*ဒါလေးကိုဈေးဖြတ်ပေးလို့ရမလား..*
*ဟုတ်ကဲ့(...)ဝမ်ပါ...*
*ဂျီမင် ဆွဲသမျှပန်းချီအားလုံးကနာမည်ကြီးေနေတာ့ ဂရေ့စ် ကိုလက်မှတ်လေးပါထိုးပေးလို့ရမလား...*
*အဲလောက်လည်းမဟုတ်ပါဘူး ဂရေ့စ် ကလည်း......*
*တကယ်ပြောတာပါဆို..*
ဂရေ့စ်ကနှုတ်ခမ်းလေးဆူကာ မျက်စောင်းတချက်ဝံ့ပြလာတယ်။သူနဲ့ကိုကိုစကားများတဲ့နေ့က ဂရေ့စ် လည်းအိမ်မပြန်သေးဘဲသူတို့ကိုစောင့်နေတယ်လေ။ပြီးတော့ သူ့ဆီကခွင့်မတောင်းဘဲနှင်းဆီခင်းထဲသွားလို့ဆိုပြီး တောင်းပန်စကားဆိုလာတယ်။
အဲလိုကျတော့လည်းဂျီမင် စိတ်မကောင်းဖြစ်မိတယ်။သူ့ကိုတကိုယ်ဆန်တယ်လို့ မြင်သွားမှာလည်းကြောက်တယ်။ဒါပေမယ့် နောက်ရက်တွေမှာလည်း ဂရေ့စ်က သူ့ကိုပြုံးပြုံးရွှင်ရွှင်နဲ့ဘဲ စကားပြောပါတယ်။စိတ်ထဲဘာမှသိမ်းထားပုံမရဘူး ။သူကသာအတွေးလွန်နေခဲ့တာ
ကိုကိုကလည်းနောက်ဆိုအခုလိုမျိုးမလုပ်ဖို့ကိုလေသံအေးအေးနဲ့ချော့မြူပြီးပြောပြတယ်။ကလေးဆန်တယ်တဲ့လေ။သူ့အသက်ကမငယ်တော့တာမို့ တခုခုဆိုဦးနှောက်နဲ့စဉ်းစားဆုံးဖြတ်ဆိုပြီးပညာသားပါပါနဲ့မှာသွားသေးတာ။ကိုကိုပြောတာလည်းမမှားပါဘူး။သူကိုက အစွဲလမ်းကြီးလွန်းနေတာ။
ဘာအရာမဆိုသူသဘောကျပြိီဆိုတာနဲ့ဘဲသူပိုင်တယ်လို့ပုံသေတွက်ထားတာလေ။လူ့အသိုင်းဝိုင်းထဲမှာရင့်ကျက်အောက်ကျင်လည်ဖို့ အတွေ့ကြုံမရှိသေးပါလား။ဒါကလည်း အိမ်ထဲမှာဘဲ ပိတ်မိနေတဲ့အကျိုးတွေပေါ့။မျက်စိပိတ်နားပိတ်ပြီးတစ်ယောက်ထဲကမ္ဘာတည်နေချိန်မှာ သူနဲ့ရွယ်တူတွေ၊သူ့ထက်ငယ်သူတွေက ကမ္ဘာပတ်နေကြပြီ။
သူကတော့ အိမ်ကလူကြီးတေယာက်ေယာက်မပါရင်ဘယ်မှမသွားတက်တာအခုထိဘဲလေ။ဆိုင်ဖွင့်ပြီးမှ နည်းနည်းလေးအတင့်ရဲလာတယ်လို့ပြောရမလား
*စိတ်မဆိုးရင် ဂျီမင်ကိုတခုလောက်မေးလို့ရမလား..*
*အင်း..မေးလေ..*
ဂရေ့စ်ကသူထိုးပေးလိုက်တဲ့လက်မှတ်လေးကိုကြည့်ပြီးကလေးလိုမျိုးခုန်ပေါက်နေတော့ ဆိုင်ထဲကလူတချို့ကကွက်ကြည့်ကုန်ကြတယ်။လက်မှတ်တခုလေးကို အဲလောက်တောင်သဘောကျရသလားလို့ သူတီးတိုးဆိုမိတယ်။
*ဂရေ့စ် သတိထားမိနေတာကြာပြီမို့ပါ ဟို..မှန်ဘောင်ထဲကခဲခြစ်ပန်းချီလေးက ဂျီမင် မိသားစုပုံလေးလား..*
*ဟုတ်ပါတယ်...*
*ဪ~~~*
စာရွက်ဖြူဖြူလေးပေါ်မှာမသေမသပ်လျှောက်ဆွဲထားတဲ့ပန်းချီလေးကို သူ(မ) ဆိုင်ကိုလာတိုင်းသတိထားမိနေတာ။ဂျီမင်ထိုင်တဲ့သစ်သားစားပွဲပေါ်မှာ သစ်သားဘောင်ခတ်ပြီးအမြဲထောင်ထားတက်လို့လေ။လှတယ်လို့လည်းမဟုတ်ပါဘူး ။ဒါပေမယ့် မိသားပုံလိုထင်ရတဲ့ လူပုံသုံးပုံကြောင့် ထုတ်မေးလိုက်မိတာ။မိဘအကြောင်းမေးမိလို့ နည်းနည်းတောင်အားနာသွားတယ်။
သူ့မိဘတွေကိုသတိရမှာပေါ့။ငယ်ငယ်လေးနဲ့သူစိမ်းနဲ့နေလာရတာလေ။တော်သေးတယ်လို့ပြောရမလား အကိုဂျောင်ဂု တို့မိသားစုနဲ့ဂျီမင်အဖေကမိတ်ဆွေဖြစ်နေလို့။အကိုတို့ကစိတ်ထားကောင်းတဲ့သားမိတွေလေ။အခုရွယ်ထိ မငြူစူဘဲပြုစုပျိုးထောင်ခဲ့တာဘဲကြည့်။သားငယ်လေးဆိုပြီးပါးစပ်ဖျားကမချဘူး ။အကိုဆိုပိုဆိုးတာပေါ့။ကလေးငယ်လို့ တခွန်းခေါ်လိုက်တိုင်းဂျီမင်အစားသူ(မ)ကပိုပြီးရင်ခုန်မိတယ်။
*ဒီလိုမေးလို့ ဂရေ့စ်ကိုစိတ်မဆိုးနဲ့နော်..ဘာစိတ်နဲ့မေးတာမဟုတ်ပါဘူး...*
*ရပါတယ် .မင်စိတ်မဆိုးပါဘူး ။ဒါက မင်ငယ်ငယ်တုန်းကဆွဲထားတာလေ။မှတ်မှတ်ရရ အဲဒီမနက်ကဘဲ မေမေနဲ့ဖေဖေကလောကကြီးထဲကထွက်သွားနေ့လေ....*
*ဂရေ့စ် စိတ်မကောင်းပါဘူး ...*
*အင်း...နှစ်တွေလည်းကြာခဲ့ပြီလေ မေမေတို့လည်းအခုလောက်ဆိုအေးချမ်းတဲ့နေရာတခုမှရောက်နေလောက်ရောပေါ့...*
*ဟုတ်တာပေါ့။ဂျီမင်မေမေနဲ့ဖေဖေက စိတ်ထားကောင်းတော့ နတ်သား၊နတ်သမီးတွေဖြစ်နေလောက်ပြီ..*
*ဟုတ်လား...*
*အင်း..*
ဂျီမင်ကမျက်ဆံလေးကိုလှိမ့်ကာ မော့ကြည့်လာတော့ ဂရေ့စ်က ခေါင်းကိုအဆက်မပြတ်ငြိမ့်ပြလိုက်တယ်။သူ(မ) ဂျီမင်ကိုဂရုဏာသတ်မိတယ်။ေနာက်ပြီး မောင်နှလိုလည်းခင်မိတယ်။ရှေ့ရှောက် ဂျီမင် ဘာအခက်ခဲရှိရှိတက်နိုင်သလောက်ကူညီပေးမယ်လို့ သူ(မ)ကိုယ့်ကိုကို ကတိပေးလိုက်တယ်။
*ဂျီမင်..!*
*အာ..အဲလက်...*
*ဂရေ့စ် လည်းရောက်နေတာလား...*
*ရောက်နေလို့တွေ့တာပေါ့...*
တွေ့လိုက်တိုင်းစကားနာထိုးနေတဲ့ အဲလက်နဲ့ဂရေ့စ်ကို ဂျီမင်ကမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာကြည့်နေသည်။နာမည်ပါသိနေပုံထောက်ရင် ရင်းနှီးနေကြတာထင်တယ်။
*အစကတည်းကသိနေတာလား...*
*ဟုတ်တယ် ဂျီမင်...*
ဂျီမင်အမေးကို ဂရေ့စ်က အဲလက်ဆီမျက်စောင်းဝံ့ပြရင်းဖြေလာသည်။
အဲလက်ကတော့သူ(မ)စကားကိုမကြားသလိုလုပ်ကာ သူ့ကိုစိုက်ကြည့်နေသည်။အဓိပ္ပာယ်ပါတဲ့အကြည့်မို့ ဂျီမင်ကဘဲမျက်နှာအရင်လွှဲလိုက်သည်။
*ဒါနဲ့ အဲလက်က ဒီကိုဘဲတမင်လာခဲ့တာလား..*
*အင်း..ဂျီမင်နဲ့နေ့လည်စာအတူစားချင်လို့လေ...*
*ဟင်...!*
*အချိန်ရတယ်မလား အခုကနေ့လည်စာစားချိန်လေ..*
အဲလက်အပြောကြောင့် သစ်သားနံရံပေါ်ကချိန်သီးနာရီကိုကြည့်လိုက်တော့ ၁၂ကိုကျော်လုနီးနီးဖြစ်နေပြီ။အဲလက် မပြောရင်သူသတိထားမိမှာမဟုတ်ဘူး။ဂရေ့စ် နဲ့လည်းစကားကောင်းနေတော့ သူဗိုက်ဆာမှန်းတောင်မသိဘူး။
*ဂျီမင် နေ့လည်စာမစားရသေးဘူးလား ။ဗိုက်ဆာနေရောပေါ့...ဂရေ့စ်ကိုဘာလို့မပြောတာလဲ ဂျီမင်ရယ်....အားနာလိုက်တာ.*
*ရပါတယ် မင်လည်းဗိုက်သိပ်မဆာလို့လေ...*
*ဒါဆိုလည်မြို့ထဲက ကိုယ်စားနေကျထမင်းပေါင်းဆိုင်မှာသွားစားကြမလား..*
*အဲလိုလုပ်တာပေါ့.....*
အရင်ကလောက်မဖော်ရွေတော့တဲ့ဂျီမင်က သူ့ကိုအပြုံးချိုချိုလေးနဲ့ခေါင်းငြိမ့်ပြတယ်။ဂျီမင်အနားမှာ အမြဲရှိနေသူမို့ ဂရေ့စ်ရဲ့ခြေလှမ်းစိပ်ပုံတွေကိုလည်းသတိထားမိတယ်။သူနဲ့ဘယ်လောက်ဘဲရင်းနှီးနေပါစေ။အခုလောက်ထိနီးကပ်နေတော့ ချစ်ရတဲ့သူတယောက်အနေနဲ့ သဝန်တိုမိတယ်။
ဒါပေမယ့် ဂရေ့စ်က မြို့တော်ဝန်နဲ့လူကြီးချင်းစကားကြောင်းလှမ်းထားပြီးသားလေ။ဂျီမင်ကလည်းမြို့တော်ဝန်ရဲ့မိသားစုဝင်ဖြစ်လို့ ရင်းနှီးမှုယူတာလည်းဖြစ်နိုင်တာဘဲလေ။တယောက်ထဲတွေး တယောက်ထဲဖြေသိမ့်နေတဲ့ အဲလက်ကို မျက်တောင်မခတ်ဘဲစိုက်ကြည့်နေတဲ့သူတယောက်လည်းရှိနေပြန်တယ်။
အချစ်ကသိပ်ဆန်းကျယ်သကိုး။ကိုယ်ချစ်တဲ့သူက တခြားတယောက်ကိုချစ်နေတာဟာ ကိုယ့်အတွက်တော့ငရဲမီးတမျှပူလောင်ရတယ်။
တခါတလေ အချစ်ကဝေးဝေးရှာစရာမလိုပါဘူး။အနီးနားမှာလည်းရှိနေတက်တယ်။ကြည့်တက်ဖိူ့ဘဲလိုတာပါ
________
*ဒီအရွက်ကိုမကြိုက်ဘူး..*
*မကြိုက်ရင်ဖယ်လိုက်ပေါ့..*
*အများကြီးလေ...*
*ကျစ်.!ပေး ငါဖယ်ပေးမယ်..*
အဲလက်ရဲ့ဂျစ်ကားလေးနဲ့ဘဲ သူတို့မြို့ထဲကထမင်းပေါင်းဆိုင်လေးဆီထွက်လာခဲ့ကြတယ်။ဒီဆိုင်က နာမည်ကြီးတယ်လို့တော့ပြောကြတာဘဲ။သူကတခါမှမစားဖူးတော့ ဘယ်လိုအရသာရှိလဲဆိုတာမသိဘူး။
ေမမေကြီးက တခါတလေအိမ်မှာပေါင်းကျွေးတော့ ဆိုင်ကအစားစာတွေကိုမစားဖြစ်ဘူး။ငယ်ငယ်လေးကတည်းကဆိုပါတော့။သူကလည်း သရေစာသိပ်မမက်တော့ အဆင်ပြေပါတယ်။
ထမင်းကိုကော်ရည်နဲ့ပေါင်းထားပြီးအနံ့မွှေးအောင်အရွက်သေးသေးလေးတွေပါတော့ ဂရေ့စ် ကမကြိုက်လို့ထင်၏။နှုတ်ခမ်းဆူကာ အဲလက်ကို မကျေမချမ်းနဲ့ပြောတော့သည်။
အငွေ့တထောင်းထောင်းထနေတဲ့ ထမင်းပေါင်းလေးရဲ့အနံ့မွှေးမွှေးလေးကြောင့် ဂျီမင်ကတော့ အဲလက်တို့ကိုသတိမမူတော့ဘဲ ခေါင်းမဖော်တမ်းငုံ့စားနေတော့သည်။ပါးစပ်ထဲကိုထည့်လိုက်တာနဲ့ ပျော့အိနေတဲ့ထမင်းလုံးလေးတွေက ဝါးစရာတောင်မလိုဘဲ အာခေါင်ထဲကိုပျော်ဆင်းသွားတော့တယ်။ကြိုက်လိုက်တာ။
နောက်တခါဆို ကိုကိုနဲ့အတူတူလာစားမယ်။အစားကောင်းစားရင် ကိုယ်ချစ်တဲ့သူကိုသတိရတက်တယ်ဆိုတာ သိပ်မှန်တယ်။သူနဲ့အကြိုက်ချင်းတူတဲ့ ကိုကိုက သူစားသမျှလိုက်စားပေးမယ်ဆိုတာ ရဲရဲကြီးအာမခံတယ်
အခွင့်သင့်လို့က်ိုကိုနဲ့အတူမြို့ထဲကိုလာဖြစ်ရင် ပေါင်မုန့်ဆိုင်ရယ်၊ထမင်းပေါင်းဆိုင်ရယ်၊ဒီနှစ်ခုကိုဦးစားပေးရမယ်။
*ကောင်းလား ဂျိီမင်..*
*ဟုတ်..*
အာလုတ်သံကြီးနဲ့ ပလုံးပထွေးပြန်ေဖြလာတော့ အဲလက်ရယ်လိုက်မိသည်။ဟန်မဆောင်တက်ဘဲ စိတ်ထဲရှိတဲ့အတိုင်းနေတာလေးက ဂျီမင်ကိုပိုပြီးချစ်မိစေသည်။
မပိုင်ဆိုင်ရလည်းဖြစ်တယ်ဆိုပေမယ့် အခုလိုမျိုးချစ်စရာအလွန်ကောင်းနေတော့ သူကြိတ်ပြီးအသည်းယားမိသည်။
လက်သေးသေးလေးနဲ့ဇွန်းကိုကိုင်ထားပြီး နှုတ်ခမ်းဖူးဖူးလေးဆူထွက်လာအောင် ထမင်းကိုတမြုံမြုံဝါးနေပုံက ဖျစ်ညှစ်ချင်စရာလေး ။
*မျက်လုံးကြီးလည်း ဂျီမင် ပါးမှာသွားကပ်နေအုန်းမယ်..*
*ဂရေ့စ်.!*
*ဘာလဲ မဟုတ်လို့လား..*
ငုတ်တုတ်မေ့နေသလားထင်ရတယ်။တောင့်တောင့်ကြီးထိုင်ကာ ဂျီမင်ကိုပြုံးပြီးကြည့်နေတော့ မနေနိုင်တော့တဲ့အဆုံး ဂရေ့စ်က လေသံခပ်ဆက်ဆက်နဲ့ပြောလိုက်တော့ အဲလက်ကသူခိုးလူမိသလိုမျိုး အရှက်ပြေချောင်းတချက်ဟန့်ကာ သူ(မ)လက်မောင်းကို ဘတ်ခနဲလာရိုက်သည်။
လက်ဖျားနဲ့ရိုက်တာမို့ စပ်ဖျင်းဖျင်းဖြစ်သွားတော့ ဂရေ့စ်က လက်မောင်းကိုပွတ်သတ်လိုက်ပြီး ကိုင်ထားတဲ့ဇွန်းနဲ့ အဲလက်ကို ရွယ်လိုက်တော့ လက်ဖြင့်ကာသည်။သူ့အလှည့်ကျကြောက်တက်လိုက်တာ။သူ(မ)ကို မိန်းကလေးဆိုပြီး အဲလက်ကအလျော့ပေးမယ်ထင်လား။ရရင်ရသလို ဖဲ့တာ။နီးရာကိုလည်းအခုလိုဘဲလှမ်းရိုက်တက်သေးတယ်။တခါတလေဆို နဖူးကိုသူ့လက်ချောင်းရှည်ရှည်နဲ့တောက်ချလိုက်တာများ ကြယ်တွေ၊လတွေပါမြင်တဲ့မထိဘဲ။နိုင်စားလွန်းတယ်
*ရန်မဖြစ်ကြပါနဲ့ ကလေးတွေလည်းမဟုတ်ဘဲနဲ့....*
*ကလေးမဟုတ်လို့လေ ဂျီမင်ရယ်။ကလေးဆိုရင်လေ အဲလက်ကိုဝါးခြမ်းကြီးကြီးနဲ့ရိုက်ပစ်ချင်တာ...*
*နင့်လိုတကိုင်စာကများပြောအားရှိသေး...*
*ဟဲ့ အကောင်သေးပေမယ့် အဆိပ်ပျင်းတာမသိဘူးလား..*
*မသိဘူး.!*
*အဲလက်.!*
*ဘာလို့ေအာ် တာလဲ မိန်းကလေးဖြစ်ပြီးအရှက်လည်းမရှိဘူး..*
*အဲတော့ဘာဖြစ်လဲ...*
*ဘာမှမဖြစ်ဘူး စားစရာရှိတာစား။စကားတအားများတာဘဲ...*
တယောက်တခွန်းဆီအခြေတင်ဖြစ်နေကြတဲ့ အဲလက်တို့ကိုကြည့်ပြီး ဂျီမင်ပြုံးလိုက်သည်။ငယ်ငယ်လေးကတည်းကရင်းနှီးကြတာထင်တယ်။အဲလက်ကရုပ်တည်ကြီးနဲ့စ ,နောက်နေတာကို ဂရေ့စ်က စိတ်မဆိုးတဲ့အပြင် သဘောတကျနဲ့ရယ်နေသေးတယ်။
အဲလက်ကအခုလိုလည်းပြောတက်သေးတာလား။သူနဲ့တော့တခါမှရွံ့နောက်နောက်မပြောဖူးဘူး။အနေတည်တဲ့အဲလက်ကိုဒီလိုလေးတွေ့ရတော့လည်းတမျိုးလေးကြည်နူးစရာကောင်းနေပြန်တယ်။
*ပြန်ကြတော့မလား..*
*ဟုတ်..*
ဆိုင်ကိုဒီအတိုင်းတံခါးစေ့ပြီးထားခဲ့တာကြောင့် အချိန်ဆွဲနေလို့မရဘူးလေ။အဲလက်က ကျသင့်ငွေရှင်းကာ ပြန်ဖို့ပြောလာတော့ ဂျီမင်လည်းခေါင်းငြိမ့်ပြလိုက်သည်။
*ဟိုမှာဘာရောင်းနေတာလဲမသိဘူး..*
*ဘာလုပ်ဖို့လဲ..*
*ဝယ်မလို့ပေါ့..!*
မိန်းကလေးပီပီ စပ်စုတက်တဲ့ဂရေ့စ်က ထမင်းဆိုင်ထဲထွက်လာတော့ တဖက်လမ်းဘေးရဲ့မြေကြီးပေါ်မှာအဝတ်စဖြင့်ခင်းကျင်းရောင်းချနေတာကိုတွေ့တော့ လက်ညှိုးထိုးပြရင်းအဲလက်ကိုပြောလာသည်။ဂရေ့စ် အပြောကြောင့် သူလည်းထိုနေရာကိုကြည့်လိုက်တော့ အသက်ရွယ်အားဖြင့်၆ဝလောက်ရှိတဲ့ အဖိုးတယောက်က လက်ဝတ်လက်စားတွေကိုကိုင်ကာ ဖြတ်သွားတဲ့လူတိုင်းကိုထိုးရောင်းနေတယ်။
သနားတက်တဲ့စိတ်အရင်းခံလေးကြောင့် ထိုမြင်ကွင်းကိုကြည့်ပြီးဂျီမင်မျက်ရည်ဝဲတက်လာသည်။ဒီအသက်ရွယ်ကအိမ်မှာအေးအေးဆေးဆေးအနားယူရမှာမဟုတ်လား။အခုတော့ နေပူကြီးထဲမှာအဆောင်းမပါဘဲ အဆင်မပြေလည်မှုကြောင့် ရုန်းကန်လှုပ်ရှားနေရတယ်။
*ရှုပ်ကိုရှုပ်တယ်...*
*လာ ဂျီမင်..ခဏလောက်သွားကြည့်ရအောင်..*
အဲလက်စကားကိူလျစ်လျူရှုပြီး ဂျီမင်ရဲ့ လက်ကောက်ဝတ်ကိုဆွဲကာ ထိုနေရာကိုထွက်လာခဲ့လိုက်တယ်။အဲလက်ကတော့ ခေါင်းတခါခါနဲ့ဘဲ အနောက်ကေနလိုက်ရတော့တယ်။
ပစ္စည်းအကောင်းစားတွေဘဲသုံးတက်တဲ့ဂရေ့စ်က အခုလိုလမ်းဘေးအပစ္စည်းကိုစိတ်ဝင်စားတယ်ဆိုတော့ အဲလက်အနေနဲ့ထူးဆန်းနေတာပေါ့။ဂရေ့စ် ဝတ်တံ့အင်္ကျီတွေကပြည်ပဝင်လာတဲ့ အကောင်းစားပိုးထည်တွေကို သီးသန့်အပ်ချုပ်သမားနဲ့အပ်ပြီးချုပ်ဝတ်တာ။လက်ဝတ်လက်စားကိုလည်း ပုလဲအကောင်းစားတွေကိုသီကုံးဝတ်ဆင်တာလေ။
အခုမှဘာစိတ်ကူးပေါက်လို့လဲ။ထူးထူးဆန်းဆန်းပါလား။
*လူလေးတို့ဘာယူကြမလဲ...*
*ဘယ်လိုရောင်းလဲ အဖိုး...*
*ကြိုက်တာယူ (..)ဝမ် ပါ လူလေးတို့...*
*ဂျီမင် ဘယ်ဟာလေးလှလဲ ဂရေ့စ်ကိုကူရွေးပေးလေ....*
ရောင်စုံကျောက်တွေကိုသီကုံးထားတဲ့ဆွဲကြိုးနဲ့လက်ကောက်တွေကအရောင်သွေးစုံလင်လှသည်။လမ်းဘေးမှာရောင်းနေတယ်ဆိုပေမယ့် ပစ္စည်းက အသန့်ဖြစ်ပြီးဆိုင်ခန်းတွေမှာရောင်းချတာထက်ပင် ပိုပြီးလှပသေးသည်။နောက်ပြီး ဈေးကလည်းအလွန်ချိုတာမို့ များများဝယ်ဖို့ ဂရေ့စ် တွေးလိုက်သည်။သူ(မ) မဝတ်ဖြစ်ရင် အိမ်ကအလုပ်သမားမိန်းကလေးတွေကိုပေးလို့ရတယ်လေ
သူ(မ)မှာဒါမျိုးတွေကပေါလောနေတယ်ဆိုပေမယ့် အဖိုးကိုသနားလို့ဝယ်လိုက်တာပါ။ပိုက်ဆံချည်းဘဲသီးသန့်ပေးရင်ရိုင်းရာကြမယ်လေ။အဲတော့ ပစ္စည်းဝယ်ရင်း ပိုပေးလိုက်မှာပေါ့
*မင်ကတော့ အပြာနဲ့အနီ စပ်ထားတာကိုပိုသဘောကျတယ်..*
*ဟုတ်တယ်နော်..အရောင်ကစိုနေတာဘဲ..*
အပေးယူတည့်နေတဲ့ ဂရေ့စ်နဲ့ဂျီမင်ကို အဲလက်ကတော့ လက်ပိုက်ကြည့်နေလိုက်တယ်။
သူ့ကိုရှိတယ်လိူ့တောင် သတ်မှတ်ထားပုံမပေါ်ဘူး။ကောင်းပါပေတယ်
*လူလေးကဘယ်မျိုးရိုးကလဲ ကွဲ့..*
*ဗျာ.!*
လက်ကောက်တွေဆီအာရုံရောက်နေတုန်း အဖိုးကရုတ်တရက်မေးလာတော့ ဂျီမင် အံ့ဩသွားသလို မျက်လုံးပြူးပြီးမော့ကြည့်လိုက်တော့ အဖိုးကခေါင်းတချက်ငြိမ့်ပြလာတယ်။
*ဘာဖြစ်လို့လဲ အဖိုး.*
*အဖိုးအသိရဲ့သားနဲ့တူနေလို့ပါ.*
တချိန်လုံးငြိမ်နေတဲ့အဲလက်က ကြားဖြတ်ဝင်မေးလိုက်သည်။ေသချာကြည့်မယ်ဆိုရင် အဖိုးရဲ့မျက်ဝန်းတွေမှာအရည်ကြည်တွေလဲ့နေတယ်ဆိုတာ အဲလက်မြင်သည်။
*ပတ်ခ် မျိုးရိုးကပါအဖိုး..*
*မြို့စားမင်းေဟာင်း ပတ်ခ်ချွဲမင်ရဲ့သားလား..*
*ဟုတ်ပါတယ် အဖိုး.*
ဂျီမင်ရဲ့အဖြေကိူကြားတာနဲ့အဖိုးက ရင်ဘက်ကိုဖိကာ မောဟိုက်တုန်ရီနေဟန်ဖြင့် အသက်ကိုပြင်းပြင်းလေးရှုသွင်းနေသည်။
ဘာဖြစ်သွားမှန်းမသိလို့ သူတို့လည်းရပ်ပြီး ကြည့်ေနမိသည်။ဂျီမင်ကိုသူ့အနားကိုလာဖို့လက်ယက်ခေါ်နေတာကြောင့် အဲလက်နဲ့ဂရေ့စ်ရဲ့မျက်နှာကိုတလှည့်စီကြည့်လိုက်သည်။အခုမှမြင်ဖူးတဲ့အဖိုးကသူ့ကိုသိနေသည့်အလား အပြုံးလှလှလေးနဲ့ခေါ်နေသည်။
*အဖိုးဆီခဏလာပါအုန်း သားရယ်...*
*ဟုတ်ကဲ့..*
ဂျီမင်လည်းတုန်ရီနေတဲ့အဖိုးရဲ့အသံကြောင့်သနားစိတ်ဝင်လာသည်။သားရည်တွေတွန့်နေပြီဖြစ်တဲ့အဖိုးရဲ့လက်ကလေးက သူ့လက်ဖောင်းဖောင်းလေးကိုနွေးထွေးစွာနဲ့ဆုတ်ကိုင်လာသည်။
*ချွဲမင်ရဲ့သား ဂျီမင်လေးမဟုတ်လား။မင်မင် လေးလေ...*
*ဟုတ်ပါတယ် အဖိုး။ဖေဖေနဲ့သိတာလား.*
အဖိုးကိုသူတခါမှမမြင်ဖူးဘူး။ဖေဖေရဲ့မိတ်ဆွေဘဲဖြစ်လောက်မှာပါ။ဒါမှမဟုတ်ဆွေမျိုးတော်နေတာများလား။မျိုးရိုးနာမည်ပါမက သူ့ကိုပါသိနေတော့ ဂျီမင်စဉ်းစားရတော့သည်။
*သိတာပေါ့ ကလေး။ချွဲမင်ရဲ့ကျေးဇူးတွေကအဖိုးတို့မိသားစုအပေါ်မှာကြီးမားလွန်းတယ်လေ.. ကလေးရယ်....*
*အာ.ဖေဖေရဲ့မိတ်ဆွေကိုး...*
*ဒါနဲ့သားကအခုဘယ်သူနဲ့နေတာလဲ...*
အဖိုးကိုဂျီမင်မှတ်မိမှာမဟုတ်ပါဘူး။ဘာလို့ဆိုဂျီမင်လေးနှစ်နှစ်လောက်မှာ အဖိုးကမိန်းမဖြစ်သူရဲ့ဇာတိကိုပြောင်းရွှေ့သွားလို့လေ။သို့ပေမယ့် မြို့စားမင်းဟောင်းပတ်ခ်ချွဲမင် အပေါ်မှာတော့ကျေးဇူးသိတက်တဲ့သစ္စာရှိလူယုံတယောက်ပါ။
အဖိုးနာမည်က မင်ယောင်လို့ခေါ်ပြီး ပတ်ခ်ချွဲမင်ရဲ့တစ်ဦးတည်းသောလူယုံလည်းဖြစ်၊ခြံစောင့်လည်းဖြစ်ပါတယ်။အဖိုးမင်ယောင်တို့လင်မယားကဆင်းရဲဒုက္ခရောက်တော့ ပတ်ခ်ချွဲမင်က ခေါ်ယူပြီးစောင့်ရှောက်ပေးခဲ့တာပါ။အဖိုးတိူ့မှာသားသမီးမထွန်းကားတော့ ဂျီမင်လေးကိုတုန်နေအောင်ချစ်တယ်
မွေးကတည်းကလက်ပေါ်ကမချတဲ့အဖိုးရဲ့မိန်းမဟာ ဂျီမင်ကိုဝမ်းနဲ့လွယ်ေမွးထားတဲ့သားသကဲ့သို့ပင်ချစ်မြတ်နိုးသည်။သို့ပေမယ့် ကံကြောင်းမလှတဲ့မိန်းမဖြစ်သူဟာ နေ့ချင်းဆိုသလိုကျန်းမာရေးချူချာလာခဲ့တယ်။ပတ်ခ်ချွဲမင်ကတော့ သူ့အိမ်မှာဘဲဆက်နေပြီးကျန်းမာေရးေကာင်းတဲ့အထိဆေးကုသပေးမယ်လို့တတွတ်တွတ်ပြောနေပေမယ့်ခေါင်းမာတဲ့ မိန်းမကသူ့ဇာတိမှာဘဲပြန်ပြီးခေါင်းချချင်တယ်ဆိုလို့ နောက်ဆုံးသူလည်းလိုက်လျောပေးခဲ့သည်။
အဖိုးမင်ယောင်တို့ပြန်လာတော့ဂျီမင်လေးကလမ်းလျှောက်တက်ခါစဘဲရှိသေးတော့ဘယ်မှတ်မိပါ့မလဲ။အစကအဖိုးမင်ေယာင်ရဲ့အစီစဥ်က မိန်းမဖြစ်သူကျန်းမာရေးကောင်းတာနဲ့ ပတ်ခ်ချွဲမင်ဆီပြန်လာမယ်လို့တွေးထားတာ။သေတဲ့အထိနေသွားမယ်လို့လေ။သို့ပေမယ့်ကံတရားကဘယ်လောက်ထိဘက်လိုက်သလဲဆိုရင်ဘာမှမသိတဲ့သားလေးကိုေလာကကြီးထဲတယောက်ထဲ ကျန်ခဲ့စေပြီးပတ်ခ်ချွဲမင်တို့လင်မယားနှစ်ယောက်စလုံးကိုအပြီးတိုင်ပျောက်သွားအောင်လုပ်ပစ်ခဲ့တယ်။သူတိူ့သွားပြီးနှစ်နှစ်အကြာမှာပေါ့။
အဖိုးရဲ့မိန်းမလည်းထိုသတင်းကြားကြားချင်းဘဲလောကကြီးကိုကျောခိုင်းထွက်သွားခဲ့တယ်။ဂျီမင်လေးကျန်ခဲ့တယ်လို့သတင်းရပေမယ့် သူမခေါ်ထားရက်ဘူး။ချို့တဲ့သူမို့ ဒီလိုပြည့်စုံတဲ့သားလေးကိုဆင်းရဲတောထဲမခေါ်ရက်ဘူးလေ။ဒီလိုနဲ့ဘဲ အဖိုးမင်ယောင်ဟာ မိန်းမဖြစ်သူရဲ့ဇာတိမှာဘဲဆက်ပြီးနေထိုင်ခဲ့တယ်။
အခုမှဘာလို့ပြန်လာရသလဲဆိုရင် သူသိထားတဲ့အမှန်တရားတချို့ရှိနေလို့လေ။ပတ်ခ်ချွဲမင်တို့သေတာလုပ်ကြံသူရှိလို့။နောက်ပြီးထိုလူဟာ ပတ်ခ်ချွဲမင်ရဲ့အသိမိတ်ဆွေဖြစ်နေတယ်ဆိုတာထပ်သိခဲ့ရတယ
*သားကိုဖေဖေကြီးဂျွန်ဆော့တို့မွေးစားထားတာလေ...*
*ဘုရားရေ.!ဂျွန်ဆော့ ဟုတ်သလား မင်မင်လေး...*
*ဟုတ်ပါတယ် ဖိုးဖိုး။ဘာဖြစ်လို့လဲ ဗျာ့..*
*ကလေးလေးဘဝကဘာလို့ဒီလိုဖြစ်နေရတာလဲ။အဖိုး စိတ်မကောင်းလိုက်တာ ကွယ်...*
အဖိုးစကားကိုဂျီမင်နားမလည်ဘူး။ဖေဖေကြီးရဲ့နာမည်ကိုကြားတာနဲ့မျက်နှာကသွေးမရှိတော့သလိုဖြူလျော့သွားတယ်။အဖိုးကဘယ်လိုလူလဲ။နောက်ပြီး ဖေဖေတို့နဲ့ဘယ်လောက်ထိရင်းနှီးလို့ ဘာတွေသိထားတာလဲ
*သားကရန်သူရဲ့အနီးနားမှနေနေတာဘဲ..*
*ဗျာ !ဘာကိုဆိုလိုတာလဲ ဖိုးဖိုး..*
*လူတွေကကြောက်ဖို့ကောင်းတယ် မင်မင်လေး..အယုံမလွယ်နဲ့ ကြားလား..*
*ဖိုးဖိုးပြောတာကို မင် နားမလည်ဘူး..*
*နောက်ကျရင် သားသိလာမှာပါ။တခုဘဲ သားမှတ်ထားပါ...ရန်သူကသားအနားမှာရှိတယ် ဆိုတာ..*
*ပြန်တော့ကလေးလေး။နောက်ကျရင်သားကိုဖိုးဖိုးလာပြန်ရှာမယ်...*
မျက်ရည်တွေအိုင်ထွန်းနေတဲ့အဖိုးကတုန်တုန်ရီရီနဲ့ဘဲ ပစ္စည်းတွေကောက်သိမ်းကာပြန်ဖို့လုပ်တော့တယ်။ဂျီမင် ဘာတခုမှနားမလည်တော့ဘူး။
အဲလက်နဲ့ဂရေ့စ် သည်လည်းသူ့လိုဘဲ ဘာမှမသိတော့မျက်တောင်လေးပုတ်ခတ်ကာ ရပ်ကြည့်နေကြသည်။အဖိုးက သူတို့မျက်စိရှေ့ကနေဘဲ လှုပ်တုတ်လှုပ်တုတ်ဖြင့် ထွက်ခွာသွားတော့သည်။
ရန်သူကသူ့အနားမှာတဲ့။ဘာတွေလဲ။အဖိုးဘာကိုဆိုလိုတာလဲ။ပဟေဠိဆန်တဲ့စကားတွေကြောင့် ဂျီမင် ဦးနှောက်ကို အလျင်မြန်ဘဲအလုပ်ပေးတော့သည်။
*သိနေတာလား ဂျီမင်.*
*ဟင်.!*
*အဖိုးနဲ့လေ..*
*မသိပါဘူး..*
*မသိဘဲနဲ့ အဖိုးကဘာတွေပြောသွားတာလဲ။ဘာတွေမှန်းမသိဘူး...*
*စဉ်းစားမနေနဲ့တော့ ဂျီမင်။ကိုယ်တို့ပြန်ကြရအောင်....*
*ဟုတ်..*
ဂရေ့စ်ရဲ့အမေးကို ဂျီမင်ကခေါင်းခါပြလိုက်တော့ အံ့ဩသွားသလိုမျက်လုံးလေးဝိုင်းစက်သွားသည်။
သူစိမ်းတယောက်ကိုပြောသွားတဲ့စကားတွေကထူးဆန်းလိုက်တာ။ရန်သူတွေရော။ဘယ်သူ့ကိုမှမယုံရဘူးရော,သူ(မ)တို့က ဂျီမင်ကိုထိခိုက်အောင်မလုပ်ပါဘူး။မယုံသလိုနဲ့......
ဂရေ့စ်ကစိတ်ထဲကနေ အဖိုးကိုအပစ်တင်ရင်းနှုတ်ခမ်းလေးဆူကာ ကားပေါ်ကိုတက်သွားတော့တယ်။ကျန်ခဲ့တဲ့ အဲလက်ကတော့ အဝေးကိုရောက်နေပြီဖြစ်တဲ့အဖိုးရဲ့ကျောပြင်ကိုကြည့်ပြီး မျက်မှောင်ကျုတ်လိုက်သည်။အဖိုးမှာလျှိုဝှက်ချက်တော့ရှိရမယ်။သူတို့မသိတဲ့ တခုခုပေါ့....
_________
*နောက်ကျလိုက်တာ ကလေးငယ်။ဆိုင်မှာလူကျလို့လား....*
*ဟုတ်တယ် ကိုကို...*
ညနေစောင်းတာနဲ့အိမ်ပြန်နေကြ ဂျီမင်က ဒီနေ့တော့အဖိုးရဲ့စကားတွေကိုပြန်ကြားယောင်နေလို့ အိမ်ပြန်နောက်ကျခဲ့တယ်။
ခြံတံခါးကိုတွန်းဖွင့်လိုက်တာနဲ့ ဘယ်ချိန်ကတည်းကစောင့်နေမှန်းမသိတဲ့ ကိုကို ကသူ့ကိုတွေ့တော့စိတ်ပူဟန်ဖြင့်မေးလာတယ်။ဒါကြောင့်လည်း ဂျိီမင်က ကိုကို စိတ်ပူတာလျော့အောင်မုသားဆိုလိုက်တယ်။သူ့ကြောင့်နဲ့ ကိုကို့ကိုစိတ်မညစ်စေချင်ဘူးလေ
*အရမ်းပင်ပန်းလို့လား ကလေးငယ်..ဟင်..မျက်နှာလေးကနွမ်းလျနေပါရောလား....*
*နေပြင်းလို့ထင်တယ် ကိုကို..*
*ဟုတ်မယ်..ဒါဆို ရေမချိုးနဲ့တော့လေ။ကိုယ်လက်သန့်စင်ပြီး လာခဲ့နော်။ညစားစားပြီးရင်ဆေးသောက်ရမယ်..*
*ဟုတ်ကဲ့..ကိုကို..*
ဖျော့တော့နေတဲ့ဂျီမင် မျက်နှာလေးကိုကြည့်ပြီး ဂျောင်ဂု သက်ပြင်းချလိုက်တယ်။လေစိမ်းတိုက်ရင်တောင်မကြိုက်တဲ့သူမို့ အခုလိုနွမ်းဖတ်နေတာမြင်ရတော့ စိတ်ထဲဘဝင်မကျဘူး။ကလေးငယ်ကို အမြဲတမ်းလန်းဆန်းတက်ကြွနေတာဘဲမြင်ချင်တယ်။
*ဟူး....ဘာလို့စိတ်ထဲလေးေနသလိုခံစားရတာလဲ..*
*တကယ်ဘဲ အဖိုးကဘာလဲ..*
အိမ်ပေါ်ရောက်တာနဲ့ဖိန်ပ်ကိုဖြစ်သလိုချွတ်လိုက်ပြီး အိပ်ခန်းထဲကိုလေးလံတဲ့ခြေထောက်တွေနဲ့ဝင်သွားတော့တယ်။ကုတင်ပေါ်မှာခြေကားယားလက်ကားယားဖြင့် လှဲအိပ်ချလိုက်ပြီး မျက်နှာကျတ်ကိုကြည့်ကာ တယောက်ထဲတီးတိုးဆိုနေသည်။တခုခုဆို အဆုံးထိတွေးတက်သူမို့ အဖိုးရဲ့စကားကို အဖြေမသိရမချင်း သူအိပ်လို့ပျော်မှာမဟုတ်ဘူး။
မျက်လုံးမှိတ်ကာ လေပူတချက်မှုတ်ထုတ်လိုက်ရင်း မလှုပ်ချင်တဲ့ခန္ဓာကိုယ်ကိုသယ်ကာ ရေချိုးခန်းထဲဝင်ပြီးကိုယ်လက်သန့်စင်လိုက်သည်။ညအိပ်အင်္ကျီလက်ရှည်ဝမ်းဆက်ကိုတခါထဲဝတ်လိုက်ပြီး အိမ်မကြီးဆီထွက်လာလိုက်သည်။ညစာစားပြီးရင် အိပ်ဆေးသောက်ပြီး မိုးလင်းတဲ့အထိအိပ်လိုက်မယ်လို့တွေးထားလိုက်သည်။မဟုတ်ရင် သူတညလုံးမျက်လုံးကြောင်နေမှာလေ
*ဒါလေးက စံပယ်လက်ဖက်ရည်ကြမ်းလေး..လန်းသွားအောင်သောက်လိုက်နော်....*
*ဟုတ်ကဲ့..*
*နေလို့မကောင်းရင် မနက်ဖြန်တရက်လောက်တော့နားလိုက်လေ ကလေးငယ်...*
*ဆေးသောက်လိုက်ရင် ကောင်းသွားမှာပါ ကိုကို ရဲ့...*
ညစားစားပြီးတော့ ဧည့်ခန်းထဲမှာဝိုင်းဖွဲ့ပြီးအချိုပွဲတည်ကြသည်။မေမေကြီးက သတင်းနားထောင်နေပြီးဖေဖေကြီးကတော့ စာဖတ်နေသည်။
ကိုကိုကသူ့နဖူးကိုလက်ဖြင့်စမ်းရင်း လေသံအေးအေးလေးနဲ့ဆိုလာသည်။
*သားငယ်လေး နေမကောင်းလို့လား..*
*ညနေကတည်းကမျက်နှာရဲနေလို့လေ .ကိုယ်တော့မပူဘူး ဖေဖေ...*
*ဒါဆိုလည်းအိပ်ယာစောစောဝင်လေ သားငယ်...*
သူနဲ့ကိုကို့စကားကို ဖေဖေကြီးကကြားသွားလို့ထင်၏။ဖတ်လက်စ စာအုပ်ကိုပိတ်လိုက်ပြီး သူ့ပါးပြင်ကိုစမ်းရင်းပြောလာသည်။
*ခဏနေအုန်း ဆေးသောက်ပြီးမှ အိပ်..*
*မေကြီးအခန်းထဲမှာဆေးဝင်ယူပေးမယ်...*
*ဟုတ်ကဲ့...*
တအိမ်လုံးက သူ့ကိုသည်းသည်းလှုပ်ချစ်ပေးနေတာကိုမြင်ရတော့ စိတ်အေးချမ်းသွားသည်။လူချစ်လူခင်ပေါများတဲ့သူ့မှာ ဘယ်ကရန်သူကရှိမှာလဲ။ရှိလာရင်လည်း ကိုကိုနဲ့ဖေဖေကြီးကကာကွယ်ပေးမှာပေါ့
ဂျီမင်ထိုသို့တွေးလိုက်ရင်း မေမေကြီးတိုက်တဲ့ဆေးကိုသောက်ကာ အနောက်အိမ်လေးဆီပြန်လာခဲ့လိုက်သည်။
*ကိုကို လည်းလိုက်မလို့လား....*
*အင်း..ကလေးငယ်ကိုတယောက်ထဲစိတ်မချဘူး...*
သူထွက်လာတာနဲ့ကိုကိုကပါဖေဖေကြီးတို့ကိုနှုတ်ဆက်ပြီး ပြေးလိုက်လာသည် ။တီရှပ်လက်တိုနဲ့ချည်သားဘောင်းဘီခပ်ပွပွကိုဝတ်ဆင်ထားတဲ့ကိုကိုက ဆီမထည့်ထားနဲ့ဆံပင်တွေသည်လည်းပွယောင်းနေသည်။
ဆံနွယ်ပျော့ပျော့လေးတွေကကိုကို့နဖူးထက်ကိုအလုအယက်ကျဆင်းလာတော့ ဂျီမင်လက်လေးကလျက်မြန်စွာနဲ့ဘဲ အပေါ်သို့သပ်တင်ပေးလိုက်သည်။ကိုကိုကတော့ သူလုပ်သမျှကိုငြိမ်ငြိမ်လေးကြည့်နေရှာသည်။
*ဆံပင်ရှည်လာပြီ ကိုကို ညှပ်အုန်းနော်...*
*မညှပ်ချင်ပါဘူး..*
*ဘာလို့လဲ..*
*ကလေးငယ်စည်းပေးတာခံချင်လို့....*
ကိုကိုကနှုတ်ခမ်းပါးလေးကိုကွေးညွှတ်တဲ့အထိရယ်ပြရင်းပြောလာတော့ ဂျီမင်ရင်ထဲလိပ်ပြာတွေပျံဝဲသွားသလိုမျိုးခံစားရသည်။ကိုကိုကစကားတက်လိုက်တာ။သူ့ကိုစကားလှလှလေးနဲ့တအားချုပ်တာဘဲ။
အတွေးကိုယ်စီနဲ့တယောက်မျက်နှာတယောက်ကြည့်ကာ ပြုံးစိစိလုပ်နေကြတဲ့ ဂျီမင်တို့ကို ထိန်ထိန်သာနေတဲ့လမင်းကြီးကရှက်လို့ဆိုပြီး တိတ်တွေကြားထဲကိုဝင်ပုန်းသွားတယ်လေ
*လှသွားပြီ....*
*အဟား..!ကလေးကလည်း ကြက်တောင်စည်းကြီးလား...*
*ချစ်စရာလေး အဟိ.!*
နှားရွက်အောက်ထိရောက်နေတဲ့ ကိုကိုဆံပင်တွေက်ု ဂျီမင်ကသေရပင်လေးဖြင့်လိုက်စည်းပေးသည်။တစ်စုတစ်စည်းထဲအနောက်ဘက်မှာသိမ်းဆည်းထားတာမျိုးမဟုတ်ဘဲ နံနက်သီးလိုမျိုးထိုးထိုးထောင်ထောင်နဲ့ ဟိုတစ်စု ဒီတစ်စု စည်းပေးလိုက်တယ်။
လေးထောင့်မှန်လေးကိုယူကာ ကိုကို့ကိုပြလိုက်တော့ ကုတင်ပေါ်မှာလူးလိမ့်အောင်အော်ရယ်ေတာ့သည်။ ဂျီမင်ကလည်း သူစည်းထားပေးတာကို
သဘောကျစွာနဲ့ ဗိုက်ကိုနှိပ်ကာ အသံတိတ်ရယ်နေသည်။
လေအဝေ့မှာပျံ့လွင့်လာတဲ့ပန်းပေါင်းစုံရနံ့ကြောင့် ဂျီမင်စိတ်လေးလန်းဆန်းလာသည်။ကိုကိုကလည်းဒီညအတူတူအိပ်ပေးမယ်ဆိုတော့ သူအတိုင်းထက်လွန်ပျော်တာပေါ့
*စောင်ခြုံထားလေ..*
*ပူတယ်..*
ဆေးသောက်ထားတော့ နဖူးပြင်နဲ့လည်ဂုတ်မှာ ချွေးစအနည်းငယ်စိုလာတာကြောင့် ကိုကိုခြုံလာပေးတဲ့စောင်ကို ဂျီမင်ကဖယ်ချလိုက်တယ်။မီးရောင်ကိုဖျော့တော့စွာထွန်းထားတဲ့အခန်းလေးက လမင်းကြီးရဲ့အကူညီနဲ့ဘဲ အလင်းဓာတ်ယူထားတယ်။
ကိုကိုကသူ့နားသပ်စပ်ကချွေးစလေးကို လက်မလေးဖြင့်ဖွဖွလေးသုတ်ပေးလာတော့ ဂျီမင် ကိုယ်လေးတုန်တက်သွားတယ်။နီးကပ်နေတဲ့ကိုကို့ မျက်နှာချောချောလေးကြောင့် သူ့ရင်ခုန်သံတွေဗြောင်းဆန်ကုန်တယ်။
ညှို့အားပြင်းတဲ့ကိုကို့ရဲ့မျက်ဝန်းတွေက သူ့ကိုရီဝေစွာနဲ့ကြည့်နေတော့ မှောင်ရီနေတဲ့အခန်းလေးထဲမှာ အရှက်သည်းရပြန်တယ်။မင့်ကိုတော်ရုံဘဲပြုစားပါလား ကိုကို ရယ်....
*ချွေးတအားထွက်နေလား အင်္ကျီလဲရအောင် နော်...*
*ရတယ် ကိုကို..*
*မရပါဘူး ။လဲရအောင် နော်..ချွေးနဲ့ပြန်ပြီးအအေးပတ်သွားမယ်...*
*ဟုတ်...*
စိုးရိမ်လွန်နေတဲ့ကိုကို့ကြောင့်သူလည်းဆက်မငြင်းတော့ပေ။ကုတင်ပေါ်ကဆင်းသွားပြီး နံရံနဲ့ကပ်နေတဲ့ကျွန်းဗီရိုကြီးဆီသွားကာ ကိုကိုကသူ့အတွက်ဝတ်စုံထုတ်ပေးနေသည်။သူ့အဝတ်ဗီရိုဆိုပေမယ့် ထိုထဲတွင် ကိုကို့အဝတ်စားတွေလည်းရှိတယ်။
ကိုကိုလာနေရင်ဝတ်လို့ရအောင်ဆိုပြီး သူယူထားပေးတာ။တချို့ဟာတွေကျတော့ သူလိုချင်လို့ ကိုကို့ဆီကတောင်းထားတာလေ။ကိုကို့ရဲ့ ကိုယ်သင်းရနံ့ကိုကြိုက်လို့ တခါတလေထုတ်ဝတ်ဖြစ်တယ်။
*ကိုကိုကလည်း မင်က,ကလေးလားလို့..*
*ဘာဖြစ်လို့လဲ ကလေးငယ်ရဲ့။ချစ်စရာလေးပါ..*
*ဟင့်အင်း.!မဝတ်ချင်ဘူး...*
*ဟော..ညအိပ်မှာဘဲဟာ ဂျီးများမနေဘဲ ဝတ်လိုက် နော်.*
ကိုကိုတမင်လုပ်တာသူသိတယ်။ကိုကို့ဆံပင်ကိုလှအောင်မစည်းပေးလို့သူ့ကိုပြန်ချေပတာလေ
ကိုကိူအကျင့်မကောင်းဘူး။သူကအဝါရောင်ကြိုက်သူမို့ အသုံးဆောင်ပစ္စည်းတချို့ကိုအဝါရောင်သုံးတက်ပြီးကျန်တာကိုတော့ ကိုကိုကြိုက်တဲ့နက်ပြာရောင်ကိုသုံးသည်။ငယ်ငယ်ကတော့ မေမေက ကြက်ပေါက်ေလးနဲ့တူတယိဆိုလို့ အပေါ်အောက် တကိုယ်လုံးကိုအဝါရောင်ဝမ်းဆက်တွေဘဲဆင်ပေးတယ်။
ဆယ်ကျော်သက်အထိ အဝါရောင်ကိုစွဲစွဲမြဲမြဲသုံးတော့ ကိုကိုကပါကြက်ပေါက်လေးဆိုပြီး စ,နောက်လာလို့ အဲတကည်းအဝတ်စားဆို အဝါရောင်ကိုသိပ်မဝတ်တော့တာ။ရှိတဲ့အဝတ်စားတွေကိုလည်း ဗီရိုအောက်ခြေထဲမှာထိုးသိပ်ထားလိုက်တယ်။
ဒါတောင် ကိုကိုကဘယ်လိုရှာလာခဲ့မှန်းမသိဘူး။သူ့ကိုအင်္ကျီရင်ဘက်မှာ ဘဲရုပ်ပါတဲ့အဝါရောင်ဝမ်းဆက်ကိုထုတ်လာပေးတယ်။ပြီးရင် ကိုကိုကလှောင်တော့မှာ။သူ သိနေတယ်လေ
*မဝတ်ဘူး လို့.!*
*ကလေးငယ်ရာ .ဒါနဲ့ဘဲအအေးပတ်တော့မယ် ဝတ်ပါဆို..*
*ဟင့်အင်း.*
အပေါ်ပိုင်းဗလာနဲ့ဂျီမင်က စောင်ကိုခြုံကာ ခေါင်းပြုတ်ထွက်မတက်ခါရမ်းတော့သည်။ဘယ်နှစ်ကအင်္ကျီမှန်းမသိပေမယ့် အဝါရောင်နဲ့ဆို သိပ်လိုက်ဖတ်တဲ့ကလေးငယ်ကြောင့် သူရှာလာခဲ့တာ။
ဖွေးဥပြီးရဲတက်နေတဲ့ ကလေးရဲ့ပါးပြင်ဖောင်းဖောင်းလေးကို အသာညှစ်ပြီးအံကြိတ်သံနဲ့ပြောလိုက်တော့ သူ့လက်ကိုပုတ်ချလိုက်တယ်။ဒီညတော့ တိုက်စစ်ဆင်ရတော့မယ်နဲ့တူတယ်။ကလေးငယ်ကတော့ သူ့ကိုမကြည့်တော့ဘဲ စောင်ပုံကြားထဲခေါင်းတိုးဝင်ကာ ပုန်းနေလေရဲ့။
စောင်အောက်မှာတစွန်းတစပေါ်နေတဲ့ခြေချောင်းရဲရဲလေးကိုမြင်တော့ ဂျောင်ဂု သွားကိုကြိတ်လိုက်တယ်။အူယားလိုက်တာ။သွေးခြေဥနေတဲ့ ခြေမထိပ်လေးကို ကိုက်လိုက်ရင် ငိုသွားမယ်ထင်တယ်
*အ..!ကိုကို...!*
စိတ်ကူးထက်လက်တွေ့မြန်တဲ့ ဂျောင်ဂုကဂျီမင်ရဲ့ခြေမထိပ်လေးကို သွားဖြင့်ဖွဖွလေးဖိကိုက်လိာက်တော့ ကိုယ်လေးတချက်တွန့်သွားတဲ့ ဂျီမင်က ငြူစူစူဖြင့် ထအော်တော့တယ်
*ဘာ.ဘာလုပ်တာလဲ ။ငရဲကြီးကုန်တော့မှာဘဲ ကိုကို ရယ်...*
*ဒါဆို အင်္ကျီဝတ်လိုက်။မဟုတ်ရင် ထပ်ကိုက်မှာ နော်..*
*ကိုကို အကျင့်ပုတ်.!*
*မဝတ်သေးဘူးလား။ထပ်ကိုက်ခံချင်လို့လား...*
*မင့်ကို အနိုင်မကျင့်နဲ့နော်..*
*ကျင့်မှာဘဲ ပြောစကားမှနားမထောင်တာ..*
*နောက်နေ့ မင်နဲ့လာမအိပ်နဲ့တော့..*
*အိပ်မယ်ကွာ ဘာဖြစ်လဲ...*
ပြုံးစစနဲ့ဂျောင်ဂု ကရယ်ချင်စိတ်ကိုထိန်းကာ ဂျီမင်ကို အဝတ်လဲပေးလိုက်သည်။မကျေမချမ်းဖြစ်နေတဲ့ဂျီမင်ကတော့ နှုတ်ခမ်းကိုဆူထော်ထားပြီး မျက်နှာကိုတဖက်သို့လှည့်ထားလိုက်သည်
*စိတ်ဆိုးရင် ကြက်ပေါက်နဲ့ပိုတူတယ်.*
*ကိုကို နော်..!*
*ဖြည်းဖြည်းပြောပါ နှုတ်ခမ်းကြီးလည်း ကိုကို့ ပါးကိုထိုးမိတော့မယ်...*
*အ..!..*
အင်္ကျီကြယ်သီးတပ်ပေးနေတဲ့ ကိုကိုကမျက်ခုံးတဖက်ပင့်ပြကာ မထိတထိစ နေသည်မို့ အမြင်ကပ်တာနဲ့ဘဲ ပွယောင်းနေတဲ့နှာခေါင်းထိပ်ကိုကိုက်ပေးလိုက်သည်။မှတ်ပြီလား။သူများကို စ ချင်အုန်း
သွားရာထင်သွားတဲ့ကိုကို နှားခေါင်းကချက်ချင်းဘဲရဲတက်လာသည်။နှာနီဖြစ်သွားတဲ့ကိုကို့ကိုကြည့်ကာ ဂျီမင်က ခေါင်းအုံးထက်မျက်နှာအပ်ကာ အူလှိုက်သည်းလှိုက်နဲ့ရယ်တော့သည်။
*အဆိုးလေး ကိုကို့ ကိုကိုက်တယ်ပေါ့လေ..*
*ကိုကို နှာနီကြီး..*
*တွေ့မယ်..အရမ်းဆိုးတဲ့ကလေးငယ်ကို အပြစ်ပေးရမယ်...*
*မလုပ်နဲ့ နော်။မင်က ချစ်လို့စတာကို...!*
*မရဘူး.!ကိုကိုလည်းပြန်က်ုက်ရမှာ ကျေနပ်မှာ..*
*မကိုက်နဲ့လို့..!နောက်တခါမ,စတော့ဘူး...*
*လာမတားနဲ့တော့...*
*ကိုကို..!*
ရယ်သံတွေပြည့်နှက်နေတံ့ အိပ်ခန်းလေးထဲ ကြည်နူးစရာတွေပြည့်နှက်နေတယ်။စောင်ပုံကြားထဲမှာ လူးလိမ့်နေကြတဲ့ ဂျီမင်နဲ့ဂျောင်ဂုတို့ရဲ့ ရယ်သံကြောင့် သစ်ပင်ပေါ်မှာ အိပ်တမ်းတက်နေကြတဲ့ငှက်ကလေးတွေက အလန့်တကြားဖြင့် ခေါင်းထောင်ကြည့်လာတယ်။
ဒါဟာ ပျော်စရာကမ္ဘာလေးပါလားလို့ တွေးမိသွားတော့ သူတို့လည်းညအလှကိုပိုပုံပေါ်ဖို့အတွက် တေးသီပေးလိုက်ကြတယ်။
လပြည့်ဝန်းကြီးရယ်၊တေးသီပေးနေကြတဲ့ငှက်ကလေးတွေရယ်၊မွှေးပျံ့လွန်းတဲ့ ပန်းရနံ့ပေါင်းစုံနဲ့အတူ ကိုကိုရဲ့ရင်ခွင်ကျယ်ကြီးထဲမှာ တညလုံးအိပ်စက်ရတော့ ဂျီမင်လောက်ပျော်တဲ့သူ ကမ္ဘာပေါ်မှာရှိပါ့အုန်းမလား။
တဖက်မှာသာယာနေပေမယ့် တဖက်မှာတော့မှောင်မိုက်နေတယ်။အရွယ်ရောက်ပြီးသားဖြစ်တဲ့ သားနှစ်ယောက်ရဲ့အပြုမှုကိုမျက်သိဒေါက်ထောက်ကြည့်နေတဲ့ ဖခင်ရဲ့မျက်ဝန်းတွေကို သတိထားမိခဲ့ရင်.........
တိတ်ဆိတ်နေတဲ့အခန်းလေးထဲသက်ပြင်းချသံကကျယ်ကျယ်လောင်လောင်ထွက်လာခဲ့တယ်။
______
၁၄.၆.၂၃
Kelly
Thankful my readers 🤍
_________
Zawgyi
*ဟုတ်ကဲ့(...)ဝမ်ပါ...*
*ဂျီမင် ဆွဲသမျှပန်းချီအားလုံးကနာမည်ကြီးနေတော့ ဂရေ့စ် ကိုလက်မှတ်လေးပါထိုးပေးလို့ရမလား...*
*တကယ်ပြောတာပါဆို..*
*အင်း..မေးလေ..*
*ဟုတ်ပါတယ်...*
*ဪ~~~*
*ဟုတ်လား...*
*အင်း..*
*ဂျီမင်..!*
*အာ..အဲလက်...*
*အစကတည်းကသိနေတာလား...*
*ဟုတ်တယ် ဂျီမင်...*
*ဟင်...!*
*အဲလိုလုပ်တာပေါ့.....*
________
*အများကြီးလေ...*
*ကျစ်.!ပေး ငါဖယ်ပေးမယ်..*
အခွင့်သင့်လို့ကိုကိုနဲ့အတူမြို့ထဲကိုလာဖြစ်ရင် ပေါင်မုန့်ဆိုင်ရယ်၊ထမင်းပေါင်းဆိုင်ရယ်၊ဒီနှစ်ခုကိုဦးစားပေးရမယ်။
*ကောင်းလား ဂျီမင်..*
*ဟုတ်..*
*ဂရေ့စ်.!*
*ဘာလဲ မဟုတ်လို့လား..*
*မသိဘူး.!*
*အဲလက်.!*
*ဘာလို့အဲတာလဲ မိန်းကလေးဖြစ်ပြီးအရှက်လည်းမရှိဘူး..*
*အဲတော့ဘာဖြစ်လဲ...*
*ပြန်ကြတော့မလား..*
*ဟုတ်..*
*ဘာလုပ်ဖို့လဲ..*
*ဝယ်မလို့ပေါ့..!*
*ရှုပ်ကိုရှုပ်တယ်...*
အဲလက်စကားကိုလျစ်လျူရှုပြီး ဂျီမင်ရဲ့ လက်ကောက်ဝတ်ကိုဆွဲကာ ထိုနေရာကိုထွက်လာခဲ့လိုက်တယ်။အဲလက်ကတော့ ခေါင်းတခါခါနဲ့ဘဲ အနောက်ကနေလိုက်ရတော့တယ်။
*လူလေးတို့ဘာယူကြမလဲ...*
*ဘယ်လိုရောင်းလဲ အဖိုး...*
သူ့ကိုရှိတယ်လို့တောင် သတ်မှတ်ထားပုံမပေါ်ဘူး။ကောင်းပါပေတယ်
*ဗျာ.!*
*ဘာဖြစ်လို့လဲ အဖိုး.*
*မြို့စားမင်းဟောင်း ပတ်ခ်ချွဲမင်ရဲ့သားလား..*
*ဟုတ်ပါတယ် အဖိုး.*
ဂျီမင်ရဲ့အဖြေကိုကြားတာနဲ့အဖိုးက ရင်ဘက်ကိုဖိကာ မောဟိုက်တုန်ရီနေဟန်ဖြင့် အသက်ကိုပြင်းပြင်းလေးရှုသွင်းနေသည်။
*ဟုတ်ကဲ့..*
*ဟုတ်ပါတယ် အဖိုး။ဖေဖေနဲ့သိတာလား.*
*ဟုတ်ပါတယ် ဖိုးဖိုး။ဘာဖြစ်လို့လဲ ဗျာ့..*
*သိနေတာလား ဂျီမင်.*
*ဟင်.!*
*အဖိုးနဲ့လေ..*
*မသိပါဘူး..*
*ဟုတ်..*
_________
*ဟုတ်တယ် ကိုကို...*
*ဟုတ်ကဲ့..ကိုကို..*
*ဟူး....ဘာလို့စိတ်ထဲလေးနေသလိုခံစားရတာလဲ..*
*တကယ်ဘဲ အဖိုးကဘာလဲ..*
*ဟုတ်ကဲ့..*
*ဟုတ်ကဲ့...*
*မညှပ်ချင်ပါဘူး..*
*ဘာလို့လဲ..*
*လှသွားပြီ....*
*ချစ်စရာလေး အဟိ.!*
*စောင်ခြုံထားလေ..*
*ပူတယ်..*
*ရတယ် ကိုကို..*
*ဟုတ်...*
*ဟင့်အင်း.!မဝတ်ချင်ဘူး...*
*မဝတ်ဘူး လို့.!*
*ဟင့်အင်း.*
*အ..!ကိုကို...!*
*ကိုကို အကျင့်ပုတ်.!*
*အိပ်မယ်ကွာ ဘာဖြစ်လဲ...*
*ကိုကို နော်..!*
*အ..!..*
*ကိုကို နှာနီကြီး..*
*မလုပ်နဲ့ နော်။မင်က ချစ်လို့စတာကို...!*
*လာမတားနဲ့တော့...*
*ကိုကို..!*
______
၁၄.၆.၂၃
Kelly
Thankful my readers 🤍