host.... ဒါတော့လွန်သွားပြီ....host မကြိုက်ရင်မစားနဲ့လေ.....ဘာလို့သူများကိုသွားပြောနေတာလဲ ]
host-^^ နိပုသုန်....ငါ အချက်အပြုတ်သင်ကတည်းက.... အစားအသောက်ရွေးလာတာ...အခုစားနေတာတောင်....ငတ်သေမစိုးလို့....ရှင်းတယ်နော် ^^
လီနာ-" ရှင်!!!!. ...ဟင့်....အီးးး...ကို....သူလီနာကိုပြောနေတယ်....ဟင့်.... "
လီနာ ဂျွန်ရဲ့လက်မောင်းကို သူမရဲ့ရင်ဘတ်နဲ့ ထိတွေ့စေရင်း ပြောလိုက်သည်။
ဂျွန်နသန်-" လီနာ....မင်းကိုယ့်ကိုအဲ့လိုမနောက်နဲ့....ပြီးမှအိပ်ယာထဲကမထနိုင်ဘဲနေမယ် "
ဂျွန် လည်းယောကျာ်းတစယောက်ပင် လီနာရဲ့အထိအတွေ့မှာ သူအရာကလည်းမာနေလေပြီ။
လီနာ-" က.....ကို....ဘာတွေပြောနေ "
^^ ဟက်....ယောကျာ်းတွေက....ငါ့ကိုဆိုရင်.....လွန်ဆန်နိုင်ရိုးလား....ဂျွန်ရဲ့အရာက.... အမောက်ထောင်နေပြီပဲ...ဟိ...ဟိ...ငါကအရမ်းလှနေတာကို....အဟင်း ^^
ဂျွန်နသန်-" day. ..ကလည်းကြာလိုက်တာကွာ....လီနာမင်းခေါ်ခဲ့ရဲ့လား... "
^^ ခုတော့ထိန်းထားဦး....ဂျွန်ရေ....ညကျမှကြောက်ပါပြီလာလုပ်လို့မရဘူးနော် လီနာ....ဟက် ^^
ဂျွန် သူ့စိတ်ကိုအတတ်နိုင်ဆုံး ထိန်းချုပ်ရင်းမေးလိုက်သည်။
day-"အ....အကို....အီးးးး...ဟီးးးး.....day.... မျှော်နေတာ....ဟင့် "
day နေ့လည်စာစားဖို့ ကာချယ်နဲ့အတူလာရင်း သူ့ရဲ့အကိုking က ထိုင်ခုံပေါ်တွင် မိန့်မိန့်ကြီးထိုင်နေတာကို တွေ့လိုက်ရသည် day ပြေးဖက်လိုက်သည်။
host-" အင့် "
[ host.... အဲ့တာ day ပါ....kingရဲ့ညီ....host mission တစ်ခုပြီးသွားပါပြီ ]
host-^^ day တဲ့ချစ်စရာလေးပဲ....ငါ့ညီလို့မပြောရဘူး ^^
[ host....day က...
လင်းမော့ပိုင်ဖြစ်နိုင်လောက်လား ]
host-^^ မော့မော့လား...မဖြစ်နိုင်ဘူး....မော့မော့ကငါ့ကိုစားမရတဲ့....နေရာမှာမဝင်ဘူး ^^
king-" day.... အကိုလာရှာပါတယ်ကွာ....ညီကိုအကိုကပစ်ထားရိုးလား...ဟန် "
King day ကိုပြန်ဖက်လိုက်ပြီး ကျောကိုဖွဖွလေးပုတ်ပေးရင်း ပြောလိုက်သည်။
day-" ဟင့်....ဟင့်....အ....အကို....အမေနဲ့....အဖေရော.....ဘယ်မှာလဲဟင်....သူတို့ပါလာတယ်မလား "
king-" day.... အကို....အာ....သူတို့သေချာပေါက်ပါလာတာပေါ့.....ညီ ကိုနောက်မှလာတွေ့မယ်တဲ့....အဟား....ဟား "
Kingရဲ့ မျက်လုံးထောင့်က ကျတော့မည့်မျက်ရည်တွေကို ထိန်းလိုက်ရင်း day ကိုပြောလိုက်သည်။ ဘာပဲဖစ်ဖြစ် မူလပိုင်ရှင်ရဲ့ ခံစားချက်တွေက king ကို ငိုချပစ်ချင်စိတ်ပေါက်လာလေသည်။
day-"ဟုတ်လား....အကို...အဖေနဲ့အမေကို....သွားခေါ်မယ်လေ....တူတူစားရအောင်လို့....ဘယ်မှာလဲဟင်.....day သွားခေါ်လိုက်မယ်လေ "
day သူ့အကိုကို ဖက်ထားတဲ့နေရာမှ ခွာလိုက်ပြီး အရောင်လဲ့သော မျက်ဝန်းများဖြင့် အကိုကိုကြည့်လိုက်သည်။
king-" ဒုန်း!!!! ....day!!!! ....ငါပြောတာမကြားဘူးလား....သူတို့နောက်မှလိုက်လာမယ်လို့....မင်းဘာကိစ္စ...ဇွတ်မေးနေရတာလဲ!!! "
day-"အ....အကို.....အီးးးးး....day. ...day ....ကတွေ့ချင်လို့ပါ....အီးးးး "
day ရုတ်တရက်ကြီး စားပွဲခုံကို ရိုက်လိုက်ပြီး ဒေါသတကြီးနဲ့ အဝေးကိုထွက်သွားသော သူ့အကိုကြောင့် ဝမ်းနည်းစိတ်တွေ ဝင်လာရသည်။
ဂျွန်နသန်-" day.... နောက်မှတွေ့တာပေါ့...မင်းအကိုက....ခရီးပန်းလာလို့....သွားနားနေတာပါ....မငိုနဲ့တော့....ဟုတ်ပြီလား "
ဂျွန် day ကိုညီအရင်း တစ်ယောက်လိုခင်သည်။ day ရဲ့ ဖြူစင်ပြီး ပွင့်ပွင့်လင်းလင်းပြောတတ်တာကို ဂျွန်သဘောကျသည်။ ခုလို day ငိုနေတော့ ဂျွန်မနေတတ်ပဲ day ရဲ့ကျောလေးကို ပုတ်ပေးလိုက်ရင်းနှစ်သိမ့်လိုက်သည်။
လီနာ-^^day.....နင်ကငါ့လူကို... စနိုက်ချင်တာလား....မရဘူး....ငါနင့်ကိုသည်းခံနေတာလွန်သွားပြီ....နင်ငါ့အကြောင်းကောင်းကောင်းသိရမယ် ^^
လီနာ လက်ရှည်အောက်မှာ ဖုံးနေတဲ့ လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် သွေးထွက်မတတ် စုပ်ထားလိုက်သည်။
King ရဲ့ ဖြစ်ပျက်သွားတဲ့ အမူအရာတွေကို ဘေးကလူတွေ ခန့်မှန်းတတ်ပါသည်။ သူတို့လည်း မိသားစုဝင်တွေ ဆုံးရှုံးကြတဲ့ ခံစားချက်ကို နားလည်သည့်အတွက် king ကို ကိုယ်ချင်းစာပါသည်။ နဂိုက king အပေါ် သူ့တို့ အမြင်အကြည်ပေမယ့် king ကလည်း လူတွေထဲကလူတစ်ယောက်ပါပဲ ။ သူ့မှာလည်း ခံစားတတ်တဲ့ နှလုံးသားပါနေသည်မလား။
-------------------------------